ချစ်ခြင်းတို့အလွန်
By maiyuri18
1.1M 55.1K 2.1K
ကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ... More
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
တောင်းပန်ခြင်းနှင့်အသိပေးခြင်း
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း (၃၆)
အပိုင်း(၃၇)
အပိုင်း (၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း (၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း (၄၈)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
အပိုင်း (၅၉ )
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း (၆၂)
အပိုင်း(၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀) ဇာတ်သိမ်းပိုင်း (၁)
အပိုင်း(၇၁)ဇာတ်သိမ်းပိုင်း(၂)
Alert🔕
ဇာတ်သိမ်း
Extra (1) Birthday present 💙
Extra (2)
Extra (3)
Extra(4)
Extra (5) Final
အပိုင်း (၃၃)
15.5K 828 27
By maiyuri18
PLEASE DEAR 👉 (🙅‍♂️ဆဲဆိိုရိုင်းစိုင်းသော စကားလုံးကြမ်းများပါသောကြောင့် အသက်ပြည့်မှဖတ်စေချင်သည်🙅‍♂️)
" ဒါ ဘာတွေလဲ ...ကျုပ်ကို...ကျုပ်ကိုရှင်းပြစမ်းပါ အုံး ....ခင်များ..ရှင်းပါအုံး"
ခုရက်ပိုင်း ရာသီဥတုဖောက်ပြန်လို့နေမကောင်းဖြစ်ချင်နေတဲ့စိတ်ကိုအားတင်းရင်း တစ်ပတ်အတွင်း မြန်မာနိုင်ငံ ပြန်ဖို့အတွက် အလုပ်ကိုဖြတ်နေပြီ။ တိုင်းတပါးမှာ နှစ်ယောက်အတူ အားသန်ရာ ၊ ကိုက်ညီရာ အလုပ်ကို ရွေးပြီး ပုံမှန်မဟုတ်သော ကျွန်တော်တို့အိမ်ထောင်ရေးအတွက် ငွေရှာနေရပြီ။ နှစ်ဖက်မိဘက ပို့ပေးမည်ဟု ပြောသည်ကို ယောကျာ်းလေး မာန်ကြီးသော ကျွန်တော်အမျိုးသားလေးက လက်မခံခဲ့ပါ။ ကျွန်တော် အစ်ကိုကို လုပ်ကျွေးနိုင်တယ် မိဘတွေဆီက တစ်ကျပ်တစ်ပြားမှ မယူပါနဲ့လို့ ပြတ်သားစွာပြောခဲ့သည်။ သူလည်း ယောကျာ်းလေး
ကိုယ်လည်းမျိုးတူမို့ ဘယ်သူက ဘယ်သူကိုမှ အားမကိုးဘဲ နှစ်ယောက်သား မတူညီသော company နှစ်ခု မှာ ဌာနတစ်ခု၏ ခေါင်းဆောင်အဖြစ် အလုပ်လုပ်ခဲ့ကြသည်။
အဆင်ပြေနေပါသော ကျွန်တော်နှစ်ယောက်ကံကြမ္မာ ကျီစားပြီထင်တယ်၊ အရင်တစ်ရက်ဆီက ညနက်အချိန် ဝင်လာခဲ့သော ထက်ပိုင် ဖုန်းကြောင့် ကျွန်တော်ထိန့်လန့်တုန်လူပ်မိပြီ။ ကြောက်စရာအမှန်တရားတွေ ၊ ကောင်းပြည့်လေး နှင့် ငယ်သူငယ်ချင်းဖြစ်သူ ရဲရင့် တို့ကြားက ပြသနာ ၊ အစတည်ခဲ့ကြတာ ကျွန်တော်၊ ထက်ပိုင်တို့ပါသည်မဟုတ်ပါလား လို့တွေးပြီး သွေးပျက်နေမိသည်။ အမှန်တရားတို့ပေါ်ပေါက်လာပြီ၊ ယခု ကောင်းပြည့်လေးကိုရှာမရဘူး ၊ ရဲရင့် accident ဖြစ်လို့ ဆေးရုံရောက်နေတယ် ဆိုသည့် နောက်ဆက်တွဲသတင်းဆိုးတွေကြောင့် မွေးရပ်မြေကို အမြန်ပြန်ဖို့ စီစဉ်နေပြီ။ အလုပ်ကပြန်လာစဉ် တလျှောက်လုံး ကျွန်တော့်အမျိုးသားလေးကို ဘယ်လိုပြောရမလဲ တွေးမရ ၊ သူငယ်ချင်းသံယောဇဉ်ကြီးသော ကျွန်တော့်အမျိုးသားလေးသာ ဒီကြောက်စရာအမှန်တရားတွေ သိသွားရင်ဆိုတဲ့အတွေးက အသက်ရူမဝခဲ့။ မပြောမဖြစ်သော အကြောင်းအရာနှင့် အမှန်တရားကို လှည့်စားမိလို့ နာကျင်နောင်တတွေ ။
