Hidden love " ကုမုဒြာ "( comp...

By MikkyLay1

1M 55.7K 6.2K

လရောင်ဆန်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မ... More

ဇာတ်ကောင်မိတ်ဆက်
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter-6
Chapter-7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64 ( Final )
Extra❤
ကျေးဇူးတင်လွှာ❤️ ( ပရိုမိုးရှင်း )
🎉🎉🎉

Chapter - 36

12.3K 752 42
By MikkyLay1

ရန်ကုန်ကိုပြန်ဖို့အတွက် ဧကရာဇ်မောင်က ခွင့်ပြုလိုက်ပြီမို့ သခင်လေးမုဒြာအား ဦးလေးမြတ်ကိုယ်တိုင်  ပြန်ခေါ်ဖို့ပြင်ဦးလွင်သို့ ရောက်လာခဲ့သည် ။ သခင်လေးကိုကာကွယ်ပေးဖို့ သခင်ကြီးကအပ်နှံခဲ့ပေမဲ့ သခင်လေးအနားကို ဧကရာဇ်မောင်က မကပ်ဖို့အမိန့်ပေးထား၍ ဦးလေးမြတ်လဲ ရန်ကုန်ကအိမ်တော်မှာပဲနေနေခဲ့ခြင်းဖြစ်သည် ။

ဦးလေးမြတ်ဟာ သခင်ကြီးလက်ထပ်က အိမ်တော်ထိန်းတစ်ယောက်မဖြစ်ခင် လုပ်ငန်းတွေကိုခွဲဝေလုပ်ကိုင်ပေးရတဲ့လက်ထောက်ဖြစ်ခဲ့၍ ဧကရာဇ်မရှိတဲ့အချိန်တွေမှာ ယာယီလက်ထောက်အဖြစ်လုပ်ငန်းကိုလဲ ထိန်းသိမ်းပေးရသေးသည် ။ ဦးလေးမြတ်မှာ အသိမိတ်ဆွေတွေများပြားတာကြောင့် သူ့အပေါ်ယုံကြည်မှုတွေလဲရှိကြ၍ အခက်အခဲမရှိခဲ့ပေ ။ ခုသခင်အမှန်ကပြန်လာတော့မည်မို့ နေရာကိုပြန်ပေးဖို့လဲအဆင်သင့်ဖြစ်နေပြီ ။

မုဒြာအခန်းထဲမှာ တစ်ယောက်ထည်းထိုင်နေစဉ် တံခါးခေါက်သံကိုကြားလိုက်ရသည် ။ ထိုနေ့ပြီးကတည်းက မုဒြာသွေးလန့်နေပြီး ကျယ်လောင်သည့်အသံကြားလျှင်ပင် ထိတ်လန့်သွားတတ်သည် ။ ဧကရာဇ်မောင်ဆိုလျှင် တံခါးခေါက်မည်မဟုတ်၍ မုဒြာမေးလိုက်သည် ။

" ဘယ်သူလဲ "

" ဦးလေးမြတ်ပါ သခင်လေး "

ဦးလေးမြတ်အသံကြားယုံနဲ့ မုဒြာကြောက်စိတ်တွေပျယ်ကာ တံခါးထံပြေးလာပြီး ဖွင့်ပေးလိုက်သည် ။ အမှန်တကယ်ပင် ဦးလေးမြတ်ကိုတွေ့ရတော့ မုဒြာတစ်ယောက် အပျော်ကြီးပျော်သွားသည် ။ သူငယ်စဉ်ကတည်းက ထိန်းကြောင်းပေးခဲ့သည့်သူမို့ အဖိုးဆုံးသွားချိန်မှာ သူယုံကြည်အားကိုးမိတဲ့သူက ဦးလေးမြတ်သာရှိတော့သည် ။ ဧကရာဇ်ကတော့ ခုချိန်မှာ မုဒြာအတွက် ကြောက်ရွံ့ကာ ရှောင်ဖယ်ချင်နေသည့်လူတစ်ယောက်ဖြစ်နေလေပြီ ။

" ဦးလေးမြတ် … ဘာကြောင့်ခုမှရောက်လာရတာလဲ "

မုဒြာက  ဦးလေးမြတ်အား ကလေးလေးတစ်ယောက်ပမာ အားရဝမ်းသာဖက်လိုက်သည် ။

" သခင်လေး ……  ဦးလေးတောင်းပန်ပါတယ် … သခင်လေးဒီမှာနေရတာ အဆင်ပြေမယ်ထင်ခဲ့တာ "

" အဆင်မပြေဘူး…  သူက … သူကအရမ်းကြောက်ဖို့ကောင်းတယ် "

ဦးလေးမြတ်ကို ဖက်သွယ်ထားတဲ့ မုဒြာလက်တွေက အနည်းငယ်တုန်ရီနေသည် ။ မုဒြာအဆင်မပြေမှန်းသိသွားတော့ ဦးလေးမြတ်လဲဆက်မမေးတော့ပဲ ကျောကုန်းလေးကိုပွတ်ပေးလိုက်သည် ။

ကိုယ်ဝန်လွယ်နေသည့် မိခင်တိုင်းက စိတ်ထိခိုက်မခံပေ ။ ကသစ်ပန်းတို့သားအဖ အဖြစ်အပျက်တွေအားလုံးကို မြင်တွေ့ခဲ့ရတဲ့မုဒြာဟာ ညတိုင်အိပ်မပျော်ခဲ့ပေ ။ ဧကရာဇ်မောင်ရဲ့ သွေးဆာနေနဲ့ပုံရိတ်တွေက အတွေးအာရုံထဲဆွဲထင်နေကာ ဘယ်အချိန်ထဖောက်လာမလဲတွေးရင်း စိတ်ခြောက်ခြားနေခဲ့ရသည် ။ အားကိုးရာမဲ့ပြီး ကြောက်ရွံ့မှုတွေနဲ့အတူ နေနေရတဲ့ဘဝကြီးကနေ မုဒြာလွတ်မြောက်ချင်နေခဲ့ပြီ ။

ဦးလေးမြတ်က သူနဲ့သူ့ရင်သွေးလေး လွတ်မြောက်ဖို့အတွက် တံခါးတစ်ချက်လို အားကိုးထိုက်သူပင် ။ ရန်ကုန်ပြန်ရောက်လျှင်တော့ လွတ်မြောက်ဖို့အတွက် နည်းလမ်းကောင်းတွေများစွာရှိနိုင်၍ မုဒြာကြောက်စိတ်ကိုမနည်းထိန်းချုပ်နေရသည် ။

တစ်ခနကြာတော့မှ မုဒြာက ဦးလေးမြတ်အား လွှတ်ပေးလိုက်သည် ။ အိမ်ပြန်ရတော့မှာဆိုပေမဲ့ မုဒြာအပြည့်အဝမပျော်ရွှင်နိုင်ပေ ။ ရှေ့ဆက်ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ ဘယ်လိုဖြတ်ကျော်သင့်လဲ အလေးအနက်တွေးနေမိသည် ။

သူသိပ်ချစ်ရတဲ့ မောင်နဲ့အတူနေနေရတာတောင် မပျော်ရွှင်ပဲ မှိုင်တွေနေတဲ့ မုဒြာကိုကြည့်ပြီး ဦးလေးမြတ် စိတ်မကောင်းဖြစ်သွားသည် ။ တကယ်ဆို သခင်လေးမုဒြာက သူ့ရဲ့မောင်နဲ့အတူနေနေရရင်ပျော်ရွှင်နေမည့်သူမျိုးပင် ။ ကိစ္စတွေအားလုံးရှင်းသွားပြီမို့ ပုံမှန်ပြန်ဖြစ်သွားပြီဟုထင်မိခဲ့သည် ။

အရင်ကအထင်လွဲမှားခဲ့တာတွေအားလုံး ပြီးဆုံးသွားပေမဲ့ စိတ်ခံစားချက်တွေပါပြောင်းလဲသွားလိမ့်မည်ဟု မထင်ခဲ့ပေ ။ ခုချိန်မှာ သခင်လေးဧကရာဇ်မောင်အတွက် အမှားတွေကို ပြုပြင်ပြောင်းလဲဖို့ အချိန်တွေ နှောင်းသွားမည်ကိုစိုးရိမ်မိသည် ။

" သခင်လေး … အဆင်ပြေရဲ့လား "

မုဒြာက သူ့ရဲ့ပူနေတဲ့ဗိုက်ကလေးအား လက်ဖြင့်ပွေ့ပိုက်ထားရင်း ဝမ်းနည်းသောလေသံဖြင့် ဆိုလိုက်သည် ။

" ဦးလေးမြတ် … ကျွန်တော်အဝေးကိုထွက်သွားချင်တယ် … ကျွန်တော်အရမ်းကိုပင်ပန်းနေပြီ … ကျွန်တော့စိတ်ကိုအနားပေးဖို့ အချိန်ပေးမှရမယ် … ကျွန်တော်ရောသူရော ပုံမှန်ပြန်ဖြစ်လာမဲ့အချိန်ထိ   "

ဦးလေးမြတ်က မုဒြာရဲ့ဗိုက်လေး ပိုပြီးပူလာတာကို သတိထားမိကာ ပြုံးနေယုံရှိသေး မုဒြာရဲ့စကားကြောင့် စိုးရိမ်သွားလေသည် ။

" သခင်လေး ဘာကိုဆိုလိုတာလဲ … သခင်လေးတို့က ခုလဲပုံမှန်ပဲမဟုတ်ဘူးလား … သခင်လေး ဘယ်ကိုမှ ထွက်သွားဖို့မလိုပါဘူး … အိမ်တော်ကိုပဲပြန်ကြရအောင်နော် "

" သူကအရင်လို မဟုတ်တော့ဘူး … သူ့ကိုယ်သူလဲ ဘာတွေလုပ်နေမိလဲ သူမသိတော့ဘူး … ဒီတိုင်းကြာကြာဆက်နေလို့ မဖြစ်ဘူး… သူ … သူ့ရဲ့ ခုပုံစံကို ကျွန်တော်ကြောက်တယ်  "

ဘယ်လိုအဖြစ်အပျက်တွေက သခင်လေးမုဒြာကိုကြောက်ရွံ့စေလဲ ဦးလေးမြတ်မသိပေ ။ အချစ်ရဆုံးအဖိုးကိုဆုံးရှုံးရခြင်းဟာ သခင်လေးအား အလွန်နာကျင်ကာအားငယ်သွားစေပြီး အရင်ကလိုပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သခင်လေးကိုပါ ဆုံးရှုံးလိုက်ရသည် ။

လက်တလောဖြစ်ပွားခဲ့တဲ့ စွတ်ဆွဲမှုတွေနဲ့အတူ ကုမိသားစုရဲ့ အိမ်ထောင်ရေးအရှုတ်အရှင်းကိစ္စတွေအားလုံးက အထက်အင်အားကြီးမိသားစုတွေအသိုင်းအဝိုင်းကြား ပြန့်နှံ့ကာ လှောင်ရယ်ချင်သူများစွာရှိနေသည် ။

သခင်လေးအပြစ်ကင်းတာကို သက်သေပြနိုင်ခဲ့ပေမဲ့ သခင်ကြီးဆုံးပြီး ကျဆင်းသွားတဲ့အင်အားတွေကြောင့် ထိုးနှပ်ချင်သူများစွာပေါ်လာသည် ။ ဥက္ကဌဖြစ်တဲ့ ဧကရာဇ်မောင်ပေါ်မလာမချင်း လူတွေရဲ့အသင်းအဖျင်းတွေက ရပ်တန့်မည်မဟုတ်ချေ ။ ခုသခင်လေးက လူတွေရဲ့လှောင်ပြောင်မှုတွေရန်ကနေအားကိုရာဖြစ်တဲ့ ဧကရာဇ်မောင်ကို ပိုပြီးကြောက်ရွံ့နေတဲ့အတွက် ခုအခြေအနေအား တောင့်မခံနိုင်မှာဆိုးရသည် ။

" သခင်လေးတို့ကြားမှာ ဘာတွေဖြစ်ပျက်ခဲ့လဲ ဦးလေးမသိပေမဲ့ သခင်လေးဧကရာဇ်ရဲ့လုပ်ရပ်တွေနောက်မှာ အကြောင်းပြချက်ဆိုတာ ရှိနိုင်တယ် … သူ့ကိုယုံကြည်ပြီးရှေ့ဆက်ပါ … ခုချိန်ကစပြီး သူကသာ သခင်လေးနဲ့ရင်သွေးလေးရဲ့ အားကိုးရာပါ "

" ဟင့်အင် … သူကိုမယုံတော့ဘူး … သူကအရင်ကမောင်နဲ့လုံးဝမတူဘူး … ခုမောင့်ကို မုဒြာကြောက်တယ် "

* ဒါကဘယ်လိုတုန့်ပြန်မှုပါလိမ့် … ကိုယ်ဝန်ကြောင့် စိတ်ထိခိုက်လွယ်နေတာများလား … သခင်လေးကသနားဖို့ကောင်းလိုက်တာ *

