ချစ်ခြင်းတို့အလွန်
By maiyuri18
1M 54.6K 2K
ကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ... More
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
တောင်းပန်ခြင်းနှင့်အသိပေးခြင်း
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း (၃၆)
အပိုင်း(၃၇)
အပိုင်း (၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း (၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း (၄၈)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
အပိုင်း (၅၉ )
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း (၆၂)
အပိုင်း(၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀) ဇာတ်သိမ်းပိုင်း (၁)
အပိုင်း(၇၁)ဇာတ်သိမ်းပိုင်း(၂)
Alert🔕
ဇာတ်သိမ်း
Extra (1) Birthday present 💙
Extra (2)
Extra (3)
Extra(4)
Extra (5) Final
အပိုင်း (၃၀)
16.8K 839 36
By maiyuri18
မြန်မာပြည်ပြန်ရောက်ပြီး ရက်အနည်းငယ်အကြာ အငယ်ကောင် Jackson ဦးစီးလုပ်ကိုင်နေသော Project စီမံကိန်းထဲက နေရာတစ်ခု ကို လက်ထောက်ကိုမျိုးနှင့် နှစ်ယောက်တည်း လှည့်လည် စစ်ဆေးရင်း မြို့ထဲ ရောက်နေခဲ့တယ်။ Jackson က အိမ်တော်မှာ မိဘနဲ့အတူမနေဘဲ Company နဲ့နီးတဲ့ သူအပိုင် condo မှာနေသည်ဟု သိရတယ်။ အပါး၊ မားမားတို့က တားမြစ်ခြင်းမပြုပေမယ့် ကျွန်တော်စိတ်ထဲ သိပ်သဘောမကျမိဘူး။ အိမ်တော်မှာ အပါးတို့ အထီးကျန်စေတယ်လို့ ခံစားနေမိတယ်။ Jackson ငယ်စဉ်ကလည်း အဖိုးရှိတဲ့ Korea ကို သွားနေစဉ်ကလည်း အပါးတို့နဲ့ခွဲနေရတယ်၊ ခု ပြန်ရောက်လာတော့လည်း အလုပ်ကိစ္စနဲ့ အပြင် သက်သက်နေနေတယ်။ ကျွန်တော် သူနဲ့ထိပ်တိုက်တွေ့ပြီး  ညှိနိူင်းမှရမယ်၊ မိသားစုအရေအတွက်မများသော HANTHAR အိမ်တော်မှာ တကွဲတပြားဆီ နေနေကြတာကို မလိုချင်တော့ဘူး။ မိဘတွေ အသက်ကြီးပြီ၊ ကိုယ်တွေလည်း မငယ်တော့ဘူး ၊ မိဘတွေနားနေပြီး မိသားစု တွေ အတူတူ ပျော်ရွှင်စွာနေချင်မိသည်။
" ပါး...လက်ထဲက ဘာကြီး လဲ .."
"ပါး လည်းမသိဘူး သားကြီး ၊ အိမ်တော်လိပ်စာနဲ့ လာတဲ့စာ ။ ဘယ်ကလာတယ်ဆိုတာ မသိဘူး ၊ ပေးပို့သူအမည်လည်း မပါဘူးသားကြီး၊ သားငယ် အမည်ကို လိပ်မူပို့ လာတာ "
"ဟုတ်လား...ပါး..သားကြည့်လို့ရမလား "
"ရော့...သားကြီးပဲ ..သားညီလေး ကိုပေးလိုက်လေ..ပါး..မင်းမားဆီ သွားအုံးမယ်...အပြင်ကပြန်လာတာလား၊ နား...နား..သားကြီး ခုမှ မြန်မာပြည် ပြန်ရောက်တုန်း ခဏ နားပါအုံး ၊ အလုပ်ကိစ္စတွေက သားငယ် ရှိပါတယ်၊ တအားကြီး မစိုးရိမ် ပါနဲ့ ....သားကြီး "
"ဟုတ်ကဲ့ပါ ပါး "
