ကလေတန်ဆဲလ်ဗားက ရုတ်တရက်ရောက်လာပြန်တဲ့မာလေကိုကြည့်ပြီး စိတ်မကောင်းသလိုပြုံးလိုက်၏။
" ကလေတန်.. မင်းရဲ့ ပျောက်ကွယ်ဖို့အချိန်က နီးလာပြီနော် ''
" မာလေ... ငါတစ်ခုလောက်ပြောချင်တယ် နေရာတစ်ခုကို လုယူဖို့ မခက်ခဲပါဘူး ဒါပေမဲ့ ရှေ့လူတစ်ယောက်ကိုမတုနိုင်ရင် မလုတာက အကောင်းဆုံးပဲ ''
" နှစ်ပေါင်းများစွာ ငါအုပ်ချုပ်လာခဲ့တယ်..ဘယ်နေရာမှာ ငါ့ကို မကျေနပ်ချက်တွေအော်ပြောနေတာရှိလို့လဲ ကလေတန် ''
" သူတို့မပြောရဲကြဘူးလေ..မင်းက ငါးမန်းစာကျွေးပစ်လိမ့်မယ် ဆိုတာ သူတို့ သိပြီးသား မို့ ''
မာလေက ဟက်ခနဲ လှောင်ရယ်ကာ ကလေတန်ကိုကြည့်နေတယ်။
" ထားပါတော့.. ငါ့ရဲ့ တူလေးကို ငါတွေ့ပြီးပြီ..သိလား ''
" မဖြစ်နိုင်တာ ''
" အိုး..ဘာလို့အဲ့လိုကြီး ပြောရတာလဲ.. သေချာလို့ အခုဆိုရင် သူကနန်းတော်မှာရောက်နေပြီ..ငါက သူ့ကို မကြာခင် လက်ထပ်ပြီး မိတ်ဖက်အဖြစ်တရားဝင်ကြေညာတော့မှာ ''
" ယုတ်မာလိုက်တာ အဲ့တာ မင်းရဲ့ တူလေ''
" ငါက ယုတ်မာတယ်.. တူတွေဘာတွေမသိဘူး..ငါလိုချင်တာငါရအောင်ယူမှာ..ပြီးတော့ ငါက အစကတည်းက ယုတ်မာတဲ့သူပဲလေ ''
ကလေတန်က အံကြိတ်ကာ ဒေါသကို ဖြေနေပုံရပြီး မာလေကို မျက်နှာလွှဲထားတော့သည်။
မာလေက အောင်နိုင်သူတစ်ယောက်ရဲ့ အပြုံးကို ဆင်မြန်းလျက် ထိုနေရာမှ ထွက်လာခဲ့လိုက်သည် ။
.......................
မိုင်လီက ရေထဲမှာ ခြေထောက်အစုံချကာ ရပ်လိုက်ပြီး ဂါထာတစ်ခုကိုရေရွတ်လိုက်သည်။
မကြာမီတွင် သူမသည် ထိုနေရာမှ ပျောက်ကွယ်သွားတော့သည် ။
အကြောင်းအစုံအလင်ကိုမြင်နေရသည့် ထရီဇာက အံ့သြစွာ ကြည့်နေမိပြီး မီဂေးလ်ကလည်း ထိုနည်းလည်းကောင်းပင်။
အဘွားမိုင်လီသည် ရေအောက်နန်းတော်မှာ ပေါ်လာခဲ့သည်။ သူမသည် အကွာကို လိုက်လံရှာဖွေနေခဲ့သည်မှာ အချိန်တော်ကြာနေပေမယ့် အရိပ်ယောင်ပင်မတွေ့ရပေ။
" အကွာလေး..ဘယ်တွေရောက်နေသလဲကွယ်''
မိုင်လီက နန်းတော်ထဲကနေထွက်ပြီး တခြားနေရာတွေမှာ လိုက်ရှာဖို့ ဆုံးဖြတ်လိုက်၏။
.....................
