ချစ်ခြင်းတို့အလွန်
By maiyuri18
1M 54.7K 2.1K
ကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ... More
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
တောင်းပန်ခြင်းနှင့်အသိပေးခြင်း
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း (၃၆)
အပိုင်း(၃၇)
အပိုင်း (၃၈)
အပိုင်း(၃၉)
အပိုင်း (၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း (၄၈)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
အပိုင်း (၅၉ )
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း (၆၂)
အပိုင်း(၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀) ဇာတ်သိမ်းပိုင်း (၁)
အပိုင်း(၇၁)ဇာတ်သိမ်းပိုင်း(၂)
Alert🔕
ဇာတ်သိမ်း
Extra (1) Birthday present 💙
Extra (2)
Extra (3)
Extra(4)
Extra (5) Final
အပိုင်း(၄၀)
15.5K 867 53
By maiyuri18
*** ကိုယ့်မိုက်မဲကြောင့်၊ သားကို သားမှန်းသိရက် ခေါ်ရခက်ခဲ့ပြီ***
" အပါး....သားပြောစရာရှိတယ်"
"အေးပြောလေ သားကြီး ၊ မင်းမားမား ကျန်းမာရေး ပြသနာ ထူးခြားလာလို့လား သားကြီး "
"မဟုတ်ဘူးအပါး...ညီငယ်လေးကို မွေးစားထားတာ အန်ကယ်ကျော်သက် အပါး၊ သားနဲ့ စေ့စပ်ပြီးနယ်ပြောင်းသွားတဲ့ ဒေါက်တာ ဧကရီကျော်သက် တို့အိမ်မှာ ညီငယ်လေးတို့သားအဖ ရှိနေတယ်အပါး "
"ဟေ....ထူးဆန်းတဲ့ရေစက်ပါလား သားကြီး ၊ ဒီကိစ္စ သားငယ်သိလား "
"မသိလောက်ဘူးအပါး ကျွန်တော်လူယုံတချို့လွတ်ပြီး သတင်းကြားမိတာ အန်ကယ်တို့သားအဖက ညီလေးတို့ကို မွေးစားထားတယ်၊ သူတို့နဲ့ပဲ အတူနေနေကြတာ အပါးမြေးလေး ၃နှစ်လောက်ထိ၊ ခုတော့ အန်ကယ်အလုပ်လုပ်တဲ့ ရုံးမှာပဲ ညီငယ်လေးက အလုပ်ဝင်တယ် ၊အပါးရဲ့မြေးလေးကို ဘေးအိမ်က အသိအဒေါ်တစ်ယောက်ကကြည့်ရူ့ပေးတယ် တဲ့ အပါး "
"ဟူး.......အပါး စိတ်မကောင်းဘူး သားကြီး၊ HANTHAR အိမ်တော်ရဲ့မြေးက ခုလိုအနေဝေးမှာ ဆင်းဆင်းရဲရဲနေနေရတယ်ကြားရတာ အပါး ရင်ထဲမချိဘူးသားကြီး ၊ မြေးလေးတို့သားအဖကို ဘယ်လိုခေါ်ယူဖို့ စီစဉ်ထားလဲ သား"
ကိုယ်အမှားမဟုတ်ပါဘူး ပြောမရတဲ့ ဇာတ်လမ်းတစ်ပုဒ်မှာ ကိုယ့်ကြောင့် အစဖြစ်ခဲ့တာကိုငြင်းမရဘူး။ ကိုယ်တွေ အကြောင်းမလှလို့ သေခွဲ ကွဲခဲ့ရပြီးပြီ၊ ကိုယ်ရဲ့တစ်ဦးတည်းသောညီ Jackson နှင့် ချစ်ရဲ့မောင်လေးကို မိသားစုတွေ အချိန်တစ်ခုထိ ရှင်ကွဲ ကွဲခဲ့ကြပြီးပြီ။ ပြသနာတွေကြားထဲက ဘာမှ အပြစ်မရှိတဲ့ တူလေးကို အိမ်တော်ရဲ့အဝေးမှာ ထားရလောက်သည်ထိ ကျွန်တော် နှလုံးသားမမာဘူး။ နားမကျန်းဖြစ်နေသောမားမား၊မြေးကို တမ်းတနေပါသော မားမား
လိုအင်ကိုပြည့်ဖို့ရာ အစီအစဉ်တစ်ခုကို တွေးဖို့လိုနေပြီ ။ အချိန်တစ်ခဏထိ ကိုယ်ဆီတာဝန်
အလုပ်တွေ လုပ်ချင်သေးသည်ဟူသော ခေါင်းစဉ်အောက်က ကျွန်တော်နှင့် Dr.ဧကရီ စေ့စပ်ပွဲမှာပြောသောစကား ပြန်ယုတ်သိမ်းရတော့မည်။ ဒေါက်တာဧကရီမွေးစား မောင်လေး အိမ်တော်အပါခေါ်ဖို့ရာ ကျွန်တော်နှင့် ဒေါက်တာဧကရီ လက်ထပ်မှရတော့မည်။ ကျွန်တော်တူလေး အနေဝေးမှာ ဆင်းရဲချို့တဲ့စွာ မနေရဖို့ ဒီနည်းလမ်းကသာ အထိရောက်ဆုံး ဖြစ်မည်။