Jackson Condo မှာ တွေ့ရတဲ့ ကလေး အကြောင်းကို စဉ်းစားမိရင်း ၊ အိမ်တော်ပြန်ရောက်တော့ စာအိတ်ကို ကိုပြီး ကြည့်နေတဲ့အပါးနဲ့ ဆုံမိကြတယ်။ ဘယ်သူကပို့မှန်း လိပ်စာထည့်မထားဘဲ Jackson အမည်နဲ့ ရောက်ချလာတယ်။ Jackson ဘာတွေ လုပ်နေလဲ ကျွန်တော်မရှိတဲ့ ဒီနှစ်တွေမှာ ။ ဘာလို့ သူ့ Condo မှာ သူစိမ်း ကလေးငယ် တစ်ဦးကို ခေါ်ထားတာလဲ။ အငြိုးအားကြီး တဲ့ Jackson ၊ Foreign မှာ နေတာများပြီး တစ်ဖက်သား ခံစားချက်ကို ထည့်မတွေးတက်ဘူး ။ သူ့မှန်တယ်ထင်ရင် ဖြစ်အောင် လုပ်တက်တဲ့အကျင့်၊ တဇွတ်ထိုး အကျင့်တွေ ကြောင့် စိတ်ပူမိတယ်။ ခက်တယ် ဒီကလေး ခုလည်း ဘာတွေလျှောက်လုပ်နေလဲမသိ။
ငယ်စဉ်ကတည်း အိမ်တော်ရဲ့ အလိုလိုက်ခံရတဲ့ သားငယ်၊ Korea ကအဖိုးက သူဖြစ်ချင်ရာကို ဘယ်သူတစ်ဦးတစ်ယောက်မှ တားဆီးခွင့်မရှိဘဲ ဖြစ်အောင် ပြုလုပ်စေသည်။  Traditional, Cultural, Mutual Respect  တွေကို သိပ်ဂရုမစိုက်တက်သော Jackson က မွေးကတည်းက လိုတရ ကလေး ၊ ဘာလိုချင်လဲ မတောင့်တနဲ့ ပိုင်ဆိုင်ခွင့်ရသော HANTHAR  အိမ်တော်ရဲ့သား ၊ Rich kid ကလေးပီပီ ဆိုးတယ်၊ တဖက်သားအပေါ် မငဲ့တက်ဘူး ၊ စာနာနားလည်စိတ်လည်း မခံစားပေးတက်ဘူး။ အရာရာ ကို ငွေနဲ့ဖြေရှင်းတယ်၊ အငြိုးကြီးသလောက် အတ္တ လည်းကြီးတယ်။ ပြသနာတခုခုဖြစ်ရင် အပါးမသိအောင် လူယုံတွေ၊ အိမ်တော်က ရှေ့နေတွေကအစ အကုန်ဖြေရှင်းပေးကြသည်။ သူကံကိုက သူဘာလုပ်လုပ် ကူညီဖြေရှင်းပေးမယ့်သူက သူ့ဘေးမှာ အကုန်ရှိခဲ့တယ်။ ငွေကြေး မတောင့်တရတဲ့ HANTHAR အိမ်တော်က သားငယ်မို့ စိတ်ရှိရာ အကုန် အကောင်ထည်ပေါ်သည်။
ငါ ရင်မောရပါ့လား Jackson ရာ ၊ ခု မင်း ဘာပြသာနာမှ မရှာပါစေနဲ့ မျှော်လင့်မိတယ်။ မင်းရဲ့ တလွဲအတ္တက မင်းဆီ တစ်ပတ်ပြန်လှည့် လာချိန် မင်း ဒုခရောက်လိမ့်မယ်။ ကိုယ့်အတ္တကြောင့် ကိုယ်သေရလိမ့်မယ်။ Rich kid တော်တော်များများက ဖြစ်ချင်ရာကို ဖြစ်အောင်လုပ်တက်ကြတယ် ဆိုပေမယ့် ကိုယ်အတ္တ ကိုကိုယ်ထိမ်းနိုင်ကြရင် ဘေးလူ ဒုခ မရောက်ကြဘူးပေါ့။ ခု တော့ Jackson က သူ လုပ်ချင်ရာကို ဖြစ်အောင်လုပ်သည့်အပြင် လူမျိုးခြား အဖိုး ဖြစ်သူ ၊ အဒေါ်ဖြစ်သူတွေက ပါ ပံ့ပိုးပေးရသော အိမ်တော်၏ သားငယ်၊ တခုခု မှားနေရင်တောင် ၊ ပြောဆို ချင်ရင်တောင် အိမ်တော်၏ အရှိန်အဝါ ၊ လူမျိုးခြား အဖိုးနှင့်အဒေါ်တို့၏ ကျော်ကြားမူတွေကြောင့် လက်ညှိုးညွှန်ရာ ရေဖြစ်နေစေခဲ့သည်။ လူချမ်းသာတို့၏ ဘေးအန္တာရာယ်သည် ငွေကြေးကြောင့်၊ တလွဲ အတ္တကြီးမူတွေကြောင့် ပြန်လည်ဒုခရောက်စေလိမ့်မည်။
