သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Co...

By Daisy-Kim

73.1K 6.4K 867

အနွယ်ရဲ့ခန္ဓာကိုယ်က ဘယ်လောက်ပင်ညစ်ညမ်းနေပစေ။ကျွန်မကတော့ အနွယ့်ကိုဆက်ချစ်နေအုန်းမှာ ..။ ဘာလို့လဲသိလား ကျွန်မချ... More

သစ္စာနွယ်တော်ပျော်မွေ့ရာ(အင်ထရို)
အပိုင်း၁။ နှင်းဆီမြိုင်
အပိုင်း၂။ မြေခွေးအို
အပိုင်း၃။ အကြင်သူ
အပိုင်း၄။ အချစ်သက်သေ
အပိုင်း၅။။ ချစ်သည်းကညှာ၏အပြုံးပန်း
အပိုင်း၆။ တည်နိုင်ခဲ့လေသောကတိတစ်ခု
အပိုင်း၇။ အတိတ်ခရီး
အပိုင်း၈။ ပြတ်ခဲ့လေသောသံယောဇဉ်ကြိုးမျှင်
အပိုင်း၉။ မိတ်ဆွေဟောင်း
အပိုင်း၁၀။ နာမ်စားလေးတစ်ခု
အပိုင်း၁၁။ ပွတ်သဘင်
အပိုင်း၁၂။ ကစားစရာ
အပိုင်း၁၃။ သွေးကြွေး
အပိုင်း၁၄။ မောင့်ရနံ့ငယ်
အပိုင်း၁၅။ မိုးကြိုးနက်ဂိုဏ်း
အပိုင်း၁၆။ မြတ်နိုးရသည့်အချစ်သည်းကညှာ
အပိုင်း၁၇။ ဇီဇဝါပန်း၏အဓိပ္ပါယ်ဖွင့်ဆိုချက်
အပိုင်း၁၈။ သူပြန်လာပြီလား?
၁၉။ အမေ!!
အပိုင်း၂၁။ အနှီစာရေးငယ်ကတော့လေ!
အပိုင်း၂၂။ လူတိုင်းမှာလှို့ဝှက်ချက်ဆိုတာရှိစမြဲ
pls Attention to me
အပိုင်း၂၃။ မထင်မှတ်ထားသူနှင့်ပြန်လည်ဆုံတွေ့ခြင်း
အပိုင်း၂၄။ အပျော်မယ်တွေမှာလည်း မနှစ်သက်ရင်ငြင်းဆန်ပိုင်ခွင့်ရှိသည်။
အပိုင်း၂၅။ ဟန်ဆောင်ခြင်း‌ေတွအတွက်အမှန်တရားပေါ်ပေါက်မြဲ။(uni+Zawgyi)
အပိုင်း၂၆ ။ ဒီလောက်ချစ်ဖို့ကောင်းတဲ့အနွယ်ကိုဘယ်နေရာမှသွားဖွက်ထားရမလဲ(uni+Zawgy)
အပိုင်း၂၇။ တချို့သောပန်းတွေအပြင်ပိုင်းကလှပသလောက် အဓိပ္ပါယ်ကတော့ဝမ်းနည်းစရာပေ ။
၂၈။ ဒေါ်ငွေစံပယ်ခင်၏အမည်အရင်း?
၂၉။ ဟန်နီရဲ့လှို့ဝှက်ချက်(uni+Zawgyi)
၃၀။ လျစ်လျှူရှူခြင်း (uni +Zawgyi)
၃၁။ သေစေနိုင်လောက်တဲ့အပြုံးပန်းတစ်ပွင့်ပန်ဆင်ထားလှသူ (uni+Zawgyi)
၃၂။ သေဆုံးခြင်း
၃၃။ ရှင်သန်ရာနေရာသစ် (U+Z)
၃၄။ အချစ်သည်းကညှာလေးကအရင်တိုင်းပါပဲ ချစ်ဖို့ကောင်းတုန်း (U+Z)
Attention to me ♡
၃၅။ ရင်သွေးငယ်
-အပိုင်း(၃၆) - အချိန်ကြာမှတောင်းပန်ဖို့သတ္တိရှိလာတဲ့သူမကိုခွင့်လွှတ်ပေးနိုင်မလား
အပိုင်း(၃၇) ။
၃၈။ စံပယ်ပန်းလေးဟာ မာနတရားတွေလွှမ်းခြုံထားသည်တဲ့။
အပိုင်း၃၉. အတိတ်ကအပိုင်းအစအချို့
အပိုင်း၄၀။ ဇာတ်သိမ်းပိုင်း

အပိုင်း၂၀။။ မောင့်ရနံ့ငယ်နှင့်ဒုတိယအကြိမ်ဆုံတွေ့ခြင်း

1.3K 124 18
By Daisy-Kim

Uni

" အမေ.."

