ငါကဗီလိန်အဲ့တော့ဘာဖြစ်လည်း

נכתב על ידי theswords999

1.6K 169 18

ငါလီဖေးဟန် ဗီလိန်ဖြစ်ဖို့ကံပါလာတယ် ဘယ်သူ့ကိုစောက်ဂရုစိုက်ရမှာလည်း ဟမ့် ငါကပဲအသန်မာဆုံးဖြစ်ရမာပေါ့ လာကြစမ်း ဒ... עוד

အပိုင်း(၁)ဗီလိန် Systemနဲ့ချိတ်ဆက်ဖို့ ကံပါလာသူ
အပိုင်း(၃)ပျက်စီးသွားတဲ့ဘဝ
အပိုင်း(၄)အလင်းစက်လေး
အပိုင်း(၅)ဗီလိန်ဖြစ်လာတယ်
အပိုင်း(၆)ပြင်းထန်တဲ့အနမ်း
အပိုင်း(၇)အသားစားလိုက်တဲ့ရှင်း

အပိုင်း(၂)ပြသနာပဲ စနစ်ရေ သောက်ဂွပဲ

198 27 0
נכתב על ידי theswords999

   (စနစ်)" မစ်ရှင်လက်ခံပြီးပါ၍ ရှင်းလင်းပြသပါမည်

အမည်-လီဖေးဟန်

စကေးများ-ဘာမှမရှိ

ပွိုင့်-၅၀

နှစ်လိုမှု့အမှတ် -ဘာမှမရှိ

ဇာတ်လိုက် သုံးဦးထံမှ နှစ်လိုမှု့အမှတ်များစုဆောင်း၍စနစ်၏ ဈေးဝယ်စင်တာတွင်လိုအပ်သောအရာများဝယ်ယူနိုင်ပါသည်။

(လီဖေးဟန်)"ဘာ ဘာစကေးမှမရှိပဲ ငါကဘာလုပ်ရမှာတုန်း သောက်ဂွပဲဟ"

(စနစ်)"ရောက်ရှိနေသောဇာတ်ကြောင်းကိုလက်ခံရယူပါ"

တင်း.....ဆိုတဲ့ကျယ်လောင်တဲ့အသံကြားပြီးနောက်မှာ
လီဖေးဟန်ရဲ့ မျက်လုံးနဲ့အာရုံတွေထဲ လက်ရှိရောက်နေတဲ့ဇာတ်ကြောင်းကပေါ်လာတော့တယ်။

(လီဖေးဟန်)" ဟာ...သောက်ဂွစနစ်ရေ ဘာလို့ဒီအချိန်ကိုမှ ပို့ရတာလည်း ဒီအချိန်ရောက်လာမှတော့ ငါကဘာပြန်ပြင်နိုင်မှာလည်း သောက်ဂွတဲ့မှပဲကွာ "

လီဖေးဟန်ရောက်ရှိလာခဲ့တဲ့အခုဇာတ်ကြောင်းကတော့ လီဖေးဟန်ရဲ့ ဒုတိယတပည့် Shou လေး ရှင်းပေါ်ဟန်ကို ဗလက္ကာယ ပြုမှုကြောင့်ရာထူး အချခံရစဉ် ဂူပိတ်ကျင့်ကြံပြီး‌ပြန်ရောက်လာတဲ့ တပည့်အကြီးဆူံး ကျောက်ကျိလုံကိုပါ ထပ်မံအတင်းဓမ္မပြုခဲ့တျာကြာင့် အမြုတေ ဖျက်ဆီးခံရပြီး အကျဉ်းချခံထားရစဉ် အချိန်ပင်ဖြစ်သည်။

(လီဖေးဟန်)"ကောင်းရောကွာ သက်သက်မဲ့ငါ့ကိုယုတ်မာတာ သောက်ကျင့်မကောင်းတဲ့စနစ် အမျိုးယုတ်စနစ် "

လီဖေးဟန်ရဲ့မိုးမွှန်နေတဲ့ဆဲနည်းတွေကို စနစ်ကမရှိလေသယောင်ပဲ ဟန်ဆောင်ပြီးမသိချင်ယောင်ဆောင်နေလေရဲ့။

(လီဖေးဟန်)"စနစ်ရှိလားဒီမှာ"

(စနစ်)"စနစ်က လူကြီးမင်းကိုဝန်ဆောင်မှု့ပေးဖို့အတွက် ၂၄နာရီရှိနေပါတယ်"

(လီဖေးဟန်)"သောက်ပိုတွေမပြောနဲ့ မင်းရဲ့စင်တာထဲ ပွိုင့်နဲ့အခုလောလောဆယ်ဝယ်လို့ရတာဘာရှိလည်းပြပေး ဘယ်လို‌ဖြစ်ဖြစ်အခုလောလောဆယ်တော့ ဒီကလွတ်အောင်ပြေးမှရမယ် "

(စနစ်)"ပြေးလို့မရနိုင်ပါဘူး လူကြီးမင်း အခုချိန်ထွက်ပြေးမယ်ဆို မစ်ရှင်ကျရှုံးတယ်လို့သတ်မှတ်ပါမယ် လီဖေးဟန်ရဲ့ကာရိုက်တာကို Oocဖြစ်အောင်လုပ်ခွင့်မရှိပါ"

(လီဖေးဟန်)"ဟာ သောက်ဂွပဲ စနစ်ရေ မင်းဟာကလည်းကွာ ..."

