Uni
ရာဇဝင်စံအိမ်၌ဝယ်ယနေ့အဖြစ်အပျက်ကို ကျေနပ်အားရစွာ အောင်ပွဲခံလျှက်ရှိသည်။
ဦးရာဇဝင် ယနေ့ည မြို့အုပ်မင်းပေါက်စဖြစ်ပျက်သွားပုံကို ကျေနပ်အားရလို့မဆုံးပေ။ ဤသည်ကြောင့် ဂိုဏ်းသားအားလုံးကို တစ်ပတ်လွတ်လပ်ခွင့်ပေးပြီး ပျော်ပွဲရွှင်ပွဲကျင်းပနေလိုက်သည်။ ကိုယ့်ကိုကိုယ်ဂုဏ်ပြုသည့်အနေဖြင့် ဘိလပ်က ဝယ်လာသည့် ဘိလပ်နှစ်ချို့ဝိုင်ကို ဖောက်ပြီး စားတော်ပွဲကျင်းပနေသည်။
ဦးရာဇဝင်သည်ပျော်ရွှင်နေသလောက်တိတ်ဆိတ်နေသောသမီးဖြစ်သူကြောင့်အကုန်လုံးအပြည့်အဝမပျော်ရဲကြပေ။
" သမီး မုန်း ဘာဖြစ်နေတာလဲ ဧည့်ခံပွဲကနေ ပြန်လာတည်းက သမီးမျက်နှာမကောင်းဖူးရယ် ဒယ်ဒီ့ကိုပြောပြလေ ဒယ်ဒီသမီးကို စိတ်ထိခိုက်အောင်လုပ်ပေးတဲ့သူတွေကို အကုန်သတ်ပေးမယ်"
အဖေ့ရဲ့စကားကြောင့် မုန်း လက်ထဲမှာညှပ်ထားသည့်ဘားမားစိတိတ်ကို အရှေ့စားပွဲမှာတင်ထားသည့်ဆေးလိပ်ပြာခွက်ထဲသို့ အားနဲ့ဖိပြီးထိုးချေလိုက်ပြီး မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့်ဖခင်မျက်နှာကိုစေ့စေ့ကြည့်ပြီး သူမသိချင်နေတဲ့မေးခွန်း၏ အဖြေကို အမေးထုတ်လိုက်သည်။
" ဒယ်ဒီ ..အမေက တဂယ် သေသွားတာရော ဟုတ်ရဲ့လား.."
စကားအဆုံးမှာ သူမရဲ့ဖခင်ရဲ့လက်ထဲမှာဆုပ်ကိုင်ထားသည့် ဝိုင်ခွက်လေးမှာမြေခသွားရတော့သည်။
ဦးရာဇဝင် သမီး၏ မျက်နှာကိုပြန်လည်စိုက်ကြည့်လိုက်တော့ အမုန်းတရားတွေနဲ့ပြည့်နှက်နေခဲ့သည်ကြောင့် အမှန်တရားတွေကို ရင်ထဲမှာပြန်လည်မျိုချလိုက်ရသည်။
" မဟုတ်..မဟုတ်တာ သမီးရဲ့ သမီးအမေက သမီးငယ်ငယ်တည်းက ဆုံးသွားတာလေ !"
သူမဖခင်၏ စကားကြောင့် ကျွန်းခုံကြီး၏လက်ရန်းကို တင်းကျပ်စွာဆုပ်ကိုင်ထားမိသည်။
" ဪ ဟုတ်သလား "
" ဟုတ် တာပေါ့ သမီးရဲ့ သမီးငယ်ငယ်လေးတည်းက သမီးရဲ့အမေက ဆုံးပါးသွားတာရော ဒါနဲ့ဘာလို့ တစ်ခါမှမမေးဖူးတဲ့အမေကို မေးနေတာလဲသမီး"
" ဘာမှမဟုတ်ပါဖူး ဒီတိုင်းသိချင်လာလို့ရယ်"
ပြောနေရင်းသမီး၏ မျက်နှာအမူအရာကို သေချာအကဲခတ်ကြည့်နေမိသည်။မပြောင်းလဲသွားသော မျက်နှာအမူအရာကို တွေ့ခါမှ သက်ပြင်းချနိုင်တော့သည်။
" ဟုတ်ပါပြီကွယ် သမီးငယ် ဒီလိုမှိုင်မနေသင့်ဖူးနော် ဒီညအောင်ပွဲခံရမှာပေါ့ ဟိုချွတ်တားကို ရိုက်ချနိုင်လိုက်တာ!"
