╔═════ ࿇ ═════╗
𝕮𝖍𝖆𝖕𝖙𝖊𝖗 34
Under the Moonlight Ocean
╚═════ ࿇ ═════╝
ဂျက်ဖရီမှာ ရီကာဒိုက သူ့ကိုဆန့်ကျင်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ တစ်ယောက်တည်းဒေါသထွက်နေခဲ့သည်။ သူ့အာရုံနှင့်သူ စိတ်ရှုပ်နေခဲ့သောကြောင့် ကီရမ်တစ်ယောက် စံအိမ်တော်မှာ မရှိနေခဲ့သည်ကိုပင် သတိမထားမိခဲ့ပေ။
အိုဝမ်ကလည်း ခရစ်စတိုဖာကို ရှာဖွေစုံစမ်းနိုင်မည့်နည်းလမ်းများကို တွေးတောနေခဲ့သော်လည်း အကောင်အထည်မဖော်နိုင်ဘဲဖြစ်နေခဲ့၏။ သားဖြစ်သူအပေါ် သံယောဇဉ်ကြီးသဖြင့် ကိုယ်တိုင်လည်း မသတ်နိုင်သကဲ့သို့ မိန်းမဖြစ်သူကိုယ်လည်း မတိုင်ပင်ရဲပေ။ ဤသို့ဖြင့် အကျပ်ရိုက်နေခဲ့သည်။
ကီရမ်က အိမ်မပြန်တော့ဘဲ မွန်ဒီ့ကို လုံခြုံဘေးကင်းစေရန် သူမနှင့်အတူတူ ခြေဦးတည့်ရာ လျှောက်သွားနေခဲ့သည်မှာ အချိန် ၂ နာရီကျော် ကြာမြင့်လာခဲ့သည်။ ထို့ကြောင့် မွန်ဒီက လမ်းလျှောက်နေရသည်ကို ငြီးငွေ့စပြုလာသည်။ ပျင်းရိစွာ သမ်းဝေလိုက်ပြီး ကီရမ့်ကို စကားပြောခဲ့သည်။
" ကီရမ် ... "
" ဟမ် "
" နင် ပင်လယ်မှာ ရေကူးဖူးတယ်မလား "
" အင်း "
မွန်ဒီက ရုတ်တရက် မျက်နှာညိုးသွားသည်။
" ငါ ပင်လယ်ကြီးကို လွမ်းတယ်။ ငါ့ အမြီးလေးကိုလည်း လွမ်းတယ်။ ပင်လယ်မှာ ရေကူးချင်တယ် "
ကီရမ်က လမ်းလျှောက်နေရာမှ ရပ်တန့်သွားသည်။ စက္ကန့်အနည်းငယ်ခန့် စဥ်းစားတွေဝေနေခဲ့သည်။ ထို့နောက် သက်ပြင်းလုံးသေးသေးလေးချခဲ့လျက်။
" ခု ... ပင်လယ်ဆီ ရေသွားကူးမလား "
မွန်ဒီက ရေကူးရမည့်အသံကြားလျှင် မျက်နှာပြုံးရွှင်သွားသော်လည်း သူမ၏အတွေးထဲတွင် မေးခွန်းများစွာပေါ်လာခဲ့သည်။
" ဒီနားမှာတော့ ပင်လယ်မရှိဘူးလေ။ ပြီးတော့ ဒီည ရာသီဥတုအခြေအနေ သာယာရဲ့လားဆိုတာလည်း မသိနိုင်ဘူး ... "
ကီရမ်က ဘာမှပြန်မဖြေခဲ့ဘဲ ရှေ့ဆက်လျှောက်ခဲ့သည်။ မွန်ဒီလည်း နောက်ကနေ လိုက်လာခဲ့သည်။ သူတို့ရောက်ရှိနေသည့်နေရာနှင့် သိပ်မဝေးတော့သည့်နေရာ၌ မြစ်တစ်ခုရှိနေခဲ့ပြီး ထိုမြစ်ကနေတစ်ဆင့် ပင်လယ်ဆီသို့ ရေကူးသွားရန် အကြံရသွားခဲ့၏။
" ကီရမ် ... ဘယ်သွားမလို့လဲ "
" ရောက်ရင် သိလိမ့်မယ် "
ကီရမ်က တည်ငြိမ်စွာ ဖြေခဲ့သည်။ မွန်ဒီကလည်း ဆက်အမေးအမြန်းမထူတော့ဘဲ သူနှင့်အတူ တိတ်ဆိတ်စွာ လိုက်လာခဲ့၏။ ဤသို့ဖြင့် မြစ်ဆီသို့ နာရီဝက်ကျော်ကြာအောင် လမ်းလျှောက်ခဲ့ကြသည်။ မကြာခင်တွင် မြစ်ကမ်းဘေးသို့ ရောက်ရှိလာခဲ့ကြသည်။
