သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Co...

By Daisy-Kim

73.1K 6.4K 867

အနွယ်ရဲ့ခန္ဓာကိုယ်က ဘယ်လောက်ပင်ညစ်ညမ်းနေပစေ။ကျွန်မကတော့ အနွယ့်ကိုဆက်ချစ်နေအုန်းမှာ ..။ ဘာလို့လဲသိလား ကျွန်မချ... More

သစ္စာနွယ်တော်ပျော်မွေ့ရာ(အင်ထရို)
အပိုင်း၁။ နှင်းဆီမြိုင်
အပိုင်း၂။ မြေခွေးအို
အပိုင်း၃။ အကြင်သူ
အပိုင်း၄။ အချစ်သက်သေ
အပိုင်း၅။။ ချစ်သည်းကညှာ၏အပြုံးပန်း
အပိုင်း၆။ တည်နိုင်ခဲ့လေသောကတိတစ်ခု
အပိုင်း၇။ အတိတ်ခရီး
အပိုင်း၈။ ပြတ်ခဲ့လေသောသံယောဇဉ်ကြိုးမျှင်
အပိုင်း၉။ မိတ်ဆွေဟောင်း
အပိုင်း၁၀။ နာမ်စားလေးတစ်ခု
အပိုင်း၁၁။ ပွတ်သဘင်
အပိုင်း၁၂။ ကစားစရာ
အပိုင်း၁၃။ သွေးကြွေး
အပိုင်း၁၄။ မောင့်ရနံ့ငယ်
အပိုင်း၁၅။ မိုးကြိုးနက်ဂိုဏ်း
အပိုင်း၁၆။ မြတ်နိုးရသည့်အချစ်သည်းကညှာ
အပိုင်း၁၇။ ဇီဇဝါပန်း၏အဓိပ္ပါယ်ဖွင့်ဆိုချက်
အပိုင်း၁၈။ သူပြန်လာပြီလား?
၁၉။ အမေ!!
အပိုင်း၂၀။။ မောင့်ရနံ့ငယ်နှင့်ဒုတိယအကြိမ်ဆုံတွေ့ခြင်း
အပိုင်း၂၁။ အနှီစာရေးငယ်ကတော့လေ!
pls Attention to me
အပိုင်း၂၃။ မထင်မှတ်ထားသူနှင့်ပြန်လည်ဆုံတွေ့ခြင်း
အပိုင်း၂၄။ အပျော်မယ်တွေမှာလည်း မနှစ်သက်ရင်ငြင်းဆန်ပိုင်ခွင့်ရှိသည်။
အပိုင်း၂၅။ ဟန်ဆောင်ခြင်း‌ေတွအတွက်အမှန်တရားပေါ်ပေါက်မြဲ။(uni+Zawgyi)
အပိုင်း၂၆ ။ ဒီလောက်ချစ်ဖို့ကောင်းတဲ့အနွယ်ကိုဘယ်နေရာမှသွားဖွက်ထားရမလဲ(uni+Zawgy)
အပိုင်း၂၇။ တချို့သောပန်းတွေအပြင်ပိုင်းကလှပသလောက် အဓိပ္ပါယ်ကတော့ဝမ်းနည်းစရာပေ ။
၂၈။ ဒေါ်ငွေစံပယ်ခင်၏အမည်အရင်း?
၂၉။ ဟန်နီရဲ့လှို့ဝှက်ချက်(uni+Zawgyi)
၃၀။ လျစ်လျှူရှူခြင်း (uni +Zawgyi)
၃၁။ သေစေနိုင်လောက်တဲ့အပြုံးပန်းတစ်ပွင့်ပန်ဆင်ထားလှသူ (uni+Zawgyi)
၃၂။ သေဆုံးခြင်း
၃၃။ ရှင်သန်ရာနေရာသစ် (U+Z)
၃၄။ အချစ်သည်းကညှာလေးကအရင်တိုင်းပါပဲ ချစ်ဖို့ကောင်းတုန်း (U+Z)
Attention to me ♡
၃၅။ ရင်သွေးငယ်
-အပိုင်း(၃၆) - အချိန်ကြာမှတောင်းပန်ဖို့သတ္တိရှိလာတဲ့သူမကိုခွင့်လွှတ်ပေးနိုင်မလား
အပိုင်း(၃၇) ။
၃၈။ စံပယ်ပန်းလေးဟာ မာနတရားတွေလွှမ်းခြုံထားသည်တဲ့။
အပိုင်း၃၉. အတိတ်ကအပိုင်းအစအချို့
အပိုင်း၄၀။ ဇာတ်သိမ်းပိုင်း

အပိုင်း၂၂။ လူတိုင်းမှာလှို့ဝှက်ချက်ဆိုတာရှိစမြဲ

1.2K 123 44
By Daisy-Kim

Uni

လင်းမြင့်ဇရာမျိုး မြို့အုပ်မင်း ရုံးခန်းအပေါ်ထပ် ပြတင်းပေါက်နားမှာ ဘားမားစတိတ် တစ်လိပ်ကို မက်မက်မောမောဖွာရှိုက်နေမိသည်။ သည်လူ၏ ပုံကိုမြင်‌ေတွ့ရမယ်ဆိုလျှင် သည်လူ၏ စိတ်အစုံသည်လည်း ဖွာရှိုက်လိုက်သည့်ဆေးလိပ်ငွေ့နှင့်အတူ မျှောလွှင့်လို့နေသည်။ အရာရာကို လက်မှ်ိုင်ချပြီး သူကိုယ်တိုင်သည်လည်း အငွေ့အဖြစ်သို့ပြောင်းလဲသွားသည်ကို လိုလားနေပြန်သည်။

