အမတ္ႀကီးရဲ႕အပယ္ခံသား (အမတ်ကြီ...

由 Neko_san_ZP

853K 120K 3.3K

Started date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တ... 更多

Chapter -1 (ျပန္လည္ေမြးဖြားလာသည့္ဒန္နာရီ)
Chapter -2(အစကေန ျပန္လည္စတင္ျခင္း)
Chapter-3
Chapter-4
Chapter-5 (Pink Rose meaning please believe me)
Chapter-5.0
Chapter-6.1
Chapter-6.2(အီဆိုနာနယ္ေျမ)
Chapter -7
Chapter -8.1
Chapter-8.2.
Chapter -9
Chapter -10
Chapter -11.1
Chapter-11.0
Chapter-11.2
Chapter-12
Chapter -13
Chapter-14
Chapter-15
Chapter -16
Chapter -18
Chapter -19
Chapter -20
Chapter-21
Chapter -22
Chapter -23
Chapter -24
Chapter -25
Chapter -26
Chapter -27
Chapter-28
Chapter -29
Chapter -30
Chapter -31
Chapter -32
Chapter -33
Chapter -34
Chapter -35
Chapter-36
Chapter -37
Chapter -38
Chapter -39
Chapter -40
Chapter -41
Chapter-42
Chapter -43
Chapter -44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter -49
Chapter -50
Chapter-51
Chapter -52
Not update
Chapter -53
Chapter-54
Chapter-55
Chapter -56
Chapter -57
Chapter-58
Chapter-59
Chapter -60
Chapter -61
Chapter-62.1
Chapter-62.2
Chapter-63
Chapter -64
Chapter -65
Chapter -66
Chapter -67
Chapter -68
Chapter -69
chapter -70
Chapter -71
Chapter -72
Chapter-73
Chapter-74
Chapter -75
Chapter -76
Chapter-77
Chapter -78
Chapter-79
Chapter-80
Chapter -81
Chapter-82
Chapter-83
Chapter -84
Chapter - 85
Chapter-86
Chapter -87
Chapter -88
About paid
Chapter-89
Chapter -90
Chapter -91
Chapter -92
Chapter -93
Chapter -94
Chapter -95
Chapter -96
Chapter-97
Chapter -98
Hello
Chapter-99
Chapter-100
Chapter -101
Chapter-102
Chapter-103
Chapter-104
Chapter-105
Chapter-106
Chapter-107
Chapter-108
//Plz Read//
//not update//
Chapter-109
Chapter -110
Chapter-111
Chapter-112
Chapter-113
Chapter -114
Chapter-115
Chapter-116
Chapter-117
Chapter-118
Chapter-119
Chapter-120
Hello//
Chapter-121
Chapter -122
Chapter-123
Chapter-124
Chapter-125
Chapter -126
Chapter -127
Chapter-128
Chapter-129
Chapter-130
//spoils//
Chapter-131
Chapter-132.1
Chapter-132.2
about Season-2

Chapter -17

7.9K 1.3K 31
由 Neko_san_ZP

Zawgyi

ဒန္နာရီဟာ ျပတင္းေပါက္ကေန အျပင္ဘက္ပန္းျခံကို ေငးေမာၾကည့္လိုက္ၿပီး အသက္မပါစြာျပံဳးလိုက္သည္၊ျဖာဆင္းလာတဲ့ေနေရာင္ဟာ ဒန္နာရီေပၚက်ေနၿပီး ဂ်က္ေက်ာက္လိုမဲနက္ေနတဲ့ဆံပင္မ်ားဟာ ေနေရာင္ေၾကာင့္ ေတာက္ေျပာင္ကာၾကည့္ေကာင္းေနၿပီ ပတၱျမားလိုနီရင့္ရင့္မ်က္ဝန္းတစ္စံုဟာ ဝမ္းနည္းမႈမ်ားကို ေဖာ္ၾကဴးထားေတာ့သည္၊

ဒန္နာရီ သိပ္မေမ်ွာ္လင့္ခဲ့ေပမယ့္ ထိုသတင္းၾကားေတာ့ သူ႔ကိုယ္သူ အ႐ူးဟုသာ လက္ညိွဳးထိုးလိုက္ခ်င္သည္၊ဒီအေပၚေလာင္းကစားလုပ္ခဲ့ေပမယ့္ ဒန္နာရီဟာ အႏိုင္လည္းမရ႐ွိခဲ့သလို ႐ွံူးလည္းမ႐ွံူးနိမ့္ခဲ့ေပ၊

သူတို႔အေဖဟာ ကလီနာကိုသာေရြးခ်ယ္သြားေတာ့သည္၊ဆုိရက္စ္ သြားေရာက္ေျပာဆုိတုန္းက အေျဖေသခ်ာစြာမေပးေပမယ့္ ထိုေန႔ညမွာ ကလီနာစကားေၾကာင့္ စိတ္ေျပာင္းသြားသည္ဟု ဒန္နာရီသိရသည္၊သူတို႔ေတြက အန္ဒီးယားဟာ ေအာင္ျမင္စြာႏိုးထလာမည္ဟု ထင္ေနပံုရသည္၊

အက်ိဳးအျမတ္ကိုသာ လိုလားသည့္သူတို႔အေဖအေၾကာင္း ဒန္နာရီသိၿပီးသားေပမယ့္ သားတစ္ေယာက္အေနနဲ႔ အေဖ့အေပၚ ယုံၾကည္မိေစခဲ့သည္၊

*ဒီေလာကက ေလာဘသားေတြျပည့္သိပ္ေနတာ ဒန္နာရီ...တစ္ခ်ိဳ႕ေတြက ေသြးသားရင္းျဖစ္ေနရင္ေတာင္ ေရာင္းစားဖို႔အတြက္ မတြန္႔တိုသလို၊ကိုယ့္ေသြးသားရင္းေတြရဲ႕အသက္ကိုေတာင္ ဂ႐ုမစိုက္က်ဘူး* ဇီႏိုေျပာသည္ကို ဒန္နာရီနားလည္သည္၊အစတည္းက ဇီႏိုကအေျဖကို သိၿပီးသားျဖစ္မည္၊

