ချစ်ခြင်းတို့အလွန်
By maiyuri18
1M 54.3K 2K
ကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ... More
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
တောင်းပန်ခြင်းနှင့်အသိပေးခြင်း
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း(၃၇)
အပိုင်း (၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း (၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း (၄၈)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
အပိုင်း (၅၉ )
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း (၆၂)
အပိုင်း(၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀) ဇာတ်သိမ်းပိုင်း (၁)
အပိုင်း(၇၁)ဇာတ်သိမ်းပိုင်း(၂)
Alert🔕
ဇာတ်သိမ်း
Extra (1) Birthday present 💙
Extra (2)
Extra (3)
Extra(4)
Extra (5) Final
အပိုင်း (၃၆)
13.4K 718 51
By maiyuri18
Please readers 👉 🙅‍♂️(ဆဲဆို ရိုင်းစိုင်းသောစကားလုံးကြမ်းများပါသောကြောင့် အသက်ပြည့်မှဖတ်စေချင်သည်)🙅‍♂️
*** ခက်ခဲသောအသက်ရူသံတွေက အချိန်နှောင်းသွားတဲ့နောင်တ,မည်လား***
"မောင်...တော်ပြီလေနော် ၊ ကိုယ်ကိုကြည့်ပါအုံး အဲလိုကြီး ငိုမနေပါနဲ့တော့မောင်ရယ် စိတ်ထိမ်းပါအုံးကွာ။ ကိုယ်တို့ ကောင်းပြည့်လေးကို ရှာရအုံးမယ်လေ မောင်ရ ၊ မောင်ကအဲလိုကြီး ကျေကွဲထိုင်ချနေတော့ ကိုယ်တို့ အချိန်ကုန်တာပေါ့ ကောင်းပြည့်လေးကိုရှာဖို့ နော် ...စိတ်ထိမ်းပါကွာ"
"အစ်....အစ်ကို...."
"ပြော...မောင်ပြော...ဘာလုပ်ချင်လဲ၊ ဘယ်ကစ ရှာကြမလဲ မောင်လုပ်ချင်တာ ကိုယ်က ဖြည့်ဆည်းပေးမှာပြောပါ "
"မ...မနက်ဖန်...ဟိုလူယုတ်မှာ...ဆီ သွားချင်တယ်...အစ်ကို.."
"မောင်...."
လုပ်ပါအစ်ကိုရယ်၊ ဒင်းကို သတ်ရမှာ မောင် နေထိုင်ရ သက်သာပါလိမ့်မယ်။ ငကောင်းက လေ မောင့်ညီလေးလည်းဟုတ်တယ်၊ မောင်သူငယ်ချင်းလည်းဟုတ်တယ်။ ငယ်စဉ်ကတည်းက အတူတူကြီးပြင်းလာခဲ့ကြတာ အစ်ကိုရယ်၊ မောင်က ပြင်ပထွက်သွားမိလို့ သူဆင်းရဲဒုခ ကြုံနေရတာ မောင် ဘာမှမသိခဲ့ရဘူး။ သူကိုစိတ်မချလို့ တဖွဖွမှာခဲ့သော အဒေါ်မိုးဝေ စကားတွေ၊ မမ မောင်လေးကိုကာကွယ်ပေးပါလို့ ကတိတောင်းခဲ့ဖူးတဲ့ မမမိုးပြည့်စကားတွေ အတွက် မောင် လက်တုန့်ပြန်မှရမယ် အစ်ကိုရယ်။ မောင်ရင်ထဲ မွန်းကြပ်လှပြီ၊ ကိုယ်ပေးတဲ့ကတိကို မတည်နိုင်ဘဲ ပေးခဲ့မိလို့ မောင်နောင်တနဲ့ မနေချင်ဘူး မောင်လိပ်ပြာမလုံဘူး အစ်ကိုရယ်။ မောင်းတောင်းပန်ဆို တောင်းပန်ပါ့မယ်ဗျာ....အဲ့လူယုတ်မာကို သတ်ရမှကျေနပ်နိုင်မယ် အစ်ကိုရယ်။ ငကောင်းအတွက် ခံစားရလွန်းလို့ပါဗျာ။
"အစ်ကို..မောင်...ကို လိုက်ပို့ပေးပါ မောင်တောင်းဆိုပါတယ်"
"မောင်..စိတ်လက်မာန်ပါ မလုပ်ရဘူးနော်၊ မောင်ကိုလည်း မထိခိုက်စေချင်သလို ရဲရင့်ကလည်း ကိုယ့်သူငယ်ချင်းမို့မောင် စိတ်ထိမ်းရမယ်နော် "
"ဟုတ်...အစ်ကို.."