မြစ်ကမ်းဘေးသို့ရောက်သော် ကီရမ်က လူသူကင်းရှင်းပြတ်လပ်ပြီး မှောင်ရိပ်ကျနေသောနေရာဆီသို့ လမ်းလျှောက်သွားခဲ့သည်။ မွန်ဒီကိုလည်း သူ့နောက်မှ လိုက်လာရန် မျက်စပစ်ပြခဲ့သည်။
" ဒီမြစ်ကနေ ငါတို့ရေကူးသွားရင် ပင်လယ်ထဲကို ရောက်သွားလိမ့်မယ် "
ထိုစကားကိုကြားလျှင် ပင်လယ်ပျော်ရေသူမလေး၏မျက်လုံးများက ဝင်းလက်သွားလျက်။
" ဟီးဟီး ... ဒါနဲ့နင်က ရေကြာကြာကူးနိုင်လို့လား "
ကီရမ်က မဲ့ပြုံးပြုံးခဲ့သည်။
" ဘယ်သူပိုရေကူးနိုင်သလဲ ပြိုင်ချင်လား "
" ပြ်ိုင်မယ် "
စိန်ခေါ်မှုအပြီးမှာ ကီရမ်က ချက်ချင်းမြစ်ရေထဲသို့ ဒိုင်ဗင်ထိုးချသွားသည်။ မွန်ဒီလည်း နောက်ကျသည့်ခြေထောက်သစ္စာဖောက်အဖြစ်မခံနိုင်၍ အလျင်အမြန် မြစ်ထဲသို့ ဒိုင်ဗင်ထိုးဆင်းသွားသည်။
ကီရမ်က ပင်လယ်ဆီသို့ ဦးတည်ကာ အရှိန်အဟုန်ဖြင့် ကူးခတ်သွားခဲ့သည်။ မွန်ဒီလည်း သူမ၏ခန္ဓာကိုယ်က ရေဓာတ်နှင့်ထိတွေ့လိုက်သည်နှင့်တစ်ပြ်ိုင်နက် ရေသူမအသွင်ပြောင်းသွားကာ ကီရမ့်နောက်သို့ အမှီလိုက်ကူးခဲ့၏။
ပင်လယ်သို့မရောက်ခင် နှစ်ယောက်စလုံးက ရေဘုရင်နှင့်ရေဘုရင်မအလား သူ့ထက်ငါအပြိုင်အကြောမခံဘဲ ကူးခတ်ခဲ့ကြသည်။ ပင်လယ်၀သို့ နှစ်နာရီကျော်ကြာမြင့်ချိန်၌ ရောက်ရှိခဲ့ကြသည်။ ထိုအချိန်မှစတင်ကာ ကီရမ်၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း လူအသွင်မှသည် ပင်လယ်ဧကရာဇ်ရေနဂါးမင်းအဖြစ်သို့ ကူးပြောင်းသွားချိန်တွင် မွန်ဒီမှာ မယုံနိုင်စရာကောင်းလောက်အောင် အလွန်အံ့ဩသွားခဲ့တော့သည်။
ထိုရေနဂါးမင်း၏အလျားသည် ပေအားဖြင့် ၁၅၀ ပေရှိပြီး မီတာအနေနှင့်ဆိုလျှင် ၄၆ မီတာထိရှည်လျားသည်။ Blue Whale ခေါ် အပြာရောင်ဝေလငါးထက် ပိုမိုအရွယ်အစားကြီးမား၏။
အပြာရောင်ပင်လယ်သမုဒ္ဒရာနှင့် ကောင်းကင်ပြာအား ကိုယ်စားပြုသောအရောင်အဆင်းရှိသည်။ ကိုယ်ပေါ်တွင် မိုးပြာဖျော့ရောင်ငါးအကြေးခွံများက ဖုံးလွှမ်းထားသည်။