နောက်ဆုံးတော့ သူမတို့လွတ်မြောက်ခဲ့ပြီလေ..။
ဒါပေမယ့် တော်တော်ကြာအောင် ခွေးစာတွေ အရသာရှိရှိသုံးဆောင်လိုက်ရပါတယ်။
လော်ရာက သက်ပြင်းလေးဟူးခနဲမှုတ်ထုတ်လိုက်တယ်။
ဟူဂိုရဲ့မျက်နှာက လငပုပ်ဖမ်းနေသလိုမျိုးနဲ့ မပြီးနိုင်မစီးနိုင် သောက်အတွဲကို ကြည့်နေတာဖြစ်သည်။
" နင်တို့ တော်တော့ ''
ဗစ်တာက ဝင်ပြောလာသည့် လော်ရာကို လေဆာအကြည့်တွေနဲ့စိုက်ကြည့်လိုက်သည်။
FA မှန်းဘယ်လိုတောင်သိသာနေရတာလဲ။
အံ့သြပ.. သူများအတွဲ Ro နေတာကို လာပြီး သာသာနာဖျက်ရဲတယ်။
ထိုအတွေးများသည်ဗစ်တာ၏ စိတ်ထဲတွင်သာ တွေးနေခြင်းဖြစ်သည်။
" ငါ့ကို အဲ့လိုမကြည့်ပါနဲ့ဟယ်..နော် နင့်ပထွေးတွေ လာရင်အကုန်လုံးမာလကီးယားကုန်မှာစိုးရိမ်လို့ သွားကြရအောင် လို့ သတိပေးတာပါ ''
ဗစ်တာက သတိလည်လာပုံရသည်။
"နှစ်ယောက်တည်းကမ္ဘာလေးကနေရုန်းထွက်အသိဝင်နိုင်ခဲ့ပြီပေါ့ Bro.. မြန်မြန်လုပ်ကြပါ.. ခက်ရင်းခွကြွးနဲ့ထိုးခံရပြီး မသေချင်သေးဘူး ။ ''
" သွားကြမယ်.. အကွာ ''
" အင်း ''
လော်ရာရဲ့ စကားလေးက အသုံးဝင်သွားသည်။
အကွာနဲ့ဗစ်တာက ထိုလူသားနှစ်ယောက်ကို ဆွဲခေါ်ကာ လုံခြုံတဲ့ နေရာသို့ကူးခတ်သွားတော့သည်။
" အဲ့ဒါက ကလေတန်ရဲ့သားပေါ့လေ ''
မာလေက အမှောင်ထုထဲကနေလှမ်းကြည့်နေရင်း ပြုံးလိုက်သည် ။
.........................
" အကွာ..''
" ဖွားဖွား... ဘယ်လိုလုပ် ''
" ရှာလိုက်ရတာကွယ်...တော်သေးတယ် ဘာမှ မဖြစ်လို့.. ''
အကွာက ရေသူမဖြစ်နေတဲ့ အဖွားကို ကြည့်ကာ အံ့သြနေမိတယ်။
" အကွာအံ့သြနေမှာပေါ့နော်..အဖွားကို မင်းကြီးကလေတန်ရဲ့ဖခင်မင်းကြီးလက်ထပ်တုန်းက လူသားတစ်ယောက်နဲ့ချစ်မိလို့ဆိုပြီး ရေနန်းတော်ကနေမောင်းထုတ်ခံခဲ့ရတယ် အဲ့လိုပဲ အကြမ်းဖျင်းသိထားပေးနော် ''
" ဟုတ်ကဲ့..အာ.. ဖွားဖွား..ဖေဖေ မသေသေးဘူး..ဖေဖေ့ကို ရှာရမယ် ''
" အင်း ..''
မိုင်လီက ဗစ်တာ ၊ လော်ရာနဲ့ဟူဂိုကို ပြုံးပြလိုက်သည်။ ထို့နောက်
" လာ..ဒီနေရာမှာ မနေနဲ့.. ဖွားဖွားနောက်လိုက်ခဲ့ ''
"...''
အချိန်နည်းနည်းလောက် ကူးခတ်ပြီး ရေအောက်နွယ်ပင်ရေမှော်ပင်တွေထူပြောသော နေရာတစ်ခုကို သူတို့ရောက်ရှိလာခဲ့ကြသည်။
" ဖွားဖွား.. ဒါက ''
" ဒါ..အရင်တုန်းက ဖွားဖွားနေခဲ့တဲ့နေရာလေ..နှစ်တွေကြာတော့ အခုလိုပဲ ဖြစ်ကုန်တော့တာ..လာ..ဝင်ခဲ့ကြ ''
................
