𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥 𝐅𝐨𝐞𝐬...

By harley__robbie

133K 7.7K 969

ချယ်ရီကြွေတွေပေါ်မှာ ဒူးထောက်ကာ တောင်းပန်ပြီးနောက် ... ဒီအမတလမ်းခရီးမှာ မင်းတစ်ယောက်သာ ကိုယ်ရူးရမိပါကြောင်း... More

Prolouge (U)
Prolouge (Z)
About Order!!
Please Read!💖 (U+Z) /12.8.2023/
ℭ𝔥𝔞𝔭𝔱𝔢𝔯 1 - Demon Exorcist Jeremiah (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 1 - Demon Exorcist Jeremiah (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 2 - Prince 's Funeral (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 2 - Prince 's Funeral (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 3 - Toxic Birthday Party (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 3 - Toxic Birthday Party (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 4 - Lustful Enemy (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 4 - Lustful Enemy (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 5 - A Night with Dangerous Enemy (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 5 - A Night with Dangerous Enemy (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 6 - Dancing Before The Next Battle (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 6 - Dancing Before The Next Battle (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 7 - Ice Dragon Crown Prince (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 7 - Ice Dragon Crown Prince (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 8 - Soft Kiss to Special Body Pillow (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 8 - Soft Kiss to Special Body Pillow (Z)
𝕮𝖍𝖆𝖕𝖙𝖊𝖗 9 - War for Valentine (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 9 - War for Valentine (Z)
𝕮𝖍𝖆𝖕𝖙𝖊𝖗 10 - The Real Meaning of " Good Luck " (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 10 - The Real Meaning of " Good Luck " (Z)
Jere & Christ Art
Jeremiah's Art (Anime Version ) & Character Details
Christopher 's Art (Fox & Human Forms) & Character Details
Gavain AI version (Made with Dream App) Unicode
Gavain AI version (Made with Dream App) Zawgyi
𝕮𝖍𝖆𝖕𝖙𝖊𝖗 11 - My Beautiful Little Chris (U)
𝕮𝖍𝖆𝖕𝖙𝖊𝖗 11 - My Beautiful Little Chris (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 12 - The Lost Memories (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 12 - The Lost Memories (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 13 - The Beautiful Kimono (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 13 - The Beautiful Kimono (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 14 - Is it over? (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 14 - Is it over? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 15 - Story Untold (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 15 - Story Untold (Z)
The Seven Immortal Freeman Grandpas (AI art Version)
The Seven Immortal Freeman Grandpas (AI art Version) Zawgyi
ℭ𝔥𝔞𝔭𝔱𝔢𝔯 16 - The hell inside a heart (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 16 - The hell inside a heart (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 17 - The Alluring Sirens (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 17 - The Alluring Sirens (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 18 - Your Tiny Heart (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 18 - Your Tiny Heart (Z)
Mondy's Art ( Chibi Version & AI Version)
Wonderful Paradise (Dark Fan Service 1 )
ℭ𝔥𝔞𝔭𝔱𝔢𝔯 19 - Surprise Day (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 19 - Surprise Day (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 20 - A good kisser (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 20 - A good kisser (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 21 - A New Family Member
ℭ𝔥𝔞𝔭𝔱𝔢𝔯 21 - A New Family Member (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 22 - Morra or Dan Morra ? (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 22 - Morra or Dan Morra ? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 23 - A new memory
ℭ𝔥𝔞𝔭𝔱𝔢𝔯 23 - A New Memory (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 24 - Not Your Brother Jere
ℭ𝔥𝔞𝔭𝔱𝔢𝔯 24 - Not Your Brother Jere (Z)
Passionate Screaming (Dark Fan Service 2)
ℭ𝔥𝔞𝔭𝔱𝔢𝔯 25 - True Loves?
ℭ𝔥𝔞𝔭𝔱𝔢𝔯 25 - True Loves ? (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 26 - Energy and Mantras
ℭ𝔥𝔞𝔭𝔱𝔢𝔯 27 - A Prisoner in the Moon Palace
ℭ𝔥𝔞𝔭𝔱𝔢𝔯 27 - A Prisoner in the Moon Palace (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 28 - The Smile
𝕮𝖍𝖆𝖕𝖙𝖊𝖗 28 - The Smile (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 29 - The Traitorous Mafia Bosses
ℭ𝔥𝔞𝔭𝔱𝔢𝔯 29 - The Traitorous Mafia Bosses (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 30 - The Greatest Exorcists
ℭ𝔥𝔞𝔭𝔱𝔢𝔯 30 - The Greatest Exorcists (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 31 - A Promise of Happiness
ℭ𝔥𝔞𝔭𝔱𝔢𝔯 31 - A Promise of Happiness (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 32 - Romance After Flames
ℭ𝔥𝔞𝔭𝔱𝔢𝔯 32 - Romance After Flames (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 33 - Thank You, Father
ℭ𝔥𝔞𝔭𝔱𝔢𝔯 33 - Thank You, Father (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 34 - Under the Moonlight Ocean
ℭ𝔥𝔞𝔭𝔱𝔢𝔯 34 - Under the Moonlight Ocean (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 35 - My Boss's Wild Love Confession (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 35 - My Boss's Wild Love Confession (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 36 - Reunion of Father & Son (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 36 - Reunion of Father & Son (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 37 - Hate & Love (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 37 - Hate & Love (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 38 - "Jeremiah ... Be Pregnant!" (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 38 - "Jeremiah ... Be Pregnant!" (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 39 - The End of Immortal Foes (U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 39 - The End of Immortal Foes (Z)
ℭ𝔥𝔞𝔭𝔱𝔢𝔯 40 (Final / U)
ℭ𝔥𝔞𝔭𝔱𝔢𝔯 40 (Final/ Z)
𝐄𝐱𝐭𝐫𝐚 𝟏 : Love Poems (U)
𝐄𝐱𝐭𝐫𝐚 𝟏 : Love Poems (Z)
𝐓𝐡𝐚𝐧𝐤 𝐲𝐨𝐮 𝐟𝐨𝐫 𝐲𝐨𝐮𝐫 𝐬𝐮𝐩𝐩𝐨𝐫𝐭!
I prepared my plot and researched like this!!
Character Explanation About Mondy (Unicode & Zawgyi)
To Dear Readers (11.7.2022) U + Z
My New Fiction (Eternal Sunshine) U+Z
❤️ Physical Book Coming Soon ❤️
‼️Green Lantern Book House‼️