"ဒါဆို မနက်ဖန် မနက် သွားကြမယ်လေ...ထက်ပိုင်တို့ပါလာဖို့ ပြောထားလိုက်မယ် နော် "
———————————————————————-
"လူနာရဲ့အခြေအနေ အရင်ကထက် ပိုကောင်းလာပါပြီ ဥက္ကဌ ၊ ဆက်စောင့်ကြည့်ရဖို့ ရက်အနည်းငယ်လောက်ပဲ ဆေးရုံမှာ နေရမှာပါဗျ ...ခွင့်ပြုပါအုံး"
"ကောင်းပါပြီ.."
"ငါပြောသားပဲ Jackရာ ငါနေကောင်းပါပြီလို့၊ မားမားဆီ ပြန်အုံး ၊ ခဏနေ ထက်ပိုင်လာမယ်ပြောတယ် ငါကိုစိတ်မပူပါနဲ့ ၊ ငါကိုယ်ငါ သတ်မသေပါဘူး စိတ်ချ ငါ့ကလေးငယ်နဲ့ ရင်သွေးလေးကို ပြန်ရှာမှာ ...ခုငါနေကောင်းနေပါပြီ"
"အေးပါ....အဲ့ဒါဆို ငါခဏ အိမ်ပြန်မယ် ကိုလင်းကိုအနားထားခဲ့မယ် ၊ ငါမကြာဘူး ပြန်လာမယ် စားချင်တာ တစ်ခုခုရှိလား "
"ငါ....ငါ တောင်းပန်ပါတယ် Jack ၊ ငါကြောင့်နဲ့ မင်းတို့ လက်ထပ်ပွဲ လုပ်ဖို့ နောက်ဆုတ်ရပြီ....ငါတောင်းပန်ပါတယ် Jack ..."
"မလိုပါဘူးကွာ...ညီအစ်ကိုတွေပဲ...နောက်အချိန်တွေအများကြီးရှိပါသေးတယ်"
Jack ကိုအားနာနေပြီ ကျွန်တော်ကြောင့် သူမြန်မာပြည်ပြန်လာရတဲ့ အကြောင်းပြချက်တချို့ နောက်ဆုတ်ခဲ့ရပြီ။ မားမားနဲ့ ပြသနာ ဖြစ်ပြီး..မားမားစီစဉ်သလိုလက်ခံပါမည်လို့ စကားတစ်ခွန်းပဲပြောပြီး ပြည်ပကို ထွက်သွားခဲ့သည်။ အချိန်ကြာမြင့်လို့ ပြန်လာတော့ လက်ထပ်ကြဖို့သင့်ပြီ၊ Jack ဇနီးလောင်းက ဆရာဝန်ဆိုတာကလွဲ ကျန်တာ ကျွန်တော်ဘာမှမသိခဲ့ရဘူး။ အရင်က ရန်ကုန်မှာ အထိုင်ချနေတာ ၊ ခု နယ်ဘက် အပြောင်းတာဝန်နဲ့ သွားတယ်ဆိုတယ်ဆိုတယ်။ မရီးက ဘယ်လိုလဲ လှသလား ၊ တင့်တယ်သလား ကျွန်တော်မသိဘူး။ ကျွန်တော်မြင်ဖူးသမျှထဲ ကျွန်တော်ရဲ့ ကလေးငယ်ကသာ အလှဆုံး၊ အတင့်တယ်ဆုံး ။ ကျွန်တော် $ သုံးမကျလို့ ကျွန်တော် ချစ်တဲ့သူ နာကျင်ရတာ၊ ကျွန်တော်ဘေးနားက လူတွေ ထိခိုက်ကျေကွဲကြရတာ။ ကျွန်တော်ရဲ့ အမှား။
——————————————————————-
ဝုန်းးးးးးးး
"သေစမ်း..,ခွေးမသား ....မင်းကို သတ်ပစ်မယ်....ခွပ် ~ ခွပ် ..မင်းကိုအရှင်မထားဘူး.."
"အာ့.....မင်း....ဝင်း...ဝင်းထက်...အာ့...အာ့..."
"သတ်ပစ်မယ် လူယုတ်မာ...မင်းကြောင့် ငကောင်း ခုလိုဖြစ်ရတာ ...သတ်ပစ်မယ်,.မင်းကိုအရှင်မထားဘူး...."
"မောင်...."
