Devil Venerable Also Wants To...

By m_velvetblue

63.9K 7.8K 647

Mary-Sue ဝတ္ထုတစ်ပုဒ်၌ ဇာတ်လိုက်မကိုအလွန်သစ္စာရှိပြီးချစ်သည့် ဒုတိယဇာတ်လိုက်နတ်ဆိုးအရှင်သခင်အား ဝတ္ထုဖတ်သူအကု... More

မိတ်ဆက်ခြင်း
အပိုင်း၁။ ကောင်းကင်ဘုံက စာအုပ်
အပိုင်း၂။ ချွမ်းယွမ်ဂိုဏ်း၏ ဖြားယောင်းသူ
အပိုင်း၃။ ဒီလိုကြောင့်ကိုး
အပိုင်း၄။ ကျောက်တုံးတစ်တုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ်ခြင်း
အပိုင်း၅။ အကြံကောင်းပါပဲ အရှင်
အပိုင်း၆။မိုင်ထောင်ချီရေခဲလွင်ပြင်
အပိုင်း၇။လေလွင့်မသေမျိုးနှင့် တိုက်ခိုက်ခြင်း
အပိုင်း၈ ။ ခရမ်းရင့်ရောင်ဝိဉာဥ်စံအိမ်ဝောာ်သခင်မ
အပိုင်း၉။ပိုလစ်ကြယ်နှင့် အယ်ကိတ်ကြယ်
အပိုင်း၁၀။ခံစားချက်ကင်းမဲ့သည့်မဟာတာအို
အပိုင်း၁၁။သေချင်ယောင်ဆောင်၍ လွတ်မြောက်ခြင်း
အပိုင်း ၁၃။ အယ်ကိတ်ကြယ် ဖောက်ပေးသည့်လမ်း
အပိုင်း၁၄။ဂိုဏ်းပေါင်းစုံစစ်ပွဲအဆုံးသတ်
အပိုင်း၁၅။သွေးဖြိုခွဲ၍ ဝိဉာဉ်တံဆိပ်ထွင်းထုခြင်း
အပိုင်း၁၆။ လက်ခုပ်ထဲက လ
အပိုင်း၁၇။နယ်စပ်မြို့ငယ်လေး
အပိုင်း၁၈။အကြီးအကဲ ချင့်ရွှယ်
အပိုင်း၁၉။‌ဉာဏ်ကွန့်မြူးလှသည့် လက်အောက်ငယ်သား
အပိုင်း၂၀။သွေးနတ်ဆိုးအကြီးအကဲ
အပိုင်း၂၁။သစ်သားပန်းပု လေ့ကျင့်ထုဆစ်ခြင်း
အပိုင်း၂၂။ဝိဉာဉ်လောက
အပိုင်း၂၃။ချွမ်းယွမ်ဂိုဏ်း တိုကင်
အပိုင်း၂၄။ဘေးချင်းယှဉ်လျက်
အပိုင်း၂၅။အမိန့်မနာခံခြင်း။
အပိုင်း၂၆။အရှုပ်အထွေးများကို ရှင်းလင်းခြင်း
အပိုင်း ၂၇။စာပေဆွေးနွေးပွဲ၌ အိပ်ပျော်သွားခြင်း
အပိုင်း ၂၈။အမှိုက်တွေချည်းပဲ
အပိုင်း ၂၉။အဆိပ်ပြင်းသော မိန်းမလှ
အပိုင်း၃၀။လက်ခုပ်ထဲကရေဖြစ်သွားမည်။
အပိုင်း ၃၁။ ဆွတ်ပျံ့ကြည်နူးဖွယ် မင်္ဂလာပွဲ
အပိုင်း ၃၂။ရှီထုံရှင်း၏ နတ်ဘုရား
အပိုင်း ၃၃။အစီအစဉ် လွဲချော်သွားခြင်း
အပိုင်း ၃၄။စိတ်ခံစားချက် မြင့်တက်သွားရခြင်း
အပိုင်း ၃၅။အမှန်တရား ပေါ်လာခြင်း
အပိုင်း၃၆။ တံခါးပိတ်ကျင့်ကြံခြင်း

အပိုင်း ၁၂။ အရှိန်အဟုန်ပြင်းပြင်းလာ‌နေသည့်မုန်တိုင်း

1.4K 236 7
By m_velvetblue

အဓိကခန်းမဆောင်ကိုကွပ်ကဲရသည့်
ခန်းမဆောင်သခင်ယွမ်းဟာ ဝမ်ရန်အယ်နှင့်အဆက်အသွယ်လုပ်ရတာအများဆုံး
ဖြစ်သည့်အတွက် သူ၏စိတ်သဘောထားကိုခန့်မှန်းရာ၌ အတော်ဆုံးဖြစ်သည်။
အရှင့်ဆီမှ "မင်းတို့ဒီလောက်တောင်မှ
သုံးစားလို့မရဘူးလား။" ဟူသည့်အကြည့်ကိုတွေ့ရသဖြင့်"အရှင်မိန်းမတစ်ယောက်အကြောင်းသိချင်တာလား။ကာကွယ်သူ
ရှူယန်ယန်နဲ့ ခန်းမဆောင်သခင် ချိုးဟုန်ရွှယ်ကိုမေးရင်အကြောင်းထူးမှာမဟုတ်ဘူး။
ကျွန်တော့်ကိုမေးသင့်တယ်။"ဟုအလျင်အမြန်လျှောက်တင်လိုက်သည်

ရှူယန်ယန် နှင့် ချိုးဟုန်ရွှယ်ဟာ
ခန်းမဆောင်သခင်ယွမ်းကိုစိုက်ကြည့်လိုက်ကြသည်။ ဘာပြောချင်တာလဲ။မိန်းမ‌တွေအကြောင်းသိချင်ရင်သူတို့ကိုမေးလို့
မထူးဘူး ဟုတ်လား။သူတို့က
မိန်းမတွေမဟုတ်လို့လား။

ခန်းမဆောင်သခင်ယွမ်းဟာအပ်ကဲ့သို့
ချွန်မြနေသည့်အကြည့်စူးစူးနှစ်ခုကိုလျစ်လျူရှုကာ "ကျွန်တော်ရိုင်းပျသလိုတော့ဖြစ်သွားပါတယ်။ဒါပေမဲ့ အရှင်ဘာဆိုလိုချင်တာလည်း အသေးစိတ်ပြောပြလို့ရမလား။"

"အများကြီးမဟုတ်ဘူး။ယောကျာ်း
တစ်ယောက်ကို မိန်းမတစ်ယောက်
မေ့သွားအောင်ဘယ်လိုလုပ်ရမလဲဆိုတာကို
သိချင်တာ။"

ခန်းမဆောင်သခင်ယွမ်းဟာအရပ်ပု၍
ပြည့်ဝိုင်းဝိုင်းပုံစံရှိပြီး ဘေးအိမ်မှ
ဦးလေးကြီးပုံစံပေါက်ကာရင်းနှီးလွယ်ပုံ
ပေါ်သည်။သူရယ်လိုက်သည့်အခါ
မျက်လုံးမှေးသွားပြီး ကြင်နာတတ်ပုံပေါက်၏။သို့သော်သူဆက်ပြောသည့်
စကားဟာတော့ သူ့အသွင်အပြင်နှင့်လားလားမျှမသက်ဆိုင်။
"ကျွန်တော် နည်းလမ်းနှစ်မျိုး
စဉ်းစားမိပါတယ်။ပထမနည်းက
အဲ့မိန်းက‌လေးချစ်နေတဲ့ယောကျာ်းကို
သတ်ပစ်လိုက်ပါ။ဒုတိယနည်းကတော့ 
အခြားယောကျာ်းတစ်ယောက်ရှာပေးပြီး
အဲ့မိန်းကလေးချစ်မိသွားအောင်
လုပ်လိုက်ပါ။"

ဝမ်ရန်အယ်အချိန်ခဏကြာတွေးမိသည်။
ပထမနည်းလမ်းကအလုပ်ဖြစ်မှာမဟုတ်။
ပိုင်လီချင်းမြောင်သည်ဟယ့်ဝမ်းချောင်အား
နက်နက်ရှိုင်းရှိုင်းချစ်နေသည့်အတွက် ယခုအချိန်၌ ဟယ့်ဝမ်းချောင်သေဆုံးသွားလျှင် ပိုင်လီချင်းမြောင်တစ်သက်လုံးမေ့ဖျောက်
နိုင်မှာမဟုတ်။စွဲလမ်းမှုကြားမှမရုန်းထွက်
နိုင်သဖြင့်ဝိဉာဉ်အ‌ခြေတည်ခြင်းအဆင့်
အတွင်းစိတ်မကောင်းဆိုးဝါးကပ်ဘေးကို
လည်းကျော်ဖြတ်နိုင်မှာမဟုတ်။ဒုတိယ
နည်းလမ်းကဖြစ်နိုင်ချေနည်းနည်းရှိသည်။
သို့သော်လည်း ထိုယောက်ျားကို
မည်သည့်နေရာ၌ သွားရောက်
ရှာဖွေရမည်လဲ။

ဝတ္ထုစာအုပ်၏ နံပတ်တစ်ဇာတ်လိုက်မင်းသားဖြစ်သည့်ဟယ့်ဝမ်းချောင်၊နံပတ်နှစ်
ဇာတ်လိုက်မင်းသားဖြစ်သည့် ဝမ်ရန်အယ်နှင့်နံပတ်လေးဇာတ်လိုက်မင်းသားဖြစ်သည့်
ယင်ဟန်ကျန်းတို့ဟာ ပိုင်လီချင်း‌မြောင်နှင့်ပတ်သက်နေပြီးသားဖြစ်သည်။
နံပတ်ငါးဇာတ်လိုက်မင်းသားဟာလည်း
တစ်ပတ်သားအရွယ်သာရှိသေးသဖြင့် အရည်အသွေးမပြည့်မီပေ။နံပတ်သုံး
ဇာတ်လိုက်မင်းသားဖြစ်သည့် ကျုန်းလီချန်းတစ်ယောက်သာကျန်‌၏။

သို့ပေမဲ့ ဝတ္ထုစာအုပ်ထဲ၌ ကျုန်းလီချန်းပါဝင်လာချိန်က နံပတ်ငါးဇာတ်ကောင်ထက်နောက်ကျ၏။ဟယ့်ဝမ်းချောင်
ခရမ်းရင့်ရောင်စံအိမ်တော်သခင်မနှင့်
လက်ထပ်သည့်နေ့၌ နံပတ်တစ်ကျင့်ကြံခြင်းကလန်ဖြစ်သည့်ကျုန်းလီကလန်ကိုယ်စား ကျုန်းလီချန်းဟာ မင်္ဂလာပွဲကိုဂုဏ်ပြုရန်
လာခဲ့သည်။ဟယ့်ဝမ်း‌ချောင်သည် ထိုနေ့၌
ပိုင်လီချင်းမြောင်အား ဂိုဏ်းတည်ရှိရာတောင်အနောက်ဘက်ရှိတောင်များဆီ၌
ချုပ်နှောင်ထားခဲ့သည်။ထိုအချုပ်အနှောင်မှလွတ်မြောက်ရန်ကြိုးပမ်းနေသည့်
ပိုင်လီချင်းမြောင်နှင့်ကျုန်းလီချန်း
တွေ့ဆုံခဲ့သည့် ထိုအချိန်သို့ရောက်ရန်
နှစ်ငါးဆယ်ကြာလိုသေးသည်။

ဝမ်ရန်အယ်နှစ်ငါးဆယ်ကြာစောင့်ရန်
စိတ်မရှည်ပေ။ထို့‌ကြောင့်ဂိုဏ်းပေါင်းစုံစစ်ပွဲ၌ရရှိမည့်ဒဏ်ရာများကိုကုသပြီးပါက ကျုန်းလီကလန်ကိုသွား၍ ကျုန်းလီချန်းကိုပြန်ပေးဆွဲကာ ပိုင်လီချင်းမြောင်ထံ
ထိုးပေးမည်ဟုဆုံးဖြတ်လိုက်သည်။ထို့နောက်သူတို့တစ်ယောက်နှင့်တစ်ယောက်ခံစားချက်များဖြစ်ပေါ်လာမည့်အချိန်ကိုစောင့်မည်။

"အဲ့နည်းလမ်းကအလုပ်ဖြစ်လောက်တယ်။"
ဝမ်ရန်အယ်ဟာ ‌ခန်းမဆောင်သခင်ယွမ်းကို
တော်သည်ဟုချီးကျူးသောအကြည့်ဖြင့်ကြည့်လိုက်သည်။"ဒီကိစ္စကိုနောက်မှ
ပြောမယ်။အခုလက်ရှိ ငါတို့တွေ
ဂိုဏ်းပေါင်းစုံစစ်ပွဲကိုပဲအာရုံစိုက်သင့်တယ်။
စစ်ပွဲကြီးပြီးသွားရင် အကုန်လုံးကို
ကြိုးစားရင်ကြိုးစားခဲ့သလို ဆုချီးမြှင့်မယ်။"

"နားလည်ပါပြီ။"ဟုငါးယောက်စလုံးဟာ
သံပြိုင်ပြောလိုက်ကြသည်။

ကျန်သည့် အစည်းအဝေးချိန်၌ ရှူယန်ယန်ဟာ အမှန်တရားဂိုဏ်းများ၏အစီအစဉ်များကို ရှင်းပြသည်။ခန်းမဆောင်သခင်များဟာ
အကြံဉာဏ်အမျိုးမျိုးပေးကြပြီး နောက်ဆုံး၌
တိုက်ပွဲအစီအစဉ်ကိုချမှတ်လိုက်ကြသည်။
တာဝန်ကိုယ်စီယူရန် ခွဲဝေကြပြီးနောက်
ခန်းမထဲမှအသီးသီးထွက်ခွာသွားကြသည်။

အစည်းအဝေးခန်းမထဲကထွက်လာ
ပြီးနောက် ခန်းမဆောင်သခင်ယွမ်းဟာ
ရှူယန်ယန်ဆီသွား၍ "ကာကွယ်သူရှူ
အရှင့်ကိုဖမ်းစားထားနိုင်တဲ့ မိန်းက‌လေးတစ်ယောက်ယောက်များရှိနေသလား။"
ဟုမေးလိုက်သည်။

"ဘာလဲ။" ရှူယန်ယန်ဟာစောင်းကြည့်
လိုက်ပြီး "သူ့နှလုံးသားရဲ့အားနည်းချက်ကို
အသုံးချပြီး တိုက်ခိုက်မလို့လား။"
ဟုရှူယန်ယန်ပွင့်ပွင့်လင်းလင်း
မေးလိုက်သည်။

ခန်းမဆောင်သခင်ယွမ်းဟာ
"မဟုတ်ပါဘူး။မဟုတ်ဘူး။ဘယ်လိုလုပ်
ဖြစ်နိုင်မှာလဲ။"ဟုလက်ယမ်းကာ
ငြင်းဆိုလိုက်သည်။

၎င်းတို့စကားပြောနေချိန်၌ ကျန်ခန်းမဆောင်
သခင်သုံးဦးဟာလည်း လမ်းလျှောက်လာကြသည်။အေးစက်စက်  ချိုးဟုန်ရွှယ်မျက်နှာထက်တွင်တောင်မှ "အရှင့်ကို ဒုက္ခပေးဖို့ တစ်ယောက်ယောက် အကွက်ချစီစဉ်
နေတယ်လို့ ကြားတယ်။ငါလည်းစိတ်ဝင်စားတယ်။"ဟူသည့်မျက်နှာပေးကို တွေ့မြင်နိုင်သည်။မျက်လုံးလေးစုံဟာ ရှူယန်ယန်ကို
စူးစိုက်ကြည့်နေကြသည်။

ရှူယန်ယန်သက်ပြင်းချလိုက်သည်။
"မင်းတို့တွေးတာများ‌သွားပြီ။ငါ့နှစ်ပေါင်းများစွာအတွေ့အကြုံကိုယုံ။အရှင်က
အဲ့မိန်းကလေးကိုစိတ်မဝင်စားဘူး။
သူကတပည့်အဖြစ်လိုချင်နေတာ။
အမှန်တရားဂိုဏ်းကတပည့်တစ်ယောက်ကို
အရာအားလုံးတူညီခြင်းလမ်းစဉ်ကို
ဘာလို့ကျင့်ကြံစေချင်သလဲဆိုတာတော့
ငါလည်းမသိဘူး။"

ခန်းမဆောင်သခင်လေးဦး၏
စိတ်အားထက်သန်မှုများ ချက်ချင်းချုပ်ငြိမ်းသွား၏။တပည့်လက်ခံခြင်းဟာ
ဘာမှ မထူးခြားပေ။နတ်ဆိုးကျင့်ကြံသူများဟာ အမှန်တရားဂိုဏ်းများကဲ့သို့
ကျင့်ကြံနည်း အမွေအနှစ်များကိုစိတ်မပူပေ။
၎င်းတို့ကျင့်ကြံသည့်နည်းလမ်းများဟာ
ခိုးယူထားသည့်နည်းလမ်းများဖြစ်ကြ၍ လက်အောက်ငယ်သားများကို စိတ်ပါချိန်၌ သင်ပေးလေ့ရှိသည်။ထိုသူများအား
တပည့်ဟုသတ်မှတ်၍ ရသလား။