ဦးခေါင်းထိပ် ဘေးနှစ်ဖက်တွင် ဦးချိုအကွေးနှစ်ခုရှိ၏။ ဦးခေါင်းကနေ လည်ပင်းအပြင် လည်ပင်းနှင့်ကိုယ်ထည်ပိုင်းအစပ်နားတွင်မူ မြွေကြေးခွံပုံစံကြေးခွံများရှိသည်။ မေးစေ့အောက်ပိုင်းနှင့် နားရွက်နားတွင် ရေယက်များပါရှိသည်။ ခြေ ၄ ချောင်းရှိပြီး ခန္ဓာကိုယ်ပုံသဏ္ဌာန်မှာ လည်ပင်းရှည်မျောလျက် ကိုယ်ထည်ပိုင်းမှာ လုံးဝန်းကာကြီးမားသည်။ အမြှီးမှာ မိချောင်းအမြှီးပုံသဏ္ဌာန်ပင်။
နဂါးကီရမ်နှင့်ယှဥ်လျှင် မွန်ဒီမှာ တောက်တဲ့သာသာလောက်ရှိတော့သည်။ အရွယ်အစား အလွန်ကွာခြားသွားသောကြောင့် မွန်ဒီလည်း အနည်းငယ်ထိတ်လန့်မိ၏။
ပင်လယ်ရေမျက်နှာပြင်ကို ထိုးဖောက်ဝင်ရောက်နေသော လရောင်အလင်းတန်းများအောက်မှာ ကီရမ်၏နဂါးပုံစံမှာ ထင်ရှားနေပေလျက်။ နဂါးဖြစ်သွားသည့်တိုင်အောင် သူ၏အပြုံးက ချိုမြနေသေးသည်။
" ဝါး ... နင်ကလည်း လူသားအစစ်မဟုတ်ဘူးပဲ "
မွန်ဒီက ကျယ်လောင်စွာ အော်ပြောခဲ့သည်။
" ဟားဟားဟား ငါ့မွေးရပ်မြေကလည်း သမုဒ္ဒရာကြီးပဲလေ "
ကီရမ်က နဂါးအသံဖြင့် သြရှစွာ ရယ်မောနေခဲ့သည်။ ထို့နောက် မွန်ဒီက စိတ်ဘဝင်မကျဖြစ်လာပြီး နူတ်ခမ်းဆူလိုက်သည်။
" နေပါအုံး ... နင်ကဒီပုံစံနဲ့ပြ်ိုင်မှတော့ နင့်ခန္ဓာကိုယ်ကြီးနဲ့ နိုင်ပြီပေါ့ ခွေးနဂါးမသားရဲ့ "
" မပြောင်းခင်ထဲက နိုင်သွားတာလေ "
" ဟမ် ... ဘယ်လိုဘယ်လို "
မွန်ဒီက မျက်ခုံးပင့်တက်သွားပြီး ကီရမ်ကို နားမလည်စွာ မေးလိုက်သောအခါ သူက ထပ်ရယ်မောနေခဲ့သည်။
" ပင်လယ်ဝကို ငါအရင်ရောက်တာလေ။ အဲ့တော့ ငါနိုင်တယ် "
" နင် ငါ့ကိုအစက အဲဒီလိုမပြောခဲ့ဘူးလေ "
" ပြောပါတယ်။ နင်မှမကြားတာ "
" နင် ငါ့ကိုဉာဏ်မကောင်းဘူးထင်နေလား ... နင်လုံးဝမပြောခဲ့ဘူး "
မွန်ဒီလည်း စိတ်တိုတိုနှင့်အော်လိုက်၏။ ကီရမ်ကလည်း တမင်စနောက်ပြီး ပြန်ဖြေသည်။
" စိတ်ထဲမှာ ပြောခဲ့တယ်လေ "
" နင် ကုန်းပေါ်မှာ ငါသိခဲ့တဲ့ကီရမ်မဟုတ်ပါဘူး။ နင် ရေနဂါးကောင်ဖြစ်သွားတာနဲ့ နင့် personality တွေပါ ချိန်းသွားတာလား။ နင် ချက်ချင်းကို သောက်ပေါကောင်ဖြစ်သွားရောနော် "
" ဟားဟားဟား ... ဟုတ်တယ်။ နင်မှန်တယ်။ ငါကလူတွေနဲ့ဆို ကုန်းပေါ်မှာဆိုရင် ငါ့နဂါးပုံစံကိုဖုံးကွယ်ထားတဲ့အပြင် ပျော်ပျော်နေတတ်တဲ့ငါ့ပုံစံကိုပါ ဖုံးကွယ်ထားတာ "
" ဘာလို့လဲ "
" လူဖြစ်ရတာက ရေနဂါးဖြစ်ရတာလောက် တစ်စက်မှ ပျော်စရာမကောင်းနေဘူးလေ"
မွန်ဒီက နဂါးကီရမ်၏ဦးခေါင်းပိုင်းအနီးသို့ လျင်မြန်စွာ ကူးခတ်သွားပြီး စကားပြောခဲ့သည်။
