Unicode
အခန်း(၃၆၆) - မက်မွန်သီးလက်ဆောင်
"ကျွတ်စ်" မဟာအကြီးအကဲ ဟွိုင်ယွီက သူ့မေးသူ ထိလိုက်ကာ
"ငါက မင်းအစ်ကိုကြီးကို ပိုပြီးလေ့လာစေချင်ယုံပဲလေ။ အဲ့ဒီလိုပြောမှ ငါ့စီနီယာအစ်ကိုကြီးက မင်းကို ဘာတွေများ သင်ပေးနေလို့လဲ? သူက ဓားသိုင်းလမ်းကြောင်းကိုတောင် ကျင့်ကြံတာ မဟုတ်ဘူးလေ အဲ့ဒါကြောင့် မင်းကို ဘာအကြံမှ ပေးနိုင်မှာ မဟုတ်လောက်ဘူး မှတ်လား?"
လင်ရွှမ်းဇီက ခဏလောက် စဉ်းစားလိုက်သည်။
"ဆရာက ကျွန်တော့ကို ဓားသိုင်း မသင်ပေးပေမယ့် လမ်းညွှန်ထောက်ပြမှုတွေတော့ အများကြီး လုပ်ပေးပါတယ်"
မဟာအကြီးအကဲ ဟွိုင်ယွီက မျက်ခုံးပင့်လိုက်ပြီး လင်ရွှမ်းဇီအား မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် ကြည့်လာသည်။
"သူ တပည့်တွေ မွေးတာက မင်းအပါအဝင် အားလုံးက အပျော်သက်သက်ပဲ။ သူ့မှာ ရှိတဲ့ ဘယ်တပည့်ကိုများ သူတို့ကြိုက်တာလုပ်ပြီး သူ့တို့ဘာသာ လေ့ကျင့်ခွင့် မပြုထားတာမို့လို့လဲ?"
လင်ရွှမ်းဇီက အပြုံးလေးဖြင့် ပြန်ဖြေသည်။
"ဆရာက စစ်တုရင် ကစားဖို့အတွက် ကျွန်တော့်ကို ရှာတယ် ပြီးတော့ သူ့နည်းဗျူဟာတွေက အရမ်းနက်နဲလွန်းတယ်။ သူနဲ့ စစ်တုရင် ကစားပြီးတာနဲ့ အမြဲတမ်း ဉာဏ်အလင်း ပွင့်သွားတာကြီးပဲ။ အရင်တုန်းက နားမလည်ခဲ့တဲ့ အရာမှန်သမျှကို နောက်ပိုင်းမှာ အမြဲတမ်း နားလည်သွားတယ်လေ"
မဟာအကြီးအကဲ ဟွိုင်ယွီသည် မနေနိုင်စွာပင် နှုတ်ခမ်းကို ကိုက်လိုက်ပြီး လင်ရွှမ်းဇီအား သံသယဖြင့် ကြည့်လာလေသည်။
"မင်းကို သင်ပေးနိုင်သမျှ အားလုံးထဲမှာမှ သူက မင်းကို နည်းဗျူဟာတွေ သင်ပေးတယ်ပေါ့။ ဒါဆို သူနဲ့အတူ စစ်တုရင် ကစားရင် အချိန်ဘယ်လောက်ထိ ကြာတတ်လဲ?"
လင်ရွှမ်းဇီက ပြန်ဖြေသည်။
"ပထမပွဲက ဆယ်ရက်ကြာပြီး ဒုတိယပွဲက ဆယ့်ငါးရက်ကြာတယ်"
မဟာအကြီးအကဲ ဟွိုင်ယွီ, "... တော်တော်ကြာတာပဲ, မင်းက တကယ် စိတ်ရှည်တယ်"
လင်ရွှမ်းဇီက ခေါင်းညိတ်ပြသည်။
"ဒါက တော်တော်လေးတော့ ကြာတယ်လို့ ကျွန်တော်လည်း ထင်တယ်။ ဒါပေမဲ့ မသိလိုက်ပဲ အချိန်တွေက အမြဲတမ်း ကုန်ဆုံးကုန်တာဆိုတော့ ကျွန်တော်တောင် သတိမထားမိလိုက်ဘူး။ ကြည့်ရတာ ဆရာဦးလေးလည်း ဆရာနဲ့အတူ စစ်တုရင် ကစားဘူးတယ်နဲ့ တူတယ်နော်"
မဟာအကြီးအကဲ ဟွိုင်ယွီ၏ မျက်နှာက အကြောက်တရားများနဲ့ ပြည့်နှက်သွားပြီး လက်ကို ခါယမ်းပြလာသည်။
"အဲ့ဒီအကြောင်း မပြောကြရအောင်, အဲ့ဒီနှစ်တုန်းက ငါ့ရဲ့ စီနီယာအစ်ကိုကြီးက ငါ့ရဲ့ ဝေဖန်ပိုင်းခြားမှု အတွေးအခေါ်ကို မြှင့်တင်ဖို့အတွက်ဆိုပြီး သူနဲ့ အတူ စစ်တုရင် ကစားခိုင်းတယ်လေ။ အဆုံးကျတော့ တစ်နာရီအတွင်း မျှော်လင့်ချက် ကင်းလောက်အောင် အရှုံးပေးလိုက်ရလို့ ငါ့ကို ဂရုမစိုက်ရ ကောင်းလားဆိုပြီး ဆူပူတဲ့အပြင် အပြစ်ပေးတဲ့ အနေနဲ့တောင် တောင်ပေါ်မှာ ဝါးသွားခုတ်ခိုင်းသေးတယ်....မင်းအဲ့ဒီလို ဝါးမျိုး တွေ့ဖူးမှာ မဟုတ်ဘူး။ အဲ့ဒီ ဝါးမြစ်တွေက ဘယ်လောက်တောင် ကြာကြာ ကြီးထွားရှင်သန်နေလဲ ဘယ်သူသိမှာလဲ ခုတ်ရတာ ကြောက်စရာ ကောင်းလောက်အောင် မာတယ်"
ယန်ထျန်းဟန်က ရယ်သည်။
"ကျွန်တော့်အစ်ကိုကြီးက ဆရာတူဦးလေးနဲ့ ဆယ်ရက်တောင် စစ်တုရင် ကစားနိုင်တဲ့ အချိန်မှာ ဆရာကတော့ တစ်နာရီပဲ ကစားနိုင်တယ်။ တစ်ချက်ကြည့်တာနဲ့တင် ဆရာက လုံလောက်တဲ့ အာရုံစိုက်မှု မရှိဘူး မလေးနက်ဘူး ဆိုတာ ပြောနိုင်တဲ့ဟာ ဆရာတူဦးလေးက စိတ်ဆိုးမှာပေါ့"
"မင်းဘာသိလို့လဲ?" မဟာအကြီးအကဲဟွိုင်ယွီက ယန်ထျန်းဟန်အား မျက်လုံးများ မှေးစဉ်း၍ ကြည့်လာသည်။
"ပုံမှန်လူတွေ ငါ့စီနီယာအစ်ကိုကြီးနဲ့ စစ်တုရင် ကစားတဲ့ အချိန်ဆိုရင် အမွှေးတိုင် တစ်တိုင်ထွန်းစာ လက်ဖက်ရည်ကြမ်း တစ်ခွက်စာတောင် မကြာဘူး အကြမ်းဖျင်းတော့ နှစ်နာရီကနေ လေးနာရီ အတွင်းလောက်ပဲ။အဲဒီတုန်းက ငါ့ရဲ့ စီနီယာအစ်ကိုနဲ့ သုံးရက်ထက်ပိုပြီး ဂိမ်းကစားနိုင်သူက နည်းနည်းပဲ ရှိတာ အဲ့ဒါကြောင့်— "
မဟာအကြီးအကဲ ဟွိုင်ယွီက လင်ရွှမ်းဇီအား မေးနဲ့ ညွှန်ပြသည်။
"ကောင်လေး, မင်းက တော်တော်လေး အထင်ကြီးဖို့ ကောင်းတာပဲ"
ထိုသို့ပြောသော်လည်း မဟာအကြီးအကဲ ဟွိုင်ယွီက သူ့ဘာသာသူ တိတ်တဆိတ် ရေရွတ်မိသည်သာ။
ဒီကောင်လေးက သူ့စီနီယာအစ်ကိုနဲ့ ဒီလောက် ကြာအောင် စစ်တုရင် ကစားနိုင်တယ်ဆိုတော့ သူက နားမလည်နိုင်တဲ့ စိတ်ရှိပြီး မှန်းဆလို့မရတဲ့ အကြံသမား တစ်ယောက်ဆိုတာကို သက်သေပြနေတယ်။ သူ့စီနီယာအစ်ကိုကြီးရဲ့ စိတ်ကတောင် မှန်းဆ မရလောက်အောင် လုံလောက်နေပြီ။ သူ့ဘက်က ခြေတစ်လှမ်း လှမ်းရင် သူ့အစ်ကိုကြီးက ခြေလှမ်းတစ်ရာစာလောက် ကြိုမြင်နိုင်နေလိမ့်မယ်။ ဒီကောင်လေးက သူ့စီနီယာအစ်ကိုလောက် မထက်မြက်ရင်တောင် သေချာပေါက် ပိုမဆိုးဘူး။
အကယ်၍ ဒါကို ရန်သူဆီမှာ အသုံးချရင်တော့ သေချာပေါက် ကောင်းတဲ့အရာပဲ။ ဒါပေမဲ့ သူက အဲ့ဒါကို ငါ့ရဲ့ မိုက်မဲလောက်အောင် ညင်သာသိမ်မွေ့ပြီး ချိုမြိန်တဲ့ အားဟန်လေးအပေါ် သုံးမှာပဲ စိုးမိတယ်။
ဒါပေမဲ့လည်း...
