သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Co...

By Daisy-Kim

71.8K 6.3K 867

အနွယ်ရဲ့ခန္ဓာကိုယ်က ဘယ်လောက်ပင်ညစ်ညမ်းနေပစေ။ကျွန်မကတော့ အနွယ့်ကိုဆက်ချစ်နေအုန်းမှာ ..။ ဘာလို့လဲသိလား ကျွန်မချ... More

သစ္စာနွယ်တော်ပျော်မွေ့ရာ(အင်ထရို)
အပိုင်း၁။ နှင်းဆီမြိုင်
အပိုင်း၂။ မြေခွေးအို
အပိုင်း၃။ အကြင်သူ
အပိုင်း၄။ အချစ်သက်သေ
အပိုင်း၅။။ ချစ်သည်းကညှာ၏အပြုံးပန်း
အပိုင်း၆။ တည်နိုင်ခဲ့လေသောကတိတစ်ခု
အပိုင်း၇။ အတိတ်ခရီး
အပိုင်း၈။ ပြတ်ခဲ့လေသောသံယောဇဉ်ကြိုးမျှင်
အပိုင်း၉။ မိတ်ဆွေဟောင်း
အပိုင်း၁၀။ နာမ်စားလေးတစ်ခု
အပိုင်း၁၁။ ပွတ်သဘင်
အပိုင်း၁၂။ ကစားစရာ
အပိုင်း၁၃။ သွေးကြွေး
အပိုင်း၁၄။ မောင့်ရနံ့ငယ်
အပိုင်း၁၅။ မိုးကြိုးနက်ဂိုဏ်း
အပိုင်း၁၆။ မြတ်နိုးရသည့်အချစ်သည်းကညှာ
အပိုင်း၁၇။ ဇီဇဝါပန်း၏အဓိပ္ပါယ်ဖွင့်ဆိုချက်
အပိုင်း၁၈။ သူပြန်လာပြီလား?
၁၉။ အမေ!!
အပိုင်း၂၀။။ မောင့်ရနံ့ငယ်နှင့်ဒုတိယအကြိမ်ဆုံတွေ့ခြင်း
အပိုင်း၂၂။ လူတိုင်းမှာလှို့ဝှက်ချက်ဆိုတာရှိစမြဲ
pls Attention to me
အပိုင်း၂၃။ မထင်မှတ်ထားသူနှင့်ပြန်လည်ဆုံတွေ့ခြင်း
အပိုင်း၂၄။ အပျော်မယ်တွေမှာလည်း မနှစ်သက်ရင်ငြင်းဆန်ပိုင်ခွင့်ရှိသည်။
အပိုင်း၂၅။ ဟန်ဆောင်ခြင်း‌ေတွအတွက်အမှန်တရားပေါ်ပေါက်မြဲ။(uni+Zawgyi)
အပိုင်း၂၆ ။ ဒီလောက်ချစ်ဖို့ကောင်းတဲ့အနွယ်ကိုဘယ်နေရာမှသွားဖွက်ထားရမလဲ(uni+Zawgy)
အပိုင်း၂၇။ တချို့သောပန်းတွေအပြင်ပိုင်းကလှပသလောက် အဓိပ္ပါယ်ကတော့ဝမ်းနည်းစရာပေ ။
၂၈။ ဒေါ်ငွေစံပယ်ခင်၏အမည်အရင်း?
၂၉။ ဟန်နီရဲ့လှို့ဝှက်ချက်(uni+Zawgyi)
၃၀။ လျစ်လျှူရှူခြင်း (uni +Zawgyi)
၃၁။ သေစေနိုင်လောက်တဲ့အပြုံးပန်းတစ်ပွင့်ပန်ဆင်ထားလှသူ (uni+Zawgyi)
၃၂။ သေဆုံးခြင်း
၃၃။ ရှင်သန်ရာနေရာသစ် (U+Z)
၃၄။ အချစ်သည်းကညှာလေးကအရင်တိုင်းပါပဲ ချစ်ဖို့ကောင်းတုန်း (U+Z)
Attention to me ♡
၃၅။ ရင်သွေးငယ်
-အပိုင်း(၃၆) - အချိန်ကြာမှတောင်းပန်ဖို့သတ္တိရှိလာတဲ့သူမကိုခွင့်လွှတ်ပေးနိုင်မလား
အပိုင်း(၃၇) ။
၃၈။ စံပယ်ပန်းလေးဟာ မာနတရားတွေလွှမ်းခြုံထားသည်တဲ့။
အပိုင်း၃၉. အတိတ်ကအပိုင်းအစအချို့
အပိုင်း၄၀။ ဇာတ်သိမ်းပိုင်း

အပိုင်း၂၁။ အနှီစာရေးငယ်ကတော့လေ!

