[Unicode] (40.1)
စုဝေးနေတဲ့ လူစုကိုကြည့်လိုက် ပြီးတော့ ကျန်းရှု တစ်ယောက် သူ့ရဲ့အမူအရာက အတော်လေးပျက်ယွင်း သွားလေတယ်။ ချက်ချင်း ပဲ အောက်ထပ်ကိုဆင်းချင်စိတ် မရှိတော့ပေ။
" ခများ အမေက ဒီလိုပဲအမြဲလုပ်နေကြလား။ ဒါကြီးကရှက်ဖို့ မကောင်းဘူး လား။ ခများအရင်တုံးက အိမ်မှာ ဘယ်လိုတောင်နေခဲ့ ရတာလဲ''
ရှုပေါ်စုက အရမ်းရှက်သွားပေမယ့် သူ့ဇနီးလေးကို ရှင်းပြလိုက်တယ်။
" ကိုယ်... ကိုယ်ငယ်ငယ်လေး ကတည်းက ဒီလိုပဲ နေခဲ့ရတာလေ''
" ဒါဆို ခများဘဝက အတော့်ကို ခက်ခဲခဲ့မှာပဲနော် ''
ကျန်းရှုက ရှုပေါ်စု ကို သနားမှုလေး အနည်းငယ် လောက်ပေးလိုက်တယ်။
" အဲ့တာက အဆင်ပြေပါတယ် ။ ကိုယ်တို့သွားကြစို့လေ''
ရှုပေါ်စုက သူ့ရဲ့ခါတိုင်း ပုံကိုပြန်ပြောင်းလိုက်ပြီးတော့ ကျန်းရှုကို ဖက်ကာအောက်ထပ်ကို ဆင်းသွားလေတယ်။ သူတို့က တိုးတိုးတိတ်တိတ်သာ ဆင်းလာခဲ့ပေမယ့် လှေကားပေါ်ကနေ တစ်ထစ်ဆင်းတိုင်း မရေတွက်နိုင်တဲ့ မျက်လုံးအစုံတွေက သူတို့အပေါ်ကို အာရုံစိုက် လာခဲ့ကြတယ်။
မေမေရှု ကလည်း အားလုံး ရဲ့အကြည့်တွေနောက် ကိုလိုက်ပြီးတော့ အနောက်ကိုပြန်လှည့်ကြည့် လိုက်တဲ့အခါမှာတော့ လှေကားပေါ်ကနေ ချောမောတဲ့ အမျိုးသား ၂ ယောက်ကအတူတူ ဆင်းလာတာကို တွေ့လိုက်ရတယ်။
တစ်ယောက်က အရပ်ရှည် ပြီးတော့ ချောမောခန့်ညားတယ်။ ကျန်တစ်ယောက် ကတော့ ပိန်ပါးပြီး တော့ ဖြူဖွေးနေတယ်။ သူတို့ ၂ ယောက်ကို ဒီလိုအတူတူတွဲ ကြည့်လိုက်တော့ အတော်လေး ကိုမျက်စိပဒေသာဖြစ်နေတာကို သိလိုက်ရတယ်။
" ဒါက ပေါ်စုရဲ့ လက်တွဲဖော်ပဲ''
မေမေရှုက အားလုံးကိုပြောလိုက်တယ်။
" အိုကေ။ ညစာစားဖို့ပြင် ကြစို့လေ''
လူအုပ်ကြီး က ဟောခန်းထဲကနေ အကုန်ထွက်သွား ပြီးတော့မှပဲ ကျန်းရှုတစ်ယောက် စိတ်သက်သာ ရာရစွာနဲ့ သက်ပြင်းချ လိုက်နိုင်တော့တယ်။ ပြီးတော့ ရှုပေါ်စု နားကိုတိုးကပ်ကာ အသာလေးပြောလိုက်တယ်။
" ကံကောင်း လို့ ကိုယ့်ကိုယ် ကို မိတ်ဆက်တာတို့ တစ်ခြားတစ်ခုခုတို့ မလုပ်ရလို့''
ထိုအချိန်မှာပဲ ရှုပေါ်စုက ရယ်စရာတွေ့သွားလို့ရယ်မိတယ်။
" သူမ ဘာတွေတွေးနေသလဲ ဆိုတာကို ကိုယ်ခန့်မှန်း နိုင်ပါတယ်ကွာ။ အဲ့နေရာကိုသွား ကြရအောင်''
ရှုပေါ်စုက ကျန်းရှုရဲ့ ပုခုံးကိုဖက်ကာ ညစာစားပွဲဆီကို တိုက်ရိုက် ပဲသွားလိုက်တယ်။ ကျန်းရှုကတော့ ဘေးပတ်ဝန်း ကျင်ကိုလှည့်ကာ ကြည့်ပြီးပြောလိုက်တယ်။