မပြောလို့မပြီးသည့်အရာမို့ ရလာမည့် ဘယ်အကျိုးဆက် ကိုမဆို ခံစားမည်ဟု စိတ်ပိုင်းဖြတ်ခါ အမျိုးသားလေးရှိရာ Bedroom သို့အလာ  ၊ သွေးပျက်မတက်မြင်ကွင်းက ကျွန်တော်ကို ဆီးကြိုနေသည်။ ရစရာမရှိအောင် ကျဲပြန့်နေပါသော စက္ကူအပိုင်းအစတွေ၊ ဖန်ကွဲစတွေ နံရံအား စိတ်ရှလက်ရှိ ထိုးကြိတ်နေပါသော ကျွန်တော့်ချစ်ရသူ။ သိပြီးပြီးပေါ့....ကောင်လေး အကုန်သိပြီးပြီပေါ့ လို့တွေးပြီး အသက်ရူရပ်တော့မည်လား ။ ငါ့ကိုများ မုန်း...သွားပြီလား ။ကိုယ်ဘာမှမသိရပါဘူး ၊ ကောင်းပြည့်လေးအပေါ် ကိုယ် ဘာမှမလုပ်ခဲ့ပါဘူးကွာ ။ ကိုယ်ရှင်းပါ့မယ် ..အားလုံးကို အသေးစိတ် တစ်ချက်ခြင်းဆီ ရှင်းပြပါ့မယ် လို့ မပြတ်ရွတ်ဆိုနေပါသော စကားတွေက လည်ပင်းအထက်သို့ တက်မလာဘဲ ရင်တွင်းတနေရာပူလောင်နေရပြီ။  ဟင်းအင်း ကိုယ်ကို အဲလို စိမ်းစိမ်းကြီး မကြည့်ပါနဲ့ ၊ ဟင်းအင်း ကိုယ်က အိမ်ထောင်ရေး အထိအခိုက်မခံနိုင်ဘူးနော်မောင်။ မောင်ကို အကုန်ရှင်းပြပါ့မယ် ၊ မောင်စိတ်ကျေနပ်သည်အထိ တစ်ခုခြင်း ရှင်းပြပါ့မယ် မောင်ရယ်။
"မောင်....."
"ဟား....သူတော်ကောင်းကြီးပါ့လား၊ ရှင်း ..ရှင်းစမ်းပါအုံး..ကျုပ်ကို .....ဒါတွေက ဘာတွေလဲ ဟင်၊ ကျုပ်ကို ဘယ်ချိန်ထိ ဖုံးကွယ်ထားမှာလဲဟင်... ခု ငကောင်း ဘယ်မလဲ ၊ ဘယ်လိုဖြစ်ကြတာလဲ၊ ဖြေ ...ဖြေလေ "
"အ့....မောင်..."
ခပ်စိမ်းစိမ်း ရွဲ့ပြီးပြောသော ကျွန်တော်အမျိုးသားလေးဆီ ဦးတည်ပြီး အသွား ၊ကျွန်တော် ပုခုံးနှစ်ဖက်ကို နာနာကျင်ကျင်ဖိကိုင်ပြီး မခံမရပ်နိုင်စွာ မေးနေသော မောင်ကို အပြစ်မဆိုအား။ ဟုတ်တယ် မောင်နာကျင်သင့်ပါသည်။  ပြသာနာဖြစ်နေတဲ့ တရားခံ ရဲရင့်က ကျွန်တော်ရဲ့ ညီအစ်ကိုသူငယ်ချင်း ဆက်ဆံရေးရှိသူ၊ ဘယ်ဆီ ဘယ်မှာ ရှာမတွေ့ ပျောက်ချင်းမလှ ပျောက်နေသော ကောင်းပြည့်လေးက မောင့်ရဲ့အရင်းနှီးဆုံးသော လူသားလေး။ ကိုယ်ကြောင့်မဟုတ်ပါဘူးလို့ ဘယ်လောက်ပဲ ကတိသစ္စာပြုနေပါစေ မောင်က ယုံမည်တဲ့လား။ မောင်က မုန်းသွားမှာလား ၊ ကျွန်တော်မြတ်နိုးရတဲ့ ကျွန်တော်နှင့်မောင့် အိမ်ထောင်ရေး ပြိုလဲရမှာလား။ မလုပ်ပါနဲ့မောင်ရယ်၊ မောင်ကြိုက်တဲ့အပြစ်ပေးပါ အိမ်ထောင်ရေး ပြိုလဲမယ့်စကားတော့ မပြောပါနဲ့ကွာ။ တောင်းပန်ပါ့မယ်မောင်ရယ်၊ ကိုယ့်ကို မောင်ကြိုက်သလိုပြောပါ ..နော် ။ ကိုယ့်အိမ်ထောင်ရေးတော့ မပျက်စီးပါရစေနဲ့။
"ခင်များတို့ကို ထင်မထားဘူး သိလား...အဲလောက်ထိအောက်တန်းကျလိမ့်မယ်လို့ ၊ အဲလောက်ထိ ယုတ်မာကြလိမ့်မယ်လို့၊ လူကြီးလူကောင်းကမွေးတဲ့ သားတွေဖြစ်ပါရဲ့ ဘာမှမသိနားမလည်တဲ့ တောသားလေးကို ခုလို အကွက်ကျကျ စီစဉ် ယုတ်မာခဲ့လိမ့်လို့ တခါမှမတွေးဖူးဘူး။ ကျုပ်....ကျုပ်ကို​ရော အပိုင်ရအောင်ယူခဲ့တာလား....တကယ်ရော ချစ်ခဲ့လား..."
