ကျွန်တော်ကခင်ဗျားရဲ့ ဖယ်ရိုမု...

By Rhmjrs_58

756K 117K 3.7K

I Just Crave For Your Pheromones || Burmese Translation ||Genre :Comedy,Fantasy,Omegaverse,Yaoi Total - 74 +... More

Synopsis
Chapter 1 [ Unicode ]
Chapter 1 [ Zawgyi ]
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74 [ Main Story End ]
Extra 1 [ Marriage]
Extra 2 [ Fully Marked ]
Extra 3 [ Life After Marriage ]
Extra [ Parallel world ]
Thanks a million

Chapter 60

7K 1.3K 24
By Rhmjrs_58


|| Unicode ||

ထုံချေ့လုပ်ရပ်သည် တော်တော်လေး မထင်မှတ်စရာကောင်းသလို သူ့လက်ကောက်ဝတ်မှာရှိသည့် အမာရွတ်ကဆိုလျှင်ပိုလို့တောင် မထင်မှတ်ထားသည်ဖြစ်​၏။

ရှောင်ချီလဲ အံ့အားသင့်သွားသည်မှာ သိသိသာသာပင်။သူမဟာ မသိလိုက်ပါဘဲ ဓားကို ဘေးပစ်ချလိုက်မိသည်အထိ။သူမသည် အမာရွတ်တွေ အစစ်ဖြစ်တာဟုတ်မဟုတ်ကို အတည်ပြုနေသလို ထုံချေ့လက်ကောက်ဝတ်အား ဖွဖွလေး ထိကြည့်လာခဲ့သည်။

Omegaတွေရဲ့ အသားအရေသည်ကား သဘာဝအလျောက်ပင် နူးညံ့ချောမွေ့ပြီး အထူးသဖြင့် ဖျော်ဖြေရေးနယ်ပယ်၌Foundation ကောင်းကောင်းနဲ့ သူ့ကိုယ်သူ ဂရုစိုက်တတ်သူ ထုံချေ့လိုလူမျိူးဆိုလျှင် ပိုဦးမည်ပင်။

သို့ပေမယ့် ရှောင်ချီ့ လက်ချောင်းတွေအောက်ရှိ အရေပြားကတော့အစိတ်အပိုင်းလေးကတော့ မညီမညာဖြစ်နေကာအရမ်းလဲ ကြမ်းရှနေခဲ့​၏။

ရှောင်ချီသူ့လက်ကောက်ဝတ်ကို ခဏလောက်ထိလိုက်ပြီးသည့်နောက်မှာတော့ သူ့လက်ကောက်ဝတ်က တစ်ဖန် တသိမ့်သိမ့်တုန်လာခဲ့လေသည်။

ရှောင်ချီမှာ သူမ ခံစားချက်တွေတောင် မေ့သွား၍ လန့်ကာ လက် အမြန်ပြန်ရုတ်ပြီး ထုံချေ့ကို စိုးရိမ်တဲ့အမူအရာနဲ့ ကြည့်လာခဲ့သည်။ "ရှောင်ချေ့ကောကော,လက်က ဘာဖြစ်နေတာလဲ...?"

ရှောင်ချေ့က သူမအား နှစ်သိမ့်သလို ပြုံးပြပြီး တုန်နေဆဲ သူ့ဘယ်လက်ကို ပြန်ရုတ်လိုက်သည်။ ညာဘက်နဲ့ ပွတ်သပ်ရင်းနှစ်ခါလောက် ဖိပေးနေကာ ရှင်းပြလာခဲ့သည်။ "အာရုံကြောတွေ ပျက်စီးနေတော့ အားစိုက်ရတာတွေကို မခံနိုင်ဘူးလေ "

ရှောင်ချီက ခေါင်းငုံ့၍ လှုပ်ရှားနေသည်များကိုကြည့်ရင်း အချိန်အတော်ကြာပြီးခါမှာ အသံတိုးတိုးလေးဖြင့် မေးလာ​၏။"အဲ့ဒါက... လက်ကောက်ဝတ်ကို လှီးခဲ့ဖူးလို့လား?"

"အဲ့ဒါကလဲ အကြောင်းရင်းတွေထဲက တစ်ခုပေါ့ " ထုံချေ့လေသံမှာ သူပြောနေသည့်အရာက သူနဲ့မသက်ဆိုင်သလိုပေါ့ပါးနေခဲ့သည်။ "နောက်တစ်မျိူးကတော့ ငါ......အဖေဆီကနေ ဒီလက်ကောက်ဝတ်ကို တုတ်နဲ့အရိုက်ခံခဲ့ရတာပဲ "

ထိုအချိန်တုန်းက ထုံချေ့သည် ငယ်ရွယ်သေးသောကြောင့် နောက်ပိုင်း၌ ဆေးကုသမှုခံယူဖို့ ဆေးရုံသို့ ပို့ခံခဲ့ရသော်လည်း ဖျားနာတာတွေနဲ့ အဆုံးသတ်ခဲ့​၏။

ကိုယ်တိုင်အတွက် နောင်တမရှိတဲ့ ဆယ်ကျော်သက်အရွယ်၌ မိမိကိုယ်မိမိ အနာတရဖြစ်အောင်လုပ်ခြင်းတွေနဲ့ ပူးတွဲခဲ့ပြီးနောက်ပိုင်းတွင် တကယ် ဘာမှထပ်မဖြစ်ခဲ့တော့သည့်တိုင် သူ့အာရုံကြောတွေကတော့ မလွှဲသာမရှောင်သာပဲ ထိခိုက်သွားခဲ့ရသည်။ အချိန်ကြာလာသည်နှင့် လုံးဝပြုပြင်လို့မရတော့ဘဲ အခုလိုဖြစ်လာရတာဖြစ်သည်။

"ဘာဖြစ်လို့...ကောက..." ရှောင်ချီက မသိလိုက်ပါဘဲ မေးလာသည်။

နောက်ပိုင်းတစ်ဝက် ထွက်မလာခင်မှာပဲ ထုံချေ့က သူ့မအား ကြားဖြတ်လိုက်ပြီး ဒီအကြောင်းအသေးစိတ်ပြောရန်အဆင်သင့်မဖြစ်သေးသလို သိသိသာသာ အကြောင်းအရာကို ပြောင်းလဲပစ်လိုက်သည်။ "ငါ့မှာ အသက်မရှင်ချင်တော့တဲ့အချိန်... မဟုတ်ရင် ကိုယ့်ကိုယ်ကို နာအောင်လုပ်ခဲ့တဲ့အချိန်တွေ အများကြီးရှိတယ်ဆိုတာ မင်းမြင်နိုင်တယ်မလား "

ရှောင်ချီ ခေါင်းညိတ်လိုက်သည်။

ထုံချေ့ လက်ကောက်ဝတ်ရှိ အမာရွတ်များမှာ ပုံစံအမျိုးမျိုး ကွဲပြားနေသဖြင့် တစ်ချက်လောက်ကြည့်ရင်တောင်ဘယ်လောက်များသလဲဆိုတာ သူ မရေတွက်နိုင်လောက်သည်အထိပင်။

သေချာသည်ကတော့ ဒဏ်ရာတစ်ခုတည်း ဖြစ်မလာပါချေ။

" ဒါဆို မင်းရော ဘယ်လိုထင်လဲ ? " ထုံချေ့လေသံမှာ အနည်းငယ် နှေးသွားပြီး နူးညံ့လာသည်ဟု ဆိုနိုင်သည်။ "ငါ အခုဘာလုပ်နေတာလို့ မင်းထင်လဲ"

ရှောင်ချီကချက်ချင်းပြန်မဖြေပေးဘဲ ငြိမ်ကျပြီး သေချာစဉ်းစားနေ​၏။

လွန်ခဲ့တဲ့ နှစ်နှစ် သူမ မိဘမဲ့ကျောင်းကို ရောက်ပြီး သိပ်မကြာခင်မှာပဲ ထုံချေ့နဲ့ ဆုံခဲ့ရသည်။

ထိုအချိန်တုန်းက ထုံချေ့သည် နာမည်ကြီးမဖြစ်သေးသော်လည်း မိဘမဲ့ဂေဟာက ကလေးများအတွက် အလှမ်းဝေးတဲ့ဘဝတစ်ခုဖြစ်သော Trainee ဖြစ်နှင့်နေပြီပင်။

သို့ပေမယ့် ထုံချေ့က ဟန်ပန်တွေမလုပ်တာကြောင့် ရှေင်ချီလဲ သူနဲ့တဖြည်းဖြည်းချင်း သိလာခဲ့ရသည်။

