သေးငယ်တဲ့ ဆိုင်ရဲ့ပိုင်ရှင် က အရပ်ရှည်ပြီ းသန်မာတယ်၊ သူ ရှဲ့စန်းရဲ့ ခုံဘေးမှ ာလာရပ်နေတာ က ရှဲ့စန် းအတွက် ဖိအားများစေတယ်၊ ရှဲ့စန် းသူ့လက် ကို ဝှေ့ယမ်းလိုက်ပြီ
" မဟုတ်ဘူး၊ မဟုတ်သေးဘူးနော်၊ အစ်ကိုကြီး ကျွန်တော်က ရိုးသားပါတယ်၊ တစ်ခြားလူတွေ ကို မရှာပါဘူး အဆင်ပြေပြီလား။"
သူဌေးက သူ့ကို မျက်မှောင်ကြုပ်ကာ အပေါ်အောက် တစ်ချက်ကြည့်ပြီ
" မင်း liveလွှင့်နေတာလား "
"ဟမ်" ရှဲ့စန်း သူ့ရဲ့ ရုတ်တရက် မေးလိုက်တဲ့ မေးခွန်းကြောင့် ကြောင်သွားတယ်၊ သူဌေးရဲ့ အတွေးတွေ က အရမ်းထူးဆန်းတာပဲ၊
"မဟုတ်ပါဘူး၊ ကျွန်တော်က နေ့လည်စာစားဖို့အတွက် ဖြတ်သွားရုံပါ"
"သူ liveလွှင့်နေတာလို့ ငါ ထင်တာပဲ၊ ဒါအရင်တုန် းက နာမည်ကြီးသွားတဲ့ videoမဟုတ်ဘူးလား "
"ငါလည်း အဲ့ဒီလိုပဲ ထင်တယ်"
ရှဲ့စန်း အံ့အားသင့်သွားတယ်၊ စားသုံးသူတွေ က သူ့ကို လက်ညှိုးထိုးပြီး ပြင်းပြင်းထန်ထန် ဝေဖန်နေကြတယ်၊ သူ နားစွင့်ပြီး နားထောင်ကြည့်လိုက်တဲ့ အချိန်မှာ သူတို့ ဘာကြောင့် သူ့ကို liveလွှင့်တယ် ထင်နေလည်း နားလည်သွားတယ်။
လွန်ခဲ့တဲ့ နှစ်ရက်လောက် က နာမည်ကြီးlive streamer တစ်ယောက် က ရှင်းချန်မှာ ရှိတဲ့ လူတွေကို ဆွဲဆောင်ဖို့ videoတစ်ခု တင်ခဲ့တယ်၊ videoထဲမှာ သေးငယ်တဲ့ ဆိုင်လေးကို ရှာပြီး အစားအစာ မှာခဲ့တယ်၊ သူတို့ အစားစားပြီးတဲ့ အချိန် သူဌေးကို အော်ပြောခဲ့တယ် "သူဌေး အချိုတည်းဖို့ အသီး တစ်ပန်းကန်လောက်ပေးပါ" အဲ့ဒီ့စကား က သူဌေးကို မူးမေ့သွားစေရုံမကဘဲ ပရိသတ်တွေကိုပါ ကျယ်ကျယ်လောင်လောင် ရယ်မောသွားစေခဲ့တယ်။
ရှဲ့စန်း အကြောင်းပြချက် ကို သိပြီးတဲ့နောက်မှာ ပိုရှုပ်ထွေးသွားခဲ့တယ်၊ ဒါက ရယ်စရာပါလို့လား။
" Liveလွှင့်နေတာလား သိရအောင် မင်းရဲ့ ဆက်သွယ်ရေး ကိရိယာ ကို ကြည့်ပါရစေ "သူဌေး က ပြောလာခဲ့တယ်
ရှဲ့စန်းက သူ့လက်ဗွေရာနဲ့ ဖွင့်ပေးပြီး ဆက်သွယ်ရေး ကိရိယာ ကို ကမ်းပေးလိုက်တယ်၊
"ကြိုက်သလိုစစ်လို့ရပါတယ်"
သူဌေး ယူလိုက်ပြီး သူliveလွှင့်တဲ့ sofeware ဖွင့်၊ မဖွင့်၊ live လွှင့်၊မလွှင့် သေချာအောင် စစ်ဆေးလိုက်တယ်။ သူ့မျက်နှာ အမူအယာ က ပိုကောင်းလာပြီး သူ့လက် ကို ရှဲ့စန်း ပုခုံးပေါ် တင်လိုက်ကာ
"လူငယ်လေး စိတ်မ ပူပါနဲ့၊ ငါ ပိုက်ဆံ တောင်းမလို့ မဟုတ်ပါဘူး၊ မင်း ထမင်းစားချင်ရင် မီတာတစ်ရာအကွာမှာရှိတဲ့ စျေးကြီးတဲ့ စားသောက်ဆိုင်မှာ ရောင်းတယ်၊ မင်း စောစော သွားမယ်ဆိုရင် နည်းနည်းလောက်တော့ ဝယ်လို့ရမှာပါ"
ဒီဟာက ထမင်းလေးပဲ မဟုတ်ဘူးလား၊ စျေးကြီးတဲ့ စားသောက်ဆိုင်နဲ့ ထမင်းနဲ့ ဘယ်လို ဆက်သွယ်မှုရှိလဲ သူ မစဥ်းစားတတ်တော့ဘူး၊ သူ ပိုပြုံးပြပြီး ခေါင်းညိတ်လိုက်တယ်၊
"အင်း ၊အစ်ကိုကြီး ကျွန်တော်နားလည်ပါပြီ၊ မင်း အလုပ်များနေတာ မဟုတ်ဘူးလား၊ မင်း သွားသင့်ပြီ"
သူ နေ့လည်စာဘူးထဲ က အသားကို ညွှန်ပြပြီး လက်မထောင်ပြလိုက်တယ်၊
"အဲ့ဒါက အရမ်း အရသာရှိတာပဲ"
