မိုင်နဲ ခဏလောက် ကြောင်ကြည့်နေပြီး.
" တစ်ခုခုဖြစ်လို့လား"
ရှဲ့စန်း သူ့ဘယ်ဘက်လက်ထဲက အိတ်ကိုမြှောက်ပြပြီး "မနေ့က ငါ့ကို ခေါ်လာပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ မနက်စာ ပြန်လာပေးတာလေ"
ဒီနေ့က စာမေးပွဲဖြေရမယ့်နေ့ ဆိုရင်တောင် စွမ်းအင်စုဆောင်းဖို့ မေ့လို့မရဘူး၊ မနက်စာတစ်ခုက စွမ်းအင် ၂ခုတောင်ရမှာလေ။
"ရပါတယ် ၊ မင်းကို အိမ်ခေါ်လာပေးတာက စေတနာနဲ့ ကူညီတာပါ"
မိုင်နဲက လူစုလူဝေးတွေရဲ့ ကိစ္စတွေကို စိတ်ဝင်စားမှုရှိမှန်း ရှဲ့စန်းမသိခဲ့ဘူး။ သူ မတော် တဆ သတိလစ်သွားတာကို တွေ့ပြီး အတင်း မကယ်ချင်ဘဲနဲ့ ကယ်လာပေးရတယ်လို့ ထင်ထားခဲ့တာ။
"ဘာပဲဖြစ်ဖြစ် ငါ့ကို ကူညီပေးထားတဲ့အတွက် မင်းကို ကျေးဇူးတင်ရမယ်၊ ငါတို့က သူငယ်ချင်းတွေလေ" ရှဲ့စန်း ပြုံးပြလိုက်ပြီး
"ငါ့မှာ မင်းကိုပြောပြချင်တဲ့ ပျော်စရာကိစ္စတစ်ခု ရှိတယ်" သူ အိမ်ထဲကို လှမ်းကြည့်ပြီး "အထဲဝင်ပြီး ပြောကြရအောင်"
မိုင်နဲ သူနဲ့ ရင်းနီးသလိုလုပ်တဲ့ လူမျိုး တစ်ခါမှ မတွေ့ဖူးဘူး၊ သူ့ကို သိတဲ့လူတွေက ဝေးဝေးကနေ ရှောင်သွားကြတယ်၊ ပျော်စရာကိစ္စ ပြောပြဖို့ဆိုတာက အရမ်းဝေးကွာလွန်းတယ်၊ သူ့ကြည့်ရတာ အကြံအစည်ရှိတဲ့ပုံ မပေါ်ပဲ သူ့ကို တကယ့် သူငယ်ချင်းတစ်ယောက်လို့ တွေးထားသလိုမျိုး အပြုအမူတွေက ပွင့်လင်းပြီး မျက်လုံးတွေက ကြည်လင်နေတယ်။ ခဏလောက် တုံ့ဆိုင်းသွားပြီးနောက်မှာ အထဲဝင်လို့ရအောင် ကိုယ်တစ်ခြမ်း စောင်းပေးလိုက်တယ်။
"စွမ်းအင် 1, total , 1" လို့ ရှဲ့စန်းမျက်စိရှေ့မှာ ပေါ်လာခဲ့သည်။
ရှဲ့စန်း ခဏလောက် ကြက်သေ သေသွားပြီး မိုင်နဲကို အလန့်တကြား ကြည့်လိုက်သည်။ သူ့ခေါင်းပေါ်မှာရှိတဲ့ စွမ်းအင်က 9/10 ဖြစ်နေခဲ့သည်။
စားတောင်မစားရသေးဘူး စွမ်းအင် ၁ခု စရတာက အခြေအနေ ကောင်းတယ်
ပိုပြီးပြုံးလိုက်ပြီးနောက် ဧည့်ခန်းထဲဝင်သွားပြီး အစားအစာဘူးကို အမြန်ထုတ်လိုက်ကာ စားပွဲပေါ်တင်ထားလိုက်သည်။ပြန်လှည့်ကြည့်ပြီး
"လာပြီး စားလေ အပူထိန်းဘူးနဲ့ ထည့်လာတာ အခုချိန်ထိပူနေသေးတယ်"
မိုင်နဲ တံခါးပိတ်လိုက်ကာ စားပွဲစီ လမ်းလျှောက်လာပြီး ထိုင်လိုက်သည်။ အပြုံးတွေပြည့်နေတဲ့ ရှဲ့စန်းမျက်နှာကိုကြည့်ပြီး ခဏလောက်စဥ်းစားကာ ပြောလိုက်သည်။
"မင်း အရင်ကနဲ့ မတူတော့ဘူး"
"ငါ ကောင်းကောင်း နားလည်သွားလို့လေ" ရှဲ့စန်းပြောပြီး ပြန်မေးလိုက်သည်. "အရင်တုန်းက ငါက ဘယ်လိုမျိုးလို့ မင်းထင်လဲ"
မိုင်နဲ ခရင်းနဲ့ ဓါးသုံးပြီး အသားတွေကို အတုံးသေးလေးတွေ တုံးလိုက်ကာ နည်းနည်းစဥ်းစားပြီး ပြန်ဖြေလိုက်သည်၊
" တိတ်ဆိတ်ပြီး အရယ်၊အပြုံးမရှိဘူး " ပြောပြီးနောက် ရှဲ့စန်းကို ကြည့်လိုက်သည်
လူတစ်ယောက်က တကယ်ကို အရမ်း ပြောင်းလဲသွားနိုင်တာလား၊ အရင်တုန်းကနဲ့ တခြားစီပဲ
" မင်းက ဥပမာပေးတာ အရမ်းတော်တာပဲ" သူ့အကြောင်းသူ ပြန်တွေးပြီး သက်ပြင်းချလိုက်သည်
