ချစ်ခြင်းတို့အလွန်
By maiyuri18
1M 54.6K 2.1K
ကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ... More
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
တောင်းပန်ခြင်းနှင့်အသိပေးခြင်း
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း (၃၆)
အပိုင်း(၃၇)
အပိုင်း (၃၈)
အပိုင်း(၄၀)
အပိုင်း (၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း (၄၈)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
အပိုင်း (၅၉ )
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း (၆၂)
အပိုင်း(၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀) ဇာတ်သိမ်းပိုင်း (၁)
အပိုင်း(၇၁)ဇာတ်သိမ်းပိုင်း(၂)
Alert🔕
ဇာတ်သိမ်း
Extra (1) Birthday present 💙
Extra (2)
Extra (3)
Extra(4)
Extra (5) Final
အပိုင်း(၃၉)
12.8K 834 44
By maiyuri18
" အစ်ကို..."
"အင်း မောင်...အဆင်ပြေခဲ့လား ၊ ကောင်းပြည့်သတင်း ထူးခြားပြီလား "
ညိုးငယ်စွာ ခေါင်းရမ်းဖြေရင်း ကျွန်တော်ရင်ခွင်ထဲ ဝင်လာသော အမျိုးကောင်းသားလေး မောင်။ သူငယ်ချင်းဖြစ်သူ ပျောက်ဆုံးနေပြီ သိရကတည်းက စိတ်ရော၊ လူရော နှစ်ပြီး စွမ်းစွမ်းတမံရှာဖွေပါသော်လည်း သတင်းအစအနမှ ပြန်မရခဲ့။ ကိုယ်ကို သိပ်အားနာနေပုံရတယ် တခါတလေ မောင် က ကျွန်တော်ကို အမြဲတောင်းပန်နေရှာတယ်။ အိမ်ဦးထောင်ဦးစီး တာဝန်ပျက်ကွက်ခဲ့တဲ့ သူနှင့်ဘကျွန်တော် အိမ်ထောင်ရေးအတွက် မောင်က အားနာနေခဲ့တယ်။ မိသားစုအရေးထက် ပျောက်ဆုံးနေသော သူငယ်ချင်း/ညီအစ်ကို အတွက်အချိန်ပေး ၊ ငွေကုန်ခံ လိုက်ရှာနေမူအပေါ် မောင်က ကျွန်တော်ကို အားနာနေတယ်။ ကိုယ်နားလည်တယ်မောင် ၊ ကိုယ်နားလည်ပေးနိုင်တဲ့ အရာမို့ မောင်ကို ကိုယ်ကိုတိုင် နောက်ကနေ အားပေးခဲ့တာပေါ့။ သူနဲ့ကိုယ် မျိုးတူလက်ထပ်ထားတဲ့အိမ်ထောင်ရေးမှာ ဘယ်သူကအိမ်ထောင်ဦးလည်းမမေးနှင့် သူပြိုင်ကိုယ်ပြိုင်အတူ လှမ်းတက်မှာမို့ မိသားစုအတွက် မောင်စိတ်မအေးမဖြစ်ပါနဲ့။ ကိုယ်က အမြဲချစ်ပြီး နားလည်ပေးနေမှာပါ မောင်ရယ်။
"ကျွန်တော်...လက်မလျော့ချင်သေးဘူး အစ်ကို၊ အလုပ်တွေလည်း ပိုလုပ်ပါ့မယ်၊ အစ်ကိုကို့
လည်းစိတ်ချမ်းသာအောင်ထားပါ့မယ်....မောင်ကိုနားလည်ပေးပါအုံး အစ်ကို"
"ရတာပေါ့..မောင်ရ...သိပ်ရတာပေါ့၊ ကိုယ်ကိုကြည့် ကိုယ်က ယောကျာ်လေးလေ ကိုယ်ချစ်တဲ့သူကို ဘာနေနေ ချစ်ပြီသားပဲ၊ မောင်အလုပ်လုပ်စရာမလိုဘူး ကိုယ်အလုပ်လုပ်နေတာနဲ့တင် ကိုယ်တို့နှစ်ယောက် ကမ္ဘာလှည့်ခရီးစဉ်ထွက်လို့ရတယ်၊ ငွေကြေးကအဓိက မဟုတ်ဘူးမောင်၊ကိုယ်ချစ်တဲ့သူ ပျော်ရွှင်ဖို့ကအဓိကပါမောင်ရယ်။ ကိုယ်ကိုအားနာစရာမလို ဘူးမောင်၊ ကိုယ်တို့က အိမ်ထောင်ဖက်တွေလေ မောင်ရ ...အားမနာရဘူး၊ မတောင်းပန်ရဘူး ။ တစ်ယောက်ကို တစ်ယောက် ချစ်ပေးဖို့ပဲ လိုတာပါကွာ....လာပါအုံး ပင်ပမ်းလာတဲ့ ကိုယ့်အမျိုးသားလေး ....အ့...ဟ"
