"အကြင်နာပိုပါသည် မောင့်ဟန်ချီ...

By hninsatthmone409

72.2K 3.9K 95

"မောင့်နာမည် ချမ်းမြေ့မောင်ပါ ဟန်ချီရဲ့စိတ်ရောကိုယ်ရောနှစ်ပါးစလုံးကိုရွှင်လန်းချမ်းမြေ့စေမယ့်ချမ်းမြေ့မောင်ပါ... More

အခန်း(၁)(Uni)
အခန်း(၁)(Zawgyi)
အခန်း(၂)( Uni)
အခန်း(၂)(Zawgyi)
အခန်း(၃) (Uni)
အခန်း(၃)(Zawgyi)
အခန်း(၄)(Uni & Zawgyi)
အခန်း(၅)(Uni & Zawgyi)
အခန်း(၆)(Uni & Zawgyi)
အခန်း(၈) (Uni & Zawgyi)
အခန်း(၉)(Uni & Zawgyi)
အခန်း(၁၀) (Uni & Zawgyi)
အခန်း(၁၁) (Uni & Zawgyi)
အခန်း(၁၂) (Uni & Zawgyi)
အခန်း(၁၃)(Uni & Zawgyi)
အခန်း(၁၄) (Uni & Zawgyi)
အခန်း(၁၅)(Uni & Zawgyi)
အခန်း(၁၆)(Uni & Zawgyi)
အခန်း(၁၇)(Uni & Zawgyi)
အခန်း(၁၈)(Uni & Zawgyi)
အခန်း(၁၉)(Uni & Zawgyi)
အခန်း(၂၀)(Uni & Zawgyi)
အခန်း(၂၁)(Uni & Zawgyi)
အခန်း(၂၂((Uni & Zawgyi)
ဇာတ်သိမ်းပိုင်း(Final)
Hey!!!!!

အခန်း(၇)(Uni & Zawgyi)

2.4K 163 4
By hninsatthmone409

(Uni)

ထန်းပင်ကုန်းရွာ၏ ညနေခင်းအချိန်ခါလေးသည် အလွန်အေးချမ်းလှပါသည်။ ထန်းပင်ကုန်းရွာဆိုသည့်အတိုင်း ထန်းပင် ထန်းတောများမှာ လက်ညိုးထိုးမလွဲရှိလေသည်။ ထန်းပင်များနောက်မှ တဖြည်းဖြည်း ပုန်းကွယ်သွားသော သူရိန်နေမင်းကြီးသည် သူ၏တစ်နေ့တာ တာ၀န်ပြီးသွားသော်ငြား ညနေဆည်းဆာဟူသော လောကအလှတစ်ပါးကိုဖြင့် ဤကမ္ဘာမြေကြီးကို ပြသပေးခဲ့ပါသေးသည်။

နေ၀င်ရိုးရီဖြစ်ကာ အချိန်အားဖြင့် ညနေ ၆နာရီခန့်ရှိပြီဖြစ်သည်။ ချမ်းမြေ့ ရွာဦးကျောင်းရှေ့တွင် ရောက်နေသည်မှာ နာရီ၀က်ခန့်ပင်ရှိတော့မည်။ အကြောင်းမှာ ချစ်ရသူလေးကိုစောင့်နေခြင်းဖြစ်သည်။

ထန်းပင်ကုန်းရွာလေးတွင် အလယ်တန်းကျောင်းသာရှိသည်။ အထက်တန်းကျောင်းမှာတော့ ထန်းပင်ကုန်းရွာ၏ နှစ်ရွာကျော် ရွာတွင်ရှိသည်။
ရွာသို့ရောက်ပြီး 10ရက်ခန့်လောက်မှ သိရသည်က ချစ်ရသူလေးမှာ ရွာရှိကလေးများအား ညနေကျောင်းဆင်းချိန်တွင် စာသင်ပေးလေ့ရှိသည်ဟူ၍ပင်။ ပြောရရင်တော့ ကျူရှင်သဘောမျိုးပင်ဖြစ်သည်။ သို့သော် ကျူရှင်များလိုတော့ ပိုက်ဆံမပေးရပါ။ အခမဲ့ ပညာ့ဒါနာ့ပြုခြင်းပင်။
သင်ပေးသည့် နေရာမှာ ဤရွာဦးကျောင်းတွင်ဖြစ်သည်။ ချစ်ရသူလေး တင်မဟုတ်ဘဲ သူငယ်ချင်းနှစ်ယောက်ပါ,ပါသည်ဟုဆိုသည်။