"ကြၽန္ေတာ္ နားလည္ပါၿပီ" ဒန္နာရီရဲ႕မ်က္ဝန္းမ်ားဟာ ေမွးမွိန္က်သြားၿပီး မ်က္ဝန္းထဲမွာေဆြးေျမ့မႈမ်ားကို တစိုးတစေတြ႔လိုက္ရသည္၊ဒါေပမယ့္ ဇီႏိုဟာ မႏွစ္သိမ့္ေတာ့ေပ၊ဒန္နာရီဟာ အေျဖမွန္ကို သိေနရဲ႕နဲ႔ ေမ်ွာ္လင့္ခ်က္ဆက္ထားခဲ့ရံုပင္မလား၊

ဒန္နာရီဆုိတဲ့လူငယ္ေလးဟာ ဒီအင္ပါယာႀကီးမွာတင္မကဘူး အျခားေနရာေတြထိပင္ ေအာင္ျမင္ေက်ာ္ၾကားလာမည့္လူမ်ိဳးျဖစ္ၿပီး ထိုလူငယ္ကို လစ္လ်ဴ႐ႈခဲ့သည့္အမတ္ႀကီးဟာ ေနာင္တရလိမ့္မည္၊ျမင္ခ်င္စမ္းပါဘိ အခ်စ္ဆံုးသားက လိမ္လည္ၿပီးေက်ာ္ၾကားလာခ်ိန္မွာ အပယ္ခံသားက တစ္ကယ့္ပါရမီ႐ွင္ဆုိတာ သိခဲ့ရင္ ဘယ္ေလာက္ထိ ႏွေျမာတသျဖစ္ၿပီး ေနာင္တရေနမလဲဆုိတာကိုေပါ့၊

"သခင္ေလး ပထမသခင္ေလးက ေတြ႔ခြင့္ေတာင္းေနတယ္" အန္နာဟာ ေရႊေရာင္မ်ွင္မ်ားနဲ႔ေရာစပ္ယက္လုပ္ထားတဲ့အနက္ေရာင္ျခံဳထည္ကို ဒန္နာရီကိုယ္ေပၚ ျခံဳေပးလိုက္ရင္းေျပာလိုက္သည္၊ဒန္နာရီဟာ ေခါင္းညိတ္လိုက္ေတာ့ သူမဟာ တံခါးကို သြားဖြင့္ေပးလိုက္သည္၊

ဆိုရက္စ္ဟာ ဒန္နာရီအခန္းထဲဝင္လာၿပီး ဒန္နာရီကို တင္းၾကပ္စြာေပြ႔ဖက္လိုက္သည္၊ဆိုရက္စ္ရဲ႕ပတၱျမားေရာင္မ်က္ဝန္းတစ္စံုဟာ ဝမ္းနည္းမႈေတြနဲ႔အတူ အျပစ္႐ွိဟန္ေတြဟာ ထင္ထင္႐ွား႐ွားပင္၊

"ကိုကို ေတာင္းပန္ပါတယ္ ဒန္နာရီ" ပထမသခင္ေလးေပမယ့္ သူ႔ညီငယ္ေလးကိုေတာင္ မကာကြယ္ႏိုင္သည္ဟာ ႐ွက္စရာပင္၊သူဟာ ဘယ္ေလာက္ပင္ ထက္ျမက္ပါေစ၊ထူးခြၽန္ပါေစ... အာဏာမ႐ွိရင္ ထိုအခ်င္းအရာေတြဆုိတာ အလဟသဆုိတာ နားလည္လိုက္သည္၊ကိုယ္ခ်စ္တဲ့သူေတြကို ကာကြယ္ဖို႔ ဆုိရက္စ္အေနနဲ႔ ႐ိုစဲဆလပ္အိမ္ေတာ္ရဲ႕ဆက္ခံသူအစစ္အမွန္ျဖစ္ရန္ လိုအပ္သည္၊အရင္တုန္းက ထိုရာထူးကို ဆိုရက္စ္မမက္ေမာခဲ့ေပမယ့္ ဒန္နာရီကိစၥနဲ႔ပတ္သတ္ၿပီး သူ႔ကို မီးေမာင္းထိုးျပလိုက္သလိုပင္၊

အဲ့မိန္းမက သူမသားအတြက္ သူရဲ႕ညီေတြကို ယစ္ေကာင္အျဖင့္ လုပ္လိုက္လိမ့္မည္လို႔ ဘယ္သူက ေျပာႏိုင္မွာလဲ!

"အစ္ကိုဆိုရက္စ္ ကြၽန္ေတာ္အဆင္ေျပပါတယ္" အသက္ေျခာက္ႏွစ္အရြယ္ေကာင္ေလးရဲ႕မ်က္ဝန္းမ်ားဟာ ပကတိသန္႔႐ွင္းစင္ၾကယ္လြန္းသည္၊ထိုသန္႔႐ွင္းၾကယ္စင္တဲ့မ်က္ဝန္းေတြနဲ႔ရင္ဆိုင္ရေလေလ ကလီနာေပၚ ထား႐ွိသည့္ ဆိုရက္စ္အမုန္းဟာ ႀကီးထြားလာေလေလျဖစ္သည္၊

*မင္းအစ္ကိုရဲ႕ႏွလံုးသားထဲက အမုန္းတရားေတြက အနက္ေရာင္စြန္းေနၿပီ*ဇီႏိုရဲ႕စကားေၾကာင့္ အစ္ကိုဆုိရက္စ္ကို ဒန္နာရီစိုးရိမ္သြားေတာ့သည္၊ဇီႏိုရဲ႕သင္ျပမႈေအာက္မွာ 'Dark heart'အေၾကာင္းကို ဒန္နာရီသိ႐ွိထားၿပီးၿပီမလား၊