"ဘာလို့ အရှင်ကတပည့်လိုချင်နေရတာလဲ။"
ဟုသခင်ယွမ်းမေးလိုက်သည်။
"သူက သတ်ဖြတ်ခြင်းလမ်းစဉ်ကို
ကျင့်ကြံတာလေ။သူ့တပည့်သူ့ကို
ပြန်သတ်တာမျိုးလိုချင်နေတာလား။"

"ငါကဘယ်လိုလုပ်သိမလဲ။ဘယ်လိုပဲဖြစ်ဖြစ် အဲ့မိန်းကလေးရဲ့ပါရမီကထိပ်တန်းပဲ။အသက်ဆယ့်ရှစ်နှစ်မှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကိုရောက်ပြီး
တစ်နှစ်ထဲမှာပဲ ရွှေရောင်အမြူတေကိုပါဖွဲ့စည်းနိုင်ခဲ့တာ။အားနည်းချက်ဆိုလို့
သူ့ခေါင်းထဲမှာယောကျာ်းတစ်ယောက်
အကြောင်းပြည့်နှက်နေတာလေးတစ်ခုပဲ။"
ဟုရှူယန်ယန်ဟာရှင်းလင်းစွာပြောပြလိုက်ကာထွက်သွားသည်။ပွဲတော်
ကျင်းပဖို့သူ့ကိုစောင့်မျှော်နေတဲ့လူတွေ
ရှိသေးတယ်မလား။

အခြားခန်းမဆောင်သခင်များဟာလည်း
ပိုင်လီချင်းမြောင်၏ကျင့်ကြံနှုန်းကိုကြားသိပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။
ထိုကဲ့သို့ပါရမီရှင်မျိုးကိုအာရုံစိုက်ရတာတန်၏။အရှင် အပျော်သဘောတပည့်‌
တစ်ယောက်လက်ခံချင်တာအံ့ဩစရာ
မဟုတ်ပေ။

သူ၏လက်‌အောက်ခံများထွက်သွားပြီးနောက် အစည်းအဝေးခန်းမထဲ၌ ဝမ်ရန်အယ်နှင့် ယင်ဟန်ကျန်းသာကျန်ခဲ့၏။
"ဂိုဏ်းပေါင်းစုံစစ်ပွဲစဖို့ နှစ်လ၊သုံးလလောက်
လိုသေးတယ်။စစ်ပွဲမစခင် ဟင်းလင်းပြင်နယ်နိမိတ်အဆင့်ကိုချိုး‌ဖြတ်ဝင်ရောက်နိုင်ဖို့ ကြိုးစား။အဲ့တာမှ ငါတို့ဘက်ကတိုက်ခိုက်နိုင်စွမ်းပိုမြင့်လာမှာ။"ဟုဝမ်ရန်အယ်
ယင်ဟန်ကျန်းကိုပြောကြားလိုက်သည်။

"နားလည်ပါပြီ။"ဟုယင်ဟန်ကျန်း
ပြန်ဖြေ၏။

"ဒီအရှင်ကမင်းကို နေရာတစ်နေရာကို
ခေါ်သွားပေးမယ်။"ဝမ်ရန်အယ်ဟာ
မတ်တပ်ရပ်လိုက်၍ ယင်ဟန်ကျန်းအား
ချွမ်းယွမ်ဂိုဏ်းအနောက်ဘက်ရှိ
တောင်များဆီသို့ခေါ်ဆောင်သွား၏။

တောင်များကြား၌လျှိုမြောင်တစ်ခုရှိ၏။
လျှိုမြောင်အောက်ခြေမှာမှောင်မိုက်နေ၍
အဆုံးသတ်ကိုမမြင်နိုင်ချေ။‌နေရောင်အောက်၌ သာမန်လူတစ်ယောက်ဆိုလျှင်‌ တောင်မှလျှိုမြောင်အောက်ခြေကို
မြင်သင့်သည်။မျက်လုံးဖြင့်မမြင်ရလျှင်
ဝိဉာဉ်စွမ်းအားဖြင့်အာရုံခံစားနိုင်သော ကျင့်ကြံသူများဆိုလျှင်ပြောစရာကို
မလိုချေ။သို့ပေမဲ့ ထိုလျှိုမြောင်၏ အောက်ခြေကိုမမြင်ရသည်မှာ
ထူးခြားလှ၏။

လျှိုမြောင်ထဲသို့ ဝမ်ရန်အယ် ဆင်းသွားခြင်းကိုမြင်ရသည့် ယင်ဟန်ကျန်းဟာ
အောက်ခြေကိုမမြင်နိုင်သည့် လျှိုမြောင်
ထဲသို့တွန့်ဆုတ်မှုမရှိလိုက်ဝင်သွား၏။

မီတာများစွာလျှိုမြောင်ထဲသို့ ပျံသန်း
ပြီးနောက် ညီညာ၍မာကျောနေသောမျက်နှာပြင်ပေါ်သို့သူခြေချမိ၏။
ထိုမျက်နှာပြင်မှာ တောင့်တင်းသည့်
မြေပြင်ဖြစ်ပုံမရချေ။

"ကျွန်တော်တို့ဘယ်ရောက်နေတာလဲ။"ဟု
ယင်ဟန်ကျန်းတုန့်ဆိုင်းစွာမေးလိုက်သည်။

"မင်းခြေထောက်အောက်ကဟာက ကောင်းကင်လောင်ကျွမ်းစည်ပဲ။ချွမ်းယွမ်ဂိုဏ်းရဲ့ဒဏ္ဍာရီလာရတနာပေါ့။‌အဲ့တုန်းကဂိုဏ်းခေါင်းဆောင်ဟောင်းသာ ဒီအရှင်ကိုအနိုင်ယူနိုင်ဖို့မသုံးခဲ့ဘူးဆိုရင် ဒီရတနာကို လျှိုမြောင်ထဲဝှက်ထားတယ်ဆိုတာကို
အရှင်သိခဲ့မှာမဟုတ်ဘူး။"
ဟုဝမ်ရန်အယ်ဖြေလိုက်၏။

ထိုအရာဟာ ချွမ်းယွမ်ဂိုဏ်း၏နတ်ဆိုးအသုံးအဆောင်ပစ္စည်းဖြစ်၍
ဂိုဏ်းခေါင်းဆောင်သာသုံးခွင့်ရှိသည်။
ယင်ဟန်ကျန်းဟာ ဤနေရာသို့ခေါ်ဆောင်လာရလောက်သည်အထိ အရှင်သူ့ကိုယုံကြည်မည်ဟုမထင်ထားခဲ့‌ပေ။

"ကောင်းကင်လောင်ကျွမ်းစည်ကို နတ်ဆိုးအသုံးအဆောင်ပစ္စည်းအဖြစ်သတ်မှတ်လို့
ရပေမဲ့ မသေမျိုးတွေရဲ့သွေးအများကြီးကိုလည်း စုပ်ယူထားသေးတယ်။
နတ်ဆိုးအသုံးအဆောင်ပစ္စည်းဖြစ်မလား။
မသေမျိုးအသုံးအဆောင်ပစ္စည်းဖြစ်မလားဆိုတာကတော့သုံးတဲ့ကျင့်ကြံသူပေါ်
မူတည်တယ်။စစ်ပွဲမစခင် ဒီစည်ပေါ်မှာနတ်ဆိုးဓားထဲက နတ်ဆိုးစွမ်းအင်တွေသုံးပြီး စည်ထဲကမသေမျိုးစွမ်းအင်တွေကိုနှိုးဆွ။
စွမ်းအင်နှစ်ခုထိပ်တိုက်ရင်ဆိုင်တဲ့ကြားမှာ
မင်းရဲ့ဓားကျင့်စဥ်တိုးတက်လာအောင်လုပ်။ကျင့်စဉ်မြင့်လာတဲ့တစ်ချိန်တည်းမှာပဲ
နတ်ဆိုးဓားရဲ့စွမ်းအင်အရင်းအမြစ်ကို
အားနည်းသွားအောင်လုပ်။"ဟုဝမ်ရန်အယ်
ပြောကြားလိုက်သည်။

ယင်ဟန်ကျန်းသည် နတ်ဆိုးဓားကိုအသုံးပြု၍ စွမ်းအင်တိုးတက်လာအောင်
အတင်းအဓမ္မပြုလုပ်ခဲ့ခြင်းဖြစ်၍
နတ်ဆိုးဓားနှင့် နီးကပ်ဆက်နွယ်နေပြီဖြစ်သည်။လက်နက်အသစ်တစ်ခုဖန်တီးလျှင်တောင်မှ နတ်ဆိုးဓား၏အကြွင်းအကျန်စွမ်းအင်များကိုမလွှမ်းမိုးနိုင်သဖြင့်လက်နက်သစ်နှင့်ပေါင်းစည်းရာ၌အခက်အခဲ
တွေ့နိုင်၏။

အချိန်တဖြည်းဖြည်းယူ၍ အကြွင်းအကျန်စွမ်းအားများ ပျောက်ကွယ်သွားအောင်
လုပ်မှသာလျှင် လွတ်မြောက်နိုင်မှာဖြစ်သည်။

"အရှင်....."ဟုခေါ်၍ကောင်းကင်လောင်ကျွမ်းစည်ပေါ်ရပ်နေသည့်ယင်ဟန်ကျန်းဟာ
ဝမ်ရန်အယ်ကိုငေးကြည့်‌မိသည်။

ချွမ်းယွမ်ဂိုဏ်းသမိုင်းတစ်လျှောက်
ဂိုဏ်းခေါင်းဆောင်မှလွဲ၍ မည်သူမျှ
ကောင်းကင်လောင်ကျွမ်းစည်ကိုမြင်ခွင့်
မရှိချေ။ဝမ်ရန်အယ် စည်ပေါ်၌ရှူယန်ယန်အား ကျင့်ကြံခွင့်ပြုသည်ကိုက ခြွင်းချက်ဖြစ်၏။ယင်ဟန်ကျန်းဟာ ရှူယန်ယန်
မတိုင်ခင် သူစည်‌ပေါ်သို့ခြေချခွင့်ရလိမ့်မည်ဟုမထင်ထားခဲ့ပေ။

သူနှင့် ထိုက်တန်သည် မထိုက်တန်သည်
လက်ခံရဲသည် လက်မခံရဲသည်နှင့်ပတ်သက်၍ တစ်ခွန်းမျှမဟ။ထိုက်တန်သည် မထိုက်တန်သည်ကို ဒီအရှင်ပဲဆုံးဖြတ်မည်ဟူ၍ အရှင်ပြောကြားခဲ့ဖူး၏။

ယင်ဟန်ကျန်း၏အမူအယာဟာ
တည်ကြည်သွားပြီး သူဟာလက်ဝါးနှစ်ဖက်ကိုစုစည်းလိုက်၏။ထို့နောက် ဒူးတစ်ဖက်ထောက်ချလိုက်ကာဆုံးဖြတ်ချက်
ပြတ်သားစွာဖြင့်"စစ်ပွဲမှာ အရှင့်ရဲ့လမ်းကိုရှင်းလင်းပေးဖို့အတွက် ဒီငယ်သားဟင်းလင်းပြင်နယ်နိမိတ်ကိုချိုးဖြတ်နိုင်အောင် အပြင်းအထန်ကြိုးစားပါ့မယ်။"
ဟုပြောလိုက်သည်။

"မင်းကိုမင်းအရမ်းအပြင်းအထန်
တွန်းအားပေးတာမျိုး ဒီအရှင်မလိုချင်ဘူး။"
ဟုပြောပြီးဝမ်ရန်အယ်လက်တစ်ဖက်အနည်းငယ်မြှောက်လိုက်သည့်အခါ တွန်းအားတစ်ခုဟာယင်ဟန်ကျင်း
မတ်တပ်ရပ်သွားအောင်မလိုက်၏။
"ကောင်းကောင်းကျင့်ကြံ။စစ်ပွဲပြီးရင်
ဒီအရှင့်ရဲ့ဒဏ်ရာတွေကို ကုသပေးဖို့
မင်းကိုပဲအားကိုးရမှာ။"

ဝမ်ရန်အယ် ပိုင်လီချင်းမြောင်ထံမှ
ကယ်တင်ခံရမှာမျိုးမလိုလားပေ။သူ
ကျင့်ကြံခြင်းလမ်းစဉ်ပေါ်စတင်ရောက်ရှိအောင်လုပ်ပေးခဲ့သည့်အကြွေးနှင့်တင် လေးလံနေပြီဖြစ်သည်။အသက်ကြွေးပါ
ထပ်မတင်ချင်။စာအုပ်ထဲ၌ ဝမ်ရန်အယ်လေးလံသည့်အကြွေးနှစ်ခုပိခြင်းဟာ
သူ၏အချစ်ကပ်ဘေးကိုပေါ်ပေါက်လာစေပြီး
ပိုင်လီချင်းမြောင်အတွက်ဆိုလျှင်
အရာရာအဆုံးရှုံးခံနိုင်သည့်အဆင့်ထိပါ
ရောက်ရှိသွားစေ၏။

ထိုအကြောင်းဆိုရသော်....

ဝမ်ရန်အယ်စာအုပ်ကိုထုတ်လိုက်ကာ
စာအုပ်အဖုံးကို လက်ချောင်းများဖြင့်
ခေါက်လိုက်၏။ချက်ချင်းပင် စာအုပ်ထဲ၌
သူ၏အချစ်ကပ်ဘေးကျရောက်မည့်အကြောင်းကြိုပြောထားသည်ကို
မှတ်မိသွား၏။

အရာအားလုံးအစီအစဉ်တကျတိုက်ဆိုင်
မနေလျှင်ဘာ့ကြောင့် ဝမ်ရန်အယ်ဆိုသည့်
သူက ပိုင်လီချင်းမြောင်ကိုချစ်မိသွားမှာလဲ။
ယခုဆိုလျှင် သူပိုင်လီချင်းမြောင်နှင့်
အကြိမ်အနည်းငယ်ဆုံမိသည်။သို့ပေမဲ့
ခံစားချက်တစ်စုံတစ်ရာသော်မှ
ပေါ်မလာချေ။

အချစ်ကပ်ဘေးကျရောက်လာဦးမှာလား။
ဘယ်သူက သူချစ်မိသွားမည့်သူလည်း
ဆိုတာကိုတော့သူမသိ။

ဝမ်ရန်အယ်ခန့်မှန်းကြည့်ဖို့ကြိုးစားသည်။
သို့သော်လည်း ကောင်းကင်လျှို့ဝှက်ချက်များကို လူသားများနားမလည်နိုင် ဟူသည့်
ကောက်ချက်သာချနိုင်၏။အနာဂတ်၌
ကြုံတွေ့ရမည်များကို သူမသိနိုင်ချေ။

နာကျင်ရသည့်အချစ်ဝတ္ထုစာအုပ်ကို
ပြန်သိမ်းပြီးနောက် ဝမ်ရန်အယ်ဟာ
"မင်းကျင့်ကြံတဲ့နေရာမှာပဲအာရုံစိုက်ထား။အရှင် မင်းကိုကာကွယ်ပေးမယ်။"ဟု
ယင်ဟန်ကျန်းအားပြောလိုက်သည်။

အရှင့်ဆီမှကာကွယ်ပေးမည်ဟု
ကြားလိုက်ရသည့် ယင်ဟန်ကျန်းဟာ
ရင်ထဲနက်နက်ရှိုင်းရှိုင်းထိသွား၏။
သူ့လက်ထဲမှနတ်ဆိုးဓားကို သူစိုက်ကြည့်လိုက်သည်။နတ်ဆိုးဓားကိုမထိန်းချုပ်နိုင်သည်အထိသူသာအားမနည်းနေခဲ့လျှင် သူ့အတွက်နှင့်အရှင်ဤမျှလောက်အထိ
အပင်ပန်းခံနေစရာမလိုပေ။

ဝမ်ရန်အယ်ဟာ လျှိုမြောင်ထဲမှထွက်၍
တောင်ထိပ်တစ်ခုပေါ်၌ တင်ပလ္လင်ချိတ်ထိုင်လိုက်၏။ထို့နောက်‌ အောက်မှ
ယင်ဟန်ကျန်း၏ အရှိန်အဝါကိုအာရုံခံရင်း မျက်လုံးမှိတ်ကာတရားထိုင်လိုက်သည်။

မကြာခင်မှာပင် စစ်ပွဲစည်တီးသံများ၊ဓားသွားထိခတ်သံများ၊ကောင်းကင်နှင့်မြေကြီးကိုတုန်လှုပ်စေနိုင်သည့် ‌မြည်ကြွေးသံများကိုသူတိုးညှင်းစွာကြားလိုက်ရသည်။
ကောင်းကင်လောင်ကျွမ်းစည်မှ နတ်ဆိုးတိုက်ပွဲ၏မှတ်ဉာဏ်များဟာ နတ်ဆိုးဓားကြောင့်နိုးကြားလာ၍ ပုံရိပ်ယောင်လောကတစ်ခုပေါ်ပေါက်လာစေ၏။