လီဖေးဟန်တစ်ယောက် စိတ်တိုနေပေမယ့်လည်း သူ့အနေနဲ့ စနစ်ကိုတွန်းလှန်နိုင်တဲ့အင်အားမရှိတာမို့ စနစ်မှာရှိတဲ့ စင်တာထဲကအသုံးဝင်အောင်ဝယ်နိုင်မယ့် တစ်ခုခုသာရှိပါစေဆုတောင်းပြီးပြခိုင်းလိုက်ရတော့တယ်။

(စနစ်)"ပွိုင့် 50နဲ့ကိုက်ညီတဲ့ လဲလှယ်လို့ရမယ့် ပစ္စည်းတွေကတော့

ခရမ်းရောင်မိုးကြိုးကျင့်စဉ် =50ပွိုင့်

ငရဲမီးအနီရောင်ပန်းပွင့် =25ပွိုင့်

ရွှေအဆင့်ကျင့်ကြံခြင်း ခန္တာကိုယ်ကျမ်း=25ပွိုင့်

အထက်မှာပြထားတာတွေကို လူကြီးမင်းရဲ့ပွိုင့်တွေနဲ့လဲလို့ရပါတယ်၊လူကြီးမင်း ရတဲ့နှစ်လိုမှု့ပွိုင့်တွေတက်လာတာနဲ့အမျှစနစ်ကအော်တို မွမ်းမံပြီး ကိုက်ညီတဲ့အချက်အလက်တွေကို ထပ်မံတင်ပေးသွားမှာပါ"

လီဖေးဟန်တစ်ယောက် အကျပ်ရိုက်သွားတော့တယ် အတော်အတန်ကြာအောင်စဉ်းစားပြီးတော့မှ ...

(လီဖေးဟန်)"ငရဲမီးအနီရောင်ပန်းပွင့်နဲရွှေအဆင့်ကျင့်ကြံခြင်းခန္တာကိုယ်ကျမ်းကိုပေး ဒါပေမယ့် ဒီပစ္စည်းတွေကို ထားခိုင်းတဲ့နေရာမှာတော့ထားပေးနိုင်တယ်မလား စနစ်"

(စနစ်)"ဝန်ဆောင်မှု့တိုင်းအတွက် အသင့်ပါ လူကြီးမင်ရွေးချယ်လိုက်တာသေချာပြီလား"

(လီဖေးဟန်)"အင်းသေချာပြီ ‌ပြီးရင်အက်တာတွေကို နဂိုလီဖေးဟန် နေခဲ့တဲ့ အိပ်ရာရဲ့ခေါင်းရင်းနားကသေတ္တာထဲသွားထားခဲ့"

(စနစ်)"ဝန်ဆောင်မှု့အတည်ပြူပြီး တာဝန်အတိုင်း လုပ်ဆောင်ပြီးကြောင်း၊ဇာတ်ကြောင်းစတင်ပြီဖြစ်သဖြင့် နာကျင်မှုဒဏ်အားမူလအတိုင်းပြန်ဖွင့်လိုက်ပါပြီ"

စနစ်ကဖျောက်ပေးထားတဲ့နာကျင်မှုက အခုပြန်ဖွင့်ပေးလိုက်တော့ လီဖေးဟန်ခမျာ တရိပ်ရိပ်နဲ့နာကျင်မှု့တွေကတက်လာပြီး အအေးခန်းထဲကအလောင်းကောင်လို ခန္တာကိုယ်က တောင့်လာတော့တယ်၊အဲ့အချိန်မှာပဲ အခန်းထဲကို လူတချို့ဝင်လာတော့တယ်....

