Uni
မြို့အုပ်မင်းရုံးခန်း၌မူ ယခင်က ငြိမ်သက်တတ်နေသော်လည်း ယခုမနက်ခင်းတွင်မူဆူဆူညံညံအသံတွေနဲ့သာပြည့်နှက်နေခဲ့သည်။
အကြောင်းသည်ကား ယခင်မြို့အုပ်မင်းကမူ စာရေး၊ အတွင်းဝန်တို့လာဘ်စားသည်ကို လျစ်လျှူရှုထားလေ့ရှိသော်လည်း ယခုမယ်ရောက်လာသောမြို့အုပ်မင်းပေါက်စမူ လျစ်လျှူမရှုပဲ လာဘ်စားသူများကို ရာထူးရပ်ဆိုင်းသလို၊ တချို့ကိုမူ ရာထူးမှထုတ်ပယ်ပစ်သည်။
မြို့အုပ်မင်း အဖြစ်ပထမဆုံးတာဝန်ထမ်းဆောင်သည့်နေမှာတင် တော်တော်များများကို အလုပ်ဖြုတ်လိုက်သောကြောင့် ယခုမယ် အသစ်ရောက်လာသော မြို့အုပ်မင်းသည်* နတ်ဆိုး * ဆိုပြီးနောက်ကွယ်မှာခေါ်ဝေါ်ကြပြီး ထိုသတင်းသည် ရုံးတခွင် ဟိုးလေးတကြော်ကြော်ဖြစ်သွားတော့သည်။
" ဒီမယ် "
" ပြောစေ စာရေးကြီး "
" ကျုပ် ဒီမှာ စာရေးအဖြစ်တာဝန်ထမ်းဆောင်တာ မင်း တသက်တောင်ကျော်နေပြီ
ဒါကို ခုလို ဗြန်းစားကြီးအလုပ်ထုတ်တော့ ကျုပ်ဘယ်လိုသွားလုပ်ရမတုန်း"
" အဲ့တာ စာရေးကြီးရဲ့ပြသာနာလေ ကျုပ်က နိုင်ငံတော်က ချမှတ်ထားတဲ့အတိုင်း လာဘ်စားတဲ့လူတွေကို အလုပ်ထုတ်ပစ်ယံုပဲ တဂယ်လို့များ စာရေးကြီးမယ် အပြစ်တင်ချင်တဲ့သူရှိရင် နိုင်ငံတော်စည်းမျဉ်းကို ချမှတ်ထားတဲ့လူကိုပဲအပြစ်သွားတင်သင့်တယ်နော် စာရေးကြီး"
ထိုစကားဆိုလိုက်တော့ စာရေးကြီး၏ မျက်နှာကမူ ငရုပ်သီးနီအရောင်ကဲ့သို့နီရဲတွတ်သွားပြီး ရုံးခန်းအပြင်ထွက်သွားလေသည်။
လင်းမြင့်ဇရာမျိုး ခေါင်းအသာယမ်းခါမိသည်။ သူတို့လာဘ်စားတာအရေးမကြီးဘူး သို့ပေမဲ့ မရှိဆင်းရဲသားတွေကနေ လာဘ်ယူတာကြတော့ ခွင့်လွှတ်နိုင်စွမ်းမရှိ။ မရှိဆင်းရဲသားတွေရဲ့ဘဝကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်မို့ မရှ်ိဆင်းရဲသားတွေရဲ့ဘဝကိုနားလည်သည်။ ဒါကြောင့်ပေမို့ လာဘ်စားလွန်းတဲ့ စာရေးကြီးကို ရာထူးမှထုတ်ပယ်လိုက်ခြင်းပေ။
လင်းမြင့်ဇရာမျိုး..