ထိုႏွလံုးသားပိုင္႐ွင္ေတြဟာ အေမွာင္ဘက္ျခမ္းက သူေတြရဲ႕သားေကာင္အႀကီးစားမ်ားျဖစ္ၿပီး အသိစိတ္လြတ္ေစသြားတဲ့အထိ ဆိုးဝါးလွသည္၊

"အစ္ကိုဆုိရက္စ္" ဒန္နာရီ လူတစ္ေယာက္ကို မႏွစ္သိမ့္တတ္ေပ၊ဘယ္လိုႏွစ္သိမ့္ရမည္လည္း ဒန္နာရီမသိတာေၾကာင့္ အစ္ကိုဆုိရက္စ္ရဲ႕လက္တစ္ဖက္ကိုသာ ဒန္နာရီလက္ႏွစ္ဖက္နဲ႔ဆုပ္ကိုင္လိုက္ေတာ့သည္၊

"အစ္ကိုဆုိရက္စ္က ကြၽန္ေတာ့္ကို ပထမဆံုးကာကြယ္ေပးခဲ့တဲ့သူပါ"

"ကိုကိုက ဘယ္လိုလုပ္ မင္းကို..." ဆုိရက္စ္ဟာ ဆက္မေျပာႏိုင္ေအာင္ ဆို႔နစ္သြားေတာ့သည္၊ထိုေန႔က ေတြ႔ခဲ့တဲ့ဒန္နာရီပံုရိပ္ဟာ သူ႔ကို ေျခာက္လန္႔ေနစမ္းေပ၊ျဖဴေလ်ာ့ေနေသာမ်က္ႏွာေလးနဲ႔ေအးစက္ေသာၾကမ္းျပင္မွာ ေခြေခြေလးလဲေနပံုဟာ ဆိုရက္စ္ရဲ႕အသည္းေတြကို တစစီစားသံုးေနသလိုပင္၊

"အစ္ကိုဆိုရက္စ္ ကြၽန္ေတာ့္ကို ေပးခဲ့တဲ့လက္စြပ္ကို မွတ္မိေသးလား" ဒန္နာရီဟာ သူ႔ဆြဲထားတဲ့ဆြဲႀကိဳးကို ထုတ္ျပကာ လက္စြပ္ကိုျပလိုက္သည္၊ဆိုရက္စ္မွတ္မိတာေပါ့ သူ႔ညီငယ္ေလးဝမ္းနည္းေနတုန္းက ထိုလက္စြပ္ဟာ သူတို႔ညီအစ္ကိုၾကား လမ္းဖြင့္ဟေပးလိုက္သည့္လက္စြပ္ေလးမလား၊

"ဒါက သာမန္လက္စြပ္ပဲမဟုတ္ဘူးလား" ဆိုရက္စ္ဟာ ေျပာလိုက္ေတာ့ ဒန္နာရီဟာ ေခါင္းခါလိုက္ၿပီး အနီေရာင္ေဂၚမုတ္စိန္လက္စြပ္(Garnet Red Ring)ကို လက္ႏွစ္ဖက္နဲ႔ဆုပ္ကိုင္လိုက္ၿပီး "နာရီးနိစ္" လို႔ ရြတ္ဆုိလိုက္သည္၊ထိုအခါမွာေတာ့ အရင္ကပံုစံနဲ႔မတူကာ အစိမ္းေရာင္သစ္ရြက္အေတာင္ပံေလးရယ္၊ခ်စ္စရာေကာင္းတဲ့မ်က္ႏွာေလးနဲ႔နတ္သူငယ္ေလးထြက္လာေတာ့သည္၊နတ္သူငယ္ေလးဟာ ေရႊအိုေရာင္ဆံပင္အဆင္း႐ွိၿပီး အစိမ္းေရာင္မ်က္ဝန္းမ်ားကို ပိုင္ဆိုင္ကာ ဒန္နာရီကိုၾကည့္လိုက္ၿပီး ဒန္နာရီရဲ႕ပါးေလးကို ဖြဖြေလးနမ္းလိုက္သည္၊

"သူက..." ဆိုရက္စ္ဟာ ျဖစ္ပ်က္သြားသည့္ကိစၥေတြကို နားမလည္စြာျဖင့္ ဒန္နာရီကိုၾကည့္လိုက္သည္၊

"အစ္ကိုဆုိရက္စ္ရဲ႕သီခ်င္းဆုိတတ္တဲ့မွင္စာေလးက တစ္ကယ္ေတာ့ Spiritsအ႐ွင္သခင္ႀကီးရဲ႕တတိယသား Summer spirit နာရီးနိစ္ပဲ" ဒန္နာရီဟာ နာရီးနစ္ကို နတ္သူငယ္ဘာသာစကားနဲ႔ဆိုရက္စ္အေၾကာင္းကို ေျပာျပလိုက္သည္၊တစ္ကယ္ေတာ့ ဆုိရက္စ္ကမွ နာရီးနစ္ရဲ႕ကယ္တင္႐ွင္ပင္၊

"နာရီးနစ္ရဲ႕ေမွာ္စြမ္းအင္က ကုသျခင္းနဲ႔ကာကြယ္ျခင္းေလ အဲ့ေန႔က ဒီလက္စြပ္ေလးက ကြၽန္ေတာ့္ကို ကယ္တင္သြားခဲ့တာပဲ" ဒန္နာရီ ေျပာတာအမွန္ေပ၊ဇီႏိုအကူအညီေၾကာင့္ေပမယ့္ ဇီႏိုဟာလည္း နာရီးနစ္ရဲ႕ေမွာ္အစြမ္းကို ငွါးယူခဲ့ကာ ဒန္နာရီကို ကာကြယ္ေပးခဲ့သည္၊နာရီးနစ္ဟာ ဒန္နာရီရဲ႕ဝွက္ဖဲေပမယ့္ သူ႔အစ္ကိုကိုေတာ့ 'dark heart'ပိုင္႐ွင္မျဖစ္ခ်င္ေစတာေၾကာင့္ ထုတ္ေဖာ္လိုက္ရျခင္းျဖစ္သည္၊