"သား နှင့် Dr.ဧကရီ လက်ထပ်ဖို့ တွေ့ဆုံတော့မယ် အပါး ၊ ဒါမှ ညီငယ်လေးတို့သားအဖ အိမ်တော်ရောက်လာမှာ အပါး ၊ မားမား လိုအင်လည်း ဖြည့်ပေးရာရောက်မယ်အပါး "
"သားကြီး အဆင်ပြေရဲ့လား ...သားကြီးနှလုံးသားက.....အပါးတို့အတွက်နဲ့တော့ မငဲ့ကြည့်ပါနဲ့သားကြီး လုပ်ပေးခဲ့တာတွေ လုံလောက်ပါပြီ၊ သားငယ်လေးဆီ အပါးတို့အားလုံးဝန်ချတောင်းပန်ရင် ပြေနိုင်မှာပါ"
"သား ဆုံးဖြတ်ပြီးပြီ အပါး၊ နောက်နေ့ Dr. ဧကရီ လာလိမ့်မယ် မားမားကိုလာတွေ့ရင်း ကျွန်တော်တို့ စကားပြောကြမယ် အပါး "
သားကြီး နှလုံးသား ထပ်ပြီးနာကျင်ရပြန်ပြီပေါ့လား တွေးမိ၏။ အစ်ကိုကြီး အဖ အရာကို ယူတက်သည့် တာဝန်ကျေတဲ့သားကြီး ၊ပထမ မိခင်အတွက် တွေးပေးရ၏။ ယခုခါ ညီအတွက် အဝေးရောက်အိမ်တော်ရဲ့ မိသားစုဝင်တွေ အတွက် သားကြီးနှလုံးသားကို စတေးရတော့မည်။ သားကြီး က သိပ်တာဝန်ကျေတဲ့သားတစ်ယောက်ပါကွာ လို့ နှစ်သိမ့်အားပေးရင်း၊ သားကြီးပျော်ရွှင်စရာမိသားစုလေးပိုင်ဆိုင်ဖို့ ဆုတောင်းမိသည်။ သားငယ်....ခု ဘယ်လိုခံစားနေရှာမလဲ မတွေးချင်တော့ဘူး။ သူ့မိုက်ပြစ်အတွက် ခိုးကြောင်ခိုးဝှက်နဲ့ မိသားစုကို ကြည့်နေရောပေါ့ တွေးမိသည်။ လူလောကမှာ အရေးကြီးဆုံးက ဘာလဲ ပြန်တွေးမိသည်၊ ကိုယ်ကိုကိုယ်လည်း ပြန်မေးမိသည် သည်တစ်ခုတည်းသောမေးခွန်း။
ငယ်ရွယ်စဉ်က အချစ်ကို နားမလည် ပျော်ရွှင်မူအတွက်အသုံးချ၊ ဘဝအကြောင်းနားမလည်တဲ့သားငယ် ၊ ထင်ရာလုပ်တက်တဲ့ တဇွတ်ထိုး အကျင့်ရှိတဲ့သားငယ် ၊အနားမှရှိတုန်းက တန်းဖိုးမထား ၊ အဝေးကိုကိုယ်တိုင်တွန်းပို့ပြီးမှာ သေမလို ရူးမတက်ခံစားခဲ့ရပြီ။ အချစ်ကိုတန်ဖိုးထားပါသော်လည်း မိသားစုအတွက် ငဲ့ညှာပေးသောသားကြီး၊ မိသားစု အလုပ်တာဝန် ကို ကိုယ့်ကိုယ်စား နေရာဝင်ယူပြီး စီးပွါးရေးမှာ ခေါင်းဆောင်ဖြစ်သည်အထိ နှလုံးသားမပါဘဲ ကြိုးစားခဲ့တဲ့သားကြီး။ သားနှစ်ယောက်ကို ကြည့်ပြီး ကိုယ်တွေ မိဘ တာဝန်မကျေခဲ့ပါလား၊ ကိုယ်သားသမီးတွေ လောကအလယ် ပြီးပြည့်စုံစွာနေထိုင်ရရေးပဲ နေ့မအား ညမနားကြိုးစားခဲ့ရသမျှ ခုတော့ ဆင်းရဲဒုခကိုယ်စီ ၊အနာကိုယ်စီနဲ့ပါ့လား သားတို့ရယ်လို့ ပြန်မြင်ယောင်မိလာသည်။ ငွေရှိရင်အရာရာ ပြည့်စုံသည်ဟု တွေးခဲ့သမျှ သားနှစ်ယောက်ကိုကြည့်ပြီး သံဝေဂ ရမိသည်။
'လောကမှာအရေးကြီးဆုံးက မိသားစု ' ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ မိသားစုတစ်ခု မှာ မိသားစုဝင်တိုင်း ပျော်ရွှင်သင့်မြတ်ချစ်ခင်စွာနေရခြင်းက လောကနိဗ္ဗာန်တစ်ခုပါ့လား လို့မြင်လာမိပြီ။ ဆင်းရဲပေမယ့် လွတ်လပ်စွာပျော်ရွှင်နေတဲ့ မိသားစုထမင်းဝိုင်းလေးက လောကနိဗ္ဗာန်၊ ချမ်းသာသော်လည်း တစ်ဦးတစ်ယောက်ဖြင့် စိတ်ဒဏ်ရာကိုယ်ဆီနှင့် တိတ်ဆိတ်စွာစားနေရသည့် အိမ်တော်ထမင်းဝိုင်း၊ ဘယ်မလဲပျော်ရွှင်မူ၊ ဘယ်မလဲမိသားစု ပျော်ရွှင်မူရသ။ ငွေပြည့်စုံနေရုံနှင့် လောကကြီးက မပျော်ရွှင်ရပါ့လားလို့ ပြန်လည်သုံးသပ်လာမိသည်။
----------------------------------------
တီ ~ တီ
"Hello"
(.......)