သူ့အမည်က ဖခင်၏ဇရာဆိုတဲ့အမည်ကို ပါအောင်မှည့်ထားခြင်း။
ဒီအမည်ကို လက်ဝယ်ရတုန်းက လူအများက လက်ခုပ်ဩဘာပေးကာ ချီးမြှောက်ကြပေမဲ့ သူကတော့ ဒီအမည်ကိုမကြိုက်ပေ။
အမည်က သိပ်ကို မာန်မာနထောင်လွှားပုံပေါက်သည်။
အမည်က သူနဲ့မလိုက်မဖက်။
တဂယ်တော့သူက မာနလည်းမကြီး၊ ရိုးရိုးအေးအေးနေတတ်တဲ့သူတစ်ယောက်ပေ။
သို့ပေမဲ့ ဒီအမည်အတိုင်း မာန်မာနထောင်လွှားခဲ့သည်က ယခုအချိန်နဲ့တွက်ရရင် ၅နှစ်တိုင်တိုင်ရှိခဲ့လေပြီ။
မနက်ခင်းတမနက်လုံး ရုံးမှာဖြုတ်သင့်တဲ့ဖြုတ်အစားထိုးသင့်တဲ့သူထိုးရင်းနဲ့အချိန်ကုန်လို့ကုန်နေမှန်းတောင်မသိ။
နာရီစင်က နာရီကိုလှမ်းကြည့်မိတော့ နှစ်ချက်တီးတောင် ရှိနေပြီ။
အမှန်ဆို နေ့လည်စာစားချိန်ကိုကျော်လို့လွန်တောင်လွန်သွားပြီဆိုပေမဲ့ သူ ထမင်းစားချင်စိတ်မရှိ။
သို့ပေမဲ့လည်း အပြင်ထွက်ပြီးအပန်းတော့ဖြေချင်သေးသည်။
မနောထက် လူက မြန်သွားပြီး ရုံးအပြင်ကို ထွက်သွားလိုက်တော့သည်။
ရုံးတည်နေရာကမူ ဖယ်ယာလမ်းရဲ့အောက်ဘလောက်နားမှာရှိသည်မို့ မုန့်ဆိုင်တွေပေါများလှသည်။ ဒါ့အပြင် ဒီနားမှာ ဆိုဖဲယားအဆောက်အဦး၊ ဧရာဝတီဖလေ့တေးလာ ကုမ္ပဏီ၊ ဂရေ့လေးဘဏ် အစရှိတဲ့ အဆောက်အအုံတွေရှိသည်ကြောင့် စားသောက်ဆိုင်တွေလည်းပေါများပါဘိ။
သူကတော့ ကိန်းကြီးခန်းကြီးနိုင်တဲ့ထိုစားသောက်ဆိုင်တွေထက် လမ်းဘေးက ဆိုင်အသေးလေးတွေကိုပိုသဘောကျပါဘိ။
ဆိုင်တွေပတ်ကြည့်ရင်း အမြင်အာရုံတွေကိုဖမ်းစားသွားသည့်ဆိုင်လေးတစ်ဆိုင်။ အမှန်တိုင်းဆိုရရင် ဆိုင်ဆိုသည်ထက် ဆိုင်မှာမုန့်ဝယ်နေသည့်ကျောပြင်လေးကို စိတ်ဝင်စားသွားခြင်းပေ။
" အဒေါ် ကျွန်တော့်ကို အင်း ဘိန်းမုန့်၁၀ချပ်ထုတ်ပေး"
" အေး ကွယ် ခနနော် ဒီဘက်ကမိန်းကလေးက အရင်မှာထားလို့ခနစောင့်နော်သား"
" ဟုတ်ကဲ့ အဒေါ်"
ဆိုင်ထဲရောက်ရောက်ခြင်း ဆိုင်မှာရောင်းေနသည့် ဘိန်းမုန့်ကို ၁၀ချပ် မှာလိုက်ပြီး ဘေးနားမှာရပ်နေသည့်အမျိုးသမီးငယ်ထံအကြည့်ပို့မိသည်။
ဘေးတစ်စောင်းမြင်ရတာတောင် မဝိုင်းမကျဉ်းမျက်လုံးအိမ်လေး၊ အည်ိုရောင်မျက်ခုံးမွှေး၊တစ်ချောင်းချင်းစီရေတွက်လို့ရသည်ထိရှည်လျားမျက်ေတာင်ေမွှး၊ မြေပြင်ညီမှာ လုံးထွက်နေသည့်တောင်ပို့လေးနှယ် လုံးလုံးလေးနှာခေါင်းတစ်စုံ၊ ဆေးသားအကူမပါသည်ကြောင့်လား၍ မသိ တခြားအမျိုးသမီးတွေရဲ့နှုတ်ခမ်းပါးတွေလို ဆေးရောင်မရှ်ိပဲ ပန်းဆီရောင်သန်းနေသည့်နှုတ်ခမ်းပါးတစ်စုံ။
