ချစ်ခြင်းတို့အလွန်

By maiyuri18

1M 54.5K 2K

ကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ... More

အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
တောင်းပန်ခြင်းနှင့်အသိပေးခြင်း
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း (၃၆)
အပိုင်း(၃၇)
အပိုင်း (၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း (၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း (၄၈)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
အပိုင်း (၅၉ )
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း (၆၂)
အပိုင်း(၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀) ဇာတ်သိမ်းပိုင်း (၁)
အပိုင်း(၇၁)ဇာတ်သိမ်းပိုင်း(၂)
Alert🔕
ဇာတ်သိမ်း
Extra (1) Birthday present 💙
Extra (2)
Extra (3)
Extra(4)
Extra (5) Final

အပိုင်း (၃၂)

15.5K 784 28
By maiyuri18

တခါတလေ လောကကြီးက သိပ်ကြောက်စရာကောင်းတဲ့ ပြက်လုံးတစ်ခုသဖွယ် ပြက်လုံးမှန်းသိပါရက်နှင့် မရယ်ဝင့်ဘူး။ ဖြစ်ချင်ရာတွေကို ဖြစ်အောင်လုပ်ကြရင်း လွဲမှားတဲ့အတ္တ၊မာန ၊ လောဘတွေ နှင့်သူတစ်ပါးကို အနိုင်ယူနေကြရင်း ကိုယ်တိုင်ရူံးနေကြရပြန်သည်။ ကိုယ်သာ
လျှင်အမှန်တရားကို ဆုပ်ကိုင်ပြီး ဟစ်ကြွေးနေသော်လည်း ကိုယ်သာလျှင် လွဲမှားနေပါ့လားလို့သိခွင့်ရတဲ့အချိန်က နောက်ကျနေပြီမို့ ဘယ်အရာတွေသာ ပိုင်ဆိုင်ခွင့်ရခဲ့သလဲ။ ကိုယ်သာလျှင် အမှန်၊ ကိုယ်လုပ်တိုင်းအမှန်ဟု ဆိုနေသော်လည်း ကြောက်စရာကောင်းတဲ့ လောကကြီးက ကွယ်ရာကနေ ဟားတိုက်လို့ ကျွန်တော့်ကိုလှောင်ရယ်နေသည်။ မင်းရူးနေလား မင်းပိုင်ဆိုင်တဲ့အရာတွေကြောင့် မင်း ပြန်လည်နာကျင်ရလိမ့်မယ်လို့ ပြန် , ပြန်ပြောနေသည့်လား ကျွန်တော်ကို ခံရခက်စွာ အရပ်ရှစ်မျက်နှာကနေ ကြောက်စရာအမှန်တရား တချို့က တစ်ကွက်ပြီး တစ်ကွက် မှန်ပြင်ပေါ်, ပေါ်ထွက်လာနေခဲ့သည်။ Memmoryထဲ သိမ်းထားသကဲ့သို့ ဖြူစင်သော၊ စစ်မှန်သော ချစ်ခြင်းမေတ္တာ တွေကို ကျွန်တော် နင်းချေခဲ့မိပြီ။ ဖြူစင်မှန်ကန်တဲ့ ချစ်ခြင်းမေတ္တာကို လှည့်စားမိရင် ဆတူထက်ပိုသော နာကျင်မူများ ကြား အမှန်တရားဘက်တော်သားတွေ အလယ် ကျွန်တော် ကျဆုံးခြင်းက အတုံးအရုန်း။

မှန်ကန်ဖြူစင်တဲ့ချစ်ခြင်းမေတ္တာတွေ ဆိုတာ ကစားစရာလှည့်ကွက် တစ်ခုမဟုတ်ခဲ့ပါဘူး။ သည်အရာတွေကို ကစားမိခဲ့သူက ကစားနေစဉ် အနိုင်ရသည်ဟုထင်မှတ်ရပေမယ့် ကစားပွဲပြီးရင် ပြုံးပျော်ခဲ့ရဖူးသည်ထက် အဆများစွာနာကျင်ရတဲ့ နောင်တကို တစ်သံသရာလုံး ပိုင်ဆိုင် ရလိမ့်မယ်

နောင်တဆိုတာ ပုပ်ပွသွားတဲ့အသီးပုပ်တစ်မျိုးပဲ။ ပြန်လည်ပြင်ဆင်ချိန်မရ၊ ပြန်လိုချင်တမ်းတနေချိန် ပြန်လည်ထွေးပွေ့ခွင့်မရနိုင်တော့သည့် ခံစားချက်။ လူတိုင်းအမှားမကင်းတဲ့လောကကြီးမှာ ကျွန်တော်သာလျှင် အမှားကို အမှားပြုလုပ်၍ ထပ်တလဲလဲ အမှားလုပ်ခဲ့မိသူဖြစ်လိမ့်မည်။ကိုယ်အပေါ် ဖြူစင်မှန်ကန်တဲ့ ကလေးငယ်မေတ္တာကို လှည့်စားမိသည်၊ ကစားမိခဲ့သည် ၊ လိမ်ညာ ရယူခဲ့မိသည်။ အထင်မှား၊ အမြင်မှား နှင့် အတ္တအမှားတွေ ဆက်တိုက်လုပ်မိခဲ့သော ကျွန်တော် ဘယ်မလဲ အနိုင်၊ ဘယ်မလဲ ရှာဖွေနေတဲ့တရားမျှတမူ ၊ ဘယ်မလဲ အမှန်တရား။ အတ္တစွဲမှားခြင်းက ပေးတဲ့ သင်ခန်းစာမှာ ကျွန်တော်သာ ရင်ကွဲပက်လက်နှင့် ကျွန်တော် သိပ်ချစ်ရပါတယ်ဆိုတဲ့ကျွန်တော့်ကလေးငယ်ကို အဝေးသို့ ကိုယ်တိုင်တွန်းပို့ခဲ့မိပြီ။ ပြန်ပြင်မရတော့သည့်အမှားကို အတ္တအမှား၊ အစွဲမှားသော မာန်မာနကိုရှေ့တန်းတင်၍ ဆုံးဖြတ်ချက်မှားခဲ့သောကြောင့် ကျွန်တော်သာလျှင် သည်လောကမှာအမိုက်ဆုံး။

"ကလေးငယ်...ကိုယ်ဆီပြန်လာပေးပါကွာ၊ ကိုယ် အမှားတွေပါ ၊ ကိုယ်ကို ပြန်လည်တောင်းပန် ခွင့်ပေးပါ ၊ ကိုယ်အမှားတွေအတွက် ပြင်ဆင်ခွင့် တောင်းပန်ခွင့်လေးပေးပါကွာ "

ထိုင်ချမိသော လမ်းမကြီးဘေးက ပလက်ဖေါင်းတစ်နေရာပေါ်မှာ ကျွန်တော်မျက်ရည်တွေလည်း မဆဲခဲ့ပါ။ မိူင်းညို့လာသော မိုးက ကျွန်တော် ရင်ထဲက အပူမီးကို ကူညီငြိမ်းပေးမည့်အလား တဖွဲဖွဲကျနေသည်မှ သည်းထန်စွာ။ ဒီနေ့မှ ရာသီဥတုကတောင် ကိုယ်ဘက်မပါဘူးလား ။ မိူင်းအုံ့နေသော မိုးနတ်မင်းကိုကလေးငယ်ကို ကူရှာပေးဖို့ အကူအညီ​တောင်းရမလား။ တဖြူးဖြူးတသုန်သုန် တိုက်ခတ်နေသော လေနတ်သားကို ကျွန်တော့်ကလေးငယ် ရနံ့လေး ကို လိုက်ပြီး ရှာပေးဖို့ တောင်းဆိုရမလား။ ဘယ်နတ်မင်းဆီ တောင်းဆိုရမလဲ ၊ကိုကိုဆီ ပြန်လာပေးပါ ကွာ။ ပေါက်ကွဲပြီး စပ်ပျင်းနေသော မျက်နှာပေါ်က ဒဏ်ရာကသွေးကိုလည်း မသုတ်နိုင်၊ တဖက်လမ်းမပေါ်များ ကျွန်တော့်ကလေးငယ် ပေါ်လာမလား တောင်မြောက်ဝေ့ဝိုက် ရှာပါသောလည်း မြင်ကွင်းတွေက နတ္တိ။ တွေ့သမျှ လမ်းသွားလမ်းလာများကို ကလေးငယ်အား တွေ့မိပါ့လား မေးကြည့်သော်လည်း ခေါင်းရမ်းပြီးဖြေခဲ့ကြသည်။ လူအများက ကျွန်တော်ကို အရူးလို့သတ်မှတ်ပြီး ကွေကွင်းရှောင်သွားကြ၏ ၊ ဘယ်သူထင်မလဲ ကျွန်တော်က HANTHAR အိမ်တော်ရဲ့သားငယ်ဆိုတာ။ ဘယ်သူယုံနိုင်မလဲ လမ်းမပေါ် ခုလိုလဲပြိုနေတာ တချိန်က မာန်ကြီးခဲ့တဲ့ ရဲရင့်ဟန်သာပါလို့ပြောကြရင်။

