ရှဲ့စန်း ဆရာဝန်လုပ်သလို ဆက်သွယ်ရေးကိရိယာဖွင့်လိုက်ပြီး billပေးချေခဲ့တယ်၊သူဆင်းရုံမှာ နှစ်ရက်ပဲနေတာကို အားလုံးပေါင်း ၂၈၈၀၀တောင် ကျတယ်
အဲ့ဒါက အရမ်းစျေးမကြီးလွန်းဘူးလား၊ပေးချေတဲ့ခလုတ်ကိုနှိပ် သူ့လက်ဗွေရာသုံးပြီး ပေးချေခဲ့တယ်၊ အဲ့ဒီနောက်မှာ စာရောက်လာခဲ့တယ်၊
စာကိုကြည့်လိုက်တော့ သူ့လက်ကျန်ငွေက ဒင်္ဂါး ၅၀၀နဲ့ ၆၃ပြား ကျန်တယ်။
ဆရာဝန်က "မင်းရဲ့ ဆေးရုံခ က ပေးပြီးသွားပြီ၊ အချိန်မရွေး ဆေးရုံကဆင်းလို့ရပြီ၊ နေလို့မကောင်းဘူးလို့ ခံစားရရင် ဆေးရုံကိုဖြစ်နိုင်သမျှ စောစောလာခဲ့ပါ။"
ရှဲ့စန်းခေါင်းညိတ်ပြပြီး ဆရာဝန်ရဲ့အကူအညီနဲ့ဆေးရုံဆင်းခဲ့တယ်၊မိနစ်နှစ်ဆယ်ကြာပြီးနောက် တွေဝေနေတဲ့မျက်နှာထားနဲ့ လမ်းမပေါ်မှာ မတ်တပ်ရပ်နေခဲ့တယ်
သူ့အရှေ့ကလမ်းမကြီးဟာ သူအရင်တုန်းကရောက်ဖူးတဲ့မြို့တိုင်းမှာရှိတဲ့ လမ်းမတွေထက် ပိုပြီးတော့ကြီးမားကျယ်ပြန့်တယ်၊ လမ်းမပေါ်မှာကားမျိုးစုံရှိနေပြီး အကုန်လုံးနီးပါးကို သူတစ်ခါမှမမြင်ဖူးဘူး
ပျံသန်းရေးကိရိယာမျိုးစုံက လေထဲမှာ ပျံသန်းနေကြတယ်၊အဲ့ဒီအထဲမှာ ငှက်တွေလည်းပါတယ်၊ ငှက်တွေက အရမ်းကြီးပြီး အရမ်းမ့န်တယ်၊ တစ်ချို့လူတွေက ငှက်တွေပေါ်မှာစီးနေတာကို ရှဲ့စန်းတွေ့ ခဲ့တယ်။
ရှဲ့စန်း သူ့လက်သူ ဆွဲဆိတ်ခဲ့ပြီး နာကျင်လာတယ်၊ သူအသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်လျှော့ဖို့ကြိုးစားခဲ့တယ်၊ ဒါပေမယ့်မတတ်နိုင်ဘဲ သူအာ်မိသွားတယ်၊
"F**k"
ဆေးရုံမှာတုန်းက တစ်ခုခုထင်ခဲ့ပေမယ့် သူသေချာမစဥ်းစားမိခဲ့ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့မျက်စိရှေ့မှာရှိတဲ့ဟာတွေကို ကြည့်ရတာ "သူတစ်ခြားကမ္ဘာတစ်ခုမှာ ပြန်လည်မွေးဖွားလာခဲ့တာ ဖြစ်နိုင်တယ်"
သူ့ဆက်သွယ်ရေးကိရိယာကိုဖွင့်ပြီး profileကိုကြည့်လိုက်တော့ နာမည်နဲ့ဓါတ်ပုံက သူနဲ့အတိအကျတူနေတယ်၊ ဒါပေမယ့် ကျန်တာတွေက တစ်ခုမှမတူဘူး
ရှဲ့စန်း၊ ကြယ်တက္ကသိုလ် တတိယနှစ်၊ ရုက္ခဗေဒဌာန၊ အသက် ၁၈နှစ်၊ အရပ် 183 cm ၊ သူ့မွေးစားမိဘတွေက အပင်သုတေသနပြုလုပ်သူတွေ ဖြစ်ပြီးလွန်ခဲ့တဲ့ ၃နှစ်က ရှာဖွေရေးခရီးစဥ်မှာ ဆုံးပါးသွားခဲ့တယ်။
ရှဲ့စန်း အချက်အလက်တွေဖတ်ပြီးနောက်မှာ သူ့အကြည့်က နာမည်နောက်မှာရှိတဲ့ ကွက်လပ်ပေါ်ကျရောက်သွားခဲ့တယ်၊ "ဆက်နွယ်သားရဲ"
ဒီအချက်အလက်က ဘာပါလိမ့်၊ ယောက်ျား မိန်းမ အချက်အလက် မရှိဘဲ ဆက်နွယ်သားရဲ ဆိုတာကြီးရှိနေတယ်၊ "ဆက်နွယ်သားရဲဆိုတာ ဘာအဓိပ္ပါယ်လဲ"