"လူတွေရဲ့ စကားတွေက ဖိအားအရမ်းများလွန်းတယ် ၊အခု အခြားလူတွေရဲ့ အထင်အမြင်တွေကို လျစ်လျူရှူလိုက်ဖို့ ဆုံးဖြတ်လိုက်တော့ စိတ်ထဲပေါ့ပါးသွားတယ်"
မိုင်နဲ သူတွေးနေတာတွေ ရပ်လိုက်တယ်၊ သူ့စရိုက်တွေ ပြောင်းသွားပေမယ့် သူ့အသွင်အပြင်က အရင်တုန်းကနဲ့ အတူတူပဲ၊ သူအစားစားနေတာမှာပဲ အာရုံစိုက်ထားလိုက်တယ်။
ရှဲ့စန်း သူ့ကိုပဲ ကြည့်နေမိသည်၊ သူ့ဆီက မနေ့ကလိုပဲ တူညီတဲ့စွမ်းအင်ရဖို့ မျှော်လင့်နေမိသည်။
မိုင်နဲ စားပြီးနောက် သူ့ကိုကြည့်လိုက်သည်၊
" မင်း မစားဘူးလား "
ရှဲ့စန်း သူ့ကို စိုက်ကြည့်နေတော့ သတိမထားမိဖို့ဆိုတာ မလွယ်ဘူး
" အင်း ငါ အိမ်မှာစားပြီးသွားပြီ " ရှဲ့စန်း စွမ်းအင်မရတာ သေချာအောင်လုပ်လိုက်ပြီး ဘာမှမရှိတော့တဲ့ ပန်းကန်ကို ကြည့်လိုက်ကာ မတတ်နိုင်ပဲ မေးလိူက်သည်. " ငါ ချက်ထားတာ ကောင်းလား "
" အဲ့ဒါက ကောင်းပါတယ် "
ရှဲ့စန်း မိုင်နဲကို စိတ်ပျက်စွာကြည့်လိုက်သည်၊ အဲ့ဒါက ရတနာတွင်းကြီး ရှာတွေ့ပြီး ရတနာတွေအများကြီးရဖို့ မျှော်လင့်ထားပေမယ့် တွင်းထဲမှာ ဘာမှမရှိတော့တာနဲ့ တူနေတယ်
မိုင်နဲ သူ့အမူအရာကို ကြည့်ပြီး အံ့သြသွားသည်၊ ခဏလောက် စဥ်းစားပြီးနောက် သူ့မျက်လုံးထဲမှာ အပြုံးလေးပေါ်လာပြီး သူထပ်ပြောလိုက်သည်၊
"အဲ့ဒါက အရမ်းကောင်းတယ်၊ စားသောက်ဆိုင်တွေမှာ လုပ်တာထက် ပိုကောင်းတယ် "
ရှဲ့စန်း သူ့လက်သူ ယမ်းလိုက်ပြီး " ငါက ကလေးမဟုတ်ဘူး ငါ့ကိုချီးမွမ်းခိုင်းဖို့ မေးတာမဟုတ်ဘူး "
" မဟုတ်ဘူးလား " မိုင်နဲ မျက်ခုံးပင့်လိုက်တယ်
" သေချာပေါက် မဟုတ်ဘူး " ရှဲ့စန်း လက်ဆန့်ထုတ်ပြီး ထမင်းဘူးဆေးဖို့ လုပ်လိုက်ပေမယ့် မိုင်နဲ လက်မြှောက်ပြီး သူ့ကိုတားလိုက်သည် " ငါ လုပ်လိုက်မယ် "
မိုင်နဲ အလုပ်လုပ်တာ မြန်သည်။ ထမင်းဘူးဆေးဖို့ အချိန်သိပ်မယူလိုက်ရပဲ ရှဲ့စန်းကို ပြန်ပေးလာသည်။
ရှဲ့စန်းက အစားအစာအတွက် စွမ်းအင်မရလို့ စိတ်ပျက်သွားပေမယ့် ဝင်လာတဲ့အချိန်မှာ ရလိုက်တဲ့စွမ်းအင် ကို တွေးမိပြီး အားတက်သွားတယ်။ ဘာပဲဖြစ်ဖြစ် သူနဲ့ သူငယ်ချင်း ဖြစ်အောင်လုပ်ရမယ်။
စွမ်းအင်ကြောင့် မဟုတ်ရင်တောင် ဒီလူနဲ့ သူငယ်ချင်းလုပ်တာ မဆိုးပါဘူး။ ကောင်းတာက သူ့စီက စွမ်းအင်ရနိင်နေတာပဲ ။ ကျောင်းရောက်ရင် လူချောလေးရဲ့ နာမည်မေးဖို့ ဆုံးဖြတ်ထားသည်။ သူက နာမည်ကြီးတစ်ယောက်လိုမျိုးပဲ အရမ်းကြည့်ကောင်းတယ်။ ကျောင်းသားဟောင်းတစ်ယောက် အနေနဲ့ သူကိုယ်တိုင်မေးဖို့ မသင့်တော်ဘူး။
" မင်းမှာ ပျော်စရာတစ်ခုခု ရှိတယ်လို့ ပြောခဲ့တယ် မဟုတ်ဖူးလား "
ထိုင်ခုံမှာ တစ်ဝက်မှီကာ ရှဲ့စန်း သူ့ထမင်းဘူး အိတ်ထဲ ပြန်ထည့်နေတာကိုကြည့်ပြီး မေးလိုက်သည်။
ရှဲ့စန်းပြုံးလိုက်ပြီး " ဟုတ်သားပဲ ငါမေ့တော့ မလို့ ကျင်းကျန် ပြုစုစောင့်ရှောက်ရေးစင်တာမှာ ငါအလုပ်ရသွားပြီ "
" မင်းက အပင်ဌာနက မဟုတ်ဘူးလား "
" အင်း၊ ငါက အလုပ်ဖြစ်ရင်ပြီးရော ကြုံရာအလုပ်ရှာနေတာလေ ၊ ငါ့ဘာသာရပ်နဲ့ သက်ဆိုင်တဲ့အလုပ်ကိုပဲ မလိုချင်ခဲ့ဘူး " ရှဲ့စန်းပြောလိုက်ပြီး မိုင်နဲ ရင်ဘတ်ကို ကြည့်လိုက်သည်။