သူဌေး နည်းနည်း ပြုံးသွားတယ်၊ သူက မကြာခဏ လာစားဖို့ပြောပြီး အလုပ်လုပ်ဖို့ ပြန်သွားခဲ့တယ်။
ရှဲ့စန်းက အသားပဲပါပြီး ဟင်းသီးဟင်းမပါတာ ဘာကြောင့်လဲလို့ မမေးရဲတော့ဘူး၊ သူ အသားတွေ အကုန်စား ရေတစ်ခွက် သောက်ပြီး ဆိုင်ကနေ ထွက်လာခဲ့တယ်။
ရှဲ့စန်း သူ နေထိုင်တဲ့ နေရာကို စစ်ကြည့်ပြီး ၊လွန်းပျံယာဥ်နဲ့ အရင်ခန္ဓာကိုယ် ပိုင်ရှင်ရဲ့ တိုက်ခန်းကို ပြန်လာခဲ့တယ်။ တိုက်ခန်းက ဝေးလံတဲ့ နေရာမှာရှိတယ်၊ တစ်ထပ်ဆီမှာ စတုရန်းပေ ၇၀လောက် ကျယ်တဲ့ အဆောက်အဦး နှစ်ခု သီးခြားစီရှိနေတယ်၊ လက်ဗွေရာသုံးပြီး ချောမွေ့စွာနဲ့ အထဲ ဝင်လာခဲ့တယ်။
နေရာအနှံ့ လိုက်ကြည့်ပြီးတဲ့ နောက်မှာ ဆိုဖာမှာ ထိုင်ပြီးတော့ ဒီကမ္ဘာက အချက်အလက်တွေ သိရှိအောင် ရှာဖွေခဲ့တယ်
သူ ရောက်နေတဲ့ နေရာက ဘရန့်ထ်ဂြိုလ်လို့ ခေါ်တယ်၊ သားရဲဂြိုလ်မှာ အဓိကမြို့ကြီး (၃)မြို့က ရိချန် ၊ ယွဲ့ချန် ၊ ရှင်းချန် ဆိုပြီး ရှိတယ်၊ သားရဲဂြိုလ်ကို တည်တဲ့သူတွေ က သားရဲတွေဖြစ်ပြီး တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲ လာပြီးနောက်မှာ သားရဲပုံစံကနေ လူပုံစံ ပြောင်းနိုင်လာခဲ့တယ်၊ သားရဲတွေဟာ ဂုဏ်သိက္ခာရှိတဲ့ ယဥ်ကျေးမှု ကို တည်ထောင်ခဲ့တယ်၊ အခု အဓိက မြို့ကြီး ၃ မြို့ဟာ အရင်တုန်း က မျိုးနွယ်စု ၃စု ဖြစ်ခဲ့တယ်၊ အချိန်များစွာ ကြာပြီးတဲ့နောက်မှာ သားရဲတွေ က လူပုံသဏ္ဌာန်ပဲ ရှိပြီး သားရဲပုံသဏ္ဌာန် ပြန်မပြောင်းနိုင်ကြတော့ဘူး။
သားရဲပုံသဏ္ဌာန် ပြန်မပြောင်းနိုင်တော့ပေမယ့် ကမ္ဘာပေါ်က လူတွေနဲ့ မတူကွဲပြား ဖြစ်နေသေးတယ်။
သားရဲလူသားတွေက ၁၆နှစ်မှာ ကောင်းကောင်း ကြီးပြင်းလာပြီး ၁၈နှစ်ဆိုရင် အရွယ်ရောက်တယ်၊ ပြောရရင် အသက် ၁၆နှစ်မှာ ဆက်နွယ်သားရဲ နိုးထလာလိမ့်မယ်၊ သမိုင်း မှတ်တမ်းတွေ အရ ဆက်နွယ်သားရဲ ဆိုတာ သားရဲနတ်ဘုရားကနေ သူ့မျိုးဆက်တွေကို ပေးတဲ့လက်ဆောင်တဲ့။
ယောက်ျားလေး ဆိုရင် ရင်ဘတ်မှာ သားရဲပုံစံရှိပြီး အများစုဟာ ရက်စက်တဲ့ သားရဲတွေ ဖြစ်တယ်၊ မိန်းကလေး ဆိုရင် ဘယ်ဘက်ပုခုံးမှာ သားရဲပုံစံရှိပြီး အများစုက သေးငယ်တဲ့ သားရဲလေးတွေ ဖြစ်တယ်။
သားရဲပုံစံတွေက သားရဲနတ်ဘုရားကနေ ပေးထားတဲ့ လမ်းညွှန်ချက် ဖြစ်တယ်၊ သားရဲဂြိုလ်မှာရှိတဲ့ လူတွေက သားရဲပုံစံ ကို ကြည့်ပြီး ကိုယ်နဲ့ ကိုက်ညီတဲ့ ဆက်နွယ်သားရဲ ကို ရှာဖွေနိုင်တယ်၊ ဆက်နွယ်မှု ၅၀ ရာခိုင်နှုန်းထက် များမယ်ဆိုရင် သားရဲနဲ့ ဆက်နွယ်လို့ရတယ်၊ ဆက်နွယ်သားရဲဟာ သခင်အတွက် သစ္စာအရှိဆုံး ပါတနာ ဖြစ်လာပြီး သခင်ရဲ့ စွမ်းရည်တွေကို တိုးတက်စေလိမ့်မယ်။
ဖွံ့ဖြိုး တိုးတက်လာစဥ် အတွင်း သားရဲဂြိုလ် ပတ်ဝန်းကျင်ဟာ တဖြည်းဖြည်း ဆိုးရွားလာခဲ့တယ်၊ လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင်ကျော်လောက် က ကြီးမားတဲ့ ဘေးအန္တရာယ်ကြီး ပေါ်ပေါက်လာခဲ့ပြီး စားလို့ရနိုင်တဲ့အပင်တွေ ပျောက်ကွယ်လုနီးပါး ဖြစ်သွားတယ်။