𝕮𝖍𝖆𝖕𝖙𝖊𝖗 26 - Energy and Mantras (Z)

321 23 0
By harley__robbie

╔═════ ࿇ ═════╗

𝕮𝖍𝖆𝖕𝖙𝖊𝖗 26

Energy and Mantras

╚═════ ࿇ ═════╝

မွန်ဒီလည်း တက္ကစီပေါ်မှာ အူမြူးပျော်ရွှင်လာခဲ့ပြီး အိမ်တော်မှာ စိတ်ဆိုးဆိုးဖြင့် စောင့်ဆိုင်းနေကြမည့် သူမ၏မိသားစုအကြောင်းကိုတောင် သိပ်မတွေးမိခဲ့ပေ။

မိနစ်အနည်းငယ်အတွင်း မိုးစက်များက ကားမှန်များပေါ်သို့ တဖောက်ဖောက်နှင့် ကျရောက်လာခဲ့သည်။

" အယ် ... မိုးတွေ ရွာလာပြီ "

မွန်ဒီလည်း မှန်ချပ်များပေါ်က သလင်းရောင်ကျောက်များကဲ့သို့ မိုးစက်ကြည်များကို တွေ့ရှိပြီးနောက် သူမတွင် ထီးမပါလာခဲ့သည်ကို ရုတ်တရက် သတိရသွားသည်။

သို့သော်လည်း သူမ တက္ကစီပေါ်ကနေ ဆင်းသည့်အခါ သူမတစ်ကိုယ်လုံး မိုးရေစိုရွဲနေလိမ့်မည်ကို မစိုးရိမ်နေခဲ့ပေ။

ဤသို့ဖြင့် တက္ကစီကားသည် Freeman စံအိမ်တော်၏ခြံတံခါးအရှေ့သို့ ရောက်ရှိခဲ့၏။

ခြံရှေ့တွင် ကားရှေ့မီးလုံးများမှ ဖြာကျနေသောအလင်းတန်းများက ဂိတ်ဝရှိ ရုံငယ်အတွင်း၌ ငိုက်မြည်းနေသောခြံစောင့်လေးယောက်ကို နိုးစေခဲ့သည်။

ထို့နောက် အိပ်ချင်မူးတူးဖြစ်နေကြသည့်အနေအထား၌ ဝေရီဝေဝါးသောမျက်လုံးများက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ပွင့်လာခဲ့သည်။

ထို့နောက် အလင်းရောင် မထင်မရှားဖြစ်နေသည့်အခြေအနေတစ်ခုတွင် တက္ကစီပေါ်မှ ဆင်းလာသော မွန်ဒီ့ကို တွေ့လိုက်ကြရသောအခါ အိပ်ငိုက်ချင်နေရာကနေ မျက်လုံးပြူးသွားကြရင်း စတင်ပျာယာခတ်ကြတော့သည်။

ရုံငယ်အတွင်းမှ အစောင့်နှစ်ယောက်က ခြံတံခါးကို ခလုတ်နှိပ်ကာ အမြန်ဖွင့်ပေးကြသည်။

ကျန်အစောင့်နှစ်ယောက်မှာ ထီးကိုယ်စီ ဆောင်းလာကြကာ မွန်ဒီ့အား ထီးပြိုင်မိုးပေးကြရင်း တရိုတသေ ကြိုဆိုခဲ့ကြသည်။

" သခင်မလေးရယ် ပြန်လာပေလို့။ အိမ်တော်တစ်ခုလုံး စိတ်ပူနေကြတာ။
ကျွန်တော်တို့ကိုတောင် သခင်မလေးထွက်သွားတာ မသိရကောင်းလားဆိုပြီး အလုပ်ဖြုတ်ဖို့တောင် ဝုန်းဒိုင်းကြဲခဲ့ကြသေးတယ်။ ဘယ်ချိန်က ဘယ်လိုများ ကျွန်တော်တို့ရှိနေတဲ့ကြားက ရအောင် ထွက်သွားရတာလဲဗျာ "

စီနီယာကျသည့် အစောင့်တစ်ယောက်မှ မွန်ဒီ့ကို မျက်နှာငယ်ဖြင့် အသံတုန်ယင်နေလျက် စကားအဆက်မပြတ် ပြောနေခဲ့သည်။

" ဟဲ ... ဒီလိုပဲ "

မွန်ဒီက စကားပြောရင်း သန်းလိုက်ပြီး ခြံထဲသို့ ဝင်သွားခဲ့သည်။

ခြံစောင့်နှစ်ယောက်ကလည်း သူမကို ထီးမိုးပေးရင်း အနောက်မှ ကပ်လိုက်သွားကြသည်။

အမှန်စင်စစ်ကမူ ဂျရယ်မိုင်ရာထံမှ အတင်းအဓမ္မသင်ပေးခိုင်းခဲ့သော နေရာစက်ဝန်းပြောင်းနိုင်သည့်ဂါထာမန္တန်တစ်ခုကို သင်ကြားခဲ့ခြင်းကြောင့်သာ မွန်ဒီမှာ ယနေ့မနက်ပိုင်း၌ သူမ၏အိပ်ခန်းကနေ ကီရမ်နှင့်တွေ့ဆုံခဲ့သည့်နေရာတစ်ဝိုက်က နေရာတစ်ခုသို့ နေရာရွှေ့စက်ဝိုင်းကနေတစ်ဆင့် ရောက်ရှိခဲ့၏။

ထိုနေရာရွေ့ဧရာမစက်ဝိုင်းအပေါက်ကြီးတစ်ခုပေါ်လာအောင် သက်ဆိုင်ရာဂါထာမန္တန်အား အရင်ရွတ်ခဲ့ရသည်။

မရွတ်ခင်တွင် သွားချင်သောနေရာတစ်ခုသို့ အာရုံပြုထားရ၏။

ထို့နောက် ၎င်းစက်ဝိုင်းကနေ ကားရေခဲမုန့်ဆိုင်တစ်ခုနားသို့ ရောက်ရှိခဲ့သည်။

ရေခဲမုန့်ကို အလွန်အမင်းကြိုက်နှစ်သက်သော မွန်ဒီတစ်ယောက်အတွက် အလွန်ကံကောင်းသော ဆိုက်ရောက်မှုတစ်ခုပင်။