အိမ်ထောင်ရေးတစ်ခုမှာ သူကအိမ်ထောင်ဦးစီးမို့၊ ကိုယ်ကပိုချစ်ရသူမို့၊ ကိုယ်ကဘာ၊ သူကဘာဆိုတဲ့ အမည်အမျိုးမျိုးခေါင်းစဉ်တပ်ရင်း မောင်နှင့်ကိုယ့် ကြားက ချစ်ခြင်းမေတ္တာတွေ မပျက်စီးမခံနိုင်ဘူး။ မောင် ဘာဖြစ်ချင်လဲ၊ မောင် ဘာလိုအပ်လဲဆိုတာပဲ ကိုယ်အမြဲတွေးပြီး ဘယ်လိုပံ့ပိုးပေးရမလဲ ဆိုတာပဲ ကိုယ်သိတာ။ ကိုယ့်ချစ်တဲ့သူအပေါ်မှာ မူတည်နေတဲ့ကိုယ်ချစ်ခြင်းက ငါအတွက် ၊ ငါတစ်ယောက်တည်းပဲ ကြည့်ပြီး နေရမယ်ဆိုတဲ့ အတ္တကင်းတယ် မောင်၊ မျိုးတူအမျိုးသားနှစ်ယောက်ပေါင်းဖက်ထားကြတဲ့ ကိုယ်တို့အိမ်ထောင်ရေးကို ကိုယ်က ဘယ်နည်းမှ ၊ဘာမှ အဖြစ်မခံနိုင်ဘူး။ မောင်အတွက်ဆို ပေးဆပ်ချစ်လည်းဖြစ်တယ်၊ ရယူလိုစိတ်လည်း ဖြစ်တယ်၊ တပ်မက်စိတ်ကလည်း မောင်နှင့်မှ၊ လိင်ကိစ္စမှာသူအပေါ် ၊ ငါအောက်ဆိုတာ ထက် မောင် ဘယ်လိုပုံစံမျိူး နေချင်လည်း ဆိုတာ ကိုယ်အတွက်အရေးကြီးတယ်။ မောင်အတွက် ဘယ်လိုပုံစံမျိုးက မောင်ပြီးပြည့်စုံခြင်း ရသကို ခံစားစေနိုင်သလဲဆိုတာပဲ ကိုယ်သိတယ်မောင်။ ပြောပြလို့မရတဲ့ထိ ကိုယ်က ချစ်တာ ၊ ကောင်းပြည့်လေးကိစ္စနဲ့ပတ်သတ် ပြီး မောင် ဘယ်လိုရှာချင်လဲ၊ ကိုယ် ဘယ်လိုအင်အားဖြည့်ပြီး ကူညီပေးရမလဲ။ မောင်အိမ်ပြန်ပြုံးပျော် လာမယ့်မျက်နှာလေး ကိုယ်က မြင်ချင်တာမောင်ရဲ့ ။
"မောင်သိလား....ကိုယ်အတွက် အချစ်ဆိုတာ ဘာလဲလို့မမေးနဲ့မသိဘူး၊ ကိုယ်အသက်ရှင်ရတဲ့အကြောင်းပြချက်ကတော့ မောင်ဖြစ်နေလို့၊ မောင် ဖြစ်ချင်တာ မောင် အလိုရှိတာ ဘယ်အရာမဆို ကိုယ်က ဖြည့်ဆည်းပေးမှာ သိလား...အဓိက ကိုယ့်အမျိုးသားလေး အဆင်ပြေဖို့ပဲ....အ....အွင်းးးးးး"
"...အွင်း.....အွန်း....ပြွတ်စ်...ခင်များကြပ်ကြပ် ကျုပ်ကိုအလိုလိုက် ၊တစ်ပတ်လောက် နေမကောင်းဖြစ်တာ ပြန်တွေးအုံး ..ပြွတ်စ်...မောင်လည်း အရမ်းချစ်တယ်...အစ်ကို အချစ်ကိုမမှီတောင် မလျော့သော ချစ်ခြင်းတွေနဲ့ ချစ်တာပါ အစ်ကို...ပြွတ်စ်....."
မောင်...က လူကြမ်းကြီး...ချစ်လို့အလိုလိုက်ပေးလည်း ကျေးဇူးမတင်ဘူး။ ချစ်လို့ ဆိုပြီး နှစ်ဦးသဘောတူ ချစ်မိကြပြီးရင် တစ်ပတ်လောက် ကျွန်တော်ဖျားတော့တာပဲ။ ဒါ ပထမဆုံးမဟုတ်သော မောင် အချစ်ကြမ်းချိန်တိုင်း ရသောကျွန်တော် အချစ်ခံဝေဒနာ...။ ကိုယ် ရဲ့ချစ်သောသူကပေးသော လက်ဆောင်မို့နာကျင်လည်းဖြစ်တယ်၊ တယုတယ ပြုစုပေးမယ့် မောင်က ကိုယ့်အနား ၂၄နာရီ ကပ်ပြီးအချိန်ပြည့် ပြုစုပေးတာ ခံယူရတယ်လေ ။ ချစ်တယ် ကိုယ့်လူဆိုးလေး
မောင်ကို။
————————————————————————————————
(.......)
ဝုန်းးးးးးးးးးးးးးးးး
"ထက်ပိုင်.....ငါ့ကလေးငယ် ဘယ်မလဲ......ငါ ......ငါ့ကလေး ဘယ်နေရာမှလဲ......"
" အစ်ကိုထက်ပိုင်.....ငကောင်း....ဘယ်မလဲ...."
"အေး...ဖြေပါ့မယ်..ခဏ ထိုင်ကြပါအုံး...၊ ရိပ်က ခဏနေ လာမှာ..ရိပ်ပြောပြလိမ့်မယ်....စိတ်အေးအေးထားကြပါကွာ...."