"ဖယ်စမ်း...ကျုပ်ကိုမဆွဲနဲ့....ဒီလူယူတ်မာကြောင့် ငကောင်း ဒုခရောက်ရတာ ၊ ငကောင်းခုလို ကြုံရတာ ခင်များအမြင်ပဲ သတ်ပစ်မယ် ဒင်း ကိုအရှင်မထားဘူး"
Jack ပြန်သွားပြီး မကြာမီ ...ဝုန်း ..ခနဲတံခါးဖွင့်သံနှင်အတူ လူတစ်ယောက် ဒေါသတကြီး ဖြင့် ကျွန်တော်ဆီအတင်းဝင်လာပြီး ဆွဲထိုးတယ်။ ခြေထောက်ဒဏ်ရာအရှိန်ကြောင့် ပြန်မထနိုင်ပေမယ့် လက်နဲ့မျက်နှာကို ကာထားသော်လည်း ကျွန်တော်ကို သည်းကြီးမည်းကြီး ဆက်တိုက်ထိုးနေတယ်။ မျက်စိကို ထိခိုက်မှာစိုးရိမ်၍ လက်နဲ့အလောတကြီးကာရင်း တဖက်လူကိုကြည့်လိုက်တော့ သက်ကိုအမျိုးသား ကလေးငယ်ရဲ့ သူငယ်ချင်းဖြစ်သူ ဇေယျာဝင်းထက်။ သူသိသွားပြီးပေါ့၊ သက်ကိုတို့ပြန်လာမယ်လို့ ကြားထားပေမယ့် ခုလိုအမြန်ရောက်လာလိမ့်မယ်မထင်ထားခဲ့ဘူး။ ကျွန်တော်အပေါ် အတင်းခွပြီး ထိုးနေသော ဝင်းထက်ကို သက်ကိုက ဆွဲ၍ တဖုံ၊ ကျွန်တော် သက်တော်စောင့်များမှ ပြန်ရန်ပြုမည်စိုး၍အခန်းပြင်ပ ကိုသာ အစောင့်ချထားမိသည်။ ဝင်းထက်အထိုးခံ ထိထားသော မျက်နှာတို့ ကား ဖူးရောင်ဖောင်းကားသော်လည်း မနာကျင်၊ ကလေးငယ် ကိုယ်ကြောင့် ပျောက်သွားသည်ကား အနာကျင်ရဆုံးပေတည်း။ ထိုးပါ ....စိတ်ကြိုက်ထိုးပါ...ပြီးရင် ငါ့ကလေးငယ်ကိုပြန်ပေးပါ။
"ဟိတ်ကောင်တွေ...တော်ပြီလို့၊ သက်ကို ...မင်းလင်ကို တားကွာ၊ တဖက်က ဒုက္ခိတ ...စိတ်တိုတာ တိုတာပေါ့ကွာ ...ဒုက္ခိတကို ခုလို လုပ်ရသလားဟ...ဟမ်၊ ခုကြည့်အုံး ရဲရင့်မျက်နှာရစရာမရှိတော့ဘူး....သူ့ အမှား သူသိလို့ မင်းတို့ပြောသမျှ အကုန် ခေါင်းငုံခံနေတာပဲ ...မင်းတို့ စိတ်ထိမ်းကွာ..."
"ထိုးပါစေကွာ....မင်းစိတ်ကြိုက်ထိုးပါ....ဒါပေမယ့် ကလေးငယ် မင်းဆီရှိနေလား ...ငါကိုပြန်ပေးပါကွာ...ငါ အမှားပါ ငါတောင်းပန်ပါတယ်ကွာ...ငါကလေးငယ်ကို ပြန်ပေးပါ "
"ငါ-ိုးမသား...ခွေးကောင်...$စကားပြောအုံး..ခွပ်~ ခွပ်.......မင်းပါးစပ်က ကနေ ငကောင်းနာမည်တူ နာမ်စားတောင် မထွက်နဲ့ $ ကောင်ရ ၊ မတန်ဘူး ခင်များလို လူယုတ်မာနဲ့ ၊ ခင်များ ကိုသတ်ပစ်မယ် .."
"မောင်..တော်ပြီလို့ ..ပြောနေတယ်လေ....ဘာလို့ နာနေတဲ့လူကို ထပ်ထိုးနေလဲ ၊ မောင် စိတ်ထိမ်းလို့ ၊ တဖက်က ဒုက္ခိတ မင်း ဘယ်လိုဖြစ်နေလဲ ဟမ်"
"ဘာ....ဘာလဲ ခင်များက ခင်များသူငယ်ချင်းဘက်က နာနေတာလား ဟမ်၊ ခင်များသူငယ်ချင်းကောင်းကြီး ငကောင်းအပေါ် လုပ်ခဲ့တုန်းက ခင်များတို့ ကန်းနေလား ၊ တားဖို့ မတွေးကြဖူးလား ဟမ်၊ ခုမှ -ီး စကား လာမပြောနဲ့၊ အဲ့ဒါပဲ ရမယ် သိလား ၊၊ ဘာလဲ ခုကြ ခင်များက နာနေတာလား၊ ဒီခွေးကောင် လူစိတ်မရှိ လုပ်နေတုန်းက တားလေ ခုလို တားကြပါ့လား ။ ခင်များအကုန်သိတယ်....ငကောင်း အမေ သူ့ကြောင့် သေရတာ၊ ငကောင်း အဖေက ငကောင်းကို သူကြောင့် စွန့်ပစ်လိုက်တာ ၊ ငကောင်းကို အများက ပြစ်တင်ရူံ့ချ ကြတာ ခင်များ အသိပဲ မဟုတ်လား ဟမ်၊ ပြောစမ်း ....အဲ့ဒါတွေအားလုံး...ခင်များအသိပဲ မဟုတ်လား ၊ ဘာလဲ ခုမှ ဒီခွေးဘက်ကနာနေတာလား ၊ ခင်များ....ခင်များက ဒီခွေးဘက်ကနာတယ်ဆိုရင် ကွာလိုက် ကျုပ်ကို ၊ ကျုပ်လည်း ငကောင်းဘက်က နာတယ် သိလား၊ အသည်းထဲက နာတယ် ဗျ..."
