《Poyun》ဖော့ယွင် (မြန်မာဘာသာပြ...
By jinghastriplesun
211K 31.5K 3.7K
Title : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery... More
မိတ်ဆက်
အပိုင်း(၁)-ငါနဲ့အတူငရဲကိုလိုက်ခဲ့
အပိုင်း(၂) - ယန်ရှယ်
အပိုင်း(၃)-ကုန်တင်ကားကိုတမင်ဝင်တိုက်ခြင်း
အပိုင်း(၄)-အတွဲလို့အထင်ခံရမှာမကြောက်ဘူးလား
အပိုင်း(၅)နာမည်က ချူစင်၊ သက်ညှာမှုရဲ့'စင်'
အပိုင်း(၆)-ဟို.....ခေါင်းဆောင်ကျန်း
အပိုင်း(၇)-လွန်ခဲ့သောသုံးနှစ်ကအသက်စတေးသွားသူ ကျန်းထင်
အပိုင်း(၈)- ကျန်းထင်ကိုယ်တိုင်ဖြစ်နေနိုင်တာပဲ
အပိုင်း(၉)- ဆေးသုံးထားတယ်လို့အဖြေထွက်လား?
အပိုင်း(၁၀)-ဒီနေ့ဘာလို့အရမ်းတက်ကြွနေတာလဲ?
အပိုင်း(၁၁)-အသားကျသွားလိမ့်မယ်
အပိုင်း(၁၂)-လူသတ်သမားရဲ့လှည့်စားမှု
အပိုင်း(၁၃)-ဘာဖြစ်လို့ရဲအရာရှိလုပ်တာလဲ?
အပိုင်း(၁၄)-ပျစ်ချွဲချွဲအသားစပေါ် အလောင်းခွဲစိတ်ခြင်း
အပိုင်း(၁၅)-မင်းကအရမ်းနုတာပဲ
အပိုင်း(၁၆)-သေစရာလိုမှာမဟုတ်ဘူး
အပိုင်း(၁၇)-Will you still love me when I'm no longer beautiful?
အပိုင်း(၁၈)-အချိန်တစ်နာရီပဲပေး
အပိုင်း(၁၉)-ယန်ရှယ်သေနတ်ခလုတ်ကိုဖိလိုက်ချေပြီ
အပိုင်း(၂၀)-အနမ်းတစ်ပွင့်ခြွေလိုက်သည်
အပိုင်း(၂၁)- ဒရာမာကွင်းမွေးဖွားခြင်း
အပိုင်း(၂၂)-အထန်ကိုယ်တော်
အပိုင်း(၂၃)-မထော်မနန်းပြုတ်ကျခြင်း
အပိုင်း(၂၄)-အမှုလိုက်ရာ၌ ခေါင်းဆောင်ကျန်း​၏ တည်ငြိမ်မှု
အပိုင်း(၂၅)- ငါကြည့်ချင်တဲ့အချိန်ကြည့်လို့ရတယ်
အပိုင်း(၂၆)-ကျန်းထင်ကိုသူ့ဘေးဆွဲစိလိုက်သည်
အပိုင်း(၂၇)-အကူအညီအတွက်အချက်ပြခြင်း
အပိုင်း(၂၈)-စုံစမ်းစစ်ဆေးရေးခေါင်းဆောင် Vs ခြေတံရှည်ရှည် ကျင်ဟွား
𝚟𝚒𝚍𝚎𝚘 𝚌𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗 (𝚜𝚘𝚗𝚐𝚜,𝚊𝚞𝚍𝚒𝚘 𝚍𝚛𝚊𝚖𝚊 𝚌𝚞𝚝𝚜,𝚎𝚝𝚌...)
အပိုင်း(၂၉)-မျက်နှာချင်းဆိုင်
အပိုင်း(၃၀)-ချွေးမလက်ဖက်ရည်သောက်လိုက်ပြီဆိုတော့ ငါ့သတို့သမီးလေးဖြစ်သွားပြီပေါ့
အပိုင်း(၃၁)-ဒုခေါင်းဆောင်ယန် သောင်းကျန်းတော့မည်
အပိုင်း(၃၂)-ယန်ရှယ်သာလျှင် အချောဆုံး
အပိုင်း(၃၃)-ဖူးKလို့တလေးတစားခေါ်ကြတယ်
အပိုင်း(၃၄)-အမေ့ခံနာမည်လေးတစ်ခုရှိတယ်၊ 'ထင်ယွင်' တဲ့
အပိုင်း(၃၅)-ငါ့ရဲ့အပြစ်ကင်းစင်မှုကို တခြားလူ ဆုံးဖြတ်ပေးစရာမလိုဘူး
အပိုင်း(၃၆)-ဓားခုတ်ကောင်သည် ပုစဉ်းကိုချောင်းနေသည်နှင့် ငှက်ဝါကိုသတိမမူမိ
အပိုင်း(၃၇)-မင်းဘယ်လောက်လိုက်နိုင်မှာမလို့လဲ?
အပိုင်း(၃၈)-သိမ်မွေ့ခြင်းနောက်ကွယ်က ပုံစံအစစ်အမှန်
အပိုင်း(၃၉)-ငါအသက်ရှင်မှဖြစ်မယ်
အပိုင်း(၄၀)-ရွေးချယ်စရာမရှိဘူး၊ ငါရဲ့ငွေသုံးနိုင်မှုအပေါ်မှာပဲမူတည်တယ်
အပိုင်း(၄၁)-မင်းငါ့ကိုလိုက်ပို့ပေးလို့ရမလား
အပိုင်း(၄၂)-မတရားမှုတွေပြည့်နှက်နေတဲ့လောကကြီးဟာ တရားနေပြန်တယ်
အပိုင်း(၄၃)-စုံစမ်းစစ်ဆေးရေးခေါင်းဆောင်​၏ ကြင်ဖက်တွေ့ခြင်းဒိုင်ယာရီ (၁)
အပိုင်း(၄၄)-စုံစမ်းစစ်ဆေးရေးခေါင်းဆောင်​၏ ကြင်ဖက်တွေ့ခြင်းဒိုင်ယာရီ(၂)
အပိုင်း(၄၅)-ကျန်းထင်က တအားချောတာ၊ မှုခင်းရဲအလှပဂေးလေး
အပိုင်း(၄၆)-အမြီးဖြူ ပင်လယ်လင်းယုန်
အပိုင်း(၄၇)-ရဲမေအလှလေးအတွက် ပေါက်စီရော?
အပိုင်း(၄၈)- အရင်းရှင်ကြီးနှင့် ပစ္စည်းမဲ့လူတန်းစားလေး​၏ ခုခံမှု
အပိုင်း(၄၉)-ထူးဆန်းသော ခံစားချက်
အပိုင်း(၅၀)-ငါက အရင်းရှင်ကြီးရဲ့ တောက်တိုမည်ရ လုပ်ပေးရုံတင်ပါ
အပိုင်း(၅၁)- မင်း ငါ့ကိုယုံလား?
အပိုင်း(၅၂)-နလန်ထူခါစ
အပိုင်း(၅၄)-သဲလွန်စအားလုံး ချိတ်ဆက်သွားပေပြီ
အပိုင်း(၅၅)-အပြစ်ရှိတဲ့လူတွေကို အပြစ်ပေးပြီး အပြစ်မဲ့တဲ့လူတွေ လွတ်မြောက်ရမယ်
အပိုင်း(၅၆)-သူတကယ်ကွပ်မျက်ချင်တဲ့လူက ငါပဲ
အပိုင်း(၅၇)- ငါတစ်ချိန်လုံး သိနေခဲ့တယ်
အပိုင်း(၅၈)-ကျွန်တော်....ကျွန်တော်ကသူ့သူငယ်ချင်း
အပိုင်း(၅၉)-ရေသန့်
အပိုင်း (၆၀)-နှလုံးခုန်နေတာကို ခံစားရလား?
အပိုင်း(၆၁)- အိမ်ကလူ ခိုးရာလိုက်ပြေးသွားလို့!
အပိုင်း(၆၂)-မင်းကို အရမ်းတွေ့ချင်လာတာ
အပိုင်း(၆၃)-တွဲကြမလား၊ ခေါင်းဆောင်ကျန်း?
အပိုင်း(၆၄)-အသက်ကိုတန်ဖိုးမထားဘူး
အပိုင်း(၆၅)-တအားတူတယ်
အပိုင်း(၆၆)-Darwin​၏သီအိုရီမှာ လိင်တူဆက်ဆံရေးအတွက် မဟုတ်
အပိုင်း(၆၇)-အဓိပ္ပာယ်ပါသော အပြုံး
အပိုင်း(၆၈)-နောက်ဆုံးတော့ ယန်ရှယ်​၏တစ်ခုတည်းသော အားနည်းချက်ကို ထိုးမိသွားလေပြီ
အပိုင်း(၆၉)- မင်းနှမကြီးကို သဝန်တိုနေလိုက်!
အပိုင်း(၅၃)-လူငယ်ဘဝ​၏ ချစ်မေတ္တာအလှတရား
2.2K 386 55
By jinghastriplesun
ငယ်ဘဝ​၏ ချစ်မေတ္တာအလှတရား
---------------------------------------------
အနားယူခြင်း။
တစ်နေ့နေ့တစ်ချိန်ချိန်တော့ သည်လိုနေ့မျိုးရောက်လာမည်မှန်းသိကြသော်လည်း ဤမျှလောက်ကြီး မြန်ဆန်လိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့။
ယန်ရှယ်မှာ တစ်ခဏမျှ အာစေးမိသွားရပါသည်။ သို့ရာတွင် ယွီကျူးကမူ သူဖြစ်ပျက်သွားသည့်ပုံစံကို ရယ်လျက် အင်္ကျီလက်ကြယ်သီးကိုတပ်ရင်း မတ်တတ်ထလိုက်​၏။
"သွားမယ်။ မင်းရုံးခန်းထဲမှာပဲ ဒီပြန်ပေးဆွဲမှုအကြောင်း ဆွေးနွေးကြရအောင်။"
သူမက ယန်ရှယ်ဘေးမှဖြတ်သွားကာ မလှမ်းမကမ်းရှိ ပိတ်ထားသော ဒုခေါင်းဆောင်ရုံးခန်းတံခါးဆီ တန်းတန်းမတ်မတ် လျှောက်သွားလေသည်။
---ကျန်းထင်က ရုံးခန်းထဲမှာပဲ ရှိသေးတယ်ဟ!
ယန်ရှယ်လည်း ဒရောသောပါးလိုက်သွားကာ တံခါးလက်ကိုင်ဆီ လှမ်းလိုက်သော ယွီကျူး​၏လက်ကို ကြားကဖြတ်ပြီး ဖမ်းကိုင်လိုက်​၏။ ထို့နောက် ရယ်ကျဲကျဲနှင့်
"အားတော့နာပေမဲ့ ကျွန်တော့ရုံးခန်းကလေ ရှုပ်ပွစိတတ်နေတာ။ ကောင်းကောင်းလဲ မရှင်းအားသေးတော့ ခေါင်းဆောင်ယွီကြည့်ပြီး ရယ်စရာဖြစ်နေပါဦးမယ်........."
ပြောလည်းပြော၊ တံခါးကိုလည်း ဘေးပြန်တွန်းကာ ကျွမ်းကျင်စွာပင် လှစ်ခနဲ ကြားဝင်၍ ယွီကျူး​၏ မြင်ကွင်းကို သူ့ကိုယ်နှင့် ကာဆီးထားလိုက်သည်။
ထိုစဉ်တံခါးနောက်မှ အသံတစ်သံထွက်လာသော်လည်း တိခနဲတိတ်သွားလေ​၏။ ခေါင်းဆောင်ယွီမှာ ရုံးခန်းထဲ တိုးဝင်သွားတော့သည်။
"ဟဲ့တော်တော်လေးရှင်းနေတာပဲမဟုတ်ဘူးလား?"
