ေနာက္တစ္ေန႔မနက္ ခ်စ္သက္တစ္ေယာက္ႏိုး
လာခ်ိန္တြင္ တင္းက်ပ္ေအာင္အဖက္ခံထားရ
တာေၾကာင့္လန္႔သြားၿပီးဖက္ထားသည့္လူအား
ေမာ့ၾကည့္လိုက္ေတာ့ သူ႔အားမ်က္ေမွာင္က်ံဳ႕
ကာၾကည့္ေနသည့္ဧဝရတ္အားေတြ႔လိုက္ရ
သည္။
" ကိုကို "
" ႏိုးၿပီးလား "
"ကိုကို ဘယ္တုန္းကေရာက္တာလဲ ခ်စ္သက္
ကိုလဲမေျပာဘူး"
" မၾကာေသးဘူး ထေတာ့ကိုကိုမ်က္ႏွာသစ္ေပး
မယ္"
"မထခ်င္ေသးဘူး ဒါနဲ႔ကိုကိုဇာတ္ကား႐ိုက္တာ
ၿပီးၿပီးလား"
"အင္း အဆိုးေလးေၾကာင့္ျပန္လာရတာေလ
ေျပာပါအံုး faေလးဆိုတဲ့အေၾကာင္း"
"ဟီးဟီး အဲ့ဒါက ကိုကိုျမန္ျမန္ျပန္လာေအာင္လို႔
စိတ္မဆိုးရဘူးေနာ္ ကိုကို႔အသက္ေလးက
ကိုကို႔ကိုလြမ္းေနလို႔"
ဧဝရတ္သူရင္ခြင္ထဲကအခြၽဲေလးအားၾကည့္ကာ
ခိုးျပံဳးလိုက္ၿပီးဆံႏြယ္႐ွည္ေတြအားေမႊးၾကဴ
လိုက္သည္။
" ဒါဆိုအဆိုးေလးကိုဘယ္လိုအျပစ္ေပးရမလဲ"
"ကိုကိုေနာ္ အသက္ကလိမၼာၿပီးသားအျပစ္မ႐ွိ
ဘူး"
"အဟြန္း အခုေတာ့အိပ္ယာထဖို႔ျပင္ေတာ့"
"ကိုကိုခ်ီေပး"
ဧဝရတ္လဲ ခ်စ္သက္ အားကေလးခ်ီသလိုခ်ီကာ
ေရခ်ိဳးခန္းထဲဝင္လိုက္သည္။ ေရခ်ိဳးခန္းထဲ
ေရာက္ေတာ့သြားတိုက္မ်က္ႏွာသစ္တာက
အစ ႐ွဴး႐ွဴးတယ္တာအဆံုးအကုန္လုပ္ေပးၿပီး
မွန္တင္ခံုေ႐ွ႕ခ်ီလာလိုက္သည္။
" အသက္ဆံပင္ေလးေတြကေပ်ာ့ေနတာဘဲ"
" ကိုကို အသက္ဆံပင္အရမ္း႐ွည္ေနၿပီးလား
ညႇပ္လိုက္ရမလား"
" မညႇပ္ရပါဘူး ဆံပင္႐ွည္ေလးကအသက္နဲ႔
အရမ္းလိုက္တယ္ "
"အြန္း အသက္မညႇပ္ေတာ့ဘူး "
ဧဝရတ္လဲ အသက္ဆံပင္အားေသခ်ာထံုးေပး
ၿပီးဖဲႀကိဳးအနီေလးနဲ႔စီးေပးလိုက္သည္။
ၿပီးေနာက္မနက္စာစားရန္ ကိုခ်စ္အား ဘိုကင္
ယူထားခိုင္းသည့္စားေသာက္ဆိုင္သို႔ထြက္လာ
လိုက္ၾကသည္။
" ကိုကို ဂ်ပန္ကျပန္လာတာအသက္တြက္ဘာပါလဲ"
" အသက္လိုခ်င္တာမွန္သမ်ွပါတယ္ မနက္စာ