" အဓိပ္ပာယ်မရှိတာ ... ငါဆို ရေမှာရော ကုန်းမှာပါပျော်နေတာကို "
" နင်နဲ့အတူတူနေတဲ့လူတွေက နင့်ကိုတကယ်တန်ဖိုးထားလို့နေမှာ ... ငါ့မှာ ငါ့ဖြစ်တည်မှုနဲ့ စိတ်ခံစားချက်တွေကိုတန်ဖိုးထားတာဆိုလို့ ငါ့အမေနဲ့ ဦးလေး ရီကာဒိုပဲရှိတယ် "
" .... "
မွန်ဒီမှာ မိနစ်အနည်းငယ်လောက် ပြောစရာစကားပျောက်သွားသည်။ ကီရမ်ကို နှစ်သိမ့်အားပေးရန် အသင့်တော်ဆုံးစကားလုံးများကို ရှာဖွေနေခဲ့သည်။ ထို့နောက် နဂါးကီရမ်၏ဧရာမမျက်လုံးများရှေ့သို့ ယုံကြည်မှုအပြည့်ဖြင့် နီးနီးကပ်ကပ် သွားခဲ့သည်။
" ကီရမ် ... "
" ဟွန် "
" နင်က နဂါးဖြစ်လည်း ငါ့အတွက်မင်းသားလေးပဲ။ ငါ့ ခံစားချက်တွေက နှမ်းစေ့တစ်စေ့လောက်တောင် မပြောင်းလဲသွားဘူး။ နင်လူဖြစ်ဖြစ် နဂါးဖြစ်ဖြစ် ငါနင့်ကိုသဘောကျတယ်။ နင့်အရာရာတိုင်းကို ငါသဘောကျတယ် ... ငါ ... ငါ နင့်ကိုသဘောကျတာထက်ကို ပိုတာ"
မွန်ဒီက သူမ၏ခံစားချက်များအား အရိုးသားဆုံး ဖွင့်ဟပြောဆိုခဲ့သည်။
" ကီရမ် ... နင့် မျက်လုံးလေးတွေက အရမ်းလှတာပဲ။ အဲဒီရွှေညိုရောင်မျက်လုံးလေးတွေကို ငါအပိုင်လိုချင်တယ်။ ငါ့တစ်ယောက်တည်းကိုပဲ အချစ်တွေနဲ့ ကြည့်နေပေးဖို့ ... "
မွန်ဒီက ခါတိုင်းထက် ပြုံးပျော်နေကာ စကားကိုနူးညံ့သောလေသံဖြင့် ဖြည်းညှင်းစွာပြောနေသည်က ကီရမ်၏နှလုံးသားတစ်ခုလုံးတွင် အချစ်ဓာတ်များပေါ်ပေါက်လာအောင် နှိုးဆွပေးခဲ့သည်။
" ငါနင့်ကို စတွေ့တုန်းကထက် ပိုချစ်သွားပြီ။ နင်ချစ်တယ်ဆိုတာ သိတယ်မလား။ မသိရင် ဂျရယ့်ကို ရှင်းပြခိုင်းပေးမယ် ... လမ်းကြုံခဲ့ရင် "
ကီရမ့်မှာ ပြောစရာစကားပျောက်အောင် မွန်ဒီ၏စကားလုံးလွှမ်းမိုးမှုများအောက်မှာ ခဏတာ မှင်သက်သွားခဲ့ပြီးနောက်တွင်၊ လူအသွင်ပြန်ပြောင်းကာ မွန်ဒီ့အနားသို့ နီးကပ်စွာ ကူးခတ်လာသည်။ မွန်ဒီက ကြောင်တောင်တောင်ဖြစ်နေစဥ်မှာ ကီရမ်က သူမ၏နှုတ်ခမ်းသားများကို အပေါ်အောက် ကြင်နာစွာ အချစ်၏အမှတ်သင်္ကေတကို ဖော်ကျူးပြသပေးခဲ့သည်။ ၃ မိနစ်ကြာပြီးနောက် သူမနှုတ်ခမ်းကနေ ခွာလိုက်သည်။
" ငါ သိတာပေါ့ ... အချစ်ရဲ့အဓိပ္ပာယ်အမှန်ကို။ ငါ့မျက်လုံးတွေကိုလည်း နင်ပိုင်ပါတယ်။ နင့်အပြုံးတွေကိုလည်း ငါပိုင်ဆိုင်လို့ရမလား"
