ချစ်ခြင်းတို့အလွန်

By maiyuri18

1M 54.6K 2.1K

ကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ... More

အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
တောင်းပန်ခြင်းနှင့်အသိပေးခြင်း
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း(၃၅)
အပိုင်း (၃၆)
အပိုင်း(၃၇)
အပိုင်း (၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း (၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း (၄၈)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
အပိုင်း (၅၉ )
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း (၆၂)
အပိုင်း(၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀) ဇာတ်သိမ်းပိုင်း (၁)
အပိုင်း(၇၁)ဇာတ်သိမ်းပိုင်း(၂)
Alert🔕
ဇာတ်သိမ်း
Extra (1) Birthday present 💙
Extra (2)
Extra (3)
Extra(4)
Extra (5) Final

အပိုင်း(၃၄)

15K 816 83
By maiyuri18


*** လဲပြိုကျသွားသောနာကျင်ခံစားမူ၊ ပြိုလဲဖူးသောသူသာသိ၏ ***

" ဘာ...ဘယ်လို ထက်ပိုင်..မင်း ပြောစမ်းပါကွာ....မင်းပြောစမ်းပါ ...ငါကိုပြောစမ်းပါ"

"ဟုတ်တယ်...$ကောင်ရဲ့ ...ကောင်းပြည့်လေးက ကိုယ်ဝန်နဲ့ ၊ မင်းရဲ့ ကလေးကို လွယ်ထားရတယ်...ငါ မင်းကို သတ်ချင်တယ် သိလား..ခု မင်းမှန်တယ်ထင်နေတုန်းလား ၊ မင်းလုပ်တာ အမှန်ထင်နေတုန်းလား၊ မင်း အမြင်မှန်မရသေးဘူးလားဟ၊ မင်းမိသားစု ပြိုကွဲနေတာတောင် မင်း အသိတရားမဝင်သေးဘူးလား ၊ ငါ -ိုးတဲ့၊ မင်းမှန်တယ်...မဟုတ်လား ...ဟင် .."

ဖြန်း.....ဖြန်း.....

" ငါကို ရိုက်စမ်းပါ ...ငါကို တစ်ချက်လောက် ရိုက်စမ်းပါ ...ကိုလင်း....ထက်ပိုင်...ရိုက်စမ်းပါ...Jack....ငါကို အသိဝင်အောင်ရိုက်ပစ်လိုက်စမ်းပါ"

" တော်စမ်းပါကွာ...တော်ပါတော့ ...တော်ကြပါတော့ဟ ...ငါလဲ ရူးချင်နေပြီ...မြန်မာပြည်ကို ပြန်ကိုမလာချင်တော့တာ....ဟာ.....မား...မားမားရေ...သတိထားပါအုံးဗျာ..."

ဒီလိုအခြေအနေဆိုးတွေထဲမှာ ထက်ပိုင်ပြောသော စကားတွေကြောင့် မားမားနှင့်အတူ
ကျွန်တော်တို့တွေပါ အံ့ဩသင့်လျှက်ရှိနေသည်။ မထင်မှတ်သော အချိန်မှာ မထင်မှတ်သော စကားတွေကြောင့် နဂိုကတည်းက အသိလွတ်ချင်နေသော Jackson ၊ ခုတော့ သွပ်သွပ်ခါ အောင်ရူးဖို့ လုံလောက်ပြီ။ ရုတ်တရက် ကြားရသော သတင်းစကားတွေကြောင့် မားမားလည်း အသက်မရူနိုင်စွာ ရုတ်တရက် မေ့မျောခဲ့ရပြီ။ အကုန် ဒုခ ရောက်နေပါပြီဗျာ...ကျွန်တော်ရဲ့တူလေးလား ၊တူမလေး လားမသိတဲ့ ကလေးလေးကို လွယ်ထားရသော ညီလေးက ဘယ်ဆီမလဲ၊ Jackson ကလည်း သူ့အမှားကြောင့် ဆိုပြီး ကိုယ်ကိုကိုယ် ထိခိုက်နာကျင်စေအောင်လုပ်နေပြီ၊ အိမ်တော်မှာ ကျန်ရခဲ့တဲ့ အပါးလည်း ခုသတင်းတွေကြောင့် စိတ်ထိခိုက်နေရောပေါ့။

ဘယ်မှာ မှန်းမသိတဲ့ HANTHAR GROUP ရဲ့ မျိုးစက်က ခု ဘယ်ဆီမလဲ၊ ဘယ်နေရာ
ရောက်နေမလဲ အပါးလည်း ရှိသမျှ အတောင်ကို ဖြန့်ပြီး တစ်နိုင်ငံလုံး မြေလှန်ရှာနေရောမည်။အိမ်တော်ရဲ့ မျိုးစက်ကို သိပ်တောင့်တနေသော မားမား ကျန်းမာရေး ဆိုးဆိုးဝါးဝါး မထိခိုက်ဖို့ ဆုတောင်းရမှာပဲ။ ကျွန်တော်ခံစားချက် ကဘာလဲ မမေးပါနဲ့တော့ ၊ ခု ကျွန်တော် သန်မာမှရ
မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုသာ ခိုင်ခိုင်မာမာ ချထားရသည်။ ပြိုလဲနေသော Jackson ၊ မျက်နှာတောင်မမြင်ရသေးသော မြေးငယ်အတွက် ပူပင်နေသော မားမား၊ HANTHAR GROUP ရဲ့လုပ်ငန်းအားလုံးကို လူယုံတွေများစွာဖြင့် အသက်ကြီးမှ ပြန်လည် ဦးစီးနေရပါသောအပါး ၊ သူတို့ရဲ့ရှေ့မှာ ကျွန်တော်က သန်မာနေမှ ရမယ်၊ ကျွန်တော် ခံစားချက်ကို လျစ်လျူရူပြီး ဒီလူ၃ ဦးကို ကျွန်တော်စောင့်ရှောက်ရမယ်။ ဘုရားသခင် ကယ်တော်မူပါ ၊ ဗုဒ္ဓမြတ်စွာ ဘုရားစောင်,မ ပါဘုရား၊ ပြုခဲ့သော အမှားတချို့ရှိခဲ့ပါလျှင် ဝဋ်ကြွေးတော်ပြေ ဘုရားမှာ ကောင်းမူကုသိုလ်ပြုပြီး တောင်းဆုပြုမယ်။ တပည့်တော်တို့မိသားစု ပြုခဲ့ဖူးသော ကုသိုလ်ကောင်းမူဖြင့် ပြန်လည်ချေဖျက်ပါရစေဘုရား။ တပည့်တော်ကို ပိုမိုကောင်းမွန်သော အင်အားအပြည့် ခွန်အားသန်မာခြင်းတွေ ပေးတော်မူပါ၊ တပည့်တော်မိသားစု ကာကွယ်စောင့်ရှောက်ဖို့အတွက် တပည့်တော်ကို သနားငဲ့ညာပါဘုရား။

"Jack ..ကူညီပေးပါ ၊ Jack ငါ့ ကလေးငယ်နဲ့ ရင်သွေးလေးကို ကူညီပြီးရှာပေးပါ...ငါ မင်း
စိတ်တိုင်းကြ နေပေးပါ့မယ် ၊ ငါကို ကူညီပေးပါ Jack ကူညီပေးပါ ၊ ငါတောင်းဆိုပါတယ်ကွာ..ငါတောင်းပန်ပါတယ် Jack ၊ ထက်ပိုင် လုပ်ပါကွာ...ရှာပေးကြပါ..ခုရှာပေးကြပါ ...ကိုလင်း ခုချက်ချင်း ကလေးငယ်ဇာတိကို ပြန်ပြီး သွားရှာပေးပါ......ခု ...ခုချက်ချင်းလို့ "

" စိတ်ထိမ်းပါ ...ရဲရင့်ရာ...စိတ်ထိမ်းပါအုံး...ငါတို့အားလုံး အခုရှာနေပါတယ်...ငါတို့ အားလုံး နယ်တွေဖြန့်ပြီးရှာနေပါတယ် ရဲရင့်ရာ ....မင်း ကျန်းမာမှရမယ်လေ...မင်ခြေထောက်ပြန်ကောင်းမှ မင်းကလေးငယ်ကို ပြန်ရှာရမယ်လေကွာ..ခု တလော မင်းခြေထောက်ကို ပြန်ကောင်းဖို့ အရင်လုပ်ရမယ်လေ ၊ခု သက်ကိုတို့ နှစ်ယောက်လည်း ပြန်လာနေပြီ ၊ ငါတို့အကုန် ရှာနေကြတာပါ "