ခေါင်းဆောင်ယွီသည် ရယ်သွေးလျက် ရုံးစားပွဲနောက်မှ ဆုံလည်ကုလားထိုင်ကိုဆွဲထုတ်ပြီး ထိုင်လိုက်သည်။ ထို့နောက်ယန်ရှယ်ကို ဟန့်တားလိုက်​၏။
"ရေနွေးကြမ်းလုပ်ပေးဖို့မလိုဘူး။ ငါအခုဘာမှ သောက်နိုင်တာမဟုတ်ဘူး။ လမ်းလျှောက်တာတောင် ဆရာဝန်လမ်းညွှန်ချက်အတိုင်း လိုက်နာနေရတယ။ ငါကလေ....အခုဆို မသန်မစွမ်းတောင်ဖြစ်နေပြီ။"
ယန်ရှယ်သည်လည်း ဆုံလည်ကုလားထိုင်တစ်ခုံဆွဲထုတ်ကာ အခွင့်အရေးကိုအမိအရဆုတ်ကိုင်လျက် ရွှတ်ခနဲ ရုံးခန်းကိုတစ်ပတ်လှည့်ကြည့်လိုက်ပေသည်။ ထို့နောက် ရယ်သံလေးစွက်လျက်
"ဘာတွေလျှောက်ပြောနေတာလဲဗျာ၊ ကျန်းနင်အတွက် ခေါင်းဆောင်အကျိုးပြုပေးခဲ့တာတွေဆိုတာ မရေမတွက်နိုင်အောင်ပဲ။ ကိုယ့်ကိုယ်ကိုဘာလို့ အဲ့လိုကြီးပြောရတာလဲဗျာ။"
——ဤကားစိတ်ရင်းဖြင့်ပြောလိုက်သည့် နှလုံးသားအောက်ခြေမှလာသော စကားလုံးများသာဖြစ်ပါသည်။ လက်တွေ့တွင်လည်း ဟုတ်နေသည်မို့။
ယွီကျူးသည် ကျန်းနင်​၏ ပထမဆုံးသော အမျိုးသမီး ရဲမှူးကြီးဖြစ်သည်။ ထိုမျှမက လုံခြုံရေးဌာနတစ်ခုလုံးတွင် ရာထူးအမြင့်ဆုံးများထဲမှတစ်ယောက်အပါအဝင်ဖြစ်သည့် အမျိုးသမီးအရာရှိကြီးဖြစ်ပေသည်။ လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်ကျော်က ကွင်းဆင်းအလုပ်သင်အဖြစ် စတင်ခဲ့ရာမှသည် ခြေရာခံတပ်သားအဖြစ်လည်းကောင်း၊ နည်းပညာဌာနတွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ တရားမဝင်မှောင်ခိုကုန်သွယ်မှုတိုက်ဖျက်ရေး၊ ပေါက်ကွဲစေတတ်သောပစ္စည်းများဖျက်ဆီးခြင်း၊ ကျူးလွန်သူများအားဖမ်းဆီးခြင်းနှင့်ဆိုင်သည့် စစ်ဆင်ရေးများ အစရှိသဖြင့် ခေါင်းစဉ်တစ်ခုစီကို စစ်ဆင်ရေးရာပေါင်းများစွာအထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ ထို့ပြင် အထူးဂုဏ်ပြုထိုက်လောက်သည်အထိ ရွပ်ရွပ်ချွံချွံအောင်မြင်ခဲ့သော အမှုကြီးငယ်များမှာလည်း ဆယ်ကြိမ်ထက်မနည်းပေ။ လွန်ခဲ့သော ဆယ်နှစ်ကျော် မှုခင်းရေးရာစုံစမ်းစစ်ဆေးရေးဌာနခွဲ​၏ ခေါင်းဆောင်ဖြစ်သူ ဝေ့ယောင်တစ်ယောက် ရဲစခန်းတစ်ခုကို လေ့ကျင့်ရေးအတွက် အပို့ခံခဲ့ရစဉ်အချိန်က သူမသည် နည်းပညာဌာနဒုခေါင်းဆောင်​အဖြစ်မှ ဒေသန္တရရုံးချုပ်​၏ မှုခင်းရေးရာစုံစမ်းစစ်ဆေးရေးတပ်ခွဲ ဒုခေါင်းဆောင်အဖြစ် မှုခင်းကိစ္စမှန်သမျှ ဦးဆောင်တာဝန်ယူဖို့ ဖြစ်လာခဲ့သည်။ ထို့နောက် ဝေ့ယောင်ပြန်ရောက်လာပြီး မကြာမီမှာပင် ဌာနချုပ်ဒုခေါင်းဆောင်ဖြစ်သွားပြီး သဘာဝကျကျပင် ရာထူးတိုးခံရကာ မှုခင်းရေးရာစုံစမ်းစစ်ဆေးရေးဌာနချုပ်ခေါင်းဆောင် ဖြစ်လာခဲ့ပေသည်။
လွန်ခဲ့သော နှစ်နှစ်က နှလုံးရောဂါထဖောက်လာပြီး အရေးပေါ်နှလုံးခွဲစိတ်ခဲ့ရသောကြောင့်သာမဟုတ်လျှင် ယခုဆို မြို့တော်ရုံးချုပ်​၏ လက်ထောက်ဒါရိုက်တာချုပ်အဖြစ် ရာထူးတိုးနေမည်မှာ အသေအချာပင်။
(T/N- တရုတ်ပြည်မကြီးရဲ့ အများပြည်သူလုံခြုံရေးစနစ်အောက်က ဌာနအဆင့်အကြောင်းအကြမ်းဖျင်းလေး ရှင်းပါရစေ။ အမြင့်ဆုံးကတော့ လုံခြုံရေးဝန်ကြီးဌာန၊ အဲ့ဒီနောက် ပြည်နယ်ရုံးချုပ်တွေ၊ အဲ့ဒီနောက် မြို့နယ်အဆင့် မြို့တော်ရုံးချုပ်၊ ပြီးတော့ မြို့တော်ရုံးချုပ်ကနေ ထပ်ခွဲတဲ့ဒေသန္တရဌာနခွဲတွေ၊ အဲ့ဒီအောက်ကမှ ရဲစခန်းတွေ အဲ့လိုလာတာပါ။ ထပ်ကွဲသေးတာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရယ်၊ မြူနီစီပယ်အစိုးရအုပ်ချုပ်တာရယ်၊ ဗဟိုအစိုးရကတိုက်ရိုက်အုပ်ချုပ်တာရယ်ဆိုပြီး ဒေသအလိုက်ကွဲပါသေးတယ်။ အရင်အပိုင်းမှာ ဟွိုင်သာ့ရှင်းခဲ့တာကိုထောက်ရရင် ယန်ရှယ်က မြူနီစီပယ်အစိုးရအုပ်ချုပ်မှုအောက်က မြို့တော်ရုံးချုပ်မှာဖြစ်ပြီး၊ ကျန်းထင်ကတော့ ဗဟိုအစိုးရတိုက်ရိုက်အုပ်ချုပ်မှုအောက်ကပါ။ တစ်လက်စတည်း ပြောရရင် ယန်ရှယ်က တစ်ပွင့် နှစ်ရစ်နဲ့ ပထမတန်းရဲအုပ်ဖြစ်ပြီး ကျန်းထင်က သုံးပွင့်နှစ်ရစ်နဲ့ တတိယတန်းရဲအုပ်ဖြစ်တာမလို့ ယေဘုယျအားဖြင့် ကျန်းထင်က ယန်ရှယ်ရဲ့ အထက်လူကြီးမဟုတ်ပေမဲ့ ရာထူးပိုကြီးတယ်လို့ပြောလို့ရပါတယ်။ သူတို့ဆီကရဲဌာန ရာထူးအဆင့်သွားတဲ့ပုံစံကကျတော့ [ရဲတပ်သား->တပ်ကြပ်->ရဲအုပ်-> ရဲမှူး -> ရဲမင်းကြီး ] အဲ့လိုလာတာပါ။ ဒီလိုဆို အပေါ်အပိုဒ်က ယွီကျူးရဲ့အကြောင်းကို မရှင်းပြလဲ နားလည်မယ်ထင်ပါတယ်။)
"သူရဲကောင်းဆိုတာ အတိတ်ကစွမ်းဆောင်ချက်တွေကို စမြုံပြန်မနေဘူး၊ အရင်တုန်းကကိစ္စတွေကို အစဖော်မနေနဲ့တော့။"
ယွီကျူးက ခပ်ရေးရေးလေး ပြုံးရင်း ပြောပါ​၏။
"ငါ့ကို ပြန်ပေးဆွဲမှု အကြောင်းပြောပြပါဦး။ လက်ထောက်ဌာနမှူးဝေ့ဆီက ကြားခဲ့တာတော့ မင်းကဒါကို သီးခြားအမှုမဟုတ်ဘူးဘဲ ကွင်းဆက်ပြန်ပေးဆွဲမှုလို့ အခိုင်အမာပြောနေတာဆို။"
"အင်း၊ အဲ့လိုပဲဖြစ်သွားတယ်။"
ယန်ရှယ်က အဆင်သင့်ပြင်ထားသော အချက်အလက်တို့ကို ယွီကျူးအားကမ်းပေးပြီး ဖတ်စေလိုက်သည်။ တစ်ချိန်တည်းမှာပင် ပြန်ပေးသမား​၏ မူမမှန်သော အပြုအမူများနှင့်ပက်သက်၍ ကွဲပြားသော စရိုက်လက္ခဏာများ၊ ဝတ္တရားဆန်သော အမူအကျင့်များစသည်ဖြင့် ကျန်းထင်​၏ ဆန်းစစ်ချက်များကို အတိုချုပ်ပြန်ရှင်းပြလိုက်​၏။ ထပ်လောင်း၍
"အဓိကက ကျွန်တော်တို့ မူလကသွားနေတဲ့ စုံစမ်းစစ်ဆေးရေးလမ်းကြောင်းတစ်ခုလုံးက လုံးဝဆုံးခန်းတိုင်နေပြီ၊ ရှေ့ဆက်ပြီး ဘာလုပ်ရမှန်းမသိတော့တဲ့အခြေအနေ။ နည်းပညာဌာနက ပေးပို့လာတဲ့ သတင်းအချက်အလက်တွေအရ ရှိန်းရှောင်ချီကားငှားခဲ့တဲ့ကုမ္ပဏီက၊ Wechat momentမှာ ကြော်ငြာထားတဲ့ အော်ဖစ်ရှယ်အကောင့်လို့သိရတယ်။ သူတို့ပြောတာကတော့ အခင်းဖြစ်တဲ့ညနေ၊ ရှုခင်းသာအပြင်ဘက်မှာ သူတို့ရှိန်းရှောင်ချီကို စောင့်မနေခဲ့ဘူး။ ကျန်တာကတော့ ဘာမေးမေးမသိဘူးချည်းပဲ ဖြေသွားတယ်။ လိုင်စင်မဲ့ကားကိုမောင်းတဲ့ ဒရိုက်ဘာကိုတော့ အခု စစ်ဆေးရေးခန်းထဲမှာ ရှောင်မာတို့စစ်မေးနေတာ နှစ်နာရီလောက်ရှိပြီ။ အဲ့ဒီရှိန်းရှောင်ချီဆိုတဲ့ကလေးက ဘာလို့ ထျန်းဇုန်းတောင်အပန်းဖြေစခန်းကိုသွားဖို့ရွေးချယ်ခဲ့တာလဲ၊ အဲ့လိုရွေးချယ်ဖို့ ပြင်ပလှုံ့ဆော်ချက်တစ်ခုခုများရှိနေမလားဆိုတဲ့မေးခွန်းတွေနဲ့ပက်သက်ပြီးတော့တော့ အခုထိ အတိအကျမသိရသေးပါဘူး............"
"အခင်းဖြစ်တဲ့တောထဲတောင်ထဲမှာရော ရှာဖွေကယ်ဆယ်ရေးသမားတွေက သဲလွန်စတစ်ခုခုများ မတွေ့ကြဘူးလား?"
ယွီကျူးမေးလိုက်​၏။
"ခြေရာခံအဖွဲ့တွေရော၊ ရဲခွေးတွေရော၊ Life locatorတွေရော အကုန်သုံးပြီး တတ်နိုင်သမျှရှာပြီးပြီ။ ရှာဖွေကယ်ဆယ်ရေးတွေလဲ လမ်းသွားပြီ။"
(T/N- life locatorဆိုတာ အသက်ရှင်နေတဲ့ သက်ရှိတွေကို ရှာဖွေလို့ရတဲ့ စက်တစ်ခုပါ)
ယန်ရှယ် ပြောလိုက်သည်။
"ဒီလိုရာသီ တောကြီးမျက်မည်းထဲမှာ ဘယ်ရောက်နေမှန်းမသိတဲ့ ကလေးနှစ်ယောက်ကိုရှာရတာ ကောက်ရိုးပုံကြားထဲ အပ်ပျောက်ရှာရသလိုပဲ။"
ယွီကျူးက တွေးဆဆဖြင့် ခေါင်းညိတ်လိုက်​၏။
ထိုစဉ် ယန်ရှယ်က မေးလိုက်သည်။
"ကျွန်တော်တို့အခု ကွင်းဆက်အမှုနေနဲ့လမ်းကြောင်းပြောင်းရှာလိုက်တဲ့အပေါ် ခေါင်းဆောင်ရော မသင့်တော်ဘူးလို့ထင်လား?"
ယွီကျူး​၏ အမူအရာကိုကြည့်ရသည်မှာ ပြန်မဖြေခင် စကားလုံးရွေးနေပုံပေါ်​၏။
"မသင့်တော်ဘူးလို့ပြောလို့မရပါဘူး။ အကျိုးအကြောင်းသင့်နေတာပဲ ဥစ္စာ။"
ယန်ရှယ် အနည်းငယ်မျှ စိတ်အေးသွားရတော့သည်။
"ဒါပေမဲ့ ငါသိချင်တာတစ်ခုရှိတယ်။"
ယန်ရှယ် : "အော?"
"မင်းက စီမံတဲ့နေရာနဲ့ စစ်ဆေးရေးလုပ်တဲ့နေရာမှာ ကျွမ်းတာပါ။ အမှုကို ခွဲခြမ်းစိတ်ဖြာပြီး စိစစ်သွားတဲ့ပုံက မင်းအနေနဲ့သာဆို တအားတွေ ပရော်ဖက်ရှင်နယ်ဆန်ပြီး မြင့်နေသလားလို့လေ။ "
ယွီကျူးက ကိုယ်ကို အနည်းငယ်ရှေ့ကိုင်းလိုက်ရင်း ယန်ရှယ်​၏ မျက်လုံးတည့်တည့်ကို ကြည့်မေးလိုက်​၏။
"ရုံးချုပ်ထဲက ဘယ်သူကများမင်းကို ဒီလိုအကွက်ကျကျမြင်နိုင်အောင် ကူညီပေးလိုက်တာလဲ မသိဘူးနော်?"