ကီရမ်က မွန်ဒီမျက်လုံးပေကလပ် ပေကလပ်ဖြစ်နေတုန်းမှာ နောက်ထပ်အနမ်းတစ်ခုကို ပေးလိုက်သည်။ မွန်ဒီမှာ ကီရမ်ကို မျက်လုံးအဝ်ိုင်းသားလေးနှင့်ကြည့်နေခဲ့၏။ သူမ အလွန်ပျော်နေခဲ့သောကြောင့် ပြောစရာစကားများကို ပြောဖို့အရေး ဝမ်းသာပီတိစိတ်များဖြင့် အသက်အရင်ရှူနေခဲ့သည်။ ထို့နောက် မရပ်မနားစကားစပြောတော့သည်။
" အို ကီရမ် ... နင် ခုလောက်ထိ ရိုမန့်တစ်ဆန်တတ်လိုက်မဲ့ ယောကျာ်းမှန်း ငါမသိခဲ့ဘူး။ အိမ်မက်မက်နေသလိုပဲ။ ငါ ကုန်းပေါ်စရောက်ထဲက ယောကျာ်းကနေ တခြားယောကျာ်းအပေါ်ချစ်ပြီး ရိုမန့်တစ်ဆန်တာတွေပဲ စမြင်ခဲ့ရတယ်။ ပြီးတော့ ကုန်းပေါ်က ယောကျာ်းတွေက ယောကျာ်းတွေကို ပိုစားချင်ကြသလိုပဲ။ ရေသူအထီးအချင်းချင်းမှာတောင် အဖိုအမသဘာဝဆွဲဆောင်တာပဲများကြတာ ... အခုတော့ဖြင့် အဖိုအချင်းအချင်း ချစ်ကြည်နူးကြတာကို ကန့်လန့်ကာနောက်ကနေ တစ်ချိန်လုံးကြည့်နေရတဲ့ thirdwheel မဘဝကနေ ကျွတ်လွတ်သွားပါပြီ။ အမကျန်ဆန်တဲ့ဘဝကို ကယ်တင်ပေးလို့ သိပ်ကိုကျေးဇူးတင်တာ "
ကီရမ်မှာ မွန်ဒီကို အသည်းယားလားသဖြင့် သူမ၏နဖူးကို တစ်ချက်တောက်လောက်သည်။
" ဟဟ နင်က အရမ်းစကားများပြီး အသွက်လွန်တဲ့ကောင်မလေးပဲ။ ရေသူမ မဖြစ်ခင် ကြက်တူရွေးဖြစ်ခဲ့သေးလား "
ထို့နောက် ကီရမ်က သက်ပြင်းငွေ့တစ်ချက် ချလိုက်ပြီး။
"ငါက ဘယ်လူသားကိုမှ မချစ်မိအောင်နေခဲ့တာ။ ငါ့ဖြစ်တည်မှုအမှန်ကို သိသွားရင် လက်ခံနိုင်ကြမဲ့လူတစ်ယောက်မှ ရှိမယ်မထင်လို့ ... နင့်ကိုရောပဲ ... နင် ကိုယ်တိုင်ရေသူမလို့ ဖွင့်ပြောမှ အံ့သြသွားခဲ့တာ"
ကီရမ်နှင့် မွန်ဒီက စကားပြောနေစဥ် သူတို့နှစ်ယောက်၏ခန္ဓာကိုယ်များက တဖြည်းဖြည်း နီးကပ်လာကြကာ ပူးကပ်လာခဲ့သည်။ ကီရမ်က မွန်ဒီ၏မျက်နှာကို ယခင်ထက် စိုက်ကြည့်နေခဲ့ပြီး သူမ၏ခါးလေးကို လက်နှစ်ဖက်ဖြင့် ကိုင်ခဲ့သည်။ ထိုစဥ် မွန်ဒီမှာ ရုတ်တရက် သူမ၏ဗလာဖြစ်နေသောရင်သားများကို အလန့်တကြားအုပ်ခဲ့သည်။
" ဟင် ဘာဖြစ်တာလဲ "
မွန်ဒီမှာ သူမကိုယ်ပေါ်တွင် အဝတ်မရှိတော့သည်ကို သတိထားမိခဲ့သည်။ အင်္ကျီသည် ကြယ်သီးသုံးလုံးသာပါသော ရင်ပြတ် Crop Top ဖြစ်ပြီး ရေကူးလာခဲ့စဥ်မှာ အရှေ့ကြယ်သီးများက ရေအားကြောင့် ချောင်သွားခဲ့ကာ ပြုတ်သွားခဲ့သဖြင့် အဝတ်ဗလာဖြစ်သွားခြင်းပင်။
" ကုန်းပေါ်မှာ နေတာကြာသွားတော့ ငါ့ရေသူမစရိုက်ပျောက်သွားပြီ။ ဘရာနဲ့အတွင်းခံဘောင်းဘီမပါရင် မနေတတ်တော့ဘူး။ ရှက်တယ် "