ချစ်ရသူလေးမှာ ဆယ်တန်းကို ဂုဏ်ထူးလေးဘာသာဖြင့်အောင်မြင်ခဲ့၍ နည်းပညာတက္ကသိုလ်တွင်တက်ရောက်ခဲ့သည်ဟုလည်း သိရသည်။ သို့သော် ချစ်ရသူလေး ကျောင်းဆက်မတက်ရခြင်းနှင့် ချစ်ရသူ၏အစ်မဖြစ်သူ သေဆုံးခြင်းမှာ မည်သည်ကြောင့်ဆိုသည်ကိုတော့ မသိရသေးပေ။ သူများအိမ်တွင်းရေးကို လူတကာဆီလိုက်မေးနေ၍လည်း မကောင်းဘူးမဟုတ်လား။ အဘိုးကို မေးကြည့်တော့လည်း မရေမရာသာဖြေသည် ဖြစ်ရာ ယခုချိန်ထိ ဘာဆိုဘာမှအတိအကျမသိရသေးပါ။

အတွေးတစ်ချို့အတူ နဲ့စောင့်နေပြီးနောက် လေးဆယ့်ငါးမိနစ်လောက်အကြာတွင် ကျောင်းအတွင်းမှ ကလေးများထွက်လာကြပြီဖြစ်သည်။
နောက်မှတော့ ချစ်ရသူလေးနှင့် သူငယ်ချင်းနှစ်ယောက်ပင်။ ကျွန်တော့်ကိုတော့ခုထိမမြင်ကြသေးပေ။ချစ်ရသူလေးမှာ ကျန်နှစ်ယောက်နှင့် စကားပြောနေပြီး မည်သည်ကိုသဘောကျသည်တော့မသိပါ နှစ်နှစ်ချိုက်ချိုက်ကိုရီနေလေတော့သည်။ ပါးချိုင့်ခွက်လေးနှစ်ဖက်နှင့် သွားစွယ်လေးများမှာ ချစ်ရသူကို ပိုမိုချစ်စဖွယ်ကောင်းအောင် ထောက်ပံ့ပေးနေကြသည်ထင်၏။ အဲ့လိုအပြုံးလေးများ ကျွန်တော့်အတွက်ရည်ရွယ်ပြီး စွန့်ကြဲရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ။

ဟန်ချီမှာ ရုတ်တရတ် ကျောင်းရှေ့မှာ ဟိုလူအား မြင်လိုက်ရသဖြင့် လမ်းလျှောက်နေသည်ကိုရပ်လိုက်မိပါသည်။ ဤသည်ကိုသတိထားမိသော သူငယ်ချင်းနှစ်ယောက်ဖြစ်သူမှာလည်း ရပ်သွားကြပြီး ဟန်ချီကြည့်ရာသို့လိုက်ကြည့်ကြတော့သည်။ ဤသည်မှာ ချမ်းမြေ့အားမြင်သွားပြီး နှစ်ယောက်လုံးပြုံးစိစိဖြစ်ကုန်ကြတော့သည်။ သူတို့နှစ်ယောက်လည်း ချမ်းမြေ့အကြောင်းသိသင့်သလောက်သိပါသည်။ အထူးသဖြင့် ဟန်ချီအားလိုက်ပိုးပန်းနေသည်ကိုပင်ဖြစ်သည်။

ခန့်ညီနှင့်ပိုးအိမ်မှာ ဟန်ချီအားလိုက်ပိုးပန်းသူများကို ခါတိုင်းဆို အမြင်မကြည်ပါ။ သူငယ်ချင်းကိုနှမြောသလို သူငယ်ချင်းအားလာကြောင်သူများအား ဘုဘောက်ကျစွာပြောပြီး နှင်ထုတ်လေ့ရှိပေမယ့် ထိုလူကတော့မတူပေ။ စိတ်ထဲတွင်လည်းတစ်မျိုးပင်ဖြစ်ကာ ဟန်ချီနှင့်လည်း လိုက်ဖက်သည်ဟု ထင်မိသည်။ ခန့်ညီနှင့်ပိုးအိမ် အချင်းချင်းမျက်စပစ်ရင်း အကြံတူစွာဖြင့်-

"ဟန်ချီ ငါတို့အရင်သွားနှင့်ပြီနော်" ဟုဆိုကာ ​မပြေးရုံတစ်မယ် တသုတ်သုတ်နဲ့ထွက်သွားကြသည်မှာ တားချိန်ပင်မရလိုက်ပါ။

"နေကြ.."