အလုံးစုံငုံကြည့်ရရင်သိပ်ကိုချောတဲ့အမျိုးသမီးလေး။
ဘယ်အမျိုးသမီးရဲ့အလှနဲ့မှ
အသက်မဝင်ခဲ့တဲ့
ကိုယ့်နှလုံးသားက
မင်းလေးနဲ့တွေ့မှ
အခုန်မြန်နေတဲ့အကြောင်းကို
မောင်လဲ မသိပေတော့။
မိုးကောင်းကင်ပေါ်က နတ်သမီးတစ်ရာနဲ့ မင်းလေးကို ရွေးချယ်ခိုင်းရင်တောင် မောင်ကြီးက မင်းလေးတစ်ယောက်ကိုပဲရွေးချယ်မှာပါ မောင်ရဲ့အမျိုးသမီးငယ်။
အတွေးတွေလွန်နေရင်း နဲ့ထိုအမျိုးသမီးလေးဘယ်အချိန်ထွက်သွားမှန်းတောင်မသိလိုက်။
ငါ့နှယ်ခက်တော့တာပဲ။
သို့ပေမဲ့ထိုအမျိုးသမီးလေးမက်တပ်ရပ်နေတဲ့နေရာမှာ ပန်းရနံ့သင်းသင်းလေးမွှေးကျန်နေခဲ့တယ်။ကိုယ်ထင်တာ မမှားဖူးဆိုသေချာပေါက်ပေါက်ဇီဝါ ပန်းသာဖြစ်လိမ့်မည်။
ရင်ထဲမယ် တိတ်တခိုးနဲ့လှို့ဝှက်အမည်လေးပေးမိသည်။ ထိုအမည်လေးက
"မောင့်ရနံ့ငယ်"
*************************************"*****
အနွယ် ဘိန်းမုန့်ဝယ်နေတုန်း လူဘေးမှာလာရပ်ပြီး ခိုးကြည့်နေတဲ့လူကြောင့် မုန့်မြန်မြန်ဝယ်ပြီးပြန်လာရတယ်။ ကသိကအောက်ဖြစ်လိုက်တာ။
အနွယ်ဆိုင်ဘက်ကိုတချက်လှည့်ကြည့်လိုက်တော့ တစ်ယောက်တည်းပြုံးရီနေသည့်လူကြောင့် ကြက်သီးတွေတောင်ထသွားရသည်။
" ဟဲ့ မိနွယ်နောက်လှည့်ကြည့်လှည့်ကြည့်နဲ့ဘာလုပ်တုန်း "
" ဘာမှမဟုတ်ပါဖူး မချိုရယ် လာလာ သွားရအောင်"
" အေးပါ ဟယ်
အနွယ်ထိုလူကိုကောက်ချက်ချလိုက်သည်။
သေချာပေါက်ရူးနေတဲ့သူပဲဖြစ်လိမ့်မယ်။ ရုပ်လေးက သန့်ရဲ့သားနဲ့ ရူးနေရှာတာ သနားပါရဲ့။
*********************************************
တစ်ဖက်မြို့အုပ်မင်းရုံးခန်း၌လည်းတချိန်လုံး ပြုံးတုံ့တုံ့လုပ်နေသည့် မြို့အုပ်မင်းကြောင့် တရုံးလူံးကြောင်အနေရသည်။
မနက်ခင်းကတင် နတ်ဆိုးဝင်ပူးနေသည့်နှယ်ရက်စက်နေသည့်လူက အခုတော့ပြုံးနေတယ်။
*တို့မြို့အုပ်မင်း ဘာဖြစ်သွားတာတုန်း*
ဆိုသည့်သတင်းက ပျံ့လို့သွားပြန်သည်။
မနက်တင် နတ်ဆိုးလို့နာမည်ပြောင်ရထားသည့်သူက ယခုကြတော့ နတ်သားလေးဆိုပြီး နာမည်ပြောင်ရသွားပြန်သည်။ တရုံးလုံးကမူစကားတစ်ခွန်းကိုသာပြိုင်တူဆိုကြသည်။
*ဪ လူ့သဘာဝ ခန့်မှန်းလို့မရပါလား ခက်ပါဘိ။*
၇.၆.၂၀၂၂
မိုး♡
××××××××××××××××××××××××××××××××
တစ်ခန်းရပ်အင်တာဗျူး
အမိုး။ : ဇာတ်ကောင်အသစ်ပေါ်လာတာဘယ်လိုခံစားရတုန်း မုန်းလေး
မုန်း။ : ဘယ်လိုမှမခံစားရပါဖူး သတ်ပစ်ချင်ယုံလောက်ပါပဲ အဟွန်း!