" ဟဟ ... ငါ့အတွက်တော့ နင့်ရဲ့ဗလာရင်သားတွေကိုမြင်ရတာ အဆင်ပြေတယ် "
" ကီရမ် ... နင် နင် ရေထဲရောက်မှ နှာဘူးကျနေတတ်ပါလား "
မွန်ဒီက နှုတ်ခမ်းစူပုတ်လျက် အော်ခဲ့သည်။
" ငါပြောပါတယ်။ သမုဒ္ဒရာရေတွေက ငါ့စိတ်ကိုပျော်စေတယ်။ အဲဒါကြောင့် ငါ့စိတ်ကလည်း လွတ်လပ်ပြီးပွင့်လင်းနေတာ ... နင်လည်း ရေထဲပြန်ရောက်နေပြီပဲ။ နင့်ရေသူမသဘာဝအတိုင်း လွတ်လွတ်လပ်လပ်နေလိုက် ... ရောမရောက်ရင် ရောမလိုကျင့်ရမယ်လေ "
" ဒါပေမဲ့ ဂျရယ်က ငါ့ကိုသင်ပေးထားတယ်။ ငါ့ရင်သားတွေရော ငါ့ခန္ဓာကိုယ်ကို အဝတ်မပါဘဲ ဘယ်ယောကျာ်းကိုမှ အမြင်မခံနဲ့တဲ့။ အဲဒီလိုအမြင်ခံရင် ယောက်ျားနှာဘူးအယုတ်တမာတွေနဲ့ဆို နင့်ကိုကိုက်စားသွားလိမ့်မယ်ဆိုပြီး ... "
ကီရမ်က တစ်ချက်လှောင်ရယ်ပြုံးလိုက်သည်။
" နင့်အစ်ကိုပြောတဲ့ထဲ ငါမပါနေတော့ မကိုက်စားဘူး။ အဲဒါကြောင့် နင့်လက်တွေ မအုပ်ထားလည်းရတယ်။ နင်ညောင်းမှာပေါ့"
" ဒါမှမဟုတ် ငါ့လက်တွေကို နင့်ဘရာအနေနဲ့အုက်ထားပေးရမလား "
" နင် ... တော်တော်နှာဘူးပဲ "
" နင်လည်း ခုလောက်ထိ အရှက်ကြီးလိုက်မယ်မှန်း မထင်ပါဘူး"
ထို့နောက် ကီရမ်လည်း သူ၏အပေါ်ပိုင်းအကျီကို ဆွဲချွတ်ပစ်လိုက်၏။
" ဟာ ... နင်ဘာလို့ ချွတ် "
" နင်နဲ့အတူတူဖြစ်အောင် "
မွန်ဒီလည်း ကီရမ်ကို မှင်သေသေအကြည့်ဖြင့် အလံဖြူထောင်ပြလိုက်သည်။
" ကီရမ်ရယ် ... ငါ အရှုံးပေးပါပြီ "
ကီရမ်က မွန်ဒီ့လက်ကို ဆွဲနမ်းလိုက်ပြီးနောက် အေးမြသောအပြုံးတစ်ခုဖြင့် သူမကိုကြည့်နေခဲ့သည်။
" ငါတို့မွေးရပ်မြေဆီကို သွားလည်ကြစို့ "
" အွန်း ... "
ဤသို့ဖြင့် နှစ်ယောက်သား ပင်လယ်သမုဒ္ဒရာထဲ၌ ပျော်ရွှင်မြူးထူးစွာ လျောက်လည်ကစားခဲ့ကြသည်။ ငါးအုပ်များထဲသို့ ကူးခတ်ဖြတ်ဝင်ခဲ့ရုံကြမက ဧရာမလိပ်ကြီးများပေါ်တွင်လည်း လိုက်ပါခဲ့ကြသည်။
ထို့အပြင် ပင်လယ်ကျောက်ပုဇွန်များကိုလည်း အမြှီးကနေကိုင်ဆွဲကာ ဝှေ့ရမ်းခဲ့ကြပြီး ပုဇွန်ဖမ်းတိုင်းကစားနေခဲ့ကြသည်။ သန္တာကျောက်တန်းအတွင်း ပုန်းကွယ်နေထိုင်နေသည့်ငါးများစွာကိုလည်း ခြောက်လှန့်ခဲ့ကြလျက် သောင်းကျန်းဆော့ကစားနေခဲ့ကြ၏။