! ကိုယ် ကို မမုန်းလိုက်ပါအုံး ကိုကိုက အားလုံးကို ရှင်းပြတောင်းပန်ပါမယ် ကလေးရယ် !လို့ အသံထွက် အော်မိသောလည်း ကျွန်တော်ကို အရူးတစ်ယောက်အလား လမ်းသွား၊ လမ်းလာများက ကွေ့ကွင်းရှောင်ကြသည်။ သည်းထန်စွာ ရွာတော့မည့်မိုးနဲ့အတူ ကလေးငယ်ကို ကျွန်တော်ဆီ ခေါ်ဆောင်လာပေးပါလို့ အရူးတစ်ယောက်လို လက်နှစ်ဖက်ကို မိုးပေါ်မြောက် တောင်းပန်နေမိသည်။ ကိုယ်ဆီပြန်လာပေးပါ တစ်ကြော်ကြော်ဟစ်အော်ရင်း လမ်းမပေါ် ပြိုလဲနေသော လူတစ်ယောက်ကို ခေါင်းရမ်း၍ ကွေ့ရှောင်သွားကြသော လူများစွာနှင့် မိုးစက်လေးတွေ ကြားက ရင်ကွဲနေပါသော Jackson ။ပတ်ဝန်းကျင်က ကျွန်တော့်ကို ဘယ်လိုမြင်မလဲ ၊ ဘယ်လိုထင်ကြ မလဲ၊ ဘယ်လိုအရူးမျိုးလို့ စွပ်စွဲ ကြမလဲ မသိချင်ဘူး ၊ ဂရုမစိုက်ဘူး ။ ဘယ်လောက်တောင် မှားမိတဲ့မိုက်ပြစ်တွေလဲ ၊ ဘယ်လောက်တောင်ဆိုးဝါးလွန်းလှလဲ။ ကျွန်တော်ကြောင့် ကလေးငယ်ကို ဘယ်လောက်တောင်နာကျင်နေရမလဲ တွေးမိတိုင်း လမ်းဘေး ဓါတ်တိုင်ကိုသာ ထိုးမိနေသည်က မရေမတွက်နိုင်သော အချက်မြောက်များစွာ။ ကျွန်တော်ဆီ ပြေးလာနေသော ငယ်သူငယ်ချင်းကြီး ထက်ပိုင်နဲ့ လူတစ်အုပ်ကို မမြင်မိဘဲ များစွာသော ထိုးချက်တွေကြောင့် ကျွန်တော်လက်တစ်ဖက်လုံးမှာလည်း သွေးချင်းချင်းနီခဲ့ပြီ။ ပြန်လာပါကွာ..ကိုကို တောင်းပန်ပါတယ်...မပြောင်းလဲသော စကားနှစ်ခွန်းကိုသာ အဆက်မပြတ်ရွတ်ဆိုရင် ကလေးငယ် ပုံစံလေး နဲ့တူသည့်အရာလေး မြင်မိသည့်ခဏ ။

"ကလေးငယ်....ကလေးငယ်....မပြေးနဲ့...မပြေးလိုက်ပါနဲ့...ကလေးငယ်..ကိုကိုလာမယ်...ကိုကိုလာခဲ့မယ် ..."

ကျွီ.........

ဒုန်းးးးးးးးးးးးးးး

"ရဲ့ရင့်.........."

"အစ်ကိုလေး....."

"Jackson.........."

ဟင်းအင်း ငါလိုချင်တဲ့ ကလေးငယ်မဟုတ်ပြန်ဘူးလား..။ နာတယ် ခြေထောက်ထက် ရင်ဘတ်ထဲက နာတယ်။ နာတယ် သွေးချင်းနီတဲ့လက် ထက် ကျွန်တော်နှလုံးသားက နာတယ်။ ကလေးငယ်ပုံစံတူလေးဆီပြေးအသွား လမ်းဖြတ်မှ ဖြတ်ဝင်လာသော ကားတစ်စီး...။ ကျွီခနဲ မြည်သံ ၊ ဒုန်းဆိုတဲ့ ပေါက်ကွဲ သံကလွဲ....ကျွန်တော် မျက်လုံးမှိတ်ချလိုက်သည် ဖြစ်ချင်ရာ ဖြစ်ပါစေတော့။ ကလေးငယ်ကို သိပ်ချစ်တယ်လို့ ပြောချင်သေးတယ် ကလေးရယ်။မှိတ်ကျသွားသည့် မျက်လုံးတို့က လူတစ်စု သူဆီပြေးလာနေသော်လည်း မမှီခဲ့။ ကလေးငယ်! လို့သာ နူတ်မှ တခွန်းထဲ ရေရွတ်၍ မေ့မျောသွားခဲ့သည်။

——————————————————————-

"မောင် သူငယ်ချင်း တွေဆီမသွားဘူးလား...ဒီနေ့ ရိပ် Duty off တယ် မေမေတို့အိမ်ခဏ သွားမယ် မောင် ရော.."

"ဟုတ်လား သွားလေ ရိပ် ကို မောင်ဝင်ပို့ပေးမယ်ပြီးမှ မောင်ရဲရင့်ဆီ ခဏ သွားမယ် "

"အင်း မိုးမချုပ်စေနဲ့အပြန် ၊ အော် ..ဒါနဲ့မောင် ဟိုတနေ့က ကိုရဲရင့်က ကောင်ငယ်ငယ်ချောလေးနှင့် HANTHAR GROUP လက်အောက်ခံ ဆေးရုံကိုလာတယ်တဲ့၊ သူနဲ့ပါလာတဲ့ ကောင်ချောလေးကို ဆေးလာစစ်ပေးတာတဲ့ ။ ခု အဲ့သတင်းက ရိပ်တို့ဆေးရုံထိ ပျံနေပြီ။ ကိုရဲရင့်က သာမာန်လူမှမဟုတ်တာ သိတယ်မဟုတ်လား အိမ်တော်က သားဆိုတော့ ထင်ထင်ပေါ်ပေါ်မနေလည်း အလိုလို သတင်းဖြစ်နေတာ ။ အဲ့ကောင်ချောလေးနှင့်အတူ ကောင်တာမှာ Pregnant အားဖြည့်ဆေးတွေ ယူသွားသတဲ့ ၊ အဲ့သတင်း ကို လူတိုင်းက သိချင်နေကြတယ် ကိုရဲရင်က official date news တွေထွက်တော့မှာလားဆိုပြီး ၊ အဲ့တာ မောင် သိလား "

"ဟုတ်လား မောင်လဲ ဘာမှမသိရပါ့လား ၊ မောင်အလုပ်ရူပ်နေတာနဲ့ သွားမတွေ့တာတာ ရိပ် အမြင်ပဲ၊ ဒါနဲ့ သူတို့ကို စမ်းသပ်ပေးလိုက်တဲ့ Professor အမည်သိလို့ရနိုင်မလား ရိပ် "

"မောင် က ဘာလို့ "

"သိထားရုံပါကွာ ရဲရင့်က မောင့်သူငယ်ချင်းလေ ရိပ်....ရွတ်...ဘာတွေစိုးရိမ်နေလဲ
မောင့်ဇနီးရိပ်က "

ရိပ်ပေးလာသော လိပ်စာကဒ်လေးအား သေချာကြည့်မိတော့ မြန်မာနိုင်ငံထိပ်သီး အထူးကုများ ထဲက တစ်ယောက်အမည်တဲ့လား ။ ကျွန်တော်ပြင်ပခရီး သွားချိန် ရဲရင့် ဘာတွေ လုပ်နေလဲ။ ရိပ်ပြောပုံအရ ကောင်ချောလေးက ကောင်းပြည့်ပဲနေမည် ဟု အတွေးထဲ ပေါ်လာပြန်သည်။ ရဲရင့် ကလေးကို ဘယ်လောက်နှိပ်စက်ထားပြန်ပြီလဲ ဆေးရုံလာပြရသည့်အထိ ။ မနေ့က လည်း ရဲရင့် လူယုံ ကိုလင်းနဲ့တွေ့သည် Shopping Mall တစ်ခုမှာ ရဲရင့်အကြောင်းမေးတော့ အဆင်ပြေပါတယ် လို့သာဖြေသွားခဲ့သည်။ တစ်ခဏအတွင်း မျက်နှာချက်ချင်းပျက်သွားတဲ့ကိုလင်းကို သူ အစ်မေးကြည့်တော့ ရဲရင့်က အခြေအနေဆိုးနေပြီ ကလေးအပေါ်နှိပ်စက်တာများနေပြီဆိုတာ တစ်စွန်းတစ သိခဲ့ရသည်။