နာရီးနစ္ဟာ ဒန္နာရီကိုၾကည့္လိုက္ၿပီးေနာက္မွာ ဆိုရက္စ္ကိုၾကည့္ကာ တိုးတိုးေျပာလိုက္သည္၊

"နာရီးနစ္က အစ္ကိုဆုိရက္စ္ကို လက္ေဆာင္ေပးခ်င္လို႔တဲ့" ဒန္နာရီဟာ ၾကားကေန ဘာသာျပန္ေပးလိုက္ၿပီးေနာက္မွာ ဆုိရက္စ္ဟာလည္း နာရီးနစ္ကို အ႐ိုအေသေပးလိုက္သည္၊ထိုေနာက္မွာ နာရီးနစ္ဟာ အရင္အတိတ္ဘဝကအတိုင္း သူရဲေကာင္းဓားနဲ႔ခရမ္းျပာႏု​ေရာင္ ဂႏၶမာပန္း(Lavender Chrysanthemum)ေပးလိုက္ၿပီးေနာက္မွာ ဆိုရက္စ္ပါးကို ဖြဖြေလးနမ္းကာ ဒန္နာရီလက္စြပ္ထဲ ျပန္ဝင္သြားေတာ့သည္၊

"ဒီဓားက..." ဓားေရးကို အဓိကထားေလ့က်င့္တဲ့သူပီပီ နာရီးနစ္ခ်ီးျမႇင့္လာတဲ့ဓားဟာ သာမန္မဟုတ္ဘူးဆုိတာ ဓားကိုကိုင္လိုက္ခ်ိန္မွာ ဆုိရက္စ္ခံစားမိသည္၊ဒီဓားဟာလည္း သူ႔ကိုလက္သင့္ခံေနသလိုေပ၊ ထိုေနာက္မွာ ဆုိရက္စ္ဟာ ဂႏၶမာပန္းကို ၾကည့္ရင္ေခါင္းကုတ္သြားေတာ့သည္၊ေယာက်ာ္းေလးတစ္ေယာက္အေနနဲ႔ ဒီပန္းကို ဘာလုပ္ရမည္နည္း၊

"ညီငယ္ေလးက ငယ္ေသးေတာ့ ပန္းႀကိဳက္တယ္မလား ကိုကိုလက္ေဆာင္ေပးတယ္ သေဘာထားလိုက္ရင္"

Manaျဖည့္လြယ္တဲ့ပန္းကို ဝန္ထုပ္ဝန္းပိုးႀကီးလို ငယ္ရြယ္တဲ့ညီငယ္ေလးဆီ တြန္းပို႔ေနတဲ့ဆိုရက္စ္ေၾကာင့္ ဒန္နာရီျပံဳးသြားေတာ့သည္၊ေမွာ္ပန္းပင္ေတြနဲ႔ပတ္သတ္ၿပီး စိတ္ဝင္စားမႈမ႐ွိတဲ့ ပထမအစ္ကိုဟာ ဒီပန္းအေၾကာင္းကို နားလည္မည္မဟုတ္ေပ၊

'ငယ္ရြယ္တိုင္း ပန္းႀကိဳက္တယ္လို႔ ဘယ္သူေျပာခဲ့တာလဲ' ဒါေပမယ့္ ဒန္နာရီဟာ ပန္းခက္ တစ္ခတ္ကို ခ်ိဳးလိုက္ၿပီး သူ႔အစ္ကိုရဲ႕ရင္ဘက္အက်ႌၾကားထိုးေပးရန္ လက္ကမ္းလိုက္ေပမယ့္ သူ႔အစ္ကိုရဲ႕ျမင့္မားလွတဲ့အရပ္ေၾကာင့္ ဒန္နာရီမ်က္ႏွာေလးဟာ ဆူပုပ္ပုပ္ေလးျဖစ္သြားေတာ့သည္၊

"အစ္ကိုဆိုရက္စ္က အရပ္႐ွည္လြန္းတယ္"မေက်မနပ္ေလး ေျပာဆိုလာတဲ့ညီငယ္ေလးေၾကာင့္ ဆိုရက္စ္မွာ အသည္းယားစြာ ဒန္နာရီကိုယ္ေလးကို ပင့္ခ်ီလိုက္ေတာ့သည္၊ျပဴးက်ယ္ဝိုင္းစက္သြားေသာမ်က္လံုးဝိုင္းဝိုင္းေလးေတြနဲ႔ နီရဲသြားေသာမ်က္ႏွာၾကားထဲမွာ သူရဲ႕ရင္ဘက္အက်ႌအိပ္ကပ္ၾကား ဂႏၶမာပန္းကို ရေအာင္ထိုးစိုက္လိုက္ေသးသည္၊

"အစ္ကိုဆိုရက္စ္ ေနာက္ေန႔မွာ ေတာ္ဝင္မင္းသားနဲ႔အတူ တတိယနယ္ေျမဂိတ္ကို သြားေလ့က်င့္ရမွာမလား...ဒီပန္းကို လံုးဝမလြင့္ပစ္ရဘူး"

"ကတိ" လက္သီးဆုပ္ထားသည့္လက္ေသးေသးကေန လက္သန္းေလးဟာ ထြက္လာကာ ေလးနက္စြာကတိေတာင္းလာတဲ့ဒန္နာရီပံုစံေၾကာင့္ ဆိုရက္စ္ရဲ႕အျပံဳးမ်ားဟာ ေတာက္ပလာၿပီး ထိုလက္သန္းေလးကို သူရဲ႕လက္သန္းနဲ႔ခ်ိတ္လိုက္ၿပီး ပါးေဖာင္းေဖာင္းကိုလည္း နမ္းလိုက္ေတာ့သည္၊

