ရှဲ့စန်း နောက်တစ်ရက်အတွက် ယန်ရွှင်ကို မေးပြီး အလုပ်ကနေထွက်လာခဲ့သည်။ သူ့စိတ်ထဲမှာ system အကြောင်းပဲရှိနေပြီး အိမ်ကို တိုက်ရိုက်ပြန်လာခဲ့သည်။ သူ့ အိမ်နေရာကို လက်ကောက်ကနေ ရှာနေရင်း သူဖြတ်သွားတဲ့ supermarketsတွေကို စစ်ဆေးကြည့်နေသည်။ သူပိုက်ဆံစုလို့ရအောင် ကိုယ့်ဟာကိုယ် ဟင်းချက်ချင်နေသည်။
သူကိုယ်တိုင်ချက်ရတာကို ကျင့်သားရနေသည်။
သူနေတဲ့နေရာနားမှာ supermarketတစ်ခုရှိနေပြီး အများသုံးယာဥ်နဲ့ အနီးဆုံးနေရာဆင်းလိုက်ပြီး supermarketကို လမ်းလျှောက်သွားခဲ့သည်။
ဘရန့်ထ်ဂြိုလ်မှာရှိတဲ့ supaermarketတွေက သူ့အရင် ကမ္ဘာက supermarketတွေနဲ့ အတူတူပင် ဖြစ်သည်။ ဒါပေယ့် အစားအစာကို လတ်ဆတ်တာနဲ့ အခြောက်ခံထားတာ ဆိုပြီး နှစ်မျိုးခွဲထားသည်၊၊
လတ်ဆတ်တဲ့အပိုင်းမှာ ရေခဲသေတ္တာ မျိုးစုံဖွင့်ထားပြီး တစ်တန်းစီတိုင်းမှာ အသားတစ်မျိုးစီ ရှိနေသည်။ အသားဝယ်နေတဲ့ လူတွေ အများကြီးရှိနေသည်။ အားလုံးက အဓိက အစားအစာတွေဖြစ်သညိ။ ရှဲ့စန်း ချက်ချင်း မဝယ်ခဲ့ဘဲ အသားစျေးနှုန်းကို လိုက်ပတ်ကြည့်နေမိသည်။
ကြီးမားတဲ့သားရဲ အသားက တစ်ပေါင်ကို ကြယ်ဒင်္ဂါးပြား ၅ပြား ကုန်ကျပြီး သူဝယ်စားဖူးတဲ့ နေ့လည်စာဘူးမှာပါတဲ့ အသားက ဒီလို အသားမျိုးဖြစ်သည်။ သေးငယ်တဲ့သားရဲ အသားက တစ်ပေါင်ကို ကြယ်ဒင်္ဂါး ၁၀ပြား ကျပြီး ငှက်ရဲ့အသားက တစ်ပေါင်ကို ကြယ်ဒင်္ဂါး ၁၅ပြား ကုန်ကျသည်။ ငါးရဲ့အသားက စျေးအကြီးဆုံးဖြစ်ပြီး တစ်ပေါင်ကို ကြယ်ဒင်္ဂါး ပြား၂၀ ကုန်ကျသည်။
ငါးထည့်ထားတဲ့ အံဆွဲကို ခဏလောက် ကြည့်နေပြီး နောက်ဆုံးမှာ ကြီးမားတဲ့သားရဲ အသား ၃ပေါင် ဝယ်လာခဲ့သည်။
သူ့လက်ထဲ ပိုက်ဆံမရှိတော့မှာ ထိတ်လန့်နေခဲ့သည်။ အချိန်ပိုင်းအလုပ် လစာကို စင်တာက တစ်ပတ်နေမှ တစ်ခါရှင်းပေးမှာ၊ သူနည်းနည်းစုထားမှရမယ်။
အိမ်ပြန်ပြီး အသားကင်လုပ်လိုက်သည်၊ အရသာ အရမ်းကောင်းပေမယ့် နှစ်ရက်ဆက်တိုက် စားလိုက်တော့ နည်းနည်း ငြီးငွေ့သွားသည်။
အသီးအရွက်တွေ နေ့တိုင်း စားနေရတုန်းကတော့ တန်ဖိုးထားရမှန်းမသိခဲ့ဘူး၊ အခု ပြန်တွေးရင် သူ့ကိုယ်သူ ဖြတ်ရိုက်ချင်သွားတယ်။
ကောင်းတာတစ်ခုက အခု သူ့မှာ ငရုတ်သီးအမှည့်ပင် ရှိနေပြီး စွမ်းအင်ရတာနဲ့ အသားကင်ကို ငရုတ်သီးမှုန့် ထည့်စားလို့ရလိမ့်မယ်။ ဟင်းသီးဟင်းရွက် အတွက် တစ်ခုတည်းမဟုတ်ဘဲ ရာသီစာ အနေနဲ့ သုံးလို့ရတယ်။
မီးဖိုချောင်ကို ရှင်းလင်းပြီးနောက်မှာ ခန်းမ အလယ်မှာ ရပ်ပြီး systemကို ဖွင့်လိုက်သည်။ ငရုတ်သီး ပုံသဏ္ဌာန်ရဲ့ ဘယ်ဘက်ထောင့်က (တိုက်ပွဲ) ဆိုတဲ့ စကားလုံးကို ကြည့်လိုက်သည်။
