𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬...

Per harley__robbie

133K 7.7K 969

ချယ်ရီကြွေတွေပေါ်မှာ ဒူးထောက်ကာ တောင်းပန်ပြီးနောက် ... ဒီအမတလမ်းခရီးမှာ မင်းတစ်ယောက်သာ ကိုယ်ရူးရမိပါကြောင်း... Més

Prolouge (U)
Prolouge (Z)
About Order!!
Please Read!💖 (U+Z) /12.8.2023/
ℭ𝔥𝔞𝔭𝔱𝔢𝔯 1 - Demon Exorcist Jeremiah (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 1 - Demon Exorcist Jeremiah (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 2 - Prince 's Funeral (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 2 - Prince 's Funeral (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 3 - Toxic Birthday Party (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 3 - Toxic Birthday Party (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 4 - Lustful Enemy (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 4 - Lustful Enemy (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 5 - A Night with Dangerous Enemy (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 5 - A Night with Dangerous Enemy (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 6 - Dancing Before The Next Battle (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 6 - Dancing Before The Next Battle (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 7 - Ice Dragon Crown Prince (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 7 - Ice Dragon Crown Prince (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 8 - Soft Kiss to Special Body Pillow (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 8 - Soft Kiss to Special Body Pillow (Z)
𝕮𝖍𝖆𝖕𝖙𝖊𝖗 9 - War for Valentine (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 9 - War for Valentine (Z)
𝕮𝖍𝖆𝖕𝖙𝖊𝖗 10 - The Real Meaning of " Good Luck " (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 10 - The Real Meaning of " Good Luck " (Z)
Jere & Christ Art
Jeremiah's Art (Anime Version ) & Character Details
Christopher 's Art (Fox & Human Forms) & Character Details
Gavain AI version (Made with Dream App) Unicode
Gavain AI version (Made with Dream App) Zawgyi
𝕮𝖍𝖆𝖕𝖙𝖊𝖗 11 - My Beautiful Little Chris (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 11 - My Beautiful Little Chris (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 12 - The Lost Memories (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 12 - The Lost Memories (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 13 - The Beautiful Kimono (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 13 - The Beautiful Kimono (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 14 - Is it over? (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 14 - Is it over? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 15 - Story Untold (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 15 - Story Untold (Z)
The Seven Immortal Freeman Grandpas (AI art Version)
The Seven Immortal Freeman Grandpas (AI art Version) Zawgyi
ℭ𝔥𝔞𝔭𝔱𝔢𝔯 16 - The hell inside a heart (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 16 - The hell inside a heart (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 17 - The Alluring Sirens (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 17 - The Alluring Sirens (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 18 - Your Tiny Heart (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 18 - Your Tiny Heart (Z)
Mondy's Art ( Chibi Version & AI Version)
Wonderful Paradise (Dark Fan Service 1 )
ℭ𝔥𝔞𝔭𝔱𝔢𝔯 19 - Surprise Day (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 19 - Surprise Day (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 20 - A good kisser (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 20 - A good kisser (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 21 - A New Family Member
ℭ𝔥𝔞𝔭𝔱𝔢𝔯 21 - A New Family Member (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 22 - Morra or Dan Morra ? (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 22 - Morra or Dan Morra ? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 23 - A new memory
ℭ𝔥𝔞𝔭𝔱𝔢𝔯 23 - A New Memory (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 24 - Not Your Brother Jere
ℭ𝔥𝔞𝔭𝔱𝔢𝔯 24 - Not Your Brother Jere (Z)
Passionate Screaming (Dark Fan Service 2)
ℭ𝔥𝔞𝔭𝔱𝔢𝔯 25 - True Loves?
ℭ𝔥𝔞𝔭𝔱𝔢𝔯 25 - True Loves ? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 26 - Energy and Mantras
𝕮𝖍𝖆𝖕𝖙𝖊𝖗 26 - Energy and Mantras (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 27 - A Prisoner in the Moon Palace
ℭ𝔥𝔞𝔭𝔱𝔢𝔯 27 - A Prisoner in the Moon Palace (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 28 - The Smile
𝕮𝖍𝖆𝖕𝖙𝖊𝖗 28 - The Smile (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 29 - The Traitorous Mafia Bosses
ℭ𝔥𝔞𝔭𝔱𝔢𝔯 30 - The Greatest Exorcists
ℭ𝔥𝔞𝔭𝔱𝔢𝔯 30 - The Greatest Exorcists (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 31 - A Promise of Happiness
ℭ𝔥𝔞𝔭𝔱𝔢𝔯 31 - A Promise of Happiness (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 32 - Romance After Flames
ℭ𝔥𝔞𝔭𝔱𝔢𝔯 32 - Romance After Flames (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 33 - Thank You, Father
ℭ𝔥𝔞𝔭𝔱𝔢𝔯 33 - Thank You, Father (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 34 - Under the Moonlight Ocean
ℭ𝔥𝔞𝔭𝔱𝔢𝔯 34 - Under the Moonlight Ocean (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 35 - My Boss's Wild Love Confession (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 35 - My Boss's Wild Love Confession (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 36 - Reunion of Father & Son (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 36 - Reunion of Father & Son (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 37 - Hate & Love (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 37 - Hate & Love (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 38 - "Jeremiah ... Be Pregnant!" (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 38 - "Jeremiah ... Be Pregnant!" (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 39 - The End of Immortal Foes (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 39 - The End of Immortal Foes (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 40 (Final / U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 40 (Final/ Z)
𝐄𝐱𝐭𝐫𝐚 𝟏 : Love Poems (U)
𝐄𝐱𝐭𝐫𝐚 𝟏 : Love Poems (Z)
𝐓𝐡𝐚𝐧𝐤 𝐲𝐨𝐮 𝐟𝐨𝐫 𝐲𝐨𝐮𝐫 𝐬𝐮𝐩𝐩𝐨𝐫𝐭!
I prepared my plot and researched like this!!
Character Explanation About Mondy (Unicode & Zawgyi)
To Dear Readers (11.7.2022) U + Z
My New Fiction (Eternal Sunshine) U+Z
❤️ Physical Book Coming Soon ❤️
‼️Green Lantern Book House‼️

ℭ𝔥𝔞𝔭𝔱𝔢𝔯 29 - The Traitorous Mafia Bosses (Z)

356 23 0
Per harley__robbie


╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 29

The Traitorous Mafia Bosses

╚═════ ࿇ ═════╝



ကီရမ်က မွန်ဒီနှင့်ချိန်းဆိုထားသောစားသောက်ဆိုင်သို့ လာဖို့အရေး သူ​၏ခမည်းတော် ဂျက်ဖရီနှင့် အစ်ကိုတော်များကြောင့် ယခုထိတိုင် မထွက်လာနိုင်ဘဲရှိနေခဲ့သည်။

ချိန်းဆိုထားသည်မှာ ၁၁ နာရီခွဲဖြစ်​၏။ ယခုမူ ၁ နာရီခွဲရှိလေပြီ။

တကယ်တမ်းတော့ မွန်ဒီနှင့် ပထမဆုံးချိန်းထားခဲ့သည့်အချိန်မှာ ညနေပိုင်းအချိန်ဖြစ်ပြီး ယခုတွင် နေ့ခင်းပိုင်းသို့ ပြောင်းရွှေ့ထားသည်။

အစပိုင်းမှာ ကီရမ်လည်း ဖုန်းထဲတွင် မွန်ဒီကို အချိန်အဆင်ပြေသည်ဟု ပြောကြားခဲ့ပြီးမှ သူထွက်ခံနီးတွင် အစ်ကိုတော်ဂါဗင်နှင့် ရီကာဒိုတို့က ခမည်းတော် ဂျက်ဖရီထံ တစ်စုံတစ်ရာ ကြိုတင်အကြောင်းကြားထားခြင်းမရှိဘဲ ရောက်ချလာခဲ့​၏။

ထို့ကြောင့် ဂါဗင်လာနေတုန်း သူအပြင်ထွက်မည်ဆိုပါက ဂါဗင့်ဘက်က သူ့ကို တိမ်းရှောင်သည်ဟု တစ်မျိုးတွေးပေလိမ့်မည်။

ဤသို့ဖြင့် ကီရမ်လည်း သူတို့အားလုံးအား တစ်ခဏတာ လောကွပ်ချော်ပြီးမှ အပြင်ထွက်မည်ဟု ကြံစည်ထားခဲ့သော်လည်း ရီကာဒိုနှင့်ဂျက်ဖရီတို့၏စကားကြောရှည်နေမှုကြောင့် ချိန်းထားသည့်အချိန်မှာ ကျော်လွန်နေခဲ့သည်။

တစ်ဖက်တွင် မွန်ဒီက အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသည်ကို စိတ်မရှည်လာသဖြင့် ကုလားထိုင်ပေါ်တွင် သက်ပြင်းချကာ ခြေပစ်လက်ပစ်နေထိုင်မိသည်။

" ဟေး ... ဘယ်လိုထိုင်နေတာလဲ။ လူမြင်မကောင်းဘူး "

ဂျရယ်မိုင်ရာက မွန်ဒီ​၏ဖရိုဖရဲ ဗရမ်းပတာဖြစ်နေသော ဂါဝန်အတိုကို အမြန်ဖုံးဖိပေးခဲ့ပြီး သူမ​၏ပေါင်နှစ်ခြမ်းကို စိပေးခဲ့သည်။

" အဲဒီကောင်က ကြာလိုက်တာ​။ ဖုန်းဆက်တာလည်း မကိုင်ဘူး။ ရားး ပျင်းလာပြီ။ သွားတော့မယ် "

" နည်းနည်းထပ်စောင့်လိုက်ပါအုံး။ တစ်ခုခုကြောင့် နောက်ကျနေမှာပါ။ မင်းပဲ သူ့ကိုတွေ့ချင်လှပါချည်ရဲ့ဆို ... "

" အဲဒီလောက်နောက်ကျနေတာ ဒီမှာစောင့်ရတာ ပျင်းလို့သေတော့မယ် "

" ခဏသည်းခံလိုက် "

မွန်ဒီလည်း သူမ​၏ခါးကို ပြန်ဆန့်လိုက်ပြီး သက်ပြင်းချလျက် ဖုန်းထဲက game ကိုသာ ဆက်ကစားနေခဲ့သည်။

ဂျရယ်မိုင်ရာကလည်း Instagram ၌ ခရစ်စတိုဖာနှင့် အပြန်အလှန် စာများအား ဆက်တိုက်ပို့နေခဲ့ကြသည်။


" ကိုကြီး ဂျရယ် "

" ဟာ ကိုကြီး ဂျရယ်လို့ မခေါ်ပါနဲ့ဆို။ ဘေဘီကလဲ "

" ရှက်နေသေးတယ်ဗျာ။ တစ်လျှောက်လုံး ချကြပြုကြ ဆဲဟယ်ဆိုဟယ် လုပ်လာရင်းနဲ့မှ မထင်မှတ်ဘဲ ချစ်သူတွေဖြစ်လာတော့ အခေါ်အဝေါ်​ပြောင်းခေါ်ဖို့က ကျွန်တော့်အတွက် ခက်နေသေးတယ်"