" မင်းက အထီး မဟုတ်လား ၊ဆက်နွယ်သားရဲက ဘာလဲ? တကယ်လို့ စောင့်ရှောက်ပေးဖို့ လိုမယ်ဆိုရင် မင်း ငါအလုပ်လုပ်တဲ့ဆိုင်ကို လာလို့ရတယ် လျှော့စျေးနဲ့ ရအောင် လုပ်ပေးမယ်လေ "
မိုင်နဲ ခေါင်းခါလိုက်ပြီး " ကြီးမားတဲ့ ခြင်္သေ့ သားရဲ ရှာလို့မတွေ့သေးဘူး "
ရှဲ့စန်း မနေ့က အလုပ်မှာ ဆက်နွယ်သားရဲအချက်အလက်တွေ အများကြီး လေ့လာခဲ့ရသည်၊ ဆက်နွယ်သားရဲတွေကို S, A, B, C, D နဲ့ E လို့ ခွဲခြားနိုင်ပြီး S အဆင့်က အသန်မာဆုံးဖြစ်သည်။ သန်မာတဲ့လူက အဆင့်မြင်တဲ့ ဆက်နွယ်သားရဲကို နိုးထစေနိုင်တယ်၊ အဲ့ဒါကြောင့် ဆက်နွယ်သားရဲရဲ့ အဆင့်က ပိုင်ရှင်ရဲ့ ခွန်အားနဲ့ သက်ဆိုင်နေတယ်။
သူ မနေ့က အလုပ်လုပ်ခဲ့တဲ့ နေရာက အမတွေရဲ့ ဆက်နွယ်သားရဲတွေ ရှိတဲ့နေရာ ဖြစ်သည်၊ သူတွေ့ခဲ့တဲ့ ဆက်နွယ်သားရဲတွေ တော်တော်များများက Eအဆင့် ဖြစ်ပြီး Dအဆင့် နည်းနည်းပဲ ပါသည်။ ဘရန့်ဒ်ဂြိုလ်မှာ ဆက်နွယ်သားရဲ Dအဆင့် အထက် နိုးထလာတဲ့လူတွေ အားလုံးနီးပါးက အထီး ဖြစ်နိုင်တယ်။
(T/N note : ဆက်နွယ်သားရဲက Dအဆင့်ထက် မြင့်မယ်ဆိုရင် အဲ့ဒီ့လူက အထီးလို့ ပြောချင်တာပါ)
အမ ရဲ့ ဆက်နွယ်သားရဲက Dအဆင့်ထက်မြင့်မယ်ဆိုရင် အဲ့ဒီ့အမ က အထီးတွေနဲ့ တကယ် ညီမျှသည်၊ အဲ့ဒီလို အမ က ရှားပါးပါသည်၊ ကြီးမားတဲ့ ခြင်္သေ့သားရဲက Aအဆင့်သားရဲ ဆိုတာ အတိအကျမှတ်မိတယ်။
" မင်းက အရမ်း သန်မာတာပဲ လူတော်တော်များများက Aအဆင့် သားရဲကို မနိုးထစေနိုင်ဘူးလို့ ငါကြားဖူးတယ် " ရှဲ့စန်း ချီးကျူးလိုက်သည်။
" Sအဆင့်က ပိုစွမ်းအားကြီးတာပေါ့ ဒါပေမယ့် ဆက်နွယ်သားရဲ ရှာမတွေ့ရင် နိုးထလာတာက အဓိပ္ပါယ်မရှိတော့ဘူး " လို့ မိုင်နဲပြောလိုက်သည်။
" အဓိပ္ပါယ်မရှိဘူး ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ၊မင်းက အရမ်းသန်မာတယ်လေ၊ ငါတို့ဆိုင်မှာ ဆက်နွယ်သားရဲမျိုးစုံ ရှိတယ် ၊ အဲ့ဒါကြောင့် မင်းအတွက် ငါကူပြီး ကြည့်ထားပေးမယ်လေ၊ တကယ်လို့ ကြီးမားတဲ့ ခြင်္သေ့သားရဲ ရှိလာခဲ့ရင် ငါ မင်းကို အရင်ဆုံးအသိပေးမယ် "
ရှဲ့စန်း မြန်မြန်ပြောလိုက်သည်။
ဘရန့်ဒ်ဂြိုလ်မှာရှိတဲ့ လူတွေက သူတို့ရဲ့ နိုးထလာတဲ့ သားရဲပုံသဏ္ဌာန်နဲ့ တူတဲ့ သားရဲတွေကို ရှာတွေခဲ့ကြသည်။ ဆက်နွယ်သားရဲနဲ့ ကိုက်ညီမှုနှုန်းက ၅၀ရာခိုင်နှုန်းနဲ့အထက် မြင့်မယ်ဆိုရင် ဆက်နွယ်လို့ရနိုင်သည်။ လူတစ်ယောက်က ဆက်နွယ်သားရဲ့နဲ့ ဆက်နွယ်ချင်ရင် တူညီတဲ့ ဆက်နွယ်သားရဲကို အရင်ရှာဖို့လိုသည်။
Aအဆင့်နဲ့ အထက် ဆက်နွယ်သားရဲတွေက နည်းပါးလွန်းသည်။ မွေးမြူထားတာ မရှိပဲ အားလုံးက တောရိုင်းသတ္တဝါတွေဖြစ်သည်။ သားရဲတွေက လုပ်နိုင်စွမ်းရှိပြီး သန်မာသည်၊ တစ်စုံတစ်ယောက်က သူတို့ရဲ့ သားရဲပုံသဏ္ဌာန် မဟုတ်ပဲ တခြားသားရဲတွေလိုချင်တယ် ဆိုရင်တောင် ဖမ်းဖို့မလွယ်ကူဘူး