စားၿပီးရင္လိုက္ၾကည့္"
"အြန္း"
စားေသာက္ဆိုင္ေရာက္ေတာ့ maskေတြ
ဦးထုတ္ေတြေသခ်ာဝတ္ကာကားေပၚကဆင္း
ၿပီးဆိုင္ထဲဝင္လိုက္ၾကသည္။ စားေသာက္ဆိုင္
က လူျပည့္ေနေပမယ့္ လူဂုဏ္ထန္ေတြႀကီးဘဲမို႔
တိတ္ဆိတ္ေနသည္။သူတို႔လဲ မွာထားသည့္ခံုတြင္ဝင္ထိုင္ၿပီးေနာက္ႀကိဳမွာထားသည့္စားစရာမ်ားအားစားကန္ျပင္ခ်ိန္
* ဟဲ့ မင္းသမီး ေမဖူးငံုပြင့္တို႔မနက္ကျပန္
ေရာက္ၿပီတဲ့ေနာ္ *
* ဟုတ္လား သူမကဂ်ပန္မွာမင္းသားဧဝရတ္
နဲ႔ဇာတ္လမ္းတြဲသြား႐ိုက္တာမလား *
* မင္းသမီး မန္ေနဂ်ာေျပာတာေတာ့ မင္းသား
နဲ႔မင္းသမီးက ေတာ္ေတာ္ခရီးေရာက္ခဲ့တယ္
တဲ့ မင္းသားကမင္းသမီးသိကၡာက်မွာစိုးလို႔
Rumor ေတာင္အထြက္မခံဘဲပိတ္ထားတာ
တဲ့ေဟ*
"ခြီးး"
အေနာက္ဝိုင္းကေျပာစကားေတြေၾကာင့္
ခ်စ္သက္ရီမိသြားသည္။
" အသက္ စားေနရင္းမရီနဲ႔နင္ကုန္မယ္"
"အြန္းပါ သူတို႔ေျပာတာရီရလို႔ အဲ့မင္းသမီးက
လဲေတယ္ေတာ္နာမည္ထြက္ခ်င္ေနတာ"
" စားပါသူမ်ားအေၾကာင္းေျပာမေနနဲ႔"
ဧဝရတ္က အသက္အားစားစရာမ်ားေသခ်ာ
ေသးေသးစီဖဲ့ကာခြန္႔ေပးရင္းေျပာလိုက္သည္။
အသက္ကလဲ ဧဝရတ္ခြန္႔ေပးသမ်ွကို
ဧဝရတ္ေပါင္ေပၚေျခေထာက္တင္ရင္း တျမဳတ္
ျမဳတ္ဝါကာ ဖုန္းၾကည့္ေနလိုက္သည္။
တစ္ဖက္ကရြာေလးတစ္ရြာတြင္ေတာ့ ပါးပါးအိုး
တစ္ေယာက္တုတ္တစ္ေခ်ာင္းကိုင္ကာလံုခ်ည္မ
ၿပီးရြာလမ္းတိုင္းသြားေနသလိုအေနာက္က
ပါဝါမ်က္မွန္နဲ႔စြပ္က်ယ္ဝတ္ကာလံုခ်ည္စြန္ေတာင္စြဲၿပီးအေျပးလိုက္ေနတဲ့ဒယ္ဒီျမင့္ျမတ္မင္းေမာင္လဲ႐ွိသည္။
" ကေလးေလး စိတ္ေလ်ာ့ လမ္းေျဖးေျဖးေလ်ွာက္"
"ေမာင္ ခမ်ားႀကီးလာမတာနဲ႔ဒီေန႔မွ အဲ့ေရႊအိုး
ကိ္ုမ႐ိုက္ရရင္ အိုးတို႔ရာဇဝင္႐ိုင္းသြားမယ္"
" ကေလးေလး ကလဲ သားငယ္က
ကေလးသဘာသေဆာ့ကစား..."