(တိုက်ပွဲအတွက် ငရုတ်သီးအပင်ကို ရွေးမလား )
(အင်း)
ရုတ်တရက်ကြီး သေးငယ်ပြီး လက်မောင်း အရှည်လောက်ရှိတဲ့ ငရုတ်ပင်တစ်ပင် သူ့အရှေ့မှာ ပေါ်လာခဲ့သည်။ အဓိက ပင်စည်က အကိုင်းလေး ၃ကိုင်း ကွဲနေပြီး သေးငယ်တဲ့ အစိမ်းရောင်အရွက်လေးတွေ ရှိနေသည်။ ပထမဆုံးအကိုင်းလေးက နည်းနည်းကွေးနေခဲ့သည်။ ကိုင်းအဖျားလေးက ရှဲ့စန်းရဲ့ နဖူးကို ညင်သာစွာထိနေခဲ့ပြီး အရွက်တွေက ကြင်ကြင်နာနာ နဲ့ ရစ်ပတ်နေခဲ့သည်။
ရှဲ့စန်း အရွက်တစ်ရွက်ကို ဆိတ်လိုက်ပြီး ပြုံးလိုက်သည်။ (နောက်ပိုင်းကျရင် အတူတူတိုက်ကြမယ်၊ အခုကတော့ တစ်ယောက်နဲ့တစ်ယောက် ရင်းနီးသွားအောင် အရင်လေ့ကျင့်ကြမယ်)
ကိုင်းအဖျားလေးက ခေါင်းညိတ်ပြခဲ့သည်။ ရှဲ့စန်း ငရုတ်င်ရဲ့ ခံစားချက်ကို အာရုံစိုက်လိုက်ပြီး သူ့စိတ်ထဲကနေ အမိန့်ပေးလိုက်သည်။ (နံရံကို တိုက်ခိုက်လိုက်)
သူက ဧည့်ခန်း အလယ်မှာ မတ်တပ်ရပ်နေခဲ့ပြီး ဘာမှမရှိတဲ့ နံရံက နှစ်မီတာလောက် အဝေးမှာရှိသည်။
အမိန့်နဲ့အတူ ပင်စည်က ရုတ်တရက် ဆန့်ထွက်လာပြီး နံရံကို ဖျတ်ခနဲ မြည်အောင် ရိုက်လိုက်သည်။ လမ်းတစ်ဝက်မှာတင် သစ်ကိုင်းကျိုးသွားပြီး သစ်ရွက်များက ဝမ်းနည်းစွာဖြင့် အောက်သို့ကျနေသည်။
ရှဲ့စန်း ငရုတ်ပင်စီက အချည်းအနှီးဖြစ်တဲ့ခံစားချက်ကို ရလိုက်ပြီး သူ့သံသယပျောက်အောင် မြန်မြန်တွေးလိုက်သည်။ (အဆင်ပြေတယ် ၊ အဆင်ပြေပါတယ်၊ ငါ အမိန့်ပေးတာ မရှင်းလို့ပါ)
ငရုတ်ပင်က အရွက်တွေ ပြန်ထောင်လာပြီး ကျိုးသွားတာတွေက သူ့ဟာသူ ပြန်ကုနေခဲ့သည်။ သူတို့ နဂိုပုံစံ ပြန်ရောက်သွားပြီး ရှဲ့စန်းဘယ်ဘက်ပုခုံးနားမှာ မျောနေသည်။ ရှဲ့စန်း အမိန့် ချက်ချင်းမပေးဘဲ စဥ်းစားလိုက်သည်။ အပင်တစ်ပင်ချင်းစီက တိုက်ခိုက်ရေးမှာ ကျွမ်းကျင်ကြသည်။ အကိုင်းအတွက် အရိပ်အမြွက်က
"အစပ်အရသာက မင်းဆီရောက်လာပါပြီ"
ငရုတ်ပင်ရဲ့ အကောင်းဆုံးအရည်အသွေးက စပ်တာနဲ့ဆိုင်နေမလား၊ အဲ့ဒါဆိုရင် အရွက်နဲ့အကိုင်းတွေက တိုက်ခိုက်တဲ့နေရာမှာ သုံးလို့မရပေမယ့် သူတို့ကို ဆန့်ထုတ်ပြီး အခြားအရာတွေ ပြင်းပြင်းထန်ထန်ထိခိုက်အောင် လုပ်လို့ရနိုင်တယ်၊ သူတွေးနေကြပုံစံကနေ ကျော်ပြီး အမိန့်ပေးဖို့ စဥ်းစားရမယ်၊ ကမ္ဘာပျက်ကပ်တုန်းက သူအပင်နှစ်မျိုးပဲ ရှိခဲ့ပြီး ငရုတ်ပင်မသုံးဖူးတော့ အဆင်ပြေပါ့မလား သူမပြောတတ်ဘူး။
သူစဥ်းစားပြီးနောက် အမိန့်ထပ်ပေးလိုက်သည်။ (နံရံရှေ့ကို ရောက်အောင်သွား)
ငရုတ်ပင်က ဝှီးခနဲ ဖြတ်သွားပြီး နံရံရှေ့မှာရပ်လိုက်သည်။ ရှဲ့စန်း ချီးကျူးလိုက်သည်။ (ကောင်းတယ်၊ ပြန်လာခဲ့)