"မောင်....မင်းတော်တော့ ၊ ငါကိုကြိုက်သ​လိုပြော ...ငါကို ကြိုက်သလောက်ထိ ထိုးလို့ရတယ်၊ ဒါပေမယ့် မင်း....မင်း..ငါအချစ်ကို မစော်ကားနဲ့.၊ ဒီပြသနာတွေမှာ ကိုယ့်မသိပါဘူး လို့မငြင်းဘူး ၊ ဟုတ်တယ် ကိုယ်တို့သုံးယောက်လုံး မှားမိခဲ့ကြတယ်၊ ဒါပေမယ့် မောင်ရယ်၊ မောင်ကို တကယ်ချစ်တာပါနော်၊ မောင် ကိုယ်ကိုယုံပါနော် ....နော်..မောင် "
"ဟားးးးးးဆိုစမ်းပါအုံး၊ မိန့်စမ်းပါအုံး အချစ်ဗိသုကာ ရှင်ကြီး...ဟင်၊ သိပ်အချစ်ကြီးနေပါ့လား ၊ အရမ်းကို ချစ်တက်နေသလား ဟင် ...။ ခု ခင်များတို့လုပ်ရပ်ကြောင့် ငကောင်း ဘယ်လောက်နာကျင်နေမလဲ ၊ ခင်များတို့ လူမဆန် လုပ်ခဲ့လို့ ဖြူစင်တဲ့ ငကောင်း ၊ ရိုးသားတဲ့ ကျုပ်သူငယ်ချင်းဘယ်လောက်ထိ ထိခိုက်မလဲ တွေးမိကြလား၊ ဟင် ခု ဘယ်မတဲ့လဲ ...သူက သိပ်ရိုးသားတာ၊ သူက သိပ် အ, တာ ဗျ....သိလား..ခင်များတို့ သိကြလား ..."
"မောင်......."
ရက်စက်လိုက်ကြတာ လုပ်ရက်လိုက်ကြတာ ။ ကျွန်တော့်သူငယ်ချင်းလေးက လုံးဝအဖြူထည်လေးပါဗျာ..လောကကြီးမာယာ ၊ လှည့်ကွက်တွေ အနိုင်ပိုင်းအနိုင်ယူတက်တဲ့ လောကသားရဲတွေကြားက အဖြူရောင်ယုန်ဖြူလေးပါ ။ ဟား...ခု ဘယ်မလဲ ခုဘယ်ဆီမှာတဲ့လဲကွာ၊ ငါ့အမှား...ငါ့အမှား..ငါသာမင်းကို မထားခဲ့ရင်၊ ငါသာ ဒီကိုမလာဘဲ မင်းကိုစောင့်ရှောက်ပေးခဲ့ရင် ငါ့သူငယ်ချင်းလေး ခုလိုဖြစ်မှာမဟုတ်ဘူး တွေးမိပြီး ယူကျိုးမရခဲ့ ။ ငါ့အမှားတွေပါ ငကောင်းရာ.....ငါပြန်လာမယ် ချက်ချင်းပြန်လာမယ်။ ဘယ်နေရာမှပဲ ရှိရှိ ငါ ရှာမည်။  ရှိသမျှ အင်အားသုံးပြီး မြန်မာတပြည်လုံးမကလို့ ဘယ်နေရာမှာ ရှိနေပါစေ ငါ  မြေလှန်ရှာမည်။ ငါ့သူငယ်ချင်းလေး၊ ငါ့ညီလေး ဘယ်လောက်နာကျင်လိုက်မလဲ၊ ဒီအောက်တန်းကျတဲ့ လူချမ်းသာတွေရဲ့လှည့်ကွက်တွေကြား၊ ချစ်မိသူကပေးတဲ့ ရက်စက်မူ ၊ လှည့်စားမူ၊ ကစားခဲ့မူတွေကြား ဘယ်လောက်နာကျင်နေရှာမလဲ တွေးမိရုံနှင့် အသက်ရူမဝခဲ့မိဘူး။
ငကောင်းမိဘ တွေကရော သိနေလောက်ပြီလား၊ ဦးလေးသာ ငကောင်း က မျိုးတူ ယောကျာ်းလေးနဲ့ ချစ်ကြိုက်နေမှန်းသိရင် ဘယ်လောက်တောင် ငကောင်းအပေါ် ရိုက်နက် ဆုံးမ နေမလဲ။  အနေအေးတဲ့ဒေါ်လေးကရော ငကောင်းကြောင့် ဘယ်လောက်ရှက်နေမလဲ။ အမြင်ကျဉ်းတဲ့ တောနေလူတန်းစားတွေကြား သူတို့မိသားစု ဘယ်လောက်မျက်နှာငယ်နေရှာမလဲ။ ငါ ထားခဲ့မိလို့၊ ငါ ငကောင်းအနား နေမပေးနိုင်လို့ ၊ ငါက ငကောင်းကို စောင့်ရှောက်ပါ့မယ်လို့ မမမိုးပြည့်ကို ကတိပေးခဲ့ဖူးတသည်။ ခု  ငါကအသုံးမကျတဲ့သူ၊ ငါကကတိပျက်စေတဲ့သူ ၊ ငါက ထားခဲ့သူပါကွာ။ ငါတောင်းပန်ပါတယ် ငကောင်းရာ ။ ပါးတို့က သိနေကြသလား ဒီပြသနာတွေ ၊ ငကောင်း ကိစ္စတွေ၊ နာကျင်နေရပါသော ခံစားမူတွေနှင့်အတူ အာရုံထဲ တဖြေးဖြေး သိမြင်စပေါ်လာသော အစ်ကို......အစ်ကိုက ကိုရဲရင့်မှမဟုတ်တာ။ ငါအပေါ် အစ်ကိုက အမြဲ ကောင်းပေးနေတာ ၊ ငါဘာလုပ်မိခဲ့တာလဲ ငါဘာလုပ်နေတာလဲ။ ....
