𝕋𝕦𝕝𝕚𝕡𝕤 🌷

By meko131

4.9K 304 44

လှလှပပရှင်သန်ဖို့ ကျွန်တော့်မှာ အခွင့်အရေး မရှိဘူး ထင်တယ် အကို...💛။ More

𝕋𝕦𝕝𝕚𝕡𝕤🌷1 (zg)
𝕋𝕦𝕝𝕚𝕡𝕤🌷 2
𝕋𝕦𝕝𝕚𝕡𝕤🌷 3
𝕋𝕦𝕝𝕚𝕡𝕤🌷2
𝕋𝕦𝕝𝕚𝕡𝕤🌷5
𝕋𝕦𝕝𝕚𝕡𝕤 🌷6
𝕋𝕦𝕝𝕚𝕡𝕤🌷7
𝕋𝕦𝕝𝕚𝕡𝕤🌷8
𝕋𝕦𝕝𝕚𝕡𝕤 🌷9
𝕋𝕦𝕝𝕚𝕡𝕤🌷10
𝕋𝕦𝕝𝕚𝕡𝕤🌷11
𝕋𝕦𝕝𝕚𝕡𝕤🌷12
𝕋𝕦𝕝𝕚𝕡𝕤🌷13
𝕋𝕦𝕝𝕚𝕡𝕤🌷14

𝕋𝕦𝕝𝕚𝕡𝕤🌷 1

1K 43 5
By meko131


ခြေလှမ်း တွေဟာ သွက်သွက်လက်လက် ၊
ဆယ့်ရှစ်နှစ် ဝန်းကျင် အသက်အရွယ်မို့
အရာရာ ဟာ ပေါ့ပေါ့ပါးပါးပင် ။
မပေါပါးနိုင်တာကတော့ စိတ် ။
ထုံးစံအတိုင် အိမ်နဲ့စိတ်ဆိုးစိတ်ကောက်ကာ ထွက်လာခြင်း ။
မိုက်တိ မိုက်ကန်းပုံစံမမည် ကြောင်ချီးဟု မဆိုမမည် ပုံစံမှာ သူ့ပင်ကို စတိုင်ပင် ။

" ဟေ့ jimin ဘယ်သွားမလို့လဲ "

ပေါင်းဖော်ပေါင်းဖက်တွေထဲက တစ်ယောက်ဖြစ်ပြီး သူနဲ့အပေါင်းဆုံး အခင်ဆုံး van ကထိုသို့ မေးလာသောအခါ jimin မျက်စောင်းတွေက စူးကနဲ ။
ဒီကောင် ဘာလားဟ ။

" လွယ်အိတ်ကြီး လွယ်ထားတာကိုမြင်ရဲ့သားနဲ့ ဘယ်လဲဆိုတော့ မင်းအဖေငါက ဘယ်လိုပြန်ဖြေရမလဲ အရက်ဆိုင်ဆိုပြီးလား "

အဲ့လို့ ပက်ခနဲ့ ပြန်ပက်တက်တာကလဲ jimin အကျင့် ။
သူများကနဲနဲလေးဆို သူကများများပြန်ပြောလိုက်ရမှ ။
ဟုတ်တယ်လေ လွယ်အိတ်လွယ်ထားတာ အားယားနေလို့မှမဟုတ်တာ ။

ပေါင်းနေကျမို့ van အတွက်ကမထူးဆန်းတော့
Park jimin ကအဲ့လို့ version မျိုး ။
လူကသေးသလောက် စွာတာကလဲ
ကတ်ကတ်လန်နေအောင် ။
အစပိုင်းမှာ ပေါင်းရတာ နဲနဲကတ်သီးကတ်သတ်နိုင်ပေမယ့် ကြာလာတော့အဆင်ပြေလာသည် ။
တစ်ကျောင်းလုံးမှာ သူ့ကိုနိုင်မဲ့သူရှာမတွေ့ ။

" မင်းကလဲကွာ စိတ်ကြီးပဲ ငါက မင်းဒီနေ့မှလမ်းလျောက်သွား နေတာတွေ့လို့မေးကြည့်တာကို "

