(Book-2)အမြင့်မြတ်ဆုံး ကောင်း...
By Xiao_Yiii
715K 153K 8.6K
ပါရမီရှင်အဖြစ်မွေးဖွားလာသူ လင်ရွှမ်းဇီသည် သူ့အတိတ်ဘဝမှာ ကမ္ဘာကြီးကို မလွှမ်းမိုးခဲ့သော်လည်း ယန်ထျန်းဟန်အပေါ် သစ္စာ... More
Chapter(199) - ညီငယ်လေးကိုငြင်းပယ်ခြင်း
Chapter(200) - ညီမျှတဲ့လဲလှယ်မှု
Chapter(201) - အရူးဟွမ်ဖူ
Chapter(202) - ကူညီလက်ကမ်းပေးခြင်း
Chapter(203) - မက်မွန်ပန်းလေး
Chapter(204) - ပြောဖို့ခက်တယ်
Chapter(205) - တော်တော်လေးမသင့်တော်ဘူး
Chapter(206) -ငါတကယ်မလုပ်ဘူး
Chapter(207) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု
Chapter(208) - မြေခွေးပေါက်လေး
Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်
Chapter(210) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်
Chapter(211) - The Reason Within
Chapter(212) - ဆေးလုံးကန့်သတ်လျို့ဝှက်ဆန်းကြယ်မြေ
Chapter(213) - သခင်မလေးရှန်
Chapter(214) - လျို့ဝှက်မြေသို့ဝင်ပေါက်
Chapter(215) - အရာအားလုံးပြန်ပေးမယ်
Chapter(216) - မိုးရေထဲမှာလမ်းခွဲ
Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ
Chapter(218) - ဖန့်ဖေးနှင့်လင်းဟွား
Chapter(219) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။
Chapter(220) - သူဆန္ဒမရှိဘူး
Chapter(221) - ကြေးမုံထဲကအသွင်အပြင်
Chapter(222) - ယန္တရားအသက်ဝင်လာပြီ
Chapter(223) - ပိတ်မိခြင်း
Chapter(224) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း
Chapter(225) - ချီအာ့ရဲ့လက်စားခြေမှု
Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်
Chapter(227) - အသေးစားအသွင်ပြောင်းအရိုးနဂါး
Chapter(228) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး
Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်
Chapter(230) - လျို့ဝှက်မြေရဲ့အရှင်သခင်
Chapter(231) - ယွီယန်ရဲ့သဘောထား
Chapter(232) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း
Chapter(233) - အာကာသအဆင့်ဆေးလုံး
Chapter(234) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု
Chapter(235) - အနောက်ဘက်ဖီးနစ်ဧကရာဇ်
Chapter(236) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု
Chapter(237) - လိမ္မာပါးနပ်ပြီးစကားပြောကျွမ်းကျင်တယ်
Chapter(238) - ဒီငှက်,အဲ့ဒီငှက်
Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ
Chapter(240) - အောင်မြင်စွာအန္တာရယ်ထဲမှထွက်လာပြီ
Chapter(241) - အထီးကျန်ကြယ်
Chapter(242) - အမှားအယွင်း
Chapter(243) - Even More Exposed
Chapter(244) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ
Chapter(245) - လင်မိသားစုသို့အပြန်
Chapter(246) - ကလေးတွေကိုလမ်းလွဲအောင်ဦးဆောင်ပြနေတယ်
Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု
Chapter(248) - သေတာတောင်နောင်တမရဘူး
Chapter(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း
Chapter(250) - အားဟန်ရဲ့နောက်ခံ
Chapter(251) - Escape Through the Night
Chapter(252) - နှစ်ယောက်တည်းစကားပြောမယ်
Chapter(253) - နေရာလေးခု
Chapter(254) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု
Chapter(255) - အချိန်မီကယ်ဆယ်
Chapter(256) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု
Chapter(257) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု
Chapter(258) - ယွမ်မိသားစုရဲ့အတွင်းရေး
Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ
Chapter(260) - အားကောင်းတဲ့နောက်ခံ
Chapter(261) - တစ်ခြား 'အမေ'
Chapter(262) - လင်မိသားစုရဲ့သခင်လေး
Chapter(263) - သခင်လေးဟုခေါ်သည်။
Chapter(264) - တောင်သခင်လေးကျန်း
Chapter(265) - ထင်ယောင်မှားအခင်းအကျင်းသခင်
Chapter(266) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်
Chapter(267) - နတ်ဘုရားကိုသတ်ခြင်းနှင့်ကောင်းကင်ဘုံကိုတိုက်ခိုက်ခြင်း
Chapter(268) - အားဟန်ရဲ့ကံကြမ္မာ
Chapter(269) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(270) - ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်
Chapter(271) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း
Chapter(272) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း
Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား
Chapter(274) - ပေ့ရှီနဲ့လျှန်လျှန်
Chapter(275) - ဆရာလက်ဆောင်ပေးတဲ့ဓား
Chapter(276) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း
Chapter(277) - ကျင့်ကြံခြင်းမြေပြင်
Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း
Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(280) - မရေမတွက်နိုင်သောဝိညာဉ်ပင်များ
Chapter(281) - တစ်ခြားတောင်ထွတ်
Chapter(282) - ဥခိုးမှုကျရှုံးခြင်း
Chapter(283) - အမြင်ကျဉ်းမြောင်းတယ်
Chapter(284) - အားကောင်းတဲ့ကျင့်ကြံမှု
Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ
Chapter(286) -《Profound Book of Poisons》
Chapter(287) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း
Chapter(288) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး
Chapter(289) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်
Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု
Chapter(291) - ဆရာဦးလေးကို အပြစ်ပြုမိထားလို့များလား?
Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်
Chapter(293) - အားကုရဲ့ ငိုကြွေးမှု
Chapter(294) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု
Chapter(295) - ချင်းကျူရဲ့အတိတ်
Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်
Chapter(297) - စက်ဆုတ်ဖွယ်ဇာတ်ကောင်
Chapter(298) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု
Chapter(299) - တိမ်ထွတ်ဖျား
Chapter(300) - အမြစ်ကနေဖယ်ရှား
Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ
Chapter(302) - သဘောတူညီမှုရပြီ
Chapter(303) - ကျောင်းမိသားစုရဲ့ ရှင်းပြမှု
Chapter(304) - ထူးချွန်တဲ့တပည့်
Chapter(305) - သီးသန့်မိသားစုမှတပည့်များ
Chapter(306) - ဆက်ဆံရေးအချို့
Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း
Chapter(308) - တစ်သီးတစ်သန့်မိသားစုများ
Chapter(309) - အရှက်မဲ့လွန်းတယ်
Chapter(310) - လန်ယွဲ့အား လေးစားမှုပြ၍ ဂါရဝပြုခြင်း
Chapter(311) - နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်
Chapter(312) - တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု
Chapter(313) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။
Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》
Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု
Chapter(316) - ဆေးလုံးမီးဖိုသန့်စင်ခြင်း
Chapter(317) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း
Chapter(318) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်
Chapter(319) - ရတနာကိရိယာဆေးလုံးမီးဖို
Chapter(320) - ကြာပင်လယ်တံလျှပ်
Chapter(321) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်
Chapter(322) - အပြန်အလှန် မယုံကြည်မှု
Chapter(323) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း
Chapter(324) - သွမ့်မိသားစုက သခင်ပြောင်းသွားပြီ
Chapter(325) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း
Chapter(326) - ချီယွင်ရဲ့သတင်း
Chapter(327) - ချင်းကျူရဲ့ အတိတ်
Chapter(328) - အရမ်းရက်စက်တယ်
Chapter(329) - ဆိုင်ရှင်များကို အနိုင်ယူပါ။
Chapter(330) - မောက်မောက်အား အသုံးချခြင်း
Chapter(331) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်
Chapter(332) - ငါ့အမှားပါ, ငါ့အမှား
Chapter(333) - ဆေးလုံးသန့်စင်ခြင်း
Chapter(334) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်
Chapter(335) - မျက်နှာသာမပေးဘူး
Chapter(336) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ
Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်
Chapter(338) - ဂျူနီယာညီငယ်လေး ကျင်းလော့
Chapter(339) - Falling Out
Chapter(340) - မြက်စားပိုးကောင်
Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း
Chapter(342) - ညမိုးချုပ် သတ်ဖြတ်ခြင်း
Chapter(343) - ကုပိုးသခင် ကျွော်ယဲ့
Chapter(344) - အလောင်းရုပ်သေး၏ ဝိညာဉ်
Chapter(345) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း
Chapter(346) - မျက်နှာသာ မပေးဘူး
Chapter(347) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု
Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ
Chapter(349) - အားကုကို ရှာဖွေခြင်း
Chapter(350) - 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》
Chapter(351) - စိတ်ထဲက သံသယများ
Chapter(352) - အေျမာက္အမ်ားဝယ္ယူ
Chapter(353) - အကျပ်အတည်းကို ဖြေရှင်းခြင်း
Chapter(354) - ဟွိုင်ယွီနိုးလာပြီ
Chapter(355) - စာဝိညာဉ်အပိုင်းလေး
Chapter(356) - အအထောက်အထား အစစ်အမှန်ပေါ်ပြီထောက်အထား အစစ်အမှန်ပေါ်ပြီ
Chapter(357) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။
Chapter(358) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း
Chapter(359/360) - အတူတူသွားဖို့​တောင်းဆိုခြင်း
Chapter(361) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်
Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။
Chapter(364) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း
Chapter(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်
Paid Group
Chapter(366) - မက်မွန်သီးလက်ဆောင်
Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်
Chapter(368) - မျိုးစိတ်အသစ်
Chapter(369) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ
Chapter(370) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ
Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်