တီ ~တီ
"မာ.....ငကောင်းကိစ္စ သိနေပြီလား ၊ ပါးရော သားကိုဘာလို့မပြောကြတာလဲ ဟင် မား၊ ပါး "
(.............)
"ဟုတ် ပြန်လာရင် သားကိုရှင်းပြရမယ်နော်၊ သား အစ်ကိုနဲ့ မနက်ဖန်  Flight နဲ့ပြန်လာမယ်"
(.........)
"ဟုတ် စိတ်ချပါမား၊ သား...အစ်ကိုကို တောင်းပန်ပါ့မယ်၊ သားအစ်ကိုကို မမုန်းပါဘူး"
(......)
" ဟုတ်မား...ရန်ကုန်မှာတွေ့မယ်မား ၊ ပါးရော ဂရုစိုက်ပါ"
ဒီနေ့အလုပ်က ပြန်ရောက်တာ စောနေသည်မို့ ကိုယ့်အလုပ်ထဲသုံးတဲ့ laptop  ကို charging သွင်းထားမိသည်။  အိပ်ခန်းဘေး စားပွဲပေါ်က အစ်ကို I-pad ဆီက စာတွေဝင်နေသံကြားရတယ်။ ပထမတော့သိပ်အာရုံမစိုက်မိ၊ ခဏအကြာဆက်တိုက်ဝင်နေသည်မို့ password မခံထားသော အစ်ကို I-pad ကို ဖွင့်ပြီး ကိုထက်ပိုင်ပို့ထားသော e-mail ကြောင့် တခဏ အသက်ရူရပ်သွားသည်။ ခဏအကြာ သတိကိုပြန်ထိမ်းပြီး ရင်ထဲမှ လိူင်တက်သော ခံစားချက်တို့ကြောင့် တချက်မက ဟစ်အော်ရင် မြင်မြင်သမျှ ပစ္စည်းတွေကို  လွှင့်ပစ်မိတယ်။ ငကောင်းက ခုထိ ဘယ်မှာမှ ရှာမရဘူးဆိုတဲ့ စာကြောင်းလေးကြောင့် ကျွန်တော့် အစ်ကို ကိုပါ ရန်သူလိုဆက်ဆံပြီး ရိုင်းစိုင်းစွာပြောဆိုခဲ့တယ်။ အစ်ကိုက ဟိုလူယုတ်မာရဲရင့် မဟုတ်ဘူး ဆိုတဲ့အသိကိုအတင်းပြန်ထိုးသိပ်
ထည့်ပြီး အစ်ကိုအပေါ် မှားခဲ့သမျှတောင်းပန်မည်။  ခုည တော့ မောင် စိတ်တွေ မွန်းကြပ်နေလို့ တခဏ တော့ လွတ်ထားပေးပါ အစ်ကို။ အစ်ကို ကို မနက်မှတောင်းပန်ပြီး မြန်မာပြည်ကိုပြန်မည်။   ဟို လူယုတ်မာကိုသတ်ပြီး ငကောင်းကိုရှာမယ်။
" အစ်ကို....."
"မောင်...လာလေ..."