လွန်ခဲ့တဲ့နှစ်မှ ထုံချေ့ဟာ ရှေးခတ်Web Dramaကြောင့် ရုတ်တရက် နာမည်ကြီးလာခဲ့​၏။ သူနာမည်ကြီးလာပြီးနောက်မိဘမဲ့ဂေဟာကို ပထမဆုံးအကြိမ်ပြန်ရောက်လာသောအခါ ရှောင်ချီအပါအဝင် ကလေးအများစုက သူနဲ့စကားပြောဖို့ရာပင် ကြောက်နေခဲ့ကြသည်။

သူတို့နဲ့ ကစားလေ့ရှိတဲ့၊ စားမကောင်းတဲ့ကန်တင်းမှာ အတူစားလေ့ရှိတဲ့၊ သူတို့အတွက် သရေစာတွေခိုးကျွေးတတ်တဲ့၊သီချင်းဆိုတတ်၊ ကတတ်အောင် သင်ပေးတတ်တဲ့၊ သူတို့အတွက် လက်ဖြစ်လေးတွေ လုပ်ပေးတတ်တဲ့၊ သူတို့ တိုးတိုးလေးပြောပြတဲ့ လျှို့ဝှက်ချက်လေးတွေကို နားထောင်ပေးတတ်တဲ့ အစ်ကိုကြီးက ထောင်ပေါင်းများစွာသော Fanတွေဝန်းရံထားသည့် လျှမ်းလျှမ်းတောက် ကြယ်ပွင့်တစ်ယောက် ဖြစ်လာခဲ့ပြီး ပေါ်လာသည့်အချိန်တိုင်း မီဒီယာပစ္စည်းမျိုးစုံနှင့်။

ဒီအပြောင်းအလဲကြီးကြီးမားမားကြောင့် ကလေးတွေဟာ ခဏလောက်တော့ဖြင့် စိတ်မသက်မသာဖြစ်ခဲ့ကြရသည်။သို့ပေမယ့် ထုံချေ့က သူတို့ကို ဆက်ဆံပုံမှာ ပြောင်းလဲမှုမရှိဘူးဆိုတာအား အားလုံးသဘောပေါက်သွားကြဖို့ အချိန်သိပ်မယူလိုက်ရပါ။

သူက ကြမ်းပြင်ပေါ်မှာပဲ တင်ပျဉ်ခွေထိုင်ကာ သူတို့နဲ့ဆော့ပေးတုန်း၊ ရုပ်ရှင်ရိုက်တုန်းက မြင်ခဲ့ဖူးသည့်အရာများကို ပြောပြရင်း သူတို့နဲ့ အလှမ်းဝေးတဲ့ အခြားဘဝတစ်ခုကို ပျော်ပျော်ကြီး တွဲဖက်ရှိနေပေးတုန်းပင်။

အစားအစာမကုန်တာတွေရှိတဲ့အခါ ကလေးတွေကို သင်ပေးတတ်မယ့် ဂေဟာမှူး ဆူတာမခံရအောင်လဲ လျှို့ဝှက်ထားပေးတတ်ပါ​၏။

သရေစာတွေ၊ အရုပ်တွေ၊ စာအုပ်တွေ ပိုဝယ်လာပြီး သူတို့အတွက် ပိုကောင်းလာအောင် ကြိုးစားပေးလေ့ရှိသည်။

ရှောင်ချီ့ရဲ့မှတ်ဉာဏ်ထဲမှာ သူတို့ချေ့ချေ့ကောကောက အရပ်ရှည်ရှည်နဲ့ အေးစက်စက်ပုံပေါက်နေသော်လည်း မျက်နှာပေါ်မှာ အမြဲတစေ အပြုံးယဲ့ယဲ့လေးရှိနေပြီး သူတို့နဲ့လဲ ရန်မဖြစ်ဖူးပါဘဲ လေသံကလဲ ညင်သာကာ ချစ်ပေး၊ ကြင်နာပေးသူဖြစ်သည်။

ရှောင်ချီသည်ကား အတိတ်တုန်းက ဒီမိဘမဲ့ဂေဟာနဲ့ ထုံချေ့ ဘယ်လို ဆက်စပ်မှုရှိနေသလဲဆိုတာကို မသိခဲ့ပါ ; သူမ ထင်ခဲ့သည်က ထုံချေ့ဟာ အလွန်ရည်မွန်ပြီး ကြင်နာတတ်သူဖြစ်တာကြောင့် ထိုနည်းတူစွာပင် အလွန်ပျော်ရွှင်ရမယ့်သူလည်းဖြစ်ရမည်ဟူ၍။

အဘယ့်ကြောင့်ဆိုသော် စာအုပ်တွေမှာ " တစ်စုံတစ်ယောက်က အချစ်ကိုခံယူခဲ့ရရင် ယင်းကို ပိုများတဲ့လူတွေနဲ့လက်ဆင့်ကမ်းဝေမျှချင်ကြမှာ" လို့ ဆိုထားသောကြောင့်ပင်။

ဒါကြောင့် အတိအကျပြောရလျှင် ဒီနေ့ရဲ့ လွန်ခဲ့တဲ့ နှစ်မိနစ် ထုံချေ့ သူ့လက်ပတ်ကို ချွတ်ပြီး သူမအား ပြမလာခင်အထိရှောင်ချီက ဒါကို တွေးနေခဲ့မိသည်။

သို့ပေမယ့် အခုချိန်မှာတော့ ရှောင်ချီ အဲ့ဒီလို မတွေးတော့ပါလေ။

ပျော်ရွှင်ရပြီး အချစ်ခံရတဲ့သူတွေဟာ နာမှာကို အရမ်းကြောက်ကြ​၏။ ဒီလိုမျိုး သူတို့ကိုယ်သူတို့ ဘယ်တော့မှ ထပ်ခါတလဲလဲ နာကျင်စေမှာ မဟုတ်သလို သေလဲမသေချင်ကြပါ။

အချိန်အတော်ကြာပြီးမှ သူမနှုတ်ခမ်းတွေစေ့သွားပြီး တိုးတိုးလေးပြောလာသည်။ "ရှောင်ချေ့ကောကောကကောင်းကောင်းနေရတယ်လို့ အစက ထင်ခဲ့တာ"

သူမအဖြေကြောင့် အံ့ဩမသွားတဲ့ ထုံချေ့က ပြုံးရင်း အခိုင်အမာပြောလိုက်လေသည်။ " အခုတော့ တကယ်ကိုအချိန်ကောင်းတွေ ရနေပါပြီိ "

"ဒါပေမယ့်" သူက စကားကို လှည့်လိုက်ရင်း "အရင်က ငါ့မှာ ဆိုးရွားတဲ့ အချိန်တွေ ရှိခဲ့ဖူးပေမယ့် မင်းမြင်တဲ့အတိုင်းအဆုံးထိအရှုံးမပေးဘဲ ဇွဲကောင်းကောင်းနဲ့ ဆက်ထိန်းခဲ့နိုင်တာပဲလေ။ ဒီတော့ ရှောင်ချီ...မင်းနည်းနည်းလေးတောင် သည်းမခံကြည့်ပဲနဲ့ အနာဂတ်မှာ အမြဲတမ်း ဆိုးရွားနေလိမ့်မယ်ဆိုတာကို ဘယ်လိုလုပ်သိနိုင်လဲ? "

ရှောင်ချီသည် တော်တော်လေး တည်ငြိမ်သွားပြီဖြစ်ပြီး ခေါင်းညိတ်လိုက်​၏။ "ဒါဆို ရှောင်ချေ့ကောကော...အရင်တုန်းကကောအသက်မရှင်ချင်တော့တဲ့အချိန်တွေမှာ တစ်ယောက်ယောက်က ကောကိုလဲ ဒီလိုမျိူး နှစ်သိမ့်ပေးခဲ့လို့လား? "

အဲ့လိုမဟုတ်ရင် ရှောင်ချေ့ကောကောလဲ အကြိမ်အခါခါ လက်လျှော့ပစ်လိုက်ချင်တဲ့ အတွေးတွေကို တောင့်ခံပြီးနောက်ဆုံးထိ ခံနိုင်ရည် ရှိမှာတဲ့လဲ?