ဒီဖြစ်ရပ်ကို တခြားသူတစ်ယောက်သာမြင်သွားလျှင် ရာထူးကြီးမားတဲ့မြို့အုပ်မင်းတစ်ယောက်က အဘယ်ကြောင့် သည်လိုစိတ်ဓာတ်ကျနေတာလဲလို့အသေချာမေးလာလိမ့်မည်။

တဂယ်တော့ လူတိုင်းမှာ ပြောပြလို့မရနိုင်တဲ့လှို့ဝှက်တစ်ခုစီဆိုတာ ကိုယ်စီရှိကြမြဲ။ ရင်ဖွင့်ချင်တိုင်း ဖွင့်လို့မရနိုင်တဲ့လှို့ဝှက်ချက်တစ်ခု။

လင်းမြင့်ဇရာမျိုးဆိုတဲ့သူ့မှာတော့သာမန်လူတွေထက်တောင် လှို့ဝှက်ချက်ပိုများနေဆဲ။

သို့ပေမဲ့သူဟာ သူ့ရဲ့လှို့ဝှက်ချက်တွေကိုထုတ်ပိုးထားပြီး အခြားဘယ်သူဘယ်သူနဲ့ကိုမှဝေမျှဖို့စိတ်ကူးမရှိပေ။

သူကိုယ်တိုင်တောင်ပြန်မတွေးချင်တဲ့နာကျင်မှုတွေကိုအခြားတစ်ယောက်ကိုမျှဝေလိုက်မိပါက တပါးသူစိတ်ဆင်းရဲသွားမည်ကိုအလွန်ဆိုးပေသည်။

သည်ကြောင့်ထိုလှို့ဝှက်ချက်ကို သူ၏ရင်ထဲ၌သာ သိမ်းဆည်း၍ သေသည်ထိထိုလှို့ဝှက်ချက်ကိုအုတ်ဂူထဲထိယူသွားမည်။
သည်ဟာ သူ့ကိုယ်သူသံဓိဌာန်ချမှတ်လိုက်ခြင်းပေ။

*
*
*
*
*
*
*
*
*
*
*
*
အနွယ် ညသန်းခေါင်ယံ မှာတရေးနိုးလာတော့ ညဘက်လေကောင်းလေသန့်ရှုချင်မိသည်နှင့်ဟန်နီပေးထားခဲ့သည့် ခြုံလွှာစကို ကိုယ်ပေါ်မှာအသာအယာတင်လိုက်ပြီး ခြံထဲသို့ဆင်းသွားမိသည်။

ခြံထဲရှိ ထိုင်စရာလုပ်ပေးသည့်နေရာမှာ ထိုင်နေပြီး လ ရဲ့အလှကိုငေးမောကြည့်နေမိသည်။ အနွယ် ပြည့်ဝန်းဝိုင်းစက်နေသည့် လရဲ့အသွင်သဏ္ဍာန်ကို တမော့တမောငေးကြည့်နေမိသည်။

"ယနေ့ညကြမယ် လမင်းကြီးက စိတ်ရှုပ်စရာကောင်းအောင်လှပလွန်းနေပါရောလား။ တဂယ့်ကိုစိတ်ပျက်စရာ။"

ခပ်တိုးတိုးပြောဆိုမိသည်။

သို့ပေမဲ့လည်း သူမဟာ လမင်းကြီးကို မျက်တောင်မခတ်ငေးကြည့်နေတုန်းပေ။

အနွယ်ပြောလည်းပြောချင်စရာပေ။ အဘယ်ကြောင့်ဆိုသော် ယနေ့ညကြမယ် လမင်းကြီးရဲ့အလင်းရောင်သာထွန်းလင်းနေပြီး သူမသိပ်ကိုသဘောကျနှစ်ခြိုက်ရပါသည်ဆိုသည့်ကြယ်တာရာလေးတွေကိုတစွန်းတစမှမမြင်ရပေ။

လမင်းကြီး၏ အလင်းရောင်ကသာ ဤကမ္ဘာပေါ်သို့ ဖြာကျနေပြီး အလင်းရောင်ပေးလျှက်ရှိသည်။ သူမကိုယ်ပေါ်၌လည်း ထိုအလင်းအရောင်တွေဖြာကျနေသည်။ ရန်ကုန်ဟာ အခြားမြို့တွေထက်စာရင် ပိုပြီးဖွံဖြိုးတိုးတတ်နေသည့်မြို့ဖြစ်ပေမဲ့ လျှပ်စစ်မီးကို အချိန်ပြည့်မရပေ။ သည်လိုညဘက်တွေမှာဆိုရင်တော့ ဖယောင်းတိုင်မီး ၊ ရေနံဆီကိုသာအားကိုးရပေသည်။ သို့ပေမဲ့လည်း အနွယ်ကတော့ လမင်းကြီး၏ အလင်းရောင်ကိုအားကိုးနေပြန်သည်။