ဟွိုင်ယွီသည် ယန်ထျန်းဟန်နဲ့ ပရောပရည် လုပ်နေသည့် လင်ရွှမ်းဇီအား အေးစက်စက် ကြည့်လိုက်ပြီး မျက်လုံးသာ လှန်ပစ်ချင်မိတော့သည်။
လင်ရွှမ်းဇီက ပြုံးရင်းဖြင့် ယန်ထျန်းဟန်ရဲ့ မျက်နှာသေးသေးလေးအား လက်ခုပ်ဖြင့် အုပ်ကိုင်ထားကာ သူ့ကိုယ်သူ တွေးမိလေသည်။
ဘယ်လိုပဲ ဖြစ်ဖြစ် ငါက နှစ်ထောင်ချီတဲ့ ဝိညာဉ်ပြားနဲ့ ပါဝင်ပတ်သတ်နေတဲ့ လူပဲလေ။ အကယ်၍ ငါသာ မဟာအကြီးအကဲ လန်ယွဲ့နဲ့ ဆယ်ရက် ဒါမှမဟုတ် လဝက်လောက် မခံဘူးဆိုရင် အဲ့ဒီ နှစ်ထောင်ပေါင်းများစွာက အလဟသ ကုန်ဆုံးသွားသလို ဖြစ်နေမှာပေါ့။
ဝိညာဉ်ပြားက လက်မှုအတတ်သာမကပဲ အသိပညာလည်း ပြည့်စုံသူဖြစ်ကာ လျှို့ဝှက်စာအုပ်များလည်း များစွာ ရှိသည်။ အရင်တုန်းကတော့ လင်ရွှမ်းဇီက လက်မှုအတတ်အပေါ် စိတ်ပူပန်မိတဲ့ အခါတိုင်း ထိုသူက အမြဲတမ်း ထိုင်နေပြီး စာအုပ်တစ်ချို့ကို ဖတ်နေလေ့ရှိသည်။
"ဆရာဦးလေး" လင်ရွှမ်းဇီက မေးသည်။
"ပြောင်းရွှေ့စိုက်ထားတဲ့ မက်မွန်ပင်ရော အခြေအနေ ဘယ်လိုလဲ?"
အမဲလိုက်တောင်ကုန်းကနေ ဟွိုင်ယွီတူးလာသည့် မက်မွန်ပင်အကြောင်း ပြောတဲ့အခါမှာ သူက ဒေါသဖြင့် ဆူပွက်လာတော့သည်။
"အဲ့ဒီ စိတ်ပျက်စရာသစ်ပင်ကြီးကလေ! ငါ့မှာ သူ့ကို တောထဲကနေ ဝီရိယစိုက်ထုတ် သယ်လာခဲ့ပြီး တစ်လျှောက်လုံးလည်း ဂရုတစိုက် ထားထားခဲ့တာ။ အဲ့ဒီ မက်မွန်သီးပင်က သုံးရက်တောင် မခံဘူးဆိုတာ ဘယ်သူသိမှာလဲ။ သူက ညှိုးနွမ်းလာပြီး ငါဘာပဲ လုပ်လုပ် ကယ်တင်လို့ မရတော့ဘူး။ ပြီးတော့ အရမ်းကို နူးညံ့လွန်းလို့ အရင်တုန်းကလည်း ဘယ်လို ကြီးထွားလာတာလဲဆိုတာတောင် မသိတော့ဘူး "
လင်ရွှမ်းဇီသည်လည်း ဒါကို သဘာဝကျစွာ တွေးမိပေမယ့် ထိုမက်မွန်သီးအား မဟာအကြီးအကဲ ဟွိုင်ယွီကို ပေးရန်အတွက် အကြောင်းပြချက် ကောင်းကောင်း ရှာဖို့ လိုအပ်နေခဲ့တာဖြစ်သည်။
သေချာပေါက် ဟွိုင်ယွီကတော့ လင်ရွှမ်းဇီက သူ့ကို ထို မက်မွန်သီး ပေးချင်ရုံအတွက်နဲ့ ဒီလောက်ထိ အားစိုက်ထုတ်ခဲ့မယ်ဆိုတာ ဘယ်သိပါ့မလဲ။ သူက သူ့မက်မွန်သီးအတွက် အလွန်တရာ ဝမ်းနည်းပူဆွေးနေရုံသာ တတ်နိုင်သည်။ သူ့အမူအယာက ယန်ထျန်းဟန် မပျော်မရွှင် ဖြစ်နေတဲ့ အချိန်က အမူအယာနဲ့ တစ်ပုံစံတည်းပဲ။
မဟာအကြီးအကဲ ဟွိုင်ယွီက အားဟန်ရဲ့ အဖေ ဖြစ်နိုင်တယ် ဆိုတဲ့အကြောင်း သိထားကတည်းက လင်ရွှမ်းဇီသည် ဟွိုင်ယွီအား တွေ့တိုင်း သူတို့ကြားက တူညီမှုကို ရှာဖွေရာမှာ ပိုပြီး အာရုံစိုက်ထားခဲ့သည်။
ပထမအကြည့်က အရေးမကြီးပေမယ့်လည်း သူပိုပြီး ကြည့်လေလေ သူတို့ကြားက သဘောထားများက ဆင်တူနေပြီး သူတို့ရဲ့ ဒေါသများသည်ပင် အတူတူ ဖြစ်နေသည်ဟု ခံစားရသည်။ အဲ့ဒါက ဒီအတိုင်း မဟာအကြီးအကဲ ဟွိုင်ယွီရဲ့ မျက်နှာက အတုအယောင် ဖြစ်နိုင်ပေမယ့် ယန်ထျန်းဟန်ရဲ့ မျက်နှာကတော့.....ဒါက ပြောနေစရာတော့ မလိုပါဘူး အထူးသဖြင့် သူ့ရဲ့ မူလအသွင်အပြင်က အက်ကြောင်းတွေနဲ့ ဖုံးလွှမ်းနေတဲ့ အချိန်မျိုးမှာပေါ့။
ဒါကြောင့်လည်း အသွင်အပြင်နဲ့ ပတ်သတ်ရင်တော့ နှစ်ယောက်က ဆင်တူစရာ လုံးဝကို မရှိဘူးလေ
"ငါ့အတွက် မက်မွန်သီး သွားရှာပေးဦး" မဟာအကြီးအကဲ ဟွိုင်ယွီက အရှက်မရှိ တောင်းဆိုသည်။
ယန်ထျန်းဟန်ကတော့ ရယ်စရာကောင်းတယ်ဟု ခံစားရလေသည်။
"ဘာလို့ ကျွန်တော့် အစ်ကိုကြီးက ရှာပေးရမှာလဲ?"
ဟွိုင်ယွီက မျက်နှာသေဖြင့်သာ
"သူနဲ့ မက်မွန်သီးက ကံကြမ္မာတိုက်ဆိုင်တယ်။ အရင်တစ်ခေါက်က မက်မွန်သီးတွေကို သူပဲ ငါ့အတွက် ရှာတွေ့သွားတာ ဆိုတော့ အကယ်၍ ဒီတစ်ခေါက် ထပ်သွားရှာရင်လည်း သူ သေချာပေါက် ရှာနိုင်လိမ့်မယ်"
ယန်ထျန်းဟန်, "......"
ဒါက ကံကြမ္မာ ဘယ်လို အလုပ်လုပ်လဲ ဆိုတာ မဟုတ်ဘူး။အဲဒါက ရှုပ်ပွနေတဲ့ ယုတ္တိဗေဒကြီး
လင်ရွှမ်းဇီကတော့ ဟွိုင်ယွီအား ပေါ့ပေါပါးပါး တစ်ချက် ကြည့်သည်။
"အရင်တစ်ခေါက်က မတော်တဆ ရှာတွေ့တာ။ ဒီတစ်ခေါက်တော့ ကျွန်တော့်ရဲ့ ကံကောင်းမှုကိုပဲ ကြိုးစား ကြည့်ရမှာဆိုတော့ နောက်တစ်ခု ရှာတွေ့နိုင်ပါ့မလားဆိုတာ အာမ မခံနိုင်ဘူး"
မဟာအကြီးအကဲ ဟွိုင်ယွီက ခေါင်းညိတ်ပြပြီး လက်ကို ခါယမ်းပြသည်။
"သွားတော့ သွားတော့, အကယ်၍ မက်မွန်သီး ရှာမတွေ့ဘူးဆိုရင် တစ်ခြားအသီးတွေ ရှာခဲ့လည်းရတယ်။ ဒါဆို မင်းပြန်မလာတော့မှာကို ရှောင်ရှားနိုင်တာပေါ့ အဲ့ဒီအချိန်ဆို ငါလည်း အတွေ့အကြုံ ပြန်ပြောရမယ့်သူ တစ်ယောက်မှ မရှိလောက်တော့ဘူး"
လင်ရွှမ်းဇီ, "......"