1.2K 122 25
By Daisy-Kim

Uni

မြို့အုပ်မင်းရုံးခန်း၌မူ ‌မုန်တိုင်းမလာခင်လေပြေငြိမ်နေသကဲ့သို့ငြိမ်သက်နေသည်ကြောင့်တရုံးလုံးရှိစာရေးကြီး ‌၊ အငယ်တန်းစာရေး၊ ယုတ်ဆွအစဆုံး သန့်ရှင်းရေးလာလုပ်ပေးတဲ့ ချစ်တီးကုလား‌ေတွတောင် သက်သောင့်သက်သာနှင့်အလုပ်မလုပ်ရဲကြချေ။

သည့်အပြင်မြို့အုပ်မင်းနှင့်အနီးကပ်တာဝန်ထမ်းဆောင်ပေးရသည့် စာရေးတန်းမှအသစ်ဝင်လာသော စာရေးလေး စာရင်းမှားလုပ်မိတာတောင် အပြစ်မပေးပဲ ပြန်လွှတ်လိုက်သည်။ အရင်ကဆို မြူမှုန်စာလောက်လေးအမှား ပါတာတောင်အပြစ်ရှာနေသည့်မြို့အုပ်မင်းက ဒီနေ့ကြမယ် ထူးဆန်းလွန်းပါ၏။

အပြစ်လွတ်သွားသော စာရေးငယ်လေးက ပျော်ရမှာတောင်စိတ်ချလက်ချမပျော်ရပေ။ ထိုစာရေးငယ်လေး၏ စိတ်အစုံကိုဝင်ကြည့်ရပါတယ်ဆိုလျှင်

* အပြစ်ပေးလိုက်တာပိုကောင်းပါမယ် နတ်ဆိုးရေ အခုလို အပြစ်မခံရတာပိုပြီးကြောက်ရွံရပါတယ် ဆိုတာ မြို့အုပ်မင်းမသိလေရော့လား*

ထိုသို့အကြီးအကျယ်ဟစ်ကြွေးနေမှာအမှန်ပင်လေ။

ဤစာရေးငယ်လေးသည် သူ့ရှေ့ကလုပ်သက်ရင့်နေသည့်စာရေးကြီးကို မျက်စပစ်ပြီး အသံတိတ်စကားပြောလိုက်သည်။

ထိုအချင်းအရာကိုစာရေးကြီးက အသံမထွက်ပဲအမူအရာနှင့်ပြန်ဖြေပြန်သည်။

သူတို့အသံတိတ်အမူအရာနှင့်ပြောနေသည့်စကားလုံးတွေကိုဘာသာပြန်ရမည်ဆိုလျှင်

စာရေးငယ်‌လေးကမူ

* ကျုပ် ကို ဂတ်ထဲထည့်ဖို့များလား အပြစ်မယူတာ က တော့ တော်တော့်ကိုထူးဆန်းနေတယ် ကျုပ် ဒီလို အပြစ်ဒဏ်မကျပဲ နေတာထက်စာရင် အပြစ်ဒဏ်ခံလိုက်ရခါမှ ပိုပြီးစိတ်ချမ်းသာဦးမယ် *

ထိုစကားလုံးတွေကိုစာရေးကြီးက နားလည်သည့်ဟန်နှင့် ပြန်ဖြေသည်။

* အေးကွာ သေချာတယ် မင်းမယ် ဂတ်ထဲသေချာပေါက် ညအိပ်ရမယ်တူတယ် တူကြီးရ*

စာရေးကြီး ဤသို့ ပြန်ဖြေပြန်တော့ ထိုစာရေးငယ်လေးက ငိုချမတတ် ဖြစ်သွားတော့သည်။

သို့ကြောင့်ပေ စာရေးငယ်လေးဟာ စိတ်ဆုံးဖြတ်ချက်ချလိုက်ပြီး သူ့ကို အပြစ်ဒဏ်ပေးဖို့ တောင်းဆိုဖို့ အားတင်းပြီး ရုံးခန်းထဲသွားဖို့ပြင်လိုက်တော့သည်။ သလိုမှမလုပ်ရင် သူ စိတ်ဖြောင့်ဖြောင့်နဲ့အလုပ်လုပ်နိုင်မှာမဟုတ်ပေ။