"တိတ္! ဘာကေလးသဘာဝလဲ တစ္ဖက္က
ကေလးကိုဘယ္ေလာက္အားနာဖို႔ေကာင္းလဲ
သူလုပ္လိုက္လို႔ဟိုကေလးကေတာ္ေတာ္လန္႔
သြားတာ ဟိုကေလးကႏွလံုးေရာဂါသည္ေလ
မေတာ္လို႔တစ္ခုခုျဖစ္ရင္ေတာ့လား
ကိုျမင့္ျမတ္မင္းေမာင္ သားငယ္ကိုသိပ္အလို
မလိုက္စမ္းနဲ႔"
အိုးလဲေျပာရင္းဆိုရင္း မနက္ထဲကေပ်ာက္သြား
တဲ့သားျဖစ္သူကို႐ွာေနသည္။ထိုခ်ိန္ ဟင္းရြက္
ဗမ္းရြက္ကာ လာေနသည့္သားျဖစ္သူေၾကာင့္
အေမာေဖာက္သြားတဲ့ကေလးေလးအားေတြ႔
လိုက္သည္။
"သားသားေရ "
"ဗ်ာ ဦးတို႔အရြက္ဝယ္မလို႔လား"
" အမ္ အရြက္လဲဝယ္မယ္ ၿပီးေတာ့ေရႊအိုးကို
ေတြ႔မိလား"
"ဟုတ္ကဲ့ ဘုန္းဘုန္းႀကီးနဲ႔တူတူခုနကျမင္လိုက္
တယ္"
"ေအေအေက်းဇူးသားသား ေရာေရာ့မုန္႔ဖိုးယူ
သြားေနာ္"
အိုးကလံုခ်ည္ထဲကပိုက္ဆံ ၅၀၀၀ထုတ္ေပးၿပီး
ဘုန္းႀကီးေက်ာင္းသို႔ဦးတည္လိုက္သည္။
"ေတြ႔ၾကေသးတာေပါ့ ေရႊအိုး"
ဘုန္းႀကီးေက်ာင္းေရာက္ေတာ့ဘုန္းဘုန္းအား
အရင္႐ွိခိုးၿပီးေနာက္
" ဘုန္းဘုန္းဘုရား တပည့္ေတာ္တို႔သားေလး
ဒီေရာက္ေနတယ္ဆိုလို႔လာေခၚတာပါဘုရား"
"တကာႀကီးတို႔ လင္မယားျပန္ႏွင့္ပါ တကာႀကီး
တို႔သားကဒီမွာ ဘုရားအေၾကာင္းေလ့လာခ်င္
တယ္ဆိုေတာ့ဘုန္းဘုန္းေခၚထားမယ္"
" ဘုန္းဘုန္းမသိလို႔ေနာ္အဲ့ငေမႊထိုးက
သက္သက္လာပုန္းတာ "
"ကေလးေလး သားငယ္ကိုထားခဲ့လိုက္ပါ
ေမာင္တို႔ျပန္စို႔"
"ေမာင္ေနာ္! "
"ေအ့..ေအ့ပါကေလးေလးသေဘာ"
ဘုန္းဘုန္းကသက္ျပင္းခ်ၿပီးေနာက္
" ကိုရင္ရ႒ ကိုေခၚခဲ့ပါအံုး ဦးဇင္း"
"တင္ပါ့"
ဘုန္းဘုန္းေဘးကဦးဇင္းက အထဲဝင္သြားၿပီး
ေနာက္ သခၤမ္းအေသးေလးနဲ႔ကိုရင္တစ္ပါးအား
ေခၚကာျပန္ဝင္လာသည္။
"ေရႊအိုး!အဲ ကိုရင္ေလးဒါကဘယ္လို"
" တကာႀကီးတို႔ ကိုရင္ကတရားဘာဝနာအား
ထုတ္ခ်င္လြန္းလို႔ဆရာေတာ္နဲ႔ရက္သက္
တစ္ပတ္အတူေနပါရေစ တကာႀကီးလဲ
အသက္အရြယ္ရလာၿပီမို တကာျမင့္ျမတ္မင္းေမာင္နားဘဲကပ္မေနေတာ့ဘဲ တရားဘာဝနာအားထုတ္ၿပီး ေဒါသေမာဟေလ်ာ့သင့္ၿပီး"
"ဟင္းဟင္း ဟုတ္တာေပါ့ ဟုတ္တာေပါ့
ဒါဆိုတကာတို႔ကို႔ခြင့္ျပဳပါအံုး ကိုရင္တစ္ပတ္