ဒီနေ့ သားရဲဂြိုလ် ပတ်ဝန်းကျင် က အခုထိ ဆိုးရွားနေတုန်းပဲ၊ ဂြိုလ်ပေါ်မှာရှိတဲ့ အပင်တွေရဲ့ ခံနိုင်ရည်အရမ်း သန်မာလာခဲ့တယ်၊ အဓိကမြို့ကြီးသုံးမြို့ အပြင်ဘက်မှာရှိတဲ့ ကြီးမားကျယ်ပြန့်ပြီး လှည့်စားတတ်တဲ့ သစ်တောမှာရှိတဲ့ အပင်တွေဟာ အရမ်း ကြမ်းကြုတ်ပြီး အရမ်း အန္တရာယ် များလွန်းလှတယ်။
ရက်စက် ကြမ်းကြုတ်တဲ့ သစ်တောဟာ သားရဲဂြိုလ်မှာ နေထိုင်တဲ့သူတွေရဲ့ ပစ္စည်း အရင်းအမြစ် ဖြစ်တယ်။ သားရဲဂြိုလ်ဟာ ရှေးကျတဲ့ ခေတ်ကုန်သွားပြီး နည်းပညာခေတ် ကို ရောက်လာခဲ့တယ်။ ဂြိုလ်တွေကြား ကူးကာ ခရီးသွားတဲ့ခေတ် ရောက်လာခဲ့ပေမယ့် သဘာဝတရားကနေ အစာရှာတဲ့ အလေ့အကျင့်ရှိနေဆဲလို့ ပြောနိုင်တယ်။
သမိုင်းမှတ်တမ်းမှာ ရှိတဲ့ ပြဿနာတွေအရ သားရဲဂြိုလ်မှာ စားလို့ရတဲ့ အပင်တွေက မဖြစ်ထွန်းဘူး၊ အထွက်နှုန်း နည်းတယ်၊ အများဆုံး ထွက်တယ်လို့ ပြောလို့ရတာ ဆန်စပါးတစ်မျိုးပဲ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ခါစား သို့မဟုတ် နှစ်ခါစား ထမင်း တစ်ပန်းကန်တောင် အနည်းဆုံး ကြယ်ဒင်္ဂါးပြား တစ်ရာကျတယ်။ စားသောက်ဆိုင် အကုန်လုံးက နေ့တိုင်း အကန့်အသတ်နဲ့ ရောင်းတယ်။ အရင်လာတဲ့လူ အရင်ရတယ်။
အဲ့ဒါကြောင့် ပိုက်ဆံ ရှိရင်တောင် ဆန်ဝယ်ဖို့ မလွယ်ဘူး။ လူတစ်ယောက်စီရဲ့ လုပ်အားခ က ဒင်္ဂါး ၂၀၀ ပဲရှိတယ်။ သာမန်မိသားစုတွေ က ဟင်းသီးဟင်းရွက်နဲ့ အသီးတွေကို ဝယ်မစားနိုင်ကြဘူး။ အပင်အဖွဲ့အစည်းနဲ့ ချိတ်ဆက်ထားတဲ့ ရစ်ချ်supermarket တွေကလွဲရင် တခြားနေရာတွေမှာ ဝယ်လို့မရဘူး။ ရစ်ချ်supermarketတွေတောင် လိုအပ်တာတွေ ကို နေ့တိုင်း မရနိုင်ဘူး။ စျေးနှုန်းက ဝယ်ဖို့ မတတ်နိုင်လောက်အောင် အရမ်းကို စျေးကြီးလွန်းတယ်။
စျေးအပေါဆုံး ရစ်ချ်supermarket တွေမှာတောင် ဂေါ်ဖီထုပ် ပေါင် ၃၀ ကို အကန့်အသတ်နဲ့ တစ်ပတ်တစ်ခါလောက်သာ ရောင်းတယ်။ ဂေါ်ဖီထုပ် တစ်ပေါင်ကိုတောင် ကြယ်ဒင်္ဂါး ၁၀၀၀ပေးရတယ်။
ရှဲ့စန်း အချက်အလက်တွေ ကြည့်ပြီးတဲ့နောက်မှာ ဆိုင်ပိုင်ရှင်နဲ့ စားသုံးသူတွေရဲ့ တုံ့ပြန်မှုကို နားလည်သွားတယ်။ သူ ကြယ်ဒင်္ဂါး ၁၀ပြားပဲသုံးပြီး အသားတစ်ဘူး ရတဲ့ အပြင်ကို သူဌေးဆီကနေ ထမင်း ထပ်တောင်းသေးတယ်။ ကြယ်ဒင်္ဂါး ၁၀၀ရှိရင်တောင် ထမင်း ရဖို့မလွယ်ဘူး။ သူဌေးဘက် က ကြည့်မယ်ဆိုရင် အဲ့ဒါက သူ့ကို ပြဿနာလာရှာနေတာနဲ့ တူတယ်။
သူ့ဆံပင်ကို သူဆွဲဖွမိသွားတယ်။ ဒီဟာက ဘယ်လိုဟာကြီးလဲ။ ကမ္ဘာပျက်ကပ် အတောအတွင်းမှာ သူ့ကိုယ်သူ ဟင်းသီးဟင်းရွက် ဖြစ်လာပြီလို့ ထင်ရတဲ့အထိ ဟင်းသီးဟင်းရွက်နဲ့ အသီးတွေကို စားခဲ့ရတယ်။ အခုတော့ နေ့တိုင်း အသားချည်းပဲ အတင်းကျိတ်မှိတ် စားရတော့မှာလား။
အဲ့ဒီလို တွေးလိုက်မိတဲ့အချိန်မှာ သူ ဆိုဖာပေါ်ကနေ ထခုန်မိသွားတယ်။ အရင်ကမ္ဘာမှာ ဟင်းသီးဟင်းရွက်နဲ့ အသီးတွေ စားနိုင်တာဟာ အပင်စနစ်ကို အမှတ်တမဲ့ ရရှိခဲ့တာကြောင့်ဖြစ်သည်။
