၃လခန့်ကြာသော်...
' သားငယ်လေးကချစ်စရာဖွေးဖွေးဖြူလေးပါ
သားငယ်ငယ် ...ငယ်ငယ်လေး ပါးပါးချစ်ဆုံး
လေး'"အဲ့..အဲ့"
" သားလေးကပျော်နေတာလား ဟင်ပြောပါ
အုံး "ချစ်သက် တစ်ယောက်ကုတင်ပေါ်ကဖင်လုံး
လုံးလေးကိုပေါင်တာဖို့ရင်းပြောလိုက်တော့
ကလေးဘေးကတခ်ခ်ထရယ်သည်။"ရယ်တော့ပေါ့ ဟင် ရက်၁၀၀ပြည့်အမည်ပေး
ကင်ပွန်းတင်မှာမို့ပျော်နေတာပေါ့ သားက""ခ်ခ် "
ထိုချိန် ဧဝရတ်က အခန်းထဲဝင်လာကာ
ချစ်သက်ခါးအားဖက်လိုက်သည်။" အသက်က ကိုကို့ကိုမေ့နေတယ်ပေါ့"
" ဟုတ်ပါဘူး ကိုကိုကလဲ ဖယ်အုံးသားကို
အင်္ကျီလှလှဝတ်ပေးရအုံးမယ်"ချစ်သက်က သားလေးအင်္ကျီခြင်းထဲက
ကလေးဝတ်အင်္ကျီသေးသေးလေးနဲ့ဘောင်းဘီ
လေးထုတ်ကာဝတ်ပေးလိုက်သည်။"ကိုကို သားကိုအရင်ခေါ်သွားအသက်အင်္ကျီ
လဲပြီးလိုက်ခဲ့မယ်""Ok မကြာနဲ့နော်အောက်မှာလူစုံနေပြီ"
"အင်းပါ ကိုကိုရဲ့"
ဧဝရတ်လဲ သားဖြစ်သူကိုအောက်ထပ်သို့ချီ
ကာဆင်းသွားလိုက်သည်။" ကိုကြီးယောင်ဖ တူလေးကိုပေးသားချီမယ်"
"ပြုတ်ကျသွားမယ် ခုံမှာထိုင်"
" ဟုတ် ဟုတ် ပေးပေး"
ရွှေအိုးတစ်ယောက် သူ့တူသေးသေးလေး
ကပေါင်ပေါ်ရောက်လာတာကြောင့်မပြုတ်ကျ
စေရန်သေချာဖတ်ထားလိုက်သည်။နုငယ်ကလဲ
ရွှေအိုးဘေးထိုင်ကာ ကလေးသေးသေးလေး
လက်အားလိုက်နမ်းနေသည်။လူကြီးတွေက
တော့ကလေးတွေကိုကြည့်ရင်းပြုံးနေသည်။" ငယ် "
"ဟင်"
"ငယ်က ကလေးချစ်လား"
" ချစ်တယ် "
"သားလဲ ကလေးဘဲလေ သားကိုချစ်တာပေါ့
နော်""ဟမ် "
" ငယ် ကလေးချစ်ရင်သားတို့လက်ထပ်ပြီးတဲ့
ခါကျ ငယ်ကလေးလေးရအောင်သားလုပ်ပေး
မယ်နော်"
YOU ARE READING
ထာဝရထက်တစ်ရက်ပိုသည် / ထာဝရထက်တစ်ရက်ပိုသည် (Completed)
Romanceတိုရှည် S - 2 Started - 24.6.2022 Ending - 13.7.2022