ရေအောက်မြို့တော်မှာ..ယနေ့ညနေပွဲလုပ်မယ်.. မတက်တဲ့သူမရှိရ။ မတက်ရောက်ပါက ငါးမန်းစာကျွေးမည်။
ဘုရင်မာလေ၏ တစ်ချက်လွှတ်အမိန့်ကြောင့် ရေအောက်မြို့တော်ရှိ ရေသူထီးတွေရေသူမတွေအားလုံး သောသောညံနေ၏။
နေမကောင်းတဲ့သူတွေအလုပ်များတဲ့သူတွေ မှာလည်း ထိုနေရာကို မလာချင်ဘဲလာရောက်ကြရသည်။
မိုင်လီတို့အကွာတို့လည်း ထိုနေရာကို ရောက်ရှိနေကြသည်။
ငါးမန်းခြောက်ကောင်နဲ့ ဆွဲလာသော ယာဉ်ကို မာလေက စီးနှင်လာပြီး ဘေးဘက်တစ်ချက်စီကို ကြည့်ကာ ကလေတန်ရဲ့သားကို ရှာနေမိသည်။
" သမုဒ္ဒရာကြီးနဲ့မင်းတို့အပေါင်းက ငါ့ကိုအလိုရှိကြရဲ့လား ''
မာလေ၏ မေးခွန်းကို ရှိပါတယ် ဆိုကာ ပြိုင်တူဖြေလိုက်ကြသည်။
" ညာနေကြတယ်... ထွက်လာခဲ့.. ကလေတန်ရဲ့သားကို သိတဲ့သူ ''
ထိုစကားကြောင့် ရေသူထီးရေသူမများစွာက သို့လောသို့လော နဲ့ တီးတိုးဆိုကြသည်။
ကလေတန်..သူကအရင်မင်းကြီးမလား..
ကလေတန်ရဲ့သားက ဘယ်တုန်းက မွေးလိုက်တာလဲ...အစရှိသဖြင့်... ။
" ကျွန်တော်သိတယ် ထင်တာပဲ ''
ဗစ်တာက ရှေ့ထွက်လာပြီး..ဆိုလိုက်တာမို့ မာလေက ပြုံးလိုက်သည်။
" ပြောပါအုံး.. သူဘယ်မှာလဲ ''
" သူဒီပွဲကိုမလာဘူး အရှင်မင်းကြီး ''
" ဘာ..''
" အရှင်မင်းကြီးစိတ်တော်မငြိုငြင်ပါနဲ့ ''
မာလေက မျက်နှာကိုထိန်းလိုက်ပြီး ပြုံးသည်။
" သူ့ကို ရှာပြီး အရှင်မင်းကြီး ဘာလုပ်မှာလဲ ''
" မင်းက ငါ့ကို မေးပိုင်ခွင့်ရှိလို့လား ''
" ကျွန်တော်မျိုးက ရှာဖို့ကူညီမှာပါ''
" သူက ငါ့ကြင်ယာတော်ဖြစ်လာမယ့်သူပဲ ''
မာလေရဲ့ အဖြေကြောင့် ဗစ်တာက လက်သီးကို ဆုပ်မိသွားပြီး နောက်ဆုံးတန်းမှ ပုန်းနေတဲ့အကွာသည်လည်းမျက်လုံးပြူးသွား၏။
ဘယ်လိုတောင် မဆီလျော်တဲ့အကြောင်းပြချက်ကြီးလဲ ။
အကွာက နှာတစ်ချက်မှုတ်ကာ တွေးပြီး Kitty ကို ခေါ်လိုက်သည်။
'Kitty ငါ့ကို ကူညီပေး..ရေအောက်ပြည်သူတွေရှေ့မှာ ကလေတန်မသေသေးတဲ့အကြောင်းကို ချပြပေး..ပြီးတော့ ကလေတန်က မာလေရဲ့ယုတ်မာမှုကြောင့် နောက်ကျောကိုဓားနဲ့ထိုးခံရတဲ့အဖြစ်အပျက်တွေ..အခုပဲ ချပြပေး'
' ကျွန်တော့်ကို ခိုင်းတဲ့အတွက် အဖိုးအခပေးရမယ် '
' ပေးမယ်ကွာ..အခုမြန်မြန်လုပ် ပြီးရင် ကလေတန်ဆီ အဖွားမိုင်လီရောက်အောင်ကူညီပေးပြီး ဒီကိုအမြန်ခေါ်လာခိုင်းလိုက်'
' ဟုတ် '
ခဏအကြာတွင်
မာလေက နောက်ဘက်က လင်းထိန်လာသည့် အရာကိုလှည့်ကြည့်လိုက်သည်။
ထိုနည်းတူ ပြည်သူတွေကလည်း ထိုအရာကိုလိုက်ကြည့်မိကြသည်။
" ဟင် ဘုရင်ကလေတန် ''
" ဘုရင်ကလေတန်မသေသေးဘူး ''
" ဘုရင်မာလေက..ပြောတော့ မင်းကြီး ကလေတန်သေပြီဆို..''
