ချစ်ခြင်းတို့အလွန်
By maiyuri18
1M 54.6K 2K
ကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ... More
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
တောင်းပန်ခြင်းနှင့်အသိပေးခြင်း
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း (၃၆)
အပိုင်း(၃၇)
အပိုင်း (၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း (၄၈)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
အပိုင်း (၅၉ )
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း (၆၂)
အပိုင်း(၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀) ဇာတ်သိမ်းပိုင်း (၁)
အပိုင်း(၇၁)ဇာတ်သိမ်းပိုင်း(၂)
Alert🔕
ဇာတ်သိမ်း
Extra (1) Birthday present 💙
Extra (2)
Extra (3)
Extra(4)
Extra (5) Final
အပိုင်း (၄၁)
14.6K 817 41
By maiyuri18
***ဖခင်မေတ္တာသည် လုပ်ရပ်တချို့မှားယွင်းရှိသော်လည်း ချစ်ခြင်းမေတ္တာအပြည့် နှင့်သားသမီးအပေါ် ချစ်ရိုးထုံးစံသာရှိခဲ့ပါ၏***
"ဟာ....ဦးဦးမြဲ လာပြီ...ရေး...၊ သာသားက မျော်နေတာ သိလားလို့ "
" ဟား.....သိလို့ ဦးဦးမြဲ ရောက်လာတာ သားသားအတွက် မူန့်တွေအများကြီးပါတယ်ဗျာ ၊ သားသား...အဲ့ဒီလူက ဘယ်သူလဲ ...မသိတဲ့သူအနားမကပ်ရဘူးလေ babyကောင်းရ ၊ သားပါးပါးကတော့ သိရင် စိတ်ပူနေတော့ မှာ သိလား"
"ဟင်းအင်း..ပါးပါးကိုမပြောပါနဲ့၊ ပါးပါးကို သားသားကြောင့် စိတ်မပူစေချင်ဘူး ၊ နောက်သားသား ဘယ်သူအနားမှ မကပ်တော့ပါဘူး နော် ဦးဦးမြဲ ....နော်၊ သားသား လိမ်မာပါ့မယ် ပါးပါးကို စိတ်မပူစေချင်ဘူး ဟင့်...."
"ဟုတ်ပါပြီဗျာ...တိတ်ပါ မငိုပါနဲ့...ခဏ အိမ်ထဲသွားနေနော် ၊ ဦးဦးမြဲ စကားမေးကြည့်အုံးမယ် ၊ သားပါးပါးလည်း ပြန်လာနေပြီတဲ့ ....Baby ကောင်းကလိမ်မာတယ် ..."
"ဟုတ်ကဲ့ ဦးဦးမြဲ၊ သား ဘွားကြည်ဆီသွားမယ်နော် "
ကိုယ်ပွေ့ဖက်တော့မယ့်ဆဲဆဲ သားငယ်က ကိုယ်မဟုတ်တဲ့ သူဆီ ပြေးသွားသတဲ့လား။ ဖခင်ဖြစ် တဲ့ကိုယ်ကရော သားဖြစ်သူကိုထွေးပွေ့ခွင့်တောင် မရတော့ဘူးလား၊ အမှားတွေပြင်ဆင်ခွင့်မရတော့ဘူးလား။ ဒယ်ဒီကိုလှည့်ကြည့်ပါအုံးသားရယ်၊ ဒယ်ဒီကို ခုလိုဥပေက္ခာမပြုပါနဲ့၊ ဒယ်ဒီဆီပြန်လာကြည့်ပေးပါ။ ကျွန်တော့ နှလုံးသားတွေက နာလိုက်တာ ၊ ရင်ဘတ်တွေနာလိုက်တာ ..