"ကိုကို ကတိေပးတယ္" လို္ေျပာလိုက္ၿပီးေနာက္မွာ ဒန္နာရီကို ဆိုဖာေပၚတင္လိုက္ၿပီး အနက္ေရာင္ဆံပင္တိုေလးမ်ားကို ဖြကာ ဆိုရက္စ္လည္း ဒန္နာရီရဲ႕အခန္းထဲကေန ထြက္သြားေတာ့သည္၊

ဒန္နာရီပါးေပၚလက္တင္ရင္း ေၾကာင္အအေလးသာ က်န္ခဲ့ေတာ့သည္၊သူရဲ႕မ်က္ႏွာေလးဟာ မီးကင္ထားသလို ပူထူေနကာ သူ႔အစ္ကိုဟာ သူ႔ပါးကို နမ္းသြားသည္ကို မယုံႏိုင္ျဖစ္ေနေတာ့သည္၊

"အစ္ကိုဆိုရက္စ္က ကြၽန္ေတာ့္ကို ခ်စ္တာေပါ့ေနာ္" မိသားစုရဲ႕ခ်စ္ျခင္းေမတၱာကို လိုခ်င္ေသာေကာင္ေလးမွာ မိသားစုဝင္ေတြက ခ်စ္ေပးတဲ့ခံစားခ်က္ကို နားမလည္႐ွာေပ၊

*ခ်စ္လို႔ နမ္းသြားတာပဲေလ*ဇီႏိုဟာ ဒန္နာရီကို ျပံဳးကာၾကည့္ရင္းေျပာလိုက္သည္၊ဒန္နာရီဟာ 'အထီးက်န္ႏွလံုးသား'ပိုင္႐ွင္ေပ၊စိတ္ႏွလံုးသားဟာ ပကတိ႐ွင္းသန္႔ေသာ္လည္း မေကာင္းတဲ့သူေတြနဲ႔ ဆံုေတြ႔ခဲ့ရင္ ပ်က္စီးလြယ္လွသည္၊

ေရစက္႐ွိေနသ၍ ဒီကေလးကို ဇီႏိုေစာင့္ေ႐ွာက္ေပးရမွာပဲေလ၊

----------------------

Unicode

ဒန်နာရီဟာ ပြတင်းပေါက်ကနေ အပြင်ဘက်ပန်းခြံကို ငေးမောကြည့်လိုက်ပြီး အသက်မပါစွာပြုံးလိုက်သည်၊ဖြာဆင်းလာတဲ့နေရောင်ဟာ ဒန်နာရီပေါ်ကျနေပြီး ဂျက်ကျောက်လိုမဲနက်နေတဲ့ဆံပင်များဟာ နေရောင်ကြောင့် တောက်ပြောင်ကာကြည့်ကောင်းနေပြီ ပတ္တမြားလိုနီရင့်ရင့်မျက်ဝန်းတစ်စုံဟာ ဝမ်းနည်းမှုများကို ဖော်ကြူးထားတော့သည်၊

ဒန်နာရီ သိပ်မမျှော်လင့်ခဲ့ပေမယ့် ထိုသတင်းကြားတော့ သူ့ကိုယ်သူ အရူးဟုသာ လက်ညှိုးထိုးလိုက်ချင်သည်၊ဒီအပေါ်လောင်းကစားလုပ်ခဲ့ပေမယ့် ဒန်နာရီဟာ အနိုင်လည်းမရရှိခဲ့သလို ရှူံးလည်းမရှူံးနိမ့်ခဲ့ပေ၊

သူတို့အဖေဟာ ကလီနာကိုသာရွေးချယ်သွားတော့သည်၊ဆိုရက်စ် သွားရောက်ပြောဆိုတုန်းက အဖြေသေချာစွာမပေးပေမယ့် ထိုနေ့ညမှာ ကလီနာစကားကြောင့် စိတ်ပြောင်းသွားသည်ဟု ဒန်နာရီသိရသည်၊သူတို့တွေက အန်ဒီးယားဟာ အောင်မြင်စွာနိုးထလာမည်ဟု ထင်နေပုံရသည်၊

အကျိုးအမြတ်ကိုသာ လိုလားသည့်သူတို့အဖေအကြောင်း ဒန်နာရီသိပြီးသားပေမယ့် သားတစ်ယောက်အနေနဲ့ အဖေ့အပေါ် ယုံကြည်မိစေခဲ့သည်၊

*ဒီလောကက လောဘသားတွေပြည့်သိပ်နေတာ ဒန်နာရီ...တစ်ချို့တွေက သွေးသားရင်းဖြစ်နေရင်တောင် ရောင်းစားဖို့အတွက် မတွန့်တိုသလို၊ကိုယ့်သွေးသားရင်းတွေရဲ့အသက်ကိုတောင် ဂရုမစိုက်ကျဘူး* ဇီနိုပြောသည်ကို ဒန်နာရီနားလည်သည်၊အစတည်းက ဇီနိုကအဖြေကို သိပြီးသားဖြစ်မည်၊

"ကျွန်တော် နားလည်ပါပြီ" ဒန်နာရီရဲ့မျက်ဝန်းများဟာ မှေးမှိန်ကျသွားပြီး မျက်ဝန်းထဲမှာဆွေးမြေ့မှုများကို တစိုးတစတွေ့လိုက်ရသည်၊ဒါပေမယ့် ဇီနိုဟာ မနှစ်သိမ့်တော့ပေ၊ဒန်နာရီဟာ အဖြေမှန်ကို သိနေရဲ့နဲ့ မျှော်လင့်ချက်ဆက်ထားခဲ့ရုံပင်မလား၊