Chapter(372) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ
Chapter(373) - လျှိုမိသားစုကလူ
Chapter(374) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ
Chapter(375) - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ
Chapter(376) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။
Chapter(377) - ချီမြို့သို့ ရောက်ရှိခြင်း
Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း
Chapter(379) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ
Chapter(380) - အားကျူ၏သတိပေးမှု
Chapter(381) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု
Chapter(382) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ
Chapter(383) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ
Chapter(384) - အမြီးကိုးချောင်းမြေခွေး
Chapter(385) - အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်
Chapter(386) - ဖြေဆေးသန့်စင်ခြင်း
Chapter(387) - ဖုံးကွယ်ထားသော ကောင်းချီးတစ်ခု
Chapter(388) - အချိန်မှီကယ်ဆယ်
Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ
Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း
Chapter(391) - တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်
Chapter(392) - အနောက်ဘက်စွန်း
Chapter(393) - အတိတ်ဘဝဆက်ဆံရေး
Chapter(394) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း
Chapter(395) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ
Chapter(396) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်
Chapter(397) - ချောက်ကမ်းပါးအောက်မှာ ပိတ်မိခြင်း
Let's go to book (3)
Chapter(362) - အိမ်တံခါးဝဆီ သွားရောက်ခြင်း
2.3K 555 8
By Xiao_Yiii
Unicode
အခန်း(၃၆၂) - အိမ်တံခါးဝဆီ သွားရောက်ခြင်း
မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည့် လင်ရွှမ်းဇီက ထိုစကား ကြားတဲ့အချိန်မှာ ထီမထင်ဟန်သာ ရှိနေပြီး ဒါက တော်တော်လေး ရယ်စရာ ကောင်းတာပဲဟုသာ တွေးနေသည်။
"တုချီယင်းက ကောင်းမွန်တဲ့ တွဲဖက် တစ်ယောက် မဟုတ်ဘူး။ သူနဲ့ လက်ထပ်လိုက်ရင် အဆုံးသတ် ကောင်းမှာ မဟုတ်ဘူး" လင်ရွှမ်းဇီက ပြောသည်။
လင်ဇီဂျီထံတွင် ကူကယ်ရာမဲ့နေသည့် အမူအယာတစ်ခု ပေါ်ပေါက်လာလေသည်။ အမြင်ရှိတဲ့လူတိုင်း တုချီယင်းက ဘယ်လို အမှိုက်မျိုးလဲ ဆိုတာကို ပြောနိုင်သည်ပဲလေ။ သူပိုင်ဆိုင်ထားသည့် ချောမောခန့်ညားပါတယ်ဆိုတဲ့ မျက်နှာစာသည်လည်း စေ့စပ်စွာ ပေါ်လွင်ပြီးသားပင်။ လင်ဇီဂျီနဲ့ လင်ယွီရိုတို့သာ နေရာလဲလိုက်ရင် တုချီယင်းကို ရွေးချယ်မယ့်အစား ကလေးကို တစ်ယောက်တည်း ပြုစုပျိုးထောင်ရန်သာ ရွေးချယ်လိုက်မှာဖြစ်သည်။
သို့ပေမယ့် လင်ယွီရိုကတော့ ထိုသို့ မတွေးပေ။
"အကယ်၍ သူမသာ ကလေးကို မွေးမယ်ဆိုရင် လင်မိသားစု မျိုးဆက်သစ်ပင်မှာ ထည့်ပေးဖို့အတွက် ဆုံးဖြတ်ချက် ချပေးနိုင်တယ်"
လင်ရွှမ်းဇီက လင်ယွီရိုအား ဆွေမျိုးဖြစ်နေသည့် အချက်ကြောင့် နောက်ဆုံး အခွင့်အရေး တစ်ခုပေးလိုက်ကာ လင်ဇီဂျီကို ပြောလိုက်သည်။
"ငါ့ရဲ့ မူလစကားတွေကို သူမဆီ ပါးလိုက်ပြီး သူတို့ဘာရွေးချယ်မလဲ အရင်ကြည့်လိုက်"
"ကောင်းပါပြီ" လင်ဇီဂျီက ပြန်ဖြေသည်။
လင်ရွှမ်းဇီရဲ့ အဓိပ္ပါယ်က သိသာလှပေသည်။ သူက လင်ယွီရိုတစ်ယောက် တုချီယင်းကို လက်ထပ်လိုက်ပြီး ငရဲတွင်းထဲ ခုန်ချသွားမည်အား မမြင်ချင်ခြင်းပင်။ လင်ယွီရိုရဲ့ ကလေးကိုသာ လင်မိသားစုအိမ်တော်ရဲ့ မိသားစုဝင် တစ်ယောက်အဖြစ် လက်ခံလိုစိတ် ရှိသည်။ ထိုသို့ဆိုရင် ကလေးသည်လည်း အခုချိန်ကစပြီး လင်မိသားစုရဲ့ အဓိကမျိုးရိုးဖြစ်သည့် ဆက်ဆံမှုကို ခံစားနိုင်မည်ဖြစ်သည်။
အကယ်၍ လင်ယွီရိုသာ အသိဉာဏ်ရှိပြီး အမြော်အမြင်ကြီးသူဖြစ်ပါက လင်မိသားစု၏ အရင်းအမြစ်များကို အခွင့်ကောင်းယူကာ သူမ၏သားကိုပဲ စိတ်နှလုံးအကြွင်းမဲ့ ဂရုတစိုက် ပြုစုပျိုးထောင်ပေးပြီး အောင်မြင်သူတစ်ယောက်ဖြစ်လာစေရန် လုပ်ဆောင်မှာပင်။
လင်ရွှမ်းဇီ အနေနဲ့ "သားဖြစ်သူ၏ရာထူးတက်လာသည်နှင့်အမျှ မိခင်၏တန်ဖိုးလည်း တိုးလာသည်" ဟူသောစကား၏ တိကျမှုကို ဘယ်သောအခါမှငြင်းဆိုမှု မရှိခဲ့ပေမယ့်လည်း ..... ပြောချင်မိတာက သားဖြစ်သူကရော အမှန်တကယ်တန်ဖိုးရှိနေမှာလား?
ညနေပိုင်းမှာတော့ လင်ဇီဂျီက လင်ရွှမ်းဇီအား နောက်တစ်ဖန် လာရှာသည်။
ထိုသူရဲ့ အတော်လေး အနေခက်နေသော အမူအယာကို ကြည့်တာနဲ့တင် လင်ရွှမ်းဇီက သူရရှိမည့် အဖြေအား သိလိုက်လေပြီ။
"လင်ယူရို........သူမရဲ့သဘောထားက ပြတ်သားနေတယ်။ သူမက လင်မိသားစုမှာပဲ တစ်သက်လုံး ခြေချုပ်ကျ မနေချင်ဘူး။ သူမက နက်ရှိုင်းကောင်းကင်ဂိုဏ်းကို ပြန်သွားချင်နေသေးတာ"