"မောင်...အဲလို..မဟုတ်ရ..."
"ဝင်းထက်....ဘာ...ဘာပြောလိုက်တာလဲ ...က...ကလေးအမေဆုံးပြီ ငါ...ငါကြောင့် ဟုတ်လား ၊ ကလေးကိုသူအဖေက ငါကြောင့်စွန့်ပစ်တာ ဟုတ်လားဟမ် ...ဖြေပါ ဝင်းထက် ဟုတ်လား...."
"ရဲရင့်....စိတ်လျော့ပါကွာ...ငါ့တို့လူတွေ ကောင်းပြည့်နေတဲ့မြို့လွတ်ထားပါတယ် ကွာ...စိတ်ထိမ်းပါ ၊ တိုက်ဆိုင်တာနေမှာပါ ၊ အသက်ကိုဖြေးဖြေးရူ ...စိတ်ကို ထိမ်း၊ အသိမလွတ်စေနဲ့ ရဲရင့်"
"ဟားးးးးးးးးးးးခင်များကြောင့် သူနာကျင်ရတာ၊ ခင်များကြောင့် သူ လှောင်ရယ်ခံရတာ၊ ခင်များကြောင့် သူမိဘတွေက သေကွဲ /ရှင်ကွဲ ကွဲခဲ့ ရတာ ၊ ခင်များကို ဘုရားလို ကိုးကွယ်ခဲ့တာ ....အဲ့တာ ခင်များသိလား ..ဟင်...လူစိတ်မရှိတဲ့ နွားရဲ့ ၊ ငါ-ိုး တဲ့၊ ခင်များသေလိုက် ..ခု ချက်ချင်း လဲသေလိုက်။ ခင်များကိုယ်တိုင်က ငကောင်းကို သတ်တာ ၊ ခင်များကိုယ်တိုင်က ခင်များရင်သွေးကို သတ်ပစ်လိုက်တာ......ဟား.........ခုမှ ဘာထဖြစ်ရတာလဲ ဟမ်၊ ခုမှ ငိုကြွေးပြနေတာလား ၊ ခုမှ ခံစားပြနေတာလား ၊ ကျေကွဲပြနေတာလား ၊ $ခွေးကောင်က မာယာများပြနေတာပဲ..ဟားးး၊ပျော်လေ....ခင်များ ဖန်တီးတဲ့ဇာတ် အခု သိမ်းသွားပြီ၊ ခင်များဖြစ်ချင်တဲ့အတိုင်း ဖြစ်နေပြီ ပျော်လေ ၊ ခု ခင်များကလေးလဲ မရှိတော့ဘူး ၊ ခင်များရင်သွေးလည်း မရှိတော့ဘူး ဟားးးးးးးးး၊ အဲ့ဒါတွေ အားလုံးက ခင်များလုပ်ခဲ့တာ ၊ ခင်များလုပ်ခဲ့လို့ အကုန် ဒုခ ရောက်ကုန်ပြီ ၊ ခုမှ ရှာနေလဲ အပိုပဲ ၊ ရှာမနေနဲ့ ၊ ကျုပ်ရှာတွေ့လို့ကတော့ ငကောင်းကိုပြောမယ် ခင်များလိုလူစိတ်မရှိတဲ့ လူကိုသေအောင်မုန်းပစ်ဖို့ "
"မောင်.....အဲ့တာ..."
"ဖယ်စမ်း ကျုပ်ကိုမထိနဲ့၊ ခင်များတို့လည်း အလိုတူ အလိုပါတွေ၊ သူများသားသမီးဖျက်စီးနေတုန်းက ကြ ကန်းနေကြတာ ၊တဖက်ကန်းတဲ့လူတွေ ခင်များတို့ ၃ယောက်လုံးကို ရွံ့တယ်....ကဲကွာ...."
ဒုန်း.....
ဝုန်း.....
ခလွမ်းးးးးးးးး
"ဖြေ...ဖြေပေးပါ...ကလေးငယ် မိဘက စွန့်ပစ်ခဲ့တာလား....ကလေးငယ်အမေ ..ဆုံး...ဆုံးပြီလား....ငါ...ငါကြောင့်....ဟုတ်..ဟုတ်လား."