သူမ မနှစ်သက်တဲ့အရာကို အားကိုးမိနေသည့်သူမကိုယ်သူမလဲ အားမလိုအားမရဖြစ်မိသည်။ တဂယ်ဆို ဖယောင်းတိုင်မီး၊ ရေနံ့ဆီ အစရှ်ိတဲ့အလင်းရောင်ပေးနိုင်တဲ့ အရာတွေကိုသုံးလို့ရရဲ့သားနှင့်ဘာကြောင့်များ လမင်းကြီးရဲ့အလင်းရောင်ကိုအားကိုးနေသလဲ။

ဒီမေးခွန်းရဲ့အဖြေကို တစ်နေ့တော့ရှာတွေ့လိမ့်မည်ဟုယုံကြည်သည်။

လမင်းကြီးကိုငေးမောကြည့်ရင်း လွန်လေခဲ့သော ရက်ပိုင်းခန့်က ဖြစ်ပျက်ခဲ့သည့်အကြောင်းအရင်းတချို့က ဓာတ်ရှင်ကားထဲကအနှေးပြကွက်လိုတရိပ်ရိပ်ပေါ်လာသည်။

အနွယ်ဆေးရုံပေါ်ကနေအမြန်ထွက်လာပြီးကြုံရာလန်ချားငှားပြီး နှင်းဆီမြိုင်သို့ အမြန်ပြန်လာခဲ့သည်။

လန်ချားစီးနေရင်းမှ ခေါင်းထဲမှာအတွေးတစ်ခုဝင်လာခဲ့သည်။ အနွယ့်ကိုကယ်ပေးသည့်လူကိုကျေးဇူးတင်စကားမဆိုလိုက်ရ။ သည်လိုလုပ်ရက်က ရိုင်းပြရာကျမှန်းသိသည် ဒါပေမဲ့လည်း သူမက ပြည့်တန်ဆာလေ သူမရိုသေလေးစားပေးတော့လဲသူတို့ကအကောင်းမြင်ကြမှာမဟုတ်ဖူးလေ၊ သည်လိုပဲတွေးလိုက်ပြီး အိမ်လို့ခေါ်ဝေါ်ရသည့် နှင်းဆီမြိုင်သို့အရောက်လှမ်းခဲ့သည်။

အိမ်ထဲဝင်ဝင်ချင်း မမချိုနဲ့တိုးပေမဲ့လည်း အနွယ်မနှုတ်ဆက်နိုင်ပဲ ကိုယ့်ရဲ့အခန်းငယ်စီသာအမြန်သွားခဲ့သည်။
အခန်းထဲရောက်သည်နှင့်အခန်းတံခါးကိုဂျက်ချလိုက်ပြီး တံခါးချပ်ကို မှီပြီးအချိန်အတော်ကြာသည်ထိငိုကျွေးနေမိသည်။

သည်လိုငိုကြွေးခြင်းဟာ ဝမ်းနည်းစိတ်အလျှင်းမပါ၊ သူမကိုယ်သူမ ဒေါသထွက်မှု၊ ညံ့ဖျင်းမှု၊ အစရှ်ိသည့် ခံပြင်းမှုတွေကိုရောထွေးပြီးငိုမိခြင်းသာ။

တဂယ်ဆို အနွယ် သူမရဲ့မိခင်လို့ခေါ်ဝေါ်ရသည့်အမေဆိုသည့်အမျိုးသမီးကိုနစ်နာသွားစေမည့်အရာတစ်ခုတော့လုပ်ခဲ့သင့်သည်။ သည်ခါမှသူမ၏ ရန်ငြိုးကိုအဆံုးမသတ်ပေးလိုက်နိုင်သော်လည်း ၊ အနည်းအကျဉ်းတော့လျော့ကြသွားမည်မဟုတ်လား။

အတန်ကြာသည်ထိ ငိုကြွေးလို့ ဝသွားမှ ဖခင်ရဲ့နောက်ဆုံးအမွေလို့ခေါ်ဝေါ်ရမည့် ဓာတ်စက်ကလေးကို ကုတင်ပေါ်တင်ပြီး လက်ဖျားထိပ်ကလေးတွေနှင့်အသာအယာထိကြည့်နေမိသည်။ အနွယ့်ရဲ့ပါးစပ်ဖျား၌လည်း သူမတစ်ကိုယ်တည်းသာကြားနိုင်လောက်သည့်လေသံမျိုးနှင့်စကားတစ်ခွန်းကိုလဲပြောနေမိသည်။

ဓာတ်စက်ကလေးကို သူ့နေရာသူအသာတကျပြန်ထားလိုက်ပြီး အခန်းထဲကိုအနည်းငယ်ဝေ့ကြည့်လိုက်တော့ အခန်းညာဘက်ထောင့် ကုတင်၏ အစွန်းတဖက်မှာရှ်ိနေသည့် ဗီဒိုပေါ်တွင် ခြုံလွှာလေးတစ်ထည်ဟာ ဝံ့ဝံ့ကြွားကြွားရှိလို့နေသည်။