ကိစ္စက ဒီလိုဆိုမှတော့ လင်ရွှမ်းဇီအနေနဲ့လည်း ထပ်ပြီး ပြောနေစရာ မရှိတော့ပေ။ လင်ယွီရိုက တုချီယင်းကို လက်ထပ်လိုက်ရင်တောင် နက်ရှိုင်းကောင်းကင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်တော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တော့ဘူးဆိုတာကို သူသိနေပေမယ့်လည်းပေါ့။
"မိသားစုကို အကြောင်းပြန်လိုက်ပါ" လင်ရွှမ်းဇီက ပြောသည်။
"တုချီယင်းဘက်ကိုတော့ ငါသွားပြီး သူနဲ့ ကိုယ်တိုင်ကိုယ်ကျ စကားပြောလိုက်မယ်။ အခြေအနေ တစ်ခုတော့ ရှိတယ် ; အကယ်၍ သူမကသာ တုချီယင်းနဲ့ လက်ထပ်ဖို့ ရွေးချယ်လိုက်တယ် ဆိုရင် လင်ယွီရိုကို ဘယ်တော့မှ လင်မိသားစုဝင်တစ်ယောက် အဖြစ် သတ်မှတ်မှာ မဟုတ်တော့ဘူး"
လင်ဇီဂျီက မျက်မှောင်ကြုတ်သွားပြီး နားမလည်နိုင် ဖြစ်သွားသလို ခံစားလိုက်ရသည်။
"ဘာလို့လဲ? သခင်လေး, ငါတို့လင်မိသားစုမှာ အိမ်ထောင်ကျပြီးသွားရင် လင်မိသားစု မဖြစ်တော့ဘူးဆိုတဲ့ စံနမူနာမျိုး မရှိဘူးလေ"
လင်ရွှမ်းဇီက ပေါ့ပါးစွာသာ တုန့်ပြန်သည်။
"တုချီယင်းက ငါ့ကိုသတ်ပြီး ငါ့ရတနာကို လုယူသွားတာ။ ပြီးတော့ ငါနဲ့သူ့ကြားမှာ သွေးကြွေးရှိတယ် အဲ့ဒါကြောင့် ငါသေချာပေါက် သူ့ကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး"
လင်ဇီဂျီက အံ့အားသင့်သွားသည်။
"နားလည်ပါပြီ"
တိုက်ကြီးငါးတိုက်ရဲ့ ကျင့်ကြံမှု လောကမှာ  ခွန်အားနှင့် မွေးရာပါဇာစ်မြစ် နှစ်ခုစလုံးကို အလွန်အရေးကြီးသော အရာများအဖြစ် မှတ်ယူကြသည်။ ကျော်ကြားသည့် မိသားစုကြီးတစ်ခုမှ အမျိုးသမီးတစ်ဦးက ကြီးကျယ်ခမ်းနားစွာ လက်ထပ်လိုက်ပါကလည်း သူမအား မိသားစုဝင်တစ်ဦးအဖြစ်သာ မှတ်ယူထားမှာဖြစ်ပြီး ၎င်းတို့နှင့် ထိုက်တန်သော အကာအကွယ်ကို မိသားစုမှ ကောင်းစွာပေးဆောင်ပေးမှာဖြစ်သည်။
လင်ယွီရို ကိစ္စမှာတော့ သူမဘက်က အိမ်ထောင်ပြုပြီးသွားရင်တောင် မိသားစုဝင်တစ်ဦးအဖြစ် သတ်မှတ်ခံရဦးမှာပင် ဖြစ်သည်။ သို့သော်လည်း လင်ယွီရိုရဲ့ အမှားက သူမ လက်ထပ်မယ်ဟု အခိုင်အမာ ပြောနေသောလူသည် လင်ရွှမ်းဇီနှင့် ရန်သူဖြစ်ဘူးသူ တုချီယင်း ဖြစ်နေသည်။
လင်ရွှမ်းဇီက လင်ယွီရိုကို တစ်ခြားရွေးချယ်စရာ လမ်းကြောင်းများ ကမ်းလှမ်းထားပြီးသားဖြစ်ပေမယ့် သူမက မရွေးချယ်ခြင်း ဖြစ်တာကြောင့် လင်ရွှမ်းဇီသည်လည်း ဆက်လက် ယဉ်ကျေးနေတော့မှာ မဟုတ်ပေ။
လင်ယွီရိုကို တုချီယင်းနဲ့ လက်ထပ်ခွင့်ရအောင် ပြောပေးခြင်းသည်သာ လင်ယွီရိုအတွက် သူလုပ်နိုင်သော နောက်ဆုံးအရာဖြစ်သည်။ ဒီအချိန်ကစပြီး လင်ယွီရိုကတော့ သူမ အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ သူမနှင့် လင်မိသားစုတစ်ခုလုံးနှင့် မသက်ဆိုင်တော့ပေ။
အရာအားလုံး ရှင်းပြပြီးနောက်မှာ လင်ဇီဂျီက တောင်ပေါ်လမ်းလေးအတိုင်း လမ်းလျှောက်ပြန်သွားရင်း သူ့ကိုယ်သူ သက်ပြင်းချကာ မစဉ်းစားပဲ မနေနိုင်တော့ပေ။ မတိုင်ခင်တုန်းက သူ့မျက်လုံးက သစ်ရွက်စလေး တစ်စကြောင့် ဖုံးကွယ်နေခဲ့ရပြီး လင်ယွီရိုကို မိသားစုကြီး တစ်ခုက ကျိုးနွံတတ်ပေမယ့် ထက်မြက်တဲ့ သူတစ်ယောက်လို့ ထင်ခဲ့မိတာ။ မထင်မှတ်ပဲ အခုပြန်တွေးကြည့်တော့ လင်ယွီရိုက တကယ့်ကို မိုက်မဲတဲ့ မိန်းကလေးတစ်ယောက်ပဲ
[T/N - မျက်လုံးကို သစ်ရွက်လေး တစ်စနဲ့ ဖုံးကွယ်ခံထားရတယ် ဆိုတာက တရုတ် စကားပုံ တစ်ခုဖြစ်ပြီးတော့ သေးငယ်တဲ့ အရာတစ်ခုက အမြင်အာရုံကို ဖုံးကွယ်ထားတာမို့ ကြီးမားတဲ့ ရုပ်ပုံကြီး တစ်ခုကိုတောင် မမြင်နိုင်ဘူးဆိုတဲ့ သဘောပါ]
လင်ရွှမ်းဇီက ကျိုးပျက်ဓားတောင်ထွတ်ဆီ ကူးသွားလိုက်သည်။
သူက လျှို့လျှို့ဝှက်ဝှက် သွားဖို့ မကြိုးစားပဲ တောင်ပေါ်သို့ ဒီအတိုင်းသာ တက်သွား၏။ တပည့်များစွာက သူ့ကို မြင်ကြပြီး ရဲရင့်သည့် တပည့်တစ်ချို့က လင်ရွှမ်းဇီအား အပြုံးနဲ့ နှုတ်ဆက်လာကြသည်။
လင်ရွှမ်းဇီက ထိုရင်းနှီးနေသော မျက်နှာများကို ကြည့်ပြီး တစ်ယောက်ပြီးတစ်ယောက် ပြန်ဖြေပေးလေသည်။
အတွင်းပိုင်း ဂိတ်တံခါးဝ အရောက်မှာတော့ သတင်းကြားသွားသည့် ဟဲချိုက်လင်းက သူ့ကိုကြိုဆိုဖို့ ထွက်လာသည်။
ဟဲချိုက်လင်းက ရိုးရှင်းသည့် တာအိုဝတ်ရုံအား ဝတ်ဆင်ထားလေသည်။ လင်ရွှမ်းဇီအား မြင်သောအခါ ပြုံးပြီး ပြောလာသည်။
"အရင်တစ်ခေါက်က နစ်မြှုပ်ဓားတောင်ထွတ်ဆီ လာပြီး ဟွားရုန်ကို လာတွေ့ဦးမယ်လို့တောင် ပြောခဲ့တာကို။ နင်က ကိုယ်တိုင် ရောက်လာခဲ့မယ်လို့ ဘယ်သူထင်မိမှာလဲ"
လင်ရွှမ်းဇီက ခပ်ဖျော့ဖျော့ ပြုံးသည်။
"သဘာဝကျကျပါပဲ ကျွန်တော်ကသာ စီနီယာအမကြီးဆီ လာလည်ရမှာပါ။ စီနီယာအမက ကျွန်တော့်ကို လာရှာရတယ် ဆိုတာကတော့ မမှန်ဘူးလေဗျာ"
"ငါနင့်ကို မတွေ့ရတာ နှစ်အနည်းငယ်ပဲ ရှိသေးတာကို နင့်ရဲ့ စကားပြောပုံက အရင်ကထက် ချောမွေ့လာတာပဲ"
ဟဲချိုက်လင်းက ဒေါသနဲ့ ဆူပွပွ ဖြစ်နေသည်။
သူတို့က ရယ်ရင်းမောရင်းဖြင့် အတွင်းဂိတ် တံခါးထဲ ဝင်သွားလိုက်ကြ၏။ အထဲကို ရောက်သောအခါ ဟဲချိုက်လင်းက အကြောင်းအရာကို ပြောင်းလဲပြီး မေးလာသည်။
"နင်က အကြောင်းအရင်း မရှိပဲ ဘယ်တော့မှ ဘုရားကျောင်းတက်တဲ့ သူမျိုး မဟုတ်ဘူး။ ဒီနေ့ လာခဲ့တာ အရေးကြီး ကိစ္စများ ရှိနေလို့လား?"
