ဆီးနှင်းဓား {A Sword of Frost}

By Pulchritudo_LUX

4.4K 344 106

I am just Translator and this precious story is not belong to me. I RESPECTFULLY give a full credit to the Au... More

မိတ်ဆက်
အခန်း(၁) နန်းတော်အတွင်းမှခိုးမှု
အခန်း(၂) နှင်းဖုံးနေသောတောင်
အခန်း(၃) သတိပေးချက်
အခန်း(၄) သိုင်းလောက၏စည်းမျဉ်းများ
အခန်း(၆) သန်းခေါင်ယံကုသမှု
About Update

အခန်း(၅) ပင့်ကူကြိုးမျှင်ငွေခေါင်းလောင်း

182 15 9
By Pulchritudo_LUX

Unicode

ကျီယန်းရန်က ထိုစကားကိုမယုံကြည်နိုင်ဘဲ..
" ဒါကဘယ်လိုစည်းမျဉ်းမျိုးလဲ..?"

ယွင်ရိဖုန်းက မျက်ခုံးကိုပင့်ကာ ကျီယန်းရန်ကိုကြည့်ရင်း..
" ဘာလို့လဲဆိုတော့ လူတိုင်းက သတင်းနဲ့ အချက်အလက်တွေကို ဖုန်းယွီဂိုဏ်းက ၀ယ်ဖို့လိုအပ်ကြပြီး.. ကျွန်‌တော်ကလည်း ဂိုဏ်းချုပ်ဆိုတော့.. သေချာတာပေါ့ ကျွန်တော်က အရမ်းအဖိုးတန်တယ်လေ.. "

သိုင်းလောက၌ လူ‌ပေါင်းများစွာရှိကြသလို.. ကိစ္စများစွာလည်း ဖြစ်ပျက်နေကြသည်.. ဆိုလိုသည်ကတော့ ရာနှင့်ချီသော သတင်းများက နေ့စဉ်နှင့်အမျှ ပြန့်နှံ့နေပြီး အမှန်နှင့်အမှားတို့က ရောပြွမ်းနေကြသည်..။  မည်သည့်အချိန်၌မဆို တစ်စုံတစ်ယောက်က တိကျမှန်ကန်သည့် သတင်းအချက်အလက်များကို စုံစမ်းမေးမြန်းလိုသည့်အခါ.. ဖုန်းယွီဂိုဏ်းကိုသွားလိုက်ခြင်းက ယုံကြည်စိတ်ချဆုံးသော နည်းလမ်းဖြစ်လာ၏..။
အချိန်ကြာလာသည်နှင့်အမျှ.. ဤ"စည်းမျဉ်း"ဟူသည့်အရာမှာ လူ့အဖွဲ့အစည်း၌ အခြေခိုင်လာတော့၏..။
အဓိကရမိသားစုပဲဖြစ်စေ၊ မိစ္ဆာဂိုဏ်းပဲဖြစ်စေ၊ 
" သဲများလေထဲပျံ၍ ကျောက်တုံးများလေထဲလွင့်ကာ.. သွေး‌များမြစ်လိုစီး"သည်အထိ တိုက်ခိုက်ကြသည့်တိုင်၊ ဖုန်းယွီဂိုဏ်း၏ သတင်းကြောင့် အိမ်တော်တစ်ခုလုံးမှာ ပင်ကိုယ်စွမ်းရည်မြင့်သည့် တစ်စုံတစ်ယောက်၏ အမြစ်ပြတ်သုတ်သင်ရှင်းလင်းခြင်းကိုခံရဖူးသည့်တိုင်... တိမ်(ယွင်)ကို မလှုပ်နိုင်ပဲ လေ(ဖုန်း)ကိုသာ မှီခိုကြရမြဲပင်..။ အဆုံးမှာတော့ တစ်စုံတစ်ယောက်က သတင်းအချက်အလက်များကို စုဆောင်းပေးရန်လိုအပ်ပြီး..  ဂိုဏ်းသခင်ယွင်ကလည်း ဤအလုပ်ကို မှန်ကန်ကောင်းမွန်စွာလုပ်ကိုင်နိုင်လေသည်..။ သိုင်းလောကအသိုင်းအ၀ိုင်း၌ ဤကဲ့သို့သောသူမျိုး မရှိခဲ့ဖူးပေ..။

( LUX- သဲများလေထဲပျံ၍ ကျောက်တုံးများလေထဲလွင့်(idiom) ၊ သွေး‌များမြစ်လိုစီး(idiom)

တိမ်(ယွင်)ကို မလှုပ်နိုင်ပဲ လေ(ဖုန်း)ကိုသာ မှီခိုကြရမြဲ - ယွင်ရိဖုန်းရဲ့နာမည်က ယွင်ဆိုတာက တိမ်ပါ။ ဖုန်းကတော့ လေ။ တိမ်ကိုမလှုပ်နိုင်ဘဲ လေကိုမှီခိုဆိုတော့ ယွင်ရိဖုန်းကို မလှုပ်ခတ်နိုင်ဘဲနဲ့ ယွင်ရိဖုန်းတို့ ဖုန်းယွီဂိုဏ်းရဲ့ သတင်းတွေကိုပဲ မှီခိုနေကြရတယ်ဆိုတဲ့ သဘောပေါ့ )

ထိုစကားကိုကြားပြီးနော် ကျီယန်းရန်က စိတ်နှလုံးထိခိုက်စွာဖြင့် သက်ပြင်းချလိုက်ရင်း..
" မင်းကတော့ လုပ်ကြံခံရမှာကိုစိုးရိမ်စရာမလိုဘဲ ထိုင်နေရုံနဲ့ငွေရှာနိုင်တယ်.. တိုက်ခိုက်နေကြရင်တောင် လူတိုင်းက မင်းကိုကာကွယ်ရတယ်.. ဂိုဏ်းသခင်ယွင်က ဒီလိုကောင်းတဲ့ကိစ္စကို ဘယ်လိုများဆောင်ယူနိုင်တာပါလိမ့် "