ထုံချေ့လဲ ခဏလောက် ကြောင်သွား​၏။ သူ့မျက်လုံးတွေက မှိန်ပျပျ လသာဆောင်အစွန်းရှိ နံရံသေးသေးလေးပေါ်ကို ရောက်သွားလေသည်။ သူ့အကြည့်တွေက တဒင်္ဂ ဝေးလွင့်သွားပြီး အချိန်အတော်ကြာမှ ခေါင်းညိတ်ပြလာခဲ့သည်။"အင်း... တစ်ယောက်ယောက်ရှိတယ်။ သူပဲ ငါ့ကို ကယ်ခဲ့တာ"

မူလ ခွဲခြားခြင်း ဖြစ်ပေါ်ခဲ့တာ ဆယ်နှစ်ကြာသွားခဲ့ချေပြီ။ ထိုအချိန်တုန်းက ထုံချေ့ဟာ ခန္ဓာကိုယ်မသက်မသာဖြစ်မှုတွေကြောင့် မိန်းမောနေခဲ့ပြီး ဧည့်သည်ကိုလဲ ကောင်းကောင်းမမြင်နိုင်တော့ပေ။

အခုထိတိုင် ထိုအချိန်က ဖြစ်ပျက်ခဲ့သမျှကို တိတိကျကျ မမှတ်မိနိုင်သေးသော်လည်း သူ့နားထဲရောက်လာပါတဲ့ " ပင်လယ် မြင်ဖူးလား" လို့ နွေးထွေးတဲ့ အသံနဲ့ မေးခဲ့တဲ့လူတစ်ယောက်ရှိခဲ့တာကို အမှတ်ရမိသည်။

ထုံချေ့ဟာ ထိုအချိန်တုန်းက ပင်လယ်ကို မမြင်ဖူးခဲ့ပါ ; သူ ယန်းချန်ကနေတောင် ထွက်ဖူးခဲ့သူမဟုတ်။ဘာပဲဖြစ်ဖြစ် သူ့မိဘတွေက ခရီးထွက်ကြလျှင် ခေါ်သွားကြသည်က သူ့ညီလေးသာဖြစ်​၏ , သူမဟုတ်ခဲ့ပါ။

အခုထိတိုင် အဲ့ဒီအချိန်က သူဘယ်လိုဖြေပေးလိုက်လဲ မသိတော့ပေမယ့် ထိုလူက "မင်းက ပင်လယ်ကိုတောင်မမြင်ဖူးသေးတာကို ဘာလို့ အရှုံးပေးချင်ရတာလဲ ? " လို့ ပြန်ပြောတာကို သတိရမိနေခဲ့သည်။

ထိုစဉ်က ထုံချေ့ဟာ ၁၃နှစ်ပြည့်ကာစသာရှိသေးတာကြောင့် သူ့အား စောစော ကွဲပြားသူအဖြစ် သတ်မှတ်ခံထားရသည်။ပင်လယ်ကို မြင်ရ၊ မမြင်ရခြင်းက သူ့ရဲ့ အသက်ရှင်လိုစိတ်နဲ့ ဘယ်လိုဆက်စပ်နေသလဲကို နားမလည်နိုင်ခဲ့ပါချေ။

ထိုသို့နှင့် မတော်တဆဆိုသလို သူ လွတ်မြောက်ခဲ့ရပြီး တစ်နေ့မှာတော့ ကံအကြောင်းတိုက်ဆိုင်စွာနဲ့ ကဗျာတစ်ပုဒ်ကိုဖတ်လိုက်ရသည် —

《 မင်းက နေမင်းကြီးကို ငေးကြည့်ဖို့ ၊ မင်းချစ်ရသူနဲ့အတူ လမ်းလျှောက်ဖို့အတွက် ကမ္ဘာမြေပေါ်ကို ရောက်လာရမယ် 》

ထိုကဗျာကို သူဖတ်လိုက်သည့်အချိန်၌ ထုံချေ့သည် ထိုစကား​၏ အဓိပ္ပါယ်သည် ထိုကဗျာနဲ့ ဆင်တူနေတာကိုတဖြည်းဖြည်း သဘောပေါက်ခဲ့​ရ၏။

သူဟာ ကမ္ဘာမြေပေါ်ကို ခရီးတစ်ခေါက်ရောက်လာခဲ့ပေမယ့် ပင်လယ်ကို မမြင်ရသေးသလို နေကိုလဲ ကောင်းကောင်း မမြင်ရသေးပါ။ချစ်ရသူနဲ့ တွေ့ဆုံဖို့ကို မပြောလေနှင့်။ ထို့ကြောင့် သူ့ကို နာကျင်စေတဲ့သူတွေကြောင့်နဲ့ သူ့ကိုယ်သူ ထပ်ခါတလဲလဲ နာကျင်အောင်လုပ်တာ၊ ဒါမှမဟုတ် သူ့ဘဝကို လက်လျှော့လိုက်ချင်တာတွေက တကယ်ကို မထိုက်တန်ပါချေ။

ထုံချေ့ အတွေးတွေကို ရှောင်ချီ့အသံက ပြန်ခေါ်လိုက်ပြီး သူမပြောတာကို ကြားလိုက်ရပါ​၏။ " ရှေ့လျှောက် ဒီလိုထပ်မလုပ်တော့ပါဘူး...သမီးလည်း ထိန်းထားချင်တယ်။ အနာဂတ်မှာ ရှောင်ချေ့ကောကောလို ကောင်းကောင်း အသက်ရှင်နိုင်မလားဆိုတာကို ကြိုးစားကြည့်ချင်တယ် "

ရှောင်ချေ့ကောကောလို ကောင်းကောင်းနေရုံသာမက ရှောင်ချေ့ကောကောလို ကြင်နာတတ်ပြီး နူးညံ့တတ်စေဖို့။

ထုံချေ့က ရှောင်ချီ့ခေါင်းလေးကို လက်ဆန့်၍ ဖွဖွလေး ပုတ်ပေးလိုက်သည်။ ဓားကိုင်ထားတာကို မြင်ရချိန်က တင်းမာခဲ့သောအကြောများမှာလဲ ပြေလျော့သွားချေပြီ။

ထုံချေ့က အသံပျော့လေးနဲ့ တစ်ဝက်အရွှန်းဖောက်လျက်။ " ရှောင်ချီက အနာဂတ်မှာပိုကောင်းလာမှာ သေချာပါတယ်ဗျာ... ဒါပေမယ့် အခုတော့ လူသတ်လက်နက်လေးကို ကောဆီ အရင်လွှဲပေးမလား? "

မတုံ့မဆိုင်းပါဘဲ ရှောင်ချီက ဓားသေးသေးလေးကို ကောက်လိုက်ပြီး ထုံချေ့အား အပ်လိုက်သည်။

ထုံချေ့ကယူ၍ အိတ်ထဲထည့်လိုက်ကာမေး​၏။ "ဘယ်ကရလာတာလဲ? တော်တော်လေး ထက်တဲ့ပုံပဲ "

ရှောင်ချီက ရှက်ကိုးရှက်ကန်းဖြင့် ပြောလာသည်။ "အသီးလှီးဖို့တင်ပါ.."

ထုံချေ့က ပြုံးတာရပ်၍ နွေးထွေးတဲ့လေသံဖြင့် "ဒါဆို အန်ကယ်ကျောက်နဲ့ အန်တီဝူတို့ကို သွားနှုတ်ဆက်လိုက်အုံး... သူတို့တွေအကုန် မင်းကို အရမ်းစိတ်ပူနေကြတာ"

ရှောင်ချီမှာ လသာဆောင်တံခါး၌ စောင့်နေသည့်လူများကို ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ တံခါးဆီသို့ လျှောက်သွားဖို့မတ်တပ်ထရပ်လိုက်သည်။

ခြေနှစ်လှမ်းလောက် လျှောက်ပြီးနောက် ထုံချေ့က နောက်က လိုက်မလာသည်အား တွေ့လိုက်ရသဖြင့် ပြန်လှည့်၍ မေးလာသည်။

"​ရှောင်ချေ့ကောကော ပြန်...မဆင်းဘူးလားဟင်? "

"အရင်သွားနှင့်" ထုံချေ့က တုံ့ပြန်လိုက်သည်။ "အောက်ထပ်က Activityအခန်းမှာ Musical အစမ်းလေ့ကျင့်နေတာရှိတယ်... ငါဒီမှာခဏလောက်ထိုင်နေဦးမလို့ "

ရှောင်ချီက သူ့ကို ကြည့်၍ တံခါးဝမှာရပ်နေတဲ့ မုဟန်ဖုန်းအား ထပ်ကြည့်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပါဘဲ တံခါးဆီသွားလိုက်တော့သည်။

သူမ ကျောက်လီနဲ့ အန်တီဝူတို့ ထွက်သွားကြတဲ့အခါ မုဟန်ဖုန်းက လသာဆောင်ကိုဝင်လာခဲ့ပြီး တံခါးပိတ်လိုက်​၏။