ငရုတ်ပင်ရဲ့ ဓါးသွားတွေက ပျော်ရွှင်စွာ ဝှေ့ယမ်းသွားခဲ့ပြီး နဂိုပုံစံ ပြန်ရောက်လာခဲ့သည်။
ငရုတ်ပင်ကို ကြည့်လိုက်ပြီး စိတ်ထဲကနေ ထပ်တွေးလိုက်သည်။ (သစ်ကိုင်းတစ်ကိုင်းက နံရံရှေ့ရောက်အောင်သွား)
ငရုတ်ပင်ရဲ့ ပင်စည်က မလှုပ်သွားပေမယ့် အကိုင်းတစ်ကိုင်းက နံရံရှေ့ ရောက်ပြီး ရပ်သွားသည်။
ရှဲ့စန်း စိတ်ကျေနပ်သွားပြီး စိတ်ထဲကနေ အမိန့်ဆက်ပေးလိုက်သည်၊ (အခြား အကိုင်းတစ်ခုက မျက်နှာကျက်ကို သွား)
ငရုတ်ပင်က ပြောတဲ့အတိုင်းလိုက်လုပ်ပြီး ပြီးပြည့်စုံစွာ အဆုံးသတ်လိုက်သည်။ ရှဲ့စန်း နဂိုပုံစံ ပြန်ပြောင်းခိုင်းလိုက်သည်။
သူဆက်လက်လေ့ကျင့်နေခဲ့ပြီး သစ်ကိုင်းနှစ်ခုကို တစ်ချိန်ထဲမှာ မတူညီတဲ့နေရာတွေရောက်အောင် သွားခိုင်းသည်။ အကိုင်းသုံးကိုင်းကိုလည်း အတူတူ အမိန့်ပေးလိုက်သည်။ သူက အပင်တွေရဲ့ ပျော့ပျောင်းမှု အတွက်တောင် လေ့ကျင့်ပေးခဲ့သည်။
ငရုတ်ပင်ကို ပထမဆုံး ရိုးရှင်းစွာ သင်ကြာပြီးနောက်မှာ ရှုပ်ထွေးတဲ့ သင်ကြားမှုတွေ ပေးခဲ့သည်။ ငရုတ်ပင် စတင်ရှုပ်ထွေးသွားပြီး အကိုင်းတွေလည်း ရှုပ်ထွေးသွားခဲ့သည်။ ဒါပေမယ့် လေ့ကျင့်မှုကြောင့် ငရုတ်ပင်က သူပေးတဲ့ အမိန့်တွေကို ပြည့်စုံစွာ လိုက်လုပ်နိုင်လာခဲ့သည်။
၈နာရီခွဲလောက်မှာ သူ့ခန္ဓာကိုယ်က ရုတ်တရက် ထိန်းချုပ်လို့ မရနိုင်ခဲ့ဘူး။ သူအံ့သြသွားသည်။ နေ့ခင်းက အနားယူတာ ထည့်မတွက်ဘူးလား၊ ကောင်းတာတစ်ခုက သူကအခု တိုက်ခန်းမှာရှိနေပြီး အန္တရာယ်ရှိတာတွေ မဖြစ်လောက်ပါဘူး၊ ဒါပေမယ့် သတိလစ်သွားဖို့ အချိန်သိပ်မလိုခဲ့ဘူး။
အက်ဒမ်နှိုးတာကြောင့် သူနိုးလာခဲ့သည်။ အက်ဒမ်ပြောတာကို မစောင့်တော့ပဲ မြေပြင်ကထပြီး မေးလိုက်သည်၊ (ငါ နေ့လည်တုန်းက အနားယူထားတာပဲ၊ ဘယ်လိုဖြစ်ပြီး ၈နာရီပြည့်တာနဲ့ ထိန်းချုပ်လို့မရတော့တာလဲ)
အက်ဒမ်းရှုပ်ထွေးသွားပြီး ( မဖြစ်နိုင်ဘူး ၊ မင်းဘယ်လောက်ကြာအောင် အနားယူခဲ့တာလဲ )
(နာရီဝက်)
(အံ့သြစရာမရှိဘူး၊ မင်းက ခဏလေးပဲ နားခဲ့တာလေ၊ တစ်ရက်မှာ အနည်းဆုံး တစ်နာရီ အနားယူရမယ်၊ နောက်တစ်ခါ နာရီဝက်ပဲ အနားယူခဲ့မယ်ဆိုရင် နောက်၄နာရီကြာ ထိန်းချုပ်လို့ရမှာမဟုတ်ဘူး)
ရှဲ့စန်းသူ့ပေါင်သူ ပုတ်လိုက်ပြီး (မဖြစ်နိုင်တာ ၊ ဒီနေ့က အထူးအခြေအနေလေ နာရီဝက်လောက် အနားယူဖြစ်တာကပဲ တော်တော်ကောင်းနေပြီ)
ဗီဒိုကနေ အဝတ်လဲဖို့ယူလိုက်ပြီး အချိန်ကြည့်လိုက်မိတော့ အံ့သြသွားသည်၊ (အခုမှ ၁၁နာရီပဲ ရှိသေးတယ်၊ မနေ့က ပေါ်လာတော့ မနက် တစ်နာရီကြီးလေ၊ ဒီနေ့လည်း မနက်တစ်နာရီမှ ပေါ်လာရမှာ မဟုတ်ဘူးလား ၊၁၀နာရီပဲရှိသေးတယ်လေ)