ရိပ်ရဲ့စီနီယာ တစ်ယောက်နှင့် မနေ့က ပွဲတစ်ခုမှာ အမှတ်မထင်တွေ့ဆုံမိကြသည်။ ဆရာဝန်တွေ ဆိုတော့ ကိုယ့်လူနာ၊ သူလူနာအကြောင်း ပြောရင်း ထူးဆန်းတဲ့ M-preg အကြောင်း ပြောမိကြသည်။ ရိပ်ရဲ့စီနီယာ Dr. တည်မြဲ ရဲ့ အသိမိတ်ဆွေ တစ်ယောက်က m-preg ဆိုတာ အမှတ်မထင် စကားကျွံလာခဲ့တယ်။သူ့စကား ပြန်ထိမ်းတာ နောက်ကျသွားပြီ၊ မြန်မာနိုင်ငံလို ဖွံ့ဖြိုးမူ နောက်ကျတဲ့ နိုင်ငံမို့ ထူးဆန်းတာကို ဖုံးကွယ်မရဘူး ။အမျိုးသားကိုယ်ဝန်ဆောင်တယ်ဆိုတာ လူအများအံ့ဩဖွယ်ရာထဲက ဆရာဝန်တွေကြား ရိပ်က ထူးဆန်းစွာဖြင့် စီနီယာအစ်ကို ကို သိလိုသမျှ သိနိုင်ဖို့ လမ်းကြောင်းရှာမေးမြန်းခဲ့တယ်။ အမည်ဘယ်သူဆိုတာကလွဲ ပြည်ပ နိုင်ငံမှာ ပညာသင်စဉ်ကတည်း ကိုယ့်မောင်နှမလို ရင်နှီးခဲ့သူတွေမို့ Dr.တည်မြဲ ဆီက နေ ကောင်းပြည့်ဆိုတဲ့ အမည်ကလွဲတစွန်းတစသော သတင်းကောင်းကို ရိပ်က ရခဲ့တယ်။
ရိပ်ရဲ့ စီနီယာ ပြောစကားအရ Dr.တည်မြဲ ငယ်သူချင်းတစ်ယောက်က မွေးစားထားတယ် ၊ အဲ့ဆရာဝန်အမျိုးသမီးက ရှားပါးခက်ခဲတဲ့ နယ်မြို့တစ်ခုမှာ မိသားစု တစ်ခုလုံးပြောင်းရွေ့ နေထိုင်ခဲ့ကြပြီး အမျိုးသားကိုယ်ဝန်သည်လေးပါ အတူခေါ်သွားကြသည်တဲ့။ ရန်ကုန်ကို မကြာမခဏ လာတက်ပေမယ့် အဲ့အမျိုးသမီးဆရာဝန်မက မွေးစားမောင်လေးအကြောင်းကို ဘယ်သူမှဖွင့်ပြောလိမ့်မရှိဘူး ၊ ဘယ်သူမှလည်း မရိပ်မိကြဘူး။ ငွေကြေးကြွယ်ဝတဲ့ဆရာဝန် အမျိုးသမီး က သူမိသားစုကို နယ်မြို့လေးမှ အေးချမ်းစွာဖြတ်သန်းခဲ့တယ်။ အဲ့ဆရာဝန်မလေး မွေးစားထားတဲ့ အမျိုးသားကိုယ်ဝန်သည်လေးက ကောင်းပြည့် ဖြစ်မလား ဆိုတာ တော့ ဘယ်သူမှမခန့်မှန်းနိုင်ကြဘူး။ ကောင်းပြည့်လေး ဖြစ်ဖို့ရာ များတယ်ဆိုတာ အာမခံနိုင်တာက လူအင်အားများစွာ၊ ငွေအင်အားများစွာဖြင့် အချိန် ၄နီးပါး ရှာခဲ့သော်လည်း ခုထိသတင်းအစအန မရတာ ဘာကြောင့်လဲ။ ဘယ်ပြင်ပနိုင်ငံမှထွက်ခွါခြင်းမပြသော လက်မှတ်တွေသက်သေတွေ ဖြင့် တွက်ရင်းညကောင်းပြည့်လေးနယ်မြို့တစ်ခုမှ တစ်ဦးတယောက်အကူအညီနဲ့ ဇာတ်မြုပ်နေမယ်ဆိုတာပဲ။ ငါတို့အားလုံး ၄နီးပါးရှာခဲ့ရတဲ့ကောင်းပြည့်လေး ပြန်လာချိန်နီးပြီလား ၊ ငါတို့အားလုံး တောင်းပန်ခွင့် ရကြတော့မယ်မဟုတ်လား ။
"ရိပ် မနေ့က မိတ်ဆုံစားပွဲတစ်ခုမှ UK မှာ အရမ်းရင်းနှီးခဲ့တဲ့ စီနီယာအစ်ကို တစ်ယောက်ရှိခဲ့တယ်၊ သူ့ဆီကသတင်းအရ ...ညီမ ထင်တာ ဖြစ်နိုင်မလားပြောပြဖို့ ခေါ်မိတာပါ ကိုရဲရင့်နှင့် ဒီဘက်က ကိုသက်ကိုတို့ကိုပါ ..."
"ဘယ်.....ဘယ်မြို့မှာလဲ......Dr..."
"စစ်ကိုတိုင်း အထက်ပိုင်းထဲက ရွှေဘိုမြို့ မှာ ...လို့သိရတယ် အစ်ကိုတို့ "
"ကျေး...ကျေးဇူးပဲ ထက်ပိုင်...ငါချက်ချင်းလိုက်မယ်....ကျေးဇူးပါ ဒေါက်တာ"
"အစ်ကို...ပြန်ရအောင်....."