ထုံချေ့က အောက်မှာ ထိုင်နေဆဲဖြစ်ပြီး မုဟန်ဖုန်း သူ့အနားကို တစ်လှမ်းချင်း ကပ်လာသည်အား မော့ကြည့်လာခဲ့သည်။တစ်စက္ကန့်အတွင်း အခြားသူများတွေကို ဉာဏ်အလင်းပေးခဲ့သည့် အစ်ကိုကြီးတစ်ဦးဖြစ်ခဲ့သော်လည်း အခုချိန်မှာတော့ ရှက်ဝဲဝဲနဲ့ ကြောင်ငယ်လေးအဖြစ် ပြန်ပြောင်းသွားရချေပြီ။

သူ့လက်ပတ်ကို ချွတ်လိုက်ကတည်းက တမင်တကာကို တံခါးဝအား လှည့်မကြည့်တော့ပါချေ။မုဟန်ဖုန်းက ထိုနေရာ၌ရပ်နေပြီး သူ့ကို တစ်ချိန်လုံး ကြည့်နေကြောင်းကိုလဲ သိပါ​၏။

ဒီအခွင့်အရေးကို ယူ၍ မုဟန်ဖုန်းအား သူကြောက်ရွံ့ခဲ့ရသမျှကို ပြောပြဖို့ရာလဲ စိတ်ကိုပြင်ဆင်ပြီးပြီပင်။

သို့ပေမယ့်လဲ မုဟန်ဖုန်း နီးကပ်လာတာကို မြင်ရလေလေ ပြန်တပ်ခေါက်မိလေလေဖြစ်နေခဲ့သည်။

သူက လက်ပတ်နဲ့ မဖုံးထားသည့် လက်ကောက်ဝတ်ကို ငုံ့ကြည့်လိုက်ရာ အမာရွတ်တွေ လှိမ်ယှက်နေသဖြင့် ရုပ်ဆိုးသည်ဟု ခံစားမိကာ မုလောင်ရှီးအား မပြနိုင်ခဲ့ပါချေ။

ထိုသို့တွေးရင်း ထုံချေ့ဟာ လက်ပတ်ကို နောက်တစ်ခါကောက်၍ သူ့လက်ပေါ်ဝတ်ရန် ပြင်လိုက်​၏။

သို့သော် သွယ်လျလျလက်တစ်စုံက သူ့ရှေ့ ရုတ်တရက်ရောက်လာပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်လေသည်။

ထုံချေ့ လန့်သွားကာ ခေါင်းမော့လျက် မုဟန်ဖုန်းအား တိုးတိုးလေး ခေါ်လိုက်မိသည်။ " မုလောင်ရှီး"

မုဟန်ဖုန်းမှာ သူ့ကိုငုံ့ကြည့်လာပြီး မျက်လုံးတွေမှိတ်ထားရင်း အတွင်းအင်္ဂါများမှ နာကျင်မှုတွေရုန်းကြွနေသည်ကိုသာခံစားနေခဲ့ပြီး သူ့လည်ချောင်းမှာလဲ သွေးပျစ်ပျစ်တို့ ဆန်တက်နေခဲ့သည်။ သူက အက်ကွဲကွဲအသံနဲ့ ဖြေလိုက်သည်။ " အင်း မုလောင်ရှီး ရှိတယ် "

ထုံချေ့မှာ မသိလိုက်မသိဘာသာနဲ့ သူ့လက်ကို ပြန်ဆွဲယူရန် ကြိုးစားရင်း အသံသေးသေးလေးဖြင့် "အဲဒါ... ရုပ်ဆိုးတယ်... မကြည့်နဲ့ "

မုဟန်ဖုန်းက သူ့လက်ကို မလွှတ်ပေးပါဘဲ ခပ်တင်းတင်းပင် ဆုပ်ကိုင်လိုက်ပြီး မျက်မှောင်ကြုတ်လျက်ပြောလာခဲ့သည်။ " ပေါက်ကရတွေ... လုံးဝရုပ်ဆိုးတာ မဟုတ်ဘူး "

ထိုသို့ပြောပြီး သူက ငုံ့လိုက်၍ ထုံချေ့​၏ အမာရွတ်တွေနဲ့ လက်ကောက်ဝတ်ကို ဖွဖွလေး မ,ယူကာ သူ့နှုတ်ခမ်းတွေပေါ်တင်လိုက်ပြီး တလေးတစားနဲ့ ညင်သာတဲ့ အနမ်းတစ်ပွင့် ပေးလိုက်တော့​၏။

လေနုအေးအေးလေးဖြင့် ပွတ်တိုက်သွားသလို၊ ငှက်မွှေးလေးဖြတ်သန်းသွားသလို အလွန်ကို နူးညံ့ညင်သာသောအထိအတွေ့တစ်ခုပင်။ ထိုတစ်ဒင်္ဂ၌ အမာရွတ်တွေနဲ့လုံးလုံးပြန်ကောင်းမလာနိုင်တော့တဲ့ ဒဏ်ရာတွေအားလုံး ပြန်ကုစားနိုင်တဲ့အခွင့်အရေးတစ်ခု ရလိုက်သလို ခံစားလိုက်ရသည်။

ထုံချေ့ တုန်လှုပ်သွားရပြီး နောက်စက္ကန့်မှာပဲ သူ့တစ်ကိုယ်လုံးဟာ မုဟန်ဖုန်းထံမှ မြဲမြံစွာ ဝိုင်းပတ်၍ ဖက်တွယ်ခံလိုက်ရသည်။

သူက မုဟန်ဖုန်း လည်ပင်းမှာ ခေါင်းမြုပ်လိုက်ကာ မျက်လုံးက စိုစွတ်မှုတွေကို မထိန်းထားနိုင်တော့ပဲ ပွတ်လိုက်မိ​၏။နောက်ဆုံးမှာတော့ တုံ့ဆိုင်းရိပ်မရှိတော့ပါဘဲ သူပြောလာခဲ့ပါသည်။