(မင်း အပင်တစ်ပင်ရခဲ့ရင် ငါအိပ်ရတဲ့အချိန် ၂နာရီ လျော့သွားတယ်) အက်ဒမ်က စိတ်လှုပ်ရှားနေတဲ့အသံနဲ့ ရုတ်တရက်ပြောလာခဲ့သည်။ (အားစန်း မင်းကြောင့် ငါ အရမ်းအံ့သြသွားတာပဲ၊ မင်း စွမ်းအင်စုဆောင်းတာက အရင်ကထက် ပိုပြီးမြန်နေတယ်)
ကောင်လေးက ဒီလိုအသံနဲ့ပြောလာတော့ ရှဲ့စန်းရယ်မိသွားသည်၊ နည်းနည်းချောင်းဟန့်လိုက်ပြီး (အများစုက မင်းကြောင့်ရတာပါ၊ ငါ့ရဲ့ တိရိစ္ဆာန်တွေနဲ့ ရင်းနီးမှုမြင့်တာက အကူအညီဖြစ်တယ်လေ)
(ငါကတော်တယ် မဟုတ်လား၊ ဟီးဟီး ဟီးဟီး) အက်ဒမ်က ပြောလာခဲ့သည်။
(အရမ်း အရမ်းတော်တယ်) အထင်ကြီးအောင်ပြောတာမဟုတ်ဘဲ တစ်ကယ်ချီးမွမ်းလိုက်သည်။
အက်ဒမ် ရယ်တာရပ်လိုက်ပြီး ရုတ်တရက်ကြီး တည်ကြည်လေးနက်စွာ ပြောလာခဲ့သည်။ (အလုပ်ဆက်ကြိုးစားရမယ်နော်၊ အပင်၃မျိူးကို မကြာခင် ရနိုင်ခဲ့ရင် ငါ စွမ်းအင်တည်နေရာကို အာရုံခံလို့ရလိမ့်မယ်၊ မကြာခင်မှာ စွမ်းအင် ပြန်ရယူနိုင်ခဲ့ရင် မင်းခန္ဓာကိုယ်အတွက် ကောင်းတယ်)
ရှဲ့စန်း ခေါင်းညိတ်လိုက်သည်။ (ငါ သိပါတယ်)
ခန္ဓာကိုယ်ထိန်းချုပ်မှု လွတ်သွားတာက တော်တော်ဆိုးတယ်၊ ဒီကမ္ဘာမှာ ဘာမှကြိုပြီး မပြောနိုင်ဘူး ၊ အနားယူချိန်ကို တစ်သတ်မတ်တည်းထားလိုက်ရင် အဆင်ပြေသွားလို့ တော်သေးတယ်၊ အချိန်မှန် အနားယူဖြစ်ပါ့မယ်လို့တော့ သူ အာမ မခံနိုင်ဘူး။
အက်ဒမ်း သတိပေးပြီးနောက်မှာ ဘာအသံမှမကြားရတော့ဘူး၊ ရှဲ့စန်း ရေချိုးပြီး မနက်ဖြန်ဖြေရမယ့်အခန်းနဲ့နံပါတ်ကို စစ်ဆေးလိုက်ပြီး အိပ်ရာဝင်လိုက်သည်။
နောက်တစ်နေ့ မတ်လ ၂၈ရက် ၊အပင်ဌာနရဲ့ နောက်ဆုံးစာမေးပွဲ ဖြေရမယ့်နေ့ဖြစ်သည်။
ရှဲ့စန်း ၆နာရီခွဲထပြီး မျက်နှာသစ်လိုက်သည်။ မီးဖိုချောင်ထဲဝင်ပြီး အသား နှစ်ယောက်စာကြော်လိုက်သည်၊ တစ်ခုက သူ့အတွက်ဖြစ်ပြီး နောက်တစ်ခုကို နေ့လည်စာဘူးထဲထည့်ပြီး လွယ်အိတ်ထဲထည့်လိုက်သည်။ စိုရွှဲနေတဲ့လက်တွေနဲ့ အိမ်ကထွက်လာခဲ့သည်။
မိုင်နဲ မျက်နှာသစ်ပြီးကာစပဲ ရှိနေသေးတဲ့အချိန် တံခါးခေါက်သံကြားလိုက်ရသည်။
သူတံခါးကို ဖွင့်လိုက်တာနဲ့ အပြင်မှာရပ်နေပြီး တောက်ပစွာ ပြုံးပြနေသော ဆယ်ကျော်သက်ကောင်လေးကို ချက်ချင်းတွေ့လိုက်ရသည်။သူ့ရဲ့ အမဲရောင်မျက်လုံးလေးတွေက ကြည်လင်ပြီး တောက်ပနေသည်။
"မင်္ဂလာ နံနက်ခင်းပါ" ရှဲ့စန်း သူ့ဘယ်ဘက်လက်က နေ့လည်စာဘူးကိုကိုင်ထားပြီး ညာဘက်လက်ကို မြှောက်ပြီး လှုပ်ပြနေခဲ့သည်။
__________________________________________
ဖတ်ပေးတဲ့ သူနဲ့ voteပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့် 😊😊😊
Words 1948