တခြားရေသူမများက မွန်ဒီနှင့်ကီရမ်ကိုတွေ့ကြသည့်အခါ အလန့်တကြားဖြင့် ရှောင်တိမ်းသွားကြသည်။ ထို့နောက် Tiger Shark (ကျားငါးမန်း) မျိုးစိတ်များ လှည့်လည်ကျက်စားရာနေရာသို့ ရောက်ရှိလာခဲ့သည်။ ၎င်းကျားငါးမန်းများကိုလည်း မြင်းကဲ့သို့သဘောထားပြီး အတူတူခွစီးခဲ့ကြလျက်။
မကြာခင် အဝေးမှ Blue Whale (ဝေလငါးပြာ) ကြီးတစ်ကောင် ဖြတ်သန်းလာသည်ကိုမြင်သော် ငါးမန်းများကို လိုက်လံခွမစီးနေတော့ဘဲ ထိုဝေလငါးပြာပေါ်၌ လိုက်ပါစီးနင်းခဲ့ကြကာ တဖြည်းဖြည်း သမုဒ္ဒရာအောက်ခြေ၏အနက်ရှိုင်းဆုံးအပိုင်းသို့ ရောက်ရှိလာခဲ့သည်။ ရေနက်ပိုင်းသို့ ရောက်လာသည်နှင့်အမျှ လရောင်အလင်းဟာ မှိန်မှိန်ကလေးသာရှိတော့သည်။
အမှောင်ထုက တဖြည်းဖြည်း လွှမ်းမိုးလာခဲ့ရာ မွန်ဒီလည်း ကြောက်စိတ်ဝင်လာခဲ့သည်။ ကီရမ့်လက်မောင်းကိုလည်း တင်းကျပ်စွာကိုင်ထားခဲ့သည်။
" ကီရမ် ... ငါ ခုလောက်အနက်ပိုင်းအထိ မသွားဖူးဘူး။ ငါကြောက်တယ်။ ငါကြားဖူးတာက သမုဒ္ဒရာရဲ့အနက်ဆုံးအပိုင်းတွေမှာ ကြောက်စရာတွေအပြည့်ရှိတယ်တဲ့ "
ကီရမ်က အကြောက်တရားတစ်စက်မှမရှိနေဘဲ မွန်ဒီ့ကို တင်းကျပ်စွာ ဖက်ထားခဲ့သည်။
" နင့်အနားမှာ ငါရှိပါတယ်။ ငါက သာမာန်ကောင်မှ မဟုတ်တာ။ အဲဒီသမုဒ္ဒရာအနက်ပိုင်းမှာရှိတဲ့ အကြောက်တရားတွေက ငါ့ငယ်ဘဝက အကြောက်တရားတွေနဲ့ယှဥ်လိုက်ရင် ဘာမှမဟုတ်ဘူး။ ဘာလို့ဆို ငါကိုယ်တိုင် သမုဒ္ဒရာရဲ့ကြောက်စရာအကောင်းဆုံးတွေကို ကြုံပြီး မြင်ပြီးခဲ့ပြီးလို့ ရိုးနေပြီ "
ကီရမ်၏လေသံက ဝမ်းနည်းဟန်ရှိနေသည်ကို မွန်ဒီ သတိထားမိခဲ့သည်။
" နင် ငယ်ငယ်က ဘာဖြစ်ခဲ့လို့လဲဟင် "
" ဒီလိုပါပဲ "
ကီရမ်က ဆက်မပြောပြချင်သောကြောင့် သက်ပြင်းချခဲ့သည်။ မွန်ဒီ၏ဆံပင်ကို နမ်းရှိုက်ခဲ့ပြီးနောက် သူမ၏ကိုယ်ထည်အမြှီးပိုင်းပေါ်တွင် ခေါင်းချကာ လဲလျောင်းလိုက်သည်။
ဂါဗင်က ကီရမ့်အပေါ်တွင် အရက်စက်ဆုံးနည်းလမ်းများဖြင့် သွေးထွက်သံယိုဖြစ်သည်အထိ နှိပ်စက်ခဲ့ခြင်းကြောင့် သူ့ငယ်ဘဝက အိမ်မက်ဆိုးများ၊ အကြောက်တရားအကြောင်း ပြောပြလိုစိတ်မရှိပေ။ မွန်ဒီလည်း ကီရမ်၏လက်ကို ကိုင်တွယ်ခဲ့ပြီး သက်ပြင်းချခဲ့၏။