"သူ့ရဲ့ အပင်စနစ်"
သူ့နှလုံးခုန်သံတွေ မြန်လာပြီး သူ့အင်္ကျီ ညာဘက် ကော်လာကို ဆွဲချမိသွားတယ်။ ညာဘက် ပုခုံးပေါ် က ပုံစံကို မြင်လိုက်တဲ့အချိန်မှာ သူ့မျက်လုံး က ပျော်ရွှင်မှုတွေနဲ့ တောက်ပလာတယ်။ ဒါပေမယ့် သူမျက်မှောင်ကုပ်မိသွားတယ်။
ပုခုံးပေါ်က ပန်းပွင့်ဟာ သူ့အတွက် အရမ်း ရင်းနီးလွန်းတယ်။ အဲ့ဒါက သူ့အပင်စနစ်ကို သိမ်းဆည်း သယ်ဆောင်ထားတဲ့ ပျိုးနီပန်း ဖြစ်တယ်။ ကမ္ဘာပျက်ကပ်တုန်း က ပန်းအရောင် က ကြက်သွေးရောင် ဖြစ်ပေမယ့် အခုကတော့ အနီ၊ အဖြူ၊ အစိမ်း၊ အမဲနဲ့ အဝါဆိုပြီး အရောင် ငါးရောင် ဖြစ်သွားတယ်။
သူ့လက်ကို ဆန့်ထုတ်ပြီး ပွင့်ချပ်တွေကို ပွတ်လိုက်တယ်။ အပင်စနစ်နဲ့ ဆက်သွယ်ဖို့ ကြိုးစားကြည့်ခဲ့တယ်။ ပါးစပ်က ခေါ်တာဖြစ်ဖြစ် စိတ်ထဲက ခေါ်တာဖြစ်ဖြစ် တုန့်ပြန်မှု တစ်ခုမှ မရရှိခဲ့ဘူး။ သူအပင်စနစ်နဲ့ ချိတ်ဆက်မိတဲ့ အချိန်ကို ပြန်တွေးကြည့်လိုက်တယ်။ မီးဖိုချောင်ထဲ ဝင်သွားပြီး ဘယ်ဘက် လက်ညှိုးကို ဓါးနဲ့ခြစ်ပြီး ထွက်လာတဲ့ သွေးကို ပျိုးနီပန်းပေါ်ကျစေတယ်။
ပျိုးနီပန်းပေါ် ကျလာတဲ့ သွေးစက် ပျောက်သွားပြီး ပွင့်ချပ်တွေ က အရောင် နည်းနည်း ပြောင်းသွားတယ်။ အဲ့ဒါက အလုပ်ဖြစ်တယ်။
("အားစန်း မင်း အသက်ရှင်နေသေးတယ်")
ရှဲ့စန်း သူ့စိတ်ထဲကနေ အမြန်မေးလိုက်တယ်( 'ဒီဟာကို မင်း လုပ်ခဲ့တာလား')
အပင်စနစ် အက်ဒမ် က ပြန်ပြောခဲ့တယ်။ သူ့အသံ က အားနည်းနေသေးပေမယ့် အားရ ကျေနပ်နေတာ ကို ဖုံးကွယ်မထားနိုင်ခဲ့ဘူး။
(' သေချာတာပေါ့၊ အဲ့ဒီအချိန်တုန်း က ငါ့စွမ်းအင်ကို သုံးပြီး မင်းနဲ့ ကိုက်ညီမယ့် ခန္ဓာကိုယ်ကို ရှာခဲ့ရတာ၊ မဟုတ်ရင် မင်း အသက်မရှင်နိုင်ဘူး ')
('ဒီခန္ဓာကိုယ်ရဲ့ အရင်ပိုင်ရှင် က ဘယ်လိုဖြစ်သွားလဲ')
('မင်း စိတ်ပူစရာ မလိုဘူး ခန္ဓာကိုယ်ပိုင်ရှင် က မင်း မလာခင်ကတည်းက သေသွားပြီ')
ရှဲ့စန်းက ထပ်မေးဖို့ ပြင်ခဲ့ပေမယ့် အက်ဒမ် က ဆက်ပြောလာတယ်
('အချိန် ရွေ့ရတဲ့ စွမ်းအားက ပြင်းထန်လွန်းတယ်၊ ငါ့ရဲ့ စွမ်းအင်တွေ ပြိုကွဲကုန်ပြီး ငါ အရမ်း အားနည်းနေတယ်။ မင်းရဲ့ အပင်တွေ မရှိတော့ဘူး။ မင်း ပြန်အသက်သွင်းမှ ရမယ်။ ငါ့ရဲ့ မူရင်း စွမ်းအင်တွေ စုဖို့အတွက် ငါ အနားယူမှရမယ်။ စိတ်မပူပါနဲ့ ၁၂နာရီပြည့်တဲ့ အချိန်တိုင်း ငါ နိုးလာလိမ့်မယ်')
('မင်း အပင် လိုချင်သေးတယ် ဆိုရင် အပင် ရအောင် ကျေးဇူးတင်တဲ့ စွမ်းအင် ကို စုဆောင်းရမယ်။ အပင်တစ်ပင် တိုးလာတိုင်း ငါ တစ်ခါနိုးလာလိမ့်မယ် ')လို့ အသံသေးသေးလေးနဲ့ပြောလာတယ်။
('စကားမစပ်၊ မင်းမှတ်ထားရမှာက မင်းအိပ်နေတာကနေ နိုးလာလို့ ရှစ်နာရီ ကြာပြီးတဲ့အချိန်တိုင်း အနားယူဖို့လိုအပ်တယ်)'
('ဘာဖြစ်လို့လဲ')
သူ အကြိမ်ပေါင်း များစွာ မေးနေပေမယ့် system က ဘာမှပြန်မဖြေခဲ့ဘူး။