" အဟင်း! သမီးပင်ပန်းနေလို့ဒယ်ဒီပဲ အောင်ပွဲခံလိုက်တော့ "
ကြောင်လိမ်လှေကားကနေသူမရှိရာအခန်းသို့တတ်သွားသောသမီးငယ်ရဲ့နောက်ကျောပြင်ငယ်ကိုကြည့်ရင်း မရေမတွက်နိုင်တဲ့အထိသက်ပြင်းတွေချမိသည်။သူသိသည် ဒီကလေးက တစ်စုံတစ်ရာကိုမသိပဲနဲ့တော့ သူ့အမေအကြောင်းကိုထုတ်မေးမှာမဟုတ်ဖူး ဒါဆို သူ..သူ ပြန်လာတာလား..။
*
*
*
*
*
*
*
*
*
*
ယခင်ညက အောင်ပွဲခံဖို့ခင်းကျင်းထားသည့်အစားအစာတွေဟာ ပုံမပျက်ပန်းမပျက်ရှိနေသည်ကြောင့် အိမ်ရှိအိမ်စေတွေဟာ ထိုစားပွဲကိုသိမ်းလိုက်ရတော့သည်။
ယနေ့မနက်ခင်းတွင်အိမ်ကြီးကမူ အသက်မဝင်တော့ပဲခြောက်ကပ်နေသလိုခံစားရသည် ယခင်ကလည်း တိတ်ဆိတ်တယ်ဆိုပေမဲ့ လူနေသည်ဟုထင်ရသေးသည်။
ဒီလိုခြောက်ကပ်သွားသည်က ယခုအကြိမ်နဲ့တိုင်နှစ်ကြိမ်မြောက်ရှိခဲ့လေပြီ။ ပထမတစ်ကြိမ်ကမူ စံအိမ်ပိုင်ရှင်၏ ဇနီးသည် ဆုံးပါးသွားသည့်အချိန်၊ ဒုတိယတစ်ကြိမ်ကမူ ယခု အချိန် ...။
ဒီစံအိမ်ကြီးသည်ဘယ်အချိန်တော့မှ စိုပြေတော့မှာလဲ...။
*
*
*
*
*
*
*
*
*
*
*
*
*
နှင်းဆီမြိုင်စံအိမ်တစ်ဝိုက်နှယ် ထုံးစံအတိုင်း မမေရှင်၏ ရှေးရေစက်သီချင်းသံဟာပျံ့လွှင့်မြဲပျံ့လွှင့်ဆဲ။
သီချင်းသံသာသာယာယာရှိသော်ငြားလည်း စံအိမ်ပိုင်ရှင်ကတော့မျက်နှာမကောင်းလျက်ရှိနေသည်။
ဧည့်ခန်းရှိကြိတ်သားခုံပေါ်မှာ မျက်နှာခြင်းဆိုင်ထိုင်ရင်းပြသာနာတစ်ခုကို ဆွေးနွေးနေကြသည်။ သို့သော်ငြားလည်း စကားပြောသံမကြားရပဲ သီချင်းသံကိုသာကြားနေရဆဲ။
အဆုံးမနေနိုင်တဲ့ဖြစ်သည့်မမချိုဘက်ပဲစပြောလိုက်တော့သည်။ သောက်လက်စရေနွေးချမ်းခွက်ငယ်ကို စားပွဲသို့တင်လိုက်ပြီး မျက်နှာချင်းဆိုင်မှာ မတုန်မလှုပ်ထိုင်နေသည့်သူကိုကြည့်ပြီးစကားစလိုက်ရတော့သည်။
" ဆုံးဖြတ်ချက်သေချာပြီလား အနွယ်"
" သေချာတယ် မမချို အနွယ် ဒီအလုပ်ကိုဆက်မလုပ်ချင်တော့ဖူး..."