မဟုတ်ဘူး....မဟုတ်လား ၊ ခု ဝင်းထက်ပြောနေတာတွေက ဝင်းထက်က ငါကို မုန်းလို့ လိမ်ပြေနေတာ မဟုတ်လား ။ ဟင်းအင်း ကလေးအမေက မသေဘူးမဟုတ်လား၊ ကလေးငယ်အဖေက ကလေးငယ်ကို မစွန့်ပစ်ဘူးမဟုတ်လား။ ဖြေပေးကြပါ ၊ ဖြေပေးကြပါ ။ အားးးးးးးးးးးကွဲကုန်ပြီ ကျွန်တော် ရင်တွေ ၊အရှင်လတ်လတ် ကွဲကုန်ပြီ။ ကျွန်တော် $ သုံးမကျလို့ ကျွန်တော်ကြောင့်.....ကျွန်တော် လူမဆန်ခဲ့လို့ ကလေးငယ် ဘယ်ထိ စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲ နေနေရမလဲ။ကျွန်တော် ကြောင့် မိဘတွေ မုန်းတီးခြင်းကို ဘယ်လောက်တောင် တောင့်ခံရနေရရှာမလဲ၊ ကျွန်တော်ကြောင့် ပတ်ဝန်းကျင်ရဲ့ ရူံ့ချမူတွေ ကဲ့ရဲ့သံတွေကို ဘယ်လိုအင်အားသေးသေးလေးနဲ့ နေရရှာမလဲ။လုပ်ကြပါအုံး ကျွန်တော်ကို ရိုက်ပေးကြပါအုံး၊ အသိဝင်လာအောင် ကျွန်တော်ကို ခပ်ပြင်းပြင်းလေးရိုက်ပေးကြစမ်းပါ။ကျွန်တော်က လူမဟုတ်ဘူး၊ကိုယ့်ကိုချစ်တဲ့သူအပေါ် ရက်ရက်စက်စက်နှိပ်စက်ခဲ့တာ ၊ ကျွန်တော်က လူမဖြစ်သင့်တော့ဘူး ။ အား.....ကျွန်တော်ကြောင့်...အားလုံးက ကျွန်တော်ကြောင့်ဆိုတဲ့ အသိနဲ့ ...။
ကျွန်တော် ရင်ဘက်တွေတင်းကြပ်ပြီး အသက်ရူမရတော့ဘူး၊ အောင့်တက်လာသော ရင်တွင်းတစ်နေရာကနေ လေရူသွင်းဖို့ ခက်ခဲနေသော ခံစားမူ။ ကျွန်တော့်မျက်လုံးတွေ တစ်ခဏမျှ ဖွင့်၊
မှိတ်ကြည့်သောအခါ အမှောင်ကျသွားပြီးလား ဘာမှမမြင်နိုင်တော့ဘူး ၊ ပြင်ပဆူညံသံတွေ မကြားသည့်အလား အကြားအာရုံတွေ အလုပ်မလုပ်တော့ဘူး။ ကျွန်တော် နှလုံးခုန်သံတွေ မရှိတော့သလိုပဲ ၊ ချိ နဲ့ ကျ သွားသော ကိုယ်ခန္ဓာက လဲကျသွားချိန်ကို မသိနိုင်တော့သလို၊ ပတ်ဝန်းကျင်မှာ ဘာတွေရှိနေလဲ ၊ကျွန်တော် အသိစိတ်က ပုံဖော်ကြည့်လို့မရတော့ဘူး။ ကွဲပြီ ၊ရင်တွေ အစိတ်စိတ်အမွှာမွှာ၊ ပန်းထွက်လာသော နှလုံးသွေးများက ချွေးပေါက်များမှ ယိုစိမ့်ထွက်သလို နာကျင်မူဖြင့် တစိမ့်စိမ့်ထွက်နေပြီ။ အသက်ရှင်သန်ရန် လေရူသွင်းခြင်းကိုပင် ခက်ခက်ခဲခဲ လေ ဝင်ခွင့်မပေးနိုင်တော့ဘူး ခန္ဓာကိုယ်က။ ကိုယ့်ကြောင့် ကလေးငယ် ဒုခပင်လယ်ဝေရတဲ့ အသိက ကျွန်တော်မှတ်ဉာဏ်တွေကို ဝါးမြိုသွားပြီ၊ အမှားအမှန်၊ အလင်းအမှောင် ၊ ဆူညံ့သာယာသံ ၊ စူးရှမူကိုပင်မခံစားနိုင်တော့ဘူး။ ဝေးခဲ့ရပြီ လား ၊ ကန်းကုန်တာလား ၊ ကျွန်တော်အသက်ရူသံရပ်တန့်သွားရင် ကလေးငယ်ဆီက ခွင့်လွတ်တောင်းပန်ခွင့်လေးတောင် မရနိုင်တော့ဘူး။ ပင်ပမ်းနေပြီ၊ အသက်ရူဖို့ ခက်ခဲနေပြီ။ စိတ်ရော လူရော ၊ ခံစားမူရော အကုန်လွတ်ချလိုက်ရင် ၊ နောက်ဘဝတွေမှာ ကလေးငယ်နဲ့ တွေ့ခွင့်ရပါ့အုံးမလား။