" မနာလိုဖြစ်လို့လား..? '
ယွင်ရိဖုန်းက ကြမ်းပြင်ပေါ်ရှိ ထိုင်ဖုံပေါ်တွင် ထိုင်နေဆဲဖြစ်ပြီး.. လက်ကိုဆန့်ထုတ်ကာ ‌ဒူးခေါင်းကို ထုရင်း... မျက်လုံးများတောက်ပလာကာ..
" မနာလိုတာက ရိုးရိုးသားသားမနာလိုတာပဲ ဖြစ်နိုင်ပါတယ်လေ "

ကျီယန်းရန်၏ နှုတ်ခမ်းထောင့်များက ပင့်တက်သွားကာ.. တစ်ချိန်ထဲမှာပဲ သူ၏လက်များကိုဆန့်ထုတ်ကာ ယွင်ရိဖုန်း၏လက်ကောက်၀တ်ကို စမ်းကြည့်သည်..။ သည်တစ်ခေါက်တော့ အလွန်ပင်ပူနွေးနေ၏..။ အဆိပ်၏ ပူပြင်းသည့်သက်ရောက်မှုကြောင့်မဟုတ်သော်လည်း ပူနွေးသောအပူချိန်ပင်ဖြစ်‌သည်..။ ဆောင်းရာသီ၌ မီးဖိုနံဘေး၌ ခွေ‌၍အိပ်မောကျနေသော သားပေါက်ကလေး၏ ပူနွေးခြင်းမျိုးဖြစ်သည်..။

အပြင်ဘက်မှ အေးစိမ့်သောမြောက်လေက ပွဲကြည့်စင်၏ ပြတင်းတံခါးများကို တကျီကျီမြည်သည်အထိ တိုက်ခတ်‌‌နေပြီး.. အထူးသဖြင့် ယခုကဲ့သို့ တိတ်ဆိတ်သည့်ညချမ်းအချိန်အခါတွင် ကြားရသည်မှာ ဆိုးဝါးလွန်းလှသည်..။ ယွင်ရိဖုန်းက ခေါင်းကိုမော့ကာ ထိုအသံတို့ကို ခေတ္တမျှနားထောင်ပြီးနောက် အကူအညီမဲ့သည့်အသံဖြင့်..
" ဒီနေ့ညတော့ ငြိမ်းငြိမ်းချမ်းချမ်းနေရပါ့မလား‌တောင်မသိဘူး.. "

" မင်းဒီလိုတွေးကြည့်ရမယ် "
ကျီယန်းရန်က..
" မငြိမ်းချမ်းလေ ဘာတွေဖြစ်နေတာလဲဆိုတာ မြန်မြန်သိနိုင်ပြီး တောင်ပေါ်က မြန်မြန်ဆင်းနိုင်လေပဲလေ.. ဒါကြောင့် ဒီနှင်းဖုံးနေတဲ့တောင်ပေါ်မှာ အဝိုင်းခံထားရတာထက်စာရင် ပြဿနာကိုပဲ တံခါး၀ကို မြန်မြန်ရောက်လာစေချင်နေပြီ "

ယွင်ရိဖုန်းက မျက်လုံးကိုပင့်ကာ ကျီယန်းရန်အားလှမ်းကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ရင်းဆိုသည်..
" ဒါဆိုကျွန်တော်လည်းသဘောတူပါတယ်..  ဒါပေမယ့် ပြဿနာက နောက်နေ့အထိစောင့်ပေးရင် ပိုပျော်မိမှာပဲ "
မဟုတ်ရင် ညနက်သန်းခေါင်ကြီးမှာ အမှောင်ထဲ အိပ်ယာထပြီး ချမ်းချမ်းစီးစီးဆောင်းရာသီကြီးထဲ တိုက်ခိုက်ဖို့ရန်အတွက် အ၀တ်လဲရမှာက သူ့အတွက်တော့ စိတ်မသက်မသာဖြစ်စရာပင်..။

ကျီယန်းရန်က ပြုံးပြီးပြောသည်..
" ဂိုဏ်းသခင်ယွင်က တကယ်စိတ်၀င်စားစရာကောင်းတဲ့သူပဲ "

" ကိစ္စမရှိပါဘူး "
ယွင်ရိဖုန်းက ဒူးခေါင်းကိုအားပြုထောက်ကာ မတ်တပ်ရပ်ရင်း..
" သွေးလင်ဇီးကို ရနိုင်သရွေ့ ကျွန်တော့်ဆီမှာ အရှင်မင်းသားကို ဖျော်ဖြေဖို့အတွက် လှည့်ကွက်တွေ အလျှံအပယ်ရှိပါတယ် "

ကျီယန်းရန်က ဟန်ဆောင်ပန်ဆောင်ငြင်းပယ်လိုက်ရင်း..
" ကျုပ်ကဘယ်လိုလုပ် ဒီလောက်အရှက်မဲ့ရဲရမှာလဲဗျာ "

သို့ပေမယ့် ရေတစ်စက်စီ၏ ကျေးဇူးကိုတောင်မျှ  ရေသွင်သွင်စီးနေသော စမ်း‌ချောင်းပြန်ပေးသင့်လေရာ.. အသက်ကယ်ခြင်းကျေးဇူးဆိုလျှင်ပြောဖွယ်ရာမရှိဟုဆိုကာ ယွင်ရိဖုန်းက ခိုင်ခိုင်မာမာငြင်းသည်..။ နောင်အနာဂတ်တွင် အရှင်မင်းသားက ပြဇာတ်အားနားဆင်လိုလျှင် ပုံပန်းသွင်ပြင်အားလေ့လာနိုင်ရန်အတွက် နာမည်ကျော်သရုပ်ဆောင်တစ်ဦးအား ရှာမည်ဖြစ်သည်..။ ရှေးခေတ်ကတည်းက ဘိုးဘေးဘီဘင်များက သူတို့၏ ဆွေမျိုးများအား ရောင်စုံအ၀တ်အစားများဖြင့် ဖျော်ဖြေကြလေရာ.. သူကလည်းပဲ  ရောင်စုံအ၀တ်အစားတို့ဖြင့် ဖျော်ဖြေပေးမှာပဲဖြစ်၏..။
သူဤသို့ပြောသည့်အခါ ကုတင်စွန်း၌ထိုင်နေပြီး.. အိပ်ခန်းနံရံတွင် ချိတ်ဆွဲထားသည့် မှန်မီးအိမ်ငယ်လေးက ညင်ညင်သာသာယိမ်းနွဲ့နေခဲ့သည်..။ မှိတ်တုတ်မှိတ်တုတ်မီးအလင်းရောင်အောက်၌ အရာရာက ဖျော့တော့ပြီး ထင်ရှား‌နေသည်..။ တော်၀င်အရှင်မင်းသားသည် ခံတပ်၏အပြင်ဘက်၌ လေပြင်းများတိုက်ခတ်ခြင်းကို နှစ်ပေါင်းများစွာ ခံခဲ့ရဖူးသော်လည်း.. ယွင်ရိဖုန်း၏မျက်နှာထက်မှ ရိုးသားသည့်အမူအရာနှင့် ရင်ဆိုင်တွေ့ရသည့်အခါ သည်းမခံနိုင်တော့ပေ..။ နောက်ဆုံးတော့ အရင်ကကျီအိမ်တော်မှ အစောင့်များခံစားခဲ့ရသော မသက်မသာဖြစ်ခြင်းနှင့် အပြစ်ရှိစိတ်တို့အား သူပါခံစားခဲ့ရပြီဖြစ်သည်..။