ချက်ချင်းဆိုသလိုမျက်နှာလွဲပြီးထွက်သွားဖို့လုပ်နေသည့် အမေ့ရဲ့လက်ကိုအတင့်ရဲစွာဆုပ်ကိုင်ထားမိသည်။

" အမေ မသွား မသွားပါနဲ့"

" နင် ငါ့လက်ကို လွှတ်စမ်း ငါ့ကနင့်အမေမဟုတ်ဖူး!"

လက်ကိုကြမ်းတမ်းစွာဖယ်ချပြီးထွက်သွားသောအ‌မေ့နောက်ကိုလိုက်သွားဖို့ပြင်လိုက်ပေမဲ့ခြေအစုံဟာ မက်တပ်ရပ်ဖို့တောင်အနိုင်နိုင်ပင်။ ဘေးနားကတန်းကိုအားယူပြီးပစ်လဲမကျသွားအောင်ထိန်းလိုက်သည်။

ဒီအခြေအနေကိုအများကြီးစိတ်ကူးယဉ်ဖူးတယ်..။

အမေနဲ့ပြန်တွေ့ခဲ့လို့ ရှိရင် ဘာလို့များ ဒီလိုလုပ်ရက်ရတာလဲ။
ဘာဖြစ်လို့များ သမီးကိုတောင်ပစ်ပြီးထွက်သွားနိုင်ရတာလဲ။
ဘာလို့များ ပစ်ပစ်ခါခါထားသွားရတာလဲ..။
မေးခွန်းတွေအများကြီးပြင်ထားပေမယ့် တဂယ်တန်းပြန်တွေ့တော့ စကားလုံးတစ်ခွန်းတောင် သေသေချာချာမပြောဖြစ်ခဲ့။

အံသေသွားသလိုမျိုး စကားတစ်ခွန်းမှထွက်မလာခဲ့တဲ့ သူမကိုယ်သူမ လဲမုန်းမိပါသည်။
ဘာကြောင့်များလဲ တဂယ်ဆို အမေ့ကို မလွှတ်တမ်းဆွဲထားရမှာလေ၊ သို့ပေမဲ့ သူမ မလုပ်နိုင်ခဲ့ဖူး အမေ့ကိုပြန်ဆွဲထားဖို့ရာ သူမ မတတ်နိုင်ခဲ့။

ရက်စက်ပါပေ့ကံကြမ္မာရယ်။
ဒီလိုမျိုးကြုံတွေရမယ်ဆို ဘာလို့များ အမေ့ကို သူမထံနောက်တစ်ခေါက်ဆုံတွေ့ရအောင်လုပ်ပေးလိုက်တာလဲ။ မေ့ချင်ယောင်ဆောင်ပြီး နေနေတဲ့သူမရဲ့ဘဝလေးက အခုမှအတိတ်ဒဏ်ရာတွေအနည်ထိုင်ခါစ ရှိသေးတာလေ၊ ဘာကြောင့်များ ဘာကြောင့်များ ထပ်ပေါ်လာပြီး အတိတ်တွေကိုပြန်တူးဖော်လိုက်ရတာလဲ။

ရေစက်ပြတ်ပါပြီလို့ အကြိမ်ကြိမ်ဟစ်ကြွေးလဲ တဂယ်တည်းတွေ့ပေတော့  နှလုံးသားထဲက နာကျင်မှုက ပိုတိုးလို့လာပေသည်။ သံယောဇဉ်မရှိတော့ဘူး၊ မနာကျင်တော့ဘူးလို့ ဟစ်ကြွေးထားပေမယ့် သံယောဇဉ်မပြတ်နိုင်တာ သူမပါလေ ။ မွေးမိခင်ဖြစ်တဲ့ ဒေါ်ငွေစံပယ်ခင်ကတော့ သူမကို ပစ်ပစ်ခါထားသွားနိုင်ပါတယ်။