ခုလည်း  Jackson အဖိုးဖြစ်သူ၏ အလိုလိုက်မူကို အပြည့်အဝအသုံးချကာ ဘယ်နေရာမှာ ဘာတွေ အမှားလုပ်နေလဲ။ ဘယ်သူအပေါ် ထိခိုက်အောင် ကြံစီ ဒုခပေးနေလဲ ။ လူဘယ်လောက်များများ သူကြောင့်ဒုခ ရောက်နေပြီလဲ ။ သူ့Condo မှာတွေ့ရတဲ့ ကလေးနဲ့ သူဘယ်လိုပတ်သတ်နေလဲ။ ဘာအကြောင်းကြောင့် သူ့ Condoမှာ အတူနေထိုင်ကြသလဲ။ ကိုယ်ကိုကိုယ် ယုံကြည်မူ လွန်ကဲနေသော Jackson က အချစ်ကို ယုံကြည်မယ် ထင်သလား။ အချစ်ဆိုတဲ့ စကားလုံးကိုအခွင့်ယူပြီး သူ့အနားမှာ ခစားနေတဲ့ ခပ် ဟော့ဟော့ ladies တွေ ၊ ခပ်ချောချော ကောင်လေးတွေက အပြည့်။  သူက မလိုချင်တောင် သူ့ဆီ ပြေးကပ်ချင်တဲ့သူကအပြည့်။
HANTHAR အိမ်တော်က သားသမီးတွေဆို အရှင်ရရ ၊ အသေ ရရ ပိုင်ဆိုင်ချင်သူ အပြည့် ။ ငွေကြေးကြောင့် ၊ အလုပ်လက်တွဲခွင့်ရဖို့ ၊ company ချင်း ပေါင်းစပ်ချင်လို့ အခွင့်အရေး ယူချင်နေသူတွေက လောကမှာအများကြီး။ ဒီလို လူတွေထဲကမှ ခပ်ငယ်ငယ် ဖြူဖြူစင်စင် ကလေးတစ်ယောက်က Jackson   Condo မှာ ဘာကြောင့် ရှိနေတာလဲ။ အကြောင်းစုံသိရမှ ဖြစ်မယ်၊ အကြောင်းစုံ သိရမှ ဘယ်နေရာက မှားနေလဲ၊ ဘယ်သူတွေ ဒုခရောက်နေလဲ ၊ ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲ သိရမည်။ ခက်တယ် Jackson မင်းတစ်ယောက်နဲ့  ငါတော့ ပြသာနာ ဘယ်လောက်တောင် ဖြေရှင်း ပေးရမလဲကွာ။
Jackson  နဲ့ပတ်သတ်ပြီး ရှေ့နောက် ပြန်တွေးမိရင် အိပ်ယာပေါ် ခဏ လဲနေမိတယ်။ မျက်လုံးထဲ ပေါ်လာသော မျက်ဝန်းဝိုင်းဝိုင်း နဲ့ကလေး က တစ်စုံတစ်ဦးကို သတိရစိတ်ဖြစ်ပေါ်စေတယ်။ သူမ (ချစ်) ဘဝခြား သွားပါသော ချစ်ရသူ၊ ကိုယ်ကြောင့် စိတ်ဒုခအတိနဲ့ ရောဂါဆိုးနှိပ်စက်မူကို အန်တုရင်း လောကကြီးကိုစွန့်သွားသူ။ "မောင် မှားပါတယ်ကွာ ၊ မောင်သာ မင်းဘက်ရပ်တည်ပေးခဲ့ရင် ၊ မားမား စကားကို နားထောင်မပေးခဲ့ရင် ချစ်လဲ ခုလို လောကကြီးကို စောစီးစွာ ထွက်ခွါရမှာ မဟုတ်ဘူး " လို့ ဘယ်လောက်  ရွတ်ဆို ငြီးပြောနေပါစေ သူမ, မသိနိုင်တော့။ မြန်မာပြည် ကိုအပြီးစွန့်ခွါလို့မဖြစ်လို့ ပြန်လည်ရောက်လာတိုင်း အရင်းသေပြီထင်ရတဲ့ဒဏ်ရာက တဆစ်ဆစ်၊ အနာမကျက်ဘူးထင်တယ် ။ ချစ်လဲမောင်ကို မုန်းနေရောပေါ့ "မောင်က သားလိမ္မာပါ ၊ ချစ်သူကောင်းသာ မဖြစ်ခဲ့တာပါ "ဆိုပြီး  ရောက်ရာအရပ်မှာ မုန်းနေရော့မယ်။မောင်မှာလည်း အကြောင်းပြချက်တွေနဲ့ပါလို့ ဖွင့်ပြောမရတဲ့အခြေအနေမို့ မောင်ကိုသာ မုန်းပါ ။ မောင့်အမှားတွေပါကွာ၊ ချစ်အပေါ်ပေးခဲ့တဲ့ ကတိတွေကို မောင်ကိုယ်တိုင်ဖျက်စီးခဲ့တာ။မောင်အသုံးမကျခဲ့ဘူးချစ်ရယ်၊ မောင်အသက်ရူနေသမျှ အချိန်တိုင်း မောင်တောင်းပန်နေပါတယ်။ စီးကျလာသော မျက်ရည်တွေကို မသုတ်ပစ်ဘဲ ဒီတခေါက်လည်း သူမ အတွက် အဝ ငိုပါရစေ ။
အချိန်တခုထိ ကြေကွဲပြီးနောက် ပါး ဆီက ယူလာသော စာအိတ်လေးကို ဖောက်ကြည့်မိတယ်။ ဘာအကြောင်းရာလဲ သိချင်မိသောကြောင့် ။ အကယ်၍သာ Jack မဖွင့်ဖောက်ဖတ်ခဲ့ဖူးဆိုပါလျှင်.....