အောင့်တက်လာသော ခံစားချက်နှင့် သားငယ်တို့ကြည်နူးမူကို ကြည့်နေမိသည်။ ကိုယ့်သွေးသားက သူစိမ်းဆီကို အပြုံးအပျော်တွေနဲ့ပြေးဖက်ပြီး ပျော်မြူးနေတာ မြင်ရတဲ့ မြင်ကွင်းကိုကြည့်နေသည့်ကျွန်တော်။ ကိုယ့်သွေးသားနှင့်သူစိမ်းတို့ ပြောဆိုပြုမူနေတဲ့ ဟန်ပန်အမူအရာတွေကို မြင်နေ၊ ကြားနေရ နဲ့ ကိုယ်က ဘေးလူလို ဖြစ်သွားရတဲ့ခံစားချက်၊ ကိုယ့်သွေးသားက ကိုယ် မဟုတ်သော ဘေးသူစိမ်းဆီ ကျွန်တော်လိုချင်နေသော မေတ္တာတွေ ၊ချစ်ခြင်းတွေ ပေးနေသည်တဲ့လား ။နာကျင်လိုက်တာ ၊ ရင်ဘတ်ကြီးတစ်ခုထဲ ဗုံးကွဲနေသည့်အလား မြည်ဟီးသံတွေက ကျွန်တော် ရင်ကွဲသံတွေ၊ နာကျင် နေရသည့်ကား ကျွန်တော့် ခံစားချက် ၊ပြိုကျချင်သော ကျွန်တော့်ဘဝ ယိုင်လုလု။ ဖခင်မည်သည့် ကိုယ့်သွေးသားကို မည်သို့ပင်မှားယွင်းခဲ့သည်ရှိသော် ချစ်ခြင်းမေတ္တာက မလျော့ခဲ့ ။ မည်သိုသော ဖခင်မျိုးဖြစ်နေပါစေ ကိုယ့်သွေးသား ရတနာသည်က မြတ်နိုးရာမို့ အသက်ပေး၍လည်းချစ်သည်၊ ဘဝပေး၍လည်း ချစ်သည်။ ကိုယ့်အမှားတွေကြောင့် ကိုယ်သွေးသားရှေ့သိမ်ငယ်နေမိပြီ၊ မျက်နှာပြ ပွေ့ဖက်ခွင့်တွေအတွက် မျက်နှာငယ်နေရပြီ။
——————————————————————————
အစ်ကိုတည်မြဲ ...ရောက်တာ ကြာပြီလားဗျ"
"လာ ကောင်းပြည့်...နေ့လည်ကရောက်တာ ၊ ဒီမှာ အစားပုပ်လေး အိပ်နေတယ် ညနေကြလည်လည်ထွက်မယ်ပြောပြီးမှ ...လာထိုင်"
"အစ်ကို ဘာတွေလုပ်နေလဲ၊ ဒီအခေါက် ကြာမှာလား ဒီမှာနေဖို့ "
"အစ်ကို ခဏပဲ အလုပ်ကိစ္စနဲ့လာတာ ပြီးရင် ပြန်မှာ၊ ဒါနဲ့ ကောင်းပြည့်တို့သားအဖတွေ အဆင်ပြေရဲ့လား ဒီအိမ်မှာနေနေရတာ ၊ ဧကရီတို့အိမ်ကြီးဘက် ပြောင်းနေပါ့လား ၊ ကောင်းစစ်လေးက ငယ်သေးတော့ မသိတဲ့ဘေးသူစိမ်းတွေ လာရင် အန္တာရာယ်များတယ်လေ ...ဒါကို တွေးကြည့်ပြီး ဟိုဘက်အိမ်ကြီး ပြောင်းနေပါ့လား ဟင်"
"ရပါတယ် အစ်ကိုရ၊ ကျွန်တော်တို့ ဒီပတ်ဝန်းကျင်လေးမှာ နေသားကျပါပြီ ၊ ဘာအန္တာရာယ်မှလည်းမရှိပါဘူး၊ ဘေးသူစိမ်းဆို အနားမကပ်ဖို့ သားကို ကျွန်တော်သေချာမှာထားတယ် အစ်ကိုရ၊ အစ်ကိုက စိုးရိမ်လွန်နေပါပြီ၊ ကျွန်တော်တို့သားအဖ အတွက်နဲ့ အစ်ကိုလည်း ဒုခအတော်ရောက်နေပြီ "
" ဘာဒုခမှမများဘူးပါဘူးဗျာ၊ဖြစ်နိုင်ရင် အစ်ကိုက ကောင်းပြည့်တို့နဲ့ တစ်အိမ်တည်း လာနေချင်တာ အလုပ်ကတဖက်နဲ့ဘယ်လိုမှ ညှိမရလို့သာ ၊ လာ ထိုင်....ညနေစာ ရတော့မယ်"
"အားနာစရာ ၊ အစ်ကိုကလည်း ညနေစာ ကျွန်တော်ချက်မှာပေါ့ဗျာ၊ ခရီးပမ်းလာတာ နားပါဗျ"
"အစ်ကိုက ကောင်းပြည့်တို့သားအဖအတွက် အားနာရမယ့်လူလား ဟင်၊ ဘယ်ချိန်ထိ ကိုယ့်ကို သူစိမ်းဆန်နေအုံးမလဲ၊ အားနာနေအုံးမှာလဲ "
အလုပ်ကိစ္စ projectတစ်ခုနဲ့ ကောင်းပြည့်တို့အနီးနားမြို့ကျလို့ ခဏ ဝင်လာမိတယ် အမောပြေ သားအဖဆီသို့။ အစ်ကိုက တဖက်သတ်အချစ်မို့လား မသိ ဘယ်တစ်ဖက်ကို သတ်ပြီး ကောင်းပြည့်လေး ချစ်ခြင်းကို ရယူရမလဲမသိနေတာ။ တဖက်သတ်အချစ်က အနာကျင်ရဆုံး၊ တဖက်တည်းကပဲ ချစ်ပြီး ၊ တဖက်တည်းပဲ ပေးဆပ်ချစ်ပြနေရတာ၊ အဲ့တစ်ဖက်တည်းက ပဲ နာကျင်ခံစားနေရတာ။ တချို့သော