ကုတင်ရဲ့အစွန်းတဖက်ကိုသွားလိုက်ပြီး ဗီဒိုပေါ်မှာတင်ထားသည့်ခြုံလွှာလေးကို ယူပြီး ကိုယ်ပေါ်မှာလွှမ်းခြုံထားမိသည်။ခြုံလွှာက ပိုင်ရှင်လိုပဲ သိပ်ကိုအထက်တန်းစားဆန်လေသည်။ အချိန်ကြာသည့်တိုင်အောင် မပျယ်လွင့်ပဲ ဇီဇဝါနံ့သင်းသင်းက ကျန်နေတုန်းပေ။

ဟန်နီနဲ့နောက်တစ်ခါဆုံလို့ရှိရင် ဟန်နီ့ကို မေးခွန်းလေးတစ်ခုသေချာပေါက်မေးဖြစ်မယ်ထင်တယ်။ ထိုမေးခွန်းလေးက...

'ဟန်နီက သိပ်ကိုဇီဇဝါပန်းသိပ်ကြိုက်တာပဲလား။ '

ဟန်နီ အနွယ့်အနားရောက်လာတိုင်းသင်းပျံ့နေသည့်ဇီဇဝါနံ၊ ဟန်နီ့အသုံးအဆောင်တိုင်းမှာ ရလေ့ရှိတဲ့ ဇီဇဝါပန်းနံ့သင်းသင်းကို ရတိုင်း အဆမတန်အခုန်မြန်လာသည့် ရင်ဘတ်ထဲကနှလုံးသားတစ်စုံ။

ဘာကြောင့်များလဲ များလှစွာသော ယောင်္ကျားသားတွေနှင့်ထိတွေ့ခဲ့ဖူးသည့်တိုင် တစ်ခါမှအခုန်မမြန်ဖူးတဲ့နှလုံးသားတစ်စုံဟာ၊ ကိုယ်နှင့်အမျိုးတူ အမျိုးသမီးတစ်ဦးနဲ့ မှ ဘာကြောင့်များ ထိန်းမရသိမ်းမရအခုန်မြန်နေရသလဲ။

ဘာကြောင့်များလဲ..။

တွေးနေရင်းနဲ့
" အို ဟန်နီသိရင်ဖြင့် အနွယ့်မှာ ဒီလိုအတွေးတွေဝင်နေမှန်းသိခဲ့ရင် ရွံရှာသွားတော့မှာပဲ "

ဆိုသည့်စကားတစ်ခွန်းကို တစ်ကိုယ်စာကြားယုံဖြင့် ခပ်တိုးတိုးရွတ်ဆိုမိသည်။

" အနွယ့်ရဲ့မူမမှန်တဲ့ခံစားချက်တွေကို ဟန်နီမသိအောင် နှလုံးသားရဲ့အနက်ရှိုင်းဆုံးအောက်ခြေမှာ သိမ်းဆည်းလို့ထားပါတော့မယ်"



ရှပ်..ရှပ်..

အပြင်ဘက်က ရှပ်တိုက်သံတချို့ကြောင့် အနွယ် အတွေးတွေထဲကနေရုန်းထွက်လာမိသည်။

ညဘက်ကြီးဖြစ်သည့်အပြင် အရာအားလုံးက တိတ်ဆိတ်နေသည်ကြောင့်ထိုရှပ်တိုက်သံကိုကြားရဖို့လုံလောက်လေသည်။

ယခုအချိန်မှဘယ်သူလမ်းလျှောက်လို့နေတာလဲ။ ယခုခြံထဲမှာထိုင်နေတာဆိုလို့အနွယ်တစ်ယောက်ပင်ရှ်ိသည်လေ ။ ဘယ်သူများလဲ သူခိုးများလား။

အနွယ်ထိုင်နေရာမှထ၍ ရှပ်တိုက်သံကြားလိုက်ရသည့်အိမ်နောက်ဘက်ကို သွားနေမိသည်။

အိမ်နောက်ဘက်ရောက်လာလေ။
တစတစပိုတိုးကြားလာရသည့် ငိုကြွေးသံတွေ..။

ထိုငိုကြွေးသံကြောင့်အနွယ်ပင် ခြေဖျားလက်ဖျားတွေအေးစက်လာရသည်။

အူးးး

ထိုငိုကြွေးသံတွေကို ခွေးအူသံတွေက အားပေးနေသယောင်။

အနွယ် ကြောက်လန့်သော်ငြားလည်း သူခိုးသူဝှက်ဖြစ်နေမည်ဆိုးသည်နှင့် အိမ်နောက်ဖေးကို အဆုံးစွန်ထိလျှောက်သွားလိုက်သည်။

အိမ်နောက်ဖေးထောင့်တစ်နေရာရောက်တော့ ထောင့်မှာကပ်ပြီး  မျက်နှာစာဘက်ကို ကျောပေးထားသည်။ ဆံပင်ဖျားလျားကိုသာမြင်ရပြီး ငိုကြွေးနေပုံရသည်ကြောင့်ခနခန တုန်တတ်သွားသည့်ကျောပြင်ငယ်။
အနွယ်အားတင်းပြီးထိုကျောပြင်စီကို လက်လှမ်းလိုက်သည်။