Australia ရောက်နေတဲ့ သက်ကို ကို ဒီအကြောင်းတွေပြောပြတော့ သူလည်း ဘာမှမသိရဘူးလို့ပြောတယ်။ သိပ်မကြာခင် မြန်မာပြည်ကို သူ့အမျိုးသားနဲ့အတူ အလည်ပြန်လာဖို့ရှိတယ်လို့ ထပ်စောင်းပြောလာပြန်တယ်။ သက်ကို ပြန်လာမှ ရဲရင့်ဆီ သွားမယ်တွေးထားပြီး ပြင်ပထွက်ချိန် ခဏဖြတ်ထားသော ကျွန်တော် အလုပ်တွေကြား နေ့မနား၊ ညမအား။ ဇနီးဖြစ်သူ ရိပ်နဲ့ လက်ထပ်ပြီး အလုပ်တွေများတာက တစ်ကြောင်း၊ ဆေးရုံကိုစီမံဖို့လိုအပ်တဲ့ပညာတွေသင်ဖို့ ပြည်ပ ခဏ ထွက်ရတယ်။ ခု ပြန်ရောက်တာသိပ်မကြာသေး ။ ရဲရင့်ဆီ သွားမှ ရမယ်၊ တားသင့် တာ တားဖို့ ၊ ကလေးကို မချစ်ရင် လွတ်ပေးဖို့ ။ ဘာမှမသိတဲ့ ကောင်းပြည့်လေး ရဲရင့်ဒဏ် ဘယ်လောက်တောင် ခံနေရပြီလဲ တွေးရင်း ကိုယ်အမှားမကင်းမိသော အမှားတွေကြောင့် ထိတ်လန့်မူက မဖုံးကွယ်နိုင်ခဲ့ပြန်ဘူး။

ရိပ်ကို ယောက္ခမအိမ်ပို့ပြီး ရဲရင့်ဆီ ထွက်အလာ လမ်းကြုံလို့ ရဲရင့် နဲ့ကောင်းပြည့် သွားခဲ့တဲ့ ဆေးရုံကို ခဏ စုံစမ်းသွားခဲ့သည်၊၊ ရဲရင့် ကလေးကို အနာတရ ဖြစ်စေခဲ့တာလား ၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တာလား သိရမှသာ ဘယ်လို ထိမ်းပြောရမလဲ သိရမည်တွေးမိသောကြောင့် ခြေချမိခြင်း။ ရဲရင့်က တစောက်ကန်း သူမှန်တယ်ထင်ရင် ဘယ်သူမှမတားနဲ့မရဘူး ။ ဘယ်သူမှလည်း ဝင်မပြောနဲ့မကြိုက်ဘူး ။ တွေးရင်းဖြင့် HANTHAR GROUP လက်အောက်ခံ ဆေးရုံဆီသို့ ကားကို ဖြေးဖြေးမောင်းခဲ့တယ်။

"ဒီ ဆေးရုံပိုင်ရှင် သားငယ် ရဲရင်ဟန်သာတို့ကို ဆေးစစ်ကုသပေးတဲ့ သမားတော်ကြီးနဲ့ တွေ့ချင်လို့"

"အော်...ဟုတ်ကဲ့ရှင့် ...ကျွန်မနောက်က လိုက်ခဲ့ပါနော် ...သမားတော်ကြီးဆီ ပို့ပေးပါမယ်ရှင့်"

ဆေးရုံအောက်ထပ် စုံစမ်းရေးကောင်တာမှာ တစ်ချက်မေးမြန်းပြီး သွက်လက်ချက်ချာတဲ့ သူနာပြုလေး ခေါ်ဆောင်ရာ သမားတော်ကြီး နားနေဆောင်သို့ လိုက်ခဲ့မိတယ်။ ဟင်...Dr........အထွေထွေရောဂါ အထူးကု ဆိုတဲ့ အခန်းရှေ့ရပ်နေမိတယ်။ သူနာပြုလေးမှ အခန်းတံခါးကို နှစ်ချက်ခေါက်လို့ ဝင်ခွင့်တောင်းမိတော့ အထဲမှ ဝင်ခဲ့ပါဟု ဖြေသံကြားရသည်။ ဝင်လို့ရပါပြီရှင့် ဆိုတဲ့ သူနာပြုလေး စကားကိုခေါင်းတစ်ချက်ညိတ်ပြပြီး သမားတော်နားနေခန်းသို့ ဝင်မိတယ်။ အယ်......

"မင်း....က...နာမည်ဘယ်သူ...ငါ့တပည့် မြမြင့်မိုရ်ရိပ် အမျိုးသား မဟုတ်လား ....ကွ.."

"အာ..ဟုတ်ကဲ့ပါဗျ..မမှတ်မိသလိုဖြစ်သွားလို့တောင်းပန်ပါတယ်"

ရပါတယ်ကွာ ဆိုတဲ့အဖြေကို ပြုံးပြ၍ သာ သိလိုရာကို မေးမြန်းခဲ့ရသည်။ ရဲရင့် ဒီကိုဆေးခန်းပြလာမိသလားဆရာ လို့စတင်မေးမြန်းမိသည်။ ဆရာမှ မောင်ရဲရင့်က တယောက်တည်းလာတာမဟုတ်ကြောင်း ဘေးမှာကောင်ချောလေးပါလာကြောင်း။ ကောင်ချောလေး နောက်ကျောက ထိခိုက်ရာတချို့ဆေးလာထည့်ပေးရင်း ထူးဆန်းတဲ့ စမ်းသပ်မူအဖြေကိုပါ သိခွင့်ရခဲ့ပြန်သည်။ ဆရာကြီးပြောပုံအရဆို ကောင်းပြည့်လေးက ကိုယ်ဝန်ဆောင်နိုင်တဲ့ အမျိုးသားလေးလား။

ဟား....မယုံနိုင်ခြင်း၊ အံ့ဩခြင်း များစွာဖြင့် ဆရာကြီးရှင်းပြသော Male Pregnancy တွေအကြောင်း ပါသိခွင့်ရခဲ့ပြီ။ ဒါဆို ရဲရင့်ကံကောင်းလိုက်တာလို့ တွေးမဆုံးခင် ကောင်းပြည့်လေး နောက်ကျောက ဒဏ်ရာတွေက ရဲရင့်ကြောင့်လား ဆိုတဲ့ ထိတ်လန့်မူပါဝင်လာပြန်ခဲ့သည်။
မဖြစ်ဘူး ရဲရင့်ဆီ ခုချက်ခြင်း သွားပြီး ပြောရမယ်၊ ပုံမှန်မဟုတ်သော Male Pregnancy တွေက ဘယ်လောက်အန္တာရာယ် များတယ်ဆိုတဲ့အကြောင်းပါသိအောင်ပြောရမည်။ ဒီအကြောင်းတွေသာ ရဲရင့်သိရင် ငါ့ကောင် ဘယ်လောက်ပျော်လိုက်မလဲ။ ကောင်း...ကောင်းပြည့်လေးကရော...။ မသေချာသော စိတ်ရူပ်ထွေးခြင်းနဲ့အတူ ရဲရင့်ရှိရာ HANTHAR GROUP သို့အပြောင်းအလွှား ထွက်လာမိတယ်။

HANTHAR GROUP ကိုခြေချမိရုံရှိသေး ကြားရတဲ့သတင်း ၊ ရူပ်ရှပ်ခပ်နေပါသော သက်တော်စောင့်များနဲ့ အစ်ကိုမင်းမြင့်ဟန်သာ။ အစ်ကိုက ရှင်းပြလို့သိရတဲ့ နောက်ကျသွားသော အမှန်တရားနှင့် ပျောက်ဆုံးနေသောတရားခံရဲရင့်။ အစ်ကိုပြောပြချက်အရ ပြေးထွက်သွားသော ကိုယ်ဝန်သည်လေး ကောင်းပြည့် ဘယ်ဆီထွက်ပြေးသွားသည်ကို မည်သူမှမသိခဲ့ရ။ ဘယ်ဆီပြေးလို့ ရဲရင့်က ဘယ်နေရာ ကို လိုက်ရှာနေလဲ။ ထူပူနေသော ခေါင်းကို ခဏ တည်ငြိမ်အောင်ထိမ်း ရင်း အစ်ကိုမင်းမြတ်နဲ့အတူ ကောင်းပြည့်နှင့်ရဲရင့်ကို ရှာဖွေရန် Company ပြင်ပသို့။ မြောက်များစွာသော သက်တော်စောင့်တွေနဲ့အတူ အပူတပြင်းရှာဖွေမိတယ်။