——————————————————————————————————
" ကိုလင်း ...ခုချက်ချင်း စိတ်ချရတဲ့လူယုံ တချို့ကို စစ်ကိုင်းတိုင်းထဲက ရွှေဘိုမြို့ကို ပို့ပေးပါ၊ ကလေးငယ်ဟုတ်မဟုတ် အတည်ပြုပေးဖို့၊ အတည်ပြုချက်ရရင် ကျွန်တော်ချက်ချင်းလိုက်နိုင်ဖို့ နီးစပ်ရာ flight လမ်းကြောင်းတွေက အစ စီစဉ်ပေးပါ ခုချက်ချင်း"
"ချက်ချင်းဆောင်ရွက်လိုက်ပါ့မယ် CEO"
ကလေးငယ် သတင်း ကြားမိချင်း အဆမတန်ခုန်နေသောရင်ကို ဖိထားရင်း အိမ်တော်ကိုသာ ပြန်လာမိတယ်။ အတည်ပြုချက်ရရင် ချက်ချင်းလိုက်နိုင်ဖို့ အပါးတို့ဆီ အကျေိုးအကြောင်းပြောခဲ့ချင်တယ်၊ တာဝန်ယူထားရတဲ့ အလုပ်တွေကို သက်ဆိုင်ရာ လူတွေထံ အပ်ခဲ့ပြီးကလေးငယ်ဆီ လိုက်နိုင်အောင်စီစဉ်ရမည်။ အကယ်၍ အတည်ပြုချက်က မဟုတ်ခဲ့ရင်လည်း ကိုကို ထပ်ရှာနေအုံးမှာ၊ အတည်ပြုချက်ကသာ ကိုယ်အတွက် အက္ခရာမို့ ကိုယ် စက္ကန့်တိုင်း မှာ မျှော်လင့်ချက်တိုင်းက ပျော်ရွှင်မူအတိ။ ကလေးငယ် ကိုကို မြင်ရင် ဘယ်လိုနေရမလဲ ဆိုတဲ့ အရာတွေးမိတိုင်း အနားက နံရံက်ိုသာ ခေါင်းပစ်တိုက်ချင်မိတယ်။ ကိုယ်ကိုမြင်ရင် ဘယ်လိုတုန့်ပြန်မယ်ဆိုတာ မတွေးရဲဘူး၊ ခုလောလောဆယ် အတည်ပြုချက်က အရေးကြီးနေတယ် ။
"အပါး..မား...သား ၊ ကလေးငယ် သတင်း သိခဲ့ရပြီ "
"ဟေ...သား..သားငယ် သေချာသလား၊ ဘယ်နေရာမှာလဲ၊ ဘယ်မြို့မှာလဲ၊ သားငယ်လေးဟုတ်ရဲ့လား အပါးတို့လိုက်ကြမလား ၊ မင်းမားမားသိရင် ဘယ်လောက်ပျော်နေရှာမလဲ "
"ခဏ ..အပါး...သားလူတွေ ခုလွတ်ပြီး စုံစမ်းခိုင်းထားတယ် ၊ အတည်ပြုချက်ရရင် သားချက်ချင်း အိမ်တော်က Jet နဲ့ ချက်ချင်းလိုက်မယ် ...မားကို မပြောပါနဲ့အုံး အပါး..အတည်ပြုချက်ရမှာ သားတို့ပြောကြအောင်..အကယ်၍မဟုတ်ခဲ့ရင်....."
" ဘာမှမဖြစ်ဘူးသား မဟုတ်ခဲ့လည်း အပါးတို့ဆက်ရှာလို့ရတယ် ၊ အပါးတို့ငွေ ဘယ်လောက်ကုန်မလဲ ကုန်ပါစေသား....အိမ်တော်ကမိသားစုဝင်အတွက် အပါးအကုန် သုံးပစ်နိုင်တယ်...သားက စိတ်ထိမ်းပါ...အကောင်းဆုံးတွေလာတော့မှာမို့ ...သားက သာမာန်ပေးပါ ဘယ်လိုရလဒ်မျိုး ရနေပါစေ...သားကိုယ်သား..ထိမ်းနိုင်ပါစေ"
"ကျေးဇူးပါ အပါး....သား အမှားတွေအားလုံးကို ဝန်ချတောင်းပန်မယ်၊သား..ကလေးငယ်ကို မရရအောင် တောင်းပန်မယ် အပါး "
အဆင်ပြေမှာပါ သားရယ်ဆိုပြီး ကျွန်တော်ပုခုံးကိုပုတ်ပြီး အပါးကအားပေးနေရှာသည်။ ကျွန်တော်ကြောင့် အပါးတို့၊ မားမားတို့လည်း စိတ်ထိခိုက်ရပြီ ၊ ကျွန်တော် အတ္တအမှားကြောင့် ကျွန်တော်မိဘ၊ သူငယ်ချင်းတွေ၊ ကလေးမိသားစုတွေ အကုန်ကွဲကျေခဲ့ရပြီ။ အားလုံးက ကိုယ်အမှားတွေပါ ကလေးငယ်ရှေ့ မျက်နှာပြရဲဖို့တောင် မဝင့်ရဲပါဘူး ။ ကလေးတို့သားအဖ ကို အသည်းအသန်ရှာဖွေနေမိပေမယ့်တဖက်ကလည်း ကိုယ်ကိုကိုယ် သိမ်ငယ်စိတ်တွေ ၊ ကိုယ်အမှားတွေကြောင့်ဆိုတဲ့ အားနာမူတွေ ရင်ထဲအပြည့်။ ကလေးငယ်တို့သားအဖရှေ့ ကိုယ်ဘယ်လို မျက်နှာမျိုး ပြရမလဲ ၊ ကိုယ်ဘယ်လိုပုံစံနဲ့ တွေ့ခွင့်တောင်းရမလဲ၊ ဘယ်လိုမျက်နှာထားနဲ့ တောင်းပန်ခွင့် ယူရမလဲ၊ ဘယ်လိုပုံစံနဲ့ ကလေးငယ်တို့သားအဖ ကို တောင်းပန်ရမလဲ ကိုယ်အတွေးထဲ သိမ်ငယ်စွာ၊ ရှက်ရွံ့စွာ အတွေးဖြင့်ပူလောင်နေရပြီ။