သို့သော်ငြား အနွယ်ရဲ့လှမ်းနေသည့် လက်ကို ဖမ်းဆုပ်လာသည့် အေးစက်စက်လက်တစ်စုံ..။

" သရဲကြီး  အဟင့်ဟန်နီရေ ဟန်နီရေ သရဲကြီး အူးဝါးး"

၁၉.၆.၂၀၂၂
မိုး♡

(A/N သရဲခြောက်ခံရရင် အနွယ့်လို အော်ခေါ်ရမည့် ရဲဇားရှ်ိလားပျိုတို့😹 ဒါနဲ့လေ ဇာတ်လမ်းက ဖြေးဖြေးချင်းသွားနေတာမို့မပျင်းပါနဲ့နော်)

**************************************

Zawgyi
လင္းျမင့္ဇရာမ်ိဳး ၿမိဳ႕အုပ္မင္း ႐ုံးခန္းအေပၚထပ္ ျပတင္းေပါက္နားမွာ ဘားမားစတိတ္ တစ္လိပ္ကို မက္မက္ေမာေမာဖြာရွိုက္ေနမိသည္။ သည္လူ၏ ပုံကိုျမင္‌ေတြ႕ရမယ္ဆိုလွ်င္ သည္လူ၏ စိတ္အစုံသည္လည္း ဖြာရွိုက္လိုက္သည့္ေဆးလိပ္ေငြ႕ႏွင့္အတူ ေမွ်ာလႊင့္လို႔ေနသည္။ အရာရာကို လက္မွ္ိုင္ခ်ၿပီး သူကိုယ္တိုင္သည္လည္း အေငြ႕အျဖစ္သို႔ေျပာင္းလဲသြားသည္ကို လိုလားေနျပန္သည္။

ဒီျဖစ္ရပ္ကို တျခားသူတစ္ေယာက္သာျမင္သြားလွ်င္ ရာထူးႀကီးမားတဲ့ၿမိဳ႕အုပ္မင္းတစ္ေယာက္က အဘယ္ေၾကာင့္ သည္လိုစိတ္ဓာတ္က်ေနတာလဲလို႔အေသခ်ာေမးလာလိမ့္မည္။

တဂယ္ေတာ့ လူတိုင္းမွာ ေျပာျပလို႔မရနိုင္တဲ့လွို႔ဝွက္တစ္ခုစီဆိုတာ ကိုယ္စီရွိၾကၿမဲ။ ရင္ဖြင့္ခ်င္တိုင္း ဖြင့္လို႔မရနိုင္တဲ့လွို႔ဝွက္ခ်က္တစ္ခု။

လင္းျမင့္ဇရာမ်ိဳးဆိုတဲ့သူ႕မွာေတာ့သာမန္လူေတြထက္ေတာင္ လွို႔ဝွက္ခ်က္ပိုမ်ားေနဆဲ။

သို႔ေပမဲ့သူဟာ သူ႕ရဲ႕လွို႔ဝွက္ခ်က္ေတြကိုထုတ္ပိုးထားၿပီး အျခားဘယ္သူဘယ္သူနဲ႕ကိုမွေဝမွ်ဖို႔စိတ္ကူးမရွိေပ။

သူကိုယ္တိုင္ေတာင္ျပန္မေတြးခ်င္တဲ့နာက်င္မႈေတြကိုအျခားတစ္ေယာက္ကိုမွ်ေဝလိုက္မိပါက တပါးသူစိတ္ဆင္းရဲသြားမည္ကိုအလြန္ဆိုးေပသည္။

သည္ေၾကာင့္ထိုလွို႔ဝွက္ခ်က္ကို သူ၏ရင္ထဲ၌သာ သိမ္းဆည္း၍ ေသသည္ထိထိုလွို႔ဝွက္ခ်က္ကိုအုတ္ဂူထဲထိယူသြားမည္။
သည္ဟာ သူ႕ကိုယ္သူသံဓိဌာန္ခ်မွတ္လိုက္ျခင္းေပ။

*
*
*
*
*
*
*
*
*
*
*
*
အႏြယ္ ညသန္းေခါင္ယံ မွာတေရးနိုးလာေတာ့ ညဘက္ေလေကာင္းေလသန႔္ရႈခ်င္မိသည္ႏွင့္ဟန္နီေပးထားခဲ့သည့္ ၿခဳံလႊာစကို ကိုယ္ေပၚမွာအသာအယာတင္လိုက္ၿပီး ၿခံထဲသို႔ဆင္းသြားမိသည္။

ၿခံထဲရွိ ထိုင္စရာလုပ္ေပးသည့္ေနရာမွာ ထိုင္ေနၿပီး လ ရဲ႕အလွကိုေငးေမာၾကည့္ေနမိသည္။ အႏြယ္ ျပည့္ဝန္းဝိုင္းစက္ေနသည့္ လရဲ႕အသြင္သ႑ာန္ကို တေမာ့တေမာေငးၾကည့္ေနမိသည္။