      ဝင်လာတဲ့လူအရေအတွက်အရ အားလုံးပေါင်း 5ယောက်ဆိုတာ သေချာတယ်၊ကျောက်ကျိလုံ၊ရှင်းပေါ်ဟန်နဲ့ ဂိုဏ်းချုပ်ဟောင်း လီဟန်ခန်းနဲ့ အပြစ်ပေးခန်းတာဝန်ကျ တပ်သားနှစ်ယောက်ပဲဖြစ်သည်။

     ကျောက်ကျိလုံဆိုတဲ့သူကိုလီဖေးဟန် လှမ်းကြည့်မိတော့ မျက်ခုံးထူထူ နှာတံချွန်လို့ တည်ကြည်ခန့်ညားနေတဲ့မျက်နာမျိုး ဇာတ်လိုက်ရဲ့အရှိန်အဝါအပြည့်နဲ့မိနေမိုက်နေရော မူလလီဖေးဟန် ကွေးမယ်ဆိုရင်တောင် လီဖေးဟန်အပြစ်မဟုတ်ဘူးပြောလို့ရ‌တယ်၊ဒါပေမယ့် ကျောက်ကျိလုံက လီဖေးဟန် သူ့ကိုကြည့်နေတာမြင်တော့ရွံရှာတဲ့ပုံနဲ့ နှာခေါင်းရှုံ့ပြီး မျက်နာလျွဲလိုက်တယ်၊လီဖေးဟန်လည်း စိတ်ထိခိုက်နာကျင်သွားပြီးစိတ်ပျက်တဲ့ပုံနက် ခနဲ့တည့်တည့် ရီသံတစ်ချက်ပြုလိုက်တယ်၊ပြီးတော့နောက်တစ်ယောက်ဖြစ်တဲ့ ရှင်းပေါ်ဟန် သူကတော့သူ့ရဲ့ကြီးမြတ်တဲ့ မြေခွေးအမြီးတွေကိုတောင်သိမ်းမထားပဲ တရမ်းရမ်းနဲ့လုပ်နေခဲ့တယ် အမြှီးက ပန်းရောင်းနဲ့အဖြူစပ်ထားတယ် အရမ်းလှတာပဲဒီမြင်ကွင်းက ပြေးပြီးဖက်ချင်လိုက်တာကွာ ၊အမြှီးကိုကြည့်ပြီး မျက်နာကိုကြည့်လိုက်တော့ ကလေးလေးတစ်ယောက်ရဲ့မျက်နာကို ရေခဲငွေ့ရိုက်ထားသလိုပဲ ပန်းဆီရောင်သမ်းပြီး မျက်ခုံးတွေကိုတော့ကျုံ့ပြီး သူ့ကိုပြန်ကြည့်နေခဲ့တယ်၊သူလည်ူထပ်ရီလိုက်ပြီး...

(လီဖေးဟန်)" ဂိုဏ်းချုပ် အခုအကိုကြီးက ဒီညီလေးကိုလာစွန့်ပစ်တာလား"

(လီဟန်ခန်း)" မင်း ..မင်းခေါင်းကြောမာနေတုန်းပဲလား ၊တောင်းပန်လိုက်ရင် ပိုကောင်းမယ် ငါတို့ညီအကိုရဲ့သံယောဇဉ်မျက်နာထောက်ပြီး မင်ကိုဆေးကုသခွင့်ပေးပြီး ထွက်သွားခိုင်းလိုက်မယ်၊ဖေးဟန် အခုလက်ရှိလည်းမင်းရဲ့ခန္တာကိုယ်ကသုံးစားလို့မှမရတော့တာ ဒီအကိုကြီးရဲ့မျက်နာထောက်ပြီးကျေအေးပေးပါတော့"

(လီဖေးဟန်)" အို့...နာလိုက်တာဗျာ ဂိုဏ်းချုပ် ကျွန်တော်မကျူးလွန်ခဲ့တဲ့အမှားတွက် ဝန်ချတောင်းပန်တာမျိုး မလုပ်နိုင်ပါဘူး စိတ်ပျက်စေခဲ့မိရင်တောင်းပန်ပါတယ်"

(လီဟန်ခန်း)"တောက်စ် ဖေးဟန် မင်း...မင်းခေါင်းကြောမာတဲ့ကောင်ကွာ"

လီဟန်ခန်းတစ်ယောက် ဖြောင့်ဖြမရတဲ့အဆုံးစိတ်တိုစွာနဲ့အကျီကိုခါပြီးထွက်သွားတော့တယ်၊နံရံမှာ လက်နှစ်ဘက်ကိုသံကြိုးနဲ့မြှောက်ထားပြီးဒူးကထောက်ထားရကာ ဆံပင်တွေဖရိုဖရဲဖြစ်နေတဲ့ လီဖေးဟန်တစ်ယောက် သူတပည့်နှစ်ယောက်ကို မမြင်ချင်ဟန်နဲ့ မျက်နာလွှဲလိုက်ပါတယ်။

ရှင်းပေါ်ဟန်ကတော့ လီဖေးဟန်မျက်နာလွှဲလိုက်မြင်ပြီး...