၄နှစ်နီးပါး ကြာသွားတဲ့ကာလတွေမှာ ကလေးငယ် ပိန်နေမလား၊ ကိုယ်တို့ရင်သွေးလေးက ဘာလိုလေးလဲ။ ကိုယ်က ရင်သွေးလေးကို မလိုချင်ဘူးလို့ ကလေးငယ်များ ပြောနေမလား၊ ကိုယ့်ရင်သွေးလေးကရော ကိုယ်ကို မုန်းတီးနေမလား။ ကိုယ့်ကနှောင်ကြိုးတွေ မလိုချင်လို့ ပြောပြီး ပေးခဲ့မိတဲ့ဆေးတွေကြောင့် ကလေးငယ်တို့သားအဖ ကိုယ်ကို မုန်းတီးနေမလား !မင်းအဖေက မင်းကိုလိုချင်တာ မဟုတ်ဘူး! လို့တော့ မပြောပါနဲ့ကလေးငယ်၊ ဘာလေးမှန်းမသိရသေးပေမယ့် ကိုကို ချစ်တယ်၊ ကိုကို့ရင်သွေးလေးက ဘာလေးနေနေ၊ ဘယ်လိုပုံစံလေးနေနေ ကိုကိုချစ်မှာ။ ကိုယ်ကို မမုန်းတီးလိုက်ပါနဲ့အုံး၊ ပြန်လည်ပြင်ဆင်ခွင့်လေးပေးပါအုံး ၊ တောင်းပန်ခွင့်လေးပေးပါအုံး ကလေးငယ်ရယ်။ ဒီကိုကို ပြုခဲ့ဖူးတဲ့အမှားတွေကို ပြန်လည်ပြင်ဆင်ခွင့်လေးပေးပါ၊ တောင်းပန်ခွင့်ပေးပါ၊ ကလေးငယ်တို့သားအဖနား နေခွင့်လေးပေးပါ ။
"ကလေးတို့ သားအဖ ကို စောင့်ရှောက်ခွင့်လေးပေးပါကွာ၊ ကိုယ့်အမှားတွေအတွက် ပြန်လည်ပြင်ဆင်ခွင့်လေးပေးပါ ကလေးငယ်ရယ် ကိုကို တောင်းပန်ပါတယ် "
အချိန်ကာလ မည်မျှ ကြာသည်မသိခဲ့ အလွတ်ရ အာဂုံဆောင်နေသော စကားလေးက "ကိုယ်တောင်းပန်ပါတယ်၊ ပြန်လာပါတော့" ဟူသော စကားကို နေရာအနှံ့၊ အချိန်တိုင်း ပြောနေမိသည်။ ကလေးငယ် သတင်းလေး အမှန်ဖြစ်ပါစေ ဆုတောင်းစကားသံတွေ အက်ကြောင်းထပ်ပြီး ရင်တွင်းနေရာပြည့် တောင်းဆုပြုနေမိသည်။ လိုအပ်သည်မရှိ ယူစရာ မကျန်ရလေအောင် ပစ္စည်း အမျိုးအမည်စုံအောင်ထည့်ရင်း လူယုံတချို့ဆီက အတည်ပြုသံကိုသာ မျှော်လင့်ရင်း အသက်ရူနေရသည်။ အိမ်တော်မှာ အဆင်သင့်ပြင်ထားသော ခရီးစဉ် ယာဉ်တချို့မှာလည်း မောင်နှင်းသူက အဆင့်ဆင့်၊ ထက်ပိုင် လိုက်ခဲ့ရမလား အမေးစကားကို ပြန်မဖြေမိဘဲ အတည်ပြုသံဆီကိုသာ နားစွင့်နေမိသည်။ ဘုရားတပည့်တွေ မိုက်ပြစ်တွေအတွက် တောင်းပန်ခွင့်၊ တောင်းခံခွင့်ပေးတော်မူပါ ဟူသော ပွင့်ပြီးကုန်လေတဲ့ ဘုရားရှင် အဆူဆူ ဆီမှာဆုတောင်းနေမိသည်။ အပါးလည်း မားမားကို ကလေးငယ်တို့အကြောင်း ပြောပြဖို့ပြင်ဆင်နေရောပေါ့ ၊ ကလေးငယ်သူငယ်ချင်းတို့လည်း နောက်က ထပ်ကြပ်မကွာ လိုက်မယ်ဆိုတာ ကိုကို ယုံတယ် ကလေးငယ် အပေါ်သူက သံယောဇဉ်ကြီးခဲ့တာကိုး။ ကိုယ်ကသာမှားယွင်းစွာ ဆက်ဆံမိခဲ့တာ ၊ ကိုယ်ကသာ ယုတ်မာခဲ့တာ ၊ ကိုယ်သာလျှင် လူမဆန်စွာ ဆက်ဆံမိခဲ့တာပါ ကလေးငယ်လေးရယ်။
တီ~ တီ
ဆက်တိုက်ဝင်နေသော ဖုန်း အဝင် call လေးကို ကြောက်လန့်စိတ် အပြည့်ဖြင့် ကိုင်ဖို့ရာ တုန်ရီမောဟိုက်နေပြီ။ ကြောက်တယ် ကလေးငယ် အတည်ပြုသံ မဟုတ်ခဲ့ရင် ကိုယ် ယိုင်လဲရလိမ့်မည်။ ကြောက်နေမိတယ် ကလေးငယ် အတည်ပြုသံ အမှန်ဟုတ်ခဲ့ရင် ကလေးတို့ဆီ ကိုယ်အလာ ကလေးငယ် ကိုယ်ကို မုန်းတီးနေမလား မသိစိတ်နဲ့။
"Hello ..."