ဦးလေးမြတ်က မုဒြာကိုမကြောက်အောင်ဖက်ပေးထားပြီး …

" သူက သခင်လေးကို ဒုက္ခပေးလို့လား … ဦးလေးမြတ်ရှိတယ် မကြောက်နဲ့  "

" မဟုတ်ဘူး … သူကမုဒြာကိုချုပ်နှောင်ပြီးတော့ သူ့အနားကနေ ထွက်သွားခွင့်မပြုတော့တာ … ဟိုအရင်က မုဒြာမောင့်အပေါ်ပြုလုပ်ခဲ့တဲ့အတွက် ဝဋ်ပြန်လည်နေတာများလား … မုဒြာလဲ ဟိုအရင်ကမောင့်လိုပဲ မပျော်တော့ဘူး … ဒီလှောင်အိမ်လိုနေရာကြီးမှာ မနေချင်တော့ဘူး ဦးလေး …  မုဒြာသားလေးနဲ့အတူတူ လောကကြီးထဲကို လျှောက်သွားပြီး လွတ်လပ်တဲ့သာမန်ဘဝသစ်တစ်ခုကိုစတင်ချင်တယ် … မုဒြာပိတ်လှောင်ပြီးနေရတဲ့ ဘဝကြီးကို ငြီးငွှေ့လာပြီ … မုဒြာအတိတ်က နာကျင်စရာတွေအားလုံးကို မေ့ပျောက်လိုက်ချင်ပြီ  "

မုဒြာရဲ့ခံစားချက်ကို ဦးလေးမြတ်ကောင်းကောင်းကြီးနားလည်သည် ။ ဒီသခင်ငယ်လေးက နှစ်တွေအကြာကြီး ဧကရာဇ်မောင်တစ်ယောက်ထည်းကိုကြည့်ကာ သူ့ကိုယ်သူပိတ်လှောင်ပြီး နေထိုင်ခဲ့သည် ။ ဘေးကနေကြည့်နေရတဲ့ ဦးလေးမြတ်ပင် သခင်လေးအစားမွန်းကြပ်မိသည်ထိပင် ။ ထိုအချိန်က သခင်လေးအတွက် ဘာပူပန်စရာမှမရှိသလို ဂရုစိုက်စောင့်ရှောက်ပေးမဲ့အဖိုးလဲရှိနေ၍ ထိုမွန်းကြပ်စရာကောင်းတဲ့ဘဝမျိုးမှာပင် ပျော်ရွှင်နေသည် ။

ခုသူ့ရဲ့အားကိုရာဖြစ်တဲ့ အဖိုးဆုံးသွားပြီးကတည်းက သခင်လေးမုဒြာရင်ထဲမှာ ဗလာနက်ထိဖြစ်နေပြီ လူတွေရဲ့စကားလုံးတွေနဲ့တိုက်ခိုက်ခြင်းတွေကိုပါခံရတော့ ဒီမွန်းကြပ်စရာ ပတ်ဝန်းကျင်ကနေအဝေးဆုံးကို ထွက်ပြေးချင်နေတာကို ဦးလေးမြတ်နားလည်သည် ။ သူသိပ်ချစ်ရတဲ့မောင့်ကိုတောင် ထားခဲ့ဖို့တွေးနိုင်မှတော့ ဦးလေးမြတ်တားနေလဲ နားဝင်မည်မဟုတ်ခြေ ။

" သခင်လေးဖြစ်ချင်တာတွေ တစ်နေ့တော့ဖြစ်လာမှာပါ … ခုတော့သခင်လေးဗိုက်ထဲကရင်သွေးလေး အန္တရာယ်ကင်းကင်းမွေးနိုင်အောင် ဦးလေးတို့ ရန်ကုန်ကိုပြန်ကြတာပေါ့ "

အားလုံးပြင်ဆင်ပြီးသွားချိန် သူတို့အခန်းထဲသို့  လုံခြုံရေးခေါင်းဆောင်ဝင်ရောက်လာသည် ။ ထိုလူက ဒီအိမ်တော်တစ်ခုလုံးမှာချထားတဲ့ လုံခြုံရေးဝန်ထမ်းအားလုံးကို ဦးစီးရသူဖြစ်သလို ဧကရာဇ်မရှိချိန်ထိုင်း မုဒြာအခန်းရှေ့မှာစောင့်ပေးကာအစားအသောက်တွေပုံမှန်လာချပေးသူမို့ မုဒြာမြင်ယုံနဲ့သိလိုက်သည် ။ သူကတော့ လင်းထက်ဖြစ်သည် ။

" မင်းသခင်က ဘာခိုင်းလိုက်ပြန်ပြီလဲ "

" မနေ့က သခင်ဧကရာဇ် မြေအောက်ခန်းထဲဆင်းသွားပြီး ဘယ်သူမှဝင်မလာဖို့လဲ အမိန့်ပေးထားပါတယ် … ဒါပေမဲ့ တစ်ညလုံးအထဲမှာနေနေပြီ ခု ညနေရောက်တဲ့ထိ ပြန်ထွက်မလာသေးပါဘူး … ကျွန်တော်စိုးရိမ်တာက သူတစ်ခုခုဖြစ်နေမလားလို့ပါ "

" မင်းတို့ဘာကြောင့်သွားမကြည့်ပဲ ငါ့လာပြောနေတာလဲ "

" သခင်က သခင်လေးမုဒြာကလွဲပြီး မလာရဘူးလို့ အမိန့်ထုတ်ထားလို့ပါ … ကျွန်တော်တို့သွားကြည့်ရင် ပြစ်ဒါဏ်ပေခံရမှာပါ … ဒါကြောင့် သခင်လေးကူညီမှဖြစ်မှာ "

ထိုစကားကိုကြားတော့ ဦးလေးမြတ်က ဆိုးရိမ်သွားလေသည် ။

" သခင်လေးမုဒြာ သခင်လေးဧကရာဇ်တစ်ခုခုများဖြစ်နေမလား သွားကြည့်လိုက်ပါ … တစ်ညလုံးလဲပြန်မလာတဲ့အပြင် တစ်နေ့ပါကုန်တော့မယ်ဆိုတော့ ဒါသွေးရိုးသားရိုးတော့မဖြစ်နိုင်ဘူး "

" မ … မသွားဘူး "

မြေအောက်ခန်းဆိုတဲ့အသံကြားကတည်းက မုဒြာအာရုံထည်း ကသစ်ပန်းတို့သားအဖရဲ့ပုံရိတ်တွေပေါ်လာကာ ထိတ်လန့်သွားလေသည် ။  အမြဲသူ့နားတဝဲလည်လည်ရှိနေကာ အရိပ်လိုကပ်သွယ်နေတဲ့လူက မြေအောက်ခန်းမှာ အစာငတ်ခံပြီး နေနေခြင်းဟာ ပုံမှန်တော့မဖြစ်နိုင်ပေမဲ့ သွားကြည့်ဖို့ထိ မုဒြာသတ္တိမရှိပေ ။

" ဦးလေးမြတ် ကျွန်တော်တို့ အမြန်ပြန်ကြရအောင် "

" သခင်လေး ဧကရာဇ်မပါပဲ ပြန်လို့မရဘူး … သူ့ကိုဒီတိုင်ပြစ်ထားတော့မှာလား "

လုံခြုံရေးခေါင်းဆောင်ကပါ ဝင်ပြောသည် ။

" သခင်ဧကရာဇ် ထမင်းလဲမစားဘူး … သူအားနည်းပြီးမေ့မျောနေမှာကြောက်ရတယ် … သွားကြည့်ပေးပါ သခင်လေး "

အားလုံးရဲ့မျက်နှာမှာလဲ စိုးရိမ်စိတ်တွေ ကြီးဆိုးနေ၍ မုဒြာစိတ်ကိုမနည်းတည်ငြိမ်အောင်ကြိုးစားကာ အဆုံး၌ သွားကြည့်ပေးဖို့ဆုံးဖြတ်လိုက်သည် ။ ပြီးရင်တော့ ဒီအိမ်တော်ကြီးကနေ အမြန်ထွက်သွားဖို့တွေးထားသည် ။ အမှတ်တရကောင်းတွေရှိသလို အိမ်မက်ဆိုးတွေလဲရှိနေတဲ့ ဒီနေရာကြီးမှာ ဆက်ပြီးမနေချင်တော့ပေ ။

မုဒြာမြေအောက်ခန်းထဲသို့ တစ်ယောက်ထည်း ဝင်လာခဲ့သည် ။ ဒီတစ်ခါတော့ ဖရောင်းတိုင်မီးရောင်က အနည်းငယ်သာရှိနေ၍ အမှောင်ထုကကြီးဆိုးနေပြီး အရင်လိုခြောက်ခြားစရာအငွေ့အသက်တွေရှိနေသေးသည် ။

မုဒြာက  မြေအောက်ခန်း အောက်ခြေထိ ကြိုးစားကာဝင်လာခဲ့သည် ။ ခုတော့အရာအားလုံးဟာသန့်ရှင်းရေးလုပ်ပြီးပြီမို့ ဘာတစ်ခုမှမရှိနေတော့ပဲ ထောင်တစ်ခုနှင့်ပင်တူနေသည် ။ အထဲတွင် လူတစ်ယောက်ရှိဖို့မပြောလေနှင့် ကိုယ့်အသက်ရှူသံကိုပင် ပြန်ကြားရတဲ့ထိ တိတ်ဆိတ်လွန်းနေသည် ။

ရှေ့အနည်းငယ်တိုးပြီးကြည့်လိုက်တော့ နံရံရဲ့အခြေမှာချထားတဲ့ လွတ်နေတဲ့လှောင်ချိုင့်တစ်လုံးရှိနေပြီး သူရဲ့နဘေးမှာ သေငယ်တဲ့လှောင်ချိုင့်လေးရှိနေတာကိုတွေ့လိုက်ရသည် ။ ပိုပြီးအံ့ဩဖို့ကောင်းတာက လှောင့်ချိုင့်ရဲ့အတွင်းဘက်မှာ နံရံကိုမျက်နှာမူလျှက် လူတစ်ယောက်ခွေခေါက်ကာ အိပ်နေတာကို မုဒြာတွေ့လိုက်ရသည် ။

ထိုမြင်ကွင်းက သူ့အိမ်မက်တွေထဲမှာ ပေါ်လာတတ်တဲ့ ကသစ်ပန်းတို့သားအဖကို ပိတ်လှောင်ထားစဉ်က ပုံရိတ်နဲ့တူညီနေ၍ မုဒြာထိတ်လန့်ကာ ခြေလှမ်းတွေကို အနောက်သို့ဆုတ်ခွာလိုက်သည် ။ ဧကရာဇ်မောင် နောက်ထပ်လူတွေကိုဖမ်းချုပ်ပြီး သတ်ဖြတ်တော့မည်ဟု မုဒြာတွေးထင်လိုက်သည် ။ သို့ပေမဲ့ သူ့ရဲ့အတွေးတွေက မှားယွင်းနေခဲ့သည် ။

အနားကိုကပ်ကြည့်လိုက်တော့မှ ထိုအိပ်ပျော်နေသည့်လူဟာ ဧကရာဇ်မောင်ကိုယ်တိုင်ဖြစ်နေသည် ။ သူကိုယ်တိုင် လှောင်အိမ်ထဲမှာဝင်ပြီး ဘာသဘောနဲ့အိပ်နေလဲ မုဒြာမတွေးတတ်တော့ပေ ။

" ဧကရာဇ်မောင် "

မုဒြာရဲ့တိုးညှင်းစွာခေါ်သံကြောင့် ဧကရာဇ်မောင် မျက်လုံးတွေပွင့်လာပြီး မုဒြာအား ကြိုးစားကာကြည့်လာသည် ။ သူ့ရဲ့ကိုယ်ကကြီး၍ လှောင်အိမ်နဲ့ကွက်တိဖြစ်နေကာ ထဖို့အတွက်ခက်ခဲနေသည် ။

" မု … မုဒြာလား "

ဧကရာဇ်က လှောင်အိမ်ထဲကနေ လက်လှမ်းကာ မုဒြာရဲ့လက်အား ဆွဲကိုင်ဖို့ကြိုးစားသည် ။ မုဒြာက ဧကရာဇ်ရဲ့အဝေးကိုပြေးထွက်ဖို့ပြင်မိပေမဲ့ ထိုမြင်ကွင်းက သူမောင့်ကိုစတွေ့တဲ့အချိန်က ဒါဏ်ရာတွေနဲ့သနားစရာကောင်းတဲ့မောင်နဲ့တူနေ၍ ခနမျှတွေဝေပြီးနောက် သူ့ရဲ့လက်တွေကိုဆန့်ထုတ်ကာ ဧကရာဇ်အားဆွဲကိုင်ခွင့်ပြုလိုက်သည် ။