တဖက်သတ်အချစ်တွေက ထုတ်ဖော်ပြသခွင့်ရပေမယ့်၊ အစ်ကိုရဲ့ တဖက်သတ်အချစ်ကတော့ ပွဲစကတည်းက ပြသခွင့်မရ၊ ထုတ်ပြခွင့်မရှိ။ စည်းတွေဘောင်တွေထဲက အချစ်ကမှ သူပြိုင်ကိုယ်ပြိုင် ထိုးသတ် ထွန်းဖောက်ချစ်ပြခွင့်ရအုံးမယ်၊ ပြိုင်ဆိုင်အနိုင်ယူရအုံးမည်။ အစ်ကိုအချစ်က တိတ်တိတ်လေးဆိုမှ တကယ့် တိုးတိုးတိတ်တိတ် လေးနဲ့ တိတ်တဆိတ်ပေးဆပ်ချစ်ရတဲ့ ချစ်ခြင်းမေတ္တာမျိုး။ ဒါပေမယ့်ကျေနပ်တယ် အစ်ကိုချစ်တဲ့လူသားလေး ဒီကမ္ဘာမှာ သူ့သားလေးနဲ့ ပြုံးနေရတာမြင်ခွင့်ရလို့၊ အစ်ကိုပျော်တယ် ။ကိုယ့်ချစ်တဲ့လူသားလေးတို့ အနား မပိုင်ဆိုင်ရပေမယ့် တခဏ နေထိုင်ခွင့် ဧည့်သည်မှတ်တမ်းကဒ် ကိုင်ဆောင်ခွင့်ရလို့၊ ဒီလူသားလေး အနား ဝင်ထွက်သွားလာပြီး ဖြည့်ဆည်းပေးရလို့။ ဖော်ပြခွင့်ရသည်ဖြစ်စေ၊ ထုတ်ဖော်ခွင့်မရသည်ဖြစ်စေ အစ်ကိုချစ်တယ်။ ပိုင်ဆိုင်ခွင့်မရပေမယ့် အစ်ကိုမေတ္တာရိပ်အောက်မှာ အစ်ကိုချစ်သောသူတို့ လေးတွေ အေးချမ်းနေတာ မြင်ရတာ လပြည့်ညက ထိန်ထိန်သာနေတဲ့ လပြည့်မင်းကို ထိုင်ကြည့်နေသလိုပဲ၊ သိပ်အေးချမ်းတာ။ သိလှတဲ့ပန်းချီကားထဲ ကိုယ်ပါဝင်ရပ်တည်ခွင့်မရှိပေမယ့် သိပ်တန်ဖိုးရှိတဲ့အရာမို့ အနားမှာနေရင်းစောင့်ရှောက်ခွင့်ရမည်မဟုတ်လား၊ ဒါ ကျွန်တော် ချစ်ခြင်း မေတ္တာမည်၏။
နေလည်က ချစ်သောသူလေးတို့ကိုတွေ့ရမည်ဇောဖြင့် အရောက်လှမ်းလာသမျှ ကောင်းစစ်လေးနှင့် သူစိမ်းတစ်ယောက်တို့ ရပ်တည်မူကို ကြည့်ပြီး အစ်ကို စိတ်ထဲစိုးရိမ်စိတ်ကအပြည့်။ ဘာအကြောင့်မှန်းမသိ ၊ ကောင်းစစ်လေး တခုခုဖြစ်ရင် အစ်ကိုချစ်တဲ့ကလေးလေး ရင်ကွဲရမှာမဟုတ်လား၊ ကလေးရဲ့နာကျင်ခြင်းကို ကာကွယ်ရင်း ကောင်းစစ်လေးကိုလည်း အတွက်လည်း စိတ်ပူမိတာကနေ ဘယ်ကမှန်းမသိတဲ့သူစိမ်းနှင့်ခွဲခွါမိခဲ့သည်။ သူစိမ်း၏ အမူအရာ၊ ဟန်ပန်အနေအထား ကို တစ်ချက်ကြည့်ရုံဖြင့် သာမာန်လူမျိုးမဟုတ်မှန်းသိရတယ်။ နာကျင်နေသော သူဟန်၊ ထိခိုက်နေပါသော မျက်နှာပေါ်က ထင်ဟပ်မူတွေကြောင့် ကောင်းစစ်လေးရဲ့ ဘာမှန်းမသိတဲ့ ဖခင်တစ်ဦးအလားလို့ ထင်မိသည်အထိ။ အစ်ကိုမပိုင်တဲ့အရာလေးကို အချိန်တန် သူ့ပိုင်ရှင်က လာရှာမယ်သိထားပါရက် ခုလိုမျိုး ကြုံရရင် အစ်ကိုခံစားနိုင်ပါ့မလား။ တစ်ခဏ လာနားတဲ့ ငှက်ကလေး ပျံသွားရင်ဆိုတဲ့အတွေး ကြာကြာမတွေးရဲဘူး အစ်ကိုသေသွားနိုင်လို့။
"အလုပ်အဆင်ပြေလား ကောင်းပြည့် ၊ကောင်းစစ်လေးက လာမည့်နှစ်မူကြိုစထားရတော့မယ် ရွေးချယ်ပြီးပြီလား ၊ အစ်ကိုနဲ့ ရန်ကုန်လိုက်ခဲ့မလား "
"မလိုက်တော့ဘူး အစ်ကို၊ သားသားအတွက် ဒီမှာ မူကြိုကျောင်းဆို အဆင်ပြေပါတယ် ၊ အလုပ်က ရန်ကုန်က စစ်ဆေးရေးလာမယ်ကြားလို့ ကိုယ်ဘက်ကအမှားမရှိအောင် ပြင်ဆင်နေရတယ်အစ်ကို၊ ဒါနဲ့ ညစာ အများကြီးမချက်နဲ့ဗျ သားသားက အပြင်လည်ချင်နေတာအဲ့ဒါ အစ်ကိုလာတုန်း အပြင်ထွက်မလားလို့ ၊ အစ်ကို အချိန်ရမှာပါ "