"မောင်နဲ့အတူပြန်မယ်လေ"

ချမ်းမြေ့ကလည်း အခွင့်ရေးအားလက်လွတ်မခံပါ.. အမြန်အနားသွားကာ စကားစလိုက်တော့သည်။

ဟန်ချီမှာ တစ်ချက်သာကြည့်ပြီးနောက် ဘာမှမပြောပဲသာထွက်လာခဲ့တော့သည်။ ပြောလည်းမရမယ့်အတူတူ လေကုန်မခံချင်တော့ပါ။

"ပင်ပန်းလားဟင်..စာသင်ရတာက မောင်လည်း အဲ့မှာလာသင်ပေးလို့ရမလား"

"မရဘူး...မလာနဲ့"

ပက်ခနဲပြန်ပြောတဲ့ ချစ်ရသူလေးကို အပြစ်မမြင်နိုင်ပါ။ ချစ်ဖို့ကောင်းသည်ဟုသာ မြင်မိသည်က ချမ်းမြေ့တစ်ယောက် အချစ်နွံမှာနစ်သွား၍ပင်ဖြစ်မည်။

"ဟာ..ဘာလို့..မောင်က ဟန်ချီနဲ့အတူ ကုသိုလ်ယူချင်တာကို ဒါမှနောက်ဘ၀ထိရေစက်ပါမှာ"

ပြုံးစစနှင့်ပြောနေသူကို ဟန်ချီ မျက်ဖြူသာလန်ပြချင်မိတော့သည်။ သူကုသိုလ်ယူတာက အကျိုးမျှော်ပြီးလုပ်တာကြီး။ ရပါလိမ့်မယ် အားကြီးကြီး။

"ဟာ..နဖူးမှာ ချွေးတွေ..."

ပြောရင်းလက်ကမြန်တဲ့ချမ်းမြေ့မှာ အလိုလျောက်ပင် လက်များက ဟန့်ချီနဖူးပေါ် ရောက်သွားကာ ချွေးစများကို ညင်သာစွာသုတ်ပေးနေတော့သည်။

ဟန်ချီမှာတော့ ရုတ်တရတ် နဖူးထက်ရောက်လာသည့် လက်များကြောင့် လူကတုံ့ကနဲပင်။ နူးညံ့စွာပြေးလွှားနေသည့်လက်များ
ကြောင့် တုံပြန်ဖို့ပင်မေ့နေတော့သည်။ ထိုအချိန် ဟန့်ချီရင်ထဲ လှိုင်းလေးများပင် လှုပ်ခတ်သွားရာ အလန့်တကြားထိုသူ့ကိုမော့ကြည့်မိတော့ ပြုံး၍ကြည့်နေသူနဲ့ အကြည့်ချင်းဆုံမိခိုက် ဟန်ချီမှာငေးကနဲ.... ဆည်းဆာရောင်တစ်ချို့ဖြာကြနေတဲ့ ထိုသူဟာ နှစ်နှစ်ချိုက်ချိုက်ပြုံးနေပုံများယစ်မူးဖွယ်ရာအတိပင်။ ယောကျာ်းဆန်တဲ့မျက်နှာကျနဲ့ မဖြူမညိုအသားရေကလိုက်ဖက်စွာရှိပြီး အရပ်ရှည်ပြီး တောင့်တင်းတဲ့ ခန္ဓာကိုယ်ကလည်း ဟန်ချီနဲ့အကွာကြီးပင်။
တကယ်ဆို ဒီလူသည် အဘက်ဘက်ကပင် ပြည့်စုံနေသူပင်ဖြစ်သည်။ ထိုလို လူမျိုးကို အဘယ်သူကများ မလိုချင်ရှိမည်နည်း။ ဟန်ချီသာ မိန်းကလေးတစ်ယောက်ဆိုရင်လည်း ထိုလူကိုရွေးချယ်မိမည်ထင်...ဘုရားရေ..သူဘာတွေတွေးမိလိုက်ပါလိမ့်.....