ရှဲ့စန်း သွေးထွက်နေသေးတဲ့ လက်နဲ့ ပွင့်ချပ်တွေကို ထိထားပြီး စောင့်နေခဲ့တယ်။ ဒါပေမယ့်ဘာအသံမှမကြားရတဲ့အပြင် သွေးကလည်း ဘာမှမထူးခြားလာဘူး။ သူ့ပုခုံးကို သန့်ရှင်းရေးလုပ်ပြီး ကော်လာကိုဆွဲတင်ခဲ့တယ်။ ဧည့်ခန်းကို ပြန်သွားပြီး ဆိုဖာပေါ်ကို ထိုင်ချလိုက်တယ်။ system က ယုံရတာမဟုတ်ဘူး။
Zawgyi version
2. အပင္မ်ားရွားပါးျခင္း
ေသးငယ္တဲ့ဆိုင္ရဲ႕ပိုင္ရွင္က အရပ္ရွည္ၿပီးသန္မာတယ္၊ သူ ရွဲ႕စန္းရဲ႕ခုံေဘးမွာလာရပ္ေနတာက ရွဲ႕စန္းအတြက္ဖိအားမ်ားေစတယ္၊ ရွဲ႕စန္းသူ႕လက္ကို ေဝွ႕ယမ္းလိုက္ၿပီး " မဟုတ္ဘူး၊ မဟုတ္ေသးဘူးေနာ္၊ အစ္ကိုႀကီး ကြၽန္ေတာ္က ရိုးသားပါတယ္၊ တစ္ျခားလူေတြကို မရွာပါဘူး အဆင္ေျပၿပီလား။"
သူေဌးက သူ႕ကို မ်က္ေမွာင္ၾကဳပ္ကာ အေပၚေအာက္တစ္ခ်က္ၾကည့္ၿပီး " မင္း liveလႊင့္ေနတာလား "
"ဟမ္" ရွဲ႕စန္း သူ႕ရဲ႕႐ုတ္တရက္ ေမးလိုက္တဲ့ေမးခြန္းေၾကာင့္ ေၾကာင္သြားတယ္၊ သူေဌးရဲ႕အေတြးေတြက အရမ္းထူးဆန္းတာပဲ၊ "မဟုတ္ပါဘူး၊ ကြၽန္ေတာ္က ေန႕လည္စာစားဖို႔အတြက္ ျဖတ္သြား႐ုံပါ"
"သူliveလႊင့္ေနတာလို႔ ငါထင္တာပဲ၊ ဒါအရင္တုန္းက နာမည္ႀကီးသြားတဲ့ videoမဟုတ္ဘူးလား "
"ငါလည္းအဲ့ဒီလိုပဲထင္တယ္"
ရွဲ႕စန္း အံ့အားသင့္သြားတယ္၊ စားသုံးသူေတြက သူ႕ကိုလက္ညွိုးထိုးၿပီး ျပင္းျပင္းထန္ထန္ေဝဖန္ေနၾကတယ္၊ သူနားစြင့္ၿပီး နားေထာင္ၾကည့္လိုက္တဲ့အခ်ိန္မွာ သူတို႔ဘာေၾကာင့္သူ႕ကို liveလႊင့္တယ္ထင္ေနလည္း နားလည္သြားတယ္။
လြန္ခဲ့တဲ့ႏွစ္ရက္ေလာက္က နာမည္ႀကီးlive streamer တစ္ေယာက္က ၾကယ္ၿမိဳ႕မွာရွိတဲ့လူေတြကိုဆြဲေဆာင္ဖို႔ videoတစ္ခုတင္ခဲ့တယ္၊ videoထဲမွာ ေသးငယ္တဲ့ဆိုင္ေလးကိုရွာၿပီး အစားအစာမွာခဲ့တယ္၊ သူတို႔အစားစားၿပီးတဲ့အခ်ိန္ သူေဌးကိုေအာ္ေျပာခဲ့တယ္ "သူေဌး အခ်ိဳတည္းဖို႔ အသီးတစ္ပန္းကန္ေလာက္ေပးပါ" အဲ့ဒီ့စကားက သူေဌးကို မူးေမ့သြားေစ႐ုံမကဘဲ ပရိသတ္ေတြကိုပါ က်ယ္က်ယ္ေလာင္ေလာင္ ရယ္ေမာသြားေစခဲ့တယ္။
ရွဲ႕စန္းအေၾကာင္းျပခ်က္ကို သိၿပီးတဲ့ေနာက္မွာ ပိုရႈပ္ေထြးသြားခဲ့တယ္၊ ဒါကရယ္စရာပါလို႔လား။
" Liveလႊင့္ေနတာလားသိရေအာင္ မင္းရဲ႕ဆက္သြယ္ေရးကိရိယာကို ၾကည့္ပါရေစ "သူေဌးကေျပာလာခဲ့တယ္
ရွဲ႕စန္းက သူ႕လက္ေဗြရာနဲ႕ ဖြင့္ေပးၿပီး ဆက္သြယ္ေရးကိရိယာကို ကမ္းေပးလိုက္တယ္၊ "ႀကိဳက္သလိုစစ္လို႔ရပါတယ္"
သူေဌးယူလိုက္ၿပီး သူliveလႊင့္တဲ့sofeware ဖြင့္မဖြင့္၊ liveလႊင့္မလႊင့္ ေသခ်ာေအာင္စစ္ေဆးလိုက္တယ္။ သူ႕မ်က္ႏွာအမူအယာက ပိုေကာင္းလာၿပီး သူ႕လက္ကို ရွဲ႕စန္းပုခုံးေပၚတင္လိုက္ကာ
"လူငယ္ေလး မညာပါနဲ႕၊ ငါပိုက္ဆံေတာင္းမလို႔ မဟုတ္ပါဘူး၊ မင္း ထမင္းစားခ်င္ရင္ မီတာတစ္ရာအကြာမွာရွိတဲ့ ေစ်းႀကီးတဲ့စားေသာက္ဆိုင္မွာ ေရာင္းတယ္၊ မင္းေစာေစာသြားမယ္ဆိုရင္ နည္းနည္းေလာက္ေတာ့ ဝယ္လို႔ရမွာပါ"
ဒီဟာက ထမင္းေလးပဲ မဟုတ္ဘူးလား၊ ေစ်းႀကီးတဲ့စားေသာက္ဆိုင္နဲ႕ ထမင္းနဲ႕ဘယ္လိုဆက္သြယ္မႈရွိလဲ သူမစဥ္းစားတတ္ေတာ့ဘူး၊ သူပိုၿပဳံးျပၿပီး ေခါင္းညိတ္လိုက္တယ္၊
