(Unicode)
ဒုတိယအကြိမ်ခြေချခဲ့ရတဲ့ အစ်စတန်ဘူလ်...
ဒီနေရာလေးကရော ကျနော့်အတွက် ဘယ်လိုအရာမျိုးတွေကို ဆောင်ကျဥ်းပေးနိုင်မလဲ။
လေယာဥ်ပေါ်မှ စဆင်းတာနဲ့အေးချမ်းပြီးနွေးထွေးတဲ့ရနံ့လေး။
လှပတဲ့မြို့လေးတစ်မြို့။ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ရဲ့ ကံကြမ္မာတွေကရော လှပနိုင်မလား။
Taehyung ခြေထောက်မှ ပတ်တီးဖြူလေး။
" လမ်းလျှောက်တာ အဆင်ပြေလား..."
ခြေထောက်ကို ကြည့်ကာမေးတော့...
" အင်း...ပြေတယ်..."
" အချစ်ကလေးက ကိုယ်မကြိုက်တာတွေလုပ်တာကို..."
Jimin Taehyung ကိုပွေ့ချီကာကားအနားထိခေါ်သွားခဲ့သည်။
" အဲ့လိုတွေလုပ်ပေးဖို့မလိုပါဘူး..."
" ကိုယ်ကရော လုပ်ပေးချင်လွန်းလို့လို့ အချစ်ကလေးထင်နေတာလား..."
အတွေးတိမ်သွားတာပဲ။သူကလည်း ကျနော့်ကိုချစ်လို့ယူထားတာမှမဟုတ်ဘဲ။
ကားအတွင်းထဲ Taehyung ထည့်ပေးကာတံခါးကိုစောင့်ပိတ်လိုက်သည့် Jimin...
နောက်တော့ သူ့ရဲ့သက်တော်စောင့်ကို ကြည့်ကာ...
" အိမ်အပြင်မထွက်စေနဲ့...သေချာစောင့်ကြည့်ထား..."
" ဟုတ်ကဲ့ပါ ဘော့စ်..."
" အကယ်၍ အိမ်အပြင်ထွက်တာတွေရှိရင် ခြေထောက်ကို ရိုက်ချိုးပစ်လိုက်..."
" ဟုတ်ကဲ့ ဘော့စ်..."
ကားလေးက စတင်ထွက်ခွာနေသည်။
အပြင်ဘက်က သူ့ရဲ့စကားသံတွေကိုလည်း ကျနော် နားစွန်နားဖျားကြားခဲ့ရသည်။
အခုအခြေအနေကအိမ်ပြင်ထွက်လို့ရတဲ့အခြေအနေမှမဟုတ်ဘဲ။
Taehyungကတစ်စီးဖြစ်ကာ Jimin ကတော့
သူ့ရဲ့ အလုပ်ကိစ္စတွေရှိနေသေးတာကြောင့် သက်သက်ခွဲထွက်သွားခဲ့သည်။
ကားမှန်လေးချလိုက်ကာ လေပြေတွေကို ခံစားမိသည်။
ရွှေအိုရောင်ဆံနွယ်လေးတွေက လေပြေလေးတွေကြား ပျံ့လွှင့်နေသည်။
လက်သွယ်သွယ်လေးက ကားတံခါးဘောင်လေးပေါ် တင်ထားလျက်။
မျက်လုံးတွေကို မှိတ်ထားသည်။
ကားလမ်းပိတ်တာကြောင့် ရပ်တန့်နေသည့်ကားလေး။
ဘေးချင်းကပ်ကားအတွင်းမှ သူကတော့ Taehyung ကိုတွေ့လိုက်သည်။
ဒုတိယအကြိမ်ပေါ့။
"ရွှေအိုရောင်လေး..."