ဟန်ချီမှာ မိမိအတွေးကြောင့် ရှက်မိသွားပြီး အသိ၀င်ကာ ထိုလူ့လက်အား ပုတ်ချလိုက်မိတော့သည်။သို့သော် ရင်ထဲတွင်တော့ တလှပ်လှပ်နဲ့ပင်ရှိနေသေးသည်။

"ဖယ်...ဘာလုပ်တာလဲ"

"အာ....မောင်က.."

ချမ်းမြေ့မှာ​ပြောလက်စပင် အဆုံးမသတ်နိုင်။ အကြောင်းမှာ မျက်နှာလေးနှီမြန်းနေပြီး ခေါင်းငုံ့သွားသော ချစ်ရသူကြောင့်ပင်။ သိလိုက်ပါပြီ..သူလေးရှက်သွားပြီဆိုတာ....
ချမ်းမြေ့ သဘောကျလွန်စွာ ပါးစပ်ပင်ပြန်စေ့မရတော့ပါ။ ချစ်ရသူ၏ ဤပုံလေးမှာ အလွန်ပင်ချစ်စဖွယ်ကောင်းသည်မဟုတ်လား။ တဆက်တည်းပင် ရွာမြောက်ပိုင်းတွင် အိမ်တည်ထားသော ဟန်ချီမိဘများကိုကျေးဇူးတင်မိပါသည်။
ရွာဦးကျောင်းသည်...ရွာလည်တွင်ဖြစ်သည်မို့ ရွာမြောက်ပိုင်းရှိဟန်ချီအိမ်သို့လမ်းလျှောက်သွားလျှင် ဆယ့်ငါးမိနစ်ခန့်ကြာသည်။ ဤအချိန်အပိုင်းခြားလေးကြောင့်ပင် ဤသို့သောချစ်စဖွယ်မြင်ကွင်းကိုမြင်တွေ့ခွင့်ရခဲ့သည်မဟုတ်လား။

"ဟား...ချစ်စရာလေးကွာ"

ချမ်းမြေ့ မချိတင်ကဲဖြင့် တစ်ကိုယ်တည်း ကြားရုံသာ ရေရွတ်လိုက်ပေမယ့် ဘေးရှိ ဟန်ချီမှာတော့ကြားဖြစ်အောင်ကြားလိုက်သည်ဖြစ်ရာ..နီနေသောမျက်နှာမှာ ခရမ်းချဥ်မှည့်အဆင့်သို့ရောက်သွားကာ ခေါင်းပင်ပို၍ငုံ့သွားပါတော့သည်။ထို့နောက် အိမ်မြန်မြန်ရောက်စေရန်သာခြေလှမ်းတို့ကိုပိုသွက်ရင်း......

ဤသို့ဖြင့်ရက်စွဲလေးတစ်ခု၏ ညနေခင်းသည် သဘောကျရီနေသော ကောင်လေးတစ်ယောက်၏ရီသံနှင့် ရှက်ရွံ့စွာဖြင့် တိုးညှင်းစွာခုန်နေသော ကောင်လေးတစ်ယောက်၏ ရင်ခုန်သံတို့ဖြင့် သာယာလှပနေတော့သည်။

1.7.2022(Fri)
//Hnin Satt Hmone☃️❄️

(Zawgyi)

ထန္းပင္ကုန္း႐ြာ၏ ညေနခင္းအခ်ိန္ခါေလးသည္ အလြန္ေအးခ်မ္းလွပါသည္။ ထန္းပင္ကုန္း႐ြာဆိုသည့္အတိုင္း ထန္းပင္ ထန္းေတာမ်ားမွာ လက္ညိဳးထိုးမလြဲရွိေလသည္။ ထန္းပင္မ်ားေနာက္မွ တျဖည္းျဖည္း ပုန္းကြယ္သြားေသာ သူရိန္ေနမင္းႀကီးသည္ သူ၏တစ္ေန႔တာ တာ၀န္ၿပီးသြားေသာ္ျငား ညေနဆည္းဆာဟူေသာ ေလာကအလွတစ္ပါးကိုျဖင့္ ဤကမာၻေျမႀကီးကို ျပသေပးခဲ့ပါေသးသည္။