"အားလုံး...အားလုံးက ငါ့အမှား၊ ကလေးငယ်နာကျင်အောင် ၊ ကလေးငယ် ငိုအောင် ၊ စိတ်ဆင်းရဲရအောင် အားလုံးကို ငါလုပ်ခဲ့တာကွာ၊ ငါ....ငါ...က ...ငါကလေးငယ်ကို အနိုင်ကျင့် နှိပ်စက်ခဲ့တာ ၊ ငါ့$သုံးမကျတာ ပါကွာ....ကယ်ပါအုံး ကလေးငယ်ကို ကယ်ပေးကြပါ...ကလေးငယ်ကို ကယ်ပေးကြပါကွာ......ငါ တောင်းပန်ပါတယ် အားလုံးကို တောင်းပန်ပါတယ်ငါ့ကလေးငယ်ကိုရှာပေးကြပါ "

သွားပြီ၊ မရှိတော့ဘူး ၊ ကျွန်တော့်ဘဝ အဓိပ္ပါယ်၊ ကျွန်တော်ဘဝရဲ့ အနာဂတ်၊ကျွန်တော်ကလေးငယ်နောက် ပါသွားပြီ။ ဘယ်မလဲ ကလေးငယ်၊ ဘယ်ဆီ ဘယ်ဝယ် သွားနေလဲ၊ ပြန်လာပါကွာ မပေါ့မပါးကြီးနဲ့ လျှောက်မသွားရဘူး လေ ကလေးငယ်ရယ် ၊ ပြန်လာပါလို့ ကိုကိုတောင်းပန်ပါတယ်၊ ဒူးထောက်တောင်းပန်ဆိုလည်း တောင်းပန်ပါတယ် ကွာ။ ကလေးငယ်ရာ ကိုကို ရှာမယ် မတွေ့မချင်းရှာမယ်၊ ကိုကို့ကလေးငယ်က တစ်နေရာရာမှာ လုံလုံခြုံခြုံ နဲ့ ကျန်းမာရေးဂရုစိုက်ပေးရမယ်နော်။ ကိုကိုလာရှာပါ့မယ် ကလေးငယ် ဘယ်နေရာမှပဲ ရှိနေပါစေ ၊ကိုကို လာမယ်
မိုင်ဘယ်လောက်ဝေးနေပါစေ ။ ဘယ်လောက်ကွာဝေးနေပါစေ မီးပင်လယ်ဖြတ်ရမလား၊ တောင်စဉ်ခုနှစ်သွယ်ကျော်ဖြတ်ရမလား ၊ ဘယ်လိုအခက်အခဲ ရှိနေပါစေ ကိုကိုလာမယ်
ကလေးငယ်ဆီ အရောက်လာမယ်။ ကိုကို တောင်းပန်ပါတယ်ကွာ ၊ဘယ်မှာမသိတဲ့အခြေအနေမှာ ကလေးငယ် ဘာအန္တာရာယ်မှ မဖြစ်ပါစေနဲ့။

ကိုကိုအမှားတွေပါ ၊ စုံစမ်း ဆင်ခြင်ခြင်း အသိဉာဏ် နည်းခဲ့လိုပါ ၊ ဒီစောက်သုံးမကျတဲ့ ကိုယ်အမှားတွေပါ။ ကိုယ့်အမှားတွေကြောင့် ကလေးငယ် ဘယ်လောက်ဒုခ ရောက်နေမလဲ။ဘယ်လောက်တောင်နာကျင်နေရရှာမလဲ။ ဒီစောက်သုံးမကျတဲ့တလွဲ အတွေးနဲ့ နှိပ်စက်ခဲ့တာ၊ ဒီ အသုံးမကျတဲ့ လိမ်လည်လှည့်ဖျားမူတွေကြား ကလေးငယ် ဘယ်လောက် သိမ်ငယ်နေရှာမလဲ။ ကိုကို့Condo လေးထဲမှာ ကိုယ်ကြောင့် နာကျင်နေတဲ့ ကလေးငယ် ဘယ်လောက်မွန်းကြပ်နေမလဲ။ ကိုယ်ရဲ့ စောက်တလွဲ အတွေးတွေနဲ့ ကလေးငယ်အပေါ် စိတ်ရော ၊ ကိုယ်ရော နာကျင်စေရပြီ။ ကိုယ်ရဲ့ အသိဉာဏ်မဲ့မူကြောင့် ကလေးငယ် သိမ်ငယ်နေရပြီ။ ငါအမှား...ငါအမှား...အားလုံးက ငါ့အမှား။

ဖြူစင်တဲ့ကလေးငယ်၊ နုနယ်တဲ့ကလေးငယ်၊ လှပတဲ့ကလေးငယ်ကို စိတ်ထောင်းကိုယ်ကျေ
နာကျင်စေရုံသာမက ၊ ဘာမှန်းမသိသေးတဲ့ ကိုယ့်ရင်သွေးလေးကိုပါ ငါကထိခိုက်စေခဲ့ပြီ။Sex လုပ်ပြီးရင် တိုက်မိခဲ့တာ တားဆေးတွေ၊ ပင်ပမ်းနေချိန် ပစ်ထားမိခဲ့ခြင်းတွေ ၊ ကလေးငယ် သက်သာရဲ့လား တစ်ခွန်းမဟမိခဲ့ဘူး။ မနက်စာ မှစ ညနေစာအထိ ကလေးငယ် ပင်ပင်ပမ်းပမ်းချက်ထားပေးမယ့် မထိတွေ့ခဲ့တဲ့ အစားအသောက်တွေ၊ ပြင်ပလောကကိုထိတွေ့ပေးခွင့် မရှိပဲ Condo ထဲမှာသာ မွန်းကြပ်စွာ နာကျင်ရမယ့်အချိန်တွေ ...ဒါတွေအားလုံး ငါလုပ်ခဲ့တာ ၊ ငါကိုယ်တိုင် ကလေးငယ်အပေါ် ရက်ရက်စက်စက်လုပ်ခဲ့တာ။ ဖြူစင်တဲ့ကလေးငယ်ချစ်ခြင်းကို လှည့်စားအနိုင်ယူခဲ့မိတာ၊ ရိုးသားလှတဲ့ကလေးငယ်ကို အနိုင်ယူခဲ့တာ၊ ကြင်နာလှတဲ့ကလေးငယ်အပေါ် မိုက်ရိုင်းစွာ ဆက်ဆံပေးခဲ့မိတာတွေ အားလုံးက ငါ လုပ်ခဲ့တာ ၊ ကလေးငယ်ကိုအမျိုးမျိုး စိတ်ဒုခပေးခဲ့တာ။ငါကလူယုတ်မာ၊ ငါက အသိတရားမရှိတဲ့ တိရိစ္ဆာန်တစ်ကောင်၊ ငါက ယုတ်ညံ့တဲဘ လူမျိုးငါ့ကြောင့် ...ငါကြောင့် ...ငါကိုအရမ်းချစ်ရတဲ့ကလေးငယ် နာကျင်နေရပြီ။ ငါလို အဖေမဖြစ်ထိုက်တဲ့ တိရိစ္ဆာန်ကောင်ကြောင့် ကိုယ့်ရင်သွေးလေး ကို ဆုံးရူံးရတော့မလိုဖြစ်ခဲ့ပြီ။

နှောင်ကြိုးတွေ မလိုချင်လို့ဆိုပြီး ဆေးပေးခဲ့မိတဲ့ ဒီလက်တွေ၊ တိုက်ခဲ့မိတဲ့ဆေးအရေအတွက် တွေကြား စိတ်ပင်ပမ်း ၊ လူပင်ပမ်းနဲ့ကလေးငယ် ဘယ်လောက်ဒုခရောက်နေရှာမလဲ။ ဘယ်မလဲ ကိုယ့်ရင်သွေးအပေါ် ထားတဲ့ ဖခင်မေတ္တာ ၊ ဘယ်မလဲ ကိုယ် အိမ်ထောင်ဖက်အပေါ်ထားတဲ့ အကြင်နာတရား၊သစ္စာတရား တွေ ဘယ်မလဲ ငါ မှာ ချပြစရာ ဘာမှမရှိခဲ့ဘူး ။ ငါမှာ တမ်းတပြီး ပွေ့ပိုက်စရာ အကြင်နာတရားလေး တခုတောင် မရှိခဲ့မိဘူး။ ငါမိုက်မဲခဲ့တာ၊ ငါ မိုက်ရိုင်းခဲ့တာ ၊ ငါ လူမဆန်ခဲ့တာ အားလုံးက ငါကြောင့် ငါ$သုံးမကျလို့ တန်ဖိုးရှိတဲ့ ငါ့ကလေးငယ်ကိုဆုံးရူံးရတာပါ။ ငါ $သုံးမကျလို့ ငါ့ရဲ့ ရင်သွေးလေးကို စောင့်ရှောက်ခွင့်မရခဲ့တာ ၊ ငါမိုက်မှားမူကြောင့် ငါ့ရဲ့ ကိုယ်ဝန်သည်အိမ်ထောင်ဖက်ကို ပြုစုကြင်နာခွင့် ဆုံးရူံးရတာ။

