Forever[Completed]

By Sandara_Jung7

8.8K 1.1K 1.4K

// အမြဲတမ်း တစ်ဘဝလုံးစာအတွက် ချစ်တယ်။// -Gyu //တောင်းပန်ပါတယ်။ တစ်ဘဝလုံးစာအတွက် တကယ်မချစ်ပေးနိုင်ရင် ကျွန်တော... More

Start this story(Kai)
EP-(1)
EP-(2)
EP-(2)½
Ep-(3)
Ep-(4)
Part-(6)
Ep-(7) (birthday)
Ep-(8)
Ep-(9)
Ep-(10)
Yeonjun's Birthday (short part)
Ep-(11)
Ep-(12)
Ep-(13)
Ep-(14)
Ep-(15)
Ep-(16)
~~Thanks for reading~~
Ep-(17)
Ep-(18)
Ep-(19)
Ep-(20)
Ep-(21)
Ep-(22)
Ep-(23)
Ep-(24)
Ep-(25)
Ep-(26)
Ep-(27)
Ep-(28)
Ep-(29)
အမှတ်တရသိမ်းမယ်။
Ep-(30)
Ep-(31)
Ep-(32)
Ep-(33)
Ep-(34)
Ep-(35) (End)
End this story (Yeonjun)

Ep-(5)

222 36 9
By Sandara_Jung7

-သတိမရသေးသောလူ၏မျက်နှာကို ထိုင်ကြည့်နေရာမှ စိတ်ရှုပ်လာသဖြင့် Da bin Noonaကိုခေါ်ကာ စောင့်ခိုင်းထားခဲ့သည်။ soobinမသိခဲ့သည်က သူသာခဏလောက်ထက်စောင့်လိုက်လျှင် သတိရလာသော yeonjunသည် သူ့ကိုအရင်ဆုံးမြင်ရလိမ့်မည်ဆိုတာကိုပင်။ -

-ဆူဘင်းလည်းတော်တော်စိတ်ရှုပ်သွားဟန်တူသည်။ ခေါင်းကိုသာ တဗျင်းဗျင်းကုပ်နေရင်း ဂျူဟိုပြောသောစကားများအား တွေးနေမိသည်။ -

*Juho- soobin shi!
ကျွန်တော် soobinကိုသဘောကျတယ်...။
အရင်ကတည်းက သဘောကျခဲ့တာပါ။ soobinတို့အဖွဲ့မှာမပါပါအောင်လုပ်ပြီးတော့ နီးစပ်အောင်ကြိုးစားခဲ့တာ။ *

-ဒီလိုအချိန်မှာ ဒီလိုစကားမျိုးပြောရဲတာ အန်းဂျူဟိုကို သူတော်တော်ဒေါသထွက်နေသည်။ စဥ်းစားလို့လည်းမရ။ ယောန်ဂျွန်းဆေးရုံတက်ရသည့်မတော်တဆဖြစ်တဲ့အချိန်မှာမှ အားလုံးက စိုးရိမ်ပူပန်နေကြတဲ့အချိန်မှာမှ ဒီလိုချစ်ရေးဆိုရတယ်ပေါ့လေ။ -

"Soobin shi!!"

-ဆူဘင်းရှောင်ထွက်မယ်လုပ်တော့....

Juho- ကျွန်တော့်ကို စိတ်ကွက်သွားတာလား။ တောင်းပန်ပါတယ်။

Soobin- ဒီမှာ Ahn Juho shi....
ကျွန်တော်နောက်မှရှုပ်လာမှာစိုးလို့ အခုကတည်းကတစ်ခါတည်းကြိုပြောထားပါရစေ။ ကျွန်တော် Ahn Juhoကိုသဘောမကျပါဘူး။ ပြီးတော့ ယောန်ဂျွန်းထိခိုက်သွားတဲ့အချိန်မှာ ဒီလိုစကားမျိုးကိုပြောတဲ့ ခင်ဗျားကို...ဟုတ်တယ် စိတ်ဆိုးတယ် စိတ်ကွက်သွားတယ်။ ရိုက်ကူးရေးပြီးသွားတာနဲ့ ကျွန်တော့်မျက်စိရှေ့ပေါ်မလာပါနဲ့တော့။ မသိသလိုနေပေးပါ ။

Juho- ကျွန်တော်တောင်းပန်နေတာကို လက်ခံသင့်တယ်လေ soobin shi

-လက်ကိုဆွဲထားပြီး မျက်တောင်မတစ်ချက်မခတ်ကြည့်နေသူ။ -

Soobin- ကျွန်တော့်လက်ကိုလွှတ်ပေး။

Juho- ကျွန်တော် soobinကိုသဘောကျတယ်လို့ပြောနေတာကို....