သူစိတ်ရှုပ်သွားတယ် ၊တစ်ချိန်တည်းမှာ သူ့ဗိုက်က အသံမြည်လာတယ်၊ သူနှစ်ရက်တောင်သတိမေ့နေခဲ့တော့ သူဗိုက်အရမ်းဆာနေပြီ၊ သူအရင်စားဖို့ ဆုံးဖြတ်ပြီး အချက်အလက်တွေရှာလိုက်တယ်။
အရင်တစ်ခါရောက်လာတဲ့ လက်ကျန်ငွေအချက်အလက်ကိုကြည့်ပြီး သူစိတ်ညစ်သွားတယ်၊ လမ်းမပေါ် လမ်းလျှောက်တာတော်တော်ကြာပြီးချိန်မှာ စျေးသက်သာတဲ့ အသင့်စားစားသောက်ဆိုင်တစ်ဆိုင်ကို သူရွေးလိုက်တယ်၊ ပြီးတော့ ကြယ်ဒင်္ဂါး ၁၀ပြားတန် နေ့လည်စာဝယ်လိုက်တယ်
အရပ်ရှည်ပြီး ခန္ဓာကိာယ်ကြံ့ခိုင်သန်စွမ်းတဲ့ သူဌေးက နေ့လည်စာဘူးကိုပေးပြီး "ငါ့အစားအစာတွေက အရသာရှိတယ်၊ မကြာခဏ လာစားဖို့ သတိရနော်။"
ရှဲ့စန်းလက်ဆန့်ပြီး နေ့လည်စာဘူးကိုယူလိုက်တဲ့အချိန် သူဌေးက ပြုံးကြည့်နေတယ် ၊ ရှဲ့စန်းခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ဘူးကိုလက်တစ်ဖက်တည်းနဲ့ကိုင်လိုက်ပြီး ဘယ်ဘက်လက်ကောက်ဝတ်ကိုဆန့်ထုတ်ပေးခဲ့တယ်၊
သူဌေးက သူ့လက်ကောက်ဝတ်ကို အမြန်ဆန့်ပြီး ငွေလက်ခံလိုက်တယ်၊ စာရောက်လာလို့ ကြည့်လိုက်တဲ့အချိန် ၊ ဒင်္ဂါးဆယ်ပြားနှုတ်သွားတာတွေ့ရတယ်
ဒီအချိန်မှာ လူတွေအများကြီးစားနေတာ တွေ့ရတယ်၊ ဆိုင်သေးသေးလေးက လူတွေနဲ့ ပြည့်နေတယ်၊ လူတစ်ယောက်ထသွားတာမြင်တော့ ရှဲ့စန်းအမြန်သွားထိုင်လိုက်တယ်၊ စားပွဲထိုးက စားပွဲသန့်ရှင်းရေး လာလုပ်ပေးတဲ့အချိန်မှာ ရှဲ့စန်း စိတ်ကျေနပ်သွားတယ် ။
ဘူးကိုဖွငိ့လိုက်ချိန်မှာ ရှဲ့စန်းတွေးမိသွားတယ်၊ ဒီဆိုင်အရမ်းရိုးသားတာပဲ၊ အသားတွေအပြည့်ပဲ၊ စျေးနှုန်းက ကမ္ဘာမှာအတူတူလောက်ပဲ၊
သူ စားဖို့တူယူလိုက်ပြီး သက်ပြင်းချလိုက်တယ်၊ ကြယ်ဒင်္ဂါး၁၀ပြားနဲ့ တစ်ခုခုလုပ်ထားရတဲ့အထိတော့ သူတို့မရူးလောက်ပါဘူး။
သူအသားမစားခဲ့ရတာ တော်တော်ကြာနေတဲ့အတွက် အသားအနံ့ကသူ့ကိုဆွဲဆောင်နေတယ်၊ သူအသားတစ်တုံးယူလိုက်ပြီး ခပ်ကြီးကြီးကိုက်လိုက်တယ်၊ သူ မျက်မှောင်ကြုပ်သွားတယ်။
ငါးညှီနံ့ နည်းနည်းနံပြီး ဟင်းခတ်အမွှေးအကြိုင်များလွန်းတယ်၊ ကမ္ဘာပျက်ကပ်မှာအစပ်အရသာတွေ နေ့တိုင်းနီးပါးစားရတယ်၊ အခုအသားမှာအစပ်အရသာ မရှိတဲ့အတွက် သူနေသားမကျဘူး။
ကမ္ဘာပျက်ကပ်နဲ့တွေ့ဖူးတဲ့သူ့အနေနဲ့ ဒါကပြဿနာမရှိပါဘူး၊ သူမျက်မှောင်ကြုက်သွားပေမယ့် အသားတစ်တုံးပြီးတစ်တုံး ပျော်ရွှင်စွာစားပစ်လိုက်တယ်။