" မြင်တဲ့အတိုင်းပဲ van "
" ဆန္ဒပြလာပြီထင်တယ် ကိုယ့်မိန်းမလေးက "

van က သူ့ပခုံးအားဖက်ကာ ဆိုလာတော့ နှာခေါင်းက auto ရှုံ့ မိပြီးသား ။

" van ကွာ တကယ်တင်းလာပါတယ်ဆိုမှ "

" အိုခေ အိုခေ လာငါနဲ့အတူသွားမယ် ကျောင်းကို ခနစောင့် လွယ်အိတ်ဝင်ယူလိုက်အုံးမယ် "

ခေါင်းသာငြိမ့်ပြလိုက်ပြီး van အိမ်ရှေ့မှာစောင့်နေသည် ။
VAN အိမ်သည် သူ့အိမ်ရဲ့ မျက်စောင်းထိုးတွင်ဖြစ်သည် ။

ရပ်ကွက်လေးက လူချမ်းသာတွေသာ
နေတဲ့ ရပ်ကွက်လေးမို့ ဆူဆူညံညံမရှိပဲ
တိတ်ဆိတ်နေသည် ။
တိတ်ဆိတ်ခြင်းတွေကိုသဘောကျသည့်
သူ့အတွက်တော့ ဒီရပ်ကွက်လေးနဲ့
သိပ်ကိုအဆင်ပြေသည် ။

သူ အိမ်ထောင်ပြုပြီးရင်လဲ
ဒီလို ရပ်ကွက်လေးမှာပဲ နေမည်ဆိုပြီး တွေးကာ
ကိုယ့်အတွေးကို ကိုယ်ကြိတ်ရီမိသေးသည် ။
မတက်နိုင်....။
Park jimin တို့ကတော့ တွေးချင်ရာတွေးမှာပဲ ။

တွေးချင်ရာတွေးမယ် လုပ်ချင်ရာလုပ်မယ်
ပျော်သလိုနေမယ် ဒါ Park jimin ရဲ့
version ။ စိတ်ညစ်စရာတွေဆို Park jimin
တို့က စဉ်းတောင်မစဉ်းစားချင် တွေးဖို့လဲ
အချိန်မရှိ ။ ပျော်ပျော်နေ သေခဲ ဆိုတဲ့
စကားပုံအတိုင်း Park jimin က လိုက်စီးမျောမည် ။

" သွားမယ် ဟေ့ကောင် "

van အသံကြားမှ အတွေးတွေရပ်ကာ van ပခုံးအားဖက်ပြီး မြောက်ကြွ မြောက်ကြွနဲ့ ကျောင်းကိုသွားတော့သည် ။
ကျောင်းသည် သူတို့ ရပ်ကွက်နဲ့ ဘယ်လောက်မှ မဝေး
သောကြောင့် ခနလေးသာ သွားရသည် ။

လူချမ်းသာ သားသမီးတွေသာတက်ခွင့်ရသော
ကိုယ်ပိုင်ကြောင်းဖြစ်တာမလို့ ကျောင်းဝန်းထဲတွင်
နောက်ဆုံးပေါ် Model နဲ့ကားတွေ ပလူပျံလျက် ။
Park jimin တို့ကတော့ ဘယ်လောက်
ဈေးကြီးကြီး ဘယ်လောက် Model မြင့်မြင့်ရင်တောင်မခုန်
သူ့အဖေက ကား ကုမ္ပဏီတွေပိုင်တာကိုး ။

" jimin.....jimin "

အရေးကြီးသုတ်ပြာရောက်လာသော သူ့အပေါင်းအဖော်တစ်ယောက်ဖစ်တဲ့ horry ။

" ဘာလဲကွာ ဘာလဲ "

စိတ်ကရှည်တဲ့ အထဲမပါတာမို့
ဆောင့်ဆောင့်အောင့်အောင့်
ပြန်အော်လိုက်သည် ။

" Lee Sobin တို့အဖွဲ့လေ ဟိုကောင်ကို ဝိုင်းအနိုင်ကျင့်နေကျတယ် "

မျက်ခုံးနှစ်ဖက်သည် တွန့်ကျိုးသွားသည် ။
Lee Sobin ဆိုသည်မှာ သူတို့အဖွဲ့ကို
လာလာယှဉ်နေတဲ့ အကောင် ။
မိဘတွေက ပိုက်ဆံရှိပြီး Background
တောင့်လို့ ‌မဲမဲမြင်တိုင်း သောင်းကျန်းကာ
ထင်ရာစိုင်းနေတဲ့ အလကားအကောင် ။