" အိပ်လိုက်ဦး "
သူကဆိုသည်..။ သူ၏ လေသံက သတိမထားမိဘဲ အလွန်ပင်နူးညံ့နေသည်..။

ယွင်ရိဖုန်းက.. "ရေပူမရှိဘူး" ဟုပြန်ဖြေသည်..။

ကျီယန်းရန်က လက်ဦးမှုရယူကာ..
" ကျုပ်သွားပြီးကျိုလိုက်ဦးမယ် "

ယွင်ရိဖုန်းက ခေါင်းညိတ်၍.. "အွန်း"

မီးဖိုချောင်လေးထဲမှ မီးခိုးငွေ့များ တလူလူထွက်နေသည်..။ ကျီယန်းရန်က ခွေးခြေလေးပေါ်တွင်ထိုင်ကာ ဖားဖိုကိုဆွဲကာ မီးမွှေးရန်အတွက် အာရုံစိုက်နေသည်..။ ရည်ရွယ်ချက်က လမ်းမှန်သော်လည်း နည်းစနစ်ကတော့ သံချေးတက်နေလေရော.. သူ့မျက်နှာတစ်ခုလုံးက မီးခိုးများကြောင့် မဲတူးနေ၏..။

အကယ်၍ နဂါးနက်စခန်းမှ ညီအစ်ကိုများသာ ယခုအချိန်သူ့ပုံစံကိုမြင်ကြလျှင်.. နောင်သုံးနှစ်သုံးမိုးကြာအောင် ဟာသအဖြစ်နှင့် ရယ်မောနေကြမှာတောင် ကြောက်ရသည်။

ထိုညက ပျော်ဆင်းလာသော ရေစက်များက ရေခဲအဖြစ်သို့ နောက်တစ်ခေါက်ပြန်ကူးပြောင်းသွားကြပြန်၏..။

အဆုံးမရှိကျယ်ပြန့်လှသော နှင်းတောထဲတွင်တော့ များပြားလီသော အနက်ရောင်အရိပ်များက သရဲတစ္ဆေများကဲ့သို့ ပေါ်ထွက်လာကြပြီး.. သရဲတစ္ဆေများကဲ့သို့ပင် လေထုထဲသို့ တိုး၀င်ပျောက်ကွယ်သွားကြပြန်‌သည်..။

နှင်းများသည်းထန်စွာ ကျဆင်းလာကာ သဲလွန်စအားလုံးကို လျှင်မြန်စွာ ဖုံးကွယ်သွား၏..။

***

နောက်တစ်နေ့မနက်တွင် ယွဲ့ကျီးဟွာ အပြေးအလွှားရောက်လာပြီး အပြင်ဘက်တွက်တစ်ခုခုဖြစ်နေပြီဟုပြောရန် တံခါးလာခေါက်သည့်အချိန်တွင် ယွင်ရိဖုန်းက အိပ်ပျော်နေတုန်းဖြစ်သည်..။

ထင်းခုတ်သမား၏ မီးလောင်ကျွမ်းထားသောအလောင်းကို မနက်စောစော၌ ခြံ၀င်းထဲလာပစ်ထားခဲ့သည်..။ အဒေါ်ယွီက နှင်းများကိုရှင်းလင်းရင်း အလောင်းကိုမြင်လိုက်ရပြီး ထိတ်လန့်မှုကြောင့် လိပ်ပြာလွင့်တော့မတတ်ပင်..။

ယွင်ရိဖုန်းနှင့် ကျီယန်းရန်တို့ အမြန်ပြေးလာကြသောအခါ ကျင်းဟွမ်က အလောင်းကို ပိတ်စဖြူဖြင့် ဖုံးအုပ်ထားပြီးဖြစ်ကာ သေဆုံးရသည့်အကြောင်းရင်းမှာ ကိုယ်တွင်းအင်္ဂါများ ပေါက်ကွဲသွားခြင်းကြောင့်ဟုဆိုသည်..။

ကျီယန်းရန်က..
" ပေါက်ကွဲမှုနဲ့တင် မလုံလောက်ဘူးလို့ တစ်ဖက်ကလူက ထင်နေပုံရတယ်.. ကြောက်ရွံ့ထိတ်လန့်စိတ်ကို ပိုပြီးကွက်ကွက်ကွင်းကွင်းလေးနဲ့ ထိရောက်သွားအောင် အလောင်းရဲ့ ကြောက်စရာအခြေအနေကို ကျုပ်တို့ကိုယ်တိုင်မျက်စိနဲ့ တပ်အပ်မြင်ဖို့လိုတယ် "

ချီရန်၏ နှုတ်ခမ်းများသည် ဖြူဖျော့လာပြီး အနားသို့မချဉ်းကပ်ဝံ့တော့ဘဲ ခြံ၀င်း၏တံခါးနားမှာပင်ရပ်နေသည်..။
" ဒီလိုအေးစက်တဲ့ရာသီဥတု.. ဒီလိုနှင်းမုန်တိုင်းတွေ သည်းထန်နေတဲ့အချိန်မှာ.. အလောင်းကောင်ကြီးကိုသယ်ပြီး ဘယ်လိုများလွတ်လွတ်လပ်လပ်သွားလာနိုင်ရတာလဲ..? ဒီတစ်ခါကတော့ သတိပေးတာပဲဆိုတော့ ကောင်းတာပေါ့.. ဒါပေမယ့် နောက်တစ်ခါရှန့်ရွှယ်ပွဲကြည့်စင်ထဲကို ဖောက်ထွင်း၀င်ရောက်လာမယ်ဆိုရင်ရော ကျုပ်တို့ဘာလုပ်နိုင်မှာလဲ..? "