တစ်စက္ကန့်နှစ်စက္ကန့်မျှ စိတ်ထဲဗြောင်းဆန်သွားပြီးနောက် ယန်ရှယ်တည်ငြိမ်အောင်ပြန်ထိန်းလိုက်ကာ မျက်နှာချင်းဆိုင်ကို အေးအေးလူလူပြန်ကြည့်လိုက်သည်။ သို့သော်လည်း ဦးနှောက်ထဲ၌ အတွေးပေါင်းသောင်းခြောက်ထောင် ပြေးလွှားနေပါ​၏။
သူဘာကိုနှိုက်မေးချင်နေတာလဲ?
ဘယ်လိုပြန်ဖြေရင် ကောင်းမလဲ?
"ဪ၊ အဲ့ဒါလား"
ယန်ရှယ်က မျက်စိတစ်မှိတ်စာအတွင်း ချက်ချင်းပင် ရယ်ရယ်မောမောနှင့် ဘာမှမဟုတ်သလို ပြောလိုက်လေသည်။
"ကျွန်တော်လဲ ဘယ်လိုမှ မစဉ်းစားတတ်တော့တာနဲ့၊ အဖေ့ကိုဖုန်းဆက်မေးလိုက်တာလေ။ ကျွန်တော်တို့အိမ်က ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ ရင်းနှီးမြှုပ်နှံဖူးတယ်မလား? အဲ့ဒီတော့အဖေကနေပြီး အဲ့ဒီမှာရှိတဲ့ စိတ်ကျန်းမာရေးဆရာဝန်တွေကို သွားမေးလိုက်တာ။"
ယွီကျူးက ခေတ္တစဉ်းစားလိုက်ပြီးနောက် ခုံနောက်ကို ဖြည်းဖြည်းချင်း ပြန်မှီလိုက်ပေသည်။
"........အင်းပေါ့လေ၊ အဲ့လိုလုပ်လို့ အရှုံးမှမရှိတာ။"
ယန်ရှယ်က ရယ်ရုံသာရယ်ပြီး တစ်ခွန်းမျှပြန်မပြော။
"ငါ့ကျန်းမာရေးအခြေအနေကလဲ ဒီလိုဖြစ်နေပြီဆိုတော့ နောက်ကျရင် မင်းတစ်ယောက်တည်းရုန်းရတော့မှာ။ မှုခင်းဌာနရဲ့ ခေါင်းဆောင်နေရာဆိုတာ အများပြည်သူလုံခြုံရေးစနစ်ရဲ့ ရှေ့တန်းမှာ အရေးအပါဆုံးနဲ့ ရာဇဝတ်မှုတွေကို ရင်ဆိုင်ရတဲ့အခါ ရှေ့ဆုံးက တံတိုင်းတစ်ခုလို့ ပြောရင်လဲ မမှားဘူး။ မင်းရဲ့ ဆုံးဖြတ်ချက်သာ တစ်ချက်မှားသွားတာနဲ့ လူတွေအများကြီး ဒုက္ခရောက်ရလိမ့်မယ်။ မင်းရဲ့အတွေးတစ်ချက် ယိမ်းယိုင်သွားတာနဲ့ ရာဇဝတ်ကောင်တွေအများကြီးအတွက် အကျိုးအမြတ်ဖြစ်သွားလိမ့်မယ်။"
ယွီကျူး မတ်တတ်ထလိုက်ရာ ယန်ရှယ်လည်း လိုက်ထလိုက်​၏။ သူမကမူ တစ်စုံတစ်ရာကို ရည်ညွှန်းပြောဆိုနေသကဲ့သို့ တစ်လုံးချင်း တိတိကျကျပြောနေလေသည်။
"မင်းရဲ့ ဆုံးဖြတ်ချက်တွေက ပြင်ပလွှမ်းမိုးမှုတွေ ကင်းနေမယ်လို့ မျှော်လင့်ပါတယ်။ အဲ့ဒီလွှမ်းမိုးမှုက ငြိမ်သက်တယ်လို့ထင်ရတဲ့ မြို့တော်ရုံးချုပ်အတွင်းပိုင်းကလာတယ်ဆိုရင်တောင်မှပေါ့။"
ယန်ရှယ် : "..........."
"ဟုတ်ပါပြီကဲ၊ မင်းအမှုလိုက်တာကို မနှောင့်ယှက်တော့ပါဘူး။"
ယွီကျူးက သူမ​၏လက်ပတ်နာရီကိုတစ်ချက်ကြည့်ပြီး ယန်ရှယ့်ပုခုံးကို ပုတ်လိုက်သည်။
"ငါ ဒါရိုက်တာလွီရဲ့ ရုံးခန်းကိုသွားတော့မယ်။ ငါတို့နောက်မှ ဆက်ပြောကြတာပေါ့။"
ယန်ရှယ်က တစ်ခုခုပြောရန် နှုတ်ခမ်းလှုပ်လိုက်လိုက်သော်လည်း ပါးစပ်ဟရုံရှိသေး သူမက လက်ပြ၍ တားလိုက်သည်။ ထို့နောက် ယွီကျူးလည်း လက်နောက်ပစ်လျက် ရုံးခန်းထဲမှ ထွက်သွားတော့သည်။
ယန်ရှယ်သည် စားပွဲနောက်တွင်ရပ်လျက် သူမထွက်သွားသည်ကို မျက်စိတစ်ဆုံး လိုက်ကြည့်နေကာ မျက်စံများမှာတော့ အနည်းငယ်လှုပ်ခါနေလျက်သား။
ကော်ရစ်တာမှ ယွီကျူး​၏ ခြေသံများ လုံးဝပျောက်ကွယ်သွားမှသာ သူရှေ့တိုး၍ တံခါးသွားပိတ်လိုက်သည်။
ထို့နောက် စာရွက်စာတမ်းဗီရိုကိုမျက်နှာမူလျက်
"မင်းဘယ်လိုထင်လဲ?"
ထိုစဉ် သူ့နောက်မှ လိုက်ကာလေးလှုပ်ခတ်သွားကာ ကျန်းထင်ထွက်လာတော့သည်။
ယန်ရှယ် ဆက်ခနဲနောက်လှည့်ကြည့်လိုက်ရာ ကျန်းထင်မှာ ဘာမှမဖြစ်ခဲ့သလို သူ​၏တောင့်တင်းနေသော ပုခုံးကြောများကိုသာ ဖြေလျှော့နေပါ​၏။ သူက ယွီကျူးပြောသွားသမျှတစ်လုံးတစ်ပါဒမျှ မကြားလိုက်သည့်ဟန်ဖြင့် မေးလာလေသည်။
"အမှုမှတ်တမ်းတွေက ဘယ်လိုလဲ?"
ထိုစဉ် ဒါရိုက်တာလွီ​၏ ရုံးခန်းထဲ၌
ယွီကျူး တံခါးနှစ်ချက်ခေါက်၍ တွန်းဖွင့်ကာ ဝင်သွားလိုက်သည်။ ဒါရိုက်တာလွီကမူ ကွန်ပျူတာဆီမှ အကြည့်မခွာဘဲ လက်ပတ်နာရီကိုသာ မြှောက်ကြည့်ပြီးပြောလေသည်။
"နောက်ကျတယ်နော်။ ဘာတွေလုပ်နေလို့လဲ?"
"ဘာမှမဟုတ်ပါဘူး။ လမ်းမှာ ယန်ရှယ်ကို အမှုအကြောင်း နည်းနည်းပါးပါး တီးခေါက်ကြည့်နေတာမလို့ပါ။"
ယွီကျူးက စားပွဲရှေ့သွားထိုင်လိုက်ပြီး ကွန်ပျူတာစခရင်ကို ခေါင်းငဲ့ကြည့်လိုက်​၏။
"ခင်ဗျားက ကြည့်တောင်နေပြီပေါ့?"
ဒါရိုက်တာလွီက စခရင်ကို သူမဘက်လှည့်ပြလိုက်သည်။
"အင်း"
စခရင်၌ ပေါ်နေသည်က မြို့တော်ရုံးချုပ်အတွင်းပိုင်း​၏ စောင့်ကြည့်ကင်မရာမှတ်တမ်းဗီဒီယိုဖြစ်သည်။ ညာဘက်ထောင့်တွင် အချိန်ကိုဖော်ပြထားပြီး မေလရှစ်ရက်နေ့အစ မှောင်ရိပ်ဝေနေသေးသော နံနက်အချိန်အခါဖြစ်​၏။
ဟူဝေရှိန့်ဆေးကျွေးခံရပြီး အသက်ပျောက်သွားသောည!
မှောင်မည်းနေသော ရုံးခန်းကြီးထဲတွင် လူနှစ်ဦး​၏ မျက်နှာဆီကို စခရင်မှ ရောင်ပြန်နေသော အလင်းမှိန်မှိန်လေးသာရှိသည်။ စခရင်ပေါ်တွင် လှုပ်လီလှုပ်လဲ့ပေါ်နေသော မြို့တော်ရုံးချုပ်​၏ ထောင့်နေရာတိုင်းမှာ မျက်လုံးလေးလုံးထဲ၌ ရောင်ပြန်ပုံရိပ်ထင်နေသည်။ အတန်ကြာမှ ခေါင်းဆောင်ယွီက လေးအေးလေးဖြင့် ပြောလာသည်။
"ကျွန်တော်တို့ရဲ့ ကျန်းနင်ရုံးချုပ်လဲ ဒုတိယကုန်းကျိုးဖြစ်တော့မလားမသိဘူး?"
ဒါရိုက်တာလွီ​၏ အကြည့်တို့က သူမဆီရောက်လာပြီးနောက် ရုတ်တရက် ပြောလာ​၏။
"ကုန်းကျိုးလို့ပြောလိုက်တာနဲ့ ငါတော့တစ်စုံတစ်ယောက်ကို တန်းသတိရမိတာပဲ။"
"ဟမ်?"
"မင်း ကုန်းကျိုးရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့(၂)ခေါင်းဆောင် ကျန်းထင်နဲ့ အတူတွဲပြီး စစ်ဆင်ရေးဘယ်နှကြိမ်လောက်လုပ်ဖူးလဲ? သူ့အပေါ်ရော မင်းဘယ်လိုမြင်လဲ?"
ရုတ်တရက်ကြီး ဤအကြောင်းထမေးလိုက်သဖြင့် ယွီကျူးမှာ အနည်းငယ် ကြောင်တောင်တောင်ပင်ဖြစ်သွားရသည်။
"ကျန်းထင်? သူက သေသွားပြီ မဟုတ်ဘူးလား? ကျန်းထင်ကို ကုန်းကျိုးရဲ့ အတော်ဆုံးရဲသူလျှိုအဖြစ် အမြဲတမ်းသတ်မှတ်ထားကြတာ။"
ဒါရိုက်တာလွီ​၏ မျက်နှာတွင် အမူအရာတို့ကင်းမဲ့နေလျက် မေးလာ​၏။
"မင်းအမြင်ကို ငါသိချင်တယ်။"
"............."