လင်ရွှမ်းဇီက ပြောသည်။
"စီနီယာအမဆီက ဘာမှ မလွတ်မြောက်နိုင်ဘူးပဲ, ကျွန်တော်ဒီနေ့ တကယ့်ကို ကိစ္စတစ်ခု ရှိလို့ လာခဲ့တာပါ"
ဟဲချိုက်လင်းက တုံ့ပြန်သည်။
"နားထောင်ကြည့်ရအောင်"
"လင်ယွီရိုက ကိုယ်ဝန်ရှိနေပြီ။ သူမက တုချီယင်းဟာလို့ ပြောတယ်"
ဟဲချိုက်လင်းက အံ့အားသင့်မှုဖြင့် မျက်ခုံးပင့်မိပြီးနောက် မကြာခင်ပဲ လှောင်ပြောင်ကာ နှာမှုတ်သည်။
"အဲ့ဒီ မင်းညီမကလေ....သူမက အဲ့ဒီ ရှက်စရာကောင်းလွန်းတဲ့ တုချီယင်းကို တကယ်ကြီး လက်ထပ်ချင်နေတယ်လို့တော့ မပြောနဲ့နော်?"
လင်ရွှမ်းဇီက ခေါင်းညိတ်ပြသည်။
"ဒါက တကယ့်ကို သူမရဲ့ ရည်ရွယ်ချက် အတိအကျပါပဲ"
ဟဲချိုက်လင်းက လင်ရွှမ်းဇီအား စိုက်ကြည့်လာသည်။
"နင်က နင့်ညီမကို မီးတွင်းထဲ ပစ်ချနေတာပဲ"
လင်ရွှမ်းဇီကတော့ ဘာမထီဟန်ဖြင့်သာ တုံ့ပြန်သည်။
"ကျွန်တော် သူ့အတွက် လွတ်မြောက်ဖို့ နည်းလမ်းရှာပေးပြီးပြီ၊ ဒါပေမယ့် သူမက သူ့ကိုယ်သူ ပျက်စီးခြင်းဆီ ဦးတည်တဲ့ လမ်းကြောင်းအတိုင်း လိုက်လျှောက်ဖို့ပဲ အခိုင်အမာ တောင်းဆိုနေတယ်။ ကျွန်တော် သူမကိုဘယ်လိုကူညီရမလဲ?"
"ဒီအတိုင်း တံခါးပိတ်ထားလိုက်လည်း ရတာပဲ"
လင်ရွှမ်းဇီရဲ့ မျက်လုံးများက အနည်းငယ် အေးစက်သွားသည်။
"မတိုင်ခင်တုန်းက သူမကို သေချာပေါက် တံခါးပိတ် ထားခဲ့ပေမယ့်လည်း သူမက ကိုယ်ဝန်ရှိနေပြီလေ။ အကယ်၍သာ ကျွန်တော့်ဘက်က ထပ်ပြီး အကျိုးအကြောင်း မသင့် ထပ်လုပ်လို့ သူမဆီမှာ တစ်ခုခု ဖြစ်သွားရင် ကျွန်တော့်ကိုပဲ အပြစ်တင်ကြလိမ့်မယ်"
ဟဲချိုက်လင်းက ခဏမျှ စဉ်းစားလိုက်သည်။
"အမှန်ပဲ"
ဟဲချိုက်လင်း ကိုယ်တိုင်က မိသားစုကြီးတစ်ခုမှာ မွေးဖွားလာခြင်း ဖြစ်တာကြောင့် သူမက မိသားစုထဲမှာ အမြဲရှိနေတာ မဟုတ်ပေမယ့်လည်း အိမ်တွင်းနေထိုင်မှုနှင့် ရန်ပွဲများစွာကို မြင်တွေ့ခဲ့ရသည်။ သူမ စဉ်းစားကြည့်မှု အရဆိုရင် လင်ရွှမ်းဇီရဲ့ သခင်လေးရာထူးက ယွမ်ထျန်းဝမ်လိုမျိုး တည်ငြိမ်မှု ဒါမှမဟုတ် လုံခြုံမှုမရှိတာကြောင့် သဘာဝကျကျပင် အနည်းငယ် ပိုသတိထားပြီး နေရပေလိမ့်မည်။
"စီနီယာအမ, ကျွန်တော်ဒီအကြောင်း အမကို အရင်လာပြောတာက ကျွန်တော့ကို နားလည်မှု လွဲသွားမှာကနေ ကာကွယ်ဖို့ပါ"
ဟဲချိုက်လင်းက လင်ရွှမ်းဇီအား မကြည်ကြည့် ကြည့်လာသည်။
"ငါက နင့်ကိုဘာများ နားလည်မှု လွဲစရာရှိလဲ? လက်ရှိလည်း ငါက တုချီယင်းနဲ့ ဆက်ဆံရေးတစ်ခု ရှိနေတာ မဟုတ်ဘူး။ ငါ့မိသားစု အတွက်ကတော့ သူတို့က အစောကတည်းက အရာအားလုံးကို စီမံထားပြီးသားမို့ ဘယ်သူကမှ တုချီယင်းကို လက်ထပ်ဖို့ အတင်းအကျပ် တွန်းအားပေးမှာ မဟုတ်တော့ဘူး။ပြီးတော့လည်း နှစ်ရက်လောက်ကြာရင် တခြားနေရာကို သွားပြီး လေ့ကျင့်ရတော့မှာဆိုတော့ နှစ်အတော်ကြာအောင် ပြန်မလာဖြစ်လောက်ဘူးလေ။ တုချီယင်း ကွယ်လွန်သည်ဖြစ်စေ အသက်ရှင်သည်ဖြစ်စေ သူ့မင်္ဂလာပွဲပဲ ဖြစ်ဖြစ် ဒါမှမဟုတ် အသုဘအခမ်းအနားပဲ ဖြစ်ဖြစ် အဲ့ဒါက ငါ့ကိစ္စ မဟုတ်ဘူး"
လင်ရွှမ်းဇီက ရယ်သည်။
"စီနီယာအမကြီးက နောက်ဆုံးတော့ ဆင်းရဲဒုက္ခတွင်းက လွတ်မြောက်ပြီး ကိုယ့်ဘာသာ နေနိုင်ပြီပေါ့"