ေန၀င္႐ိုးရီျဖစ္ကာ အခ်ိန္အားျဖင့္ ညေန ၆နာရီခန္႔ရွိၿပီျဖစ္သည္။ ခ်မ္းေျမ့မွာ ႐ြာဦးေက်ာင္းေရွ႕တြင္ ေရာက္ေနသည္မွာ နာရီ၀က္ခန္႔ပင္ရွိေတာ့သည္။ အေၾကာင္းမွာ ခ်စ္ရသူေလးကို
ေစာင့္ေနျခင္းျဖစ္သည္။

ထန္းပင္ကုန္း႐ြာေလးတြင္ အလယ္တန္းေက်ာင္းသာရွိသည္။ အထက္တန္းေက်ာင္းမွာေတာ့ ထန္းပင္ကုန္း႐ြာ၏ ႏွစ္႐ြာေက်ာ္ ႐ြာတြင္ရွိသည္။
႐ြာသို႔ေရာက္ၿပီး 10ရက္ခန္႔ေလာက္မွ သိရသည္က ခ်စ္ရသူေလးမွာ ႐ြာရွိကေလးမ်ားအား ညေနေက်ာင္းဆင္းခ်ိန္တြင္ စာသင္ေပးေလ့ရွိသည္ဟူ၍ပင္။ ေျပာရရင္ေတာ့ က်ဴရွင္သေဘာမ်ိဳးပင္ျဖစ္သည္။ သို႔ေသာ္ က်ဴရွင္မ်ားလိုေတာ့ ပိုက္ဆံမေပးရပါ။ အခမဲ့ ပညာ့ဒါနာ့ျပဳျခင္းပင္။
သင္ေပးသည့္ ေနရာမွာ ဤ႐ြာဦးေက်ာင္းတြင္ျဖစ္သည္။ ခ်စ္ရသူေလး တင္မဟုတ္ဘဲ သူငယ္ခ်င္းႏွစ္ေယာက္ပါ,ပါသည္ဟုဆိုသည္။

ခ်စ္ရသူေလးမွာ ဆယ္တန္းကို ဂုဏ္ထူးေလးဘာသာျဖင့္ေအာင္ျမင္ခဲ့၍ နည္းပညာတကၠသိုလ္တြင္တက္ေရာက္ခဲ့သည္ဟုလည္း သိရသည္။ သို႔ေသာ္ ခ်စ္ရသူေလး ေက်ာင္းဆက္မတက္ရျခင္းႏွင့္ ခ်စ္ရသူ၏အစ္မျဖစ္သူ ေသဆုံးျခင္းမွာ မည္သည္ေၾကာင့္ဆိုသည္ကိုေတာ့ မသိရေသးေပ။ သူမ်ားအိမ္တြင္းေရးကို လူတကာဆီလိုက္ေမးေန၍လည္း မေကာင္းဘူးမဟုတ္လား။ အဘိုးကို ေမးၾကည့္ေတာ့လည္း မေရမရာသာေျဖသည္ ျဖစ္ရာ ယခုခ်ိန္ထိ ဘာဆိုဘာမွအတိအက်မသိရေသးပါ။