" ရဲရင့် .....ဟိတ်ကောင် အသက်ကိုဖြေးဖြေးရူ ၊ မင်းဘာမှ ဖြစ်လို့မရဘူး ၊ မင်းဘာမှမဖြစ်ရဘူးကွာ၊ အသိဝင်ပါတော့၊ အချိန်ကိုက် ဖြစ်သွားတာပါကွာ၊ မင်းကြောင့်လည်း ဟုတ်ချင်မှာ ဟုတ်မှာပါ ...အသိဝင်ပါအုံးကွာ၊ အသက်ကိုဖြေးဖြေးရူ၊ မင်းဘာမှဖြစ်လို့မရဘူးလေကွာ"
"နာလား ....အခု.. ခင်များ သိပ်နာကျင်နေလား၊ ဟုတ်တယ် ကျုပ်ပြောနေတာ အမှန်တရား ၊ ငကောင်းက ခင်များမျက်နာတစ်ခုတည်းပဲ ကိုးကွယ်ခဲ့တာ ဒါကို ခင်များက နှင်းချေပစ်တာ၊ ခု ခင်များ ဝဋ်လည်ပြီ.....ဟား....ဘယ်မလဲ ခင်များ ကလေးငယ်.....ခု...ဘယ်မလဲ ခင်များရင်သွေး.....ခင်များက ခင်များကိုယ်တိုင် ငကောင်းတို့ကို သတ်ပစ်လိုက်တာ သိလား ၊ ခင်များကိုယ်တိုင် အကုန်ဖျက်စီးလိုက်တာ။ နာကျင်စမ်းပါ..ခင်များနာကျင်နေတာ မြင်ရတာ ...ငကောင်းအတွက် မျှတမှာပေါ့ ...နာကျင်စမ်းပါ ...သေလောက်အောင်....ငို ။ ခင်များဖန်တီးတဲ့ဇာတ် ခင်များကိုယ်တိုင် သိမ်းရတာလေ၊ ဘာလုပ်တာလဲ ၊ ခင်များ လက်တွေ လွတ်စမ်း...ကျုပ်ကို လာမတောင်းပန်နဲ့....ငို ...ငိုစမ်းပါ..ဟားးးးးးးးး"
မင်းဘယ်မလဲ ငကောင်းရာ၊ မင်းဘယ်မလဲကွာ။ ငါ ပြန်ရောက်ကတည်းက ငါတို့အတူ လည်ခဲ့ဖူးတဲ့နေရာတွေ အစုံ ငါလိုက်ရှာပြီးပြီ မင်းခြေရာတောင်မတွေ့ခဲ့ဘူး။ ခု မင်းအပေါ်ရက်စက်ခဲ့တဲ့ လူယုတ်မာကို ငါပြန်တုန့်ပြန်ပြီးပြီ ပြန်လာပါတော့ကွာ..မင်းပြန်လာပါတော့။ မင်းအတွက် သူကို စိတ်ကြိုက်ထိုးပြီးပြီ ၊ မင်းနာကျင်ခဲ့ရသမျှ တန်အောင် ငါ လက်တုန့်ပြန်ပြီးပြီ။ အဲ့လူယုတ်မာ ဝဋ် လည်နေပြီသိလား ၊သူ နာကျင်နေပြီ၊ သူ တန်ပြန်ခံစားနေရပြီ၊ မင်း ပြန်လာပါတော့ကွာ။ မင်း သာ တခုခု ဖြစ်ရင် ငါကိုယ်ငါ ခွင့်မလွတ်နိုင်တာ မို့ ပြန်လာပေးပါကွာ၊ ဘာမှ အန္တာရာယ်မကျရောက်ဘဲ ၊ ဘာမှမထိခိုက်ဘဲ ပြန်လာပေးပါ ငကောင်းရာ။ မင်းအဖေလည်း အရမ်းနောင်တရနေရှာပြီ။ သူ့သားလေး သူကြောင့်ဒုခပေါင်းစုံ ခံစားနေရပြီဆိုပြီး ယူကျိုးမရ ခံစားနေရပြီ။ ခု တယောက်တည်း စိတ်လေပြီး တခုခု ဖြစ်မှာ စိုးလို့ တို့တွေ ကိုးကွယ်တဲ့ ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စလုပ်ရင်း တခဏနေနေတယ်။ မင်းကို အရမ်းတွေ့ချင်နေတယ် ငကောင်းရာ ၊ မားမားလည်း တငိုငိုနှင့် အပါးလည်း စိတ်မကောင်းရှာဘူး ၊၊ အပါးတို့လည်း တက်နိုင်သမျှ ခြေဆန့်ရှာနေတယ်။ငါတို့အားလုံး မင်းကိုလိုအပ်နေတာမို့ ပြန်လာပါ ကွာ ၊ မင်း ပြန်လာခဲ့ပါငကောင်းရာ ။
"တောင်းပန်ပါတယ်...အားလုံးကို တောင်းပန်ပါတယ်...အား................ငါကြာင့်ပါ အားလုံး ငါကြောင့်ပါကွာ....ငါရင်တွေကွဲတော့မလား ထက်ပိုင် ...ငါရင်တွေ ပူနေပြီ...ငါရင်တွေ အစိမ်းလိုက် ကွဲကုန်ပြီလားကွာ.....ငါ အသက်ရူ.....မရတော့..သလိုပဲ ၊ ငါကိုသာသတ်ပေးကြပါကွာ၊ ငါ ရှင်လျက်နဲ့သေနေရပါပြီ ...ငါကို သတ်ပေးကြပါကွာ....ငါ ...ငါလေ....ငါသေ....."