Soobin- မင်းက ဆိုက်ကိုကောင်လား။ ရူးနေလား။ ဖယ်....ဖယ်ပေးလို့။

Juho- မလွှတ်ပေးနိုင်ဘူး ။ ဟုတ်တယ်...မင်းကြောင့် ငါရူးနေရတာ။ မင်းကြောင့် ရူးသွားတာ။ ဒါပေမဲ့ မင်းကတော့ အခုအထဲက ကုတင်ပေါ်မှာလှဲနေတဲ့ကောင်ကိုဘဲ မြင်တယ်။ ငါ့ကို...ငါ့ကို မတရားရာမကျဘူးလား။

Soobin- ဘာ....။

-သူပြောတဲ့စကားတွေမှာ ဆူဘင်းနားလည်နိုင်စရာမရှိခဲ့ပေ။ မဟုတ်မှ ယောန်ဂျွန်းနဲ့ငါနဲ့ကို အထင်လွဲနေတာတော့မဟုတ်ပါဘူးနော်။ -

Juho- Choi Yeonjunလေ။
မင်းကိုဒဏ်ရာရအောင်လုပ်တဲ့ကောင်၊ ရန်ဖြစ်ခဲ့တဲ့ကောင်၊ အနိုင်ကျင့်တဲ့ကောင်လေ။ အဟက်!! ငါနဲ့သူ့မှာ မတူတာဘာရှိလည်း ။ မင်းပြောစမ်း......

Soobin- အသံကိုလျော့လိုက် Ahn Juho။ ဒါဆေးရုံ....။ မင်းအမေဝယ်ပေးထားတဲ့ဇရပ်မဟုတ်ဘူး။ ပြီးတော့....ငါက ယောက်ျားလေးတွေကို စိတ်မဝင်စားဘူး။ ငါက gayတစ်ယောက်မဟုတ်ဘူး။ မင်းလို ကောင်မျိုးကိုလည်း စိတ်မဝင်စားဘူး။ ငါပြောတာ ရှင်းတယ်နော်...။ နောက်နေ့ကစ ငါ့ရှေ့ပေါ်မလာပါနဲ့။ ရိုက်ကွင်းမှာလည်း လာမခေါ်နဲ့။ အလုပ်ကိစ္စကလွဲရင် မင်းကိုငါပြန်စကားပြောမှာမဟုတ်ဘူး။

Juho- အဟက်!
မင်းပြောတဲ့စကား မင်းမှတ်ထားနော်။ အေး....နောင်တစ်ချိန်မင်းစကားကို မင်းပြန်မှတ်မိနိုင်ပါစေ။

Soobin- ငါကလေ ငါချစ်တဲ့သူအတွက်မှမဟုတ်ရင် ဘယ်သူ့အတွက်မှ ောက်ရေးလုပ်ပြီး ပြောင်းလဲနေမှာမဟုတ်ဘူး။
(ရိုင်းသလိုဖြစ်ရင် မီယား)

-ထိုသို့ပြောပြီးသာ ဆူဘင်းထွက်လာခဲ့လိုက်သည်။ လမ်းအကွေ့မှာ စီနီယာလီဒါဘင်းနဲ့တွေ့လို့ စီနီယာကလည်းသိသွားသည်ထင်။ ဘာမှမဖြစ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ ခေါင်းငြိမ့်ပြသည်။ -

Da bin- ရော့....binnie
အမ ရိုက်ကွင်းခဏပြန်သွားရဦးမယ်။ နားထားလို့မှမရတာ။ နောက်senceတွေက မင်းတို့မပါတော့လို့တော်သေးတာပေါ့....ဒါဆိုအစ်မသွားတော့မယ် yeonjunကိုဒါလေးသွားပို့ပေးပါ။ အပ်ခဲ့မယ်နော်။

Soobin- အွန်း.... Noona
သွားပါ.... ကျွန်တော်ကြည့်ထားလိုက်မယ်။

-စိတ်ချသွားပြီဆိုသော အပြုံးဖြင့် Da Bin Noonaပြုံးပြပြီးထွက်သွားသည်။ ကိုယ်ကတော့အထဲက လူနာကို ဆန်ပြုတ်သွားပို့ပေးရဦးမည်။ -