သူမရဲ့ကံကြမ္မာကိုကဆိုးဝါးလွန်းပါတယ်။
ဘာလို့များခုချိန်ထိနာကျင်ခံစားနေရမယ်ဆို  အစကတည်းက မမွေးဖွားလာခဲ့ပါနဲ့လား။အသက်မပြည့်ခင်တည်းကြုံတွေ့လာရတယ့် နာကျင်မှုတွေက သူမအသက်ထက်ဝက်ကျိုးသွားလည်းနာကျင်မှုတွေကမရော့ပဲ တစတစသာ တိုးလာခဲ့သည်။

ခြေမခိုင်တော့တဲ့ခြေထောက်အစုံကို အားယူပြီးဖေးဘရိတ် ကုန်တိုက်ရှေ့အထွက် မျက်လုံးထဲမှာအရာအားလုံးက မှောင်မိုက်လွန်းတယ်။ ရှေ့လမ်းကိုမမြင်ရသည်ထိမှောင်မိုက်လွန်းတယ်။ ည အချိန်က  ရောက်သွားတာစောလွန်းလှပါတယ်။

မှေးစက်ချိန်တန်ပြီထင်ပါရဲ့။
မျက်လုံးတွေဟာ တဖြည်းဖြည်းချင်း သခင်ရဲ့အမိန့်တောင် မတောင်းယူပဲ သူ့သဘောသူ မှိတ်ချသွားတော့လေသည်။
*
*
*
*
*
*
*
*
*
*
*
*
*
ခပ်စူးစူး အလင်းကြောင့် အနွယ့်မျက်လုံးတွေ မဖွင့်ချင်ပဲဖွင့်လိုက်ရတော့သည် ။
မျက်လုံးက အလင်းရောင်အပြည့်အဝရရချင်း သတိထားမိလိုက်သည်က မရင်းနှီးသည့်နေရာတစ်ခု၊ ပြီးတော့ သူမအမုန်းဆုံးနေရာတစ်ခု။

" ဪ ညီမ သတိရလာပြီလား ခနနော် ဒေါက်တာကိုခေါ်ပေးမယ်"

အနွယ်သတိတောင်မထားမိသည့်အချိန်မှာ ဆေးရုံက သူနာပြုလေးကရောက်လာပြီးဆရာဝန်ခေါ်ပေးမယ် ဆိုပြီးပြောနေသည်ကိုကြားလိုက်သည်။ သို့သော်အနွယ် ထိုစကားကို အာရုံမထားပဲ ဆေးရုံကနေသာအမြန်ထွက်သွားလိုက်သည်။

သူမဆေးရုံကိုမုန်းပါသည်။

ဖေကြီးကို အသက်ကိုအချိန်မှီမကယ်တင်နိုင်လိုက်တဲ့ ဆေးရုံ၊ ‌ဖေကြီး ခေါင်းချသွားရုံဆေးရုံ၊ ဆေးရုံစည်းကမ်းနဲ့အညီ အလောင်းတောင်ပြန်မပေးပဲ ချက်ချင်းသဂြိုလ်လိုက်သည့်
ဆေးရုံ၊နောက်ဆုံးအကြိမ်လေးမှာတောင်မျက်နှာမမြင်ပဲနှုတ်ဆက်ခွင့်တောင်မပေးလိုက်သည့် ဆေးရုံဆိုသည့် ဒီနေရာကို သွေးသားထဲက ကိုလှိုက်ပြီးမုန်းမိပါသည်။

ဆေးရုံအပြင်ရောက်သည်နှင့် တွေ့တဲ့လန်ချားငှားပြီး နှင်းဆီမြိုင်ကိုသာအရောက်ပြန်လိုက်တော့သည်။

လင်းမြင့်ဇရာမျိုး အသိဒေါက်တာတစ်ယောက်နဲ့တွေ့လို့နှုတ်ဆက်စကားဆိုနေတုန်း ရနံ့ငယ်လေး နိုးလာပြီဟု သူနာပြုဆရာမက လာပြောသည်ကြောင့် လေကြောရှည်နေသည့်ဒေါက်တာကို လေကြောဖြတ်ပြီး သူမလေးရှိသည့်လူနာကုတင်ကို အပြေးလေးသွားလိုက်သည်။