"အင္း ၊အစ္ကိုႀကီး ကြၽန္ေတာ္နားလည္ပါၿပီ၊ မင္းအလုပ္မ်ားေနတာ မဟုတ္ဘူးလား၊ မင္းသြားသင့္ၿပီ"
သူေန႕လည္စာဘူးထဲကအသားကို ၫႊန္ျပၿပီး လက္မေထာင္ျပလိုက္တယ္၊
"အဲ့ဒါကအရမ္းအရသာရွိတာပဲ"
သူေဌးနည္းနည္းၿပဳံးသြားတယ္၊ သူက မၾကာခဏ လာစားဖို႔ေျပာၿပီး အလုပ္လုပ္ဖို႔ျပန္သြားခဲ့တယ္။
ရွဲ႕စန္းက အသားပဲပါၿပီး ဟင္းသီးဟင္းမပါတာ ဘာေၾကာင့္လဲလို႔ မေမးရဲေတာ့ဘူး၊ သူအသားေတြအကုန္စား ေရတစ္ခြက္ေသာက္ၿပီး ဆိုင္ကေနထြက္လာခဲ့တယ္။
ရွဲ႕စန္း သူေနထိုင္တဲ့ေနရာကိုစစ္ၾကည့္ၿပီး ၊လြန္းပ်ံယာဥ္နဲ႕ အရင္ခႏၶာကိုယ္ပိုင္ရွင္ရဲ႕ တိုက္ခန္းကိုျပန္လာခဲ့တယ္။တိုက္ခန္းက ေဝးလံတဲ့ေနရာမွာရွိတယ္၊ တစ္ထပ္ဆီမွာ စတုရန္းေပ ၇၀ေလာက္က်ယ္တဲ့ အေဆာက္အဦးႏွစ္ခု သီးျခားစီရွိေနတယ္၊ လက္ေဗြရာသုံးၿပီး ေခ်ာေမြ႕စြာနဲ႕ အထဲဝင္လာခဲ့တယ္။
ေနရာအႏွံ႕လိုက္ၾကည့္ၿပီးတဲ့ေနာက္မွာ ဆိုဖာမွာထိုင္ၿပီးေတာ့ ဒီကမၻာက အခ်က္အလက္ေတြသိရွိေအာင္ ရွာေဖြခဲ့တယ္
သူေရာက္ေနတဲ့ေနရာက ဘရန့္ထ္ဂိုလ္လို႔ေခၚတယ္၊ သားရဲၿဂိဳလ္မွာ အဓိကၿမိဳ႕ႀကီး (၃)ၿမိဳ႕က ေန(ၿမိဳ႕ )၊ လ(ၿမိဳ႕ )၊ ၾကယ္(ၿမိဳ႕ ) ဆိုၿပီးရွိတယ္၊ သားရဲၿဂိဳလ္ကိုတည္တဲ့သူေတြက သားရဲေတြျဖစ္ၿပီး တစ္ဆင့္ၿပီးတစ္ဆင့္ ေျပာင္းလဲလာၿပီးေနာက္မွာ သားရဲပုံစံကေန လူပုံစံေျပာင္းနိုင္လာခဲ့တယ္၊ သားရဲေတြဟာ ဂုဏ္သိကၡာရွိတဲ့ ယဥ္ေက်းမႈကို တီထြင္ခဲ့တယ္၊ အခုအဓိက ၿမိဳ႕ႀကီး ၃ ၿမိဳ႕ဟာ အရင္တုန္းက မ်ိဳးႏြယ္စု ၃စု ျဖစ္ခဲ့တယ္၊ အခ်ိန္မ်ားစြာၾကာၿပီးတဲ့ေနာက္မွာ သားရဲေတြက လူပုံသဏၭာန္ပဲရွိၿပီး သားရဲပုံသဏၭာန္ ျပန္မေျပာင္းနိုင္ၾကေတာ့ဘူး။
သားရဲပုံသဏၭာန္ ျပန္မေျပာင္းနိုင္ေတာ့ေပမယ့္ ကမၻာေပၚကလူေတြနဲ႕ မတူကြဲျပားျဖစ္ေနေသးတယ္။
သားရဲလူသားေတြက ၁၆ႏွစ္မွာ ေကာင္းေကာင္းႀကီးျပင္းလာၿပီး ၁၈ႏွစ္ဆိုရင္အ႐ြယ္ေရာက္တယ္၊ ေျပာရရင္ အသက္ ၁၆ႏွစ္မွာ ဆက္ႏြယ္သားရဲ နိုးထလာလိမ့္မယ္၊ သမိုင္းမွတ္တမ္းေတြအရ ဆက္ႏြယ္သားရဲဆိုတာ သားရဲနတ္ဘုရားကေန သူ႕မ်ိဳးဆက္ေတြကို ေပးတဲ့လက္ေဆာင္တဲ့။
ေယာက္်ားေလးဆိုရင္ ရင္ဘတ္မွာ သားရဲပုံစံရွိၿပီး အမ်ားစုဟာ ရက္စက္တဲ့ သားရဲေတြျဖစ္တယ္၊ မိန္းကေလးဆိုရင္ ဘယ္ဘက္ပုခုံးမွာ သားရဲပုံစံရွိၿပီး အမ်ားစုက ေသးငယ္တဲ့ သားရဲေလးေတြျဖစ္တယ္။
သားရဲပုံစံေတြက သားရဲနတ္ဘုရားကေနေပးထားတဲ့ လမ္းၫႊန္ခ်က္ျဖစ္တယ္၊ သားရဲၿဂိဳလ္မွာရွိတဲ့ လူေတြက သားရဲပုံစံကိုၾကည့္ၿပီး ကိုယ္နဲ႕ကိုက္ညီတဲ့ ဆက္ႏြယ္သားရဲကို ရွာေဖြနိုင္တယ္၊ ဆက္ႏြယ္မႈ ၅၀ရာခိုင္ႏႈန္းထက္မ်ားမယ္ဆိုရင္ သားရဲနဲ႕ဆက္ႏြယ္လို႔ရတယ္၊ ဆက္ႏြယ္သားရဲဟာ သခင္အတြက္ သစၥာအရွိဆုံး ပါတနာျဖစ္လာၿပီး သခင္ရဲ႕စြမ္းရည္ေတြကိုတိုးတက္ေစလိမ့္မယ္။
ဖြံ႕ၿဖိဳးတိုးတက္လာစဥ္အတြင္း သားရဲၿဂိဳလ္ပတ္ဝန္းက်င္ဟာ တျဖည္းျဖည္းဆိုး႐ြားလာခဲ့တယ္၊ လြန္ခဲ့တဲ့ႏွစ္ေပါင္း တစ္ေထာင္ေက်ာ္ေလာက္က ႀကီးမားတဲ့ေဘးအႏၱရာယ္ႀကီး ေပၚေပါက္လာခဲ့ၿပီး စားလို႔ရနိုင္တဲ့အပင္ေတြေပ်ာက္ကြယ္လုနီးပါးျဖစ္သြားတယ္။