Soobin- ဟေ့ လူကြီး....။
သတိပြန်ရနေတာမပြောဘူး...။

Yeonjun- အော်...binလေး။

Soobin- ဟာ....။
ရိုက်ကွင်းမှာမဟုတ်ရင် မခေါ်စမ်းပါနဲ့ဗျာ။
အဲ့လိုကြီး ကြားရတာအဆင်မပြေဘူး။

Yeonjun- ဟုတ်သားဘဲ။ မင်းနဲ့က အရင်လိုနေရမှာပေါ့။ ဒါနဲ့ နှုတ်ခမ်းကတစ်တောင်လောက်ဆူနေပြီး ငါ့လည်းထိုးမိဦးမယ်။ ဘာဖြစ်လာတာလည်း။

Soobin- မပြောချင်တော့ပါဘူး ခင်ဗျားရယ်။
Ahn Juhoပေါ့....ကျွန်တော့်ကို.....

-သူလည်းအစကနေ အဆုံးအထိ ၊ ကကြီးကနေ အ အထိအကုန်ပြောပြလိုက်သည်။ -

Yeonjun- ကောင်းပါတယ် ။ စောစောစီးစီးအပြတ်ပြောထားတာလည်း။

Soobin- ကောင်းပါတယ် လုပ်မနေနဲ့ ။အဲ့ဒါကထင်ထားတာထက် ဆိုးလာနိုင်တယ်။ နောက်ဆို အပိုင်သိမ်းဖို့တောင်ကျန်နေမလားဘဲ။

Yeonjun- ခိခိ...
ဖူး...အဟွတ်အဟွတ်

-ဆူဘင်းပြောသောစကားကို ရီချင်စိတ်ထိန်းမရသည်နှင့် ရီမိလိုက်သည်။ နောက်တွဲအကျိုးဆက်ကတော့ ဆန်ပြုတ်သည်းသွားခြင်းသာ။ -

Soobin- ဖြေးဖြေးသောက်စမ်းပါ။ ကျားလိုက်တာကျလို့....အကုန်ဖိတ်ကုန်ပြီ။

-ဖိတ်ကျသွားသော ဆန်ပြုတ်များကိုသုတ်ပေးရင်းနဲ့ပြောလာသည်။ ဘယ်ဆိုးလို့လည်း ....ဒီလိုကျတော့လည်း ဆူဘင်းက ချစ်စရာလေးဘဲ။ နှုတ်ခမ်းလေးတစ်ဆူဆူနဲ့ ငါ့ကိုငေါက်နေတာ။ အဲ့နှုတ်ခမ်းဖူးဖူးလေးကို ကိုက်..အဲ.....ငါဘာတွေတွေးနေတာလည်း။ တကယ်ပါဘဲ....ချွဲယောန်ဂျွန်း ချွဲယောန်ဂျွန်း....အသေသာခံလိုက်ပါတော့လား။ -

Soobin- ဘာတွေငေးနေတာ?
ကျွန်တော်ချောလို့လား။

Yeonjun- မဟုတ်ပါဘူး။ မင်းလိုဂျစ်တူးကောင်ကို ကြိုက်တဲ့လူကရှိသေးတယ်လို့တွေးမိလို့ပါ။

Soobin- ခင်ဗျားနော်....လုပ်ပေးနေတာ အကောင်းထင်နေတာလား။ ဆန်ပြုတ်ပူပူကြီးနဲ့ပက်လိုက်လို့။

Yeonjun- ကြောက်ပါတယ် binလေးရယ်။

Soobin- YARRRR!!!!

-ဆေးရုံခန်းထဲ၌ ရန်ဖြစ် ပြန်ချစ်လုပ်နေသော soobinတို့သည် နောက်ပြဿနာများအားကြိုသိနိုင်စွမ်းတော့မရှိပါလေ။ -
.
.
.
Royal Love....🎥
Sence-6
"1! 2! 3! Action🎬"

Taehyun- အရှင်...။

Beomgyu- ပြောလေ bin....