" ဘေဘီလေးကလဲ ... "

" အဲဒီ ဘေဘီ၊ ဘေလို့ခေါ်ခံရတိုင်းလည်း ကျောချမ်းတယ်။ အဆင်မပြေဘူး "

" ... "

" ချစ်နေရင် ပြီးပြီမလားဗျ။ အခေါ်အဝေါ်လှဖို့ လိုသေးလို့လား။ ငယ်ငယ်က ကိုကြီး ဂျရယ်လို့ ခေါ်နေကျအတိုင်းက ပိုအဆင်ပြေတယ် "

" အွန်းပါ ... ကလေးသဘော "

" ကိုကြီး ဂျရယ် ... ကျွန်တော် သတိပေးစရာရှိတယ်။ အဲဒါ ကိုကြီးတို့အတွက်အခြေအနေမကောင်းတော့ဘူး "

" ဘယ်လိုမကောင်း? "

" ဂါဗင်က ကိုကြီး ဂျရယ်တို့ Freeman မျိုးနွယ်ကို ဖြုတ်ဖို့ စပြင်နေပြီ "

ဂျရယ်မိုင်ရာက ခရစ်စတိုဖာ​၏စာကို ကြည့်နေစဉ် မျက်မှောင်ကြုတ်ပြီး လှောင်ပြုံးပြုံးခဲ့သည်။

" အမယ် ... ခွေးနဂါးကောင်တွေကများ ဖြုတ်မယ်ကြံနေသေး။ ဖြုတ်တိုင်း ပြုတ်ရအောင် ကို
ယ်တွေအမျိုးက ဂျပလွတ်တွေ မဟုတ်ဘူး။ ဒီကောင်တွေက ကိုယ်တွေက လျော့တွက်ထားလား "

" ကျွန်တော်တော့ တိုက်ခိုက်ရတာ မုန်းနေပြီ။ ကိုယ်ပိုင်ဘဝမရှိဘဲ မနေချင်တော့ဘူး။ ကျွန်တော့မိဘတွေကို ငဲ့နေလို့သာပေါ့။
မဟုတ်ရင် ... "

" တစ်နေ့ မင်းမှာ ကိုယ်ပိုင်ဘဝ ရှိလာစေရမယ်။ ကိုယ် ကတိပေးတယ် bae "

" ကျွန်တော် မမျှော်လင့်ရဲဘူး "

" Why? "

ဂျရယ်မိုင်ရာက ယခင်လှောင်ပြုံးပြုံးနေခဲ့ရာမှ မျက်နှာပျက်သွားသည်။

ခရစ်စတိုဖာလည်း မျက်နှာသေဖြင့် စာဆက်ပို့နေခဲ့သည်။

" အနာဂတ်က ကံကြမ္မာတွေဆိုတာ ကျွန်တော်တို့ကတိတွေပေးထားတဲ့အတိုင်း ဖြစ်လာနိုင်ချေ possibility နည်းတယ်လေ "

" ... "

" ကိုကြီးနဲ့ငယ်ငယ်ကတောင် အတူတူကြီးပြင်းကြမယ်ဆိုပြီး စိတ်ကူးတွေယဉ်ခဲ့ကြသေးတယ်မလား။ ဒါပေမဲ့ အတူတူမကြီးပြင်းခဲ့ကြဘူးလေ။ နှစ်တွေအကြာကြီးနေမှ ပြန်ဆုံကြတာတောင် ရန်သူတွေအနေနဲ့ဆုံခဲ့ကြတာမလား "

" အွန်း "

ခရစ်စတိုဖာ​၏စကားကို သိပ်မကျေနပ်ခဲ့သောကြောင် ဂျရယ်မိုင်ရာ သက်ပြင်းချမိသည်။

" အဲဒါကြောင့် ကတိတွေမပေးဘဲ ပစ္စုပ္ပန်မှာပဲ ပျော်ပျော်နေကြရအောင် "

" အွန်း ... ဒါပေမဲ့ ကိုယ်ကတော့ မင်းနဲ့အတူတူနီးစပ်ရဖို့ ဘာမဆိုလုပ်မှာပဲ"

" ကျွန်တော် သဘောမတူဘူး။ ကိုကြီးကို ကျွန်တော့်ကြောင့်နဲ့ စွန့်စားမှုကြီးကြီးတွေ မလုပ်စေချင်ဘူး "

" ကိုယ်ကတော့ လုပ်မှာပဲ bae "

ဂျရယ်မိုင်ရာ​၏စာကြောင့် ခရစ်စတိုဖာက "ဟူး" ဆိုပြီး စိတ်ကုန်သွားသည်။

" ပြောရခက်တဲ့လူဆိုးဗျာ ... ကျွန်တော် ကိုကြီးကိုချစ်ပေမဲ့ ကျွန်တော့်ကြောင့်နဲ့ ကိုကြီးမှာ ဆုံးရှုံးရမှာတွေ၊ နစ်နာရမှာတွေ တအားများမယ်ဆို ကိုကြီးကို ဆက်မချစ်နိုင်ဘူး​။ ဒီတစ်ခါ ကိုကြီးရဲ့အဝေးဆုံးကို ကျွန်တော်ကိုယ်တိုင် ထွက်သွားရလိမ့်မယ် "

" ခရစ်၊ မင်း ဘယ်လိုပြောလိုက်တာလဲကွာ။ ငါ မင်းကိုအချိန်အကြာကြီးစောင့်နေခဲ့တာလေ။ မင်း ငါ့ဆီပြန်ရောက်လာမှာပါလို့ ငါယုံကြည်ထားခဲ့တယ်။ ငါ ယုံကြည်ထားတာတွေက အချိန်ကြာခဲ့ပေမဲ့ တကယ်ဖြစ်လာတာပဲ။ ခုလည်း မင်းနဲ့ငါ ငါတို့ပိုင်တဲ့ဘဝတစ်ခုကို တစ်နေ့တည်ဆောက်နိုင်ကြမယ်လို့ ငါယုံတယ်။ ဒါ့ကြောင့် အသည်းကွဲရတဲ့စကားတွေ ထပ်မပြောနဲ့။ မင်း ငါ့ဆီကနေ ထွက်သွားမယ်ဆိုတဲ့စကားက ငါမကြားချင်ဆုံးစကားပဲ "

၎င်းစာအရှည်ကြီးကို ရိုက်ပို့ခဲ့ပြီးသောအခါ ဂျရယ်မိုင်ရာက စိတ်ထောင်းခနဲထသွားခဲ့သောကြောင့် ဘေးနားက ရေခွက်ကို လှမ်းယူခဲ့သည်။ ရေသောက်ရင်းဖြင့် ထောင်းခနဲထသွားခဲ့သည့်သူ့စိတ်ကို အသက်ပြင်းပြင်းရှူရင်း ပြန်လျော့ခဲ့သည်။

မွန်ဒီက ဂိမ်းထဲအာရုံရောက်နေသဖြင့် သူမ​၏ဘေးက ဂျရယ်မိုင်ရာဖြစ်ပျက်နေသည့်အမူအရာများကို သတိမထားမိပေ။

ဂျရယ်မိုင်ရာဘက်က စိတ်တိုသွားမှန်း သိသည့်အချိန်၌ ခရစ်စတိုဖာက သူ့ခေါင်းကို စိတ်ရှုပ်စွာ လက်ဖြင့်ထိုးဖွခဲ့သည်။

ထို့နောက် ဂျရယ်မိုင်ရာကို စိတ်ပြေစေရန် ချော့မော့ဖို့ စာရိုက်မည်လုပ်နေစဉ် " Mr.Garvin " ဟူ၍ ဂါဗင်ဆီမှ ဖုန်းခေါ်ဆိုမှု notification ဝင်လာခဲ့သည်။

ပျာပျာသလဲနှင့် ဂါဗင်​၏ဖုန်းခေါ်ဆိုမှုကို အလျင်အမြန် ကိုင်လိုက်သည်။

" ဟဲလို "

" ကုမ္ပဏီလိုက်လာခဲ့။ မင်းကို တာဝန်ပေးစရာရှိတယ် "

" ဟုတ်ကဲ့။ အမိန့်တော်တိုင်းပါ "

ဂါဗင်ဖုန်းချခဲ့သည့်အချိန်၌ ခရစ်စတိုဖာလည်းစောစောက ဂျရယ်မိုင်ရာကို ပို့ဖို့ရိုက်နေခဲ့သောစာတစ်ပိုင်းတစ်စကို ဆက်မရိုက်တော့ဘဲ စာအသစ်ကိုသာ ပို့ဖြစ်ခဲ့သည်။

" ကိုကြီး ကျွန်တော့်ကို ဂါဗင်ခေါ်နေပြီ "

ခရစ်စတိုဖာ​၏စာထဲက ' ဂါဗင် ' ဟူသော စကားလုံးကို မြင်လျှင်မြင်ချင်း ဂျရယ်မိုင်ရာ​၏မျက်ခုံးများက ပင့်တက်သွားသည်။

မသိစိတ်က အလိုအလျောက် ဂါဗင်အား ဒေါသထွက်မိပြန်သည်။ ထို့ကြောင့် စိတ်အကဲဆတ်စွာ စာပြန်မိသည်။

" အဲဒီကောင်ကို တစ်နေ့တစ်ပွဲနွဲပြီး မှတ်လောက်သားလောက် ပညာပေးရမယ် "

" ဟာ သူ့ကိုသွားရန်မစနဲ့။ ကိုကြီး အလွန်ပဲဖြစ်မှာ။ သူက ဉာဏ်တအားများတယ်။ ဖြစ်နိုင်ရင် ကြိုရှောင် "

ဂျရယ်မိုင်ရာ​၏အကဲဆတ်သောစာပြန်မှုကြောင့် ခရစ်စတိုဖာလည်း စာနှင့်ထပ်ပြီး ဖြောင်းဖြရပြန်သည်။

" မရှောင်ပါဘူး။ အဲဒီလိုရှောင်လေ ကြောက်နေတဲ့အကောင်ဆိုပြီး ဘဝင်မြှင့်နေပါအုံးမယ်"

" ပြောရခက်လိုက်တာ။ သူမွှေရင် ကျွန်တော်တို့နှစ်ယောက်လည်း ထိပ်တိုက်ချရမှာနော်။ အဲဒီအချိန်ကျ show time လုပ်မှ ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ဘယ်သူမှ မရိပ်မိမှာ "

" စိတ်ရှုပ်တယ်။ အကုန်လုံးကို သတ်ပစ်မယ်။ သူတို့သေမှ ကိုယ်တို့နှစ်ယောက်အတူတူနေရမှာ "

ခရစ်စတိုဖာက တဇွတ်ထိုးဆန်နေသောဂျရယ်မိုင်ရာကို နှစ်သိမ့်ပေးပို့အတွက် စာရိုက်မည်ပြင်နေစဉ် အခန်းတံခါးခေါက်သံကို ကြားခဲ့ရသည်။

" ဗိုလ်ချုပ်ခရစ်စတိုဖာ "

" အေး "