ဂါထာမရွတ်ခင် သူမအာရုံပြုထားခဲ့သည့်အရပ်ကား သူမ၏မြို့နယ်နှင့် နီးစပ်သည့်နေရာက ရေခဲမုန့်ဆိုင်ကောင်းကောင်းတစ်ခုသို့ ရောက်ပါစေဟု အာရုံပြုထားခဲ့ခြင်းဖြစ်၏။

ချွင်းချက်မူကား ကီရမ့်ရှေ့တွင် သူမ၏ဂါထာကို အသုံးမချခဲ့ပေ။

သူမဘက်က ဂါထာကို အသုံးချပြီး အိမ်တော်ပြန်ဖို့လည်း မေးခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် သူမအနေဖြင့် အိမ်တော်သို့ လုံခြုံစွာ ရောက်ရှိလာခဲ့ပေသည်။

အိမ်တော်ကြီး၏လှေကားထစ်များပေါ် သူမဟာ ခြေတစ်လှမ်းချင်း မြောက်ကြွမြောက်ကြွဖြင့် တက်လှမ်း၏။

" သခင်မလေး ဖြည်းဖြည်းတက်ပါဗျာ။ လှေကားထစ်က ကြွေပြားဖြစ်နေတော့ သခင်မလေးရဲ့ဖိနပ်အစိုနဲ့ ခြေချော်ကျနေမယ် ... "

ထီးမိုးပေးထားသည့် စီနီယာအစောင့်မှ မွန်ဒီ့ကို စိတ်ပူစွာ သတိပေး၏။

မွန်ဒီကတော့ ပြုံးပြုံးရွှင်ရွှင်ဖြစ်နေပြီး အစောင့်စကားကို ဂရုမစိုက်နေခဲ့ပေ။

အစောင့်များက အိမ်တော်ကြီး၏ အမိုးအောက်သို့ ရောက်ကြသော် သူတို့၏ထီးများကို အမြန်ပိတ်လိုက်ကြသည်။

ထို့နောက် အိမ်တော်တံခါးမကြီးအား နှစ်ယောက်သား တံခါးအပြိုင်ခေါက်မလို့ လက်ရွယ်နေကြတုန်း ဒေါမနစ်မှ တံခါးမကြီးကို ဆွဲဖွင့်ခဲ့သည့်အတွက် သူတို့လည်း လန့်သွားခဲ့ကြသည်။

အမှန်တကယ်က ဒေါမနစ်တို့ကို ခြံစောင့်ဂိတ်အတွင်းမှာ ကျန်နေခဲ့သည့်အစောင့်များမှ မွန်ဒီကို မြင်မြင်ချင်း လျင်မြန်စွာ အကြောင်းကြားခဲ့ခြင်းကြောင့် ဒေါမနစ်မှ တံခါးလာဖွင့်ခဲ့သည်။

မွန်ဒီက သူမ၏အဖေကို တွေ့လျှင်တွေ့ချင်း ' ဟီး ' ဆိုပြီး သွားဖြီးကာ ပြုံးပြနေခဲ့သည်။

ဒေါမနစ်က မွန်ဒီ့ကို မည်သည့်စကားတစ်ခွန်းမျှ မပြောခဲ့လေဘဲ စိတ်ကုန်သည့်အကြည့်ဖြင့် ကြည့်ခဲ့လျက်။

ထို့နောက် သူမကို အိမ်တော်ထဲသို့ ဝင်ရန် သူ့ခန္ဓာကိုယ်အား တံခါးမကြီး အဝင်ဝမှာ ပိတ်မရက်တော့ဘဲ လမ်းဖွင့်ပေးခဲ့၏။

အိမ်တော်ထဲသို့ ဝင်ဝင်ချင်း၌ အိမ်ဖော်မလေးများက မွန်ဒီ့အား " မိုးရေစိုလားသလား၊ အဝတ်ဖြင့် ဆံပင်ကို သုတ်ပေးရမလား" ဟု ရိုသေစွာ မေးမြန်းကြသည်။

မွန်ဒီက " မိုးကအရမ်းကြီးရွာတာမဟုတ်နေတာ။ ဒီလောက်ကရတယ်။ မလိုဘူး" ဟု ပြန်ဖြေခဲ့သည်။

ထို့နောက် သူမ၏အိပ်ခန်းဆီသို့ သွားရန် လှေကားထစ်များဘက်သို့ ဦးတည်ခဲ့စဉ် ကြမ်းပြင်ပေါ်သို့ တုတ်ခေါက်ကို အားပြင်းပြင်းနှင့် ထောက်ချလိုက်သည့်အသံကို ကြားလိုက်ရသည်။

မွန်ဒီ့ခြေလှမ်းများက ရှေ့ဆက်မသွားဘဲ ရပ်ဆိုင်းနေခဲ့သည်။

" မွန်ဒီ ... မင်း ဒီအိမ်တော်ကနေ လူကြီးတွေမသိအောင် နောက်တစ်ခါထွက်ရင် ပင်လယ်ထဲ ပြန်ပို့မှာနော်"

ဒေါမနစ်၏ဘိုးအေကြီးများထဲမှ တင်မိုသီဖရီးအန်းဆိုသူဟာ မျက်နှာကြောတင်းတင်းဖြင့် မွန်ဒီ့ကို စိုက်ကြည့်နေခဲ့သည်။

ဘိုးတော်များ၏ပထမဆုံးဖခင်ကြီးဖြစ်နေသော်လည်း ဥပဓိရုပ်ဖြောင့်ပြီး အလွန်ချောသည်။

ရှေ့တည့်တည့်က ဟောလိဝုဒ်မင်းသား လီယိုနာတိုဒီကာပရိုနှင့် ရုပ်ဆင်ပြီး ဘေးတိုက်ကြည့်က တွန်ဟာဒီနှင့်တောင်တူသည်။

အရပ်အမောင်းမှာ အလွန်တောင့်ဖြောင့်ရှည်လျားပြီး ၆ပေနှင့်၆လက်မရှိ၏။

မွန်ဒီမှာ ပြုံးပျော်နေရာမှ ချက်ချင်းပင် မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။

သူမမျက်နှာက ညှိုးငယ်နေသော်လည်း ချစ်စရာကောင်းလွန်းရုံမက သနားစရာကောင်းလွန်းသောကြောင့် ထိုမျက်နှာထားနှင့်တင် သူမကို စိတ်ဆိုးဒေါသထွက်ဖို့ဆိုတာ အလွန်ဝေး၏။