တဖက်ကားမှ Taehyung မျက်လုံးလေးတွေက ပွင့်လာကာ ဘေးဘက်မှရပ်ထားသည့် ကားလေးစီအကြည့်ရောက်မိသည်။
ကားမှန်ကအမဲရောင်ဖြစ်သည့်အပြင် တစ်ဖက်ကြည့်မှန်ဖြစ်တာကြောင့် ကားအတွင်းမှသူကိုတော့ မမြင်ရချေ။
ကားမှန်မှာ ထင်ဟပ်နေသည့် ပုံရိပ်လေး။
ရွှေအိုရောင်ဆံနွယ်တွေက နေရောင်ခြည်ရဲ့အလင်းကြောင့် ပို၍တောက်ပနေခဲ့သည်။
သို့သော် နဖူးထက်က ပလာစတာလေးက
ရွှေအိုရောင်လေးကို အနာတရားဖြစ်စေခဲ့တာနှင့်တူနေသည်။
" အလှနတ်ဘုရားလေး..."
Taehyung ရဲ့အလှတရားတွေကြားကားအတွင်းမှ Z နစ်မွှန်းသွားခဲ့သည်။
ရွှေအိုရောင်လေးကို ပြန်တွေ့ရပြန်သည်။
ကျနော့်ရဲ့ ထူးဆန်းတဲ့ အလှတရားငယ်။
ကံတရားတွေက လှပနေခဲ့ပါလား။
ဘေးမှ အရင်မောင်းထွက်သွားသည့် Taehyung ကားလေး။
" Z... နေရာထိုင်ခင်းအတွက်ကရော..."
" အဆင်ပြေသလိုလုပ်လိုက်မယ်...မင်းက ငါ
ပြောထားတဲ့နေရာမှာသာနေ..."
" တစ်ယောက်တည်း လှုပ်ရှားမလို့လား..."
နှုတ်ခမ်းတို့ကွေးညွှတ်သွားကာ...
" လျှို့ဝှက်တဲ့သူကို လျှို့ဝှက်ချက်တွေရှိနေတဲ့ သူကပဲ ရှာတွေ့နိုင်မယ်..."
" ဂရုစိုက်ဖို့တော့ ကျနော်ပြောပါစေ Z...
အခုကျနော်တို့ လိုက်နေတာက Blind Case နော်..."
ကားလေးအတွင်းမှ အပြင်ကို ဆင်းလိုက်သည့် Z...
နောက်တော့ ခရီးဆောင်အိတ်အသေးလေးကို မလိုက်ရင်း...
" မင်းလည်း ငါက Z ဆိုတာကိုမေ့နေပြီနဲ့တူတယ် Jake..."
Jake ကို လက်လေးပြရင်း Zလမ်းကြားလေးတစ်ခုအတွင်းဝင်သွားခဲ့သည်။
ဆန်းကျယ်မှုလား၊ဖန်တီးမှုတွေလား၊ကံတရားရဲ့ လှည့်ကွက်တွေလား။ ဒါတွေကို ကျနော်သိပ်မသိဘူး။
အခုလောလောဆယ်တော့ ဒီအစ်စတန်ဘူလ်လေးက အဆိုးရောအကောင်းရော ဒွန်တွဲနေပြီဆိုတာတော့ သေချာသည်။
ရွှေအိုရောင်လေးကို ပြန်တွေ့ရတာက ကောင်းတာဆိုပေမဲ့ တစ်ချိန်တည်းမှာပဲ Blind Case ကပါဒီမြို့ထဲ ရှိနေတယ်ဆိုတဲ့ ခံစားချက်ကအဆိုးပင်။
>>>>>>
ကုတင်ထက်အိပ်ပျော်နေသည့် Taehyung ရဲ့ နဖူးလေးထက် အနမ်းလေးချွေလိုက်သည့် Jimin...
" အို...အချစ်ကလေး...ပင်ပန်းစရာတွေရှိနေလို့လား..."
အသံခပ်တိုးတိုးလေးက နားအတွင်းထဲ ဝင်ရောက်လာခဲ့သည်။
ကျနော်မျက်လုံးလေးဖွင့်ကာ ကြည့်လိုက်မိသည်။
" ပြန်ရောက်လာပြီလား..."
" အင်း..."