ယွဲ့ကျီးဟွာကလည်း သူကယွဲ့မိသားစု၏ အစောင့်အရှောက်တပ်ဖွဲ့တွင် နှစ်ပေါင်းများစွာနေခဲ့ရပြီး ယခုကဲ့သို ပြိုင်ဘက်ကင်းအကျော်အမော်တစ်ဦးကို အိမ်တွင်ဖွက်ထားသည်ဟု တစ်ခါမျှမကြားဖူးကြောင်းဆိုသည်..။ သူကအလေးအနက်ဆိုပြီး သူ၏လက်ကိုမြှောက်ကာ အဆိပ်ပြင်းသည့် ကျိန်ဆိုမှုကိုပင် ကျိန်ဆိုခဲ့သည်..။

လျိုရှန်ရှန်က အကြံ၀င်ပေးသည်..။
" ညဘက်ကျရင် ဘာလို့အလှည့်ကျကင်းမစောင့်ကြည့်ကြတာလဲ "

ယွင်ရိဖုန်းက ခေါင်းကိုယမ်းရင်း..
" ပွဲကြည့်စင်တွေက တစ်ခုနဲ့တစ်ခု‌ဝေးလွန်းတယ်.. လူတွေက နေရာတိုင်းကနေ ၀င်လာနိုင်တယ်.. ရှေ့တံခါးပေါက်ကိုစောင့်ရတာ အဓိပ္ပာယ်ရှိမှာမဟုတ်ဘူး "

ချီရန်က ပိုလို့တောင် စိုးရိမ်လာပြီး..
" ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ..? ".

" ကျွန်တော့်မှာ အကြံတစ်ခုရှိတယ် "
ကျင်းဟွမ်က..
" လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဘုန်းကြီးအိုကြီးတစ်ပါးက အစောင့်တပ်ဖွဲ့ကို အလှူခံဖို့လာဖူးတယ်.. သူပြန်ကြွသွားတော့ ကျွန်တော့်ကို အခင်းအကျင်းတည်ခင်းပုံတွေကို သင်ပေးခဲ့တယ်.. ရှန့်ရွှယ်ပွဲကြည့်စင်တစ်ခုလုံးကို ပိုးချည်မျှင်နဲ့ပတ်ကာထားပြီး လူတိုင်းရဲ့ခေါင်းရင်းမှာချိတ်ထားတဲ့ငွေခေါင်းလောင်းတွေနဲ့ ချိတ်ထားလို့ရတယ်.. အပြင်လူတစ်ယောက်ယောက်၀င်လာရင် ပင့်ကူကြိုးမျှင်ကို  တစ်ချက်လောက်ထိလိုက်မိရင်တောင် ခေါင်းလောင်းတွေအားလုံး အသံမြည်လာပြီး ကြည်လင်ပြတ်သားတဲ့အသံက အချိန်အကြာကြီးအဆက်မပြတ်မြည်နေလိမ့်မယ် "

" အရမ်းကောင်းတယ် "
ယွင်ရိဖုန်းက လက်ခုပ်တီးလိုက်ပြီး..
" ဒါဆိုရင်တော့ အစ်ကိုကျင်းကို‌ ကျေးဇူးတင်စွာနဲ့ပဲ အစီအစဉ်တွေချပေးဖို့တောင်းဆိုပါတယ် "

ယွဲ့ကျီးဟွာသည် အချိန်အတော်ကြာအောင် စိတ်မသက်မသာဖြစ်နေလေ‌ရာ နောက်ဆုံးတွင်တော့ သူ့ကိုယ့်သူသက်သေပြရန် နည်းလမ်းရှာတွေ့ခဲ့သည်..။ သူက ပြီးခဲ့သည့်နွေက ဤပွဲကြည့်စင်သို့လာရောက်လည်ပတ်စဉ်က စွန်ကြိုးတစ်ချောင်းကျန်နေခဲ့သည်ကို ကမန်းကတန်း၀င်ပြောပြီး ထိုကြိုးကိုလည်း ချက်ချင်းပင်ရှာတွေ့ခဲ့သည်..။ ငွေခေါင်းလောင်းအတွက်ကတော့ ငွေချောင်းများဖြင့်ပြုလုပ်လိုက်ကြပြီး.. မကောင်းလှသော်လည်း အနည်းဆုံးသံဒယ်အိုးတစ်လုံးတော့ရှိနေသေးသည်..။ တိုတိုပြောရလျှင်.. အလုပ်များသည့်အချိန်များလွန်သည့်နောက်တွင်တော့ မမှောင်ခင်မှာပင် လူတိုင်းက ပင့်ကူကြိုးမျှင်ငွေခေါင်းလောင်းအခင်းအကျင်းအား ခင်းကျင်းနိုင်ခဲ့ကြသည်..။

8 June, 2022

Zawgyi

Unicode

က်ီယန္းရန္က ထိုစကားကိုမယုံၾကည္နိုင္ဘဲ..
" ဒါကဘယ္လိုစည္းမ်ဥ္းမ်ိဳးလဲ..?"