29.6.22
8:38 pm
Zawgyi version
9. ေလ့က်င့္ျခင္း
ရွဲ႕စန္း ေနာက္တစ္ရက္အတြက္ ယန္႐ႊင္ကို ေမးၿပီး အလုပ္ကေနထြက္လာခဲ့သည္။ သူ႕စိတ္ထဲမွာ system အေၾကာင္းပဲရွိေနၿပီး အိမ္ကို တိုက္ရိုက္ျပန္လာခဲ့သည္။ သူ႕ အိမ္ေနရာကို လက္ေကာက္ကေန ရွာေနရင္း သူျဖတ္သြားတဲ့ supermarketsေတြကို စစ္ေဆးၾကည့္ေနသည္။ သူပိုက္ဆံစုလို႔ရေအာင္ ကိုယ့္ဟာကိုယ္ ဟင္းခ်က္ခ်င္ေနသည္။
သူကိုယ္တိုင္ခ်က္ရတာကို က်င့္သားရေနသည္။
သူေနတဲ့ေနရာနားမွာ supermarketတစ္ခုရွိေနၿပီး အမ်ားသုံးယာဥ္နဲ႕ အနီးဆုံးေနရာဆင္းလိုက္ၿပီး supermarketကို လမ္းေလွ်ာက္သြားခဲ့သည္။
ဘရန့္ထ္ၿဂိဳလ္မွာရွိတဲ့ supaermarketေတြက သူ႕အရင္ ကမၻာက supermarketေတြနဲ႕ အတူတူပင္ ျဖစ္သည္။ ဒါေပယ့္ အစားအစာကို လတ္ဆတ္တာနဲ႕ အေျခာက္ခံထားတာ ဆိုၿပီး ႏွစ္မ်ိဳးခြဲထားသည္၊၊
လတ္ဆတ္တဲ့အပိုင္းမွာ ေရခဲေသတၱာ မ်ိဳးစုံဖြင့္ထားၿပီး တစ္တန္းစီတိုင္းမွာ အသားတစ္မ်ိဳးစီ ရွိေနသည္။ အသားဝယ္ေနတဲ့ လူေတြ အမ်ားႀကီးရွိေနသည္။ အားလုံးက အဓိက အစားအစာေတြျဖစ္သညိ။ ရွဲ႕စန္း ခ်က္ခ်င္း မဝယ္ခဲ့ဘဲ အသားေစ်းႏႈန္းကို လိုက္ပတ္ၾကည့္ေနမိသည္။
ႀကီးမားတဲ့သားရဲ အသားက တစ္ေပါင္ကို ၾကယ္ဒဂၤါးျပား ၅ျပား ကုန္က်ၿပီး သူဝယ္စားဖူးတဲ့ ေန႕လည္စာဘူးမွာပါတဲ့ အသားက ဒီလို အသားမ်ိဳးျဖစ္သည္။ ေသးငယ္တဲ့သားရဲ အသားက တစ္ေပါင္ကို ၾကယ္ဒဂၤါး ၁၀ျပား က်ၿပီး ငွက္ရဲ႕အသားက တစ္ေပါင္ကို ၾကယ္ဒဂၤါး ၁၅ျပား ကုန္က်သည္။ ငါးရဲ႕အသားက ေစ်းအႀကီးဆုံးျဖစ္ၿပီး တစ္ေပါင္ကို ၾကယ္ဒဂၤါး ျပား၂၀ ကုန္က်သည္။
ငါးထည့္ထားတဲ့ အံဆြဲကို ခဏေလာက္ ၾကည့္ေနၿပီး ေနာက္ဆုံးမွာ ႀကီးမားတဲ့သားရဲ အသား ၃ေပါင္ ဝယ္လာခဲ့သည္။
သူ႕လက္ထဲ ပိုက္ဆံမရွိေတာ့မွာ ထိတ္လန့္ေနခဲ့သည္။ အခ်ိန္ပိုင္းအလုပ္ လစာကို စင္တာက တစ္ပတ္ေနမွ တစ္ခါရွင္းေပးမွာ၊ သူနည္းနည္းစုထားမွရမယ္။
အိမ္ျပန္ၿပီး အသားကင္လုပ္လိုက္သည္၊ အရသာ အရမ္းေကာင္းေပမယ့္ ႏွစ္ရက္ဆက္တိုက္ စားလိုက္ေတာ့ နည္းနည္း ၿငီးေငြ႕သြားသည္။
အသီးအ႐ြက္ေတြ ေန႕တိုင္း စားေနရတုန္းကေတာ့ တန္ဖိုးထားရမွန္းမသိခဲ့ဘူး၊ အခု ျပန္ေတြးရင္ သူ႕ကိုယ္သူ ျဖတ္ရိုက္ခ်င္သြားတယ္။
ေကာင္းတာတစ္ခုက အခု သူ႕မွာ င႐ုတ္သီးအမွည့္ပင္ ရွိေနၿပီး စြမ္းအင္ရတာနဲ႕ အသားကင္ကို င႐ုတ္သီးမႈန့္ ထည့္စားလို႔ရလိမ့္မယ္။ ဟင္းသီးဟင္း႐ြက္ အတြက္ တစ္ခုတည္းမဟုတ္ဘဲ ရာသီစာ အေနနဲ႕ သုံးလို႔ရတယ္။
မီးဖိုေခ်ာင္ကို ရွင္းလင္းၿပီးေနာက္မွာ ခန္းမ အလယ္မွာ ရပ္ၿပီး systemကို ဖြင့္လိုက္သည္။ င႐ုတ္သီး ပုံသဏၭာန္ရဲ႕ ဘယ္ဘက္ေထာင့္က (တိုက္ပြဲ) ဆိုတဲ့ စကားလုံးကို ၾကည့္လိုက္သည္။