Jimin Taehyung ရင်ခွင်ထဲတိုးဝင်ကာအိပ်နေသည်။
ခါးသွယ်သွယ်လေးကိုလည်း ဖက်ထားသေးတာပင်။ရင်ဘတ်လေးကို ခပ်ဖွဖွလေးနမ်းနေသည်။
နှာခေါင်းထဲ တန်းဝင်လာသည့် အနံ့ပြင်းပြင်း
အရက်နံ့တွေနဲ့အတူ မိန်းကလေးသုံးရေမွှေးနံ့တွေ။
ရောက်တာမှတစ်ပတ်ရှိနေပြီ။ အခုမှ ပြန်ပေါ်လာခဲ့သည်။
အရက်တွေသောက်ပြီးမိန်းကလေးတွေနဲ့ ပျော်ပါးပြန်ပြီထင်တယ်။
သူအကျင့်ဆိုးတွေကိုဘယ်အချိန်မှ ပြုပြင်မှာလဲ။ ကျနော့်မှာတားပိုင်ခွင့်ဆိုတာမျိုးလည်း မရှိ။
" ရေမွှေးနံ့တွေ..."
" အချစ်ကလေးက မကြိုက်လို့လား..."
" အင်း...မကြိုက်ဘူး...တခြားမိန်းမရဲ့အနံ့တွေ ငါ့ကိုယ်ခန္ဓာမှာစွဲသွားတာမျိုးမကြိုက်ဘူး..."
" ကြိုက်တယ်မကြိုက်ဘူးဆိုတာတွေကို အချစ်ကလေးမှာ ပြောခွင့်တွေရှိနေလို့လား..."
Jimin လက်လေးက Taehyung ဘောင်းဘီချိတ်လေးကို ဖြုတ်နေသည်။
လက်လေးကို တားလိုက်မိတယ်။
ကျနော့်ကို သူက အရုပ်တစ်ရုပ်လိုသဘောထားနေတာ။
" ငါပင်ပန်းနေတယ်..."
" ကိုယ်ရောပဲလေ...ဒါပေမဲ့ အချစ်ကလေးရဲ့ တာဝန်က ကိုယ့်ကို ပင်ပန်းတာတွေပျောက်အောင်ကုစားပေးရမှာမဟုတ်လား..."
Taehyung အပေါ်မှအုပ်မိုးကာ Jimin သူ့ရဲ့
အပေါ်ဝတ်ကုတ်အင်္ကျီလေးကိုချွတ်လိုက်သည်။
" ငြင်းဆန်ခွင့်မရှိဘူး အချစ်ကလေး..."
လည်တိုင်ပေါ်ကျရောက်လာတဲ့ အနမ်းတစ်ပွင့်...
ကျနော့်ရဲ့ ကိုယ်ခန္ဓာလေးကထပ်ပြီး အသုံးချခံဖြစ်ခဲ့သည်။
သူ့ရဲ့ အနံ့သက်တွေက တစ်ခြားသူရဲ့ အနံ့တွေရောယှက်နေတယ်။
မုန်းပေမဲ့လည်း ကျနော့်မှာ ရွေးချယ်စရာမရှိခဲ့။
အနည်းဆုံးတော့ ကျနော်ကသူ့ရဲ့ ငြင်းဆန်လို့မရတဲ့ ကာမပိုင်လေ။
-
-
-
အစောင့်တွေပတ်လည်ဝိုင်းနေကာ သေနတ်ကိုယ်စီတွေနှင့်ပင်။
အိမ်ထဲအထိ ဒီလိုပုံစံကြီးလုပ်နေတာ။
အနေကျပ်ရသည်။
" စားတာတွေနည်းနေတယ်...ဘာဖြစ်လို့လဲ..."
" ဒီတိုင်း..."
မနက်စာစားဝိုင်းအတွင်း တို့ခနမ်းစိတ်ခနမ်း လုပ်ကာစားနေသည့် Taehyung...
" နေမကောင်းဖြစ်မယ်...အစားများများစားပါ အချစ်ကလေး..."
" ငါနေမကောင်းဖြစ်တော့ရော ဘယ်သူကဂရုစိုက်နေမှာမို့လို့လဲ..."
Jiminစားလက်စတွေကို အဆုံးသတ်ကာ
လိမ္မော်ရည်ခွက်လေးကို ယူကာ သောက်လိုက်သည်။
ပုဝါလေးဖြင့် နှုတ်ခမ်းလေးကို သုတ်လိုက်ကာ...