"တော်...ပါတော့....ရဲရင့်ရာ....ငါတို့အမှားတွေပါကွာ ၊ ဝင်းထက် တော်ပါတော့ကွာ။ ငါတို့ အမှားတွေပါ ငါတို့ ဘာမှမသိခဲ့ရပါဘူးကွာ ကောင်းပြည့်လေးအကြောင်း ငါတို့တောင်းပန်ပါတယ်ကွာ ၊ မင်းတောင် သူငယ်ချင်းဘက်က ကျေကွဲနေသလို ရဲရင့်လည်း အတော် ခံစားနေရပါပြီကွာ...ခု ငါတို့ကပဲ တောင်းပန်ပါတယ်။ ရဲရင့်က ခု မင်းတို့မြင်တဲ့အတိုင်းပဲ သက်ကို နေ့မအိပ်၊ ညမအိပ် ခံစားနေလို့ သူကို ဆေးစ သွင်းနေရပြီ။ ကြာလာရင် သူရူးတော့မှာကွ....သူကြောင့်ဆိုတဲ့အသိနဲ့ ...သူရူးနေပြီ...ကြာရင် သူ အဲ့စိတ်နဲ့ လုံးပါးပါးရတော့မယ်...မင်းတို့ မြင်တဲ့အတိုင်းပဲကွာ"
တစ်ချိန်က မာန်မာန ကြီးခဲ့တဲ့ HANTHAR အိမ်တော်ရဲ့သားငယ်၊ ဘယ်အရာကိုမှ တန်ဖိုးမထား သူအတွက် ပေါ့ပေါ့ပဲပဲ တန်ဖိုးမဲ့ ပစ္စည်းလို အချစ််ကို ကစားခဲ့တဲ့ ရဲရင့် ခုတော့ မင်းမဟုတ်သလိုပါ့ပဲလား။ ပိန်ကျသွားလိုက်တာမျက်နှာပေါ်က ဒဏ်ရာတွေက သွေးမတိတ်ခဲ့၊ ကွဲနေသောမျက်နှာပေါ်က အနာတွေ၊ ခေါင်း၊ လက်တွေ ၊ ခြေထောက်တွေမှာ ပတ်တီးအပြည့် ပါ့လားကွာ။မ ပြတ်စီးကျနေသော မျက်ရည်တွေကို လက်ခုံပေါ်က သွေးချင်းနီနေသော ပတ်တီးနီနီတွေနဲ့ သုတ်လို့ ၊ တောင်းပန်ပါတယ် မပြတ်ရွတ်ဆိုနေတာ အသိစိတ်မဲ့နေသောလူတစ်ဦးအလား။ သွားပြီ ရဲရင့် အသိစိတ်လွတ်သွားရှာပြီ။ ရဲရင့်နေရာ ကျွန်တော်ဆိုလည်း ခုလိုအခြေအနေကို ခံစားနိုင်မတဲ့လား ဗျာ။ ကိုယ့်ကြောင့် ကိုယ်ချစ်သူ နာကျင်ရတယ်၊ ကိုယ့်ချစ်သူမိခင်ဆုံးရူံးရတယ်။ ကိုယ့်ကြောင့်ပဲ ကိုယ့်ချစ်တဲ့သူ မိဘမဲ့ဘဝရောက်ခဲ့ရတယ်။ ခုဘယ်မလဲ ကျွန်တော်တို့ရှာနေကြတဲ့ငွေကြေးတွေက ရဲရင့်ဆီ သူ့ကလေးငယ်ကို ခေါ်ဆောင်လာပေးသလား။ တလွဲမာန်ကြီးတဲ့ ရဲရင့် ၊ အတ္တကြီး၊ အငြိုးကြီးတဲ့ကောင် ခုတော့ စိတ်လွတ်ကိုယ်လွတ် အသိစိတ်ပါလွတ်နေရပြီလား။
"တောင်းပန်ပါတယ်...အားလုံးကို တောင်းပန်ပါတယ်....ငါ့အမှား..ငါကြောင့်ပါ...ကလေးငယ်..မပြေးနဲ့..ကလေးငယ်..."