(...............)
" အေး...စောင့်ကြည့်နေပေး ၊ ငါ ခုချက်ချင်း ထွက်ခဲ့မယ့် အဲ့အိမ်ပတ်ဝန်းကျင်အနှံ့ သက်တော်စောင့်တွေ ချထားပေး ငါ့သားနှင့် ငါ့အမျိုးသားကို ဘာခြစ်ရာ ထင်ရာ မရှိစေနဲ့ .ငါချက်ချင်းလာနေပြီ "
(...............)
ဟာ....တွေ့ပြီ။ ကိုယ့်ဘဝလေးကို ပြန်တွေ့ပြီ၊ ကိုယ် အနာဂတ်လမ်းတွေ ပြန် အသက်ဝင်တော့မယ် မောဟိုက်တုန်ရီနေသော ရင်အစုံကို ဖိရင် ..အပါးတို့ရှိရာနေရာဆီသို့ ။ အိမ်တော်မှာ လှေခါး ဘယ်နှစ်ထစ် ရှိမယ်မသိခဲ့ ချော်ကျမလား မတွေးမိ၊ ပြုတ်ကျသွားမလား မတွေးမိ ။ ဒုန်းစိုင်း ပြေးဆင်းလာသော ကျွန်တော်ကို အိမ်တော်က လူတွေက အံ့ဩစွာ မော့ကြည့်နေသည်ကို မမြင်မိ။ ရှည်လျားလှသော လှေခါးကြီးကို ခွကျော်ကာ ခွ၊ ကျော်သည်က ကျော်မိ ပြေးဆင်းမိခဲ့ပြီ၊ ပါးစပ်မှာလည်း အဆက်မပြတ် အပါး အမည်အော်ခေါ်၍ မျက်ရည်များ ကို လွတ်လပ်စွာ စီးဆင်းခွင့်ပြုလိုက်မိခဲ့ပြီ။ ဘဝမှာ အပျော်ဆုံးအချိန်ထဲက အထူးခြားဆုံးကို ပြသပါဆိုရင် ခုလို ကလေးငယ်တို့ သတင်းကြားမိခြင်း၊ သားဦးလေးရဲ့ ဖခင်ဖြစ်ရခြင်းဆိုတဲ့ မာန် တက်ပြီး ပျော်ရတဲ့အပျော်က ဖခင်တစ်ယောက်မှာ ရှိသည့်တယ်မဟုတ်ပါလား။
"အပါး....မား....ကလေးငယ်တို့သားအဖ ကို ..တွေ့...တွေ့ပြီတဲ့...နောက်ပြီ....သား...သားလေးတဲ့အပါး....သားကလေးက သားဦးတဲ့..အပါး...ဟီး...........ကယ်ပါအုံး အပါး...သား..ပျော်လွန်းလို့"
"သားငယ်....အတည်ပြုချက်ရပြီလား၊ ..ပါးတို့အိမ်တော်မှာ မျိုးစက်ရပြီး ဆက်ခံရမယ့် မြေးဦးရပြီပေါ့ဟုတ်လား...သားငယ်.၊ သားကြီး လာပါအုံး...အပါးကို ဖြေကြပါအုံး "
"ဟုတ်တယ်တဲ့ပါး ...Jackson ခရီးသွား ဂရုစိုက်ပါ ဟိုမှာ အကျိုးအကြောင်း ကြည့်ပြီးမှ ညီလေးတို့သားအဖ နား ကပ်ကြည့်ပါ ၊ တွေ့တွေ့ချင်း အရမ်းအလောတကြီး ကပ်မိရင် သူတို့ ပြန်ပျောက်သွားလိမ့််မယ် ငါပြောတာ သဘောပေါက်လား ၊ငါ ဒီကနေ အကုန်စီစဉ်ပြီး လူထပ်လွတ်လိုက်မယ် Jackson က အခြေအနေကိုကြည့်ထိမ်းပြီး ငါပြောသလ်ု လိုက်လုပ်ပေးရုံပဲ ၊ သဘောပေါက်လား မင်းစိတ်ကို အရင်ငြိမ်အောင်ထိမ်းပါ ...အိမ်တော်ကိုစိတ်မပူပါနဲ့ အပါးတို့ ငါတို့အားလုံး အိမ်တော်ကနေ မင်းမိသားစုနဲ့ပြန်လာမယ့်အချိန်ကို မျော်နေမယ် ....ကံကောင်းပါစေ ငါညီရာ...."