"ဟား....ရတာပေါ့ သိပ်ရတာပေါ့ ကောင်းပြည့်ရ၊ အစ်ကိုကြီးလိုသဘောထားတယ်ဆို ဘာကိုအားနာနေမလဲ ညီအစ်ကိုချင်းပဲ ၊ နော် ဘာမှစိတ်ထဲမထားနဲ့ "
အားနာတယ်အစ်ကိုတည်မြဲ၊ ကျွန်တော်လို အိမ်ထောင်ပျက်လို့ဆိုမလား ၊အဖေမပေါ်ပဲ ကလေးမွေးခဲ့ရတဲ့ ယောကျာ်းတစ်ယောက်နှင့် အစ်ကိုလို ဂုဏ်သိက္ခာကြီးမားတဲ့ ဆရာဝန်တစ်ယောက် ဘယ်လိုမှ အတူ ရပ်တည် သွားလာလို့မကောင်းဘူး။ ကျွန်တော် ဖြစ်တည်မူကြောင့် အစ်ကို အလုပ်၊ အစ်ကိုသိက္ခာတွေ ကျဆင်းကုန်ပါ့မယ် ဆိုပြီး အမြဲထိမ်းထိမ်းသိမ်းသိမ်းနေခဲ့သည်။ သားသားလိုအင် ဆန္ဒလေး ဖြည့်ဆည်းချင်လို့သာ အပြင်ထွက်ခြင်းကိစ္စ စကားစမိတာပါ။ ကျွန်တော်အတွက်ဆိုဘယ်မှလည်း မသွားချင်သလို၊ ကျွန်တော်ကြောင့် ဘယ်သူကိုမှ မထိခိုက်မနစ်နာစေချင်တော့ဘူး။ ကိုယ့်ရဲ့ကျေးဇူးရှင်တွေကို ကျေးဇူးမဆပ်နိုင်တောင် သူ့ကျေးဇူးတရား သိထားရမယ်လေ။ ကျွန်တော်အတွက်နဲ့ မမတိူ့ အစ်ကိုတို့ သည်းခံ ကူညီပေးခဲ့ရပေါင်းက မနည်းမနော။
"သားသားတို့ အပြင်သွားမယ် ပါးပါး၊ ဦးဦးမြဲ ကားကား နဲ့သွားမယ်"
"နိုးပြီးလား သား ၊ ဟင် ဘယ်လောက်တောင်အိပ်ထားလဲ မျက်ခွံလေးတွေဖောင်းကားလို့ အိပ်ပုပ်လေး ၊ ဦးဦးမြဲ အပေါ်ဂျီကျသေးလား သားသားက "
"မလုပ်ဘူး၊ သားသားလိမ်မာတယ် မလုပ်ဖူးနော်ဦးဦးမြဲ ၊ ပါးပါးကိုဖြေလိုက်လေ ၊ ဦးဦးမြဲက အကြာကြီးနေမှာလား သားသားတို့နဲ့ ၊ အကြာကြီးနေနော် ပါးပါးကိုလည်း အလုပ်မသွားခိုင်းနဲ့ နော်၊ ပါးပါးပင်ပမ်းလိမ့်မယ် သားသားလိမ်မာပါ့မယ် ဦးဦးမြဲ"
" ဒီတစ်ခေါက်က ဦးဦးမြဲက အကြာကြီး နေမရဘူး သားရ ...နောက်အခေါက်ကြမှ အကြာကြီးနေမယ် မကြာဘူး ပြန်လာမယ်လေ သားတို့ဆီ ၊သားသားက နားလည်ပေးမယ်မဟုတ်လား၊ သားပါးပါးက လောဘကြီးနေတာလေ ၊ ဦးဦးမြဲ ပြောပေးမယ်နော် သားပါးပါးကို အလုပ်အများကြီးမလုပ်နဲ့လို့ ဟုတ်ပြီလား "
" အွန်း သားသိပါပြီ၊ ပါးပါး ကသားသားအတွက်ငွေရှာနေတာတဲ့ ..သားသားကြီးလာရင် ပါးပါးကို ကားကားဝယ်ပေးမှာ သိလား ဦးဦးမြဲလို ကားကား အကြီးကြီး "
"ဟား.....၊ ဟုတ်ပါပြီဗျာ၊ ရပြီလား ရေချိုးတော့ အပြင်သွားကြမယ် ၊ သားသားက အပြတ်ရွိုင်းခဲ့ ဟုတ်ပြီးလား "
"Yes,Sir"
"ဟား......"
"သားသား ကတော့လေ.....အစ်ကိုက အလိုလိုက်တော့ မကြောက်တော့ဘူး ..ကြပ်ကြပ်အလိုလိုကြ နောက်မှ ကောင်းစစ်က ဆိုးလိုက်တာ မပြောကြနဲ့ "
"အစ်ကိုအလိုလိုက်စရာ ကောင်းစစ်လေးပဲရှိတယ် ၊ ကလေးအဖေလည်း ပြင်တော့လေ ...အစ်ကိုတို့သုံးယောက် ပဲပေးကြဖိူ့ "
"အစ်ကိုကလေ၊ ဒါလား ဆရာဝန် ..."