"ဟုတ် အစ်ကိုတည်မြဲ ...ကျွန်တော်အလုပ်သွားရမယ်၊ သားသားကတော့ အိမ်မှာရှိနေမှာ အစ်ကို"
(.......)
"ဟုတ် ကားကို ဖြေးဖြေးမောင်းခဲ့ဗျ ၊ ဟုတ်ကဲ့ သားသားကိုပြောထားလိုက်မယ်"
ဒီနေ့ အစ်ကိုတည်မြဲ အလည်လာနေတယ်တဲ့။ အစ်ကိုတည်မြဲက ကျွန်တော်တို့သားအဖကို ကယ်တင်ထားတဲ့ သူထဲက တစ်ဦးဆိုလည်းမမှားဘူး ။ ကျွန်တော် ဗိုက်တစ်လုံးနှင့် မမဧကရီနောက်လိုက်လာမိရာကနေ ဒီနယ်မြို့လေးမှာပဲ နေထိုင်ခဲ့သည်။ အားလုံးကိုလည်းပြန်မတွေးချင်၊ ပြန်မတွေ့ဆုံချင်သော လူတွေ ဝေးရာမှာ မမတို့ကျေးဇူးကြောင့်ကျွန်တော် နေသားကြနေခဲ့ပါပြီ။ ဆရာတို့ပိုင်ဆိုင်တဲ့ မြို့အစွန် တစ်နေရာက အိမ်အိုလေးမှာသားနှင့် နှစ်ယောက်အတူ ဘဝကိုစတင်ခဲ့သည်။ ကယ်တင်ရှင်မိသားစုတွေအပေါ် အမြဲ မှီခိုနေလို့မဖြစ်ဘူး၊ ကျွန်တော်က တစ်ကိုယ်ရည် တစ်ကာယ သမားမဟုတ်ခဲ့ပြန်ဘူး။ခုလို သိတက်လိမ်မာတဲ့သား ကောင်းစစ်လေးကအသက်၄နှစ်ပြည့်တော့မည်။ ဆရာတို့ကျေးဇူး ၊အစ်ကိုတည်မြဲကျေးဇူးတွေကြောင့် သားသားကို အန္တာရာယ်ကင်းကင်းမွေးဖွားနိုင်ခဲ့ပြီ။ ကိုယ်ဝန်ဆောင်ချိန် စိတ်အားငယ်မူ ဖြစ်ပေါ်လာတိုင်း ကလေးရှိတယ်လို့ ကိုယ်ကိုကိုယ် အားပြန်တင်းခဲ့ရတဲ့နေ၊ ညတွေ မရေတွက်နိုင်ဘူး။ စိတ်ကူးယဉ်မရသော အနာဂတ်လမ်းတွေကို ကလေးအတွက် ပုံဖော်ကြည့်တိုင်း ပြိုလဲခဲ့ရတာ အကြိမ်ကြိမ်
၊ နာကျင်မိပါသော နှလုံးသား ၊ ပျက်စီးခဲ့ရသော ကျွန်တော်ဘဝ အတွက် ကလေးလေးကသာ အားကိုးရာ၊ ရှင်သန်ရာ လို့တွေးတောရင်းအားဖြစ်စေခဲ့သည်။
အစ်ကိုတည်မြဲနှင့် မမတို့ ဖေးမစောင့်ရှောက်မူတွေကြား ကိုယ်ဝန်၆လ ပြည့်ခါနီး untrasound result က သားယောကျာ်းလေးဆိုတာ သိခဲ့ရလို့ မျက်ရည်ဝဲမတက် ပျော်ရွှင်ခံစားမူ ။ မမ ဆို သားသားလေးဆိုတာ သိရကတည်းက သည်းသည်းလူပ် သိပ်ချစ်ရှာတာ။ အစ်ကိုတည်မြဲကတော့ ကျွန်တော်အပေါ် ဘယ်လိုသဘောထားလဲ သိသာအောင်မပြသပေမယ့် ကျွန်တော် ရိပ်မိပါတယ်။ ကျွန်တော်လို မိဘကစွန့်ပစ်ခံသား၊ အချစ်ဦးက လှည့်စားခံရသူမို့ ၁၅၀၀ အချစ်ကိုကြောက်နေပါပြီ။ အချစ်ကို ဘုရားတစ်ဆူလို ကိုးကွယ်ခဲ့လို့ ၊ အဲ့အချစ်ကြောင့်ပဲ ဘဝပျက်ခဲ့ရပြီ မဟုတ်လား။ ကျွန်တော်က မိဘက စွန့်ပစ်ခံသားမို့ အဝေးကနေသာ မိဘကိုကန်တော့နေရတဲ့သားမိုက်ပါ။ဆိုးဝါးလှတဲ့လောကဓံကို ကျွန်တော် ခါးဆီးခံခဲ့ရပြီးပြီ၊ ဆိုးဝါးလှသည်ဆိုတာထက်အဆများစွာ ခံစားခဲ့ဖူးခဲ့ပြီ။ ဒီလို ဆိုးဝါးလှတဲ့လောကဓံက ကြားက မြတ်နိုးဖွယ်ရာသားသား ဖြစ်တည်မူလေး၊ သားသားလေးကြောင့်သာ ကျွန်တော်အသက်ပြန်ရှင်သန်ခွင့် အဓိပ္ပါယ်ရလာတာ၊ သားသားလေးကြောင့်ပဲ ကျွန်တော့်အနာဂတ်လမ်းတွေ ပြန်လည် ထွန်းပေါ်လာတာ။