(တိုက္ပြဲအတြက္ င႐ုတ္သီးအပင္ကို ေ႐ြးမလား )
(အင္း)
႐ုတ္တရက္ႀကီး ေသးငယ္ၿပီး လက္ေမာင္း အရွည္ေလာက္ရွိတဲ့ င႐ုတ္ပင္တစ္ပင္ သူ႕အေရွ႕မွာ ေပၚလာခဲ့သည္။ အဓိက ပင္စည္က အကိုင္းေလး ၃ကိုင္း ကြဲေနၿပီး ေသးငယ္တဲ့ အစိမ္းေရာင္အ႐ြက္ေလးေတြ ရွိေနသည္။ ပထမဆုံးအကိုင္းေလးက နည္းနည္းေကြးေနခဲ့သည္။ ကိုင္းအဖ်ားေလးက ရွဲ႕စန္းရဲ႕ နဖူးကို ညင္သာစြာထိေနခဲ့ၿပီး အ႐ြက္ေတြက ၾကင္ၾကင္နာနာ နဲ႕ ရစ္ပတ္ေနခဲ့သည္။
ရွဲ႕စန္း အ႐ြက္တစ္႐ြက္ကို ဆိတ္လိုက္ၿပီး ၿပဳံးလိုက္သည္။ (ေနာက္ပိုင္းက်ရင္ အတူတူတိုက္ၾကမယ္၊ အခုကေတာ့ တစ္ေယာက္နဲ႕တစ္ေယာက္ ရင္းနီးသြားေအာင္ အရင္ေလ့က်င့္ၾကမယ္)
ကိုင္းအဖ်ားေလးက ေခါင္းညိတ္ျပခဲ့သည္။ ရွဲ႕စန္း င႐ုတ္င္ရဲ႕ ခံစားခ်က္ကို အာ႐ုံစိုက္လိုက္ၿပီး သူ႕စိတ္ထဲကေန အမိန့္ေပးလိုက္သည္။ (နံရံကို တိုက္ခိုက္လိုက္)
သူက ဧည့္ခန္း အလယ္မွာ မတ္တပ္ရပ္ေနခဲ့ၿပီး ဘာမွမရွိတဲ့ နံရံက ႏွစ္မီတာေလာက္ အေဝးမွာရွိသည္။
အမိန့္နဲ႕အတူ ပင္စည္က ႐ုတ္တရက္ ဆန့္ထြက္လာၿပီး နံရံကို ဖ်တ္ခနဲ ျမည္ေအာင္ ရိုက္လိုက္သည္။ လမ္းတစ္ဝက္မွာတင္ သစ္ကိုင္းက်ိဳးသြားၿပီး သစ္႐ြက္မ်ားက ဝမ္းနည္းစြာျဖင့္ ေအာက္သို႔က်ေနသည္။
ရွဲ႕စန္း င႐ုတ္ပင္စီက အခ်ည္းအႏွီးျဖစ္တဲ့ခံစားခ်က္ကို ရလိုက္ၿပီး သူ႕သံသယေပ်ာက္ေအာင္ ျမန္ျမန္ေတြးလိုက္သည္။ (အဆင္ေျပတယ္ ၊ အဆင္ေျပပါတယ္၊ ငါ အမိန့္ေပးတာ မရွင္းလို႔ပါ)
င႐ုတ္ပင္က အ႐ြက္ေတြ ျပန္ေထာင္လာၿပီး က်ိဳးသြားတာေတြက သူ႕ဟာသူ ျပန္ကုေနခဲ့သည္။ သူတို႔ နဂိုပုံစံ ျပန္ေရာက္သြားၿပီး ရွဲ႕စန္းဘယ္ဘက္ပုခုံးနားမွာ ေမ်ာေနသည္။ ရွဲ႕စန္း အမိန့္ ခ်က္ခ်င္းမေပးဘဲ စဥ္းစားလိုက္သည္။ အပင္တစ္ပင္ခ်င္းစီက တိုက္ခိုက္ေရးမွာ ကြၽမ္းက်င္ၾကသည္။ အကိုင္းအတြက္ အရိပ္အႁမြက္က
"အစပ္အရသာက မင္းဆီေရာက္လာပါၿပီ"
င႐ုတ္ပင္ရဲ႕ အေကာင္းဆုံးအရည္အေသြးက စပ္တာနဲ႕ဆိုင္ေနမလား၊ အဲ့ဒါဆိုရင္ အ႐ြက္နဲ႕အကိုင္းေတြက တိုက္ခိုက္တဲ့ေနရာမွာ သုံးလို႔မရေပမယ့္ သူတို႔ကို ဆန့္ထုတ္ၿပီး အျခားအရာေတြ ျပင္းျပင္းထန္ထန္ထိခိုက္ေအာင္ လုပ္လို႔ရနိုင္တယ္၊ သူေတြးေနၾကပုံစံကေန ေက်ာ္ၿပီး အမိန့္ေပးဖို႔ စဥ္းစားရမယ္၊ ကမၻာပ်က္ကပ္တုန္းက သူအပင္ႏွစ္မ်ိဳးပဲ ရွိခဲ့ၿပီး င႐ုတ္ပင္မသုံးဖူးေတာ့ အဆင္ေျပပါ့မလား သူမေျပာတတ္ဘူး။
သူစဥ္းစားၿပီးေနာက္ အမိန့္ထပ္ေပးလိုက္သည္။ (နံရံေရွ႕ကို ေရာက္ေအာင္သြား)
င႐ုတ္ပင္က ဝွီးခနဲ ျဖတ္သြားၿပီး နံရံေရွ႕မွာရပ္လိုက္သည္။ ရွဲ႕စန္း ခ်ီးက်ဴးလိုက္သည္။ (ေကာင္းတယ္၊ ျပန္လာခဲ့)