( သို့
ခုစာဖတ်နေတဲ့ သူရဲ့ လက်ထဲမှာ ရှိနေတဲ့ သားငယ် ကောင်းပြည့်ဝေလျှံ လေးက ဦးလေးရဲ့ အဖိုးတန်သားလေးပါ။ ဦးလေးတို့မိသားစုနဲ့ ဘာပြသနာ ဖြစ်ခဲ့မှန်း ဦးလေးမသိခဲ့ပါဘူး ဖြစ်ခဲ့ဖူးတာရှိခဲ့ရင်လည်း ဦးလေးကပဲ တောင်းပန်ပါ့မယ်။ ဦးလေးသားငယ်လေးကို  ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမပေးဘဲ ဦးလေးဆီ ပြန်ပို့ပေးပါ။ စာဖတ်သူ တောင်းပန်စေချင်တဲ့အတိုင်း ဦးလေးဘက်က တောင်းပန်ပါတယ်)
ဒါ..ဒါတွေက....။ ဘာ....ဘာတွေလဲ....ဒါ ဘာ..ဘာတွေလဲ။
ဘာတွေလဲ Jackson ဘာတွေလုပ်နေတာလဲ ။ ဒီစာက Jackson အခန်းမှာ တွေ့ခဲ့တဲ့ကောင်လေးရဲ့ မိဘ လုပ်သူက ပို့ပေးတာတဲ့လား။ သူတစ်ပါးရဲ့အဖိုးတန်သားကို ဘာတွေလုပ်ထားတာလဲ၊ ငါ မရှိခင် ဘာတွေဖြစ်ပျက်နေခဲ့တာလဲ ။ ဒီကိစ္စ ပါးတို့ သိပြီးသားလား၊ Jackson ကို ဘာမှ မဆုံးမပဲ ဒီအတိုင်းလွတ်ထားတာလား ။ သူတစ်ပါးရဲ့ အဖိုးတန်သားသမီးကို လွယ်လွယ်ဖျက်စီးခွင့်ပေးထားလား ။ ငါ....ငါသိရမှဖြစ်မယ်၊ စုံစမ်း မှဖြစ်မယ်။ ငါထင်နေသလို ချစ်ရဲ့ မိသားစုဝင် မဖြစ်ပါစေနဲ့။ ငါ ..ကိုယ်ငါ ခွင့်မလွတ်နိုင်သလို HANTHAR အိမ်တော်ကိုပါ ငါ စိတ်နာမိတော့မယ်။မင်းကိုလည်း မုန်းမိလိမ့်မယ် Jackson။
ဒေါက် ~ ဒေါက်
"ပါး...မား..."
"ဟေ..သားကြီး..လာလေ....ဘာလို့လဲ .."
"Jackson  အကြောင်း ဘာသိထားလဲ ပါး ၊ မားရော Jackson ရဲ့ချစ်သူ ကို တခုခုပြော..."
"ဘာတွေဖြစ်လို့လဲ သားကြီး၊ မားမား ဘာမှမသိရပါဘူး သားကြီး ။မားမားကို ခုထိ မယုံကြည်နိုင်တော့ဘူးလား၊ ဟင် ..အရင်က ကိစ္စတွေကြောင့် မားမား ကို ခွင့်မလွတ်နိုင်သေးဘူးလား အင့်...ဟင့် မားမား အပြစ်တွေကို ခွင့်မလွတ်နိုင်သေးဘူးလား ...သားကြီးရယ်..."
"သားကြီး..."