ကြောက်စရာကောင်းသော အမှန်တရားနဲ့ ကောင်းပြည့်လေး၊ နောင်တ တရားနှင့်ရှင်သန်ရတော့မယ် ကျွန်တော်သူငယ်ချင်း၊ သူတို့ကြားက မြေစာပင် baby လေး။ ကံကြမ္မာ ကျီစယ်မူက အဲလောက်ပြင်းသလား။ မှားခဲ့တာ မှန်ပေမယ့် မိသားစု သုံးယောက်ကို တစ်စဆီ လွင့်စင်စေသလား။ မင်းကွာ..ရဲရင့် ငါတို့အမြဲတား ပါလျှက်နဲ့ကွာ ....မချိတကဲ ပြောဆို၍ တောင်၊ မြောက်၊ ဝဲ၊ ယာ ကို စေ့စေ့စပ်စပ် ကြည့်ပြီး နူတ်မှာလဲ အော်ခေါ်ရင်းရှာဖွေမိတယ်။ ဒီလူအုပ်ကြီး ဘာတွေရှာနေလဲမမေးနဲ့ HANTHAR GROUP ရဲ့သားငယ် ရဲရင့်ဟန်သာနှင့်သူ့အမျိုးသား၊ သူ့ကလေးကိုရှာဖွေနေတာလို့ ဖြေမိရင် ယုံကြည်နိုင်ကြပါ့မလား။

သည်းထန်သောမိုးရေတွေကြားမရပ်နားနိုင် ၊ ဆူညံ့သော ကားဟွန်းတီးသံ တစ်ခုကြောင့် ကျွန်တော်တို့ လှည့်အကြည့် ၊ ကားရှေ့မှာ လဲကျသွားသော ကျွန်တော့်ကောင်ကြီး ။ သက်စောင့်များစွာမှ လျှင်မြန်သူ ပြေးစေ၍ ထိမ်းဖမ်းပါသောလဲ မမှီခဲ့ စက္ကန့်အနည်းငယ်နောက်ကျခဲ့ပြီ။ ရဲရင့် .....လို့တချက်အော်ရင်း လဲကျနေသော သူငယ်ချင်းဆီသို့ လူအုပ်ကြီး က သူပြိုင် ငါပြိုင်ပြေးနေမိကြ၏။ ဘာမှမဖြစ်ပါစေနဲ့...ဘာမှမဖြစ်ရဘူး..မင်းဘာမှဖြစ်လိုက်လို့မရဘူး ရဲရင့်။ငါ မှာ မင်းအတွက်သတင်းကောင်းရှိသေးတယ်...ပြောရမှာမို့ဘာမှမဖစ်ပါစေနဲ့ဆုတောင်းနေမိတယ်။

"ရဲရင့် ..ဟိတ်ကောင် သတိထားလို့...ဟိတ်ကောင်...ငါ....ငါလေထက်ပိုင်လေ...ဟိတ်ကောင် "

လဲကျနေသောရဲရင့်ကို ပွေ့ထူးရင်း နူတ်မှ အဆက်မပြတ် သတိပြတ်မသွားဖို့ နိူးဆော်ပေးနေမိတယ်။ သည်းလိုက်တဲ့မိုး၊ အငြိုးနဲ့ရွာသလား အောက်မေ့ရတယ်။ ဖြစ်မှ ဖြစ်ရလေကွာလို့ ရေရွတ်ရင်း ရဲရင့်ကိုဆေးရုံပို့ဖို့ ပြင်ဆင်မိတယ်။ ဘာမှမဖစ်ပါစေနဲ့ ...ဆုတောင်းရင်း နီးစပ်ရာဆေးရုံတစ်ခုမှာပဲ ရဲရင့်ကို အရေးပေါ် ကုသပေးကြတယ်။

"တောက်....ငါကွာ...အဲ့ကောင် $ရူး ...ရှေ့မကြည့်နောက်မကြည့် သူထင်ရာ သူလုပ်တာ ...ခုအဲ့ကြောင့်မဖြစ်သင့်တာ ဖြစ်ကုန်ပြီ"

ညီဖြစါသူအတ္က် မချိတကဲ ပြောဆိုနေတဲ့ အစ်ကိုမင်းမြတ်ဟန်သာကို တစ်ချက်မော့မကြည့်ရဲ ။ ကိုယ်တိုင်လည်း ဒီဇာတ်လမ်းထဲ ပါခဲ့သည်မဟုတ်ပါ့လား။ သူအဆင်ပြေမှာပါလို့ အစ်ကိုမင်းမြတ်ကို တစ်ချက်ဖြေသိပ်ပေးရင် Australia ရောက်နေတဲ့ သက်ကိုဆီသို့ ရဲရင့် Accident ဖြစ်ကြောင်းဖွင့်ပြောပြီး အမြန်ပြန်လာဖို့ ခေါ်မိသည်။ ရဲရင့် accident ဖြစ်ရခြင်း အကြောင်းအရာကို ဖွင့်ဟပြောမိပြီး ချက်ချင်းအားခြင်းပြန်လာဖို့ e-mail ပို့ထားမိတယ်။တစ်ပတ်အတွင်းပြန်လာမည်ဟု အကြောင်းပြန်စာ ရခဲ့သည်။ ငါ့ကောင်ရာ ဘာမှမဖြစ်ပါနဲ့၊ ငါတို့ကောင်းပြည့်လေးကို ရှာရအုံးမယ် ၊ တောင်းပန်ရအုံးမယ်လေ ကွာလို့ စိတ်ထဲ ပြောရင်း အရေးပေါ်ခန်းရှေ့ ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိတယ်။ သိပ်မကြာခင်ထွက်ပေါ်လာသော တံခါးဖွင့်သံနဲ့အတူ အားလုံးက ရင်တမမ ဖြင့်အဖြေကိုစောင့်မျှော်နေပြီ။ ကျွန်တော်သူငယ်ချင်းဘေးကင်းပါစေ ဘုရား ။

" ဆရာတို့အတက်နိုင်ဆုံး ကုသထားပေးပါတယ် ၊အသက်အန္တာရာယ် စိတ်ချရပါပြီ ဒါပေမယ့်
ခြေထောက် ထိမိတာကြောင့် လအတော်ကြာ ဆေးစည်း ပြီး အနားယူရပါ့မယ် ၊ ခွင့်ပြုပါအုံး "

ဟာ !လို့ တစ်ချက်အသံထွက်မိရင်း အသက်ဘေးမှ ကပ်၍ လွတ်ခဲ့သော သူငယ်ချင်းကြီး။ အကုသိုလ်ကလည်း အပြုံလိုက် လာသလားကွာ။ ဘယ်ချိန်ကများ အစုံလိုက်အပြုံလိုက်လာဖို့ တိုင်ပင်နေကြလဲမသိလို့ ဘယ်ဆီကိုရန်ရှာရင်း ၊ ဘယ်သူကိုများ ရဲရင့်အတွက် ကူထိုးပေးရမလဲ မသိခဲ့။

—————————————————————————-

#Vote & feedback ပေးခဲ့ဖို့မမေ့နဲ့နော်
#Thanks for all.

zawgyi


တခါတေလ ေလာကႀကီးက သိပ္ေၾကာက္စရာေကာင္းတဲ့ ျပက္လုံးတစ္ခုသဖြယ္ ျပက္လုံးမွန္းသိပါရက္ႏွင့္ မရယ္ဝင့္ဘူး။ ျဖစ္ခ်င္ရာေတြကို ျဖစ္ေအာင္လုပ္ၾကရင္း လြဲမွားတဲ့အတၱ၊မာန ၊ ေလာဘေတြ ႏွင့္သူတစ္ပါးကို အနိုင္ယူေနၾကရင္း ကိုယ္တိုင္႐ူံးေနၾကရျပန္သည္။ ကိုယ္သာ
လွ်င္အမွန္တရားကို ဆုပ္ကိုင္ၿပီး ဟစ္ေႂကြးေနေသာ္လည္း ကိုယ္သာလွ်င္ လြဲမွားေနပါ့လားလို႔သိခြင့္ရတဲ့အခ်ိန္က ေနာက္က်ေနၿပီမို႔ ဘယ္အရာေတြသာ ပိုင္ဆိုင္ခြင့္ရခဲ့သလဲ။ ကိုယ္သာလွ်င္ အမွန္၊ ကိုယ္လုပ္တိုင္းအမွန္ဟု ဆိုေနေသာ္လည္း ေၾကာက္စရာေကာင္းတဲ့ ေလာကႀကီးက ကြယ္ရာကေန ဟားတိုက္လို႔ ကြၽန္ေတာ့္ကိုေလွာင္ရယ္ေနသည္။ မင္း႐ူးေနလား မင္းပိုင္ဆိုင္တဲ့အရာေတြေၾကာင့္ မင္း ျပန္လည္နာက်င္ရလိမ့္မယ္လို႔ ျပန္ , ျပန္ေျပာေနသည့္လား ကြၽန္ေတာ္ကို ခံရခက္စြာ အရပ္ရွစ္မ်က္ႏွာကေန ေၾကာက္စရာအမွန္တရား တခ်ိဳ႕က တစ္ကြက္ၿပီး တစ္ကြက္ မွန္ျပင္ေပၚ, ေပၚထြက္လာေနခဲ့သည္။ Memmoryထဲ သိမ္းထားသကဲ့သို႔ ျဖဴစင္ေသာ၊ စစ္မွန္ေသာ ခ်စ္ျခင္းေမတၱာ ေတြကို ကြၽန္ေတာ္ နင္းေခ်ခဲ့မိၿပီ။ ျဖဴစင္မွန္ကန္တဲ့ ခ်စ္ျခင္းေမတၱာကို လွည့္စားမိရင္ ဆတူထက္ပိုေသာ နာက်င္မူမ်ား ၾကား အမွန္တရားဘက္ေတာ္သားေတြ အလယ္ ကြၽန္ေတာ္ က်ဆဳံးျခင္းက အတုံးအ႐ုန္း။