" မုလောင်ရှီး.... ခင်ဗျား... ကျွန်တော့် မိသားစုအကြောင်းသိချင်လား? "

~~~~~~~~~~~~~~~

The author has something to say: ထုံထုံက ပိုကောင်းလာခဲ့တယ်။အရင်ကထက် ရဲရင့်လာပြီး သူ့နှလုံးသားထဲမှာ မြှုပ်ထားတဲ့ အမာရွတ်တွေကို မုလောင်ရှီးကို ထုတ်ပြဖို့ ဆန္ဒရှိလာတယ်။ ပြီးတော့ အနာဂတ်မှာ သူတို့တွေ ပိုကောင်းလာတော့မှာသေချာပါတယ်။

————————————————————————————-

|| Zawgyi ||

ထုံေခ့်လုပ္ရပ္သည္ ေတာ္ေတာ္ေလး မထင္မွတ္စရာေကာင္းသလို သူ႔လက္ေကာက္ဝတ္မွာရွိသည့္ အမာရြတ္ကဆိုလၽွင္ ပိုလို႔ေတာင္ မထင္မွတ္ထားသည္ျဖစ္​၏။

ေရွာင္ခ်ီလဲ အံ့အားသင့္သြားသည္မွာ သိသိသာသာပင္။သူမဟာ မသိလိုက္ပါဘဲ ဓားကို ေဘးပစ္ခ်လိုက္မိသည္အထိ။ သူမသည္အမာရြတ္ေတြ အစစ္ျဖစ္တာဟုတ္မဟုတ္ကို အတည္ျပဳေနသလို ထုံေခ့်လက္ေကာက္ဝတ္အား ဖြဖြေလး ထိၾကည့္လာခဲ့သည္။

Omegaေတြရဲ့ အသားအေရသည္ကား သဘာဝအေလ်ာက္ပင္ ႏူးညံ့ေခ်ာေမြ႕ၿပီး အထူးသျဖင့္ ေဖ်ာ္ေျဖေရးနယ္ပယ္၌ Foundation ေကာင္းေကာင္းနဲ႔ သူ႔ကိုယ္သူ ဂ႐ုစိုက္တတ္သူ ထုံေခ့်လိုလူမ်ိဴးဆိုလၽွင္ ပိုဦးမည္ပင္။

သို႔ေပမယ့္ ေရွာင္ခ်ီ့ လက္ေခ်ာင္းေတြေအာက္ရွိ အေရျပားကေတာ့အစိတ္အပိုင္းေလးကေတာ့ မညီမညာျဖစ္ေနကာ အရမ္းလဲ ၾကမ္းရွေနခဲ့​၏။

ေရွာင္ခ်ီသူ႔လက္ေကာက္ဝတ္ကို ခဏေလာက္ထိလိုက္ၿပီးသည့္ေနာက္မွာေတာ့ သူ႔လက္ေကာက္ဝတ္က တစ္ဖန္ တသိမ့္သိမ့္တုန္လာခဲ့ေလသည္။

ေရွာင္ခ်ီမွာ သူမ ခံစားခ်က္ေတြေတာင္ ေမ့သြား၍ လန႔္ကာ လက္ အျမန္ျပန္႐ုတ္ၿပီး ထုံေခ့်ကို စိုးရိမ္တဲ့အမူအရာနဲ႔ ၾကည့္လာခဲ့သည္။ "ေရွာင္ေခ့်ေကာေကာ,လက္က ဘာျဖစ္ေနတာလဲ...?"

ေရွာင္ေခ့်က သူမအား ႏွစ္သိမ့္သလို ျပဳံးျပၿပီး တုန္ေနဆဲ သူ႔ဘယ္လက္ကို ျပန္႐ုတ္လိုက္သည္။ ညာဘက္နဲ႔ ပြတ္သပ္ရင္း ႏွစ္ခါေလာက္ ဖိေပးေနကာ ရွင္းျပလာခဲ့သည္။ "အာ႐ုံေၾကာေတြ ပ်က္စီးေနေတာ့ အားစိုက္ရတာေတြကို မခံနိုင္ဘူးေလ "

ေရွာင္ခ်ီက ေခါင္းငုံ႔၍ လွုပ္ရွားေနသည္မ်ားကိုၾကည့္ရင္း အခ်ိန္အေတာ္ၾကာၿပီးခါမွာ အသံတိုးတိုးေလးျဖင့္ ေမးလာ​၏။ "အဲ့ဒါက... လက္ေကာက္ဝတ္ကို လွီးခဲ့ဖူးလို႔လား?"

"အဲ့ဒါကလဲ အေၾကာင္းရင္းေတြထဲက တစ္ခုေပါ့ " ထုံေခ့်ေလသံမွာ သူေျပာေနသည့္အရာက သူနဲ႔မသက္ဆိုင္သလို ေပါ့ပါးေနခဲ့သည္။ "ေနာက္တစ္မ်ိဴးကေတာ့ ငါ......အေဖဆီကေန ဒီလက္ေကာက္ဝတ္ကို တုတ္နဲ႔အရိုက္ခံခဲ့ရတာပဲ"

ထိုအခ်ိန္တုန္းက ထုံေခ့်သည္ ငယ္ရြယ္ေသးေသာေၾကာင့္ ေနာက္ပိုင္း၌ ေဆးကုသမွုခံယူဖို႔ ေဆး႐ုံသို႔ပို႔ခံခဲ့ရေသာ္လည္း ဖ်ားနာတာေတြနဲ႔ အဆုံးသတ္ခဲ့​၏။

ကိုယ္တိုင္အတြက္ ေနာင္တမရွိတဲ့ ဆယ္ေက်ာ္သက္အရြယ္၌ မိမိကိုယ္မိမိ အနာတရျဖစ္ေအာင္လုပ္ျခင္းေတြနဲ႔ ပူးတြဲခဲ့ၿပီး ေနာက္ပိုင္းတြင္ တကယ္ ဘာမွထပ္မျဖစ္ခဲ့ေတာ့သည့္တိုင္ သူ႔အာ႐ုံေၾကာေတြကေတာ့ မလႊဲသာမေရွာင္သာပဲ ထိခိုက္သြားခဲ့ရသည္။ အခ်ိန္ၾကာလာသည္ႏွင့္ လုံးဝျပဳျပင္လို႔မရေတာ့ဘဲ အခုလိုျဖစ္လာရတာျဖစ္သည္။

"ဘာျဖစ္လို႔...ေကာက..." ေရွာင္ခ်ီက မသိလိုက္ပါဘဲ ေမးလာသည္။

ေနာက္ပိုင္းတစ္ဝက္ ထြက္မလာခင္မွာပဲ ထုံေခ့်က သူ႔မအား ၾကားျဖတ္လိုက္ၿပီး ဒီအေၾကာင္းအေသးစိတ္ေျပာရန္ အဆင္သင့္မျဖစ္ေသးသလို သိသိသာသာ အေၾကာင္းအရာကို ေျပာင္းလဲပစ္လိုက္သည္။ "ငါ့မွာ အသက္မရွင္ခ်င္ေတာ့တဲ့အခ်ိန္... မဟုတ္ရင္ ကိုယ့္ကိုယ္ကို နာေအာင္လုပ္ခဲ့တဲ့အခ်ိန္ေတြ အမ်ားႀကီးရွိတယ္ဆိုတာ မင္းျမင္နိုင္တယ္မလား "

ေရွာင္ခ်ီ ေခါင္းညိတ္လိုက္သည္။

ထုံေခ့် လက္ေကာက္ဝတ္ရွိ အမာရြတ္မ်ားမွာ ပုံစံအမ်ိဳးမ်ိဳး ကြဲျပားေနသျဖင့္ တစ္ခ်က္ေလာက္ၾကည့္ရင္ေတာင္ ဘယ္ေလာက္မ်ားသလဲဆိုတာ သူ မေရတြက္နိုင္ေလာက္သည္အထိပင္။

ေသခ်ာသည္ကေတာ့ ဒဏ္ရာတစ္ခုတည္း ျဖစ္မလာပါေခ်။

" ဒါဆို မင္းေရာ ဘယ္လိုထင္လဲ ? " ထုံေခ့်ေလသံမွာ အနည္းငယ္ ေႏွးသြားၿပီး ႏူးညံ့လာသည္ဟု ဆိုနိုင္သည္။ "ငါအခု ဘာလုပ္ေနတာလို႔ မင္းထင္လဲ"

ေရွာင္ခ်ီကခ်က္ခ်င္းျပန္မေျဖေပးဘဲ ၿငိမ္က်ၿပီး ေသခ်ာစဥ္းစားေန​၏။

လြန္ခဲ့တဲ့ ႏွစ္ႏွစ္ သူမ မိဘမဲ့ေက်ာင္းကို ေရာက္ၿပီး သိပ္မၾကာခင္မွာပဲ ထုံေခ့်နဲ႔ ဆုံခဲ့ရသည္။

ထိုအခ်ိန္တုန္းက ထုံေခ့်သည္ နာမည္ႀကီးမျဖစ္ေသးေသာ္လည္း မိဘမဲ့ေဂဟာက ကေလးမ်ားအတြက္ အလွမ္းေဝးတဲ့ ဘဝတစ္ခုျဖစ္ေသာ Trainee ျဖစ္ႏွင့္ေနၿပီပင္။

သို႔ေပမယ့္ ထုံေခ့်က ဟန္ပန္ေတြမလုပ္တာေၾကာင့္ ေရွင္ခ်ီလဲ သူနဲ႔တျဖည္းျဖည္းခ်င္း သိလာခဲ့ရသည္။

လြန္ခဲ့တဲ့ႏွစ္မွ ထုံေခ့်ဟာ ေရွးခတ္Web Dramaေၾကာင့္ ႐ုတ္တရက္ နာမည္ႀကီးလာခဲ့​၏။ သူနာမည္ႀကီးလာၿပီးေနာက္မိဘမဲ့ေဂဟာကို ပထမဆုံးအႀကိမ္ျပန္ေရာက္လာေသာအခါ ေရွာင္ခ်ီအပါအဝင္ ကေလးအမ်ားစုက သူနဲ႔စကားေျပာဖို႔ရာပင္ ေၾကာက္ေနခဲ့ၾကသည္။

သူတို႔နဲ႔ ကစားေလ့ရွိတဲ့၊ စားမေကာင္းတဲ့ကန္တင္းမွာ အတူစားေလ့ရွိတဲ့၊ သူတို႔အတြက္ သေရစာေတြခိုးေကၽြးတတ္တဲ့၊ သီခ်င္းဆိုတတ္၊ ကတတ္ေအာင္ သင္ေပးတတ္တဲ့၊ သူတို႔အတြက္ လက္ျဖစ္ေလးေတြ လုပ္ေပးတတ္တဲ့၊ သူတို႔ တိုးတိုးေလးေျပာျပတဲ့ လၽွို႔ဝွက္ခ်က္ေလးေတြကို နားေထာင္ေပးတတ္တဲ့ အစ္ကိုႀကီးက ေထာင္ေပါင္းမ်ားစြာေသာ Fanေတြ ဝန္းရံထားသည့္ လၽွမ္းလၽွမ္းေတာက္ ၾကယ္ပြင့္တစ္ေယာက္ ျဖစ္လာခဲ့ၿပီး ေပၚလာသည့္အခ်ိန္တိုင္း မီဒီယာပစၥည္းမ်ိဳးစုံႏွင့္။