င႐ုတ္ပင္ရဲ႕ ဓါးသြားေတြက ေပ်ာ္႐ႊင္စြာ ေဝွ႕ယမ္းသြားခဲ့ၿပီး နဂိုပုံစံ ျပန္ေရာက္လာခဲ့သည္။
င႐ုတ္ပင္ကို ၾကည့္လိုက္ၿပီး စိတ္ထဲကေန ထပ္ေတြးလိုက္သည္။ (သစ္ကိုင္းတစ္ကိုင္းက နံရံေရွ႕ေရာက္ေအာင္သြား)
င႐ုတ္ပင္ရဲ႕ ပင္စည္က မလႈပ္သြားေပမယ့္ အကိုင္းတစ္ကိုင္းက နံရံေရွ႕ ေရာက္ၿပီး ရပ္သြားသည္။
ရွဲ႕စန္း စိတ္ေက်နပ္သြားၿပီး စိတ္ထဲကေန အမိန့္ဆက္ေပးလိုက္သည္၊ (အျခား အကိုင္းတစ္ခုက မ်က္ႏွာက်က္ကို သြား)
င႐ုတ္ပင္က ေျပာတဲ့အတိုင္းလိုက္လုပ္ၿပီး ၿပီးျပည့္စုံစြာ အဆုံးသတ္လိုက္သည္။ ရွဲ႕စန္း နဂိုပုံစံ ျပန္ေျပာင္းခိုင္းလိုက္သည္။
သူဆက္လက္ေလ့က်င့္ေနခဲ့ၿပီး သစ္ကိုင္းႏွစ္ခုကို တစ္ခ်ိန္ထဲမွာ မတူညီတဲ့ေနရာေတြေရာက္ေအာင္ သြားခိုင္းသည္။ အကိုင္းသုံးကိုင္းကိုလည္း အတူတူ အမိန့္ေပးလိုက္သည္။ သူက အပင္ေတြရဲ႕ ေပ်ာ့ေပ်ာင္းမႈ အတြက္ေတာင္ ေလ့က်င့္ေပးခဲ့သည္။
င႐ုတ္ပင္ကို ပထမဆုံး ရိုးရွင္းစြာ သင္ၾကာၿပီးေနာက္မွာ ရႈပ္ေထြးတဲ့ သင္ၾကားမႈေတြ ေပးခဲ့သည္။ င႐ုတ္ပင္ စတင္ရႈပ္ေထြးသြားၿပီး အကိုင္းေတြလည္း ရႈပ္ေထြးသြားခဲ့သည္။ ဒါေပမယ့္ ေလ့က်င့္မႈေၾကာင့္ င႐ုတ္ပင္က သူေပးတဲ့ အမိန့္ေတြကို ျပည့္စုံစြာ လိုက္လုပ္နိုင္လာခဲ့သည္။
၈နာရီခြဲေလာက္မွာ သူ႕ခႏၶာကိုယ္က ႐ုတ္တရက္ ထိန္းခ်ဳပ္လို႔ မရနိုင္ခဲ့ဘူး။ သူအံ့ၾသသြားသည္။ ေန႕ခင္းက အနားယူတာ ထည့္မတြက္ဘူးလား၊ ေကာင္းတာတစ္ခုက သူကအခု တိုက္ခန္းမွာရွိေနၿပီး အႏၱရာယ္ရွိတာေတြ မျဖစ္ေလာက္ပါဘူး၊ ဒါေပမယ့္ သတိလစ္သြားဖို႔ အခ်ိန္သိပ္မလိုခဲ့ဘူး။
အက္ဒမ္ႏွိုးတာေၾကာင့္ သူနိုးလာခဲ့သည္။ အက္ဒမ္ေျပာတာကို မေစာင့္ေတာ့ပဲ ေျမျပင္ကထၿပီး ေမးလိုက္သည္၊ (ငါ ေန႕လည္တုန္းက အနားယူထားတာပဲ၊ ဘယ္လိုျဖစ္ၿပီး ၈နာရီျပည့္တာနဲ႕ ထိန္းခ်ဳပ္လို႔မရေတာ့တာလဲ)
အက္ဒမ္းရႈပ္ေထြးသြားၿပီး ( မျဖစ္နိုင္ဘူး ၊ မင္းဘယ္ေလာက္ၾကာေအာင္ အနားယူခဲ့တာလဲ )
(နာရီဝက္)
(အံ့ၾသစရာမရွိဘူး၊ မင္းက ခဏေလးပဲ နားခဲ့တာေလ၊ တစ္ရက္မွာ အနည္းဆုံး တစ္နာရီ အနားယူရမယ္၊ ေနာက္တစ္ခါ နာရီဝက္ပဲ အနားယူခဲ့မယ္ဆိုရင္ ေနာက္၄နာရီၾကာ ထိန္းခ်ဳပ္လို႔ရမွာမဟုတ္ဘူး)
ရွဲ႕စန္းသူ႕ေပါင္သူ ပုတ္လိုက္ၿပီး (မျဖစ္နိုင္တာ ၊ ဒီေန႕က အထူးအေျခအေနေလ နာရီဝက္ေလာက္ အနားယူျဖစ္တာကပဲ ေတာ္ေတာ္ေကာင္းေနၿပီ)
ဗီဒိုကေန အဝတ္လဲဖို႔ယူလိုက္ၿပီး အခ်ိန္ၾကည့္လိုက္မိေတာ့ အံ့ၾသသြားသည္၊ (အခုမွ ၁၁နာရီပဲ ရွိေသးတယ္၊ မေန႕က ေပၚလာေတာ့ မနက္ တစ္နာရီႀကီးေလ၊ ဒီေန႕လည္း မနက္တစ္နာရီမွ ေပၚလာရမွာ မဟုတ္ဘူးလား ၊၁၀နာရီပဲရွိေသးတယ္ေလ)