ယွီကျူးမှာ သူ့ဝသီအတိုင်း လေးနက်စွာတွေးလိုက်ပြီး အတော်ကြာကြာ စဉ်းစားပြီးမှ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
"ကျန်းထင်က အမှုအပေါ်ပိုင်းခြားဆန်းစစ်တဲ့နေရာမှာ တစ်ဖက်ကမ်းခပ်အောင်တော်တယ်။ ဒါပေမဲ့ အမှုကိုပိုင်ခြားဆန်းစစ်တာကလွဲ သူ့ပါးစပ်ကထွက်လာသမျှ တစ်လုံးမှယုံလို့မရဘူး.......သူ့မှာ ဘယ်သူ့ကိုမဆို အယုံသွင်းနိုင်တဲ့ အထူးစွမ်းရည်တစ်ခုပိုင်ဆိုင်ထားတယ်။ ဘယ်လောက်ဝါရင့်တဲ့ ရာဇဝတ်သားနေနေ သူ့ကျော့ကွင်းကမလွတ်ဖူးဘူး။ ကျွန်မအနေနဲ့ ဘဝမှာ ဉာဏ်များလှပါချည်ရဲ့ဆိုတဲ့ ရာဇဝတ်သားတွေ အများကြီးတွေ့ခဲ့ဖူးပေမဲ့ ကျန်းထင်လောက် သိုဝှက်ပြီး လူ့စိတ်ကို အလိုရှိသလို ကြိုးကိုင်ခြယ်လှယ်နိုင်တဲ့လူ တစ်ယောက်မှမတွေ့ဖူးဘူး။ တကယ်ကို ပြိုင်ဘက်ကင်းပဲ။"
ဒါရိုက်တာလွီက မည်သို့မျှ မှတ်ချက်မပေးဘဲ ဆက်ပြောရန် လက်ဖြင့်အချက်ပြလိုက်သည်။
ခေါင်းဆောင်ယွီလည်း ပြောလိုက်​၏။
"အဲ့ဒီနှစ်က ကုန်းကျိုးဒုမြို့တော်ဝန်နဲ့ သူလျှို 'သံမှို' တို့ရဲ့ သေဆုံးမှုတွေမှာ သူပါဝင်ပက်သက်နေတယ်လို့ ကျွန်မကတော့ ယုံကြည်တယ်။"
နံကပ်နာရီပေါ်မှ မိနစ်လက်တံသည် တစ်ရစ်ပြီးတစ်ရစ်လှည့်ပတ်နေ​၏။ မှုခင်းဌာန ပြတင်းတံခါးအပြင်တွင် ဆည်းဆာချိန်မှသည် ညဉ့်ဦးယံသို့ ကူးပြောင်းခဲ့ချေပြီ။ စင်္ကြံလမ်းအနှံ့ လိမ်ဖယ်နေသော ဆေးလိပ်နံ့နှင့် အသင့်စားခေါက်ဆွဲပြုတ်နံ့များကား မွန်းကြပ်ဖွယ်ကောင်းလွန်းလှပါသည်။
မာရှန်သည် တံခါးဘောင်ကို ပျင်းတိပျင်းတွဲ မှီလျက် တံခါးရွက်ကို စိတ်မပါတစ်ပါနှင့် နှစ်ချက်မျှပုတ်လိုက်လေ​၏။
"မရဘူး။ အစ်ကိုယန်၊ ထွက်လာတဲ့အဖြေက မပြည့်စုံသေးဘူး။"
ယန်ရှယ်သည် ကွန်ပျူတာနောက်၌ ထိုင်နေပြီး ဖိုင်ပုံကြားထဲ၌ လျှာထိုးဦးထုပ်ဆောင်းလျက်ထိုင်နေသည်မှာ ကျန်းထင်ဖြစ်ချေသည်။  မာရှန်​၏ စကားကိုကြားလိုက်သည်နှင့် နှစ်ယောက်လုံးပြိုင်တူ မော့ကြည့်လာ​၏။
"ပြီးခဲ့တဲ့သုံးနှစ်အတွင်း မြို့နယ်တစ်ဝိုက်မှာ ဖြစ်ပွားခဲ့တဲ့ ကလေးပျောက်ဆုံးမှုက စုစုပေါင်း ၂၈၆၄မှုတောင်ရှိတယ်။  အဲ့ဒီထဲက တို့လို့တန်းလန်း၂၁၆မှုထဲမှာမှ ၁၉မှုကတော့ ပြန်ပေးဆွဲမှုအဖြစ် အတည်ပြုပြီးသား။ အဲ့ဒီ၁၉မှုမှာ ယောက်ျားလေးက ဆယ့်တစ်မှု၊ မိန်းကလေးက ရှစ်မှု။ တစ်မှုမှ နှစ်ယောက်တွဲပြန်ပေးဆွဲခံရတာမပါသလို နှစ်သန်းထက်ပိုတောင်းတဲ့ အမှုလဲမရှိဘူး။"
မာရှန်က အချုပ်စာရင်းကို သူ့စားပွဲပေါ်ပစ်တင်လိုက်​၏။
"ဖြေရှင်းပြီးသွားတဲ့ နှစ်ယောက်တွဲပြန်ပေးဆွဲမှု ၆၃မှုမှာ အများစုက ဆွေမျိုးတော်တဲ့ ဆယ်နှစ်အောက်ကလေးတွေချည်းပဲ။ တရားခံတွေကလဲ သံတိုင်ကြားထဲရောက်တဲ့လူကရောက် ကျည်ဆံစာမိတဲ့လူကမိပြီးသွားကြပြီ။ ဘယ်လိုမှ ထပ်ကျူးလွန်ဖို့ရာလမ်းမရှိတော့ဘူး။"
ယန်ရှယ်သည် စာရင်းကို လှမ်းယူ၍ လှန်ကြည့်မည်အပြု ကျန်းထင်က သူ့ကိုလက်ယက်ပြလာ၏။
သို့ဖြစ်ရာ ယန်ရှယ်လည်း စာရင်းကိုယူပြီး သူ့နားသွားရတော့သည်။ သူကတော့ထိုင်ရာကမထ၊ ယန်ရှယ်ကမူ မိုးတိုးမတ်တတ်။ နှစ်ယောက်သား စာရွက်စာတမ်းအထပ်လိုက်ပေါ်သာ ခေါင်းချင်းဆိုင်လိုက်ကြတော့သည်။
"ဘယ်လိုဖြစ်ရတာလဲ၊ ဒီလမ်းလဲ အဆုံးသတ်သွားရပြန်ပြီ။"
ယန်ရှယ်က ကိုယ်ကိုညွတ်ရင်း ရေရွတ်လိုက်ပေသည်။
"ဘာဆက်လုပ်ကြမလဲ?"
"လွယ်လွယ်နဲ့အဆုံးသတ်သွားပြီလို့ ဘယ်သူပြောလဲ"
"အဲ့ဒါဆိုလဲ ပြောလေ၊ ဘယ်လိုလဲ?"
".........."
မတိုင်မီက စာရွက်လှန်ရန်အစပြုနေသော ကျန်းထင်​၏လက်များမှာ ရပ်တန့်သွားပြီး ယန်ရှယ်ကိုကြည့်လာ​၏။
"စဉ်းစားတဲ့ပုံစံမှန်တယ်၊ စစ်ဆေးတဲ့ပုံစံမှားနေတာ။"
ယန်ရှယ်က မျက်ခုံးတစ်ဖက်ပင့်ပြီး ဆက်ပြောရန် အချက်ပြလိုက်သည်။
"ငါတို့အခုဖြစ်နေတဲ့အမှုကို တစ်ခေါက်ပြန်ကြည့်ရအောင်။ ကျောင်းသားခြောက်ယောက် တည်းခိုဆောင်ကိုရောက်တဲ့အခါ ထန်ရွှမ်းက ပုဝေးကို ထင်းကောက်ဖို့ခေါ်သွားတယ်။ သူတို့နောက်ကိုရှိန်းရှောင်ချီလိုက်လာပြီး တည်းခိုဆောင်ကို ထန်ရွှမ်းတစ်ယောက်တည်း လာလမ်းအတိုင်းပြန်လာနိုင်အောင် လမ်းမှာအမှတ်အသားတွေ လုပ်ခဲ့တယ်။"
ယန်ရှယ် ခေါင်းညိတ်လိုက်​၏။
"ပြန်ပေးသမားတွေက ရှိန်းမိသားစုရဲ့အခြေအနေအကြောင်း ဂဃနဏနားလည်နေတယ်ဆိုတာကို ငါတို့အားလုံးသိပြီးသား။ ပြီးရင် ဒါက ကြိုတင်ကြံစည်ထားထားတဲ့ ပြန်ပေးဆွဲမှုဆိုတာသိသာတယ်။ ဒါပေမဲ့ သူက ပစ်မှတ်တစ်ယောက်တည်းရှိနေတဲ့အချိန်မှာမလှုပ်ရှားဘဲ ထန်ရွှမ်းပြန်သွားပြီး ရှိန်းရှောင်ချီက ပုဝေးကိုကယ်နေတဲ့အချိန်ရောက်မှပဲ နှစ်ယောက်လုံးကို ဆွဲစိသွားတယ်။"
"ခဏ"
ယန်ရှယ် ဖြတ်ပြောလိုက်သည်။
"ပုဝေးက ရာဇဝတ်မှုကျူးလွန်နိုင်ချေရှိတယ်လို့ ပြောချင်နေတာလား?"
"ဓားစာခံတွေကို မကယ်ရသေးမချင်း ရှိန်းရှောင်ချီကိုတောင် သံသယရှိသူစာရင်းကနေ ဖယ်ထားလို့မရဘူး။"
တစ်ဆက်တည်း ကျန်းထင်က
"ငါအာရုံရနေတယ်"
ယန်ရှယ် : "ဪ ဪ..........."
"ဓားစာခံတွေက တရားခံတွေဟုတ်မဟုတ်ဆိုတာ ခဏထား၊ လောလောဆယ် ပုံမှန်အတိုင်းပဲ စဉ်းစားကြည့်ရအောင်။ တရားခံက မင်းနဲ့စကားပြောတဲ့အချိန် ပါးကွက်သားအနေနဲ့မပြောဘဲ ပြန်ပေးသမားအနေနဲ့ပဲပြောခဲ့တယ်။ ဒါပေမဲ့ ပုံမှန်ပြန်ပေးသမားတွေနဲ့လဲ မတူပြန်ဘူး။ သူ ပုဝေးရဲ့တည်ရှိမှုကို မမေးမချင်းမပြောတဲ့အပြင် ကောင်မလေးအတွက်ဆိုပြီး အစိုးရဆီက ပြန်ရွေးငွေလဲ မတောင်းဘူး။ ကြည့်ရတာ ပုဝေးက သူ့အတွက် ရှိရှိမရှိရှိ ဘာမှမဖြစ်သလိုပဲ။"
ကျန်းထင်က စကားစကိုရပ်ကာ ယန်ရှယ်ကို တစ်ချက်ကြည့်လိုက်သည်။
"ဟုတ်တယ်နော်"
ယန်ရှယ်မှာ သူ့စကားကြောင့် အနည်းငယ်တွေဝေသွားလျက် :
"အဲ့ဒါကြောင့်ပဲ ပုဝေးက အမှန်တကယ် ဓားစာခံအစစ်ဟုတ်မဟုတ်၊ ငါတို့မပြောနိုင်သေးတာ။ သူသာ ဓားစာခံစင်စစ်ဖြစ်ခဲ့မယ်ဆိုရင် ဘာလို့ ပြန်ပေးသမားတွေက သူ့ကိုသုံးပြီး မခြိမ်းခြောက်ခဲ့တာလဲ? အကယ်၍ ဓားစာခံမဟုတ်ဘဲ ပြန်ပေးသမားတွေနဲ့ အလိုတူအလိုပါ ဆိုရင်လဲ ဒီလိုနည်းလမ်းသုံးလိုက်တော့ ရဲတွေရဲ့သံသယကို မီးစာထိုးပေးလိုက်သလို မဖြစ်သွားဘူးလား? ---ပြောရရင် ပြန်ပေးသမားတစ်ယောက် ကျွမ်းကျင်ထားရမဲ့ တန်ပြန်ထောက်လှမ်းခြင်းဆိုင်ရာအတတ်ပညာနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းလိုကိုဖြစ်နေတာ။"
သူပြောသမျှဟာ အကျိုးအ​ကြောင်းသင့်နေသည်မို့ မလှမ်းမကမ်း၌ ပျင်းကြောဆွဲနေသော မာရှန်ပင်လျှင် စိတ်ဝင်တစားနားထောင်နေရင်းမှ အားမလိုအားမရပင်ဖြစ်လာပြီး ထိုင်ခုံကိုရှေ့တိုးလာ​သည်အထိ။
သို့သော် ကျန်းထင်ကမူ ခေါင်းယမ်းလိုက်ပါ​၏။
"ငါပြောချင်တာကို ဘာလို့သဘောမပေါက်ရတာလဲ?"
"........ချီး၊ မင်းဆိုတဲ့ကောင်ကတော့ကွာ"
ယန်ရှယ်သည် သူ့ပုခုံးဆစ်နားကို လက်ဖမိုးနှင့် ခါပေးလိုက်ပြီး
"အထာတွေနဲ့ဝေ့ဝိုက်မနေနဲ့။ မြန်မြန်ပြော။"
ကျန်းထင်က ယန်ရှယ်​၏ ဟိုထိသည်ထိလုပ်နေမှုများကို ဂရုထားမနေဘဲ ပြောလိုက်​၏။
"ပုဝေးရဲ့တည်ရှိမှုက ပြန်ပေးသမားစရိုက်အတွက် ဘာမှအသုံးမဝင်ပေမဲ့ သူကိုလဲ တစ်ခါတည်း ဖမ်းသွားခဲ့တယ်။ ဆိုတော့ သူ့ကို မဖြစ်မနေခေါ်သွားရတဲ့အကြောင်းအရင်းက ပါးကွက်သားစရိုက်ရဲ့အလိုအရ မဖြစ်နိုင်ဘူးလား? "
မြူခိုးများရှင်းလင်းခံလိုက်ရသကဲ့သို့ ရုံးခန်းထဲရှိ နားထောင်သူနှစ်ဦး​၏ မျက်လုံးတို့ မသိမသာ အရောင်ပြောင်းသွားလေသည်။
"...........သက်သေခံ"
ရုတ်ခြည်း ထွက်လာသော ယန်ရှယ်​၏အသံ
"ပုံမှန်အားဖြင့် တစ်ယောက်ယောက်ကို သေဒဏ်ပေးဖို့ဆို သက်သေခံတစ်ယောက်လိုတယ်။"
မာရှန်က သူ့ပေါင်သူ ဖြန်းခနဲရိုက်ချလိုက်​၏။
"ပါးကွက်သားက သေဒဏ်စီရင်ချက်အတွက် ဓားစာခံနှစ်ယောက်ထဲကမှ တစ်ယောက်ကို သက်သေခံလုပ်ခိုင်းဖို့ရာရည်ရွယ်ပြီးဖမ်းတာလို့ ယူဆလိုက်ရင် အခုဖြစ်နေတဲ့အမှုအခြေအနေနဲ့ ကိုက်သွားပြီ။ ဓားစာခံတစ်ယောက်ရဲ့ မိသားစုက ခြိမ်းခြောက်မခံရဘူး။ အဲ့ဒီတော့ သူတို့ ရဲတိုင်မယ်ဆိုရင်လဲ ဒါကို အိမ်ကထွက်ပြေးသွားသလိုမျိုး သာမန် လူပျောက်မှုအနေနဲ့ပဲ တိုင်လိမ့်မယ်။ ဆိုတော့ပြောရရင်..........."