အဲ့ဒါကြောင့် Aအဆင့်နိုးထလာတဲ့သူတွေက သူတို့ကိုယ်ပိုင် ဆက်နွယ်သားရဲရနိုင်ဖို့ အနည်းဆုံး သတ်လတ်ပိုင်းအရွယ်အထိ စောင့်ကြရသည်၊ အားလုံးက ၁၈နှစ်ပြည့်ပြီးတဲ့ အချိန်အထိ ပညာသင်ကြားကြရတယ်၊ အဲ့ဒီ့အချိန် အတောအတွင်းမှာ တစ်ယောက်တည်းနဲ့ အနီးအနားက တောထဲသွားပြီး ဆက်နွယ်သားရဲရှာဖို့ဆိုတာ မဖြစ်နိုင်ဘူး သွားရှာနိုင်တဲ့ အရည်အချင်းရှိရင်တောင် ရှာတွေ့ဖို့ မလွယ်ဘူး။
သေချာတာပေါ့၊ ကံကောင်းတဲ့လူတွေက စွမ်းရည်အမျိုးမျိုးရှိတဲ့ ကုန်သည်တွေစီကနေ ဆက်နွယ်သားရဲ ဝယ်လို့ရနိုင်တယ်၊ အဓိကတော့ ပိုက်ဆံရှိဖို့ လိုတာပေါ့
မိုင်နဲ နှလုံးသားထဲ နွေးသွားသလို ခံစားလိုက်ရသည်၊ ရှဲ့စန်းက အဲ့ဒီစကားတွေကို ပုံမှန်အတိုင်း မြန်မြန်လေးပြောသွားတာ တမင်ဟန်ဆောင်ပြီး ပြောတာမဟုတ်ဘူး၊ သူ တကယ် သူ့ကို ကူညီချင်တာ ဖော်ပြနေတယ်။
ရှဲ့စန်း သူ့အရှေ့မှာ ရုတ်တရက်ပေါ်လာတဲ့ စာကို ကြည့်နေမိသည် " စွမ်းအင် ၁, စု²ပေါင်းတန်ဖိုး ၂ " သူ ကြက်သေ သေသွားသည်။ သူကြည့်လိုက်တဲ့အချိန် မိုင်နဲက ဘာမှမပြောင်းလဲသွားပေမယ့် သူ့ခေါင်းပေါ်က စွမ်းအင်က " ၈ / ၁၀ " ဖြစ်နေသည်။ သူပြုံးလိုက်ပြီး
"မင်းရဲ့ ဆက်နွယ်သားရဲကို သေချာပေါက် ရှာတွေ့လိမ့်မယ်၊ ငါ ဒီနေ့ စာမေးပွဲရှိလို့ အရင်သွားနှင့်မယ် မနက်ဖြန်မှ တွေ့မယ် "
" ခဏလေး " အပြင်ထွက်ဖို့ပြင်နေတဲ့ ရှဲ့စန်းကို မိုင်နဲ လှမ်းခေါ်လိုက်သည်၊။
" ငါလည်း စာမေးပွဲရှိတယ် ကျောင်းကို အတူတူသွားရအောင် "
သူ့ပါးစပ်က ထွက်သွားတဲ့ စကားကြောင့် မိုင်နဲ သတိလစ်ချင်သွားသည်၊ သူ့ဘက်က စပြီး အတူတူသွားဖို့ ပြောမိလိမ့်မယ်လို့ သူမထင်ထားခဲ့ဘူး။
တစ်ဖက်ကပြောတဲ့ သူတို့က သူငယ်ချင်းတွေဆိုတာက ပုံမှန်ဖြစ်လွန်းပြီး မှန်လွန်းတာကြောင့် သူ ကူးစက်ခံလိုက်ရတာလား? ၊ ဒါမှမဟုတ် တစ်ဖက်လူကို သူငယ်ချင်းလို့ သူ တကယ် တွေးထားမိတာကြောင့်လား?
သူငယ်ချင်းလား ....? သူအဲ့ဒီ့ စကားလုံးကို စဥ်းစားနေမိသည်၊ သူတို့နှစ်ယောက် အတူတူရှိခဲ့တဲ့ နှစ်ရက်ကို တွေးမိလိုက်တော့ သူ့မျက်လုံးတွေ နည်းနည်းလှုပ်ရှားသွားသည်၊ ဒီခံစားချက်က သူတစ်ယောက်တည်း ရှိနေတုန်းက ခံစားချက်နဲ့ မတူဘူး ၊ ဒီခံစားချက်က အရမ်းကောင်းတယ်
(T/N note : သူ့မှာ ရှဲ့စန်းကလွဲပြီး ဘယ်သူမှ မရှိပါဘူး၊ ရှဲ့စန်းက သူ့ရဲ့ ပထမဆုံးသူငယ်ချင်းဖြစ်ပြီး အရာအားလုံးလို့ ပြောလို့ရပါတယ် ၊ ဗီလိန်ဘော့စ်ဖြစ်တဲ့အတွက် ရှဲ့စန်းနဲ့ ပတ်သက်လာရင် psycho တစ်ယောက်လို ဖြစ်သွားတတ်ပေမယ့် ရှဲ့စန်းကိုတော့ အရမ်းချစ်ပါတယ်)
ရှဲ့စန်း ယဥ်ကျေးမနေတော့ပဲ ချက်ချင်းမေးလိုက်သည်၊
" တကယ်လား !!! ကောင်းလိုက်တာ ငါ့ကားက ကျောင်းမှာပဲရှိသေးတယ် မင်းကားနဲ့ လိုက်ပြီးစီးလို့ရတာ ကောင်းတယ် "
__________________________________________
ဖတ်ပေးတဲ့ သူနဲ့ voteပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့် 😊😊😊 တနင်္လာနေ့မှာ ပြန်တွေ့ ပါ့မယ်
1.7.22
11.53 pm
Zawgyi version
11. သူငယ္ခ်င္း
မိုင္နဲ ခဏေလာက္ ေၾကာင္ၾကည့္ေနၿပီး.