ဟုတ်တာပေါ့ ၊ ကောင်းပြည့်လေးပြောသလို ဒါက အစ်ကိုရဲ့ မူဟန်မှ မဟုတ်တာ ။ သီးသန့်လူသားအတွက် ဖြစ်ပေးရတဲ့ Jocker သရုပ်ဟန်လေ ၊ အစ်ကို့ကလေးက အနာဒဏ်ချက်တွေများခဲ့လို့ အစ်ကို က တစ်ခဏလေး ပြုံးပျော်ဖို့ ဖန်တီးပေးရတာမျိုးပါကွယ်။ အစ်ကို မပိုင်တဲ့အရုပ်လေးက အစ်ကိုကြောင့် တစ်ခဏလေး ပြုံးပျော်ရတယ်ဆိုရင် အစ်ကို လူဖြစ်ရကျိုးနပ်ပါပြီ။ အစ်ကိုနှလုံးသားက လာတဲ့ ချစ်ခြင်းမေတ္တာတွေက ဒဏ်ရာများစွာနဲ့ ငှက်ကလေးကို နွေးထွေးပေးမယ်၊ ပြုစုယုယပေးမယ် ၊ အေးချမ်းတဲ့ မေတ္တာအစစ်တွေပေးမယ်၊ ပြုံးပျော်စေမည်။ အစ်ကိုတက်နိုင်တဲ့ ဆေးလောကကနေ ကိုယ့်ရဲ့ ငှက်ကလေးကို ဒဏ်ရာတွေကုပေးမည်၊ အနာတွေက်ုသက်သာစေမည်။ အချိန်တစ်ခု ကိုယ်ထွေးပွေ့ ကုသပေးနေတဲ့ငှက်ကလေး အနာတွေပျောက်ကင်းလို့ပျံသန်းချင်ရင် အစ်ကိုက လမ်းဖွင့်ပေးနေမှာပါ။ အစ်ကို က သိပ်ချစ်တာမို့ အစ်ကိုမချုပ်ချယ်ဘူး လွတ်လပ်စွာ ပျံသန်းပါ ၊ လှပစွာ ပျံသန်းလိုက်ပါ။ အစ်ကိုကြောင့် ငှက်ကလေး အနာသက်သာပျောက်ကင်းတယ်ဆိုရင်ကို အစ်ကို လူတွေအလယ်ဂုဏ်ယူဝင့်ကြွားနေနိုင်ပါပြီ၊ အချစ်ကို ခံစားမိပြီလို့ အဓိပ္ပါယ် ဖွင့်လို့ရပြီ။
—————————————————————
" ကိုလင်း...စောစောက သားငယ်အနားက လူက ဘယ်သူလဲ ၊ ကလေးတို့သားအဖနား အမြဲရှိနေတာလား၊ အတူရှိနေကြတာလား၊ ငါရင်တွေပူနေပြီ ကိုလင်း ချက်ချင်းသိချင်တယ် .."
" Dr. တည်မြဲ တဲ့ CEO၊ သူက UKက နေပါရဂူ ဘွဲ့ရပြီး ရန်ကုန်ဆေးရုံကြီးမှာ တာဝန်ယူနေတာ ၊ ကောင်းပြည့်လေး မွေးစားအစ်မနဲ့ အရမ်း ရင်းနှီးကြတယ်၊ ကောင်းပြည့်လေးတို့ သားအဖကိုကူညီနေတဲ့ လူထဲက တစ်ဦးပဲ CEO ၊ နောက်ပြီး CEO ရင်သွေးလေးကို သူကိုယ်တိုင်ပဲ ဖွားပေးခဲ့တာ ၊ သူအကုန် အစစအရာရာ စောင့်ရှောက်ပေးခဲ့တာလို့ သိရတယ် CEO"
"ဒါပေမယ့် သူရဲ့ အကြည့်တွေကို ငါ မကြိုက်ဘူး ၊ ငါ့ကလေးတို့သားအဖ အနားအမြဲ ရှိနေတာ မဟုတ်လား ၊ ငါ့ကလေးငယ်ကိုများ....."
"သူက လူပျိုလို့ သိရပါတယ် CEO၊ သူမိဘပေးစားသူကို ငြင်းပြီး တစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေနေတာလို့ သိရပါတယ် "
ဟာ..သူက လူပျို တစ်ယောက်တည်းသမား ၊ နောက်ပြီး ငါ့ကလေးငယ်အနားအမြဲရှိနေသူ။ ငါ ဘယ်လိုစိတ်ချနိုင်မလဲ ၊ ကိုယ့်ကလေးငယ်က သိပ်လှတာ ၊ သိပ်ဖြူစင်တာကိုကိုသိပါပြီ။ ကိုကို အမှားတွေ ပြင်ဆင်ခွင့်ပေးပါ၊ ကိုကိုကလွဲ ကလေးငယ်ဘေးမှာ ဘယ်သူမှ မရှိရဘူးနော်၊ကလေးငယ် ကိုယ်ကို ကြိုက်သလိုရိုက်ပါ ၊ ကြိုက်တဲ့အပြစ်ပေးပါ ကိုကိုကလွဲ ကလေးငယ် အဖော်အဖြစ် ဘယ်သူမှ လက်မခံရဘူး ။ ဟင်းအင်း မဖြစ်ရဘူး ၊ ကလေးငယ်က ကိုကိုအပိုင်၊ ကိုယ့်အမျိုးသား၊ ကိုယ့်အိမ်ထောင်ဖက် ။ ကိုယ်နဲ့ အတူ သားငယ်လေးကို ပြုစုကြမယ်လေ ၊ ကိုကို နဲ့အတူ ပျော်ရွှင်တဲ့ မိသားစုလေး တည်ဆောက်ကြမယ်လေ ၊ ကိုယ်အမှားတွေကို ဝန်ခံမယ်၊ ကိုယ့်အမှားတွေအတွက် ကိုက်ု ကလေးငယ်ကျေနပ်သည်အထိ တောင်းပန်မယ်။ ကလေးငယ်ဘေး မှာ ဘယ်သူစိမ်းယောကျာ်း၊ မိန်းမ မျိုးမှ မထားရဘူးနော် ။ ဟင်းအင်း ကိုကိုမကြိုက်ဘူး၊ ကိုကို မြင်လ်ု့လည်းမရဘူး ၊ ကြည့်လည်း ကြည့်မပေးနိုင်ဘူး ၊ ဖြစ်ခွင့် ရှိခွင့်လည်းမပေးဘူး။ ကလေးငယ်တို့ သားအဖက ကိုကိုအပိုင်၊ ကိုယ့်မိသားစု ၊ကိုယ့် ဘဝ အနာဂတ်တွေပါ ၊ ကိုကို ရင်တွေပူနေပြီ။ ကလေးငယ် သာ ကိုယ် မဟုတ်တဲ့ တခြား သူစိမ်းတယောက်အနားရှိ နေမယ် အတွေးစိတ်ကူးနဲ့ ကိုကိုရူးရတော့မယ် ကလေးရယ်။ ကိုကိုရူးရပါတော့မယ်၊ ကိုကို ရင်တွေ ကွဲနေပါပြီ ၊ ကလေးငယ်ဘေး ကိုယ်မဟုတ်တဲ့သူစိမ်းကိုသာ အတူမြင်ခွင့် ရရင် ကိုကို ရှင်လျှက်သေရပါတော့မယ်ကလေးရယ်။
"ဟာ....ကလေးငယ်....မလိုက်နဲ့...မလိုက်ပါနဲ့ ..ဟင်းအင်း....မဖြစ်ရဘူး"
"CEO မဖြစ်ဘူး ဗျ၊ လူလုံးထွက်ပြလို့မရဘူးဗျ၊ စိတ်ထိမ်းပါအုံး...နောက်ကနေ တပ်ကြပ်မကွာ လိုက်ပါ့မယ် ..ကောင်းပြည့်တို့သားအဖ ဆီ ခုချိန် ထွက်မရပါဘူး CEO၊ အတက်နိုင်ဆုံး စိတ်ထိမ်းပါအုံး ၊ ကျွန်တော်နဲ့ ဥက္ကဌ တို့စီစဉ်နေပါတယ် ၊ ခဏ လေးစောင့်ပါ၊ ကျွန်တော် တောင်းပန်ပါတယ် ခုချိန် လူလုံးထွက်ပြလို့ မဖြစ်လို့ပါ တောင်းပန်ပါတယ်"
"ဖယ်စမ်း...ငါကို မဆွဲနဲ့ ၊ ဟိုမှာ ကလေးငယ်တို့ ပါသွားပြီ ၊ ငါလိုက်တားမှရမယ် ဖယ်စမ်းလို့ ငါ-ိုးမသားတွေရဲ့ ၊ ငါက်ုလွတ်စမ်း...ဟိတ်ကောင် ကိုလင်း မင်းလူတွေ ခုဖယ်ခိုင်း ၊ ငါ သတ်လိုက်ရမလား ၊ ဖယ်စမ်း ငါရှေ့က ခုဖယ် ....ငါ ကလေးငယ်တို့ကို လိုက်တားရမယ် ၊ ဟင်းအင်း မလိုက်သွားရဘူး မလိုက်ရဘူးလို့...အားးးးးးးးးးးးးးကလေးငယ် လိုက်မသွားပါနဲ့ ဟင်းအင်း"
"တောင်းပန်ပါတယ် ခုချိန် ကျွန်တော်တို့ ဘယ်လ်ိုမှ လုပ်မရလို့ပါ ၊ တောင်းပန်ပါတယ် CEO ၊ ဆရာ့သားအတွက် အတိအကျ ငြင်းမရအောင် DNA result ကအစ အသေအချာ အတိအကျ လုပ်နေရလို့ ခဏလေး စောင့်ပေးပါ ၊ ကျွန်တော်တို့စီစဉ်နေပါတယ် ၊ တောင်းပန်ပါတယ် ဒါ ရုံးချုပ် က ဥက္ကဌ မင်းမြတ်ဟန်သာ အမိန့်မို့ ပါ "
"ဖယ်စမ်းလို့....အား.....ငါလိုက်ရမယ်...ငါမဟုတ်တဲ့သူနဲ့ ကလေးငယ်ကို အတူ ရှိတာမမြင်နိုင်ဘူး ၊ ငါရင်ကွဲတော့မယ် ငါရင်တွေ ကွဲနေပြီ သိလား...ဖယ်ကြလို့ Jackဆီ ...ခု ဖုန်းခေါ် "