ယန်ထျန်းဟန်, "......"
နတ်ဆိုးအသျှင်ယိုမင်းရဲ့ စရိုက်က သိပ်မကောင်းဘူးလို့ သူတကယ် ထင်မိတယ်
အကယ်၍ မင်းသာ ဒီလိုအပြုအမူမျိုးလုပ်ရင် သေချာပေါက် အရိုက်ခံရမှာပဲ!
သူ့စိတ်ထဲမှာ မတူညီသည့် မြင်ကွင်းများ ပြည့်နှက်နေသော်လည်း မဟာအကြီးအကဲ ဟွိုင်ယွီကပြောလာပြီ ဖြစ်တာကြောင့် လင်ရွှမ်းဇီမှာ ယန်ထျန်းဟန်အား ခေါ်ပြီး အမဲလိုက် တောင်ကုန်းသို့ သွားရုံသာ ရှိတော့သည်။
မကြာခင်မှာပင် လင်းချီကုနဲ့ ဖုန်ကျင်းယွီတို့ သူတို့ရှေ့မှာ ပေါ်လာသည်။
ဖုန်ကျင်းယွီက လင်းချီကု၏ ပုခုံးပေါ်မှာ နားနေ၏။
"ဒီဘုရင်က ကောင်းကောင်း ပုန်းနိုင်လို့ တော်သေးတာပေါ့ ဟွိုင်ယွီဆိုတဲ့လူရဲ့ ရှာတွေ့မှုကို မခံရဘူး။ မင်းတို့နှစ်ယောက်က အရမ်းလွန်လွန်းတယ်နော်။ သူတစ်ယောက်တည်းကို အမဲလိုက်တောင်ကုန်းဆီ လာပြီး မက်မွန်သီး ရှာခိုင်းလိုက်တယ်— အဲ့ဒီ မက်မွန်သီးတွေက အရမ်း အရသာရှိပေမယ့်လည်းပေါ့။ ဘယ်လို ကံကြမ္မာကောင်းကြောင့်များ ဒီအမဲလိုက် တောင်ကုန်းက အဲ့ဒီလို ချစ်စရာကောင်းတဲ့ မက်မွန်ပင်မျိုး ရှင်သန်စေနိုင်တာလဲ မသိဘူး"
ဖုန်ကျင်းယွီက မက်မွန်သီးတစ်ချို့ကို စားခဲ့ပြီး ထိုအရာမှ အကျိုးကျေးဇူး မြောက်မြားစွာ ရရှိခဲ့တာ သိသာလှပေသည်။ ထိုအကြောင်းအား ပြောရုံဖြင့်ပင် နောက်ဆက်တွဲ ထင်ကျန်နေသည့် အရသာကို ခံစားလို့ ရနေဆဲ ဖြစ်တာကြောင့် သူ့နှုတ်သီးလေးကို ဟစိဟစိ မလုပ်ပဲ မနေနိုင်တော့။
လင်းချီကုကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဘာမှ စားလို့ မရဘူးဆိုတော့ ထားလိုက်ပါတော့။
အရသာရှိတဲ့ အရာကို စားရဖို့ သိပ်ကံမကောင်းဘူးပဲ
ယန်ထျန်းဟန်က ဆွံအသွားမိသည်။
"အဲ့ဒီအကြောင်း မပြောကြရအောင်။ ငါ့ဆရာက အစ်ကိုကြီးကို နောက်ထပ် မက်မွန်ပင် တစ်ပင် ထပ်ရှာခိုင်းလိုက်ပြန်ပြီ"
ဖုန်ကျင်းယွီက ခေါင်းလေးစောင်းကာ ကြည့်လာသည်။
"မရှာတာပိုကောင်းလိမ့်မယ်။ အကယ်၍ နောက်တစ်ပင်သာ ရှာတွေ့ရင် အဲ့ဒီဟွိုင်ယွီက သေချာပေါက် သူ့အတိတ် အတွေ့အကြုံကြောင့် သစ်ပင်ကို ထပ်ရွှေ့ချင်မှာ မဟုတ်တော့ဘူး။ အဲ့ဒါဆို ဒီကို အကြိမ်ပေါင်းများစွာ အခေါက်ခေါက် အခါခါ လာနေလိမ့်မယ်။ ဒါဆို အနှေးနဲ့အမြန် လင်းချီကုနဲ့ငါက သူ့ဆီမှာ ရှာတွေ့သွားမှာ"
ယန်ထျန်းဟန်က ခေါင်းညိတ်သည်။
"ငါတို့သေချာပေါက် ထပ်ရှာလို့ မဖြစ်ဘူး အကယ်၍ ရှာတွေ့ရင်တောင်မှ သေချာပေါက် သူ့ကို ပြောလို့ မဖြစ်ဘူး"
လင်ရွှမ်းဇီက ကြားဖြတ်ပြောသည်။
"ဒီတောင်ပေါ်မှာ အဲ့ဒီလို အပင်မျိုး ရှာတွေ့တာကတင် တော်တော်လေး အံ့သြစရာ ဖြစ်နေပြီဟာကို ဘယ်လိုလုပ် ဒုတိယတစ်ပင်ကို လွယ်လွယ် ရှာတွေ့နိုင်မှာလဲ? အကယ်၍ လူတွေသာ အဲ့ဒီအကြောင်း သိသွားရင် ဒီတောင်တစ်ခုလုံး နှိုက်နှိုက်ချွတ်ချွတ် အရှာခံရမှာ မဟုတ်ဘူးလား?"
ဖုန်ကျင်းယွီနဲ့ ယန်ထျန်းဟန်တို့က တညီတညွတ်တည်း ခေါင်းညိတ်လိုက်သည်။
လင်းချီကုက ဒါကိုမြင်သောအခါ သူသည်လည်း တိတ်တဆိတ်ဖြင့် ခေါင်းလေးကို အနည်းငယ် လှုပ်ရှားပြလေသည်။
ဖုန်ကျင်းယွီ, "......"
ဖုန်ကျင်းယွီက မေးသည်။
"နတ်ဆိုးသားရဲ အင်္သေချေတောအုပ်ကို ဘယ်အချိန်လောက် ခရီးထွက်ဖို့ စီစဉ်ထားလဲ?"
လင်ရွှမ်းဇီက ပြန်ဖြေသည်။
"ရက်နှစ်ဆယ်အတွင်း"
ဖုန်ကျင်းယွီက လင်းချီကုကို ပြန်ကြည့်သည်။
"ငါထင်တာတော့ အားကုကိုပါ မင်းတို့နဲ့ အတူတူ ခေါ်သွားသင့်တယ် အဲ့ဒါဆို ငါလည်း တွန့်ဆုတ်စွာနဲ့ နောက်က လိုက်လာပေးရမှာပေါ့"
လင်ရွှမ်းဇီက ဖုန်ကျင်းယွီအား စိုက်ကြည့်လိုက်ပြီး အချိန်အတော် ကြာသည်အထိ စကားမပြောပေ။
ဖုန်ကျင်းယွီက ထပေါက်ကွဲတော့သည်။
"မင်းက ဘာလို့ ဒီဘုရင်ကို လာစိုက်ကြည့်နေတာလဲ? ေ ကြာက်စရာကောင်းအောင်လို့"
လင်ရွှမ်းဇီက နက်ရှိုင်းလှသည့် အဓိပ္ပါယ်ဖြင့် ပြောလာသည်။
"မင်း လင်းချီကုကို မသိချင်ယောင် ဆောင်နေတာ ရပ်လိုက်လိမ့်မယ်လို့ မထင်ထားမိဘူး"
ဖုန်ကျင်းယွီက မျက်လုံးလှန်ပြသည်။
"မင်းက အကုန်မြင်ပြီးနေပြီပဲဟာ။ ငါဆက်လုပ်နေရင် ငါပဲ ဟာသကြီး ဖြစ်သွားမှာပေါ့"
ယန်ထျန်းဟန်က ဉာဏ်အလင်း ပွင့်သွားသလိုမျိုး လှမ်းကြည့်လာသည်။
"မောက်မောက်, အဲ့ဒီတော့ မင်းက အရင်တုန်းကတည်းက အားကုကို သိတာပေါ့"
ဖုန်ကျင်းယွီက စူးခနဲ တစ်ချက် တွန်လိုက်ပြီး လင်းချီကု၏ နားရွက်အား ရိုက်လိုက်သည်။
"ဒီဘုရင်နဲ့ သူနဲ့က အချင်းချင်း သိရုံတင်မကဘူး တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ နက်ရှိုင်းတဲ့ ဆက်နွယ်မှုလည်း ရှိတယ်။အဲဒါက ဘာလဲဆိုတာ အတိအကျတော့ ဒီဘုရင်က လောလောဆယ် အသေးစိတ် ပြောပြမှာ မဟုတ်ဘူး။"
လင်းချီကုက သူ့ခေါင်းကို လှည့်လာပြီး ဖုန်ကျင်းယွီအား သူ့ရဲ့ နက်မှောင်သော မျက်လုံးတစ်စုံနှင့် တိတ်တဆိတ် စိုက်ကြည့်နေသည်။ တစ်နည်းနည်းနဲ့ လင်းချီကု၏ ပုံမှန်အေးစက်သော မျက်လုံးထဲမှာ နူးညံ့ညင်သာမှု တစ်ချို့ ရှိနေသလိုမျိုး ယန်ထျန်းဟန် ခံစားလိုက်ရလေသည်။
လင်ရွှမ်းဇီက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "မင်း ငါတို့နဲ့ လိုက်ခဲ့မယ်ဆိုရင် အလားအလာကောင်းဖို့က ပိုပိုများလိမ့်မယ်"
ဖုန်ကျင်းယွီက ကြီးစွာသော အောင်ပွဲကို ခံယူနေသလိုမျိုး ပြောလာ၏။
"ပေါက်ကရတွေ, ဒီဘုရင်သာ လှုပ်ရှားလိုက်တာနဲ့ တစ်ခုခုရှိလား မရှိလား သိသွားစေရမယ်"
လင်ရွှမ်းဇီက မေးသည်။
"မင်းရဲ့ ကျင့်ကြံဆင့် ပြန်ကောင်းဖို့ကရော ဘယ်လိုနေသေးလဲ?"