"ယေန႕ညၾကမယ္ လမင္းႀကီးက စိတ္ရႈပ္စရာေကာင္းေအာင္လွပလြန္းေနပါေရာလား။ တဂယ့္ကိုစိတ္ပ်က္စရာ။"

ခပ္တိုးတိုးေျပာဆိုမိသည္။

သို႔ေပမဲ့လည္း သူမဟာ လမင္းႀကီးကို မ်က္ေတာင္မခတ္ေငးၾကည့္ေနတုန္းေပ။

အႏြယ္ေျပာလည္းေျပာခ်င္စရာေပ။ အဘယ္ေၾကာင့္ဆိုေသာ္ ယေန႕ညၾကမယ္ လမင္းႀကီးရဲ႕အလင္းေရာင္သာထြန္းလင္းေနၿပီး သူမသိပ္ကိုသေဘာက်ႏွစ္ၿခိဳက္ရပါသည္ဆိုသည့္ၾကယ္တာရာေလးေတြကိုတစြန္းတစမွမျမင္ရေပ။

လမင္းႀကီး၏ အလင္းေရာင္ကသာ ဤကမၻာေပၚသို႔ ျဖာက်ေနၿပီး အလင္းေရာင္ေပးလွ်က္ရွိသည္။ သူမကိုယ္ေပၚ၌လည္း ထိုအလင္းအေရာင္ေတြျဖာက်ေနသည္။ ရန္ကုန္ဟာ အျခားၿမိဳ႕ေတြထက္စာရင္ ပိုၿပီးဖြံၿဖိဳးတိုးတတ္ေနသည့္ၿမိဳ႕ျဖစ္ေပမဲ့ လွ်ပ္စစ္မီးကို အခ်ိန္ျပည့္မရေပ။ သည္လိုညဘက္ေတြမွာဆိုရင္ေတာ့ ဖေယာင္းတိုင္မီး ၊ ေရနံဆီကိုသာအားကိုးရေပသည္။ သို႔ေပမဲ့လည္း အႏြယ္ကေတာ့ လမင္းႀကီး၏ အလင္းေရာင္ကိုအားကိုးေနျပန္သည္။

သူမ မႏွစ္သက္တဲ့အရာကို အားကိုးမိေနသည့္သူမကိုယ္သူမလဲ အားမလိုအားမရျဖစ္မိသည္။ တဂယ္ဆို ဖေယာင္းတိုင္မီး၊ ေရနံ႕ဆီ အစရွ္ိတဲ့အလင္းေရာင္ေပးနိုင္တဲ့ အရာေတြကိုသုံးလို႔ရရဲ႕သားႏွင့္ဘာေၾကာင့္မ်ား လမင္းႀကီးရဲ႕အလင္းေရာင္ကိုအားကိုးေနသလဲ။

ဒီေမးခြန္းရဲ႕အေျဖကို တစ္ေန႕ေတာ့ရွာေတြ႕လိမ့္မည္ဟုယုံၾကည္သည္။

လမင္းႀကီးကိုေငးေမာၾကည့္ရင္း လြန္ေလခဲ့ေသာ ရက္ပိုင္းခန႔္က ျဖစ္ပ်က္ခဲ့သည့္အေၾကာင္းအရင္းတခ်ိဳ႕က ဓာတ္ရွင္ကားထဲကအႏွေးျပကြက္လိုတရိပ္ရိပ္ေပၚလာသည္။

အႏြယ္ေဆး႐ုံေပၚကေနအျမန္ထြက္လာၿပီးႀကဳံရာလန္ခ်ားငွားၿပီး ႏွင္းဆီၿမိဳင္သို႔ အျမန္ျပန္လာခဲ့သည္။

လန္ခ်ားစီးေနရင္းမွ ေခါင္းထဲမွာအေတြးတစ္ခုဝင္လာခဲ့သည္။ အႏြယ့္ကိုကယ္ေပးသည့္လူကိုေက်းဇူးတင္စကားမဆိုလိုက္ရ။ သည္လိုလုပ္ရက္က ရိုင္းျပရာက်မွန္းသိသည္ ဒါေပမဲ့လည္း သူမက ျပည့္တန္ဆာေလ သူမရိုေသေလးစားေပးေတာ့လဲသူတို႔ကအေကာင္းျမင္ၾကမွာမဟုတ္ဖူးေလ၊ သည္လိုပဲေတြးလိုက္ၿပီး အိမ္လို႔ေခၚေဝၚရသည့္ ႏွင္းဆီၿမိဳင္သို႔အေရာက္လွမ္းခဲ့သည္။

အိမ္ထဲဝင္ဝင္ခ်င္း မမခ်ိဳနဲ႕တိုးေပမဲ့လည္း အႏြယ္မႏႈတ္ဆက္နိုင္ပဲ ကိုယ့္ရဲ႕အခန္းငယ္စီသာအျမန္သြားခဲ့သည္။
အခန္းထဲေရာက္သည္ႏွင့္အခန္းတံခါးကိုဂ်က္ခ်လိဳက္ၿပီး တံခါးခ်ပ္ကို မွီၿပီးအခ်ိန္အေတာ္ၾကာသည္ထိငိုေကြၽးေနမိသည္။