သူမက ဘိုးတော်များ၏ဖခင်ကြီး တင်မိုတီဖရီးမန်းဆီ ချဉ်းကပ်သွားသည်။

မူယာမာယာအမျိုးမျိုးဖြင့် ချော့မြူတတ်ခြင်းက မွန်ဒီ၏အကျွမ်းကျင်ဆုံးအလုပ်တစ်ခုပင်။

ယခုတွင်လည်း သူမနူတ်ခမ်းလေးကို ဘဲပေါက်စနူတ်သီးကဲ့သို့ ထော်ထားလျက် စတင်ချော့မြူသည်။

" မြေးလေးက ဘယ်သူမှ မအားဘူးထင်လို့ ဒီတိုင်းထွက်သွားတာပါ။ စိတ်ဆိုးပါနဲ့ ဘိုးဘိုးကြီးရယ် ... "

" မင်းအစ်ကိုလက်ချက်နဲ့ ထွက်နိုင်တာမလား "

တင်မိုသီဖရီးမန်း၏ အသံနက်နက်ကြီးက ဒေါသရှိန်ကြောင့် မွန်ဒီ့အတွက် ပို၍ပင်ကြောက်စရာကောင်းခဲ့သည်။

" မဟုတ်ပါဘူး "

မွန်ဒီက တင်မိုသီဖရီးမန်းဘိုးတော်ကြီး၏လက်မောင်းကို ချိတ်လိုက်လျက် ချွဲနွဲ့ကာ ဖြေသည်။

" လာမလိမ်နဲ့။ အဲဒီကောင် အတတ်ကောင်းတွေ သင်ပေးလိုက်လို့မလား။ သူ့လည်း နားရင်းပိတ်အုပ်ထားတယ်။ ဘယ့်နှယ် ကလေးကို ... "

တင်မိုသီဖရီးမန်းက သက်ပြင်းအေးတစ်ခုကို ဖြည်းညင်းစွာချရင်း ...

"အဲဒီအစွမ်းတွေဆိုတာက မင်းလိုကလေးက သုံးချင်တိုင်း သုံးလို့မရဘူး မွန်ဒီ။ ပြီးတော့ သာမာန်လူတွေကလည်း မသင်နိုင်ဘူး။ မင်းမှာ အဲဒီဂါထာတွေသင်နိုင်လောက်အောင် ဝမ်းတွင်းပါရမီတွေ အစွမ်းရှိနေလို့သာ ဂျရယ်မိုင်ရာ သက်ပေးသမျှ မြန်မြန်တတ်နေတာ ... ဘာပဲဖြစ်ဖြစ် သင်ချင်ရင်တောင် အဲဒီကောင်ဆီ သွားမသင်နဲ့။ ငါတို့ပြော။ သေချာသင်ပေးမယ်။ အဲဒီအရူးကောင်ကို သွားဆရာမတင်နဲ့။ ဒုက္ခရောက်မယ်။ စည်းစနစ်ကျကျသင်ပေးတတ်တာလည်း မဟုတ် "

" ဘိုးဘိုးကြီးပြောတာတွေ လက်ခံပါတယ်။ ဒါပေမဲ့ ဂျရယ့်မှာ အပြစ်မရှိဘူးလေ။ မြေးလေးမှာလည်း အပြစ်မရှိဘူး။ သူဂါထာရွတ်ပြီး အစွမ်းတွေ ရှိနေတာကို သဘောကျမိလို့ မြေးလေးလည်း ဂျရယ့်လို ဖြစ်ချင်လာလို့။ သူ့ကိုသင်ခိုင်းတာ။ ဘိုးဘိုးကြီးတို့ ဘိုးဘိုးလေးတို့က သူ့ကို အပြစ်ပေးစရာမလိုဘူး။ နားရင်းအုပ်စရာမလိုဘူး "

နူတ်ခမ်းတထော်ထော်ဖြင့် အစ်ကိုဖြစ်သူ ဂျရယ်မိုင်ရာဘက်မှ ကာကွယ်ပြောဆိုနေသော မွန်ဒီ၏ပုံစံကို တင်မိုသီဖရီးမန်းမှ အလွန်တရာအမြင်ကတ်မိသည်။

ထို့ကြောင့် သူမ၏ငယ်ထိပ်ကို သူ့တုတ်ကောက်ဖြင့် အသာလေး ခေါက်မိသည်။

" ခွပ် "

" အ ... ဘိုးဘိုးကြီးကလည်း အကျင့်မကောင်းလိုက်တာ "

မွန်ဒီက သူမ၏ဘိုးဘိုးကြီးလက်မောင်းကို ဆက်မချိတ်ထားတော့ဘဲ နာကျင်သွားသော သူမငယ်ထိပ်ကို လက်နှစ်ဖက်လုံးဖြင့် ပွတ်သပ်နေခဲ့သည်။

" ငါ့များ ပြန်ပြောတယ်။ ခွပ် ... "

မွန်ဒီ၏ငယ်ထိပ်လေးခမျာ ဘိုးဘိုးကြီး၏တုတ်ကောက်နှင့် ထပ်မံနှစ်ပါးသွားခဲ့ရသည်။

" ဝါး ... နာပါတယ်ဆို။ ဦးခေါင်းခွံကြီး ဦးနှောက်ထဲ ကျွံဝင်သွားတဲ့အထိ ရိုက်နေမှာလား။ ဘိုးဘိုးကြီးကို မုန်းတယ်... "

ထိုစဉ် ဂျရယ်မိုင်ရာက လှေကားပေါ်မှာ ထိုင်ကြည့်နေခဲ့ပြီး ရယ်နေခဲ့သည်။

" ဟားဟားဟား ... ခေါင်းလေးခေါက်ခံထိနေတာကို သေတော့မယ့်အတိုင်းပဲ ဖြစ်ပျက်နေတာ။ ငါ နင့်ကြောင့် နားရင်းအုပ်ခံခဲ့ရတာ ကြယ်တွေ လတွေရော ဂြိုဟ်ကြီး ဂြိုဟ်ငယ်တွေပါ မြင်ခဲ့ရတယ်။ ငါ့လည်း သနားပါအုံး"

မွန်ဒီက ဂျရယ်မိုင်ရာ့အသံကို ကြားတော့ နောက်လှည့်ကြည့်ပြီး ဒေါသထွက်သွားသည်။

စောစောကတင် သူမအစ်ကိုဘက်ကနေ ကာပြောပေးခဲ့သေးတယ်မဟုတ်လား။

ယခုတွင် သူမက ကျေးဇူးအတင်မခံရသလို ဝင်ကာပြောပေးမခံရသည့်အပြင် ဂျရယ်မိုင်ရာက မေးထောက်ကာ လှောင်ရယ်နေခဲ့သေးသည်။