" အနွယ့်သဘောပါ "
မျက်နှာမကောင်းသည့်မမချိုကြောင့်အနွယ်စိတ်မကောင်းပေမယ့်လျစ်လျှူရှုလိုက်သည်။
" ဒါနဲ့ အနွယ် ဘယ်နေရာပြောင်းမှာလဲ နေစရာမရှိရင် ဒီစံအိမ်မှာကြိုက်သလောက်နေလို့ရတယ်နော့်"
" ဟုတ် မမချိုအနွယ် အရင်တုန်းကနေခဲ့တဲ့ရွာမှာပဲ ပြန်နေဖို့ဆုံးဖြတ်ထားတယ် အိမ်ကလည်း အရင်အိမ်မှာပဲဆိုတော့စိတ်ပူစရာမလိုဖူး မမချို"
" အေးအေး နင့်သဘောပါအေ"
" ဝမ်းမနည်းပါနဲ့မမချိုရဲ့ချက်ချင်းကြီးလည်းမပြောင်းသေးပါဖူးရယ် တစ်လတန်သည်နှစ်လတန်သည်နေသွားဦးမှာပါ "
" အေးပါကွယ်"
" ဒါဆိုမမချိုအနွယ်စာတိုက်ခနသွားဦးမယ် အိမ်စရိတ်ငွေချေဖို့ ရွာကိုလှမ်းအကြောင်းကြားဖို့ ပြီးရင် ဖေးဘရိတ်ကုန်တိုက်မှာလိုအပ်တာလေးတွေသွားဝယ်မလို့ မသွားခင်လေးလက်ဆောင်ဝယ်ပေးချင်လို့ သျှင်းလေးအတွက်ရောလေ အယ် သျှင်းဆိုခါမှ သျှင်းရော မမချို"
" အယ် ဒီကလေးမ မနေ့ကအပြင်သွားမယ်ဆိုပြီးထွက်သွားတာ ခုထိပြန်မလာသေးအေ ဒီကလေးမ ဘယ်ခြေရှည်နေလဲမသိ"
" ဟင်း မမချို ဖြစ်နိုင်ရင်လေ သျှင်းကို အပျော်မယ်နေရာမသွင်းနဲ့ဦးကလေးမက အသက်ကခုထိပြည့်သေးတာမဟုတ် သူ့ကိုတော့အနွယ်အပျော်မယ်အဖြစ်နဲ့မမြင်ချင်ဖူး"
" အေးပါဟယ် ငါလဲသူ့ကို အပျော်မယ်နေရာမသွင်းပါဖူး အိမ်မှာ လက်တိုလက်တောင်းပဲလုပ်ခိုင်းမှာစိတ်ချစမ်းပါအေ"
" ဟုတ်ပြီ မမချို ဒါဆိုအနွယ်စာတိုက်သွားတော့မယ် တော်ကြာ နေမြင့်လာရင်အပူလျှပ်မှာစိုးလို့ "
" အေးအေးသွားသွား"
မမချိုကိုနှုတ်ဆက်ပြီး ခြံရှေ့ကိုထွက်လာခဲ့သည်။ အကြောင်းရှိလို့သာ ထွက်လာရတယ် စိတ်ထဲမှာတစ်စုံတစ်ခုကို စိတ်မတင်မကျဖြစ်နေသလိုခံစားနေရတယ်။ ဘာကြောင့်မှန်းမသိ စိတ်ထဲမှာလေးနေတယ်။
ဟူး ခက်တော့တာပါပဲ။