အားလုံးက ရဲရင့်ဟန်သာအမှား ၊ ကျုပ်ဖန်တီးတဲ့ဇာတ်၊ ကျုပ်ကြိုးဆွဲလိုရာ ကရတဲ့ ဇာတ်ကောင်လေးတွေက ကျုပ်ကိုသိပ်ချစ်တဲ့ ကလေးငယ်နှင့် ဘာလေးမှန်းမသိရတဲ့ ကျုပ်ရဲ့ရင်သွေးလေး။ ပြီးပြီ ဇာတ်သိမ်းသွားခဲ့ပြီ ဖန်တီးသူ $သုံးမကျလို့ ကျုပ်မိသားစုကို ကျုပ်ကိုယ်တိုင် ဖြိုခွဲမိခဲ့တဲ့ ဇာတ် ၊ ခု ဇာတ်သိမ်းပြီ။ ကျုပ် ဖန်တီးတဲ့ ဇာတ်မှာ ကျုပ်စိတ်အလိုလိုက် က, ပေးခဲ့တဲ့ ကျုပ်ရဲ့တန်ဖိုးရှိလူသားလေး၂ဦးကို ဆုံးရူံးရပြီ။ ကျုပ်ကြောင့် သူတို့လေးနှစ်ဦး ဒုခအတိရောက်ခဲ့ပြီ။ ကျုပ်က လူမဆန်တဲ့ဇာတ်ဆရာ၊ တိရိစ္တာန်တောင် မိသားစုအသိုက်အမြုံကို တန်ဖိုးထား
တယ် ကျုပ်ကတော့ ကျုပ်မိသားစုကို ကျုပ်ကိုယ်တိုင်ဖျက်စီးပစ်ခဲ့မိတာ။

ဖြန်း...ဖြန်း...အားးးးးးးးးးးးးးး

"ငါ့ကိုသာ သတ်ကြပါ ...ငါအမှားတွေ...ငါလုပ်ခဲ့တာ...ငါကိုသာ ရိုက်သတ်စမ်းပါကွာ....အားးးးးးးးးးးးးးးးးးးးးးးးးးး"

"ရဲ့ရင့်ရာ.......ငါကွာ....စိတ်ထိမ်းပါအုံးသူငယ်ချင်းရာ.....မင်းဘယ်လောက်ခံစားနေရမလဲ ငါ သိပါတယ်ကွာ....စိတ်ထိမ်းစမ်းပါ သူငယ်ချင်းရာ.....နော် ....မင်းခြေထောက်ပြန်ကောင်းအောင်အရင်လုပ်ရမယ်လေ...ပြီးရင် ငါတို့ ၃ယောက် အတူတူ ကမ္ဘာမြေအဆုံး မတွေ့တွေ့အောင်ရှာမယိကွာ၊ မင်း ကလေးကို တွေ့အောင် ကူရှာပါ့မယ်လို့ငါကတိပေးပါတယ်ကွာ..."

ဒုန်း..ဒုန်း......

"ငါကြောင့်....အားလုံးက ငါ့အမှား....ကလေးရေ ...ဘယ်မလဲကွာ.....ကိုကို သိပ်ချစ်တယ်မပြောရသေးဘူးလေ၊ ခုဘယ်ဆီရောက်နေလဲ ...ကလေးရေ....လို့....အားးးးးးးးးးးးး"

"တော်ပါတော့ကွာ....."

"သား.....မားရဲ့သားလေး.....လုပ်ရက်လိုက်တာကွယ်....မင်းမို့လုပ်ရက်တယ် သားရယ်....ဟီး.....မားမား ဘယ်လို ဖြေသာရမလဲ ဟင်၊ ငမိုက်သားရဲ့..ရက်စက်လိုက်တာ မားရဲ့ မြေးလေး ခု...မင်းကြောင့် ...အဲ့တာ မင်းကြောင့် သိရဲ့လား..ဟင်...ဟီးးးးး"

"တိတ်ပါမားရာ...အပါးလည်း လာနေပြီမို့ တိတ်ပါဗျာ...ခုမှသတိရတာလေ မားရယ်...ခု ဖြစ်ပြီးသွားပြီလေ...မားရဲ့မြေးလေးနဲ့ ညီငယ်လေးကို သားတို့ အင်အားစုနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေအားလုံးနဲ့ပူပေါင်းပြီး မားရဲ့မြေးတို့ကို ရှာဖွေနေပါပြီ၊ စိတ်ထိမ်းပါ မားမားရယ်"

"သားကြီး...မင်းညီ ဘယ်လောက်မိုက်ရိုင်းလဲ သိလား....သူသိပ်ရက်စက်တာ...မားရဲ့ မြေးလေး ဘယ်မလဲ ..ဒင်းကြောင့် တခုခုဖြစ်တယ်သိရရင် မား ဒင်းကိုသေခန်းဖြတ်ပစ်မယ်၊ ဒင်းကိုစွန့်ပစ်မယ်၊ ဒင်းကို သတ်ပစ်ချင်တယ် သားကြီးရယ်...မားမားရဲ့ရင်ထဲ မချိလှဘူး သားကြီးရယ်...မားမားရဲ့ရင်တွေ နာနေပြီ သားကြီးရယ်...ဒင်းကို သတ်ပစ်မယ်...ဘုန်း....ဘုန်း...နင်ကိုသတ်ပစ်မယ်...အယ်မလေး ကလေးတို့ရယ် ဘယ်ဆီရောက်နေလဲ ၊ နတ်ဒေဝါတို့ တပည့်တော် သမက်လေးနဲ့မြေးလေးကို စောင့်ရှောက်တော်မူပါ ဘုရား.....ဟီး...."

သတ်ပါမားမားရယ်၊ သားကိုသာ သတ်လိုက်ပါ။ သားကြောင့် အကုန်သားကြောင့်ပါ မားမားတောင် ခုထိ ခံစားနေရရင် သားရဲ့ရင်ထဲမှာ မီးတောင်ဆယ်ခု တပြိုက်နက်ပေါက်ကွဲကုန်ပြီ။ ကလေးငယ်ပျောက်လို့ ဆိုတဲ့အသိစိတ်ပျောက်မတက်အရူးတစ်ယောက်လို ရှာဖွေနေချိန်၊ သားရဲ့ ရင်သွေးလေးပါကလေးငယ် က လွယ်ထားရတဲ့အသိနဲ့ သား ချက်ချင်းအသက်ရူရပ်မတက်၊ နှလုံးသွေး ရပ်မတက် ရူးဖို့ အဆင့် သိပ်မလိုတော့ဘူး။ ကိုယ်ကိုကိုယ် အဆုံးစီရင်စိတ်တွေတဖွားဖွား ၊ ငါ့ကြောင့် ငါမကောင်းလို့ဆိုတဲ့အသိက မသေခင် အချိန်တခုလုံး စိုးမိုးသွားပြီ မားမားရယ်။ သားရင်တွေ ပူလှပါပြီ၊ သားကိုကယ်ပါ မားမားရယ်၊ သားကိုကယ်ပေးကြပါ မဟုတ်ရင် တခါတည်း သတ်ပေးကြပါ။ သားဒီပူလောင်မူကြီးနဲ့ မနေချင်တော့ဘူး ၊ သားကို ကယ်ပေးကြပါ ၊ ရိုက်သတ်ခြင်းဖြင့်ကယ်ပေးကြပါဗျာ ။

————————————————————————

"အစ်ကို..."

"မောင်..လာလေ...ဒီမှာ air ticket booking ချိတ်နေတာ၊ ဒီမှာ မောင့် passport ...မနက်ဖန် flight နဲ့ ယူမလို့ ...အ့...မောင်...အင့်..."

"တောင်းပန်ပါတယ်...မောင်တောင်းပန်ပါတယ် ကိုကိုရာ...မောင်ကို ခွင့်လွတ်ပေးပါဗျာ..အီး...ဟီး....မောင့်ရင်တွေ ပူလောင်နေပြီ ကိုကိုရာ...မောင်ရင်တွေပူလှပြီ၊ ငကောင်းက ခုထိရှာမရသေးဘူး...မောင်..ကလေ..ရွတ်....ငကောင်းကို ညီလေးတစ်ယောက်ပဲ ချစ်တော့တာပါ...ကိုကို ယုံပေးနော်...ဟီးးးးးးးးး"

"တိတ်ပါ မောင်ရယ်...တိတ်ပါ...မငိုပါနဲ့တော့ ...ကိုယ်နားလည်တယ်နော်...ကိုယ်စိတ်လည်းမဆိုးဘူးသိလား...ကိုယ်လည်း ကလေးကိုအရမ်းချစ်တာမို့လေ..ကလေးစိတ်ကိုသိပ်သိတာပေါ့....တိတ်ပါကွာ..ကိုယ်တို့ အတူပြန်ကြမယ်...ကောင်းပြည့်လေးကို အတူရှာကြမယ်လေ နော်...မောင်.....ပြွတ်စ်....မျက်နှာမော့ပါအုံး မောင်ရ...ပြွတ်စ်...လာ ကိုယ်ရင်ခွင်ထဲ"

"အ့....ဖြေးဖြေးလာပါ မောင်ရာ..တစ်ညလုံးငိုထားတာလား ဟုတ်လားဟင်၊ ပြွတ်စ်...ကိုယ်ချော့သိပ်မယ်နော်..ခဏ အိပ်လိုက်အုံး...ကိုယ်ရင်ခွင်ထဲ ခဏ နားလိုက်နော်...မငိုပါနဲ့တော့ကွာ..."