ျပည့္တဲ့ေန႔မွလာႀကိဳပါ့မယ္"
"ေကာင္းေကာင္းသြားၾက သာဓုသာဓုသာဓု"
အိုးတစ္ေယာက္ အီးမွန္သလိုမ်က္ႏွာႀကီးနဲ႔
တုတ္တစ္ေခ်ာင္းဆြဲကညဘုနး္ႀကီးေက်ာင္း
ကျပန္ထြက္လာသည္။ျမင့္ျမတ္ကအေနာက္က
တစ္ခြီးခြီးရီကာလိုက္လာရင္း
"ခြီး...အဲ့ဒါကေလးေလး ဝဋ္လည္တာ "
"ေရႊအိုး ေရႊအိုး ငါ့အကြက္နဲ႔ငါ့ကိုျပန္လုပ္သြား
တယ္ေနႏွင့္အံုးဒင္းေတြ့မယ္ "
ျမင့္ျမတ္ကလဲ သူ႔ရဲ႕အသည္းေလးအိုးအား
ဖက္ကာ ေနအိမ္သို႔ျပန္လာလိုက္ေတာ့သည္။
———
ေရႊအိုးက ၅ႏွစ္၆ႏွစ္အရြယ္ေလးပါ ေနာက္မွ
နာမည္ေလးမိတ္ဆက္ေပးမယ္😘
Uni
နောက်တစ်နေ့မနက် ချစ်သက်တစ်ယောက်နိုး
လာချိန်တွင် တင်းကျပ်အောင်အဖက်ခံထားရ
တာကြောင့်လန့်သွားပြီးဖက်ထားသည့်လူအား
မော့ကြည့်လိုက်တော့ သူ့အားမျက်မှောင်ကျုံ့
ကာကြည့်နေသည့်ဧဝရတ်အားတွေ့လိုက်ရ
သည်။
" ကိုကို "
" နိုးပြီးလား "
"ကိုကို ဘယ်တုန်းကရောက်တာလဲ ချစ်သက်
ကိုလဲမပြောဘူး"
" မကြာသေးဘူး ထတော့ကိုကိုမျက်နှာသစ်ပေး
မယ်"
"မထချင်သေးဘူး ဒါနဲ့ကိုကိုဇာတ်ကားရိုက်တာ
ပြီးပြီးလား"
"အင်း အဆိုးလေးကြောင့်ပြန်လာရတာလေ
ပြောပါအုံး faလေးဆိုတဲ့အကြောင်း"
"ဟီးဟီး အဲ့ဒါက ကိုကိုမြန်မြန်ပြန်လာအောင်လို့
စိတ်မဆိုးရဘူးနော် ကိုကို့အသက်လေးက
ကိုကို့ကိုလွမ်းနေလို့"
ဧဝရတ်သူရင်ခွင်ထဲကအချွဲလေးအားကြည့်ကာ
ခိုးပြုံးလိုက်ပြီးဆံနွယ်ရှည်တွေအားမွှေးကြူ
လိုက်သည်။
" ဒါဆိုအဆိုးလေးကိုဘယ်လိုအပြစ်ပေးရမလဲ"
"ကိုကိုနော် အသက်ကလိမ္မာပြီးသားအပြစ်မရှိ
ဘူး"
"အဟွန်း အခုတော့အိပ်ယာထဖို့ပြင်တော့"
"ကိုကိုချီပေး"
ဧဝရတ်လဲ ချစ်သက် အားကလေးချီသလိုချီကာ
ရေချိုးခန်းထဲဝင်လိုက်သည်။ ရေချိုးခန်းထဲ
ရောက်တော့သွားတိုက်မျက်နှာသစ်တာက
အစ ရှူးရှူးတယ်တာအဆုံးအကုန်လုပ်ပေးပြီး
မှန်တင်ခုံရှေ့ချီလာလိုက်သည်။
" အသက်ဆံပင်လေးတွေကပျော့နေတာဘဲ"
" ကိုကို အသက်ဆံပင်အရမ်းရှည်နေပြီးလား
ညှပ်လိုက်ရမလား"
" မညှပ်ရပါဘူး ဆံပင်ရှည်လေးကအသက်နဲ့
အရမ်းလိုက်တယ် "
"အွန်း အသက်မညှပ်တော့ဘူး "