ကျန်းထင် လက်ပိုက်နေရာမှဖြည်လိုက်ပြီး ချက်ချင်းပင် ယန်ရှယ်က သူ့စကားကို ဆက်ပေးလိုက်​သည်။
"ပြောရရင် ငါတို့အနေနဲ့ မှတ်တမ်းရွေးထုတ်တဲ့အခါမှာ ပြန်ပေးဆွဲမှုအသီးသီးနဲ့ တစ်နေရာတည်း၊ တစ်ချိန်တည်း၊ စီရင်စုတစ်ခုတည်းမှာဖြစ်ပွားခဲ့တဲ့ လူပျောက်မှုတွေကိုတွဲရက် ဆွဲထုတ်ပြီး စစ်ဆေးရမယ်!"
ကျန်းထင်က စာရင်းစာရွက်အထပ်လိုက်ကို မာရှန်အားပစ်ပေးလိုက်ပြီး မာရှန်လည်း မဆိုင်းမတွ အားအင်အပြည့်နှင့် လှစ်ခနဲ ပြေးထွက်သွားတော့သည်။
"အစ်ကိုယန်! အစ်ကိုယန်!"
နာရီဝက်ခန့်ကြာသော် မာရှန်က တံခါးကို ဒရောသောပါး ဖွင့်ဝင်လာပြီး စာရွက်စာတမ်းအထပ်လိုက်ကို စားပွဲကို ဘတ်ခနဲ ပစ်ချလိုက်ပေသည်။
ယန်ရှယ် ဖျတ်ခနဲခေါင်းမော့ကြည့်လိုက်ချိန်တွင် ကျန်းထင်က အကြားအမြင်ရနေသည့်အလား ရှေ့ရောက်သွားပြီဖြစ်သည်။
"မနှစ်က ဂျူလိုင်လ ၁၂ ရက်နေ့၊ ကျန်းယန်ကောင်တီ၊ လုံချန်မြို့မှာ ဆယ့်ခြောက်နှစ်အရွယ် ဟယ့်လျန်ဆိုတဲ့ ကောင်လေးတစ်ယောက် ပြန်ပေးဆွဲခံရတယ်။ ပြန်ပေးသမားဘက်က ခုနှစ်ဆယ့်နှစ်နာရီအတွင်း ယွမ်တစ်သန်းနဲ့လာရွေးဖို့ ခြိမ်းခြောက်ခဲ့တယ်။ မိဘတွေဘက်ကလဲ တစ်သန်းမပြည့်ပြည့်အောင်စုပြီး ပြန်ပေးသမားပြောတဲ့နေရာကိုသွားပေးပေမဲ့ ဘယ်သူမှ လာမယူခဲ့ဘူး။ လေးရက်မြောက်နေ့ရောက်တော့ မိဘတွေက ရဲလာတိုင်ခဲ့ပေမဲ့ နောက်ကျသွားခဲ့ပြီ။ ရဲတွေအနေနဲ့ ဟယ့်လျန်ရဲ့အလောင်းကိုတောင် အခုထိပြန်ရှာမတွေ့တော့ဘူး။"
မာရှန်က ဖိုင်ကိုဖွင့်ကာ တစ်ရွက်ချင်းထောက်ပြလိုက်သည်။
"ဒီအမှုမှာ သတိထားကြည့်စရာ နှစ်ချက်ရှိတယ်။ ပထမတစ်ချက် မိဘတွေက ပြန်ပေးသမားပို့လိုက်တဲ့ သွေးစွန်းအင်္ကျီကို လက်ခံရပေမဲ့ နောက်ဓာတ်ခွဲခန်းမှာ စစ်ဆေးကြည့်လိုက်တော့ ကြက်သွေးဖြစ်နေတယ်။ ဒုတိယတစ်ချက်၊ အချက်အလက်တွေထဲမှာ 'ကွပ်မျက်' ဆိုတဲ့ keyword မပါပေမဲ့ ဖြစ်နိုင်တာက ကျန်းနင်မှာဖြစ်ခဲ့တဲ့အမှုမဟုတ်လို့ ကျွန်တော်တို့လက်ထဲရောက်လာတဲ့ မှတ်တမ်းက ရဲစခန်းမှာ စတိုင်ခဲ့တဲ့ အသေးစိတ်အချက်အလက်တွေအထိ မပြည့်စုံတာဖြစ်မယ်။"
ယန်ရှယ်သည် စကားတစ်ခွန်းမျှမဆိုဘဲ အခန်းအပြင်ကို စိတ်မြန်လက်မြန်ထွက်သွားကာ အော်လိုက်လေ​၏။
"တစ်ယောက်လာစမ်း!"
မျက်လုံးများရဲနေသော မှုခင်းရဲတစ်ယောက် ကတိုက်ကရိုက်ရောက်လာသည်။
"ကျန်းယန်ကောင်တီ၊ လုံချန်မြို့ရဲစခန်းကို အခုချက်ချင်းဖုန်းဆက်ပြီး မနှစ်က ဖြစ်ပွားခဲ့တဲ့ (၇၁၂)ဟယ့်လျန်ပြန်ပေးဆွဲမှုရဲ့ မူရင်းလက်ရေးမူမိတ္တူပို့ပေးဖို့ပြောလိုက်!"
"နားလည်ပါပြီ!"
မှုခင်းရဲတပ်သားလည်း ကမန်းကတန်း ပြေးထွက်သွားတော့သည်။
မာရှန်က စာရွက်တစ်ရွက်ကို ဆွဲထုတ်လာပြီး
"အကြံပေးလုရဲ့ ထင်ကြေးအတိုင်း တစ်ရက်တည်း၊ တစ်နေရာထဲ၊ စီရင်စုတစ်ခုတည်းမှာ ကျန်းနင်ကောင်တီရဲ့ 110 နယ်မြေရဲစခန်းနံပါတ်ကနေပြီး ဆယ့်ခြောက်နှစ်အရွယ် လီယွီရှင်းဆိုတဲ့ ကောင်မလေးတစ်ယောက်ပျောက်ဆုံးသွားတဲ့အကြောင်း သူ့မိဘတွေရဲ့ လူပျောက်တိုင်ကြားမှုကို လက်ခံရရှိခဲ့တယ်။ မိဘတွေကတော့ သူတို့ကလေးကို အဆင့်တွေကျလို့ဆိုပြီး ဆူလိုက်ရာကနေ အိမ်ကထွက်ပြေးသွားတာလို့ ပြောတယ်။ အောက်ခြေက ရဲတပ်ဖွဲ့လဲ ဗျာတွေများနေလိုက်တာ နှစ်ဆယ့်လေးနာရီကြာပြီး ဂျူလိုင်(၁၃) ရက်နေ့ရောက်မှ အမှုဖွင့်နိုင်တော့တယ်။ ဒါပေမဲ့ (၁၆)ရက်နေ့ ညနေမှာတော့ ရဲစခန်းကို ကောင်မလေးမိဘတွေပြန်ရောက်လာပြီး သူတို့သမီး ပြန်ရောက်ပြီမလို့ အမှုကိုပြန်ရုတ်သိမ်းလိုက်ကြတယ်။"
ယန်ရှယ်နှင့် ကျန်းထင်တို့နှစ်ဦးသားမှာ တိုင်ပင်မထားပါပဲ အကြည့်ချင်းဆုံမိကြသည်။
-----သူ့ဟာသူပြန်လာတာ။
"အဲ့ဒီ လီယွင်ရှင်းက နောက်ပိုင်းထပ်ပျောက်သွားသေးလား?"
ယန်ရှယ်မေးလိုက်သည်။
"မပျောက်ဘူး။ နောက်ပိုင်း ကလေးမလေးက ခဏခဏခိုးမှုတွေကျူးလွန်လို့ ထိန်းသိမ်းရေးစခန်းကို အပို့ခံလိုက်ရတယ်။ အဲ့ဒီအတောအတွင်းဖြစ်ပွားခဲ့တဲ့ကိစ္စတွေနဲ့ပက်သက်ပြီး ကျွန်တော်မြေပုံကနေရှာလာတယ်။"
မာရှန်က စာမျက်နှာတစ်ဖက်လှန်လိုက်ရာ ပြွတ်သိပ်နေပါသော အချက်အလက်မှတ်တမ်းများကို တွေ့လိုက်ရသည်။
"လီယွီရှင်းတက်တဲ့ အမှတ်တစ်ကျန်းယန်အလယ်တန်းကျောင်းနဲ့ ဟယ့်လျန်တက်ခဲ့တဲ့ အလယ်တန်းကျောင်းခွဲနဲ့က လမ်းမကြီးရဲ့ ဟိုဖက်ဒီဖက်ပဲ။ အကွာအဝေးအနေနဲ့ မီတာနှစ်ရာပဲ ခြားတယ်။ လမ်းတစ်ဖက်တစ်ချက်မှာရှိတဲ့ ကျောင်းတွေရဲ့ထုံးစံအတိုင်း ကျောင်းဆင်းကျောင်းတက်ချိန်ဆို အပျိုလူပျိုပေါက် ကျောင်းသားကျောင်းသူလေးတွေ အကုန်ရောသွားပြီး တရုန်းရုန်းပေါ့။"
အားလုံး​၏ဦးနှောက်ထဲတွင် "လူငယ်ဘဝ​၏ ချစ်မေတ္တာအလှတရား" ဆိုသည့် စကားလုံးလေးလုံး ပြိုင်တူပေါ်လာတော့​၏။ [T/N-知慕少艾]
"ကျန်းယန်အမှတ်(၁)အလယ်တန်းကျောင်း"
ယန်ရှယ် ရုတ်တရက် တွေးဆဆနှင့်ပြောလာခဲ့သည်။
"ငါစီနီယာအလယ်တန်းအဆင့်တုန်းက ကျောင်းမှန်မှန်တက်တဲ့ကောင်မဟုတ်ပေမဲ့လဲ...........ဒေသတစ်ခုက အမှတ်(၁)ကျောင်းဆိုတာ အဲ့ဒီဒေသရဲ့ အမြင့်ဆုံးအကောင်းဆုံးကျောင်းဆိုတာတော့ မှတ်မိပါသေးတယ်။"
မာရှန်ကလည်း ထောက်ခံသည်။
"ဟုတ်တယ်၊ ကျန်းယန် အမှတ်(၁)ကျောင်းက လုံးဝနာမည်ကြီးကျောင်း။ ကောလိပ်ဝင်ခွင့်စာမေးပွဲတွေမှာ ထိပ်တန်းကျောင်းသားတွေက သူတို့ကျောင်းထွက်တွေ များတယ်။"
"ဒါနဲ့များဘာလို့ အဆင့်ကျလို့အဆူခံရတာလောက်နဲ့  အကောင်းဆုံးစီနီယာအလယ်တန်းကျောင်းမှာတက်နေတဲ့ ကျောင်းသူတစ်ယောက်က ထိန်းသိမ်းရေးစခန်းကိုအပို့ခံရလောက်တဲ့အထိ ခိုးမှုတွေ ထပ်တလဲလဲ ကျူးလွန်ရတာလဲ?----အဲ့ဒီမတိုင်ခင်ကရော ကောင်မလေးမှာ ခိုးမှုမှတ်တမ်းတွေရှိလား?"
"မရှိဘူး။ ဒါပေမဲ့ အစောပိုင်းကာလတွေမှာ ဆယ့်ခြောက်နှစ်မပြည့်သေးတဲ့အတွက် မှတ်တမ်းတွေ ရှိမနေတာလဲ ဖြစ်နိုင်တယ်။"
မာရှန်လည်း မည်သို့မည်ပုံ ဆက်စပ်ရမလဲ မသိတော့။
"ထူးတော့ ထူးဆန်းတယ်"
"Kleptomaniaကြောင့်ဖြစ်နိုင်တယ်။"
ကျန်းထင်က အေးအေးဆေးဆေးပြောလာသည်။
(T/N- Kleptomania-> လက်မဆော့ရရင် မနေနိုင်တဲ့ စိတ်ဝေဒနာ။ ကိုယ့်အတွက် မလိုအပ်လဲ ခိုးချင်တဲ့စိတ်ကို ထိန်းမရတဲ့ စိတ်ရောဂါဖြစ်ပါတယ်)
ယန်ရှယ်နှင့် မာရှန်တို့မှာ တူညီသောလားရာကို တစ်ချိန်တည်း ကြည့်မိကြလေသည်။
"Kleptomania က အသက် ၁၅နှစ်နဲ့ ၂၀ကြား အမျိုးသမီးတွေမှာ အဖြစ်များပြီး များသောအားဖြင့် ပြင်ပလှုံ့ဆော်မှုကြောင့် စိတ်ခံစားချက်မူမမှန်မှုတွေကနေ ရောဂါလက္ခဏာပြလာတတ်တယ်။"
ကျန်းထင်က ပြောလိုက်​၏။
"သူသာ သက်သေခံနေရာက နေခဲ့ရတယ်ဆိုရင် 'PTSD' ဖြစ်လာနိုင်ချေရှိတယ်။ အဲ့ဒီကရလာတဲ့ စိတ်ဒဏ်ရာဖိအားတွေကို ဖွင့်ထုတ်တဲ့နည်းတစ်ခုအနေနဲ့ ဒီစိတ်ရောဂါစွဲကပ်လာပုံပဲ။"
နောက်ဆုံးစကားလုံးတို့ကိုပြောလိုက်ချိန် သူ့အမူအရာမှာ အနည်းငယ် မှိုင်းပျနေသည်။ သို့သော် ညမှောင်မှောင် ရုံးခန်းထဲတွင် မည်သူမျှ သတိမထားမိလိုက်။
"ဒုခေါင်းဆောင်ယန်၊ ဒီမှာတောင်းထားတဲ့ မိတ္တူပါ!"