ယြင္ရိဖုန္းက မ်က္ခုံးကိုပင့္ကာ က်ီယန္းရန္ကိုၾကည့္ရင္း..
" ဘာလို႔လဲဆိုေတာ့ လူတိုင္းက သတင္းနဲ႕ အခ်က္အလက္ေတြကို ဖုန္းယြီဂိုဏ္းက ၀ယ္ဖို႔လိုအပ္ၾကၿပီး.. ကြၽန္‌ေတာ္ကလည္း ဂိုဏ္းခ်ဳပ္ဆိုေတာ့.. ေသခ်ာတာေပါ့ ကြၽန္ေတာ္က အရမ္းအဖိုးတန္တယ္ေလ.. "

သိုင္းေလာက၌ လူ‌ေပါင္းမ်ားစြာရွိၾကသလို.. ကိစၥမ်ားစြာလည္း ျဖစ္ပ်က္ေနၾကသည္.. ဆိုလိုသည္ကေတာ့ ရာႏွင့္ခ်ီေသာ သတင္းမ်ားက ေန႕စဥ္ႏွင့္အမွ် ျပန႔္ႏွံ႕ေနၿပီး အမွန္ႏွင့္အမွားတို႔က ေရာႁပြမ္းေနၾကသည္..။  မည္သည့္အခ်ိန္၌မဆို တစ္စုံတစ္ေယာက္က တိက်မွန္ကန္သည့္ သတင္းအခ်က္အလက္မ်ားကို စုံစမ္းေမးျမန္းလိုသည့္အခါ.. ဖုန္းယြီဂိုဏ္းကိုသြားလိုက္ျခင္းက ယုံၾကည္စိတ္ခ်ဆဳံးေသာ နည္းလမ္းျဖစ္လာ၏..။
အခ်ိန္ၾကာလာသည္ႏွင့္အမွ်.. ဤ"စည္းမ်ဥ္း"ဟူသည့္အရာမွာ လူ႕အဖြဲ႕အစည္း၌ အေျခခိုင္လာေတာ့၏..။
အဓိကရမိသားစုပဲျဖစ္ေစ၊ မိစာၦဂိုဏ္းပဲျဖစ္ေစ၊ 
" သဲမ်ားေလထဲပ်ံ၍ ေက်ာက္တုံးမ်ားေလထဲလြင့္ကာ.. ေသြး‌မ်ားျမစ္လိုစီး"သည္အထိ တိုက္ခိုက္ၾကသည့္တိုင္၊ ဖုန္းယြီဂိုဏ္း၏ သတင္းေၾကာင့္ အိမ္ေတာ္တစ္ခုလုံးမွာ ပင္ကိုယ္စြမ္းရည္ျမင့္သည့္ တစ္စုံတစ္ေယာက္၏ အျမစ္ျပတ္သုတ္သင္ရွင္းလင္းျခင္းကိုခံရဖူးသည့္တိုင္... တိမ္(ယြင္)ကို မလႈပ္နိုင္ပဲ ေလ(ဖုန္း)ကိုသာ မွီခိုၾကရၿမဲပင္..။ အဆုံးမွာေတာ့ တစ္စုံတစ္ေယာက္က သတင္းအခ်က္အလက္မ်ားကို စုေဆာင္းေပးရန္လိုအပ္ၿပီး..  ဂိုဏ္းသခင္ယြင္ကလည္း ဤအလုပ္ကို မွန္ကန္ေကာင္းမြန္စြာလုပ္ကိုင္နိုင္ေလသည္..။ သိုင္းေလာကအသိုင္းအ၀ိုင္း၌ ဤကဲ့သို႔ေသာသူမ်ိဳး မရွိခဲ့ဖူးေပ..။

( LUX- သဲမ်ားေလထဲပ်ံ၍ ေက်ာက္တုံးမ်ားေလထဲလြင့္(idiom) ၊ ေသြး‌မ်ားျမစ္လိုစီး(idiom)

တိမ္(ယြင္)ကို မလႈပ္နိုင္ပဲ ေလ(ဖုန္း)ကိုသာ မွီခိုၾကရၿမဲ - ယြင္ရိဖုန္းရဲ႕နာမည္က ယြင္ဆိုတာက တိမ္ပါ။ ဖုန္းကေတာ့ ေလ။ တိမ္ကိုမလႈပ္နိုင္ဘဲ ေလကိုမွီခိုဆိုေတာ့ ယြင္ရိဖုန္းကို မလႈပ္ခတ္နိုင္ဘဲနဲ႕ ယြင္ရိဖုန္းတို႔ ဖုန္းယြီဂိုဏ္းရဲ႕ သတင္းေတြကိုပဲ မွီခိုေနၾကရတယ္ဆိုတဲ့ သေဘာေပါ့ )

ထိုစကားကိုၾကားၿပီးေနာ္ က်ီယန္းရန္က စိတ္ႏွလုံးထိခိုက္စြာျဖင့္ သက္ျပင္းခ်လိဳက္ရင္း..
" မင္းကေတာ့ လုပ္ႀကံခံရမွာကိုစိုးရိမ္စရာမလိုဘဲ ထိုင္ေန႐ုံနဲ႕ေငြရွာနိုင္တယ္.. တိုက္ခိုက္ေနၾကရင္ေတာင္ လူတိုင္းက မင္းကိုကာကြယ္ရတယ္.. ဂိုဏ္းသခင္ယြင္က ဒီလိုေကာင္းတဲ့ကိစၥကို ဘယ္လိုမ်ားေဆာင္ယူနိုင္တာပါလိမ့္ "

" မနာလိုျဖစ္လို႔လား..? '
ယြင္ရိဖုန္းက ၾကမ္းျပင္ေပၚရွိ ထိုင္ဖုံေပၚတြင္ ထိုင္ေနဆဲျဖစ္ၿပီး.. လက္ကိုဆန႔္ထုတ္ကာ ‌ဒူးေခါင္းကို ထုရင္း... မ်က္လုံးမ်ားေတာက္ပလာကာ..
" မနာလိုတာက ရိုးရိုးသားသားမနာလိုတာပဲ ျဖစ္နိုင္ပါတယ္ေလ "

က်ီယန္းရန္၏ ႏႈတ္ခမ္းေထာင့္မ်ားက ပင့္တက္သြားကာ.. တစ္ခ်ိန္ထဲမွာပဲ သူ၏လက္မ်ားကိုဆန႔္ထုတ္ကာ ယြင္ရိဖုန္း၏လက္ေကာက္၀တ္ကို စမ္းၾကည့္သည္..။ သည္တစ္ေခါက္ေတာ့ အလြန္ပင္ပူေႏြးေန၏..။ အဆိပ္၏ ပူျပင္းသည့္သက္ေရာက္မႈေၾကာင့္မဟုတ္ေသာ္လည္း ပူေႏြးေသာအပူခ်ိန္ပင္ျဖစ္‌သည္..။ ေဆာင္းရာသီ၌ မီးဖိုနံေဘး၌ ေခြ‌၍အိပ္ေမာက်ေနေသာ သားေပါက္ကေလး၏ ပူေႏြးျခင္းမ်ိဳးျဖစ္သည္..။