"မဟုတ်ဘူးမားမား..Jackson နဲ့ပတ်သတ်ပြီး ရှင်းစရာ တခုခုရှိနေပြီ ပါး ၊ Jackson  က ဘယ်ကမှန်းမသိတဲ့ ကလေးငယ်တစ်ဦးနဲ့ သူ့condo မှာအတူနေနေတယ် ပါး သိပြီးပြီလား ၊ ခု အဲ့ကလေးရဲ့မိဘက တောင်းပန်ပြီး သူ့သားလေးကို ထိခိုက်ဒဏ်ရာ မပေးဘဲ သူ့ဆီ ပြန်ပို့ပေးဖို့ တောင်းပန်တဲ့ စာ ...ဒီမှာ ပါး..."
"ဘုရား...ဘုရား...သားငယ် ဘာတွေလုပ်နေတာလဲ ၊ မားမားတို့မသိရခဲ့ဘူး အမှန်ပါ သားကြီးရယ် ...ဘယ်က ကလေးကိုဘယ်လို တောင် ဖွက်ထားရတာလဲကွယ်၊ အဲ့ကလေးမိဘတွေ ...ဘယ်လောက်တောင်ခံစားနေရရှာမလဲ ကွယ်...."
"မင်း မားပြောသလိုပဲ သားငယ်က HANTHAR GROUP မှာ အလုပ်ဝင်ခဲ့စဉ်ကတည်းကအပြင်မှာနေခွင့်တောင်းတယ်၊ သူ့နောက်ကို Stalk မလိုက်ဖို့ ပါးကို ကတိတောင်းသွားတယ်၊ သူကို ယုံကြည်ပေးပါ သူ အလုပ်ကြိုးစားပါ့မယ်ဆိုပြီးပေါ့....ခု ကိစ္စ ပါးတို့ဘာမှမသိခဲ့ဘူး ၊ ပါးလည်း ကိုယ်သားသမီးကို ယုံကြည်သင့်တယ် ထင်လို့ လွတ်ပေးထားမိတယ် သားကြီး...ပါး..တို့ လိုက်သွားကြမလား.."
"သားတောင်းပန်ပါတယ်မား ၊ သားရဲ့ ဒဏ်ရာက မြန်မာပြည်ပြန်လာတိုင်း တဆစ်ဆစ်နာလို့ မားကို မယုံကြည်သလို ပြောခဲ့မိပါတယ်၊ ပါး ...အိမ်တော်မှာပဲ မားအနားနေပါ၊ သားဖြေရှင်းလိုက်ပါ့မယ်...ပြသနာကြီးကြီးမားမား မဖြစ်စေရပါဘူး ၊ သားကိုင်တွယ်ပါ့မယ်"
"သားကြီး ကောင်းသလို လုပ်ပါကွယ်၊ ဘယ်သူကိုမှမထိခိုက်ပါစေနဲ့သားကြီး"
အသာ ခေါင်းညိတ်၍ အမည်မသိကောင်လေးဖခင်ပေးသော စာကိုသာ ထပ်တလဲလဲကြည့်နေမိတယ်။ ဖခင်တစ်ယောက်ရဲ့ သားအပေါ်ထားတဲ့ မေတ္တာတရား ၊ သားဖြစ်သူ အတွက်နဲ့ အမည်မသိသော သူ့ဆီ တောင်းပန်စာ ပေးပို့သတဲ့လား။ ဘယ်လောက်တောင် စိတ်ထိခိုက်နေမလဲ ၊ ချစ်...ချစ်ရဲ့ မိသားစုဝင် သာ ဖြစ်ခဲ့ရင်....ဟား။ ရူးတော့မယ်...အကုန်လုံးကို စိတ်ကုန်နေပြီ။
တီ ~ ခနဲ ဝင်လာသော e-mail ကို ဖွင့်ဖတ်ကြည့်မိတော့ ကမ္ဘာကြီး ချာချာလည်ပြီ။ အံ့ကိုတင်းတင်း ကြိတ်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လို့ အနားရှိ စားပွဲကို ခပ်ပြင်းပြင်း ဆက်တိုက်ထိုး၍ တင်းကျပ်မူကို ဖြေလျော့မိတယ်။ လုပ်ရက်လိုက်ကြတာ ...။ ဘာမှမသိတဲ့ ကလေးက။ ချစ်ရဲ့ တစ်ဦးတည်းသော မောင်လေး ၊ နေ့လည်က တောင်းပန်စာ ပို့သည့် သူက ချစ်ရဲ့ အဖေ။ ဟား...ဒါတွေကို Jackson က သိပြီးသား လား ၊ ဘာအကြောင်းမှန်း မသိဘဲ အကွက်ကျကျစီစဉ် အနိုင်ကျင့်သည်တဲ့လား။ အား.......ငါကြောင့် ငါအသုံးမကျလို့ ...ချစ်တို့မိသားစု....အကုန်
ကွဲ ~ကျေ ကုန်ရပြီ။ Jackson ဆီ သွားမယ်၊ အဲ့အကောင်ကို သတ်မယ်...သတ်ပစ်မယ်။ မောင်တောင်းပန်ပါတယ် ချစ်ရယ်...မောင်ဘာမှမသိခဲ့ရပါဘူးကွာ။ မောင် တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်ကွာ..အားး။
                   —————————————————
"ကလေး...ခုတလော ပင်ပမ်းနေသလိုပဲ ..နေကောင်းရဲ့လား၊ ကလေးကြည့်ရတာ တခုခုဖြစ်နေသလားဟင် ..နာနေလားဟင် အနာတွေက ၊ ကိုကို ဘာလုပ်ပေးရမလဲ ကလေးငယ်ရာ .."