သူရောက်တာနောက်ကျသွားတယ်ထင်ပါရဲ့ ထိုနေရာမှာသူမလေးမရှိတော့။

ဒီတစ်ခေါက်လဲ အမည်တောင်မသိလိုက်ရပဲ ရနံ့ငယ်လေး ကို မောင် လက်လွှတ်လိုက်ရပြန်ပြီ။

နောက်တစ်ခါပြန်ဆုံရင်တော့ မောင့်ရနံ့ငယ်ကို မောင် အပြီးတိုင် မောင့်အချစ်လှောင်အိမ်လေးထဲမှာသိမ်းထားတော့မယ် ဒါမှသူမလေး နောက်တစ်ခေါက်မထွက်သွားနိုင်မှာ။

ယနေ့ မိထွေးက ဖေးဘရိတ်ကုန်တိုက်ကို လိုက်ပို့ခိုင်းနေသည်ကြောင့်မလိုက်ပို့ချင်ပဲ လိုက်ပို့ခဲ့ရသည်။ ဒါပေမဲ့ ကုန်တိုက်ရှေ့မယ် သူမလေးကိုတွေ့ခွင့်ရတာတော့အဆိုးထဲက အကောင်းပေါ့။

ကုန်တိုက်ရှေ့မယ် အားမရှိတဲ့ခြေလှမ်းတွေနဲ့ကုန်တိုက်ပြင်ထွက်လာသည့်သူမလေးကို ကားပေါ်ကနေ ‌ယောင်ယောင်နန နဲ့ငေးကြည့်နေမိသည်မှာ သူမလေးလဲကျတော့မယ့် အချိန်မှ ကားပေါ်ကနေ အမြန်ဆင်းပြီး သူမလေးရဲ့ကိုယ်လုံးလေးကိုပွေ့ဖက်ထားပြီးဆေးရုံကိုအမြန်ပြေးခဲ့ရသည်။

မိထွေးကတော့ စိတ်ပူစရာမရှိ၊ ဓာတ်ရထား ဒါမှမဟုတ် လန်ချား ငှားပြီး စံအိမ်ကိုပြန်လိမ့်မည်။

ဆေးရုံရောက်ရောက်ခြင်း ဒေါက်တာကို အမြန်ကြည့်ခိုင်းတော့ စိတ်ပင်ပန်းမှူများပြီး မေ့လဲသွားသည်ဟုပြောသည်ကြောင့် စိုးရိမ်စရာလျော့သွားတော့သည်။ တော်သေးသည် ပြသာနာကြီးကြီးမားမားမဖြစ်ပေလို့။

ရနံ့ငယ်လေး ဘေးမှာ ရနံ့ငယ်လေး နိုးလာတာကိုစောင့်နေရင်း အဖေ့တုန်းက ကုပေးခဲ့သည့်ဒေါက်တာနဲ့တွေ့သည်ကြောင့် ဒေါက်တာရုံးခန်းထဲမှာစကားခနပြောနေတုန်း ရနံ့လေး က နိုးလာပြီး အသိတောင်မပေးပဲထွက်သွားခဲ့လေပြီ။

နောက်တစ်ခါပြန်ဆုံခဲ့ရင် ထွက်သွားခွင့်မပေးတော့ဘူး မောင့်ရနံ့ငယ်။

၁၄. ၆.၂၀၂၂
မိုး♡

(A/N နောက်တော့မကျဖူးမှလား👀🤍)
Zawgyi
" အေမ.."

ခ်က္ခ်င္းဆိုသလိုမ်က္ႏွာလြဲၿပီးထြက္သြားဖို႔လုပ္ေနသည့္ အေမ့ရဲ႕လက္ကိုအတင့္ရဲစြာဆုပ္ကိုင္ထားမိသည္။

" အေမ မသြား မသြားပါနဲ႕"

" နင္ ငါ့လက္ကို လႊတ္စမ္း ငါ့ကနင့္အေမမဟုတ္ဖူး!"

