နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသ...
By KimHsuYoon99
684K 107K 1.4K
This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှ... More
Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4.1
Chapter 4.2
Chapter 5.1
Chapter 5.2
Chapter 6.1
Chapter 6.2
Chapter 7.1
Chapter 7.2
Chapter 8.1
Chapter 8.2
Chapter 9.1
Chapter 9.2
Chapter 10.1
Chapter 10.2
Chapter 11.1
Chapter 11.2
Chapter 12.1
Chapter 12.2
Chapter 13.1
Chapter 13.2
Chapter 14.1
Chapter 14.2
Chapter 15.1
Chapter 15.2
Chapter 16.1
Chapter 16.2
Chapter 17.1
Chapter 17.2
Chapter 18.1
Chapter 18.2
Chapter 19.1
Chapter 19.2
Chapter 20.1
Chapter 20.2
Chapter 21.1
Chapter 21.2
Chapter 22.1
Chapter 22.2
Chapter 23.1
Chapter 23.2
Chapter 24.1
Chapter 24.2
Chapter 25.1
Chapter 25.2
Chapter 26.1
Chapter 26.2
Chapter 27.1
Chapter 27.2
Chapter 28.2
Chapter 29.1
Chapter 29.2
Chapter 29.3
Chapter 30.1
Chapter 30.2
Chapter 31.1
Chapter 31.2
Chapter 32.1
Chapter 32.2
Chapter 33.1
Chapter 33.2
Chapter 34.1
Chapter 34.2
Chapter 35.1
Chapter 35.2
Chapter 36.1
Chapter 36.2
Chapter 37.1
Chapter 38.1
Chapter 37.2
Chapter 38.2
Chapter 39.1
Chapter 39.2
Chapter 40.1
Chapter 40.2
Chapter 41.1
Chapter 41.2
Chapter 42.1
Chapter 42.2
Chapter 43.1
Chapter 43.2
Chapter 44.1
Chapter 44.2
Chapter 45.1
Chapter 45.2
Chapter 46.1
Chapter 46.2
Chapter 47.1
Chapter 47.2
Chapter 48.1
<ဖတ်စေချင်ပါတယ်>
Chapter 48.2
Chapter 49.1
Chapter 49.2
Chapter 50.1
Chapter 50.2
Chapter 51.1
Chapter 51.2
Chapter 52.1
Chapter 52.2
Chapter 53.1
Chapter 53.2
Chapter 54.1
Chapter 54.2
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57.1
Chapter 57.2
Chapter 58.1
Chapter 58.2
Chapter 59.1
Chapter 59.2
Chapter 60.1
Chapter 60.2
Chapter 61.1
Chapter 61.2
Chapter 62.1
Chapter 62.2
Chapter 63.1
Chapter 63.2
Chapter 64.1
Chapter 64.2
Chapter 65.1
Chapter 65.2
Chapter 66.1
Chapter 66.2
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Extra 1
Extra 2
Extra 3
Chapter 28.1
4.5K 782 40
By KimHsuYoon99
(Unicode)
မျိုးနွယ်စုခေါင်းဆောင်က စကားပြောပြီးသွားတဲ့အခါ သူက သင်ကြားခံနေရတဲ့ခဲယ်လ်တစ်ရဲ့ မျက်နှာကို မြင်တွေ့ရတာ အရမ်းကျေနပ်သွားပြီး သူ့(ခဲယ်လ်တစ်)ကို အလုပ်ကြိုးစားအောင်လုပ်ဖို့ ပခုံးပေါ်ကို လက်နဲ့ပုတ်လိုက်တယ်။
ဂူထဲမှာ သူ့အဖေကို စောင့်နေတဲ့ နီရှိဇ၀နဲ့ မထွက်သွားရသေးတဲ့ အယ်လီတို့က အရမ်းသိချင်စိတ်ပြင်းပြနေကြတယ်။ မျိုးနွယ်စုခေါင်းဆောင်က ခဲယ်လ်တစ်ကို လျှို့လျှို့ဝှက်ဝှက်နဲ့ ခေါ်ထုတ်ပြီး အချိန်အတော်ကြာအောင် တီးတိုးပြောနေကြတာ။သူ(မျိုးနွယ်စုခေါင်းဆောင်) ဘာပြောနေတာလဲ?