ဧဝရတ်လဲ အသက်ဆံပင်အားသေချာထုံးပေး
ပြီးဖဲကြိုးအနီလေးနဲ့စီးပေးလိုက်သည်။
ပြီးနောက်မနက်စာစားရန် ကိုချစ်အား ဘိုကင်
ယူထားခိုင်းသည့်စားသောက်ဆိုင်သို့ထွက်လာ
လိုက်ကြသည်။
" ကိုကို ဂျပန်ကပြန်လာတာအသက်တွက်ဘာပါလဲ"
" အသက်လိုချင်တာမှန်သမျှပါတယ် မနက်စာ
စားပြီးရင်လိုက်ကြည့်"
"အွန်း"
စားသောက်ဆိုင်ရောက်တော့ maskတွေ
ဦးထုတ်တွေသေချာဝတ်ကာကားပေါ်ကဆင်း
ပြီးဆိုင်ထဲဝင်လိုက်ကြသည်။ စားသောက်ဆိုင်
က လူပြည့်နေပေမယ့် လူဂုဏ်ထန်တွေကြီးဘဲမို့
တိတ်ဆိတ်နေသည်။သူတို့လဲ မှာထားသည့်ခုံတွင်ဝင်ထိုင်ပြီးနောက်ကြိုမှာထားသည့်စားစရာများအားစားကန်ပြင်ချိန်
* ဟဲ့ မင်းသမီး မေဖူးငုံပွင်တို့မနက်ကပြန်
ရောက်ပြီတဲ့နော် *
* ဟုတ်လား သူမကဂျပန်မှာမင်းသားဧဝရတ်
နဲ့ဇာတ်လမ်းတွဲသွားရိုက်တာမလား *
* မင်းသမီး မန်နေဂျာပြောတာတော့ မင်းသား
နဲ့မင်းသမီးက တော်တော်ခရီးရောက်ခဲ့တယ်
တဲ့ မင်းသားကမင်းသမီးသိက္ခာကျမှာစိုးလို့
Rumor တောင်အထွက်မခံဘဲပိတ်ထားတာ
တဲ့ဟေ*
"ခွီးး"
အနောက်ဝိုင်းကပြောစကားတွေကြောင့်
ချစ်သက်ရီမိသွားသည်။
" အသက် စားနေရင်းမရီနဲ့နင်ကုန်မယ်"
"အွန်းပါ သူတို့ပြောတာရီရလို့ အဲ့မင်းသမီးက
လဲတေယ်တော်နာမည်ထွက်ချင်နေတာ"
" စားပါသူများအကြောင်းပြောမနေနဲ့"
ဧဝရတ်က အသက်အားစားစရာများသေချာ
သေးသေးစီဖဲ့ကာခွန့်ပေးရင်းပြောလိုက်သည်။
အသက်ကလဲ ဧဝရတ်ခွန့်ပေးသမျှကို
ဧဝရတ်ပေါင်ပေါ်ခြေထောက်တင်ရင်း တမြုတ်
မြုတ်ဝါကာ ဖုန်းကြည့်နေလိုက်သည်။
တစ်ဖက်ကရွာလေးတစ်ရွာတွင်တော့ ပါးပါးအိုး
တစ်ယောက်တုတ်တစ်ချောင်းကိုင်ကာလုံချည်မ
ပြီးရွာလမ်းတိုင်းသွားနေသလိုအနောက်က
ပါဝါမျက်မှန်နဲ့စွပ်ကျယ်ဝတ်ကာလုံချည်စွန်တောင်စွဲပြီးအပြေးလိုက်နေတဲ့ဒယ်ဒီမြင့်မြတ်မင်းမောင်လဲရှိသည်။
" ကလေးလေး စိတ်လျော့ လမ်းဖြေးဖြေးလျှောက်"
"မောင် ခများကြီးလာမတာနဲ့ဒီနေ့မှ အဲ့ရွှေအိုး
ကိုမရိုက်ရရင် အိုးတို့ရာဇဝင်ရိုင်းသွားမယ်"
" ကလေးလေး ကလဲ သားငယ်က
ကလေးသဘာသဆော့ကစား..."