" တစ္ခုခုျဖစ္လို႔လား"
ရွဲ႕စန္း သူ႕ဘယ္ဘက္လက္ထဲက အိတ္ကိုျမႇောက္ျပၿပီး "မေန႕က ငါ့ကို ေခၚလာေပးလို႔ ေက်းဇူးတင္တဲ့အေနနဲ႕ မနက္စာ ျပန္လာေပးတာေလ"
ဒီေန႕က စာေမးပြဲေျဖရမယ့္ေန႕ ဆိုရင္ေတာင္ စြမ္းအင္စုေဆာင္းဖို႔ ေမ့လို႔မရဘူး၊ မနက္စာတစ္ခုက စြမ္းအင္ ၂ခုေတာင္ရမွာေလ။
"ရပါတယ္ ၊ မင္းကို အိမ္ေခၚလာေပးတာက ေစတနာနဲ႕ ကူညီတာပါ"
မိုင္နဲက လူစုလူေဝးေတြရဲ႕ ကိစၥေတြကို စိတ္ဝင္စားမႈရွိမွန္း ရွဲ႕စန္းမသိခဲ့ဘူး။ သူ မေတာ္ တဆ သတိလစ္သြားတာကို ေတြ႕ၿပီး အတင္း မကယ္ခ်င္ဘဲနဲ႕ ကယ္လာေပးရတယ္လို႔ ထင္ထားခဲ့တာ။
"ဘာပဲျဖစ္ျဖစ္ ငါ့ကို ကူညီေပးထားတဲ့အတြက္ မင္းကို ေက်းဇူးတင္ရမယ္၊ ငါတို႔က သူငယ္ခ်င္းေတြေလ" ရွဲ႕စန္း ၿပဳံးျပလိုက္ၿပီး
"ငါ့မွာ မင္းကိုေျပာျပခ်င္တဲ့ ေပ်ာ္စရာကိစၥတစ္ခု ရွိတယ္" သူ အိမ္ထဲကို လွမ္းၾကည့္ၿပီး "အထဲဝင္ၿပီး ေျပာၾကရေအာင္"
မိုင္နဲ သူနဲ႕ ရင္းနီးသလိုလုပ္တဲ့ လူမ်ိဳး တစ္ခါမွ မေတြ႕ဖူးဘူး၊ သူ႕ကို သိတဲ့လူေတြက ေဝးေဝးကေန ေရွာင္သြားၾကတယ္၊ ေပ်ာ္စရာကိစၥ ေျပာျပဖို႔ဆိုတာက အရမ္းေဝးကြာလြန္းတယ္၊ သူ႕ၾကည့္ရတာ အႀကံအစည္ရွိတဲ့ပုံ မေပၚပဲ သူ႕ကို တကယ့္ သူငယ္ခ်င္းတစ္ေယာက္လို႔ ေတြးထားသလိုမ်ိဳး အျပဳအမူေတြက ပြင့္လင္းၿပီး မ်က္လုံးေတြက ၾကည္လင္ေနတယ္။ ခဏေလာက္ တုံ႕ဆိုင္းသြားၿပီးေနာက္မွာ အထဲဝင္လို႔ရေအာင္ ကိုယ္တစ္ျခမ္း ေစာင္းေပးလိုက္တယ္။
"စြမ္းအင္ 1, total , 1" လို႔ ရွဲ႕စန္းမ်က္စိေရွ႕မွာ ေပၚလာခဲ့သည္။
ရွဲ႕စန္း ခဏေလာက္ ၾကက္ေသ ေသသြားၿပီး မိုင္နဲကို အလန့္တၾကား ၾကည့္လိုက္သည္။ သူ႕ေခါင္းေပၚမွာရွိတဲ့ စြမ္းအင္က 9/10 ျဖစ္ေနခဲ့သည္။
စားေတာင္မစားရေသးဘူး စြမ္းအင္ ၁ခု စရတာက အေျခအေန ေကာင္းတယ္
ပိုၿပီးၿပဳံးလိုက္ၿပီးေနာက္ ဧည့္ခန္းထဲဝင္သြားၿပီး အစားအစာဘူးကို အျမန္ထုတ္လိုက္ကာ စားပြဲေပၚတင္ထားလိုက္သည္။ျပန္လွည့္ၾကည့္ၿပီး
"လာၿပီး စားေလ အပူထိန္းဘူးနဲ႕ ထည့္လာတာ အခုခ်ိန္ထိပူေနေသးတယ္"
မိုင္နဲ တံခါးပိတ္လိုက္ကာ စားပြဲစီ လမ္းေလွ်ာက္လာၿပီး ထိုင္လိုက္သည္။ အၿပဳံးေတြျပည့္ေနတဲ့ ရွဲ႕စန္းမ်က္ႏွာကိုၾကည့္ၿပီး ခဏေလာက္စဥ္းစားကာ ေျပာလိုက္သည္။
"မင္း အရင္ကနဲ႕ မတူေတာ့ဘူး"
"ငါ ေကာင္းေကာင္း နားလည္သြားလို႔ေလ" ရွဲ႕စန္းေျပာၿပီး ျပန္ေမးလိုက္သည္. "အရင္တုန္းက ငါက ဘယ္လိုမ်ိဳးလို႔ မင္းထင္လဲ"
မိုင္နဲ ခရင္းနဲ႕ ဓါးသုံးၿပီး အသားေတြကို အတုံးေသးေလးေတြ တုံးလိုက္ကာ နည္းနည္းစဥ္းစားၿပီး ျပန္ေျဖလိုက္သည္၊
" တိတ္ဆိတ္ၿပီး အရယ္၊အၿပဳံးမရွိဘူး " ေျပာၿပီးေနာက္ ရွဲ႕စန္းကို ၾကည့္လိုက္သည္
လူတစ္ေယာက္က တကယ္ကို အရမ္း ေျပာင္းလဲသြားနိုင္တာလား၊ အရင္တုန္းကနဲ႕ တျခားစီပဲ
" မင္းက ဥပမာေပးတာ အရမ္းေတာ္တာပဲ" သူ႕အေၾကာင္းသူ ျပန္ေတြးၿပီး သက္ျပင္းခ်လိဳက္သည္