" ခုနကတုန်းက ကလေတန်ရဲ့သားကိုလက်ထပ်မယ်ပြောတယ်ဆိုတော့..အရင်တုန်းက ငါတို့အားလုံးကို လိမ်ညာနေခဲ့တာပေါ့ ''
စကားသံပွစိပွစိတွေကြောင့် မာလေက ဒေါသတကြီး အော်ဟစ်ပစ်လိုက်သည်။
" ရှုံးခါနီးလို့ ဒေါသကြီးနေတာလား ညီတော်မာလေ ''
A.N / အပ်ပုဒိတ် အရမ်းကြာနေတော့ ဘာရေးရမှန်း မသိတော့ဘူး။
မင်းတို့ကို အားနာလိုက်တာ ။
တခြားအပုဒ်တွေ Complete ဖြစ်ဖို့ အရင်လုပ်နေတော့ ပစ်ထားမိသွားတဲ့အတွက်လည်း တောင်းပန်ပါတယ်ခင်ဗျာ။
...............
Zawgyi
ကေလတန္ဆဲလ္ဗားက ႐ုတ္တရက္ေရာက္လာျပန္တဲ့မာေလကိုၾကည့္ၿပီး စိတ္မေကာင္းသလိုၿပဳံးလိုက္၏။
" ကေလတန္.. မင္းရဲ႕ ေပ်ာက္ကြယ္ဖို႔အခ်ိန္က နီးလာၿပီေနာ္ ''
" မာေလ... ငါတစ္ခုေလာက္ေျပာခ်င္တယ္ ေနရာတစ္ခုကို လုယူဖို႔ မခက္ခဲပါဘူး ဒါေပမဲ့ ေရွ႕လူတစ္ေယာက္ကိုမတုနိုင္ရင္ မလုတာက အေကာင္းဆုံးပဲ ''
" ႏွစ္ေပါင္းမ်ားစြာ ငါအုပ္ခ်ဳပ္လာခဲ့တယ္..ဘယ္ေနရာမွာ ငါ့ကို မေက်နပ္ခ်က္ေတြေအာ္ေျပာေနတာရွိလို႔လဲ ကေလတန္ ''
" သူတို႔မေျပာရဲၾကဘူးေလ..မင္းက ငါးမန္းစာေကြၽးပစ္လိမ့္မယ္ ဆိုတာ သူတို႔ သိၿပီးသား မို႔ ''
မာေလက ဟက္ခနဲ ေလွာင္ရယ္ကာ ကေလတန္ကိုၾကည့္ေနတယ္။
" ထားပါေတာ့.. ငါ့ရဲ႕ တူေလးကို ငါေတြ႕ၿပီးၿပီ..သိလား ''
" မျဖစ္နိုင္တာ ''
" အိုး..ဘာလို႔အဲ့လိုႀကီး ေျပာရတာလဲ.. ေသခ်ာလို႔ အခုဆိုရင္ သူကနန္းေတာ္မွာေရာက္ေနၿပီ..ငါက သူ႕ကို မၾကာခင္ လက္ထပ္ၿပီး မိတ္ဖက္အျဖစ္တရားဝင္ေၾကညာေတာ့မွာ ''
" ယုတ္မာလိုက္တာ အဲ့တာ မင္းရဲ႕ တူေလ''
" ငါက ယုတ္မာတယ္.. တူေတြဘာေတြမသိဘူး..ငါလိုခ်င္တာငါရေအာင္ယူမွာ..ၿပီးေတာ့ ငါက အစကတည္းက ယုတ္မာတဲ့သူပဲေလ ''
ကေလတန္က အံႀကိတ္ကာ ေဒါသကို ေျဖေနပုံရၿပီး မာေလကို မ်က္ႏွာလႊဲထားေတာ့သည္။
မာေလက ေအာင္နိုင္သူတစ္ေယာက္ရဲ႕ အၿပဳံးကို ဆင္ျမန္းလ်က္ ထိုေနရာမွ ထြက္လာခဲ့လိုက္သည္ ။
.......................