" ဗိုလ်ချုပ်ကို အရှင်မင်းသားက ခုချက်ချင်း ကုမ္ပဏီကို တပ်ဖွဲ့နဲ့လာဖို့ ခေါ်ခိုင်းထားပါတယ် "

" ဟုတ်လို့လား။ စောစောက ငါ့ကိုဖုန်းဆက်တော့ တပ်လွှတ်လိုက်ဖို့အကြောင်း ဘာမှမပြောပါဘူး "

ခရစ်စတိုဖာလည်း တံခါးအပြင်ဘက်က မိစ္ဆာအိမ်တော်ထိန်း​၏ပြောကြားချက်ကြောင့် ခဏတွေဝေသွားသည်။

ထိုစဉ် ဂါဗင့်ဆီကနေ ဖုန်းတစ်call ထပ်ဝင်လာ​၏။

ခရစ်စတိုဖာလည်း အမြန်ဖုန်းဖြေကြားသည်။

" ဟဲလို "

" ရှိသမျှတပ်သားတွေကိုပါ ခေါ်လာခဲ့လိုက်"

" အမိန့်တော်အတိုင်းပါ "

ဂါဗင်က စောစောကအတိုင်း စကားကို လိုတိုရှင်းပြောပြီး ဖုန်းချခဲ့သည်။

ခရစ်စတိုဖာက ဂါဗင်​၏ရေးကြီးသုတ်ပျာဖြစ်နေသောအသံကြောင့် ဘဝင်မကျဖြစ်မိသည်။

" ဘာပြဿနာတက်လို့ ခုလောက်ထိ အလောတကြီးဖြစ်နေတာလဲ။ မဟုတ်မှလွဲရော ကိုကြီး ဂျရယ် တစ်ခုခုပြဿနာရှာထားခဲ့လို့များလား။ ဒါပေမဲ့ သူက မွန်ဒီနဲ့အတူတူရှိနေတာပဲ​။ ဘယ်လိုပဲဖြစ်ဖြစ် ပိတ်ရက်လေးကို မနားရဘူး "

ခရစ်စတိုဖာလည်း ဆက်အတွေးမလွန်တော့ဘဲ သက်ပြင်းချလိုက်ကာ သူ့အဝတ်အစားများကို အမြန်လဲလှယ်ခဲ့သည်။

ဂျရယ်မိုင်ရာ့ဘက်က စာဆက်တိုက်ပို့နေခဲ့သော်လည်း ခရစ်စတိုဖာဘက်မှ စာပြန်ခြင်းမရှိခဲ့ပေ။ ခရစ်စတိုဖာမှာ ဂါဗင်​၏အမိန့်ကို အာရုံရောက်သွားသဖြင့် စာပြန်ဖို့ မေ့ခဲ့သည်။

ထို့နောက် အခန်းပြင်သို့ ထွက်လာခဲ့ပြီး အိမ်တော်ထိန်းနှင့်အတူ စံအိမ်တော်အောက်ဘက်ကို ဆင်းလာခဲ့သည်။

စံအိမ်တော်အတွင်းရှိ သူ​၏တပ်သားများကို ဆင့်ခေါ်ခဲ့သည်။

" မင်းသားဂါဗင်က မင်းတို့တွေကိုပါ ခေါ်ခိုင်းလိုက်တယ်။ တစ်တပ်လုံးခေါ်လာခိုင်းတာ ဖြစ်လို့ နောက်ထပ် လန်ဒန်မှာနေနေတဲ့ကောင်တွေကိုပါ သွားခေါ်ခဲ့ပြီးရင် ဘုရင်ကြီးတို့ကုမ္ပဏီဆီ လိုက်လာခဲ့ကြ "

" ဟုတ်ကဲ့ ဗိုလ်ချုပ် "

ခရစ်စတိုဖာ​၏အမိန့်ပေးမှု ပြီးဆုံးသည့်အခါ သူနှင့်မိစ္ဆာတပ်သားများက စံအိမ်တော်​​၏ကားပါကင်သို့ သွားခဲ့ကြသည်။

မိစ္ဆာတပ်သားများက သူတို့​၏ကားများထဲ အုပ်စုလိုက်အလျှိုလျှိုဝင်ခဲ့ကြသည်။

ထို့နောက် ခရစ်စတိုဖာလည်း သူ​၏မိစ္ဆာကားဒရိုင်ဘာများနှင့်အတူ ကားထဲဝင်ခဲ့​၏။

မကြာခင် ကားများဟာ စံအိမ်တော်ပြင်ပသို့ ရှေ့နောက် တစ်စီးချင်းစီ ဂျက်ဖရီတို့​၏ကုမ္ပဏီကို ထွက်ခဲ့ကြတော့သည်။

-----

ကီရမ်မှာ သူ​၏ဖခမည်းတော်နှင့်အစ်ကိုတော်များက ကုမ္ပဏီသို့ ထွက်သွားခဲ့ကြသော်လည်း မလိုက်ခဲ့ပေ။

မွန်ဒီ့ကိုသာ သူနောက်ကျသွားသဖြင့် တောင်းပန်ကြောင်း ဖုန်းဆက်ခဲ့ပြီးနောက် သူမနှင့်ချိန်းဆိုထားရာ စားသောက်ဆိုင်ဆီသို့ တက္ကစီစီးကာအမြန်လာခဲ့သည်။

နာရီဝက်လောက် တက္ကစီစီးခဲ့ရပြီးသောအခါ နောက်ဆုံးတွင်ဆိုင်ရှေ့သို့ ရောက်ရှိခဲ့လေပြီ။

သူ ဆိုင်ထဲသို့ ဝင်လာခဲ့သည်။ ထို့နောက် ဘေးဘီပတ်ဝန်းကျင်ကို ဘယ်ညာမျက်လုံးကစားလျက် မွန်ဒီ့အား ရှာဖွေခဲ့သည်။

စိတ်မရှည်နေသည့်မျက်နှာအမူအရာနှင့် ဆူပုပ်စွာ ဖုန်းကြည့်နေခဲ့သည့်မွန်ဒီ့ကို သူတွေ့ခဲ့ရပြီ။

မွန်ဒီ​၏စားပွဲခုံသို့ တဖြည်းဖြည်း လမ်းလျှောက်လာခဲ့သည်။

" ပထမဦးဆုံးဒိတ်မှာ စောင့်ခိုင်းလိုက်ရလို့ တောင်းပန်ပါတယ် "

မွန်ဒီ့ခေါင်းက ကီရမ်​၏တောင်းပန်သံကို ကြားလျှင်ကြားချင်း မော့လာခဲ့သည်။

ထို့နောက် သူမဘေးတွင် ရပ်နေသောကီရမ်​၏လက်မောင်းကို ထုရိုက်ခဲ့သည်။

" အား ဘာဖြစ်လို့ရိုက်တာလဲ "

ကီရမ်က မွန်ဒီ​၏အဆက်မပြတ်ရိုက်ပုတ်နေသောလက်များကို ကာနေခဲ့သည်။

" အကြာကြီးစောင့်ခိုင်းလို့ ယူ့ကိုအပြစ်ပေးတာ ဟွန့် "

မွန်ဒီက ကီရမ်​၏မျက်လုံးများကို စေ့စေ့ကြည့်ပြီး နူတ်ခမ်းဆူပုပ်စွာ ဖြေကြားသည်။

အိမ်သာကနေပြန်လာသော ဂျရယ်မိုင်ရာက ကီရမ်နှင့်မွန်ဒီတို့ကို မဝေးမကွာသောနေရာကနေ ကြည့်နေခဲ့ပြီး ပြုံးနေခဲ့သည်။

ထို့နောက် သူမတို့အနားကို ချဉ်းကပ်သွားခဲ့သည်။

" ဟေး မင်းက မွန်ဒီရဲ့သူငယ်ချင်းအသစ်ဆိုလား "

ဂျရယ်မိုင်ရာက နူတ်ခွန်းဆက်လိုက်သောအခါ ကီရမ်က ကြောင်အမ်းအမ်း ကြည့်နေခဲ့သည်။

" အာ ဟုတ်ကဲ့ "

" ငါက သူ့အစ်ကိုပါ။ ဂျရယ်မိုင်ရာလို့ ခေါ်ပါတယ် "

" ဟုတ်ကဲ့။ ကျွန်တော်က ကီရမ်ပါ "

ကီရမ်လည်း ဂျရယ်မိုင်ရာ​၏လက်ဆွဲနူတ်ဆက်ခြင်းကို တရိုတသေတုံ့ပြန်ခဲ့သည်။

" သူ့သူငယ်ချင်းအသစ်က ဘယ်လိုလူလဲဆိုတာသိချင်လို့ လိုက်လာရုံပါပဲ။ ထိုင်ပါ "

ဂျရယ်မိုင်ရာက ကီရမ်ကို ချိုသာစွာ လောကွတ်လုပ်ပြီး ကီရမ်​၏ကျောကုန်းကို ပုတ်ခဲ့သည်။

ကီရမ်လည်း မွန်ဒီနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်ခဲ့သည်။

ဂျရယ်မိုင်ရာက စားပွဲထိုးတစ်ယောက်ကိုခေါ်ခဲ့ပြီး ကီရမ့်ကို မီနူးများ ကြည့်ခိုင်းခဲ့သည်။ ကီရမ်လည်း သူအဆင်ပြေမည်ထင်ရာ မှာစားခဲ့သည်။ ဂျရယ်မိုင်ရာနှင့်မွန်ဒီလည်း သူတို့စိတ်ကြိုက်မှာစားခဲ့ကြသည်။

ဟင်းပွဲများစုံလင်သောအခါ အစားအသောက်များကို မြိန်ရှက်စွာ သုံးဆောင်ကြသည်။ ဂျရယ်မိုင်ရာက အမဲသားကို ခက်ရင်းနှင့်ဓားအကူအညီယူကာ သပ်ရပ်စွာ လှီးဖြတ်နေခဲ့သည်။ ထို့နောက် စားနေတုန်း ကီရမ့်ကို စိုက်ကြည့်သည်။ စကားစပြောဖို့ ပြင်လိုက်သည်။

" ညီလေးရဲ့မိဘတွေက လန်ဒန်ဘယ်နားမှာ နေတာလဲ "

" Faymair (ဖေးမယ်ရာ) ပါ "

" ဝါး ... ဆွေကြီးမျိုးကြီးကနေမယ်။ အစ်ကိုတို့က Verciton (ဗာစီတွန်) မှာနေတာလေ "

ဂျရယ်မိုင်ရာက ကီရမ်​၏မျက်လုံးကို ယခင်ကထက် တည်ငြိမ်သောအပြုံးတစ်ခုနှင့် ပိုစူးစိုက်စွာ ကြည့်နေခဲ့သည်။ ကီရမ်က သာမာန်လူမဟုတ်မှန်း သူအစောကတည်းက သိနေခဲ့​၏။

ကီရမ်ကတော့ ဂျရယ်မိုင်ရာက မကောင်းဆိုးဝါး နတ်ဆိုးမိစ္ဆာရှင်းလင်းသူဖြစ်ကြောင်း မသိရှိခဲ့ဘဲ ပုံမှန်စကားပြောနေခဲ့သည်။

" အစ်ကိုတို့လည်း နေရာကောင်းမှာ နေတာပဲ "