အျပင္ဘက္မွ ေအးစိမ့္ေသာေျမာက္ေလက ပြဲၾကည့္စင္၏ ျပတင္းတံခါးမ်ားကို တက်ီက်ီျမည္သည္အထိ တိုက္ခတ္‌‌ေနၿပီး.. အထူးသျဖင့္ ယခုကဲ့သို႔ တိတ္ဆိတ္သည့္ညခ်မ္းအခ်ိန္အခါတြင္ ၾကားရသည္မွာ ဆိုးဝါးလြန္းလွသည္..။ ယြင္ရိဖုန္းက ေခါင္းကိုေမာ့ကာ ထိုအသံတို႔ကို ေခတၱမွ်နားေထာင္ၿပီးေနာက္ အကူအညီမဲ့သည့္အသံျဖင့္..
" ဒီေန႕ညေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနရပါ့မလား‌ေတာင္မသိဘူး.. "

" မင္းဒီလိုေတြးၾကည့္ရမယ္ "
က်ီယန္းရန္က..
" မၿငိမ္းခ်မ္းေလ ဘာေတြျဖစ္ေနတာလဲဆိုတာ ျမန္ျမန္သိနိုင္ၿပီး ေတာင္ေပၚက ျမန္ျမန္ဆင္းနိုင္ေလပဲေလ.. ဒါေၾကာင့္ ဒီႏွင္းဖုံးေနတဲ့ေတာင္ေပၚမွာ အဝိုင္းခံထားရတာထက္စာရင္ ျပႆနာကိုပဲ တံခါး၀ကို ျမန္ျမန္ေရာက္လာေစခ်င္ေနၿပီ "

ယြင္ရိဖုန္းက မ်က္လုံးကိုပင့္ကာ က်ီယန္းရန္အားလွမ္းၾကည့္လိုက္ၿပီးေနာက္ မ်က္ေမွာင္ၾကဳတ္ရင္းဆိုသည္..
" ဒါဆိုကြၽန္ေတာ္လည္းသေဘာတူပါတယ္..  ဒါေပမယ့္ ျပႆနာက ေနာက္ေန႕အထိေစာင့္ေပးရင္ ပိုေပ်ာ္မိမွာပဲ "
မဟုတ္ရင္ ညနက္သန္းေခါင္ႀကီးမွာ အေမွာင္ထဲ အိပ္ယာထၿပီး ခ်မ္းခ်မ္းစီးစီးေဆာင္းရာသီႀကီးထဲ တိုက္ခိုက္ဖို႔ရန္အတြက္ အ၀တ္လဲရမွာက သူ႕အတြက္ေတာ့ စိတ္မသက္မသာျဖစ္စရာပင္..။

က်ီယန္းရန္က ၿပဳံးၿပီးေျပာသည္..
" ဂိုဏ္းသခင္ယြင္က တကယ္စိတ္၀င္စားစရာေကာင္းတဲ့သူပဲ "

" ကိစၥမရွိပါဘူး "
ယြင္ရိဖုန္းက ဒူးေခါင္းကိုအားျပဳေထာက္ကာ မတ္တပ္ရပ္ရင္း..
" ေသြးလင္ဇီးကို ရနိုင္သေ႐ြ႕ ကြၽန္ေတာ့္ဆီမွာ အရွင္မင္းသားကို ေဖ်ာ္ေျဖဖို႔အတြက္ လွည့္ကြက္ေတြ အလွ်ံအပယ္ရွိပါတယ္ "

က်ီယန္းရန္က ဟန္ေဆာင္ပန္ေဆာင္ျငင္းပယ္လိုက္ရင္း..
" က်ဳပ္ကဘယ္လိုလုပ္ ဒီေလာက္အရွက္မဲ့ရဲရမွာလဲဗ်ာ "

သို႔ေပမယ့္ ေရတစ္စက္စီ၏ ေက်းဇူးကိုေတာင္မွ်  ေရသြင္သြင္စီးေနေသာ စမ္း‌ေခ်ာင္းျပန္ေပးသင့္ေလရာ.. အသက္ကယ္ျခင္းေက်းဇူးဆိုလွ်င္ေျပာဖြယ္ရာမရွိဟုဆိုကာ ယြင္ရိဖုန္းက ခိုင္ခိုင္မာမာျငင္းသည္..။ ေနာင္အနာဂတ္တြင္ အရွင္မင္းသားက ျပဇာတ္အားနားဆင္လိုလွ်င္ ပုံပန္းသြင္ျပင္အားေလ့လာနိုင္ရန္အတြက္ နာမည္ေက်ာ္သ႐ုပ္ေဆာင္တစ္ဦးအား ရွာမည္ျဖစ္သည္..။ ေရွးေခတ္ကတည္းက ဘိုးေဘးဘီဘင္မ်ားက သူတို႔၏ ေဆြမ်ိဳးမ်ားအား ေရာင္စုံအ၀တ္အစားမ်ားျဖင့္ ေဖ်ာ္ေျဖၾကေလရာ.. သူကလည္းပဲ  ေရာင္စုံအ၀တ္အစားတို႔ျဖင့္ ေဖ်ာ္ေျဖေပးမွာပဲျဖစ္၏..။
သူဤသို႔ေျပာသည့္အခါ ကုတင္စြန္း၌ထိုင္ေနၿပီး.. အိပ္ခန္းနံရံတြင္ ခ်ိတ္ဆြဲထားသည့္ မွန္မီးအိမ္ငယ္ေလးက ညင္ညင္သာသာယိမ္းႏြဲ႕ေနခဲ့သည္..။ မွိတ္တုတ္မွိတ္တုတ္မီးအလင္းေရာင္ေအာက္၌ အရာရာက ေဖ်ာ့ေတာ့ၿပီး ထင္ရွား‌ေနသည္..။ ေတာ္၀င္အရွင္မင္းသားသည္ ခံတပ္၏အျပင္ဘက္၌ ေလျပင္းမ်ားတိုက္ခတ္ျခင္းကို ႏွစ္ေပါင္းမ်ားစြာ ခံခဲ့ရဖူးေသာ္လည္း.. ယြင္ရိဖုန္း၏မ်က္ႏွာထက္မွ ရိုးသားသည့္အမူအရာႏွင့္ ရင္ဆိုင္ေတြ႕ရသည့္အခါ သည္းမခံနိုင္ေတာ့ေပ..။ ေနာက္ဆုံးေတာ့ အရင္ကက်ီအိမ္ေတာ္မွ အေစာင့္မ်ားခံစားခဲ့ရေသာ မသက္မသာျဖစ္ျခင္းႏွင့္ အျပစ္ရွိစိတ္တို႔အား သူပါခံစားခဲ့ရၿပီျဖစ္သည္..။