သူစားနေရင်း တူနဲ့ကျန်တဲ့အသားတွေဖယ်ပြီး ဘူးအောက်ခြေကိုကြည့်လိုက်တယ်၊ ဘူးတစ်ဘူးလုံးမှာ အသားတစ်မျိုးတည်းပဲပါနေတယ်၊ သူခေါင်းမော့ပြီး သူဌေးကိုမေးလိုက်တယ် " သူဌေး ၊ ကျွန့်တော့်နေ့လည်စာမှာ ထမင်းထည့်ဖို့မေ့နေတယ် "
သူအသားမစားရတာကြာနေပြီဆိုပေမယ့် နေ့လည်စာကိုအသားတွေချည်းပဲ စားဖို့ဆိုတာက သည်းမခံနိုင်ဘူး ။
သူပြောပြီးနောက်မှာ ဆိုင်လေးတစ်ဆိုင်လုံး ခဏအသံတိတ်သွားတယ်၊ရှဲ့စန်း သူ့ကိုအားလုံး က စိုက်ကြည့်နေတာကို သတိထားမိတယ်၊ သူဌေးက မျက်နှာမသာမယာနဲ့ သူ့ဆီလာနေတာကိုကြည့်ပြီး သူ့စိတ်ထဲတောင့်သွားတယ်
သူ့မျက်နှာပေါ်မှာ အပြုံးကြီးကြီးပြုံးထားပြီး ဖော်ရွေမှုစွာနဲ့ "အဲ့ဒါက အဆင်ပြေပါတယ်၊ ကျွန်တော်အသံနည်းနည်းကျယ်သွားပြီး အားလုံးကို ဒုက္ခဖြစ်စေမိလို့ တောင်းပန်ပါတယ်၊ ဒါက ထမင်းတစ်ပန်းကန်ပါပဲ၊ ကိစ္စသေးသေးလေးပါ။ "
" Hahaha......."
အလွန်ရယ်စရာကောင်းတဲ့ ရယ်သံတွေက ဆိုင်ထဲမှာ ရုတ်တရက်ထွက်ပေါ်လာခဲ့တယ်၊ ရှဲ့စန်း နည်းနည်းရှက်သွားတယ်၊ မကြာခင်မှာ ကျောဆန့်လိုက်တယ်၊ သူရဲဘောကြောင်တဲ့အတွက် သူအနိုင်ကျင့်တာမခံနိုင်ဘူး၊ သူဌေးက အရပ်က ၆ပေ၆လက်မလောက်ရှိတယ် ပဋိပက္ခဖြစ်မယ်ဆိုရင် သူမထိန်းနိုင်လောက်ဘူး။
" အိပ်မက်မက်နေတာလား၊ ကြယ်ဒင်္ဂါး ၁၀ပြားလောက်နဲ့ ထမင်းစားချင်နေတာလား၊ ကောင်လေး မင်း ငါ့ဆိုင်ကိုရယ်စရာမှတ်နေတာလား။ "
သူဌေးက ရှဲ့စန်းရဲ့စားပွဲဆီကို လျှောက်လာပြီး သူ့ကိုမတူမတန်သလို ကြည့်လာတယ်။
Zawgy version
အဲ့ဒါက အရမ်းဈေးမကြီးလွန်းဘူးလား၊ပေးချေတဲ့ခလုတ်ကိုနှိပ် သူ့လက်ဗွေရာသုံးပြီး ပေးချေခဲ့တယ်၊ အဲ့ဒီနောက်မှာ စာရောက်လာခဲ့တယ်၊
ရှဲ့စန်း သူ့လက်သူ ဆွဲဆိတ်ခဲ့ပြီး နာကျင်လာတယ်၊ သူအသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်လျှော့ဖို့ကြိုးစားခဲ့တယ်၊ ဒါပေမယ့်မတတ်နိုင်ဘဲ သူအ်ာမိသွားတယ်၊
"F**k"
ဒီအချက်အလက်က ဘာပါလိမ့်၊ ယောက်ျား မိန်းမ အချက်အလက် မရှိဘဲ ဆက်နွယ်သားရဲ ဆိုတာကြီးရှိနေတယ်၊ "ဆက်နွယ်သားရဲဆိုတာ ဘာအဓိပ်ပါယျလဲ"
အရင်တစ်ခါရောက်လာတဲ့ လက်ကျန်ငွေအချက်အလက်ကိုကြည့်ပြီး သူစိတ်ညစ်သွားတယ်၊ လမ်းမပေါ် လမ်းလျှောက်တာတော်တော်ကြာပြီးချိန်မှာ ဈေးသက်သာတဲ့ အသင့်စားစားသောက်ဆိုင်တစ်ဆိုင်ကို သူရွေးလိုက်တယ်၊ ပြီးတော့ ကြယ်ဒင်္ဂါး ၁၀ပြားတန် နေ့လည်စာဝယ်လိုက်တယ်
ဘူးကိုဖွငိ့လိုက်ချိန်မှာ ရှဲ့စန်းတွေးမိသွားတယ်၊ ဒီဆိုင်အရမ်းရိုးသားတာပဲ၊ အသားတွေအပြည့်ပဲ၊ ဈေးနှုန်းက ကမ္ဘာမှာအတူတူလောက်ပဲ၊
" Hahaha......."