Taehyun- အရှင်အတွက် ကျွန်တော်က ဘယ်လိုမျိုးအရာလည်းဟင်။

-ဘုရင်မင်းမြတ်၏ လက်မောင်းပေါ်ခေါင်းမှီကာ မေးခွန်းဆိုလာသော ဘင်း ခေါ် ရပ်ဝေးဒေသမှ သခင်လေး ဆို​ယောင်ဘင်း။ တနည်းအားဖြင့် လက်တွေ့ဘဝမှာတော့ သရုပ်ဆောင်နေသည့် Beomgyu နှင့် Taehyun။

Beomgyu- အဖိုးမဖြတ်နိုင်တဲ့အရာပါ bin။
မင်းကကိုယ့်အတွက် အရာအားလုံးထက်အရေးကြီးတယ်။

Taehyun- အရှင် ကျွန်တော့်ကိုချစ်လားဟင်။

Beomgyu- ချစ်တာပေါ့ binရယ်။
မင်းကိုချစ်လို့ နန်းတော်ကိုစွန့်ပြီးဒီကိုလိုက်လာတာပေါ့။

Taehyun- မိဖုရားကြီးကရော....သူက အရှင့်ရဲ့ ဧကရီလေ။

Beomgyu- တိုင်းပြည်ရဲ့ဧကရာဇ်တစ်ပါးမှာ ဧကရီမိဖုရားရှိနေတာမထူးဆန်းပါဘူး bin။ နန်းတက်လို့တော်ကောက်ရတဲ့အခါ ထိမ်မြှားလက်ထပ်ရမဲ့ မိဖုရားဆိုတာသက်မှတ်ထားပြီးသားပါ။ ချစ်ရတဲ့လူနဲ့ လက်ထပ်ရတယ် လက်မထပ်ရဘူးဆိုတာဘဲရှိတာ binလေးရဲ့။

Taehyun- ဒါဆို ကျွန်တော်မျိုးက အရှင့်ရဲ့ချစ်ရတဲ့လူလား။

Beomgyu- ဒါပေါ့ bin။ ကိုယ်တော်ချစ်တာ binလေးတစ်ယောက်တည်းကိုဘဲ ။

-တစ်ယောက်မျက်လုံးတစ်ယောက်ကြည့်ကာ သရုပ်ဆောင်နေသော beomgyuနဲ့ taehyunကိုကြည့်ကာ Da Bin Noonaကတော့ သူ့ဟာသူအားရနေသည်။ Juhoကတော့ စိတ်နှင့်လူနှင့်မကပ်။ -

"Cut!!"

Da Bin- ကောင်းနေပြီကို... ဘာလို့လည်း။

Juho- Da Bin shi!
ဇာတ်ညွှန်းကိုပြောင်းလိုက်ပါ။ ဇာတ်ကောင်So Young-Binက သူ့ရဲ့ဘုရင်မင်းမြတ်နဲ့ ကွဲကွာသွားရတယ်လို့။

Da Bin- ဘယ်လိုတောင်ရူးကြောင်ကြောင်နိုင်တာလည်း။မလုပ်ပေးနိုင်ဘူး။
မင်းခံစားချက်တွေကြောင့် ငါရဲ့ဇာတ်ညွှန်းကိုအောက်မကျစေချင်ဘူး။ ဒီကရမဲ့အမှတ်က ငါ့ရဲ့ နောက်ဆုံးနှစ်အတွက်အရေးကြီးတယ်။ ပထမတန်းကိုတက်ရဖို့ငါလိုအပ်တယ်။

Juho- ကျွန်တော် ဒီဇာတ်ညွှန်းကိုတာဝန်ယူထားရတဲ့ ဒါရိုက်တာပါ။ ကျွန်တော်ပြောတာဘဲ လီဒါဘင်းကလုပ်ရမှာလေ။

Da Bin- ဘယ်သူပြောလည်း။ ဒီဇာတ်ညွှန်းကိုအားလုံးသဘောတူလို့ ငါရေးခဲ့တာ။ ငါ့သဘောအတိုင်းပြောင်းလို့မရဘူး။

Juho- *ကျစ်*
ပြောရခက်လိုက်တာ ။
ပြန်စမယ်....kissingအပိုင်းကို သေချာအဆင်ပြေအောင်လုပ်ပေးပါ။