"ကျေး....ကျေးဇူးတင်ပါတယ်..ကိုကိုရယ်..မောင် သိပ်ချစ်တယ် သိလား၊ မောင် ငကောင်းအတွက် ပူဆွေးနေရပြီ ကိုကိုရာ..မောင်ထားခဲ့မိလို့ ခုလိုဖြစ်ရတာ ....မောင့်ကြောင့်ရောပါ..."

မဟုတ်ရပါဘူး မောင်ရယ်၊ ကောင်းပြည့်လေးအပေါ်မောင် အရင်က ဘယ်လိုပဲ သဘောထားခဲ့နေပါစေ ကိုယ်က နားလည်ပေးခဲ့တယ်လေ။ ဒီကို ထွက်လာမယ်ပြောတော့လည်း ကိုယ်ကပါရမီဖြည့်ဖက်အနေနဲ့ မောင်နဲ့အတူ လိုက်လာပြီး မောင်ဘေးမှာ မောင်မျက်နှာကို အရိပ်တကြည့်ကြည့်နေလာခဲ့တာမို့ မောင်က ကောင်းပြည့်လေးအပေါ် ဘယ်လို သဘောထားရှိသေးလဲ မောင်မဖြေခင်ကတည်းက ကိုယ်သိပြီးသားပါ။ ဒီကိုရောက်ပြီး သိပ်မကြာခင် အစ်ကိုကို ကျွန်တော် ချစ်တယ်လို့ပြောတုန်းကဆို ကိုယ်လေ လမ်းမပေါ်ပြေးပြီး ကျွန်တော့်ကောင်လေးကကျွန်တော်ကို သိပ်ချစ်တာဗျို့လို့ အော်ပစ်ခဲ့မိတာ။ ဘယ်ရမလဲ ဒါ သိန်းထီပေါက်တာထက်ကောင်းလိုက်တဲ့ ကံတရား၊ ကိုယ်လေ နိဗ္ဗာန်ဆုကို မတောင်းဘူး ကိုယ့်ကောင်လေးနား နေရတာ ကိုယ့်နိဗ္ဗာန်ဘုံလေးမို့ ကိုယ်က ကံထားသူပေါ့။

————————————————-

ကျွန်တော် ဟိုလူယုတ်မာ ရဲရင့်လို မဖြစ်ချင်ဘူး၊ ကိုယ် ချစ်တဲ့သူကို အနားမှာရှိတုန်း တန်ဖိုးမထားဘဲ အဝေးရောက်မှ တန်ဖိုးထားပြနေတာမျိုး မလိုချင်ဘူး။ ကျွန်တော်ကိုအရမ်းချစ်တဲ့ အစ်ကိုကို ကျွန်တော် ဘယ်တော့မှ မစွန့်ပစ်ဘူး၊ တန်ဖိုးထား ချစ်ပေးမှာ။ ကျွန်တော်မြတ်နိုးရတဲ့ ကျွန်တော်အိမ်ထောင်ရေးကို မောင်ခိုင်မာစွာ တည်ဆောက်မှာ၊ မောင့်အိမ်ထောင်ဖက်ကိုလည်း မောင်အကောင်းဆုံးကြင်နာယုယပေးမှာ။ ငကောင်းအတွက် မချိလွန်းလို့ ခဏ စိတ်ပေါက်ပြီး အော်ဟစ် ရန်ရှာမိခဲ့တာလည်း တောင်းပန်မယ်။ မောင့်ကို ချစ်တဲ့ အစ်ကိုကို မငိုစေရဘူး၊ မောင် အမြဲ စိတ်ချမ်းသာအောင်ထားပါ့မယ် အစ်ကိုရယ်။ မောင်အိမ်ထောင်ရေးကို မောင် သိပ်တန်ဖိုးထားတာ။

———————————————————————————

"Doctor, လူနာပါတယ်...."

"ဟုတ်လား ..patient ကို ကုတင်ပေါ်တင်ပါဗျ...ဟာ...ဒီ....ဒီက ဧကရီကျော်သက်လားဟင် .."

"ဟာ....Dr.တည်မြဲ...ဟယ်...နင်ပြန်ရောက်နေတာလား၊ ကောင်စုတ် .... လုပ်ပါအုံး...လူနာကို အရင်ကြည့်ပါအုံး တည်မြဲရ ..."

"အော်...အေး..အေ... ခဏ..နင်စိတ်ငြိမ်အောင်အရင်လုပ်နော်.၊ ငါအကောင်းဆုံး ကုပေးပါ့မယ်...စိတ်ချ..."

"အေး..အေးပါ တည်မြဲရယ်.."

"ဧကရီ....သူ..သူက....male pregnant နဲ့ဟ....နင်နဲ့ ဘယ်လို ပတ်သတ်လဲ..."

"ဘာ....အဲ့...အဲ့ဒါက....ငါ့မောင်လေးပါဟာ..လုပ်ပါအုံးထပ်စစ်ပါအုံး....ငါရင်တွေပူလှပြီ..."

ဟုတ်တယ်၊ ဘယ်လောက်ထပ်စစ်ဆေးနေပါစေ result က male pregnant ကိုယ်ဝန်ဆောင်ကာလက ၂ လကျော်။ ထူးဆန်းတယ် ..သိပ်ထူးဆန်းတယ်။ ဧကရီနဲ့ ကျွန်တော်တို့က Stateကျောင်းကတည်းက ခင်မင်လာကြတာ။ ရန်ကုန်ဆေး(၁) တက်တော့လည်း အပတ်စဉ်အတူတူ၊ သူက နှလုံးအထူးကု ဘက် မှာ၊ ကျွန်တော်က ကလေးအထူကု ကို အလေးပေးလေ့လာခဲ့ရာကနေ UKက ပြန်ရောက်လာတာမကြာသေးတော့ သူငယ်ချင်း တွေနဲ့အဆက်အသွယ်ပြတ်နေကြတာ။ ခုမှ ဧကရီနဲ့ ပြန်တွေ့မိတယ်၊ ထူးဆန်းသော တွေ့ဆုံမူလေးမှာ ဧကရီမောင်လေးဆိုသူက male pregnant လေး။ ဧကရီမှာ မောင်လေးရှိတယ် မကြားမိဘူး၊ ဘယ်လိုပတ်သတ်လဲ၊ ကောင်လေးက နွမ်းနေတာလေးတောင် သိပ်လှတဲ့ကောင်လေး ၊ တစိမ့်စိမ့်ကြည့်လေ လှလေပဲ။ ဘာတွေများကြုံခဲ့ရလို့လဲ ကောင်လေးရယ်။ မင်း ဘယ်ကလဲ ၊ မင်းဘယ်သူလဲ။ တခဏ လေးအတွင်း ကိုယ်အာရုံကို မင်းဝင်ရောက်လာတယ်။

———————————————————————————————

# မမအတွက် Vote ပေးခဲ့ဖို့ မမေ့နဲ့နော်
#Thanks for all.

zawgyi


*** လဲၿပိဳက်သြားေသာနာက်င္ခံစားမူ၊ ၿပိဳလဲဖူးေသာသူသာသိ၏ ***

" ဘာ...ဘယ္လို ထက္ပိုင္..မင္း ေျပာစမ္းပါကြာ....မင္းေျပာစမ္းပါ ...ငါကိုေျပာစမ္းပါ"

"ဟုတ္တယ္...$ေကာင္ရဲ႕ ...ေကာင္းျပည့္ေလးက ကိုယ္ဝန္နဲ႕ ၊ မင္းရဲ႕ ကေလးကို လြယ္ထားရတယ္...ငါ မင္းကို သတ္ခ်င္တယ္ သိလား..ခု မင္းမွန္တယ္ထင္ေနတုန္းလား ၊ မင္းလုပ္တာ အမွန္ထင္ေနတုန္းလား၊ မင္း အျမင္မွန္မရေသးဘူးလားဟ၊ မင္းမိသားစု ၿပိဳကြဲေနတာေတာင္ မင္း အသိတရားမဝင္ေသးဘူးလား ၊ ငါ -ိုးတဲ့၊ မင္းမွန္တယ္...မဟုတ္လား ...ဟင္ .."

ျဖန္း.....ျဖန္း.....

" ငါကို ရိုက္စမ္းပါ ...ငါကို တစ္ခ်က္ေလာက္ ရိုက္စမ္းပါ ...ကိုလင္း....ထက္ပိုင္...ရိုက္စမ္းပါ...Jack....ငါကို အသိဝင္ေအာင္ရိုက္ပစ္လိုက္စမ္းပါ"

" ေတာ္စမ္းပါကြာ...ေတာ္ပါေတာ့ ...ေတာ္ၾကပါေတာ့ဟ ...ငါလဲ ႐ူးခ်င္ေနၿပီ...ျမန္မာျပည္ကို ျပန္ကိုမလာခ်င္ေတာ့တာ....ဟာ.....မား...မားမားေရ...သတိထားပါအုံးဗ်ာ..."