ထိုင်စားပွဲကနေထပြီး ရုံးခန်းရှေ့ကိုသွားလိုက်ပြီး တံခါးသုံးချက်ခေါက်လိုက်တော့သည်။

စာရေးကြီးကတော့ ထိုစာရေးငယ်လေးကို မလွယ်ပါဖူးဆိုတဲ့ အကြည်နဲ့ခေါင်းခါယမ်းပြီးသာကြည့်‌ေနလိုက်‌ေတာ့သည်။

(ဒေါက် ဒေါက် ဒေါက်)

" မြို့အုပ်မင်း ဝင်လာခဲ့လို့ရမလား"

" ဝင်ခဲ့ "

အတော်ကြာသည်ထိထိုစာရေးငယ်လေးက စကားစမလာပဲ ခေါင်းကိုကြမ်းပြင်နှင့်ထိလုမတတ်ငုံထားပြီး လက်နှစ်ဖက်ကိုပွတ်သပ်နေသည်။

လင်းမြင့်ဇရာမျိုး ရုံးခန်းထဲလာပြီး ဘာမှမပြောပဲမက်တပ်ရပ်နေသည့်စာရေးငယ်ကို တချက်မော့ကြည့်လိုက်သည်။ ထိုစာရေးငယ်က ခုနက မှ စာလာတင်သွားသည့်သူမဟုတ်လား။ ဘာကြောင့်အခန်းထဲနောက်တစ်ခါထပ်ဝင်လာရတာတုန်း။

" ပြော အခန်းထဲနောက်တစ်ကြိမ်လာတယ်ဆိုတော့ ပြောစရာရှ်ိလို့ထင်တယ် ဘာပြောမှာလဲ "

အေးစက်စက်အသံနဲ့တစ်ချက်ပြောလိုက်တော့၊ ငိုချမတတ် မျက်ရည်တွေဝဲလာသည့်စာရေးငယ်ကြောင့် ကြောင်အသွားမိသည်။ နောက်တော့ မငိုမိအောင်ထိန်းထားပြီးရှိုက်သံတစ်ချက်ချက်နဲ့ပြောလာသည့်စကားလုံးတွေကြောင့် ပိုပြီး ကြောင်သွားရပြန်သည်။

" အဟင့် ဟင့် မြို့_ မြို့အုပ်မင်း ကျုပ်ကို
ဂတ်ထဲမထည့်ပါနဲ့ အဟင့် တစ်ညလုံး အလုပ်လုပ်ဆိုလဲ လုပ်ပါ့မယ် ဂတ်ထဲတော့ မထည့်ပါနဲ့ ကျုပ် ပုလိပ်တွေလက်ထဲမှာမနေချင်ဖူးဗျ "

".........."

" ဗြဲ မြို့အုပ်မင်း ဂတ်ထဲမထည့်လိုက်ပါနဲ့ ကျုပ် ပုလိပ်တွေ ပုလိပ်တွေကိုကြောက်တယ်ဗျ သူတို့ သူတို့က ကျုပ်နားမလည်တဲ့ ဘိလပ် ဘိလပ်စကားတွေပြောပြီး ကျုပ်ကို လှောင်ချင်လှောင်နေမှာ ဒါကြောင့် ကျုပ်ကို ဂတ်ထဲမထည့်လိုက်ပါနဲ့ ဗြဲ "

လင်းမြင့်ဇရာမျိုးသူရှေ့မှာပုလိပ်တွေမကောင်းကြောင်းပြောနေပြီးအငိုမတိတ်သည့်အနှီစာရေးပေါက်စကို စိတ်လေသလိုအကြည့်တစ်ချက်ပို့လိုက်သည်။

ဘယ်နှယ့် ကိုယ့်ဟာကိုယ်ရနံ့ငယ်လေးနဲ့အချိန်ခဏတူတူရှ်ိခဲ့ရတဲ့ အချိန်လေးကို ပြန်တွေးမိပြီး ပျော်နေတာမို့ အပြစ်မယူတာကို ဂတ်ထဲထည့်မယ်ထင်ပြီး လာငိုယိုနေတဲ့ အနှီစာရေးပေါက်စကို  တဂယ် မျက်မုန်းကျိုးလာသလိုခံစားလာရသည်။

" တော်တော့!!"