" အိပ္လိုက္ဦး "
သူကဆိုသည္..။ သူ၏ ေလသံက သတိမထားမိဘဲ အလြန္ပင္ႏူးညံ့ေနသည္..။

ယြင္ရိဖုန္းက.. "ေရပူမရွိဘူး" ဟုျပန္ေျဖသည္..။

က်ီယန္းရန္က လက္ဦးမႈရယူကာ..
" က်ဳပ္သြားၿပီးက်ိဳလိုက္ဦးမယ္ "

ယြင္ရိဖုန္းက ေခါင္းညိတ္၍.. "အြန္း"

မီးဖိုေခ်ာင္ေလးထဲမွ မီးခိုးေငြ႕မ်ား တလူလူထြက္ေနသည္..။ က်ီယန္းရန္က ေခြးေျခေလးေပၚတြင္ထိုင္ကာ ဖားဖိုကိုဆြဲကာ မီးေမႊးရန္အတြက္ အာ႐ုံစိုက္ေနသည္..။ ရည္႐ြယ္ခ်က္က လမ္းမွန္ေသာ္လည္း နည္းစနစ္ကေတာ့ သံေခ်းတက္ေနေလေရာ.. သူ႕မ်က္ႏွာတစ္ခုလုံးက မီးခိုးမ်ားေၾကာင့္ မဲတူးေန၏..။

အကယ္၍ နဂါးနက္စခန္းမွ ညီအစ္ကိုမ်ားသာ ယခုအခ်ိန္သူ႕ပုံစံကိုျမင္ၾကလွ်င္.. ေနာင္သုံးႏွစ္သုံးမိုးၾကာေအာင္ ဟာသအျဖစ္ႏွင့္ ရယ္ေမာေနၾကမွာေတာင္ ေၾကာက္ရသည္။

ထိုညက ေပ်ာ္ဆင္းလာေသာ ေရစက္မ်ားက ေရခဲအျဖစ္သို႔ ေနာက္တစ္ေခါက္ျပန္ကူးေျပာင္းသြားၾကျပန္၏..။

အဆုံးမရွိက်ယ္ျပန႔္လွေသာ ႏွင္းေတာထဲတြင္ေတာ့ မ်ားျပားလီေသာ အနက္ေရာင္အရိပ္မ်ားက သရဲတေစၦမ်ားကဲ့သို႔ ေပၚထြက္လာၾကၿပီး.. သရဲတေစၦမ်ားကဲ့သို႔ပင္ ေလထုထဲသို႔ တိုး၀င္ေပ်ာက္ကြယ္သြားၾကျပန္‌သည္..။

ႏွင္းမ်ားသည္းထန္စြာ က်ဆင္းလာကာ သဲလြန္စအားလုံးကို လွ်င္ျမန္စြာ ဖုံးကြယ္သြား၏..။

***

ေနာက္တစ္ေန႕မနက္တြင္ ယြဲ႕က်ီးဟြာ အေျပးအလႊားေရာက္လာၿပီး အျပင္ဘက္တြက္တစ္ခုခုျဖစ္ေနၿပီဟုေျပာရန္ တံခါးလာေခါက္သည့္အခ်ိန္တြင္ ယြင္ရိဖုန္းက အိပ္ေပ်ာ္ေနတုန္းျဖစ္သည္..။

ထင္းခုတ္သမား၏ မီးေလာင္ကြၽမ္းထားေသာအေလာင္းကို မနက္ေစာေစာ၌ ၿခံ၀င္းထဲလာပစ္ထားခဲ့သည္..။ အေဒၚယြီက ႏွင္းမ်ားကိုရွင္းလင္းရင္း အေလာင္းကိုျမင္လိုက္ရၿပီး ထိတ္လန႔္မႈေၾကာင့္ လိပ္ျပာလြင့္ေတာ့မတတ္ပင္..။

ယြင္ရိဖုန္းႏွင့္ က်ီယန္းရန္တို႔ အျမန္ေျပးလာၾကေသာအခါ က်င္းဟြမ္က အေလာင္းကို ပိတ္စျဖဴျဖင့္ ဖုံးအုပ္ထားၿပီးျဖစ္ကာ ေသဆုံးရသည့္အေၾကာင္းရင္းမွာ ကိုယ္တြင္းအဂၤါမ်ား ေပါက္ကြဲသြားျခင္းေၾကာင့္ဟုဆိုသည္..။

က်ီယန္းရန္က..
" ေပါက္ကြဲမႈနဲ႕တင္ မလုံေလာက္ဘူးလို႔ တစ္ဖက္ကလူက ထင္ေနပုံရတယ္.. ေၾကာက္႐ြံ႕ထိတ္လန႔္စိတ္ကို ပိုၿပီးကြက္ကြက္ကြင္းကြင္းေလးနဲ႕ ထိေရာက္သြားေအာင္ အေလာင္းရဲ႕ ေၾကာက္စရာအေျခအေနကို က်ဳပ္တို႔ကိုယ္တိုင္မ်က္စိနဲ႕ တပ္အပ္ျမင္ဖို႔လိုတယ္ "

ခ်ီရန္၏ ႏႈတ္ခမ္းမ်ားသည္ ျဖဴေဖ်ာ့လာၿပီး အနားသို႔မခ်ဥ္းကပ္ဝံ့ေတာ့ဘဲ ၿခံ၀င္း၏တံခါးနားမွာပင္ရပ္ေနသည္..။
" ဒီလိုေအးစက္တဲ့ရာသီဥတု.. ဒီလိုႏွင္းမုန္တိုင္းေတြ သည္းထန္ေနတဲ့အခ်ိန္မွာ.. အေလာင္းေကာင္ႀကီးကိုသယ္ၿပီး ဘယ္လိုမ်ားလြတ္လြတ္လပ္လပ္သြားလာနိုင္ရတာလဲ..? ဒီတစ္ခါကေတာ့ သတိေပးတာပဲဆိုေတာ့ ေကာင္းတာေပါ့.. ဒါေပမယ့္ ေနာက္တစ္ခါရွန႔္႐ႊယ္ပြဲၾကည့္စင္ထဲကို ေဖာက္ထြင္း၀င္ေရာက္လာမယ္ဆိုရင္ေရာ က်ဳပ္တို႔ဘာလုပ္နိုင္မွာလဲ..? "