ဒီေန႕ သားရဲၿဂိဳလ္ပတ္ဝန္းက်င္က အခုထိ ဆိုး႐ြားေနတုန္းပဲ၊ ၿဂိဳလ္ေပၚမွာရွိတဲ့ အပင္ေတြရဲ႕ ခံနိုင္ရည္အရမ္းသန္မာလာခဲ့တယ္၊ အဓိကၿမိဳ႕ႀကီးသုံးၿမိဳ႕ အျပင္ဘက္မွာရွိတဲ့ ႀကီးမားက်ယ္ျပန့္ၿပီး လွည့္စားတတ္တဲ့သစ္ေတာမွာရွိတဲ့ အပင္ေတြဟာ အရမ္းၾကမ္းၾကဳတ္ၿပီး အရမ္းအႏၱရာယ္မ်ားလြန္းလွတယ္။
ရက္စက္ၾကမ္းၾကဳတ္တဲ့ သစ္ေတာဟာ သားရဲၿဂိဳလ္မွာေနထိုင္တဲ့သူေတြရဲ႕ ပစၥည္းအရင္းအျမစ္ျဖစ္တယ္။ သားရဲၿဂိဳလ္ဟာ ေရွးက်တဲ့ေခတ္ကုန္သြားၿပီး နည္းပညာေခတ္ကိုေရာက္လာခဲ့တယ္။ ၿဂိဳလ္ေတြၾကားကူးကာ ခရီးသြားတဲ့ေခတ္ ေရာက္လာခဲ့ေပမယ့္ သဘာဝတရားကေန အစာရွာတဲ့အေလ့အက်င့္ရွိေနဆဲလို႔ ေျပာနိုင္တယ္။
သမိုင္းမွတ္တမ္းမွာရွိတဲ့ ျပႆနာေတြအရ သားရဲၿဂိဳလ္မွာ စားလို႔ရတဲ့အပင္ေတြက မျဖစ္ထြန္းဘူး၊ အထြက္ႏႈန္း နည္းတယ္၊ အမ်ားဆုံးထြက္တယ္လို႔ ေျပာလို႔ရတာ ဆန္စပါးတစ္မ်ိဳးပဲရွိတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ တစ္ခါစား သို႔မဟုတ္ ႏွစ္ခါစား ထမင္းတစ္ပန္းကန္ေတာင္ အနည္းဆုံး ၾကယ္ဒဂၤါးျပား တစ္ရာက်တယ္။ စားေသာက္ဆိုင္အကုန္လုံးက ေန႕တိုင္းအကန့္အသတ္နဲ႕ ေရာင္းတယ္။ အရင္လာတဲ့လူ အရင္ရတယ္။
အဲ့ဒါေၾကာင့္ ပိုက္ဆံရွိရင္ေတာင္ ဆန္ဝယ္ဖို႔မလြယ္ဘူး။ လူတစ္ေယာက္စီရဲ႕ လုပ္အားခ က ဒဂၤါး ၂၀၀ ပဲရွိတယ္။ သာမန္မိသားစုေတြက ဟင္းသီးဟင္း႐ြက္နဲ႕ အသီးေတြကို ဝယ္မစားနိုင္ၾကဘူး။ အပင္အဖြဲ႕အစည္းနဲ႕ ခ်ိတ္ဆက္ထားတဲ့ ရစ္ခ်္supermarket ေတြကလြဲရင္ တျခားေနရာေတြမွာ ဝယ္လို႔မရဘူး။ ရစ္ခ်္supermarketေတြေတာင္ လိုအပ္တာေတြကို ေန႕တိုင္းမရနိုင္ဘူး။ ေစ်းႏႈန္းက ဝယ္ဖို႔မတတ္နိုင္ေလာက္ေအာင္ အရမ္းကို ေစ်းႀကီးလြန္းတယ္။
ေစ်းအေပါဆုံး ရစ္ခ်္supermarket ေတြမွာေတာင္ ေဂၚဖီထုပ္ ေပါင္ ၃၀ ကို အကန့္အသတ္နဲ႕ တစ္ပတ္တစ္ခါေလာက္သာ ေရာင္းတယ္။ ေဂၚဖီထုပ္ တစ္ေပါင္ကိုေတာင္ ၾကယ္ဒဂၤါး ၁၀၀၀ေပးရတယ္။
ရွဲ႕စန္း အခ်က္အလက္ေတြၾကည့္ၿပီးတဲ့ေနာက္မွာ ဆိုင္ပိုင္ရွင္နဲ႕ စားသုံးသူေတြရဲ႕ တုံ႕ျပန္မႈကို နားလည္သြားတယ္။ သူ ၾကယ္ဒဂၤါး ၁၀ျပားပဲသုံးၿပီး အသားတစ္ဘူးရတဲ့ အျပင္ကို သူေဌးဆီကေန ထမင္းထပ္ေတာင္းေသးတယ္။ ၾကယ္ဒဂၤါး ၁၀၀ရွိရင္ေတာင္ ထမင္းရဖို႔မလြယ္ဘူး။ သူေဌးဘက္က ၾကည့္မယ္ဆိုရင္ အဲ့ဒါက သူ႕ကိုျပႆနာလာရွာေနတာနဲ႕တူတယ္။
သူ႕ဆံပင္ကို သူဆြဲဖြမိသြားတယ္။ ဒီဟာက ဘယ္လိုဟာႀကီးလဲ။ ကမၻာပ်က္ကပ္အေတာအတြင္းမွာ သူ႕ကိုယ္သူ ဟင္းသီးဟင္း႐ြက္ျဖစ္လာၿပီလို႔ ထင္ရတဲ့အထိ ဟင္းသီးဟင္း႐ြက္နဲ႕အသီးေတြကို စားခဲ့ရတယ္။ အခုေတာ့ ေန႕တိုင္း အသားခ်ည္းပဲ အတင္းက်ိတ္မွိတ္ စားရေတာ့မွာလား။
အဲ့ဒီလိုေတြးလိုက္မိတဲ့အခ်ိန္မွာ သူ ဆိုဖာေပၚကေန ထခုန္မိသြားတယ္။ အရင္ကမၻာမွာ ဟင္းသီးဟင္း႐ြက္နဲ႕ အသီးေတြစားနိုင္တာဟာ အပင္စနစ္ကို အမွတ္တမဲ့ ရရွိခဲ့တာေၾကာင့္ျဖစ္သည္။
"သူ႕ရဲ႕ အပင္စနစ္"