"တိတ်! ဘာကလေးသဘာဝလဲ တစ်ဖက်က
ကလေးကိုဘယ်လောက်အားနာဖို့ကောင်းလဲ
သူလုပ်လိုက်လို့ဟိုကလေးကတော်တော်လန့်
သွားတာ ဟိုကလေးကနှလုံးရောဂါသည်လေ
မတော်လို့တစ်ခုခုဖြစ်ရင်တော့လား
ကိုမြင့်မြတ်မင်းမောင် သားငယ်ကိုသိပ်အလို
မလိုက်စမ်းနဲ့"
အိုးလဲပြောရင်းဆိုရင်း မနက်ထဲကပျောက်သွား
တဲ့သားဖြစ်သူကိုရှာနေသည်။ထိုချိန် ဟင်းရွက်
ဗမ်းရွက်ကာ လာနေသည့်သားဖြစ်သူကြောင့်
အမောဖောက်သွားတဲ့ကလေးလေးအားတွေ့
လိုက်သည်။
"သားသားရေ "
"ဗျာ ဦးတို့အရွက်ဝယ်မလို့လား"
" အမ် အရွက်လဲဝယ်မယ် ပြီးတော့ရွှေအိုးကို
တွေ့မိလား"
"ဟုတ်ကဲ့ ဘုန်းဘုန်းကြီးနဲ့တူတူခုနကမြင်လိုက်
တယ်"
"အေအေကျေးဇူးသားသား ရောရော့မုန့်ဖိုးယူ
သွားနော်"
အိုးကလုံချည်ထဲကပိုက်ဆံ ၅၀၀၀ထုတ်ပေးပြီး
ဘုန်းကြီးကျောင်းသို့ဦးတည်လိုက်သည်။
"တွေ့ကြသေးတာပေါ့ ရွှေအိုး"
ဘုန်းကြီးကျောင်းရောက်တော့ဘုန်းဘုန်းအား
အရင်ရှိခိုးပြီးနောက်
" ဘုန်းဘုန်းဘုရား တပည့်တော်တို့သားလေး
ဒီရောက်နေတယ်ဆိုလို့လာခေါ်တာပါဘုရား"
"တကာကြီးတို့ လင်မယားပြန်နှင့်ပါ တကာကြီး
တို့သားကဒီမှာ ဘုရားအကြောင်းလေ့လာချင်
တယ်ဆိုတော့ဘုန်းဘုန်းခေါ်ထားမယ်"
" ဘုန်းဘုန်းမသိလို့နော်အဲ့ငမွှေထိုးက
သက်သက်လာပုန်းတာ "
"ကလေးလေး သားငယ်ကိုထားခဲ့လိုက်ပါ
မောင်တို့ပြန်စို့"
"မောင်နော်! "
"အေ့..အေ့ပါကလေးလေးသဘော"
ဘုန်းဘုန်းကသက်ပြင်းချပြီးနောက်
" ကိုရင်ရဋ္ဌ ကိုခေါ်ခဲ့ပါအုံး ဦးဇင်း"
"တင်ပါ့"
ဘုန်းဘုန်းဘေးကဦးဇင်းက အထဲဝင်သွားပြီး
နောက် သင်္ခမ်းအသေးလေးနဲ့ကိုရင်တစ်ပါးအား
ခေါ်ကာပြန်ဝင်လာသည်။
"ရွှေအိုး!အဲ ကိုရင်လေးဒါကဘယ်လို"
" တကာကြီးတို့ ကိုရင်ကတရားဘာဝနာအား
ထုတ်ချင်လွန်းလို့ဆရာတော်နဲ့ရက်သက်
တစ်ပတ်အတူနေပါရစေ တကာကြီးလဲ
အသက်အရွယ်ရလာပြီမို တကာမြင့်မြတ်မင်းမောင်နားဘဲကပ်မနေတော့ဘဲ တရားဘာဝနာအားထုတ်ပြီး ဒေါသမောဟလျော့သင့်ပြီး"
"ဟင်းဟင်း ဟုတ်တာပေါ့ ဟုတ်တာပေါ့
ဒါဆိုတကာတို့ကို့ခွင့်ပြုပါအုံး ကိုရင်တစ်ပတ်
ပြည့်တဲ့နေ့မှလာကြိုပါ့မယ်"
"ကောင်းကောင်းသွားကြ သာဓုသာဓုသာဓု"
အိုးတစ်ယောက် အီးမှန်သလိုမျက်နှာကြီးနဲ့
တုတ်တစ်ချောင်းဆွဲကညဘုန်းကြီးကျောင်း
ကပြန်ထွက်လာသည်။မြင့်မြတ်ကအနောက်က
တစ်ခွီးခွီးရီကာလိုက်လာရင်း
"ခွီး...အဲ့ဒါကလေးလေး ဝဋ်လည်တာ "
"ရွှေအိုး ရွှေအိုး ငါ့အကွက်နဲ့ငါ့ကိုပြန်လုပ်သွား
တယ်နေနှင့်အုံးဒင်းတွေ့မယ် "
မြင့်မြတ်ကလဲ သူ့ရဲ့အသည်းလေးအိုးအား
ဖက်ကာ နေအိမ်သို့ပြန်လာလိုက်တော့သည်။
———
ရွှေအိုးက ၅နှစ်၆နှစ်အရွယ်လေးပါ နောက်မှ
နာမည်လေးမိတ်ဆက်ပေးမယ်😘