မတိုင်ခင်က ဖုန်းခေါ်ရန်ထွက်ခွာသွားသော မှုခင်းရဲတပ်သားဖြစ်သူမှာ တစ်ဖက်ကပေးပို့လိုက်သော ပူပူနွေးနွေးမိတ္တူကိုမြှောက်လျက် အခန်းထဲကို ဒုန်းဆိုင်းဝင်လာ​၏။
"ကျွန်တော့်ဆီ အခုပဲ လုံချန်မြို့ရဲစခန်းကနေပြီး ဖက်စ်မိတ္တူတစ်စောင်ဝင်လာတယ်။ ဒါကတော့ မနှစ်ကဖြစ်ပွားခဲ့တဲ့ အမှုတွဲ(၇၁၂)ရဲ့ လက်ရေးမူမိတ္တူပါ!"
ယန်ရှယ် အလောတကြီးနှင့်ထ၍ စာရွက်ကို လျှပ်တစ်ပြက်ဆွဲယူလိုက်သည်။ အကြည့်တစ်ချက်ဝေ့ပြီး စာမျက်နှာအလယ်နားလောက်ကိုထောက်ကာ ကျန်းထင်အာားကြည့်စေလိုက်သည်။ ဟယ့်လျန်မိဘများ ခြိမ်းခြောက်ခံခဲ့ရသော ဖုန်းခေါ်ဆိုမှုမှတ်တမ်းပင်။
{တစ်ဖက်က : 'တစ်သန်း၊ တစ်ပြားမှမလျော့စေနဲ့။ ကွပ်မျက်ချိန်မတိုင်ခင် ၇၂နာရီ အချိန်ရမယ်' ဟုပြောခဲ့သည်။}
ကျန်းထင် : "သူပဲ"
ဖြောင်း!
ယန်ရှယ်နှင့် ကျန်းထင်တို့ လက်ဝါးချင်းရိုက်လိုက်ကြပြီးမှ နှစ်ယောက်သား ကြောင်အမ်းအမ်းဖြစ်သွားကြပြန်သည်။ ဤရိုက်ချက်လေးတစ်ခုကြောင့် ခြေလှမ်းတွေတောင် အယောင်ယောင်အမှားအမှား။
"နေစမ်း! အဲ့ဒီမြေနိုးလေးကိုဖမ်းမိလို့ကတော့ ဖေဖေကြီးကိုတိုင် အရှင်လတ်လတ် မြေမြှုပ်ပစ်မယ်!"
ယန်ရှယ်မှာ အိပ်ရေးပျက်ထားသောကြောင့် အက်ရှနေသော သူ့အသံကြီးကိုပင် အမှုမထားဘဲ အားရဝမ်းသာ အော်ဟစ်လေတော့သည်။
"မာရှန်၊ ကျန်းနင်ကနေ လီယွီရှင်းရှိတဲ့ ထိန်းသိမ်းရေးစခန်းကိုသွားရင် ဘယ်လောက်လောက်ကြာမလဲ?"
မာရှန် ဖြေလိုက်သည်။
"ဒါလဲ အစ်ကို့ကို ပြောပြရဦးမှာပဲလား? ထိန်းသိမ်းရေးစခန်းက ကျန်းယန်ကောင်တီထဲမှာ။ မြန်မြန်မောင်းရင် အသွားကို သုံးနာရီလောက်ကြာမယ်။ သွားမှာလား?"
ယန်ရှယ် လက်ပတ်နာရီကိုတစ်ချက်ကြည့်လိုက်သည်။ အချိန်အားဖြင့် နံနက် တစ်နာရီ တစ်ဆယ့်လေးမိနစ် ရှိနေလေပြီ။
"သွားမယ်!"
ယန်ရှယ်သည် အားပြင်းလှသော လေမုန်တိုင်းတစ်ခုနှယ် IDကဒ်၊ ယူနီဖောင်းနှင့် သေနတ်ကိုကောက်ကိုင်လိုက်ပြီး
"မာရှန်၊ မင်းတို့အကြံပေးလုကို နားရအောင် အိမ်ပြန်ပို့ပေးလိုက်။ နေ့ဂျူတီမကျတဲ့ တပ်သားတစ်ယောက်ကိုခေါ်ပြီး ငါ့ကိုကျန်းယန်ကို လိုက်ပို့ခိုင်းပေး။ နောက်ပြီး ထိန်းသိမ်းရေးစခန်းကို ဖုန်းကြိုဆက်ထားပေးဖို့ ဒါရိုက်တာလွီကိုသွားပြော----ငါ ဟိုကောင်မလေးကို ညတွင်းချင်း စစ်မေးမယ်!"
ရုတ်တရက် အနောက်မှ သူ့လက်ကို ဆွဲလာခဲ့သည်။ ယန်ရှယ်လှည့်ကြည့်ရာ ကျန်းထင်က လေးပင်စွာ ပြောလာခဲ့သည်။
"ငါမင်းနဲ့လိုက်ခဲ့မယ်"
"မင်းခန္ဓာကိုယ်က........."
"ဘာမှမဖြစ်ဘူး။ ကားပေါ်မှာ အိပ်လိုက်လို့ဖြစ်တယ်......"
ကျန်းထင်က ခပ်ပြတ်ပြတ်သာ ပြောလိုက်သည်။
"အမှုက အရေးကြီးတယ်။ "
နံနက် တစ်နာရီ နှစ်ဆယ်မိနစ်
ညသန်းခေါင်ယံအချိန်တွင် မှုခင်းရေးရာစုံစမ်းစစ်ဆေးရေးဌာနတစ်ခုလုံး လင်းထိန်နေ​၏။ အောက်ထပ်တွင် Grand Cherokee ကားကြီးမှာ နီတစ်လှည့်ပြာတစ်လှည့်အရေးပေါ်ရဲမီးကိုဖွင့်လျက် မြို့တော်ရုံးချုပ်မှ ထွက်ခွာသွားတော့သည်။
"အကြံပေးလုက ရေလည်မိုက်တယ်နော်။ တကယ်ကို ဒီပြန်ပေးဆွဲမှုက သီးခြားဖြစ်စဉ်မဟုတ်ဘူးပဲ။ ပြန်ပေးသမားရဲ့ တန်ပြန်ထောက်လှမ်းနိုင်စွမ်းနဲ့ တိကျလွန်းတဲ့ အချိန်ကန့်သတ်ချက်ကိုကြည့်ရင်လဲ အတွေ့အကြုံရှိပြီးသား လူဖြစ်တဲ့အကြောင်း သိနိုင်တယ်။"
ယန်ရှယ်သည် မာရှန်အား ခဏခဏအိမ်ပြန်အိပ်ရန်ပြောခဲ့သော်ငြား သကောင့်သားလေးက အမှုတွဲဖိုင်ကိုပိုက်လျက် ကားရှေ့ခန်း၌ မိန့်မိန့်ကြီးတက်ထိုင်ပြီး လိုက်ချလာခြင်း ဖြစ်ပေသည်။
"ကျွန်တော်တို့ လီယွီရှင်းကိုတွေ့တာနဲ့ရပြီ။ အဲ့ဒီကောင်မလေးကတော့ ပြန်ပေးသမားတွေအကြောင်း သေချာပေါက်သိမှာပဲ။ အနည်းဆုံးတော့ စိတ်မမှန်တဲ့ကောင်တွေနဲ့ ရင်ဆိုင်ခဲ့ရတာဆိုတော့............"
"မသေချာဘူး။"
ကားနောက်ခုံမှ ကျန်းထင်​၏အသံ။
မာရှန် အနောက်ကို လည်ပြန်လှည့်လာပြီး : "အမ်?"
သူတို့မထွက်ခွာမီ ယန်ရှယ်က ကျန်းမျိုးရိုး ရဲတပ်သားတစ်ယောက်ကို ကားမောင်းရန်ခေါ်လာခဲ့ပြီး သူကမူ ကျန်းထင်နှင့်အတူ နောက်ခန်းမှထိုင်လိုက်ခဲ့ခြင်း ဖြစ်ပေသည်။ ညလယ်ခေါင် ကားထဲ၌ မှိန်ဖျော့ဖျော့မီးရောင်အောက်တွင် ပင်ပန်းမှုကြောင့် နွမ်းနယ်နေသော ကျန်းထင်​၏ မျက်နှာကို တွေ့နိုင်ပေသည်။ သို့ရာတွင် သူ့နှုတ်ထွက်စကားသံကမူ တည်ငြိမ်နေလျက်သား။
"တကယ်လို့ လီယွီရှင်းသာ ပြန်ပေးသမားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီး မျက်နှာတွေကို မြင်ဖူးခဲ့ရင် ဘယ်လိုလုပ်များ ဘေးမသီရန်မခဘဲ ကောင်းကောင်းမွန်မွန် ပြန်လာနိုင်ရတာလဲ? ဒါက အခုထိအဖြေရှာမရသေးတဲ့ မေးခွန်းတစ်ခုပဲ။"
"ကျွန်တော်တို့ရဲ့ နားလည်နိုင်စွမ်းအရ မဟုတ်မှလွဲရော............."
"ငါတို့စဉ်းစားတဲ့ပုံကမှန်တယ်။ ဒါပေမဲ့ တစ်ခုရှိတာက ငါတို့ရဲ့ ပိုင်းခြားစိစစ်မှုက အချက်အလက်ပေါ်မှာ အခြေတည်ထားတာမဟုတ်ဘဲ ယုတ္တိတန်မှုအပေါ်မှာ အခြေတည်ထားရုံသက်သက်ပဲ။"
မာရှန်ထံမှ 'အာ?!' ခနဲ စိုးထိတ်သွားသော အသံလေးထွက်ပေါ်လာသည်။
".........နားမလည်ဘူးလား?"
ကျန်းထင်မှာ တစ်ဖက်လူ​၏ တဖျတ်ဖျတ်ခတ်နေသော အပြစ်ကင်းသည့် မျက်လုံးရွှဲကြီးများကိုကြည့်ပြီး မေးလိုက်ခြင်းဖြစ်ပါသည်။
မာရှန်ကလည်း ရိုးရိုးသားသားပင် ဖြေသည်။
"နေ့ခင်းနေ့လည်ဆိုရင်တော့ နားလည်နိုင်လောက်ပေမဲ့ ကျွန်တော့ရဲ့ အခု IQက နေ့ခင်းပိုင်းရဲ့  ဆယ်ပုံတစ်ပုံလောက်ပဲရှိတယ်။"
တစ်လမ်းလုံး ပြတင်းပေါက်ကိုသာ မျက်နှာမူပြီး ရောက်တတ်ရာရာကိုကြည့်နေသော ယန်ရှယ်တစ်ယောက် ထိုစကားကိုကြားသည်နှင့် အညှာအတာမဲ့စွာ ဝင်ပြောလေသည်။
"မယုံနဲ့။ နေ့ခင်းပိုင်းဆိုလဲ သူ့IQက အလွန်ဆုံးမှ ခုနှစ်ဆယ်ပဲရှိတာ!"
မာရှန်မှာ မျက်နှာကြီး ရှုံ့မဲ့ကာ အလွန်အမင်းစိတ်ထိခိုက်သွားရရှာသည်။
ကျန်းထင်​၏ ရယ်သံလွင်လွင်ပင် ထွက်ပေါ်လာ​၏။
"ရဲတွေအနေနဲ့ တရားခံရဲ့ စရိုက်ကို ယုတ္တိဗေဒအပေါ်မှာ စိစစ်တယ်ဆိုတာ ပါးစပ်ရာဇဝင်တွေထဲကလို ပါရမီပေါ်အခြေပြုပြီး မှုခင်းစိတ်ပညာနဲ့ တရားခံခန့်မှန်းတာတို့၊ လျှပ်တစ်ပြက်ဖြစ်သွားတဲ့ အမူအရာသေးသေးလေးတွေကို သတိထားမိတာတို့နဲ့အတူတူပဲ။ သိပ္ပံနည်းကျ သက်သေတွေမပါဘဲ အတွေ့အကြုံပေါ်မှာပဲ အမှီပြုသဟဲပြုထားတာ။ မှုခင်းရဲအရာရှိတွေရဲ့ နှစ်ပေါင်းများစွာကျင်လည်လာတဲ့ အတွေ့အကြုံတွေက စရိုက်လက္ခဏာစိစစ်မှုအတတ်ပညာရဲ့ အုတ်မြစ်တွေလို့ ငါတို့ပြောလေ့ရှိကြပေမဲ့ နောက်ဆုံးတော့ အာရုံသိက အာရုံသိပါပဲ။ လက်ဆုတ်လက်ကိုင်ပြစရာ သက်သေမည်မည်ရရ မရှိဘူး။ မှုခင်းစိတ်ပညာနဲ့ ကောက်ချက်ဆွဲတာ၊ စရိုက်လက္ခဏာပေါ်ကြည့်ပြီး စိစစ်တာတွေက ၉၉% မှန်နိုင်တယ်ဆိုပေမဲ့ သေလောက်အောင် ဆိုးရွားနိုင်တဲ့ အတိမ်းအစောင်း ၁% လေးကိုလဲ ဘယ်လိုမှ ရှောင်လွှဲလို့မရဘူး။ ဥပမာ......"