" ဟုတ်တယ်။ အစ်ကိုတို့က ဆွေစဉ်၎ဆက်မြောက်ကနေစပြီး အဲဒီမှာနေခဲ့တာ "

ဂျရယ်မိုင်ရာနှင့် ကီရမ်​၏စကားဝိုင်းထဲသို့ မွန်ဒီပါဖို့အရေး စကားဘယ်လိုစရမလဲဆိုတာနှင့်ပတ်သက်ပြီး လမ်းပျောက်နေခဲ့လျက်။

ကီရမ့်ကို ကြည့်လိုက်၊ ဂျရယ်မိုင်ရာကို ကြည့်လိုက်နှင့်သာ သူတို့နှစ်ယောက်ပြောသမျှကို ထမင်းကြော်စားရင်း နားထောင်နေခဲ့သည်။

သို့သော် သူမလည်း နောက်ဆုံး၌ ကြားဖြတ်စကားပြောခဲ့သည်။

" ပြီးရင် ကီရမ်နဲ့ရုပ်ရှင်အတူတူကြည့်ချင်တယ်။ ဂျရယ် လိုက်ပေးမလား "

ဂျရယ်မိုင်ရာက မွန်ဒီ​၏တောင်းဆိုမှုကို လိုက်လျောချင်ခဲ့သော်လည်း ကီရမ်ဟာ သာမာန်လူသားမဟုတ်နေခဲ့သည့်အချက်ကြောင့် ငြင်းဆန်ရကောင်းမလား တွေးတောနေခဲ့သည်။

" မွန်ဒီက ဘာကားကြည့်ချင်တာလဲ "

" ရိုမန့်တစ်ဆန်တာလေးပေါ့ ဟီး ... "

" ဒါနဲ့ ကီရမ်ကရော ရုပ်ရှင်ကြည့်ဖို့ အချိန်ရောရရဲ့လား "

ကီရမ်လည်း သူ​၏ပါးစပ်တစ်ဝိုက်ကို တစ်ရှူးဖြင့် သုတ်နေရင်း ပြန်ဖြေခဲ့သည်။

" ဟုတ်။ အချိန်ရပါတယ် "

ကီရမ်​၏ဖြူစင်ရိုးသားသောအပြုံးတစ်ခုဖြင့် ဖြေကြားခဲ့ပုံကို ဂျရယ်မိုင်ရာက အလိုက်သင့် ဟန်ဆောင်ကာ ခေါင်းညိတ်ခဲ့သည်။

" ဪ ဒါနဲ့ ... မင်းနာမည်အပြည့်အစုံကရော "

" ဟုတ်။ ကျွန်တော့်နာမည်အပြည့်အစုံက ကီရမ်ဘရိုင်ယန် ဂါလီဆန်လီပေ့ပါ "

'ဂါလီဆန်လီပေ့' ဆိုသောအမည်ကြောင့် ဂျရယ်မိုင်ရာ​၏မျက်ခုံးများ ပင့်တက်သွားလျက်။

" ဒါဖြင့် မင်းအဖေနာမည်အပြည့်အစုံနဲ့ အလုပ်အကိုင်ကိုရော သိခွင့်ရှိမလား။ စီးပွားရေးလောကကဆိုရင် ကိုယ်တို့မိသားစုတွေရဲ့အသိမိတ်ဆွေဖြစ်နေမလားလို့လေ "

ဂျရယ်မိုင်ရာက အေးဆေးတည်ငြိမ်စွာ ကီရမ်ကို ပြောသည်။

" ဟုတ်။ ဒယ်ဒီ့နာမည်က ဂျက်ဖရီ ဟာရစ်(စ်) ဂါလီဆန် လီပေ့ပါ။ ဒယ်ဒီက လက်ရှိမှာတော့ Ace ဆိုတဲ့ ဝိုင်ကုမ္ပဏီထောင်ထားပါတယ် "

" ဪ ... နာမည်ကြီးပဲ။ ဒါပေမဲ့ မသောက်ဖူးဘူး။ ပိုင်ရှင်ကို သဘောမကျလို့ "

ဂျရယ်မိုင်ရာ​၏ပြတ်သားသောခွန်းတုံ့ပြန်မှုကြောင့် ကီရမ်က အနည်းငယ် အံ့အားသင့်သွားသည်။ မွန်ဒီက ဂျရယ်မိုင်ရာ​၏လက်မောင်းကို ဘတ်ခနဲ လှမ်းရိုက်ခဲ့လျက်။

" ဂျရယ် ... သူ့အဖေကို အဲဒီလိုပြောတာ ရိုင်းရာမကျဘူးလား။ ကီရမ်လည်း သူ့အဖေကို အဲဒီလိုပြောတော့ ဘယ်အဆင်ပြေမလဲ"

" ဟားဟား ... စိတ်ထဲမထားပါနဲ့ ကီရမ်။ ကိုယ်က ရုပ်တည်နဲ့နောက်တာပါ ဟဲ ... "

ဂျရယ်မိုင်ရာက မွန်ဒီ့ကို အာရုံမစိုက်ဘဲ ကီရမ်ကိုသာ ကျီစယ်လှောင်ပြောင်သည့်မျက်နှာပေးဖြင့် ဟန်ဆောင်ကာ ပြောခဲ့သည်။

" ဪ ဟုတ်ကဲ့ "

ကီရမ်လည်း အံ့အားသင့်ရာမှ ပြန်ပြုံးသွားသည်။

" ကဲ ... ဘေရှင်းပြီးရင် ရုပ်ရှင်သွားကြည့်ကြမယ် "

" ဟေးဟေး ပျော်စရာကြီးနေမှာ။ ကီရမ်က ဘာကားကြည့်ရတာ ကြိုက်လဲ"

" သရဲကားနဲ့သဘာဝလွန်ကားတွေကြည့်ရတာ ကြိုက်ပါတယ် "

" ဟယ် ကျွန်မက သရဲကားမကြိုက်ဘူး "

မွန်ဒီက နှာခေါင်းရှုံ့ပြီး ဖြေသည်။

" အဲဒါဆို မင်းကြိုက်တဲ့ကားပဲ ကြည့်လေ "

" အိုခီ "

ဂျရယ်မိုင်ရာ ဘေရှင်းပြီးသောအခါ မွန်ဒီက ဂျရယ်မိုင်ရာကိုတောင် မစောင့်ဘဲ ကီရမ်​၏လက်မောင်းကို သူမလက်နှစ်ဖက်ဖြင့် ချိတ်တွဲခဲ့သည်။

ကီရမ်ကို နောက်ပြောင်ကျီစယ်ပြီး တရယ်တမောဖြင့် ကားပါကင်ဆီသို့ ဂျရယ်မိုင်ရာထက် အရင်သွားနှင့်ခဲ့သည်။ ဂျရယ်မိုင်ရာလည်း သူ​၏ကားသော့ကို ညာလက်တွင် ဝှေ့ယမ်းလျက် ဂိမ်းတစ်ခုအား စိတ်လှုပ်ရှားစွာ ကစားရတော့မည့်ဟန်ပန်အတိုင်း မွန်ဒီတို့နောက်မှ ဖြည်းညှင်းစွာ လိုက်လာခဲ့သည်။

ကားပါကင်အတွင်း ရပ်ထားသောဂျရယ်မိုင်ရာ​၏ကားရှေ့သို့ ရောက်သောအခါ မွန်ဒီနှင့်ကီရမ်က စောင့်နေခဲ့သည်။

ဂျရယ်မိုင်ရာက ကားသော့ရှိ လေဆာရီမုကခလုတ်ကို တစ်ချက်နှိပ်လိုက်ပြီး ကားတံခါးများကို ဖွင့်ပေးခဲ့သည်။

ထို့နောက် ကားတွင်းသို့ ဝင်ထိုင်ခဲ့ကြ၍ စနစ်တကျထိုင်ခုံ ခါးပတ်များပတ်ခဲ့ကြပြီးသောအခါ ဂျရယ်မိုင်ရာလည်း ကားပါကင်ကနေ အပြင်ဘက်ကို မောင်းထွက်ခဲ့သည်။

ရုပ်ရှင်ရုံကို မိနစ် ၂၀ လောက် မောင်းရုံနှင့် ရောက်နိုင်သော်လည်း နာရီဝက်ကျော်ကြာမြင့်သည်အထိ မောင်းလာခဲ့သည်။

မိနစ် ၄၀ ကြာမြင့်လာသည့်အခါ ကီရမ်မှ လမ်းကြောလွဲနေခဲ့ပြီး ပုံမှန်မဟုတ်တော့မှန်း သတိထားမိခဲ့သည်။

" အစ်ကို ... လမ်းကြောင်းလွဲနေပြီထင်တယ်။ ရုပ်ရှင်ရုံတွေက ... "

ရုတ်တရက် ဂျရယ်မိုင်ရာ​၏လီဗာကို အဆုံးထိ နင်းကာ အရှိန်ပြင်းစွာ ဘယ်ကွေ့လိုက်၊ ညာကွေ့လိုက်နှင့်မောင်းနှင်မှုကြောင့် ကီရမ်နှင့် မွန်ဒီမှာ ကားထဲတွင် ဝရုန်းသုန်းကားဖြင့် ဘယ်ညာယိမ်းယိုင်နေခဲ့သည်။

ကားအရှိန်ဟာ တဖြည်းဖြည်းပြင်းလာတာကြောင့် တခြားကားများကို ကျော်တက်လာခဲ့​၏။

ဂျရယ်မိုင်ရာက ရှေ့လမ်းထဲသို့ ကွေ့ချလိုက်သောအခါ မွန်ဒီ​၏ခေါင်းနှင့်ကီရမ်​၏ခေါင်းဟာ အရှိန်ဖြင့် ခွပ်ခနဲ တိုက်မိသွားခဲ့သည်။

" ရားး ဂျရယ် ကားကို ဘယ်လိုမောင်းနေတာလဲ။ ခေါင်းတွေကွဲကုန်တော့မယ် "

" ရားး ဂျရယ် ကားကို ဘယ်လိုမောင်းနေတာလဲ။ ခေါင်းတွေကွဲကုန်တော့မယ် "

ဂျရယ်မိုင်ရာလည်း ကားနောက်ခန်းတွင် သူတို့နှစ်ယောက်စလုံး ဗရမ်းပတာဖြစ်ပျက်နေသည်များကို ရှေ့မှန်ကနေမြင်နေသော်လည်း ဂရုမစိုက်ပေ။

သူ​၏မျက်နှာတွင်မူ မထင်ရှားသည့် လှောင်ရယ်ပြုံးတစ်ခုရှိနေခဲ့သည်။

အချိန်အတော်ကြာသည်အထိ ကားမောင်းနှင်လာခဲ့ပြီး လူသူရှင်းသည့်တောအုပ်တစ်ခုသို့ ရောက်ရှိလာခဲ့​၏။

တစ်နေရာတွင် ကားကိုအရှိန်သတ်ကာ စက်ရပ်ခဲ့သည်။

" ကားပေါ်က အကုန်ဆင်း "