ဖုန်ကျင်းယွီက သူ့ခေါင်းလေးအား သူ့အတောင်ပံနဲ့ ထောက်ထားလိုက်သည်။
"ပြန်ကောင်းလုနီးပါးပဲ။ ဒါပေမဲ့ မင်းနဲ့ ဖြေရှင်းဖို့အတွက်တော့ လုံလောက်ပါသေးတယ်"
လင်ရွှမ်းဇီက ခေါင်းညိတ်သည်။
"ဒါဆို ငါစိတ်ချနိုင်ပြီ။ အနည်းဆုံးတော့ ငါတို့ တောထဲ ဝင်တဲ့အချိန်မှာ မင်းက ငါတို့ကို နောက်ပြန်မဆွဲတော့ဘူးပေါ့"
ဖုန်ကျင်းယွီ, "......"
မကြာခင်မှာပဲ ဖုန်ကျင်းယွီက လင်းချီကုအား ခေါ်ကာ သစ်တောနက်နက်ထဲ တိုးဝင်သွားပြီး ဒီနေ့ရဲ့ လုယက်မှုကို စုဆောင်းတော့မယ်ဟု ပြောသွားလေသည်။
ယန်ထျန်းဟန်က ဒီအချိန်အား အခွင့်အရေးယူ၍ လင်ရွှမ်းဇီ၏ ဝိညာဉ်ပြားထဲ ဝင်သွားလိုက်၏။ သူအထဲ ရောက်သွားသည့် တစ်ခဏမှာပင် အရောင်မျိုးစုံနှင့် ပုံစံမျိုးစုံရှိသော ဝိညာဉ်ပင်များကို မြင်နိုင်ပေသည် ။
အထဲမှာ ရင့်မှည့်နေပြီဖြစ်သော ဝိညာဉ်ပင် နှစ်ဧကစာရှိသည်။ သို့သေ်ာလည်း ယန်ထျန်းဟန်ရဲ့ ဝိညာဉ်စိုက်ခင်းထဲမှာတော့ မဟာအကြီးအကဲ ဟွိုင်ယွီ၏ ဝိညာဉ်စိုက်ခင်းထဲမှ ခိုးယူထားသော အဆင့်အတန်းမြင့် ဝိညာဉ်ပင်များစွာကို စိုက်ပျိုးထားလေသည်။ ထို့ကြောင့် သူတို့ကတော့ ကြီးထွားဆဲ ကာလမှာသာ ရှိနေသေးပြီး လက်ရှိအချိန်မှာ အသုံးပြုလို့ မရသေးပေ။
သို့ပေမယ့် အဲဒါကတင် ယန်ထျန်းဟန်အား အံ့အားသင့်စေနိုင်ဖို့ လုံလောက်သည်။
သိရမည်မှာ အကယ်၍ ထိုဝိညာဉ်ပင်တွေကိုသာ အပြင်ဘက်မှာ စိုက်မယ်ဆိုရင် တစ်ချို့က ရင့်မှည့်နိုင်ဖို့အတွက် ဆယ်စုနှစ် သို့မဟုတ် နှစ်နှစ်ဆယ်လောက် လိုအပ်ပြီး တစ်ချို့ဆိုနှစ် ငါးဆယ်ကနေ ခြောက်ဆယ်အပိုင်းအခြားလောက် လိုအပ်တာပင်။ ရင့်မှည့်နေသည့် အတောအတွင်းမှာ တစ်ခုခု ပျက်စီးသွားတာနဲ့ ချက်ချင်းသေဆုံးသွားမှာ ဖြစ်သည်။
ယန်ထျန်းဟန်က အလွန်အမင်း ပျော်ရွှင်နေသည်။ သို့သော်လည်း ဆေးဖက်ဝင်အပင်များကို ရိတ်သိမ်းနေဆဲ အချိန်တွင် မြေအောက်မှာ ရှိနေသည့် ငိုက်မျဉ်းနေသော မြက်မျိုပိုးကောင်များကို မတော်တဆ နှိုးလိုက်မိသည်။ သိပ်မကြာခင်မှာပဲ အဆီအစ်နေသည့် မြက်မျိုပိုးကောင်များက မြေမျက်နှာပြင်ပေါ်သို့ တစ်ကောင်ပြီးတစ်ကောင် တက်လာတော့၏။
ပထမတော့ ယန်ထျန်းဟန်က ပိုးကောင်များအား ရေတွက်ဖို့ ကြိုစားသော်လည်း အဆုံးမှာတော့ ရေတွက်ဖို့အတွက် ရှုံးနိမ့်သွားရသည်။
"ကိုကြီး!"
ယန်ထျန်းဟန်က အလွန်ကြောက်လန့်သွားပြီး သူ့တစ်ကိုယ်လုံး ကြက်သီးများ ထလာသည်။ လယ်ကွင်းထဲမှာ ပြည့်ကျပ်နေတဲ့ မြက်မျိုပိုးကောင်တွေက သူ့ဦးရေပြားကို ထုံကျင်စေတယ်
"အားဟန်, ဘာဖြစ်လို့လဲ?"
လင်ရွှမ်းဇီက အထဲလိုက်မဝင်လာသော်လည်း သူ့အသံအား သုံးပြီး ယန်ထျန်းဟန်နဲ့ စိတ်ချင်းဆက်ကာ စကားပြောနိုင်သည်။
ယန်ထျန်းဟန်မှာသူ့လက်မောင်းအား မပွတ်ပဲ မနေနိုင်တော့ပေ။
"မြက်မျိုပိုးကောင် အရေအတွက်က မများလွန်းဘူးလား?"
===================
Next Episode
ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်
===================
Zaw Gyi
အခန္း(၃၆၆) - မက္မြန္သီးလက္ေဆာင္
"က်ြတ္စ္" မဟာအၾကီးအကဲ ဟြိုင္ယြီက သူ႔ေမးသူ ထိလိုက္ကာ
"ငါက မင္းအစ္ကိုၾကီးကို ပိုျပီးေလ့လာေစခ်င္ယံုပဲေလ။ အဲ့ဒီလိုေျပာမွ ငါ့စီနီယာအစ္ကိုၾကီးက မင္းကို ဘာေတြမ်ား သင္ေပးေနလို႔လဲ? သူက ဓားသိုင္းလမ္းေၾကာင္းကိုေတာင္ က်င့္ၾကံတာ မဟုတ္ဘူးေလ အဲ့ဒါေၾကာင့္ မင္းကို ဘာအၾကံမွ ေပးနုိင္မွာ မဟုတ္ေလာက္ဘူး မွတ္လား?"
လင္ရႊမ္းဇီက ခဏေလာက္ စဥ္းစားလိုက္သည္။
"ဆရာက က်ြန္ေတာ့ကို ဓားသိုင္း မသင္ေပးေပမယ့္ လမ္းညႊန္ေထာက္ျပမွုေတြေတာ့ အမ်ားၾကီး လုပ္ေပးပါတယ္"
မဟာအၾကီးအကဲ ဟြိုင္ယြီက မ်က္ခံုးပင့္လုိက္ျပီး လင္ရႊမ္းဇီအား မယံုၾကည္နိုင္သည့္ မ်က္လံုးမ်ားျဖင့္ ၾကည့္လာသည္။
"သူ တပည့္ေတြ ေမြးတာက မင္းအပါအဝင္ အားလံုးက အေပ်ာ္သက္သက္ပဲ။ သူ႔မွာ ရွိတဲ့ ဘယ္တပည့္ကိုမ်ား သူတုိ႔ၾကိဳက္တာလုပ္ျပီး သူ႔တို႔ဘာသာ ေလ့က်င့္ခြင့္ မျပဳထားတာမို႔လို႔လဲ?"