ကျန်းထင်က မာရှန်​၏ တွေ့ရခဲသည့် စိတ်ဝင်တစားနှင့် လေးလေးနက်နက်ဖြစ်နေသော အမူအရာကို တစ်ချက်ကြည့်လိုက်သည်။
"မင်းစဉ်းစားကြည့်။ ငါတို့အခု ဒီပြန်ပေးဆွဲမှုကို သီးခြားအမှုမဟုတ်ဘူးလို့ ကောက်ချက်ဆွဲလိုက်ရတဲ့ အခြေခံအကြောင်းတရားကဘာလဲ?"
"အဲ.........."
မာရှန်မှာ တွန့်ဆုတ်တွန့်ဆုတ်နှင့်
"၇၁၂ ပြန်ပေးဆွဲမှုမှာ ကြက်သွေးစွန်းနေတဲ့ အင်္ကျီတစ်ထည်ပါသလို၊ 'ကွပ်မျက်'ဆိုတဲ့ keywordလဲ ပါတယ်။ တစ်ဆက်တည်းမှာပဲ ဆယ်ကျော်သက်အရွယ် ကောင်လေးနဲ့ကောင်မလေးနှစ်ယောက် တစ်ချိန်တည်းမှာပျောက်သွားရမယ် ဆိုတဲ့အချက်နဲ့လဲ ကိုက်တယ်......"
"ဒါပေမဲ့ ဖြစ်စဉ်နှစ်ခုလုံးကို တစ်ယောက်တည်းကကျူးလွန်တာပါလို့မှ အတည်မပြုနိုင်သေးတာ။ ဒီကမ္ဘာကြီးမှာ ဓားစာခံမိသားစုတွေကို သွေးစွန်းအင်္ကျီနဲ့ခြိမ်းခြောက်ရတာ ကြိုက်တဲ့အပြင် မှုခင်းဇာတ်ကားအကြည့်များပြီး 'ကွပ်မျက်' ဆိုတဲ့ စကားလုံးသုံးရတာ သဘောခွေ့ရုံတင်မကဘဲ တန်ပြန်ထောက်လှမ်းရေးကိုနောကြေနေတဲ့ ပြန်ပေးသမားအဖွဲ့ နောက်တစ်ဖွဲ့ရှိနေရင်ရော? လီယွီရှင်းရဲ့အမှုကလဲ တကယ်ပဲ အိမ်ကထွက်ပြေးသွားတဲ့ ရိုးရိုးလူပျောက်မှုဖြစ်နေပြီး အမှုတွဲ(၇၁၂)က တိုက်ဆိုင်မှုသက်သက်ဆိုရင်ရော?"
မာရှန်မှာ အာစေးမိနေလျက်။
"နောက်ပြီး အဖြေမပေါ်သေးတာတစ်ခုရှိသေးတယ်။ ဘာဖြစ်လို့ ရှိန်းရှောင်ချီရဲ့အမှုကျ အမြီးဖြူပင်လယ်လင်းယုန်သွေး စွန်းနေတဲ့အင်္ကျီနဲ့ ပြန်ရွေးငွေသန်းနှစ်ရာ ဖြစ်ပြီး မနှစ်က (၇၁၂)ပြန်ပေးမှုကျ ကြက်သွေးစွန်းနေတဲ့အင်္ကျီနဲ့ ပြန်ရွေးငွေ တစ်သန်းဖြစ်ရတာလဲ?"
ကျန်းထင်က ဆက်သည်။
"လောကကြီးမှာ တိုက်ဆိုင်မှုဆိုတာကို ငါတို့ငြင်းပယ်လို့မရသလို အတုခိုးပြီး ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်နိုင်ခြေကိုလဲ လျစ်လျူရှုထားလို့မရဘူး။ အဲ့ဒါကြောင့် သက်သေမခိုင်လုံတာ၊ မှုခင်းစိတ်ပညာနဲ့ ကောက်ချက်ဆွဲတာ၊ နောက်ပြီး စရိုက်လက္ခဏာကို ဆန်းစစ်တာတွေအားလုံးက တကယ်တော့ ကြီးကြီးကျယ်ကျယ် လေထဲမှာတိုက်အိမ်ဆောက်တဲ့ အဆင့်ပဲရှိသေးတယ်။"
မာရှန်သည် တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ တိတ်တဆိတ်ခေါင်းညိတ်လိုက်ပေသည်။
"----ဒါပေမဲ့ အကြံပေးလု"
သူအောင့်အီးမထားနိုင်သဖြင့် မေးလိုက်လေသည်။
"ခင်ဗျားပြောသလိုဆို ကျွန်တော်တို့ရဲ့ စရိုက်ဆန်းစစ်ချက်တွေအားလုံးမှားနိုင်ခြေက တကယ်တော့ ၁% နှုန်းပဲရှိတာမဟုတ်လား......."
ကျန်းထင်က သူ့ကို သက်ညှာမပေး။
"ဒီအတိုင်းဆို ကလေးနှစ်ယောက်က သေမှာသေချာနေပြီ။"
တစ်ကားလုံး ငြိမ်ကျသွားပေသည်။ လေထုမှာလည်း တင်းမာလာပြီး ကားမောင်းနေသော ရဲတပ်သားလေးပင် ကတုန်ကယင်ဖြစ်လာရသည်။
"ဒါမျိုးက အမှုလိုက်တိုင်း ကြုံနေကျ ဖြစ်စဉ်တစ်ခုပါပဲ။"
မည်မျှပင်ကြာသွားသည်မသိ ယန်ရှယ်​၏ ကြမ်းရှရှအသံကြီးက လေးပင်စွာထွက်ပေါ်လာခဲ့သည်။ မာရှန်လည်း ရှေ့ခုံမှ လည်ပြန်ကြည့်မိပြန်သည်။
"မှုခင်းရဲတွေက နတ်ဘုရားမှမဟုတ်တာ။ ရာဇဝတ်သားတွေကို ရင်ဆိုင်ရတဲ့အချိန်မှာ အင်အားချင်းမမျှတာမျိုးတွေလဲ ဖြစ်တတ်တာပဲ။ နောက်ပြီး အကဲခတ်မှားသွားတဲ့အချိန်ဆိုတာ ရှိသေးတယ်။ ဒါ့ကြောင့်မလို့ ငါတို့မှာလဲ ကြေးကြီးကြီး ပေးဆပ်ထားရတာ။ အခမသင့်ရင် တစ်ဘဝလုံး အရိပ်မည်းကြီးအလိုက်ခံရပြီး စိတ္တဇဖြစ်သွားနိုင်တဲ့အထိ။ ဒါပေမဲ့ ဒါတွေက ဟိုးဘိုးဘေးအစဉ်အဆက်ကတည်းက မှုခင်းရဲတစ်ယောက်စီတိုင်းအတွက် ရှောင်လွှဲဖို့ခက်တဲ့ အရာတွေပဲ။ အရေးအကြီးဆုံးက ငါတို့ နောက်တစ်ခါ အမှုလိုက်ကြရင် အမာရွတ်ကိုယ်စီ၊ အရိပ်ကိုယ်စီနဲ့ ပြန်ထလာပြီး အားသစ်အင်သစ်နဲ့ရှေ့ဆက်နိုင်မလားဆိုတာ အဓိကပဲ။"
ယန်ရှယ်​၏ အသံကား တဖြည်းဖြည်း တိတ်သွားလေသည်။ သူ့နံဘေးရှိကျန်းထင်က ဤအချင်းအရာကို သတိထားမိပြီး သူ့ဘက်ကို မသိမသာ စောင်းငဲ့ကြည့်လာသည်။ ရုတ်တရက် ယန်ရှယ်​၏ "အိုင်းယား" ဆိုသော အသံကြီးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပါ​၏။
"ရှောင်ကျန်း၊ ရှေ့နားကျ ခဏရပ်ပေးဦး။"
(T/N- ကားမောင်းတဲ့တပ်သားရဲ့ ကျန်းက 张 ဖြစ်ပြီး ကျန်းထင်ရဲ့ ကျန်းက 江 ပါ)
ကားမောင်းနေသူမှာလည်း ဘုမသိဘမသိနှင့် စတိုးဆိုင်တစ်ခုရှေ့တွင် လမ်းဘေးကပ်ရပ်ပေးလိုက်ရ​၏။ ကားရပ်ရပ်ချင်း ယန်ရှယ်တစ်ယောက် တံခါးဖွင့်ဆင်းသွားကာ အနည်းငယ်ကြာသော် လက်ထဲ၌ အထုပ်တစ်ထုပ်ဆွဲပြီး ပြန်လာလေ​၏။ ယန်ရှယ်က ကျွဲရိုင်းနှင့် ကော်ဖီတို့ကို ရှေ့ခန်းသို့ လှမ်းပေးလိုက်ပြီး ပူပူနွေးနွေး ပေါက်စီနှစ်လုံးကိုမူ ကျန်းထင်လက်ထဲ ထည့်ပေးလိုက်​၏။
"ညနေတုန်းက မင်းခေါက်ဆွဲပြုတ်လဲ စားထားတာမဟုတ်ဘူး။ အကျင့်တွေပျက်ကုန်ပြီ။ မြန်မြန် ပဲပေါက်စီနှစ်လုံးနဲ့ ဗိုက်ဖြည့်လိုက်။"
ကျန်းထင်မှာ အနည်းငယ်ကြောင်သွားရသည်။ ယန်ရှယ်က ထပ်ပြောပြန်သည်။
"မြန်မြန်စားပြီး ခဏလောက်မှေးလိုက်။ မာရှန်လဲ အချက်အလက်တွေ ဆက်ဖတ်မနေနဲ့တော့။ အားလေးဘာလေးဖြည့်လိုက်ဦး။ ငါတို့ လီယွီရှင်းနဲ့တွေ့တာနဲ့ ရေကုန်ရေခန်းတိုက်ရဦးမှာ။"
ရဲမီးသီးကိုသယ်ဆောင်လျက် ညလယ်လမ်းပေါ် လျင်မြန်လှသော အရှိန်နှင့် ဖြတ်သန်းသွားသည့် Grand Cherokeeကြီးသည် ပင်လယ်နက်ကို ဖြတ်ကူးနေသည့် တစ်စင်းတည်းသော လှေငယ်လေးနှင့်ပင် တူချေ​၏။
ယန်ရှယ်က အင်္ကျီရင်ဘက်ကိုစိကာ ကားပြတင်းပေါက်ကို မှီလိုက်သည်။ ရှေ့ခန်းမှ မာရှန်နှင့် ရှောင်ကျန်းတို့​၏ တွတ်ထိုးနေသော အသံများကိုလည်း အတိုင်းသားကြားနေရပေသည်။ ခဏကြာသော် မာရှန်​၏ခေါင်းမှာ ယိမ်းထိုးလာပြီး ဟောက်သံမျှင်းမျှင်းလေး ထွက်လာ​၏။ သူ့ဘေးမှ ကြွပ်ကြွပ်အိတ်သံကမူ ယခုထိ တဂျွတ်ဂျွတ်နှင့် မရပ်သေး။ ကျန်းထင်မှာ ပေါက်စီစားနေဆဲဖြစ်ရာ မွှေးပျံ့ချိုမြိန်သော လေထုလေးက ထုံလွှမ်းလာပေသည်။
မိနစ်အနည်းငယ်ကြာသော် ကြောင်ကလေး အစာစားသကဲ့သို့ လှုပ်ရှားမှုသေးသေးလေးမှာလည်း ရပ်တန့်သွားချေပြီ။  ထို့အတူ ကိုယ်တစ်ဖက်မှာလဲ တဖြည်းဖြည်း လေးလံလာမှုကိုခံစားလိုက်ရသည်။
ယန်ရှယ် မျက်လုံးတစ်ဖက်ဖွင့်ကြည့်လိုက်ရာ ကျန်းထင်တစ်ယောက် ပေါက်စီချိုချိုလေးကို စားနေရင်းတန်းလန်း  တဖြည်းဖြည်းနှင့် သူ့ပုခုံးပေါ် အိပ်ငိုက်ကျလာခြင်းဖြစ်လေ​၏။
"..........."