ဂျရယ်မိုင်ရာ​၏လေသံမာထန်မှုကြောင့် မွန်ဒီက မျက်နှာကြောတင်းနေခဲ့ပြီး ကီရမ်ကတော့ တံတွေးမြိုချကာ ဂျရယ်မိုင်ရာကိုကြည့်ပြီး ထိတ်လန့်နေခဲ့သည်။

မွန်ဒီက ကားပေါ်ကနေ ဆင်းလာပြီး ကားတံခါးကို ဆောင့်ပိတ်ခဲ့သည်။ ကီရမ်ကတော့ တံခါးဖွင့်ဖို့အရေး တုံ့ဆိုင်းနေခဲ့လျက်။

ဂျရယ်မိုင်ရာက ကီရမ်ကို တံခါးလာဖွင့်ပေးခဲ့ရုံမက ကီရမ်​၏လက်မောင်းကိုဆွဲကာ ကားအပြင်ဘက်သို့ ခေါ်ထုတ်သည်။

" ခင်ဗျား ဘာလုပ်နေတာလဲ "

" မင်းရဲ့သရုပ်မှန်ကို ပြစမ်း "

" ဘာကိုလဲ "

" မင်း ငါ့ကိုလိမ်လို့ မရဘူး မိစ္ဆာကောင်လေး "

ဂျရယ်မိုင်ရာထံမှ မမျှော်လင့်သောစကားကြောင့် ကီရမ်လည်း အတော်လေးတုန်လှုပ်သွားသည်။

" ဘာ ... ကီရမ်က မိစ္ဆာတဲ့လား "

မွန်ဒီလည်း သူမ​၏ပါးစပ်ကို ပြန်ပိတ်ထားရလောက်သည်အထိ အံ့အားသင့်သွားခဲ့လျက် မသိစိတ်ကနေ တုံ့ပြန်မိခဲ့သည်။

ကီရမ်က သူ​၏လက်သီးကို ကျစ်ကျစ်ဆုပ်ထားခဲ့ပြီး ဂျရယ်မိုင်ရာကို စိုက်ကြည့်နေခဲ့သည်။

" ကျွန်တော် ဘယ်လူသားကိုမှ ဒုက္ခမပေးဘဲ နေလာတဲ့ကောင်ပါ။ ခင်ဗျားနဲ့ကျွန်တော် တိုက်ခိုက်စရာ အကြောင်းမရှိဘူးထင်တယ် "

ဂျရယ်မိုင်ရာက ကီရမ်ကို လှောင်ပြုံးဖြင့် ကြည့်နေခဲ့သည်။

" ကီရမ် ... မင်းက မင်းအဖေနဲ့တစ်စက်လေးမှ မတူဘူးပဲ "

ထိုစကားကြောင့် ကီရမ်​၏မျက်လုံးများက ဝင်းလက်စွာ ကျယ်သွားသည်။

ဂျရယ်မိုင်ရာက ကီရမ်​၏မျက်လုံးများကနေ စိတ်ဖတ်လိုက်ပြီး ပြန်ဖြေခဲ့သည်။

" မင်းရဲ့အစ်ကိုတော် မာစီရာကို သတ်ခဲ့တာ ငါပဲ။ မင်းရဲ့အစ်ကိုတော် ဂါဗင်နဲ့တောင် နှစ်ပွဲနွဲခဲ့ဖူးတယ် "

ကီရမ်က မျက်မှောင်ကြုတ်ပြီး ဘေးသို့မျက်နှာလွဲခဲ့သည်။

" ခင်ဗျားက မာစီရာကို သတ်ခဲ့လို့ ကျွန်တော်မုန်းပေမဲ့ ဘာတတ်နိုင်မှာလဲ။ သူရော ဒယ်ဒီတို့က ကောင်းကင်ဘုံရဲ့စည်းမျဉ်းတွေအားလုံးကို မလိုက်နာခဲ့ကြတာ"

ကီရမ်​၏တုံ့ပြန်စကားကို ဂျရယ်မိုင်ရာက သဘောကျမိသဖြင့် သူ​၏မျက်နှာတွင် တောက်ပရွှန်းစိုနေသောအပြုံးတစ်ခု ပေါ်ထွက်လာသည်။

" မင်းရဲ့စကားကို ငါသဘောကျမိပေမဲ့ မင်းက ဂျက်ဖရီရဲ့သားအရင်း၊ ဂါဗင်ရဲ့ညီအရင်းဖြစ်နေလို့ သဘောမကျဘူး။ ဒါ့ကြောင့် နောက်ဆို ငါ့ညီမ မွန်ဒီနဲ့ ထပ်လာမပတ်သတ်နဲ့တော့ "

မွန်ဒီက ဂျရယ်မိုင်ရာနှင့်ကီရမ်တို့ကို ကြောင်စီစီဖြင့် ရပ်ကြည့်နေခဲ့သည်။

" တကယ်တော့ မာစီရာနဲ့ဂါဗင်ဆိုတာ ကျွန်တော့်ရဲ့ဖအေတူ အမေကွဲညီအစ်ကိုတွေပါ။ ဂါဗင်နဲ့မာစီရာမှာ ကျွန်တော်သံယောဇဉ်ရှိတာ မာစီရာပဲ "

" မာစီရာက မင်းအပေါ်ကောင်းခဲ့တယ်ပေါ့ "

" ဟုတ်တယ် "

" ဘာပဲဖြစ်ဖြစ် အဲဒါမင်းတို့အကြောင်းပါ။ မွန်ဒီနဲ့ထပ်လာမပတ်သက်နဲ့တော့။ ခုတော့ ငါတို့သွားပြီ "

" ရား သူ့ကိုတောထဲခေါ်လာပြီး ဒီမှာတစ်ယောက်တည်း ထားခဲ့တော့မလို့လား။ ပြီးတော့ သူက မိစ္ဆာဆိုပေမဲ့ မိစ္ဆာကောင်းလေးပဲကို။ ဘာလို့ သူနဲ့သူငယ်ချင်းမလုပ်နိုင်ရတာလဲ။ ဂျရယ်နဲ့ ခရစ်စတိုဖာတောင် အဲဒီခွေးနဂါးတွေ မသိအောင် တွဲနေကြသေးတာ။ မွန်ဒီတို့လည်း သူတို့မသိအောင် သူငယ်ချင်းလိုနေကြရင်းက ချစ်သူတွေဖြစ်လာနိုင်တာပဲ "

ကီရမ်က သူတို့အမျိုးကို မွန်ဒီမှ ခွေးနဂါးဟု
ရည်ညွှန်းပြောဆိုခဲ့သောကြောင့် သူ့ရင်ထဲတွင် မချိမဆန့်ခံစားသွားရသော်လည်း မိစ္ဆာနိမ်နင်းသူ ဂျရယ်မိုင်ရာနှင့် အမြှီးကိုးချောင်းမြေခွေးဖြူ ဗိုလ်ချုပ်ခရစ်စတိုဖာတို့က ချစ်သူတွေဖြစ်ကြောင်း သိခဲ့ရပြီးနောက် ပို၍အံ့အားသင့်ခဲ့ရသည်။

" အား ... လောကကြီးက ဘာတွေလဲ။ ဇာတ်လမ်းပမာတွေနဲ့ စိတ်ပိန်စရာ "

ကီရမ်လည်း သူ့နားထဲတွင် ကြားရသည့်အကြောင်းအရာများကို မယုံနိုင်ဖြစ်ခဲ့ပြီးနောက် စိတ်လေစွာပြောမိသည်။

ဂျရယ်မိုင်ရာလည်း မွန်ဒီ​၏စကားကြောင့် ၂ မိနစ်လောက် နူတ်ဆိတ်နေခဲ့သည်။ ထို့နောက် သက်ပြင်းချလိုက်ရင်း အမော့ကို ပေါ်ကြည့်ခဲ့သည်။

ကောင်းကင်ကို သွားထိတော့မည့်အတိုင်း ရှည်လျားမြင့်မားလှသည့် နှစ်ချို့သစ်ပင်ကြီးများ​၏အကိုင်းအခက်နှင့်အရွက်များကြားတွင် နေရောင်ခြည်တန်းများက ဖြာကျနေခဲ့သည်။

ညနေစောင်းချိန်ရောက်ရှိနေလေပြီ။

" ကောင်းပြီ။ မင်းတို့တွေ သူငယ်ချင်းအဖြစ် ဆက်ရှိနိုင်တယ်။ ခုလိုတော့ ခဏခဏတွေ့လို့တော့ ဘယ်ရမလဲ။ ပြဿနာတက်ကုန်မယ်။ မင်း မွန်ဒီ့ကို ထိခိုက်အောင်လုပ်ရင်တော့ ငါမင်းကို ငရဲပြည်ပို့ပေးမှာ "

ကီရမ်က ခနဲ့သည့်အပြုံးဖြင့် ရယ်နေခဲ့သည်။

" ဟားဟား ... ကျွန်တော်က သူငယ်ချင်းမက်တဲ့ကောင်မဟုတ်ပါဘူး။ ကျွန်တော်နဲ့သူငယ်ချင်းမလုပ်ချင်လည်း ကိစ္စမရှိပါဘူး "

ကီရမ်​၏စကားကြောင့် မွန်ဒီလည်း ဒေါသထွက်သွားသည်။

" ငါက နင်နဲ့သူငယ်ချင်းလုပ်ချင်သေးတယ်လေ။ နင်က ငါနဲ့သူငယ်ချင်း ဘာလို့မလုပ်ချင်ရတာလဲ။ ငါနင့်ကိုလည်း သဘောလည်းကျတယ်လေ။ နင်က ငါ့ကိုတစ်စက်လေးမှတောင် သဘောမကျဘူးလား။ ပြော ပြောစမ်း။ အရူးကောင် "

မွန်ဒီက ကီရမ်ရဲ့နက်တိုင်ကို သူမ​၏လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဖမ်းဆွဲခု့ပြီး အံကြိတ်ကာ ဒေါသတကြီး ရန်တွေ့ခဲ့သည်။ ကီရမ်က မွန်ဒီ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားခဲ့လျက်။

" စိတ်လျော့ စိတ်လျော့ ... ငါနင်နဲ့သူငယ်ချင်းလုပ်ချင်ပါတယ်။ နင့်ကိုလည်း သဘောကျပါတယ်။ ခုတော့ ငါလည်ပင်းအစ်နေပြီ "

မွန်ဒီလည်း ကီရမ်​၏နက်တိုင်ကို လွှတ်ချလိုက်ပြီး သူမ​၏အပြုံးများက တလက်လက်တောက်ပနေခဲ့သည်။

" ဟဲဟဲဟဲ ... ဒါဆိုရင်ပြီးပြီလေ "

ဤသို့ဖြင့် သူတို့သုံးယောက်စလုံးလည်း ပြဿနာဆက်မဖြစ်ကြတော့ဘဲ အချင်းချင်း ပြေလည်ခဲ့ကြသည်။

ဂျရယ်မိုင်က ညတွင်မိစ္ဆာနှိမ်နင်းရမည်ဖြစ်တာကြောင့် ကီရမ်ကိုလည်း အဆင်ပြေသည့်တစ်နေရာမှာ ချပေးခဲ့သလို မွန်ဒီ့ကိုလည်း စံအိမိတော်သို့ ပြန်ပို့ခဲ့သည်။