လင္ရႊမ္းဇီက အျပံဳးေလးျဖင့္ ျပန္ေျဖသည္။
"ဆရာက စစ္တုရင္ ကစားဖို႔အတြက္ က်ြန္ေတာ့္ကို ရွာတယ္ ျပီးေတာ့ သူ႔နည္းဗ်ဴဟာေတြက အရမ္းနက္နဲလြန္းတယ္။ သူနဲ႔ စစ္တုရင္ ကစားျပီးတာနဲ႔ အျမဲတမ္း ဉာဏ္အလင္း ပြင့္သြားတာၾကီးပဲ။ အရင္တုန္းက နားမလည္ခဲ့တဲ့ အရာမွန္သမွ်ကို ေနာက္ပိုင္းမွာ အျမဲတမ္း နားလည္သြားတယ္ေလ"
မဟာအၾကီးအကဲ ဟြို္င္ယြီသည္ မေနနုိင္စြာပင္ နွဳတ္ခမ္းကို ကိုက္လုိက္ျပီး လင္ရႊမ္းဇီအား သံသယျဖင့္ ၾကည့္လာေလသည္။
"မင္းကို သင္ေပးနုိင္သမွ် အားလံုးထဲမွာမွ သူက မင္းကို နည္းဗ်ဴဟာေတြ သင္ေပးတယ္ေပါ့။ ဒါဆို သူနဲ႔အတူ စစ္တုရင္ ကစားရင္ အခ်ိန္ဘယ္ေလာက္ထိ ၾကာတတ္လဲ?"
လင္ရႊမ္းဇီက ျပန္ေျဖသည္။
"ပထမပြဲက ဆယ္ရက္ၾကာျပီး ဒုတိယပြဲက ဆယ့္ငါးရက္ၾကာတယ္"
မဟာအၾကီးအကဲ ဟြို္င္ယြီ, "... ေတာ္ေတာ္ၾကာတာပဲ, မင္းက တကယ္ စိတ္ရွည္တယ္"
လင္ရႊမ္းဇီက ေခါင္းညိတ္ျပသည္။
"ဒါက ေတာ္ေတာ္ေလးေတာ့ ၾကာတယ္လို႔ က်ြန္ေတာ္လည္း ထင္တယ္။ ဒါေပမဲ့ မသိလုိက္ပဲ အခ်ိန္ေတြက အျမဲတမ္း ကုန္ဆံုးကုန္တာဆိုေတာ့ က်ြန္ေတာ္ေတာင္ သတိမထားမိလုိက္ဘူး။ ၾကည့္ရတာ ဆရာဦးေလးလည္း ဆရာနဲ႔အတူ စစ္တုရင္ ကစားဘူးတယ္နဲ႔ တူတယ္ေနာ္"
မဟာအၾကီးအကဲ ဟြို္င္ယြီ၏ မ်က္နွာက အေၾကာက္တရားမ်ားနဲ႔ ျပည့္နွက္သြားျပီး လက္ကို ခါယမ္းျပလာသည္။
"အဲ့ဒီအေၾကာင္း မေျပာၾကရေအာင္, အဲ့ဒီနွစ္တုန္းက ငါ့ရဲ႔ စီနီယာအစ္ကိုၾကီးက ငါ့ရဲ႔ ေဝဖန္ပိုင္းျခားမႈ အေတြးအေခၚကို ျမႇင့္တင္ဖို႔အတြက္ဆိုျပီး သူနဲ႔ အတူ စစ္တုရင္ ကစားခိုင္းတယ္ေလ။ အဆံုးက်ေတာ့ တစ္နာရီအတြင္း ေမ်ွာ္လင့္ခ်က္ ကင္းေလာက္ေအာင္ အရွံဳးေပးလိုက္ရလို႔ ငါ့ကို ဂရုမစိုက္ရ ေကာင္းလားဆိုျပီး ဆူပူတဲ့အျပင္ အျပစ္ေပးတဲ့ အေနနဲ႔ေတာင္ ေတာင္ေပၚမွာ ဝါးသြားခုတ္ခိုင္းေသးတယ္....မင္းအဲ့ဒီလို ဝါးမ်ိဳး ေတြ႔ဖူးမွာ မဟုတ္ဘူး။ အဲ့ဒီ ဝါးျမစ္ေတြက ဘယ္ေလာက္ေတာင္ ၾကာၾကာ ၾကီးထြားရွင္သန္ေနလဲ ဘယ္သူသိမွာလဲ ခုတ္ရတာ ေၾကာက္စရာ ေကာင္းေလာက္ေအာင္ မာတယ္"
ယန္ထ်န္းဟန္က ရယ္သည္။
"က်ြန္ေတာ့္အစ္ကိုၾကီးက ဆရာတူဦးေလးနဲ႔ ဆယ္ရက္ေတာင္ စစ္တုရင္ ကစားနုိင္တဲ့ အခ်ိန္မွာ ဆရာကေတာ့ တစ္နာရီပဲ ကစားနုိင္တယ္။ တစ္ခ်က္ၾကည့္တာနဲ႔တင္ ဆရာက လံုေလာက္တဲ့ အာရံုစုိက္မွု မရွိဘူး မေလးနက္ဘူး ဆုိတာ ေျပာနိုင္တဲ့ဟာ ဆရာတူဦးေလးက စိတ္ဆိုးမွာေပါ့"
"မင္းဘာသိလို႔လဲ?" မဟာအၾကီးအကဲဟြိုင္ယြီက ယန္ထ်န္းဟန္အား မ်က္လံုးမ်ား ေမွးစဥ္း၍ ၾကည့္လာသည္။
"ပံုမွန္လူေတြ ငါ့စီနီယာအစ္ကိုၾကီးနဲ႔ စစ္တုရင္ ကစားတဲ့ အခ်ိန္ဆိုရင္ အေမႊးတိုင္ တစ္တုိင္ထြန္းစာ လက္ဖက္ရည္ၾကမ္း တစ္ခြက္စာေတာင္ မၾကာဘူး အၾကမ္းဖ်င္းေတာ့ နွစ္နာရီကေန ေလးနာရီ အတြင္းေလာက္ပဲ။အဲဒီတုန္းက ငါ့ရဲ႕ စီနီယာအစ္ကိုနဲ႔ သုံးရက္ထက္ပိုၿပီး ဂိမ္းကစားႏိုင္သူက နည္းနည္းပဲ ရွိတာ အဲ့ဒါေၾကာင့္— "
မဟာအၾကီးအကဲ ဟြိုင္ယြီက လင္ရႊမ္းဇီအား ေမးနဲ႔ ညႊန္ျပသည္။
"ေကာင္ေလး, မင္းက ေတာ္ေတာ္ေလး အထင္ၾကီးဖို႔ ေကာင္းတာပဲ"
ထိုသို႔ေျပာေသာ္လည္း မဟာအၾကီးအကဲ ဟြိုင္ယြီက သူ႔ဘာသာသူ တိ္တ္တဆိတ္ ေရရြတ္မိသည္သာ။
ဒီေကာင္ေလးက သူ႔စီနီယာအစ္ကိုနဲ႔ ဒီေလာက္ ၾကာေအာင္ စစ္တုရင္ ကစားနိုင္တယ္ဆုိေတာ့ သူက နားမလည္နုိင္တဲ့ စိတ္ရွိျပီး မွန္းဆလို႔မရတဲ့ အၾကံသမား တစ္ေယာက္ဆုိတာကို သက္ေသျပေနတယ္။ သူ႔စီနီယာအစ္ကိုၾကီးရဲ႔ စိတ္ကေတာင္ မွန္းဆ မရေလာက္ေအာင္ လံုေလာက္ေနျပီ။ သူ႔ဘက္က ေျခတစ္လွမ္း လွမ္းရင္ သူ႔အစ္ကိုၾကီးက ေျခလွမ္းတစ္ရာစာေလာက္ ၾကိဳျမင္နုိင္ေနလိမ့္မယ္။ ဒီေကာင္ေလးက သူ႔စီနီယာအစ္ကိုေလာက္ မထက္ျမက္ရင္ေတာင္ ေသခ်ာေပါက္ ပိုမဆိုးဘူး။
အကယ္၍ ဒါကို ရန္သူဆီမွာ အသံုးခ်ရင္ေတာ့ ေသခ်ာေပါက္ ေကာင္းတဲ့အရာပဲ။ ဒါေပမဲ့ သူက အဲ့ဒါကို ငါ့ရဲ႔ မို္က္မဲေလာက္ေအာင္ ညင္သာသိမ္ေမြ႔ျပီး ခ်ိဳျမိန္တဲ့ အားဟန္ေလးအေပၚ သံုးမွာပဲ စိုးမိတယ္။
ဒါေပမဲ့လည္း...