"လူေတြရဲ႕ စကားေတြက ဖိအားအရမ္းမ်ားလြန္းတယ္ ၊အခု အျခားလူေတြရဲ႕ အထင္အျမင္ေတြကို လ်စ္လ်ဴရႉလိုက္ဖို႔ ဆုံးျဖတ္လိုက္ေတာ့ စိတ္ထဲေပါ့ပါးသြားတယ္"
မိုင္နဲ သူေတြးေနတာေတြ ရပ္လိုက္တယ္၊ သူ႕စရိုက္ေတြ ေျပာင္းသြားေပမယ့္ သူ႕အသြင္အျပင္က အရင္တုန္းကနဲ႕ အတူတူပဲ၊ သူအစားစားေနတာမွာပဲ အာ႐ုံစိုက္ထားလိုက္တယ္။
ရွဲ႕စန္း သူ႕ကိုပဲ ၾကည့္ေနမိသည္၊ သူ႕ဆီက မေန႕ကလိုပဲ တူညီတဲ့စြမ္းအင္ရဖို႔ ေမွ်ာ္လင့္ေနမိသည္။
မိုင္နဲ စားၿပီးေနာက္ သူ႕ကိုၾကည့္လိုက္သည္၊
" မင္း မစားဘူးလား "
ရွဲ႕စန္း သူ႕ကို စိုက္ၾကည့္ေနေတာ့ သတိမထားမိဖို႔ဆိုတာ မလြယ္ဘူး
" အင္း ငါ အိမ္မွာစားၿပီးသြားၿပီ " ရွဲ႕စန္း စြမ္းအင္မရတာ ေသခ်ာေအာင္လုပ္လိုက္ၿပီး ဘာမွမရွိေတာ့တဲ့ ပန္းကန္ကို ၾကည့္လိုက္ကာ မတတ္နိုင္ပဲ ေမးလိူက္သည္. " ငါ ခ်က္ထားတာ ေကာင္းလား "
" အဲ့ဒါက ေကာင္းပါတယ္ "
ရွဲ႕စန္း မိုင္နဲကို စိတ္ပ်က္စြာၾကည့္လိုက္သည္၊ အဲ့ဒါက ရတနာတြင္းႀကီး ရွာေတြ႕ၿပီး ရတနာေတြအမ်ားႀကီးရဖို႔ ေမွ်ာ္လင့္ထားေပမယ့္ တြင္းထဲမွာ ဘာမွမရွိေတာ့တာနဲ႕ တူေနတယ္
မိုင္နဲ သူ႕အမူအရာကို ၾကည့္ၿပီး အံ့ၾသသြားသည္၊ ခဏေလာက္ စဥ္းစားၿပီးေနာက္ သူ႕မ်က္လုံးထဲမွာ အၿပဳံးေလးေပၚလာၿပီး သူထပ္ေျပာလိုက္သည္၊
"အဲ့ဒါက အရမ္းေကာင္းတယ္၊ စားေသာက္ဆိုင္ေတြမွာ လုပ္တာထက္ ပိုေကာင္းတယ္ "
ရွဲ႕စန္း သူ႕လက္သူ ယမ္းလိုက္ၿပီး " ငါက ကေလးမဟုတ္ဘူး ငါ့ကိုခ်ီးမြမ္းခိုင္းဖို႔ ေမးတာမဟုတ္ဘူး "
" မဟုတ္ဘူးလား " မိုင္နဲ မ်က္ခုံးပင့္လိုက္တယ္
" ေသခ်ာေပါက္ မဟုတ္ဘူး " ရွဲ႕စန္း လက္ဆန့္ထုတ္ၿပီး ထမင္းဘူးေဆးဖို႔ လုပ္လိုက္ေပမယ့္ မိုင္နဲ လက္ျမႇောက္ၿပီး သူ႕ကိုတားလိုက္သည္ " ငါ လုပ္လိုက္မယ္ "
မိုင္နဲ အလုပ္လုပ္တာ ျမန္သည္။ ထမင္းဘူးေဆးဖို႔ အခ်ိန္သိပ္မယူလိုက္ရပဲ ရွဲ႕စန္းကို ျပန္ေပးလာသည္။
ရွဲ႕စန္းက အစားအစာအတြက္ စြမ္းအင္မရလို႔ စိတ္ပ်က္သြားေပမယ့္ ဝင္လာတဲ့အခ်ိန္မွာ ရလိုက္တဲ့စြမ္းအင္ ကို ေတြးမိၿပီး အားတက္သြားတယ္။ ဘာပဲျဖစ္ျဖစ္ သူနဲ႕ သူငယ္ခ်င္း ျဖစ္ေအာင္လုပ္ရမယ္။
စြမ္းအင္ေၾကာင့္ မဟုတ္ရင္ေတာင္ ဒီလူနဲ႕ သူငယ္ခ်င္းလုပ္တာ မဆိုးပါဘူး။ ေကာင္းတာက သူ႕စီက စြမ္းအင္ရနိင္ေနတာပဲ ။ ေက်ာင္းေရာက္ရင္ လူေခ်ာေလးရဲ႕ နာမည္ေမးဖို႔ ဆုံးျဖတ္ထားသည္။ သူက နာမည္ႀကီးတစ္ေယာက္လိုမ်ိဳးပဲ အရမ္းၾကည့္ေကာင္းတယ္။ ေက်ာင္းသားေဟာင္းတစ္ေယာက္ အေနနဲ႕ သူကိုယ္တိုင္ေမးဖို႔ မသင့္ေတာ္ဘူး။
" မင္းမွာ ေပ်ာ္စရာတစ္ခုခု ရွိတယ္လို႔ ေျပာခဲ့တယ္ မဟုတ္ဖူးလား "
ထိုင္ခုံမွာ တစ္ဝက္မွီကာ ရွဲ႕စန္း သူ႕ထမင္းဘူး အိတ္ထဲ ျပန္ထည့္ေနတာကိုၾကည့္ၿပီး ေမးလိုက္သည္။
ရွဲ႕စန္းၿပဳံးလိုက္ၿပီး " ဟုတ္သားပဲ ငါေမ့ေတာ့ မလို႔ က်င္းက်န္ ျပဳစုေစာင့္ေရွာက္ေရးစင္တာမွာ ငါအလုပ္ရသြားၿပီ "
" မင္းက အပင္ဌာနက မဟုတ္ဘူးလား "
" အင္း၊ ငါက အလုပ္ျဖစ္ရင္ၿပီးေရာ ႀကဳံရာအလုပ္ရွာေနတာေလ ၊ ငါ့ဘာသာရပ္နဲ႕ သက္ဆိုင္တဲ့အလုပ္ကိုပဲ မလိုခ်င္ခဲ့ဘူး " ရွဲ႕စန္းေျပာလိုက္ၿပီး မိုင္နဲ ရင္ဘတ္ကို ၾကည့္လိုက္သည္။