Beomgyu/taehyun- ဟုတ်ကဲ့။

1! 2! 3! Action....🎬

Taehyun- ဒါဆို ကျွန်တော်မျိုးက အရှင့်ရဲ့ချစ်ရတဲ့လူလား။

Beomgyu- ဒါပေါ့ bin။ ကိုယ်တော်ချစ်တာ binလေးတစ်ယောက်တည်းကိုဘဲ ။

-ခံစားချက်တွေကို ဖွင့်ဟထုတ်ပြောကာ အချင်းချင်း ချစ်ခြင်းသီဖွဲ့ထားသောမျက်ဝန်းများဖြင့်ကြည့်နေရင်း taehyun၏မျက်နှာနားသို့ beomgyuတိုး၍ကပ်လာခဲ့သည်။ taehyunကလည်း မျက်ဝန်းတွေကိုပိတ်ချလိုက်ပြီး beomgyu၏ hanbok(ရိုးရာဝတ်စုံ) အစကိုကိုင်ထားသည်။ နှုတ်ခမ်းသားနုနုလေးကို ထိကပ်လိုက်ပြီး သူကိုယ်တိုင်တောင်မသိဘဲ ကိုက်လိုက်မိသည်။ ထိုအချိန် taehyun၏ ရင်ခုန်သံတွေဟာ တလှပ်လှပ်ဖြင့်။ ဒါဟာ ပြင်ပကသူတို့မဟုတ်ဘဲ ဇာတ်ကောင် ဆိုယောင်ဘင်းနှင့် သူ၏အရှင်မင်းမြတ်သာ။ -

"Cut!"

Juho- ကောင်းတယ်။
ဒါဘဲ ယူကြတာပေါ့...။
နောက်တစ်ခန်းစမယ်။ sence-8ကို ရိုက်မယ်။ ပြင်ဆင်ထားကြ။

-juhoအသံကြားမှ taehyunနှုတ်ခမ်းကိုလွှတ်ပေးလိုက်မိသည်။ ဟိုကလေးကတော့ အသက်ရူနေတာ ပါးစပ်လေး ဟဟလေးဖြစ်နေသည်။ -

Da Bin- ပင်ပန်းသွားပြီ ။
တော်ကြလွန်းလို့ အစ်မတောင်မျှောသွားတာ။ ဒါဆိုမြန်မြန်လေးအဝတ်စားလဲပြီး beomgyuက နောက်တစ်ခန်းစလိုက်မလား။ taehyunက ခဏနားနေဦးလေ။

Taehyun- ဟုတ်ကဲ့ အစ်မ။
Hyung Fighting!!!

-သေးသေးကွေးကွေးလေးဖြင့် အဝတ်လေးထဲမြှုပ်နေသောသူက သူ့ကိုအားပေးသွားပါသည်တဲ့လေ။ ကြည့်လေ၊ ကြည့်လေ ချစ်စရာကောင်းလာသည်ထိုလူသားကြောင့် သူပုံစံတွေမမှန်တော့တာ မထူးဆန်းပေ။ -
.
.
.
Royal Love
Sence-8
1! 2! 3! Action....🎬

Boram- အရှင်ပြန်လာလို့ ဝမ်းသာပါတယ်။
အဲ့ကောင်လေးဆီထပ်သွားချင်ရင်လည်း ကျွန်တော်မျိုးမ ခွင့်ပြုတဲ့အတွက် အရှင်စိတ်မပူပါနဲ့။

Beomgyu- နားလည်ပေးလို့ကျေးဇူးပါ မိဖုရား။

Boram- မလိုအပ်ပါဘူး အရှင်။
ကျွန်တော်မျိုးမက အရှင်စိတ်ချမ်းသာရင်ရပါပြီ။

-နန်းဆောင်အတွင်း အကြမ်းရည်သောက်ကာ စကားပြောနေကြသော သူတို့မှာ ဧကရီနှင့် ဧကရာဇ်အတွဲညီလှပါသည်။ မိဖုရားသည်လည်း အေးချမ်းသည့်အသွင်ဆောင်သည်။ -

Hyunjin- အရှင်....အရှင် ပြဿနာတက်ပါပြီ။ "

Beomgyu- ဘာဖြစ်လာတာလည်း။ "

Hyunjin- သခင်လေးဆို...."

Beomgyu- ဘင်းဘာဖြစ်လို့လည်း။ "

Hyunjin- ဓားပြတပ်တွေက လာရောက်တိုက်ခိုက်ပြီး သခင်လေးနဲ့ သူ့ရဲ့ ကိုယ်ရံတော်နှစ်ယောက်ကို ဖမ်းခေါ်သွားပါတယ်။ "

Beomgyu- ဘာ!
သွားကြမယ်။

-ချက်ချင်းပင် ဓားဆွဲကာ ထွက်သွားသော ဧကရာဇ်ကြောင့် စစ်သူကြီးမှာနောက်ကလိုက်ရပြန်သည်။ မိဖုရားGooသည်လည်း စိတ်ပူနေရပြန်သည်။-

"Cut!"