လက္ကိုၾကမ္းတမ္းစြာဖယ္ခ်ၿပီးထြက္သြားေသာအ‌ေမ့ေနာက္ကိုလိုက္သြားဖို႔ျပင္လိုက္ေပမဲ့ေျခအစုံဟာ မက္တပ္ရပ္ဖို႔ေတာင္အနိုင္နိုင္ပင္။ ေဘးနားကတန္းကိုအားယူၿပီးပစ္လဲမက်သြားေအာင္ထိန္းလိုက္သည္။

ဒီအေျခအေနကိုအမ်ားႀကီးစိတ္ကူးယဥ္ဖူးတယ္..။

အေမနဲ႕ျပန္ေတြ႕ခဲ့လို႔ ရွိရင္ ဘာလို႔မ်ား ဒီလိုလုပ္ရက္ရတာလဲ။
ဘာျဖစ္လို႔မ်ား သမီးကိုေတာင္ပစ္ၿပီးထြက္သြားနိုင္ရတာလဲ။
ဘာလို႔မ်ား ပစ္ပစ္ခါခါထားသြားရတာလဲ..။
ေမးခြန္းေတြအမ်ားႀကီးျပင္ထားေပမယ့္ တဂယ္တန္းျပန္ေတြ႕ေတာ့ စကားလုံးတစ္ခြန္းေတာင္ ေသေသခ်ာခ်ာမေျပာျဖစ္ခဲ့။

အံေသသြားသလိုမ်ိဳး စကားတစ္ခြန္းမွထြက္မလာခဲ့တဲ့ သူမကိုယ္သူမ လဲမုန္းမိပါသည္။
ဘာေၾကာင့္မ်ားလဲ တဂယ္ဆို အေမ့ကို မလႊတ္တမ္းဆြဲထားရမွာေလ၊ သို႔ေပမဲ့ သူမ မလုပ္နိုင္ခဲ့ဖူး အေမ့ကိုျပန္ဆြဲထားဖို႔ရာ သူမ မတတ္နိုင္ခဲ့။

ရက္စက္ပါေပ့ကံၾကမၼာရယ္။
ဒီလိုမ်ိဳးႀကဳံေတြရမယ္ဆို ဘာလို႔မ်ား အေမ့ကို သူမထံေနာက္တစ္ေခါက္ဆုံေတြ႕ရေအာင္လုပ္ေပးလိုက္တာလဲ။ ေမ့ခ်င္ေယာင္ေဆာင္ၿပီး ေနေနတဲ့သူမရဲ႕ဘဝေလးက အခုမွအတိတ္ဒဏ္ရာေတြအနည္ထိုင္ခါစ ရွိေသးတာေလ၊ ဘာေၾကာင့္မ်ား ဘာေၾကာင့္မ်ား ထပ္ေပၚလာၿပီး အတိတ္ေတြကိုျပန္တူးေဖာ္လိုက္ရတာလဲ။

ေရစက္ျပတ္ပါၿပီလို႔ အႀကိမ္ႀကိမ္ဟစ္ေႂကြးလဲ တဂယ္တည္းေတြ႕ေပေတာ့  ႏွလုံးသားထဲက နာက်င္မႈက ပိုတိုးလို႔လာေပသည္။ သံေယာဇဥ္မရွိေတာ့ဘူး၊ မနာက်င္ေတာ့ဘူးလို႔ ဟစ္ေႂကြးထားေပမယ့္ သံေယာဇဥ္မျပတ္နိုင္တာ သူမပါေလ ။ ေမြးမိခင္ျဖစ္တဲ့ ေဒၚေငြစံပယ္ခင္ကေတာ့ သူမကို ပစ္ပစ္ခါထားသြားနိုင္ပါတယ္။

သူမရဲ႕ကံၾကမၼာကိုကဆိုးဝါးလြန္းပါတယ္။
ဘာလို႔မ်ားခုခ်ိန္ထိနာက်င္ခံစားေနရမယ္ဆို  အစကတည္းက မေမြးဖြားလာခဲ့ပါနဲ႕လား။အသက္မျပည့္ခင္တည္းႀကဳံေတြ႕လာရတယ့္ နာက်င္မႈေတြက သူမအသက္ထက္ဝက္က်ိဳးသြားလည္းနာက်င္မႈေတြကမေရာ့ပဲ တစတစသာ တိုးလာခဲ့သည္။

ေျခမခိုင္ေတာ့တဲ့ေျခေထာက္အစုံကို အားယူၿပီးေဖးဘရိတ္ ကုန္တိုက္ေရွ႕အထြက္ မ်က္လုံးထဲမွာအရာအားလုံးက ေမွာင္မိုက္လြန္းတယ္။ ေရွ႕လမ္းကိုမျမင္ရသည္ထိေမွာင္မိုက္လြန္းတယ္။ ည အခ်ိန္က  ေရာက္သြားတာေစာလြန္းလွပါတယ္။