မွန္ကန္ျဖဴစင္တဲ့ခ်စ္ျခင္းေမတၱာေတြ ဆိုတာ ကစားစရာလွည့္ကြက္ တစ္ခုမဟုတ္ခဲ့ပါဘူး။ သည္အရာေတြကို ကစားမိခဲ့သူက ကစားေနစဥ္ အနိုင္ရသည္ဟုထင္မွတ္ရေပမယ့္ ကစားပြဲၿပီးရင္ ၿပဳံးေပ်ာ္ခဲ့ရဖူးသည္ထက္ အဆမ်ားစြာနာက်င္ရတဲ့ ေနာင္တကို တစ္သံသရာလုံး ပိုင္ဆိုင္ ရလိမ့္မယ္။

ေနာင္တဆိုတာ ပုပ္ပြသြားတဲ့အသီးပုပ္တစ္မ်ိဳးပဲ။ ျပန္လည္ျပင္ဆင္ခ်ိန္မရ၊ ျပန္လိုခ်င္တမ္းတေနခ်ိန္ ျပန္လည္ေထြးေပြ႕ခြင့္မရနိုင္ေတာ့သည့္ ခံစားခ်က္။ လူတိုင္းအမွားမကင္းတဲ့ေလာကႀကီးမွာ ကြၽန္ေတာ္သာလွ်င္ အမွားကို အမွားျပဳလုပ္၍ ထပ္တလဲလဲ အမွားလုပ္ခဲ့မိသူျဖစ္လိမ့္မည္။ကိုယ္အေပၚ ျဖဴစင္မွန္ကန္တဲ့ ကေလးငယ္ေမတၱာကို လွည့္စားမိသည္၊ ကစားမိခဲ့သည္ ၊ လိမ္ညာ ရယူခဲ့မိသည္။ အထင္မွား၊ အျမင္မွား ႏွင့္ အတၱအမွားေတြ ဆက္တိုက္လုပ္မိခဲ့ေသာ ကြၽန္ေတာ္ ဘယ္မလဲ အနိုင္၊ ဘယ္မလဲ ရွာေဖြေနတဲ့တရားမွ်တမူ ၊ ဘယ္မလဲ အမွန္တရား။ အတၱစြဲမွားျခင္းက ေပးတဲ့ သင္ခန္းစာမွာ ကြၽန္ေတာ္သာ ရင္ကြဲပက္လက္ႏွင့္ ကြၽန္ေတာ္ သိပ္ခ်စ္ရပါတယ္ဆိုတဲ့ကြၽန္ေတာ့္ကေလးငယ္ကို အေဝးသို႔ ကိုယ္တိုင္တြန္းပို႔ခဲ့မိၿပီ။ ျပန္ျပင္မရေတာ့သည့္အမွားကို အတၱအမွား၊ အစြဲမွားေသာ မာန္မာနကိုေရွ႕တန္းတင္၍ ဆုံးျဖတ္ခ်က္မွားခဲ့ေသာေၾကာင့္ ကြၽန္ေတာ္သာလွ်င္ သည္ေလာကမွာအမိုက္ဆုံး။

"ကေလးငယ္...ကိုယ္ဆီျပန္လာေပးပါကြာ၊ ကိုယ္ အမွားေတြပါ ၊ ကိုယ္ကို ျပန္လည္ေတာင္းပန္ ခြင့္ေပးပါ ၊ ကိုယ္အမွားေတြအတြက္ ျပင္ဆင္ခြင့္ ေတာင္းပန္ခြင့္ေလးေပးပါကြာ "

ထိုင္ခ်မိေသာ လမ္းမႀကီးေဘးက ပလက္ေဖါင္းတစ္ေနရာေပၚမွာ ကြၽန္ေတာ္မ်က္ရည္ေတြလည္း မဆဲခဲ့ပါ။ မိူင္းညို႔လာေသာ မိုးက ကြၽန္ေတာ္ ရင္ထဲက အပူမီးကို ကူညီၿငိမ္းေပးမည့္အလား တဖြဲဖြဲက်ေနသည္မွ သည္းထန္စြာ။ ဒီေန႕မွ ရာသီဥတုကေတာင္ ကိုယ္ဘက္မပါဘူးလား ။ မိူင္းအုံ႕ေနေသာ မိုးနတ္မင္းကိုကေလးငယ္ကို ကူရွာေပးဖို႔ အကူအညီေတာင္းရမလား။ တျဖဴးျဖဴးတသုန္သုန္ တိုက္ခတ္ေနေသာ ေလနတ္သားကို ကြၽန္ေတာ့္ကေလးငယ္ ရနံ႕ေလး ကို လိုက္ၿပီး ရွာေပးဖို႔ ေတာင္းဆိုရမလား။ ဘယ္နတ္မင္းဆီ ေတာင္းဆိုရမလဲ ၊ကိုကိုဆီ ျပန္လာေပးပါ ကြာ။ ေပါက္ကြဲၿပီး စပ္ပ်င္းေနေသာ မ်က္ႏွာေပၚက ဒဏ္ရာကေသြးကိုလည္း မသုတ္နိုင္၊ တဖက္လမ္းမေပၚမ်ား ကြၽန္ေတာ့္ကေလးငယ္ ေပၚလာမလား ေတာင္ေျမာက္ေဝ့ဝိုက္ ရွာပါေသာလည္း ျမင္ကြင္းေတြက နတၱိ။ ေတြ႕သမွ် လမ္းသြားလမ္းလာမ်ားကို ကေလးငယ္အား ေတြ႕မိပါ့လား ေမးၾကည့္ေသာ္လည္း ေခါင္းရမ္းၿပီးေျဖခဲ့ၾကသည္။ လူအမ်ားက ကြၽန္ေတာ္ကို အ႐ူးလို႔သတ္မွတ္ၿပီး ေကြကြင္းေရွာင္သြားၾက၏ ၊ ဘယ္သူထင္မလဲ ကြၽန္ေတာ္က HANTHAR အိမ္ေတာ္ရဲ႕သားငယ္ဆိုတာ။ ဘယ္သူယုံနိုင္မလဲ လမ္းမေပၚ ခုလိုလဲၿပိဳေနတာ တခ်ိန္က မာန္ႀကီးခဲ့တဲ့ ရဲရင့္ဟန္သာပါလို႔ေျပာၾကရင္။

! ကိုယ္ ကို မမုန္းလိုက္ပါအုံး ကိုကိုက အားလုံးကို ရွင္းျပေတာင္းပန္ပါမယ္ ကေလးရယ္ !လို႔ အသံထြက္ ေအာ္မိေသာလည္း ကြၽန္ေတာ္ကို အ႐ူးတစ္ေယာက္အလား လမ္းသြား၊ လမ္းလာမ်ားက ေကြ႕ကြင္းေရွာင္ၾကသည္။ သည္းထန္စြာ ႐ြာေတာ့မည့္မိုးနဲ႕အတူ ကေလးငယ္ကို ကြၽန္ေတာ္ဆီ ေခၚေဆာင္လာေပးပါလို႔ အ႐ူးတစ္ေယာက္လို လက္ႏွစ္ဖက္ကို မိုးေပၚေျမာက္ ေတာင္းပန္ေနမိသည္။ ကိုယ္ဆီျပန္လာေပးပါ တစ္ေၾကာ္ေၾကာ္ဟစ္ေအာ္ရင္း လမ္းမေပၚ ၿပိဳလဲေနေသာ လူတစ္ေယာက္ကို ေခါင္းရမ္း၍ ေကြ႕ေရွာင္သြားၾကေသာ လူမ်ားစြာႏွင့္ မိုးစက္ေလးေတြ ၾကားက ရင္ကြဲေနပါေသာ Jackson ။ပတ္ဝန္းက်င္က ကြၽန္ေတာ့္ကို ဘယ္လိုျမင္မလဲ ၊ ဘယ္လိုထင္ၾက မလဲ၊ ဘယ္လိုအ႐ူးမ်ိဳးလို႔ စြပ္စြဲ ၾကမလဲ မသိခ်င္ဘူး ၊ ဂ႐ုမစိုက္ဘူး ။ ဘယ္ေလာက္ေတာင္ မွားမိတဲ့မိုက္ျပစ္ေတြလဲ ၊ ဘယ္ေလာက္ေတာင္ဆိုးဝါးလြန္းလွလဲ။ ကြၽန္ေတာ္ေၾကာင့္ ကေလးငယ္ကို ဘယ္ေလာက္ေတာင္နာက်င္ေနရမလဲ ေတြးမိတိုင္း လမ္းေဘး ဓါတ္တိုင္ကိုသာ ထိုးမိေနသည္က မေရမတြက္နိုင္ေသာ အခ်က္ေျမာက္မ်ားစြာ။ ကြၽန္ေတာ္ဆီ ေျပးလာေနေသာ ငယ္သူငယ္ခ်င္းႀကီး ထက္ပိုင္နဲ႕ လူတစ္အုပ္ကို မျမင္မိဘဲ မ်ားစြာေသာ ထိုးခ်က္ေတြေၾကာင့္ ကြၽန္ေတာ္လက္တစ္ဖက္လုံးမွာလည္း ေသြးခ်င္းခ်င္းနီခဲ့ၿပီ။ ျပန္လာပါကြာ..ကိုကို ေတာင္းပန္ပါတယ္...မေျပာင္းလဲေသာ စကားႏွစ္ခြန္းကိုသာ အဆက္မျပတ္႐ြတ္ဆိုရင္ ကေလးငယ္ ပုံစံေလး နဲ႕တူသည့္အရာေလး ျမင္မိသည့္ခဏ ။