ရှေ့ဆက်နေ့ရက်တွေမှာ သားသားသာကျွန်တော့်ဘဝ၊ ကျွန်တော့်အနာဂတ်အလင်းရောင်၊ ရှိသမျှ အင်အားတွေ ချစ်ခြင်းမေတ္တာတွေ ပုံအောပြီး ပြုစုပျိုးထောင်ပေးမည်။ အစ်ကိုတည်မြဲကလည်း ခံစားချက်ကို ဖွင့်ဟမပြခဲ့သလို ပြသခဲ့ရင် ငြင်းဆန်ဖို့စကားလည်း ကျွန်တော်မှာ အလုံအလောက်ရှိနေပါပြီ။ မောင်နှမ ၊ ညီအစ်ကို သံယောဇဉ်ကြိုးတွေသာ မြဲမြံစေချင်တယ် ၊ မိသားစု မေတ္တာတရားရဲ့ ရသကို ဒုတိယ အကြိမ် အစ်ကိုတည်မြဲနှင့်မမတို့ဆီကမို့ ကျွန်တော် တန်ဖိုးထားရသည်။ ဒီလိုအခြေအနေလေးကိုသာ မြတ်နိုးမိတာမို့ တောင်းပန်ပါတယ်အစ်ကို၊ အစ်ကိုက ထွန်းလင်းတောက်ပနေတဲ့နေမင်းကြီးပါ ကျွန်တော်က သားမိုက် ဘဝပျက်ခဲ့ဖူးသူမို့ အစ်ကိုနှင့်ကျွန်တော်က ၃နှင့်၄ ပမာ မနီးစပ်နိုင်သလို မျက်နှာချင်းဆိုင်ပေါင်းဖက်ဖို့မသင့်တဲ့ လူသားတွေမို့ တောင်းပန်ပါတယ်။ ညီအပေါ် အစ်ကိုတယောက်မေတ္တာ ကြင်နာ ၊ ဂရုဏာတွေသာ ပေးပါ ကျွန်တော်တန်ဖိုးထား ပါ့မယ်။ မောင်နှမ ညီအစ်ကိုသံယောဇဉ်ကြိုးနှင့်သာ ချည်နှောင်ပါရစေ ။
"သားသား၊ ဖိုးသားလေးရေ....မထသေးဘူးလား မွ..မွ.."
"ဟင့်...ပါးပါး...သားသား...အိပ်နေတယ်....နမ်းနဲ့အုံး.....လို့..အင့်..."
"ဒါဆို...ဦးဦးတည်မြဲ လာရင် ပါးပါးလိုက်သွားမယ်နော် ၊ သားသားက မနိုးသေးဘူးလို့ ပြောလိုက်မယ်..."
"နိုး.....မလိုက်ရဘူးလို့..ဟင့်...ပါးပါး...သားသားကို ပစ်မထားနဲ့လို့...သားသားထပြီ...ပါးပါး.."
"ဟား....လာပါအုံး...အသည်းလေးရ.."
မနက်အစော အစ်ကိုတည်မြဲဆီက ဖုန်းရပြီး ပြန်မအိပ်ချင်တာနဲ့ မနက်စာ သေချာချက်ပြုတ်နေမိသည်။ မနက်အစော အိမ်အရှေ့မျက်နှာစာကို သန့်ရှင်းနေစဉ် ရုတ်တရက်မြင်ကွင်းထဲဝင်လာသည်က ပြောင်လက်နေသော အနက်ရောင်ကားတစ်စီး ၊ ဘေးဘက်ဆီမှာ လူရိပ်ယောင်မရှိပါဘဲ လမ်းမပေါ် တထီးထီး ရပ်တည်နေသည်။ ကိုယ်နဲ့မဆိုင်သည်မို့ ခဏမျှ ကြည့်မိပြီး လုပ်စရာရှိရာကိုသာ လုပ်မြဲ လုပ်နေမိသည်။ ကိုယ်ဆီလာစရာ ဧည့်သည့်ဆိုလို့ လူချမ်းသာ မမတို့သားအဖရယ်၊ အစ်ကိုတည်မြဲရယ် ပဲရှိတာ ၊။ သူတို့ကချမ်းသာသလောက် ကားတစ်စီးတောင်မပိုင်တဲ့ကျွန်တော်က ဆရာတို့အိမ်အပိုလေးမှာပဲ သားအဖနှစ်ယောက် ပြည့်စုံနေပါပြီ။ ဘဝရဲ့အေးချမ်းမူ အစစ်ကိုခံစားရပြီ၊ ငွေမရှိပေမယ့် သားသားနှင့် ကျွန်တော်နဲ့ ချစ်ခြင်းမေတ္တာအပြည့်ဖြင့် သည်အိမ်လေးမှာ နေရတာကျေနပ်လှပြီ။ ပတ်ဝန်ကျင်ဆူညံ့မူမရှိ ပညာတက်ပတ်ဝန်းကျင် ၊ တိုက်တာအိမ်တွေကြား ၊ ကျွန်တော်တို့အိမ်အိုလေးက မေတ္တာတရားခြုံလွှမ်းထားလို့ အိမ်အိုလေးပေမယ့် နေရတာ စိတ်ကျေနပ်စရာအပြည့်။ တော်ပါပြီ ဘဝကို ဒီလောက်ပြည့်စုံနေရင် ၊ ကျွန်တော်ရယ် ၊သားသားရယ် ၊အိမ်အိုလေးရယ် ၊အေးချမ်းတဲ့မေတ္တာတရားရယ်။