ဟဲချိုက်လင်းက ပြုံးသည်။
"အဲ့ဒါကို ကိစ္စကောင်းလို့ သတ်မှတ်လို့ရတယ်"
လင်ရွှမ်းဇီက ဟဲချိုက်လင်းနဲ့ ခဏမျှ စကားစမည် ပြောပြီးနောက်မှာ တုချီယင်းအား ရှာဖွေရန် လိုအပ်သည်။
ဟဲချိုက်လင်းက သူမလက်အား ဝှေ့ယမ်းပြ၏။
"နင့်ဘာသာနင် သွားလိုက်တော့။ အကယ်၍ မတတ်နိုင်ရင် ဆရာ့ကိုသာ သွားရှာချေ။ တုချီယင်းက ကောင်းတဲ့အကောင် မဟုတ်ပေမယ့် သူ့ဂုဏ်သတင်းကိုတော့ တော်တော်လေး တန်ဖိုးထားတယ်။ ခြိမ်းခြောက်မှုတွေနဲ့ သွေးဆောင်မှုတွေအောက်မှာ နင့်ညီမကို လက်ထပ်ဖို့ သူသဘောတူနိုင်ခြေက တော်တော်များတယ်"
လင်ရွှမ်းဇီက သူ့မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
"အကယ်၍ သူဆန္ဒ မရှိဘူး ဆိုရင်တောင် သူ့မှာ သဘောမတူဖို့အတွက် အခွင့်အရေး မရှိဘူး"
ဟဲချိုက်လင်းက နှာမှုတ်သည်။
"သေချာပေါက် သူဆန္ဒမရှိဘူးလေ"
အစပိုငးမှာ တုချီယင်းက သူမရဲ့ မိသားစုနောက်ခံကို နှစ်သက်သဘောကျရုံသာဖြစ်သည်။ လင်ယွီရိုကတော့ လင်မိသားစုရဲ့ အဓိက မိသားစုဝင်တစ်ဦးဖြစ်ပေမယ့်လည်း သူမနဲ့ လင်ရွှမ်းဇီရဲ့ ဆက်ဆံရေးက သိပ်မကောင်းပေ။ လင်မိသားစုထဲမှာဆိုရင် သူမရဲ့ ရာထူးက ထုတ်ပြောရန်ပင် အနေအထား မရှိတာကြောင့် တုချီယင်းက သူမနဲ့ ကစားရုံသာဖြစ်သည်။ ဘာကြောင့်များ သူမကို လက်ထပ်ဖို့ ဆန္ဒရှိမှာလဲ?
သို့ပေမယ့် လင်ရွှမ်းဇီက အနိုင်ကျင့်ဖို့ လွယ်ကူသူ တစ်ယောက်တော့ မဟုတ်။ တုချီယင်းက လက်မထပ်ချင်ဘူး ဆိုရင်တောင် လင်ရွှမ်းဇီက သေချာပေါက် လက်ထပ်ရန် ဖိအားပေးဖို့ နည်းလမ်းအားလုံးကို အသုံးပြုမှာဖြစ်သည်။
ဒီအတိုင်းလေး ပေါ့ပေါ့ပါးပါးပဲ ကစားချင်တာ....ဒီကမ္ဘာကြီးမှာ ဘယ်လိုလုပ် ဒီလောက်ကောင်းတာမျိုး ရှိနိုင်မှာလဲ?
တုချီယင်းရဲ့ ညာဘက်မျက်ခွံက မနက်အစောပိုင်းကတည်းက စတင်လှုပ်နေခဲ့သည်။ ဆိုးဝါးတာ တစ်ခုခု ဖြစ်တော့မယ်ဟု ဆက်တိုက် အာရုံရနေခဲ့၏။
သူနဲ့လင်ယွီရိုတို့ရဲ့ ကိစ္စပေါ်သွားပြီးကတည်းက သူ့ကံကောင်းခြင်းတွေက ဆက်တိုက် ထိုးကျနေခဲ့သည်။ သူ့ဆရာက သူနဲ့တွေ့ဆုံဖို့ ရှောင်ရှားနေရုံတင် မကပဲ သူ့ဘေးမှာ ခွေးတစ်ကောင်လို အမြဲရှိနေခဲ့သည့်ထုန်လဲ့ကိုတောင် အချိန်တစ်ချို့ ကြာသည်အထိ ဖိတ်ကြားမရ ဖြစ်နေသည်လေ။
တုချီယင်းက ဒေါသထွက်နေပေမယ့်လည်း သူ့ဒေါသတွေကို ဘယ်မှာ လွှတ်ထုတ်ရမှန်းမသိ ဖြစ်နေသည်။ သူက ဒီကိစ္စအား ပြေပြေလည်လည် မဖြေရှင်းပဲ သူ့ကို မျက်နှာသာ လုံးဝ မပေးခဲ့သည့် ဟဲချိုက်လင်းကိုသာ စိတ်ထဲမှာ ဆက်တိုက် ကျိန်ဆဲနေမိ၏။ ထို့ကိစ္စက ကျိုးပျက်ဓားတောင်ထွတ်က တပည့်များအားလုံး သူနဲ ဝေးကွာသွားစေခဲ့သည်။
တုချီယင်းက မနေနိုင်ပဲ စဉ်းစားမိလေသည်။ အကယ်၍ သူ့အဖေသာ တံခါးပိတ် တရားကျင့်မနေခဲ့ရင် ဆရာကလည်း သူရဲဘောကြောင်ပြီး သတိကြီးကြီး ထားနေလို့သာ မဟုတ်ဘူးဆိုရင် သူဒီလို အနေခက်စရာ အရှက်ရတဲ့ အခြေအနေမျိုးနဲ့ အဆုံးသတ်သွားခဲ့မှာ မဟုတ်ဘူး ဆိုတာပဲ။
တုချီယင်းက ကျောက်တုံးတစ်ခုအား လွင့်ထွက်သွားအောင် ကန်ထုတ်ပစ်လိုက်တဲ့ အချိန်မှာပဲ ကလေးတစ်ယောက်က လင်ရွှမ်းဇီ ရောက်လာတော့မည်ဟု လာအကြောင်းကြားသည်။
"လင်ရွှမ်းဇီ!"