" ဗျ ဗျာ!"

မြို့အုပ်မင်း‌ရဲ့ အော်သံကြောင့်ငိုနေတဲ့မျက်ရည်တွေတောင်ပြန်ဝင်သွားတော့သည်။

စာရေးစားပွဲထိုင် နေရင်းကနေ ကြမ်းခင်းနှင့်ထိလုမတတ်ဖြစ်နေသည့်စာရေးငယ်လေးစီလျှောက်သွားလိုက်ပြီး ပုခုံးကို အားနဲ့ဖိချလိုက်သည်။

" အဲ့လောက်တောင် အပြစ်ပေးခံချင်နေတယ်မှလား သွား  ‌ လွန်ခဲ့တဲ့၅ နှစ်ကသေသွားတဲ့ မူးယစ်ရာဇာ ဂိုဏ်းခေါင်းဆောင် ဦးဇရာ နဲ့ပတ်သက်ပြီးသဲလွန်စတွေ မနက်ဖြန်အပြီးရှာလာခဲ့!"

" ဗျာ မြို့အုပ်မင်း! အဲ့တာကဖြစ်မှမဖြစ်နိုင်တာ ပြီးတော့ အလောင်းတောင်ရှာမတွေ့တာကို ကျုပ်က ဘယ်လို ဘယ်လိုရှာရမှာလဲ"

" အဲ့တာကြောင့်ရှာခိုင်းတာလေ ! မနက်ဖြန်အပြီးရှာခဲ့မဟုတ်ရင် ဂတ်ထဲမယ် မင်းကို တစ်လတန်သည် နှစ်လတန်သည်ပိတ်ထားပစ်မယ်!"

" ဗျာ .."

" သွားတော့သွား!"

အော်လိုက်တော့ချက်ချင်းအခန်းထဲက မပြေးရုံတမယ်ထွက်သွားသည့် အနှီစာရေးပေါက်စ။

ဘယ်သူမှရှာလို့မတွေ့အောင် ဖွက်ထားတဲ့သဲလွန်စကို အနှီစာရေးပေါက်စ ဘယ်လိုရှာလာမလဲသိပ်သိချင်တာပဲ။

သည်အမည် လင်းမြင့်ဇရာမျိုး ဆိုတဲ့အမည်ကို ဆက်ခံပြီးပြီးချင်း ပထမဆုံးလုပ်ခဲ့တဲ့လုပ်ရပ် သည် သက်သေဖျောက်ခြင်းပေ။

မိုးကြိုးနက်ဂိုဏ်းက သောမတ်ရာဇဝင်( ဦးရာဇဝင်) နဲ့ဆက်နွယ်ထားသည့်အချက်အလက်တွေကို ဖျောက်ပြစ်ပြီး ဂိုဏ်းအသစ်ထောင်လိုက်သည်။ ထောင်ပြီးသည်နှင့် လှို့ဝှက်နာမည်သုံးပြီး ဘိလပ်မှာခင်မင်ခွင့်ရခဲ့သည့် သူငယ်ချင်းတစ်ဖြစ်လဲ မြေအောက်ဂိုဏ်းကို အကူအညီတောင်းပြီး မိုးကြိုးနက်ဂိုဏ်း နက်ဂိုဏ်းကို အပြတ်ဖျောက်ခိုင်းခဲ့သည်။ သို့သော်လည်း သက်ဆိုးရှည်လှတဲ့ မုန်းပန်းရာဇဝင်( Flower) က မသေပဲ ပုန်းရှောင်ခဲ့သည်။

သို့ပေမဲ့လည်း ထိုဖြစ်ရပ်ကြောင့် ဂိုဏ်းတစ်ခုလုံးအထိနာခဲ့သည်။ ဒီလုပ်ရပ်ကို မိထွေးမသိ ၊ သူသိတာဆိုလျှင် အဖေ သေသွားတဲ့အတွက် လက်စားချေခိုင်းခြင်းပေ။
နေ့နေ့ညည ဒီအကြောင်းပဲပြောနေသည်ကြောင့် ဒီသေးနုပ်လှသည့် မြို့အုပ်မင်း တာဝန်ကို ထမ်းဆောင်ပြီး ဥပဒေဘောင်အတွင်းကနေ လက်ဝယ်ဖမ်းဆီး ဖို့လုပ်ထားသည်။ ဥပဒေဘောင်အပြင်က နေ သတ်တာမသေသည့်အတွက် ဒီတစ်ခါမှာတော့ ဥပဒေ ဘောင်အတွင်းကနေ ဖမ်းဆီးသွားမယ်။

သည်က ခင်ဗျားတို့ကျုပ်အဖေကို သတ်လိုက်တာကြောင့်ပြန်ပေးဆပ်ရမဲ့အကြွေးပဲ ဦးရာဇဝင်!