"ပါးပါး...သားသား မူန့်စားချင်တယ် ဦးဖိုးတုပ်ဆိုင်သွားရအောင်"
"သားသား ဘာစားချင်လဲပြောလေ ပါးပါးလုပ်ပေးမှာပေါ့၊ အပြင်ကအစားအစာတွေ ဆီမသန့်ရင် သားသားချောင်းဆိုရလိမ့်မယ် ၊ပါးပါး မုန့်အကုန်လုပ်တက်တယ် ကဲပြော သား ဘာစားချင်လဲ"
"ပါးပါး မူန့်မလုပ်ပါနဲ့ ၊ သားသားကြောင့်ပါးပါး ထိခိုက်မိမှာကြောက်တယ် သားဒါပဲစားမယ်လေ ပါးပါး "
"သားရယ် ပါးပါး ဘာမှမဖြစ်ပါဘူးကွ၊ ပါးပါးက အားရှိပါတယ်...ပြော သားလေးဘာစားချင်လဲ၊ အော် ..ဒါနဲ့ နေ့လည်ကြ ဦးဦးတည်မြဲလာမယ်တဲ့...သားသား အိမ်ကနေစောင့်နေနော်...ပါးပါး ရုံကစောပြန်လာခဲ့မယ်...ဟုတ်ပြီလား..."
"ရေး........ဦးဦးတည်မြဲလာရင် အပြင်မှာ မူန့်တွေစားကြမယ်....ပါးပါး စောပြန်လာနော်...မွ...မွ"
"ဟား...ဟုတ်ပါပြီကွာ....ကဲခု မနက်စာသေချာစား၊ ခဏနေ ဘွားကြည်လာမယ်တဲ့သားသား က ဘွားကြည်အပေါ်မဆိုးရဘူးနော် ၊ ပါးပါးသားလေးက လိမ်မာတယ်မဟုတ်လား "
"ဟုတ်ပါးပါး....သားသားကလိမ်မာတယ်..."
ဒီနေ့ ရုံးမှာ အလုပ်တအားမများပါစေနဲ့ဆုတောင်းရင်း နေလည်စာ ထမင်းထုပ်ပြင်နေမိသည်။ သားသားအတွက် နေ့လည်စာကို သေချာပြင်ပေးရင်း အုပ်စောင်းအောက်ပြင်ထားမိခဲ့သည်။ ဒေါကြည်လည်း သားသားကိုအဖော်ပြုပေးနေတာနဲ့တင်ကျေးဇူးတင်လှပါပြီ။ နာရီကိုတစ်ချက်ကြည့်လို့ ရုံးမသွားမှီ အဝတ်အစားလဲပြီး သားအဖနှစ်ယောက် ဘုရားခန်းဆီသို့။ မနက်တိုင်းအလုပ်မသွားခင် သားအဖ နှစ်ယောက်ဘုရားသေချာကန်တော့မိ၏၊ အဝေးက မိဘတွေအားကန်တော့ရင်း နေတိုင်းအကျင့်တစ်ခုဖြစ်နေမိပြီ။ ရုံးမသွားမှီသားသား ကို သေချာမှာရင်း ၊ ကိုယ်တိုင်ဂရုစိုက်ဖို့၊ မည်သူလာခေါ်ခေါ် မလိုက်ဖို့ ၊ တစ်ခုခုဆို ဘေးအိမ်က ဘွားကြည်အိမ်ပြေးဖို့ ၊ယခင်ကတည်းက မှာထား ၊နည်းလမ်းပြထားခဲ့သည်။ ဒီလောကမှာ တစ်ဦးတည်းသာရှိသောသားမို့ ဘာအန္တာရာယ်မှ ကျရောက်မခံနိုင်ပါ ၊ အသက်ပေး၍ ကာကွယ်သွားမည်။ သိပ်ချစ်ရတဲ့သားမို့ ရင်နှင့်အမျှ ချစ်ရပါသည်။ သိတက်တဲ့သားလိမ္မာလေးမို့ ပိုအချစ်သည်းရပြန်၏။
"ဒီကားနက်ကြီးက ဘယ်လာလဲမသိ ၊ တန်ဖိုးသိပ်ကြီးမှာ သားသားမြင်အားကျမှာသေချာတယ်"