"ကေလးငယ္....ကေလးငယ္....မေျပးနဲ႕...မေျပးလိုက္ပါနဲ႕...ကေလးငယ္..ကိုကိုလာမယ္...ကိုကိုလာခဲ့မယ္ ..."

ကြၽီ.........

ဒုန္းးးးးးးးးးးးးးး

"ရဲ႕ရင့္.........."

"အစ္ကိုေလး....."

"Jackson.........."

ဟင္းအင္း ငါလိုခ်င္တဲ့ ကေလးငယ္မဟုတ္ျပန္ဘူးလား..။ နာတယ္ ေျခေထာက္ထက္ ရင္ဘတ္ထဲက နာတယ္။ နာတယ္ ေသြးခ်င္းနီတဲ့လက္ ထက္ ကြၽန္ေတာ္ႏွလုံးသားက နာတယ္။ ကေလးငယ္ပုံစံတူေလးဆီေျပးအသြား လမ္းျဖတ္မွ ျဖတ္ဝင္လာေသာ ကားတစ္စီး...။ ကြၽီခနဲ ျမည္သံ ၊ ဒုန္းဆိုတဲ့ ေပါက္ကြဲ သံကလြဲ....ကြၽန္ေတာ္ မ်က္လုံးမွိတ္ခ်လိဳက္သည္ ျဖစ္ခ်င္ရာ ျဖစ္ပါေစေတာ့။ ကေလးငယ္ကို သိပ္ခ်စ္တယ္လို႔ ေျပာခ်င္ေသးတယ္ ကေလးရယ္။မွိတ္က်သြားသည့္ မ်က္လုံးတို႔က လူတစ္စု သူဆီေျပးလာေနေသာ္လည္း မမွီခဲ့။ ကေလးငယ္! လို႔သာ ႏူတ္မွ တခြန္းထဲ ေရ႐ြတ္၍ ေမ့ေမ်ာသြားခဲ့သည္။

-

"ေမာင္ သူငယ္ခ်င္း ေတြဆီမသြားဘူးလား...ဒီေန႕ ရိပ္ Duty off တယ္ ေမေမတို႔အိမ္ခဏ သြားမယ္ ေမာင္ ေရာ.."

"ဟုတ္လား သြားေလ ရိပ္ ကို ေမာင္ဝင္ပို႔ေပးမယ္ၿပီးမွ ေမာင္ရဲရင့္ဆီ ခဏ သြားမယ္ "

"အင္း မိုးမခ်ဳပ္ေစနဲ႕အျပန္ ၊ ေအာ္ ..ဒါနဲ႕ေမာင္ ဟိုတေန႕က ကိုရဲရင့္က ေကာင္ငယ္ငယ္ေခ်ာေလးႏွင့္ HANTHAR GROUP လက္ေအာက္ခံ ေဆး႐ုံကိုလာတယ္တဲ့၊ သူနဲ႕ပါလာတဲ့ ေကာင္ေခ်ာေလးကို ေဆးလာစစ္ေပးတာတဲ့ ။ ခု အဲ့သတင္းက ရိပ္တို႔ေဆး႐ုံထိ ပ်ံေနၿပီ။ ကိုရဲရင့္က သာမာန္လူမွမဟုတ္တာ သိတယ္မဟုတ္လား အိမ္ေတာ္က သားဆိုေတာ့ ထင္ထင္ေပၚေပၚမေနလည္း အလိုလို သတင္းျဖစ္ေနတာ ။ အဲ့ေကာင္ေခ်ာေလးႏွင့္အတူ ေကာင္တာမွာ Pregnant အားျဖည့္ေဆးေတြ ယူသြားသတဲ့ ၊ အဲ့သတင္း ကို လူတိုင္းက သိခ်င္ေနၾကတယ္ ကိုရဲရင္က official date news ေတြထြက္ေတာ့မွာလားဆိုၿပီး ၊ အဲ့တာ ေမာင္ သိလား "

"ဟုတ္လား ေမာင္လဲ ဘာမွမသိရပါ့လား ၊ ေမာင္အလုပ္႐ူပ္ေနတာနဲ႕ သြားမေတြ႕တာတာ ရိပ္ အျမင္ပဲ၊ ဒါနဲ႕ သူတို႔ကို စမ္းသပ္ေပးလိုက္တဲ့ Professor အမည္သိလို႔ရနိုင္မလား ရိပ္ "

"ေမာင္ က ဘာလို႔ "

"သိထား႐ုံပါကြာ ရဲရင့္က ေမာင့္သူငယ္ခ်င္းေလ ရိပ္....႐ြတ္...ဘာေတြစိုးရိမ္ေနလဲ
ေမာင့္ဇနီးရိပ္က "

ရိပ္ေပးလာေသာ လိပ္စာကဒ္ေလးအား ေသခ်ာၾကည့္မိေတာ့ ျမန္မာနိုင္ငံထိပ္သီး အထူးကုမ်ား ထဲက တစ္ေယာက္အမည္တဲ့လား ။ ကြၽန္ေတာ္ျပင္ပခရီး သြားခ်ိန္ ရဲရင့္ ဘာေတြ လုပ္ေနလဲ။ ရိပ္ေျပာပုံအရ ေကာင္ေခ်ာေလးက ေကာင္းျပည့္ပဲေနမည္ ဟု အေတြးထဲ ေပၚလာျပန္သည္။ ရဲရင့္ ကေလးကို ဘယ္ေလာက္ႏွိပ္စက္ထားျပန္ၿပီလဲ ေဆး႐ုံလာျပရသည့္အထိ ။ မေန႕က လည္း ရဲရင့္ လူယုံ ကိုလင္းနဲ႕ေတြ႕သည္ Shopping Mall တစ္ခုမွာ ရဲရင့္အေၾကာင္းေမးေတာ့ အဆင္ေျပပါတယ္ လို႔သာေျဖသြားခဲ့သည္။ တစ္ခဏအတြင္း မ်က္ႏွာခ်က္ခ်င္းပ်က္သြားတဲ့ကိုလင္းကို သူ အစ္ေမးၾကည့္ေတာ့ ရဲရင့္က အေျခအေနဆိုးေနၿပီ ကေလးအေပၚႏွိပ္စက္တာမ်ားေနၿပီဆိုတာ တစ္စြန္းတစ သိခဲ့ရသည္။

Australia ေရာက္ေနတဲ့ သက္ကို ကို ဒီအေၾကာင္းေတြေျပာျပေတာ့ သူလည္း ဘာမွမသိရဘူးလို႔ေျပာတယ္။ သိပ္မၾကာခင္ ျမန္မာျပည္ကို သူ႕အမ်ိဳးသားနဲ႕အတူ အလည္ျပန္လာဖို႔ရွိတယ္လို႔ ထပ္ေစာင္းေျပာလာျပန္တယ္။ သက္ကို ျပန္လာမွ ရဲရင့္ဆီ သြားမယ္ေတြးထားၿပီး ျပင္ပထြက္ခ်ိန္ ခဏျဖတ္ထားေသာ ကြၽန္ေတာ္ အလုပ္ေတြၾကား ေန႕မနား၊ ညမအား။ ဇနီးျဖစ္သူ ရိပ္နဲ႕ လက္ထပ္ၿပီး အလုပ္ေတြမ်ားတာက တစ္ေၾကာင္း၊ ေဆး႐ုံကိုစီမံဖို႔လိုအပ္တဲ့ပညာေတြသင္ဖို႔ ျပည္ပ ခဏ ထြက္ရတယ္။ ခု ျပန္ေရာက္တာသိပ္မၾကာေသး ။ ရဲရင့္ဆီ သြားမွ ရမယ္၊ တားသင့္ တာ တားဖို႔ ၊ ကေလးကို မခ်စ္ရင္ လြတ္ေပးဖို႔ ။ ဘာမွမသိတဲ့ ေကာင္းျပည့္ေလး ရဲရင့္ဒဏ္ ဘယ္ေလာက္ေတာင္ ခံေနရၿပီလဲ ေတြးရင္း ကိုယ္အမွားမကင္းမိေသာ အမွားေတြေၾကာင့္ ထိတ္လန့္မူက မဖုံးကြယ္နိုင္ခဲ့ျပန္ဘူး။