အနွယ်။ : ဟန်နီကလဲ လူသတ်တာမကောင်းဖူးလေရော
မုန်း။ : ဟုတ်ပါပြီရှင့် ချစ်သည်းကညှာလေးသဘောပါဗျ ဟန်နီလူမသတ်တော့ဖူးရော
အနွယ်။ : ရေးး ဒါမှ တို့ဟန်နီ
*အချင်းချင်းဖက်ထားပြီး ချစ်ကြည်နူးနေ*
ဝေါ့ အတွဲတွေ မီဝေ့ါ
ဗြဲ အမိုးလေးကိုခွေးစာရှယ်စားနေရ😀
Zawgyi
ၿမိဳ႕အုပ္မင္း႐ုံးခန္း၌မူ ယခင္က ၿငိမ္သက္တတ္ေနေသာ္လည္း ယခုမနက္ခင္းတြင္မူဆူဆူညံညံအသံေတြနဲ႕သာျပည့္ႏွက္ေနခဲ့သည္။
အေၾကာင္းသည္ကား ယခင္ၿမိဳ႕အုပ္မင္းကမူ စာေရး၊ အတြင္းဝန္တို႔လာဘ္စားသည္ကို လ်စ္လ်ႉရႈထားေလ့ရွိေသာ္လည္း ယခုမယ္ေရာက္လာေသာၿမိဳ႕အုပ္မင္းေပါက္စမူ လ်စ္လ်ႉမရႈပဲ လာဘ္စားသူမ်ားကို ရာထူးရပ္ဆိုင္းသလို၊ တခ်ိဳ႕ကိုမူ ရာထူးမွထုတ္ပယ္ပစ္သည္။
ၿမိဳ႕အုပ္မင္း အျဖစ္ပထမဆုံးတာဝန္ထမ္းေဆာင္သည့္ေနမွာတင္ ေတာ္ေတာ္မ်ားမ်ားကို အလုပ္ျဖဳတ္လိုက္ေသာေၾကာင့္ ယခုမယ္ အသစ္ေရာက္လာေသာ ၿမိဳ႕အုပ္မင္းသည္* နတ္ဆိုး * ဆိုၿပီးေနာက္ကြယ္မွာေခၚေဝၚၾကၿပီး ထိုသတင္းသည္ ႐ုံးတခြင္ ဟိုးေလးတေၾကာ္ေၾကာ္ျဖစ္သြားေတာ့သည္။
" ဒီမယ္ "
" ေျပာေစ စာေရးႀကီး "
" က်ဳပ္ ဒီမွာ စာေရးအျဖစ္တာဝန္ထမ္းေဆာင္တာ မင္း တသက္ေတာင္ေက်ာ္ေနၿပီ
ဒါကို ခုလို ျဗန္းစားႀကီးအလုပ္ထုတ္ေတာ့ က်ဳပ္ဘယ္လိုသြားလုပ္ရမတုန္း"
" အဲ့တာ စာေရးႀကီးရဲ႕ျပသာနာေလ က်ဳပ္က နိုင္ငံေတာ္က ခ်မွတ္ထားတဲ့အတိုင္း လာဘ္စားတဲ့လူေတြကို အလုပ္ထုတ္ပစ္ယံုပဲ တဂယ္လို႔မ်ား စာေရးႀကီးမယ္ အျပစ္တင္ခ်င္တဲ့သူရွိရင္ နိုင္ငံေတာ္စည္းမ်ဥ္းကို ခ်မွတ္ထားတဲ့လူကိုပဲအျပစ္သြားတင္သင့္တယ္ေနာ္ စာေရးႀကီး"
ထိုစကားဆိုလိုက္ေတာ့ စာေရးႀကီး၏ မ်က္ႏွာကမူ င႐ုပ္သီးနီအေရာင္ကဲ့သို႔နီရဲတြတ္သြားၿပီး ႐ုံးခန္းအျပင္ထြက္သြားေလသည္။
လင္းျမင့္ဇရာမ်ိဳး ေခါင္းအသာယမ္းခါမိသည္။ သူတို႔လာဘ္စားတာအေရးမႀကီးဘူး သို႔ေပမဲ့ မရွိဆင္းရဲသားေတြကေန လာဘ္ယူတာၾကေတာ့ ခြင့္လႊတ္နိုင္စြမ္းမရွိ။ မရွိဆင္းရဲသားေတြရဲ႕ဘဝကို ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရသည္မို႔ မရွ္ိဆင္းရဲသားေတြရဲ႕ဘဝကိုနားလည္သည္။ ဒါေၾကာင့္ေပမို႔ လာဘ္စားလြန္းတဲ့ စာေရးႀကီးကို ရာထူးမွထုတ္ပယ္လိုက္ျခင္းေပ။
လင္းျမင့္ဇရာမ်ိဳး..