ဒီအေျပာင္းအလဲႀကီးႀကီးမားမားေၾကာင့္ ကေလးေတြဟာ ခဏေလာက္ေတာ့ျဖင့္ စိတ္မသက္မသာျဖစ္ခဲ့ၾကရသည္။သို႔ေပမယ့္ ထုံေခ့်က သူတို႔ကို ဆက္ဆံပုံမွာ ေျပာင္းလဲမွုမရွိဘူးဆိုတာအား အားလုံးသေဘာေပါက္သြားၾကဖို႔ အခ်ိန္သိပ္မယူလိုက္ရပါ။

သူက ၾကမ္းျပင္ေပၚမွာပဲ တင္ပ်ဥ္ေခြထိုင္ကာ သူတို႔နဲ႔ေဆာ့ေပးတုန္း၊ ႐ုပ္ရွင္ရိုက္တုန္းက ျမင္ခဲ့ဖူးသည့္အရာမ်ားကို ေျပာျပရင္း သူတို႔နဲ႔ အလွမ္းေဝးတဲ့ အျခားဘဝတစ္ခုကို ေပ်ာ္ေပ်ာ္ႀကီး တြဲဖက္ရွိေနေပးတုန္းပင္။

အစားအစာမကုန္တာေတြရွိတဲ့အခါ ကေလးေတြကို သင္ေပးတတ္မယ့္ ေဂဟာမွူး ဆူတာမခံရေအာင္လဲ လၽွို႔ဝွက္ထားေပးတတ္ပါ​၏။

သေရစာေတြ၊ အ႐ုပ္ေတြ၊ စာအုပ္ေတြ ပိုဝယ္လာၿပီး သူတို႔အတြက္ ပိုေကာင္းလာေအာင္ ႀကိဳးစားေပးေလ့ရွိသည္။

ေရွာင္ခ်ီ့ရဲ့မွတ္ဉာဏ္ထဲမွာ သူတို႔ေခ့်ေခ့်ေကာေကာက အရပ္ရွည္ရွည္နဲ႔ ေအးစက္စက္ပုံေပါက္ေနေသာ္လည္း မ်က္ႏွာေပၚမွာ အျမဲတေစ အျပဳံးယဲ့ယဲ့ေလးရွိေနၿပီး သူတို႔နဲ႔လဲ ရန္မျဖစ္ဖူးပါဘဲ ေလသံကလဲ ညင္သာကာ ခ်စ္ေပး၊ၾကင္နာေပးသူျဖစ္သည္။

ေရွာင္ခ်ီသည္ကား အတိတ္တုန္းက ဒီမိဘမဲ့ေဂဟာနဲ႔ ထုံေခ့် ဘယ္လို ဆက္စပ္မွုရွိေနသလဲဆိုတာကို မသိခဲ့ပါ ; သူမ ထင္ခဲ့သည္က ထုံေခ့်ဟာ အလြန္ရည္မြန္ၿပီး ၾကင္နာတတ္သူျဖစ္တာေၾကာင့္ ထိုနည္းတူစြာပင္ အလြန္ေပ်ာ္ရႊင္ရမယ့္သူလည္း ျဖစ္ရမည္ဟူ၍။

အဘယ့္ေၾကာင့္ဆိုေသာ္ စာအုပ္ေတြမွာ " တစ္စုံတစ္ေယာက္က အခ်စ္ကိုခံယူခဲ့ရရင္ ယင္းကို ပိုမ်ားတဲ့လူေတြနဲ႔ လက္ဆင့္ကမ္းေဝမၽွခ်င္ၾကမွာ" လို႔ ဆိုထားေသာေၾကာင့္ပင္။

ဒါေၾကာင့္ အတိအက်ေျပာရလၽွင္ ဒီေန႔ရဲ့ လြန္ခဲ့တဲ့ ႏွစ္မိနစ္ ထုံေခ့် သူ႔လက္ပတ္ကို ခၽြတ္ၿပီး သူမအား ျပမလာခင္အထိ ေရွာင္ခ်ီက ဒါကို ေတြးေနခဲ့မိသည္။

သို႔ေပမယ့္ အခုခ်ိန္မွာေတာ့ ေရွာင္ခ်ီ အဲ့ဒီလို မေတြးေတာ့ပါေလ။

ေပ်ာ္ရႊင္ရၿပီး အခ်စ္ခံရတဲ့သူေတြဟာ နာမွာကို အရမ္းေၾကာက္ၾက​၏။ ဒီလိုမ်ိဳး သူတို႔ကိုယ္သူတို႔ ဘယ္ေတာ့မွထပ္ခါတလဲလဲ နာက်င္ေစမွာ မဟုတ္သလို ေသလဲမေသခ်င္ၾကပါ။

အခ်ိန္အေတာ္ၾကာၿပီးမွ သူမႏွုတ္ခမ္းေတြေစ့သြားၿပီး တိုးတိုးေလးေျပာလာသည္။ "ေရွာင္ေခ့်ေကာေကာက ေကာင္းေကာင္းေနရတယ္လို႔ အစက ထင္ခဲ့တာ"

သူမအေျဖေၾကာင့္ အံ့ဩမသြားတဲ့ ထုံေခ့်က ျပဳံးရင္း အခိုင္အမာေျပာလိုက္ေလသည္။ " အခုေတာ့ တကယ္ကိုအခ်ိန္ေကာင္းေတြ ရေနပါၿပီိ "

"ဒါေပမယ့္" သူက စကားကို လွည့္လိုက္ရင္း "အရင္က ငါ့မွာ ဆိုးရြားတဲ့ အခ်ိန္ေတြ ရွိခဲ့ဖူးေပမယ့္ မင္းျမင္တဲ့အတိုင္း အဆုံးထိအရွုံးမေပးဘဲ ဇြဲေကာင္းေကာင္းနဲ႔ ဆက္ထိန္းခဲ့နိုင္တာပဲေလ။ ဒီေတာ့ ေရွာင္ခ်ီ...မင္းနည္းနည္းေလးေတာင္ သည္းမခံၾကည့္ပဲနဲ႔ အနာဂတ္မွာ အျမဲတမ္း ဆိုးရြားေနလိမ့္မယ္ဆိုတာကို ဘယ္လိုလုပ္သိနိုင္လဲ? "

ေရွာင္ခ်ီသည္ ေတာ္ေတာ္ေလး တည္ၿငိမ္သြားၿပီျဖစ္ၿပီး ေခါင္းညိတ္လိုက္​၏။ "ဒါဆို ေရွာင္ေခ့်ေကာေကာ...အရင္တုန္းက ေကာအသက္မရွင္ခ်င္ေတာ့တဲ့အခ်ိန္ေတြမွာ တစ္ေယာက္ေယာက္က ေကာကိုလဲ ဒီလိုမ်ိဴး ႏွစ္သိမ့္ေပးခဲ့လို႔လား? "

အဲ့လိုမဟုတ္ရင္ ေရွာင္ေခ့်ေကာေကာလဲ အႀကိမ္အခါခါ လက္ေလၽွာ့ပစ္လိုက္ခ်င္တဲ့ အေတြးေတြကို ေတာင့္ခံၿပီး ေနာက္ဆုံးထိ ခံနိုင္ရည္ ရွိမွာတဲ့လဲ?

ထုံေခ့်လဲ ခဏေလာက္ ေၾကာင္သြား​၏။ သူ႔မ်က္လုံးေတြက မွိန္ပ်ပ် လသာေဆာင္အစြန္းရွိ နံရံေသးေသးေလးေပၚကို ေရာက္သြားေလသည္။ သူ႔အၾကည့္ေတြက တဒဂၤ ေဝးလြင့္သြားၿပီး အခ်ိန္အေတာ္ၾကာမွ ေခါင္းညိတ္ျပလာခဲ့သည္။ "အင္း... တစ္ေယာက္ေယာက္ရွိတယ္။ သူပဲ ငါ့ကို ကယ္ခဲ့တာ"

မူလ ခြဲျခားျခင္း ျဖစ္ေပၚခဲ့တာ ဆယ္ႏွစ္ၾကာသြားခဲ့ေခ်ၿပီ။ ထိုအခ်ိန္တုန္းက ထုံေခ့်ဟာ ခႏၶာကိုယ္မသက္မသာျဖစ္မွုေတြေၾကာင့္ မိန္းေမာေနခဲ့ၿပီး ဧည့္သည္ကိုလဲ ေကာင္းေကာင္းမျမင္နိုင္ေတာ့ေပ။

အခုထိတိုင္ ထိုအခ်ိန္က ျဖစ္ပ်က္ခဲ့သမၽွကို တိတိက်က် မမွတ္မိနိုင္ေသးေသာ္လည္း သူ႔နားထဲေရာက္လာပါတဲ့ " ပင္လယ္ ျမင္ဖူးလား" လို႔ ေႏြးေထြးတဲ့ အသံနဲ႔ ေမးခဲ့တဲ့လူတစ္ေယာက္ရွိခဲ့တာကို အမွတ္ရမိသည္။

ထုံေခ့်ဟာ ထိုအခ်ိန္တုန္းက ပင္လယ္ကို မျမင္ဖူးခဲ့ပါ ; သူ ယန္းခ်န္ကေနေတာင္ ထြက္ဖူးခဲ့သူမဟုတ္။ဘာပဲျဖစ္ျဖစ္ သူ႔မိဘေတြက ခရီးထြက္ၾကလၽွင္ ေခၚသြားၾကသည္က သူ႔ညီေလးသာျဖစ္​၏ , သူမဟုတ္ခဲ့ပါ။

အခုထိတိုင္ အဲ့ဒီအခ်ိန္က သူဘယ္လိုေျဖေပးလိုက္လဲ မသိေတာ့ေပမယ့္ ထိုလူက "မင္းက ပင္လယ္ကိုေတာင္မျမင္ဖူးေသးတာကို ဘာလို႔ အရွုံးေပးခ်င္ရတာလဲ ? " လို႔ ျပန္ေျပာတာကို သတိရမိေနခဲ့သည္။

ထိုစဥ္က ထုံေခ့်ဟာ ၁၃ႏွစ္ျပည့္ကာစသာရွိေသးတာေၾကာင့္ သူ႔အား ေစာေစာ ကြဲျပားသူအျဖစ္ သတ္မွတ္ခံထားရသည္။ ပင္လယ္ကို ျမင္ရ၊ မျမင္ရျခင္းက သူ႔ရဲ့ အသက္ရွင္လိုစိတ္နဲ႔ ဘယ္လိုဆက္စပ္ေနသလဲကို နားမလည္နိုင္ခဲ့ပါေခ်။

ထိုသို႔ႏွင့္ မေတာ္တဆဆိုသလို သူ လြတ္ေျမာက္ခဲ့ရၿပီး တစ္ေန႔မွာေတာ့ ကံအေၾကာင္းတိုက္ဆိုင္စြာနဲ႔ ကဗ်ာတစ္ပုဒ္ကို ဖတ္လိုက္ရသည္ —

《 မင္းက ေနမင္းႀကီးကို ေငးၾကည့္ဖို႔ ၊ မင္းခ်စ္ရသူနဲ႔အတူ လမ္းေလၽွာက္ဖို႔အတြက္ ကမၻာေျမေပၚကို ေရာက္လာရမယ္ 》

ထိုကဗ်ာကို သူဖတ္လိုက္သည့္အခ်ိန္၌ ထုံေခ့်သည္ ထိုစကား​၏ အဓိပၸါယ္သည္ ထိုကဗ်ာနဲ႔ ဆင္တူေနတာကို တျဖည္းျဖည္း သေဘာေပါက္ခဲ့​ရ၏။

သူဟာ ကမၻာေျမေပၚကို ခရီးတစ္ေခါက္ေရာက္လာခဲ့ေပမယ့္ ပင္လယ္ကို မျမင္ရေသးသလို ေနကိုလဲ ေကာင္းေကာင္း မျမင္ရေသးပါ။ခ်စ္ရသူနဲ႔ ေတြ႕ဆုံဖို႔ကို မေျပာေလႏွင့္။ ထို႔ေၾကာင့္ သူ႔ကို နာက်င္ေစတဲ့သူေတြေၾကာင့္နဲ႔ သူ႔ကိုယ္သူ ထပ္ခါတလဲလဲ နာက်င္ေအာင္လုပ္တာ၊ ဒါမွမဟုတ္ သူ႔ဘဝကို လက္ေလၽွာ့လိုက္ခ်င္တာေတြက တကယ္ကို မထိုက္တန္ပါေခ်။

ထုံေခ့် အေတြးေတြကို ေရွာင္ခ်ီ့အသံက ျပန္ေခၚလိုက္ၿပီး သူမေျပာတာကို ၾကားလိုက္ရပါ​၏။ " ေရွ႕ေလၽွာက္ဒီလိုထပ္မလုပ္ေတာ့ပါဘူး...သမီးလည္း ထိန္းထားခ်င္တယ္။ အနာဂတ္မွာ ေရွာင္ေခ့်ေကာေကာလို ေကာင္းေကာင္း အသက္ရွင္နိုင္မလားဆိုတာကို ႀကိဳးစားၾကည့္ခ်င္တယ္ "

ေရွာင္ေခ့်ေကာေကာလို ေကာင္းေကာင္းေန႐ုံသာမက ေရွာင္ေခ့်ေကာေကာလို ၾကင္နာတတ္ၿပီး ႏူးညံ့တတ္ေစဖို႔။

ထုံေခ့်က ေရွာင္ခ်ီ့ေခါင္းေလးကို လက္ဆန႔္၍ ဖြဖြေလး ပုတ္ေပးလိုက္သည္။ ဓားကိုင္ထားတာကို ျမင္ရခ်ိန္က တင္းမာခဲ့ေသာအေၾကာမ်ားမွာလဲ ေျပေလ်ာ့သြားေခ်ၿပီ။

ထုံေခ့်က အသံေပ်ာ့ေလးနဲ႔ တစ္ဝက္အရႊန္းေဖာက္လ်က္။ " ေရွာင္ခ်ီက အနာဂတ္မွာပိုေကာင္းလာမွာ ေသခ်ာပါတယ္ဗ်ာ... ဒါေပမယ့္ အခုေတာ့ လူသတ္လက္နက္ေလးကို ေကာဆီ အရင္လႊဲေပးမလား? "

မတုံ႔မဆိုင္းပါဘဲ ေရွာင္ခ်ီက ဓားေသးေသးေလးကို ေကာက္လိုက္ၿပီး ထုံေခ့်အား အပ္လိုက္သည္။

ထုံေခ့်ကယူ၍ အိတ္ထဲထည့္လိုက္ကာေမး​၏။ "ဘယ္ကရလာတာလဲ? ေတာ္ေတာ္ေလး ထက္တဲ့ပုံပဲ "

ေရွာင္ခ်ီက ရွက္ကိုးရွက္ကန္းျဖင့္ ေျပာလာသည္။ "အသီးလွီးဖို႔တင္ပါ.."

ထုံေခ့်က ျပဳံးတာရပ္၍ ေႏြးေထြးတဲ့ေလသံျဖင့္ "ဒါဆို အန္ကယ္ေက်ာက္နဲ႔ အန္တီဝူတို႔ကို သြားႏွုတ္ဆက္လိုက္အုံး... သူတို႔ေတြအကုန္ မင္းကို အရမ္းစိတ္ပူေနၾကတာ"

ေရွာင္ခ်ီမွာ လသာေဆာင္တံခါး၌ ေစာင့္ေနသည့္လူမ်ားကို ၾကည့္လိုက္ၿပီး ေခါင္းညိတ္ကာ တံခါးဆီသို႔ ေလၽွာက္သြားဖို႔ မတ္တပ္ထရပ္လိုက္သည္။

ေျခႏွစ္လွမ္းေလာက္ ေလၽွာက္ၿပီးေနာက္ ထုံေခ့်က ေနာက္က လိုက္မလာသည္အား ေတြ႕လိုက္ရသျဖင့္ ျပန္လွည့္၍ ေမးလာသည္။

"​ေရွာင္ေခ့်ေကာေကာ ျပန္...မဆင္းဘူးလားဟင္? "

"အရင္သြားႏွင့္" ထုံေခ့်က တုံ႔ျပန္လိုက္သည္။ "ေအာက္ထပ္က Activityအခန္းမွာ Musical အစမ္းေလ့က်င့္ေနတာရွိတယ္... ငါဒီမွာခဏေလာက္ထိုင္ေနဦးမလို႔ "

ေရွာင္ခ်ီက သူ႔ကို ၾကည့္၍ တံခါးဝမွာရပ္ေနတဲ့ မုဟန္ဖုန္းအား ထပ္ၾကည့္လိုက္ၿပီး ဘာမွ ထပ္မေျပာေတာ့ပါဘဲတံခါးဆီ သြားလိုက္ေတာ့သည္။

သူမ ေက်ာက္လီနဲ႔ အန္တီဝူတို႔ ထြက္သြားၾကတဲ့အခါ မုဟန္ဖုန္းက လသာေဆာင္ကိုဝင္လာခဲ့ၿပီး တံခါးပိတ္လိုက္​၏။

ထုံေခ့်က ေအာက္မွာ ထိုင္ေနဆဲျဖစ္ၿပီး မုဟန္ဖုန္း သူ႔အနားကို တစ္လွမ္းခ်င္း ကပ္လာသည္အား ေမာ့ၾကည့္လာခဲ့သည္။ တစ္စကၠန႔္အတြင္း အျခားသူမ်ားေတြကို ဉာဏ္အလင္းေပးခဲ့သည့္ အစ္ကိုႀကီးတစ္ဦးျဖစ္ခဲ့ေသာ္လည္း အခုခ်ိန္မွာေတာ့ ရွက္ဝဲဝဲနဲ႔ ေၾကာင္ငယ္ေလးအျဖစ္ ျပန္ေျပာင္းသြားရေခ်ၿပီ။

သူ႔လက္ပတ္ကို ခၽြတ္လိုက္ကတည္းက တမင္တကာကို တံခါးဝအား လွည့္မၾကည့္ေတာ့ပါေခ်။မုဟန္ဖုန္းက ထိုေနရာ၌ ရပ္ေနၿပီး သူ႔ကို တစ္ခ်ိန္လုံး ၾကည့္ေနေၾကာင္းကိုလဲ သိပါ​၏။

ဒီအခြင့္အေရးကို ယူ၍ မုဟန္ဖုန္းအား သူေၾကာက္ရြံ႕ခဲ့ရသမၽွကို ေျပာျပဖို႔ရာလဲ စိတ္ကိုျပင္ဆင္ၿပီးၿပီပင္။

သို႔ေပမယ့္လဲ မုဟန္ဖုန္း နီးကပ္လာတာကို ျမင္ရေလေလ ျပန္တပ္ေခါက္မိေလေလျဖစ္ေနခဲ့သည္။

သူက လက္ပတ္နဲ႔ မဖုံးထားသည့္ လက္ေကာက္ဝတ္ကို ငုံ႔ၾကည့္လိုက္ရာ အမာရြတ္ေတြ လွိမ္ယွက္ေနသျဖင့္ ႐ုပ္ဆိုးသည္ဟု ခံစားမိကာ မုေလာင္ရွီးအား မျပနိုင္ခဲ့ပါေခ်။

ထိုသို႔ေတြးရင္း ထုံေခ့်ဟာ လက္ပတ္ကို ေနာက္တစ္ခါေကာက္၍ သူ႔လက္ေပၚဝတ္ရန္ ျပင္လိုက္​၏။

သို႔ေသာ္ သြယ္လ်လ်လက္တစ္စုံက သူ႔ေရွ႕ ႐ုတ္တရက္ေရာက္လာၿပီး သူ႔လက္ကို ဆုပ္ကိုင္လိုက္ေလသည္။

ထုံေခ့် လန႔္သြားကာ ေခါင္းေမာ့လ်က္ မုဟန္ဖုန္းအား တိုးတိုးေလး ေခၚလိုက္မိသည္။ " မုေလာင္ရွီး"

မုဟန္ဖုန္းမွာ သူ႔ကိုငုံ႔ၾကည့္လာၿပီး မ်က္လုံးေတြမွိတ္ထားရင္း အတြင္းအဂၤါမ်ားမွ နာက်င္မွုေတြ႐ုန္းႂကြေနသည္ကိုသာ ခံစားေနခဲ့ၿပီး သူ႔လည္ေခ်ာင္းမွာလဲ ေသြးပ်စ္ပ်စ္တို႔ ဆန္တက္ေနခဲ့သည္။ သူက အက္ကြဲကြဲအသံနဲ႔ ေျဖလိုက္သည္။ " အင္း မုေလာင္ရွီး ရွိတယ္ "

ထုံေခ့်မွာ မသိလိုက္မသိဘာသာနဲ႔ သူ႔လက္ကို ျပန္ဆြဲယူရန္ ႀကိဳးစားရင္း အသံေသးေသးေလးျဖင့္ "အဲဒါ... ႐ုပ္ဆိုးတယ္... မၾကည့္နဲ႔ "

မုဟန္ဖုန္းက သူ႔လက္ကို မလႊတ္ေပးပါဘဲ ခပ္တင္းတင္းပင္ ဆုပ္ကိုင္လိုက္ၿပီး မ်က္ေမွာင္ၾကဳတ္လ်က္ေျပာလာခဲ့သည္။ "ေပါက္ကရေတြ... လုံးဝ႐ုပ္ဆိုးတာ မဟုတ္ဘူး "

ထိုသို႔ေျပာၿပီး သူက ငုံ႔လိုက္၍ ထုံေခ့်​၏ အမာရြတ္ေတြနဲ႔ လက္ေကာက္ဝတ္ကို ဖြဖြေလး မ,ယူကာ သူ႔ႏွုတ္ခမ္းေတြေပၚတင္လိုက္ၿပီး တေလးတစားနဲ႔ ညင္သာတဲ့ အနမ္းတစ္ပြင့္ ေပးလိုက္ေတာ့​၏။

ေလႏုေအးေအးေလးျဖင့္ ပြတ္တိုက္သြားသလို၊ ငွက္ေမႊးေလးျဖတ္သန္းသြားသလို အလြန္ကို ႏူးညံ့ညင္သာေသာ အထိအေတြ႕တစ္ခုပင္။ ထိုတစ္ဒဂၤ၌ အမာရြတ္ေတြနဲ႔လုံးလုံးျပန္ေကာင္းမလာနိုင္ေတာ့တဲ့ ဒဏ္ရာေတြအားလုံး ျပန္ကုစားနိုင္တဲ့အခြင့္အေရးတစ္ခု ရလိုက္သလို ခံစားလိုက္ရသည္။

ထုံေခ့် တုန္လွုပ္သြားရၿပီး ေနာက္စကၠန႔္မွာပဲ သူ႔တစ္ကိုယ္လုံးဟာ မုဟန္ဖုန္းထံမွ ျမဲၿမံစြာ ဝိုင္းပတ္၍ ဖက္တြယ္ခံလိုက္ရသည္။

သူက မုဟန္ဖုန္း လည္ပင္းမွာ ေခါင္းျမဳပ္လိုက္ကာ မ်က္လုံးက စိုစြတ္မွုေတြကို မထိန္းထားနိုင္ေတာ့ပဲ ပြတ္လိုက္မိ​၏။ ေနာက္ဆုံးမွာေတာ့ တုံ႔ဆိုင္းရိပ္မရွိေတာ့ပါဘဲ သူေျပာလာခဲ့ပါသည္။

" မုေလာင္ရွီး.... ခင္ဗ်ား... ကၽြန္ေတာ့္ မိသားစုအေၾကာင္းသိခ်င္လား? "

~~~~~~~~~~~~~~~

The author has something to say: ထုံထုံက ပိုေကာင္းလာခဲ့တယ္။အရင္ကထက္ ရဲရင့္လာၿပီး သူ႔ႏွလုံးသားထဲမွာ ျမႇုပ္ထားတဲ့ အမာရြတ္ေတြကို မုေလာင္ရွီးကို ထုတ္ျပဖို႔ ဆႏၵရွိလာတယ္။ ၿပီးေတာ့ အနာဂတ္မွာ သူတို႔ေတြ ပိုေကာင္းလာေတာ့မွာ ေသခ်ာပါတယ္။

Continue Reading

You'll Also Like

110K 12.9K 11
原来你也喜欢我 by One Puffed Rice Cake [一个米饼] Genre : Romance, Shounen Ai,Slice of Life 10 chapters (Completed) This is fan-translated version and offline...
1.2M 168K 197
ချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတ...
553K 40K 139
Title {You Own My All} Author {绿野干鹅} Mm translator {Aira} Crd to author and eng translator
558K 62.8K 64
Zawgyiသမားေတြအတြက္ေအာက္ဆြဲခ်ၿပီးဖတ္ၾကည့္ပါေနာ္ ''ဘယ်သူမှ အိုစာနေတဲ့အိပ်ရာဖော်ကိုသဘောကျမှာမဟုတ်ဘူးလေ'' "ဒါသဘောကျရုံသက်သက်မဟုတ်ဘူး အချစ်'' all crd to o...