ဒန်နာရီဆိုတဲ့လူငယ်လေးဟာ ဒီအင်ပါယာကြီးမှာတင်မကဘူး အခြားနေရာတွေထိပင် အောင်မြင်ကျော်ကြားလာမည့်လူမျိုးဖြစ်ပြီး ထိုလူငယ်ကို လစ်လျူရှုခဲ့သည့်အမတ်ကြီးဟာ နောင်တရလိမ့်မည်၊မြင်ချင်စမ်းပါဘိ အချစ်ဆုံးသားက လိမ်လည်ပြီးကျော်ကြားလာချိန်မှာ အပယ်ခံသားက တစ်ကယ့်ပါရမီရှင်ဆိုတာ သိခဲ့ရင် ဘယ်လောက်ထိ နှမြောတသဖြစ်ပြီး နောင်တရနေမလဲဆိုတာကိုပေါ့၊

"သခင်လေး ပထမသခင်လေးက တွေ့ခွင့်တောင်းနေတယ်" အန်နာဟာ ရွှေရောင်မျှင်များနဲ့ရောစပ်ယက်လုပ်ထားတဲ့အနက်ရောင်ခြုံထည်ကို ဒန်နာရီကိုယ်ပေါ် ခြုံပေးလိုက်ရင်းပြောလိုက်သည်၊ဒန်နာရီဟာ ခေါင်းညိတ်လိုက်တော့ သူမဟာ တံခါးကို သွားဖွင့်ပေးလိုက်သည်၊

ဆိုရက်စ်ဟာ ဒန်နာရီအခန်းထဲဝင်လာပြီး ဒန်နာရီကို တင်းကြပ်စွာပွေ့ဖက်လိုက်သည်၊ဆိုရက်စ်ရဲ့ပတ္တမြားရောင်မျက်ဝန်းတစ်စုံဟာ ဝမ်းနည်းမှုတွေနဲ့အတူ အပြစ်ရှိဟန်တွေဟာ ထင်ထင်ရှားရှားပင်၊

"ကိုကို တောင်းပန်ပါတယ် ဒန်နာရီ" ပထမသခင်လေးပေမယ့် သူ့ညီငယ်လေးကိုတောင် မကာကွယ်နိုင်သည်ဟာ ရှက်စရာပင်၊သူဟာ ဘယ်လောက်ပင် ထက်မြက်ပါစေ၊ထူးချွန်ပါစေ... အာဏာမရှိရင် ထိုအချင်းအရာတွေဆိုတာ အလဟသဆိုတာ နားလည်လိုက်သည်၊ကိုယ်ချစ်တဲ့သူတွေကို ကာကွယ်ဖို့ ဆိုရက်စ်အနေနဲ့ ရိုစဲဆလပ်အိမ်တော်ရဲ့ဆက်ခံသူအစစ်အမှန်ဖြစ်ရန် လိုအပ်သည်၊အရင်တုန်းက ထိုရာထူးကို ဆိုရက်စ်မမက်မောခဲ့ပေမယ့် ဒန်နာရီကိစ္စနဲ့ပတ်သတ်ပြီး သူ့ကို မီးမောင်းထိုးပြလိုက်သလိုပင်၊

အဲ့မိန်းမက သူမသားအတွက် သူရဲ့ညီတွေကို ယစ်ကောင်အဖြင့် လုပ်လိုက်လိမ့်မည်လို့ ဘယ်သူက ပြောနိုင်မှာလဲ!

"အစ်ကိုဆိုရက်စ် ကျွန်တော်အဆင်ပြေပါတယ်" အသက်ခြောက်နှစ်အရွယ်ကောင်လေးရဲ့မျက်ဝန်းများဟာ ပကတိသန့်ရှင်းစင်ကြယ်လွန်းသည်၊ထိုသန့်ရှင်းကြယ်စင်တဲ့မျက်ဝန်းတွေနဲ့ရင်ဆိုင်ရလေလေ ကလီနာပေါ် ထားရှိသည့် ဆိုရက်စ်အမုန်းဟာ ကြီးထွားလာလေလေဖြစ်သည်၊

*မင်းအစ်ကိုရဲ့နှလုံးသားထဲက အမုန်းတရားတွေက အနက်ရောင်စွန်းနေပြီ*ဇီနိုရဲ့စကားကြောင့် အစ်ကိုဆိုရက်စ်ကို ဒန်နာရီစိုးရိမ်သွားတော့သည်၊ဇီနိုရဲ့သင်ပြမှုအောက်မှာ 'Dark heart'အကြောင်းကို ဒန်နာရီသိရှိထားပြီးပြီမလား၊

ထိုနှလုံးသားပိုင်ရှင်တွေဟာ အမှောင်ဘက်ခြမ်းက သူတွေရဲ့သားကောင်အကြီးစားများဖြစ်ပြီး အသိစိတ်လွတ်စေသွားတဲ့အထိ ဆိုးဝါးလှသည်၊

"အစ်ကိုဆိုရက်စ်" ဒန်နာရီ လူတစ်ယောက်ကို မနှစ်သိမ့်တတ်ပေ၊ဘယ်လိုနှစ်သိမ့်ရမည်လည်း ဒန်နာရီမသိတာကြောင့် အစ်ကိုဆိုရက်စ်ရဲ့လက်တစ်ဖက်ကိုသာ ဒန်နာရီလက်နှစ်ဖက်နဲ့ဆုပ်ကိုင်လိုက်တော့သည်၊

"အစ်ကိုဆိုရက်စ်က ကျွန်တော့်ကို ပထမဆုံးကာကွယ်ပေးခဲ့တဲ့သူပါ"