" ဂရုစိုက်ဖို့အတွက် လိုနေသေးလို့လား...အချစ်ကလေးက အရွယ်ရောက်နေပြီးသားလူတစ်ယောက်ပဲလေ..."
" သိပ်ကို မှန်တာပေါ့ Mr.Park..."
Taehyung ရဲ့ခနဲ့တဲ့တဲ့ Mr.Park ဆိုသည့် အသုံးအနှုန်းကြောင့် Jimin လက်သီးတွေဆုပ်ထားမိသည်။
ဒေါသကိုစွလိုက်မိပြီ။ကျနော်သူမကြိုက်တာတွေချည်းပဲလုပ်ချင်သည်။
" ကိုယ့်ကို ဘယ်လိုခေါ်လိုက်တယ်..."
" ဘာများမှားသွားလို့လဲ Mr.Park..."
" Park Taehyung!...ကိုယ့်ရဲ့ဒေါသတွေကို တမင်စွနေတာလား..."
သူ့မျက်ဝန်းတွေကအစ ဒေါသကြောင့်နီရဲနေသည်။ကျနော် ကိုစိုက်ကြည့်နေသည်။
" ငါကအိပ်ယာပေါ်မှာပဲ ဖျော်ဖြေပေးတဲ့
အရုပ်တစ်ရုပ်လေ...အဲ့တော့ကိုယ့်ရဲ့အလုပ်ရှင်ကို ရိုရိုသေသေခေါ်သင့်တယ်ထင်လို့လေ..."
" Park Taehyung!!!!..."
ကျနော့်စီကို သူခြေလှမ်းကျဲတွေဖြင့်လျှောက်လာနေတယ်။
မျက်နှာတွေကအစနီရဲနေသည်။ဒေါသတွေကြောင့်ပေါ့။
Taehyungအနားကိုရောက်တော့ လက်မောင်းကနေ ဆွဲမကာမတ်တပ်ရပ်စေသည်။
နောက်တော့...
ဖြန်း!!!...
ပါးပြင်ပေါ် အရှိန်နဲ့ရိုက်ချက်။ ကြမ်းပြင်ပေါ် ပြုတ်ချသွားသည့် Taehyung...
" စောက်စကားကို ဆင်ခြင်ပြော အချစ်ကလေး..."
" အထိနာနေတာလား...အမှန်တရားတွေလေ
Mr.Park..."
Jimin ဒူးတဖက်ထောက်လိုက်ကာ Taehyung ရွှေအိုရောင်ဆံနွယ်တွေကိုအားဖြင့် ဆွဲလိုက်ကာ...
" လက်ထပ်ထားတယ်ဆိုတာ မင်းကိုအောက်တန်းကျတဲ့နေရာကနေ ကယ်တင်ပေး
ထားတာ...ဘဝမမေ့နဲ့ Park Taehyung..."
" အော်...အောက်တန်းကျတဲ့နေရာကို ခခယယနဲ့ဘယ်သူက အရင်လာခဲ့တာလဲ..."
ပြန်ပြောလိုက်တော့...
" တောက်ခ်!..."
နောက်တစ်ကြိမ်လက်ရွယ်ကာ Taehyung ကိုရိုက်မည်အလုပ်အစောင့်အချို့က ထမင်းစားခန်းထဲရောက်လာခဲ့သည်။
" ဘော့စ်...ရှာခိုင်းထားတဲ့သူရောက်လာပါပြီ..."
အကုန်ရပ်တန့်သွားခဲ့သည်။သူကျနော့်ကို
ဆက်မရိုက်ဖြစ်တော့။
အင်္ကျီကိုသေချာပြင်လိုက်ရင်း ကျနော်ထိုင်နေသည့် ထိုင်ခုံမှာ သူကခြေချိတ်ထိုင်လိုက်သည်။
" သူ့ကို ထားပြီး မင်းတို့ထွက်သွားကြ..."
" ဟုတ်ကဲ့ဘော့စ်..."