ဧကရာဇ်က လက်လှမ်းလာတဲ့မုဒြာလက်လေးအား အားရဝမ်းသာဆွဲကိုင်လိုက်ပြီး …

" မင်းကိုယ့်ကို လာရှာမယ်ဆိုတာ ကိုယ်သိတယ် … မင်းကိုယ့်ကိုထားခဲ့ပြီး ထွက်မသွားဘူးဆိုတာ ကိုယ်ယုံတယ် "

မုဒြာထွက်သွားချင်မိပေမဲ့ မလွတ်မြောက်နိုင်မှန်းသိနေ၍ အလိုက်သင့်နေပေးလိုက်သည် ။ ပြီးနောက် ဧကရာဇ်မောင်ကို လှောင်အိမ်ထဲကနေထွက်နိုင်ဖို့ကူညီပေးလိုက်သည် ။ ပြီးသွားတော့ မုဒြာက သူ့ရဲ့လက်တွေကို ဧကရာဇ်ထံကနေ ဆွဲဖြုတ်ကာ မှောင်ပိန်းပြီး ခြောက်ချားဖွယ်အတိရှိနေတဲ့ မြေအောက်ခန်းကနေပြေးထွက်ချင်လာသည် ။

" အိမ်ပြန်ကြမယ် "

မုဒြာလှည့်ထွက်သွားစဉ် ဧကရာဇ်က အနောက်ကနေ လှမ်းဆွဲလိုက်ပြီး …

" နေဦး … ကိုယ်နဲ့ခနလောက် အတူနေပေးပါ "

" ဒီနေရာမှာ မနေချင်ဘူး "

"  ဒီနေရာက ဘာဖြစ်လို့လဲ … ဒီနေရာကမှ ကိုယ့်ရဲ့အိမ်အစစ် … ဒီနေရာကအရမ်းကိုလုံခြုံတယ် … ကိုယ်တို့ကို ဘယ်သူမှလဲ လာမနှောက်ယှက်နိုင်ဘူး … ဘယ်ကိုမှထွက်မသွားပဲ ဒီမှာပဲကိုယ်နဲ့အတူနေပေးပါ "

ရုတ်တရပ် ဧကရာဇ်မျက်ဝန်းတွေက မျက်ရည်တွေစီးကျလာ၍ မုဒြာမငြင်းဆန်နိုင်တော့ပဲ  လှောင်အိမ်ဘေးမှာ ၂ ယောက်သားထိုင်လိုက်ကြသည်  ။ မုဒြာကိုယ်တိုင်လဲ သူ့ဖခင်အကြောင်း ကြားသိစဉ်က အလွန်ဝမ်းနည်းကာ အချိန်အတော်ကြာယူပြီး စိတ်တည်ငြိမ်အောင်ကြိုးစားခဲ့ရသည် ။ ခုဧကရာဇ်မောင်လဲ သူသိပ်ချစ်ရတဲ့မိခင်ရဲ့ သရုပ်မှန်ကိုသိပြီး မိခင်အစစ်နဲ့အတူဖြတ်သန်းခဲ့တဲ့မှတ်ဉာဏ်တွေကိုပါ ပြန်ရရှိလာတော့ စိတ်ပုံမှန်ပြန်ဖြစ်ဖို့ အချိန်ယူပြီး လက်ခံနိုင်အောင်ကြိုးစားရမည်မှန်း မုဒြာနာလည်သည် ။ ဒါကြောင့် ဧကရာဇ်ဘေးမှာ ငြိမ်သက်စွာနေပေးလိုက်သည် ။ ဒါဟာသူလုပ်ပေးနိုင်တဲ့ နောက်ဆုံးသောအရာပင် ။

ဧကရာဇ်က အနောက်ကနေမုဒြာခါးလေးအား တင်းကြပ်စွာဖက်ထားပြီး သူ့ရဲ့မျက်နှာက မုဒြာကျောပြင်ပေါ်အပ်ကာ မှီထားရင်း စကားတွေဆိုနေတော့သည် ။

" ကိုယ်လေ ကိုယ့်မေမေကို အရမ်းလွမ်းတယ် … ကိုယ့်မေမေအတွက် လက်စားချေပေးခဲ့ပေမဲ့ မပျော်ရွှင်ဘူး "

ထိုအခါမှ မုဒြာ ဧကရာဇ်နဘေးမှာချထားတဲ့ လှပသည့်အမျိုးသမီးငယ်လေးရဲ့ပုံကိုတွေ့လိုက်ရသည် ။ ဧကရာဇ်ရဲ့အမေအရင်းကို မုဒြာတစ်ကြိမ်တစ်ခါမှမမြင်ဖူး၍ ထိုအမျိုးသမီးရဲ့ပုံအား ယူပြီးကြည့်လိုက်သည် ။ နက်မှောင်တဲ့ဆံနွယ်တွေနဲ့အတူ ထောက်ပတဲ့မျက်ဝန်းတွေက ဧကရာဇ်မောင်နဲ့ချွတ်ဆွတ်တူနေပြီး သူမမှာ လှပသည့်အပြုံးလေးတွေရှိနေသည် ။ သူမသာအသက်ရှိနေသေးလျှင် နွေးထွေးမှုတွေအပြည့်ပေးနိုင်တဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်မှာသေခြာသည် ။

" ကိုယ့်မေမေနဲ့ ကိုယ့်ရဲ့တွေ့ဆုံခြင်းနဲ့ ခွဲခွာခြင်းက ဒီအခန်းလေးထဲမှာပဲ ဖြစ်လာခဲ့တယ် … ဒီလှောင်အိမ် ၂ ခုက ဘာလို့ထင်လဲ "

မုဒြာက သူ့တို့ရဲ့ဘေးမှာချထားတဲ့လှောင်အိမ်တွေကိုကြည့်လိုက်ပြီး …

" ဒါက ဘာတွေလဲ "

" ဒါကကိုယ်တို့ရဲ့အိမ်လေ … စောစောကကိုယ်အိပ်ပျော်နေတဲ့လှောင်အိမ်က မေမေ့ရဲ့အိမ် … ဟိုဘေးကအသေးလေးက ကိုယ့်ရဲ့အိမ် … ကိုယ်ငယ်ငယ်က တခြားကလေးတွေလို ပုခတ်ထဲမှာကြီးပြင်းခဲ့ရတာမျိုးမဟုတ်ပဲ ဒီလှောင်အိမ်ထဲမှာ အထည့်ခံထားရတာ … ကိုယ့်မေမေက ရူးသွတ်သွားပေမဲ့ ကိုယ်ငိုနေတဲ့အချိန်တိုင်း ဘယ်လိုချော့မြူရမလဲသိတယ် … ကိုယ့်ကိုအမြဲပြုံးပြတယ် … ဒီထဲမှာနေရတာ ကိုယ့်အတွက်အပျော်ဆုံးပဲ … ဒါပေမဲ့ ကိုယ့်ရဲ့မေမေကို လူတစ်ယောက်က ရက်ရက်ဆက်ဆက်သတ်သွားခဲ့တယ် "

" …… "

" မနေ့က ကိုယ့်ရဲ့ပုံစံကြောင့် မင်းကိုယ့်ကိုကြောက်လား "

" …… "

" ကိုယ်မေးနေတယ်လေ … မင်းကြောက်သွားလားလို့ "

မုဒြာကထိုအဖြစ်အပျက်တွေကိုပြန်တွေးရင် ဇောချွေးများပင်ပျံလာသည် ။ ဧကရာဇ်က သူ့ရဲ့အဖြေမကြားမချင်း ဆက်တိုက်မေးနေ၍ မုဒြာအာရုံထဲကပုံရိတ်တွေကိုအမြန်ဖျောက်ဖို့ မျက်လုံးစုံမှိတ်ကာ ဖြေဆိုလိုက်သည် ။

" ကြောက်တယ် "

ခနမျှတိတ်ဆိတ်သွားပြီးနောက် ဧကရာဇ်ရဲ့လက်တွေက ပို၍တင်းကြပ်လာပြီး မုဒြာပခုံးပေါ်မေးတင်လျှက် တောင်းပန်လေသည် ။

" မကြောက်နဲ့တော့နော် … ကိုယ်မင်းကိုနောက်ထပ်ကြောက်အောင်မလုပ်တော့ဘူးလို့ ကတိပေးပါတယ် … အဲ့ဒိလင်းရှိန်ဆိုတဲ့လူက မင်းမိသားစုအပေါ်မှာရော ကိုယ့်အပေါ်မှာပါ မကောင်းခဲ့ဘူးလေ … ကိုယ့်မေမေကို သူကိုယ်တိုင်ရက်ရက်စက်စက်သတ်ပြစ်ခဲ့တာ … အဲ့ဒါကြောင့် သူ့ရဲ့အဆုံးသတ်ကိုလဲ ကိုယ်ကိုယ်တိုင်ပဲ အဆုံးသတ်ပေးချင်ခဲ့တယ် … ဒါကကိုယ်တို့ရဲ့အတိတ်ဆိုးတွေအတွက် သူ့ရဲ့ပေးစပ်မှုပဲ … ခုလက်စားချေပြီးသွားပြီမို့ အနှောက်အယှက်တွေကင်းဝေးသွားပြီ … ကိုယ်ဒီကိုလာပြီး မေမေ့ကိုစိတ်ကျေနပ်ရဲ့လားဆိုတာ လာမေးကြည့်နေတာ "

စိတ်ဒါဏ်ရာရနေတဲ့လူတစ်ယောက်ကို ဘယ်လိုနှစ်သိမ့်ရမှန်းမသိပေမဲ့ ကြိုးစားကာ နှစ်သိမ့်ပေးလိုက်သည် ။

" မင်း … မင်းလက်နဲ့သွေးစွန်းဖို့ထိ လုပ်ဖို့မလိုပါဘူး … လူတစ်ယောက်ကိုသတ်တဲ့အပြစ်က တရားဥပဒေအရရော နောင်သံတရာအထိပါ ဒုက္ခရောက်နိုင်တယ် … ငါလဲသူ့ကိုခွင့်မလွှတ်ဘူးဆိုပေမဲ့ ကိုယ်တိုင်သတ်ရလောက်တဲ့ထိ အငြှိုးမကြီးဘူး  … ဒါကြောင့်နောက်ထပ်ဒီလိုမျိုးစိတ်လိုက်မာန်ပါတွေမလုပ်တော့ဘူးလို့ ကတိပေးပါ "

" ကိုယ်ကတိပေးပါတယ် … ကိုယ်မေမေလဲ စိတ်ချမ်းသာပြီမို့ ကိုယ်ပျော်တယ် … ပြီးတော့ မုဒြာ ကိုယ့်ရဲ့မွေးနေ့အမှန်ကိုလဲ သိရပြီ "

" မွေးနေ့ "

" အင်း … ကိုယ့်မှတ်ပုံတင်ထဲက မွေးနေ့က ကိုယ့်မွေးနေ့အစစ်မဟုတ်ဘူး … ကိုယ့်မွေးနေ့က Feb 19 ရက်နေ့  27 နှစ်ပြည့်မှာ "

ထိုအခါမှ မုဒြာက မွေးနေ့တိုင်း ဧကရာဇ်မောင် မပျော်ရွှင်တာကို သဘောပေါက်သွားသည် ။ ရုတ်တရပ် ဧကရာဇ်မောင်က တိတ်ဆိတ်သွားတော့ မုဒြာက မေးလိုက်သည် ။

"  မွေး … မွေးနေ့မှာ ဘာလိုချင်လဲ "

" ကိုယ့်မှာ မင်းနဲ့ရင်သွေးလေးရှိနေပြီပဲ … ဘာမှမလိုအပ်ပါဘူး … ပြီးတော့ အဖိုးမဆုံးခင်က သားလေးမွေးရင် သူ့ရဲ့မျိုးရိုးကိုပေးဖို့ပြောထားတယ် … ဒါကြောင့် ကိုယ်နာမည်ကိုစဉ်းစားနေတာ "

" အဲ့ဒါက စောလွန်းသေးတယ် "

" ကိစ္စမရှိပါဘူး … ကိုယ်တို့စောစောပေးထားလို့လဲ ရတာပဲ … ကိုယ်ရှာတွေ့ထားတာတစ်ခုတော့ရှိတယ် … မင်းသဘောကျလောက်လားတော့မသိဘူး "

ဧကရာဇ်က အလေးအနက်ထားကာပြောနေသည် ။ မုဒြာလဲ လစ်လျှူမရှုတော့ပဲ နားထောင်နေမိသည် ။ ဒီလိုနူးညံ့ပြီး သူ့အပေါ်ဂရုစိုက်ပေးတဲ့ ဧကရာဇ်မောင်ကသာ သူတစ်ချိန်တုန်းက ရူးလောက်အောင်ချစ်ခဲ့မိတဲ့လူသားဖြစ်သည် ။ ဒီအချိန်ခနသာမှာတော့ ဖြစ်ပျက်ခဲ့သမျှအားလုံးကိုခနသာမေ့ထားပြီး သူ့ရဲ့စိတ်ကူယဉ်အိမ်မက်ထဲက လူတစ်ယောက်နဲ့ တွေ့ဆုံနေရသလိုမျိုး မုဒြာစကားတွေပြောနေခဲ့သည် ။ သူသာဧကရာဇ်အကြိုက်လိုက်နေပေးရင် သူလွတ်မြောက်ဖို့စည်းရုံးတာကိုလဲ လွယ်လွယ်လက်ခံမည်ဟုထင်မိ၍ပင် ။