ဒီလိုအေျခအေနဆိုးေတြထဲမွာ ထက္ပိုင္ေျပာေသာ စကားေတြေၾကာင့္ မားမားႏွင့္အတူ
ကြၽန္ေတာ္တို႔ေတြပါ အံ့ဩသင့္လွ်က္ရွိေနသည္။ မထင္မွတ္ေသာ အခ်ိန္မွာ မထင္မွတ္ေသာ စကားေတြေၾကာင့္ နဂိုကတည္းက အသိလြတ္ခ်င္ေနေသာ Jackson ၊ ခုေတာ့ သြပ္သြပ္ခါ ေအာင္႐ူးဖို႔ လုံေလာက္ၿပီ။ ႐ုတ္တရက္ ၾကားရေသာ သတင္းစကားေတြေၾကာင့္ မားမားလည္း အသက္မ႐ူနိုင္စြာ ႐ုတ္တရက္ ေမ့ေမ်ာခဲ့ရၿပီ။ အကုန္ ဒုခ ေရာက္ေနပါၿပီဗ်ာ...ကြၽန္ေတာ္ရဲ႕တူေလးလား ၊တူမေလး လားမသိတဲ့ ကေလးေလးကို လြယ္ထားရေသာ ညီေလးက ဘယ္ဆီမလဲ၊ Jackson ကလည္း သူ႕အမွားေၾကာင့္ ဆိုၿပီး ကိုယ္ကိုကိုယ္ ထိခိုက္နာက်င္ေစေအာင္လုပ္ေနၿပီ၊ အိမ္ေတာ္မွာ က်န္ရခဲ့တဲ့ အပါးလည္း ခုသတင္းေတြေၾကာင့္ စိတ္ထိခိုက္ေနေရာေပါ့။

ဘယ္မွာ မွန္းမသိတဲ့ HANTHAR GROUP ရဲ႕ မ်ိဳးစက္က ခု ဘယ္ဆီမလဲ၊ ဘယ္ေနရာ
ေရာက္ေနမလဲ အပါးလည္း ရွိသမွ် အေတာင္ကို ျဖန့္ၿပီး တစ္နိုင္ငံလုံး ေျမလွန္ရွာေနေရာမည္။အိမ္ေတာ္ရဲ႕ မ်ိဳးစက္ကို သိပ္ေတာင့္တေနေသာ မားမား က်န္းမာေရး ဆိုးဆိုးဝါးဝါး မထိခိုက္ဖို႔ ဆုေတာင္းရမွာပဲ။ ကြၽန္ေတာ္ခံစားခ်က္ ကဘာလဲ မေမးပါနဲ႕ေတာ့ ၊ ခု ကြၽန္ေတာ္ သန္မာမွရ
မယ္ဆိုတဲ့ဆုံးျဖတ္ခ်က္ကိုသာ ခိုင္ခိုင္မာမာ ခ်ထားရသည္။ ၿပိဳလဲေနေသာ Jackson ၊ မ်က္ႏွာေတာင္မျမင္ရေသးေသာ ေျမးငယ္အတြက္ ပူပင္ေနေသာ မားမား၊ HANTHAR GROUP ရဲ႕လုပ္ငန္းအားလုံးကို လူယုံေတြမ်ားစြာျဖင့္ အသက္ႀကီးမွ ျပန္လည္ ဦးစီးေနရပါေသာအပါး ၊ သူတို႔ရဲ႕ေရွ႕မွာ ကြၽန္ေတာ္က သန္မာေနမွ ရမယ္၊ ကြၽန္ေတာ္ ခံစားခ်က္ကို လ်စ္လ်ဴ႐ူၿပီး ဒီလူ၃ ဦးကို ကြၽန္ေတာ္ေစာင့္ေရွာက္ရမယ္။ ဘုရားသခင္ ကယ္ေတာ္မူပါ ၊ ဗုဒၶျမတ္စြာ ဘုရားေစာင္,မ ပါဘုရား၊ ျပဳခဲ့ေသာ အမွားတခ်ိဳ႕ရွိခဲ့ပါလွ်င္ ဝဋ္ေႂကြးေတာ္ေျပ ဘုရားမွာ ေကာင္းမူကုသိုလ္ျပဳၿပီး ေတာင္းဆုျပဳမယ္။ တပည့္ေတာ္တို႔မိသားစု ျပဳခဲ့ဖူးေသာ ကုသိုလ္ေကာင္းမူျဖင့္ ျပန္လည္ေခ်ဖ်က္ပါရေစဘုရား။ တပည့္ေတာ္ကို ပိုမိုေကာင္းမြန္ေသာ အင္အားအျပည့္ ခြန္အားသန္မာျခင္းေတြ ေပးေတာ္မူပါ၊ တပည့္ေတာ္မိသားစု ကာကြယ္ေစာင့္ေရွာက္ဖို႔အတြက္ တပည့္ေတာ္ကို သနားငဲ့ညာပါဘုရား။

"Jack ..ကူညီေပးပါ ၊ Jack ငါ့ ကေလးငယ္နဲ႕ ရင္ေသြးေလးကို ကူညီၿပီးရွာေပးပါ...ငါ မင္း
စိတ္တိုင္းၾက ေနေပးပါ့မယ္ ၊ ငါကို ကူညီေပးပါ Jack ကူညီေပးပါ ၊ ငါေတာင္းဆိုပါတယ္ကြာ..ငါေတာင္းပန္ပါတယ္ Jack ၊ ထက္ပိုင္ လုပ္ပါကြာ...ရွာေပးၾကပါ..ခုရွာေပးၾကပါ ...ကိုလင္း ခုခ်က္ခ်င္း ကေလးငယ္ဇာတိကို ျပန္ၿပီး သြားရွာေပးပါ......ခု ...ခုခ်က္ခ်င္းလို႔ "

" စိတ္ထိမ္းပါ ...ရဲရင့္ရာ...စိတ္ထိမ္းပါအုံး...ငါတို႔အားလုံး အခုရွာေနပါတယ္...ငါတို႔ အားလုံး နယ္ေတြျဖန့္ၿပီးရွာေနပါတယ္ ရဲရင့္ရာ ....မင္း က်န္းမာမွရမယ္ေလ...မင္ေျခေထာက္ျပန္ေကာင္းမွ မင္းကေလးငယ္ကို ျပန္ရွာရမယ္ေလကြာ..ခု တေလာ မင္းေျခေထာက္ကို ျပန္ေကာင္းဖို႔ အရင္လုပ္ရမယ္ေလ ၊ခု သက္ကိုတို႔ ႏွစ္ေယာက္လည္း ျပန္လာေနၿပီ ၊ ငါတို႔အကုန္ ရွာေနၾကတာပါ "

"အားလုံး...အားလုံးက ငါ့အမွား၊ ကေလးငယ္နာက်င္ေအာင္ ၊ ကေလးငယ္ ငိုေအာင္ ၊ စိတ္ဆင္းရဲရေအာင္ အားလုံးကို ငါလုပ္ခဲ့တာကြာ၊ ငါ....ငါ...က ...ငါကေလးငယ္ကို အနိုင္က်င့္ ႏွိပ္စက္ခဲ့တာ ၊ ငါ့$သုံးမက်တာ ပါကြာ....ကယ္ပါအုံး ကေလးငယ္ကို ကယ္ေပးၾကပါ...ကေလးငယ္ကို ကယ္ေပးၾကပါကြာ......ငါ ေတာင္းပန္ပါတယ္ အားလုံးကို ေတာင္းပန္ပါတယ္ငါ့ကေလးငယ္ကိုရွာေပးၾကပါ "

သြားၿပီ၊ မရွိေတာ့ဘူး ၊ ကြၽန္ေတာ့္ဘဝ အဓိပ္ပါယ်၊ ကြၽန္ေတာ္ဘဝရဲ႕ အနာဂတ္၊ကြၽန္ေတာ္ကေလးငယ္ေနာက္ ပါသြားၿပီ။ ဘယ္မလဲ ကေလးငယ္၊ ဘယ္ဆီ ဘယ္ဝယ္ သြားေနလဲ၊ ျပန္လာပါကြာ မေပါ့မပါးႀကီးနဲ႕ ေလွ်ာက္မသြားရဘူး ေလ ကေလးငယ္ရယ္ ၊ ျပန္လာပါလို႔ ကိုကိုေတာင္းပန္ပါတယ္၊ ဒူးေထာက္ေတာင္းပန္ဆိုလည္း ေတာင္းပန္ပါတယ္ ကြာ။ ကေလးငယ္ရာ ကိုကို ရွာမယ္ မေတြ႕မခ်င္းရွာမယ္၊ ကိုကို႔ကေလးငယ္က တစ္ေနရာရာမွာ လုံလုံၿခဳံၿခဳံ နဲ႕ က်န္းမာေရးဂ႐ုစိုက္ေပးရမယ္ေနာ္။ ကိုကိုလာရွာပါ့မယ္ ကေလးငယ္ ဘယ္ေနရာမွပဲ ရွိေနပါေစ ၊ကိုကို လာမယ္
မိုင္ဘယ္ေလာက္ေဝးေနပါေစ ။ ဘယ္ေလာက္ကြာေဝးေနပါေစ မီးပင္လယ္ျဖတ္ရမလား၊ ေတာင္စဥ္ခုႏွစ္သြယ္ေက်ာ္ျဖတ္ရမလား ၊ ဘယ္လိုအခက္အခဲ ရွိေနပါေစ ကိုကိုလာမယ္
ကေလးငယ္ဆီ အေရာက္လာမယ္။ ကိုကို ေတာင္းပန္ပါတယ္ကြာ ၊ဘယ္မွာမသိတဲ့အေျခအေနမွာ ကေလးငယ္ ဘာအႏၱာရာယ္မွ မျဖစ္ပါေစနဲ႕။