သူ႕အမည္က ဖခင္၏ဇရာဆိုတဲ့အမည္ကို ပါေအာင္မွည့္ထားျခင္း။
ဒီအမည္ကို လက္ဝယ္ရတုန္းက လူအမ်ားက လက္ခုပ္ဩဘာေပးကာ ခ်ီးျမႇောက္ၾကေပမဲ့ သူကေတာ့ ဒီအမည္ကိုမႀကိဳက္ေပ။
အမည္က သိပ္ကို မာန္မာနေထာင္လႊားပုံေပါက္သည္။
အမည္က သူနဲ႕မလိုက္မဖက္။
တဂယ္ေတာ့သူက မာနလည္းမႀကီး၊ ရိုးရိုးေအးေအးေနတတ္တဲ့သူတစ္ေယာက္ေပ။
သို႔ေပမဲ့ ဒီအမည္အတိုင္း မာန္မာနေထာင္လႊားခဲ့သည္က ယခုအခ်ိန္နဲ႕တြက္ရရင္ ၅ႏွစ္တိုင္တိုင္ရွိခဲ့ေလၿပီ။
မနက္ခင္းတမနက္လုံး ႐ုံးမွာျဖဳတ္သင့္တဲ့ျဖဳတ္အစားထိုးသင့္တဲ့သူထိုးရင္းနဲ႕အခ်ိန္ကုန္လို႔ကုန္ေနမွန္းေတာင္မသိ။
နာရီစင္က နာရီကိုလွမ္းၾကည့္မိေတာ့ ႏွစ္ခ်က္တီးေတာင္ ရွိေနၿပီ။
အမွန္ဆို ေန႕လည္စာစားခ်ိန္ကိုေက်ာ္လို႔လြန္ေတာင္လြန္သြားၿပီဆိုေပမဲ့ သူ ထမင္းစားခ်င္စိတ္မရွိ။
သို႔ေပမဲ့လည္း အျပင္ထြက္ၿပီးအပန္းေတာ့ေျဖခ်င္ေသးသည္။
မေနာထက္ လူက ျမန္သြားၿပီး ႐ုံးအျပင္ကို ထြက္သြားလိုက္ေတာ့သည္။
႐ုံးတည္ေနရာကမူ ဖယ္ယာလမ္းရဲ႕ေအာက္ဘေလာက္နားမွာရွိသည္မို႔ မုန႔္ဆိုင္ေတြေပါမ်ားလွသည္။ ဒါ့အျပင္ ဒီနားမွာ ဆိုဖဲယားအေဆာက္အဦး၊ ဧရာဝတီဖေလ့ေတးလာ ကုမၸဏီ၊ ဂေရ႕ေလးဘဏ္ အစရွိတဲ့ အေဆာက္အအုံေတြရွိသည္ေၾကာင့္ စားေသာက္ဆိုင္ေတြလည္းေပါမ်ားပါဘိ။
သူကေတာ့ ကိန္းႀကီးခန္းႀကီးနိုင္တဲ့ထိုစားေသာက္ဆိုင္ေတြထက္ လမ္းေဘးက ဆိုင္အေသးေလးေတြကိုပိုသေဘာက်ပါဘိ။
ဆိုင္ေတြပတ္ၾကည့္ရင္း အျမင္အာ႐ုံေတြကိုဖမ္းစားသြားသည့္ဆိုင္ေလးတစ္ဆိုင္။ အမွန္တိုင္းဆိုရရင္ ဆိုင္ဆိုသည္ထက္ ဆိုင္မွာမုန႔္ဝယ္ေနသည့္ေက်ာျပင္ေလးကို စိတ္ဝင္စားသြားျခင္းေပ။
" အေဒၚ ကြၽန္ေတာ့္ကို အင္း ဘိန္းမုန႔္၁၀ခ်ပ္ထုတ္ေပး"