ကျွန်တော်အိမ်နဲ့မနီးမဝေးကပ်ရပ်ထားသော တန်ဖိုးကြီးကားနက်ကြီးအားကြည့်မိရင်း ကိုယ်ပိုင်ဆိုင်ကယ်လေးနှင့် ရုံးဆီသိုသာ ထွက်လာခဲ့မိသည်။ ဆရာ က မွေးစားမိဘဆိုပေမယ့် အခွင့်အရေးတစ်ခုမှ မယူခဲ့ ၊ တိကျမှန်ကန်အောင်သာ ကြိုးစားခဲ့တယ်။ သားအလိမ္မာအတွက် ရှေ့ဆောင်ကောင်းတစ်ယောက်ဖြစ်ရန်ကြိုးစားခဲ့သည်။ ကြိုးစားမည် ၊ကားသိပ်ကြိုက်တဲ့သားအတွက်၊ ပိုတိုးအလုပ် လုပ်မည် အကောင်းကြိုက်တဲ့ သားသားအတွက်။ ကျွန်တော်ရှိသမျှအင်အားသည် ရင်၌လွယ်ဖွား သားအတွက်သာတည်း။
------------------------
"ကလေး...ငယ်.....ကလေးငယ်"
"သွားမရသေးဘူး CEO ၊ ခုချိန် ကောင်းပြည့်လေးရှေ့ လူလုံးထွက်ပြရင် သူတို့သားအဖ ပြန်ပျောက်သွားလိမ့်မယ်၊ အချိန်တခဏ ယူပြီးစောင့်ကြည့်ပါအုံး ၊ ထပ်ပျောက်သွားရင် CEO အတွကိ အဆင်မပြေလောက်ပါဘူး "
"ငါ....ငါ...ခဏ တွေ့ချင်တယ် ကိုလင်း....ငါ့ ကလေးငယ်ရှေ့ ဒူးထောက်တောင်းပန်ချင်တယ်"
"စောင့်ပါအုံး CEO အချိန်ကောင်းတခု ကျွန်တော်တို့စီစဉ်နေပါတယ်၊ ခုခဏလေးစောင့်ပေးပါ CEO အဲ့လိုမဟုတ်ရင်ကောင်းပြည့်လေးတို့သားအဖ ထွက်ပြေးပါလိမ့်မယ် တောင်းပန်ပါတယ် CEO"
ကျွန်တော် ကိုယ်ပါးကိုယ် ခပ်ကြမ်းကြမ်း နှစ်ချက်ဆင့်ရိုတ်ချမိတယ်။ နာသလားဆို ရင်ဘတ်ထဲက နာကျင် နေတာ အရေထူနေပြီ။ ကိုယ့်ကလေးငယ်တို့ သားအဖ နေတဲ့နေရာသိပြီ၊ ကိုယ့်ရှေ့မှာ ကလေးငယ်ကိုမြင်ပါရက်နှင့် ခေါ် ပိုင်ခွင့်၊ တောင်းပန်ခွင့်မရသေးဘူး။ ကိုယ့် အမှား က်ုယ့်မိုက်ပစ်တွေကြောင့် မြင်နေပါရက်နဲ့ မခေါ်ဝင့်ရဲတဲ့ဘဝ ၊ ကိုယ့်ကလေးငယ်ကို ထွေးပွေ့ခွင့် မရတဲ့ အချိန်အခါ ဘယ်လောက်နာကျင်လိုက်လဲ။ ခံလိုက်စမ်း၊ ခံစားလိုက်စမ်း။ဒါတွေကမင်းလုပ်ခဲ့တာ ၊ မင်းဖန်တီးခဲ့တာ မင်းပြန်ခံစားရတာ ခံစားနေလိုက်လို့ ကိုယ်ကိုကိုယ် မကျေမနပ် ပြန်ရိုက်ရင်း အသံလုံ ကားနက်ကြီးထဲ ကျွန်တော့်ငိုရိူက်သံကို ကလေးငယ်မကြားနိုင်ခဲ့။
မနက်အစော ကလေးငယ် နေတဲ့နေရာသိနေပါရဲ့ ဝင်တွေ့ခွင့်မရှိခဲ့။ ကလေးငယ် ကိုယ်ရှေ့က ဖြတ်လျှောက်နေပါသော်လည်း ကိုယ်မှာ ထွေးပွေ့ခွင့်မရှိခဲ့ ပြန်ဘူး ၊ ကိုယ်မိုက်ပစ်နှင့်ကိုယ်မို့ တားမရစီးကျနေသော မျက်ရည်ကိုမသုတ်နိုင် ယောကျာ်းတန်မဲ့ အော်ဟစ်ငိုယိုခဲ့ရပြီ။ ကိုကိုအမှားတွေအတွက် ပြန်လည်တောင်းပန်ခွင့်၊ ပြင်ဆင်ခွင့်ပေးပါလို့ နူတ်မှ တဖွဖွ ရွတ်ရင်း ကိုယ်ရင်သွေးလေးများ အိမ်အိုလေးထဲက ထွက်လာမလားမျှော်လင့်ရင်း နေမိသည်က အချိန်အတော်အကြာ။ သိပ်မကြာပါ ဘေးအိမ်ကအဒေါ်တစ်ဦးမှ လက်ထဲအထုပ်တွေနဲ့ အိမ်အိုလေးဆီ သွားနေပြီ၊ ဘယ်သူလဲ ဘယ်ကလဲ ဘာကြောင့်သွားလဲ စိုးရိမ်စိတ်မြင့်မားမူကြောင့် အိမ်အိုလေးဆီ ခပ်မြန်မြန်လျှောက်လှမ်းနေမိသည်။