ကိုကိုအမွားေတြပါ ၊ စုံစမ္း ဆင္ျခင္ျခင္း အသိဉာဏ္ နည္းခဲ့လိုပါ ၊ ဒီေစာက္သုံးမက်တဲ့ ကိုယ္အမွားေတြပါ။ ကိုယ့္အမွားေတြေၾကာင့္ ကေလးငယ္ ဘယ္ေလာက္ဒုခ ေရာက္ေနမလဲ။ဘယ္ေလာက္ေတာင္နာက်င္ေနရရွာမလဲ။ ဒီေစာက္သုံးမက်တဲ့တလြဲ အေတြးနဲ႕ ႏွိပ္စက္ခဲ့တာ၊ ဒီ အသုံးမက်တဲ့ လိမ္လည္လွည့္ဖ်ားမူေတြၾကား ကေလးငယ္ ဘယ္ေလာက္ သိမ္ငယ္ေနရွာမလဲ။ ကိုကို႔Condo ေလးထဲမွာ ကိုယ္ေၾကာင့္ နာက်င္ေနတဲ့ ကေလးငယ္ ဘယ္ေလာက္မြန္းၾကပ္ေနမလဲ။ ကိုယ္ရဲ႕ ေစာက္တလြဲ အေတြးေတြနဲ႕ ကေလးငယ္အေပၚ စိတ္ေရာ ၊ ကိုယ္ေရာ နာက်င္ေစရၿပီ။ ကိုယ္ရဲ႕ အသိဉာဏ္မဲ့မူေၾကာင့္ ကေလးငယ္ သိမ္ငယ္ေနရၿပီ။ ငါအမွား...ငါအမွား...အားလုံးက ငါ့အမွား။

ျဖဴစင္တဲ့ကေလးငယ္၊ ႏုနယ္တဲ့ကေလးငယ္၊ လွပတဲ့ကေလးငယ္ကို စိတ္ေထာင္းကိုယ္ေက်
နာက်င္ေစ႐ုံသာမက ၊ ဘာမွန္းမသိေသးတဲ့ ကိုယ့္ရင္ေသြးေလးကိုပါ ငါကထိခိုက္ေစခဲ့ၿပီ။Sex လုပ္ၿပီးရင္ တိုက္မိခဲ့တာ တားေဆးေတြ၊ ပင္ပမ္းေနခ်ိန္ ပစ္ထားမိခဲ့ျခင္းေတြ ၊ ကေလးငယ္ သက္သာရဲ႕လား တစ္ခြန္းမဟမိခဲ့ဘူး။ မနက္စာ မွစ ညေနစာအထိ ကေလးငယ္ ပင္ပင္ပမ္းပမ္းခ်က္ထားေပးမယ့္ မထိေတြ႕ခဲ့တဲ့ အစားအေသာက္ေတြ၊ ျပင္ပေလာကကိုထိေတြ႕ေပးခြင့္ မရွိပဲ Condo ထဲမွာသာ မြန္းၾကပ္စြာ နာက်င္ရမယ့္အခ်ိန္ေတြ ...ဒါေတြအားလုံး ငါလုပ္ခဲ့တာ ၊ ငါကိုယ္တိုင္ ကေလးငယ္အေပၚ ရက္ရက္စက္စက္လုပ္ခဲ့တာ။ ျဖဴစင္တဲ့ကေလးငယ္ခ်စ္ျခင္းကို လွည့္စားအနိုင္ယူခဲ့မိတာ၊ ရိုးသားလွတဲ့ကေလးငယ္ကို အနိုင္ယူခဲ့တာ၊ ၾကင္နာလွတဲ့ကေလးငယ္အေပၚ မိုက္ရိုင္းစြာ ဆက္ဆံေပးခဲ့မိတာေတြ အားလုံးက ငါ လုပ္ခဲ့တာ ၊ ကေလးငယ္ကိုအမ်ိဳးမ်ိဳး စိတ္ဒုခေပးခဲ့တာ။ငါကလူယုတ္မာ၊ ငါက အသိတရားမရွိတဲ့ တိရိစ္ဆာန္တစ္ေကာင္၊ ငါက ယုတ္ညံ့တဲဘ လူမ်ိဳးငါ့ေၾကာင့္ ...ငါေၾကာင့္ ...ငါကိုအရမ္းခ်စ္ရတဲ့ကေလးငယ္ နာက်င္ေနရၿပီ။ ငါလို အေဖမျဖစ္ထိုက္တဲ့ တိရိစ္ဆာန္ေကာင္ေၾကာင့္ ကိုယ့္ရင္ေသြးေလး ကို ဆုံး႐ူံးရေတာ့မလိုျဖစ္ခဲ့ၿပီ။

ႏွောင္ႀကိဳးေတြ မလိုခ်င္လို႔ဆိုၿပီး ေဆးေပးခဲ့မိတဲ့ ဒီလက္ေတြ၊ တိုက္ခဲ့မိတဲ့ေဆးအေရအတြက္ ေတြၾကား စိတ္ပင္ပမ္း ၊ လူပင္ပမ္းနဲ႕ကေလးငယ္ ဘယ္ေလာက္ဒုခေရာက္ေနရွာမလဲ။ ဘယ္မလဲ ကိုယ့္ရင္ေသြးအေပၚ ထားတဲ့ ဖခင္ေမတၱာ ၊ ဘယ္မလဲ ကိုယ္ အိမ္ေထာင္ဖက္အေပၚထားတဲ့ အၾကင္နာတရား၊သစၥာတရား ေတြ ဘယ္မလဲ ငါ မွာ ခ်ျပစရာ ဘာမွမရွိခဲ့ဘူး ။ ငါမွာ တမ္းတၿပီး ေပြ႕ပိုက္စရာ အၾကင္နာတရားေလး တခုေတာင္ မရွိခဲ့မိဘူး။ ငါမိုက္မဲခဲ့တာ၊ ငါ မိုက္ရိုင္းခဲ့တာ ၊ ငါ လူမဆန္ခဲ့တာ အားလုံးက ငါေၾကာင့္ ငါ$သုံးမက်လိဳ႕ တန္ဖိုးရွိတဲ့ ငါ့ကေလးငယ္ကိုဆုံး႐ူံးရတာပါ။ ငါ $သုံးမက်လိဳ႕ ငါ့ရဲ႕ ရင္ေသြးေလးကို ေစာင့္ေရွာက္ခြင့္မရခဲ့တာ ၊ ငါမိုက္မွားမူေၾကာင့္ ငါ့ရဲ႕ ကိုယ္ဝန္သည္အိမ္ေထာင္ဖက္ကို ျပဳစုၾကင္နာခြင့္ ဆုံး႐ူံးရတာ။

အားလုံးက ရဲရင့္ဟန္သာအမွား ၊ က်ဳပ္ဖန္တီးတဲ့ဇာတ္၊ က်ဳပ္ႀကိဳးဆြဲလိုရာ ကရတဲ့ ဇာတ္ေကာင္ေလးေတြက က်ဳပ္ကိုသိပ္ခ်စ္တဲ့ ကေလးငယ္ႏွင့္ ဘာေလးမွန္းမသိရတဲ့ က်ဳပ္ရဲ႕ရင္ေသြးေလး။ ၿပီးၿပီ ဇာတ္သိမ္းသြားခဲ့ၿပီ ဖန္တီးသူ $သုံးမက်လိဳ႕ က်ဳပ္မိသားစုကို က်ဳပ္ကိုယ္တိုင္ ၿဖိဳခြဲမိခဲ့တဲ့ ဇာတ္ ၊ ခု ဇာတ္သိမ္းၿပီ။ က်ဳပ္ ဖန္တီးတဲ့ ဇာတ္မွာ က်ဳပ္စိတ္အလိုလိုက္ က, ေပးခဲ့တဲ့ က်ဳပ္ရဲ႕တန္ဖိုးရွိလူသားေလး၂ဦးကို ဆုံး႐ူံးရၿပီ။ က်ဳပ္ေၾကာင့္ သူတို႔ေလးႏွစ္ဦး ဒုခအတိေရာက္ခဲ့ၿပီ။ က်ဳပ္က လူမဆန္တဲ့ဇာတ္ဆရာ၊ တိရိစၱာန္ေတာင္ မိသားစုအသိုက္အၿမဳံကို တန္ဖိုးထား
တယ္ က်ဳပ္ကေတာ့ က်ဳပ္မိသားစုကို က်ဳပ္ကိုယ္တိုင္ဖ်က္စီးပစ္ခဲ့မိတာ။