(မင္း အပင္တစ္ပင္ရခဲ့ရင္ ငါအိပ္ရတဲ့အခ်ိန္ ၂နာရီ ေလ်ာ့သြားတယ္) အက္ဒမ္က စိတ္လႈပ္ရွားေနတဲ့အသံနဲ႕ ႐ုတ္တရက္ေျပာလာခဲ့သည္။ (အားစန္း မင္းေၾကာင့္ ငါ အရမ္းအံ့ၾသသြားတာပဲ၊ မင္း စြမ္းအင္စုေဆာင္းတာက အရင္ကထက္ ပိုၿပီးျမန္ေနတယ္)
ေကာင္ေလးက ဒီလိုအသံနဲ႕ေျပာလာေတာ့ ရွဲ႕စန္းရယ္မိသြားသည္၊ နည္းနည္းေခ်ာင္းဟန့္လိုက္ၿပီး (အမ်ားစုက မင္းေၾကာင့္ရတာပါ၊ ငါ့ရဲ႕ တိရိစ္ဆာန္ေတြနဲ႕ ရင္းနီးမႈျမင့္တာက အကူအညီျဖစ္တယ္ေလ)
(ငါကေတာ္တယ္ မဟုတ္လား၊ ဟီးဟီး ဟီးဟီး) အက္ဒမ္က ေျပာလာခဲ့သည္။
(အရမ္း အရမ္းေတာ္တယ္) အထင္ႀကီးေအာင္ေျပာတာမဟုတ္ဘဲ တစ္ကယ္ခ်ီးမြမ္းလိုက္သည္။
အက္ဒမ္ ရယ္တာရပ္လိုက္ၿပီး ႐ုတ္တရက္ႀကီး တည္ၾကည္ေလးနက္စြာ ေျပာလာခဲ့သည္။ (အလုပ္ဆက္ႀကိဳးစားရမယ္ေနာ္၊ အပင္၃မ်ိဴးကို မၾကာခင္ ရနိုင္ခဲ့ရင္ ငါ စြမ္းအင္တည္ေနရာကို အာ႐ုံခံလို႔ရလိမ့္မယ္၊ မၾကာခင္မွာ စြမ္းအင္ ျပန္ရယူနိုင္ခဲ့ရင္ မင္းခႏၶာကိုယ္အတြက္ ေကာင္းတယ္)
ရွဲ႕စန္း ေခါင္းညိတ္လိုက္သည္။ (ငါ သိပါတယ္)
ခႏၶာကိုယ္ထိန္းခ်ဳပ္မႈ လြတ္သြားတာက ေတာ္ေတာ္ဆိုးတယ္၊ ဒီကမၻာမွာ ဘာမွႀကိဳၿပီး မေျပာနိုင္ဘူး ၊ အနားယူခ်ိန္ကို တစ္သတ္မတ္တည္းထားလိုက္ရင္ အဆင္ေျပသြားလို႔ ေတာ္ေသးတယ္၊ အခ်ိန္မွန္ အနားယူျဖစ္ပါ့မယ္လို႔ေတာ့ သူ အာမ မခံနိုင္ဘူး။
အက္ဒမ္း သတိေပးၿပီးေနာက္မွာ ဘာအသံမွမၾကားရေတာ့ဘူး၊ ရွဲ႕စန္း ေရခ်ိဳးၿပီး မနက္ျဖန္ေျဖရမယ့္အခန္းနဲ႕နံပါတ္ကို စစ္ေဆးလိုက္ၿပီး အိပ္ရာဝင္လိုက္သည္။
ေနာက္တစ္ေန႕ မတ္လ ၂၈ရက္ ၊အပင္ဌာနရဲ႕ ေနာက္ဆုံးစာေမးပြဲ ေျဖရမယ့္ေန႕ျဖစ္သည္။
ရွဲ႕စန္း ၆နာရီခြဲထၿပီး မ်က္ႏွာသစ္လိုက္သည္။ မီးဖိုေခ်ာင္ထဲဝင္ၿပီး အသား ႏွစ္ေယာက္စာေၾကာ္လိုက္သည္၊ တစ္ခုက သူ႕အတြက္ျဖစ္ၿပီး ေနာက္တစ္ခုကို ေန႕လည္စာဘူးထဲထည့္ၿပီး လြယ္အိတ္ထဲထည့္လိုက္သည္။ စို႐ႊဲေနတဲ့လက္ေတြနဲ႕ အိမ္ကထြက္လာခဲ့သည္။
မိုင္နဲ မ်က္ႏွာသစ္ၿပီးကာစပဲ ရွိေနေသးတဲ့အခ်ိန္ တံခါးေခါက္သံၾကားလိုက္ရသည္။
သူတံခါးကို ဖြင့္လိုက္တာနဲ႕ အျပင္မွာရပ္ေနၿပီး ေတာက္ပစြာ ၿပဳံးျပေနေသာ ဆယ္ေက်ာ္သက္ေကာင္ေလးကို ခ်က္ခ်င္းေတြ႕လိုက္ရသည္။သူ႕ရဲ႕ အမဲေရာင္မ်က္လုံးေလးေတြက ၾကည္လင္ၿပီး ေတာက္ပေနသည္။
"မဂၤလာ နံနက္ခင္းပါ" ရွဲ႕စန္း သူ႕ဘယ္ဘက္လက္က ေန႕လည္စာဘူးကိုကိုင္ထားၿပီး ညာဘက္လက္ကို ျမႇောက္ၿပီး လႈပ္ျပေနခဲ့သည္။
__________________________________________
ဖတ္ေပးတဲ့ သူနဲ႕ voteေပးသူ အားလုံးကို ေက်းဇူးတင္ပါတယ္ရွင့္ 😊😊😊
Words 1948
29.6.22
8:38 pm