ပြောပြောဆို ဆို နဲ့ ကျွန်တော်နဖူးကို လက်ဖြင့် စမ်းသပ်နေပါသော ချစ်ရသူကို အသာခေါင်းညိတ်ဖြေပေးမိတယ်။ မပြေဘူး ၊ အဆင်မပြေဘူး ကိုကိုရယ်၊ ကျွန်တော့် ရင်ထဲမှာ အော်ကလီဆန်ပြီး အော့...အန် ..ချင်နေတယ်၊ ဆီးလည်း ခဏ ခဏသွားနေရတယ်၊ အစားစားတိုင်းလည်း အန်နေတယ်! ကိုကိုလို့ ပြောချင်ပေမယ့် ချစ်သောသူက ကြင်နာမပေးနိုင်မှာ သိလို့ ကျွန်တော်လိမ်ဖြေလိုက်တယ်။ ဆရာဝန်ကြီးပေးလိုက်တဲ့ ကိရိယာနဲ့ ဆီးစစ်ကြည့်တော့ အဖြေကထင်ရှားစွာ။ မယုံနိုင်လို့ ထပ်တလဲလဲ စစ်လဲ ပြောင်းလဲခြင်းမရှိသော မျဉ်းနီနှစ်ကြောင်း။ ကံဆိုးလိုက်တာ babyလေး ရယ်၊ babyလေး ဝင်စားလာတဲ့ ဒီပါးပါး က အပူတွေနဲ့လောင်နေရသူပါကွာ။
ရုပ်ရှင်ထဲကလို ကျွန်တော်မှာ ကိုယ်ဝန်ရှိနေပြီလို့ ! ပြောလိုက်လို့ ချစ်ရသူက ထပြေးမလား ၊ ငါ့အဖေ ဖြစ်ပြီကွ , အော်ငိုနေမလား ! ခံစားမူတွေနဲ့ ကလေးအဖေတွေ လုပ်ရပ်မျိုး ကိုကိုက လုပ်မယ်ထင်သလား။ No ပါ အနှောင်အဖွဲ့တွေ မလိုချင်လို့ တားဆေးသောက်ပါတဲ့ တစ်ချိန်ကပြောခဲ့ဖူးသော တစ်ခွန်းတည်းသော စကား။ ကဲ အဲ့တာ ကျွန်တော့်ဘဝ ၊ ကျွန်တော် လက်ရှိအခြေနေ ကို မြိုသိပ်နိုင်သမျှ မြိုသိပ်ပြီး အဝေး ထွက်သွားရမယ်။ ထွက်သွားရမယ့်အချိန် စောနိုင်သမျှစောစော ထွက်လို့ baby လေးကို မွေးမယ်။ ဘာမှမျော်လင့်မရတဲ့အခြေအနေမို့ ဖြစ်လာသမျှ ကံကောင်းခြင်းထဲက တစ်ခုက ကျွန်တော် baby လေး။ ဒီကိစ္စ ကိုကို့ ကိုအသိပေးရင် ဖျက်ချခိုင်းလိမ့်မယ်၊ ဟင်းအင်း မဖျက်နိုင်ဘူး ...ကျွန်တော်ဘာသာ မွေးမယ်။ ဒါ ကျွန်တော်ရဲ့ဘဝသစ် ။ ဒါ ကျွန်တော့် အနာဂတ်လမ်း ၊ ကျွန်တော်ဘဝရဲ့ အလင်းရောင် အသက်ရှင်သန်ရခြင်းအဓိပ္ပါယ်။
"နေကောင်းပါတယ်ဗျ.."