မွန်ဒီလည်း ဂျရယ်မိုင်ရာကို အကြည့်စူးစူးဖြင့် မျက်စောင်းထိုးကြည့်ပြီး လက်ခလယ်ထောင်ပြလိုက်ကာ အော်ဆဲခဲ့သည်။

" Fuck you, bitch! "

ဂျရယ်မိုင်ရာ၏ ပင်ကိုယ်ဗီဇအရ မျက်နှာအလွန်ပြောင်လွန်းသည်ကို သူမသိခဲ့သော်လည်း ဤတစ်ကြိမ်တွင် ကလေးသဘာဝအရ စိတ်မကျေမနပ်ဖြစ်လာကာ လူကြီးသူမများရှေ့တွင် မလုပ်သင့်သောလုပ်ရပ်ကို လုပ်မိသွား၏။

ဂျရယ်မိုင်ရာလည်း မွန်ဒီ၏လုပ်ရပ်ကြောင့် မျက်လုံးပြူးသွားလျက်။

" မြင် မြင်ကြတယ်မလား။ ကျွန်တော့်ကို သူဆဲတယ်။ လက်ခလယ်ထောင်ပြတယ်"

မွန်ဒီသည် စံအိမ်တော်သို့ ရောက်လာကတည်းက ဆဲဆိုရိုင်းစိုင်းခြင်း မရှိခဲ့။

ယခုအကြိမ်ဆဲဆိုရိုင်းပျခြင်းသည် ပထမဆုံးသာ။

" အဲဒါ မင်းမကောင်းလို့လေ။ မင်းက ခဏခဏဆဲနေတာကိုး။ သူလည်း မင်းနဲ့အနေနီးလို့ ဆဲတတ်သွားတာ ... "

ဒေါမနစ်က ခေါင်းဘယ်ညာယမ်းလျက်
ဂျရယ်မိုင်ရာကို စိတ်ကုန်သောလေသံနှင့် တည်ငြိမ်စွာ ပြောခဲ့သည်။

" ဟာ ... ကျွန်တော်ဆဲပေမယ့် လူကြီးတွေရှေ့ မဆဲခဲ့ဖူးဘူးလေ။ ကျွန်တော် လိမ္မာတယ်လေ ..."

" မင်းက ခွေးကြီးဖြစ်ပြီး ခွေးလေးကို သေချာလိမ္မာအောင်မှ မသွန်သင်ပြတာကိုး။ မင်းကိုယ်တိုင်ကိုက ချီးပါသေးပေါက်ကို လုပ်ချင်တဲ့နေရာမှာလုပ်မှတော့ ခွေးလေးကလည်း မင်းလိုခွေးကြီးအတိုင်း လိုက်လုပ်တာပေါ့" (အဘေး)

" ဟာ ... ကျွန်တော့်ကို ခွေးနဲ့နှိုင်းလိုက်တယ်ပေါ့လေ။ နှိုင်းစရာ ဥပမာ အဲဒီလောက် ရှားသလား "

" တော်ကြတော့ ... ဒီကလေးမလေးကို ဒီနေ့ကစပြီး အလိုမလိုက်ကြနဲ့တော့။ သူ့ကိုစည်းနဲ့ကမ်းနဲ့နေတတ်အောင် သင်ပေးရမယ်။ ဂျရယ်မိုင်ရာ မင်းလည်း ကလေးကို သိပ်အလိုမလိုက်နဲ့ ... ကြာလေ သူပျက်စီးလိမ့်မယ် ..." (အဘိုး)

ဤကဲ့သို့ အပြန်အလှန် တင်းမာမှုများဖြင့် စကားပြောနေကြစဉ်မှာ မွန်ဒီလေးခမျာ စိတ်ရှုပ်လာပြီး ငိုချမိတော့သည်။

" ဝါး ... အားလုံးကို မုန်းတယ် အီးဟီး "

မွန်ဒီ ငိုတော့ အကုန်လုံး အသံတိတ်သွားသည်။

ဂျရယ်မိုင်ရာလည်း ထိုင်နေရာမှ ထလာပြီး လှေကားအောက်သို့ ဆင်းချလာသည်။

" မငိုနဲ့ဟာ ... "

" သွား ... တစ်ယောက်မှ လာမခေါ်နဲ့။ စကားမပြောဘူး ... ကိုယ့်ဘာသာ တစ်ယောက်ထဲ ကာကွယ်နိုင်လို့ အပြင်ထွက်မိတာကို ... အီးဟီး ... သမုဒ္ဒရာထဲ ပြန်ပို့ချင် ပို့တော့... မနေတော့ဘူး ... ရွှတ်ရွှတ် ... အကုန်လုံးကို မုန်းသွားပြီ "

မွန်ဒီမှာ သူမကို ချော့ဖို့ ကြိုးစားနေသော ဂျရယ်မိုင်ရာကို တွန်းထုတ်ခဲ့ပြိး ငိုယိုလျက် သူမ၏ရေကန်ကြီးဆီသို့ ပြေးထွက်လာခဲ့သည်။

ဂျရယ်မိုင်ရာက သူမနောက်သို့ ပြေးလိုက်သွားသည်။

ကျန်မိသားစုဝင်များက သူတို့မောင်နှမနှစ်ယောက်နောက်သို့ လိုက်သွားခြင်းမရှိဘဲ ကျန်ရစ်ခဲ့သည်။

မွန်ဒီက သူမရေကန်ကြီးဆီ ဘယ်သူမှ မလာစေရန် ခန်းမကြီး၏ တံခါးမကြီးကို သေချာသော့ခတ်ပိတ်လိုက်၏။

ထို့နောက် ရေကန်ကြီးထဲသို့ ခုန်ချလိုက်သည့်အခါ ရေသူမလေးအသွင်ပြောင်းသွားသည်။

သူမ၏ရေအောက်ကမ္ဘာက အိပ်ခန်းလေးထဲသို့ ဝင်သွားကာ ကုတင်ပေါ်တွင် တရှုံ့ရှုံ့ငိုနေခဲ့သည်။