၁၇. ၆. ၂၀၂၂
မိုး♡
***********************************
ပြဇာတ်ငယ်

မုန်း: ဘာကြောင့် ကျုပ်အပိုင်းမပါရတာလဲ

မိုး။: ဟဲ ဟဲ

(သေနတ်ထုတ်နေ)

မိုး : ဗြဲ နောက်အပိုင်းပါအောင်ရေးပေးပါ့မယ်လို့😭

မုန်း: (သေနတ်ပြန်သိမ်း) ပြီးရော နောက်အပိုင်းမပါရင် ဟောဒီက သေနတ်ကိုကြည့်ထား!!



Zawgyi
ၿမိဳ႕အုပ္မင္း႐ုံးခန္း၌မူ ‌မုန္တိုင္းမလာခင္ေလေျပၿငိမ္ေနသကဲ့သို႔ၿငိမ္သက္ေနသည္ေၾကာင့္တ႐ုံးလုံးရွိစာေရးႀကီး ‌၊ အငယ္တန္းစာေရး၊ ယုတ္ဆြအစဆုံး သန႔္ရွင္းေရးလာလုပ္ေပးတဲ့ ခ်စ္တီးကုလား‌ေတြေတာင္ သက္ေသာင့္သက္သာႏွင့္အလုပ္မလုပ္ရဲၾကေခ်။

သည့္အျပင္ၿမိဳ႕အုပ္မင္းႏွင့္အနီးကပ္တာဝန္ထမ္းေဆာင္ေပးရသည့္ စာေရးတန္းမွအသစ္ဝင္လာေသာ စာေရးေလး စာရင္းမွားလုပ္မိတာေတာင္ အျပစ္မေပးပဲ ျပန္လႊတ္လိုက္သည္။ အရင္ကဆို ျမဴမႈန္စာေလာက္ေလးအမွား ပါတာေတာင္အျပစ္ရွာေနသည့္ၿမိဳ႕အုပ္မင္းက ဒီေန႕ၾကမယ္ ထူးဆန္းလြန္းပါ၏။

အျပစ္လြတ္သြားေသာ စာေရးငယ္ေလးက ေပ်ာ္ရမွာေတာင္စိတ္ခ်လက္ခ်မေပ်ာ္ရေပ။ ထိုစာေရးငယ္ေလး၏ စိတ္အစုံကိုဝင္ၾကည့္ရပါတယ္ဆိုလွ်င္

* အျပစ္ေပးလိုက္တာပိုေကာင္းပါမယ္ နတ္ဆိုးေရ အခုလို အျပစ္မခံရတာပိုၿပီးေၾကာက္႐ြံရပါတယ္ ဆိုတာ ၿမိဳ႕အုပ္မင္းမသိေလေရာ့လား*

ထိုသို႔အႀကီးအက်ယ္ဟစ္ေႂကြးေနမွာအမွန္ပင္ေလ။

ဤစာေရးငယ္ေလးသည္ သူ႕ေရွ႕ကလုပ္သက္ရင့္ေနသည့္စာေရးႀကီးကို မ်က္စပစ္ၿပီး အသံတိတ္စကားေျပာလိုက္သည္။

ထိုအခ်င္းအရာကိုစာေရးႀကီးက အသံမထြက္ပဲအမူအရာႏွင့္ျပန္ေျဖျပန္သည္။

သူတို႔အသံတိတ္အမူအရာႏွင့္ေျပာေနသည့္စကားလုံးေတြကိုဘာသာျပန္ရမည္ဆိုလွ်င္

စာေရးငယ္‌ေလးကမူ

* က်ဳပ္ ကို ဂတ္ထဲထည့္ဖို႔မ်ားလား အျပစ္မယူတာ က ေတာ့ ေတာ္ေတာ့္ကိုထူးဆန္းေနတယ္ က်ဳပ္ ဒီလို အျပစ္ဒဏ္မက်ပဲ ေနတာထက္စာရင္ အျပစ္ဒဏ္ခံလိုက္ရခါမွ ပိုၿပီးစိတ္ခ်မ္းသာဦးမယ္ *