အကြားအာရုံကောင်းမွန်တဲ့ လိန်းကျယ်က  သူတို့ကြားက စကားဝိုင်းကို သူ့မျက်နှာပေါ်က ပြတ်သားတဲ့အမူအရာနဲ့အတူ တစ်လုံးမှမလွတ်စေပဲနဲ့ နားထောင်ခဲ့တယ်။ ထို့နောက်တော့ သူက နောက်ထပ် စရုန်းကန်ရတော့တယ်။  အန်းချီလော့က အခု သူ့ရဲ့ချစ်သူဖြစ်ပြီး သူ(အန်းချီလော့)ကြီးပြင်းလာတဲ့အခါ သူတို့နှစ်ဦးက လက်တွဲဖော်ဖြစ်လာမှာဖြစ်တယ်။သူ့ကို အန်းချီလော့ ပိုသဘောကျလာအောင်လုပ်ဖို့ မျိုးနွယ်စုခေါင်းဆောင်ရဲ့နည်းလမ်းကို သူ စမ်းကြည့်သင့်လား။
ဒါပေမယ့် မျိုးနွယ်စုခေါင်းဆောင်နဲ့ခဲယ်လ်တစ်က ဒီနေ့အိမ်မှာ ရှိနေတဲ့ ခြင်္သေ့လေးကို မေ့နေခဲ့ကြပြီး သူ(ခြင်္သေ့လေးတပေါ)ကလည်း မျိုးနွယ်စုခေါင်းဆောင်ရဲ့ မိန်းမလိုက်ပိုးနည်းတွေကို ကြားသွားခဲ့တယ်။ဒါကို သူ့စိတ်ထဲမှာပဲ သိမ်းထားရင်းနဲ့ ခြင်္သေ့လေးက မျိုးနွယ်စုခေါင်းဆောင်ရဲ့ လှည့်ကွက်လေးတွေကို အတည်ပြုဖို့အတွက် ဖေးကော( ဖက်ဂီ/ဖေးကျီ)ကိုရှာဖို့ အချိန်ရှာကြည့်ရမယ်လို့ သူ့ကိုယ်သူဆုံးဖြတ်လိုက်တယ်။ဒါကြောင့် စိတ်အားထက်သန်နေတဲ့မျိုးနွယ်စုခေါင်းဆောင်က အမှတ်တမဲ့နဲ့ ကလေးကို မကောင်းတာတွေ သင်ပေးမိသွားခဲ့တယ်။
နောက်ရက်အနည်းငယ်မှာ ခဲယ်လ်တစ်ရဲ့အိမ်က အရမ်းကို အသက်၀င်နေပြီး Irvineက လူများစွာက ရက်လုပ်တဲ့စွမ်းရည်ကို သင်ယူဖို့ လာခဲ့ကြတယ်။ပြီးတော့ သူတို့အိမ်ထဲက orcs(ခဲယ်လ်တစ်နဲ့လိန်းကျယ်တို့)က သားကောင်အချို့ကို ပို့ကြလိမ့်မယ်။ဒီနည်းလမ်းနဲ့ အယ်လ်ဗင်နဲ့ရှီကျဲက ညစာအတွက်နေဖို့ မငြင်းဆိုနိုင်တော့ဘူး။
ကေစီကလည်း ဒီရက်တွေမှာ သင်ယူဖို့ နေ့တိုင်းလာခဲ့ပေမယ့် သူက ဘာပြသနာမှမလုပ်ပဲ နောက်ကျောလွယ်ကိုထိုးတာ သင်ယူဖို့ လူတိုင်းရဲ့ နောက်ကို နာနာခံခံနဲ့ လိုက်နေရုံသာ။ကေစီရဲ့ပြုမူပုံကို မြင်ပြီး အန်းချီလော့နဲ့တခြားသူတွေက စိတ်သက်သာရာရသွားတယ်။ကေစီရဲ့ ထိန်းကျောင်းရခက်ပြီး မာနကြီးဘ၀မြင့်တဲ့ စိတ်သဘောထားအကြောင်းကို စိုးရိမ်စရာမလိုတော့ဘူး။ ဘာတွေဖြစ်သွားတာလဲ။
တုံးအပြီး ရိုးသားတဲ့ ဇက်ခ်လေက နေ့တိုင်း သားကောင်ပို့နေတဲ့အပြင်  မိန်းမပျိုတွေကြိုက်နှစ်သက်တဲ့ သစ်သီးတွေကိုလည်း ထပ်ထည့်ပြီး သူက ပို့ခဲ့တယ်။သူက ဘယ်သူ့ကိုမှ သီးခြားနာမည်မတပ်ထားခဲ့ပါဘူး။ခဲယ်လ်တစ်က လူတိုင်းကို အဲ့ဒါတွေပို့ရုံသာဖြစ်ပြီး ရှီကျဲနဲ့ တခြားသူတွေကို ဧည့်ခံဖို့ အကုန်လုံးအသုံးပြုခဲ့တာက ဆိုင်ရယ်ကို ဒေါသတွေ တရွရွဖြစ်လာအောင် လုပ်နေတာပဲ။သူအသီးစားလိုက်တဲ့အချိန်တိုင်း အသီးကိုဆန့်ကျင်တတ်တဲ့ မလိုမုန်းတီးမှုတွေရှိသလိုမျိုး အမြဲကြောက်စရာကောင်းနေလေ့ရှိတယ်။ပြီးတော့ ကေစီက တမင်လား ၊မရည်ရွယ်ပဲဖြစ်သွားတာလား ၊အမြဲဆိုင်ရယ်ရဲ့ဘေးမှာထိုင်ပြီး ဆိုင်ရယ်မှာအစ်ကိုကြီးရှိလို့သာပဲ မဟုတ်ရင် သူတို့မှာ အသီးရှိမှာမဟုတ်ဘူးလို့ ပြောသေးတယ်။တခြားသူတွေကတော့ အဲ့အချိန်ကျရင် တိတ်တိတ်လေး အမြဲပြုံးနေကြပြီး ပိုင်မုကတော့ ဆိုင်ရယ်နဲ့ကေစီက တကယ်ချစ်ဖို့ကောင်းတယ်လို့ ခံစားရတယ်။
ဒီရက်တွေမှာ ပိုင်မုကို မှားယွင်း‌နေတယ်လို့ ခံစားရအောင်လုပ်နေတဲ့ အရာတစ်ခုကတော့ ခဲယ်လ်တစ်က သူ့ကို အရမ်းကပ်နေတာပဲ။သူဘယ်နေရာသွားသွား ခဲယ်လ်တစ်က သူ့အမြီးကို ယမ်းပြီး နောက်က လိုက်လာတယ်။ဒါက မျိုးနွယ်စုခေါင်းဆောင်က သင်ပေးခဲ့တာဖြစ်ပြီး *Lieက Lang Langကို ကြောက်တယ်လေ။အရင်က လာခဲ့တဲ့ တမန်တော်က ဒါကို  သင်ပေးခဲ့တာလို့ ပြောကြတယ်။(*သူဘာပြောချင်တာလဲဆိုတာ တို့လည်းနားမလည်ပါ ╥﹏╥)
ပိုင်မုကတော့ အိမ်ထဲက မိန်းမပျိုတွေကြားက  သိမ်မွေ့နေတဲ့လေထုကို သတိမထားမိပါဘူး။ဒီရက်တွေမှာ သူက မိန်းမပျိုတွေအတွက် အသုံးပြုဖို့ တပေါအတွက်နောက်ကျောလွယ်အသေးလေးကို ရက်လုပ်နေခဲ့တာ။မူလက ဒါက ခဲယ်လ်တစ်ရဲ့အလုပ်ဖြစ်သင့်ပေမယ့် အခု သူနဲ့လိန်းကျယ်နှစ်ယောက်လုံးက ဒီမိန်းမပျိုအုပ်စုကို အပြာရောင်သစ်သား‌အမြှောင်းလေးတွေ ဖြတ်ဖို့ကူညီနေတာမှာ အလုပ်များနေကြတာ။
ခြင်္သေ့လေးကလည်းပဲ လတ်တလောမှာ အရမ်းလိမ်မာနေပြီး နေ့တိုင်းအိမ်မှာနေရင်းနဲ့ မကြာခဏ လူတိုင်းကို ကူညီပေးနေတယ်။သူ့မှာဘာကိစ္စမှမရှိရင် သူက လူတိုင်းအလုပ်များနေတာကြည့်ရင်ကြည့် မဟုတ်ရင်လည်း သားရဲအသွင်ပြောင်းပြီး မြေကြီးပေါ်လှိမ့်နေတတ်တယ်။
ပိုင်မုက ခြင်္သေ့လေးမှာ ဘာအရုပ်မှမရှိတာကိုမြင်ခဲ့တယ်။သူ(ခြင်္သေ့လေး)က ပုံမှန်အားဖြင့် သူ့သူငယ်ချင်းတွေနဲ့ ဒါမှမဟုတ် အနီးနားသစ်တောထဲက ကြောင်တွေ၊ ခွေးတွေနဲ့ အပြင်ထွက်ဆော့နေခဲ့တာ။ပိုင်မုက သူငယ်ငယ်တုန်းက ဆော့ခဲ့တဲ့ ဝါးပုစဉ်းလေးတွေကို မှတ်မိသွားပြီး ခြင်္သေ့လေးအတွက် တစ်ကောင်လုပ်ပေးချင်ခဲ့တယ်။
အခု နိရှီဇ၀နဲ့ တခြားသူတွေက သင်ယူတာပြီးလုနီးပါးဖြစ်နေပြီ။ မကြာခဏ သရုပ်ပြဖို့ သူ့ကို အသုံးပြုမယ့်အစား သူတို့ပြသနာတွေ့တဲ့အခါ သူတို့ကို ဖြေပေးဖို့သာလိုတယ်။ဒါကြောင့် ပိုင်မုက ဒီကမ္ဘာမှာ ပထမဆုံးသော ဝါးပုစဉ်းကို ပြုလုပ်ဖို့ အပြာရောင်သစ်သားကို ကောက်ယူလိုက်တယ်။