                     ———————————————————————-
"  ကလေးငယ်......အားးးးးးးးးးးးးးး"
တိတ်ဆိတ်မှောင်မိုက်နေသောနေရာတစ်ခုမှ ကျွန်တော်ရှိနေတယ်၊ အလင်းရောင်ကို အားကိုးတကြီးလိုက်ရှာပါသောလည်း တစိုးတစိမျှ မမြင်ရ။ နားထဲမှာ ကျွန်တော်ကလေးငယ်အသံ နှင့်အတူထူးဆန်းသော ကလေးသေးသေးလေးအသံကို တခါတလေ စူးရှစွာ ကြားနေရသည်။ တခါတလေ သူတို့ ရယ်ရွှင်သံတွေ၊ တခါတလေ ကလေးသေးသေးလေး ငိုလို့ ကျွန်တော့်ကလေးငယ်ကချော့မြူသံတွေ ကို ပီပြင်စွာ ကြားနေရတယ်။ နေရာမှ ထ၍ ပတ်ပတ်လည်ကိုကြည့်မိပါသော်လည်း မှောင်မဲမူက ကြီးစိုးနေတယ်။ ကလေးငယ်....ဘယ်မလဲ၊ ကလေးငယ် ..မင်း ဘယ်မှာလဲ အသံပေးရင်း နားထဲကြားနေရသော သူတို့ အသံတွေနား တိုးကပ်၍ သွားပါသော်လည်း ကလေးငယ်ကို ကျွန်တော်မတွေ့ရ။ရှိစမျှအားကိုစုပြီး ကလေးငယ် ..ဘယ်မလဲ ဟစ်အော်ရင်း ခြေဦးတည်ရာ မှောင်မိုက်သော လမ်းတွေပေါ် ပြေးအော်နေသော်လည်း ကျွန်တော်အသံကို သူတို့မကြားလင့်စွာ ဖြေကြားခြင်းမရှိ ။ ကလေးငယ် ဘယ်မလဲ ဆိုတဲ့ ကျွန်တော်အသံတွေသာ အရပ်မျက်နာအနှံ့ ပဲတင်ထပ်သံများစွာ ပြန်ကြားနေရပြန်သည်။
မြင်ရပြီ အလင်းရောင်သေးသေးလေးနှင့် ကလေးငယ်။ အလင်းရောင်လေးက ကျွန်တော့်ကလေးငယ်အပေါ်ဖြာကြလျှက် လက်ထဲမှာလည်း အနှီးထုပ်ကလေးသေးသေးလေးကို ပွေ့ပိုက်ပြီး ကျွန်တော်ကို ကျောခိုင်းထားသည်။ပြုံးပျှော်စွာ ကလေးငယ်ဆီသွားမယ့်အလုပ် ၊ ကျွန်တော် ခြေတစ်လှမ်း တိုးတိုင်း ကလေးငယ်က ခြေတစ်လှမ်းဆုတ် ရာမှ အနောက်ဘက်ဆီက နက်စောက်နေ သော တောင်ကမ်းပါးရံ ထဲသို့ ကျမည်သာ ရှိတော့မည့်ဆဲဆဲ။ ကလေးငယ် ...နောက်မဆုတ်နဲ့ ၊ ရပ်နေ နောက်မဆုတ်နဲ့ ရပ်နေ။ ကိုကို လာခဲ့မယ်...ကိုကို လာနေပြီ လို့အော်ပြော  သံမဆုံး ခင်  ကလေးငယ် ခြေတစ်ဖက်အလှမ်းမှာ လေဟာနယ်ထဲ ပြုတ်ကျ သွားသော သူတို့နှစ်ဦး။ အပြေးလိုက်၍ ဖမ်းဆွဲမိပါသောကျွန်တော်လက်က လေဟာနယ်ကိုသာ ဆုပ်ကိုင်မိသည်။ ကိုယ့်မျက်စိရှေ့မှာတင် အနက်ရိူင်းဆုံးသော ချောက်ထဲ ရောက်သွားသော ကလေးငယ်။  သွားပြီ ကလေးငယ် ပြုတ်ကျ သွားပြီ။ ကလေးငယ် ....လို့ အသံကို အားကုန်ဟစ်အော်ရင်း။
"ကလေးငယ်.....မလုပ်ပါနဲ့....နောက်မဆုတ်နဲ့......အားးးးးးးးးးးးးးးးးးးးးး"
"သား...သားငယ်....သတိထားပါအုံး...သား..သားကြီး...မားသားလေးက်ို လုပ်ပါအုံး...သားငယ်"
"ရဲရင့် ...သတိရပြီလား....ရဲရင့် သတိထားပါအုံး....."