" ခများရဲ့ အိမ်က အတော်လေးကို ဇိမ်ခံပစ္စည်းတွေ များတာပဲရော''
နောက်တော့ သူက ဟာသဆက်လုပ်လိုက်တယ်။
" အရင်က ကျွန်တော် နေတဲ့အိမ်လေးက စုတ်ပြတ် နေတော့လေ အရမ်းကိုရှက်မိပါတယ်နော်''
" ဒါက အဆင်ပြေ ပါတယ်ကွာ''
ရှုပေါ်စုက ခုံကိုဆွဲထုတ်ကာ ကျန်းရှုကို ထိုင်စေလိုက်တယ်။
" ဒီမှာထိုင်။ အိမ်ဆိုတာက ဘယ်သူမေသလဲဆိုတာနဲ့ပဲ သက်ဆိုင်တာပါကွ''
" ကျွန်တော် ယောကျာ်း ရဲ့ ပါးစပ် ကတော့ ချိုနေတော့တာပဲနော်''
ကျန်းရှုက သူ့ကိုတစ်ချက်ကြည့်ကာ ပြောလိုက်တယ် ။ ရှုပေါ်စု ကတော့ ပြုံးရုံသာပြုံးနေပြီးတော့ နောက်ထပ်တစ်ခုံကို ဆွဲထုတ်ကာ ထိုင်လိုက်တယ်။ ကျန်းရှုဘေးနားက ခုံမှာထိုင်တာ မှန်ပေမယ့် နေရာကအတော့်ကို ကွာဝေးနေတာကို သူတွေ့သွားတယ်။ ဒါကြောင့်မို့ မတ်တပ်ရပ် ကာ ခုံကို ကျန်းရှုနဲ့ နီးအောင်ဆွဲ လိုက်တယ်။
ခုံ၂ ခုံဟာ အရမ်းကို ပူးကပ်နေတာကြောင့် သူတို့ရဲ့ ခြေထောက်တွေ တောင်မှပဲ ထိကပ်နေကြတယ်။
" ဒါက မင်းအတွက် ''
ကျန်းရှုက ဒီဘက်ကိုလာနေတဲ့ ရှုပေါ်စု ရဲ့အဖေကို ကြည့်လိုက်ရင်း အသံတိုးတိုးနဲ့ ပြောလိုက် တယ်။
" ဟုတ်ပြီ''
ရှုပေါ်စုကတော့ သူ့အဖေကို အပြုံးကြီးကြီးတစ်ခုပြုံးပြကာ ခေါင်းငြိမ့် ပြီးနှုတ်ဆက်လိုက်တယ်။
" အဖေ ''
ကျန်းရှု ကတော့အတော်လေး အကျပ်အတည်းထဲကို ရောက်နေခဲ့တယ်။ သူ့ရှေ့မှာရန်သူ တစ်ယောက် လာရပ်နေတာကမှ ဒီအခြေအနေထက် ပိုကောင်းအုံးမယ်။ ဒါက အတော်လေးကို ကို့ယို့ကားယား နိုင်လေတယ်။
" ကျွန်တော် ကရော သူ့ကို ဘယ်လိုခေါ်ရမာလဲ ''
" ဦးလေး လို့ပေါ့ ''
ရှုပေါ်စုက ပြန်ဖြေပေးတယ်။
" ကိုယ်တို့က အခုထိ လက်ထပ်ပွဲ မှမလုပ်ရသေးတာ။ ပြီးတော့ မိသားစုဝင်သွင်းတာလည်း မလုပ်ရသေးဘူး လေ။ ဒါကြောင့်မို့ အဖေလို့မခေါ်ပဲ ဦးလေးလို့ခေါ်နော်''
( ရှုလေးကို လက်မခံလို့ ညစ်နေတာပါနော် ။ သူ့ကိုအဖေလို့မခေါ်ခိုင်းရင် မွေးလာမယ့် ကလေးကလည်းအဖိုးလို့ ခေါ်စရာမလိုပါ)
ထိုကျယ်လောင်နေတဲ့ အသံကတစ်ခန်း လုံးကို ကြားသွားစေတယ်။
" ဒီ ညစ်ပတ်နံစော်နေတဲ့ ကောင်စုတ်လေးကတော့''
ရှုထင်းရှောင်က ကြိမ်းမောင်း လိုက်ပေမယ့် သူ့ကိုကြည့်ရတာတော့ အတော်လေးပျော်နေတဲ့ ပုံပေါက်လေတယ်။ နောက်တော့ ဖေဖေရှုက ကျန်းရှုကို ကြည့်ပြီးပြော လာခဲ့တယ်။
" ပေါ်စု ပြောတာမှန်ပေမယ့် အခုပဲ မိသားစု ဝင်အသစ်ကို အိမ်ထောင်စု စာရင်းသွင်းလို့ ရနေတာပဲလေ။ မဟုတ်လို့လား။ မင်းတို့က လက်ထပ်ပွဲမလုပ်ရသေးပေမယ့် လက်ထပ်စာချုပ် နီတွေ ရပြီးပြီလေကွာ''