ထိုစကားလုံးေတြကိုစာေရးႀကီးက နားလည္သည့္ဟန္ႏွင့္ ျပန္ေျဖသည္။

* ေအးကြာ ေသခ်ာတယ္ မင္းမယ္ ဂတ္ထဲေသခ်ာေပါက္ ညအိပ္ရမယ္တူတယ္ တူႀကီးရ*

စာေရးႀကီး ဤသို႔ ျပန္ေျဖျပန္ေတာ့ ထိုစာေရးငယ္ေလးက ငိုခ်မတတ္ ျဖစ္သြားေတာ့သည္။

သို႔ေၾကာင့္ေပ စာေရးငယ္ေလးဟာ စိတ္ဆုံးျဖတ္ခ်က္ခ်လိဳက္ၿပီး သူ႕ကို အျပစ္ဒဏ္ေပးဖို႔ ေတာင္းဆိုဖို႔ အားတင္းၿပီး ႐ုံးခန္းထဲသြားဖို႔ျပင္လိုက္ေတာ့သည္။ သလိုမွမလုပ္ရင္ သူ စိတ္ေျဖာင့္ေျဖာင့္နဲ႕အလုပ္လုပ္နိုင္မွာမဟုတ္ေပ။

ထိုင္စားပြဲကေနထၿပီး ႐ုံးခန္းေရွ႕ကိုသြားလိုက္ၿပီး တံခါးသုံးခ်က္ေခါက္လိုက္ေတာ့သည္။

စာေရးႀကီးကေတာ့ ထိုစာေရးငယ္ေလးကို မလြယ္ပါဖူးဆိုတဲ့ အၾကည္နဲ႕ေခါင္းခါယမ္းၿပီးသာၾကည့္‌ေနလိုက္‌ေတာ့သည္။

(ေဒါက္ ေဒါက္ ေဒါက္)

" ၿမိဳ႕အုပ္မင္း ဝင္လာခဲ့လို႔ရမလား"

" ဝင္ခဲ့ "

အေတာ္ၾကာသည္ထိထိုစာေရးငယ္ေလးက စကားစမလာပဲ ေခါင္းကိုၾကမ္းျပင္ႏွင့္ထိလုမတတ္ငုံထားၿပီး လက္ႏွစ္ဖက္ကိုပြတ္သပ္ေနသည္။

လင္းျမင့္ဇရာမ်ိဳး ႐ုံးခန္းထဲလာၿပီး ဘာမွမေျပာပဲမက္တပ္ရပ္ေနသည့္စာေရးငယ္ကို တခ်က္ေမာ့ၾကည့္လိုက္သည္။ ထိုစာေရးငယ္က ခုနက မွ စာလာတင္သြားသည့္သူမဟုတ္လား။ ဘာေၾကာင့္အခန္းထဲေနာက္တစ္ခါထပ္ဝင္လာရတာတုန္း။

" ေျပာ အခန္းထဲေနာက္တစ္ႀကိမ္လာတယ္ဆိုေတာ့ ေျပာစရာရွ္ိလို႔ထင္တယ္ ဘာေျပာမွာလဲ "

ေအးစက္စက္အသံနဲ႕တစ္ခ်က္ေျပာလိုက္ေတာ့၊ ငိုခ်မတတ္ မ်က္ရည္ေတြဝဲလာသည့္စာေရးငယ္ေၾကာင့္ ေၾကာင္အသြားမိသည္။ ေနာက္ေတာ့ မငိုမိေအာင္ထိန္းထားၿပီးရွိုက္သံတစ္ခ်က္ခ်က္နဲ႕ေျပာလာသည့္စကားလုံးေတြေၾကာင့္ ပိုၿပီး ေၾကာင္သြားရျပန္သည္။

" အဟင့္ ဟင့္ ၿမိဳ႕_ ၿမိဳ႕အုပ္မင္း က်ဳပ္ကို
ဂတ္ထဲမထည့္ပါနဲ႕ အဟင့္ တစ္ညလုံး အလုပ္လုပ္ဆိုလဲ လုပ္ပါ့မယ္ ဂတ္ထဲေတာ့ မထည့္ပါနဲ႕ က်ဳပ္ ပုလိပ္ေတြလက္ထဲမွာမေနခ်င္ဖူးဗ် "

".........."