ရိပ္ကို ေယာကၡမအိမ္ပို႔ၿပီး ရဲရင့္ဆီ ထြက္အလာ လမ္းႀကဳံလို႔ ရဲရင့္ နဲ႕ေကာင္းျပည့္ သြားခဲ့တဲ့ ေဆး႐ုံကို ခဏ စုံစမ္းသြားခဲ့သည္၊၊ ရဲရင့္ ကေလးကို အနာတရ ျဖစ္ေစခဲ့တာလား ၊ ကိုယ္ထိလက္ေရာက္က်ဴးလြန္ခဲ့တာလား သိရမွသာ ဘယ္လို ထိမ္းေျပာရမလဲ သိရမည္ေတြးမိေသာေၾကာင့္ ေျခခ်မိျခင္း။ ရဲရင့္က တေစာက္ကန္း သူမွန္တယ္ထင္ရင္ ဘယ္သူမွမတားနဲ႕မရဘူး ။ ဘယ္သူမွလည္း ဝင္မေျပာနဲ႕မႀကိဳက္ဘူး ။ ေတြးရင္းျဖင့္ HANTHAR GROUP လက္ေအာက္ခံ ေဆး႐ုံဆီသို႔ ကားကို ေျဖးေျဖးေမာင္းခဲ့တယ္။

"ဒီ ေဆး႐ုံပိုင္ရွင္ သားငယ္ ရဲရင္ဟန္သာတို႔ကို ေဆးစစ္ကုသေပးတဲ့ သမားေတာ္ႀကီးနဲ႕ ေတြ႕ခ်င္လို႔"

"ေအာ္...ဟုတ္ကဲ့ရွင့္ ...ကြၽန္မေနာက္က လိုက္ခဲ့ပါေနာ္ ...သမားေတာ္ႀကီးဆီ ပို႔ေပးပါမယ္ရွင့္"

ေဆး႐ုံေအာက္ထပ္ စုံစမ္းေရးေကာင္တာမွာ တစ္ခ်က္ေမးျမန္းၿပီး သြက္လက္ခ်က္ခ်ာတဲ့ သူနာျပဳေလး ေခၚေဆာင္ရာ သမားေတာ္ႀကီး နားေနေဆာင္သို႔ လိုက္ခဲ့မိတယ္။ ဟင္...Dr........အေထြေထြေရာဂါ အထူးကု ဆိုတဲ့ အခန္းေရွ႕ရပ္ေနမိတယ္။ သူနာျပဳေလးမွ အခန္းတံခါးကို ႏွစ္ခ်က္ေခါက္လို႔ ဝင္ခြင့္ေတာင္းမိေတာ့ အထဲမွ ဝင္ခဲ့ပါဟု ေျဖသံၾကားရသည္။ ဝင္လို႔ရပါၿပီရွင့္ ဆိုတဲ့ သူနာျပဳေလး စကားကိုေခါင္းတစ္ခ်က္ညိတ္ျပၿပီး သမားေတာ္နားေနခန္းသို႔ ဝင္မိတယ္။ အယ္......

"မင္း....က...နာမည္ဘယ္သူ...ငါ့တပည့္ ျမျမင့္မိုရ္ရိပ္ အမ်ိဳးသား မဟုတ္လား ....ကြ.."

"အာ..ဟုတ္ကဲ့ပါဗ်..မမွတ္မိသလိုျဖစ္သြားလို႔ေတာင္းပန္ပါတယ္"

ရပါတယ္ကြာ ဆိုတဲ့အေျဖကို ၿပဳံးျပ၍ သာ သိလိုရာကို ေမးျမန္းခဲ့ရသည္။ ရဲရင့္ ဒီကိုေဆးခန္းျပလာမိသလားဆရာ လို႔စတင္ေမးျမန္းမိသည္။ ဆရာမွ ေမာင္ရဲရင့္က တေယာက္တည္းလာတာမဟုတ္ေၾကာင္း ေဘးမွာေကာင္ေခ်ာေလးပါလာေၾကာင္း။ ေကာင္ေခ်ာေလး ေနာက္ေက်ာက ထိခိုက္ရာတခ်ိဳ႕ေဆးလာထည့္ေပးရင္း ထူးဆန္းတဲ့ စမ္းသပ္မူအေျဖကိုပါ သိခြင့္ရခဲ့ျပန္သည္။ ဆရာႀကီးေျပာပုံအရဆို ေကာင္းျပည့္ေလးက ကိုယ္ဝန္ေဆာင္နိုင္တဲ့ အမ်ိဳးသားေလးလား။

ဟား....မယုံနိုင္ျခင္း၊ အံ့ဩျခင္း မ်ားစြာျဖင့္ ဆရာႀကီးရွင္းျပေသာ Male Pregnancy ေတြအေၾကာင္း ပါသိခြင့္ရခဲ့ၿပီ။ ဒါဆို ရဲရင့္ကံေကာင္းလိုက္တာလို႔ ေတြးမဆုံးခင္ ေကာင္းျပည့္ေလး ေနာက္ေက်ာက ဒဏ္ရာေတြက ရဲရင့္ေၾကာင့္လား ဆိုတဲ့ ထိတ္လန့္မူပါဝင္လာျပန္ခဲ့သည္။
မျဖစ္ဘူး ရဲရင့္ဆီ ခုခ်က္ျခင္း သြားၿပီး ေျပာရမယ္၊ ပုံမွန္မဟုတ္ေသာ Male Pregnancy ေတြက ဘယ္ေလာက္အႏၱာရာယ္ မ်ားတယ္ဆိုတဲ့အေၾကာင္းပါသိေအာင္ေျပာရမည္။ ဒီအေၾကာင္းေတြသာ ရဲရင့္သိရင္ ငါ့ေကာင္ ဘယ္ေလာက္ေပ်ာ္လိုက္မလဲ။ ေကာင္း...ေကာင္းျပည့္ေလးကေရာ...။ မေသခ်ာေသာ စိတ္႐ူပ္ေထြးျခင္းနဲ႕အတူ ရဲရင့္ရွိရာ HANTHAR GROUP သို႔အေျပာင္းအလႊား ထြက္လာမိတယ္။

HANTHAR GROUP ကိုေျခခ်မိ႐ုံရွိေသး ၾကားရတဲ့သတင္း ၊ ႐ူပ္ရွပ္ခပ္ေနပါေသာ သက္ေတာ္ေစာင့္မ်ားနဲ႕ အစ္ကိုမင္းျမင့္ဟန္သာ။ အစ္ကိုက ရွင္းျပလို႔သိရတဲ့ ေနာက္က်သြားေသာ အမွန္တရားႏွင့္ ေပ်ာက္ဆုံးေနေသာတရားခံရဲရင့္။ အစ္ကိုေျပာျပခ်က္အရ ေျပးထြက္သြားေသာ ကိုယ္ဝန္သည္ေလး ေကာင္းျပည့္ ဘယ္ဆီထြက္ေျပးသြားသည္ကို မည္သူမွမသိခဲ့ရ။ ဘယ္ဆီေျပးလို႔ ရဲရင့္က ဘယ္ေနရာ ကို လိုက္ရွာေနလဲ။ ထူပူေနေသာ ေခါင္းကို ခဏ တည္ၿငိမ္ေအာင္ထိမ္း ရင္း အစ္ကိုမင္းျမတ္နဲ႕အတူ ေကာင္းျပည့္ႏွင့္ရဲရင့္ကို ရွာေဖြရန္ Company ျပင္ပသို႔။ ေျမာက္မ်ားစြာေသာ သက္ေတာ္ေစာင့္ေတြနဲ႕အတူ အပူတျပင္းရွာေဖြမိတယ္။

ေၾကာက္စရာေကာင္းေသာ အမွန္တရားနဲ႕ ေကာင္းျပည့္ေလး၊ ေနာင္တ တရားႏွင့္ရွင္သန္ရေတာ့မယ္ ကြၽန္ေတာ္သူငယ္ခ်င္း၊ သူတို႔ၾကားက ေျမစာပင္ baby ေလး။ ကံၾကမၼာ က်ီစယ္မူက အဲေလာက္ျပင္းသလား။ မွားခဲ့တာ မွန္ေပမယ့္ မိသားစု သုံးေယာက္ကို တစ္စဆီ လြင့္စင္ေစသလား။ မင္းကြာ..ရဲရင့္ ငါတို႔အၿမဲတား ပါလွ်က္နဲ႕ကြာ ....မခ်ိတကဲ ေျပာဆို၍ ေတာင္၊ ေျမာက္၊ ဝဲ၊ ယာ ကို ေစ့ေစ့စပ္စပ္ ၾကည့္ၿပီး ႏူတ္မွာလဲ ေအာ္ေခၚရင္းရွာေဖြမိတယ္။ ဒီလူအုပ္ႀကီး ဘာေတြရွာေနလဲမေမးနဲ႕ HANTHAR GROUP ရဲ႕သားငယ္ ရဲရင့္ဟန္သာႏွင့္သူ႕အမ်ိဳးသား၊ သူ႕ကေလးကိုရွာေဖြေနတာလို႔ ေျဖမိရင္ ယုံၾကည္နိုင္ၾကပါ့မလား။

သည္းထန္ေသာမိုးေရေတြၾကားမရပ္နားနိုင္ ၊ ဆူညံ့ေသာ ကားဟြန္းတီးသံ တစ္ခုေၾကာင့္ ကြၽန္ေတာ္တို႔ လွည့္အၾကည့္ ၊ ကားေရွ႕မွာ လဲက်သြားေသာ ကြၽန္ေတာ့္ေကာင္ႀကီး ။ သက္ေစာင့္မ်ားစြာမွ လွ်င္ျမန္သူ ေျပးေစ၍ ထိမ္းဖမ္းပါေသာလဲ မမွီခဲ့ စကၠန့္အနည္းငယ္ေနာက္က်ခဲ့ၿပီ။ ရဲရင့္ .....လို႔တခ်က္ေအာ္ရင္း လဲက်ေနေသာ သူငယ္ခ်င္းဆီသို႔ လူအုပ္ႀကီး က သူၿပိဳင္ ငါၿပိဳင္ေျပးေနမိၾက၏။ ဘာမွမျဖစ္ပါေစနဲ႕...ဘာမွမျဖစ္ရဘူး..မင္းဘာမွျဖစ္လိုက္လို႔မရဘူး ရဲရင့္။ငါ မွာ မင္းအတြက္သတင္းေကာင္းရွိေသးတယ္...ေျပာရမွာမို႔ဘာမွမဖစ္ပါေစနဲ႕ဆုေတာင္းေနမိတယ္။

"ရဲရင့္ ..ဟိတ္ေကာင္ သတိထားလို႔...ဟိတ္ေကာင္...ငါ....ငါေလထက္ပိုင္ေလ...ဟိတ္ေကာင္ "

လဲက်ေနေသာရဲရင့္ကို ေပြ႕ထူးရင္း ႏူတ္မွ အဆက္မျပတ္ သတိျပတ္မသြားဖို႔ နိူးေဆာ္ေပးေနမိတယ္။ သည္းလိုက္တဲ့မိုး၊ အၿငိဳးနဲ႕႐ြာသလား ေအာက္ေမ့ရတယ္။ ျဖစ္မွ ျဖစ္ရေလကြာလို႔ ေရ႐ြတ္ရင္း ရဲရင့္ကိုေဆး႐ုံပို႔ဖို႔ ျပင္ဆင္မိတယ္။ ဘာမွမဖစ္ပါေစနဲ႕ ...ဆုေတာင္းရင္း နီးစပ္ရာေဆး႐ုံတစ္ခုမွာပဲ ရဲရင့္ကို အေရးေပၚ ကုသေပးၾကတယ္။

"ေတာက္....ငါကြာ...အဲ့ေကာင္ $႐ူး ...ေရွ႕မၾကည့္ေနာက္မၾကည့္ သူထင္ရာ သူလုပ္တာ ...ခုအဲ့ေၾကာင့္မျဖစ္သင့္တာ ျဖစ္ကုန္ၿပီ"

ညီျဖစါသူအတၠ္ မခ်ိတကဲ ေျပာဆိုေနတဲ့ အစ္ကိုမင္းျမတ္ဟန္သာကို တစ္ခ်က္ေမာ့မၾကည့္ရဲ ။ ကိုယ္တိုင္လည္း ဒီဇာတ္လမ္းထဲ ပါခဲ့သည္မဟုတ္ပါ့လား။ သူအဆင္ေျပမွာပါလို႔ အစ္ကိုမင္းျမတ္ကို တစ္ခ်က္ေျဖသိပ္ေပးရင္ Australia ေရာက္ေနတဲ့ သက္ကိုဆီသို႔ ရဲရင့္ Accident ျဖစ္ေၾကာင္းဖြင့္ေျပာၿပီး အျမန္ျပန္လာဖို႔ ေခၚမိသည္။ ရဲရင့္ accident ျဖစ္ရျခင္း အေၾကာင္းအရာကို ဖြင့္ဟေျပာမိၿပီး ခ်က္ခ်င္းအားျခင္းျပန္လာဖို႔ e-mail ပို႔ထားမိတယ္။တစ္ပတ္အတြင္းျပန္လာမည္ဟု အေၾကာင္းျပန္စာ ရခဲ့သည္။ ငါ့ေကာင္ရာ ဘာမွမျဖစ္ပါနဲ႕၊ ငါတို႔ေကာင္းျပည့္ေလးကို ရွာရအုံးမယ္ ၊ ေတာင္းပန္ရအုံးမယ္ေလ ကြာလို႔ စိတ္ထဲ ေျပာရင္း အေရးေပၚခန္းေရွ႕ ေခါက္တုံ႕ေခါက္ျပန္ ေလွ်ာက္ေနမိတယ္။ သိပ္မၾကာခင္ထြက္ေပၚလာေသာ တံခါးဖြင့္သံနဲ႕အတူ အားလုံးက ရင္တမမ ျဖင့္အေျဖကိုေစာင့္ေမွ်ာ္ေနၿပီ။ ကြၽန္ေတာ္သူငယ္ခ်င္းေဘးကင္းပါေစ ဘုရား ။

" ဆရာတို႔အတက္နိုင္ဆုံး ကုသထားေပးပါတယ္ ၊အသက္အႏၱာရာယ္ စိတ္ခ်ရပါၿပီ ဒါေပမယ့္
ေျခေထာက္ ထိမိတာေၾကာင့္ လအေတာ္ၾကာ ေဆးစည္း ၿပီး အနားယူရပါ့မယ္ ၊ ခြင့္ျပဳပါအုံး "

ဟာ !လို႔ တစ္ခ်က္အသံထြက္မိရင္း အသက္ေဘးမွ ကပ္၍ လြတ္ခဲ့ေသာ သူငယ္ခ်င္းႀကီး။ အကုသိုလ္ကလည္း အၿပဳံလိုက္ လာသလားကြာ။ ဘယ္ခ်ိန္ကမ်ား အစုံလိုက္အၿပဳံလိုက္လာဖို႔ တိုင္ပင္ေနၾကလဲမသိလို႔ ဘယ္ဆီကိုရန္ရွာရင္း ၊ ဘယ္သူကိုမ်ား ရဲရင့္အတြက္ ကူထိုးေပးရမလဲ မသိခဲ့။

-

# feedback & Votေပးခဲ့ဖို႔မေမ့နဲ႕ေနာ္
#Thanks for all.

Continue Reading

You'll Also Like

180K 12.5K 99
မာနဆူးတွေကာရံထားတဲ့ သွေးအေးအေးသူဌေးလေးနဲ့ လူလည်ကျတတ်တဲ့လူငယ်လေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အသက်ကွာဟမှုလေးကတော့ ၉နှစ်ဖြစ်ပါသတဲ့။ Min Annawah ❣ Sha...
293K 17.5K 46
​ကြၽန္​​ေတာ္​့စိတ္​ကို ဘယ္​စကားနဲ႔မွ အ ​ေရာင္​မျခယ္​ခ်င္​ပါနဲ႔​ေတာ့.... ခင္​ဗ်ားကိုလြမ္​းတိုင္​း အလဲလဲအၿပိဳၿပိဳ ျဖစ္​​ခဲ့တဲ့ ကြၽန္​​ေတာ္​့ကိုသနားပါ...
18.6K 1.3K 44
The contents of this story are written only with the writer's thoughts and ideas, and do not want to hurt or insult any person or society. Started da...
1.2M 47.5K 33
Unicode below ခ်မ္းသာတဲ့ ပက္၀န္းက်င္မွာ ၾကီးျပင္းလာျပီး ဘ၀ကို လြယ္လြယ္နဲ႔ ျဖတ္သန္းခဲ့ရလို႔ ဘ၀ၾကီးကို ပ်င္းစရာလို႔ ထင္ေနတဲ့ သူေဌးေလး ''ေဂ်း'' ရဲ႕ ဘ၀ထဲ...