"ကိုကိုက ဘယ်လိုလုပ် မင်းကို..." ဆိုရက်စ်ဟာ ဆက်မပြောနိုင်အောင် ဆို့နစ်သွားတော့သည်၊ထိုနေ့က တွေ့ခဲ့တဲ့ဒန်နာရီပုံရိပ်ဟာ သူ့ကို ခြောက်လန့်နေစမ်းပေ၊ဖြူလျော့နေသောမျက်နှာလေးနဲ့အေးစက်သောကြမ်းပြင်မှာ ခွေခွေလေးလဲနေပုံဟာ ဆိုရက်စ်ရဲ့အသည်းတွေကို တစစီစားသုံးနေသလိုပင်၊

"အစ်ကိုဆိုရက်စ် ကျွန်တော့်ကို ပေးခဲ့တဲ့လက်စွပ်ကို မှတ်မိသေးလား" ဒန်နာရီဟာ သူ့ဆွဲထားတဲ့ဆွဲကြိုးကို ထုတ်ပြကာ လက်စွပ်ကိုပြလိုက်သည်၊ဆိုရက်စ်မှတ်မိတာပေါ့ သူ့ညီငယ်လေးဝမ်းနည်းနေတုန်းက ထိုလက်စွပ်ဟာ သူတို့ညီအစ်ကိုကြား လမ်းဖွင့်ဟပေးလိုက်သည့်လက်စွပ်လေးမလား၊

"ဒါက သာမန်လက်စွပ်ပဲမဟုတ်ဘူးလား" ဆိုရက်စ်ဟာ ပြောလိုက်တော့ ဒန်နာရီဟာ ခေါင်းခါလိုက်ပြီး အနီရောင်ဂေါ်မုတ်စိန်လက်စွပ်(Garnet Red Ring)ကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်လိုက်ပြီး "နာရီးနိစ်" လို့ ရွတ်ဆိုလိုက်သည်၊ထိုအခါမှာတော့ အရင်ကပုံစံနဲ့မတူကာ အစိမ်းရောင်သစ်ရွက်အတောင်ပံလေးရယ်၊ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့နတ်သူငယ်လေးထွက်လာတော့သည်၊နတ်သူငယ်လေးဟာ ရွှေအိုရောင်ဆံပင်အဆင်းရှိပြီး အစိမ်းရောင်မျက်ဝန်းများကို ပိုင်ဆိုင်ကာ ဒန်နာရီကိုကြည့်လိုက်ပြီး ဒန်နာရီရဲ့ပါးလေးကို ဖွဖွလေးနမ်းလိုက်သည်၊

"သူက..." ဆိုရက်စ်ဟာ ဖြစ်ပျက်သွားသည့်ကိစ္စတွေကို နားမလည်စွာဖြင့် ဒန်နာရီကိုကြည့်လိုက်သည်၊

"အစ်ကိုဆိုရက်စ်ရဲ့သီချင်းဆိုတတ်တဲ့မှင်စာလေးက တစ်ကယ်တော့ Spiritsအရှင်သခင်ကြီးရဲ့တတိယသား Summer spirit နာရီးနိစ်ပဲ" ဒန်နာရီဟာ နာရီးနစ်ကို နတ်သူငယ်ဘာသာစကားနဲ့ဆိုရက်စ်အကြောင်းကို ပြောပြလိုက်သည်၊တစ်ကယ်တော့ ဆိုရက်စ်ကမှ နာရီးနစ်ရဲ့ကယ်တင်ရှင်ပင်၊

"နာရီးနစ်ရဲ့မှော်စွမ်းအင်က ကုသခြင်းနဲ့ကာကွယ်ခြင်းလေ အဲ့နေ့က ဒီလက်စွပ်လေးက ကျွန်တော့်ကို ကယ်တင်သွားခဲ့တာပဲ" ဒန်နာရီ ပြောတာအမှန်ပေ၊ဇီနိုအကူအညီကြောင့်ပေမယ့် ဇီနိုဟာလည်း နာရီးနစ်ရဲ့မှော်အစွမ်းကို ငှါးယူခဲ့ကာ ဒန်နာရီကို ကာကွယ်ပေးခဲ့သည်၊နာရီးနစ်ဟာ ဒန်နာရီရဲ့ဝှက်ဖဲပေမယ့် သူ့အစ်ကိုကိုတော့ 'dark heart'ပိုင်ရှင်မဖြစ်ချင်စေတာကြောင့် ထုတ်ဖော်လိုက်ရခြင်းဖြစ်သည်၊

နာရီးနစ်ဟာ ဒန်နာရီကိုကြည့်လိုက်ပြီးနောက်မှာ ဆိုရက်စ်ကိုကြည့်ကာ တိုးတိုးပြောလိုက်သည်၊

"နာရီးနစ်က အစ်ကိုဆိုရက်စ်ကို လက်ဆောင်ပေးချင်လို့တဲ့" ဒန်နာရီဟာ ကြားကနေ ဘာသာပြန်ပေးလိုက်ပြီးနောက်မှာ ဆိုရက်စ်ဟာလည်း နာရီးနစ်ကို အရိုအသေပေးလိုက်သည်၊ထိုနောက်မှာ နာရီးနစ်ဟာ အရင်အတိတ်ဘဝကအတိုင်း သူရဲကောင်းဓားနဲ့ခရမ်းပြာနု​ရောင် ဂန္ဓမာပန်း(Lavender Chrysanthemum)ပေးလိုက်ပြီးနောက်မှာ ဆိုရက်စ်ပါးကို ဖွဖွလေးနမ်းကာ ဒန်နာရီလက်စွပ်ထဲ ပြန်ဝင်သွားတော့သည်၊

"ဒီဓားက..." ဓားရေးကို အဓိကထားလေ့ကျင့်တဲ့သူပီပီ နာရီးနစ်ချီးမြှင့်လာတဲ့ဓားဟာ သာမန်မဟုတ်ဘူးဆိုတာ ဓားကိုကိုင်လိုက်ချိန်မှာ ဆိုရက်စ်ခံစားမိသည်၊ဒီဓားဟာလည်း သူ့ကိုလက်သင့်ခံနေသလိုပေ၊ ထိုနောက်မှာ ဆိုရက်စ်ဟာ ဂန္ဓမာပန်းကို ကြည့်ရင်ခေါင်းကုတ်သွားတော့သည်၊ယောကျာ်းလေးတစ်ယောက်အနေနဲ့ ဒီပန်းကို ဘာလုပ်ရမည်နည်း၊