မိုင္လီက ေရထဲမွာ ေျခေထာက္အစုံခ်ကာ ရပ္လိုက္ၿပီး ဂါထာတစ္ခုကိုေရ႐ြတ္လိုက္သည္။
မၾကာမီတြင္ သူမသည္ ထိုေနရာမွ ေပ်ာက္ကြယ္သြားေတာ့သည္ ။
အေၾကာင္းအစုံအလင္ကိုျမင္ေနရသည့္ ထရီဇာက အံ့ၾသစြာ ၾကည့္ေနမိၿပီး မီေဂးလ္ကလည္း ထိုနည္းလည္းေကာင္းပင္။
အဘြားမိုင္လီသည္ ေရေအာက္နန္းေတာ္မွာ ေပၚလာခဲ့သည္။ သူမသည္ အကြာကို လိုက္လံရွာေဖြေနခဲ့သည္မွာ အခ်ိန္ေတာ္ၾကာေနေပမယ့္ အရိပ္ေယာင္ပင္မေတြ႕ရေပ။
" အကြာေလး..ဘယ္ေတြေရာက္ေနသလဲကြယ္''
မိုင္လီက နန္းေတာ္ထဲကေနထြက္ၿပီး တျခားေနရာေတြမွာ လိုက္ရွာဖို႔ ဆုံးျဖတ္လိုက္၏။
.....................
ေနာက္ဆုံးေတာ့ သူမတို႔လြတ္ေျမာက္ခဲ့ၿပီေလ..။
ဒါေပမယ့္ ေတာ္ေတာ္ၾကာေအာင္ ေခြးစာေတြ အရသာရွိရွိသုံးေဆာင္လိုက္ရပါတယ္။
ေလာ္ရာက သက္ျပင္းေလးဟူးခနဲမႈတ္ထုတ္လိုက္တယ္။
ဟူဂိုရဲ႕မ်က္ႏွာက လငပုပ္ဖမ္းေနသလိုမ်ိဳးနဲ႕ မၿပီးနိုင္မစီးနိုင္ ေသာက္အတြဲကို ၾကည့္ေနတာျဖစ္သည္။
" နင္တို႔ ေတာ္ေတာ့ ''
ဗစ္တာက ဝင္ေျပာလာသည့္ ေလာ္ရာကို ေလဆာအၾကည့္ေတြနဲ႕စိုက္ၾကည့္လိုက္သည္။
FA မွန္းဘယ္လိုေတာင္သိသာေနရတာလဲ။
အံ့ၾသပ.. သူမ်ားအတြဲ Ro ေနတာကို လာၿပီး သာသာနာဖ်က္ရဲတယ္။
ထိုအေတြးမ်ားသည္ဗစ္တာ၏ စိတ္ထဲတြင္သာ ေတြးေနျခင္းျဖစ္သည္။
" ငါ့ကို အဲ့လိုမၾကည့္ပါနဲ႕ဟယ္..ေနာ္ နင့္ပေထြးေတြ လာရင္အကုန္လုံးမာလကီးယားကုန္မွာစိုးရိမ္လို႔ သြားၾကရေအာင္ လို႔ သတိေပးတာပါ ''
ဗစ္တာက သတိလည္လာပုံရသည္။
"ႏွစ္ေယာက္တည္းကမၻာေလးကေန႐ုန္းထြက္အသိဝင္နိုင္ခဲ့ၿပီေပါ့ Bro.. ျမန္ျမန္လုပ္ၾကပါ.. ခက္ရင္းခြႂကြးနဲ႕ထိုးခံရၿပီး မေသခ်င္ေသးဘူး ။ ''
" သြားၾကမယ္.. အကြာ ''
" အင္း ''
ေလာ္ရာရဲ႕ စကားေလးက အသုံးဝင္သြားသည္။
အကြာနဲ႕ဗစ္တာက ထိုလူသားႏွစ္ေယာက္ကို ဆြဲေခၚကာ လုံၿခဳံတဲ့ ေနရာသို႔ကူးခတ္သြားေတာ့သည္။
" အဲ့ဒါက ကေလတန္ရဲ႕သားေပါ့ေလ ''
မာေလက အေမွာင္ထုထဲကေနလွမ္းၾကည့္ေနရင္း ၿပဳံးလိုက္သည္ ။
.........................
" အကြာ..''