သည္လိုငိုေႂကြးျခင္းဟာ ဝမ္းနည္းစိတ္အလွ်င္းမပါ၊ သူမကိုယ္သူမ ေဒါသထြက္မႈ၊ ညံ့ဖ်င္းမႈ၊ အစရွ္ိသည့္ ခံျပင္းမႈေတြကိုေရာေထြးၿပီးငိုမိျခင္းသာ။

တဂယ္ဆို အႏြယ္ သူမရဲ႕မိခင္လို႔ေခၚေဝၚရသည့္အေမဆိုသည့္အမ်ိဳးသမီးကိုနစ္နာသြားေစမည့္အရာတစ္ခုေတာ့လုပ္ခဲ့သင့္သည္။ သည္ခါမွသူမ၏ ရန္ၿငိဳးကိုအဆံုးမသတ္ေပးလိုက္နိုင္ေသာ္လည္း ၊ အနည္းအက်ဥ္းေတာ့ေလ်ာ့ၾကသြားမည္မဟုတ္လား။

အတန္ၾကာသည္ထိ ငိုေႂကြးလို႔ ဝသြားမွ ဖခင္ရဲ႕ေနာက္ဆုံးအေမြလို႔ေခၚေဝၚရမည့္ ဓာတ္စက္ကေလးကို ကုတင္ေပၚတင္ၿပီး လက္ဖ်ားထိပ္ကေလးေတြႏွင့္အသာအယာထိၾကည့္ေနမိသည္။ အႏြယ့္ရဲ႕ပါးစပ္ဖ်ား၌လည္း သူမတစ္ကိုယ္တည္းသာၾကားနိုင္ေလာက္သည့္ေလသံမ်ိဳးႏွင့္စကားတစ္ခြန္းကိုလဲေျပာေနမိသည္။

ဓာတ္စက္ကေလးကို သူ႕ေနရာသူအသာတက်ျပန္ထားလိုက္ၿပီး အခန္းထဲကိုအနည္းငယ္ေဝ့ၾကည့္လိုက္ေတာ့ အခန္းညာဘက္ေထာင့္ ကုတင္၏ အစြန္းတဖက္မွာရွ္ိေနသည့္ ဗီဒိုေပၚတြင္ ၿခဳံလႊာေလးတစ္ထည္ဟာ ဝံ့ဝံ့ႂကြားႂကြားရွိလို႔ေနသည္။

ကုတင္ရဲ႕အစြန္းတဖက္ကိုသြားလိုက္ၿပီး ဗီဒိုေပၚမွာတင္ထားသည့္ၿခဳံလႊာေလးကို ယူၿပီး ကိုယ္ေပၚမွာလႊမ္းၿခဳံထားမိသည္။ၿခဳံလႊာက ပိုင္ရွင္လိုပဲ သိပ္ကိုအထက္တန္းစားဆန္ေလသည္။ အခ်ိန္ၾကာသည့္တိုင္ေအာင္ မပ်ယ္လြင့္ပဲ ဇီဇဝါနံ႕သင္းသင္းက က်န္ေနတုန္းေပ။

ဟန္နီနဲ႕ေနာက္တစ္ခါဆုံလို႔ရွိရင္ ဟန္နီ႕ကို ေမးခြန္းေလးတစ္ခုေသခ်ာေပါက္ေမးျဖစ္မယ္ထင္တယ္။ ထိုေမးခြန္းေလးက...

'ဟန္နီက သိပ္ကိုဇီဇဝါပန္းသိပ္ႀကိဳက္တာပဲလား။ '

ဟန္နီ အႏြယ့္အနားေရာက္လာတိုင္းသင္းပ်ံ့ေနသည့္ဇီဇဝါနံ၊ ဟန္နီ႕အသုံးအေဆာင္တိုင္းမွာ ရေလ့ရွိတဲ့ ဇီဇဝါပန္းနံ႕သင္းသင္းကို ရတိုင္း အဆမတန္အခုန္ျမန္လာသည့္ ရင္ဘတ္ထဲကႏွလုံးသားတစ္စုံ။

ဘာေၾကာင့္မ်ားလဲ မ်ားလွစြာေသာ ေယာကၤ်ားသားေတြႏွင့္ထိေတြ႕ခဲ့ဖူးသည့္တိုင္ တစ္ခါမွအခုန္မျမန္ဖူးတဲ့ႏွလုံးသားတစ္စုံဟာ၊ ကိုယ္ႏွင့္အမ်ိဳးတူ အမ်ိဳးသမီးတစ္ဦးနဲ႕ မွ ဘာေၾကာင့္မ်ား ထိန္းမရသိမ္းမရအခုန္ျမန္ေနရသလဲ။

ဘာေၾကာင့္မ်ားလဲ..။

ေတြးေနရင္းနဲ႕
" အို ဟန္နီသိရင္ျဖင့္ အႏြယ့္မွာ ဒီလိုအေတြးေတြဝင္ေနမွန္းသိခဲ့ရင္ ႐ြံရွာသြားေတာ့မွာပဲ "

ဆိုသည့္စကားတစ္ခြန္းကို တစ္ကိုယ္စာၾကားယုံျဖင့္ ခပ္တိုးတိုး႐ြတ္ဆိုမိသည္။

" အႏြယ့္ရဲ႕မူမမွန္တဲ့ခံစားခ်က္ေတြကို ဟန္နီမသိေအာင္ ႏွလုံးသားရဲ႕အနက္ရွိုင္းဆုံးေအာက္ေျခမွာ သိမ္းဆည္းလို႔ထားပါေတာ့မယ္"



ရွပ္..ရွပ္..