ျဖန္း...ျဖန္း...အားးးးးးးးးးးးးးး

"ငါ့ကိုသာ သတ္ၾကပါ ...ငါအမွားေတြ...ငါလုပ္ခဲ့တာ...ငါကိုသာ ရိုက္သတ္စမ္းပါကြာ....အားးးးးးးးးးးးးးးးးးးးးးးးးးး"

"ရဲ႕ရင့္ရာ.......ငါကြာ....စိတ္ထိမ္းပါအုံးသူငယ္ခ်င္းရာ.....မင္းဘယ္ေလာက္ခံစားေနရမလဲ ငါ သိပါတယ္ကြာ....စိတ္ထိမ္းစမ္းပါ သူငယ္ခ်င္းရာ.....ေနာ္ ....မင္းေျခေထာက္ျပန္ေကာင္းေအာင္အရင္လုပ္ရမယ္ေလ...ၿပီးရင္ ငါတို႔ ၃ေယာက္ အတူတူ ကမၻာေျမအဆုံး မေတြ႕ေတြ႕ေအာင္ရွာမယိကြာ၊ မင္း ကေလးကို ေတြ႕ေအာင္ ကူရွာပါ့မယ္လို႔ငါကတိေပးပါတယ္ကြာ..."

ဒုန္း..ဒုန္း......

"ငါေၾကာင့္....အားလုံးက ငါ့အမွား....ကေလးေရ ...ဘယ္မလဲကြာ.....ကိုကို သိပ္ခ်စ္တယ္မေျပာရေသးဘူးေလ၊ ခုဘယ္ဆီေရာက္ေနလဲ ...ကေလးေရ....လို႔....အားးးးးးးးးးးးး"

"ေတာ္ပါေတာ့ကြာ....."

"သား.....မားရဲ႕သားေလး.....လုပ္ရက္လိုက္တာကြယ္....မင္းမို႔လုပ္ရက္တယ္ သားရယ္....ဟီး.....မားမား ဘယ္လို ေျဖသာရမလဲ ဟင္၊ ငမိုက္သားရဲ႕..ရက္စက္လိုက္တာ မားရဲ႕ ေျမးေလး ခု...မင္းေၾကာင့္ ...အဲ့တာ မင္းေၾကာင့္ သိရဲ႕လား..ဟင္...ဟီးးးးး"

"တိတ္ပါမားရာ...အပါးလည္း လာေနၿပီမို႔ တိတ္ပါဗ်ာ...ခုမွသတိရတာေလ မားရယ္...ခု ျဖစ္ၿပီးသြားၿပီေလ...မားရဲ႕ေျမးေလးနဲ႕ ညီငယ္ေလးကို သားတို႔ အင္အားစုနဲ႕ အာဏာပိုင္အဖြဲ႕အစည္းေတြအားလုံးနဲ႕ပူေပါင္းၿပီး မားရဲ႕ေျမးတို႔ကို ရွာေဖြေနပါၿပီ၊ စိတ္ထိမ္းပါ မားမားရယ္"

"သားႀကီး...မင္းညီ ဘယ္ေလာက္မိုက္ရိုင္းလဲ သိလား....သူသိပ္ရက္စက္တာ...မားရဲ႕ ေျမးေလး ဘယ္မလဲ ..ဒင္းေၾကာင့္ တခုခုျဖစ္တယ္သိရရင္ မား ဒင္းကိုေသခန္းျဖတ္ပစ္မယ္၊ ဒင္းကိုစြန့္ပစ္မယ္၊ ဒင္းကို သတ္ပစ္ခ်င္တယ္ သားႀကီးရယ္...မားမားရဲ႕ရင္ထဲ မခ်ိလွဘူး သားႀကီးရယ္...မားမားရဲ႕ရင္ေတြ နာေနၿပီ သားႀကီးရယ္...ဒင္းကို သတ္ပစ္မယ္...ဘုန္း....ဘုန္း...နင္ကိုသတ္ပစ္မယ္...အယ္မေလး ကေလးတို႔ရယ္ ဘယ္ဆီေရာက္ေနလဲ ၊ နတ္ေဒဝါတို႔ တပည့္ေတာ္ သမက္ေလးနဲ႕ေျမးေလးကို ေစာင့္ေရွာက္ေတာ္မူပါ ဘုရား.....ဟီး...."

သတ္ပါမားမားရယ္၊ သားကိုသာ သတ္လိုက္ပါ။ သားေၾကာင့္ အကုန္သားေၾကာင့္ပါ မားမားေတာင္ ခုထိ ခံစားေနရရင္ သားရဲ႕ရင္ထဲမွာ မီးေတာင္ဆယ္ခု တၿပိဳက္နက္ေပါက္ကြဲကုန္ၿပီ။ ကေလးငယ္ေပ်ာက္လို႔ ဆိုတဲ့အသိစိတ္ေပ်ာက္မတက္အ႐ူးတစ္ေယာက္လို ရွာေဖြေနခ်ိန္၊ သားရဲ႕ ရင္ေသြးေလးပါကေလးငယ္ က လြယ္ထားရတဲ့အသိနဲ႕ သား ခ်က္ခ်င္းအသက္႐ူရပ္မတက္၊ ႏွလုံးေသြး ရပ္မတက္ ႐ူးဖို႔ အဆင့္ သိပ္မလိုေတာ့ဘူး။ ကိုယ္ကိုကိုယ္ အဆုံးစီရင္စိတ္ေတြတဖြားဖြား ၊ ငါ့ေၾကာင့္ ငါမေကာင္းလို႔ဆိုတဲ့အသိက မေသခင္ အခ်ိန္တခုလုံး စိုးမိုးသြားၿပီ မားမားရယ္။ သားရင္ေတြ ပူလွပါၿပီ၊ သားကိုကယ္ပါ မားမားရယ္၊ သားကိုကယ္ေပးၾကပါ မဟုတ္ရင္ တခါတည္း သတ္ေပးၾကပါ။ သားဒီပူေလာင္မူႀကီးနဲ႕ မေနခ်င္ေတာ့ဘူး ၊ သားကို ကယ္ေပးၾကပါ ၊ ရိုက္သတ္ျခင္းျဖင့္ကယ္ေပးၾကပါဗ်ာ ။

"အစ္ကို..."

"ေမာင္..လာေလ...ဒီမွာ air ticket booking ခ်ိတ္ေနတာ၊ ဒီမွာ ေမာင့္ passport ...မနက္ဖန္ flight နဲ႕ ယူမလို႔ ...အ့...ေမာင္...အင့္..."

"ေတာင္းပန္ပါတယ္...ေမာင္ေတာင္းပန္ပါတယ္ ကိုကိုရာ...ေမာင္ကို ခြင့္လြတ္ေပးပါဗ်ာ..အီး...ဟီး....ေမာင့္ရင္ေတြ ပူေလာင္ေနၿပီ ကိုကိုရာ...ေမာင္ရင္ေတြပူလွၿပီ၊ ငေကာင္းက ခုထိရွာမရေသးဘူး...ေမာင္..ကေလ..႐ြတ္....ငေကာင္းကို ညီေလးတစ္ေယာက္ပဲ ခ်စ္ေတာ့တာပါ...ကိုကို ယုံေပးေနာ္...ဟီးးးးးးးးး"

"တိတ္ပါ ေမာင္ရယ္...တိတ္ပါ...မငိုပါနဲ႕ေတာ့ ...ကိုယ္နားလည္တယ္ေနာ္...ကိုယ္စိတ္လည္းမဆိုးဘူးသိလား...ကိုယ္လည္း ကေလးကိုအရမ္းခ်စ္တာမို႔ေလ..ကေလးစိတ္ကိုသိပ္သိတာေပါ့....တိတ္ပါကြာ..ကိုယ္တို႔ အတူျပန္ၾကမယ္...ေကာင္းျပည့္ေလးကို အတူရွာၾကမယ္ေလ ေနာ္...ေမာင္.....ႁပြတ္စ္....မ်က္ႏွာေမာ့ပါအုံး ေမာင္ရ...ႁပြတ္စ္...လာ ကိုယ္ရင္ခြင္ထဲ"

"အ့....ေျဖးေျဖးလာပါ ေမာင္ရာ..တစ္ညလုံးငိုထားတာလား ဟုတ္လားဟင္၊ ႁပြတ္စ္...ကိုယ္ေခ်ာ့သိပ္မယ္ေနာ္..ခဏ အိပ္လိုက္အုံး...ကိုယ္ရင္ခြင္ထဲ ခဏ နားလိုက္ေနာ္...မငိုပါနဲ႕ေတာ့ကြာ..."