ဂျရယ်မိုင်ရာ တံခါးမကြီးဆီသို့ရောက်သော် တံခါးလော့ချထားသည်ကို သိသိချင်း သူ၏ teleportation အစွမ်းဖြင့် မွန်ဒီ၏ရေကန်ကြီးရှေ့ကို ရောက်ရှိအောင် ဖန်တီးလိုက်လျက်။

ရေကန်ကြီးထဲက မွန်ဒီ၏ငိုသံကို ကြားရသည့်အခါ ရေကူးကန်လှေကားပေါ်ကို ပြေးတက်သွားသည်။

ထို့နောက် ရေမျက်နှာပြင်၏အောက်ဘက်ကို ငုံ့ကြည့်ခဲ့သည်။

" ဟေး ... မွန်ဒီ။ ဘာတွေ စိတ်ကောက်သွားတာလဲ။ ဒီည တီဗွီမှာ မွန်ဒီ ကြိုက်တဲ့ The powerpuff girl လာမှာနော်။ ခုလို ငိုနေရင် လွတ်သွားအုံးမယ်။ "

" မကြည့်ဘူး။ လာစကားမပြောနဲ့။ ဒီက ဘိုးဘိုးကြီးကို သူ့ဆူနေလို့လည်း ကာပြောပေးရသေးတယ်။ သူက ငါ့ကိုရယ်နေတယ်။ ခွေးကောင်ကြီး နင့်ကိုမုန်းတယ်..."

ရေအောက်မှ ထွက်လာသော မွန်ဒီ၏စကားပြောသံများမှာ ရေထုကို ကျော်ဖြတ်လာရလို့နေမည်။ ဝဲတဲတဲဖြစ်နေသည်။

ဂျရယ်မိုင်ရာက ရယ်နေခဲ့သည်။

" ကြိုက်သလောက်ဆဲ။ စိတ်ကျေနပ်တဲ့အထိ ဆဲ "

ဂျရယ်မိုင်ရာက ရေကန်ဘောင်ပေါ်မှာ လက်တင်ပြီး မွန်ဒီနှင့် စကားပြောနေခဲ့သည်။

" ဒီနေ့ဘယ်တွေသွားခဲ့တာလဲ "

" မသိဘူး "

" အဟက် ... ကောင်လေးတွေရောတွေ့ခဲ့လား"

မွန်ဒီက ပြန်မဖြေခဲ့ပေ။

" ငါတို့တွေက မင်းကိုချစ်လို့ စိတ်ပူတာပါ။ နောက်တစ်ခါ မင်းအပြင်ထွက်ချင်ရင် ဒီအစ်ကိုကို လာပြောပေါ့။ အတူတူထွက်ပေးမှာပေါ့။ ခိုးထွက်တာ မကောင်းဘူးလေ "

ဂျရယ်မိုင်ရာက စိတ်ကောက်နေဆဲဖြစ်သည့် ညီမဖြစ်သူ မွန်ဒီအား ဘယ်ပုံဘယ်လိုချော့ရမည်ကို မှန်ဘောင်မှာ လက်ထောက်ရင်း တွေးနေခဲ့သည်။

ထို့နောက် ရေကန်ထဲသို့ ဒိုင်ဗင်ထိုးဆင်းခဲ့ကာ ရေကန်အောက်ဘက်သို့ ကူးခတ်သွားသည်။

မွန်ဒီက ဂျရယ်မိုင်ရာကို မြင်မြင်ချင်း နှာခေါင်းရှုံ့လိုက်လျက်။

ဂျရယ်မိုင်ရာကို တစ်ချက် မျက်စောင်းထိုးကြည့်သည်။ ထို့နောက် " ဟွန့်" ဆိုပြီး ကျောပေးကာ ထိုင်နေခဲ့၏။

ဂျရယ်မိုင်ရာက ရေကန်ထဲတွင် သူ့ခန္ဓာကိုယ်နှင့် ရေဆွဲအားမျှတမှုရှိစေရန် စွမ်းအင်တစ်ခုကို သူ့လက်နှစ်ဖက်ဖြင့် ဖန်တီးခဲ့သည်။

ထိုမှသာ သူဟာ ရေကန်ထဲတွင် စကားသေချာပြောနိုင်မှာဖြစ်သကဲ့သို့ သူ့ခန္ဓာကိုယ်ဟာလည်း ရေထဲတွင် ကူးခတ်စရာမလိုဘဲ လမ်းလျှောက်ခြင်းကို ပြုလုပ်နိုင်မည်ဖြစ်၏။

တဖြည်းဖြည်းလမ်းလျောက်လာပြီး ရေကန်ကြီးထဲက မွန်ဒီ၏အိပ်ခန်းအတွင်းသို့ ဝင်သွား၏။ မွန်ဒီ့ဘေးနားမှာ ဝင်ထိုင်ခဲ့သည်။

စကားမပြောခင် သူ့လည်ချောင်းကို ရှင်းလိုက်သည်။

" ဒီနေ့ ဘယ်တွေရောက်ခဲ့တာလဲ "

" ကိုယ့်ဘာသာ ဘယ်ရောက်ရောက်ပေါ့။ ယူ့ကိစ္စမဟုတ်ဘူး "

ငိုနေလျက် ပြန်ဖြေသည့် မွန်ဒီ၏လေသံက ခက်ထန်လှသည်။

ဂျရယ်မိုင်ရာကလည်း စွာစိလန်ညီမလေးကို အပြစ်မမြင်ဘဲ ကြည်ဖြူစွာ ပြုံးသည်။

အာတာပူစီလို ဖောင်းကြွအိစက်နေသည့် မွန်ဒီ၏ခေါင်းလေးကို သူ့လက်တစ်ဖက်နှင့် ညင်သာစွာ ပုတ်လိုက်လျက်။

" မလျှိုထားပါနဲ့။ ပြောစမ်းပါ။ နောက်တစ်ခါ မင်း သွားချင်တဲ့နေရာအားလုံး ငါလိုက်ပို့ပေးမယ်။ တစ်ယောက်တည်းတော့ မထွက်သွားနဲ့။ မင်းတစ်ခုခုဖြစ်မှာ ငါတို့စိုးရိမ်တယ်။ ငါက မင်းရဲ့အစ်ကိုပါ။ မင်းက ငါ့ရဲ့ညီမလေး။ အဲဒီလိုပဲ မင်းက ဒီစံအိမ်တော်ရဲ့ တစ်မိသားစုလုံးအတွက် တန်ဖိုးထားရတဲ့ မိသားစုဝင်ကလေးမို့ စိတ်ပူနေခဲ့ကြတာကိုလည်း နားလည်ပေးရမယ် မွန်ဒီ ... "

"သူတို့ကိုတော့ စိတ်အရမ်းမဆိုးဘူး။ ဒါပေမဲ့ ယူ့ကို အိုင်စိတ်ဆိုးတယ်။ လူကိုကာမပြောပေးဘဲ ထိုင်ရယ်နေတာလေ ... အမြင်ကတ်စရာကြီး ... "

" အေးပါဟာ ... "

"ယူ့လင်နဲ့ယူပျော်ရွှင်ကြည်နူးတီတူးနေတာတွေကအစ အိုင့်ဘက်က တစ်မိသားစုလုံး မသိအောင် ဖုံးပေးထားခဲ့တယ်။ ယူကျ အိုင့်ကို ကာမပြောပေးဘဲ ရယ်နေတယ်။ အဲဒါတရားလား ပြော ပြော ..."