အေတြးတစ္ခ်ိဳ႕အတူ နဲ႔ေစာင့္ေနၿပီးေနာက္ ေလးဆယ့္ငါးမိနစ္ေလာက္အၾကာတြင္ ေက်ာင္းအတြင္းမွ ကေလးမ်ားထြက္လာၾကၿပီျဖစ္သည္။
ေနာက္မွေသာ ခ်စ္ရသူေလးႏွင့္ သူငယ္ခ်င္းႏွစ္ေယာက္ပင္။ ကြၽန္ေတာ့္ကိုေတာ့ခုထိမျမင္ၾကေသးေပ။ခ်စ္ရသူေလးမွာ က်န္ႏွစ္ေယာက္ႏွင့္ စကားေျပာေနၿပီး မည္သည္ကိုသေဘာက်သည္ေတာ့မသိပါ ႏွစ္ႏွစ္ခ်ိဳက္ခ်ိဳက္ကိုရီေနေလေတာ့သည္။ ပါးခ်ိဳင့္ခြက္ေလးႏွစ္ဖက္ႏွင့္ သြားစြယ္ေလးမ်ားမွာ ခ်စ္ရသူကို ပိုမိုခ်စ္စဖြယ္ေကာင္းေအာင္ ေထာက္ပံ့ေပးေနၾကသည္ထင္၏။ အဲ့လိုအၿပဳံးေလးမ်ား ကြၽန္ေတာ္တြက္ရည္႐ြယ္ၿပီး စြန္႔ႀကဲရင္ ဘယ္ေလာက္ေတာင္ေကာင္းလိုက္မလဲ။

ဟန္ခ်ီမွာ ႐ုတ္တရတ္ ေက်ာင္းေရွ႕မွာ ဟိုလူအား ျမင္လိုက္ရသျဖင့္ လမ္းေလွ်ာက္ေနသည္ကိုရပ္လိုက္မိပါသည္။ ဤသည္ကိုသတိထားမိေသာ သူငယ္ခ်င္းႏွစ္ေယာက္ျဖစ္သူမွာလည္း ရပ္သြားၾကၿပီး ဟန္ခ်ီၾကည့္ရာသို႔လိုက္ၾကည့္ၾကေတာ့သည္။ ဤသည္မွာ ခ်မ္းေျမ့အားျမင္သြားၿပီး ႏွစ္ေယာက္လုံးၿပဳံးစိစိျဖစ္ကုန္ၾကေတာ့သည္။ သူတို႔ႏွစ္ေယာက္လည္း ခ်မ္းေျမ့အေၾကာင္းသိသင့္သေလာက္သိပါသည္။ အထူးသျဖင့္ ဟန္ခ်ီအားလိုက္ပိုးပန္းေနသည္ကိုပင္ျဖစ္သည္။

ခန္႔ညီႏွင့္ပိုးအိမ္မွာ ဟန္ခ်ီအားလိုက္ပိုးပန္းသူမ်ားကို ခါတိုင္းဆို အျမင္မၾကည္ပါ။ သူငယ္ခ်င္းကိုႏွေျမာသလို သူငယ္ခ်င္းအားလာေၾကာင္သူမ်ားအား ဘုေဘာက္က်စြာေျပာၿပီး ႏွင္ထုတ္ေလ့ရွိေပမယ့္ ထိုလူကေတာ့မတူေပ။ စိတ္ထဲတြင္လည္းတစ္မ်ိဳးပင္ျဖစ္ကာ ဟန္ခ်ီႏွင့္လည္း လိုက္ဖက္သည္ဟု ထင္မိသည္။ ခန္႔ညီ
ႏွင့္ပိုးအိမ္ အခ်င္းခ်င္းမ်က္စပစ္ရင္း အႀကံတူစြာျဖင့္-

"ဟန္ခ်ီ ငါတို႔အရင္သြားႏွင့္ၿပီေနာ္" ဟုဆိုကာ ​မေျပး႐ုံတစ္မယ္ တသုတ္သုတ္နဲ႔ထြက္သြားၾကသည္မွာ တားခ်ိန္ပင္မရလိုက္ပါ။

"ေနၾက.."

"ေမာင္နဲ႔အတူျပန္မယ္ေလ"

ခ်မ္းေျမ့ကလည္း အခြင့္ေရးအားလက္လြတ္မခံပါ.. အျမန္အနားသြားကာ စကားစလိုက္ေတာ့သည္။

ဟန္ခ်ီမွာ တစ္ခ်က္သာၾကည့္ၿပီးေနာက္ ဘာမွမေျပာပဲသာထြက္လာခဲ့ေတာ့သည္။ ေျပာလည္းမရမယ့္အတူတူ ေလကုန္မခံခ်င္ေတာ့ပါ။

"ပင္ပန္းလားဟင္..စာသင္ရတာက ေမာင္လည္း အဲ့မွာလာသင္ေပးလို႔ရမလား"

"မရဘူး...မလာနဲ႔"