" အဖိုးရဲ့နာမည်လဲပါအောင် ကိုယ်စဉ်းစားထားတဲ့ ကိုယ်တို့သားလေးရဲ့နာမည်က ' ကုဌေရှင်းခန့် ' … သားလေးရဲ့နာမည်က လှလား "

" ကုဌေရှင်းခန့် "

" အင်း … အဲ့လိုခေါ်ရအောင်နော် … သားလေးက ဘယ်နေ့မွေးမလဲ ကိုယ်သိချင်နေပြီ … ကိုယ့်မေမေလဲ တွေ့ချင်နေလောက်ပြီ "

ရုတ်တရပ် ဧကရာဇ်မောင်က သူ့ဘေးမှာလူတစ်ယောက်ရှိသလိုမျိုး လှည့်ကြည့်ကာ ပြုံးနေ၍ မုဒြာကျောချမ်းလာသည် ။ ဓာတ်ပုံထဲက ဧကရာဇ်ရဲ့မိခင်ဟာလဲ ဒီနေရာမှာသေဆုံးသွားခဲ့တာမို့ မုဒြာဆက်ပြီးမနေရဲတော့ပေ ။

" ဒါ … ဒါဆို ငါတို့သွားရအောင် "

" ဘယ်ကိုသွားမှာလဲ … ဒါကကိုယ့်ရဲ့အိမ်လို့ပြောထားတယ်လေ … မေမေလဲမင်းကိုတွေ့ခွင့်ရလို့ပျော်နေမှာ … ဒီမှာပဲ ကိုယ်နဲ့အတူနေရအောင် "

မွန်းကြပ်ပြီး လေထိုးပေါက်မရှိမှောင်ပိန်းနေတဲ့ မြေအောက်ခန်းမှာ မုဒြာမနေချင်တော့ပေ ။ ဧကရာဇ်မောင်က စကားတွေပြောပြီး ပုံမှန်စိတ်ဖြစ်နေ၍ စည်းရုံးလို့ရမယ်ထင်ထားခဲ့ပေမဲ့ ပြန်မလိုက်တဲ့အပြင် ခေါင်းမာစွာဖြင့် မုဒြာကိုပါဆွဲထားသောကြောင့် မုဒြာရုန်းမထွက်နိုင်တော့ပေ ။ 

" ဒီနေရာမှာ မနေချင်တော့ဘူး … ပြန်ရအောင် "

" ကိုယ်ကတော့ ဒီနေရာကိုသဘောကျတယ် … ကိုယ်အနိုင်ကျင့်ခံရလို့ ဝမ်းနည်းတိုင်း ဒီနေရာမှာလာပြီနေလေ့ရှိတယ် … မင်းရောက်လာပြီးကိုယ့်ကိုဒီနေရာမှာအဖော်ပြုပေးလို့  ပိုပြီးနွေးထွေးလာတယ် … မင်းကိုစတွေ့ကတည်းက ဒီနေရာမှာမင်းနဲ့တူတူအမြဲနေခွင့်ရရင် အရမ်းပျော်ဖို့ကောင်းမှာပဲလို့ တွေးနေခဲ့တာ … ခုကိုယ့်ရဲ့ဆန္ဒတွေပြည့်ဝခဲ့ပြီ  "

" ဘယ် … ဘယ်လောက်ကြာအောင် နေဖို့စဉ်းစားထားတာလဲ "

" တစ်သက်လုံးပေါ့ … ဒီမှာဆိုရင် ကိုယ်တို့ကို ဘယ်သူမှလဲ မခွဲနိုင်တော့ဘူးလေ "

မုဒြာလန့်သွားလေသည် ။ ဧကရာဇ်မောင်ဟာ အတိတ်ကမှတ်ဉာဏ်တွေ ပြန်ရပြီးကတည်းက အတိတ်မှာပိတ်မိကာ အရမ်းကိုအဆွဲအလမ်းကြီးလာသလို သူ့အားနည်းမျိုးစုံနဲ့ ချုပ်နှောင်ဖို့ကြိုးစားလာသည် ။ ခုဧကရာဇ်မောင်ကပုံမှန်လို့ထင်ရပေမဲ့ နေ့ဘက်နဲ့ညဘက် စိတ်၂ခုပေါင်းစပ်သွားကာ နူးညံ့သလိုလိုနဲ့ အရင်ကထက်အဆွဲအလမ်းပိုကြီးကာ စဉ်စားဉာဏ်နည်းလာသည် ။ မုဒြာဒီလို မြေအောက်ခန်းထဲမှာ ပိတ်လှောင်ခံရတော့မည်ကိုတွေးမိတော့  ရူးမတတ်လန့်သွားလေသည် ။

" မင်းပြောတော့ ငါ့ကိုပြန်ခွင့်ပြုမယ်ဆို ဦးလေးမြတ်တောင်အပြင်မှာလာခေါ်နေပြီ "

" ကိုယ်အစက ပြန်ခွင့်ပြုချင်ပေမဲ့ မေမေကသူနဲ့အတူနေဖို့ပြောနေတယ် သူကမင်းကိုလဲ တော်တော်လေးသဘောကျနေတယ် ဒါကြောင့် ကိုယ်တို့မိသားစုတွေ ဒီမှာပဲအတူနေရအောင် "

ဧကရာဇ်မောင်က လုံးဝရူးသွတ်နေပြီ ။ မရှိတဲ့လူတွေကိုလဲ အရှိလုပ်ပြီး စကားတွေပြောကာ သူ့စိတ်ကူးနဲ့သူ ကမ္ဘာသစ်ကို ပုံဖော်နေသည် ။

" မုဒြာ ဒီမှာအဖိုးလဲရှိတယ်လေ မင်းလွမ်းတဲ့အချိန်တိုင် အဖိုးကိုသွားတွေ့လို့ရတယ် "

" မဟုတ်ဘူး သူတို့ကမရှိတော့ဘူး …  ငါ … ငါ အိမ်ကိုပုပြန်ချင်တယ် … ကျေးဇူးပြုပြီး ပြန်ခွင့်ပြုပါ … ဧ … ဧကရာဇ်မောင်  … ဒီမှာမနေချင်ဘူး … မုဒြာတောင်းပန်ပါတယ်   "

မုဒြာက ရုတ်တရပ်ငိုရှိုက်ကာ တောင်းပန်လာတော့ ဧကရာဇ်လန့်သွားသည် ။ သူ့ကိုယ်သူ မုဒြာကိုဘာကြောင့်အငိုလုပ်မိနေလဲ မတွေးတတ်တော့ပေ ။ သူဖန်တီးထားတဲ့ကမ္ဘာလေးကို မုဒြာသေချာပေါက်နှစ်သက်မည်လို့ထင်ခဲ့သည် ။ သူကမုဒြာအား တင်းကြပ်စွာပွေ့ဖက်လိုက်ပြီး …

" မငိုပါနဲ့ … ကိုယ့်အနားမှာပဲရှိနေပေးပါ … မင်းနဲ့သားလေးကို ဘယ်ကိုမှထွက်သွားခွင့်မပြုနိုင်ဘူး … မင်းသူတို့နဲ့မတွေ့ချင်လဲရပါတယ် … ကိုယ်ကမင်းလဲ သူတို့ကိုလွမ်းနေမယ်ထင်လို့ "

"  လွှတ် … လွှတ်ပေးပါ "

ဧကရာဇ်က အယ်ဖာဖယ်ရိုမုန်းတွေကို ထုတ်လွှတ်ပြီး မုဒြာအား ငြင်းဆန်၍မရအောင် ချုပ်နှောင်လိုက်သည် ။ မိတ်အယ်ဖာရဲ့ခွင့်ပြုချက်မရပဲ ဘယ်အိုမီဂါမှ အဝေးသို့ ထွက်မပြေးနိုင်လောက်တဲ့ထိ အားပြင်းတဲ့ဖယ်ရိုမုန်းတွေနဲ့ မုဒြာအား ချုပ်နှောင်လိုက်သည် ။

" ကိုယ့်အနားမှာပဲ နေပေးပါ မုဒြာ … ထွက်မသွားပါနဲ့ "

" ဟင့် .… လွှတ် … အိမ်ပဲပြန်ချင်တယ် "

" ဒါကကိုယ်တို့အိမ်လို့ ဘယ်နှခါပြောရမလဲကွာ … မင်းပြန်သွားရင် ကိုယ့်ကိုထားသွားမှာမဟုတ်လား … ကိုယ်မင်းကိုထားသွားခွင့်မပြုဘူး … ဒီမှာပဲ ကိုယ်နဲ့အတူနေရမယ် မုဒြာ "

" အ ဟင့် ဟင့် "

ဧကရာဇ်က သူ့ရဲ့ဖယ်ရိုမုန်းကြောင့် အင်အားချိနဲ့နေကာ မရုန်းတော့ပဲငိုနေတဲ့ မုဒြာအား အတင်းနမ်းရှိုက်လိုက်သည် ။ အသက်ရှူသံတွေက ပြင်းပြကာ အနမ်းတွေက ကြမ်းတမ်းလှသည် ။ ထွက်ပြေးချင်နေသည့်စိတ်ကြောင့် မုဒြာအနမ်းအပေါ်အာရုံမရောက်တော့ပဲ အတင်းရုန်းကန်နေတော့သည် ။

အဆုံးမှာတော့ ဧကရာဇ်မောင်ရဲ့ အနမ်းတွေအောက်မှာပဲ မုဒြာအရှုံးပေးလိုက်ကာ အသက်ရှူတွေကြပ်လာပြီး မေ့မြောသွားလေသည် ။ အရာအားလုံးတိတ်ဆိတ်သွားကာ ဧကရာဇ်မောင်က စိုးရိမ်တကြီးအော်ခေါ်သံက ဟိုးအဝေးကြီးမှာ ကျန်နေခဲ့သည် ။ နောက်ဆုံးမှာတော့ မုဒြာရဲ့ခန္ဓာကိုယ်က မလွတ်မြောက်နိုင်ပေမဲ့ မုဒြာရဲ့ စိတ်ဝိဉာဉ်ဟာ  ထွက်ခွာသွားခဲ့လေပြီ …

…………………………………………………………………………………

To Be Continued ……

ရန္ကုန္ကိုျပန္ဖို႔အတြက္ ဧကရာဇ္ေမာင္က ခြင့္ျပဳလိုက္ၿပီမို႔ သခင္ေလးမုျဒာအား ဦးေလးျမတ္ကိုယ္တိုင္  ျပန္ေခၚဖို႔ျပင္ဦးလြင္သို႔ ေရာက္လာခဲ့သည္ ။ သခင္ေလးကိုကာကြယ္ေပးဖို႔ သခင္ႀကီးကအပ္ႏွံခဲ့ေပမဲ့ သခင္ေလးအနားကို ဧကရာဇ္ေမာင္က မကပ္ဖို႔အမိန႔္ေပးထား၍ ဦးေလးျမတ္လဲ ရန္ကုန္ကအိမ္ေတာ္မွာပဲေနေနခဲ့ျခင္းျဖစ္သည္ ။

ဦးေလးျမတ္ဟာ သခင္ႀကီးလက္ထပ္က အိမ္ေတာ္ထိန္းတစ္ေယာက္မျဖစ္ခင္ လုပ္ငန္းေတြကိုခြဲေဝလုပ္ကိုင္ေပးရတဲ့လက္ေထာက္ျဖစ္ခဲ့၍ ဧကရာဇ္မရွိတဲ့အခ်ိန္ေတြမွာ ယာယီလက္ေထာက္အျဖစ္လုပ္ငန္းကိုလဲ ထိန္းသိမ္းေပးရေသးသည္ ။ ဦးေလးျမတ္မွာ အသိမိတ္ေဆြေတြမ်ားျပားတာေၾကာင့္ သူ႕အေပၚယုံၾကည္မႈေတြလဲရွိၾက၍ အခက္အခဲမရွိခဲ့ေပ ။ ခုသခင္အမွန္ကျပန္လာေတာ့မည္မို႔ ေနရာကိုျပန္ေပးဖို႔လဲအဆင္သင့္ျဖစ္ေနၿပီ ။

မုျဒာအခန္းထဲမွာ တစ္ေယာက္ထည္းထိုင္ေနစဥ္ တံခါးေခါက္သံကိုၾကားလိုက္ရသည္ ။ ထိုေန႕ၿပီးကတည္းက မုျဒာေသြးလန႔္ေနၿပီး က်ယ္ေလာင္သည့္အသံၾကားလွ်င္ပင္ ထိတ္လန႔္သြားတတ္သည္ ။ ဧကရာဇ္ေမာင္ဆိုလွ်င္ တံခါးေခါက္မည္မဟုတ္၍ မုျဒာေမးလိုက္သည္ ။