ထိုပုံရိပ်ယောင်များကြား၌ ယင်ဟန်ကျန်း၏
ဓားဆန္ဒဟာ မရှိသလောက်အားနည်းနေ၏။
တစ်စုံတစ်ရာကအနှောင့်အယှက်ပေးနေပုံပင်။ဝမ်ရန်အယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး
သတ္တမသတ်ဖြတ်ခြင်းလှံရှည်ကို
မြှောက်လိုက်၏။ယင်ဟန်ကျန်းကို
လမ်းပြပေးမည့်အလင်းရောင်ကဲ့သို့သတ်ဖြတ်ခြင်းစိတ်ဆန္ဒများဟာ
သူ့အနား၌ရစ်သိုင်းလာ၏။

ယင်ဟန်ကျန်းဟာ ပုံရိပ်ယောင်ထဲ
ပိတ်မိနေ၏။တောင်ကဲ့သို့စုပုံနေသည့်အလောင်းကောင်များကြား၌ သူဟာ
သေးငယ်နေပြီး ခန္ဓာကိုယ်များကို
လှန်လှောရင်း သူ၏အရှင်ကို
ရှာဖွေနေမိသည်။သူ့နှလုံးသားထဲတွင်လည်း
ကြောက်ရွံ့ထိတ်လန့်မှုများဖြင့်ပြည့်နှက်နေ၏။သူစိတ်အားငယ်နေချိန်၌ ကောင်းကင်၌ပိုလစ်ကြယ်တောက်ပလာပြီး ရင်းနှီးနေသည့်အရှိန်အဝါဟာ သူ့ကို
သတိပြန်ဝင်လာစေသည်။

ဟုတ်တယ်။အရှင်ကသူကျင့်ကြံနေတုန်း
သူ့ကိုကာကွယ်ပေးနေတာပဲ။

ယင်ဟန်ကျန်း လက်ဖြင့်အမှတ်အသားတစ်ခုပြုလုပ်လိုက်သည့်အခါ နတ်ဆိုးဓားပေါ်‌လာ၏။ပုံရိပ်‌‌ယောင်ဖြင့် ရူးသွပ်မှုဆီသို့သူ့ကိုတွန်းပို့နေသောဓားကိုဆုပ်ကိုင်လိုက်ပြီး
ကောင်းကင်ဆီသို့ချိန်ရွယ်လိုက်၏။
သူ့အနား၌သွေးရောင်လွှမ်းနေသည့်အရှိန်အဝါတစ်ခုပေါ်ပေါက်လာပြီး
ဓားချက်တစ်ချက်တည်းဖြင့် အနားမှ
ပုံရိပ်ယောင်ကိုဖျက်ဆီးလိုက်၏။

ယိမ်းယိုင်မှုမရှိသည့်ထိုရင်းနှီးနေသောအရှိန်အဝါကို ခံစားရသည့်အခါ
ဝမ်ရန်အယ်မျက်နှာထက်၌ရှားပါးလှသည့်ပျော်ရွှင်သောအပြုံးတစ်ခု ပေါ်လာ၏။
သူ၏လှံရှည်ကိုမြေပြင်ပေါ်ချထားလိုက်ပြီး
ထောင်ထိပ်ပေါ်မတ်တပ်ရပ်ကာ
ယင်ဟန်ကျန်းအား တိတ်တဆိတ်
စောင့်ကြည့်နေ၏။

သူ သုံးလကြာရပ်စောင့်နေတာဖြစ်သည်။

ရှူယန်ယန်ထံမှ အမှန်တရားဂိုဏ်းများ
စတင်လှုပ်ရှားနေပြီဟူသည့်သတင်းစကားရောက်လာသည်အထိသူမတ်တပ်
ရပ်နေခဲ့သည်။အမှန်တရားဂိုဏ်းများဟာ ၎င်းတို့၏ ဗဟိုချက်ဖွဲ့စည်းခြင်းနှင့် ထိုအဆင့်
အထက်တပည့်များစုစည်း၍ ချွမ်းယွမ်ဂိုဏ်း
ရှိရာသို့ဦးတည်လာနေကြပြီဖြစ်သည်။

"မင်းအရင် ရန်သူတွေကိုရင်ဆိုင်ထား။
ဒီအရှင်ရက်နည်းနည်းလောက်အချိန်ယူဖို့
လိုတယ်။" ဟူ၍ဝမ်ရန်အယ်ဟာ
ရှူယန်ယန်၏ အလျင်လိုနေမှုကို
သတိမထားမိဟန်ဖြင့်ပြန်ဖြေလိုက်သည်။
သူ့လက်ထဲမှ လှံရှည်ဟာလည်း လှုပ်ရှားမှုမရှိငြိမ်သက်နေ၏။

ဂိုဏ်းပေါင်းစုံစစ်ပွဲက ဆယ်နှစ်ကြာမှာလေ။
ရက်နည်းနည်းလောက်နောက်ကျတာက
ဘာမှထူးခြားသွားမှာမှမဟုတ်တာ။

အရှင့်ဆီမှတုန့်ပြန်မှုရသည့်ရှူယန်ယန်ဟာ
ဆံပင်တွေကိုသာဆွဲနှုတ်ပစ်ချင်သည်။
နတ်ဆိုးဂိုဏ်းတွေရဲ့အရှင်သခင်အနေနဲ့
အမှန်တရားဂိုဏ်းတွေကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ဖို့ တက်ကြွနေရမှာလေ။သူစောင့်နေဖို့ ဘာကထိုက်တန်
နေတာလဲ။ထိပ်တန်းကျင့်ကြံသူတွေ
ရောက်မလာခင် ဝိဉာဉ်ပြောင်းလဲခြင်းနဲ့
ထိုအဆင့်အောက်ကျင့်ကြံသူတွေကိုသတ်ပြီး နတ်ဆိုးဂိုဏ်းတွေရဲ့အင်အားကိုပြရမှာလေ။

ခဏကြာဒေါသပေါက်ကွဲပြီးနောက်
ကျန်ခန်းမဆောင်သခင်လေးဦးထံသို့
ဝမ်ရန်အယ်အမိန့်ပါသည့်အဆောင်
ပို့ပေးလိုက်သည်။ထို့နောက် မျက်နှာ
အုပ်‌ဆောင်းယူ၍အုပ်လိုက်သည်။

သူ့ငယ်သားတစ်ယောက်ရောက်လာပြီး
သူ၏ခါးကိုဖက်လိုက်ကာ နားကိုကိုက်လိုက်သည်။"ကာကွယ်သူ ဘာလို့မျက်နှာကို
အုပ်ထားတာလဲ။ဒီလို မျက်နှာလှလှလေးကို
အုပ်ထားတာနှမြောစရာပဲ။"

ရှုယန်ယန်ဟာရယ်လိုက်ပြီး "ငါချိုးဟုန်ရွှယ်နဲ့တူတူ ဝိဉာဉ်စွမ်းအင်တားဆီးအစီအရင်ကိုသွားဖျက်ဆီးမလို့။အဲ့မှာရှိတဲ့
လူတစ်ယောက်ကို ငါ့မျက်နှာကိုအခု
လက်ရှိမမြင်စေချင်ဘူး။"

"အာ" ငယ်သားဟာကြောင်သွား၏။
"ကာကွယ်သူ ရင်မဆိုင်ရဲတဲ့လူ
ဘယ်လိုလုပ်ရှိနိုင်မှာလဲ။

ရှူယန်ယန် ထိုသူ၏မေးကိုပင့်လိုက်သည်။
သူ့အပြုံးဟာကွယ်ပျောက်သွားပြီး
အကြည့်ဟာလည်းထက်မြသွား၏။
"ကြောက်တာမဟုတ်ဘူး။တစ်ခါတလေကျတော့ အချိုပွဲကိုနောက်ဆုံးမှစားဖို့
ချန်ထားတာကပျော်ဖို့ကောင်းတယ်လေ။"

ရှူယန်ယန်သည် ချိုးဟုန်ရွှယ်နှင့်
တွေ့ဆုံပြီး ချွမ်းယွမ်ဂိုဏ်း၏ ဝိဉာဉ်စွမ်းအင်ကြောရှိရာသို့အတူသွားကြ၏။မကြာခင်မှာပင် ခန္ဓာကိုယ်စုစည်းခြင်းအဆင့်အကြီးအကဲတစ်ဦး ဦးဆောင်လာသည့်အမှန်တရား
ဂိုဏ်းပေါင်းစုံအစုအဝေးကြီးရောက်ရှိလာ၏။၎င်းတို့ကိုမြင်သည့်ရှူယန်ယန်ဟာ "မင်းတို့လာနေတဲ့ လမ်းကြောင်းမှာ ချွမ်းယွမ်ဂိုဏ်းတည်ရှိတယ်။မင်းတို့မှာ ရှေ့ဆက်သွားခွင့်မရှိဘူး။"ဟုအနည်းငယ်လျင်မြန်နေသည့်လေသံဖြင့် သတိပေးလိုက်သည်။

အကြီးအကဲဟာ "‌အဲ့ဒါက ဖြားယောင်းတဲ့အတတ်ပညာတွေကိုလေ့ကျင့်တဲ့ ကောက်ကျစ်တဲ့ သွေးဆောင်သူပဲ။
လူတိုင်းပဲ စိတ်သန့်စင်ဂါထာကိုရွတ်ဆိုကြပြီး
အစီအရင်ပေါ်  အာရုံစိုက်ထား။သူ့ရဲ့
ဖြားယောင်းမှုတွေပေါ်  မျောမပါသွားစေနဲ့။"
ဟုအမိန့်ပေးလိုက်သည်။

တပည့်တွေဟာ အမိန့်ကိုနာခံကြပြီး
အစီအစဉ်အတိုင်း သက်ဆိုင်ရာ
နေရာအသီးသီး ယူလိုက်ကြသည်။
တပည့် ၁၀၈ဦးဟာ နတ်ဆိုးယဥ်ပါးအလံ
၁၀၈ခုကိုသယ်ဆောင်ထားကြပြီး
ဝိဉာဥ်စွမ်းအင်ကြော၏ကန့်လန့်ဖြတ်အမှတ် နေရာများကိုထိုးစိုက်လိုက်ကြသည်။ထို့နောက်၎င်းတို့၏ ဝိဉာဉ်စွမ်းအားများကို
လှည့်ပတ်လိုက်ကြပြီး ဝိဉာဉ်စွမ်းအင်တားဆီးအစီအရင်ကိုဖော်ဆောင်
လိုက်ကြသည်။

ဟယ့်ဝမ်းချောင်ဟာ စိတ်သန့်စင်ဂါထာကိုစိတ်ထဲ၌ရွတ်ဆိုနေသည်။သို့သော်လည်း
စိတ်ကသိကအောက်ဖြစ်နေဆဲပင်။

ညီမလေးပိုင်လီနှင့်သူ့ရန်ပွဲဟာ
သုံးလကြာမြင့်ပြီဖြစ်ပြီး သူဘယ်လောက်ပဲ
ရှူယန်ယန်နှင့်သူ၏ဆက်ဆံရေးကို
ရှင်းပြဖို့ကြိုးစားပါစေ ပိုင်လီချင်းမြောင်ကိုပြန်ရဖို့ဘယ်လိုနည်းလမ်းမျိုးစုံသုံးပြီးကြိုးစားပါစေ ပိုင်လီချင်း‌မြောင်ဟာ
သူ့ကိုစိတ်ပျက်နေပုံနှင့်တစ်ယောက်တည်းပဲနေချင်တယ်ဟုအမြဲပြောလေ့ရှိသည်။

အနားသို့အလွန်အမင်းကပ်လျှင်လည်း သူ့ကို
နာကျင်နေသည့်အကြည့်ဖြင့်ကြည့်ကာ "မိန်းကလေးရှူသေသွားတာ အစ်ကိုဘယ်လိုမှမခံစားရဘူးလား။"ဟုမေးလေ့ရှိသည်။

ခံစားရတာပေါ့။သူလည်းဝမ်းနည်းတယ်။
မိန်းကလေးရှူခန္ဓာကိုယ်က ရှားမှရှား
ယင်အစစ်အမှန်ခန္ဓာကိုယ်ဖြစ်ပြီး
သူ့ကျင့်ကြံဆင့်ကို အလျင်အမြန်
မြင့်စေတယ်။သူဘယ်လိုလုပ်
စိတ်ဓာတ်မကျပဲနေပါ့မလဲ။
သို့ပေမဲ့ ယခုအချိန်မှာ သူဝမ်းနည်းတယ်လို့ပြောပြော မပြောပြော အခြေအနေ
ကောင်းမှာမဟုတ်ပေ။သူဝမ်းနည်းတယ်
ပြောလျှင် သူ၏ညီမလေးဟာ
"အစ်ကိုသူနဲ့တကယ်ပတ်သက်နေတာပဲ။"
ဟုပြောလိမ့်မည်။သူဝမ်းမနည်းဘူးဟု
ပြောလျှင်တော့ "အစ်ကိုကခံစားချက်ကင်းမဲ့လိုက်တာ။အစ်ကိုသိတဲ့ မိန်းကလေး
တစ်ယောက်အစ်ကို့‌ရှေ့သေသွားတာကို
နည်းနည်းလေးတောင်မှ ဝမ်းမနည်းဘူးပေါ့။"ဟုပြောလိမ့်မည်။

ဟယ့်ဝမ်းချောင် ပိုင်လီချင်းမြောင်ကိုနားလည်၏။သူကချစ်စရာမိန်းမငယ်လေးတစ်ယောက်။တစ်ခါတစ်လေမှာ
ပြဿနာရှာတာလေးတစ်ခုပဲ။
ထို့ကြောင့်သူ "အစ်ကိုနဲ့မိန်းကလေးရှူနဲ့က
သိပြီး သူကအစ်ကိုတို့ရှေ့မှာရက်စက်တဲ့
နည်းနဲ့သေသွားတာ‌။အစ်ကိုကခံစားချက်
မရှိတဲ့လူမဟုတ်‌တော့ အစ်ကိုဝမ်းမနည်းဘူးဆိုတာမဖြစ်နိုင်ဘူး။ဒါပေမဲ့ညီမလေး
အစ်ကိုတို့အနာဂတ်ကိုပဲကြည့်ရမယ်။
အဲ့ဒါကကျင့်ကြံသူတွေရဲ့လမ်းပဲ။အနာဂတ်မှာလည်း သေဆုံးခြင်းများစွာကိုအစ်ကိုတို့မျက်မြင်ကြုံတွေ့ရဦးမှာ။ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကိုအရေးမစိုက်ပဲသဘာဝတရားလို့မှတ်ယူတတ်ဖို့ အစ်ကိုတို့သင်ယူရမှာ။"
ဟုပြန်ဖြေလိုက်သည်။

သူဟာကျွမ်းကျင်လိမ္မာစွာဖြင့်
ပိုင်လီချင်းမြောင်၏သံသယဝင်နေမှုကို
သေဆုံးခြင်းကိုရင်ဆိုင်ရချိန်မှာ အားနည်းသွားသည့် ပိုင်လီချင်းမြောင်၏ပြစ်ချက်ကိုထောက်ပြလိုက်ခြင်းဖြင့်အာရုံလွှဲလိုက်သည်။
သူ့ညီမလေးဟာသူ့ပြောစကားကို
အမြဲနားထောင်၏။ထို့ကြောင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းအပေါ်အမြင်ကို ပြန်လည်ဆန်းစစ်နေပြီးသံသယဝင်မှုကိုမေ့ထား၏။

ကံ‌မကောင်းစွာနှင့်ပဲ ယခုထိတော့သူ့ကို
ခွင့်မလွှတ်သေးပေ။စစ်ပွဲပြီးဆုံးချိန် သူ့ကိုဆုံးရှုံးသွားနိုင်သည်ဟူသည့်ကြောက်ရွံ့မှုကိုခံစားပြီးချိန်တွင်တော့ သူတို့ကြား
ဆက်ဆံရေးကို ညီမလေးတန်ဖိုးထားလာမည်ဟုသူမျှော်လင့်မိသည်။

ဟယ့်ဝမ်းချောင်ဟာ ပိုင်လီချင်းမြောင်၏
လုံခြုံရေးကိုစိတ်မပူပေ။သူသည်
ယောင်ဝမ်တန်နှင့်အတူတူ ဒဏ်ရာရ
တပည့်များကိုကုသပေးရန် နောက်တန်းအကျဆုံးနေရာ၌ တာဝန်ယူထား၏။ထိုနေရာသည် အန္တရာယ်အကင်းဆုံးနေရာဖြစ်သည်။ဟယ့်ဝမ်းချောင်သည်လည်း အန္တရာယ်အတော်အတန်ကင်း၏။စွမ်းအင်တားဆီးအစီအရင်အသက်ဝင်လာပြီးနောက်နတ်ဆိုးဂိုဏ်းသားများဟာသဘာဝဝိဉာဉ်စွမ်းအင်များကို
စုပ်ယူလို့မရတော့ပေ။ထို့အတွက် 
အချိန်တစ်ခုကြာလျှင် ရှုံးနိမ့်သွားမှာဖြစ်သည်။နတ်ဆိုးယဉ်ပါးအလံ၁၀၈ခုမှအတားအဆီးများ‌ပေါ်လာပြီးအစီအရင်ထဲမှတပည့်များကိုကာကွယ်ပေးထားမှာဖြစ်၏။ထိုအစီအရင်သည် မသေမျိုးအဆင့်
အစီအရင်ဖြစ်သဖြင့် နတ်ဆိုးအရှင်သခင်ကိုယ်တိုင်ရောက်လာလျှင်သော်မှ
ဖျက်စီးနိုင်မှာမဟုတ်ပေ။