"ကိုကို ရုံးခန်းထဲ ..ခဏ နေခဲ့နော် ကိုကို meeting ခဏ သွားရမယ် ၊ ဒီမှာ အေးဆေးနားယူ အပြန်ကြ ကလေးငယ်ကြိုက်တဲ့ ဖက်ထုပ်၊ ဟော့ပေါ့ တို့လိုက်ကြွေးမယ်နော် ကလေးငယ် ..meeting က ခဏလေး ပြွတ်စ်...နမ်းမဝဘူးကွာ..."
ဒီနေ့ ထူးခြားစွာ ကိုကိုက သူ့အလုပ်ကို ခေါ်လာခဲ့တယ် ၊ လက်ထဲ ဖုန်းနဲ့ပိုက်ဆံအိတ်ကလေးကလွဲ ဘာမှယူမလာခဲ့မိဘူး။ ခုမှ ဘာတွေ သဘောကောင်းပြီး ကြင်နာပြနေလဲ မသိ၊ ကိုကို အလိုရှိသလို နေပေးနေကြမို့ ထူးမမေးဘဲ လိုက်လာခဲ့မိတယ်။ ဒီနေ့သာ ...ဒီကိစ္စတွေ သိခဲ့ရရင်...လိုက်လာချင်ပါ့မလား။
                —————————————————-
ဒုန်း...ဝုန်း.....
"CEO meeting  တက်နေပါတယ် ဥက္ကဌ ...ခဏ စောင့်"
" မလိုဘူး..ဖယ်..မင်းသူဌေးကိုပြောလိုက်.....ငါရောက်နေတယ်..ခုချက်ချင်း.. ရုံးခန်းလာခဲ့လို့ ပြောလိုက်...သွား..."
CEO မေ့ကျန်ခဲ့သော ဖိုင်တွဲကို ယူပြီး ရုံးခန်းက အထွက် ၊ဒေါသတကြီး လာနေသော HANTHAR GROUP ရဲ့ ဥက္ကဌ ကိုမင်းမြတ်ဟန်သာ ။ ဘာတွေဒေါသထွက်နေတယ်မသိ ၊ ဥက္ကဌ မျက်နှာ အမူအယာ ၊အပြောအဆိုကိုကြည့်ပြီး ကျွန်တော် ဒူးတွေပါတုန်လာတယ် ...CEO ရေ ..။
" ဘယ်က ဘယ်လို..."
ခွပ် ~ ခွပ် ..
"မင်း လူမှ ဟုတ်ရဲ့လား ..ဟင် ..Jackson..မင်းဘာတွေ လုပ်နေတာလဲ ဟင်...ခွေးကောင်...မင်းကို သတ်မယ်...ကဲကွာ..."
ခွပ် ~ ခွပ်
"ဟ...အ့ ဘာ...ဘာတွေ ..လုပ်နေလို့လဲ Jack ..မင်း ဘာတွေ ပြောနေလဲ ...အာ့..အပြင်ကလူတွေ လာစမ်း..အ့.."
" ခွေးကောင်...မင်းဘာလုပ်နေတာ မင်းသိလား ၊ ဟင်...ခု အဲ့ကလေးက မိုးပြည့်မောင်လေး ဆိုတာ သိလား ..ဟင်..မင်း ဘာတွေ လုပ်နေလဲ ဟင်...ငါ-ိုး...ဘောပဲ ..ဟေ့ကောင်..မင်းဘာတွေလုပ်နေလဲ"
"ဟား............,ဘာများလဲ လို့ ...ငါနဲ့အတူ ရှိနေတာ မတော်လိုက်ရတဲ့ ယောက်ဖလောင်းလေးမို့  ညီအရင်း ကို လာထိုးသတဲ့လား...ဟား.....ထိုးလေ...သိတယ်.......သူက  တချိန်က မင်းချစ်သူ မမိုးပြည့်မောင် ဆိုတာ သိလို့ ငါ လုပ်ခဲ့တာ ...အဲ့ဒါ ဘာဖြစ်လဲ ဟင် ..Jack။ ဘာလဲ မကျေနပ်ဘူးလား ...ထိုးလေ...ထိုး..ကျေနပ်သည်ထိ...ထိုးလိုက် ၊ ငါနောက်ဆုတ်မယ်ထင်လား ဟား.......။အိမ်တော်မှာ ...ငါအစီအစဉ်ကိုသိလို့ လာတားလို့ ရမယ်ထင်နေလား ...ဟင် Jack ၊ မင်း သိလား...အဲ့မိန်းမကြောင့် မာမား ဘယ်လောက် ငိုရလဲ၊ ငါတို့မိသားစု ဘယ်လောက်စိတ်ဆင်းရဲရလဲဆိုတာ မင်းသိလား.၊ အဲ့မိန်းမကြောင့်..မားမား စိတ်ထိခိုက်ပြီး ဆေးရုံပေါ်မှာ ဘယ်နှစ်လနေခဲ့ရလဲ မင်းသိလား...၊ ပြော...ပြောလေ ၊ ဘာမဟုတ်တဲ့မိန်းမကြောင့် ကိုယ့်မိသားစုကို စိတ်ဒုခပေးခဲ့တာ မင်းကွ ..သိလား အဲ့ဒါတွေကိုသိသလား။ ပြော...ပြောလိုက်...ခု...အဲ့ မိန်းမ ငါ့ရှေ့လာ ..ဒူးထောက်တောင်းပန်လို့။ အဲ့မိန်းမ ငါ့ကို လာမတောင်းပန် သရွေ့ သူ့သိပ်ချစ်ရပါတယ်ဆိုတဲ့ သူ့မောင်လေးကို ကစားနေမှာ ၊ လှည့်စားနေမှာ သိလား...Jack..ဟား.....။  မင်းချစ်သူကိုပြောလိုက် သူ့မောင်ကို လိုချင်ရင်...ငါဆီ လာပြီး ဒူးထောက် တောင်းပန်လို့....ဟား......"