"ဦးဦးက ဘယ်သူလဲ "
ကြားလိုက်ရတဲ့ သာယာသံသဲ့သဲ့လေး၊ လှပသောမျက်နှာပေါက်အစပ်က သူ့ပါးပါးမျက်နှာကျလိုမျိုး၊ သူ့ပါးပါးလို ရှည်လျှားထူထဲသော မျက်တောင်တွေကာရံထားတဲ့ မျက်ဝန်းဝိုင်းဝိုင်းတွေက စွဲဆောင်မူအပြည့်၊ လုံးလုံးချွန်နေသောနှာတံ အမြင့်က ကျွန်တော့် ဆီကများလား လို့ ရောင်ရမ်း ပြီး ကိုယ့်နှာတံကို ကိုင်မိသည့်အလား။ ခပ်ပြည့်ပြည့်နူတ်ခမ်းလေးက သူ့ပါးပါးနဲ့မတူ ပဲ သေသပ်လှပလျက်ရှိသည်။ ၄နှစ်အရွယ်နှင့်မလိုက်မြင့်မားသောအရပ် ၊ လှပသော အသွေးအရည် ဝင်းဖန့်ဖန့်တို့ကသူပါးပါးဆီက အမွေရထားသည့်အလား။ ချစ်လိုက်တာ ၊ချစ်စရာကောင်းလိုက်တာလို့ ရင်ထဲက လိူင်တက်လာသော ဖခင်မေတ္တာ တွေ ကျွန်တော်ခံစားရပြီ။ ဒါကျွန်တော်ရင်သွေးလေးပါ့လား ဆိုတဲ့အသိက ကျွန်တော်ကို ရိုက်ချနေသည့်အလား ရင်ထဲမှာ တဆစ်ဆစ် ၊ကိုယ့်ရဲ့ ပေါ်လာသော လုပ်ရပ်ဆိုးတချို့။ ကိုယ့်သားလေး၊ကိုယ်ရင်သွေးလေး ဆိုတဲ့အသိနဲ့ နူတ်က သားသား လို့ခေါ်ချင်ပေမယ့် ကိုယ်မိုက်မဲမူကြောင့် တစ်ခွန်းလေမျှ နူတ်ကမဖွင့်ဟရဲခဲ့ဘူး။ ငါမိုက်တာ၊ ငါ အမှားတွေကြောင့်ငါမိသားစုဝင်လေး ဒီလိုဒုခဆင်းရဲ ကြုံနေရတာ၊ ကိုယ့်သားသမီးကို ပြစ်ပါယ်ထားခဲ့တဲ့ ကိုယ့်မိုက်ပစ် တွေကြောင့် ကိုယ့်သွေးသားကိုပွေ့ဖက်ဖို့ မဝင့်ရဲခဲ့ဘူး။သားကို သားမှန်းသိရက်နဲ့ မထွေးပွေ့ရဲဘူး။ အောင့်တက်လာသောရင်ဘတ်ကိုတစ်ချက် ခပ်ကြမ်းကြမ်းထုရင်း သားငယ်လေးကို မျက်ရည်တွေကြားက အလွတ်ကျက်မှတ်နေရပြီ။ ခွင့်လွတ်ပါ ဒယ်ဒီ တောင်းပန်ပါတယ် သားသားရယ်၊ ဒယ်ဒီ မိုက်ပစ်တွေအတွက် သားသားတို့ ခွင့်လွတ်ပေးကြပါ လား ။
"ဦးဦး နေမကောင်းဘူးလားဟင်၊ ဘယ်နားနာလို့ ငိုနေတာလဲ ဟင် "
"ဟင်....အင်း....သားသား၊ ဦးဦး ရင်ဘတ်အောင့်လိုပေါ့ မျက်ရည်ကျလာတာ ဦးဦး..ဘာ..ဘာမှ
မဖစ်ဘူးနော် ၊ ဒါနဲ့ သားသားအမည်ကရော...သားသားမိဘတွေကရော..."
"ဗျာ....သားသားက ကောင်းစစ်ဟန်သာတဲ့၊ ပါးပါးရှိဘူး..အလုပ်သွားတယ်..ဦးဦးဘယ်လာတာလဲဟင်"
"ဟင်....အင်း...ဒီနား အသိအိမ်လာရှာတာ သားသား ရဲ့ ...သားသားကချစ်စရာကောင်းလိုက်တာ ဦးဦး ခဏလောက် ဖက်ခွင့်ရမလားဟင်..."
"အာ...ဟုတ် ...ဦးဦး "
တီ ~ တီ
ဟွန်းသံနှစ်ချက်ပေးလို့ ထွက်ပေါ်လာသော ကားအဖြူဆီသို့ ကျွန်တော်နှင့်သားသား ပြိုင်တူကြည့်ကြသည်။ ကားမှန်ကိုချ၍ ထွက်ပေါ်လာ လူတစ်ယောက်၊ သပ်ရပ်သေသပ်သော ဝတ်စားဆင်ယင်မူနှင့်အတူ ကျွန်တော်က သားသားကို ဖက်မလို့ ဟန်ပြင်ဆဲ အချိန်..........