ခန္ဓာကိုယ်စုစည်းခြင်းအဆင့်ကျင့်ကြံသူ
အကြီးအကဲ၏ကာကွယ်မှုအောက်၌
နတ်ဆိုးဂိုဏ်းမှမိန်းမနှစ်ဦးဟာ သူတို့ကို
မနှောင့်ယှက်နိုင်ပေ။အစီအရင်ဟာအချိန်
မယူရဘဲ အသက်ဝင်လာပြီး ချွမ်းယွမ်ဂိုဏ်းတည်ရှိရာ တောင်ဝန်းကျင်၌ ဝိဉာဉ်စွမ်းအားများပျောက်ဆုံးသွား၏။

ဟယ့်ဝမ်းချောင်ဟာ အကြီးအကဲတိုက်ခိုက်တာကိုလူးလှိမ့်ခံနေရသည့် မိန်းမနှစ်ဦးကိုကြည့်ရင်းမျက်နှာကိုအုပ်ထားသည့်မိန်းမကို
ရင်းနှီးသည်ဟုခံစားမိသည်။အရင်နတ်ဆိုးကျင့်ကြံသူတွေကို တိုက်ခိုက်တုန်းက
တစ်ခါလောက်ဆုံဖူးတာဖြစ်နိုင်သည်။

စိတ်ပြန့်လွင့်နေတာကိုသတိထားမိသွားသည့်
အတွက် အလျင်အမြန်ပင် စိတ်သန့်စင်ဂါထာရွတ်ဆိုလိုက်ပြီး အစီအရင်ကိုသာ
သူအာရုံစိုက်လိုက်သည်။

အစီအရင်အသက်ဝင်သွားသည်ကို
သတိထားမိသည့်အကြီးအကဲဟာ အလျင်အမြန်နောက်ဆုတ်၍ အကာအကွယ်ထဲဝင်ရန်လုပ်လိုက်သည်။သို့သော်လည်း
သူတိုက်ခိုက်တာကိုခံနေရသည့်အနက်ရောင်ဝတ်အမျိုးသမီးဟာ ရုတ်တရက်သူ့ကို
စက်ဆုပ်ဖွယ်ပြုံးပြ၏။ထို့‌နောက် သူ၏ အနက်ရောင်ဝတ်စုံပွင့်ထွက်သွားပြီး
အရိုးစုခန္ဓာကိုယ်နှင့် မရေတွက်နိုင်သည့် ခန္ဓာကိုယ်တစ်ဝိုက်တွဲလောင်းကျနေသော ဆာလောင်တစ္ဆေများပေါ်လာ၏။

ထိုအမျိုးသမီး၌ ခေါင်းတစ်လုံးသာရှိသည်။
ခေါင်းအောက်၌မူ အသားတစ်စက်မျှမရှိပေ။

ချိုးဟုန်ရွှယ်ဟာ လက်ဆန့်တန်းလိုက်ပြီး
အကြီးအကဲ၏ပခုံးကိုအရိုးလက်ချောင်းများဖြင့်ဖမ်းဆုပ်လိုက်သည်။ဆာလောင်တစ္ဆေများဟာ အကြီးအကဲခန္ဓာကိုယ်ပေါ်သို့
လက်ချောင်းများမှတစ်ဆင့်ရောက်ရှိ
သွားကြပြီး ၎င်းတို့၏ အော်ဂလီဆန်ဖွယ်မြည်တမ်းသံများဟာ အကြီးအကဲ၏
ဝိဉာဉ်ကိုပါတုန်လှုပ်စေ၏။ထိုတစ္ဆေများပျောက်ကွယ်သွားအောင်ဂါထာသုံး၍
ကြိုးစားပါသော်လည်း သူ့ဒန်တိမ်ထဲသို့ ညစ်ညမ်းသောစွမ်းအင်တစ်ခုဝင်ရောက်လာပြီး ဝိဉာဉ်စွမ်းအင်များသုံးစွဲ၍မရတော့ကြောင်း တွေ့လိုက်ရသည်။

"အဇူရာလမ်းစဉ် မင်း မင်းကချိုးဟုန်ရွှယ်ပဲ။
မဟာယနာအဆင့်တစ္ဆေကျင့်ကြံသူ။"
အကြီးအကဲဟာ သူ့နောက်မှတပည့်များကို
နောက်ဆုတ်ဖို့ အော်ဟစ်အချက်ပေးဖို့ကြိုးစားလိုက်သည်။သို့သော်လည်း ဆာလောင်‌တစ္ဆေတစ်ကောင်ဟာ
စကားမပြောနိုင်စေရန်သူ့လျှာကို
ကိုက်ဖြတ်လိုက်၏။

မဟာယနာအဆင့်ကျင့်ကြံသူကဘယ်လိုလုပ်
သူတိုက်ခိုက်တာကိုခံရမှာလဲ။သူတို့ကို
ဘာ့ကြောင့်အစီအရင်အသက်ဝင်အောင်
လုပ်ခွင့်ပေးတာလဲ။နတ်ဆိုးကျင့်ကြံသူတွေ
အခုလိုဖြစ်အောင် သက်သက်အစီအစဉ်
ဆွဲထားတာ။

မကောင်းတော့ဘူး။

ထိုအရာသည် အကြီးအကဲ၏နောက်ဆုံးအတွေးဖြစ်သည်။မရေတွက်နိုင်သည့်
ဆာလောင်တစ္ဆေများဝန်းရံခံရသည့်အတွက်
သူ၏အသိစိတ်တဖြည်းဖြည်း
ပျောက်ကွယ်သွားပြီး ဆာလောင်တစ္ဆေလမ်းစဉ်ဆီသို့ဆွဲခေါ်ခံရ၏။

ထိုအကြီးအကဲဟာ ပိလျောင်ဂိုဏ်းမှဖြစ်သည်။သူသေဆုံးသွားတာကိုမြင်သည့်
ပိလျောင်ဂိုဏ်းမှတပည့်များဟာ ထိတ်လန့်စွာဖြင့်  ဆရာဦးလေးဟုအော်ဟစ်လိုက်ကြသည်။

"ရှူး"အရိုးစုလက်ချောင်းဟာအကာအကွယ်ခံထား‌သောငိုနေသည့်တပည့်၏ပါးစပ်နားလှမ်းကပ်၍ပြောလိုက်သည်။ဖြူဖျော့နေသော မိန်းမဟာ ဖြူဖွေးလှသည့်သွားများ
ပေါ်အောင်ပြုံးပြလိုက်ပြီး "အစီအရင်ကိုပဲအာရုံစိုက်။မင်းရဲ့ ဆရာဦးလေး သေသွားရတာကိုအလကားမဖြစ်စေနဲ့။အစီအရင်ကိုစွန့်ပစ်ပြီးထွက်ပြေးမယ်လို့လည်းမစဉ်းစားနဲ့။အခုလက်ရှိတော့ အစီအရင်ကမင်းတို့ကိုအကာအကွယ်ပေးနေတယ်။ဒါပေမဲ့
အလံတစ်ခုလောက်ပဲအဖယ်ခံရရင်
မင်းတို့အကုန်လုံးသေရမှာ။
ငါတစ်ယောက်တောင်မလွှတ်ပေးဘူး။"

သူ့ဝတ်ရုံအောက်၌ဆာ‌လောင်တစ္ဆေများစွာ
ရှိသည်။မကြာခင်မှာပဲ တစ္ဆေများစွာဟာ
နေရာပေါင်းစုံကိုဝန်းရံလိုက်၏။စွမ်းအင်
တားဆီးအစီအရင်ဟာ သွေးရောင်မြူ
များဝန်းရံခြင်းကိုခံရပြီး တပည့်များဟာ
ဘေးပတ်ဝန်းကျင်ကိုမမြင်နိုင်တော့ပေ။
အစီအရင်ကိုထိန်းသိမ်းထားဖို့ နည်းလမ်း
တစ်ခုသာရှိ၏။

သူတို့တွေကမှ ဝိဉာဉ်စွမ်းအင်ကြောကို
တားဆီးတဲ့အစီအရင်ကိုဖန်တီးတာလေ။
ဘာ့ကြောင့် သူတို့ကမှထောင်ချောက်ပဲ
ကျသွားတဲ့လူ‌တွေဖြစ်တယ်လို့
ခံစားချက် ရနေတာလဲ။

တပည့်၁၀၈ဦးဟာချိုးဟုန်ရွှယ်၏
"အမှန်တရားဂိုဏ်းတွေစစ်ပွဲစချင်ရင် ငါတို့
ချွမ်းယွမ်ဂိုဏ်းက တံခါးဖွင့်ပြီးတော့ကို
ကြိုဆိုမှာ။ဒါပေမဲ့ ငါတို့က တိုက်ရိုက်လာတိုက်ခိုက်တာမျိုးကိုပဲ သဘောကျတာ။
အခုလို စွမ်းအင်တားဆီးအစီအရင်လို
စဉ်းလဲတဲ့နည်းတွေသုံးတာမျိုး
ငါသဘောမကျဘူး။"ဟုပြောသံကို
သွေးမြူများကြားပဲ့တင်ထပ်ကာ
ကြားလိုက်ရ၏။

ဟယ့်ဝမ်းချောင်ဟာ ချက်ချင်းပင်
"ဘယ်သူမှ မကြောက်ကြနဲ့။သူအစီအရင်ကိုမချိုးဖောက်နိုင်ဘူး။ငါတို့အစီအရင်ကို
ထိန်းထားဖို့ဘဲလိုတယ်။အကြီးအကဲတွေတိုက်ပွဲမှာအနိုင်ယူပြီးရင် ငါတို့ကို
လာကယ်လိမ့်မယ်။လေလွင့်မသေမျိုးတောင်မချိုးဖြတ်နိုင်ဘူး။အခုလို မဟာယနာအဆင့်ဆိုဝေလာဝေးပေါ့။သူက ငါတို့ထိတ်လန့်ကြောက်ရွံ့ပြီးအစီအရင်မထိန်းထားနိုင်အောင် ဖြဲခြောက်နေတာ။အဲ့ဒါမှ သူလက်လှုပ်စရာမလိုဘဲ အနိုင်ယူနိုင်မှာမလို့လေ။သူ့ပရိယာယ်ထဲမကျသွားစေနဲ့။

သူ့စကားဟာ ကြောက်ရွံ့နေသောတပည့်များကိုစိတ်သက်သာရာရစေ၏။ချက်ချင်းပင်
တပည့်များဟာ သူတို့၏အာရုံများကို
ပိတ်လိုက်ကြပြီး အစီအရင်ကိုသာ
အာရုံစိုက်ထားလိုက်၏။

ရှူယန်ယန်ဟာ သူ၏ငယ်သားတစ်ယောက်ကိုညောင်စောင်းတစ်ခုယူခိုင်းလိုက်ပြီး
ပျင်းရိပျင်းတွဲမှီလိုက်ကာ ချိုးဟုန်ရွှယ်
အမှန်တရားဂိုဏ်းတပည့်များကို
ခြောက်နေခြင်းအားကြည့်နေသည်။
သူဟာပျင်းရိလွန်းသဖြင့်သန်းလိုက်ပြီး
"ငါတို့ကတကယ်ကို ဗီလိန်အကြီးစားတွေပဲ။
ဟမ် ဟုတ်တယ်မလား။"

"ဘာလဲ။"ချိုးဟုန်ရွှယ်၏အေးစက်စက်အကြည့်ဟာ ရှူယန်ယန်ခန္ဓာကိုယ်ကို
စေ့စေ့စပ်စပ်ကြည့်လာ၏။

"ဘာမှမဟုတ်ဘူး။"ဟုပြောရင်း ရှူယန်ယန်ဟာမေးကိုလက်ထောက်လိုက်သည်။
"အဲ့တာကမှငါတို့နတ်ဆိုးကျင့်ကြံသူတွေရဲ့ သရုပ်မှန်လေ။ငါ လူဆိုးအဖြစ်နေရတာကို
ကြိုက်တယ်။"

"စိတ်ရှည်ရှည်ထား။အရှင့်ရဲ့အစီအစဉ်ကို
မဖျက်ဆီးနဲ့။"ဟုချိုးဟုန်ရွှယ်သတိပေးလိုက်သည်။"သူကထိပ်တန်းကျင့်ကြံသူတွေနဲ့ထိပ်တိုက်တိုက်ခိုက်ဖို့အတွက်အဲ့လူတွေ
ထွက်လာအောင်မျှားခေါ်နေတာ။"

"ကျွတ် သူကိုယ်တိုင်တောင်သူ့ကိုယ်သူ
ဘာလုပ်နေမှန်းသိမှာမဟုတ်ဘူး။"
ဟုပြောပြီးရှူယန်ယန်ဟာ စိတ်ညစ်ညူးစွာ
မျက်လုံးကိုလှည့်လိုက်သည်။

ထိုအပြောခံနေရသည့် နတ်ဆိုးအရှင်သခင်ဟာ လျှိုမြောင်ထိပ်၌ စောင့်ကြပ်နေ၏။
စွမ်းအင်တားဆီးအစီအရင်ဟာ ကောင်းကင်လောင်ကျွမ်းစည်ကိုမသက်ရောက်နိုင်ပေ။
သူဟာစိတ်ရှည်စွာဖြင့် လျှိုမြောင်ရှိ
အနက်ရောင်မြူများကိုထိုးဖောက်လာသည့် ဓားဆန္ဒကို‌တွေ့ရသည့် နောက်ထပ်
ရက်ပေါင်းလေးဆယ့်ကိုးရက်အထိ
ဆက်စောင့်နေ၏။ယင်ဟန်ကျန်းဟာ
ဓားပျံစီးရင်း လျှိုမြောင်ထဲမှထွက်လာကာ ဝမ်ရန်အယ်ရှေ့၌ ရပ်လိုက်သည်။

နတ်ဆိုးဓားမှအထိန်းအကွပ်မဲ့နတ်ဆိုးစွမ်းအားများဟာ အလွန်ကိုအားနည်းသွား၏။ယင်ဟန်ကျန်းဟာဓားကိုတင်းကြပ်စွာဆုပ်ကိုင်ထား၏။ထိုဓားပုန်ကန်ဖို့
မဖြစ်နိုင်တော့ချေ။

"ဟင်းလင်းပြင်နယ်နိမိတ်ဒုတိယအဆင့်"
ကျေနပ်သွားသည့်ဝမ်ရန်အယ်ဟာ
ယင်ဟန်ကျန်း၏ပခုံးကို ပုတ်လိုက်၏။
ထို့နောက် လှည့်ထွက်သွားပြီး
"ဒီအရှင်နဲ့တူတူတိုက်ပွဲဝင်။"
ဟုပြောလိုက်သည်။

rolled eyes


အပိုင္း ၁၂။ အ႐ွိန္အဟုန္ျပင္းျပင္းလာ‌ေနသည့္မုန္တိုင္း

အဓိကခန္းမေဆာင္ကိုကြပ္ကဲရသည့္
ခန္းမေဆာင္သခင္ယြမ္းဟာ ဝမ္ရန္အယ္ႏွင့္အဆက္အသြယ္လုပ္ရတာအမ်ားဆုံး
ျဖစ္သည့္အတြက္ သူ၏စိတ္သေဘာထားကိုခန္႔မွန္းရာ၌ အေတာ္ဆုံးျဖစ္သည္။
အ႐ွင့္ဆီမွ "မင္းတို႔ဒီေလာက္ေတာင္မွ
သုံးစားလို႔မရဘူးလား။" ဟူသည့္အၾကည့္ကိုေတြ႕ရသျဖင့္"အ႐ွင္မိန္းမတစ္ေယာက္အေၾကာင္းသိခ်င္တာလား။ကာကြယ္သူ
႐ွဴယန္ယန္နဲ႔ ခန္းမေဆာင္သခင္ ခ်ိဳးဟုန္႐ႊယ္ကိုေမးရင္အေၾကာင္းထူးမွာမဟုတ္ဘူး။
ကြၽန္ေတာ့္ကိုေမးသင့္တယ္။"ဟုအလ်င္အျမန္ေလွ်ာက္တင္လိုက္သည္

႐ွဴယန္ယန္ ႏွင့္ ခ်ိဳးဟုန္႐ႊယ္ဟာ
ခန္းမေဆာင္သခင္ယြမ္းကိုစိုက္ၾကည့္လိုက္ၾကသည္။ ဘာေျပာခ်င္တာလဲ။မိန္းမ‌ေတြအေၾကာင္းသိခ်င္ရင္သူတို႔ကိုေမးလို႔
မထူးဘူး ဟုတ္လား။သူတို႔က
မိန္းမေတြမဟုတ္လို႔လား။