စံအိမ်တော်သို့ ပြန်ရောက်သောအခါ သူ​၏ဘိုးတော်များနှင့် ကောင်းကင်ဘုံ​မှ စေခိုင်းထားသောမစ်ရှင်များအတွက် ချီတက်ခဲ့ကြသည်။

---

တိမ်စိုင်များထူထပ်စွာ ဖုံးလွှမ်းနေခဲ့သည့်ညဖြစ်​၏။ သော်တာလမင်း​၏ရောင်ခြည်ဖြာမှာ ကမ္ဘာဘောကပေါ်သို့ မထင်မရှား ကျရောက်နေခဲ့သည်။

ဤည ၇နာရီတွင် ဂျရယ်မိုင်ရာနှင့် ဒေါမနစ်မှ အဖွဲ့တစ်ဖွဲ့၊ အဘိုးနှင့်အဘေးမှ အဖွဲ့တစ်ဖွဲ့စသည်ဖြင့် ကားတစ်စီ ခွဲထွက်လာခဲ့ကြသည်။ ယာဉ်မောင်းဒရိုင်ဘာများကလည်း သာမာန်လူများမဟုတ်ဘဲ သူတို့မွေးထားခဲ့သည့် တပည့်မိစ္ဆာနှိမ်နင်းသူများဖြစ်ကြသည်။

အဘိုးဖြစ်သူနှင့်အဘေးတို့နှစ်ယောက်ကတော့ သူတို့​၏ကားပေါ်တွင် အေးဆေးတည်ငြိမ်စွာ လိုက်ပါစီးနင်းခဲ့ကြသည်။

ဒေါမနစ်နှင့်ဂျရယ်မိုင်ရာ​၏ကားပေါ်တွင် ...

" မင်း မိစ္ဆာနှိမ်နင်းမှာလား။ မင်္ဂလာပွဲသွားတက်မှာလား "

ဂျရယ်မိုင်ရာနှင့် ဘေးချင်းကပ်ထိုင်နေတာကြောင့် သားဖြစ်သူကိုယ်မှ အကောင်းစားရေမွှေးရနံ့များက သူ​၏နှာခေါင်းထဲသို့ ထုံကြိုင်သင်းပျံ့စွာ ဝင်ရောက်လာခဲ့သလို။

ဂျရယ်မိုင်ရာဝတ်ထားသည့်အဝတ်အစားပုံစံဟာလည်း စိန်ရင်ထိုးထိုးထားသည့်နက်တိုင်ပါဝင်ခဲ့သည့်အပြင် အပေါ်အောက် ဆင်စွယ်ရောင်ဝမ်းဆက်suit အပြည့်ဖြစ်နေခဲ့ပြီး အလွန်သားနားတောက်ပြောင်နေခဲ့သည်။

ထို့ကြောင့် ဒေါမနစ်က ဂျရယ်မိုင်ရာကို ​ခေါင်းအစ ခြေအဆုံး အသေးစိတ်ကြည့်ရှူခဲ့လျက် ရွဲ့မေးခဲ့သည်။

" ဟဲဟဲ ... ဒါက ကိုယ့်ကွန်ဖီးဒန့်နဲ့ကိုယ်လေ "

ဂျရယ်မိုင်ရာက ဒေါမနစ်ကို ယုံကြည်မှုအပြည့်ဖြင့် ဖြေကြားရင်း သူ့ဆံပင်ဘေးနှစ်ဖက်ကို ညာလက်ဖြင့် သပ်လိုက်သည်။

ဒေါမနစ်က မျက်နှာမဲ့လိုက်ပြီး ဘာစကားမှ ထပ်မပြောခဲ့။

မကြာခင် အသွင်ပြောင်းသမန်းမိစ္ဆာကောင်များ၊ မိစ္ဆာများမှမွေးမြူထားသော အဆင့်မြှင့်မကောင်းဆိုးဝါးမိစ္ဆာများ၊ နတ်ဆိုးမိစ္ဆာများစသော သတ္တဝါများ​၏သောင်းကျန်းရမ်းကားရာ နယ်မြေများဆီသို့ ရောက်ရှိလာခဲ့ပြီးနောက်။

သူတို့​၏မိစ္ဆာနှိမ်နင်းရေးမစ်ရှင်များကို စတင်လှုပ်ရှားခဲ့တော့သည်။

စံတော်ချိန်ကား ၇ နာရီ မိနစ်၂၀ ။
---

ယနေ့နေ့လည်၌ ဂါဗင်က ကုမ္ပဏီတွင် လုပ်ငန်းနှင့်မသက်ဆိုင်သောအစည်းအဝေးတစ်ခုကို ဟောခန်းမကြီးတစ်ခုတွင် ပြုလုပ်ခဲ့သည်။

ထိုအစည်းအဝေးကို ဂါဗင်က ဦးဆောင်ခဲ့ပြီး ဂျက်ဖရီက နားထောင်ရုံမျှသာ ပါဝင်ခဲ့​၏။

ဒိုရီယန်ကမူ ကုမ္ပဏီသို့ ခဏတဖြုတ် အလည်လာခဲ့ရုံသာဖြစ်​၏။ ဂါဗင်​၏အစည်းအဝေးသို့ တက်ရောက်ခြင်းမရှိခဲ့ပေ။

ကုမ္ပဏီအတွင်း လှည့်လည်ကြည့်ရူပြီးနောက် ဘယ်သူ့ကိုမှ အသိမပေးဘဲ ပြန်သွားခဲ့သည်။

၎င်းအစည်းအဝေးကို ခရစ်စတိုဖာအပြင် ဒန်မော်ရာနှင့်ချီရို​တို့လည်း တက်ရောက်ခဲ့ကြသည်။ တခြားသော နဂါးမိစ္ဆာမျိုးနွယ်များသာမက အန်တိုနီလီပေ့မျိုးနွယ်​၏သစ္စာတော်ခံမိစ္ဆာများစွာလည်း ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး​၏အဓိကရည်ရွယ်ချက်မှာ လန်ဒန်၌ ဂါဗင်ကို သစ္စာဖောက်ကာ ရေနံနှင့်သတ္တုမှောင်ခိုစီးပွားရေးလုပ်ငန်းများတွင် နယ်ချဲ့စိုးမိုးနေသော အီတလီမာဖီယားများနှင့်အမေရိကန်မာဖီယားများ​၏လျှို့ဝှက်နယ်မြေများအတွင်းသို့ အလစ်ဝင်ရောက်ကာ ရှင်းလင်းသုတ်သင်ရန်ဖြစ်သည်။

ဒန်မော်ရာက ထိုလုပ်ကြံသတ်ဖြတ်ရေးမစ်ရှင်များအတွက် အဓိကခေါင်းဆောင်ဖြစ်ခဲ့ပြီး ခရစ်စတိုဖာနှင့် ချီရိုတို့ကမူ သူ​၏အမိန့်အတိုင်းလုပ်ဆောင်ရမည့်သူများပင်။

ယနေ့ည ၇ ခွဲအချိန်၌ ဒန်မော်ရာနှင့် ချီရိုဦးဆောင်သည့် မိစ္ဆာတပ်များဟာ ရန်သူမာဖီးယားများ​၏ဂိုဒေါင်များကို အရင်ဦးဆုံးဝင်ရောက်ခဲ့ကြပြီး ရှိရှိသမျှ လူအားလုံးကို သူတို့​၏မိစ္ဆာစွမ်းအားအသီးသီးကိုသုံးကာ သတ်ဖြတ်ခဲ့ကြသည်။

ခရစ်စတိုဖာကမူ ဂါဗင်နှင့်အတူ ကုမ္ပဏီတွင် ၈ နာရီအထိနေခဲ့ပြီး ဒန်မော်ရာတို့​၏အစီရင်ခံတင်ပြမှုများကို စောင့်ဆိုင်းနေခဲ့သည်။

၈ နာရီ ၁၅ မိနစ်တွင်မူ ဂါဗင်နှင့်ခရစ်စတိုဖာက ဒန်မော်ရာတို့ဆီ ထွက်လာခဲ့ကြသည်။

တစ်ဖက်တွင်လည်း ဂျရယ်မိုင်ရာနှင့် တီမိုသီဖရီးမန်းဘိုးတော်များက သူတို့တာဝန်ယူထားခဲ့သောမိစ္ဆာရာဇဝတ်သားများကို သုတ်သင်ရှင်းလင်းနေခဲ့သည်။

" ဇွပ် ဇွပ်၊ ဇွပ် ဇွပ် "

ကြောင်တစ်ကောင်ကဲ့သို့ ပေါ့ပါးဖျတ်လတ်လှသည့် ဒန်မော်ရာဟာ မြေအောက်ဂိုဒေါင်တစ်နေရာတွင် မှောင်ရိပ်ခိုနေခဲ့ရာမှ ကင်းလှည့်နေသည့်မာဖီးယားဂိုဏ်းသားများအလာကို ချောင်းမြောင်းစောင့်ဆိုင်းနေခဲ့သည်။

ထို့နောက် ခြေသံများက သူ့အနားသို့ နီးကပ်လာသည့်အခါ သူ၏ဓားမြှောင်နှစ်လက်ဖြင့် မာဖီးယားဂိုဏ်းသားများ​၏လည်ပင်းများကို တစ်ချက်ချင်းစီ လှီးဖြတ်ခဲ့သည်။

လည်ပင်းသွေးကြောင်းများက ကြမ်းပြင်ပေါ်သို့ စီးကျနေခဲ့သည်။

ချီရိုကလည်း မြေအောက်ခန်း​၏ဟောခန်းမကြီးထဲသို့ ဝင်ချလာပြီး သူမအား သေနတ်များဖြင့် ချိန်ရွယ်ထားသော ရန်သူမာဖီယားဂိုဏ်းသားများ​၏ရှေ့သို့ တစ်လှမ်းချင်းစီ လှမ်းလာခဲ့လျက်။

" ပစ်ကြ "

အရပ်လေးမျက်နှာမှ သူမဆီသို့ ဦးတည်လာသော သေနတ်ကျည်ဆန်အမြောက်အမြားကို ကာကွယ်ရန် ချီရိုက သူမ​၏အနက်ရောင် အမြှီးကိုးချောင်းကို ဖွာထွက်စေခဲ့သည်။

ထို့နောက် ယင်းအမြှီးကိုးချောင်းမှ ခရမ်းပြာစွမ်းအင်များဖြာထွက်လာပြီး ကျည်ဆန်အားလုံးကို ပစ်ခတ်သူများဆီသို့ လားရာလွဲပြောင်းပေးခဲ့သောကြောင့် ရန်သူမာဖီးယားဂိုဏ်သားများလည်း ထိုနေရာမှာတင် အသက်ဆုံးပါးသွားကြသည်။

ချီရို​၏အပြုံးဟာ မိစ္ဆာအငွေ့အသက်များဖြင့် တောက်ပနေခဲ့လျက်။

ကျန်သည့်မကောင်းဆိုးဝါးမိစ္ဆာလက်အောက်ငယ်သားများဟာ ရန်သူမာဖီးယားဂိုဏ်းသားများကို ကိုက်ဖြတ်စားသောက်ခဲ့ကြသည်။

----

ဂျရယ်မိုင်ရာ​၏အဘိုးနှင့်အဘေးတို့က မစ်ရှင်အားလုံး ပြီးသွားတာကြောင့် အိမ်ပြန်နေခဲ့သည်။

ဂျရယ်မိုင်ရာတို့ကလည်း မစ်ရှင်အနည်းငယ်သာ ကျန်ရှိတော့သည်။ ထို့ကြောင့် ဂျရယ်မိုင်ရာလည်း သူ​၏ဖခင်ဒေါမနစ်ကို အိမ်အရင်ပြန်ခိုင်းခဲ့သည်။ သို့သော် ဒေါမနစ်က မပြန်ခဲ့ဘဲ ဂျရယ်မိုင်ရာနှင့်အတူတူ မကောင်းဆိုးဝါးမိစ္ဆာအားလုံးကို နှိမ်နင်းသတ်ဖြတ်ပေးခဲ့တာကြောင့် ၁၀ နာရီကျော်တွင် ပြီးဆုံးသွားခဲ့သည်။

ဤသို့ဖြင့် သားအဖနှစ်ယောက်လည်း အောင်ပွဲခံကာ အိမ်ပြန်မည်ဟူ၍ သူတို့​၏ကားဆီသို့ ပြန်လာခဲ့ကြသည်။

ဒေါမနစ်က ကားထဲသို့ ဝင်ထိုင်လိုက်ခဲ့ပြီးနောက် ...