" နင် မပြောပြချင်တဲ့ပုံစံအရဆိုရင် နင့်ကလေးဘဝက တော်တော်ကြမ်းတမ်းခဲ့မှာပဲ ... ဒါပေမဲ့ အခု ငါရှိနေပြီ။ နင် အကြောက်တရားတွေရှိခဲ့ရင် ငါ့ကိုသတိရပေး။ ငါ အကြောက်တရားတွေရှိခဲ့ရင်လည်း နင့်ကိုသတိရပေးမယ်။ ဂျရယ်က ပြောဖူးတယ်။ ငါ ကြောက်နေတဲ့အခါ ငါချစ်တဲ့လူတွေအကြောင်းတွေးပြီး အကြောက်တရားကနေ အတတ်နိုင်ဆုံး ကြိုးစားရင်း ရုန်းထွက်လိုက်တဲ့ ... နောက်ဆုံးထွက်သက်ဖြစ်နေမယ်ဆိုရင်တောင် ကိုယ်ချစ်တဲ့လူတွေနဲ့ရှိခဲ့တဲ့အမှတ်တရတွေအကြောင်းတွေးရင်း သေသွားရတာက အသေလှတယ်လို့ ပြောတယ်"
ကီရမ်က မွန်ဒီ၏ညာလက်ဖဝါးနုနုလေးများအပေါ် သူ့လက်ချောင်းများနှင့် ထိတွေ့နေခဲ့သည်။
" သူရော ... သူကြောက်နေရင် ဘယ်သူ့အကြောင်းတွေးတတ်လဲ "
" အင်း သူ့ချစ်သူအကြောင်းဆိုပဲ "
" ဟုတ်လား... နင်ကရော "
" ငါက ဂျရယ်နဲ့ ဘိုးဘိုး ဘွားဘွားတွေအကြောင်းတွေးတယ် "
" အဲ့လိုလား "
" အင်း "
မွန်ဒီက သူမ၏ဘယ်လက်ဖြင့် ကီရမ်၏ဆံနွယ်များကို ညင်သာစွာ ထိုးဖွနေခဲ့သည်။ ကီရမ်က စကားဆက်သည်။
" နောက်ဆို နင်ကြောက်လာရင် ငါ့ရဲ့မျက်နှာအချောအလှလေးကိုပဲ တစ်ချိန်လုံးမြင်နေလိုက်တော့ "
" အယ် လောဘကြီးလိုက်တာ"
ကီရမ်က တခစ်ခစ်ရယ်ကာ မွန်ဒီ၏ဆံနွယ်များကို ပြန်ထိုးဖွကာ ကစားခဲ့သည်။
" ငါကတော့ ငါကြောက်လာခဲ့ရင် ငါအချစ်ဆုံးသူတွေအကြောင်း လိုက်မတွေးနေဘူး။ ငါ့ကိုအချစ်ဆုံး၊ အကာအကွယ်ပေးနိုင်ဆုံးသူတစ်ယောက်တည်းကိုပဲ တွေးတာ "
" အယ် ... ဘယ်သူ့အကြောင်းလဲ "
" ငါ့မေမေ ... သူက ငါ့ကိုသူ့အသက်ထက်ချစ်တယ်။ သူ မျက်ရည်တွေနဲ့နာကျင်နေရင်တောင် ငါ့ကိုမြင်တာနဲ့ ငိုနေရာကနေ ပြုံးပြတယ်။ အခက်အခဲဆုံးအချိန်တွေမှာတောင် ငါ့ကိုရယ်မောအောင် လုပ်နိုင်တယ်။ မေမေက ငါ့အတွက်အမတသူရဲကောင်းပဲ။ သူ့မှာအစွမ်းနည်းနည်းပဲရှိတာတောင် ငါအန္တရာယ်ကြုံလာတိုင်း ငါ့ရှေ့ကနေ ကာကွယ်ပေးခဲ့တာ။ သူ့အသက်သေမှာတောင် သူဂရုမစိုက်ခဲ့ဘူး "
မွန်ဒီက ငြိမ်သက်စွာ နားထောင်နေခဲ့သည်။ ကီရမ်လည်း စကားရပ်သွားသည်။
" ငါလည်း ငါ့ကိုဝမ်းနဲ့လွယ်မွေးပေးတဲ့မေမေ ရှိချင်လိုက်တာ ... ဒါပေမဲ့ ကံကောင်းလို့ ဂျရယ်နဲ့တွေ့ပြီး ငါကတရားဝင်မွေးစားခံခဲ့ရတာပဲ "
မွန်ဒီ၏စကားအဆုံးတွင် ဝေလငါးပြာ၏အော်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုကဲ့သို့အော်ရခြင်းက တခြားမဟုတ်။ ၎င်း၏ရှေ့တွင် ဝေလငါးပြာထက် အရွယ်အစား ၃ ဆကြီးသော ဧရာမရေငါးမိစ္ဆာကြီးတစ်ကောင်က အမှောင်ထုထဲတွင်ရှိနေခဲ့ခြင်းကြောင့်ပင်။
◎ ══════ ❈ ══════ ◎