" ၿဗဲ ၿမိဳ႕အုပ္မင္း ဂတ္ထဲမထည့္လိုက္ပါနဲ႕ က်ဳပ္ ပုလိပ္ေတြ ပုလိပ္ေတြကိုေၾကာက္တယ္ဗ် သူတို႔ သူတို႔က က်ဳပ္နားမလည္တဲ့ ဘိလပ္ ဘိလပ္စကားေတြေျပာၿပီး က်ဳပ္ကို ေလွာင္ခ်င္ေလွာင္ေနမွာ ဒါေၾကာင့္ က်ဳပ္ကို ဂတ္ထဲမထည့္လိုက္ပါနဲ႕ ၿဗဲ "

လင္းျမင့္ဇရာမ်ိဳးသူေရွ႕မွာပုလိပ္ေတြမေကာင္းေၾကာင္းေျပာေနၿပီးအငိုမတိတ္သည့္အႏွီစာေရးေပါက္စကို စိတ္ေလသလိုအၾကည့္တစ္ခ်က္ပို႔လိုက္သည္။

ဘယ္ႏွယ့္ ကိုယ့္ဟာကိုယ္ရနံ႕ငယ္ေလးနဲ႕အခ်ိန္ခဏတူတူရွ္ိခဲ့ရတဲ့ အခ်ိန္ေလးကို ျပန္ေတြးမိၿပီး ေပ်ာ္ေနတာမို႔ အျပစ္မယူတာကို ဂတ္ထဲထည့္မယ္ထင္ၿပီး လာငိုယိုေနတဲ့ အႏွီစာေရးေပါက္စကို  တဂယ္ မ်က္မုန္းက်ိဳးလာသလိုခံစားလာရသည္။

" ေတာ္ေတာ့!!"

" ဗ် ဗ်ာ!"

ၿမိဳ႕အုပ္မင္း‌ရဲ႕ ေအာ္သံေၾကာင့္ငိုေနတဲ့မ်က္ရည္ေတြေတာင္ျပန္ဝင္သြားေတာ့သည္။

စာေရးစားပြဲထိုင္ ေနရင္းကေန ၾကမ္းခင္းႏွင့္ထိလုမတတ္ျဖစ္ေနသည့္စာေရးငယ္ေလးစီေလွ်ာက္သြားလိုက္ၿပီး ပုခုံးကို အားနဲ႕ဖိခ်လိဳက္သည္။

" အဲ့ေလာက္ေတာင္ အျပစ္ေပးခံခ်င္ေနတယ္မွလား သြား  ‌ လြန္ခဲ့တဲ့၅ ႏွစ္ကေသသြားတဲ့ မူးယစ္ရာဇာ ဂိုဏ္းေခါင္းေဆာင္ ဦးဇရာ နဲ႕ပတ္သက္ၿပီးသဲလြန္စေတြ မနက္ျဖန္အၿပီးရွာလာခဲ့!"

" ဗ်ာ ၿမိဳ႕အုပ္မင္း! အဲ့တာကျဖစ္မွမျဖစ္နိုင္တာ ၿပီးေတာ့ အေလာင္းေတာင္ရွာမေတြ႕တာကို က်ဳပ္က ဘယ္လို ဘယ္လိုရွာရမွာလဲ"

" အဲ့တာေၾကာင့္ရွာခိုင္းတာေလ ! မနက္ျဖန္အၿပီးရွာခဲ့မဟုတ္ရင္ ဂတ္ထဲမယ္ မင္းကို တစ္လတန္သည္ ႏွစ္လတန္သည္ပိတ္ထားပစ္မယ္!"

" ဗ်ာ .."

" သြားေတာ့သြား!"

ေအာ္လိုက္ေတာ့ခ်က္ခ်င္းအခန္းထဲက မေျပး႐ုံတမယ္ထြက္သြားသည့္ အႏွီစာေရးေပါက္စ။

ဘယ္သူမွရွာလို႔မေတြ႕ေအာင္ ဖြက္ထားတဲ့သဲလြန္စကို အႏွီစာေရးေပါက္စ ဘယ္လိုရွာလာမလဲသိပ္သိခ်င္တာပဲ။

သည္အမည္ လင္းျမင့္ဇရာမ်ိဳး ဆိုတဲ့အမည္ကို ဆက္ခံၿပီးၿပီးခ်င္း ပထမဆုံးလုပ္ခဲ့တဲ့လုပ္ရပ္ သည္ သက္ေသေဖ်ာက္ျခင္းေပ။