တုချီယင်းက မကျေမလည်ဖြစ်သွားသည်။
"သူက ငါ့ကိုဘာလို့ လာရှာတာလဲ?"
ကောင်လေးက ခေါင်းခါပြသည်။
"ကျွန်တော်မသိဘူး , သူမပြောဘူး"
တုချီယင်းက မျက်လုံးသာ လှန်မိတော့သည်။
"ဝင်လာခိုင်းလိုက်"
လူငယ်လေး ထွက်သွားပြီးနောက်မှာ တုချီယင်းက နံရံမှာ ချိတ်ထားသည့် ဇီဂဲဓားအား သွားဖွက်လိုက်သည်။
လင်ရွှမ်းဇီသည် နှင်းကဲ့သို့ ဖြူစင်သော ဝတ်စုံဖြင့် လျှောက်လှမ်းလာကာ ထိုသူ့အား အမတ နတ်ဘုရား တစ်ပါးအသွင်ကို ပေါ်လွင်နေစေသည်။ လွန်ခဲသည့် နှစ်အနည်းငယ်ထက်စာရင် သူ့ပုံစံက ပိုမိုရင့်ကျက်ပြိး ဆွဲဆောင်မှု ရှိလာ၏။
တုချီယင်းက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ထိုင်ခုံပေါ်မှာ ထိုင်ချပြီးနောက် ပြောသည်။
"ဂျူနီယာညီလေးလင်, ဘာအကြောင်းနဲ့များ ရောက်လာတာလဲ?"
လင်ရွှမ်းဇီက ဝင်မထိုင်ပဲ မတ်တပ်ရပ်လျှက် အနေအထားဖြင့်ပင် ဆွေးနွေးမှုကို စတင်လိုက်သည်။
"ကြည့်ရတာစီနီယာအကိုတုရဲ့ မှတ်ဉာဏ်က သိပ်မကောင်းပုံပဲနော်..လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က လင်မိသားစုရဲ့ လင်ယွီရိုကို ဟာသကြီးကြီး တစ်ခုခု လုပ်လိုက်တဲ့အပေါ် မေ့သွားခဲ့ပုံပဲ?"
လင်ယွီရိုက တုချီယင်းရဲ့ နာကျင်စေသော အချက်ပင်။ ယခင်က ဂျူနီယာညီအစ်ကိုများ နှင့်ဂျူနီယာ ညီမလေး အများအပြားကို ဆွဲဆောင်ခဲ့သော်လည်း မည်သူမျှ သူ့ကို ဤအတိုင်းအတာအထိ မျက်နှာပျက်စေခဲ့ခြင်းမရှိပေ။
တုချီယင်းချက်ချင်း ဒေါသထွက်သွားသည်။ သူကလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး လင်ရွှမ်းဇီအား မရိုးမသား ပြုံးပြသည်။
"ဂျီနီယာညီလေးလင်, ငါက ယောကျာ်းတစ်ယောက်မို့လို့  အများဆုံးမှ သူမက ယာယီအပျော်တစ်ယောက် သက်သက်ပဲ။ ဒါပေမဲ့ မင်းရဲ့ ညီမငယ်လေးကတော့ ကောလဟာလတွေကြောင့် ပြည့်တန်ဆာ တစ်ယောက်အဖြစ် ပြောင်းလဲသွားပြီ"
လင်ရွှမ်းဇီက ခေါင်းညိတ်သည်။
"အမှန်ပဲ, ဒီကမ္ဘာပေါ်မှာ ယောကျာ်းလေးတွေရဲ့ လုပ်ရပ်နဲ့ မိန်းကလေးတွေရဲ့ လုပ်ရပ်တွေကို ယှဉ်ထိုးကြည့်ရင် ယောကျာ်းလေးတွေလုပ်သမျှကို မိန်းကလေးတွေ လုပ်တာထက် ပိုပြီးတော့ သည်းခံနိုင်ကြတယ်။ ဒါပေမဲ့ ငါ့ရဲ့ လင်မိသားစုက အလွယ်တကူ အနိုင်ကျင့်လို့ မရဘူး။ မင်းက လင်ယွီရိုရဲ့ ခန္ဓာကိုယ်ကို ညစ်ညမ်းစေတဲ့အတွက် မင်းပဲတာဝန်ယူရလိမ့်မယ်။"
တုချီယင်းက ငေးကြောင်ကြောင် ဖြစ်သွားပြီး လင်ရွှမ်းဇီက သူ့ကို တာဝန်ယူခိုင်းဖို့အတွက်နဲ့ သူ့တံခါးဝထိ ရောက်လာခြင်းဖြစ်ကြောင်း မထင်ထားမိပေ။
တုချီယင်း၏ အမူအရာက အကြိမ်ပေါင်း များစွာပြောင်းလဲပြီးနောက်မှာတော့ နောက်ဆုံးတွင် အလွန်အမင်း ရယ်ချင်သည့် အမူအရာတစ်ခုပြုလုပ်လာကာ
"မင်းရဲ့ လင်မိသားစုက ငါ့အတွက် အလေးပေးရလောက်အောင် ထိုက်တန်တယ်လို့ ထင်နေတာလား? လင်ယွီရိုက ဘာမို့လို့လဲ? သူမက ငါတာဝန်ယူရလောက်အောင်ထိ တန်နေလို့လား? လင်ရွှမ်းဇီ, ငါ, တုချီယင်းက သွယ်ဝိုက်ပြောရတာကို မကြိုက်တဲ့ တည့်တိုးသမားပဲ။ ငါ့ရင်ထဲမှာတော့ လင်ယွီရိုက ငါ့ဖိနပ်ကို သယ်ဖို့တောင် မထိုက်တန်ဘူး။ နည်းနည်း ကြည့်ကောင်းပြီး မိုက်မဲတုံးအတာကြောင့်သာ မဟုတ်ဘူးဆိုရင် သူမကို နှစ်ခေါက်တောင် ပြန်လှည့်ကြည့်ခဲ့မှာ မဟုတ်ဘူးကွ"
လင်ရွှမ်းဇီက စိတ်ထဲမထားပဲ ပြန်ပြောသည်။
"လင်ယွီရိုက မင်းရဲ့ ကလေးကို လွယ်ထားရလို့သာ မဟုတ်ဘူးဆိုရင် ငါကလည်း လင်မိသားစုနဲ့ မင်းကို ဘယ်လို အဆက်အသွယ်မှ မရှိစေချင်ပါဘူး"
တုချီယင်းရဲ့ မျက်လုံးများက ပြူးကျယ်သွားခဲ့ပြီးနောက် မတ်တပ်ရပ်လိုက်မိသည်။
"မင်းဘာပြောလိုက်တာလဲ? ဗိုက်ကြီးနေပြီ? မဖြစ်နိုင်ဘူး, သေချာပေါက် ငါ့ဟာမဟုတ်ဘူး။ ငါသူမကို မျိုးစေ့ မချခဲ့ဘူး!"