" အားး အလုပ်တစ်လုပ်ပြီးသွားပြီ "

ဂျရယ်မိုင်ရာက ကားတံခါး ပိတ်ပြီးသည်နှင့် ဒေါမနစ်အနားကို ပူးကပ်ထိုင်ခဲ့သည်။

" ဇက်ညောင်းတာကွာ။ ငါ့ကို ဒီနားလေး ခဏနှိပ်ပေးစမ်းပါ "

ဂျရယ်မိုင်ရာက ဒေါမနစ်​၏ဂုတ်ပိုးကို သူ့လက်ဝါးနှစ်ဖက်ကို တည့်မတ်စွာထားကာ ဇက်ကြောနားသို့ ဓားမခုတ်သလိုမျိုး ဆက်တိုက်နှိပ်ပေးခဲ့သည်။

" ဟေ့ကောင် ... မင်းနှိပ်တာ နည်းမမှန်ဘူး။ မင်းအမေ နှိပ်ပေးသလိုမျိုး အသားကို ဟောဒီလို ဖိပြီး ညှစ်နှိပ်ကွ "

ဂျရယ်မိုင်ရာက ဒေါမနစ်​၏အနှိပ်သင်ပေးမှုအပေါ် နှာခေါင်းတွန့်ပြီး မျက်နှာရှုံ့မဲ့သွားသည်။

" ကျွန်တော်က အမေမှ မဟုတ်တာ။ အိမ်ရောက်မှ အမေ့နှိပ်ခိုင်းပေါ့ "

" ဒီမေဘေးလေးက "

ဒေါမနစ်လည်း သားဖြစ်သူကို အမြင်ကတ်ပုဒ်မနှင့် ဂျရယ်မိုင်ရာ​၏ရင်ဘတ်တည့်တည့်ကို သူ့ညာလက်ဖမိုးဖြင့် ဆတ်ခနဲ ရိုက်ခဲ့သည်။

ဂျရယ်မိုင်ရာက ဒေါမနစ်ကိုကြည့်ရင်း တခစ်ခစ်ဖြင့် ရယ်နေခဲ့သည်။

ကားဟာ ဖရီးမန်းစံအိမ်တော်ဆီသို့ ဦးတည်မောင်းနေခဲ့သည်။

လမ်းတဝက်သို့ရောက်သောအခါ ဒေါမနစ်​၏ဖုန်းသံမြည်လာခဲ့သည်။

Notification ကို ကြည့်လိုက်သော် ဖခင်ကြီးတီမိုသီဖရီးမန်းမှ ဖုန်းခေါ်ဆိုနေခြင်းပင်။

ဒေါမနစ်လည်း စပီကာဖွင့်ခဲ့ပြီး ဖုန်းဖြေကြားခဲ့သည်။

" ဟဲလို ... ဒေါမနစ်ပြောနေပါတယ် "

" အေး မင်းတို့သားအဖ အိမ်ပြန်မလာနဲ့အုံး "

" ဟာ ဘာဖြစ်လို့လဲ "

" သဝဏ်လွှာအသစ်ထပ်ရောက်လာတယ် "

" အာ ... Target က ဘယ်သူတွေတုန်း အဖေကြီး "

ဒေါမနစ်က အတော်လေး စိတ်ပျက်သွားသည့်လေသံဖြင့် မေးခဲ့သည်။

" ဂျက်ဖရီရဲ့သား ဂါဗင်တို့အဖွဲ့ပဲ။ ဒင်းတို့အင်အားက အရမ်းများတယ်။ ဒါ့ကြောင့် မင်းတို့ရဲ့အဘီနဲ့အဘင်ကိုပါ ခုပဲလွှတ်လိုက်ပြီ "

ဂျရယ်မိုင်ရာက ဂါဗင်ဆိုသည့်အသံကြားတာနဲ့ မျက်မှောင်ကြုတ်ကာ တီမိုသီဖရီးမန်းကို မေးမြန်းခဲ့သည်။

" သူတို့တစ်ဖွဲ့လုံးကလူတွေကို အမဲလိုက်နေကြတယ်ပေါ့ "

" အမဲလိုက်တဲ့ပုံစံမဟုတ်ဘူး။ ဒီတိုင်းရန်ပွဲပဋိပက္ခကြောင့် သတ်ပစ်နေတဲ့သဘောပဲ။ ကျူးလွန်သူတွေက ဂါဗင့်လက်အောက်ငယ်တွေချည်းပဲ။ စေခိုင်းသူက အဲဒီကောင်ဖြစ်မှာပေါ့ "

" ဪ ... "

ဂျရယ်မိုင်ရာက ခရစ်စတိုဖာအတွက် စိုးရိမ်သွားသည်။ သူ့ဆီဖုန်းဆက်ချင်သော်လည်း ဒေါမနစ်ရှိနေသဖြင့် မဆက်နိုင်ချေ။ သူ သက်ပြင်းချရုံမျှသာ တတ်နိုင်သည်။

" ဟေး ... မင်းရဲ့ဖုန်းထဲကို အခုမစ်ရှင်အတွက် တည်နေရာရောက်လာပြီလား "

" ဟုတ်ကဲ့။ သခင်ကြီး။ ရောက်လာပါပြီ "

လွန်ခဲ့သည့် မိနစ်ပိုင်းကပင် တီမိုသီဖရီးမန်းစံအိမ်တော်မှ ကားဒရိုင်ဘာများ​၏ဖုန်းများထဲက Timothy Freeman GPS app အသီးသီးသို့ ဂါဗင်တို့​၏တည်နေရာများကို active pointer ဖြင့် GPS location ကို modify လုပ်ပေးခဲ့သည်။

ဒရိုင်ဘာက ဒေါမနစ်ကို ပြန်လည်ဖြေကြားခဲ့ပြီးနောက် ဂါဗင်တို့ဆီကို အရှိန်မြှင့်မောင်းနှင်ခဲ့သည်။

----

ဂါဗင်က မာဖီယားတို့​၏မြေအောက်ဂိုဒေါင်ရုံကို ရောက်လာခဲ့ပြီး အသက်ရှင်ကျန်နေသည့်ဂိုဏ်းသားများကို ဒန်မော်ရာနဗျင့်အတူ စစ်ဆေးမေးမြန်းနေခဲ့သည်။

" မင်းတို့ရဲ့ Boss ကောင်တွေ ဘယ်ချိန်ထဲက ငါ့ကို သစ္စာဖောက်နေကြတာလဲ "

ဂါဗင်က ဓားဒဏ်ရာရကာ အသက်ရှင်နေဆဲဖြစ်သည့် မာဖီးယားဂိုဏ်းသားတစ်ဦးကို နှိပ်စက်မေးမြန်းနေခဲ့သည်။

" မင်းတို့ရဲ့Boss တွေ ဘယ်မှာလဲဆိုတာ မပြောဘူးပေါ့ "

ဂါဗင်က ထိုဂိုဏ်းသား​၏မျက်နှာကို ဘွတ်ဖိနပ်ဖြင့် အကြိမ်ကြိမ်ပိတ်ကန်နေခဲ့သည်။

" ဒါလင် ... ဒီကောင်တွေက ဒါလင်မေးနေလို့လည်း အသုံးမဝင်ပါဘူး။ သတ်ပစ်လိုက်တာပဲ ကောင်းတယ် "

ဒန်မော်ရာက ဂါဗင့်ကို တားလိုက်တော့ ခြေထောက်ဖြင့် ပိတ်ကန်နေခြင်းကို ရပ်လိုက်သည်။

ထို့နောက် အေးစက်စွာ ပြုံးလိုက်ရင်း ...

" အကုန်ရှင်းလိုက် "

ဂါဗင်​၏အမိန့်အား မော်ရာက နာခံခဲ့သည်။

သူ​၏ထက်လှစွာသော ဓားများဖြင့် ဂိုဏ်းသားများ​၏ဘယ်ရင်အုံများကို ထိုးစိုက်ပစ်ခဲ့သည်။

ဂါဗင်က ဆေးလိပ်ဖွာနေလျက် အခိုးအငွေ့များကို မှုတ်ထုတ်ခဲ့သည်။

သွေးစွန်းနေခဲ့သည့်ကြမ်းပြင်ကို စိုက်ကြည့်ကာ ...