(ရှင်းပေါ်ဟန်)"ဟမ့် ...ပြောရမှာတောင်အော်ဂလီဆန်တယ် တော်တော်စိတ်ဓာတ်အောက်တန်းကျတဲ့လူ"

ထိုစကားများသာပြောပြီး လီဟန်ခန်းနောက်ကိုလိုက်သွားတော့တယ်၊တပ်သားနှစ်ယောက်ကလည်း လီဟန်ခန်းနဲ့ ရှင်းပေါ်ဟန်ရဲ့နောက်ကိုလိုက်သွားတော့တယ်၊အဲ့အချိန်မှာ အခန်းထဲကလေထုကရုတ်ချည်းတိတ်ဆိတ်သွားပြီး အခုနကငြိမ်သက်နေတဲ့ ကျောက်ကျိလုံက လီးဖေးဟန်ရဲ့အနားကိုတလှမ်းလှမ်းခြင်းတိုးကပ်လာပြီး လီဖေးဟန်ရဲ့မေးစေ့ကို သူ့ရဲ့လက်နှစ်ချောင်းအသာဆွဲယူပြီးမျက်နာကိုမော့စေတယ်၊ခနတာ စိုက်ကြည့်ပြီးတဲ့နောက်မှာ လီဖေးဟန်ကို လည်ပင်းညှစ်လာတော့တယ်။

(ကျောက်ကျိလုံ)"ဘာလို့လည်း ...ဘာလို့အဲ့လိုလုပ်ရတာလည်း ခင်များ မလုပ်ဖူးဆိုသက်သေပြလေ ၊ခင်များအဲ့လိုလူမဟုတ်ဖူးဆို သက်သေပြလေဗျာ လူယုတ်မာရ"

နဂိုထဲက ကြာပွတ်ဒဏ်ရာပလပွနဲ့ ဖြူဖြော့နေခဲ့တဲ့လီဖေးဟန်ကတော့ ကျောက်ကျိလုံရဲ့လက်အောက်မှာ အလောင်းကောင်ပမာ ပိုပြီးဖြူဖွေးလာတော့တယ်။

(လီဖေးဟန်)" ဒီဆရာ..ဒီဆရာက မင်းတို့မွေးနေ့အတွက် ...ခေါင်းရင်းမှာ လက်ဆောင်ပြင်ထားခဲ့တယ်၊ဒီဆရာ..အဲ့လက်ဆောင်ပြင်ဆင်ခဲ့တာ အရမ်းပင်ပန်းနေပြီ ...ဒါ..ဒါက ဒီဆရာရဲ့နောက်ဆုံးလက်ဆောင်တစ်ခုပါပဲ...မင်းတို့ယုံတာမယုံတာ ဆရာမပြောတော့ပါဘူး....အဟွတ် ဆရာမလုပ်ခဲ့ဘူး"

လည်ပင်းအစ်ပြီး တဖြည်းဖြည်းအသက်ကူရခက်နေတဲ့ကြားကနေ ခက်ခက်ခဲခဲပြောယူနေရတာကြောင့် လီဖေးဟန်မျက်ရည်တွေပါစီးကျလာပြီး နောက်ဆုံးသတိလစ်သွားတော့တယ်၊ဒီအခါမှ ကျောက်ကျိလုံတစ်ယောက် လက်လွှတ်လိုက်ပြီး တောက်စ်တစ်ချက်ခေါက်ကာ ထိုနေရာကထွက်သွားတော့တယ်။


အပိုင်း(၃)ကမ်းမင်းဆွန်းပါရှင့်

ဒီစနစ်မှာပြောစရာရှိပါတယ်။

(စာရေးသူ)"ဟုတ်ကဲ့ပြောပါ"

(စနစ်)"ကစားသူပြောင်းပေးပါဗျာ ၊အားနေအဆဲခံနေရတာ sob sob"

(စာရေးသူ)"အာ..အက်တာကလေ"

(လီဖေးဟန်)"သောက်ဂွစနစ် လိလား သူကပဲပြောင်းခိုင်းရသေးတယ် ငါလိုဖီးနစ်ကမင်းလိုစနစ်ကိုသုံးနေရတာတောင် အောက်ကျနေပြီကွနားလည်လား"

(စနစ်)"အေးပါကွာ ငါမှားတာ"

(စာရေးသူ)"ဟဲဟဲ ပြေပြေလည်လည်ပဲရှင်ကြပါ

המשך קריאה

You'll Also Like

179K 10.9K 50
Elizabeth has been ruling her kingdom for 3 years now. She's gone through countless advisors in those 3 years. When she's finally ready to give up on...
249K 7.4K 60
I could say this is one cliché story. A college girl died and transmigrated into an otome game she once played. Unfortunately she becomes the villain...
78K 2K 71
"mom, dad, Im married!" lahat ng relatives namin ay nagulat sa announcment ko. Sino ba naman kasi ang mag aakala na ang unica ija ng pamilyang Letpr...
146K 4.1K 27
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။