အခန်းထဲမှာ လူသုံးယောက်သာကျန်နေခဲ့သည်။
တစ်ယောက်က ထိုင်ခုံပေါ်မှာဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ကြမ်းပြင်ပေါ်မှာပင်။
အရှေ့တည့်တည့်တွင် လက်ကို အနောက်ပစ်ကာ
ခါးကို မတ်ထားသည့် သူလည်းရှိနေသည်။
" ကြည့်ရတာတော့ အဆင်ပြေ မဲ့ပုံပါပဲ..."
Jimin သူ့အရှေ့မှ သူကိုကြည့်ကာ...
" နာမည်က..."
" Jeon Jungkook..."
ကိုရီးယားနာမည်လေးကြားတော့ Taehyung
လှမ်းကြည့်မိသည်။
တည်ကြည်တဲ့ မျက်နှာထား၊ရဲဝံ့တဲ့အကြည့်တွေ။
ကျနော့်ကို စိုက်ကြည့်နေသည်။
" မင်းရဲ့အလုပ်ကို ငါ့လူတွေပြောပြလို့သိပြီးပြီးမလား..."
" အင်း...သက်တော်စောင့်လို့ပြောထားတယ်..."
Jimin Taehyung ကို Jungkook ကြည့်နေမှန်းသိတော့ ခြေထောက်တွေကိုကြမ်းပြင်ပေါ်မှ Taehyung ပေါင်ပေါ်တင်ထားသည်။
" သက်တော်စောင့်လုပ်ရတဲ့ရည်ရွယ်ချက်... "
" တပ်မက်စရာကောင်းအောင် ငွေနှစ်ဆပေးလို့..."
" အဟား....ဟား....ဟား....Jeon Jungkook မင်းက တကယ့်ကောင်ပဲ..."
သူ့ရဲ့ရယ်သံတွေက အခန်းတစ်ခုလုံး ပျံ့လွှင့်နေတယ်။
ဒီရယ်သံတွေကို ကျနော်မုန်းသည်။လူတွေကို အထင်သေးတဲ့ လှောင်ပြောင်မှု။
" ထားပါ...မင်းရဲ့အလုပ်က ဒီကငါ့ရဲ့ အချစ်ကလေးကို စောင့်ရှောက်ပေးရမှာ..."
Jimin Taehyung ကိုကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်။
" သူက လှတယ်မဟုတ်လား..."
" လှောင်အိမ်ထဲက ငှက်ကလေးတွေက လှပလို့ ချုပ်နှောင်ခံထားရတာပဲလေ..."
Jungkook Jimin ကို ပြန်ချေပလိုက်သည်။
" အဲ့ငှက်ကလေးကို လှောင်အိမ်ဖွင့်ပေးတဲ့လက် မှန်သမျှကို ငါကရိုက်ချိုးပစ်မယ်ဆိုတာရော မင်းသိတယ်မလား..."
" အိုးဟိုး...လှပတဲ့အရာတွေကိုကျနော်က အဝေးကနေပဲ ကြည့်ရတာကြိုက်တဲ့သူပါ..."
" ငါသေချာမှာထားမယ်...သူနဲ့ ငါးပေအကွာကနေပဲနေ...အနားကိုလုံးဝမကပ်နဲ့... စကားမပြောနဲ့...သူ့ဘက်က စကားပြောရင်လည်း မင်း ပြန်ပြောစရာမလိုဘူး..."
Jungkook မျက်ခုံးပင့်ပြကာ...
" စိတ်ချပါဘော့စ်...ကျနော်ကလည်း စကားပြောဖို့ အတွက်လာတာမှမဟုတ်ဘဲ..."
" တစ်ခုခုအမှားဖြစ်တာနဲ့ မင်းရဲ့အသက်လည်း ပျောက်သွားမယ်..."
" ဘော့စ်က စိုးရိမ်လွန်းကြီးနေတာပဲ...
ကျနော့်လို လူက ဘော့စ်ရဲ့ငှက်ကလေးကို ထိရဲပါ့မလား..."
ထိုင်ခုံပေါ်ကနေ ထကာ...
" ဒီနေ့ကစပြီး...သူကိုသေချာစောင့်ကြည့်ထား...
မင်းလည်း သိပြီးလောက်ပါပြီ...သူအိမ်ပြင်ထွက်ခွင့်မရှိဘူးဆိုတာ..."
" သိပါတယ်..."