" ဘယ္သူလဲ "

" ဦးေလးျမတ္ပါ သခင္ေလး "

ဦးေလးျမတ္အသံၾကားယုံနဲ႕ မုျဒာေၾကာက္စိတ္ေတြပ်ယ္ကာ တံခါးထံေျပးလာၿပီး ဖြင့္ေပးလိုက္သည္ ။ အမွန္တကယ္ပင္ ဦးေလးျမတ္ကိုေတြ႕ရေတာ့ မုျဒာတစ္ေယာက္ အေပ်ာ္ႀကီးေပ်ာ္သြားသည္ ။ သူငယ္စဥ္ကတည္းက ထိန္းေၾကာင္းေပးခဲ့သည့္သူမို႔ အဖိုးဆုံးသြားခ်ိန္မွာ သူယုံၾကည္အားကိုးမိတဲ့သူက ဦးေလးျမတ္သာရွိေတာ့သည္ ။ ဧကရာဇ္ကေတာ့ ခုခ်ိန္မွာ မုျဒာအတြက္ ေၾကာက္႐ြံ႕ကာ ေရွာင္ဖယ္ခ်င္ေနသည့္လူတစ္ေယာက္ျဖစ္ေနေလၿပီ ။

" ဦးေလးျမတ္ … ဘာေၾကာင့္ခုမွေရာက္လာရတာလဲ "

မုျဒာက  ဦးေလးျမတ္အား ကေလးေလးတစ္ေယာက္ပမာ အားရဝမ္းသာဖက္လိုက္သည္ ။

" သခင္ေလး ……  ဦးေလးေတာင္းပန္ပါတယ္ … သခင္ေလးဒီမွာေနရတာ အဆင္ေျပမယ္ထင္ခဲ့တာ "

" အဆင္မေျပဘူး…  သူက … သူကအရမ္းေၾကာက္ဖို႔ေကာင္းတယ္ "

ဦးေလးျမတ္ကို ဖက္သြယ္ထားတဲ့ မုျဒာလက္ေတြက အနည္းငယ္တုန္ရီေနသည္ ။ မုျဒာအဆင္မေျပမွန္းသိသြားေတာ့ ဦးေလးျမတ္လဲဆက္မေမးေတာ့ပဲ ေက်ာကုန္းေလးကိုပြတ္ေပးလိုက္သည္ ။

ကိုယ္ဝန္လြယ္ေနသည့္ မိခင္တိုင္းက စိတ္ထိခိုက္မခံေပ ။ ကသစ္ပန္းတို႔သားအဖ အျဖစ္အပ်က္ေတြအားလုံးကို ျမင္ေတြ႕ခဲ့ရတဲ့မုျဒာဟာ ညတိုင္အိပ္မေပ်ာ္ခဲ့ေပ ။ ဧကရာဇ္ေမာင္ရဲ႕ ေသြးဆာေနနဲ႕ပုံရိတ္ေတြက အေတြးအာ႐ုံထဲဆြဲထင္ေနကာ ဘယ္အခ်ိန္ထေဖာက္လာမလဲေတြးရင္း စိတ္ေျခာက္ျခားေနခဲ့ရသည္ ။ အားကိုးရာမဲ့ၿပီး ေၾကာက္႐ြံ႕မႈေတြနဲ႕အတူ ေနေနရတဲ့ဘဝႀကီးကေန မုျဒာလြတ္ေျမာက္ခ်င္ေနခဲ့ၿပီ ။

ဦးေလးျမတ္က သူနဲ႕သူ႕ရင္ေသြးေလး လြတ္ေျမာက္ဖို႔အတြက္ တံခါးတစ္ခ်က္လို အားကိုးထိုက္သူပင္ ။ ရန္ကုန္ျပန္ေရာက္လွ်င္ေတာ့ လြတ္ေျမာက္ဖို႔အတြက္ နည္းလမ္းေကာင္းေတြမ်ားစြာရွိနိုင္၍ မုျဒာေၾကာက္စိတ္ကိုမနည္းထိန္းခ်ဳပ္ေနရသည္ ။

တစ္ခနၾကာေတာ့မွ မုျဒာက ဦးေလးျမတ္အား လႊတ္ေပးလိုက္သည္ ။ အိမ္ျပန္ရေတာ့မွာဆိုေပမဲ့ မုျဒာအျပည့္အဝမေပ်ာ္႐ႊင္နိုင္ေပ ။ ေရွ႕ဆက္ဘယ္လိုအခက္အခဲေတြရင္ဆိုင္ရမလဲ ဘယ္လိုျဖတ္ေက်ာ္သင့္လဲ အေလးအနက္ေတြးေနမိသည္ ။

သူသိပ္ခ်စ္ရတဲ့ ေမာင္နဲ႕အတူေနေနရတာေတာင္ မေပ်ာ္႐ႊင္ပဲ မွိုင္ေတြေနတဲ့ မုျဒာကိုၾကည့္ၿပီး ဦးေလးျမတ္ စိတ္မေကာင္းျဖစ္သြားသည္ ။ တကယ္ဆို သခင္ေလးမုျဒာက သူ႕ရဲ႕ေမာင္နဲ႕အတူေနေနရရင္ေပ်ာ္႐ႊင္ေနမည့္သူမ်ိဳးပင္ ။ ကိစၥေတြအားလုံးရွင္းသြားၿပီမို႔ ပုံမွန္ျပန္ျဖစ္သြားၿပီဟုထင္မိခဲ့သည္ ။

အရင္ကအထင္လြဲမွားခဲ့တာေတြအားလုံး ၿပီးဆုံးသြားေပမဲ့ စိတ္ခံစားခ်က္ေတြပါေျပာင္းလဲသြားလိမ့္မည္ဟု မထင္ခဲ့ေပ ။ ခုခ်ိန္မွာ သခင္ေလးဧကရာဇ္ေမာင္အတြက္ အမွားေတြကို ျပဳျပင္ေျပာင္းလဲဖို႔ အခ်ိန္ေတြ ေႏွာင္းသြားမည္ကိုစိုးရိမ္မိသည္ ။

" သခင္ေလး … အဆင္ေျပရဲ႕လား "

မုျဒာက သူ႕ရဲ႕ပူေနတဲ့ဗိုက္ကေလးအား လက္ျဖင့္ေပြ႕ပိုက္ထားရင္း ဝမ္းနည္းေသာေလသံျဖင့္ ဆိုလိုက္သည္ ။

" ဦးေလးျမတ္ … ကြၽန္ေတာ္အေဝးကိုထြက္သြားခ်င္တယ္ … ကြၽန္ေတာ္အရမ္းကိုပင္ပန္းေနၿပီ … ကြၽန္ေတာ့စိတ္ကိုအနားေပးဖို႔ အခ်ိန္ေပးမွရမယ္ … ကြၽန္ေတာ္ေရာသူေရာ ပုံမွန္ျပန္ျဖစ္လာမဲ့အခ်ိန္ထိ   "

ဦးေလးျမတ္က မုျဒာရဲ႕ဗိုက္ေလး ပိုၿပီးပူလာတာကို သတိထားမိကာ ၿပဳံးေနယုံရွိေသး မုျဒာရဲ႕စကားေၾကာင့္ စိုးရိမ္သြားေလသည္ ။

" သခင္ေလး ဘာကိုဆိုလိုတာလဲ … သခင္ေလးတို႔က ခုလဲပုံမွန္ပဲမဟုတ္ဘူးလား … သခင္ေလး ဘယ္ကိုမွ ထြက္သြားဖို႔မလိုပါဘူး … အိမ္ေတာ္ကိုပဲျပန္ၾကရေအာင္ေနာ္ "

" သူကအရင္လို မဟုတ္ေတာ့ဘူး … သူ႕ကိုယ္သူလဲ ဘာေတြလုပ္ေနမိလဲ သူမသိေတာ့ဘူး … ဒီတိုင္းၾကာၾကာဆက္ေနလို႔ မျဖစ္ဘူး… သူ … သူ႕ရဲ႕ ခုပုံစံကို ကြၽန္ေတာ္ေၾကာက္တယ္  "

ဘယ္လိုအျဖစ္အပ်က္ေတြက သခင္ေလးမုျဒာကိုေၾကာက္႐ြံ႕ေစလဲ ဦးေလးျမတ္မသိေပ ။ အခ်စ္ရဆုံးအဖိုးကိုဆုံးရႈံးရျခင္းဟာ သခင္ေလးအား အလြန္နာက်င္ကာအားငယ္သြားေစၿပီး အရင္ကလိုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနတတ္တဲ့ သခင္ေလးကိုပါ ဆုံးရႈံးလိုက္ရသည္ ။

လက္တေလာျဖစ္ပြားခဲ့တဲ့ စြတ္ဆြဲမႈေတြနဲ႕အတူ ကုမိသားစုရဲ႕ အိမ္ေထာင္ေရးအရႈတ္အရွင္းကိစၥေတြအားလုံးက အထက္အင္အားႀကီးမိသားစုေတြအသိုင္းအဝိုင္းၾကား ျပန႔္ႏွံ႕ကာ ေလွာင္ရယ္ခ်င္သူမ်ားစြာရွိေနသည္ ။

သခင္ေလးအျပစ္ကင္းတာကို သက္ေသျပနိုင္ခဲ့ေပမဲ့ သခင္ႀကီးဆုံးၿပီး က်ဆင္းသြားတဲ့အင္အားေတြေၾကာင့္ ထိုးႏွပ္ခ်င္သူမ်ားစြာေပၚလာသည္ ။ ဥကၠဌျဖစ္တဲ့ ဧကရာဇ္ေမာင္ေပၚမလာမခ်င္း လူေတြရဲ႕အသင္းအဖ်င္းေတြက ရပ္တန႔္မည္မဟုတ္ေခ် ။ ခုသခင္ေလးက လူေတြရဲ႕ေလွာင္ေျပာင္မႈေတြရန္ကေနအားကိုရာျဖစ္တဲ့ ဧကရာဇ္ေမာင္ကို ပိုၿပီးေၾကာက္႐ြံ႕ေနတဲ့အတြက္ ခုအေျခအေနအား ေတာင့္မခံနိုင္မွာဆိုးရသည္ ။

" သခင္ေလးတို႔ၾကားမွာ ဘာေတြျဖစ္ပ်က္ခဲ့လဲ ဦးေလးမသိေပမဲ့ သခင္ေလးဧကရာဇ္ရဲ႕လုပ္ရပ္ေတြေနာက္မွာ အေၾကာင္းျပခ်က္ဆိုတာ ရွိနိုင္တယ္ … သူ႕ကိုယုံၾကည္ၿပီးေရွ႕ဆက္ပါ … ခုခ်ိန္ကစၿပီး သူကသာ သခင္ေလးနဲ႕ရင္ေသြးေလးရဲ႕ အားကိုးရာပါ "

" ဟင့္အင္ … သူကိုမယုံေတာ့ဘူး … သူကအရင္ကေမာင္နဲ႕လုံးဝမတူဘူး … ခုေမာင့္ကို မုျဒာေၾကာက္တယ္ "

* ဒါကဘယ္လိုတုန႔္ျပန္မႈပါလိမ့္ … ကိုယ္ဝန္ေၾကာင့္ စိတ္ထိခိုက္လြယ္ေနတာမ်ားလား … သခင္ေလးကသနားဖို႔ေကာင္းလိုက္တာ *

ဦးေလးျမတ္က မုျဒာကိုမေၾကာက္ေအာင္ဖက္ေပးထားၿပီး …

" သူက သခင္ေလးကို ဒုကၡေပးလို႔လား … ဦးေလးျမတ္ရွိတယ္ မေၾကာက္နဲ႕  "

" မဟုတ္ဘူး … သူကမုျဒာကိုခ်ဳပ္ေႏွာင္ၿပီးေတာ့ သူ႕အနားကေန ထြက္သြားခြင့္မျပဳေတာ့တာ … ဟိုအရင္က မုျဒာေမာင့္အေပၚျပဳလုပ္ခဲ့တဲ့အတြက္ ဝဋ္ျပန္လည္ေနတာမ်ားလား … မုျဒာလဲ ဟိုအရင္ကေမာင့္လိုပဲ မေပ်ာ္ေတာ့ဘူး … ဒီေလွာင္အိမ္လိုေနရာႀကီးမွာ မေနခ်င္ေတာ့ဘူး ဦးေလး …  မုျဒာသားေလးနဲ႕အတူတူ ေလာကႀကီးထဲကို ေလွ်ာက္သြားၿပီး လြတ္လပ္တဲ့သာမန္ဘဝသစ္တစ္ခုကိုစတင္ခ်င္တယ္ … မုျဒာပိတ္ေလွာင္ၿပီးေနရတဲ့ ဘဝႀကီးကို ၿငီးေငႊ႕လာၿပီ … မုျဒာအတိတ္က နာက်င္စရာေတြအားလုံးကို ေမ့ေပ်ာက္လိုက္ခ်င္ၿပီ  "