သူ႕ႏွလုံးခုန္သံေတြျမန္လာၿပီး သူ႕အကၤ်ီ ညာဘက္ေကာ္လာကို ဆြဲခ်မိသြားတယ္။ ညာဘက္ပုခုံးေပၚက ပုံစံကိုျမင္လိုက္တဲ့အခ်ိန္မွာ သူ႕မ်က္လုံးက ေပ်ာ္႐ႊင္မႈေတြနဲ႕ ေတာက္ပလာတယ္။ ဒါေပမယ့္ သူမ်က္ေမွာင္ကုပ္မိသြားတယ္။
ပုခုံးေပၚက ပန္းပြင့္ဟာ သူ႕အတြက္ အရမ္းရင္းနီးလြန္းတယ္။ အဲ့ဒါက သူ႕အပင္စနစ္ကိုသိမ္းဆည္းသယ္ေဆာင္ထားတဲ့ ပ်ိဳးနီပန္းျဖစ္တယ္။ ကမၻာပ်က္ကပ္တုန္းက ပန္းအေရာင္က ၾကက္ေသြးေရာင္ျဖစ္ေပမယ့္ အခုကေတာ့ အနီ၊အျဖဴ၊အစိမ္း၊အမဲနဲ႕ အဝါဆိုၿပီး အေရာင္ငါးေရာင္ ျဖစ္သြားတယ္။
သူ႕လက္ကိုဆန့္ထုတ္ၿပီး ပြင့္ခ်ပ္ေတြကိုပြတ္လိုက္တယ္။ အပင္စနစ္နဲ႕ ဆက္သြယ္ဖို႔ႀကိဳးစားၾကည့္ခဲ့တယ္။ ပါးစပ္ကေခၚတာျဖစ္ျဖစ္ စိတ္ထဲကေခၚတာျဖစ္ျဖစ္ တုန့္ျပန္မႈ တစ္ခုမွမရရွိခဲ့ဘူး။ သူအပင္စနစ္နဲ႕ ခ်ိတ္ဆက္မိတဲ့အခ်ိန္ကို ျပန္ေတြးၾကည့္လိုက္တယ္။ မီးဖိုေခ်ာင္ထဲဝင္သြားၿပီး ဘယ္ဘက္လက္ညွိုးကို ဓါးနဲ႕ျခစ္ၿပီး ထြက္လာတဲ့ေသြးကို ပ်ိဳးနီပန္းေပၚက်ေစတယ္။
ပ်ိဳးနီပန္းေပၚ က်လာတဲ့ ေသြးစက္ေပ်ာက္သြားၿပီး ပြင့္ခ်ပ္ေတြကအေရာင္နည္းနည္းေျပာင္းသြားတယ္။ အဲ့ဒါကအလုပ္ျဖစ္တယ္။
"အားစန္း မင္းအသက္ရွင္ေနေသးတယ္"
ရွဲ႕စန္း သူ႕စိတ္ထဲကေန အျမန္ေမးလိုက္တယ္ 'ဒီဟာကို မင္း လုပ္ခဲ့တာလား'
အပင္စနစ္ အက္ဒမ္က ျပန္ေျပာခဲ့တယ္။ သူ႕အသံက အားနည္းေနေသးေပမယ့္ အားရေက်နပ္ေနတာကို ဖုံးကြယ္မထားနိုင္ခဲ့ဘူး။
' ေသခ်ာတာေပါ့၊ အဲ့ဒီအခ်ိန္တုန္းက ငါ့စြမ္းအင္ကိုသုံးၿပီး မင္းနဲ႕ကိုက္ညီမယ့္ ခႏၶာကိုယ္ကိုရွာခဲ့ရတာ၊ မဟုတ္ရင္ မင္းအသက္မရွင္နိုင္ဘူး။ '
'ဒီခႏၶာကိုယ္ရဲ႕ အရင္ပိုင္ရွင္က ဘယ္လိုျဖစ္သြားလဲ'
'မင္းစိတ္ပူစရာမလိုဘူး ခႏၶာကိုယ္ပိုင္ရွင္က မင္းမလာခင္ကတည္းက ေသသြားၿပီ'
ရွဲ႕စန္းကထပ္ေမးေမးဖို႔ျပင္ဆင္ခဲ့ေပမယ့္ အက္ဒမ္က ဆက္ေျပာလာတယ္
'အခ်ိန္ေ႐ြ႕ရတဲ့ စြမ္းအားက ျပင္းထန္လြန္းတယ္၊ ငါ့ရဲ႕စြမ္းအင္ေတြ ၿပိဳကြဲကုန္ၿပီး ငါအရမ္းအားနည္းေနတယ္။ မင္းရဲ႕အပင္ေတြ မရွိေတာ့ဘူး။ မင္းျပန္စိုက္မွရမယ္။ ငါ့ရဲ႕မူရင္းစြမ္းအင္ေတြ စုဖို႔အတြက္ ငါအနားယူမွရမယ္။ စိတ္မပူပါနဲ႕ ၁၂နာရီျပည့္တဲ့ အခ်ိန္တိုင္း ငါနိုးလာလိမ့္မယ္။'
'မင္း အပင္လိုခ်င္ေသးတယ္ဆိုရင္ အပင္ရေအာင္ ေက်းဇူးတင္တဲ့ စြမ္းအင္ကို စုေဆာင္းရမယ္။ အပင္တစ္ပင္တိုးလာတိုင္း ငါတစ္ခါနိုးလာလိမ့္မယ္ 'လို႔ အသံေသးေသးေလးနဲ႕ေျပာလာတယ္။
'စကားမစပ္၊ မင္းမွတ္ထားရမွာက မင္းအိပ္ေနတာကေန နိုးလာလို႔ ရွစ္နာရီ ၾကာၿပီးတဲ့အခ်ိန္တိုင္း အနားယူဖို႔လိုအပ္တယ္။'
'ဘာျဖစ္လို႔လဲ'
သူအႀကိမ္ေပါင္းမ်ားစြာ ေမးေနေပမယ့္ system က ဘာမွျပန္မေျဖခဲ့ဘူး။
ရွဲ႕စန္း ေသြးထြက္ေနေသးတဲ့ လက္နဲ႕ ပြင့္ခ်ပ္ေတြကို ထိထားၿပီး ေစာင့္ေနခဲ့တယ္။ ဒါေပမယ့္ဘာအသံမွမၾကားရတဲ့အျပင္ ေသြးကလည္း ဘာမွမထူးျခားလာဘူး။ သူ႕ပုခုံးကို သန့္ရွင္းေရးလုပ္ၿပီး ေကာ္လာကိုဆြဲတင္ခဲ့တယ္။ ဧည့္ခန္းကိုျပန္သြားၿပီး ဆိုဖာေပၚကိုထိုင္ခ်လိဳက္တယ္။ systemက ယုံရတာမဟုတ္ဘူး။