" ေအး ကြယ္ ခနေနာ္ ဒီဘက္ကမိန္းကေလးက အရင္မွာထားလို႔ခနေစာင့္ေနာ္သား"
" ဟုတ္ကဲ့ အေဒၚ"
ဆိုင္ထဲေရာက္ေရာက္ျခင္း ဆိုင္မွာေရာင္းေနသည့္ ဘိန္းမုန႔္ကို ၁၀ခ်ပ္ မွာလိုက္ၿပီး ေဘးနားမွာရပ္ေနသည့္အမ်ိဳးသမီးငယ္ထံအၾကည့္ပို႔မိသည္။
ေဘးတစ္ေစာင္းျမင္ရတာေတာင္ မဝိုင္းမက်ဥ္းမ်က္လုံးအိမ္ေလး၊ အည္ိုေရာင္မ်က္ခုံးေမႊး၊တစ္ေခ်ာင္းခ်င္းစီေရတြက္လို႔ရသည္ထိရွည္လ်ားမ်က္ေတာင္ေမႊး၊ ေျမျပင္ညီမွာ လုံးထြက္ေနသည့္ေတာင္ပို႔ေလးႏွယ္ လုံးလုံးေလးႏွာေခါင္းတစ္စုံ၊ ေဆးသားအကူမပါသည္ေၾကာင့္လား၍ မသိ တျခားအမ်ိဳးသမီးေတြရဲ႕ႏႈတ္ခမ္းပါးေတြလို ေဆးေရာင္မရွ္ိပဲ ပန္းဆီေရာင္သန္းေနသည့္ႏႈတ္ခမ္းပါးတစ္စုံ။
အလုံးစုံငုံၾကည့္ရရင္သိပ္ကိုေခ်ာတဲ့အမ်ိဳးသမီးေလး။
ဘယ္အမ်ိဳးသမီးရဲ႕အလွနဲ႕မွ
အသက္မဝင္ခဲ့တဲ့
ကိုယ့္ႏွလုံးသားက
မင္းေလးနဲ႕ေတြ႕မွ
အခုန္ျမန္ေနတဲ့အေၾကာင္းကို
ေမာင္လဲ မသိေပေတာ့။
မိုးေကာင္းကင္ေပၚက နတ္သမီးတစ္ရာနဲ႕ မင္းေလးကို ေ႐ြးခ်ယ္ခိုင္းရင္ေတာင္ ေမာင္ႀကီးက မင္းေလးတစ္ေယာက္ကိုပဲေ႐ြးခ်ယ္မွာပါ ေမာင္ရဲ႕အမ်ိဳးသမီးငယ္။
အေတြးေတြလြန္ေနရင္း နဲ႕ထိုအမ်ိဳးသမီးေလးဘယ္အခ်ိန္ထြက္သြားမွန္းေတာင္မသိလိုက္။
ငါ့ႏွယ္ခက္ေတာ့တာပဲ။
သို႔ေပမဲ့ထိုအမ်ိဳးသမီးေလးမက္တပ္ရပ္ေနတဲ့ေနရာမွာ ပန္းရနံ႕သင္းသင္းေလးေမႊးက်န္ေနခဲ့တယ္။ကိုယ္ထင္တာ မမွားဖူးဆိုေသခ်ာေပါက္ေပါက္ဇီဝါ ပန္းသာျဖစ္လိမ့္မည္။
ရင္ထဲမယ္ တိတ္တခိုးနဲ႕လွို႔ဝွက္အမည္ေလးေပးမိသည္။ ထိုအမည္ေလးက
"ေမာင့္ရနံ႕ငယ္"
*************************************"*****
အႏြယ္ ဘိန္းမုန႔္ဝယ္ေနတုန္း လူေဘးမွာလာရပ္ၿပီး ခိုးၾကည့္ေနတဲ့လူေၾကာင့္ မုန႔္ျမန္ျမန္ဝယ္ၿပီးျပန္လာရတယ္။ ကသိကေအာက္ျဖစ္လိုက္တာ။