"Sh*t.....ကဲကွာ..အဲလောက်ထိ အောက်တန်းကျအုံး"
ခွပ် ~  ခွပ်...
ခွမ်းးးးးးးးးးးးးးးးးးးးးးးး
ကိုကို Meeting  ခဏသွားတုန်း ဆီးသွားချင်လို့ အိမ်သာ ထဲ ခဏ ဝင်မိတယ်။ အပြင်က ရန်ဖြစ်သံတွေ ထိုးကျိတ်သံတွေကြားလို့ ရပ်ကြည့်နေတုန်း ကိုကို့ အစ်ကို ဆိုသူက ကိုကို ကို့အပေါ်စီးကနေ ခွပြီး ထိုးကျိတ်နေတယ်။ ပြီး ...ပြီးတော....မမမိုးပြည့် နာမည်၊ မမ အမည်နှင့် ကျွန်တော့်အကြောင်း....။
"အ့....ကလေးငယ်..."
"ဟာ........သွားပြီ၊ ညီလေး "
"ဒီ...ဒီ..ဒီက ..အ....အစ်...အစ်ကို က ..ကျွန်တော့် မမမိုးပြည့်....ချစ်သူ..Jack ဆိုတာလား...ဗျ "
"အ့...ကလေးငယ်...ကိုကို..ရှင်းပြ..."
"ညီလေး...."
"ဖြေ...ဖြေပေးပါ...အခု...ဖြေပေးပါဗျ...တောင်း...တောင်းဆိုပါတယ်၊ ဖြေပေးပါ"
နူတ်ကမဖြေနိုင်လို့ ခေါင်းညိတ်၍ သာဖြေမိတယ်။ ကိုယ်တို့ ညီအစ်ကို နှစ်ယောက်တည်း ရှိသည်အထင်နဲ့ ...လာရောက် ထိုးကျိတ်မိခြင်း ။ ခုတော့.......
#မမ အတွက် vote ပေးခဲ့ဖို့မမေ့နဲ့နော်
# Thanks for all.
zawgyi
" ပါး...လက်ထဲက ဘာကြီး လဲ .."
"ဟုတ်ကဲ့ပါ ပါး "
( သို့
ဒေါက် ~ ဒေါက်
"ပါး...မား..."
"သားကြီး..."
"နေကောင်းပါတယ်ဗျ.."
        -
ဒုန်း...ဝုန်း.....
" ဘယ်က ဘယ်လို..."
ခွပ် ~ ခွပ် ..
ခွပ် ~ ခွပ်
ခွပ် ~ ခွပ်...
"အ့....ကလေးငယ်..."
"ဟာ........သွားပြီ၊ ညီလေး "
"ညီလေး...."
#မမကို follow and vote ပေးခဲ့ပါအုံး။
# Thanks for all.
Continue Reading
You'll Also Like
805K 51.6K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 1950 BL (Time travel) Unicode an...
1M 44.2K 56
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
803K 44.9K 44
Age gap story ​ရေး​နေကျ slow romanceမျိုး မဟုတ်ဘဲ ကြမ်းတဲ့အသုံးအနှုန်းတချို့အတွက် rating16plus​​ပေးချင်ပါတယ်
444K 22.8K 51
အပြင် လူနေမှုဘဝနဲ့ တူညီအောင်...တတ်နိုင်သမျှရေးမှာမို့ ရိုးရိုးရှင်းရှင်း လေးနဲ့ ပေါ့ပေါ့ပါးပါး အချို married life fic လေးပါ...😍😍 20.1.22🤗💜💙 Sta...