" မင္းက အထီး မဟုတ္လား ၊ဆက္ႏြယ္သားရဲက ဘာလဲ? တကယ္လို႔ ေစာင့္ေရွာက္ေပးဖို႔ လိုမယ္ဆိုရင္ မင္း ငါအလုပ္လုပ္တဲ့ဆိုင္ကို လာလို႔ရတယ္ ေလွ်ာ့ေစ်းနဲ႕ ရေအာင္ လုပ္ေပးမယ္ေလ "
မိုင္နဲ ေခါင္းခါလိုက္ၿပီး " ႀကီးမားတဲ့ ျခေသၤ့ သားရဲ ရွာလို႔မေတြ႕ေသးဘူး "
ရွဲ႕စန္း မေန႕က အလုပ္မွာ ဆက္ႏြယ္သားရဲအခ်က္အလက္ေတြ အမ်ားႀကီး ေလ့လာခဲ့ရသည္၊ ဆက္ႏြယ္သားရဲေတြကို S, A, B, C, D နဲ႕ E လို႔ ခြဲျခားနိုင္ၿပီး S အဆင့္က အသန္မာဆုံးျဖစ္သည္။ သန္မာတဲ့လူက အဆင့္ျမင္တဲ့ ဆက္ႏြယ္သားရဲကို နိုးထေစနိုင္တယ္၊ အဲ့ဒါေၾကာင့္ ဆက္ႏြယ္သားရဲရဲ႕ အဆင့္က ပိုင္ရွင္ရဲ႕ ခြန္အားနဲ႕ သက္ဆိုင္ေနတယ္။
သူ မေန႕က အလုပ္လုပ္ခဲ့တဲ့ ေနရာက အမေတြရဲ႕ ဆက္ႏြယ္သားရဲေတြ ရွိတဲ့ေနရာ ျဖစ္သည္၊ သူေတြ႕ခဲ့တဲ့ ဆက္ႏြယ္သားရဲေတြ ေတာ္ေတာ္မ်ားမ်ားက Eအဆင့္ ျဖစ္ၿပီး Dအဆင့္ နည္းနည္းပဲ ပါသည္။ ဘရန႔္ဒ္ၿဂိဳလ္မွာ ဆက္ႏြယ္သားရဲ Dအဆင့္ အထက္ နိုးထလာတဲ့လူေတြ အားလုံးနီးပါးက အထီး ျဖစ္နိုင္တယ္။
(T/N note : ဆက္ႏြယ္သားရဲက Dအဆင့္ထက္ ျမင့္မယ္ဆိုရင္ အဲ့ဒီ့လူက အထီးလို႔ ေျပာခ်င္တာပါ)
အမ ရဲ႕ ဆက္ႏြယ္သားရဲက Dအဆင့္ထက္ျမင့္မယ္ဆိုရင္ အဲ့ဒီ့အမ က အထီးေတြနဲ႕ တကယ္ ညီမွ်သည္၊ အဲ့ဒီလို အမ က ရွားပါးပါသည္၊ ႀကီးမားတဲ့ ျခေသၤ့သားရဲက Aအဆင့္သားရဲ ဆိုတာ အတိအက်မွတ္မိတယ္။
" မင္းက အရမ္း သန္မာတာပဲ လူေတာ္ေတာ္မ်ားမ်ားက Aအဆင့္ သားရဲကို မနိုးထေစနိုင္ဘူးလို႔ ငါၾကားဖူးတယ္ " ရွဲ႕စန္း ခ်ီးက်ဴးလိုက္သည္။
" Sအဆင့္က ပိုစြမ္းအားႀကီးတာေပါ့ ဒါေပမယ့္ ဆက္ႏြယ္သားရဲ ရွာမေတြ႕ရင္ နိုးထလာတာက အဓိပၸါယ္မရွိေတာ့ဘူး " လို႔ မိုင္နဲေျပာလိုက္သည္။
" အဓိပၸါယ္မရွိဘူး ဆိုတာ ဘယ္လိုလုပ္ ျဖစ္နိုင္မွာလဲ ၊မင္းက အရမ္းသန္မာတယ္ေလ၊ ငါတို႔ဆိုင္မွာ ဆက္ႏြယ္သားရဲမ်ိဳးစုံ ရွိတယ္ ၊ အဲ့ဒါေၾကာင့္ မင္းအတြက္ ငါကူၿပီး ၾကည့္ထားေပးမယ္ေလ၊ တကယ္လို႔ ႀကီးမားတဲ့ ျခေသၤ့သားရဲ ရွိလာခဲ့ရင္ ငါ မင္းကို အရင္ဆုံးအသိေပးမယ္ "
ရွဲ႕စန္း ျမန္ျမန္ေျပာလိုက္သည္။
ဘရန႔္ဒ္ၿဂိဳလ္မွာရွိတဲ့ လူေတြက သူတို႔ရဲ႕ နိုးထလာတဲ့ သားရဲပုံသဏၭာန္နဲ႕ တူတဲ့ သားရဲေတြကို ရွာေတြခဲ့ၾကသည္။ ဆက္ႏြယ္သားရဲနဲ႕ ကိုက္ညီမႈႏႈန္းက ၅၀ရာခိုင္ႏႈန္းနဲ႕အထက္ ျမင့္မယ္ဆိုရင္ ဆက္ႏြယ္လို႔ရနိုင္သည္။ လူတစ္ေယာက္က ဆက္ႏြယ္သားရဲ႕နဲ႕ ဆက္ႏြယ္ခ်င္ရင္ တူညီတဲ့ ဆက္ႏြယ္သားရဲကို အရင္ရွာဖို႔လိုသည္။
Aအဆင့္နဲ႕ အထက္ ဆက္ႏြယ္သားရဲေတြက နည္းပါးလြန္းသည္။ ေမြးျမဴထားတာ မရွိပဲ အားလုံးက ေတာရိုင္းသတၱဝါေတြျဖစ္သည္။ သားရဲေတြက လုပ္နိုင္စြမ္းရွိၿပီး သန္မာသည္၊ တစ္စုံတစ္ေယာက္က သူတို႔ရဲ႕ သားရဲပုံသဏၭာန္ မဟုတ္ပဲ တျခားသားရဲေတြလိုခ်င္တယ္ ဆိုရင္ေတာင္ ဖမ္းဖို႔မလြယ္ကူဘူး