ပက္ခနဲျပန္ေျပာတဲ့ ခ်စ္ရသူေလးကို အျပစ္မျမင္ႏိုင္ပါ။ ခ်စ္ဖို႔ေကာင္းသည္ဟုသာ ျမင္မိသည္က ခ်မ္းေျမ့တစ္ေယာက္ အခ်စ္ႏြံမွာနစ္သြား၍ပင္ျဖစ္မည္။

"ဟာ..ဘာလို႔..ေမာင္က ဟန္ခ်ီနဲ႔အတူ ကုသိုလ္ယူခ်င္တာကို ဒါမွေနာက္ဘ၀ထိေရစက္ပါမွာ"

ၿပဳံးစစႏွင့္ေျပာေနသူကို ဟန္ခ်ီ မ်က္ျဖဴသာလန္ျပခ်င္မိေတာ့သည္။ သူကုသိုလ္ယူတာက အက်ိဳးေမွ်ာ္ၿပီးလုပ္တာႀကီး။ ရပါလိမ့္မယ္ အားႀကီးႀကီး။

"ဟာ..နဖူးမွာ ေခြၽးေတြ..."

ေျပာရင္းလက္ကျမန္တဲ့ခ်မ္းေျမ့မွာ အလိုေလ်ာက္ပင္ လက္မ်ားက ဟန္႔ခ်ီနဖူးေပၚ ေရာက္သြားကာ ေခြၽးစမ်ားကို ညင္သာစြာသုတ္ေပးေနေတာ့သည္။

ဟန္ခ်ီမွာေတာ့ ႐ုတ္တရတ္ နဖူးထက္ေရာက္လာသည့္ လက္မ်ားေၾကာင့္ လူကတုံ႔ကနဲပင္။ ႏူးညံ့စြာေျပးလႊားေနသည့္လက္မ်ား
ေၾကာင့္ တုံျပန္ဖို႔ပင္ေမ့ေနေတာ့သည္။ ထိုအခ်ိန္ ဟန္႔ခ်ီရင္ထဲ လႈိင္းေလးမ်ားပင္ လႈပ္ခတ္သြားရာ အလန္႔တၾကားထိုသူ႔ကိုေမာ့ၾကည့္မိေတာ့ ၿပဳံး၍ၾကည့္ေနသူနဲ႔ အၾကည့္ခ်င္းဆုံမိခိုက္ ဟန္ခ်ီမွာေငးကနဲ.... ဆည္းဆာေရာင္ျဖာၾကေနတဲ့ ထိုသူဟာ ႏွစ္ႏွစ္ခ်ိဳက္ခ်ိဳက္ၿပဳံးေနပုံမ်ားယစ္မူးဖြယ္ရာအတိပင္။ ေယာက်ာ္းဆန္တဲ့မ်က္ႏွာက်နဲ႔ မျဖဴမညိဳအသားေရကလိုက္ဖက္စြာရွိၿပီး အရပ္ရွည္ၿပီး ေတာင့္တင္းတဲ့ ခႏၶာကိုယ္ကလည္း ဟန္ခ်ီနဲ႔အကြာႀကီးပင္။
တကယ္ဆို ဒီလူသည္ အဘက္ဘက္ကပင္ ျပည့္စုံေနသူပင္ျဖစ္သည္။ ထိုလို လူမ်ိဳးကို အဘယ္သူကမ်ား မလိုခ်င္ရွိမည္နည္း။ ဟန္ခ်ီသာ မိန္းကေလးတစ္ေယာက္ဆိုရင္လည္း ထိုလူကိုေ႐ြးခ်ယ္မိမည္ထင္...ဘုရားေရ..သူဘာေတြေတြးမိလိုက္ပါလိမ့္.....

ဟန္ခ်ီမွာ မိမိအေတြးေၾကာင့္ ရွက္မိသြားၿပီး အသိ၀င္ကာ ထိုလူ႔လက္အား ပုတ္ခ်လိုက္မိေတာ့သည္။သို႔ေသာ္ ရင္ထဲတြင္ေတာ့ တလွပ္လွပ္နဲ႔ပင္ရွိေနေသးသည္။

"ဖယ္...ဘာလုပ္တာလဲ"

"အာ....ေမာင္က.."