"Jackson ....သတိထားလို့....ကိုလင်း ဆေးရုံအုပ်ကို ချက်ချင်းသတင်းပို့ပေး၊ Jackson  သတိရလာပြီလို့ "
နားစည်မှ အကြားအာရုံခံစားမိပြီ၊ ပြင်ပမှာ မိမိအမည်ခေါ်ဆိုသံကို ကြားရသည့်တိုင် မျက်လုံးများက မဖွင့်နိုင်သေး။ မှိတ်ထားလျှက်သား မျက်ဝန်းတို့မှာ တသွင်သွင်စီးဆင်းနေသော မျက်ရည်တွေက ခေါင်းအုံးပေါ်ထင် အိုင်ထွန်းစေပြီ။ နားစည်ထံ ဝင်လာသော အသံများကို အသိစိတ်ဖြင့်ထိမ်းချုပ်ပြီး ခွဲခြမ်းလျှင်ပင် ကိုယ်ရှာဖွေနေသော ဂရုဏာနာသေးသေးလေးမပါခဲ့ ။ မဖွင့်ချင်တာ ကိုယ်တိုင်ကိုယ်က မျက်ဝန်းတွေကို မဖွင့်ချင်သေးတာ၊ ကိုယ်မြင်ချင်နေပါသော မျက်နှာသေးသေးလေး ကို ပထမဆုံး မျက်ဝန်းတို့ ဖွင့်ကြည့်စဉ် မမြင်မိပါက နောက်တစ်ကြိမ်ရင်ကွဲရမည်။ ဟင်း အင်း မဖွင့်ချင်ဘူး။ ထိတ်လန့်ခြောက်ခြားစွာ နိုးထ လာရအောင် ပြင်ပလောကမှာ ကျွန်တော် ဘေးမှာ ကလေးငယ်ရှိနေပါ့မလား။ ဘယ်လောက်ပင် မဖွင့်ဘူး ငြင်းဆိုနေပါစေ မြင်ရလို့ မြင်ရငြား ဖွင့်ကြည့်မိစဉ်ကာသည်လည်း နှစ်ဆ နာကျင်ရ၏။
"သားငယ်လေး....သတိရလာပြီလားဟင်...မားမားလေ..."
"မားမား....သား....သားကို ကူညီပေးပါ မားရယ်...သားကလေးကိုရှာပေးကြပါဗျ....သား...သားကလေးကို လိုက်ရှာရမယ် မားရယ်...သား..ကလေးငယ်နောက် လိုက်ရမယ်....အား....."
ဘုန်း......
"အမယ်လေး ...လုပ်ပါအုံး...သားကြီးရေ ...သားငယ်ကို ကယ်ကြပါအုံး...သား..လေး မားသားလေး သတိထားလေကွယ်..."
"အားးးးးးးးးးးးးးးးးးသေစမ်း ...သေစမ်း..."
ဘုန်း...ဘုန်း...
"ဟိတ်ကောင် ...တော်တော့လို့....ငါပြောနေတယ်လေ...Jackson "
"ရဲရင့်....မလုပ်ပါနဲ့ကွာ...မင်းမားမားလည်း သနားပါအုံး...မလုပ်ပါနဲ့သူငယ်ချင်းရာ....ငါတို့ ကောင်းပြည့်လေးကို ရှာနေပါတယ်"
ကျွန်တော်မျက်လုံးစ ဖွင့်စဉ်မှာပဲ အခန်းထဲ ဝှေ့ဝိုက်ရှာကြည့်မိတယ်၊ ကျွန်တော်ကလေးငယ် ဘယ်နေရာမှာ ပုန်းနေမလဲ၊ မားမားတို့ကိုကြောက်နေမလား ။ ပစ္စည်းစင်တွေရဲ့ နောက်မှာလား ၊ Bathroom ထဲမှာလား ၊ အပြင်ခဏ သွားသလား စောင့်ဆိုင်းရှာဖြေပါသော်လည်း နတ္တိသောအဖြေကား မပြောင်းလဲ။ ကိုယ်အမှား ကိုယ်အသုံးမကျတာပါ ကလေးငယ်ရယ်၊ ပြန်လည်ပြင်ဆင်ခွင့်ပေးပါ၊ အချိန်ခဏလောက်ပေးပါကွာ။ ကိုယ် $ သုံးမကျခဲ့တာပါ ကလေးငယ်ရယ်။ မားမားဆီ အကူအညီတောင်းမယ် ၊ ပါးရဲ့အရှိန်အာဏာနဲ့ ကလေးငယ်ကိုရှာမယ်။ ကမ္ဘာပေါ်မှ ရှိသမျှ လူတိုင်းဆီ တောင်းပန်ပြီး တောင်းမယ် ကျွန်တော်ကလေးငယ်ကို ပြန်ပေးကြပါ၊ ကျွန်တော် ချစ်တယ် မပြောရသေးလို့ ပြန်ပေးကြပါ။ ရှာဖွေပေးကြပါဗျာ...။ နာကျင်ကိုက်ခဲနေသော ခြေထောက်ကိုကြည့်မိတော့ စိတ်တွေက ထုံထိုင်းခဲ့ပြီ။ ကျွန်တော် ဒီအတိုင်းနေလို့မရဘူး ..ရှာရမယ်။ ကျွန်တော်ခန္ဓာကိုယ်နဲ့သွယ်တန်းထားသော ဆေးပိုက်ကိုဆွဲဖြုတ်ပြီး ကုတင်ပေါ်က ခြေထောက်ပြီး ဆင်းမည်အလုပ် ....ဘုန်းကနဲ လဲကျ သွားသော ကျွန်တော် ခန္ဓာကိုယ်။