ထိုနေရာမှ Jimin ထွက်သွားခဲ့သည်။
Taehyung ကို တစ်ချက်မှလှည့်မကြည့်ခဲ့။
ကျနော့်ကို ဒီလိုပုံစံနဲ့ ထားသွားပြန်တယ်။
ကြမ်းပြင်ပေါ် ပြုတ်ချနေခဲ့တာ။
ခြေထောက်တွေလည်း ကျဥ်နေခဲ့သည်။
သက်တော်စောင့်တစ်ယောက်အရှေ့မှာလေ။
လှောင်ပြောင်ခံရတော့မည်။
သို့သော်အထင်တွေက လုံးဝမှားနေခဲ့...
" အကူအညီလိုသေးလား...ငှက်ကလေး... "
Taehyung ကိုလက်လေးကမ်းပေးသည့် Jungkook...
ပထမဆုံး သက်တော်စောင့်စလုပ်တဲ့နေ့မှာကတည်းက သူစည်းကမ်းကို ချိုးဖောက်သည်။
ကျနော်နဲ့ ငါးပေအကွာနေရမှာလေ။အခုတော့ တစ်ပေတောင်မကွာချင်တော့ပေ။
အကြောက်အလန့်မရှိတဲ့သူပါလား။
" ကိုယ့်လက်ကို တွဲနိုင်ပါတယ်..."
သူ့ရဲ့အပြုံးတွေကနွေးထွေးတယ်။ကျနော့်ကို သနားနေတာလားဆိုတာတော့ မသိ။
Taehyung Jungkook လက်လေးကိုလှမ်းကိုင်ကာ ထလိုက်သည်။
နွေးထွေးတဲ့လက်တစ်စုံက ကျနော့်ကို လုံခြုံစေသလိုပင်။
ပြန်ခွေသွားတဲ့ ခြေထောက်တွေ။
ခါးပေါ်ရောက်လာသည့် လက်တွေ။
" အဆင်ပြေရဲ့လား..."
စိတ်ပူနေတဲ့ မျက်ဝန်းတွေ။
သူ့ရဲ့လက်တွေက ကျနော့်ခါးကို ထိန်းကိုင်ထားသည်။
ကျနော်ကိုယ်တိုင် သူ့ကိုစည်းကမ်းချိုးဖောက်စေခဲ့မိသည်။
Jimin ပြောထားတွေကိုပထမဆုံးအလုပ်စလုပ်တဲ့နေ့ကတည်းက Jungkook လစ်လျူရှူ့ခဲ့သည်။
သူ့အရှေ့က တောင်ပံကျိုးနေပြီးကူကယ်ရာမဲ့နေသည့် ငှက်ကလေးတစ်ကောင်ကြောင့်ပေါ့။
_____________
Nora Rosalia
Vote Plz
15.6.2022
>>>>>>>>>>
(Zawgyi)
" အင်း...ပြေတယ်..."
" ဟုတ်ကဲ့ပါ ဘော့စ်..."
" ဟုတ်ကဲ့ ဘော့စ်..."
ဒုတိယအကြိမ်ပေါ့။
"ရွှေအိုရောင်လေး..."
" အလှနတ်ဘုရားလေး..."
>>>>>>
" ပြန်ရောက်လာပြီလား..."
" အင်း..."
" ရေမွှေးနံ့တွေ..."
" ငါပင်ပန်းနေတယ်..."
-
-
-
အနေကျပ်ရသည်။
" ဒီတိုင်း..."
" Park Taehyung!!!!..."
နောက်တော့...
ဖြန်း!!!...
Mr.Park..."
ပြန်ပြောလိုက်တော့...
" တောက်ခ်!..."
ဆက်မရိုက်ဖြစ်တော့။
" ဟုတ်ကဲ့ဘော့စ်..."
" နာမည်က..."
" Jeon Jungkook..."
လှမ်းကြည့်မိသည်။
" သူက လှတယ်မဟုတ်လား..."
ထိုင်ခုံပေါ်ကနေ ထကာ...
" သိပါတယ်..."
" အဆင်ပြေရဲ့လား..."
_____________
Nora Rosalia
Vote Plz
15.6.2022