ဟြိဳင္ယြီသည္ ယန္ထ်န္းဟန္နဲ႔ ပေရာပရည္ လုပ္ေနသည့္ လင္ရႊမ္းဇီအား ေအးစက္စက္ ၾကည့္လုိက္ျပီး မ်က္လံုးသာ လွန္ပစ္ခ်င္မိေတာ့သည္။
လင္ရႊမ္းဇီက ျပံဳးရင္းျဖင့္ ယန္ထ်န္းဟန္ရဲ႔ မ်က္နွာေသးေသးေလးအား လက္ခုပ္ျဖင့္ အုပ္ကိုင္ထားကာ သူ႔ကုိယ္သူ ေတြးမိေလသည္။
ဘယ္လိုပဲ ျဖစ္ျဖစ္ ငါက နွစ္ေထာင္ခ်ီတဲ့ ဝိညာဥ္ျပားနဲ႔ ပါဝင္ပတ္သတ္ေနတဲ့ လူပဲေလ။ အကယ္၍ ငါသာ မဟာအၾကီးအကဲ လန္ယြဲ႔နဲ႔ ဆယ္ရက္ ဒါမွမဟုတ္ လဝက္ေလာက္ မခံဘူးဆိုရင္ အဲ့ဒီ နွစ္ေထာင္ေပါင္းမ်ားစြာက အလဟသ ကုန္ဆံုးသြားသလို ျဖစ္ေနမွာေပါ့။
ဝိညာဥ္ျပားက လက္မွုအတတ္သာမကပဲ အသိပညာလည္း ျပည့္စံုသူျဖစ္ကာ လွ်ိဳ႔ဝွက္စာအုပ္မ်ားလည္း မ်ားစြာ ရွိသည္။ အရင္တုန္းကေတာ့ လင္ရႊမ္းဇီက လက္မွုအတတ္အေပၚ စိတ္ပူပန္မိတဲ့ အခါတုိင္း ထိုသူက အျမဲတမ္း ထုိင္ေနျပီး စာအုပ္တစ္ခ်ိဳ႔ကို ဖတ္ေနေလ့ရွိသည္။
"ဆရာဦးေလး" လင္ရႊမ္းဇီက ေမးသည္။
"ေျပာင္းေရႊ႔စိုက္ထားတဲ့ မက္မြန္ပင္ေရာ အေျခအေန ဘယ္လိုလဲ?"
အမဲလုိက္ေတာင္ကုန္းကေန ဟြိုင္ယြီတူးလာသည့္ မက္မြန္ပင္အေၾကာင္း ေျပာတဲ့အခါမွာ သူက ေဒါသျဖင့္ ဆူပြက္လာေတာ့သည္။
"အဲ့ဒီ စိတ္ပ်က္စရာသစ္ပင္ၾကီးကေလ! ငါ့မွာ သူ႔ကို ေတာထဲကေန ဝီရိယစိုက္ထုတ္ သယ္လာခဲ့ျပီး တစ္ေလွ်ာက္လံုးလည္း ဂရုတစိုက္ ထားထားခဲ့တာ။ အဲ့ဒီ မက္မြန္သီးပင္က သံုးရက္ေတာင္ မခံဘူးဆိုတာ ဘယ္သူသိမွာလဲ။ သူက ညွိဳးႏြမ္းလာျပီး ငါဘာပဲ လုပ္လုပ္ ကယ္တင္လို႔ မရေတာ့ဘူး။ ျပီးေတာ့ အရမ္းကို ႏူးည့ံလြန္းလို႔ အရင္တုန္းကလည္း ဘယ္လို ၾကီးထြားလာတာလဲဆိုတာေတာင္ မသိေတာ့ဘူး "
လင္ရႊမ္းဇီသည္လည္း ဒါကို သဘာဝက်စြာ ေတြးမိေပမယ့္ ထိုမက္မြန္သီးအား မဟာအၾကီးအကဲ ဟြိုင္ယြီကို ေပးရန္အတြက္ အေၾကာင္းျပခ်က္ ေကာင္းေကာင္း ရွာဖို႔ လိုအပ္ေနခဲ့တာျဖစ္သည္။
ေသခ်ာေပါက္ ဟြိုင္ယြီကေတာ့ လင္ရႊမ္းဇီက သူ႔ကုိ ထို မက္မြန္သီး ေပးခ်င္ရံုအတြက္နဲ႔ ဒီေလာက္ထိ အားစိုက္ထုတ္ခဲ့မယ္ဆုိတာ ဘယ္သိပါ့မလဲ။ သူက သူ႔မက္မြန္သီးအတြက္ အလြန္တရာ ဝမ္းနည္းပူေဆြးေန႐ုံသာ တတ္ႏိုင္သည္။ သူ႔အမူအယာက ယန္ထ်န္းဟန္ မေပ်ာ္မရႊင္ ျဖစ္ေနတဲ့ အခ်ိန္က အမူအယာနဲ႔ တစ္ပံုစံတည္းပဲ။
မဟာအၾကီးအကဲ ဟြိုင္ယြီက အားဟန္ရဲ႔ အေဖ ျဖစ္နိုင္တယ္ ဆိုတဲ့အေၾကာင္း သိထားကတည္းက လင္ရႊမ္းဇီသည္ ဟြိုင္ယြီအား ေတြ႔တုိင္း သူတို႔ၾကားက တူညီမွုကို ရွာေဖြရာမွာ ပိုျပီး အာရံုစိုက္ထားခဲ့သည္။
ပထမအၾကည့္က အေရးမၾကီးေပမယ့္လည္း သူပိုျပီး ၾကည့္ေလေလ သူတို႔ၾကားက သေဘာထားမ်ားက ဆင္တူေနျပီး သူတို႔ရဲ႔ ေဒါသမ်ားသည္ပင္ အတူတူ ျဖစ္ေနသည္ဟု ခံစားရသည္။ အဲ့ဒါက ဒီအတိုင္း မဟာအၾကီးအကဲ ဟြိုင္ယြီရဲ႔ မ်က္နွာက အတုအေယာင္ ျဖစ္နုိင္ေပမယ့္ ယန္ထ်န္းဟန္ရဲ႔ မ်က္နွာကေတာ့.....ဒါက ေျပာေနစရာေတာ့ မလုိပါဘူး အထူးသျဖင့္ သူ႔ရဲ႔ မူလအသြင္အျပင္က အက္ေၾကာင္းေတြနဲ႔ ဖံုးလႊမ္းေနတဲ့ အခ်ိန္မ်ိဳးမွာေပါ့။
ဒါေၾကာင့္လည္း အသြင္အျပင္နဲ႔ ပတ္သတ္ရင္ေတာ့ နွစ္ေယာက္က ဆင္တူစရာ လံုးဝကို မရွိဘူးေလ
"ငါ့အတြက္ မက္မြန္သီး သြားရွာေပးဦး" မဟာအၾကီးအကဲ ဟြိုင္ယြီက အရွက္မရွိ ေတာင္းဆိုသည္။
ယန္ထ်န္းဟန္ကေတာ့ ရယ္စရာေကာင္းတယ္ဟု ခံစားရေလသည္။
"ဘာလို႔ က်ြန္ေတာ့္ အစ္ကုိၾကီးက ရွာေပးရမွာလဲ?"
ဟြိုင္ယြီက မ်က္နွာေသျဖင့္သာ
"သူနဲ႔ မက္မြန္သီးက ကံၾကမၼာတိုက္ဆုိင္တယ္။ အရင္တစ္ေခါက္က မက္မြန္သီးေတြကို သူပဲ ငါ့အတြက္ ရွာေတြ႔သြားတာ ဆိုေတာ့ အကယ္၍ ဒီတစ္ေခါက္ ထပ္သြားရွာရင္လည္း သူ ေသခ်ာေပါက္ ရွာနုိင္လိမ့္မယ္"
ယန္ထ်န္းဟန္, "......"
ဒါက ကံၾကမၼာ ဘယ္လို အလုပ္လုပ္လဲ ဆိုတာ မဟုတ္ဘူး။အဲဒါက ရႈပ္ပြေနတဲ့ ယုတၱိေဗဒၾကီး
လင္ရႊမ္းဇီကေတာ့ ဟြိုင္ယြီအား ေပါ့ေပါပါးပါး တစ္ခ်က္ ၾကည့္သည္။
"အရင္တစ္ေခါက္က မေတာ္တဆ ရွာေတြ႔တာ။ ဒီတစ္ေခါက္ေတာ့ က်ြန္ေတာ့္ရဲ႔ ကံေကာင္းမွုကိုပဲ ၾကိဳးစား ၾကည့္ရမွာဆိုေတာ့ ေနာက္တစ္ခု ရွာေတြ႔နုိင္ပါ့မလားဆိုတာ အာမ မခံနုိင္ဘူး"
မဟာအၾကီးအကဲ ဟြိုင္ယြီက ေခါင္းညိတ္ျပျပီး လက္ကို ခါယမ္းျပသည္။
"သြားေတာ့ သြားေတာ့, အကယ္၍ မက္မြန္သီး ရွာမေတြ႔ဘူးဆိုရင္ တစ္ျခားအသီးေတြ ရွာခဲ့လည္းရတယ္။ ဒါဆို မင္းျပန္မလာေတာ့မွာကို ေရွာင္ရွားနုိင္တာေပါ့ အဲ့ဒီအခ်ိန္ဆို ငါလည္း အေတြ႔အၾကံဳ ျပန္ေျပာရမယ့္သူ တစ္ေယာက္မွ မရွိေလာက္ေတာ့ဘူး"
လင္ရႊမ္းဇီ, "......"