မွန်ဒီက ငိုနေရာမှ ခေါင်းထောင်လာပြီး ဂျရယ့်မိုင်ရာ၏မျက်လုံးများကို တိုက်ရိုက်စိုက်ကြည့်ကာ မေးတငေါ့ငေါ့ဖြင့် သူမရင်ထဲရှိသမျှ စကားလုံးများပား ဆက်တိုက်ပြောချသည်။

သူ့ညီမဖြစ်သူ စွာစိလန်မလေး၏အော်သံကြောင့် ဂျရယ်မိုင်ရာလည်း နားအူသွားသည်။

" အေးပါဟာ ... အေးပါဟာ ... ငါတောင်းပန်ပါတယ်။ ရယ်နေတာက ငါ့စတိုင်လေ။ အသားလွတ်နေရင်းတောင် ငါကရယ်နေတာ။ မင်းကို ဘာမှစော်ကားမော်ကားမပြောမိပါဘူး ချစ်ညီမရယ်။ ရယ်မိတာကို စိတ်တအားတိုနေရောဟ။ နောက်ပြီး မင်းတစ်ယောက်တည်းထွက်သွားတာက အားလုံးရှိနေတဲ့အချိန် ပေါ်တင်ကြီး။ ကာပြောပေးဆိုရင်တောင် ခိုင်မာတဲ့အလီဘိုင်မှ မရှိနေဘဲကို ... ကဲပါဟာ ... စိတ်လေးလျော့လိုက် "

ဂျရယ်မိုင်၏လက်မောင်းများက မွန်ဒီ့ကို ပတ်ပတ်လည် ဝန်းရံလိုက်ပြီး ဖျစ်ညှစ်ဖက်လိုက်သည်။

ထို့နောက် မွန်ဒီ၏ပါးမို့မို့နှစ်ဖက်ကလည်း ဂျရယ်မိုင်ရာ၏လက်များကနေ အားရပါးရ ဆွဲညှစ်ခံရသည်။

" စိတ်မဆိုးနဲ့တော့ဟာ ... စိတ်ဆိုးနေရင် ရေအောက်မှာ သုံးနိုင်တဲ့စွမ်းအင်တွေ ဂါထာတွေ မသင်ပေးတော့ဘူး"

' စွမ်းအင်' နှင့် 'ဂါထာ' ဟူဟော ဝေါဟာရများကို ကြားလိုက်သည်နှင့် မွန်ဒီလည်း တည်ငြိမ်လာသည်။

" အဲဒါဆို စိတ်မဆိုးတော့ဘူး "

" အဟား ... ကောင်းပြီ။ ဒါပေမဲ့ ဘိုးဘိုးကြီးနဲ့ဘိုးဘိုးလေးတို့ကို ပြန်မပြောရဘူးနော်။ သူတို့သင်ပေးတာတွေလည်း ပညာယူလိုက် "

" ဟဲဟဲ သင်မယ်။ သင်မယ်။ ခုပဲသင်ပေးတော့"

" အိုခေလေ ... "

ဤသို့ဖြင့် ရေကန်ကြီးအတွင်း၌ ဂျရယ်မိုင်ရာက မွန်ဒီလေးကို ရေဓာတ်နှင့်သက်ဆိုင်သော အခြေခံစွမ်းအင်အသီးသီးအား သင်ကြားရန် ပြင်ဆင်ခဲ့လျက်။

အမျိုးအစားနှစ်မျိုးခွဲကာ ဂါထာရွတ်၍ စိတ်စွမ်းအင်နှင့် ဖန်တီးရသည့်စွမ်းအင်နှင့် ဂါထာရွတ်စရာမလိုဘဲ မိမိ၏စိတ်စွမ်းအင်များနှင့်ကျင့်ကြံအားထုတ်မှုများကို အထူးအသုံးချကာ ဖန်တီးရသည့် စွမ်းအင်များကို သင်ကြားပေး၏။

ထိုကဲ့သို့ သင်ကြားပေးရာတွင် အငယ်တန်းအဆင့်ရှိသည့် အခြေခံအကျဆုံးစွမ်းအင်များကိုသာ မွန်ဒီ့အတွက် သင်ယူရ လွယ်ကူစေရန် ပြောပေးနေခဲ့သည်။

သင်ကြားရေးတွင် ဂါထာနှစ်ပုဒ်နှင့် စိတ်စွမ်းအင်သုံးရသောအစွမ်းနှစ်မျိုးကို ၃နာရီတိုင်အောင် သင်ကြားပေးနေခဲ့ပြီး နောက်ဆုံးသင်ခန်းစာတစ်ခုတွင်မူ မွန်ဒီမှာ စိတ်မစုစည်းနိုင်ဘဲ ဖြစ်နေသည်။

" အက်စတာ အိုလီဂါရနာ မန်ချာနကာ "

ထိုဂါထာမန္တန်ဟာ ရန်သူများအား ရေအောက်တွင်သာမက ကုန်းနှင့်လေပေါ်မှာပါ ရန်သူနှင့်တွေ့သည့်အချိန် ရွတ်ဆိုလျှင် သံကြိုးများဖြင့် ရန်သူ၏ကိုယ်ခန္ဓာပတ်ပတ်လည်ကို ချုပ်နှောင်နိုင်သော ဂါထာတစ်ခုပင်။

သို့သော် ၎င်းဂါထာက စွမ်းအားအရမ်းမကြီးသော မိစ္ဆာများ သို့မဟုတ် သာမာန်လူများကိုသာ အသုံးပြုနိုင်ပေမည်။