လင်ရွှမ်းဇီက သူ့နှုတ်ခမ်းအား ခါးသက်သက် အပြုံးတစ်ခုအသွင် ကွေးညွှတ်လိုက်သည်။
"မင်းစိတ်ထဲမှာ လင်ယွီရိုက ကမ္ဘာကြီးအကြောင်း မသိတဲ့ ချမ်းသာတဲ့ မိသားစုက မိန်းကလေး တစ်ယောက်ဖြစ်ပြီး မင်းလက်လေးတစ်ချက် ကွေးလိုက်တာနဲ့ မင်း ကြိုက်သလို ချယ်လှယ်လို့ရတဲ့ အရုပ်တစ်ရုပ်လို့ တကယ်ကြီး ထင်နေတာလား? ပထမအချက် - သူမက ပြည့်တန်ဆာ မဟုတ်ဘူး။ ဒုတိယအချက် - သူမက စီနီယာအမဟဲလိုမျိုး ကျင့်ကြံခြင်းမှာပဲ နှလုံးသားတစ်ခုလုံး နှစ်မြှုပ်ထားပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ကောင်းကောင်း မကျွမ်းကျင်တဲ့ အမျိုးသမီးကျင့်ကြံသူ တစ်ယောက်လည်း မဟုတ်ဘူး။ အကယ်၍ သူမက မင်းအိပ်ယာပေါ်တောင် တက်နိုင်တယ် ဆိုရင် ဘယ်လိုလုပ် သူမလက်ထဲမှာ ကတ်တစ်ကတ် မရှိပဲ နေမှာလဲ? တုချီယင်း မင်းကသာ အကြီးဆုံး အရူးတစ်ယောက်ပဲ"
တုချီယင်းရဲ့ တစ်ကိုယ်လုံးက ခွန်အားလုံးဝ ကုန်ခမ်းသွားပုံရပြီး စားပွဲခုံနဲ့ ဘန်းကနဲ တိုက်မိသွားကာ တီးတိုးရေရွတ်လာသည်။
"မဖြစ်နိုင်ဘူး.....ဒါက လုံးဝကို မဖြစ်နိုင်ဘူး....."
ကလေးမွေးဖွားခြင်းက ကံအကြောင်းတရားနဲ့ သက်ဆိုင်တယ်။ ကျင့်ကြံသူတိုင်းအတွက်က  သူတို့ရဲ့ မွေးကင်းစ ကလေးငယ်ကို အပြင်ဘက်မှာ သောင်တင်နေမှာ စိုးရိမ်ကြတာကြီးပဲ။ မဟုတ်ရင် သူတို့က နတ်ဆိုးအတတ် ကျင့်ကြံမှု လမ်းကြောင်းထဲ ကျရောက်သွားနိုင်ဖွယ် ရှိတယ်လေ။
ပြီးတော့လည်း သားသမီး မရှိဘူးဆိုရင်တော့ ဒါက ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းတစ်ပုဒ်လို့ပဲ သတ်မှတ်လို့ ရပေမယ့် မိသားစုကြီးတစ်ခုက မိန်းကလေးတစ်ယောက်ကို ကိုယ်ဝန်ရှိအောင် လုပ်မိသွားပြီဆိုရင်.....
14.6.2022
=================
Zawgyi
"နားလည်ပါပြီ"
လင်ရွှမ်းဇီက ပြောသည်။
"နားထောင်ကြည့်ရအောင်"
"အမှန်ပဲ"
လင်ရွှမ်းဇီက ရယ်သည်။
"လင်ရွှမ်းဇီ!"
"ဝင်လာခိုင်းလိုက်"
14.6.2022
=================
Continue Reading
You'll Also Like
485K 72.7K 149
||Completed|| ရှဲ့ကျစ် မထင်မှတ်ပဲ သူသေဆုံးပြီး ဇာတ်လိုက်ရဲ့မှတ်ဉာဏ်တွေမှာသာ တွေ့ရတဲ့ သေဆုံးပြီးသား ကျေးဇူးရှင် ဇာတ်ကောင်ကြီး အဖြစ်ဝတ္ထုထဲသို့ ကူးပြော...
358K 53K 76
အခြားဝတ္ထုတွေမှာဆိုရင်ဒီဇာတ်ကွက်ကတစ်ခြားသူတွေရဲ့ဖျက်ဆီးခြင်းကြောင့်ပျက်စီးရမှာဖြစ်ပေမဲ့...ဇာတ်လိုက်ကျော်ကြီး ရှီရှန်းကတော့တစ်ခြားသူတွေဖျက်ဆီးဖို့အခွင...
223K 13.8K 39
My priority /property/privacy
207K 18.9K 168
Main CP - ရွှမ်းကျီး၊ ရှန့်လင်ယွမ်း AUTHOR - Priest Original Manhua link - https://b22.top/PdDIV2z