ယန္ထ်န္းဟန္, "......"
နတ္ဆိုးအသွ်င္ယိုမင္းရဲ႔ စရိုက္က သိပ္မေကာင္းဘူးလို႔ သူတကယ္ ထင္မိတယ္
အကယ္၍ မင္းသာ ဒီလိုအျပဳအမူမ်ိဳးလုပ္ရင္ ေသခ်ာေပါက္ အ႐ိုက္ခံရမွာပဲ!
သူ႔စိတ္ထဲမွာ မတူညီသည့္ ျမင္ကြင္းမ်ား ျပည့္နွက္ေနေသာ္လည္း မဟာအၾကီးအကဲ ဟြိုင္ယြီကေျပာလာျပီ ျဖစ္တာေၾကာင့္ လင္ရႊမ္းဇီမွာ ယန္ထ်န္းဟန္အား ေခၚျပီး အမဲလုိက္ ေတာင္ကုန္းသို႔ သြားရံုသာ ရွိေတာ့သည္။
မၾကာခင္မွာပင္ လင္းခ်ီကုနဲ႔ ဖုန္က်င္းယြီတို႔ သူတို႔ေရွ႔မွာ ေပၚလာသည္။
ဖုန္က်င္းယြီက လင္းခ်ီကု၏ ပုခံုးေပၚမွာ နားေန၏။
"ဒီဘုရင္က ေကာင္းေကာင္း ပုန္းနုိင္လို႔ ေတာ္ေသးတာေပါ့ ဟြိုင္ယြီဆိုတဲ့လူရဲ႔ ရွာေတြြ႔မွုကို မခံရဘူး။ မင္းတို႔နွစ္ေယာက္က အရမ္းလြန္လြန္းတယ္ေနာ္။ သူတစ္ေယာက္တည္းကို အမဲလုိက္ေတာင္ကုန္းဆီ လာျပီး မက္မြန္သီး ရွာခိုင္းလိုက္တယ္— အဲ့ဒီ မက္မြန္သီးေတြက အရမ္း အရသာရွိေပမယ့္လည္းေပါ့။ ဘယ္လို ကံၾကမၼာေကာင္းေၾကာင့္မ်ား ဒီအမဲလုိက္ ေတာင္ကုန္းက အဲ့ဒီလို ခ်စ္စရာေကာင္းတဲ့ မက္မြန္ပင္မ်ိဳး ရွင္သန္ေစနိုင္တာလဲ မသိဘူး"
ဖုန္က်င္းယြီက မက္မြန္သီးတစ္ခ်ိဳ႔ကို စားခဲ့ျပီး ထိုအရာမွ အက်ိုးေက်းဇူး ေျမာက္ျမားစြာ ရရွိခဲ့တာ သိသာလွေပသည္။ ထိုအေၾကာင္းအား ေျပာရံုျဖင့္ပင္ ေနာက္ဆက္တြဲ ထင္က်န္ေနသည့္ အရသာကို ခံစားလို႔ ရေနဆဲ ျဖစ္တာေၾကာင့္ သူ႔နွုတ္သီးေလးကို ဟစိဟစိ မလုပ္ပဲ မေနနုိင္ေတာ့။
လင္းခ်ီကုကေတာ့ ဘယ္လိုပဲ ျဖစ္ျဖစ္ ဘာမွ စားလို႔ မရဘူးဆိုေတာ့ ထားလိုက္ပါေတာ့။
အရသာရွိတဲ့ အရာကို စားရဖို႔ သိပ္ကံမေကာင္းဘူးပဲ
ယန္ထ်န္းဟန္က ဆြံအသြားမိသည္။
"အဲ့ဒီအေၾကာင္း မေျပာၾကရေအာင္။ ငါ့ဆရာက အစ္ကိုၾကီးကို ေနာက္ထပ္ မက္မြန္ပင္ တစ္ပင္ ထပ္ရွာခိုင္းလိုက္ျပန္ျပီ"
ဖုန္က်င္းယြီက ေခါင္းေလးေစာင္းကာ ၾကည့္လာသည္။
"မရွာတာပိုေကာင္းလိမ့္မယ္။ အကယ္၍ ေနာက္တစ္ပင္သာ ရွာေတြ႔ရင္ အဲ့ဒီဟြုို္င္ယြီက ေသခ်ာေပါက္ သူ႔အတိတ္ အေတြ႔အၾကံဳေၾကာင့္ သစ္ပင္ကို ထပ္ေရႊ႔ခ်င္မွာ မဟုတ္ေတာ့ဘူး။ အဲ့ဒါဆို ဒီကို အၾကိမ္ေပါင္းမ်ားစြာ အေခါက္ေခါက္ အခါခါ လာေနလိမ့္မယ္။ ဒါဆို အေနွးနဲ႔အျမန္ လင္းခ်ီကုနဲ႔ငါက သူ႔ဆီမွာ ရွာေတြ႔သြားမွာ"
ယန္ထ်န္းဟန္က ေခါင္းညိတ္သည္။
"ငါတို႔ေသခ်ာေပါက္ ထပ္ရွာလို႔ မျဖစ္ဘူး အကယ္၍ ရွာေတြ႔ရင္ေတာင္မွ ေသခ်ာေပါက္ သူ႔ကို ေျပာလို႔ မျဖစ္ဘူး"
လင္ရႊမ္းဇီက ၾကားျဖတ္ေျပာသည္။
"ဒီေတာင္ေပၚမွာ အဲ့ဒီလို အပင္မ်ိဳး ရွာေတြ႔တာကတင္ ေတာ္ေတာ္ေလး အ့ံၾသစရာ ျဖစ္ေနျပီဟာကို ဘယ္လိုလုပ္ ဒုတိယတစ္ပင္ကို လြယ္လြယ္ ရွာေတြ႔နုိင္မွာလဲ? အကယ္၍ လူေတြသာ အဲ့ဒီအေၾကာင္း သိသြားရင္ ဒီေတာင္တစ္ခုလံုး နွိဳက္နွိဳက္ခ်ြတ္ခ်ြတ္ အရွာခံရမွာ မဟုတ္ဘူးလား?"
ဖုန္က်င္းယြီနဲ႔ ယန္ထ်န္းဟန္တို႔က တညီတၫြတ္တည္း ေခါင္းညိတ္လိုက္သည္။
လင္းခ်ီကုက ဒါကိုျမင္ေသာအခါ သူသည္လည္း တိတ္တဆိတ္ျဖင့္ ေခါင္းေလးကို အနည္းငယ္ လွဳပ္ရွားျပေလသည္။
ဖုန္က်င္းယြီ, "......"
ဖုန္က်င္းယြီက ေမးသည္။
"နတ္ဆိုးသားရဲ အေသၤေခ်ေတာအုပ္ကို ဘယ္အခ်ိန္ေလာက္ ခရီးထြက္ဖို႔ စီစဥ္ထားလဲ?"