အနွယ်ကမ်းနားလမ်းမှာ ထီးထီးကြီးရှ်ိနေသည့်စာတိုက်ရှေ့မှာ လန်ချားသမားကိုခနရပ်ခိုင်းလိုက်ပြီး မိတိုးနဲ့သရောစီ နောက်လမယ် ရန်ကုန်လာဖို့ကြေးနန်းစာပို့လိုက်သည်။ ကြေးနန်းပို့ခ ကို ကျသင့်ငွေပေးလိုက်ပြီး ဖေးဘရိတ်ကုန်တိုက်ကို သွားခိုင်းလိုက်သည်။ တစ်လမ်းစီဖြစ်နေသည့်ကြောင့်ကုန်တိုက်ရှေ့ရောက်တော့ လန်ချားသမားကို ပိုပိုသာသာငွေပေးလိုက်ပြီးကုန်တိုက်ထဲလိုအပ်တာတွေဝယ်ဖို့ရယ် လျှောက်ပတ်ကြည့်နေလိုက်သည်။
ဖေးဘရိတ်ကုန်တိုက်က ဗမာလူမျိုးပိုင်ကုန်တိုက်တစ်ခုဖြစ်သည်ကြောင့် ဘိလပ်ကလာသည့်အရာတွေသိပ်မရှိ၊ သို့ပေမဲ့လည်း သူ့အကန့်နဲ့သူတော့စုံပါသည်။
အနွယ် ဘိလပ်ကလာသည့် မျက်နှာချေမှုန့်တွေထားသည့်တန်းဘက်ကို လျှောက်သွားပြီးမမချိုအတွက် လက်ဆောင်ကြည့်နေလိုက်သည်။
မျက်နှာချေမှုန့်အတန်းမယ် ပုံစံစန်းစန်းလေးတွေနဲ့အလှဆင်ထားသည့်မျက်နှာချေမှုန့်ဗူးတွေကြောင့် မျက်နှာချေမှုန့်မသုံးတဲ့ အနွယ်ပင် စိတ်ဝင်စားမိသည်။ လှမယ်ထင်သည့်ဗူးလေးကို ကိုင်ကြည့်ဖို့လုပ်ရင်း အနွယ်ကိုင်ဖို့လုပ်နေသည့်မျက်နှာချေမှူန့်ဗူးအပေါ်မှာပြိုင်တူရောက်လာသည့်လက်တစ်စုံ။
" တောင်းပန်ပါတယ်ရှင် အရင်ကြည့်ပါ"
အနွယ့်ဘက်က သံမကာသျှံကာပဲတောင်းပန်စကားဆိုလိုက်သော်လည်း တစ်ဖက်လူက ဘာစကားမှမပြောပဲအနွယ့်ကိုစိုက်ကြည့်နေသည်ကြောင့်အနွယ်လဲ တစ်ဖက်လူကိုပြန်၍ စိုက်ကြည့်လိုက်မိသည်။
မျက်စိရှေ့မှာ မားမားကြီးသူမကို စိုက်ကြည့်နေသည့် အမျိုးသမီးရဲ့ အသွင်ကိုမှတ်မိဖို့ အနွယ်ကြိုးစားယူလိုက်သည်။ ထိုအမျိုးသမီးက
" အမေ...."
၁၃.၆.၂၀၂၂
မိုး♡
(A/N တဂယ်ဆိုမနက်ဖြန်သဘက်ခါလောက်မှတင်ဖို့စဉ်းစားထားပေမဲ့ ရှားရှားပါးပါးကံကောင်းပြီး giveaway ပေါက်သွားလို့စိတ်ပျော်ပြီးလာတင်ပေးပါရှင့်🤍 ဒါနဲ့
ဘယ်သူလဲဆိုတာခန့်မှန်းကြည့်ကြပါနော် မုန်းအမေနဲ့ အနွယ့်အမေက တစ်ယောက်ထဲလားဆိုတာ😚🤍)
Zawgyi
ရာဇဝင္စံအိမ္၌ဝယ္ယေန႕အျဖစ္အပ်က္ကို ေက်နပ္အားရစြာ ေအာင္ပြဲခံလွ်က္ရွိသည္။
ဦးရာဇဝင္ ယေန႕ည ၿမိဳ႕အုပ္မင္းေပါက္စျဖစ္ပ်က္သြားပုံကို ေက်နပ္အားရလို႔မဆုံးေပ။ ဤသည္ေၾကာင့္ ဂိုဏ္းသားအားလုံးကို တစ္ပတ္လြတ္လပ္ခြင့္ေပးၿပီး ေပ်ာ္ပြဲ႐ႊင္ပြဲက်င္းပေနလိုက္သည္။ ကိုယ့္ကိုကိုယ္ဂုဏ္ျပဳသည့္အေနျဖင့္ ဘိလပ္က ဝယ္လာသည့္ ဘိလပ္ႏွစ္ခ်ိဳ႕ဝိုင္ကို ေဖာက္ၿပီး စားေတာ္ပြဲက်င္းပေနသည္။