" ဖြားဖြား... ဘယ္လိုလုပ္ ''
" ရွာလိုက္ရတာကြယ္...ေတာ္ေသးတယ္ ဘာမွ မျဖစ္လို႔.. ''
အကြာက ေရသူမျဖစ္ေနတဲ့ အဖြားကို ၾကည့္ကာ အံ့ၾသေနမိတယ္။
" အကြာအံ့ၾသေနမွာေပါ့ေနာ္..အဖြားကို မင္းႀကီးကေလတန္ရဲ႕ဖခင္မင္းႀကီးလက္ထပ္တုန္းက လူသားတစ္ေယာက္နဲ႕ခ်စ္မိလို႔ဆိုၿပီး ေရနန္းေတာ္ကေနေမာင္းထုတ္ခံခဲ့ရတယ္ အဲ့လိုပဲ အၾကမ္းဖ်င္းသိထားေပးေနာ္ ''
" ဟုတ္ကဲ့..အာ.. ဖြားဖြား..ေဖေဖ မေသေသးဘူး..ေဖေဖ့ကို ရွာရမယ္ ''
" အင္း ..''
မိုင္လီက ဗစ္တာ ၊ ေလာ္ရာနဲ႕ဟူဂိုကို ၿပဳံးျပလိုက္သည္။ ထို႔ေနာက္
" လာ..ဒီေနရာမွာ မေနနဲ႕.. ဖြားဖြားေနာက္လိုက္ခဲ့ ''
"...''
အခ်ိန္နည္းနည္းေလာက္ ကူးခတ္ၿပီး ေရေအာက္ႏြယ္ပင္ေရေမွာ္ပင္ေတြထူေျပာေသာ ေနရာတစ္ခုကို သူတို႔ေရာက္ရွိလာခဲ့ၾကသည္။
" ဖြားဖြား.. ဒါက ''
" ဒါ..အရင္တုန္းက ဖြားဖြားေနခဲ့တဲ့ေနရာေလ..ႏွစ္ေတြၾကာေတာ့ အခုလိုပဲ ျဖစ္ကုန္ေတာ့တာ..လာ..ဝင္ခဲ့ၾက ''
................
ေရေအာက္ၿမိဳ႕ေတာ္မွာ..ယေန႕ညေနပြဲလုပ္မယ္.. မတက္တဲ့သူမရွိရ။ မတက္ေရာက္ပါက ငါးမန္းစာေကြၽးမည္။
ဘုရင္မာေလ၏ တစ္ခ်က္လႊတ္အမိန့္ေၾကာင့္ ေရေအာက္ၿမိဳ႕ေတာ္ရွိ ေရသူထီးေတြေရသူမေတြအားလုံး ေသာေသာညံေန၏။
ေနမေကာင္းတဲ့သူေတြအလုပ္မ်ားတဲ့သူေတြ မွာလည္း ထိုေနရာကို မလာခ်င္ဘဲလာေရာက္ၾကရသည္။
မိုင္လီတို႔အကြာတို႔လည္း ထိုေနရာကို ေရာက္ရွိေနၾကသည္။
ငါးမန္းေျခာက္ေကာင္နဲ႕ ဆြဲလာေသာ ယာဥ္ကို မာေလက စီးႏွင္လာၿပီး ေဘးဘက္တစ္ခ်က္စီကို ၾကည့္ကာ ကေလတန္ရဲ႕သားကို ရွာေနမိသည္။
" သမုဒၵရာႀကီးနဲ႕မင္းတို႔အေပါင္းက ငါ့ကိုအလိုရွိၾကရဲ႕လား ''
မာေလ၏ ေမးခြန္းကို ရွိပါတယ္ ဆိုကာ ၿပိဳင္တူေျဖလိုက္ၾကသည္။
" ညာေနၾကတယ္... ထြက္လာခဲ့.. ကေလတန္ရဲ႕သားကို သိတဲ့သူ ''
ထိုစကားေၾကာင့္ ေရသူထီးေရသူမမ်ားစြာက သို႔ေလာသို႔ေလာ နဲ႕ တီးတိုးဆိုၾကသည္။
ကေလတန္..သူကအရင္မင္းႀကီးမလား..