ဘာလဲ ကျွန်တော်ခြေထောက်တွေ ကျိုးသွားတာလား ၊ ပြတ်သွားတာလား။ အားမလို အားမရ ဖြစ်ခြင်းများစွာဖြင့် သေချာအောင်အတည်ပြုစစ်ဆေးခြင်းပြုသည့် နောက်တစ်ဖန်ထပ် အထ လဲပြိုပြန်ပြီ။ ဘုန်း ခန်ဲမြည်သံနှင့်အတူ မားမားရဲ့အော်ဟစ်ငိုကြွေးသံ။ ခုမှ ကျွန်တော်ခြေထောက်တွေကသုံးစားမရမှန်းသိ၍ မကျေနပ်ခြင်း ၊ နာကျင်ခြင်းကို အကြောင်းပြု၍ ပတ်တီးစီးထားသော ညာခြေဖမိုးကို အားဖြင့် ထုချမိသည်။  ကျိုးစမ်း...ပြတ်စမ်း...ငါ့ကလေးနောက်လိုက်ရှာရမယ် မသိရော့သလား ...သေအောင်ကျိုးစမ်းဆိုပြီး ပတ်တီးဖြူဖြူထွေပေါ်မှာ အနီရောင်ပြောင်းသည်အထိ မကျေနပ်ခြင်းတွေကို ပေါက်ကွဲမိသည်။
"အားးးးးးး ကျိုးစမ်းကွာ....သွား..အနားမလာနဲ့။ သွား....ကျိုစမ်းကွာ ...ကလေးငယ်ရေ ....ဘယ်မလဲ... ကိုကိုဆီ ပြန်လာပါတော့...ကိုကိုအကုန် ရှင်းပြမှာမို့ ကိုကိုဆီပြန်လာပါတော့ ကလေးရေ...ဒီ လူမိုက် ကြီးဆီ ပြန်လာပေးပါကွာ....ချစ်တယ်လို့မပြောရသေးဘူးလေ...ကိုယ်က ကလေးကို သိပ်ချစ်တာ.....ငါ $ သုံးမကျလို့...ငါ အသုံးမကျလို...."
ဖြန်း...ဖြန်း....
"တော်တော့လို့ ...Jackson မင်းကို ငါသတ်မိလိမ့်မယ်...တောက် ...ငါကွာ..."
အခန်းပြင်ဘက် ဆေးရုံအုပ်ကြီး မှာကြားနေတာတွေကို ကျွန်တော်နှင့် ထက်ပိုင် နားထောင်နေစဉ် အခန်းတွင်းမှ မားမားအော်သံနှင့် Jackson  အော်ဟစ်သံတွေကြောင့် ကျွန်တော်တို့အဖွဲ့ တံခါးကိုဆွဲဖွင့်မိပြီး ဝင်ခဲ့မိတယ်။ မြင်လိုက်ရတဲ့မြင်ကွင်းက နှလုံးလှဖွယ်မရှိ။ ပြုတ်ကြနေသော ဆေးပိုက်တွေ၊ လဲလှောင်းနေသော ဆေးပစ္စည်းစင်တွေ၊ ပြန့်ကျဲနေသော ပစ္စည်းအပိုင်းအစ တွေက မြင်ကွင်းမှာ အကျည်းတန်လျှက်တည်ရှိနေသည်။ Accident ကြောင့် ထိခိုက်ထားမိသော ခြေထောက်ပေါ်ကပတ်တီးဖြူဖြူပေါ်တွေကို စိတ်ရှိလက်ရှိထုရိုက်နေပါသော Jackson ၊ ရှိသမျှအားလေးနဲ့ Jackson ကိုအတင်းဆွဲနေပါသော မားမားက ငိုယိုပြီး အော်ဟစ်အကူအညီတောင်းနေသည်။ Jackson ကိုအတင်းဆွဲ၍ တားနေပါသော ကိုလင်းနှင့် သက်တော်စောင့်အဖွဲ့တွေ၊ ငိုယိုနေသော မားမားကို ကျွန်တော်က ဖေးမ၍သားအမိ နှစ်ယောက် မျက်ရည်တွေ ပင်လယ်ဝေရပြီ။ အပါးက အိမ်တော်မှာ လုပ်ငန်းကို ပြန်လည်ဦးစီးနေရသောကြောင့် Jackson ဆီလိုက်မလာနိုင်ခဲ့။ ကျွန်တော်တို့မိသားစု ပျော်ရွှင်မူ ကုန်ဆုံးခဲ့ပြီ။ ချစ်ရေ မောင်တို့မိသားစု ချစ်တို့အပေါ် လုပ်ခဲ့မိတဲ့အမှားတွေအတွက် ဝဋ်လည်နေရပြီ၊ မောင်တောင်းပန်ပါတယ်ကွာ ....။
"ရဲရင့် ..တော်ပါတော့ကွာ၊မလုပ်ပါနဲ့တော့ မင်းဒီလိုလုပ်လို့ ဘာထူးမှာလဲကွာ"
"ထက်....ထက်ပိုင်....ငါလေ...ငါကြောင့် ...ငါ့ကလေးငယ် မရှိတော့ဘူး၊ ငါကြောင့်...ငါ့$သောက်မကျလို့..သိလား.၊ ခု ..ငါ့...ကလေးငယ်နောက် လိုက်ရမယ်..လိုက်ရှာရမယ်..မင်းဖယ်..မင်း ဖယ်လို့ "