ခန္းမေဆာင္သခင္ယြမ္းဟာအပ္ကဲ့သို႔
ခြၽန္ျမေနသည့္အၾကည့္စူးစူးႏွစ္ခုကိုလ်စ္လ်ဴ႐ႈကာ "ကြၽန္ေတာ္႐ိုင္းပ်သလိုေတာ့ျဖစ္သြားပါတယ္။ဒါေပမဲ့ အ႐ွင္ဘာဆိုလိုခ်င္တာလည္း အေသးစိတ္ေျပာျပလို႔ရမလား။"

"အမ်ားႀကီးမဟုတ္ဘူး။ေယာက်ာ္း
တစ္ေယာက္ကို မိန္းမတစ္ေယာက္
ေမ့သြားေအာင္ဘယ္လိုလုပ္ရမလဲဆိုတာကို
သိခ်င္တာ။"

ခန္းမေဆာင္သခင္ယြမ္းဟာအရပ္ပု၍
ျပည့္ဝိုင္းဝိုင္းပုံစံ႐ွိၿပီး ေဘးအိမ္မွ
ဦးေလးႀကီးပုံစံေပါက္ကာရင္းႏွီးလြယ္ပုံ
ေပၚသည္။သူရယ္လိုက္သည့္အခါ
မ်က္လုံးေမွးသြားၿပီး ၾကင္နာတတ္ပုံေပါက္၏။သို႔ေသာ္သူဆက္ေျပာသည့္
စကားဟာေတာ့ သူ႕အသြင္အျပင္ႏွင့္လားလားမွ်မသက္ဆိုင္။
"ကြၽန္ေတာ္ နည္းလမ္းႏွစ္မ်ိဳး
စဥ္းစားမိပါတယ္။ပထမနည္းက
အဲ့မိန္းက‌ေလးခ်စ္ေနတဲ့ေယာက်ာ္းကို
သတ္ပစ္လိုက္ပါ။ဒုတိယနည္းကေတာ့ 
အျခားေယာက်ာ္းတစ္ေယာက္႐ွာေပးၿပီး
အဲ့မိန္းကေလးခ်စ္မိသြားေအာင္
လုပ္လိုက္ပါ။"

ဝမ္ရန္အယ္အခ်ိန္ခဏၾကာေတြးမိသည္။
ပထမနည္းလမ္းကအလုပ္ျဖစ္မွာမဟုတ္။
ပိုင္လီခ်င္းေျမာင္သည္ဟယ့္ဝမ္းေခ်ာင္အား
နက္နက္႐ိႈင္း႐ိႈင္းခ်စ္ေနသည့္အတြက္ ယခုအခ်ိန္၌ ဟယ့္ဝမ္းေခ်ာင္ေသဆုံးသြားလွ်င္ ပိုင္လီခ်င္းေျမာင္တစ္သက္လုံးေမ့ေဖ်ာက္
ႏိုင္မွာမဟုတ္။စြဲလမ္းမႈၾကားမွမ႐ုန္းထြက္
ႏိုင္သျဖင့္ဝိဉာဥ္အ‌ေျခတည္ျခင္းအဆင့္
အတြင္းစိတ္မေကာင္းဆိုးဝါးကပ္ေဘးကို
လည္းေက်ာ္ျဖတ္ႏိုင္မွာမဟုတ္။ဒုတိယ
နည္းလမ္းကျဖစ္ႏိုင္ေခ်နည္းနည္း႐ွိသည္။
သို႔ေသာ္လည္း ထိုေယာက်္ားကို
မည္သည့္ေနရာ၌ သြားေရာက္
႐ွာေဖြရမည္လဲ။

ဝတၳဳစာအုပ္၏ နံပတ္တစ္ဇာတ္လိုက္မင္းသားျဖစ္သည့္ဟယ့္ဝမ္းေခ်ာင္၊နံပတ္ႏွစ္
ဇာတ္လိုက္မင္းသားျဖစ္သည့္ ဝမ္ရန္အယ္ႏွင့္နံပတ္ေလးဇာတ္လိုက္မင္းသားျဖစ္သည့္
ယင္ဟန္က်န္းတို႔ဟာ ပိုင္လီခ်င္း‌ေျမာင္ႏွင့္ပတ္သက္ေနၿပီးသားျဖစ္သည္။
နံပတ္ငါးဇာတ္လိုက္မင္းသားဟာလည္း
တစ္ပတ္သားအ႐ြယ္သာ႐ွိေသးသျဖင့္ အရည္အေသြးမျပည့္မီေပ။နံပတ္သုံး
ဇာတ္လိုက္မင္းသားျဖစ္သည့္ က်ဳန္းလီခ်န္းတစ္ေယာက္သာက်န္‌၏။

သို႔ေပမဲ့ ဝတၳဳစာအုပ္ထဲ၌ က်ဳန္းလီခ်န္းပါဝင္လာခ်ိန္က နံပတ္ငါးဇာတ္ေကာင္ထက္ေနာက္က်၏။ဟယ့္ဝမ္းေခ်ာင္
ခရမ္းရင့္ေရာင္စံအိမ္ေတာ္သခင္မႏွင့္
လက္ထပ္သည့္ေန႔၌ နံပတ္တစ္က်င့္ၾကံျခင္းကလန္ျဖစ္သည့္က်ဳန္းလီကလန္ကိုယ္စား က်ဳန္းလီခ်န္းဟာ မဂၤလာပြဲကိုဂုဏ္ျပဳရန္
လာခဲ့သည္။ဟယ့္ဝမ္း‌ေခ်ာင္သည္ ထိုေန႔၌
ပိုင္လီခ်င္းေျမာင္အား ဂိုဏ္းတည္႐ွိရာေတာင္အေနာက္ဘက္႐ွိေတာင္မ်ားဆီ၌
ခ်ဳပ္ေႏွာင္ထားခဲ့သည္။ထိုအခ်ဳပ္အေႏွာင္မွလြတ္ေျမာက္ရန္ႀကိဳးပမ္းေနသည့္
ပိုင္လီခ်င္းေျမာင္ႏွင့္က်ဳန္းလီခ်န္း
ေတြ႕ဆုံခဲ့သည့္ ထိုအခ်ိန္သို႔ေရာက္ရန္
ႏွစ္ငါးဆယ္ၾကာလိုေသးသည္။

ဝမ္ရန္အယ္ႏွစ္ငါးဆယ္ၾကာေစာင့္ရန္
စိတ္မ႐ွည္ေပ။ထို႔‌ေၾကာင့္ဂိုဏ္းေပါင္းစုံစစ္ပြဲ၌ရ႐ွိမည့္ဒဏ္ရာမ်ားကိုကုသၿပီးပါက က်ဳန္းလီကလန္ကိုသြား၍ က်ဳန္းလီခ်န္းကိုျပန္ေပးဆြဲကာ ပိုင္လီခ်င္းေျမာင္ထံ
ထိုးေပးမည္ဟုဆုံးျဖတ္လိုက္သည္။ထို႔ေနာက္သူတို႔တစ္ေယာက္ႏွင့္တစ္ေယာက္ခံစားခ်က္မ်ားျဖစ္ေပၚလာမည့္အခ်ိန္ကိုေစာင့္မည္။

"အဲ့နည္းလမ္းကအလုပ္ျဖစ္ေလာက္တယ္။"
ဝမ္ရန္အယ္ဟာ ‌ခန္းမေဆာင္သခင္ယြမ္းကို
ေတာ္သည္ဟုခ်ီးက်ဴးေသာအၾကည့္ျဖင့္ၾကည့္လိုက္သည္။"ဒီကိစၥကိုေနာက္မွ
ေျပာမယ္။အခုလက္႐ွိ ငါတို႔ေတြ
ဂိုဏ္းေပါင္းစုံစစ္ပြဲကိုပဲအာ႐ုံစိုက္သင့္တယ္။
စစ္ပြဲႀကီးၿပီးသြားရင္ အကုန္လုံးကို
ႀကိဳးစားရင္ႀကိဳးစားခဲ့သလို ဆုခ်ီးျမႇင့္မယ္။"

"နားလည္ပါၿပီ။"ဟုငါးေယာက္စလုံးဟာ
သံၿပိဳင္ေျပာလိုက္ၾကသည္။

က်န္သည့္ အစည္းအေဝးခ်ိန္၌ ႐ွဴယန္ယန္ဟာ အမွန္တရားဂိုဏ္းမ်ား၏အစီအစဥ္မ်ားကို ႐ွင္းျပသည္။ခန္းမေဆာင္သခင္မ်ားဟာ
အၾကံဉာဏ္အမ်ိဳးမ်ိဳးေပးၾကၿပီး ေနာက္ဆုံး၌
တိုက္ပြဲအစီအစဥ္ကိုခ်မွတ္လိုက္ၾကသည္။
တာဝန္ကိုယ္စီယူရန္ ခြဲေဝၾကၿပီးေနာက္
ခန္းမထဲမွအသီးသီးထြက္ခြာသြားၾကသည္။

အစည္းအေဝးခန္းမထဲကထြက္လာ
ၿပီးေနာက္ ခန္းမေဆာင္သခင္ယြမ္းဟာ
႐ွဴယန္ယန္ဆီသြား၍ "ကာကြယ္သူ႐ွဴ
အ႐ွင့္ကိုဖမ္းစားထားႏိုင္တဲ့ မိန္းက‌ေလးတစ္ေယာက္ေယာက္မ်ား႐ွိေနသလား။"
ဟုေမးလိုက္သည္။

"ဘာလဲ။" ႐ွဴယန္ယန္ဟာေစာင္းၾကည့္
လိုက္ၿပီး "သူ႕ႏွလုံးသားရဲ႕အားနည္းခ်က္ကို
အသုံးခ်ၿပီး တိုက္ခိုက္မလို႔လား။"
ဟု႐ွဴယန္ယန္ပြင့္ပြင့္လင္းလင္း
ေမးလိုက္သည္။

ခန္းမေဆာင္သခင္ယြမ္းဟာ
"မဟုတ္ပါဘူး။မဟုတ္ဘူး။ဘယ္လိုလုပ္
ျဖစ္ႏိုင္မွာလဲ။"ဟုလက္ယမ္းကာ
ျငင္းဆိုလိုက္သည္။

၎တို႔စကားေျပာေနခ်ိန္၌ က်န္ခန္းမေဆာင္
သခင္သုံးဦးဟာလည္း လမ္းေလွ်ာက္လာၾကသည္။ေအးစက္စက္  ခ်ိဳးဟုန္႐ႊယ္မ်က္ႏွာထက္တြင္ေတာင္မွ "အ႐ွင့္ကို ဒုကၡေပးဖို႔ တစ္ေယာက္ေယာက္ အကြက္ခ်စီစဥ္
ေနတယ္လို႔ ၾကားတယ္။ငါလည္းစိတ္ဝင္စားတယ္။"ဟူသည့္မ်က္ႏွာေပးကို ေတြ႕ျမင္ႏိုင္သည္။မ်က္လုံးေလးစုံဟာ ႐ွဴယန္ယန္ကို
စူးစိုက္ၾကည့္ေနၾကသည္။

႐ွဴယန္ယန္သက္ျပင္းခ်လိုက္သည္။
"မင္းတို႔ေတြးတာမ်ား‌သြားၿပီ။ငါ့ႏွစ္ေပါင္းမ်ားစြာအေတြ႕အၾကဳံကိုယုံ။အ႐ွင္က
အဲ့မိန္းကေလးကိုစိတ္မဝင္စားဘူး။
သူကတပည့္အျဖစ္လိုခ်င္ေနတာ။
အမွန္တရားဂိုဏ္းကတပည့္တစ္ေယာက္ကို
အရာအားလုံးတူညီျခင္းလမ္းစဥ္ကို
ဘာလို႔က်င့္ၾကံေစခ်င္သလဲဆိုတာေတာ့
ငါလည္းမသိဘူး။"

ခန္းမေဆာင္သခင္ေလးဦး၏
စိတ္အားထက္သန္မႈမ်ား ခ်က္ခ်င္းခ်ဳပ္ၿငိမ္းသြား၏။တပည့္လက္ခံျခင္းဟာ
ဘာမွ မထူးျခားေပ။နတ္ဆိုးက်င့္ၾကံသူမ်ားဟာ အမွန္တရားဂိုဏ္းမ်ားကဲ့သို႔
က်င့္ၾကံနည္း အေမြအႏွစ္မ်ားကိုစိတ္မပူေပ။
၎တို႔က်င့္ၾကံသည့္နည္းလမ္းမ်ားဟာ
ခိုးယူထားသည့္နည္းလမ္းမ်ားျဖစ္ၾက၍ လက္ေအာက္ငယ္သားမ်ားကို စိတ္ပါခ်ိန္၌ သင္ေပးေလ့႐ွိသည္။ထိုသူမ်ားအား
တပည့္ဟုသတ္မွတ္၍ ရသလား။

"ဘာလို႔ အ႐ွင္ကတပည့္လိုခ်င္ေနရတာလဲ။"
ဟုသခင္ယြမ္းေမးလိုက္သည္။
"သူက သတ္ျဖတ္ျခင္းလမ္းစဥ္ကို
က်င့္ၾကံတာေလ။သူ႕တပည့္သူ႕ကို
ျပန္သတ္တာမ်ိဳးလိုခ်င္ေနတာလား။"

"ငါကဘယ္လိုလုပ္သိမလဲ။ဘယ္လိုပဲျဖစ္ျဖစ္ အဲ့မိန္းကေလးရဲ႕ပါရမီကထိပ္တန္းပဲ။အသက္ဆယ့္႐ွစ္ႏွစ္မွာ အေျခခံအုတ္ျမစ္တည္ေဆာက္ျခင္းအဆင့္ကိုေရာက္ၿပီး
တစ္ႏွစ္ထဲမွာပဲ ေ႐ႊေရာင္အျမဴေတကိုပါဖြဲ႕စည္းႏိုင္ခဲ့တာ။အားနည္းခ်က္ဆိုလို႔
သူ႕ေခါင္းထဲမွာေယာက်ာ္းတစ္ေယာက္
အေၾကာင္းျပည့္ႏွက္ေနတာေလးတစ္ခုပဲ။"
ဟု႐ွဴယန္ယန္ဟာ႐ွင္းလင္းစြာေျပာျပလိုက္ကာထြက္သြားသည္။ပြဲေတာ္
က်င္းပဖို႔သူ႕ကိုေစာင့္ေမွ်ာ္ေနတဲ့လူေတြ
႐ွိေသးတယ္မလား။

အျခားခန္းမေဆာင္သခင္မ်ားဟာလည္း
ပိုင္လီခ်င္းေျမာင္၏က်င့္ၾကံႏႈန္းကိုၾကားသိၿပီးေနာက္ ေခါင္းညိတ္လိုက္ၾကသည္။
ထိုကဲ့သို႔ပါရမီ႐ွင္မ်ိဳးကိုအာ႐ုံစိုက္ရတာတန္၏။အ႐ွင္ အေပ်ာ္သေဘာတပည့္‌
တစ္ေယာက္လက္ခံခ်င္တာအံ့ဩစရာ
မဟုတ္ေပ။

သူ၏လက္‌ေအာက္ခံမ်ားထြက္သြားၿပီးေနာက္ အစည္းအေဝးခန္းမထဲ၌ ဝမ္ရန္အယ္ႏွင့္ ယင္ဟန္က်န္းသာက်န္ခဲ့၏။
"ဂိုဏ္းေပါင္းစုံစစ္ပြဲစဖို႔ ႏွစ္လ၊သုံးလေလာက္
လိုေသးတယ္။စစ္ပြဲမစခင္ ဟင္းလင္းျပင္နယ္နိမိတ္အဆင့္ကိုခ်ိဳး‌ျဖတ္ဝင္ေရာက္ႏိုင္ဖို႔ ႀကိဳးစား။အဲ့တာမွ ငါတို႔ဘက္ကတိုက္ခိုက္ႏိုင္စြမ္းပိုျမင့္လာမွာ။"ဟုဝမ္ရန္အယ္
ယင္ဟန္က်န္းကိုေျပာၾကားလိုက္သည္။

"နားလည္ပါၿပီ။"ဟုယင္ဟန္က်န္း
ျပန္ေျဖ၏။

"ဒီအ႐ွင္ကမင္းကို ေနရာတစ္ေနရာကို
ေခၚသြားေပးမယ္။"ဝမ္ရန္အယ္ဟာ
မတ္တပ္ရပ္လိုက္၍ ယင္ဟန္က်န္းအား
ခြၽမ္းယြမ္ဂိုဏ္းအေနာက္ဘက္႐ွိ
ေတာင္မ်ားဆီသို႔ေခၚေဆာင္သြား၏။