ကေလတန္ရဲ႕သားက ဘယ္တုန္းက ေမြးလိုက္တာလဲ...အစရွိသျဖင့္... ။
" ကြၽန္ေတာ္သိတယ္ ထင္တာပဲ ''
ဗစ္တာက ေရွ႕ထြက္လာၿပီး..ဆိုလိုက္တာမို႔ မာေလက ၿပဳံးလိုက္သည္။
" ေျပာပါအုံး.. သူဘယ္မွာလဲ ''
" သူဒီပြဲကိုမလာဘူး အရွင္မင္းႀကီး ''
" ဘာ..''
" အရွင္မင္းႀကီးစိတ္ေတာ္မၿငိဳျငင္ပါနဲ႕ ''
မာေလက မ်က္ႏွာကိုထိန္းလိုက္ၿပီး ၿပဳံးသည္။
" သူ႕ကို ရွာၿပီး အရွင္မင္းႀကီး ဘာလုပ္မွာလဲ ''
" မင္းက ငါ့ကို ေမးပိုင္ခြင့္ရွိလို႔လား ''
" ကြၽန္ေတာ္မ်ိဳးက ရွာဖို႔ကူညီမွာပါ''
" သူက ငါ့ၾကင္ယာေတာ္ျဖစ္လာမယ့္သူပဲ ''
မာေလရဲ႕ အေျဖေၾကာင့္ ဗစ္တာက လက္သီးကို ဆုပ္မိသြားၿပီး ေနာက္ဆုံးတန္းမွ ပုန္းေနတဲ့အကြာသည္လည္းမ်က္လုံးျပဴးသြား၏။
ဘယ္လိုေတာင္ မဆီေလ်ာ္တဲ့အေၾကာင္းျပခ်က္ႀကီးလဲ ။
အကြာက ႏွာတစ္ခ်က္မႈတ္ကာ ေတြးၿပီး Kitty ကို ေခၚလိုက္သည္။
'Kitty ငါ့ကို ကူညီေပး..ေရေအာက္ျပည္သူေတြေရွ႕မွာ ကေလတန္မေသေသးတဲ့အေၾကာင္းကို ခ်ျပေပး..ၿပီးေတာ့ ကေလတန္က မာေလရဲ႕ယုတ္မာမႈေၾကာင့္ ေနာက္ေက်ာကိုဓားနဲ႕ထိုးခံရတဲ့အျဖစ္အပ်က္ေတြ..အခုပဲ ခ်ျပေပး'
' ကြၽန္ေတာ့္ကို ခိုင္းတဲ့အတြက္ အဖိုးအခေပးရမယ္ '
' ေပးမယ္ကြာ..အခုျမန္ျမန္လုပ္ ၿပီးရင္ ကေလတန္ဆီ အဖြားမိုင္လီေရာက္ေအာင္ကူညီေပးၿပီး ဒီကိုအျမန္ေခၚလာခိုင္းလိုက္'
' ဟုတ္ '
ခဏအၾကာတြင္
မာေလက ေနာက္ဘက္က လင္းထိန္လာသည့္ အရာကိုလွည့္ၾကည့္လိုက္သည္။
ထိုနည္းတူ ျပည္သူေတြကလည္း ထိုအရာကိုလိုက္ၾကည့္မိၾကသည္။
" ဟင္ ဘုရင္ကေလတန္ ''
" ဘုရင္ကေလတန္မေသေသးဘူး ''
" ဘုရင္မာေလက..ေျပာေတာ့ မင္းႀကီး ကေလတန္ေသၿပီဆို..''
" ခုနကတုန္းက ကေလတန္ရဲ႕သားကိုလက္ထပ္မယ္ေျပာတယ္ဆိုေတာ့..အရင္တုန္းက ငါတို႔အားလုံးကို လိမ္ညာေနခဲ့တာေပါ့ ''
စကားသံပြစိပြစိေတြေၾကာင့္ မာေလက ေဒါသတႀကီး ေအာ္ဟစ္ပစ္လိုက္သည္။
" ရႈံးခါနီးလို႔ ေဒါသႀကီးေနတာလား ညီေတာ္မာေလ ''
A.N / အပ္ပုဒိတ္ အရမ္းၾကာေနေတာ့ ဘာေရးရမွန္း မသိေတာ့ဘူး။
မင္းတို႔ကို အားနာလိုက္တာ ။
တျခားအပုဒ္ေတြ Complete ျဖစ္ဖို႔ အရင္လုပ္ေနေတာ့ ပစ္ထားမိသြားတဲ့အတြက္လည္း ေတာင္းပန္ပါတယ္ခင္ဗ်ာ။
...............