Jack ပြောသမျှတွေ ခေါင်းညိတ်မပြတ်ခဲ့ မပြတ်စီးနေသော အပျော်လွန်လို့ကျတဲ့မျက်ရည်တွေကို မသုတ်ဘဲ ကျစေခဲ့တယ်။ နာကျင်ခဲ့ရသမျှ ၊ လွမ်းနေခဲ့ရသမျှ ၊ တောင်းပန်နေချင်ခဲ့ရသမျှ အကုန် အကော်အထည်ဖော် လုပ်နိုင်တော့မည်။ ကျွန်တော် အမှားအယွင်းတစ်ခုမှ မဖြစ်အောင် သေချာကိုင်တွယ်ဖြေရှင်းရမည် နှလုံးသားတစ်ခု၊ ဘဝတစ်ခုလုံးနှင့်ရင်းပြီး ကလေးငယ်တို့သားအဖကို ပြန်စောင့်ရှောက်ခွင့် တောင်းခံယူမည်။ လိုအပ်သည်ဆိုတာ မရှိရလေ အောင် နေထိုင်စေမည် အနာဂတ် လမ်းကြောင်းပေါ်မှာ ပျော်ရွှင်ရတော့မယ့် အချိန်လေးကို ပိုင်ခွင့်ရဖို့ကြိုးစားတော့မည်။
မရပ်မနားသွားနေသော စိတ်ဆောင်ပြီး အားခဲထားသောခရီးမို့ အချိန်မည်မျှကြာခဲ့လဲ မနက်၊ နေလည် ဘယ်ချိန်လဲကျွန်တော်မသိခဲ့။ ခရီစဉ်တစ်လျှောက်လုံး မျက်လုံးကိုမှိတ်လို့ ပေါ်လာခဲ့မိသော အတိတ်က ကိုယ့်လုပ်များကြောင့် အသက်ဖြောင့်ဖြောင့်မရူရဲခဲ့၊ ပြန်တွေ့ခဲ့ရင် မည်သည်ကို စ၍ပြောရမည်လည်း တွေ့တွေ့ချင်း ထွေးပွေ့ချင်စိတ်က မျောက်မီးခဲကိုင်သလို ခြေမကိုင်မိ၊ လက်မကိုင်မိ အတိဒုခ။ ထွေ့ပွေ့ချင်တိုင်း ထွေးပွေ့ခွင့်မရသော အတိတ်ဆိုးများ၊ မြင်မြင်ချင်း တောင်းခံယူချင်မိတာ တောင်းပန်ခွင့်လွှာ ရဖို့ ၊ လွယ်ပါ့မလား ကျွန်တော်ထင်သလို လွယ်ပါ့မလား။ ဘာတွေကိုရင်ဆိုင်ပြီး ဘယ်လိုတွေကြုံရအုံးမလဲ၊ ကိုယ်ကို မုန်းနေခဲ့လျှင် ကောင်းမည်။ အမုန်းထက် ကျော်လွန်တဲ့ဆီသ်ု့ ရောက်မသွားစေဖို့ ဆုတောင်းမိသည်။
" ချစ်ခဲ့မိလို့ မုန်းတာ အချစ်၊ အမုန်း သံသရာမှာ အချစ်ကြောင့် အမုန်းရှိနိုင်သလို၊ အမုန်းကြောင့် တဖန်ပြန်ပြီး ချစ်ပြန်ရနိုင်သည် မဟုတ်ပါလား ဒါဆို 'အချစ်၊ အမုန်း သံသရာ 'တို့အလွန်က ဘာတွေရှိနိုင်လဲ ဘယ်အရာတွေက ကျွန်တော်ကြိုးစားအားထုတ်မူကို ခက်ခဲစေနိုင်မည်လဲ။ ကလေးငယ် လက်ကိုင်ထားတဲ့ ကိုကို အတွက် သံသရာ အစကြိုးက ဘာလဲ။ အမုန်းဆိုရင် ကိုယ်အချစ်တွေနဲ့ တိုက်ဖျက်ဖို့ကြိုးစားမည်။ ကလေးငယ် နာကျည်းနေရင် ပေးနိုင်သမျှ အချစ်တွေ အကုန် ဖြည့်တင်းလို့ နာကျည်းမူကို ကျော်လွှား စေမည်။ ကလေးငယ် မုန်းသည်၊ နာကျည်းသည် ဆိုလျှင် ကိုယ်ကြိုးစားဖို့ လမ်းစ ရှိနေအုံးမည်။ လျစ်လျူရူခြင်း သင်ခန်းစာမှာ ကြိုးစားမူ လမ်းမရှိ။ အချစ်မရှိ၊ အမုန်းမရှိ သိသရာ မရှိ မြင်သည်ကိုမြင်သည် ကြားသည်ကို ကြားသည် ခံစားမူ ရသ ဘာမှမရှိသော နတ္တိ။ အချစ်၊ အမုန်းသံသရာ အလွန်က အလွှာပါးလေးတစ်ချပ်က ' ဥပေက္ခာပြု၊ လျစ်လျူရူခြင်း ' ကိုတော့ ကိုယ်ကိုမပေးပါနဲ့ ။ ကိုယ်အကြောက်ဆုံး ၊မလိုချင်ဆုံးသောအရာမို့ ကလေးငယ် မပေးပါနဲ့ ။
"CEO ရှေ့က အိမ်ကလေးက ကောင်းပြည့်လေးတို့ သားအဖ လက်ရှိနေထိုင်တဲ့ အိမ်လို့သိရပါတယ် "
" အချိန်ဘယ်လောက်ရှိပြီလဲ"