ေတာင္မ်ားၾကား၌လွ်ိဳေျမာင္တစ္ခု႐ွိ၏။
လွ်ိဳေျမာင္ေအာက္ေျခမွာေမွာင္မိုက္ေန၍
အဆုံးသတ္ကိုမျမင္ႏိုင္ေခ်။‌ေနေရာင္ေအာက္၌ သာမန္လူတစ္ေယာက္ဆိုလွ်င္‌ ေတာင္မွလွ်ိဳေျမာင္ေအာက္ေျခကို
ျမင္သင့္သည္။မ်က္လုံးျဖင့္မျမင္ရလွ်င္
ဝိဉာဥ္စြမ္းအားျဖင့္အာ႐ုံခံစားႏိုင္ေသာ က်င့္ၾကံသူမ်ားဆိုလွ်င္ေျပာစရာကို
မလိုေခ်။သို႔ေပမဲ့ ထိုလွ်ိဳေျမာင္၏ ေအာက္ေျခကိုမျမင္ရသည္မွာ
ထူးျခားလွ၏။

လွ်ိဳေျမာင္ထဲသို႔ ဝမ္ရန္အယ္ ဆင္းသြားျခင္းကိုျမင္ရသည့္ ယင္ဟန္က်န္းဟာ
ေအာက္ေျခကိုမျမင္ႏိုင္သည့္ လွ်ိဳေျမာင္
ထဲသို႔တြန္႔ဆုတ္မႈမ႐ွိလိုက္ဝင္သြား၏။

မီတာမ်ားစြာလွ်ိဳေျမာင္ထဲသို႔ ပ်ံသန္း
ၿပီးေနာက္ ညီညာ၍မာေက်ာေနေသာမ်က္ႏွာျပင္ေပၚသို႔သူေျခခ်မိ၏။
ထိုမ်က္ႏွာျပင္မွာ ေတာင့္တင္းသည့္
ေျမျပင္ျဖစ္ပုံမရေခ်။

"ကြၽန္ေတာ္တို႔ဘယ္ေရာက္ေနတာလဲ။"ဟု
ယင္ဟန္က်န္းတုန္႔ဆိုင္းစြာေမးလိုက္သည္။

"မင္းေျခေထာက္ေအာက္ကဟာက ေကာင္းကင္ေလာင္ကြၽမ္းစည္ပဲ။ခြၽမ္းယြမ္ဂိုဏ္းရဲ႕ဒ႑ာရီလာရတနာေပါ့။‌အဲ့တုန္းကဂိုဏ္းေခါင္းေဆာင္ေဟာင္းသာ ဒီအ႐ွင္ကိုအႏိုင္ယူႏိုင္ဖို႔မသုံးခဲ့ဘူးဆိုရင္ ဒီရတနာကို လွ်ိဳေျမာင္ထဲဝွက္ထားတယ္ဆိုတာကို
အ႐ွင္သိခဲ့မွာမဟုတ္ဘူး။"
ဟုဝမ္ရန္အယ္ေျဖလိုက္၏။

ထိုအရာဟာ ခြၽမ္းယြမ္ဂိုဏ္း၏နတ္ဆိုးအသုံးအေဆာင္ပစၥည္းျဖစ္၍
ဂိုဏ္းေခါင္းေဆာင္သာသုံးခြင့္႐ွိသည္။
ယင္ဟန္က်န္းဟာ ဤေနရာသို႔ေခၚေဆာင္လာရေလာက္သည္အထိ အ႐ွင္သူ႕ကိုယုံၾကည္မည္ဟုမထင္ထားခဲ့‌ေပ။

"ေကာင္းကင္ေလာင္ကြၽမ္းစည္ကို နတ္ဆိုးအသုံးအေဆာင္ပစၥည္းအျဖစ္သတ္မွတ္လို႔
ရေပမဲ့ မေသမ်ိဳးေတြရဲ႕ေသြးအမ်ားႀကီးကိုလည္း စုပ္ယူထားေသးတယ္။
နတ္ဆိုးအသုံးအေဆာင္ပစၥည္းျဖစ္မလား။
မေသမ်ိဳးအသုံးအေဆာင္ပစၥည္းျဖစ္မလားဆိုတာကေတာ့သုံးတဲ့က်င့္ၾကံသူေပၚ
မူတည္တယ္။စစ္ပြဲမစခင္ ဒီစည္ေပၚမွာနတ္ဆိုးဓားထဲက နတ္ဆိုးစြမ္းအင္ေတြသုံးၿပီး စည္ထဲကမေသမ်ိဳးစြမ္းအင္ေတြကိုႏိႈးဆြ။
စြမ္းအင္ႏွစ္ခုထိပ္တိုက္ရင္ဆိုင္တဲ့ၾကားမွာ
မင္းရဲ႕ဓားက်င့္စဥ္တိုးတက္လာေအာင္လုပ္။က်င့္စဥ္ျမင့္လာတဲ့တစ္ခ်ိန္တည္းမွာပဲ
နတ္ဆိုးဓားရဲ႕စြမ္းအင္အရင္းအျမစ္ကို
အားနည္းသြားေအာင္လုပ္။"ဟုဝမ္ရန္အယ္
ေျပာၾကားလိုက္သည္။

ယင္ဟန္က်န္းသည္ နတ္ဆိုးဓားကိုအသုံးျပဳ၍ စြမ္းအင္တိုးတက္လာေအာင္
အတင္းအဓမၼျပဳလုပ္ခဲ့ျခင္းျဖစ္၍
နတ္ဆိုးဓားႏွင့္ နီးကပ္ဆက္ႏြယ္ေနၿပီျဖစ္သည္။လက္နက္အသစ္တစ္ခုဖန္တီးလွ်င္ေတာင္မွ နတ္ဆိုးဓား၏အႂကြင္းအက်န္စြမ္းအင္မ်ားကိုမလႊမ္းမိုးႏိုင္သျဖင့္လက္နက္သစ္ႏွင့္ေပါင္းစည္းရာ၌အခက္အခဲ
ေတြ႕ႏိုင္၏။

အခ်ိန္တျဖည္းျဖည္းယူ၍ အႂကြင္းအက်န္စြမ္းအားမ်ား ေပ်ာက္ကြယ္သြားေအာင္
လုပ္မွသာလွ်င္ လြတ္ေျမာက္ႏိုင္မွာျဖစ္သည္။

"အ႐ွင္....."ဟုေခၚ၍ေကာင္းကင္ေလာင္ကြၽမ္းစည္ေပၚရပ္ေနသည့္ယင္ဟန္က်န္းဟာ
ဝမ္ရန္အယ္ကိုေငးၾကည့္‌မိသည္။

ခြၽမ္းယြမ္ဂိုဏ္းသမိုင္းတစ္ေလွ်ာက္
ဂိုဏ္းေခါင္းေဆာင္မွလြဲ၍ မည္သူမွ်
ေကာင္းကင္ေလာင္ကြၽမ္းစည္ကိုျမင္ခြင့္
မ႐ွိေခ်။ဝမ္ရန္အယ္ စည္ေပၚ၌႐ွဴယန္ယန္အား က်င့္ၾကံခြင့္ျပဳသည္ကိုက ႁခြင္းခ်က္ျဖစ္၏။ယင္ဟန္က်န္းဟာ ႐ွဴယန္ယန္
မတိုင္ခင္ သူစည္‌ေပၚသို႔ေျခခ်ခြင့္ရလိမ့္မည္ဟုမထင္ထားခဲ့ေပ။

သူႏွင့္ ထိုက္တန္သည္ မထိုက္တန္သည္
လက္ခံရဲသည္ လက္မခံရဲသည္ႏွင့္ပတ္သက္၍ တစ္ခြန္းမွ်မဟ။ထိုက္တန္သည္ မထိုက္တန္သည္ကို ဒီအ႐ွင္ပဲဆုံးျဖတ္မည္ဟူ၍ အ႐ွင္ေျပာၾကားခဲ့ဖူး၏။

ယင္ဟန္က်န္း၏အမူအယာဟာ
တည္ၾကည္သြားၿပီး သူဟာလက္ဝါးႏွစ္ဖက္ကိုစုစည္းလိုက္၏။ထို႔ေနာက္ ဒူးတစ္ဖက္ေထာက္ခ်လိုက္ကာဆုံးျဖတ္ခ်က္
ျပတ္သားစြာျဖင့္"စစ္ပြဲမွာ အ႐ွင့္ရဲ႕လမ္းကို႐ွင္းလင္းေပးဖို႔အတြက္ ဒီငယ္သားဟင္းလင္းျပင္နယ္နိမိတ္ကိုခ်ိဳးျဖတ္ႏိုင္ေအာင္ အျပင္းအထန္ႀကိဳးစားပါ့မယ္။"
ဟုေျပာလိုက္သည္။

"မင္းကိုမင္းအရမ္းအျပင္းအထန္
တြန္းအားေပးတာမ်ိဳး ဒီအ႐ွင္မလိုခ်င္ဘူး။"
ဟုေျပာၿပီးဝမ္ရန္အယ္လက္တစ္ဖက္အနည္းငယ္ေျမႇာက္လိုက္သည့္အခါ တြန္းအားတစ္ခုဟာယင္ဟန္က်င္း
မတ္တပ္ရပ္သြားေအာင္မလိုက္၏။
"ေကာင္းေကာင္းက်င့္ၾကံ။စစ္ပြဲၿပီးရင္
ဒီအ႐ွင့္ရဲ႕ဒဏ္ရာေတြကို ကုသေပးဖို႔
မင္းကိုပဲအားကိုးရမွာ။"

ဝမ္ရန္အယ္ ပိုင္လီခ်င္းေျမာင္ထံမွ
ကယ္တင္ခံရမွာမ်ိဳးမလိုလားေပ။သူ
က်င့္ၾကံျခင္းလမ္းစဥ္ေပၚစတင္ေရာက္႐ွိေအာင္လုပ္ေပးခဲ့သည့္အေႂကြးႏွင့္တင္ ေလးလံေနၿပီျဖစ္သည္။အသက္ေႂကြးပါ
ထပ္မတင္ခ်င္။စာအုပ္ထဲ၌ ဝမ္ရန္အယ္ေလးလံသည့္အေႂကြးႏွစ္ခုပိျခင္းဟာ
သူ၏အခ်စ္ကပ္ေဘးကိုေပၚေပါက္လာေစၿပီး
ပိုင္လီခ်င္းေျမာင္အတြက္ဆိုလွ်င္
အရာရာအဆုံး႐ႈံးခံႏိုင္သည့္အဆင့္ထိပါ
ေရာက္႐ွိသြားေစ၏။

ထိုအေၾကာင္းဆိုရေသာ္....

ဝမ္ရန္အယ္စာအုပ္ကိုထုတ္လိုက္ကာ
စာအုပ္အဖုံးကို လက္ေခ်ာင္းမ်ားျဖင့္
ေခါက္လိုက္၏။ခ်က္ခ်င္းပင္ စာအုပ္ထဲ၌
သူ၏အခ်စ္ကပ္ေဘးက်ေရာက္မည့္အေၾကာင္းႀကိဳေျပာထားသည္ကို
မွတ္မိသြား၏။

အရာအားလုံးအစီအစဥ္တက်တိုက္ဆိုင္
မေနလွ်င္ဘာ့ေၾကာင့္ ဝမ္ရန္အယ္ဆိုသည့္
သူက ပိုင္လီခ်င္းေျမာင္ကိုခ်စ္မိသြားမွာလဲ။
ယခုဆိုလွ်င္ သူပိုင္လီခ်င္းေျမာင္ႏွင့္
အႀကိမ္အနည္းငယ္ဆုံမိသည္။သို႔ေပမဲ့
ခံစားခ်က္တစ္စုံတစ္ရာေသာ္မွ
ေပၚမလာေခ်။

အခ်စ္ကပ္ေဘးက်ေရာက္လာဦးမွာလား။
ဘယ္သူက သူခ်စ္မိသြားမည့္သူလည္း
ဆိုတာကိုေတာ့သူမသိ။

ဝမ္ရန္အယ္ခန္႔မွန္းၾကည့္ဖို႔ႀကိဳးစားသည္။
သို႔ေသာ္လည္း ေကာင္းကင္လွ်ိဳ႕ဝွက္ခ်က္မ်ားကို လူသားမ်ားနားမလည္ႏိုင္ ဟူသည့္
ေကာက္ခ်က္သာခ်ႏိုင္၏။အနာဂတ္၌
ၾကဳံေတြ႕ရမည္မ်ားကို သူမသိႏိုင္ေခ်။

နာက်င္ရသည့္အခ်စ္ဝတၳဳစာအုပ္ကို
ျပန္သိမ္းၿပီးေနာက္ ဝမ္ရန္အယ္ဟာ
"မင္းက်င့္ၾကံတဲ့ေနရာမွာပဲအာ႐ုံစိုက္ထား။အ႐ွင္ မင္းကိုကာကြယ္ေပးမယ္။"ဟု
ယင္ဟန္က်န္းအားေျပာလိုက္သည္။

အ႐ွင့္ဆီမွကာကြယ္ေပးမည္ဟု
ၾကားလိုက္ရသည့္ ယင္ဟန္က်န္းဟာ
ရင္ထဲနက္နက္႐ိႈင္း႐ိႈင္းထိသြား၏။
သူ႕လက္ထဲမွနတ္ဆိုးဓားကို သူစိုက္ၾကည့္လိုက္သည္။နတ္ဆိုးဓားကိုမထိန္းခ်ဳပ္ႏိုင္သည္အထိသူသာအားမနည္းေနခဲ့လွ်င္ သူ႕အတြက္ႏွင့္အ႐ွင္ဤမွ်ေလာက္အထိ
အပင္ပန္းခံေနစရာမလိုေပ။

ဝမ္ရန္အယ္ဟာ လွ်ိဳေျမာင္ထဲမွထြက္၍
ေတာင္ထိပ္တစ္ခုေပၚ၌ တင္ပလႅင္ခ်ိတ္ထိုင္လိုက္၏။ထို႔ေနာက္‌ ေအာက္မွ
ယင္ဟန္က်န္း၏ အ႐ွိန္အဝါကိုအာ႐ုံခံရင္း မ်က္လုံးမွိတ္ကာတရားထိုင္လိုက္သည္။

မၾကာခင္မွာပင္ စစ္ပြဲစည္တီးသံမ်ား၊ဓားသြားထိခတ္သံမ်ား၊ေကာင္းကင္ႏွင့္ေျမႀကီးကိုတုန္လႈပ္ေစႏိုင္သည့္ ‌ျမည္ေႂကြးသံမ်ားကိုသူတိုးညႇင္းစြာၾကားလိုက္ရသည္။
ေကာင္းကင္ေလာင္ကြၽမ္းစည္မွ နတ္ဆိုးတိုက္ပြဲ၏မွတ္ဉာဏ္မ်ားဟာ နတ္ဆိုးဓားေၾကာင့္ႏိုးၾကားလာ၍ ပုံရိပ္ေယာင္ေလာကတစ္ခုေပၚေပါက္လာေစ၏။

ထိုပုံရိပ္ေယာင္မ်ားၾကား၌ ယင္ဟန္က်န္း၏
ဓားဆႏၵဟာ မ႐ွိသေလာက္အားနည္းေန၏။
တစ္စုံတစ္ရာကအေႏွာင့္အယွက္ေပးေနပုံပင္။ဝမ္ရန္အယ္ဟာ မ်က္လုံးဖြင့္လိုက္ၿပီး
သတၱမသတ္ျဖတ္ျခင္းလွံ႐ွည္ကို
ေျမႇာက္လိုက္၏။ယင္ဟန္က်န္းကို
လမ္းျပေပးမည့္အလင္းေရာင္ကဲ့သို႔သတ္ျဖတ္ျခင္းစိတ္ဆႏၵမ်ားဟာ
သူ႕အနား၌ရစ္သိုင္းလာ၏။

ယင္ဟန္က်န္းဟာ ပုံရိပ္ေယာင္ထဲ
ပိတ္မိေန၏။ေတာင္ကဲ့သို႔စုပုံေနသည့္အေလာင္းေကာင္မ်ားၾကား၌ သူဟာ
ေသးငယ္ေနၿပီး ခႏၶာကိုယ္မ်ားကို
လွန္ေလွာရင္း သူ၏အ႐ွင္ကို
႐ွာေဖြေနမိသည္။သူ႕ႏွလုံးသားထဲတြင္လည္း
ေၾကာက္႐ြံ႕ထိတ္လန္႔မႈမ်ားျဖင့္ျပည့္ႏွက္ေန၏။သူစိတ္အားငယ္ေနခ်ိန္၌ ေကာင္းကင္၌ပိုလစ္ၾကယ္ေတာက္ပလာၿပီး ရင္းႏွီးေနသည့္အ႐ွိန္အဝါဟာ သူ႕ကို
သတိျပန္ဝင္လာေစသည္။