မုျဒာရဲ႕ခံစားခ်က္ကို ဦးေလးျမတ္ေကာင္းေကာင္းႀကီးနားလည္သည္ ။ ဒီသခင္ငယ္ေလးက ႏွစ္ေတြအၾကာႀကီး ဧကရာဇ္ေမာင္တစ္ေယာက္ထည္းကိုၾကည့္ကာ သူ႕ကိုယ္သူပိတ္ေလွာင္ၿပီး ေနထိုင္ခဲ့သည္ ။ ေဘးကေနၾကည့္ေနရတဲ့ ဦးေလးျမတ္ပင္ သခင္ေလးအစားမြန္းၾကပ္မိသည္ထိပင္ ။ ထိုအခ်ိန္က သခင္ေလးအတြက္ ဘာပူပန္စရာမွမရွိသလို ဂ႐ုစိုက္ေစာင့္ေရွာက္ေပးမဲ့အဖိုးလဲရွိေန၍ ထိုမြန္းၾကပ္စရာေကာင္းတဲ့ဘဝမ်ိဳးမွာပင္ ေပ်ာ္႐ႊင္ေနသည္ ။

ခုသူ႕ရဲ႕အားကိုရာျဖစ္တဲ့ အဖိုးဆုံးသြားၿပီးကတည္းက သခင္ေလးမုျဒာရင္ထဲမွာ ဗလာနက္ထိျဖစ္ေနၿပီ လူေတြရဲ႕စကားလုံးေတြနဲ႕တိုက္ခိုက္ျခင္းေတြကိုပါခံရေတာ့ ဒီမြန္းၾကပ္စရာ ပတ္ဝန္းက်င္ကေနအေဝးဆုံးကို ထြက္ေျပးခ်င္ေနတာကို ဦးေလးျမတ္နားလည္သည္ ။ သူသိပ္ခ်စ္ရတဲ့ေမာင့္ကိုေတာင္ ထားခဲ့ဖို႔ေတြးနိုင္မွေတာ့ ဦးေလးျမတ္တားေနလဲ နားဝင္မည္မဟုတ္ေျခ ။

" သခင္ေလးျဖစ္ခ်င္တာေတြ တစ္ေန႕ေတာ့ျဖစ္လာမွာပါ … ခုေတာ့သခင္ေလးဗိုက္ထဲကရင္ေသြးေလး အႏၲရာယ္ကင္းကင္းေမြးနိုင္ေအာင္ ဦးေလးတို႔ ရန္ကုန္ကိုျပန္ၾကတာေပါ့ "

အားလုံးျပင္ဆင္ၿပီးသြားခ်ိန္ သူတို႔အခန္းထဲသို႔  လုံၿခဳံေရးေခါင္းေဆာင္ဝင္ေရာက္လာသည္ ။ ထိုလူက ဒီအိမ္ေတာ္တစ္ခုလုံးမွာခ်ထားတဲ့ လုံၿခဳံေရးဝန္ထမ္းအားလုံးကို ဦးစီးရသူျဖစ္သလို ဧကရာဇ္မရွိခ်ိန္ထိုင္း မုျဒာအခန္းေရွ႕မွာေစာင့္ေပးကာအစားအေသာက္ေတြပုံမွန္လာခ်ေပးသူမို႔ မုျဒာျမင္ယုံနဲ႕သိလိုက္သည္ ။ သူကေတာ့ လင္းထက္ျဖစ္သည္ ။

" မင္းသခင္က ဘာခိုင္းလိုက္ျပန္ၿပီလဲ "

" မေန႕က သခင္ဧကရာဇ္ ေျမေအာက္ခန္းထဲဆင္းသြားၿပီး ဘယ္သူမွဝင္မလာဖို႔လဲ အမိန႔္ေပးထားပါတယ္ … ဒါေပမဲ့ တစ္ညလုံးအထဲမွာေနေနၿပီ ခု ညေနေရာက္တဲ့ထိ ျပန္ထြက္မလာေသးပါဘူး … ကြၽန္ေတာ္စိုးရိမ္တာက သူတစ္ခုခုျဖစ္ေနမလားလို႔ပါ "

" မင္းတို႔ဘာေၾကာင့္သြားမၾကည့္ပဲ ငါ့လာေျပာေနတာလဲ "

" သခင္က သခင္ေလးမုျဒာကလြဲၿပီး မလာရဘူးလို႔ အမိန႔္ထုတ္ထားလို႔ပါ … ကြၽန္ေတာ္တို႔သြားၾကည့္ရင္ ျပစ္ဒါဏ္ေပခံရမွာပါ … ဒါေၾကာင့္ သခင္ေလးကူညီမွျဖစ္မွာ "

ထိုစကားကိုၾကားေတာ့ ဦးေလးျမတ္က ဆိုးရိမ္သြားေလသည္ ။

" သခင္ေလးမုျဒာ သခင္ေလးဧကရာဇ္တစ္ခုခုမ်ားျဖစ္ေနမလား သြားၾကည့္လိုက္ပါ … တစ္ညလုံးလဲျပန္မလာတဲ့အျပင္ တစ္ေန႕ပါကုန္ေတာ့မယ္ဆိုေတာ့ ဒါေသြးရိုးသားရိုးေတာ့မျဖစ္နိုင္ဘူး "

" မ … မသြားဘူး "

ေျမေအာက္ခန္းဆိုတဲ့အသံၾကားကတည္းက မုျဒာအာ႐ုံထည္း ကသစ္ပန္းတို႔သားအဖရဲ႕ပုံရိတ္ေတြေပၚလာကာ ထိတ္လန႔္သြားေလသည္ ။  အၿမဲသူ႕နားတဝဲလည္လည္ရွိေနကာ အရိပ္လိုကပ္သြယ္ေနတဲ့လူက ေျမေအာက္ခန္းမွာ အစာငတ္ခံၿပီး ေနေနျခင္းဟာ ပုံမွန္ေတာ့မျဖစ္နိုင္ေပမဲ့ သြားၾကည့္ဖို႔ထိ မုျဒာသတၱိမရွိေပ ။

" ဦးေလးျမတ္ ကြၽန္ေတာ္တို႔ အျမန္ျပန္ၾကရေအာင္ "

" သခင္ေလး ဧကရာဇ္မပါပဲ ျပန္လို႔မရဘူး … သူ႕ကိုဒီတိုင္ျပစ္ထားေတာ့မွာလား "

လုံၿခဳံေရးေခါင္းေဆာင္ကပါ ဝင္ေျပာသည္ ။

" သခင္ဧကရာဇ္ ထမင္းလဲမစားဘူး … သူအားနည္းၿပီးေမ့ေမ်ာေနမွာေၾကာက္ရတယ္ … သြားၾကည့္ေပးပါ သခင္ေလး "

အားလုံးရဲ႕မ်က္ႏွာမွာလဲ စိုးရိမ္စိတ္ေတြ ႀကီးဆိုးေန၍ မုျဒာစိတ္ကိုမနည္းတည္ၿငိမ္ေအာင္ႀကိဳးစားကာ အဆုံး၌ သြားၾကည့္ေပးဖို႔ဆုံးျဖတ္လိုက္သည္ ။ ၿပီးရင္ေတာ့ ဒီအိမ္ေတာ္ႀကီးကေန အျမန္ထြက္သြားဖို႔ေတြးထားသည္ ။ အမွတ္တရေကာင္းေတြရွိသလို အိမ္မက္ဆိုးေတြလဲရွိေနတဲ့ ဒီေနရာႀကီးမွာ ဆက္ၿပီးမေနခ်င္ေတာ့ေပ ။

မုျဒာေျမေအာက္ခန္းထဲသို႔ တစ္ေယာက္ထည္း ဝင္လာခဲ့သည္ ။ ဒီတစ္ခါေတာ့ ဖေရာင္းတိုင္မီးေရာင္က အနည္းငယ္သာရွိေန၍ အေမွာင္ထုကႀကီးဆိုးေနၿပီး အရင္လိုေျခာက္ျခားစရာအေငြ႕အသက္ေတြရွိေနေသးသည္ ။

မုျဒာက  ေျမေအာက္ခန္း ေအာက္ေျခထိ ႀကိဳးစားကာဝင္လာခဲ့သည္ ။ ခုေတာ့အရာအားလုံးဟာသန႔္ရွင္းေရးလုပ္ၿပီးၿပီမို႔ ဘာတစ္ခုမွမရွိေနေတာ့ပဲ ေထာင္တစ္ခုႏွင့္ပင္တူေနသည္ ။ အထဲတြင္ လူတစ္ေယာက္ရွိဖို႔မေျပာေလႏွင့္ ကိုယ့္အသက္ရႉသံကိုပင္ ျပန္ၾကားရတဲ့ထိ တိတ္ဆိတ္လြန္းေနသည္ ။

ေရွ႕အနည္းငယ္တိုးၿပီးၾကည့္လိုက္ေတာ့ နံရံရဲ႕အေျခမွာခ်ထားတဲ့ လြတ္ေနတဲ့ေလွာင္ခ်ိဳင့္တစ္လုံးရွိေနၿပီး သူရဲ႕နေဘးမွာ ေသငယ္တဲ့ေလွာင္ခ်ိဳင့္ေလးရွိေနတာကိုေတြ႕လိုက္ရသည္ ။ ပိုၿပီးအံ့ဩဖို႔ေကာင္းတာက ေလွာင့္ခ်ိဳင့္ရဲ႕အတြင္းဘက္မွာ နံရံကိုမ်က္ႏွာမူလွ်က္ လူတစ္ေယာက္ေခြေခါက္ကာ အိပ္ေနတာကို မုျဒာေတြ႕လိုက္ရသည္ ။

ထိုျမင္ကြင္းက သူ႕အိမ္မက္ေတြထဲမွာ ေပၚလာတတ္တဲ့ ကသစ္ပန္းတို႔သားအဖကို ပိတ္ေလွာင္ထားစဥ္က ပုံရိတ္နဲ႕တူညီေန၍ မုျဒာထိတ္လန႔္ကာ ေျခလွမ္းေတြကို အေနာက္သို႔ဆုတ္ခြာလိုက္သည္ ။ ဧကရာဇ္ေမာင္ ေနာက္ထပ္လူေတြကိုဖမ္းခ်ဳပ္ၿပီး သတ္ျဖတ္ေတာ့မည္ဟု မုျဒာေတြးထင္လိုက္သည္ ။ သို႔ေပမဲ့ သူ႕ရဲ႕အေတြးေတြက မွားယြင္းေနခဲ့သည္ ။

အနားကိုကပ္ၾကည့္လိုက္ေတာ့မွ ထိုအိပ္ေပ်ာ္ေနသည့္လူဟာ ဧကရာဇ္ေမာင္ကိုယ္တိုင္ျဖစ္ေနသည္ ။ သူကိုယ္တိုင္ ေလွာင္အိမ္ထဲမွာဝင္ၿပီး ဘာသေဘာနဲ႕အိပ္ေနလဲ မုျဒာမေတြးတတ္ေတာ့ေပ ။

" ဧကရာဇ္ေမာင္ "

မုျဒာရဲ႕တိုးညွင္းစြာေခၚသံေၾကာင့္ ဧကရာဇ္ေမာင္ မ်က္လုံးေတြပြင့္လာၿပီး မုျဒာအား ႀကိဳးစားကာၾကည့္လာသည္ ။ သူ႕ရဲ႕ကိုယ္ကႀကီး၍ ေလွာင္အိမ္နဲ႕ကြက္တိျဖစ္ေနကာ ထဖို႔အတြက္ခက္ခဲေနသည္ ။

" မု … မုျဒာလား "

ဧကရာဇ္က ေလွာင္အိမ္ထဲကေန လက္လွမ္းကာ မုျဒာရဲ႕လက္အား ဆြဲကိုင္ဖို႔ႀကိဳးစားသည္ ။ မုျဒာက ဧကရာဇ္ရဲ႕အေဝးကိုေျပးထြက္ဖို႔ျပင္မိေပမဲ့ ထိုျမင္ကြင္းက သူေမာင့္ကိုစေတြ႕တဲ့အခ်ိန္က ဒါဏ္ရာေတြနဲ႕သနားစရာေကာင္းတဲ့ေမာင္နဲ႕တူေန၍ ခနမွ်ေတြေဝၿပီးေနာက္ သူ႕ရဲ႕လက္ေတြကိုဆန႔္ထုတ္ကာ ဧကရာဇ္အားဆြဲကိုင္ခြင့္ျပဳလိုက္သည္ ။

ဧကရာဇ္က လက္လွမ္းလာတဲ့မုျဒာလက္ေလးအား အားရဝမ္းသာဆြဲကိုင္လိုက္ၿပီး …

" မင္းကိုယ့္ကို လာရွာမယ္ဆိုတာ ကိုယ္သိတယ္ … မင္းကိုယ့္ကိုထားခဲ့ၿပီး ထြက္မသြားဘူးဆိုတာ ကိုယ္ယုံတယ္ "