"မနက် ၄နာရီကျောပါ CEO "
ဒီအိမ်လေးတဲ့လား ၊ ဒီခြံသေးသေး၊ အိမ်သေးသေးလေးမှာ ကလေးငယ်တို့ သားအဖ နေသည်တဲ့လား ။ ရင်နာစွာ ကိုယ်ကိုကိုယ် ရိုက်သတ်ချင်မိတယ်၊ ကိုယ်လိုလူယုတ်မာက စံအိမ်တမျှ ကြီးကျယ်မြင့်မြတ်တဲ့နေရာမှာ နေပြီ၊ အပြစ်ကင်းလှတဲ့ ကလေးတ်ု့သားအဖ က ဒီနေရာ ဒီအိမ်သေးလေရမှာနေနေရသည်တဲ့လား။ ကိုယ့်အမှားတွေကြောင့် ကလေးတို့သားအဖ ဒုခအတိပါ့လားကွာ ။ ကိုယ်မိုက်ပစ်တွေပါ ၊ ကိုယ်အမှားတွေပါ ။ ကိုယ် ကလေးတို့ရှေ့ မျက်နှာပြဖို့ မဝင့်ရဲပါဘူး ။
ကလေးတို့ မျက်နှာလေး မြင်ရရင် ကျေနပ်ပါပြီ စိတ်ကို အားတင်းပြီး ဒီအိမ်သေးလေးရှေ့ မှာ ဆေးလိပ်သောက်ရင်း စောင့်နေမိသည်။ ကလေးတို့မျက်နှာလေး မြင်ရဖို့ အချိန်တွေရေတွက်ရင်း ၊ ကိုယ်အမှားတွေအတွက် သိမ်ငယ်မိစွာ ဒီအိမ်အိုလေးထဲက သားအဖ နိုးထမည့်အချိန်ကို အဝေးက ငေးကြည့်ရင်း။
———————————————————————+—————————————————————
#မမ အတွက် vote ပေးခဲ့ဖို့မမေ့နဲ့နော်
#Thanks for all
——————————————————————-
zawgyi
" အစ္ကို..."
မောင်ကို။
(.......)
"ဘယ်.....ဘယ်မြို့မှာလဲ......Dr..."
"အစ်ကို...ပြန်ရအောင်....."
တီ~ တီ
"Hello ..."
(...............)
(...............)
"ဟုတ်တယ်တဲ့ပါး ...Jackson ခရီးသွား ဂရုစိုက်ပါ ဟိုမှာ အကျိုးအကြောင်း ကြည့်ပြီးမှ ညီလေးတို့သားအဖ နား ကပ်ကြည့်ပါ ၊ တွေ့တွေ့ချင်း အရမ်းအလောတကြီး ကပ်မိရင် သူတို့ ပြန်ပျောက်သွားလိမ့်မယ် ငါပြောတာ သဘောပေါက်လား ၊ငါ ဒီကနေ အကုန်စီစဉ်ပြီး လူထပ်လွတ်လိုက်မယ် Jackson က အခြေအနေကိုကြည့်ထိမ်းပြီး ငါပွောသလျု လိုက်လုပ်ပေးရုံပဲ ၊ သဘောပေါက်လား မင်းစိတ်ကို အရင်ငြိမ်အောင်ထိမ်းပါ ...အိမ်တော်ကိုစိတ်မပူပါနဲ့ အပါးတို့ ငါတို့အားလုံး အိမ်တော်ကနေ မင်းမိသားစုနဲ့ပြန်လာမယ့်အချိန်ကို မျော်နေမယ် ....ကံကောင်းပါစေ ငါညီရာ...."
"မနက် ၄နာရီကျောပါ CEO "
+
#Thanks for all
Continue Reading
You'll Also Like
111K 6.9K 19
ဆရာဝန်လေးတစ်ယောက်က အတိတ်ဆိုးတွေရှိနေတဲ့ အိမ်ကြီးရောက်သွားတဲ့အခါ... ဘယ်လိုအန္တာရာယ်တွေ တွေ့လာမလဲ။ ဘယ်လောက်ကြောက်စရာကောင်းနေမလဲ။ "လင်းနစ်နဲ့ အဲ့လောက်တူ...
285K 9.2K 67
ကို့ကို 'မောင်' လို့ တစ်ခေါက်လောက်ခေါ်ကြည့်ကြည့်ပါလား မင်းလေးရယ်
92.9K 5.3K 22
"ခင်ဗျားလေးက ကဝေပျိုလေးပဲ" "ဘာဖြစ်လို့လဲ မောင်" "ခင်ဗျားလေးကိုပဲ ချစ်တတ်အောင် မောင့်ကိုပြုစားထားလို့လေ " "ကျုပ်ကဒါဆို မောင့်ရဲ့ ထာဝရ ကဝေပျို ငယ်လေးဖြ...
555K 25.9K 61
ပထမဆုံး အရေးအသားမို့လို့ အမှားပါရင်လည်းဝေဖန်ပေးကြပါ။ ပထမဆုံး အရေးအသားမို့လို့ အမှားပါရငျလညျးဝဖေနျပေးကွပါ Started date -29.1.22( Saturday) Ending date...