ယြဲ႕က်ီးဟြာကလည္း သူကယြဲ႕မိသားစု၏ အေစာင့္အေရွာက္တပ္ဖြဲ႕တြင္ ႏွစ္ေပါင္းမ်ားစြာေနခဲ့ရၿပီး ယခုကဲ့သို ၿပိဳင္ဘက္ကင္းအေက်ာ္အေမာ္တစ္ဦးကို အိမ္တြင္ဖြက္ထားသည္ဟု တစ္ခါမွ်မၾကားဖူးေၾကာင္းဆိုသည္..။ သူကအေလးအနက္ဆိုၿပီး သူ၏လက္ကိုျမႇောက္ကာ အဆိပ္ျပင္းသည့္ က်ိန္ဆိုမႈကိုပင္ က်ိန္ဆိုခဲ့သည္..။

လ်ိဳရွန္ရွန္က အႀကံ၀င္ေပးသည္..။
" ညဘက္က်ရင္ ဘာလို႔အလွည့္က်ကင္းမေစာင့္ၾကည့္ၾကတာလဲ "

ယြင္ရိဖုန္းက ေခါင္းကိုယမ္းရင္း..
" ပြဲၾကည့္စင္ေတြက တစ္ခုနဲ႕တစ္ခု‌ေဝးလြန္းတယ္.. လူေတြက ေနရာတိုင္းကေန ၀င္လာနိုင္တယ္.. ေရွ႕တံခါးေပါက္ကိုေစာင့္ရတာ အဓိပၸာယ္ရွိမွာမဟုတ္ဘူး "

ခ်ီရန္က ပိုလို႔ေတာင္ စိုးရိမ္လာၿပီး..
" ဒါဆိုရင္ကြၽန္ေတာ္တို႔ဘယ္လိုလုပ္ၾကမလဲ..? ".

" ကြၽန္ေတာ့္မွာ အႀကံတစ္ခုရွိတယ္ "
က်င္းဟြမ္က..
" လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က ဘုန္းႀကီးအိုႀကီးတစ္ပါးက အေစာင့္တပ္ဖြဲ႕ကို အလႉခံဖို႔လာဖူးတယ္.. သူျပန္ႂကြသြားေတာ့ ကြၽန္ေတာ့္ကို အခင္းအက်င္းတည္ခင္းပုံေတြကို သင္ေပးခဲ့တယ္.. ရွန႔္႐ႊယ္ပြဲၾကည့္စင္တစ္ခုလုံးကို ပိုးခ်ည္မွ်င္နဲ႕ပတ္ကာထားၿပီး လူတိုင္းရဲ႕ေခါင္းရင္းမွာခ်ိတ္ထားတဲ့ေငြေခါင္းေလာင္းေတြနဲ႕ ခ်ိတ္ထားလို႔ရတယ္.. အျပင္လူတစ္ေယာက္ေယာက္၀င္လာရင္ ပင့္ကူႀကိဳးမွ်င္ကို  တစ္ခ်က္ေလာက္ထိလိုက္မိရင္ေတာင္ ေခါင္းေလာင္းေတြအားလုံး အသံျမည္လာၿပီး ၾကည္လင္ျပတ္သားတဲ့အသံက အခ်ိန္အၾကာႀကီးအဆက္မျပတ္ျမည္ေနလိမ့္မယ္ "

" အရမ္းေကာင္းတယ္ "
ယြင္ရိဖုန္းက လက္ခုပ္တီးလိုက္ၿပီး..
" ဒါဆိုရင္ေတာ့ အစ္ကိုက်င္းကို‌ ေက်းဇူးတင္စြာနဲ႕ပဲ အစီအစဥ္ေတြခ်ေပးဖို႔ေတာင္းဆိုပါတယ္ "

ယြဲ႕က်ီးဟြာသည္ အခ်ိန္အေတာ္ၾကာေအာင္ စိတ္မသက္မသာျဖစ္ေနေလ‌ရာ ေနာက္ဆုံးတြင္ေတာ့ သူ႕ကိုယ့္သူသက္ေသျပရန္ နည္းလမ္းရွာေတြ႕ခဲ့သည္..။ သူက ၿပီးခဲ့သည့္ေႏြက ဤပြဲၾကည့္စင္သို႔လာေရာက္လည္ပတ္စဥ္က စြန္ႀကိဳးတစ္ေခ်ာင္းက်န္ေနခဲ့သည္ကို ကမန္းကတန္း၀င္ေျပာၿပီး ထိုႀကိဳးကိုလည္း ခ်က္ခ်င္းပင္ရွာေတြ႕ခဲ့သည္..။ ေငြေခါင္းေလာင္းအတြက္ကေတာ့ ေငြေခ်ာင္းမ်ားျဖင့္ျပဳလုပ္လိုက္ၾကၿပီး.. မေကာင္းလွေသာ္လည္း အနည္းဆုံးသံဒယ္အိုးတစ္လုံးေတာ့ရွိေနေသးသည္..။ တိုတိုေျပာရလွ်င္.. အလုပ္မ်ားသည့္အခ်ိန္မ်ားလြန္သည့္ေနာက္တြင္ေတာ့ မေမွာင္ခင္မွာပင္ လူတိုင္းက ပင့္ကူႀကိဳးမွ်င္ေငြေခါင္းေလာင္းအခင္းအက်င္းအား ခင္းက်င္းနိုင္ခဲ့ၾကသည္..။

8 June, 2022

Continue Reading

You'll Also Like

179K 8.7K 36
Start date : 22.3.2023 male pregnant ပါတာကြောင့် သဘောကျမှဖတ်ပါနော် ဤfiction ထဲရှိအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးယဉ်မှုသက်သက်သာဖြစ်သည်။
380K 14.8K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
1M 11.3K 101
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
301K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်