ေမွးစက္ခ်ိန္တန္ၿပီထင္ပါရဲ႕။
မ်က္လုံးေတြဟာ တျဖည္းျဖည္းခ်င္း သခင္ရဲ႕အမိန႔္ေတာင္ မေတာင္းယူပဲ သူ႕သေဘာသူ မွိတ္ခ်သြားေတာ့ေလသည္။
*
*
*
*
*
*
*
*
*
*
*
*
*
ခပ္စူးစူး အလင္းေၾကာင့္ အႏြယ့္မ်က္လုံးေတြ မဖြင့္ခ်င္ပဲဖြင့္လိုက္ရေတာ့သည္ ။
မ်က္လုံးက အလင္းေရာင္အျပည့္အဝရရခ်င္း သတိထားမိလိုက္သည္က မရင္းႏွီးသည့္ေနရာတစ္ခု၊ ၿပီးေတာ့ သူမအမုန္းဆုံးေနရာတစ္ခု။

" ဪ ညီမ သတိရလာၿပီလား ခနေနာ္ ေဒါက္တာကိုေခၚေပးမယ္"

အႏြယ္သတိေတာင္မထားမိသည့္အခ်ိန္မွာ ေဆး႐ုံက သူနာျပဳေလးကေရာက္လာၿပီးဆရာဝန္ေခၚေပးမယ္ ဆိုၿပီးေျပာေနသည္ကိုၾကားလိုက္သည္။ သို႔ေသာ္အႏြယ္ ထိုစကားကို အာ႐ုံမထားပဲ ေဆး႐ုံကေနသာအျမန္ထြက္သြားလိုက္သည္။

သူမေဆး႐ုံကိုမုန္းပါသည္။

ေဖႀကီးကို အသက္ကိုအခ်ိန္မွီမကယ္တင္နိုင္လိုက္တဲ့ ေဆး႐ုံ၊ ‌ေဖႀကီး ေခါင္းခ်သြား႐ုံေဆး႐ုံ၊ ေဆး႐ုံစည္းကမ္းနဲ႕အညီ အေလာင္းေတာင္ျပန္မေပးပဲ ခ်က္ခ်င္းသၿဂိဳလ္လိုက္သည့္
ေဆး႐ုံ၊ေနာက္ဆုံးအႀကိမ္ေလးမွာေတာင္မ်က္ႏွာမျမင္ပဲႏႈတ္ဆက္ခြင့္ေတာင္မေပးလိုက္သည့္ ေဆး႐ုံဆိုသည့္ ဒီေနရာကို ေသြးသားထဲက ကိုလွိုက္ၿပီးမုန္းမိပါသည္။

ေဆး႐ုံအျပင္ေရာက္သည္ႏွင့္ ေတြ႕တဲ့လန္ခ်ားငွားၿပီး ႏွင္းဆီၿမိဳင္ကိုသာအေရာက္ျပန္လိုက္ေတာ့သည္။

လင္းျမင့္ဇရာမ်ိဳး အသိေဒါက္တာတစ္ေယာက္နဲ႕ေတြ႕လို႔ႏႈတ္ဆက္စကားဆိုေနတုန္း ရနံ႕ငယ္ေလး နိုးလာၿပီဟု သူနာျပဳဆရာမက လာေျပာသည္ေၾကာင့္ ေလေၾကာရွည္ေနသည့္ေဒါက္တာကို ေလေၾကာျဖတ္ၿပီး သူမေလးရွိသည့္လူနာကုတင္ကို အေျပးေလးသြားလိုက္သည္။

သူေရာက္တာေနာက္က်သြားတယ္ထင္ပါရဲ႕ ထိုေနရာမွာသူမေလးမရွိေတာ့။

ဒီတစ္ေခါက္လဲ အမည္ေတာင္မသိလိုက္ရပဲ ရနံ႕ငယ္ေလး ကို ေမာင္ လက္လႊတ္လိုက္ရျပန္ၿပီ။

ေနာက္တစ္ခါျပန္ဆုံရင္ေတာ့ ေမာင့္ရနံ႕ငယ္ကို ေမာင္ အၿပီးတိုင္ ေမာင့္အခ်စ္ေလွာင္အိမ္ေလးထဲမွာသိမ္းထားေတာ့မယ္ ဒါမွသူမေလး ေနာက္တစ္ေခါက္မထြက္သြားနိုင္မွာ။