အထင်ကိုမကြီးတာ Park jimin က ။
သူတို့လို အကောင်တွေကို စာရင်းထဲကိုမထည့်တာ ။
ကိုယ်ကတာ မထည့်တာ သူတို့က Park jimin ဆိုသိပ်သိပ်
အရေးလုပ်ကြတာ ၊ တစ်ချို့ဆို စိန်ခေါ်ကာ ချိန်းပွဲတွေတောင်ရှိသေး ။ Park jimin ဆိုတာက နည်းတဲ့အင်းအားမှမဟုတ်တာ သူတို့က ခနဲ့ချင်မှာပေါ့ ။

" ဘယ်ကောင်ကိုလဲ "

" Beomgu ကို "

ဒေါသတွေက ငယ်ထိပ်သို့... ။
ဒါ သပ်သပ် အနိုင်ကျင့်တာ ။
Beomgu ဆိုတာ jimin တို့အဖွဲ့ထဲမှာ အားအနည်းဆုံးသူ ။
သူတို့ကို ပြန်မခုခံနိုင်မှန်းသိလို့ ရွေးပြီးအနိုင်ကျင့်တာ ။
Park jimin လူဆိုတာသိလို့ ။ ငါးယောက်အဖွဲ့ထဲမှာ
Park jimin ကအင်းအားအကြီးဆုံးမို့လို့ သူ့ကိုမထိနိုင်လို့
မရောင်ရာ ဆီလူးနေတာ ဒီကောင်တွေ ။
Park jimin ဆိုတာ အဲ့လိုအရေးပါတာ ။

" ဘယ်မှာလဲ "

" ဂိုဒေါင် ဘက်မှာ "

ရီချင်လိုက်တာ အဟက် ။
ဂိုဒေါင်တဲ့လေ....။

" horry မင်းက yeon Jun ကိုခေါ်ပြီးလိုက်ခဲ့လိုက် ငါက van နဲ့ ဂိုဒေါင်ကိုသွားနှင့်မယ် "

" အေ အေ "

သူနဲ့ van သာ ဟိုကောင်တွေရှိတဲ့နေရာကိုအရင်လာခဲ့ခြင်း ။
horry ကိုလူခေါ်ဖို့လွတ်လိုက်တာက horry ကနဲနဲကြောက်တက်သည် ။ ငါးယောက်အဖွဲ့ထဲမှာ Beomgu နဲ့ horry ကအသဲငယ်သည် ။ ကျန်တဲ့သုံးယောက်က လူကြမ်းပေါ့ ။
လူကြမ်းပေမယ့် လူကြမ်းလို့မဆိုစလောက်လေးပေါ့ ။

" အဟက် မင်းလေးက Park jimin လောက်မမိုက်ပေမယ့် သူ့လောက်နည်းပါးလောက် လှပါတယ် "

ပါးတွေနားတွေကိုင်ကာ ရီသဲ့သဲ့လုပ်နေသော Lee Sobin ။

" မထိနဲ့ "

" မင်းလေးက မကြိုက်ဘူးလား "

မုန်းလိုက်တာ ပျော့ညံ့တဲ့သူ့ကိုယ်သူ ။
ကိုယ်တိုင် ခုခံဖို့အင်းအားလဲမရှိ ။
ဒီလိုခံရတိုင်း jimin တို့ yeon Jun
တို့ကိုသာ မြန်မြန်လာဖို့ သူဆုတောင်းမိသည် ။

" ဘယ်သူ့ကိုမျှော်နေတာလဲ ဟို‌အကောင်တွေကိုလား မျှော်မနေနဲ့ သူတို့လာမှာမဟုတ်ဘူး "

မျက်ရည်သည် အားငယ်စွာ
အတိုင်းအဆမဲ့ ။ ဘာမှလဲပြန်မပြောမိသလို
ဘာမှလဲ ပြန်မငြင်းမိ ။

" Lee Sobin ဆိုတာ ဘယ်အကောင်လဲ "

ဟိန်းထွက်လာသော Park jimin အသံ ။
Lee Sobin ဆိုတာမသိတဲ့သူ ရှားသလောက် ။
သို့ပေမယ့် ထိုသို့ပြောလိုက်ခြင်းသည် ဒေါသကိုစွပေးလိုက်သလိုပင် ။ Lee Sobin မျက်နှာသည် မဲ့ခနဲ ။
Jimin သည်လက်ပိုက်ကာ Lee Sobin မျက်နှာအား
အရသာခံကာ ကြည့်သည် ။