"ေက်း....ေက်းဇူးတင္ပါတယ္..ကိုကိုရယ္..ေမာင္ သိပ္ခ်စ္တယ္ သိလား၊ ေမာင္ ငေကာင္းအတြက္ ပူေဆြးေနရၿပီ ကိုကိုရာ..ေမာင္ထားခဲ့မိလို႔ ခုလိုျဖစ္ရတာ ....ေမာင့္ေၾကာင့္ေရာပါ..."

မဟုတ္ရပါဘူး ေမာင္ရယ္၊ ေကာင္းျပည့္ေလးအေပၚေမာင္ အရင္က ဘယ္လိုပဲ သေဘာထားခဲ့ေနပါေစ ကိုယ္က နားလည္ေပးခဲ့တယ္ေလ။ ဒီကို ထြက္လာမယ္ေျပာေတာ့လည္း ကိုယ္ကပါရမီျဖည့္ဖက္အေနနဲ႕ ေမာင္နဲ႕အတူ လိုက္လာၿပီး ေမာင္ေဘးမွာ ေမာင္မ်က္ႏွာကို အရိပ္တၾကည့္ၾကည့္ေနလာခဲ့တာမို႔ ေမာင္က ေကာင္းျပည့္ေလးအေပၚ ဘယ္လို သေဘာထားရွိေသးလဲ ေမာင္မေျဖခင္ကတည္းက ကိုယ္သိၿပီးသားပါ။ ဒီကိုေရာက္ၿပီး သိပ္မၾကာခင္ အစ္ကိုကို ကြၽန္ေတာ္ ခ်စ္တယ္လို႔ေျပာတုန္းကဆို ကိုယ္ေလ လမ္းမေပၚေျပးၿပီး ကြၽန္ေတာ့္ေကာင္ေလးကကြၽန္ေတာ္ကို သိပ္ခ်စ္တာဗ်ိဳ႕လို႔ ေအာ္ပစ္ခဲ့မိတာ။ ဘယ္ရမလဲ ဒါ သိန္းထီေပါက္တာထက္ေကာင္းလိုက္တဲ့ ကံတရား၊ ကိုယ္ေလ နိဗၺာန္ဆုကို မေတာင္းဘူး ကိုယ့္ေကာင္ေလးနား ေနရတာ ကိုယ့္နိဗၺာန္ဘုံေလးမို႔ ကိုယ္က ကံထားသူေပါ့။

-

ကြၽန္ေတာ္ ဟိုလူယုတ္မာ ရဲရင့္လို မျဖစ္ခ်င္ဘူး၊ ကိုယ္ ခ်စ္တဲ့သူကို အနားမွာရွိတုန္း တန္ဖိုးမထားဘဲ အေဝးေရာက္မွ တန္ဖိုးထားျပေနတာမ်ိဳး မလိုခ်င္ဘူး။ ကြၽန္ေတာ္ကိုအရမ္းခ်စ္တဲ့ အစ္ကိုကို ကြၽန္ေတာ္ ဘယ္ေတာ့မွ မစြန့္ပစ္ဘူး၊ တန္ဖိုးထား ခ်စ္ေပးမွာ။ ကြၽန္ေတာ္ျမတ္နိုးရတဲ့ ကြၽန္ေတာ္အိမ္ေထာင္ေရးကို ေမာင္ခိုင္မာစြာ တည္ေဆာက္မွာ၊ ေမာင့္အိမ္ေထာင္ဖက္ကိုလည္း ေမာင္အေကာင္းဆုံးၾကင္နာယုယေပးမွာ။ ငေကာင္းအတြက္ မခ်ိလြန္းလို႔ ခဏ စိတ္ေပါက္ၿပီး ေအာ္ဟစ္ ရန္ရွာမိခဲ့တာလည္း ေတာင္းပန္မယ္။ ေမာင့္ကို ခ်စ္တဲ့ အစ္ကိုကို မငိုေစရဘူး၊ ေမာင္ အၿမဲ စိတ္ခ်မ္းသာေအာင္ထားပါ့မယ္ အစ္ကိုရယ္။ ေမာင္အိမ္ေထာင္ေရးကို ေမာင္ သိပ္တန္ဖိုးထားတာ။

"Doctor, လူနာပါတယ္...."

"ဟုတ္လား ..patient ကို ကုတင္ေပၚတင္ပါဗ်...ဟာ...ဒီ....ဒီက ဧကရီေက်ာ္သက္လားဟင္ .."

"ဟာ....Dr.တည္ၿမဲ...ဟယ္...နင္ျပန္ေရာက္ေနတာလား၊ ေကာင္စုတ္ .... လုပ္ပါအုံး...လူနာကို အရင္ၾကည့္ပါအုံး တည္ၿမဲရ ..."

"ေအာ္...ေအး..ေအ... ခဏ..နင္စိတ္ၿငိမ္ေအာင္အရင္လုပ္ေနာ္.၊ ငါအေကာင္းဆုံး ကုေပးပါ့မယ္...စိတ္ခ်..."

"ေအး..ေအးပါ တည္ၿမဲရယ္.."

"ဧကရီ....သူ..သူက....male pregnant နဲ႕ဟ....နင္နဲ႕ ဘယ္လို ပတ္သတ္လဲ..."

"ဘာ....အဲ့...အဲ့ဒါက....ငါ့ေမာင္ေလးပါဟာ..လုပ္ပါအုံးထပ္စစ္ပါအုံး....ငါရင္ေတြပူလွၿပီ..."

ဟုတ္တယ္၊ ဘယ္ေလာက္ထပ္စစ္ေဆးေနပါေစ result က male pregnant ကိုယ္ဝန္ေဆာင္ကာလက ၂ လေက်ာ္။ ထူးဆန္းတယ္ ..သိပ္ထူးဆန္းတယ္။ ဧကရီနဲ႕ ကြၽန္ေတာ္တို႔က Stateေက်ာင္းကတည္းက ခင္မင္လာၾကတာ။ ရန္ကုန္ေဆး(၁) တက္ေတာ့လည္း အပတ္စဥ္အတူတူ၊ သူက ႏွလုံးအထူးကု ဘက္ မွာ၊ ကြၽန္ေတာ္က ကေလးအထူကု ကို အေလးေပးေလ့လာခဲ့ရာကေန UKက ျပန္ေရာက္လာတာမၾကာေသးေတာ့ သူငယ္ခ်င္း ေတြနဲ႕အဆက္အသြယ္ျပတ္ေနၾကတာ။ ခုမွ ဧကရီနဲ႕ ျပန္ေတြ႕မိတယ္၊ ထူးဆန္းေသာ ေတြ႕ဆုံမူေလးမွာ ဧကရီေမာင္ေလးဆိုသူက male pregnant ေလး။ ဧကရီမွာ ေမာင္ေလးရွိတယ္ မၾကားမိဘူး၊ ဘယ္လိုပတ္သတ္လဲ၊ ေကာင္ေလးက ႏြမ္းေနတာေလးေတာင္ သိပ္လွတဲ့ေကာင္ေလး ၊ တစိမ့္စိမ့္ၾကည့္ေလ လွေလပဲ။ ဘာေတြမ်ားႀကဳံခဲ့ရလို႔လဲ ေကာင္ေလးရယ္။ မင္း ဘယ္ကလဲ ၊ မင္းဘယ္သူလဲ။ တခဏ ေလးအတြင္း ကိုယ္အာ႐ုံကို မင္းဝင္ေရာက္လာတယ္။

# မမအတြက္ Vote ေပးခဲ့ဖို႔ မေမ့နဲ႕ေနာ္
#Thanks for all.

Continue Reading

You'll Also Like

445K 22.8K 51
အပြင် လူနေမှုဘဝနဲ့ တူညီအောင်...တတ်နိုင်သမျှရေးမှာမို့ ရိုးရိုးရှင်းရှင်း လေးနဲ့ ပေါ့ပေါ့ပါးပါး အချို married life fic လေးပါ...😍😍 20.1.22🤗💜💙 Sta...
183K 13.7K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
125K 7.6K 89
Unicode ကိုယ့်ရဲ့အချစ်က မင်းဆိုတဲ့မင်းကြောင့်ဖြစ်တည်လာတာပါ... ထက်ဦးထွဋ် ညီ့ရဲ့ ဂျစ်တစ်တစ်အချစ်ဟာ ကိုကိုတစ်ယောက်ထဲအတွက်ပဲ.... ဇွန်ထက်ပိုင် Zawgi ကိ...
346K 18.3K 45
ငါကောင်မလေးတွေကိုလည်းချစ်တယ် မင်းကိုလည်းချစ်နေတယ် ကောင်မလေးတွေရဲ့ရင်သားကို စမ်းသပ်နေတဲ့အချိန်မှာတောင် မင်းမျက်နှာကိုပဲ မြင်ယောင်နေတဲ့စိတ်ကို ဘယ်လိုလ...