ဦးရာဇဝင္သည္ေပ်ာ္႐ႊင္ေနသေလာက္တိတ္ဆိတ္ေနေသာသမီးျဖစ္သူေၾကာင့္အကုန္လုံးအျပည့္အဝမေပ်ာ္ရဲၾကေပ။
" သမီး မုန္း ဘာျဖစ္ေနတာလဲ ဧည့္ခံပြဲကေန ျပန္လာတည္းက သမီးမ်က္ႏွာမေကာင္းဖူးရယ္ ဒယ္ဒီ့ကိုေျပာျပေလ ဒယ္ဒီသမီးကို စိတ္ထိခိုက္ေအာင္လုပ္ေပးတဲ့သူေတြကို အကုန္သတ္ေပးမယ္"
အေဖ့ရဲ႕စကားေၾကာင့္ မုန္း လက္ထဲမွာညွပ္ထားသည့္ဘားမားစိတိတ္ကို အေရွ႕စားပြဲမွာတင္ထားသည့္ေဆးလိပ္ျပာခြက္ထဲသို႔ အားနဲ႕ဖိၿပီးထိုးေခ်လိဳက္ၿပီး မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ေနသည့္ဖခင္မ်က္ႏွာကိုေစ့ေစ့ၾကည့္ၿပီး သူမသိခ်င္ေနတဲ့ေမးခြန္း၏ အေျဖကို အေမးထုတ္လိုက္သည္။
" ဒယ္ဒီ ..အေမက တဂယ္ ေသသြားတာေရာ ဟုတ္ရဲ႕လား.."
စကားအဆုံးမွာ သူမရဲ႕ဖခင္ရဲ႕လက္ထဲမွာဆုပ္ကိုင္ထားသည့္ ဝိုင္ခြက္ေလးမွာေျမခသြားရေတာ့သည္။
ဦးရာဇဝင္ သမီး၏ မ်က္ႏွာကိုျပန္လည္စိုက္ၾကည့္လိုက္ေတာ့ အမုန္းတရားေတြနဲ႕ျပည့္ႏွက္ေနခဲ့သည္ေၾကာင့္ အမွန္တရားေတြကို ရင္ထဲမွာျပန္လည္မ်ိဳခ်လိဳက္ရသည္။
" မဟုတ္..မဟုတ္တာ သမီးရဲ႕ သမီးအေမက သမီးငယ္ငယ္တည္းက ဆုံးသြားတာေလ !"
သူမဖခင္၏ စကားေၾကာင့္ ကြၽန္းခုံႀကီး၏လက္ရန္းကို တင္းက်ပ္စြာဆုပ္ကိုင္ထားမိသည္။
" ဪ ဟုတ္သလား "
" ဟုတ္ တာေပါ့ သမီးရဲ႕ သမီးငယ္ငယ္ေလးတည္းက သမီးရဲ႕အေမက ဆုံးပါးသြားတာေရာ ဒါနဲ႕ဘာလို႔ တစ္ခါမွမေမးဖူးတဲ့အေမကို ေမးေနတာလဲသမီး"
" ဘာမွမဟုတ္ပါဖူး ဒီတိုင္းသိခ်င္လာလို႔ရယ္"
ေျပာေနရင္းသမီး၏ မ်က္ႏွာအမူအရာကို ေသခ်ာအကဲခတ္ၾကည့္ေနမိသည္။မေျပာင္းလဲသြားေသာ မ်က္ႏွာအမူအရာကို ေတြ႕ခါမွ သက္ျပင္းခ်နိဳင္ေတာ့သည္။
" ဟုတ္ပါၿပီကြယ္ သမီးငယ္ ဒီလိုမွိုင္မေနသင့္ဖူးေနာ္ ဒီညေအာင္ပြဲခံရမွာေပါ့ ဟိုခြၽတ္တားကို ရိုက္ခ်နိဳင္လိုက္တာ!"