"ရဲရင့် စိတ်ထိမ်းလေကွာ....သက်ကို Doctors သွားခေါ် ...ခု ရဲရင့်အခြေအနေမကောင်းတော့ဘူး...ရဲရင့်ရာ...၊ တောက် ...ဝင်းထက် မင်းနဲ့ငါ ရှင်းမယ် "
ကုတင်ပေါ်က ဆင်းမယ်လုပ်ပြီး သွေးချင်းချင်းနီနေသော ပတ်တီးတွေ အတင်းဆွဲဖြေနေတဲ့ လူယုတ်မာကို ကြည့်ပြီး ကျွန်တော် ခဏ ကြောင်သွားတယ်။ ကိုထက်ပိုင်ကပြောတယ် အဲ့လူယုတ်မှာ အသိစိတ် တခါတခါလွတ်နေပြီတဲ့ သူ့မိုက်ပြစ် နောင်တ,တရား သူခံစားနေရပြီတဲ့။ နေ့မအိပ်၊ ညမအိပ်နဲ့မို့ ကျသွားတဲ့မျက်နှာအရင်ရုပ် မနည်းဖမ်း ယူရတယ်။ ကိုယ့်မိုက်ပြစ်နဲ့ကိုယ်မို့မသနားဘူး ခင်များလိုလူယုတ်မာက ဒီထက်ပိုခံစားရစေချင်သေးတာ ၊ သေသွားရမှာ။ ခင်များကိုမြင်ရင် ဆူလာတဲ့ကျုပ်သွေးတွေကို ထိမ်းရတာ ခက်ခဲလွန်းတယ်။ ခံစားနေလိုက်...ရူးစမ်း ။ သေအောင်ခံစားနေလိုက်၊ ခင်များသေသွားရမှာ။
"ဆရာတို့ လူနာကို ၂၄နာရီစောင့်ကြည့်ခန်းထဲ ထားရပါလိမ့်မယ်၊ မိသားစုထိတွေ့ခြင်းကို ကန့်သတ်ပါ့မယ်။ အရင်က လူနာက သူစိတ်ကိုသူ ပြန်ထိမ်းနိုင်လို့ အများကြီး အခြေအနေကောင်းနေခဲ့တာပါ ၊ ခု မထင်ထားတဲ့အခြေအနေက ပိုဆိုးသွားတယ် ။ တခါတလေ အသိစိတ်လွတ်ရုံမကဘဲ သူကိုသူ ထွက်ပေါက်ရှာသလိုမျိုး ကြုံတွေ့နိုင်တာမို့ ဆရာတို့ ခုလိုစီစဉ်လိုက်ရတာပါ။မိသားစုဝင်တွေကအခန်းပြင်ပမှာပဲ ရှိနေပေးပါ ၊ဆရာတို့လည်း အမြဲမပြတ်စောင့်ကြည့်နေမှာပါ သွားခွင့်ပြုပါအုံး "
"တောက် ...ရဲရင့်ရာ...."
————————————————————————-
#မမအတွက်VOTEလေး ပေးခဲ့ဖို့မမေ့နဲ့နော်
#Thanks for all.
zawgyi
"အစ်....အစ်ကို...."
"မောင်...."
"ဟုတ်...အစ်ကို.."
-
"ကောင်းပါပြီ.."
-
ဝုန်းးးးးးးး
"မောင်...."
"မောင်...အဲလို..မဟုတ်ရ..."
"မောင်.....အဲ့တာ..."
ဒုန်း.....
ဝုန်း.....
ခလွမ်းးးးးးးးး
"တောက် ...ရဲရင့်ရာ...."
-
#Thanks for all.
Continue Reading
You'll Also Like
232K 15K 31
villain seme and strong uke ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး ကောင်လေးနှစ်ယောက်ကြား ရိုးရှင်းတဲ့ဆက်နွယ်မှုလေး start date -9.1.2023 end...
442K 22.8K 51
အပြင် လူနေမှုဘဝနဲ့ တူညီအောင်...တတ်နိုင်သမျှရေးမှာမို့ ရိုးရိုးရှင်းရှင်း လေးနဲ့ ပေါ့ပေါ့ပါးပါး အချို married life fic လေးပါ...😍😍 20.1.22🤗💜💙 Sta...
293K 17.5K 46
ကျွန်​​တော့်​စိတ်​ကို ဘယ်​စကားနဲ့မှ အ ​ရောင်​မခြယ်​ချင်​ပါနဲ့​တော့.... ခင်​ဗျားကိုလွမ်းတိုင်း အလဲလဲအပြိုပြို ဖြစ်​​ခဲ့တဲ့ ကျွန်​​တော့်​ကိုသနားပါ...
894K 47.6K 43