ယခုအခါတွင် ဂျရယ်မိုင်ရာကို ရန်သူသဘောထားပြီး ချုပ်နှောင်နိုင်ရန်အတွက် မွန်ဒီကနေ စိတ်စွမ်းအင်စုကာ ကြိုးစားလေ့ကျင့်နေခြင်းဖြစ်သည်။

" အက်စတာ အိုလီဂါရနာ မန်ချာနကာ "

" အက်စတာ အိုလီဂါရနာ မန်ချာနကာ "

" အက်စတာ အိုလီဂါရနာ မန်ချာနကာ "

" ရားး စိတ်မရှည်တော့ဘူးဟာ "

" ခွီးး "

ဂျရယ်မိုင်ရာက ထရယ်မိသည်။

" Ok. Ok. ငါ့ရဲ့မွန်ဒီလေး တော်တယ်။ ဒီညတော့ ဒီလောက်ပဲ။ နောက်နေ့မှ ဆက်လေ့ကျင့်ကြစို့။ မင်းရဲ့စိတ်ကို အနားပေးမှ ရအုံးမယ်။
ဒီည ဘယ်မှာ အိပ်မှာလဲ။ ရေကန်ကြီးထဲမှာလား ဒါမှမဟုတ် ... "

" ဒီရေကန်ကြီးထဲမှာပဲ အိပ်မယ် "

" Good Night, my lovely girl. "

ဂျရယ်မိုင်ရာက မွန်ဒီ့ကို နူတ်ဆက်ပြီး သူမ၏ပါးပြင်တစ်ဖက်ကို ဆတ်ခနဲ နမ်းခဲ့သည်။

မွန်ဒီ၏မက်မွန်သီးရောင် ပါးမို့မို့များက အရည်အသွေးကောင်းသည့် နူးညံ့နေသော ပေါင်မုန့်သားနှင့်တူပေသည်။

ဂျရယ်မိုင်ရာက လှည့်ထွက်ဖို့ ပြင်နေတုန်း မွန်ဒီက လက်ဆွဲခဲ့သည်။

" ဂျရယ် ... "

" အွန်း ... ဘာလဲ"

" ကောင်လေးတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ခဲ့တယ်။ သူနဲ့ကစားကွင်းတွေ ဂိမ်းစင်တာတွေ ရောက်ခဲ့ပြီး ပျော်ခဲ့တယ်။ မွန်ဒီ ... မနက်ဖြန်လည်း သူနဲ့ထပ်ကစားချင်တယ်။ လျောက်သွားချင်တယ်။ လိုက်ပို့ပေးပါလား ဂျရယ် ... "

ဂျရယ်မိုင်ရာ၏ အပြုံးဟာ အေးဆေးတည်ငြိမ်ခဲ့သည်။ မွန်ဒီ၏စကားတိုင်းက ရိုးသားဖြူစင်လွန်းသည်။

သူသည် အိမ်တော်က စည်းကမ်းတင်းကျပ်သမျှကို မလွဲမသွေ အကုန်လိုက်နာခဲ့ရတာကြောင့် သူ့ညီမအလှည့်တွင် မလိုက်နာစေလိုပေ။

တစ်ခါတစ်ရံမှာ လူကြီးမိဘများ၏ စည်းကမ်းတင်းကျပ်သော အုပ်ထိန်းမှုအောက်မှာ စည်းကမ်းနှင့်အညီ နေထိုင်ပြုမူရခြင်းက လူငယ်သူရွယ်များအတွက် စိတ်အိုက်ဖွယ်ရာ၊ စိတ်ကျဉ်းကျပ်ဖွယ်ရာများပင်။

သူ့တုန်းကလို မွန်ဒီကို မခံစားစေချင်သည့်အတွက် သူ အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်ခဲ့သည်။

" အွန်း ... သူ့ကိုချိန်းလိုက်ပေါ့။ လိုက်ပို့ပေးမယ် "

" ဟီး ဒါဆို ဒီညပဲ ချိန်းလိုက်မယ်။ ခုအချိန်တော့ သူအိပ်လောက်အုံးမယ်မထင် ..."

" အွန်း ... သဘော "

မွန်ဒီလည်း ဂျရယ်မိုင်ရာက ခွင့်ပြုပေးသည့်အတွက် ဝမ်းသာအားရာဖြစ်ကာ စံအိမ်တော်အပေါ်ထပ်က သူမ၏အခန်းထဲသို့ ပြန်ဖို့အရေး၊ ကီရမ်ဆီ ဖုန်းဆက်ဖို့အရေး စိတ်အားထက်သန်နေခဲ့သည်။

ဤသို့ဖြင့် မောင်နှမနှစ်ယောက်လုံး စံအိမ်တော် အပေါ်ထပ်က သူတို့၏အိပ်ခန်းများဆီသို့ ပြန်ခဲ့ကြသည်။

မွန်ဒီက သူမ၏အိပ်ခန်းထဲသို့ ရောက်လျှင်ရောက်ခြင်း ညအိပ်ဝတ်စုံ လဲခဲ့ပြီးနောက် ကီရမ့်ဆီ ဖုန်းခေါ်ခဲ့သည်။

ဂျရယ်မိုင်ရာကတော့ သူ့အိပ်ရာထဲမှာပဲ ဖုန်းသုံးနေခဲ့သည်။

ဒီညတွင် သူ့ချစ်ရသူလေး ခရစ်စတိုဖာက ဂါဗင်နှင့်ခရီးလွန်နေသဖြင့် ပြန်မလာနိုင်ကြောင်း အသိပေးထားသဖြင့် သူ့အခန်းထဲမှာပဲအိပ်ရန်အကြောင်းဖန်လာခဲ့လျက်။

◎ ══════ ❈ ══════ ◎

Continue Reading

You'll Also Like

181K 3.4K 21
In a world were everyone has magic there is one boy who was born with no magic but instead posses something special something which the world has nev...
4.6M 350K 91
Betrayed by the people she once loved, cared for, and protected, Queen Gatria is determined to make everyone suffer and feel her wrath. With the inte...
116K 2.5K 25
Ellie Grant, daughter of Dr. Alan Grant, works at Jurassic World. Being one of the top geneticists of her generation, she creates dinosaurs for Juras...
9.2K 313 23
'fireflies appropriately represents hope, guidance, inspiration, and awakening' "i want to be your firefly" wherein jeongin was a depressed boy in...