အဲ့ဒါေၾကာင့္ Aအဆင့္နိုးထလာတဲ့သူေတြက သူတို႔ကိုယ္ပိုင္ ဆက္ႏြယ္သားရဲရနိုင္ဖို႔ အနည္းဆုံး သတ္လတ္ပိုင္းအ႐ြယ္အထိ ေစာင့္ၾကရသည္၊ အားလုံးက ၁၈ႏွစ္ျပည့္ၿပီးတဲ့ အခ်ိန္အထိ ပညာသင္ၾကားၾကရတယ္၊ အဲ့ဒီ့အခ်ိန္ အေတာအတြင္းမွာ တစ္ေယာက္တည္းနဲ႕ အနီးအနားက ေတာထဲသြားၿပီး ဆက္ႏြယ္သားရဲရွာဖို႔ဆိုတာ မျဖစ္နိုင္ဘူး သြားရွာနိုင္တဲ့ အရည္အခ်င္းရွိရင္ေတာင္ ရွာေတြ႕ဖို႔ မလြယ္ဘူး။
ေသခ်ာတာေပါ့၊ ကံေကာင္းတဲ့လူေတြက စြမ္းရည္အမ်ိဳးမ်ိဳးရွိတဲ့ ကုန္သည္ေတြစီကေန ဆက္ႏြယ္သားရဲ ဝယ္လို႔ရနိုင္တယ္၊ အဓိကေတာ့ ပိုက္ဆံရွိဖို႔ လိုတာေပါ့
မိုင္နဲ ႏွလုံးသားထဲ ႏြေးသြားသလို ခံစားလိုက္ရသည္၊ ရွဲ႕စန္းက အဲ့ဒီစကားေတြကို ပုံမွန္အတိုင္း ျမန္ျမန္ေလးေျပာသြားတာ တမင္ဟန္ေဆာင္ၿပီး ေျပာတာမဟုတ္ဘူး၊ သူ တကယ္ သူ႕ကို ကူညီခ်င္တာ ေဖာ္ျပေနတယ္။
ရွဲ႕စန္း သူ႕အေရွ႕မွာ ႐ုတ္တရက္ေပၚလာတဲ့ စာကို ၾကည့္ေနမိသည္ " စြမ္းအင္ ၁, စု²ေပါင္းတန္ဖိုး ၂ " သူ ၾကက္ေသ ေသသြားသည္။ သူၾကည့္လိုက္တဲ့အခ်ိန္ မိုင္နဲက ဘာမွမေျပာင္းလဲသြားေပမယ့္ သူ႕ေခါင္းေပၚက စြမ္းအင္က " ၈ / ၁၀ " ျဖစ္ေနသည္။ သူၿပဳံးလိုက္ၿပီး
"မင္းရဲ႕ ဆက္ႏြယ္သားရဲကို ေသခ်ာေပါက္ ရွာေတြ႕လိမ့္မယ္၊ ငါ ဒီေန႕ စာေမးပြဲရွိလို႔ အရင္သြားႏွင့္မယ္ မနက္ျဖန္မွ ေတြ႕မယ္ "
" ခဏေလး " အျပင္ထြက္ဖို႔ျပင္ေနတဲ့ ရွဲ႕စန္းကို မိုင္နဲ လွမ္းေခၚလိုက္သည္၊။
" ငါလည္း စာေမးပြဲရွိတယ္ ေက်ာင္းကို အတူတူသြားရေအာင္ "
သူ႕ပါးစပ္က ထြက္သြားတဲ့ စကားေၾကာင့္ မိုင္နဲ သတိလစ္ခ်င္သြားသည္၊ သူ႕ဘက္က စၿပီး အတူတူသြားဖို႔ ေျပာမိလိမ့္မယ္လို႔ သူမထင္ထားခဲ့ဘူး။
တစ္ဖက္ကေျပာတဲ့ သူတို႔က သူငယ္ခ်င္းေတြဆိုတာက ပုံမွန္ျဖစ္လြန္းၿပီး မွန္လြန္းတာေၾကာင့္ သူ ကူးစက္ခံလိုက္ရတာလား? ၊ ဒါမွမဟုတ္ တစ္ဖက္လူကို သူငယ္ခ်င္းလို႔ သူ တကယ္ ေတြးထားမိတာေၾကာင့္လား?
သူငယ္ခ်င္းလား ....? သူအဲ့ဒီ့ စကားလုံးကို စဥ္းစားေနမိသည္၊ သူတို႔ႏွစ္ေယာက္ အတူတူရွိခဲ့တဲ့ ႏွစ္ရက္ကို ေတြးမိလိုက္ေတာ့ သူ႕မ်က္လုံးေတြ နည္းနည္းလႈပ္ရွားသြားသည္၊ ဒီခံစားခ်က္က သူတစ္ေယာက္တည္း ရွိေနတုန္းက ခံစားခ်က္နဲ႕ မတူဘူး ၊ ဒီခံစားခ်က္က အရမ္းေကာင္းတယ္
(T/N note : သူ႕မွာ ရွဲ႕စန္းကလြဲၿပီး ဘယ္သူမွ မရွိပါဘူး၊ ရွဲ႕စန္းက သူ႕ရဲ႕ ပထမဆုံးသူငယ္ခ်င္းျဖစ္ၿပီး အရာအားလုံးလို႔ ေျပာလို႔ရပါတယ္ ၊ ဗီလိန္ေဘာ့စ္ျဖစ္တဲ့အတြက္ ရွဲ႕စန္းနဲ႕ ပတ္သက္လာရင္ psycho တစ္ေယာက္လို ျဖစ္သြားတတ္ေပမယ့္ ရွဲ႕စန္းကိုေတာ့ အရမ္းခ်စ္ပါတယ္)
ရွဲ႕စန္း ယဥ္ေက်းမေနေတာ့ပဲ ခ်က္ခ်င္းေမးလိုက္သည္၊
" တကယ္လား !!! ေကာင္းလိုက္တာ ငါ့ကားက ေက်ာင္းမွာပဲရွိေသးတယ္ မင္းကားနဲ႕ လိုက္ၿပီးစီးလို႔ရတာ ေကာင္းတယ္ "
__________________________________________
ဖတ္ေပးတဲ့ သူနဲ႕ voteေပးသူ အားလုံးကို ေက်းဇူးတင္ပါတယ္ရွင့္ 😊😊😊 တနလၤာေန႕မွာ ျပန္ေတြ႕ ပါ့မယ္