အႏြယ္ဆိုင္ဘက္ကိုတခ်က္လွည့္ၾကည့္လိုက္ေတာ့ တစ္ေယာက္တည္းၿပဳံးရီေနသည့္လူေၾကာင့္ ၾကက္သီးေတြေတာင္ထသြားရသည္။
" ဟဲ့ မိႏြယ္ေနာက္လွည့္ၾကည့္လွည့္ၾကည့္နဲ႕ဘာလုပ္တုန္း "
" ဘာမွမဟုတ္ပါဖူး မခ်ိဳရယ္ လာလာ သြားရေအာင္"
" ေအးပါ ဟယ္
အႏြယ္ထိုလူကိုေကာက္ခ်က္ခ်လိဳက္သည္။
ေသခ်ာေပါက္႐ူးေနတဲ့သူပဲျဖစ္လိမ့္မယ္။ ႐ုပ္ေလးက သန႔္ရဲ႕သားနဲ႕ ႐ူးေနရွာတာ သနားပါရဲ႕။
*********************************************
တစ္ဖက္ၿမိဳ႕အုပ္မင္း႐ုံးခန္း၌လည္းတခ်ိန္လုံး ၿပဳံးတုံ႕တုံ႕လုပ္ေနသည့္ ၿမိဳ႕အုပ္မင္းေၾကာင့္ တ႐ုံးလူံးေၾကာင္အေနရသည္။
မနက္ခင္းကတင္ နတ္ဆိုးဝင္ပူးေနသည့္ႏွယ္ရက္စက္ေနသည့္လူက အခုေတာ့ၿပဳံးေနတယ္။
*တို႔ၿမိဳ႕အုပ္မင္း ဘာျဖစ္သြားတာတုန္း*
ဆိုသည့္သတင္းက ပ်ံ့လို႔သြားျပန္သည္။
မနက္တင္ နတ္ဆိုးလို႔နာမည္ေျပာင္ရထားသည့္သူက ယခုၾကေတာ့ နတ္သားေလးဆိုၿပီး နာမည္ေျပာင္ရသြားျပန္သည္။ တ႐ုံးလုံးကမူစကားတစ္ခြန္းကိုသာၿပိဳင္တူဆိုၾကသည္။
*ဪ လူ႕သဘာဝ ခန႔္မွန္းလို႔မရပါလား ခက္ပါဘိ။*
၇.၆.၂၀၂၂
မိုး♡
××××××××××××××××××××××××××××××××
တစ္ခန္းရပ္အင္တာဗ်ဴး
အမိုး။ : ဇာတ္ေကာင္အသစ္ေပၚလာတာဘယ္လိုခံစားရတုန္း မုန္းေလး
မုန္း။ : ဘယ္လိုမွမခံစားရပါဖူး သတ္ပစ္ခ်င္ယုံေလာက္ပါပဲ အဟြန္း!
အႏြယ္။ : ဟန္နီကလဲ လူသတ္တာမေကာင္းဖူးေလေရာ
မုန္း။ : ဟုတ္ပါၿပီရွင့္ ခ်စ္သည္းကညွာေလးသေဘာပါဗ် ဟန္နီလူမသတ္ေတာ့ဖူးေရာ
အႏြယ္။ : ေရးး ဒါမွ တို႔ဟန္နီ
*အခ်င္းခ်င္းဖက္ထားၿပီး ခ်စ္ၾကည္ႏူးေန*
ေဝါ့ အတြဲေတြ မီေဝ့ါ
ၿဗဲ အမိုးေလးကိုေခြးစာရွယ္စားေနရ😀