ခ်မ္းေျမ့မွာ​ေျပာလက္စပင္ အဆုံးမသတ္ႏိုင္။ အေၾကာင္းမွာ မ်က္ႏွာေလးႏွီျမန္းေနၿပီး ေခါင္းငုံ႔သြားေသာ ခ်စ္ရသူေၾကာင့္ပင္။ သိလိုက္ပါၿပီ..သူေလးရွက္သြားၿပီဆိုတာ....
ခ်မ္းေျမ့ သေဘာက်လြန္စြာ ပါးစပ္ပင္ျပန္ေစ့မရေတာ့ပါ။ ခ်စ္ရသူ၏ ဤပုံေလးမွာ အလြန္ပင္ခ်စ္စဖြယ္ေကာင္းသည္မဟုတ္လား။ တဆက္တည္းပင္ ႐ြာေျမာက္ပိုင္းတြင္ အိမ္တည္ထားေတာ့ ဟန္ခ်ီမိဘမ်ားကိုေက်းဇူးတင္မိပါသည္။
႐ြာဦးေက်ာင္းသည္...႐ြာလည္တြင္ျဖစ္သည္မို႔ ႐ြာေျမာက္ပိုင္းရွိဟန္ခ်ီအိမ္သို႔လမ္းေလွ်ာက္သြားလွ်င္ ဆယ့္ငါးမိနစ္ခန္႔ၾကာသည္။ ဤအခ်ိန္အပိုင္းျခားေလးေၾကာင့္ပင္ ဤသို႔ေသာခ်စ္စဖြယ္ျမင္ကြင္းကိုျမင္ေတြ႕ခြင့္ရခဲ့သည္မဟုတ္လား။

"ဟား...ခ်စ္စရာေလးကြာ"

ခ်မ္းေျမ့ မခ်ိတင္ကဲျဖင့္ တစ္ကိုယ္တည္း ၾကား႐ုံသာ ေရ႐ြတ္လိုက္ေပမယ့္ ေဘးရွိ ဟန္ခ်ီမွာေတာ့ၾကားျဖစ္ေအာင္ၾကားလိုက္သည္ျဖစ္ရာ..
နီေနေသာမ်က္ႏွာမွာ ခရမ္းခ်ဥ္မွည့္အဆင့္သို႔ေရာက္သြားကာ ေခါင္းပင္ပို၍ငုံ႔သြားပါေတာ့သည္။ထို႔ေနာက္ အိမ္ျမန္ျမန္ေရာက္ေစရန္သာေျခလွမ္းတို႔ကိုပိုသြက္ရင္း......

ဤသို႔ျဖင့္ရက္စြဲေလးတစ္ခု၏ ညေနခင္းသည္ သေဘာက်ရီေနေသာ ေကာင္ေလးတစ္ေယာက္
၏ရီသံႏွင့္ ရွက္႐ြံ႕စြာျဖင့္ တိုးညႇင္းစြာခုန္ေနေသာ ေကာင္ေလးတစ္ေယာက္၏ ရင္ခုန္သံတို႔ျဖင့္ သာယာလွပေနေတာ့သည္။

1.7.2022(Fri)
//Hnin Satt Hmone☃️❄️







Continue Reading

You'll Also Like

23.1K 2.1K 21
Lorena je napravila kazneno djelo za koje je čeka suđenje. Večer prije tog dana učinila je nešto što nikada ne radi. Imala je odnos s nepoznatim mušk...
220K 2.6K 9
មើលដោយការទទួលខុសត្រូវ បើមិនពេញចិត្តសូមកុំអានអី។អធ្យាស្រ័យបើមានពាក្យពេចន៍ណាលើសលួស🔞
359K 32.5K 31
Zawgyi Title - ငါ့အစ္ကိုက ငါ့ရည္းစားအျဖစ္ကေန ငါ့ေယာက္်ားအျဖစ္ကိုေရာက္သြားခဲ့တယ္။ Iris_Zhu ဆိုတဲ့ ညီမေလး ဘာသာျပန္ထားတာပါ။ Iris_Zhu ဆိုတဲ့ ညီမလေး ဘာသာ...
275K 468 19
အောစာအုပ်တွေ စုပြီးတင်ပေးပါမယ်