" ကျွန်တော်တို့ အဖွဲ့တွေ အကုန်နယ်တွေထိ ဖြန့်ပြီး ရှာနေပါတယ်  ကိုရဲ ...ခြေထောက်ကို ဂရုစိုက်ပါ၊ နယ်က ကားဂိတ်တွေ ၊ air pot တွေကအစ အကုန် စီစစ်ပြီး လိုက်ရှာနေပါတယ်"
"ငါ ကြောင့် ဖြစ်တာ ငါ$ သုံးမကျလို့...ငါကြောင့် သိလား ...ကိုလင်း ...ငါ...ငါ..လေ....ငါကိုသာ သတ်လိုက်ပါကွာ၊ ငါကိုသာ သတ်ကြစမ်းပါကွာ"
"ရဲရင့် ...ရာ....ငါမင်းအတွက် ပျော်စရာသတင်းနဲ့မင်းဆီလာတွေ့တာကွ၊ ငါမင်းကိုအမြဲ ပြောတယ် ကောင်းပြည့်လေးက လူရိုးလေးပါ ၊ သူက သိပ်ဖြူစင်ရှာတာ လို့ ပြောခဲ့တယ်လေ ...ဟင်
မင်းအတ္တတွေကြောင့် ၊ မင်း$ ရူး အတွေးတွေကြောင့် ။ မင်းကိုယ်မင်း အထင်တွေကြီးပြီး ကလေးကို တစ်ဖက်သတ်အတွေးတွေနှင့်နှိပ်စက်နေတာ သိလား ၊ ဟင် ...ငါတို့လိုက်ရှာနေတဲ့ မင်းရဲ့ ကလေးငယ်က ကိုယ်ဝန်သည်ကွ၊ သိလား ...စောက်​ရူးကောင်ရဲ့၊ ကောင်းပြည့်လေး က လူတစ်သောင်း တစ်ယောက်မပါတဲ့ မမျိုးဥပါပြီး ကိုယ်ဝန်ဆောင်နိုင်တဲ့ Male pregnancy တဲ့။ အခု မင်းရဲ့ ရင်သွေးလေးကို လွယ်ထားနေရပြီသိလား ဟင်၊ $ ကောင်ရဲ့ ...ငါ့-ီးလို့ပဲ ခုလည်း ထင်လေ ၊ မင်းမှန်တယ် ထင်နေတယ်မဟုတ်လား ..ဟင် $ ကောင်ရဲ့ ခု မှ ဘာလို့ လိုက်ရှာနေလဲ ....မင်း နှိပ်စက်လို့ ဟိုက ဗိုက်တစ်လုံးနဲ့ပြေးပြီ။ခုမှ ဘာထဖြစ်နေလဲ ၊ ငါ-ိုးတဲ့ကွာ၊
ခု အကုန် -ီး ဖြစ်ကုန်ပြီ သိလား ၊ အဲ့ကလေးက ယောကျာ်းလေး ကိုယ်ဝန်သည်ကွ၊ မင်းရဲ့ ကလေးကို လွယ်နေရတာ သိလား .....ဟင်....ဟင် လို့......"
"ဘာ.....ဘာပြောလိုက်တာလဲ....ထက်ပိုင်..ငါ့ရဲ့ကလေးငယ်က ..ကိုယ်ဝန်နဲ့ဟုတ်လား..ဟင်..လို့ "
Next spoiler 👉(ငါကို သာ ရိုက်သတ်ကြပါကွာ/ Dr.တည်မြဲ လား ...နင်..ဧကရီ..ဒီpatient က ဘယ်လို)
# မမ အတွက် Vote ပေးခဲ့ဖို့ မမေ့နဲ့နော်
# Thanks for all.
                 ————————————————-
zawgyi
PLEASE DEAR  (🙅ဆဲဆိုရိုင်းစိုင်းသော စကားလုံးကြမ်းများပါသောကြောင့် အသက်ပြည့်မှဖတ်စေချင်သည်🙅)
"မောင်....."
"အ့....မောင်..."
"မောင်......."
တီ ~တီ
(.............)
(.........)
(......)
" အစ်ကို....."
"မောင်...လာလေ..."
          -
"သား...သားငယ်....သတိထားပါအုံး...သား..သားကြီး...မားသားလေးကျို လုပ်ပါအုံး...သားငယ်"
ဘုန်း......
ဘုန်း...ဘုန်း...
ဖြန်း...ဖြန်း....
# Thanks for all.
        -
Continue Reading
You'll Also Like
484K 21.8K 50
441K 23.1K 51
128K 17.8K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
581K 26.9K 61
ပထမဆုံး အရေးအသားမို့လို့ အမှားပါရင်လည်းဝေဖန်ပေးကြပါ။ ပထမဆုံး အရေးအသားမို့လို့ အမှားပါရငျလညျးဝဖေနျပေးကွပါ Started date -29.1.22( Saturday) Ending date...