မုျဒာထြက္သြားခ်င္မိေပမဲ့ မလြတ္ေျမာက္နိုင္မွန္းသိေန၍ အလိုက္သင့္ေနေပးလိုက္သည္ ။ ၿပီးေနာက္ ဧကရာဇ္ေမာင္ကို ေလွာင္အိမ္ထဲကေနထြက္နိုင္ဖို႔ကူညီေပးလိုက္သည္ ။ ၿပီးသြားေတာ့ မုျဒာက သူ႕ရဲ႕လက္ေတြကို ဧကရာဇ္ထံကေန ဆြဲျဖဳတ္ကာ ေမွာင္ပိန္းၿပီး ေျခာက္ခ်ားဖြယ္အတိရွိေနတဲ့ ေျမေအာက္ခန္းကေနေျပးထြက္ခ်င္လာသည္ ။

" အိမ္ျပန္ၾကမယ္ "

မုျဒာလွည့္ထြက္သြားစဥ္ ဧကရာဇ္က အေနာက္ကေန လွမ္းဆြဲလိုက္ၿပီး …

" ေနဦး … ကိုယ္နဲ႕ခနေလာက္ အတူေနေပးပါ "

" ဒီေနရာမွာ မေနခ်င္ဘူး "

"  ဒီေနရာက ဘာျဖစ္လို႔လဲ … ဒီေနရာကမွ ကိုယ့္ရဲ႕အိမ္အစစ္ … ဒီေနရာကအရမ္းကိုလုံၿခဳံတယ္ … ကိုယ္တို႔ကို ဘယ္သူမွလဲ လာမေႏွာက္ယွက္နိုင္ဘူး … ဘယ္ကိုမွထြက္မသြားပဲ ဒီမွာပဲကိုယ္နဲ႕အတူေနေပးပါ "

႐ုတ္တရပ္ ဧကရာဇ္မ်က္ဝန္းေတြက မ်က္ရည္ေတြစီးက်လာ၍ မုျဒာမျငင္းဆန္နိုင္ေတာ့ပဲ  ေလွာင္အိမ္ေဘးမွာ ၂ ေယာက္သားထိုင္လိုက္ၾကသည္  ။ မုျဒာကိုယ္တိုင္လဲ သူ႕ဖခင္အေၾကာင္း ၾကားသိစဥ္က အလြန္ဝမ္းနည္းကာ အခ်ိန္အေတာ္ၾကာယူၿပီး စိတ္တည္ၿငိမ္ေအာင္ႀကိဳးစားခဲ့ရသည္ ။ ခုဧကရာဇ္ေမာင္လဲ သူသိပ္ခ်စ္ရတဲ့မိခင္ရဲ႕ သ႐ုပ္မွန္ကိုသိၿပီး မိခင္အစစ္နဲ႕အတူျဖတ္သန္းခဲ့တဲ့မွတ္ဉာဏ္ေတြကိုပါ ျပန္ရရွိလာေတာ့ စိတ္ပုံမွန္ျပန္ျဖစ္ဖို႔ အခ်ိန္ယူၿပီး လက္ခံနိုင္ေအာင္ႀကိဳးစားရမည္မွန္း မုျဒာနာလည္သည္ ။ ဒါေၾကာင့္ ဧကရာဇ္ေဘးမွာ ၿငိမ္သက္စြာေနေပးလိုက္သည္ ။ ဒါဟာသူလုပ္ေပးနိုင္တဲ့ ေနာက္ဆုံးေသာအရာပင္ ။

ဧကရာဇ္က အေနာက္ကေနမုျဒာခါးေလးအား တင္းၾကပ္စြာဖက္ထားၿပီး သူ႕ရဲ႕မ်က္ႏွာက မုျဒာေက်ာျပင္ေပၚအပ္ကာ မွီထားရင္း စကားေတြဆိုေနေတာ့သည္ ။

" ကိုယ္ေလ ကိုယ့္ေမေမကို အရမ္းလြမ္းတယ္ … ကိုယ့္ေမေမအတြက္ လက္စားေခ်ေပးခဲ့ေပမဲ့ မေပ်ာ္႐ႊင္ဘူး "

ထိုအခါမွ မုျဒာ ဧကရာဇ္နေဘးမွာခ်ထားတဲ့ လွပသည့္အမ်ိဳးသမီးငယ္ေလးရဲ႕ပုံကိုေတြ႕လိုက္ရသည္ ။ ဧကရာဇ္ရဲ႕အေမအရင္းကို မုျဒာတစ္ႀကိမ္တစ္ခါမွမျမင္ဖူး၍ ထိုအမ်ိဳးသမီးရဲ႕ပုံအား ယူၿပီးၾကည့္လိုက္သည္ ။ နက္ေမွာင္တဲ့ဆံႏြယ္ေတြနဲ႕အတူ ေထာက္ပတဲ့မ်က္ဝန္းေတြက ဧကရာဇ္ေမာင္နဲ႕ခြၽတ္ဆြတ္တူေနၿပီး သူမမွာ လွပသည့္အၿပဳံးေလးေတြရွိေနသည္ ။ သူမသာအသက္ရွိေနေသးလွ်င္ ေႏြးေထြးမႈေတြအျပည့္ေပးနိုင္တဲ့ မိခင္ေကာင္းတစ္ေယာက္ျဖစ္မွာေသျခာသည္ ။

" ကိုယ့္ေမေမနဲ႕ ကိုယ့္ရဲ႕ေတြ႕ဆုံျခင္းနဲ႕ ခြဲခြာျခင္းက ဒီအခန္းေလးထဲမွာပဲ ျဖစ္လာခဲ့တယ္ … ဒီေလွာင္အိမ္ ၂ ခုက ဘာလို႔ထင္လဲ "

မုျဒာက သူ႕တို႔ရဲ႕ေဘးမွာခ်ထားတဲ့ေလွာင္အိမ္ေတြကိုၾကည့္လိုက္ၿပီး …

" ဒါက ဘာေတြလဲ "

" ဒါကကိုယ္တို႔ရဲ႕အိမ္ေလ … ေစာေစာကကိုယ္အိပ္ေပ်ာ္ေနတဲ့ေလွာင္အိမ္က ေမေမ့ရဲ႕အိမ္ … ဟိုေဘးကအေသးေလးက ကိုယ့္ရဲ႕အိမ္ … ကိုယ္ငယ္ငယ္က တျခားကေလးေတြလို ပုခတ္ထဲမွာႀကီးျပင္းခဲ့ရတာမ်ိဳးမဟုတ္ပဲ ဒီေလွာင္အိမ္ထဲမွာ အထည့္ခံထားရတာ … ကိုယ့္ေမေမက ႐ူးသြတ္သြားေပမဲ့ ကိုယ္ငိုေနတဲ့အခ်ိန္တိုင္း ဘယ္လိုေခ်ာ့ျမဴရမလဲသိတယ္ … ကိုယ့္ကိုအၿမဲၿပဳံးျပတယ္ … ဒီထဲမွာေနရတာ ကိုယ့္အတြက္အေပ်ာ္ဆုံးပဲ … ဒါေပမဲ့ ကိုယ့္ရဲ႕ေမေမကို လူတစ္ေယာက္က ရက္ရက္ဆက္ဆက္သတ္သြားခဲ့တယ္ "

" …… "

" မေန႕က ကိုယ့္ရဲ႕ပုံစံေၾကာင့္ မင္းကိုယ့္ကိုေၾကာက္လား "

" …… "

" ကိုယ္ေမးေနတယ္ေလ … မင္းေၾကာက္သြားလားလို႔ "

မုျဒာကထိုအျဖစ္အပ်က္ေတြကိုျပန္ေတြးရင္ ေဇာေခြၽးမ်ားပင္ပ်ံလာသည္ ။ ဧကရာဇ္က သူ႕ရဲ႕အေျဖမၾကားမခ်င္း ဆက္တိုက္ေမးေန၍ မုျဒာအာ႐ုံထဲကပုံရိတ္ေတြကိုအျမန္ေဖ်ာက္ဖို႔ မ်က္လုံးစုံမွိတ္ကာ ေျဖဆိုလိုက္သည္ ။

" ေၾကာက္တယ္ "

ခနမွ်တိတ္ဆိတ္သြားၿပီးေနာက္ ဧကရာဇ္ရဲ႕လက္ေတြက ပို၍တင္းၾကပ္လာၿပီး မုျဒာပခုံးေပၚေမးတင္လွ်က္ ေတာင္းပန္ေလသည္ ။

" မေၾကာက္နဲ႕ေတာ့ေနာ္ … ကိုယ္မင္းကိုေနာက္ထပ္ေၾကာက္ေအာင္မလုပ္ေတာ့ဘူးလို႔ ကတိေပးပါတယ္ … အဲ့ဒိလင္းရွိန္ဆိုတဲ့လူက မင္းမိသားစုအေပၚမွာေရာ ကိုယ့္အေပၚမွာပါ မေကာင္းခဲ့ဘူးေလ … ကိုယ့္ေမေမကို သူကိုယ္တိုင္ရက္ရက္စက္စက္သတ္ျပစ္ခဲ့တာ … အဲ့ဒါေၾကာင့္ သူ႕ရဲ႕အဆုံးသတ္ကိုလဲ ကိုယ္ကိုယ္တိုင္ပဲ အဆုံးသတ္ေပးခ်င္ခဲ့တယ္ … ဒါကကိုယ္တို႔ရဲ႕အတိတ္ဆိုးေတြအတြက္ သူ႕ရဲ႕ေပးစပ္မႈပဲ … ခုလက္စားေခ်ၿပီးသြားၿပီမို႔ အေႏွာက္အယွက္ေတြကင္းေဝးသြားၿပီ … ကိုယ္ဒီကိုလာၿပီး ေမေမ့ကိုစိတ္ေက်နပ္ရဲ႕လားဆိုတာ လာေမးၾကည့္ေနတာ "

စိတ္ဒါဏ္ရာရေနတဲ့လူတစ္ေယာက္ကို ဘယ္လိုႏွစ္သိမ့္ရမွန္းမသိေပမဲ့ ႀကိဳးစားကာ ႏွစ္သိမ့္ေပးလိုက္သည္ ။

" မင္း … မင္းလက္နဲ႕ေသြးစြန္းဖို႔ထိ လုပ္ဖို႔မလိုပါဘူး … လူတစ္ေယာက္ကိုသတ္တဲ့အျပစ္က တရားဥပေဒအရေရာ ေနာင္သံတရာအထိပါ ဒုကၡေရာက္နိုင္တယ္ … ငါလဲသူ႕ကိုခြင့္မလႊတ္ဘူးဆိုေပမဲ့ ကိုယ္တိုင္သတ္ရေလာက္တဲ့ထိ အျငႇိုးမႀကီးဘူး  … ဒါေၾကာင့္ေနာက္ထပ္ဒီလိုမ်ိဳးစိတ္လိုက္မာန္ပါေတြမလုပ္ေတာ့ဘူးလို႔ ကတိေပးပါ "

" ကိုယ္ကတိေပးပါတယ္ … ကိုယ္ေမေမလဲ စိတ္ခ်မ္းသာၿပီမို႔ ကိုယ္ေပ်ာ္တယ္ … ၿပီးေတာ့ မုျဒာ ကိုယ့္ရဲ႕ေမြးေန႕အမွန္ကိုလဲ သိရၿပီ "

" ေမြးေန႕ "

" အင္း … ကိုယ့္မွတ္ပုံတင္ထဲက ေမြးေန႕က ကိုယ့္ေမြးေန႕အစစ္မဟုတ္ဘူး … ကိုယ့္ေမြးေန႕က Feb 19 ရက္ေန႕  27 ႏွစ္ျပည့္မွာ "

ထိုအခါမွ မုျဒာက ေမြးေန႕တိုင္း ဧကရာဇ္ေမာင္ မေပ်ာ္႐ႊင္တာကို သေဘာေပါက္သြားသည္ ။ ႐ုတ္တရပ္ ဧကရာဇ္ေမာင္က တိတ္ဆိတ္သြားေတာ့ မုျဒာက ေမးလိုက္သည္ ။

"  ေမြး … ေမြးေန႕မွာ ဘာလိုခ်င္လဲ "

" ကိုယ့္မွာ မင္းနဲ႕ရင္ေသြးေလးရွိေနၿပီပဲ … ဘာမွမလိုအပ္ပါဘူး … ၿပီးေတာ့ အဖိုးမဆုံးခင္က သားေလးေမြးရင္ သူ႕ရဲ႕မ်ိဳးရိုးကိုေပးဖို႔ေျပာထားတယ္ … ဒါေၾကာင့္ ကိုယ္နာမည္ကိုစဥ္းစားေနတာ "

" အဲ့ဒါက ေစာလြန္းေသးတယ္ "

" ကိစၥမရွိပါဘူး … ကိုယ္တို႔ေစာေစာေပးထားလို႔လဲ ရတာပဲ … ကိုယ္ရွာေတြ႕ထားတာတစ္ခုေတာ့ရွိတယ္ … မင္းသေဘာက်ေလာက္လားေတာ့မသိဘူး "