"ဖိုးသားလေး....ကောင်းစစ်....အဲ့ဒါ ဘယ်သူလဲ ..လာခဲ့ ဦးဦးမြဲဆီ "
သိပ်ချစ်စရာကောင်းသော ကိုယ့်သွေးသားကို ပွေ့ဖက်ချင်စိတ်က တဖွားဖွား ၊ ကျနေသော မျက်ရည်ကို ခပ်မြန်မြန်သုတ်ချလို့ သားသားနဲ့ စကားပြောဖို့ ကြံရွယ်ရင်း ဒူးတစ်ဖက်က ချထိုင်အပြီး သားငယ်လေးနဲ့အနီးဆုံး ထိုင်ချမိသည်။ ချစ်စရာကောင်းလိုက်တဲ့သားသား၊ သာယာနာပျော်ဖွယ်အသံလေးကိုပိုင်ဆိုင်ထားတဲ့သားသား၊ ချစ်စဖွယ်စကားချိချိုတွေနဲ့ သူ့ပါးပါးလို ကြင်နာတက်တဲ့သားမို့ မြင်နေရသော် မထွေးပွေ့ရမနေနိုင်၊ ကိုယ်ရင်မှလာသော ဖခင်မေတ္တာတွေက ထိမ်းသိမ်းမရ ချစ်မေတ္တာအပြည့်ဖြင့် ယိုဖိတ်ကြလာမိပြီ။။ ခံစားချက်နဲ့အပြိုင်ထွက်ပေါ်လာသော ဆန္ဒဖြင့် သားသားကို ထွေးပွေ့ချင်တဲ့စိတ် ဘယ်လိုမှ ထိမ်းချုပ်မရသည်မို့ ထွေးပွေ့ဖို့ ကြံရွယ်မိသည်။ ကိုယ့်ရင်ခွင်ထဲ ရောက်လာတော့မည့်သားသား ကို ပွေးဖက်ရန် လက်အလှမ်း ၊ကြားလိုက်ရတဲ့ အမျိုးသားတစ်ဦးအသံက ကျွန်တော့် ကျောကို တောင့်တင်းစေသည်။ ထွက်ပေါ်လာသောပိုင်စိုးပိုင်နှင်းပြောဆိုသံကြောင့် ကျွန်တော်ကြောက်စိတ်တွေ ဖြစ်ပေါ်လာပြီ။ သူက ဘယ်သူလဲ၊ သားသားကို ခေါ်နေရအောင် သူက ဘာလဲ ၊ သူက ငါ့သားနဲ့ ဘယ်လို ပတ်သတ်လဲ ချုပ်တီးထားသော ဒေါသစိတ်ဖြင့်လှည့် အကြည့် ရင်ခွင်ထဲက သားသားက ပြုံးရယ်နေသော စကားသံတချို့နှင့်အတူ ထိုအမည်မသိ သူစိမ်းဆီသို့ ပျော်ရွှင်စွာပြေးသွားနေသည်။ ဟာ...တက်သွားသော ခံစားချက်၊ အမည်မသိဘေးသူစိမ်းရင်ခွင်ထဲက သားသားကိုကြည့်ရင်း မျက်ရည်အိုင်အပြည့်ဖြင့် တားဆီးချင်စိတ်ကို လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ရင်း ခံစားချက်တချို့ကို အတင်းမြိုသိပ်ထိုးထည့်နေရသည်။ ဒယ်ဒီကို ပစ်ချမသွားပါနဲ့ သားသားရယ်၊ ဒယ်ဒီကို မပစ်ပါနဲ့လားကွာ။
#မမ အတွက် vote ပေးခဲ့ဖို့မမေ့နဲ့နော်
# Thanks for all
zawgyi
----------------------------------------
တီ ~ တီ
"Hello"
(.......)
(.......)
------------------------
"ကလေး...ငယ်.....ကလေးငယ်"
"ဦးဦးက ဘယ်သူလဲ "
"အာ...ဟုတ် ...ဦးဦး "
တီ ~ တီ
# Thanks for all
Continue Reading
You'll Also Like
111K 6.9K 19
ဆရာဝန်လေးတစ်ယောက်က အတိတ်ဆိုးတွေရှိနေတဲ့ အိမ်ကြီးရောက်သွားတဲ့အခါ... ဘယ်လိုအန္တာရာယ်တွေ တွေ့လာမလဲ။ ဘယ်လောက်ကြောက်စရာကောင်းနေမလဲ။ "လင်းနစ်နဲ့ အဲ့လောက်တူ...
186K 13.6K 61
ပထမဆုံးဖန်တီးထားတဲ့ မြန်မာ BL Fic ကိုအားပေးကျပါအုန်းနော် လိုအပ်ချက်တွေများနေပေမဲ့ ချစ်ခင်မှုနဲ့ ဖတ်ပေးကျပါနော်
286K 9.2K 67
ကို့ကို 'မောင်' လို့ တစ်ခေါက်လောက်ခေါ်ကြည့်ကြည့်ပါလား မင်းလေးရယ်
3.4K 205 15
sin nombre(အမည်မဲ့)ဆိုတဲ့ ပြင်သစ်အသံ့ုးနှုန်းလေးကိုသုံးထားတဲ့ Businessman​လေးကို သက္ကရာဇ်စေတန်လို့ခေါ်တယ့် အမျိုးသားကသိပ်ချစ်တာ။ ချစ်ခြင်း မုန်းခြင်း...