အျပင္ဘက္က ရွပ္တိုက္သံတခ်ိဳ႕ေၾကာင့္ အႏြယ္ အေတြးေတြထဲကေန႐ုန္းထြက္လာမိသည္။

ညဘက္ႀကီးျဖစ္သည့္အျပင္ အရာအားလုံးက တိတ္ဆိတ္ေနသည္ေၾကာင့္ထိုရွပ္တိုက္သံကိုၾကားရဖို႔လုံေလာက္ေလသည္။

ယခုအခ်ိန္မွဘယ္သူလမ္းေလွ်ာက္လို႔ေနတာလဲ။ ယခုၿခံထဲမွာထိုင္ေနတာဆိုလို႔အႏြယ္တစ္ေယာက္ပင္ရွ္ိသည္ေလ ။ ဘယ္သူမ်ားလဲ သူခိုးမ်ားလား။

အႏြယ္ထိုင္ေနရာမွထ၍ ရွပ္တိုက္သံၾကားလိုက္ရသည့္အိမ္ေနာက္ဘက္ကို သြားေနမိသည္။

အိမ္ေနာက္ဘက္ေရာက္လာေလ။
တစတစပိုတိုးၾကားလာရသည့္ ငိုေႂကြးသံေတြ..။

ထိုငိုေႂကြးသံေၾကာင့္အႏြယ္ပင္ ေျခဖ်ားလက္ဖ်ားေတြေအးစက္လာရသည္။

အူးးး

ထိုငိုေႂကြးသံေတြကို ေခြးအူသံေတြက အားေပးေနသေယာင္။

အႏြယ္ ေၾကာက္လန႔္ေသာ္ျငားလည္း သူခိုးသူဝွက္ျဖစ္ေနမည္ဆိုးသည္ႏွင့္ အိမ္ေနာက္ေဖးကို အဆုံးစြန္ထိေလွ်ာက္သြားလိုက္သည္။

အိမ္ေနာက္ေဖးေထာင့္တစ္ေနရာေရာက္ေတာ့ ေထာင့္မွာကပ္ၿပီး  မ်က္ႏွာစာဘက္ကို ေက်ာေပးထားသည္။ ဆံပင္ဖ်ားလ်ားကိုသာျမင္ရၿပီး ငိုေႂကြးေနပုံရသည္ေၾကာင့္ခနခန တုန္တတ္သြားသည့္ေက်ာျပင္ငယ္။
အႏြယ္အားတင္းၿပီးထိုေက်ာျပင္စီကို လက္လွမ္းလိုက္သည္။

သို႔ေသာ္ျငား အႏြယ္ရဲ႕လွမ္းေနသည့္ လက္ကို ဖမ္းဆုပ္လာသည့္ ေအးစက္စက္လက္တစ္စုံ..။

" သရဲႀကီး  အဟင့္ဟန္နီေရ ဟန္နီေရ သရဲႀကီး အူးဝါးး"

၁၉.၆.၂၀၂၂
မိုး♡

(A/N သရဲေျခာက္ခံရရင္ အႏြယ့္လို ေအာ္ေခၚရမည့္ ရဲဇားရွ္ိလားပ်ိဳတို႔😹 ဒါနဲ႕ေလ ဇာတ္လမ္းက ေျဖးေျဖးခ်င္းသြားေနတာမို႔မပ်င္းပါနဲ႕ေနာ္)

**************************************


Continue Reading

You'll Also Like

158K 9.9K 47
ចន ជុងហ្គុក / គីម ថេយ៉ុង
42.4K 7.4K 22
ලෝකෙට කවුරු උනත් අශේල්ගෙ ලෝකෙදි එයා ආශු....ඒක අශේල් ආදරෙන් තියපු නම....හිතට අස්වැසිල්ලක් නිදහසක් අරන් ආපු ආශිර්වාදයක් විදිහට දකින හින්දා අශේල් එයාට ආ...
1M 47.8K 100
Taekook Dark One Shrot⚠️ 18Plus 21Plus Wraning Rating မဖတ္ခ်င္ေက်ာ္သြား❗️ Taekook Dark One Shrot⚠️ 18Plus 21Plus Wraning Rating မဖတ်ချင်ကျော်သွား❗️
70.9K 4.9K 37
‹ប៉ាៗ..អូនចង់បានបងប្រុសម្នាក់នេះមកធ្វើជាម៉ាក់អូន...!› ‹វ៉ុនយូនេះជាប្រុសមិចនឹងធ្វើម៉ាក់កូនបាន?› ‹អេមានច្បាប់ឯណាដែលហាមមិនអោយមនុស្សប្រុសធ្វើជាម្តាយគេនោះ...