" အဟင္း! သမီးပင္ပန္းေနလို႔ဒယ္ဒီပဲ ေအာင္ပြဲခံလိုက္ေတာ့ "
ေၾကာင္လိမ္ေလွကားကေနသူမရွိရာအခန္းသို႔တတ္သြားေသာသမီးငယ္ရဲ႕ေနာက္ေက်ာျပင္ငယ္ကိုၾကည့္ရင္း မေရမတြက္နိုင္တဲ့အထိသက္ျပင္းေတြခ်မိသည္။သူသိသည္ ဒီကေလးက တစ္စုံတစ္ရာကိုမသိပဲနဲ႕ေတာ့ သူ႕အေမအေၾကာင္းကိုထုတ္ေမးမွာမဟုတ္ဖူး ဒါဆို သူ..သူ ျပန္လာတာလား..။
*
*
*
*
*
*
*
*
*
*
ယခင္ညက ေအာင္ပြဲခံဖို႔ခင္းက်င္းထားသည့္အစားအစာေတြဟာ ပုံမပ်က္ပန္းမပ်က္ရွိေနသည္ေၾကာင့္ အိမ္ရွိအိမ္ေစေတြဟာ ထိုစားပြဲကိုသိမ္းလိုက္ရေတာ့သည္။
ယေန႕မနက္ခင္းတြင္အိမ္ႀကီးကမူ အသက္မဝင္ေတာ့ပဲေျခာက္ကပ္ေနသလိုခံစားရသည္ ယခင္ကလည္း တိတ္ဆိတ္တယ္ဆိုေပမဲ့ လူေနသည္ဟုထင္ရေသးသည္။
ဒီလိုေျခာက္ကပ္သြားသည္က ယခုအႀကိမ္နဲ႕တိုင္ႏွစ္ႀကိမ္ေျမာက္ရွိခဲ့ေလၿပီ။ ပထမတစ္ႀကိမ္ကမူ စံအိမ္ပိုင္ရွင္၏ ဇနီးသည္ ဆုံးပါးသြားသည့္အခ်ိန္၊ ဒုတိယတစ္ႀကိမ္ကမူ ယခု အခ်ိန္ ...။
ဒီစံအိမ္ႀကီးသည္ဘယ္အခ်ိန္ေတာ့မွ စိုေျပေတာ့မွာလဲ...။
*
*
*
*
*
*
*
*
*
*
*
*
*
ႏွင္းဆီၿမိဳင္စံအိမ္တစ္ဝိုက္ႏွယ္ ထုံးစံအတိုင္း မေမရွင္၏ ေရွးေရစက္သီခ်င္းသံဟာပ်ံ့လႊင့္ၿမဲပ်ံ့လႊင့္ဆဲ။
သီခ်င္းသံသာသာယာယာရွိေသာ္ျငားလည္း စံအိမ္ပိုင္ရွင္ကေတာ့မ်က္ႏွာမေကာင္းလ်က္ရွိေနသည္။
ဧည့္ခန္းရွိႀကိတ္သားခုံေပၚမွာ မ်က္ႏွာျခင္းဆိုင္ထိုင္ရင္းျပသာနာတစ္ခုကို ေဆြးႏြေးေနၾကသည္။ သို႔ေသာ္ျငားလည္း စကားေျပာသံမၾကားရပဲ သီခ်င္းသံကိုသာၾကားေနရဆဲ။
အဆုံးမေနနိုင္တဲ့ျဖစ္သည့္မမခ်ိဳဘက္ပဲစေျပာလိုက္ေတာ့သည္။ ေသာက္လက္စေရႏြေးခ်မ္းခြက္ငယ္ကို စားပြဲသို႔တင္လိုက္ၿပီး မ်က္ႏွာခ်င္းဆိုင္မွာ မတုန္မလႈပ္ထိုင္ေနသည့္သူကိုၾကည့္ၿပီးစကားစလိုက္ရေတာ့သည္။
" ဆုံးျဖတ္ခ်က္ေသခ်ာၿပီလား အႏြယ္"
" ေသခ်ာတယ္ မမခ်ိဳ အႏြယ္ ဒီအလုပ္ကိုဆက္မလုပ္ခ်င္ေတာ့ဖူး..."