မိုးႀကိဳးနက္ဂိုဏ္းက ေသာမတ္ရာဇဝင္( ဦးရာဇဝင္) နဲ႕ဆက္ႏြယ္ထားသည့္အခ်က္အလက္ေတြကို ေဖ်ာက္ျပစ္ၿပီး ဂိုဏ္းအသစ္ေထာင္လိုက္သည္။ ေထာင္ၿပီးသည္ႏွင့္ လွို႔ဝွက္နာမည္သုံးၿပီး ဘိလပ္မွာခင္မင္ခြင့္ရခဲ့သည့္ သူငယ္ခ်င္းတစ္ျဖစ္လဲ ေျမေအာက္ဂိုဏ္းကို အကူအညီေတာင္းၿပီး မိုးႀကိဳးနက္ဂိုဏ္း နက္ဂိုဏ္းကို အျပတ္ေဖ်ာက္ခိုင္းခဲ့သည္။ သို႔ေသာ္လည္း သက္ဆိုးရွည္လွတဲ့ မုန္းပန္းရာဇဝင္( Flower) က မေသပဲ ပုန္းေရွာင္ခဲ့သည္။

သို႔ေပမဲ့လည္း ထိုျဖစ္ရပ္ေၾကာင့္ ဂိုဏ္းတစ္ခုလုံးအထိနာခဲ့သည္။ ဒီလုပ္ရပ္ကို မိေထြးမသိ ၊ သူသိတာဆိုလွ်င္ အေဖ ေသသြားတဲ့အတြက္ လက္စားေခ်ခိဳင္းျခင္းေပ။
ေန႕ေန႕ညည ဒီအေၾကာင္းပဲေျပာေနသည္ေၾကာင့္ ဒီေသးႏုပ္လွသည့္ ၿမိဳ႕အုပ္မင္း တာဝန္ကို ထမ္းေဆာင္ၿပီး ဥပေဒေဘာင္အတြင္းကေန လက္ဝယ္ဖမ္းဆီး ဖို႔လုပ္ထားသည္။ ဥပေဒေဘာင္အျပင္က ေန သတ္တာမေသသည့္အတြက္ ဒီတစ္ခါမွာေတာ့ ဥပေဒ ေဘာင္အတြင္းကေန ဖမ္းဆီးသြားမယ္။

သည္က ခင္ဗ်ားတို႔က်ဳပ္အေဖကို သတ္လိုက္တာေၾကာင့္ျပန္ေပးဆပ္ရမဲ့အေႂကြးပဲ ဦးရာဇဝင္!

၁၇. ၆. ၂၀၂၂
မိုး♡
***********************************
ျပဇာတ္ငယ္

မုန္း: ဘာေၾကာင့္ က်ဳပ္အပိုင္းမပါရတာလဲ

မိုး။: ဟဲ ဟဲ

(ေသနတ္ထုတ္ေန)

မိုး : ၿဗဲ ေနာက္အပိုင္းပါေအာင္ေရးေပးပါ့မယ္လို႔😭

မုန္း: (ေသနတ္ျပန္သိမ္း) ၿပီးေရာ ေနာက္အပိုင္းမပါရင္ ေဟာဒီက ေသနတ္ကိုၾကည့္ထား!!








Continue Reading

You'll Also Like

251K 2.5K 13
အမေနဲ့သမီးအင်းစက်စာပေမို့လို့အသက််မပြည့်ပါကမဖတ်သင့်ကြောင်း ဖတ်ပြီးရင်လည်းအတုမယူသင့်ကြောင်းအသိပေးပန်ကြားလိုပါတယ်
1.3M 3.6K 68
ထန်တဲ့အချ်ိန်ဖတ်ဖို့ စုထားတာတွေပါ ကိုယ်တိုင်ရေးသားခြင်းမဟုပါ crdပေးပါတယ်
39.4K 3.2K 65
systemကိုမွ gl typeေလး။ systemႏွစ္သက္သူမ်ား လာေရာက္ဖတ္႐ႈဖို႔ ဖိတ္ေခၚပါရေစ။ (uni+zg) systemကိုမှ gl typeလေး။ systemနှစ်သက်သူများ လာရောက်ဖတ်ရှုဖို့ ဖိတ...
31.5K 610 6
အပျက်ဆန်သောအပေါက်များအား ထိုးသွင်းခြင်း စုဆောင်းမှု Collection of Slutty Hole Insertions By 沒劉海的花和卷 EXTREME SMUT