ရင်တွေ ကွဲရပါပြီ ကလေးငယ်၊ ကိုယ်မဟုတ်တဲ့ ဘေးသူစိမ်းနဲ့ မပြုံးပြလိုက်ပါနဲ့ ၊ကိုယ်မဟုတ်တဲ့သူ ကို ကလေးငယ် ရဲ့ ချစ်စရာ အပြုအမူတွေမထုတ်ပြလိုက်ပါနဲ့ကွာ။ ကိုယ်တောင်းပန်ပါတယ် ကိုကို တောင်းပန်နေပါတယ် ကလေးရယ်၊ ကလေးတို့သားအဖက်ို ကိုယ့်ကို တောင်းပန်ခွင့် အမှားပြင်ဆင်ခွင့်ပေးပါ ။ ကလေးတို့သားအဖနှင့် အတူ ပြုံးပျော်နေသော ဘေးသူစိမ်းကို မြင်ရတဲ့ခဏ ကိုယ်နှလုံးသား လောင်ကျွမ်းရပြီ၊ တစ်ချိန်က ကလေးငယ်ရှေ့ ပြုမူခဲ့သမျှ ကိုယ် ဝဋ်လည်ပြီ ထင်တယ် ကလေးငယ် ရင်ထဲကခံစားချက် မချိမဆန့်ပါပဲ ကွာ။ ကိုယ့်အမှားတွေကို ပြန်ပြင်ဆင်တော့မှာမို့ ကိုကို လာမယ် ၊ လာပြီး ဝန်ချတောင်းပန်မယ်၊ ကလေးငယ် စိတ်ရှိသလို ထုရိုက်စေမည်။ ကိုယ်မဟုတ်သော သူတွေနဲ့ ပျော်မြူးနေသော ကလေးငယ်တို့ကို မြင်ရတဲ့ခဏ ကိုယ်ရင်တွေ ဟက်တက်ကွဲရပြီ၊ ကိုယ့်နေရာလေ ....အဲ့ဘေးသူစိမ်းနေရာ ကကိုယ်အပိုင်နေရာလေးပါ ကလေးငယ်ရာ။ ကိုယ့်နေရာကို အစားမထိုးလိုက်ပါနဲ့ ၊ ကိုယ့်နေရာကို ဘေးလူ ဝင်ခွင့်မပေးလိုက်ပါနဲ့ ကလေးငယ်ရာ ကိုကို ဒူးထောက်တောင်းပန်ပါမယ်။ ကလေးငယ်နှင့် သားသားဘေးက ကိုယ့်နေရာလေးကို ကိုယ်ကိုဝင်ခွင့်ပေးပါ၊ ကိုယ်အမှားတွေကို ခွင့်လွတ်ပေးပါ။
Jack ကပြောတယ် နောက်နေ့ ကလေးငယ်ဆီ လူလုံးထွက်ပြခွင့်ရှိပြီတဲ့ ၊ ဟုတ်တယ် ကလေးငယ်တို့သားအဖ ရှေ့ ကိုကို ထွက်လာတော့မယ်၊ ကိုကို ပေါ်တင် တောင်းပန်ခွင့် ၊ပြင်ဆင်ခွင့် ရတော့မည်။ ခုခဏ စောင့်ပေးနေရတဲ့ အချိန် နာကျင်မူ ကို မကြိုက်လိုက်တာ ကလေးရာ ၊ ခုလို အခြေအနေကို ကိုကို မကြိုက်လိုက်တာ။ ကလေးငယ်တို့သားအဖကို မမြင်ကွယ်ရာကနေ ခိုးကြည့်နေရတဲ့ဘဝ၊ ပျော်ရွှင်နေတဲ့ ကလေးငယ်တို့အနား နားနေခွင့်မရတဲ့ဘဝ၊ ခုလို ကွယ်ရာကနေ ခိုးခိုးကြည့်နေရတာ မုန်းလှပါပြီ၊ ရင်တွေလဲ ကွဲနေရပါပြီ ကလေးရယ်။ ကိုယ့်အမှား ၊ ကိုယ့်မိုက်ပစ်တွေကြောင့် ကိုယ့်သွေးသားကို သားလို့ ခေါ်မရတဲ့ ဘဝ၊ ကိုယ့်မိသားဝင်တွေကို ထွေးပွေ့ချင်ရက်နဲ့ ဝေးကွာနေရတဲ့ဘဝ။ သားငယ်ဆီက ဒယ်ဒီလို့ ခေါ်သံလေးကို ကိုယ် သေမတက်လိုချင်နေတယ် ၊ တမ်းတမိနေတယ်၊ ကိုယ့်သွေးသားက ကိုယ်ကို ဖခင်အဖြစ်လက်ခံပေးဖို့ ကိုက်ု ကြိုးစားမှာ၊ သားငယ် ကိုယ်ရင်ခွင်ထဲ ဝင်လာအောင် ကိုကိုကြိုးစားနေမှာပါ။
ကစားကွင်းသေးသေးလေးထဲ ပျော်မြူးနေတဲ့ လူသုံးယောက်တည်းမှာ ကိုယ်ပါဝင်ခွင့်မရတဲ့ ကိုကို့အခြေအနေ ၊ ပြုံးရယ်နေသော သားကို ထွေးပွေ့ချင်တဲ့ အခြေအနေမှ ကိုကို အဝေးတစ်နေရာကနေ ခိုးကြည့်ရတယ်။ ကစားကွင်းထဲက ရယ်ရွှင်သံတွေက ကိုယ့်လုပ်ရပ်ကို လှောင်နေကြပြီ၊ ကစားကွင်းလေးထဲက ပြုံးပျော်နေတဲ့ စကားသံလေးတွေက ကိုယ်ပတ်ချာလည်မှာ ပဲ့တင်ထပ်နေပြီး ကိုယ့်နှလုံးသားကို ဓါးနှင့် ထိုးနေသည့်အလား နာကျင်လှပြီ။ ကိုယ့်အမှားတွေက ကိုယ်ကို ဒဏ်ခတ်လိုက်ကြပြီပတ်ဝန်းကျင်ကို မေ့ပြီး ကလေးတို့သားအဖ မမြင်အောင် ခိုးကြည့်နေရတဲ့ ထောင်ကွေးလေးမှာ ဒူးထောက်ပြီး ငိုနေရပြီ ကလေးရယ်။ ကိုကို ဝဋ်လည်နေပြီ ။ ကိုကို နာကျင်နေပါပြီ၊ ရင်ကွဲနေရပြီ ကလေးငယ်။ ကလေးကွင်းလေး ဘေးက ထောင့်ချိုးလေးမှာ ဒူးထောက်ထိုင်ချပြီး ရင်ထုမနာ ငိုနေရတဲ့ ဖခင်တစ်ယောက်အဖြစ်ကို မြင်ရင် ၊ ကျေကွဲနေသော သူ့အသံ၊ သူဟန်တွေက ပတ်ဝန်းကျင် လူအများကိုဂရုဏာ သက်စေသည်။ ပြုံးပျော်နေသော သုံးယောက်သားမိသားစုမမည်သော လူတစ်စု ကမသိနိုင်ပေမယ့်၊ CEO အနား ကြည့်ရူစောင့်ရှောက်နေသော လူယုံတော်တွေ ရင်ထဲမကောင်းလှ၊ အစ်ကိုလေး ဝဋ်ကြွေး သိပ်ကြီးပါ့လား။ လောကကြီးက သိပ်အံ့ဩစရာကောင်းပါ့လား။ ချစ်ခြင်းမေတ္တာကို လှည့်စားသောသူသည် အနိုင်ရသည်ဟု ဆိုနိုင်သော်လည်း တဖန်ပြန်လည်သော အရူံးသည်ကား မလှမပ၊ အတုန်းအရုန်း၊ အလဲအကွဲ ဘဝတွေဖြင့် ပေးဆပ်ကျရသည်။
# မမအတွက် vote ပေးခဲ့ဖို့မမေ့နဲ့နော်
# Thanks for all
zawgyi
"Yes,Sir"
"ဟား......"
"အစ်ကိုအလိုလိုက်စရာ ကောင်းစစ်လေးပဲရှိတယ် ၊ ကလေးအဖေလည်း ပြင်တော့လေ ...အစ်ကိုတို့သုံးယောက် ပဲပေးကြဖို့ "
"ဖယ်စမ်း...ငါကို မဆွဲနဲ့ ၊ ဟိုမှာ ကလေးငယ်တို့ ပါသွားပြီ ၊ ငါလိုက်တားမှရမယ် ဖယ်စမ်းလို့ ငါ-ိုးမသားတွေရဲ့ ၊ ငါကျုလှတျစမျး...ဟိတ်ကောင် ကိုလင်း မင်းလူတွေ ခုဖယ်ခိုင်း ၊ ငါ သတ်လိုက်ရမလား ၊ ဖယ်စမ်း ငါရှေ့က ခုဖယ် ....ငါ ကလေးငယ်တို့ကို လိုက်တားရမယ် ၊ ဟင်းအင်း မလိုက်သွားရဘူး မလိုက်ရဘူးလို့...အားးးးးးးးးးးးးးကလေးငယ် လိုက်မသွားပါနဲ့ ဟင်းအင်း"
"တောင်းပန်ပါတယ် ခုချိန် ကျွန်တော်တို့ ဘယျလျိုမှ လုပ်မရလို့ပါ ၊ တောင်းပန်ပါတယ် CEO ၊ ဆရာ့သားအတွက် အတိအကျ ငြင်းမရအောင် DNA result ကအစ အသေအချာ အတိအကျ လုပ်နေရလို့ ခဏလေး စောင့်ပေးပါ ၊ ကျွန်တော်တို့စီစဉ်နေပါတယ် ၊ တောင်းပန်ပါတယ် ဒါ ရုံးချုပ် က ဥက္ကဌ မင်းမြတ်ဟန်သာ အမိန့်မို့ ပါ "
# Thanks for all
Continue Reading
You'll Also Like
293K 17.5K 46
ကျွန်​​တော့်​စိတ်​ကို ဘယ်​စကားနဲ့မှ အ ​ရောင်​မခြယ်​ချင်​ပါနဲ့​တော့.... ခင်​ဗျားကိုလွမ်းတိုင်း အလဲလဲအပြိုပြို ဖြစ်​​ခဲ့တဲ့ ကျွန်​​တော့်​ကိုသနားပါ...
63.3K 2.8K 71
မင်းဒဿမောင် ​​ မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မင်းကမောင်ရဲ့ ပိုင်ဆိုင်မှုဖြစ်လာမှာပဲ မိုးစက် လောကကြီးကိုတောင် ပြောင်းပြန်လှန်နိုင်တဲ့မင်းကို ငါ...
444K 22.8K 51
အပြင် လူနေမှုဘဝနဲ့ တူညီအောင်...တတ်နိုင်သမျှရေးမှာမို့ ရိုးရိုးရှင်းရှင်း လေးနဲ့ ပေါ့ပေါ့ပါးပါး အချို married life fic လေးပါ...😍😍 20.1.22🤗💜💙 Sta...
87.3K 774 1
** AN EXO FANFICTION Little Red ... fell... for the Wolf...