ပိုင်မုရဲ့လှုပ်ရှားမှုတွေကို အမြဲအာရုံစိုက်နေပြီး သူ့ကို ဖြည့်ဆည်းပေးဖို့ အဆင်သင့်အမြဲဖြစ်နေတဲ့ ခဲယ်လ်တစ်က ကျန်နေသေးတဲ့အပြာရောင်သစ်သားတွေရှေ့မှာ ပိုင်မုထိုင်ချလိုက်ပြီး အဆက်မပြတ် လက်ဟန်ခြေဟန်‌တွေ လုပ်နေတာကို မြင်သွားတယ်။အပြာရောင်သစ်သားအမြှောင်းတွေ မလုံလောက်လို့လားလို့ တွေးပြီး သူက ပိုင်မုရဲ့အလုပ်ကို လက်လွှဲယူဖို့  အရှေ့ကို ခြေလှမ်း,လှမ်းလာခဲ့တယ်။
"ကဲပါကွာ အဲ့ဒီ(ဝါး)အစလေးတွေကြောင့် အစူးခံနေရမှာကို သတိထားဦး" ခဲယ်လ်တစ်က *Shiraumeရဲ့လက်ထဲက ဓားကို လုယူဖို့ လုပ်လိုက်တယ်။(ပိုင်မုရဲ့ဂျပန်နာမည်များလား အား!!!! နာမည်တွေအရမ်းရှုပ် ಥ╭╮ಥ )
"ရတယ် ကျွန်တော့်ဘာသာကျွန်တော်လုပ်နိုင်ပါတယ် ခင်ဗျား ဒါကို လုပ်တတ်မှာမဟုတ်ဘူး"ပိုင်မုက သူ့လက်လေးကို ဝေ့ယမ်းပြီး ငြင်းလိုက်ကာ သင့်တော်တဲ့အပြာရောင်သစ်သားကို ဆက်ရွေးချယ်နေခဲ့တယ်။
"ဒီရက်တွေမှာ ဒါကို ကိုယ်လုပ်ပေးနေခဲ့တာပဲမဟုတ်ဘူးလား" ခဲယ်က တုံ့ပြန်မှုမရှိပဲနဲ့ ဗလာသက်သက်ပြန်မေးလိုက်တယ်။
"ကျွန်တော် ရက်လုပ်ဖို့အတွက် အပြာရောင်သစ်သားအမြှောင်းတွေ လုပ်ချင်တာမဟုတ်ဘူး ဒါပေမယ့် ကျွန်တော်က ဒါကို ရှောင်..အမ်...တပေါအတွက် အရုပ်တစ်ရုပ် လုပ်ပေးချင်တာ"ပိုင်မုက အမြဲ တပေါကို သူ့နှလုံးသားထဲမှာ ခြင်္သေ့လေးလို့ ခေါ်နေခဲ့တာ။သူက အခုလေးတင် အမှားလုပ်မိလုနီးပါးဖြစ်သွားတာပဲ။
"အရုပ်တွေလား ကစားလို့ရတဲ့ပစ္စည်းကိရိယာတစ်ခုလား"ခဲယ်လ်တစ်က ၎င်းကို အလွယ်တကူ လုံးစေ့ပတ်စေ့ နားလည်ခဲ့တယ်။ဒါပေမယ့် ကိရိယာတွေကလည်းပဲ ကစားလို့ရတာလား?
ဘာသာပြန်သူမှာ ပြောစရာရှိတယ် :
တရက်ခြားတပိုင်းဆိုပြီး ဘာလို့မပေါ်လာတာလဲလို့မေးရင် မျက်နှာပူပူနဲ့ ပြောစရာတခွန်းပဲရှိပါတယ်။ ဝိုင်ဖိုင်မရောက်လာသေးလို့ပါ ။ နောက်နှစ်ရက်နေရင် ရပြီဆိုပြီး ခုတော့ တပတ်နီးပါးရှိနေပြီ အား!!!!
(Zawgyi code)
Continue Reading
You'll Also Like
2.8M 185K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
127K 15.9K 46
"ဘယ်သူကမှ ကစားစရာအဟောင်းလေးကို သဘောကျမှာ မဟုတ်ဘူး" "အဲ့လို မဟုတ်ပါဘူး။ ဒါ အချစ်ပါ..." Myanmar translation of Before My Withering (枯萎之前) Author - 月昼...
473K 81.2K 85
Title - Raising you this small stuff Chinese Title - 养你这件小事 Author - 九云歌 Status - 81 chapters + 2 extras Credits to all. Description 'elf rebirth pr...
2.9M 225K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023