လင္ရႊမ္းဇီက ျပန္ေျဖသည္။
"ရက္နွစ္ဆယ္အတြင္း"
ဖုန္က်င္းယြီက လင္းခ်ီကုကို ျပန္ၾကည့္သည္။
"ငါထင္တာေတာ့ အားကုကိုပါ မင္းတို႔နဲ႔ အတူတူ ေခၚသြားသင့္တယ္ အဲ့ဒါဆို ငါလည္း တြန္႔ဆုတ္စြာနဲ႔ ေနာက္က လိုက္လာေပးရမွာေပါ့"
လင္ရႊမ္းဇီက ဖုန္က်င္းယြီအား စိုက္ၾကည့္လုိက္ျပီး အခ်ိန္အေတာ္ ၾကာသည္အထိ စကားမေျပာေပ။
ဖုန္က်င္းယြီက ထေပါက္ကြဲေတာ့သည္။
"မင္းက ဘာလို႔ ဒီဘုရင္ကို လာစိုက္ၾကည့္ေနတာလဲ? ေ ၾကာက္စရာေကာင္းေအာင္လို႔"
လင္ရႊမ္းဇီက နက္ရွိဳင္းလွသည့္ အဓိပၸါယ္ျဖင့္ ေျပာလာသည္။
"မင္း လင္းခ်ီကုကို မသိခ်င္ေယာင္ ေဆာင္ေနတာ ရပ္လိုက္လိမ့္မယ္လို႔ မထင္ထားမိဘူး"
ဖုန္က်င္းယြီက မ်က္လံုးလွန္ျပသည္။
"မင္းက အကုန္ျမင္ျပီးေနျပီပဲဟာ။ ငါဆက္လုပ္ေနရင္ ငါပဲ ဟာသၾကီး ျဖစ္သြားမွာေပါ့"
ယန္ထ်န္းဟန္က ဉာဏ္အလင္း ပြင့္သြားသလိုမ်ိဳး လွမ္းၾကည့္လာသည္။
"ေမာက္ေမာက္, အဲ့ဒီေတာ့ မင္းက အရင္တုန္းကတည္းက အားကုကို သိတာေပါ့"
ဖုန္က်င္းယြီက စူးခနဲ တစ္ခ်က္ တြန္လိုက္ျပီး လင္းခ်ီကု၏ နားရြက္အား ရိုက္လိုက္သည္။
"ဒီဘုရင္နဲ႔ သူနဲ႔က အခ်င္းခ်င္း သိရံုတင္မကဘူး တစ္ေယာက္နဲ႔ တစ္ေယာက္ၾကားမွာ နက္ရွိဳင္းတဲ့ ဆက္ႏြယ္မွုလည္း ရွိတယ္။အဲဒါက ဘာလဲဆိုတာ အတိအက်ေတာ့ ဒီဘုရင္က ေလာေလာဆယ္ အေသးစိတ္ ေျပာျပမွာ မဟုတ္ဘူး။"
လင္းခ်ီကုက သူ႔ေခါင္းကို လွည့္လာျပီး ဖုန္က်င္းယြီအား သူ႔ရဲ႔ နက္ေမွာင္ေသာ မ်က္လံုးတစ္စံုနွင့္ တိတ္တဆိတ္ စိုက္ၾကည့္ေနသည္။ တစ္နည္းနည္းနဲ႔ လင္းခ်ီကု၏ ပံုမွန္ေအးစက္ေသာ မ်က္လံုးထဲမွာ ႏူးည့ံညင္သာမွု တစ္ခ်ိဳ႔ ရွိေနသလိုမ်ိဳး ယန္ထ်န္းဟန္ ခံစားလိုက္ရေလသည္။
လင္ရႊမ္းဇီက ခပ္ေဖ်ာ့ေဖ်ာ့ ၿပဳံးလိုက္ၿပီး "မင္း ငါတို႔နဲ႔ လိုက္ခဲ့မယ္ဆိုရင္ အလားအလာေကာင္းဖို႔က ပိုပိုမ်ားလိမ့္မယ္"
ဖုန္က်င္းယြီက ၾကီးစြာေသာ ေအာင္ပြဲကို ခံယူေနသလိုမ်ိဳး ေျပာလာ၏။
"ေပါက္ကရေတြ, ဒီဘုရင္သာ လွဳပ္ရွားလုိက္တာနဲ႔ တစ္ခုခုရွိလား မရွိလား သိသြားေစရမယ္"
လင္ရႊမ္းဇီက ေမးသည္။
"မင္းရဲ႔ က်င့္ၾကံဆင့္ ျပန္ေကာင္းဖို႔ကေရာ ဘယ္လိုေနေသးလဲ?"
ဖုန္က်င္းယြီက သူ႔ေခါင္းေလးအား သူ႔အေတာင္ပံနဲ႔ ေထာက္ထားလိုက္သည္။
"ျပန္ေကာင္းလုနီးပါးပဲ။ ဒါေပမဲ့ မင္းနဲ႔ ေျဖရွင္းဖို႔အတြက္ေတာ့ လံုေလာက္ပါေသးတယ္"
လင္ရႊမ္းဇီက ေခါင္းညိတ္သည္။
"ဒါဆို ငါစိတ္ခ်နုိင္ျပီ။ အနည္းဆံုးေတာ့ ငါတုိ႔ ေတာထဲ ဝင္တဲ့အခ်ိန္မွာ မင္းက ငါတို႔ကို ေနာက္ျပန္မဆြဲေတာ့ဘူးေပါ့"
ဖုန္က်င္းယြီ, "......"
မၾကာခင္မွာပဲ ဖုန္က်င္းယြီက လင္းခ်ီကုအား ေခၚကာ သစ္ေတာနက္နက္ထဲ တိုးဝင္သြားျပီး ဒီေန႔ရဲ႔ လုယက္မွုကို စုေဆာင္းေတာ့မယ္ဟု ေျပာသြားေလသည္။
ယန္ထ်န္းဟန္က ဒီအခ်ိန္အား အခြင့္အေရးယူ၍ လင္ရႊမ္းဇီ၏ ဝိညာဥ္ျပားထဲ ဝင္သြားလိုက္၏။ သူအထဲ ေရာက္သြားသည့္ တစ္ခဏမွာပင္ အေရာင္မ်ိဳးစုံႏွင့္ ပုံစံမ်ိဳးစုံရွိေသာ ဝိညာဥ္ပင္မ်ားကို ျမင္ႏိုင္ေပသည္ ။
အထဲမွာ ရင့္မွည့္ေနျပီျဖစ္ေသာ ဝိညာဥ္ပင္ နွစ္ဧကစာရွိသည္။ သို႔ေသ္ာလည္း ယန္ထ်န္းဟန္ရဲ႔ ဝိညာဥ္စိုက္ခင္းထဲမွာေတာ့ မဟာအၾကီးအကဲ ဟြိုင္ယြီ၏ ဝိညာဥ္စိုက္ခင္းထဲမွ ခိုးယူထားေသာ အဆင့္အတန္းျမင့္ ဝိညာဥ္ပင္မ်ားစြာကို စိုက္ပ်ိဳးထားေလသည္။ ထို႔ေၾကာင့္ သူတို႔ကေတာ့ ၾကီးထြားဆဲ ကာလမွာသာ ရွိေနေသးျပီး လက္ရွိအခ်ိန္မွာ အသံုးျပဳလို႔ မရေသးေပ။
သို႔ေပမယ့္ အဲဒါကတင္ ယန္ထ်န္းဟန္အား အ့ံအားသင့္ေစနုိင္ဖို႔ လံုေလာက္သည္။
သိရမည္မွာ အကယ္၍ ထိုဝိညာဥ္ပင္ေတြကိုသာ အျပင္ဘက္မွာ စိုက္မယ္ဆိုရင္ တစ္ခ်ိဳ႔က ရင့္မွည့္နုိင္ဖို႔အတြက္ ဆယ္စုနွစ္ သို႔မဟုတ္ နွစ္နွစ္ဆယ္ေလာက္ လိုအပ္ျပီး တစ္ခ်ိဳ႔ဆိုနွစ္ ငါးဆယ္ကေန ေျခာက္ဆယ္အပိုင္းအျခားေလာက္ လိုအပ္တာပင္။ ရင့္မွည့္ေနသည့္ အေတာအတြင္းမွာ တစ္ခုခု ပ်က္စီးသြားတာနဲ႔ ခ်က္ခ်င္းေသဆံုးသြားမွာ ျဖစ္သည္။
ယန္ထ်န္းဟန္က အလြန္အမင္း ေပ်ာ္ရႊင္ေနသည္။ သို႔ေသာ္လည္း ေဆးဖက္ဝင္အပင္မ်ားကို ရိတ္သိမ္းေနဆဲ အခ်ိန္တြင္ ေျမေအာက္မွာ ရွိေနသည့္ ငိုက္မ်ဥ္းေနေသာ ျမက္မ်ိဳပိုးေကာင္မ်ားကို မေတာ္တဆ ႏႈိးလိုက္မိသည္။ သိပ္မၾကာခင္မွာပဲ အဆီအစ္ေနသည့္ ျမက္မ်ိဳပိုးေကာင္မ်ားက ေျမမ်က္နွာျပင္ေပၚသို႔ တစ္ေကာင္ျပီးတစ္ေကာင္ တက္လာေတာ့၏။
ပထမေတာ့ ယန္ထ်န္းဟန္က ပိုးေကာင္မ်ားအား ေရတြက္ဖို႔ ၾကိဳစားေသာ္လည္း အဆံုးမွာေတာ့ ေရတြက္ဖို႔အတြက္ ရွံဳးနိမ့္သြားရသည္။
"ကိုၾကီး!"
ယန္ထ်န္းဟန္က အလြန္ေၾကာက္လန႔္သြားၿပီး သူ႔တစ္ကိုယ္လုံး ၾကက္သီးမ်ား ထလာသည္။ လယ္ကြင္းထဲမွာ ျပည့္က်ပ္ေနတဲ့ ျမက္မ်ိဳပိုးေကာင္ေတြက သူ႔ဦးေရျပားကို ထံုက်င္ေစတယ္
"အားဟန္, ဘာျဖစ္လို႔လဲ?"
လင္ရႊမ္းဇီက အထဲလိုက္မဝင္လာေသာ္လည္း သူ႔အသံအား သံုးျပီး ယန္ထ်န္းဟန္နဲ႔ စိတ္ခ်င္းဆက္ကာ စကားေျပာနိုင္သည္။
ယန္ထ်န္းဟန္မွာသူ႔လက္ေမာင္းအား မပြတ္ပဲ မေနနုိင္ေတာ့ေပ။
"ျမက္မ်ိဳပိုးေကာင္ အေရအတြက္က မမ်ားလြန္းဘူးလား?"
===================
Next Episode
ၾကည့္ဖို႔ေတာင္ ေၾကာက္စရာေကာင္းလြန္းတယ္
===================