ရုတ်တရက်ဆန်လှသော အခိုက်အတန့်တွင် ယန်ရှယ်မှာ ပေါင်ထောင်ပေါင်းများစွာလေးသော အလေးတုံးကြီးကို ပုခုံးပေါ်ထမ်းထားရသကဲ့သို့ ခံစားလိုက်ရသည်။  နှလုံးခုန်သည့်အပြင် ရင်ပါတုန်လာရသည်။ နောက်ဆုံးတွင်တော့ လက်ကိုအသာလေးမြှောက်ကာ ကျန်းထင်​၏ ပုခုံးကို ဂရုတစိုက်သိုင်းဖက်လျက် သူ့ပုခုံးပေါ်အေးအေးလူလူမှီနိုင်စေရန် ပိုသက်သာသော အနေအထားရောက်အောင် ဂရုတစိုက်ပြင်ပေးလိုက်​၏။
ပုဝါရှည်လမ်းမကြီးဟာလည်း အဆုံးမရှိတော့သည့်နှယ်။ ကားအတွင်းပိုင်းမှာ အနည်းငယ်ခုန်နေပြီး ကားအပြင် ဘေးတစ်ဖက်စီမှ လမ်းမီးတိုင်များဟာလည်း အလျှိုလျှို နောက်ကျန်ရစ်လို့။
ညရောင်မည်သော မြို့ပြ​၏ အလင်းရောင်များမှာလည်း နောက်ကျန်ရစ်ခဲ့လေပြီ။ သူတို့ စတင်ထွက်ခွာခဲ့ရာ မြို့တော်ရုံးချုပ်အဆောက်အအုံကြီးမှာလည်း အလင်းပင်လယ်ကြီးထဲ နစ်မြုပ်သွားချေပြီ။ တလိတ်လိတ်တက်လာသည့် ထူးဆန်းသော ခံစားချက်ကြီးနှင့် ဤအမှု၊ အတိမ်အနက်မသိသော အန္တရာယ်ကြီးက ရှေ့မှာ စောင့်ကြိုနေသည့်ဟန်၊ ညရောင်အောက် ဒီရေကျချိန်အလား ခံစားချက်တို့ နောက်ပြန်ဆွဲနေလျက်။
ကားနောက်ခုံ၊ ညမီးမှိန်မှိန်၊ သေးငယ်လှသော သီးသန့်တည်ရှိမှုလေး၊ ရင်ခွင်ဖျားဆီမှ ဝင်ချည်ထွက်ချည် အသက်ရှူသံနွေးနွေးလေးတို့ကား သက်ဆိုင်ရာကမ္ဘာကြီးကို ကျောခိုင်းခဲ့ချေပြီ။
ယန်ရှယ် မျက်လုံးဖွင့်လိုက်​၏။ သူ့ကိုယ်သူလည်း ဘာကိုကြည့်နေလို့ကြည့်နေမိမှန်းမသိ။ လရောင်အောက်တွင် အိပ်မက်လေဟာနယ်ကြီးထဲ ယောင်ချာချာဖြစ်နေသလို။
သူခေါင်းကို ဖြည်းဖြည်းချင်းလှည့်ပြီး ကျန်းထင်ကို ငဲ့ကြည့်လိုက်ပေသည်။
ကျန်းထင်​၏ ခန္ဓာကိုယ်မှာ ထင်ထားသည်ထက်ပို၍ နူးညံ့​၏။ သူ့စိတ်ကူးထဲတွင် ခေါင်းဆောင်ကျန်းဆိုသည်မှာ ပိန်ပိန်ပါးပါး တောင့်တောင့်တင်းတင်းနှင့် ထက်မြက်စူးရှသူတစ်ဦးဟု တွေးထင်ခဲ့ဖူးသည်။ မထင်မှတ်ထားပါပဲ လက်တွေ့တွင် ငှက်မွေးလေးတစ်ခုနှယ် နူးညံ့နေခဲ့ပေသည်။ အသက်ရှူသံမျှင်းမျှင်းလေးဟာ စည်းချက်ကျနေလျက် လမ်းမီးရောင်များကလည်း သူ့နားထင်မွေးနက်နက်လေးများပေါ် အဆက်မပြတ်ကခုန်နေပါ​၏။ သူ့ဆံပင်ဖျားဆီမှ ကောင်းမွန်လှသောအနံ့လေးတစ်ခုကို မသဲမကွဲ ရနေပါသည်။ ယန်ရှယ် အတန်ငယ်ကြာ မှင်တက်နေပြီးနောက်မှ မိမိအိမ်မှ ခေါင်းလျှော်ရည်နံ့ဖြစ်ကြောင်း သတိရသွားလေသည်။
နေ့တိုင်းခေါင်းလျှော်တယ်၊ တအားဇီဇာကြောင်တာပဲ။ ---ယန်ရှယ်တွေးမိပါ​၏။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ကျန်းထင်​၏ ပါးပြင်ကို ယန်ရှယ်ကြည့်မိသည်။ အတွေးတစ်စဟာလည်း ရင်ထဲတစ်ဆက်တည်း ဝင်လာခဲ့ရသည်။
သူ့လိုလူရဲ့ အသားအရေက နူးညံ့ပြီး အိစက်နေမလားမသိဘူး?
ယန်ရှယ်​၏ လက်မသည်ကျန်းထင်​၏ နဖူးပြင်ပေါ်ရောက်သွားပြီး ဆံမြိတ်လေးများကို သပ်ပေးနေမိသည်။ နူးညံလှသော ဆံခြည်မျှင်များကလည်း သူ့လက်ချောင်းထိပ်လေးများကို အဆက်မပြတ် ထိတွေ့ပွတ်သပ်သွားပေသည်။ သူ့ကိုယ်သူ ဘာလုပ်နေမိမှန်း မသိသော်ငြား အိပ်ငိုက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်မှုတို့သည် ထူးဆန်းစွာပင် လွင့်ပျယ်လို့သွားချေပြီ။ သူသတိထားမိချိန်တွင် သူ့လက်မဟာ ကျန်းထင်​၏ နဖူးပြင်မှဆင်း၍ ပါးလေးများကိုထိတွေ့သွားကာ နှုတ်ခမ်းထောင့်သို့ရောက်ရှိသွားပြီး နီဖျော့ဖျော့နှုတ်ခမ်းစပ်မှ ထွက်ခွာရန် တုံ့ဆိုင်းနေပေသည်။
ယန်ရှယ် တွေဝေစွာ တွေးမိလိုက်သည်က ---ဒီခံစားချက်က ထူးဆန်းလိုက်တာ။
တစ်ယောက်နှင့် တစ်ယောက်သိကျွမ်းသည်မှာ နှစ်လပင်မပြည့်သေးသော်လည်း နှစ်ပေါင်းများစွာ သိကျွမ်းလာသည့်နှယ် ခံစားနေရပါသည်။ ဤမျိုးရိုးကျန်းအကြောင်းတွေးမိသည်နှင့် စိတ်ထဲ၌ ပူပန်လာရသည်။ လေးပင်ရသလို ရွှင်မြူးရပြန်သည်။ ဒုက္ခများသလို မျှော်လင့်မိပြန်သည်။ လက်လွှတ်ဖို့ခက်သလို ထွပ်သွားဖို့ရာလည်း ငြင်းဆန်နေမိသည်။ သိပ်လှသော အိပ်မက်လေးထဲ၌ ချိတ်ပိတ်မိနေသကဲ့သို့ပင်။
"မင်း........"
ကျန်းထင်ထံမှ ဝိုးတိုးဝါးတား အသံလေးထွက်လာသည်။  ယန်ရှယ်​၏ ပုခုံးပေါ်မှ ပါးပြင်လေးဟာလည်း လှုပ်စိလှုပ်စိဖြစ်လာပြီး ပွတ်သပ်နေသကဲ့သို့ ဖြစ်နေသည်။
ယန်ရှယ်​၏ လက်ချောင်းများမှာ လှုပ်ရှားနေရာမှ တန့်သွားလေသည်။ ကားကလည်း ပုံမှန်အတိုင်း အရှိန်နှင့်သွားနေဆဲဖြစ်သလို နောက်ခုံကလည်း လှုပ်မြဲတိုင်းလှုပ်နေ​၏။  ကားရှေ့ခန်းမှ မာရှန်​၏ ဝူးဝူးဝါးဝါးအသံကိုလည်း ကြားလိုက်ရသည်။ မည်မျှပင်ကြာသွားသည်မသိ၊ ကျန်းထင်​၏ ကိုယ်လေးဟာ ပိုမိုတွေးဝှေ့လာခဲ့ပြီး အိပ်မက်ထဲ၌ ပို၍သက်တောင့်သက်သာရှိသော နေရာလေးကို ရှာတွေ့သွားသည့်နှယ်။ ယန်ရှယ်မှာ သူနှစ်နှစ်ခြိုက်ခြိုက်ပြန်အိပ်ပျော်သွားသည်အထိ မျက်တောင်မခတ်တမ်းကြည့်နေမိသည်။ ထို့နောက် သူ့အကြည့်များမှာ နှုတ်ခမ်းထောင့်၌ ကပ်နေသော အစက်ကလေးထံ ရောက်ရှိသွားပေသည်---ဆန်စေ့လောက်အရွယ်သာရှိသော ပဲအနှစ်လေး
".... ...."
ယန်ရှယ်​၏ လည်စလုပ်လေး ပြုတ်ကျသွားရပါသည်။ သို့သော် အာခေါင်ကတော့ ခြောက်မြဲခြောက်ဆဲ။ ဂါထာတစ်ခုဖြင့် ပြုစားခံလိုက်ရသည့်အလား အသက်အောင့်ကာ လက်ကိုမြှောက်လျက် ပဲအနှစ်လေးကိုသုတ်လိုက်ပြီး လက်ဖျားလေးဟာ ပါးစပ်ထဲ သူ့အလိုလိုဝင်လာတော့သည်။ ခံတွင်းထဲ၌ ချိုမြိန်မှုတို့ ပျံ့နှံ့လာ​၏။
ချိုလိုက်တာ။
မရည်ရွယ်ပါဘဲ ဝင်လာသော အတွေးစလေး။
ထိုအခိုက်အတန့်လေးတွင် မူမမှန်မှုတစ်ခုခုကို   သူခံစားမိလိုက်ပါသည်။
---ကျန်းထင်​၏ အသက်ရှူသံမှာ တစ်ခဏမျှ ငြိမ်သက်သွားလေ​၏။
လေထုမှာ ရုတ်တရက်ဆန်စွာ ဆိတ်ငြိမ်သွားပြီး လှုပ်ရှားမှု၊ တုံ့ပြန်မှုတို့အားလုံး ရပ်တန့်သည့်ခလုတ်ကို နှိပ်မိလိုက်သလို။ Grand Cherokeeကြီး​၏ ရှေ့သို့တူရူ ချောမွေ့စွာ ခရီးနှင်နေသည့် အသံကသာ ကြည်လင်ပြတ်သားနေလျက်။ ကျန်းထင်က မျက်လုံးဖွင့်မလာခဲ့ဘဲ ယန်ရှယ်​၏ လက်ဟာလည်း လေထဲ၌ တန်းလန်း။ မည်မျှပင်ကြာသွားသည်မသိ၊ နောက်ဆုံးတွင် ယန်ရှယ်နှုတ်ခမ်းတို့စိုးစဉ်းမျှ ဟလာပြီး
"... ...မင်းနိုးနေပြီလား?"
--------------------------------------------
T/N
"ယန်ရှယ်သည် အဖြောင့်ဖြစ်သည်" *သုံးခါအော်*
ဒီ audio drama official artမှာဆိုသိသာပါတယ်။ ယန်ရှယ်က တစ်ပွင့်နှစ်ရစ်နဲ့ ဖြစ်ပြီး ကျန်းထင်က သုံးပွင့်နှစ်ရစ်နဲ့ပါ။
Life locator
Fax machine
ဟိုဘက်ဒီဘက် ဖက်စ်မိတ္တူပို့တယ်ဆိုတာ ဒီလိုစက်နဲ့ပို့တာပါ။ ပို့ချင်တဲ့ဖုန်းနံပါတ်ထည့်လိုက်တာနဲ့ တစ်ဖက်ကစက်မှာ တစ်ခါတည်း မိတ္တူစာရွက်ထွက်လာတာမျိုးပါ။
- စိတ်ပညာဆိုင်ရာ အသုံးအနှုန်းတွေက ကျနော်နဲ့စိမ်းတာမလို့ ဆီလျော်သလိုပြန်ထားပေမဲ့ အသုံးအနှုန်းလွဲမှားမှုရှိခဲ့ရင် ထောက်ပြပေးလို့ရပါတယ်။ သူတို့နိုင်ငံရဲ့ ရဲဌာနတွေသွားတဲ့ systemကိုလဲ articleတွေရှာဖတ်ပြီးမှ T/Nထဲထည့်ထားတာဖြစ်လို့ အလွဲအမှားရှိခဲ့ရင်လဲပြောပါနော်။ ဒါကို ဟွိုင်သာ့ကိုယ်တိုင် နှစ်ပိုင်းပေါင်းပြီး တစ်ပိုင်းရေးထားတာဖြစ်ကြောင်း ပြောထားတာမလို့ နှစ်ပိုင်းစာဖတ်သွားရတာဖြစ်ပါတယ်။
Continue Reading
You'll Also Like
376K 68.8K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...
49.4K 6K 200
အပိုင်း ၁၂၈၁ မှ ၁၇၇၃ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလ...
352K 38.7K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...
172K 5K 44