ယေန႕ မိေထြးက ေဖးဘရိတ္ကုန္တိုက္ကို လိုက္ပို႔ခိုင္းေနသည္ေၾကာင့္မလိုက္ပို႔ခ်င္ပဲ လိုက္ပို႔ခဲ့ရသည္။ ဒါေပမဲ့ ကုန္တိုက္ေရွ႕မယ္ သူမေလးကိုေတြ႕ခြင့္ရတာေတာ့အဆိုးထဲက အေကာင္းေပါ့။

ကုန္တိုက္ေရွ႕မယ္ အားမရွိတဲ့ေျခလွမ္းေတြနဲ႕ကုန္တိုက္ျပင္ထြက္လာသည့္သူမေလးကို ကားေပၚကေန ‌ေယာင္ေယာင္နန နဲ႕ေငးၾကည့္ေနမိသည္မွာ သူမေလးလဲက်ေတာ့မယ့္ အခ်ိန္မွ ကားေပၚကေန အျမန္ဆင္းၿပီး သူမေလးရဲ႕ကိုယ္လုံးေလးကိုေပြ႕ဖက္ထားၿပီးေဆး႐ုံကိုအျမန္ေျပးခဲ့ရသည္။

မိေထြးကေတာ့ စိတ္ပူစရာမရွိ၊ ဓာတ္ရထား ဒါမွမဟုတ္ လန္ခ်ား ငွားၿပီး စံအိမ္ကိုျပန္လိမ့္မည္။

ေဆး႐ုံေရာက္ေရာက္ျခင္း ေဒါက္တာကို အျမန္ၾကည့္ခိုင္းေတာ့ စိတ္ပင္ပန္းမႉမ်ားၿပီး ေမ့လဲသြားသည္ဟုေျပာသည္ေၾကာင့္ စိုးရိမ္စရာေလ်ာ့သြားေတာ့သည္။ ေတာ္ေသးသည္ ျပသာနာႀကီးႀကီးမားမားမျဖစ္ေပလို႔။

ရနံ႕ငယ္ေလး ေဘးမွာ ရနံ႕ငယ္ေလး နိုးလာတာကိုေစာင့္ေနရင္း အေဖ့တုန္းက ကုေပးခဲ့သည့္ေဒါက္တာနဲ႕ေတြ႕သည္ေၾကာင့္ ေဒါက္တာ႐ုံးခန္းထဲမွာစကားခနေျပာေနတုန္း ရနံ႕ေလး က နိုးလာၿပီး အသိေတာင္မေပးပဲထြက္သြားခဲ့ေလၿပီ။

ေနာက္တစ္ခါျပန္ဆုံခဲ့ရင္ ထြက္သြားခြင့္မေပးေတာ့ဘူး ေမာင့္ရနံ႕ငယ္။

၁၄. ၆.၂၀၂၂
မိုး♡

(A/N ေနာက္ေတာ့မက်ဖဴးမွလား👀🤍)

Continue Reading

You'll Also Like

792K 7.4K 21
အလြန္ရိုင္းပါတယ္ ဘာဗဟုသုတမွမရွိပါဘူး ကိုယ္စိတ္ကိုႏႈိင္ေအာင္ထိန္း wattpad ကိစၥ wattpad မွာထားခဲ႔ ဖင္မယားနဲ႔ ok အသက္မျပည့္ေသးရင္ ေဝးေဝးေဂ်ာင္း not for...
629K 1.6K 8
ကလေးတေမဖတ်နဲ့ ဖတ်ရင်လည်း တိုးတိုးတိတ်တိတ်ဖတ် wattpadစာကိုwattpadမှာဘဲထားခဲ့ပါ ယူသွားမယ်ဆိုလည်းကိုတို့လိုလူတေရှိတဲ့နေရာဘဲယူသွားပါ
230K 35.8K 31
Title-我不跟傻子談戀愛 (I Don't Date A Fool) Original Author-三道 Type-Web Novel 30 Chapters Available in Both Unicode & Zawgyi I don't own the Story. I trans...
405K 8.3K 22
+++++ အခန်းတွေပါမှာမို့ ဖတ်ဖို့အဆင်မပြေတဲ့သူများပြန်လှည့်သွားကြပါ အသက်မပြည့်သေးတဲ့ကလေးတွေမဖတ်ကြဖို့မေတ္တာရပ်ခံပါတယါ