"ညီငယ်လေးက ငယ်သေးတော့ ပန်းကြိုက်တယ်မလား ကိုကိုလက်ဆောင်ပေးတယ် သဘောထားလိုက်ရင်"

Manaဖြည့်လွယ်တဲ့ပန်းကို ဝန်ထုပ်ဝန်းပိုးကြီးလို ငယ်ရွယ်တဲ့ညီငယ်လေးဆီ တွန်းပို့နေတဲ့ဆိုရက်စ်ကြောင့် ဒန်နာရီပြုံးသွားတော့သည်၊မှော်ပန်းပင်တွေနဲ့ပတ်သတ်ပြီး စိတ်ဝင်စားမှုမရှိတဲ့ ပထမအစ်ကိုဟာ ဒီပန်းအကြောင်းကို နားလည်မည်မဟုတ်ပေ၊

'ငယ်ရွယ်တိုင်း ပန်းကြိုက်တယ်လို့ ဘယ်သူပြောခဲ့တာလဲ' ဒါပေမယ့် ဒန်နာရီဟာ ပန်းခက် တစ်ခတ်ကို ချိုးလိုက်ပြီး သူ့အစ်ကိုရဲ့ရင်ဘက်အကျႌကြားထိုးပေးရန် လက်ကမ်းလိုက်ပေမယ့် သူ့အစ်ကိုရဲ့မြင့်မားလှတဲ့အရပ်ကြောင့် ဒန်နာရီမျက်နှာလေးဟာ ဆူပုပ်ပုပ်လေးဖြစ်သွားတော့သည်၊

"အစ်ကိုဆိုရက်စ်က အရပ်ရှည်လွန်းတယ်"မကျေမနပ်လေး ပြောဆိုလာတဲ့ညီငယ်လေးကြောင့် ဆိုရက်စ်မှာ အသည်းယားစွာ ဒန်နာရီကိုယ်လေးကို ပင့်ချီလိုက်တော့သည်၊ပြူးကျယ်ဝိုင်းစက်သွားသောမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ နီရဲသွားသောမျက်နှာကြားထဲမှာ သူရဲ့ရင်ဘက်အကျႌအိပ်ကပ်ကြား ဂန္ဓမာပန်းကို ရအောင်ထိုးစိုက်လိုက်သေးသည်၊

"အစ်ကိုဆိုရက်စ် နောက်နေ့မှာ တော်ဝင်မင်းသားနဲ့အတူ တတိယနယ်မြေဂိတ်ကို သွားလေ့ကျင့်ရမှာမလား...ဒီပန်းကို လုံးဝမလွင့်ပစ်ရဘူး"

"ကတိ" လက်သီးဆုပ်ထားသည့်လက်သေးသေးကနေ လက်သန်းလေးဟာ ထွက်လာကာ လေးနက်စွာကတိတောင်းလာတဲ့ဒန်နာရီပုံစံကြောင့် ဆိုရက်စ်ရဲ့အပြုံးများဟာ တောက်ပလာပြီး ထိုလက်သန်းလေးကို သူရဲ့လက်သန်းနဲ့ချိတ်လိုက်ပြီး ပါးဖောင်းဖောင်းကိုလည်း နမ်းလိုက်တော့သည်၊

"ကိုကို ကတိပေးတယ်" လို်ပြောလိုက်ပြီးနောက်မှာ ဒန်နာရီကို ဆိုဖာပေါ်တင်လိုက်ပြီး အနက်ရောင်ဆံပင်တိုလေးများကို ဖွကာ ဆိုရက်စ်လည်း ဒန်နာရီရဲ့အခန်းထဲကနေ ထွက်သွားတော့သည်၊

ဒန်နာရီပါးပေါ်လက်တင်ရင်း ကြောင်အအလေးသာ ကျန်ခဲ့တော့သည်၊သူရဲ့မျက်နှာလေးဟာ မီးကင်ထားသလို ပူထူနေကာ သူ့အစ်ကိုဟာ သူ့ပါးကို နမ်းသွားသည်ကို မယုံနိုင်ဖြစ်နေတော့သည်၊

"အစ်ကိုဆိုရက်စ်က ကျွန်တော့်ကို ချစ်တာပေါ့နော်" မိသားစုရဲ့ချစ်ခြင်းမေတ္တာကို လိုချင်သောကောင်လေးမှာ မိသားစုဝင်တွေက ချစ်ပေးတဲ့ခံစားချက်ကို နားမလည်ရှာပေ၊

*ချစ်လို့ နမ်းသွားတာပဲလေ*ဇီနိုဟာ ဒန်နာရီကို ပြုံးကာကြည့်ရင်းပြောလိုက်သည်၊ဒန်နာရီဟာ 'အထီးကျန်နှလုံးသား'ပိုင်ရှင်ပေ၊စိတ်နှလုံးသားဟာ ပကတိရှင်းသန့်သော်လည်း မကောင်းတဲ့သူတွေနဲ့ ဆုံတွေ့ခဲ့ရင် ပျက်စီးလွယ်လှသည်၊

ရေစက်ရှိနေသ၍ ဒီကလေးကို ဇီနိုစောင့်ရှောက်ပေးရမှာပဲလေ၊

----------------------

繼續閱讀

You'll Also Like

1.4M 240K 110
Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre - Fantasy Eng Translators - Rosana Myanma...
752K 32.8K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
218K 19.8K 55
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Start Date - June 26 20...
145K 12.8K 21
Stalker !!!! WHO ??? hunnie ??? or... xiaoLu ??? HunHan|| SeLu Boy×Boy