" အႏြယ့္သေဘာပါ "
မ်က္ႏွာမေကာင္းသည့္မမခ်ိဳေၾကာင့္အႏြယ္စိတ္မေကာင္းေပမယ့္လ်စ္လ်ႉရႈလိုက္သည္။
" ဒါနဲ႕ အႏြယ္ ဘယ္ေနရာေျပာင္းမွာလဲ ေနစရာမရွိရင္ ဒီစံအိမ္မွာႀကိဳက္သေလာက္ေနလို႔ရတယ္ေနာ့္"
" ဟုတ္ မမခ်ိဳအႏြယ္ အရင္တုန္းကေနခဲ့တဲ့႐ြာမွာပဲ ျပန္ေနဖို႔ဆုံးျဖတ္ထားတယ္ အိမ္ကလည္း အရင္အိမ္မွာပဲဆိုေတာ့စိတ္ပူစရာမလိုဖူး မမခ်ိဳ"
" ေအးေအး နင့္သေဘာပါေအ"
" ဝမ္းမနည္းပါနဲ႕မမခ်ိဳရဲ႕ခ်က္ခ်င္းႀကီးလည္းမေျပာင္းေသးပါဖူးရယ္ တစ္လတန္သည္ႏွစ္လတန္သည္ေနသြားဦးမွာပါ "
" ေအးပါကြယ္"
" ဒါဆိုမမခ်ိဳအႏြယ္စာတိုက္ခနသြားဦးမယ္ အိမ္စရိတ္ေငြေခ်ဖိဳ႕ ႐ြာကိုလွမ္းအေၾကာင္းၾကားဖို႔ ၿပီးရင္ ေဖးဘရိတ္ကုန္တိုက္မွာလိုအပ္တာေလးေတြသြားဝယ္မလို႔ မသြားခင္ေလးလက္ေဆာင္ဝယ္ေပးခ်င္လို႔ သွ်င္းေလးအတြက္ေရာေလ အယ္ သွ်င္းဆိုခါမွ သွ်င္းေရာ မမခ်ိဳ"
" အယ္ ဒီကေလးမ မေန႕ကအျပင္သြားမယ္ဆိုၿပီးထြက္သြားတာ ခုထိျပန္မလာေသးေအ ဒီကေလးမ ဘယ္ေျခရွည္ေနလဲမသိ"
" ဟင္း မမခ်ိဳ ျဖစ္နိုင္ရင္ေလ သွ်င္းကို အေပ်ာ္မယ္ေနရာမသြင္းနဲ႕ဦးကေလးမက အသက္ကခုထိျပည့္ေသးတာမဟုတ္ သူ႕ကိုေတာ့အႏြယ္အေပ်ာ္မယ္အျဖစ္နဲ႕မျမင္ခ်င္ဖူး"
" ေအးပါဟယ္ ငါလဲသူ႕ကို အေပ်ာ္မယ္ေနရာမသြင္းပါဖူး အိမ္မွာ လက္တိုလက္ေတာင္းပဲလုပ္ခိုင္းမွာစိတ္ခ်စမ္းပါေအ"
" ဟုတ္ၿပီ မမခ်ိဳ ဒါဆိုအႏြယ္စာတိုက္သြားေတာ့မယ္ ေတာ္ၾကာ ေနျမင့္လာရင္အပူလွ်ပ္မွာစိုးလို႔ "
" ေအးေအးသြားသြား"
မမခ်ိဳကိုႏႈတ္ဆက္ၿပီး ၿခံေရွ႕ကိုထြက္လာခဲ့သည္။ အေၾကာင္းရွိလို႔သာ ထြက္လာရတယ္ စိတ္ထဲမွာတစ္စုံတစ္ခုကို စိတ္မတင္မက်ျဖစ္ေနသလိုခံစားေနရတယ္။ ဘာေၾကာင့္မွန္းမသိ စိတ္ထဲမွာေလးေနတယ္။
ဟူး ခက္ေတာ့တာပါပဲ။