" ဒီနေ့ကစပြီး ဒီနေရာက ငါတို့နယ်မြေအသစ်ပဲ။ ပြီးရင် ဒီကောင်တွေရဲ့ Boss တွေကိုပါ အမျိုးဖြုတ်ကြမယ် "

ဂါဗင်​၏ရေခဲစိမ်အပြုံးဟာ ပိုပြီးကြောက်စရာကောင်းလာသည်။

ထို့နောက် မြေအောက်ဂိုဒေါင်ရုံ​၏အပေါ်ထပ်တစ်နေရာ၌ ကျယ်လောင်သည့်ပေါက်ကွဲသံတစ်ခု ပေူထွက်လာလျက်။ ၎င်းပေါက်ကွဲသံနှင့်အတူတူ မြေငလျင်လှုပ်တစ်ခုလည်း လှုပ်ခတ်သွားသည်။

ယင်းပေါက်ကွဲသံနှင့်မြေငလျင်တို့က ဖရီးမန်းတို့​၏လက်ချက်ပင်။

နောက်ထပ်တစ်ချက် ပေါက်ကွဲသံဟာ နီးကပ်ခဲ့ပြီး ဂိုဒေါင်အပေါ်ထပ်မှ အုတ်လွှာများဟာ အပြုံလိုက် ပြိုကျလာခဲ့သည်။

မြေအောက်ခန်း​၏ကြမ်းပြင်ပေါ်တွင် ဖရိုဖရဲကြေမွပျက်စီးနေသည့်အုတ်ချပ်များကြားမှ အခိုးအငွေ့များ ထွက်ပေါ်လာခဲ့သည်။

ထိုအခိုးအငွေ့များကြားမှ ဂျရယ်မိုင်ရာနှင့် ဖရီးမန်းဘိုးတော်များ​၏ရုပ်လုံးများက တဖြည်းဖြည်း ခန့်ညားစွာ ပေါ်လွင်လာခဲ့လျက်။

ဂါဗင်က ဂျရယ်မိုင်ရာကို မြင်မြင်ချင်း လှောင်ပြုံးပြုံးနေခဲ့သည်။

" ဟား ... မတွေ့တာကြာပြီဖြစ်တဲ့ ရန်သူတော်ကြီးပါလား။ ဘာကိစ္စရှိလို့လဲ။ ဒီတစ်ခါ ဘိုးအေတွေကိုပါ ခေါ်လာတယ်နော် "

ဂျရယ်မိုင်ရာကလည်း သူ​၏ဓားရှည်ကို လည်ပင်းမှာ ထမ်းလိုက်ရင်း လှောင်ပြုံး ပြန်ပြုံးပြခဲ့သည်။

ဒန်မော်ရာ​၏နောက်ဘက်တွင် ရပ်နေသောခရစ်စတိုဖာခမျာ စိုးရိမ်စိတ်များဖြင့် ဂျရယ်မိုင်ရာကို ကြည့်နေခဲ့သည်။

ဂျရယ်မိုင်ရာက ခရစ်စတိုဖာစီ အကြည့်တစ်ချက်လွဲခဲ့သည်။

ထို့နောက် သူ့ဘက်က စကားစခဲ့သည်။

" ကောင်းကင်ဘုံရဲ့အမိန့်အရ မင်းတို့ကို လာဖြုတ်တာပဲ "

ဂါဗင်က လှောင်ရယ်နေခဲ့သည်။

" အောင်မယ် ... မင်းတို့ရဲ့ကောင်းကင်ဘုံက နေရာတကာဝင်ပါတယ်နော်။ ငါတို့က လူတွေကို တမင်သတ်သတ် အမဲလိုက်နေတာမှ မဟုတ်တာ။ စီးပွားရေးမှာ သစ္စာဖောက်လို့ ငါတို့ဂိုဏ်းရဲ့လုပ်ရိုးလုပ်စဉ်အတိုင်း လူသတ်တာပဲ။ လူသားတွေရဲ့ဥပဒေတွေတောင် ငါတို့မာဖီးယားတွေကို လာမရှုပ်ရဲတာ။ မင်းတို့က ဘာလာရှုပ်တာလဲ အဟက်"

ဂါဗင်က သွားပေါ်သည်အထိ လှောင်ရယ်နေခဲ့သည်။

" အဟား ဒီခေတ်ချာတိတ်တွေက အရမ်းဖင်ခေါင်းကျယ်ပြီး ဆရာကြီးအထာတွေနဲ့ တယ်လေထွားကြပါလား "

ထိုစဉ် ဂျရယ်မိုင်ရာ​၏အဘင်က ကြားဖြတ်စကားပြောခဲ့ပြီးနောက် အထက်စီးဆန်ပြီး ရင့်သီးသောဂါဗင်​၏စကားများကို ပြန်ချေပရန် ပြင်​၏။

" ဒီမှာ ခွေးကောင်လေး။ ဒီ မာဖီးယားတွေက မင်းတို့ငါတို့လို မဟုတ်ဘူး။ ဘာအစွမ်းမှ မရှိကြတဲ့ သာမာန်လူသားတွေလေ။ ဒါကို မင်းရဲ့နောက်လိုက်ခွေးတွေက မိစ္ဆာအစွမ်းတွေသုံးပြီး သတ်ကြတဲ့အပြင် ကိုက်သတ်စားကြသေးတယ်မလား။ တကယ်တမ်းဆို မင်းကလည်း မာဖီးယား Boss တစ်ကောင်ပဲ။ လူသားမာဖီယားဂိုဏ်းတွေလို သစ္စာဖောက်ရင် လူလက်နက်တွေနဲ့ပဲ သတ်သင့်တယ်။ အဲဒါဆို ငါတို့ဝင်ပါစရာမလိုဘူး။ အခုဟာက မိစ္ဆာအစွမ်းတွေ ထုတ်သုံးကြတဲ့အပြင် အမဲပါလိုက်လို့ ငါတို့ရောက်လာရတာ ရှုပ်ချင်လို့ရှုပ်တာမဟုတ်"

ဂါဗင်လည်း ထိုစကားလုံးများကြောင့် လှောင်ပြုံးကနေ ရေခဲရိုက်အပြုံးတစ်ခုသို့ ပြောင်းလဲသွားလျက် ဂျရယ်မိုင်ရာတို့ကို မျက်မှောင်ကုတ်ကာ စူးစိုက်ကြည့်နေခဲ့သည်။

" ငါတို့ဖြုတ်ရမဲ့ရန်သူတော်တွေက အသစ်တွေထပ်တိုးလာပြီပဲ "

ဂါဗင်​၏လက်မှ ရေခဲစင်္ကြာများထွက်လာပြီး ဂျရယ်မိုင်ရာတို့ဆီ အဆက်မပြတ် ပစ်လွှတ်ခဲ့သည်။

ဂျရယ်မိုင်ရာက သူ​၏ဖခင်ကြီးများရှေ့ကနေ စိမ်းပြာရောင် မှော်ဒိုင်းတစ်ခုကို ဖန်ဆင်းပြီး ကာကွယ်ပေးခဲ့သည်။

ဂါဗင်က ဂျရယ်မိုင်ရာတို့ရှေ့တွင် ကြီးမားသောရေခဲတံတိုင်းတစ်ခုဖြင့် ပိတ်ထားခဲ့ပြီး ဒန်မော်ရာကိုခေါ်ကာ ထွက်ပြေးခဲ့သည်။

ချီရိုနှင့်သူ​၏တပ်သားများကလည်း အပေါ်ဆုံးထပ်သို့ ထွက်ပြေးခဲ့ကြသည်။

သို့သော် ခရစ်စတိုဖာတစ်ယောက်ထဲသာ မပြေးဘဲ ကျန်နေခဲ့သည်။

ဂျရယ်မိုင်ရာက ရေခဲတံတိုင်းကြီးကို သူ​၏နတ်မိုးကြိုးလျှပ်စီးဓားဖြင့် ဖြိုချဖျက်ဆီးခဲ့​၏။

ထိုရေခဲစများက ခရစ်စတိုဖာပေါ်ကို လွင့်စင်ကျလာသဖြင့် လူတစ်ပိုင်းမြေခွေးတစ်ပိုင်းအသွင်ပြောင်းကာ သူ​၏အမြှီးကိုးချောင်းဖြင့် ကာကွယ်ခဲ့သည်။

ဂျရယ်မိုင်ရာက ထွက်မပြေးဘဲ ကျန်နေခဲ့သောခရစ်စတိုဖာကိုမြင်သော် သူ့အနားသို့ ပြေးသွားခဲ့သည်။

" အဆင်ပြေလား bae"

ခရစ်စတိုဖာက ဂျရယ်မိုင်ရာ​၏သတိလက်လွှတ်ဖြစ်ကာ သူ့အားရည်းစားအနေဖြင့် ပြောဆိုလာသောကြောင့် သူတို့​၏ဆက်ဆံရေးအမှန်အား ဖရီးမန်းဘိုးတော်များ ရိပ်မိသွားမည်ကို စိုးရိမ်ခဲ့​၏။

သရုပ်မှန်များမပေါ်စေရန် ဂျရယ်မိုင်ရာကို ပြီး ဟန်ဆောင်တိုက်ခိုက်ခဲ့သည်။

ဂျရယ်မိုင်ရာလည်း ခရစ်စတိုဖာ​၏မျက်စပစ်ပြမှုကြောင့် အလိုက်သင့်ဟန်ဆောင်တိုက်ခိုက်ခဲ့သည်။

သို့သော် သူတို့နှစ်ယောက်စလုံးက အချင်းချင်းအစွမ်းများမသုံးဘဲ အားပြိုင်တိုက်ခိုက်နေရာမှ ကြမ်းပြင်တွင် အပေါ်တစ်လှည့် အောက်တစ်လှည့်ဖြင့် နပန်းလုံးနေခဲ့ကြသည်။

" Bae ... မင်း ဘာလို့ ဟိုကောင်တွေလို ထွက်မပြေးတာလဲ။ ကိုယ့်အဖေနဲ့အဘိုးတွေလက်စာမိရင် မင်းသေမှာနော် "

" ကိုကြီးကိုမြင်ပြီး ပြေးဖို့မေ့သွားလို့လေ "

" အာ ... ခုချက်ချင်းထွက်ပြေးတော့။ သူတို့သတ်ရင် မင်းတကယ်သေသွားလိမ့်မယ် "

" ဒါဆို သူတို့ကို အာရုံလွဲထားပေး။ ကျွန်တော်ထွက်ပြေးတော့မယ် "

နှစ်ယောက်သား စကားပြောရင်း နပန်းလုံးနေကြသည့်ပုံစံဟာ နပန်းလုံးနေသည့်ပုံမပေါက်နေဘဲ အိပ်ရာပေါ်တွင် ပလူးနေကြသည့်အလား။

ဖရီးမန်းတို့လည်း သူတို့နှစ်ယောက်လုံးကို အဝေးကနေ မှင်သက်ပြီး ရပ်ကြည့်နေခဲ့ကြသည်။

" အဲဒီကောင်တွေ တကယ်နပန်းလုံးနေကြတာရော ဟုတ်ရဲ့လားပဲ "

ဂျရယ်မိုင်ရာ​၏အဘိုးဖြစ်သူမှ သတိဝင်လာလျက် နှာခေါင်းတွန့်ကာ မသင်္ကာသောအကြည့်ဖြင့် ပြောခဲ့သည်။

ခရစ်စတိုဖာလည်း ဂျရယ်မိုင်ရာကို အစွမ်းများဖြင့် ဟန်ဆောင်တိုက်ခိုက်ခဲ့ပြီး အမြန်ထွက်ပြေးလာခဲ့ရသည်။

◎ ══════ ❈ ══════ ◎

Continua llegint

You'll Also Like

1.9M 97.7K 38
Presenting the story of ISHIKA MEHRA Whose innocence made the king bow down to her AND ABHIRAJ SINGH RATHORE Whose presence is enough to make the per...
116K 1K 13
This story took place in alternative universe (AU) where Grimms are still exists but no semblance or aura. In this story, we followed (Y/n) (L/n), Ma...
2.1M 127K 77
DARE TO COPY IT.... AND SEE WHAT I DO... BEAWARE...!! Copyright © 2015 MaNanlicious_Angel STORY IS PRIVATE AFTER ~CHAPTER 6~ Follow me to Read...
68.8K 5K 56
In their previous life, taehyung had been overweight. His face was covered in acne. Yet jungkook still forcefully ate him up. Exactly how much did h...