Juho- ဒီနေ့ သရုပ်ဆောင်တာအဆင်ပြေနေကြပါလား။ ဒါဆို နောက်senceတစ်ခုလောက်ရိုက်ပြီးရင် shooting breakမယ်။ OKလား။

All- Nae~
ရပါတယ်။

Juho- ဒါဆိုရင်....အခုtaehyun beomgyuရိုက်ဖို့ကျန်နေတဲ့ senceက နှစ်ခုနော်။ sence-10နဲ့ sence-11....

Taehyun- ဟုတ်ပါတယ် ။

Juho- ဒါဆို da binက felixနဲ့ kaiကိုဖုန်းဆက်ခေါ်ပေးပြီး အကူညီတောင်းလိုက်ပါလား။

Da Bin- သိပါပြီ juho shi!

Juho- ကျွန်တော် နားနေဆောင်ထဲမှာရှိနေမယ်နော်။ မိနစ်သုံးဆယ်နေရင် ပြန်စမယ်။

All- Nae~
.
.
.
Da Bin- Hello!
Felix....မင်းနဲ့kaiနဲ့ ရိုက်ဖို့ senceတစ်ခုကျန်သေးတယ်မလား။ အဲ့ဒါဒီနေ့ရိုက်လိုက်လို့မဆင်ပြေမလား။

Felix- အာ.....ကျွန်တော်ကရပေမဲ့ kaiက အတန်းတက်နေတော့ ကျွန်တော်သွားမေးလိုက်ဦးမယ်။

Da Bin- ဒါဆို အကူညီတောင်းပါတယ် felixရေ။
တကယ်လို့လာဖြစ်ရင် အမကိုဖုန်းပြန်ဆက်ပေးနော်။

Felix- ဟုတ် Noona...

-Da Bin Noonaနဲ့ဖုန်းချပြီးတော့ အတန်းထဲကနေထွက်လာပြီး Modelling Majorဘက်ကို ခြေဦးလှည့်ရတော့သည်။ ဟိုရောက်ပြန်တော့ kaiကမရှိ။ ဒါနဲ့ ကန်တင်းကိုလိုက်သွားရသည်။ -

Felix- လိုက်ရှာလိုက်ရတာ kaiရယ်။

Kai- waeyo? Felix hyung

Felix- ငါတို့ရိုက်ဖို့ကျန်တဲ့senceကို အခုရိုက်မလို့ရမလားတဲ့။ အဆင်ပြေရင် လာခဲ့ပါတဲ့။

Kai- ဟွန့်....အေးဆေးနားချင်ပါတယ်ဆို။

Felix- နောက်နေ့မှရိုက်မလား။
တိုက်ရခိုက်ရတော့မယ်လေ။ ရပါ့မလား။ စားထားပြီးတော့....

Kai- ဟာ...ကျွန်တော်မစားရသေးပါဘူး။ မှာထားတုန်းရှိသေးတာ။ အေးပေါ့...စောစောပြီးတော့လည်း စီနီယာ yeonjunကိုသွားကြည့်ချိန်ရတာပေါ့။ သွားကြမယ်။

Felix- အွန်း....။
သွားကြမယ်။
.
.
.

----------------
*Forever*

နက်ဖြန်ကျမှ ထပ်upပေးမယ်နော်။
တန်းလန်းကြီးထားခဲ့ပါရစေ။ 😁

#Jerry

Continue Reading

You'll Also Like

271K 17.6K 75
ជុងគុក"ស្នេហាមួយនេះកើតឡើងដោយការជួបគ្នាដោយចៃដន្យរវាងបងនិងអូនតែប៉ុណ្ណោះ តែវត្តមានរបស់អូនដែលចូលមកក្នុងជីវិតរបស់បង គឺដូចជាពន្លឺដែលរះបំភ្លឺបងអោយចេញពីភាពងង...
110K 4.8K 46
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
10.4M 457K 62
"Spread your legs for a lollipop." #5 in FANFICTION✓ © sujinniie 2019-2020 ✓
154K 22.1K 16
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."