ထိုစကားကြောင့်ပဲ ကျန်းရှုရဲ့ ပါးစပ် ထဲက ' ဦးလေး ' ဆိုတဲ့စကားလုံးကို ပြန်သာမျိုချ လိုက်ရတော့တယ်။ ဘာလို့လဲဆိုတော့ ဖေဖေရှုက အနောက်ကို ပြန်လှည့်သွား ပြီးတော့ မိသားစု အသစ်အတွက် ပြင်ထားတဲ့ ဟုန်ပေါင်း အနီအိတ်ကို သွားယူတာမလို့ပဲ ဖြစ်တယ် ။
" ခများ အဖေက တကယ်ကြီး စိုးရိမ်နေတာပဲကိုး''
ကျန်းရှုက ကို့ယို့ကားယား နဲ့ပြောလိုက်တယ်။
" ကိုယ့်အမေလည်း အတူတူပဲ စိုးရိမ်နေကြတာလေ''
ရှုပေါ်စုက အပြုံးလေးနဲ့ ပြောလိုက် တယ်။
သေချာတာပေါ့ မကြာခင်မှာပဲ မေမေရှုက လက်ထဲမှာ ဟုန်ပေါင်း အိတ်နီထူထူကြီးကို ယူလာပြီးတော့ သူမအနောက်က အိမ်ဖော်အန်တီကြီးကိုလည်း ရေနွေးကြမ်း အိုးတင်ထားတဲ့ဗန်းကို သယ်လာစေပြီး သူတို့ရှိရာကို လာခဲ့တယ် ။
လက်ထပ်ပွဲ မလုပ်ရသေးပဲ ချွေးမဆီကနေ ရေနွေးကြမ်း ကမ်းတာကို လက်ခံတာက မသင့်တော်မှန်းသူမ သိပါတယ်။ ဒါပေမယ့် ကျန်းရှုက ဗိုက်ကြီးနေပြီလေ။ ဆိုတော့ ရေနွေးကြမ်းကမ်းတာကို သူမလက်မခံရင် ပိုလို့တောင်မသင့်တော် တော့ဘူးမဟုတ်လား။ မဒမ်ရှုက လှမ်းပြီးတော့ အော်ခေါ်လိုက်တယ်။
" ယောကျာ်း ရေ အမြန်လာပြီးတော့ ဒီမှာထိုင်စမ်းပါ''
သူမက ခုံ ၂ ခုံချကာ လှမ်းပြောလိုက်တယ်။
ကျန်းရှု: ''.....''
သူတို့က ဒီလိုမျိုး မြေးလိုချင်လို့ လွယ်လွယ် နဲ့လက်ခံပေး လိုက်တယ်ပေါ့လေ။
ရှုပေါ်စု ကတော့ သူ့မိဘတွေ ကို ကျန်းရှုဘေးမှာ ရပ်ပြီးကြည့်နေရင်း ရယ်ချင်နေခဲ့တယ်။ နောက်တော့ အဖိုးအဖွား ဖြစ်ချင်နေတဲ့ မိဘတွေကို တစ်လှည့် ဖိအားများနေတဲ့ ဇနီးသည်ကို တစ်လှည့်ကြည့်ကာ ပြုံးနေတာကို မရပ်နိုင်တော့ပေ။
ငါ့ဘဝမှာ အတော်လေး အနိုင်ရသွားပြီလို့ ငါထင်မိတယ်။
ချစ်ရတဲ့ ဇနီးလေးရယ် ၊ ကလေးလေးရယ် ဘယ်လောက်တောင် ပျော်စရာကောင်းတဲ့ မိသားစု လေးလဲ။
ထိုနေရာမှာ သူ့အမရှိနေရင် ပိုလို့တောင် ကောင်းသွားအုံးမှာ။
မဒမ်ရှု: '' အိုကေ။ ငါတို့စပြီးတော့ မှတ်တမ်းတင် လိုက်ကြစို့''
သူမက အဝတ်အစားတွေ ကို သပ်ရပ်အောင် ပြင်ဆင်လိုက်ကာ မျက်နှာမှာအပြုံးလေး တစ်ခုနဲ့အတူ စောင့်နေခဲ့တယ်။
နောက်ကျမှ ပြောချင်တာကို သဘောပေါက်လာတဲ့ ကျန်းရှုကတော့ တစ်စုံ တစ်ယောက် က သူတို့ရဲ့ ရေနွေးကြမ်း ကမ်းတဲ့ပွဲကို ဗီဒီယိုအဖြစ်စပြီး မှတ်တမ်း ယူနေပြီဆိုတာကို သိလိုက် ရတယ်။
သေစမ်း!!
.......................................