ဧကရာဇ္က အေလးအနက္ထားကာေျပာေနသည္ ။ မုျဒာလဲ လစ္လ်ႉမရႈေတာ့ပဲ နားေထာင္ေနမိသည္ ။ ဒီလိုႏူးညံ့ၿပီး သူ႕အေပၚဂ႐ုစိုက္ေပးတဲ့ ဧကရာဇ္ေမာင္ကသာ သူတစ္ခ်ိန္တုန္းက ႐ူးေလာက္ေအာင္ခ်စ္ခဲ့မိတဲ့လူသားျဖစ္သည္ ။ ဒီအခ်ိန္ခနသာမွာေတာ့ ျဖစ္ပ်က္ခဲ့သမွ်အားလုံးကိုခနသာေမ့ထားၿပီး သူ႕ရဲ႕စိတ္ကူယဥ္အိမ္မက္ထဲက လူတစ္ေယာက္နဲ႕ ေတြ႕ဆုံေနရသလိုမ်ိဳး မုျဒာစကားေတြေျပာေနခဲ့သည္ ။ သူသာဧကရာဇ္အႀကိဳက္လိုက္ေနေပးရင္ သူလြတ္ေျမာက္ဖို႔စည္း႐ုံးတာကိုလဲ လြယ္လြယ္လက္ခံမည္ဟုထင္မိ၍ပင္ ။

" အဖိုးရဲ႕နာမည္လဲပါေအာင္ ကိုယ္စဥ္းစားထားတဲ့ ကိုယ္တို႔သားေလးရဲ႕နာမည္က ' ကုေဌရွင္းခန႔္ ' … သားေလးရဲ႕နာမည္က လွလား "

" ကုေဌရွင္းခန႔္ "

" အင္း … အဲ့လိုေခၚရေအာင္ေနာ္ … သားေလးက ဘယ္ေန႕ေမြးမလဲ ကိုယ္သိခ်င္ေနၿပီ … ကိုယ့္ေမေမလဲ ေတြ႕ခ်င္ေနေလာက္ၿပီ "

႐ုတ္တရပ္ ဧကရာဇ္ေမာင္က သူ႕ေဘးမွာလူတစ္ေယာက္ရွိသလိုမ်ိဳး လွည့္ၾကည့္ကာ ၿပဳံးေန၍ မုျဒာေက်ာခ်မ္းလာသည္ ။ ဓာတ္ပုံထဲက ဧကရာဇ္ရဲ႕မိခင္ဟာလဲ ဒီေနရာမွာေသဆုံးသြားခဲ့တာမို႔ မုျဒာဆက္ၿပီးမေနရဲေတာ့ေပ ။

" ဒါ … ဒါဆို ငါတို႔သြားရေအာင္ "

" ဘယ္ကိုသြားမွာလဲ … ဒါကကိုယ့္ရဲ႕အိမ္လို႔ေျပာထားတယ္ေလ … ေမေမလဲမင္းကိုေတြ႕ခြင့္ရလို႔ေပ်ာ္ေနမွာ … ဒီမွာပဲ ကိုယ္နဲ႕အတူေနရေအာင္ "

မြန္းၾကပ္ၿပီး ေလထိုးေပါက္မရွိေမွာင္ပိန္းေနတဲ့ ေျမေအာက္ခန္းမွာ မုျဒာမေနခ်င္ေတာ့ေပ ။ ဧကရာဇ္ေမာင္က စကားေတြေျပာၿပီး ပုံမွန္စိတ္ျဖစ္ေန၍ စည္း႐ုံးလို႔ရမယ္ထင္ထားခဲ့ေပမဲ့ ျပန္မလိုက္တဲ့အျပင္ ေခါင္းမာစြာျဖင့္ မုျဒာကိုပါဆြဲထားေသာေၾကာင့္ မုျဒာ႐ုန္းမထြက္နိုင္ေတာ့ေပ ။ 

" ဒီေနရာမွာ မေနခ်င္ေတာ့ဘူး … ျပန္ရေအာင္ "

" ကိုယ္ကေတာ့ ဒီေနရာကိုသေဘာက်တယ္ … ကိုယ္အနိုင္က်င့္ခံရလို႔ ဝမ္းနည္းတိုင္း ဒီေနရာမွာလာၿပီေနေလ့ရွိတယ္ … မင္းေရာက္လာၿပီးကိုယ့္ကိုဒီေနရာမွာအေဖာ္ျပဳေပးလို႔  ပိုၿပီးေႏြးေထြးလာတယ္ … မင္းကိုစေတြ႕ကတည္းက ဒီေနရာမွာမင္းနဲ႕တူတူအၿမဲေနခြင့္ရရင္ အရမ္းေပ်ာ္ဖို႔ေကာင္းမွာပဲလို႔ ေတြးေနခဲ့တာ … ခုကိုယ့္ရဲ႕ဆႏၵေတြျပည့္ဝခဲ့ၿပီ  "

" ဘယ္ … ဘယ္ေလာက္ၾကာေအာင္ ေနဖို႔စဥ္းစားထားတာလဲ "

" တစ္သက္လုံးေပါ့ … ဒီမွာဆိုရင္ ကိုယ္တို႔ကို ဘယ္သူမွလဲ မခြဲနိုင္ေတာ့ဘူးေလ "

မုျဒာလန႔္သြားေလသည္ ။ ဧကရာဇ္ေမာင္ဟာ အတိတ္ကမွတ္ဉာဏ္ေတြ ျပန္ရၿပီးကတည္းက အတိတ္မွာပိတ္မိကာ အရမ္းကိုအဆြဲအလမ္းႀကီးလာသလို သူ႕အားနည္းမ်ိဳးစုံနဲ႕ ခ်ဳပ္ေႏွာင္ဖို႔ႀကိဳးစားလာသည္ ။ ခုဧကရာဇ္ေမာင္ကပုံမွန္လို႔ထင္ရေပမဲ့ ေန႕ဘက္နဲ႕ညဘက္ စိတ္၂ခုေပါင္းစပ္သြားကာ ႏူးညံ့သလိုလိုနဲ႕ အရင္ကထက္အဆြဲအလမ္းပိုႀကီးကာ စဥ္စားဉာဏ္နည္းလာသည္ ။ မုျဒာဒီလို ေျမေအာက္ခန္းထဲမွာ ပိတ္ေလွာင္ခံရေတာ့မည္ကိုေတြးမိေတာ့  ႐ူးမတတ္လန႔္သြားေလသည္ ။

" မင္းေျပာေတာ့ ငါ့ကိုျပန္ခြင့္ျပဳမယ္ဆို ဦးေလးျမတ္ေတာင္အျပင္မွာလာေခၚေနၿပီ "

" ကိုယ္အစက ျပန္ခြင့္ျပဳခ်င္ေပမဲ့ ေမေမကသူနဲ႕အတူေနဖို႔ေျပာေနတယ္ သူကမင္းကိုလဲ ေတာ္ေတာ္ေလးသေဘာက်ေနတယ္ ဒါေၾကာင့္ ကိုယ္တို႔မိသားစုေတြ ဒီမွာပဲအတူေနရေအာင္ "

ဧကရာဇ္ေမာင္က လုံးဝ႐ူးသြတ္ေနၿပီ ။ မရွိတဲ့လူေတြကိုလဲ အရွိလုပ္ၿပီး စကားေတြေျပာကာ သူ႕စိတ္ကူးနဲ႕သူ ကမာၻသစ္ကို ပုံေဖာ္ေနသည္ ။

" မုျဒာ ဒီမွာအဖိုးလဲရွိတယ္ေလ မင္းလြမ္းတဲ့အခ်ိန္တိုင္ အဖိုးကိုသြားေတြ႕လို႔ရတယ္ "

" မဟုတ္ဘူး သူတို႔ကမရွိေတာ့ဘူး …  ငါ … ငါ အိမ္ကိုပုျပန္ခ်င္တယ္ … ေက်းဇူးျပဳၿပီး ျပန္ခြင့္ျပဳပါ … ဧ … ဧကရာဇ္ေမာင္  … ဒီမွာမေနခ်င္ဘူး … မုျဒာေတာင္းပန္ပါတယ္   "

မုျဒာက ႐ုတ္တရပ္ငိုရွိုက္ကာ ေတာင္းပန္လာေတာ့ ဧကရာဇ္လန႔္သြားသည္ ။ သူ႕ကိုယ္သူ မုျဒာကိုဘာေၾကာင့္အငိုလုပ္မိေနလဲ မေတြးတတ္ေတာ့ေပ ။ သူဖန္တီးထားတဲ့ကမာၻေလးကို မုျဒာေသခ်ာေပါက္ႏွစ္သက္မည္လို႔ထင္ခဲ့သည္ ။ သူကမုျဒာအား တင္းၾကပ္စြာေပြ႕ဖက္လိုက္ၿပီး …

" မငိုပါနဲ႕ … ကိုယ့္အနားမွာပဲရွိေနေပးပါ … မင္းနဲ႕သားေလးကို ဘယ္ကိုမွထြက္သြားခြင့္မျပဳနိုင္ဘူး … မင္းသူတို႔နဲ႕မေတြ႕ခ်င္လဲရပါတယ္ … ကိုယ္ကမင္းလဲ သူတို႔ကိုလြမ္းေနမယ္ထင္လို႔ "

"  လႊတ္ … လႊတ္ေပးပါ "

ဧကရာဇ္က အယ္ဖာဖယ္ရိုမုန္းေတြကို ထုတ္လႊတ္ၿပီး မုျဒာအား ျငင္းဆန္၍မရေအာင္ ခ်ဳပ္ေႏွာင္လိုက္သည္ ။ မိတ္အယ္ဖာရဲ႕ခြင့္ျပဳခ်က္မရပဲ ဘယ္အိုမီဂါမွ အေဝးသို႔ ထြက္မေျပးနိုင္ေလာက္တဲ့ထိ အားျပင္းတဲ့ဖယ္ရိုမုန္းေတြနဲ႕ မုျဒာအား ခ်ဳပ္ေႏွာင္လိုက္သည္ ။

" ကိုယ့္အနားမွာပဲ ေနေပးပါ မုျဒာ … ထြက္မသြားပါနဲ႕ "

" ဟင့္ .… လႊတ္ … အိမ္ပဲျပန္ခ်င္တယ္ "

" ဒါကကိုယ္တို႔အိမ္လို႔ ဘယ္ႏွခါေျပာရမလဲကြာ … မင္းျပန္သြားရင္ ကိုယ့္ကိုထားသြားမွာမဟုတ္လား … ကိုယ္မင္းကိုထားသြားခြင့္မျပဳဘူး … ဒီမွာပဲ ကိုယ္နဲ႕အတူေနရမယ္ မုျဒာ "

" အ ဟင့္ ဟင့္ "

ဧကရာဇ္က သူ႕ရဲ႕ဖယ္ရိုမုန္းေၾကာင့္ အင္အားခ်ိနဲ႕ေနကာ မ႐ုန္းေတာ့ပဲငိုေနတဲ့ မုျဒာအား အတင္းနမ္းရွိုက္လိုက္သည္ ။ အသက္ရႉသံေတြက ျပင္းျပကာ အနမ္းေတြက ၾကမ္းတမ္းလွသည္ ။ ထြက္ေျပးခ်င္ေနသည့္စိတ္ေၾကာင့္ မုျဒာအနမ္းအေပၚအာ႐ုံမေရာက္ေတာ့ပဲ အတင္း႐ုန္းကန္ေနေတာ့သည္ ။

အဆုံးမွာေတာ့ ဧကရာဇ္ေမာင္ရဲ႕ အနမ္းေတြေအာက္မွာပဲ မုျဒာအရႈံးေပးလိုက္ကာ အသက္ရႉေတြၾကပ္လာၿပီး ေမ့ေျမာသြားေလသည္ ။ အရာအားလုံးတိတ္ဆိတ္သြားကာ ဧကရာဇ္ေမာင္က စိုးရိမ္တႀကီးေအာ္ေခၚသံက ဟိုးအေဝးႀကီးမွာ က်န္ေနခဲ့သည္ ။ ေနာက္ဆုံးမွာေတာ့ မုျဒာရဲ႕ခႏၶာကိုယ္က မလြတ္ေျမာက္နိုင္ေပမဲ့ မုျဒာရဲ႕ စိတ္ဝိဉာဥ္ဟာ  ထြက္ခြာသြားခဲ့ေလၿပီ …

…………………………………………………………………………………

To Be Continued ……

Continue Reading

You'll Also Like

55.1M 1.8M 66
Henley agrees to pretend to date millionaire Bennett Calloway for a fee, falling in love as she wonders - how is he involved in her brother's false c...
226M 6.9M 92
Officially now a series! Watch it for free on MediaCorp's Youtube Channel- MediaCorp Drama. ...
847K 55.6K 31
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
95.8K 2.2K 21
Title ~ ထာဝရ မင်း Author ~ Hnin~Yhine All episode ~ 16.( Both Unicode and Zawgyi) # fifth 26.7.2021>>>> 15.8.2021( 21 days) pic f...