ဟုတ္တယ္။အ႐ွင္ကသူက်င့္ၾကံေနတုန္း
သူ႕ကိုကာကြယ္ေပးေနတာပဲ။

ယင္ဟန္က်န္း လက္ျဖင့္အမွတ္အသားတစ္ခုျပဳလုပ္လိုက္သည့္အခါ နတ္ဆိုးဓားေပၚ‌လာ၏။ပုံရိပ္‌‌ေယာင္ျဖင့္ ႐ူးသြပ္မႈဆီသို႔သူ႕ကိုတြန္းပို႔ေနေသာဓားကိုဆုပ္ကိုင္လိုက္ၿပီး
ေကာင္းကင္ဆီသို႔ခ်ိန္႐ြယ္လိုက္၏။
သူ႕အနား၌ေသြးေရာင္လႊမ္းေနသည့္အ႐ွိန္အဝါတစ္ခုေပၚေပါက္လာၿပီး
ဓားခ်က္တစ္ခ်က္တည္းျဖင့္ အနားမွ
ပုံရိပ္ေယာင္ကိုဖ်က္ဆီးလိုက္၏။

ယိမ္းယိုင္မႈမ႐ွိသည့္ထိုရင္းႏွီးေနေသာအ႐ွိန္အဝါကို ခံစားရသည့္အခါ
ဝမ္ရန္အယ္မ်က္ႏွာထက္၌႐ွားပါးလွသည့္ေပ်ာ္႐ႊင္ေသာအျပဳံးတစ္ခု ေပၚလာ၏။
သူ၏လွံ႐ွည္ကိုေျမျပင္ေပၚခ်ထားလိုက္ၿပီး
ေထာင္ထိပ္ေပၚမတ္တပ္ရပ္ကာ
ယင္ဟန္က်န္းအား တိတ္တဆိတ္
ေစာင့္ၾကည့္ေန၏။

သူ သုံးလၾကာရပ္ေစာင့္ေနတာျဖစ္သည္။

႐ွဴယန္ယန္ထံမွ အမွန္တရားဂိုဏ္းမ်ား
စတင္လႈပ္႐ွားေနၿပီဟူသည့္သတင္းစကားေရာက္လာသည္အထိသူမတ္တပ္
ရပ္ေနခဲ့သည္။အမွန္တရားဂိုဏ္းမ်ားဟာ ၎တို႔၏ ဗဟိုခ်က္ဖြဲ႕စည္းျခင္းႏွင့္ ထိုအဆင့္
အထက္တပည့္မ်ားစုစည္း၍ ခြၽမ္းယြမ္ဂိုဏ္း
႐ွိရာသို႔ဦးတည္လာေနၾကၿပီျဖစ္သည္။

"မင္းအရင္ ရန္သူေတြကိုရင္ဆိုင္ထား။
ဒီအ႐ွင္ရက္နည္းနည္းေလာက္အခ်ိန္ယူဖို႔
လိုတယ္။" ဟူ၍ဝမ္ရန္အယ္ဟာ
႐ွဴယန္ယန္၏ အလ်င္လိုေနမႈကို
သတိမထားမိဟန္ျဖင့္ျပန္ေျဖလိုက္သည္။
သူ႕လက္ထဲမွ လွံ႐ွည္ဟာလည္း လႈပ္႐ွားမႈမ႐ွိၿငိမ္သက္ေန၏။

ဂိုဏ္းေပါင္းစုံစစ္ပြဲက ဆယ္ႏွစ္ၾကာမွာေလ။
ရက္နည္းနည္းေလာက္ေနာက္က်တာက
ဘာမွထူးျခားသြားမွာမွမဟုတ္တာ။

အ႐ွင့္ဆီမွတုန္႔ျပန္မႈရသည့္႐ွဴယန္ယန္ဟာ
ဆံပင္ေတြကိုသာဆြဲႏႈတ္ပစ္ခ်င္သည္။
နတ္ဆိုးဂိုဏ္းေတြရဲ႕အ႐ွင္သခင္အေနနဲ႔
အမွန္တရားဂိုဏ္းေတြကို အစုလိုက္ အျပဳံလိုက္သတ္ျဖတ္ဖို႔ တက္ႂကြေနရမွာေလ။သူေစာင့္ေနဖို႔ ဘာကထိုက္တန္
ေနတာလဲ။ထိပ္တန္းက်င့္ၾကံသူေတြ
ေရာက္မလာခင္ ဝိဉာဥ္ေျပာင္းလဲျခင္းနဲ႔
ထိုအဆင့္ေအာက္က်င့္ၾကံသူေတြကိုသတ္ၿပီး နတ္ဆိုးဂိုဏ္းေတြရဲ႕အင္အားကိုျပရမွာေလ။

ခဏၾကာေဒါသေပါက္ကြဲၿပီးေနာက္
က်န္ခန္းမေဆာင္သခင္ေလးဦးထံသို႔
ဝမ္ရန္အယ္အမိန္႔ပါသည့္အေဆာင္
ပို႔ေပးလိုက္သည္။ထို႔ေနာက္ မ်က္ႏွာ
အုပ္‌ေဆာင္းယူ၍အုပ္လိုက္သည္။

သူ႕ငယ္သားတစ္ေယာက္ေရာက္လာၿပီး
သူ၏ခါးကိုဖက္လိုက္ကာ နားကိုကိုက္လိုက္သည္။"ကာကြယ္သူ ဘာလို႔မ်က္ႏွာကို
အုပ္ထားတာလဲ။ဒီလို မ်က္ႏွာလွလွေလးကို
အုပ္ထားတာႏွေျမာစရာပဲ။"

႐ႈယန္ယန္ဟာရယ္လိုက္ၿပီး "ငါခ်ိဳးဟုန္႐ႊယ္နဲ႔တူတူ ဝိဉာဥ္စြမ္းအင္တားဆီးအစီအရင္ကိုသြားဖ်က္ဆီးမလို႔။အဲ့မွာ႐ွိတဲ့
လူတစ္ေယာက္ကို ငါ့မ်က္ႏွာကိုအခု
လက္႐ွိမျမင္ေစခ်င္ဘူး။"

"အာ" ငယ္သားဟာေၾကာင္သြား၏။
"ကာကြယ္သူ ရင္မဆိုင္ရဲတဲ့လူ
ဘယ္လိုလုပ္႐ွိႏိုင္မွာလဲ။

႐ွဴယန္ယန္ ထိုသူ၏ေမးကိုပင့္လိုက္သည္။
သူ႕အျပဳံးဟာကြယ္ေပ်ာက္သြားၿပီး
အၾကည့္ဟာလည္းထက္ျမသြား၏။
"ေၾကာက္တာမဟုတ္ဘူး။တစ္ခါတေလက်ေတာ့ အခ်ိဳပြဲကိုေနာက္ဆုံးမွစားဖို႔
ခ်န္ထားတာကေပ်ာ္ဖို႔ေကာင္းတယ္ေလ။"

႐ွဴယန္ယန္သည္ ခ်ိဳးဟုန္႐ႊယ္ႏွင့္
ေတြ႕ဆုံၿပီး ခြၽမ္းယြမ္ဂိုဏ္း၏ ဝိဉာဥ္စြမ္းအင္ေၾကာ႐ွိရာသို႔အတူသြားၾက၏။မၾကာခင္မွာပင္ ခႏၶာကိုယ္စုစည္းျခင္းအဆင့္အႀကီးအကဲတစ္ဦး ဦးေဆာင္လာသည့္အမွန္တရား
ဂိုဏ္းေပါင္းစုံအစုအေဝးႀကီးေရာက္႐ွိလာ၏။၎တို႔ကိုျမင္သည့္႐ွဴယန္ယန္ဟာ "မင္းတို႔လာေနတဲ့ လမ္းေၾကာင္းမွာ ခြၽမ္းယြမ္ဂိုဏ္းတည္႐ွိတယ္။မင္းတို႔မွာ ေ႐ွ႕ဆက္သြားခြင့္မ႐ွိဘူး။"ဟုအနည္းငယ္လ်င္ျမန္ေနသည့္ေလသံျဖင့္ သတိေပးလိုက္သည္။

အႀကီးအကဲဟာ "‌အဲ့ဒါက ျဖားေယာင္းတဲ့အတတ္ပညာေတြကိုေလ့က်င့္တဲ့ ေကာက္က်စ္တဲ့ ေသြးေဆာင္သူပဲ။
လူတိုင္းပဲ စိတ္သန္႔စင္ဂါထာကို႐ြတ္ဆိုၾကၿပီး
အစီအရင္ေပၚ  အာ႐ုံစိုက္ထား။သူ႕ရဲ႕
ျဖားေယာင္းမႈေတြေပၚ  ေမ်ာမပါသြားေစနဲ႔။"
ဟုအမိန္႔ေပးလိုက္သည္။

တပည့္ေတြဟာ အမိန္႔ကိုနာခံၾကၿပီး
အစီအစဥ္အတိုင္း သက္ဆိုင္ရာ
ေနရာအသီးသီး ယူလိုက္ၾကသည္။
တပည့္ ၁၀၈ဦးဟာ နတ္ဆိုးယဥ္ပါးအလံ
၁၀၈ခုကိုသယ္ေဆာင္ထားၾကၿပီး
ဝိဉာဥ္စြမ္းအင္ေၾကာ၏ကန္႔လန္႔ျဖတ္အမွတ္ ေနရာမ်ားကိုထိုးစိုက္လိုက္ၾကသည္။ထို႔ေနာက္၎တို႔၏ ဝိဉာဥ္စြမ္းအားမ်ားကို
လွည့္ပတ္လိုက္ၾကၿပီး ဝိဉာဥ္စြမ္းအင္တားဆီးအစီအရင္ကိုေဖာ္ေဆာင္
လိုက္ၾကသည္။

ဟယ့္ဝမ္းေခ်ာင္ဟာ စိတ္သန္႔စင္ဂါထာကိုစိတ္ထဲ၌႐ြတ္ဆိုေနသည္။သို႔ေသာ္လည္း
စိတ္ကသိကေအာက္ျဖစ္ေနဆဲပင္။

ညီမေလးပိုင္လီႏွင့္သူ႕ရန္ပြဲဟာ
သုံးလၾကာျမင့္ၿပီျဖစ္ၿပီး သူဘယ္ေလာက္ပဲ
႐ွဴယန္ယန္ႏွင့္သူ၏ဆက္ဆံေရးကို
႐ွင္းျပဖို႔ႀကိဳးစားပါေစ ပိုင္လီခ်င္းေျမာင္ကိုျပန္ရဖို႔ဘယ္လိုနည္းလမ္းမ်ိဳးစုံသုံးၿပီးႀကိဳးစားပါေစ ပိုင္လီခ်င္း‌ေျမာင္ဟာ
သူ႕ကိုစိတ္ပ်က္ေနပုံႏွင့္တစ္ေယာက္တည္းပဲေနခ်င္တယ္ဟုအၿမဲေျပာေလ့႐ွိသည္။

အနားသို႔အလြန္အမင္းကပ္လွ်င္လည္း သူ႕ကို
နာက်င္ေနသည့္အၾကည့္ျဖင့္ၾကည့္ကာ "မိန္းကေလး႐ွဴေသသြားတာ အစ္ကိုဘယ္လိုမွမခံစားရဘူးလား။"ဟုေမးေလ့႐ွိသည္။

ခံစားရတာေပါ့။သူလည္းဝမ္းနည္းတယ္။
မိန္းကေလး႐ွဴခႏၶာကိုယ္က ႐ွားမွ႐ွား
ယင္အစစ္အမွန္ခႏၶာကိုယ္ျဖစ္ၿပီး
သူ႕က်င့္ၾကံဆင့္ကို အလ်င္အျမန္
ျမင့္ေစတယ္။သူဘယ္လိုလုပ္
စိတ္ဓာတ္မက်ပဲေနပါ့မလဲ။
သို႔ေပမဲ့ ယခုအခ်ိန္မွာ သူဝမ္းနည္းတယ္လို႔ေျပာေျပာ မေျပာေျပာ အေျခအေန
ေကာင္းမွာမဟုတ္ေပ။သူဝမ္းနည္းတယ္
ေျပာလွ်င္ သူ၏ညီမေလးဟာ
"အစ္ကိုသူနဲ႔တကယ္ပတ္သက္ေနတာပဲ။"
ဟုေျပာလိမ့္မည္။သူဝမ္းမနည္းဘူးဟု
ေျပာလွ်င္ေတာ့ "အစ္ကိုကခံစားခ်က္ကင္းမဲ့လိုက္တာ။အစ္ကိုသိတဲ့ မိန္းကေလး
တစ္ေယာက္အစ္ကို႔‌ေ႐ွ႕ေသသြားတာကို
နည္းနည္းေလးေတာင္မွ ဝမ္းမနည္းဘူးေပါ့။"ဟုေျပာလိမ့္မည္။

ဟယ့္ဝမ္းေခ်ာင္ ပိုင္လီခ်င္းေျမာင္ကိုနားလည္၏။သူကခ်စ္စရာမိန္းမငယ္ေလးတစ္ေယာက္။တစ္ခါတစ္ေလမွာ
ျပႆနာ႐ွာတာေလးတစ္ခုပဲ။
ထို႔ေၾကာင့္သူ "အစ္ကိုနဲ႔မိန္းကေလး႐ွဴနဲ႔က
သိၿပီး သူကအစ္ကိုတို႔ေ႐ွ႕မွာရက္စက္တဲ့
နည္းနဲ႔ေသသြားတာ‌။အစ္ကိုကခံစားခ်က္
မ႐ွိတဲ့လူမဟုတ္‌ေတာ့ အစ္ကိုဝမ္းမနည္းဘူးဆိုတာမျဖစ္ႏိုင္ဘူး။ဒါေပမဲ့ညီမေလး
အစ္ကိုတို႔အနာဂတ္ကိုပဲၾကည့္ရမယ္။
အဲ့ဒါကက်င့္ၾကံသူေတြရဲ႕လမ္းပဲ။အနာဂတ္မွာလည္း ေသဆုံးျခင္းမ်ားစြာကိုအစ္ကိုတို႔မ်က္ျမင္ၾကဳံေတြ႕ရဦးမွာ။႐ွင္သန္ျခင္းနဲ႔ေသဆုံးျခင္းကိုအေရးမစိုက္ပဲသဘာဝတရားလို႔မွတ္ယူတတ္ဖို႔ အစ္ကိုတို႔သင္ယူရမွာ။"
ဟုျပန္ေျဖလိုက္သည္။

သူဟာကြၽမ္းက်င္လိမၼာစြာျဖင့္
ပိုင္လီခ်င္းေျမာင္၏သံသယဝင္ေနမႈကို
ေသဆုံးျခင္းကိုရင္ဆိုင္ရခ်ိန္မွာ အားနည္းသြားသည့္ ပိုင္လီခ်င္းေျမာင္၏ျပစ္ခ်က္ကိုေထာက္ျပလိုက္ျခင္းျဖင့္အာ႐ုံလႊဲလိုက္သည္။
သူ႕ညီမေလးဟာသူ႕ေျပာစကားကို
အၿမဲနားေထာင္၏။ထို႔ေၾကာင့္ ႐ွင္သန္ျခင္းႏွင့္ေသဆုံးျခင္းအေပၚအျမင္ကို ျပန္လည္ဆန္းစစ္ေနၿပီးသံသယဝင္မႈကိုေမ့ထား၏။

ကံ‌မေကာင္းစြာႏွင့္ပဲ ယခုထိေတာ့သူ႕ကို
ခြင့္မလႊတ္ေသးေပ။စစ္ပြဲၿပီးဆုံးခ်ိန္ သူ႕ကိုဆုံး႐ႈံးသြားႏိုင္သည္ဟူသည့္ေၾကာက္႐ြံ႕မႈကိုခံစားၿပီးခ်ိန္တြင္ေတာ့ သူတို႔ၾကား
ဆက္ဆံေရးကို ညီမေလးတန္ဖိုးထားလာမည္ဟုသူေမွ်ာ္လင့္မိသည္။

ဟယ့္ဝမ္းေခ်ာင္ဟာ ပိုင္လီခ်င္းေျမာင္၏
လုံျခဳံေရးကိုစိတ္မပူေပ။သူသည္
ေယာင္ဝမ္တန္ႏွင့္အတူတူ ဒဏ္ရာရ
တပည့္မ်ားကိုကုသေပးရန္ ေနာက္တန္းအက်ဆုံးေနရာ၌ တာဝန္ယူထား၏။ထိုေနရာသည္ အႏၲရာယ္အကင္းဆုံးေနရာျဖစ္သည္။ဟယ့္ဝမ္းေခ်ာင္သည္လည္း အႏၲရာယ္အေတာ္အတန္ကင္း၏။စြမ္းအင္တားဆီးအစီအရင္အသက္ဝင္လာၿပီးေနာက္နတ္ဆိုးဂိုဏ္းသားမ်ားဟာသဘာဝဝိဉာဥ္စြမ္းအင္မ်ားကို
စုပ္ယူလို႔မရေတာ့ေပ။ထို႔အတြက္ 
အခ်ိန္တစ္ခုၾကာလွ်င္ ႐ႈံးနိမ့္သြားမွာျဖစ္သည္။နတ္ဆိုးယဥ္ပါးအလံ၁၀၈ခုမွအတားအဆီးမ်ား‌ေပၚလာၿပီးအစီအရင္ထဲမွတပည့္မ်ားကိုကာကြယ္ေပးထားမွာျဖစ္၏။ထိုအစီအရင္သည္ မေသမ်ိဳးအဆင့္
အစီအရင္ျဖစ္သျဖင့္ နတ္ဆိုးအ႐ွင္သခင္ကိုယ္တိုင္ေရာက္လာလွ်င္ေသာ္မွ
ဖ်က္စီးႏိုင္မွာမဟုတ္ေပ။