Beomgu မျက်နှာသည် ချက်ချင်းဝင်းသွားသည် ။
Park jimin ဆိုတာထိုသို့အားကိုးရပါသည် ။
Jimin တို့နား ပြေးသွားဖို့လုပ်တော့
Lee Sobin ကသူ့လက်အားဆွဲထားကာ

" ဒီမှာ ကိုယ်တို့စကားပြောလို့မပြီးသေးဘူးလေ Beomgu "

" လွတ် "
Beomgu ကလွတ်ဖို့ပြောတော့ ဟိုအကောင်က Beomgu လက်ကိုပိုတင်းကျပ်စွာကိုင်ထားသည် ။
Jimin မျက်စိထဲ Lee Sobin ဟာပိုလို့ ထောင့်မကျိုးလာတော့ပါ။

" Lee Sobin က ငါတို့ Beomgu လက်ကိုကိုင်ထားတဲ့တစ်ယောက်လား "

စူးကနဲကြည့်လာသော Lee Sobin ။

" ဟုတ်တယ် "

" sorry ကွာ ကိုယ်ကအရာရောက်တဲ့ လူလောက်ပဲမှတ်ထားတော့လေ မင်းကိုကျမမှတ်မိဘူးဖြစ်သွားတာ "

Lee Sobin ဒေါသသည် အထွတ်အထိပ် ရောက်နေပြီဆိုတာမျက်နှာကြည့်ရုံနဲ့ သိသာလာသည် ။
Park jimin သည် အားရကျေနပ်စွာ

" ကဲ Beomgu ကိုလွတ်ပေးလိုက်ပါတော့ ကိုယ်တို့ရုပ်ရုပ်သဲသဲမဖြစ်ချင်ဘူး "

Park jimin ကအဲ့လို အဖွဲ့ထဲမှာ
ခေါင်းဆောင်ကောင်းပီသတာပါ ။
မလိုအပ်ဘဲနဲ့ တုတ်‌တွေ ဓားတွေမသုံးတက်ဘဲ
ရနိုင်သလောက် အေးအေးဆေးဆေး ဖြေရှင်းတက်သည် ။
ပတ်ဝန်းကျင်အနေအထားကိုလဲကြည့်တက်သည် ။

" ခွေးမသား ! "

အော်ဆဲကာ ပြေးဝင်လာပြီး Lee Sobin အားဆွဲထိုးလိုက်သော Yeon Jun ။
အဲ့လိုပါပဲ အဖွဲ့ထဲမှာ စိတ်မြန်လက်မြန်အရှိဆုံးက
Yeon Jun ပါပဲ ။
နဲနဲလေး ရုပ်ရုပ် ရုပ်ရုပ်ဖြစ်တာနဲ့
ဆွဲထိုးပြီးသား ။
ပတ်ဝန်းကျင်ကိုလဲဂရုမစိုက်ဆုံးသူ ။

ကိုယ့်လူက ဝင်သွယ်လိုက်ပြီဆိုတော့
Park jimin တို့ငြိမ်နေလို့မဖြစ်တော့ ။
ချရချေပြီ ။

" ချကြကွာ !! "

ငါးယောက် ရှစ်‌ယောက်မို့ အင်းအားချင်းက မမျှပေမယ့်
Park jimin တို့လေ ။
Park jimin တို့မို့သာသည် ။
Jimin သည် ဟိုဘက်ကတစ်ကောင်အား
အားပြင်းပြင်းဖြင့်ကန်ထည့်လိုက်တော့
နောက်နှစ်ကောင်က သူ့လက်နှစ်ဖက်အား
တစ်ဖက်ဆီလာချုပ်ထားကြသည် ။

" အဟက် မင်းတို့လာချုပ်ထားတာ Park jimin နော် "

ဟု မဲ့ပြုံးပြုံးကာ ခြေထောက်တစ်ဖက်ကို အားယူကာ
ဘေးကတစ်ကောင် ရဲ့ဇက်ကိုကန်လိုက်ပြီး
တံတောင်နဲ့နောက်တစ်ကောင်ရဲ့ ဗိုက်အား
အားပြင်းပြင်းဖြင့်တိုက်လိုက်သည် ။

" Park jimin ဆိုတာ မမေ့နဲ့ "

yeon Jun သည် Beomgu အားသူ့အနောက်သို့ပို့လိုက်ပြီး
Lee Sobin အားနောက်တစ်ချက် ထိုးပြန်တော့
‌လဲကျသွားသည် ။ ပြီး အပေါ်ကခွကာ ဒိုင်ခံစော်တော့သည် ။
Beomgu က Yeon Jun ရဲ့အချစ်တော်ဆိုမှ
လာစမ်းတာကိုး ။

van ကတော့ တွေသမျှကောင်တွေကို
ဆွဲထိုးသည် ။
horry လဲဝင်မချဘူးထင်နေလား....။
သကောင့်သား က တစ်ယောက်ထဲသာ
မလှုပ်ရှားရဲတာ အုပ်စုလိုက်ဆို
မာန်တကြွကြွနဲ့ ဝင်ဖြဲတက်သည် ။

အနည်းငယ်ကြာလာတော့
ခံရတဲ့ Lee Sobin တို့အဖွဲ့တွေ
တော်တော်အထိနာလာပြီ ။

ဒါတောင် ကျောင်းမှာမို့ အပြင်မှာဆို
ဒီကောင်တွေ Park jimin တို့ လက်စကြောင့်
ဆေးရုံရောက်နေလောက်ပြီ ။

" တော်လောက်ပြီ ဟေ့ကောင်တွေ "

Park jimin ကလှမ်းသတိပေးတော့
အားလုံးရဲ့လှုပ်ရှားမှုတွေက ရပ်ကုန်သည် ။
မရပ်သေးတာက yeon Jun ။

" yeon Jun တော်တော့ "

ထပ်သတိပေးမှ Lee Sobin ကိုယ်ပေါ်ကထလာပြီး
Beomgu လက်ကိုဆွဲကာ ထွက်သွားသည် ။

Jimin သည် yeon Jun လက်ချက်ကြောင့်
မထနိုင်သော Lee Sobin နားသွားလိုက်ပြီ

" မနိုင်မှန်းသိရင် လာမပိုင်းနဲ့ နောက်တစ်ခါဆို ကိုယ်အာမ မခံနိုင်ဘူး "

သူတို့သုံးယောက်သည် ထိုအနားမှထွက်လာတော့သည် ။
ကျောင်းမှာပြဿနာ ဖြစ်လို့ ပူနေစရာမလို
yeon Jun တစ်ယောက်လုံးရှိသည် ။
သူ့အဖေက ကျောင်းပိုင်ကိုး ။

သန့်စင်ခန်းကို ဝင်ကာခြေလက်တွေအရင်ဆေးကြောရသည် ။
မဆေးလို့လဲမရ ခနက တစ်ပွဲနွဲလိုက်ရတာကိုး ။
ဖုန်တွေနဲ့လေ....။

" ခနက ငါတို့တော်တော်မိုက်နေမှာနော် ဟေ့ရောင်တွေ jimin ဆိုတော်တော်လန်း "

horry ဆီကမြောက်သံထွက်လာတော့ jimin က

" ခါးပါတ်နက်လေ ဟေ့ကောင် ခါးပါတ်နက်ကွ "

" မင်းမို့လို့ သူ့ကိုမှ သွားမြောက်ရတယ်လို့ "

" ခွေးမသား van !****** ! "

သန့်စင်ခန်းထဲမှ jimin ဆီက ဆဲသံဟာ
သူတို့နစ်ယောက်လုံး နားပိတ်ရတဲ့အထိ
ပလုံစီစွာ ထွက်လာတော့သည် ။

....................

" ကျောင်းသားတွေ အသစ်ရောက်တယ်ကြားတယ် အရမ်းမိုက်တာတဲ့နော် ဒါပေမယ့်သူတို့က ငါ့တို့နဲ့အတန်းမတူဘူး စီနီယာတွေဖစ်မယ်ထင်တယ် "

" သွားချောင်းလို့ရတာပဲ ကောင်မကလဲ "

Jimin တို့အဖွဲ့လဲဘာရယ်မဟုတ်
အရှေ့က မိန်းကလေးတွေပြောနေတာကို
နားစွင့်မိသည် ။
အသစ်တွေရောက်နေတယ်တဲ့လေ...။

" ကျောင်းသားအသစ်က ဘယ်သူတွေဖြစ်မလဲ jimin "

ထုံးစံအတိုင်း စပ်စပ်စုစုဝါသနာ ပါတဲ့
van ကမေးပြန်သည် ။
Jimin သည် van အား
မကြည်သလိုကြည့်ရင်း

" ငါကဘယ်လိုသိမှာလဲ "

ဟုတ်တယ်....။
သူကဘယ်လိုသိမှာလဲ အားအားနေ
ကျောင်းကို ပတ်ကြည့်နေတာလဲမဟုတ် ။

ကျောင်းတာဝန်တွေကို သူခံထားတာလဲမဟုတ် ။
ဘယ့်နှယ် သူ့ကိုလာမေးရတယ်လို့ ။
မေးချင်ရင် Yeon Jun ကိုမေးတာမှ
တော်အုံးမည် ။

" မင်းက ဒီကျောင်းရဲ့ star ဆိုတော့မင်းသိမယ်ထင်လို့ "

" star ဖြစ်တိုင်းသိရမှာလား van ကွာ မင်းနော် ငါ့ကိုအချဉ်ပေါက်အောင် "

" မိန်းမကလဲ ကိုယ်ကသိချင်လို့မေးတာကိုကွာ "

" ချီးမိန်းမ ခွေးကောင် van******! "

ထုံးစံအတိုင်း တကျက်ကျက်နဲ့ ထကိုက်ကြပြန်ပြီ ။
Jimin နဲ့ van ကမတည့်အတူနေ
မမြင်ရင်ချောင်းကြည့် ။
arrnyi...
မမြင်ရင် ထသတ် ။
ကျန်တဲ့ သုံးယောက်ကတော့
နားတွေပိတ်ထားရပြန်ပြီ ။

ပြောလဲမပြောချင် ပြောလဲ
သူတို့ထဲမှာ jimin ကိုနိုင်တဲ့သူမှမရှိတာ ။
တစ်နေ့ သူ့ကိုနိုင်တဲ့သူပေါ်လာလို့ကတော့
ဘေးကနေ လက်ခုတ်သီးပေးအုံးမည် ။
မီးလောင်ရာ လေပင့်ပေါ့ ။

.............................

ဆိုင်ကယ် အမဲများပေါ် ထိုင်ကာ
ဆေးလိပ်သောက် နေသူများမှာ
ဟန်ကျနေကာ
ဆံပင်များက လေထဲတလွင့်လွင့် ။

‌ပတ်ဝန်းကျင် ကျောင်းအနေအထားကိုလဲ
ဂရုမစိုက် ။
ဘယ်သူတွေကဘယ်လို ကြည့်ကြည့်
ဘယ်လိုပြောပြော သူ့မျက်လုံးထဲမှာ
သောက်လက်စ ဆေးလိပ်ကိုသာ
အာရုံရနေသည် ။

မဲနက်နေသော ဆံနွယ်များကို
အပေါ်လှန်တင်ကာ ကျောင်းအနေအထားကို
တစ်ချက်ရှိုးမိသည် ။

လူချမ်းသာ သားသမီးများသာ တက်ခွင့်ရှိသော
ကျောင်းဆိုသလိုပင် ခမ်းခမ်းနားနားရှိလှသည် ။
ထင်းရှူးပင်များကို အဝင်လမ်းမ ကနေ
ကျောင်းဆောင်အထိ တောက်လျောက်စိုက်ထားကာ
ဘေးတစ်ချက်တစ်ဖက်ဆီတွင် ပန်းခြံအသေးစားလေးကို
လုပ်ထားပြီး Tulips ပန်းများကိုလဲအရောင်စုံစိုက်ထားသည်မှာ
မျက်ခုံးပင့်စရာအတိ ။ ခုံးတန်းလေးများ ၊ ဒါန်းများ နှင့် တခြားစိတ်အပန်းဖြေစရာရှိသည့်နေရာအသေးစားများလဲ
ရှိသေးသည် ။

" မဆိုးပါဘူး "ဟု စိတ်ထဲကနေ ပြောလိုက်သည် ။ဘေးဘက်ကိုကြည့်မိတော့ ဟိုကောင်တွေလဲ
အနေအထားကိုကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့်ဖြင့်ဟန်ကျနေသည်။

" Jung..kook...oppa "

နာမည်လာခေါ်သည့် ကောင်မလေးတစ်ယောက်ကြောင့် ငေးကြည့်နေရာကနေ
သူအပါအဝင် ဟိုကောင်တွေကပါ အသံရှိရာသို့ကြည့်မိကြတော့
*ကျစ်* ဒီကောင်မလေးကတော့ ဒီအထိကိုလိုက်နှောက်ယှက်နေတော့တာပါလား ။

သူဘားမှပြန်မပြောဘဲ စိုက်ကြည့်ပေးလိုက်သည် ။
အာရုံလာစား နေတာဘဲ ။

" ဟို...ဟို...လေ...jieun ကိုအတန်းထဲလိုက်ပို့ပေးပါလား Jung kook oppa "

ကောင်မလေး ပြန်ပြောလာသော စကားကိုကြားတော့
သူအပါအဝင် ဟိုကောင်တွေပါ မျက်လုံးပြူးကြီးတွေ
ဖြစ်ကာ အံ့ဩကုန်ကြတော့သည် ။
အဲ့တစ်ယောက်က ဘာဖစ်ချင်နေမှန်းကို မသိဘူး ။

" အဲ့လိုအခြေအနေမျိုးလား ငါတို့က "

" ရှင် "

" ရှုပ်လိုက်တာကွာ "

သူဆံပင်တွေကို ဆွဲဖွလိုက်ကာပြောလိုက်တော့
ကြောင်ပြီးကြည့်နေပြန်သည် ။
ထိုနေရာကနေထပြီး ကျောင်းဆောင်ထဲဝင်သွားလိုက်တော့သည် ။
တကယ်ပါပဲ ။

" Jung kook...ဟေ့ကောင် ငါတို့ကိုစောင့်အုံးလေကွာ "

နာမည်ကိုအော်ခေါ်ပြီး အနောက်ကနေပြေးလိုက်လာကာ
ပခုံးကိုလာဖက်ကြသော ဟိုနှစ်ကောင် ။

" မင်းကလဲကွာ ကောင်မလေးသနားပါတယ် "

ပြောင်စပ်စပ်ပြောလာသော Taehyung ဆိုတဲ့အကောင်အား
ဂျိုပေးလိုက်တော့

" ငါတို့က ပြောပြတာပါ "

" Taehyung ပြောသလို ကောင်မလေးက သနားစရာလေးကွ "
" မင်းတို့ဘာသိလို့လဲ hobi ရာ အဲ့ကောင်မလေးက အိမ်မှာလဲအိမ်မှာမို့ ခုလဲဒီအထိပါ....*ကျစ်* စိတ်ပျက်ဖို့ကောင်းလိုက်တာ "

" ကဲပါ ဒီနေ့မှ စတက်တာကို ပျော်စရာတွေပဲတွေးရအောင် "

ပြောချင်ရာပြောပြီး အရှေ့ကနေ မြောက်ကြွမြောက်ကြွနဲ့ ‌
" First year " ဆိုတဲ့အခန်းထဲဝင်သွားတဲ့ Taehyung ဆိုတဲ့
သကောင့်သားဟာ အနောက်ကနေ ပစ်ကန်ချင်စရာအတိ ။

အခန်းထဲဝင်သွားတော့ တဝိုးဝိုး တဝါးဝါး
နဲ့ ပြောချင်ရာပြော အော်ချင်ရာအော်နေတဲ့
မိန်းကလေးတွေကိုလဲ ဂရုမစိုက်အား ။
နောက်ဆုံးခုံအတန်းမှာ သူတို့သုံးယောက်
ဝင်ထိုင်လိုက်ကြတော့ အခန်းထဲမှာရှိသမျှ
မိန်းကလေးတွေမျက်လုံးက နောက်ဆုံးခုံသို့သာ ။

" ဟဲ့ အသစ်တွေထဲက ဟိုတစ်ယောက်က အရမ်းမိုက်တာနော်.. "

" အေးဟယ် လုံးဝအလန်း ဟိုဆံပင်ပွပွနဲ့ တစ်ယောက်ကောပဲ... "

" ဟိုတစ်ယောက်ကလဲ ပြုံးလိုက်ရင် အသဲပုံ နှုတ်ခမ်းလေးနဲ့... "

" အာ အကုန်ကြွေတယ် "

" ဒီနှစ် First year ကတော့ ကံကောင်းတာပဲ "

Taehyung နဲ့ hobi ကတော့ ထိုကောင်မလေးတွေ
စကားသံကိုကြားပြီး မျက်ခုံးတပင့်ပင့်နဲ့ ။
သူကတော့ ဆေးလိပ်တာထုတ်သောက်ပြီး
ပြတင်းပေါက်ကိုငေးနေလိုက်သည် ။

" ဟေ့ကောင်တွေ ငါ့ကိုလဲစောင့်ကြပါအုံး "

" မြန်မြန်လာလေကွာ "

အကြောင်းရင်းကတော့ စာသင်ချင်စိတ်မရှိဘူးဆိုပြီး
Jimin တို့အဖွဲ့ကျောင်းဝန်းထဲဆင်း နေကြခြင်းဖြစ်သည် ။

" ဘာစားချင်ကြလဲ ငါမုန့်သွားဝယ်လိုက်မယ် "

" အဆင်ပြေတာ လေးပဲယူခဲ့ပါ yeon Jun ရေ "van

" Beomgu ကိုလဲလွတ်ထားပေးလိုက်ပါအုံး မင်းကလည်း........ "hy

" မင်းတို့က သေချာကြည့်ပေးနိုင်တာလဲမဟုတ်ဘဲနဲ့ "yj

" အောင်မယ် ငါ Park jimin တစ်ယောက်လုံးရှိပါတယ်ကွ "

Yeon Jun အားမျက်စောင်းထိုးကာ အော်ပြောလိုက်တော့
သူ့အားဘုကြည့်ကြည့်လာပြီး

" Beomgu ကို ခနလေးသွားလိုက်အုံးမယ်နော် ဒီနားမှာပဲထိုင်နေနော်
တစ်ခုခုဆို ဟိုကောင်တွေရှိတယ် အော်ပြောလိုက်နော် "

" Yeon ရယ်ငါ့ကိုအဲ့လောက်စိတ်ပူမနေပါနဲ့ သွားစရာရှိတာသာ သွားစမ်းပါ "

" ဟုတ်ပြီ ဟုတ်ပြီ ကိုယ်မြန်မြန်ပြန်လာခဲ့မယ်နော် "

ပြောကာ ပြေးသွားတဲ့ yeon Jun ကိုကြည့်ပြီး
Jimin နှာခေါင်းရှုံ့ကာ

" အမြင်ကပ်စရာတွေ "

" ဘာပြောလိုက်တာလဲ jimin "hy

" ဘားမှမဟုတ်ဘူး လာ horry ပုံရိုက်ပေးစမ်းပါငါ့ကို "

" လာပြီ ဒီပုံရိုက်တာ "

" ငါ့ ig မှာတင်ရမှာကွ အခုတလော ငါ့ fan တွေကပုံမတင်ဘူးလားဆိုပြီး မျှော်နေကြလို့ မြန်မြန်လာ horry ဒီပန်းတွေနဲ့ပါအောင်ရိုက်နော် "

" ok ok "

Tulips ပန်းပင်တွေရှေ့မှာ post အမျိုးမျိုးပေးနေသော
ကောင်လေးကို ပြတင်းပေါက်ကနေ ကြည့်နေတဲ့
ကောင်လေးတစ်ယောက်လဲရှိနေသည် ။

အချစ်ကိုချစ်တက်လာတဲ့အခါ
အသေးအမွှားတွေကအစ စိတ်ပူ
တက်လာတယ်........♥️
yeon

@​ꪑ𝘬

တင်လိုက်ပါပြီ ပထမတစ်ပိုင်း ။
မတင်ဘူးလို့ လုပ်ထားတာ မနေနိုင်တော့လို့ ။









































































Continue Reading

You'll Also Like

1.8M 60.3K 73
In which the reader from our universe gets added to the UA staff chat For reasons the humor will be the same in both dimensions Dark Humor- Read at...
235K 10.9K 32
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...
212K 4.5K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
275K 17.4K 21
"you might not be my lover, but you still belong to me" "crazy, you don't even love me but you want to claim me as yours? have you lost your mind jeo...