အႏြယ္ကမ္းနားလမ္းမွာ ထီးထီးႀကီးရွ္ိေနသည့္စာတိုက္ေရွ႕မွာ လန္ခ်ားသမားကိုခနရပ္ခိုင္းလိုက္ၿပီး မိတိုးနဲ႕သေရာစီ ေနာက္လမယ္ ရန္ကုန္လာဖို႔ေၾကးနန္းစာပို႔လိုက္သည္။ ေၾကးနန္းပို႔ခ ကို က်သင့္ေငြေပးလိုက္ၿပီး ေဖးဘရိတ္ကုန္တိုက္ကို သြားခိုင္းလိုက္သည္။ တစ္လမ္းစီျဖစ္ေနသည့္ေၾကာင့္ကုန္တိုက္ေရွ႕ေရာက္ေတာ့ လန္ခ်ားသမားကို ပိုပိုသာသာေငြေပးလိုက္ၿပီးကုန္တိုက္ထဲလိုအပ္တာေတြဝယ္ဖို႔ရယ္ ေလွ်ာက္ပတ္ၾကည့္ေနလိုက္သည္။
ေဖးဘရိတ္ကုန္တိုက္က ဗမာလူမ်ိဳးပိုင္ကုန္တိုက္တစ္ခုျဖစ္သည္ေၾကာင့္ ဘိလပ္ကလာသည့္အရာေတြသိပ္မရွိ၊ သို႔ေပမဲ့လည္း သူ႕အကန႔္နဲ႕သူေတာ့စုံပါသည္။
အႏြယ္ ဘိလပ္ကလာသည့္ မ်က္ႏွာေခ်မႈန႔္ေတြထားသည့္တန္းဘက္ကို ေလွ်ာက္သြားၿပီးမမခ်ိဳအတြက္ လက္ေဆာင္ၾကည့္ေနလိုက္သည္။
မ်က္ႏွာေခ်မႈန႔္အတန္းမယ္ ပုံစံစန္းစန္းေလးေတြနဲ႕အလွဆင္ထားသည့္မ်က္ႏွာေခ်မႈန႔္ဗူးေတြေၾကာင့္ မ်က္ႏွာေခ်မႈန႔္မသုံးတဲ့ အႏြယ္ပင္ စိတ္ဝင္စားမိသည္။ လွမယ္ထင္သည့္ဗူးေလးကို ကိုင္ၾကည့္ဖို႔လုပ္ရင္း အႏြယ္ကိုင္ဖို႔လုပ္ေနသည့္မ်က္ႏွာေခ်မႉန႔္ဗူးအေပၚမွာၿပိဳင္တူေရာက္လာသည့္လက္တစ္စုံ။
" ေတာင္းပန္ပါတယ္ရွင္ အရင္ၾကည့္ပါ"
အႏြယ့္ဘက္က သံမကာသွ်ံကာပဲေတာင္းပန္စကားဆိုလိုက္ေသာ္လည္း တစ္ဖက္လူက ဘာစကားမွမေျပာပဲအႏြယ့္ကိုစိုက္ၾကည့္ေနသည္ေၾကာင့္အႏြယ္လဲ တစ္ဖက္လူကိုျပန္၍ စိုက္ၾကည့္လိုက္မိသည္။
မ်က္စိေရွ႕မွာ မားမားႀကီးသူမကို စိုက္ၾကည့္ေနသည့္ အမ်ိဳးသမီးရဲ႕ အသြင္ကိုမွတ္မိဖို႔ အႏြယ္ႀကိဳးစားယူလိုက္သည္။ ထိုအမ်ိဳးသမီးက
" အေမ...."
၁၃.၆.၂၀၂၂
မိုး♡
(A/N တဂယ္ဆိုမနက္ျဖန္သဘက္ခါေလာက္မွတင္ဖို႔စဥ္းစားထားေပမဲ့ ရွားရွားပါးပါးကံေကာင္းၿပီး giveaway ေပါက္သြားလို႔စိတ္ေပ်ာ္ၿပီးလာတင္ေပးပါရွင့္🤍 ဒါနဲ႕
ဘယ္သူလဲဆိုတာခန႔္မွန္းၾကည့္ၾကပါေနာ္ မုန္းအေမနဲ႕ အႏြယ့္အေမက တစ္ေယာက္ထဲလားဆိုတာ😚🤍)