ခႏၶာကိုယ္စုစည္းျခင္းအဆင့္က်င့္ၾကံသူ
အႀကီးအကဲ၏ကာကြယ္မႈေအာက္၌
နတ္ဆိုးဂိုဏ္းမွမိန္းမႏွစ္ဦးဟာ သူတို႔ကို
မေႏွာင့္ယွက္ႏိုင္ေပ။အစီအရင္ဟာအခ်ိန္
မယူရဘဲ အသက္ဝင္လာၿပီး ခြၽမ္းယြမ္ဂိုဏ္းတည္႐ွိရာ ေတာင္ဝန္းက်င္၌ ဝိဉာဥ္စြမ္းအားမ်ားေပ်ာက္ဆုံးသြား၏။

ဟယ့္ဝမ္းေခ်ာင္ဟာ အႀကီးအကဲတိုက္ခိုက္တာကိုလူးလွိမ့္ခံေနရသည့္ မိန္းမႏွစ္ဦးကိုၾကည့္ရင္းမ်က္ႏွာကိုအုပ္ထားသည့္မိန္းမကို
ရင္းႏွီးသည္ဟုခံစားမိသည္။အရင္နတ္ဆိုးက်င့္ၾကံသူေတြကို တိုက္ခိုက္တုန္းက
တစ္ခါေလာက္ဆုံဖူးတာျဖစ္ႏိုင္သည္။

စိတ္ျပန္႔လြင့္ေနတာကိုသတိထားမိသြားသည့္
အတြက္ အလ်င္အျမန္ပင္ စိတ္သန္႔စင္ဂါထာ႐ြတ္ဆိုလိုက္ၿပီး အစီအရင္ကိုသာ
သူအာ႐ုံစိုက္လိုက္သည္။

အစီအရင္အသက္ဝင္သြားသည္ကို
သတိထားမိသည့္အႀကီးအကဲဟာ အလ်င္အျမန္ေနာက္ဆုတ္၍ အကာအကြယ္ထဲဝင္ရန္လုပ္လိုက္သည္။သို႔ေသာ္လည္း
သူတိုက္ခိုက္တာကိုခံေနရသည့္အနက္ေရာင္ဝတ္အမ်ိဳးသမီးဟာ ႐ုတ္တရက္သူ႕ကို
စက္ဆုပ္ဖြယ္ျပဳံးျပ၏။ထို႔‌ေနာက္ သူ၏ အနက္ေရာင္ဝတ္စုံပြင့္ထြက္သြားၿပီး
အ႐ိုးစုခႏၶာကိုယ္ႏွင့္ မေရတြက္ႏိုင္သည့္ ခႏၶာကိုယ္တစ္ဝိုက္တြဲေလာင္းက်ေနေသာ ဆာေလာင္တေစၧမ်ားေပၚလာ၏။

ထိုအမ်ိဳးသမီး၌ ေခါင္းတစ္လုံးသာ႐ွိသည္။
ေခါင္းေအာက္၌မူ အသားတစ္စက္မွ်မ႐ွိေပ။

ခ်ိဳးဟုန္႐ႊယ္ဟာ လက္ဆန္႔တန္းလိုက္ၿပီး
အႀကီးအကဲ၏ပခုံးကိုအ႐ိုးလက္ေခ်ာင္းမ်ားျဖင့္ဖမ္းဆုပ္လိုက္သည္။ဆာေလာင္တေစၧမ်ားဟာ အႀကီးအကဲခႏၶာကိုယ္ေပၚသို႔
လက္ေခ်ာင္းမ်ားမွတစ္ဆင့္ေရာက္႐ွိ
သြားၾကၿပီး ၎တို႔၏ ေအာ္ဂလီဆန္ဖြယ္ျမည္တမ္းသံမ်ားဟာ အႀကီးအကဲ၏
ဝိဉာဥ္ကိုပါတုန္လႈပ္ေစ၏။ထိုတေစၧမ်ားေပ်ာက္ကြယ္သြားေအာင္ဂါထာသုံး၍
ႀကိဳးစားပါေသာ္လည္း သူ႕ဒန္တိမ္ထဲသို႔ ညစ္ညမ္းေသာစြမ္းအင္တစ္ခုဝင္ေရာက္လာၿပီး ဝိဉာဥ္စြမ္းအင္မ်ားသုံးစြဲ၍မရေတာ့ေၾကာင္း ေတြ႕လိုက္ရသည္။

"အဇူရာလမ္းစဥ္ မင္း မင္းကခ်ိဳးဟုန္႐ႊယ္ပဲ။
မဟာယနာအဆင့္တေစၧက်င့္ၾကံသူ။"
အႀကီးအကဲဟာ သူ႕ေနာက္မွတပည့္မ်ားကို
ေနာက္ဆုတ္ဖို႔ ေအာ္ဟစ္အခ်က္ေပးဖို႔ႀကိဳးစားလိုက္သည္။သို႔ေသာ္လည္း ဆာေလာင္‌တေစၧတစ္ေကာင္ဟာ
စကားမေျပာႏိုင္ေစရန္သူ႕လွ်ာကို
ကိုက္ျဖတ္လိုက္၏။

မဟာယနာအဆင့္က်င့္ၾကံသူကဘယ္လိုလုပ္
သူတိုက္ခိုက္တာကိုခံရမွာလဲ။သူတို႔ကို
ဘာ့ေၾကာင့္အစီအရင္အသက္ဝင္ေအာင္
လုပ္ခြင့္ေပးတာလဲ။နတ္ဆိုးက်င့္ၾကံသူေတြ
အခုလိုျဖစ္ေအာင္ သက္သက္အစီအစဥ္
ဆြဲထားတာ။

မေကာင္းေတာ့ဘူး။

ထိုအရာသည္ အႀကီးအကဲ၏ေနာက္ဆုံးအေတြးျဖစ္သည္။မေရတြက္ႏိုင္သည့္
ဆာေလာင္တေစၧမ်ားဝန္းရံခံရသည့္အတြက္
သူ၏အသိစိတ္တျဖည္းျဖည္း
ေပ်ာက္ကြယ္သြားၿပီး ဆာေလာင္တေစၧလမ္းစဥ္ဆီသို႔ဆြဲေခၚခံရ၏။

ထိုအႀကီးအကဲဟာ ပိေလ်ာင္ဂိုဏ္းမွျဖစ္သည္။သူေသဆုံးသြားတာကိုျမင္သည့္
ပိေလ်ာင္ဂိုဏ္းမွတပည့္မ်ားဟာ ထိတ္လန္႔စြာျဖင့္  ဆရာဦးေလးဟုေအာ္ဟစ္လိုက္ၾကသည္။

"႐ွဴး"အ႐ိုးစုလက္ေခ်ာင္းဟာအကာအကြယ္ခံထား‌ေသာငိုေနသည့္တပည့္၏ပါးစပ္နားလွမ္းကပ္၍ေျပာလိုက္သည္။ျဖဴေဖ်ာ့ေနေသာ မိန္းမဟာ ျဖဴေဖြးလွသည့္သြားမ်ား
ေပၚေအာင္ျပဳံးျပလိုက္ၿပီး "အစီအရင္ကိုပဲအာ႐ုံစိုက္။မင္းရဲ႕ ဆရာဦးေလး ေသသြားရတာကိုအလကားမျဖစ္ေစနဲ႔။အစီအရင္ကိုစြန္႔ပစ္ၿပီးထြက္ေျပးမယ္လို႔လည္းမစဥ္းစားနဲ႔။အခုလက္႐ွိေတာ့ အစီအရင္ကမင္းတို႔ကိုအကာအကြယ္ေပးေနတယ္။ဒါေပမဲ့
အလံတစ္ခုေလာက္ပဲအဖယ္ခံရရင္
မင္းတို႔အကုန္လုံးေသရမွာ။
ငါတစ္ေယာက္ေတာင္မလႊတ္ေပးဘူး။"

သူ႕ဝတ္႐ုံေအာက္၌ဆာ‌ေလာင္တေစၧမ်ားစြာ
႐ွိသည္။မၾကာခင္မွာပဲ တေစၧမ်ားစြာဟာ
ေနရာေပါင္းစုံကိုဝန္းရံလိုက္၏။စြမ္းအင္
တားဆီးအစီအရင္ဟာ ေသြးေရာင္ျမဴ
မ်ားဝန္းရံျခင္းကိုခံရၿပီး တပည့္မ်ားဟာ
ေဘးပတ္ဝန္းက်င္ကိုမျမင္ႏိုင္ေတာ့ေပ။
အစီအရင္ကိုထိန္းသိမ္းထားဖို႔ နည္းလမ္း
တစ္ခုသာ႐ွိ၏။

သူတို႔ေတြကမွ ဝိဉာဥ္စြမ္းအင္ေၾကာကို
တားဆီးတဲ့အစီအရင္ကိုဖန္တီးတာေလ။
ဘာ့ေၾကာင့္ သူတို႔ကမွေထာင္ေခ်ာက္ပဲ
က်သြားတဲ့လူ‌ေတြျဖစ္တယ္လို႔
ခံစားခ်က္ ရေနတာလဲ။

တပည့္၁၀၈ဦးဟာခ်ိဳးဟုန္႐ႊယ္၏
"အမွန္တရားဂိုဏ္းေတြစစ္ပြဲစခ်င္ရင္ ငါတို႔
ခြၽမ္းယြမ္ဂိုဏ္းက တံခါးဖြင့္ၿပီးေတာ့ကို
ႀကိဳဆိုမွာ။ဒါေပမဲ့ ငါတို႔က တိုက္႐ိုက္လာတိုက္ခိုက္တာမ်ိဳးကိုပဲ သေဘာက်တာ။
အခုလို စြမ္းအင္တားဆီးအစီအရင္လို
စဥ္းလဲတဲ့နည္းေတြသုံးတာမ်ိဳး
ငါသေဘာမက်ဘူး။"ဟုေျပာသံကို
ေသြးျမဴမ်ားၾကားပဲ့တင္ထပ္ကာ
ၾကားလိုက္ရ၏။

ဟယ့္ဝမ္းေခ်ာင္ဟာ ခ်က္ခ်င္းပင္
"ဘယ္သူမွ မေၾကာက္ၾကနဲ႔။သူအစီအရင္ကိုမခ်ိဳးေဖာက္ႏိုင္ဘူး။ငါတို႔အစီအရင္ကို
ထိန္းထားဖို႔ဘဲလိုတယ္။အႀကီးအကဲေတြတိုက္ပြဲမွာအႏိုင္ယူၿပီးရင္ ငါတို႔ကို
လာကယ္လိမ့္မယ္။ေလလြင့္မေသမ်ိဳးေတာင္မခ်ိဳးျဖတ္ႏိုင္ဘူး။အခုလို မဟာယနာအဆင့္ဆိုေဝလာေဝးေပါ့။သူက ငါတို႔ထိတ္လန္႔ေၾကာက္႐ြံ႕ၿပီးအစီအရင္မထိန္းထားႏိုင္ေအာင္ ၿဖဲေျခာက္ေနတာ။အဲ့ဒါမွ သူလက္လႈပ္စရာမလိုဘဲ အႏိုင္ယူႏိုင္မွာမလို႔ေလ။သူ႕ပရိယာယ္ထဲမက်သြားေစနဲ႔။

သူ႕စကားဟာ ေၾကာက္႐ြံ႕ေနေသာတပည့္မ်ားကိုစိတ္သက္သာရာရေစ၏။ခ်က္ခ်င္းပင္
တပည့္မ်ားဟာ သူတို႔၏အာ႐ုံမ်ားကို
ပိတ္လိုက္ၾကၿပီး အစီအရင္ကိုသာ
အာ႐ုံစိုက္ထားလိုက္၏။

႐ွဴယန္ယန္ဟာ သူ၏ငယ္သားတစ္ေယာက္ကိုေညာင္ေစာင္းတစ္ခုယူခိုင္းလိုက္ၿပီး
ပ်င္းရိပ်င္းတြဲမွီလိုက္ကာ ခ်ိဳးဟုန္႐ႊယ္
အမွန္တရားဂိုဏ္းတပည့္မ်ားကို
ေျခာက္ေနျခင္းအားၾကည့္ေနသည္။
သူဟာပ်င္းရိလြန္းသျဖင့္သန္းလိုက္ၿပီး
"ငါတို႔ကတကယ္ကို ဗီလိန္အႀကီးစားေတြပဲ။
ဟမ္ ဟုတ္တယ္မလား။"

"ဘာလဲ။"ခ်ိဳးဟုန္႐ႊယ္၏ေအးစက္စက္အၾကည့္ဟာ ႐ွဴယန္ယန္ခႏၶာကိုယ္ကို
ေစ့ေစ့စပ္စပ္ၾကည့္လာ၏။

"ဘာမွမဟုတ္ဘူး။"ဟုေျပာရင္း ႐ွဴယန္ယန္ဟာေမးကိုလက္ေထာက္လိုက္သည္။
"အဲ့တာကမွငါတို႔နတ္ဆိုးက်င့္ၾကံသူေတြရဲ႕ သ႐ုပ္မွန္ေလ။ငါ လူဆိုးအျဖစ္ေနရတာကို
ႀကိဳက္တယ္။"

"စိတ္႐ွည္႐ွည္ထား။အ႐ွင့္ရဲ႕အစီအစဥ္ကို
မဖ်က္ဆီးနဲ႔။"ဟုခ်ိဳးဟုန္႐ႊယ္သတိေပးလိုက္သည္။"သူကထိပ္တန္းက်င့္ၾကံသူေတြနဲ႔ထိပ္တိုက္တိုက္ခိုက္ဖို႔အတြက္အဲ့လူေတြ
ထြက္လာေအာင္မွ်ားေခၚေနတာ။"

"ကြၽတ္ သူကိုယ္တိုင္ေတာင္သူ႕ကိုယ္သူ
ဘာလုပ္ေနမွန္းသိမွာမဟုတ္ဘူး။"
ဟုေျပာၿပီး႐ွဴယန္ယန္ဟာ စိတ္ညစ္ညဴးစြာ
မ်က္လုံးကိုလွည့္လိုက္သည္။

ထိုအေျပာခံေနရသည့္ နတ္ဆိုးအ႐ွင္သခင္ဟာ လွ်ိဳေျမာင္ထိပ္၌ ေစာင့္ၾကပ္ေန၏။
စြမ္းအင္တားဆီးအစီအရင္ဟာ ေကာင္းကင္ေလာင္ကြၽမ္းစည္ကိုမသက္ေရာက္ႏိုင္ေပ။
သူဟာစိတ္႐ွည္စြာျဖင့္ လွ်ိဳေျမာင္႐ွိ
အနက္ေရာင္ျမဴမ်ားကိုထိုးေဖာက္လာသည့္ ဓားဆႏၵကို‌ေတြ႕ရသည့္ ေနာက္ထပ္
ရက္ေပါင္းေလးဆယ့္ကိုးရက္အထိ
ဆက္ေစာင့္ေန၏။ယင္ဟန္က်န္းဟာ
ဓားပ်ံစီးရင္း လွ်ိဳေျမာင္ထဲမွထြက္လာကာ ဝမ္ရန္အယ္ေ႐ွ႕၌ ရပ္လိုက္သည္။

နတ္ဆိုးဓားမွအထိန္းအကြပ္မဲ့နတ္ဆိုးစြမ္းအားမ်ားဟာ အလြန္ကိုအားနည္းသြား၏။ယင္ဟန္က်န္းဟာဓားကိုတင္းၾကပ္စြာဆုပ္ကိုင္ထား၏။ထိုဓားပုန္ကန္ဖို႔
မျဖစ္ႏိုင္ေတာ့ေခ်။

"ဟင္းလင္းျပင္နယ္နိမိတ္ဒုတိယအဆင့္"
ေက်နပ္သြားသည့္ဝမ္ရန္အယ္ဟာ
ယင္ဟန္က်န္း၏ပခုံးကို ပုတ္လိုက္၏။
ထို႔ေနာက္ လွည့္ထြက္သြားၿပီး
"ဒီအ႐ွင္နဲ႔တူတူတိုက္ပြဲဝင္။"
ဟုေျပာလိုက္သည္။

Continue Reading

You'll Also Like

4.3K 454 136
The only daughter of a famous Griffin Rock architect, Sooha Otoha, was proud, selfish and capricious because she was spoiled by her parents and at th...
108K 3.1K 13
"Remember, this mark of yours will help you find your soulmate, the one who will love you unconditionally." And that was the last thing she said befo...
14K 627 17
∆You don't seem the lying kind∆ TW gang violence ---- STORYLINE WONT COMPLETELY FOLLOW THE STORYLONE OF TOKYO REVENGRRS. ALSO THIS IS VERY INSPIRED...
431K 87.6K 121
Original Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပည...