ညို့နိုင်လွန်းတဲ့ သူ

By Cha-mo-mile

114K 2.8K 104

အစကတော့ စာရေးသူလေ ညို့နိုင်လွန်းတဲ့ သူ ဝတ္ထုကို စာတွေပြန်ပြင် ပြန်စစ်ပြီးမှ တင်ပေးမလို့ပါ။အခုက နေကတော်တော်မကေ... More

ညို့နိုင်လွန်းတဲ့ သူ Part (1) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (2) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (3) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (4) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (5) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (6) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (7) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (8) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (9) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (10) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (11) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (12) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (13) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (14) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (15) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (16) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (17) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (18) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (19) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (20) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (21) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (22) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (23) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (24) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (25) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (26) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (27) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (28) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (29) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (30) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (31) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (32) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (33) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (34) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (35) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (36) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (37) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (38) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (39) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (40) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (41) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (43) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (44) U/Z
🍑ညို့နိုင်လွန်းတဲ့ သူ...🍑 အပိုင်း (45)
ညို့နိုင်လွန်းတဲ့ သူ Part (46) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (47) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (48) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (49) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (50) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (51) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (52) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (53) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (54) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (55) U/Z
ညို့နိုင်လွန်းတဲ့ သူ Part (56) U/Z

ညို့နိုင်လွန်းတဲ့ သူ Part (42) U/Z

1.1K 37 0
By Cha-mo-mile

🍑ညို့နိုင်လွန်းတဲ့ သူ...🍑

အပိုင်း (42)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

" အဟင့် အဟင့် "

" သမီးရယ် ဘာဖြစ်တာလဲဆိုတာ မာမီ့ကို ပြောပါဦးကွယ်။ဘာမှမပြောဘဲနဲ့ ငိုချည်ပဲငိုနေတော့
မေမေ ရင်ထိတ်ရတယ်ကွယ် "

သမီးမဟာ က ဆေးရုံကနေ အိမ်ကိုတန်းပြန်လာပြီး.. အိမ်ကိုရောက်ကတည်းက မေမေဆိုပြီး သူ့ကို ဖက်ပြီး ငိုနေတာက အချိန်တော်တော်ကြာနေပြီမို့ ရင်ထဲစိုးထိတ်နေရသည်။

သမီးငိုနေတာကို ကြည့်ချင်းအားဖြင့် သားတိုင်းနဲ့
စကားများလာလို့ ခန့်မှန်းရ၏။သို့သော် ဘာအကြောင်းကိစ္စနဲ့ ဖြစ်သလဲဆိုတာ မသိတော့..
ငိုနေတဲ့ သမီးကို ဘယ်လို စကားနဲ့ နှစ်သိမ့်ပေးရမယ်မှန်း မသိဖြစ်နေရသည်။

" မဟာ့ ကို ခဏလောက် ဒီတိုင်းလေး ငိုခွင့်ပေးပါမေမေ "

မဟာ မေမေ့ကို ဦးတိုင်းနဲ့ ကွာရှင်းတော့မယ်ဆိုတဲ့ စကားကို ပြောမထွက်နိုင်ဖြစ်နေရသည်။

ဖေဖေမရှိတော့ကတည်းက မဟာ့အတွက် လိုအပ်တာတွေနဲ့ ပျော်ရွှင်မှုကိုသာ ဦးစားပေး ဖန်တီးပေးလာတဲ့... အသက်အရွယ်တစ်ခု ရနေပြီဖြစ်တဲ့ မေမေ့ကို မဟာကြောင့်နဲ့ စိတ်မပင်ပန်းစေချင်တော့ပေ။

ပြဿနာတစ်ခုကို ကိုယ့်အားကို ကိုးပြီး ဖြေရှင်းရမယ့် အရွယ်ကိုရောက်နေပေမယ့်... မေမေ့ကိုသာ
ဖွင့်ဟပြောပြပြီး "သမီး ဘာဆက်လုပ်ရမလဲလို့"
မေးလိုက်ချင်နေမိသည်။

မဟာ ရှေ့ဆက်လျှောက်မယ့် လမ်းက ကိုယ်တိုင်ဖောက်ပြီး လျှောက်ရတော့မှာမို့... ပျော့ညံ့၊အား ငယ်နည်းလို့ မဖြစ်ပေ။

မဟာ ပျော့ညံံ့၊အားငယ်ရင် မေမေက မဟာထက်
သမီးသောကနဲ့ ပိုပင်ပန်းရမှာ။အဲ့ဒါကြောင့် ဒီနေ့
ငိုပြီးရင် မဟာ ထပ်မငိုတော့ပါဘူး။ချစ်ရသူကို
မေ့နိုင်အောင် ကြိုးစားရင်း၊မေမေနဲ့အတူ အေး ချမ်းတဲ့ ဘဝလေးကို တည်ဆောက်မည်။

အခုတော့ ဘယ်အချိန်မဆို မဟာ့အပေါ်မှာ နွေးထွေးလုံခြုံမှုပေးတဲ့ မေမေ့ရင်ခွင်မှာ အားရပါးရနဲ့ ငိုချလိုက်ပါ အုံးမယ်။ရင်ထဲက မွန်းကျပ်စရာတွေ
ကို သက်သာသွားဖို့ အတွက်ပါ။

အသံထွက်မငိုတော့ဘဲ အသံတိတ်ငိုနေတဲ့ သမီး ကို ကြည့်ပြီး... ဒေါ်မင်းမင်းသန့် စိတ်မကောင်းဖြစ်နေရသော်လည်း သမီး က စိတ်ဓာတ်မာကြောတဲ သူမို့... နည်းနည်းလေးတော့ စိတ်အေးရပါသည်။

လင်မယားနှစ်ယောက် စကားများလာတာ ကျိန်း
သေးတာမို့... သားတိုင်းလာရင် ပြဿနာတစ်ခုကို ခေါင်းအေးအေးနဲ့ ရှင်းဖို့... သမီးက အမှားလုပ်မိရင်လည်း နားလည်ခွင့်ပေးဖို့... ပြောရပေမည်။

တစ်ယောက်တည်းရှိတဲ့ သမီးကို အိမ်ထောင်ကွဲတာမျိုး မဖြစ်စေချင်တာက သူ့ဆန္ဒပါ။အာ့ကြောင့် သမီးကို သားတိုင်းနဲ့ အဆင်မပြေတာတွေရှိရင်၊နှစ်ယောက်သား ညှိနှိုင်းဖြေရှင်းဖို့..အေးအေး ဆေးဆေး အချိန်ရောက်ရင် ပြောရမည်။

လင်မယားနှစ်ယောက် အဆင်ပြေကြလို့ ကွာရှင်းရင် ပတ်ဝန်းကျင်မှာ တကယ်ထိခိုက်နစ်နာတဲ့သူက မိန်းကလေးပင်။အပျိုဆိုတဲ့ဂုဏ်ပုဒ် အကြည့်ခံရတဲ့ မျက်လုံးနှင့် တစ်ခုလပ် ကွာရှင်းထားတဲ့သူဆိုပြီး အကြည့်ခံရတဲ့ မျက်လုံးတွေက မတူကွဲပြားပါ၏။

အပျိုနှင့်အအိုယှဥ်ရင် ဦးစားပေးခံရတာက အပျိုပင်။အပျိုနှင့် အအို ယောက်ျားလေးတစ်ယောက်
နဲ့ တွဲသွား၊တွဲလာလုပ်တာ အတူတူတောင်မှ ပတ် ဝန်းကျင်မှာ အထင်အမြင်သေး ခံရရင်လည်း အအိုကသာလျင် ထိပ်ဆုံးကနေ ဝေဖန်ကဲ့ရဲ့ခံရတာမျိုး။

ဒါမျိုးတွေကြောင့်ပဲ သမီးကို အိမ်ထောင်ကွဲ တစ်ယောက်မဖြစ်စေချင်တာ။သမီးအပေါ်မှာ သားတိုင်းက အရမ်းညှည်းဆဲ၊နှိပ်စက်နေတာမျိုးဆိုရင်တော့.. သမီးဘက်နေ ရပ်တည်ပြီး သူကိုယ် တိုင် ကွာရှင်းတာမျိုးကို လုပ်ပေးမှာ။အဲ့မဟုတ်တဲ့ ကိစ္စလေးတွေဆိုရင်တော့ သမီးတို့ကို အဆင် ပြေအောင် ကြားကနေညှိနှိုင်းပေးမည်။

သူကသာ စိတ်ပူပြီး အတွေးမျိုးစုံနှင့် ယောက် ယက်ခတ်နေတာ။သမီးက သားတိုင်းနဲ့ စကားများလားတာဆိုတာတောင် သူ သေချာမသိရသေးပါဘူး။

....................,.....,

" ကျွန်တော် မဟာနဲ့အတူ ယောက္ခမအိမ်မှာ သွားနေတော့မယ် "

ဒေါ်ထားထားမေ သူ့ရှေ့က ထိုင်ခုံမှာ ထိုင်နေတဲ့ သား ပြောလိုက်တဲ့ စကားကို ကိုယ်တိုင် နားနဲ့ဆက်ဆက် ကြားလိုက်ရတာတောင်... မယုံကြည်နိုင် ဖြစ်သွားရသည်။

တဆက်တည်းမှာပဲ မယားအိမ်မှာ လိုက်နေမယ်ဆိုတဲ့ သားကြောင့် ဒေါသကလည်း သွေးနထင်ရောက်တဲ့အထိ ထွက်လာ၏။

အံကိုတင်းတင်းဖိကြိတ်ပြီး လက်နှစ်ဖက်ကို ခပ်တင်းတင်း ဆုပ်ပြီး... သား မျက်ဝန်းတွေနှင့် အကြည့်ခြင်းစုံကာ...

" မင်း အခု ဘာစကားပြောလိုက်တာလဲ
တိုင်းသက္ကရာဇ် "

" ယောက္ခမအိမ်မှာ သွားနေမယ်လို့ ပြောလိုက်တာပါ မာမီ "

" မိဘအိမ်ရှိနေပါရဲ့နဲ့ မင်းကို ကွာရှင်းတော့မယ့်
မိန်းကလေး အိမ်မှာ သွားနေမယ်တဲ့လား။မင်းသွားနေရင်ရော ဟိုက လက်ခံပေးမယ်လို့ထင်နေတာလား... "

" မဟာ လက်ခံခံ၊မခံခံ ကျွန်တော်ကတော့ မဟာ့ အနားပဲ နေမှာပါ။နောက်ပြီး ကျွန်တော် မဟာ့ကို
မကွာရှင်းဘူး။အဲ့ဒါကြောင့် ကျွန်တော့်ဇနီးကို လက်ခံမပေးတဲ့ မာမီ့အိမ်မှာ ကျွန်တော် ဆက်မနေနိုင်ဘူး။ကျွန်တော်နဲ့ မဟာ့ကို အမြဲတမ်း ရင်ဖွင့်ကြိုဆိုပေးနေတဲ့.. ယောက္ခမအိမ်မှာပဲ သွားနေတော့မှာမို့ ခွင့်ပြုပေးပါ မာမီ "

" မင်းကို ပံံ့ပိုးပေးနိုင်တဲ့ အဆင့်မျိုးမရှိတဲ့ မိန်းမကိုမှ ဘာလို့ လိုချင်နေရတာလဲ။မင်း လိုအပ်တဲ့အရာ ဘာမဆိုဖြည့်ဆည်းပေးနိုင်တဲ့.. အင်းအား ရှိတဲ့ မိန်းကလေးကို မင်း မျက်လုံးထဲတောင်
မဝင်ဘူးလား... တိုင်းသက္ကရာဇ် "

" ကျွန်တော် မိန်းမယူတယ်ဆိုတာ၊မိန်းမရဲ့နောက်
ခံ အင်းအားနဲ့ ကျွန်တော့်ဘဝကိုရပ်တည်ဖို့ မဟုတ်ဘူး။ကျွန်တော့်ကိုယ်ပိုင် နွေးထွေးတဲ့ မိသားစုဘဝလေးကို လိုချင်လို့၊တည်ဆောက်ချင်လို့ ယူတာ။ကျွန်တော့်ကို ငွေကြေး ပံ့ပိုးနိုင်တဲ့ မိန်းမထက်၊ချစ်ခြင်းမေတ္တာ အပြန်အလှန် အပေး အယူ မျှတပြီး၊အိမ်ထောင်မှု နိုင်နင်းတဲ့ မိန်းမကိုပဲလိုချင်တာ။နောက်ပြီး ကျွန်တော့်မှာ ခြေ၊လက်အကောင်းတိုင်းရှိနေတဲ့.. သူမို့ ဘယ်သူ့ထောက်ပံ့မှုကိုမှ မလိုအပ်ဘူး။ကျွန်တော့် အစွမ်းအစနဲ့ ကြိုးစားနိုင်တယ်။အခုလည်း လုပ်ငန်းတော်တော်များ ကျွန်တော့် အားနဲ့တိုးချဲ့ထားတာတွေကို
မာမီတို့လည်း မြင်နေ၊သိနေတာပဲ "

" အို.. မင်းဟာမင်း ဘယ်လိုပဲတွေးတွေး၊ပြောပြော မာမီကတော့ မင်း ကို မဟာဆန်သူနဲ့ ဆက်ပြီးမပေါင်းခိုင်းနိုင်တော့ဘူး။မနက်ဖြန်ကို ကွာရှင်
းဖို့ လုပ်ထားပြီးသား။အဲ့တော့ မင်း ကွာကို ကွာရှင်းရမယ် "

သက္ကရာဇ် တယူသန်ဆန်ပြီး အတ္တကြီးလွန်းတဲ့
မာမီနဲ့ စကားကိုရှေ့ဆက်မပြောချင်တော့သည်မို့...

" ကျွန်တော် မဟာနဲ့ လုံးဝ ကွာရှင်းမှာ မဟုတ်ဘူး ။မာမီလည်း ကျွန်တော့် အိမ်ထောင်ရေးကို ဝင်မစွတ်ဖက်ပါနဲ့တော့။ကျွန်တော့် အသက်အရွယ် က မာမီ့ ထိန်းချုပ်မှုအောက်မှာ နေရလောက်တဲ့ အသက်အရွယ်မျိုး မဟုတ်တော့ပါဘူး။ကျေးဇူး ပြုပြီး ကျွန်တော့်ဘဝကို ကလေးတစ်ယောက်လို လိုက်ပြီး မထိန်းချုပ်ပါနဲ့။ကျွန်တော် မကြိုက်ဘူး မာမီ "

" မင်း က မိန်းမအတွက်နဲ့ မိဘရဲ့ စေတနာနဲ့ မေတ္တာကို နားမလည်တော့ဘူးဘဲ။မင်းဘဝကို
အခုထပ်ပိုပြီး ကောင်းစားစေချင်လို့... မိဘက
လမ်းကောင်းကို ဖန်တီးပေးတယ်။မင်းက အဲ့လမ် းကိုမှ မရွေးချယ်ချင်တော့လည်း မာမီ့အနေနဲ့ တစ်ခုပဲ လုပ်စရာရှိတော့တယ်။မဟာဆန်သူနဲ့ ဆက်ပေါင်းမယ်ဆိုရင် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အိမ်ပေါ်ကနေ ဆင်းသွား။မင်းရဲ့ ကြိုး စားမှုတွေကြောင့် လုပ်ငန်းတွေ အများကြီးတိုးချဲ့လာတာတွေ ရှိတယ်။ဒါမယ့် အဲ့ဒါတွေက မာမီတို့ရဲ့ အထောက်အပံ့တွေကြောင့် မင်း လုပ်နိုင်တာ။အဲ့ဒါကြောင့် မင်း တိုးချဲ့ထားတာတွေကိုလည်း
မပေးနိုင်ဘူး။ချွင်းချက်အနေနဲ့ မာမီရွေးထားတဲ့ ချွေးမလောင်းကို ယူမယ်ဆိုရင်တော့... မာမီတို့ရဲ့ ပိုင်ဆိုင်မှု အကုန်လုံးက မင်းအတွက် ပဲ။မင်း ဘယ်ဟာကို ရွေးမလဲ သား "

သက္ကရာဇ် မာမီက သူ့အပေါ်မှာ အကြပ်ကိုင်ကာ
ရွေးချယ်မှု လုပ်ခိုင်းလာလေတော့... နူတ်ခမ်းကို
မဲ့ခနဲ ပြုံးပစ်လိုက်သည်။

မာမီ့ဘက်က သူ့ကို အကျပ်ကိုင်ကာ စိန်ခေါ်သလိုမျိုး ပြောလာမှတော့... သူ့ဘက်ကလည်း စိန်ခေါ်မှုကို လက်ခံပြီး..ရွေးချယ်တာကိုလည်း ရွေးချယ် မှု နှစ်ခုအနက် တစ်ခုကို ပြတ်သားစွာ ရွေးချယ်ရမှာပေါ့။

သက္ကရာဇ် ထိုင်နေရာမှ ထရပ်လိုက်ပြီး...

" ကျွန်တော် ဒီအိမ်ကနေ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဆင်းပါ့မယ််။မာမီ ရွေးချယ်ခိုင်းတဲ့ ရွေး ချယ်မှုထဲက တစ်ခုကို ကျွန်တော် ရွေးချယ်ပြီးပြီမို့... နောက်ထပ် ကျွန်တော့် အိမ်ထောင်ရေးကို
ဝင်မစွတ်မဖက်ပါနဲ့။ကျွန်တော် သွားတော့မယ် "

ဒေါ်ထားထားမေ သားဖြစ်သူက သူမထင်ထားတဲ့ ရွေးချယ်မှုကို ရွေးချယ်လိုက်သည်မို့... ရင်တွင်း၌
ပူလောင်လာတာက မီးတောက်များပမာ။

" မင်းက ဘာမဟုတ်တဲ့ မိန်းမတစ်ယောက်အတွက်နဲ့ မွေးထားတဲ့ မိခင်ရင်ကို ခြေစုန်ကန်ပြီး
ထွက်သွားမယ်ပေါ့။အဲ့မိန်းမအတွက်နဲ့ မာမီ့ကို
မင်း က ထားခဲ့ရက်၊စွန့်ပစ်ရက်တယ်ပေါ့လေ
သား ဟမ် "

သားက သူ့ကို ထားပြီး မဟာဆန်သူအိမ်မှာ သွားနေမယ်ဆိုတာကြောင့်... ရင်တွင်း၊အသည်းနှလုံးကနေ အလိပ်လိုက်၊အလိပ်လိုက် လှိုက်တက်လာ
တဲ့ ဝမ်းနည်းစိတ်၊ယူကျုံးမရဖြစ်ရတဲ့ စိတ်များကြောင့် စကားပြောနေတဲ့ အသံက ဝမ်းခေါင်းသံ ကြီးပင်ဖြစ်လာရသည်။

သက္ကရာဇ် သူ အိမ်ကနေ သွားမယ်ဆိုတော့ စိတ်မကောင်းဖြစ်နေတဲ့ မာမီ့ကို သနားမိပေမယ့်... ဒီပွဲက သူ့အနေနဲ့ မာမီ့ကို တစ်ထစ်လေးတောင် အလျော့ပေးလို့ မရတဲ့ ပွဲဖြစ်နေသည်မို့... မာမီ့ကို
သနားမိတဲ့ စိတ်ကို သက်မောတစ်ချက်အတူ အ
ဝေးကို တွန်းပို့လိုက်ရသည်။

မျက်ရည်များ လဲ့လာနေတဲ့ မျက်ဝန်းတွေနှင့် သူပြောလာမယ့် စကားကို နားစိုက်ထောင်နေတဲ့
မာမီ့ ကို လေးနက်နေတဲ့ မျက်ဝန်းတွေနှင့် ကြည့်
ပြီး...

" မိန်းမတစ်ယောက်အတွက်နဲ့ ကျွန်တော် မာမီ့ကို စွန့်ပစ်လိုက်တာ မဟုတ်ပါဘူး။မာမီ က သားဖြစ်တဲ့ ကျွန်တော့်ကို မာမီ့အနားမှာ မနေနိုင်အောင် တွန်းထုတ်ပစ်လိုက်တာပါ။ကျွန်တော်လေ အခု
မာမီ့ကို စိတ်နာနေပြီ သိလား။ကျွန်တော့် ဘဝမှာ
တစ်ခါသာချစ်ဖူးပြီး၊တစ်ဘဝစာအတွက် ရည် ရွယ်ပြီး လက်ထပ်ထားတဲ့.. ကျွန်တော့်ဇနီးနဲ့ ကျွန်တော့်ကို ကွဲအောင်လုပ်လို့။ကျွန်တော် မာမီအနားမှာ ဆက်နေရင် မာမီ့ကို နားကျည်း၊မုန်းတီးမိသွားမလားဘဲ။အဲ့ဒါကြောင့် ကျွန်တော် ဒီလောက်နဲ့ပဲ သွားပါရစေ မာမီ "

" 'မိဘမျက်ရည်တစ်စက် သားသမီး ဆင်းရဲတစ်သက်' မင်း မိဘကို မျက်ရည်ကျအောင်လုပ်ပြီး၊မင်းဘဝကြီး သာယာအေးချမ်းမယ် ထင်နေလား။မင်းဘဝကြီး သာယာအေးချမ်းမှာ မဟုတ်ဘူး တိုင်းသက္ကရာဇ် "

မာမီ့စကားကြောင့် ဧည့်ခန်းကနေ အိမ်အပြင်သွာ
းဖို့ ခြေလှမ်းပြင်နေတဲ့... သက္ကရာဇ် ခြေလှမ်းတွေက မာမီရှိရာဘက်ကို ပြန်လှည့်လိုက်ပြီး...

" ကျွန်တော် မာမီ့ကို မျက်ရည်ကျအောင် လုပ်တာ တစ်ခုမှ မရှိပါဘူး။မာမီ့ဘာသာ မျက်ရည်ကျရ အောင် လုပ်တဲ့ လုပ်ရပ်တွေပဲ ရှိတာပါ။မာမီ့ကို
အခုထပ်ပိုပြီး စိတ်မနာချင်လို့... သွားတော့မယ့်ကျွန်တော့် ခြေလှမ်းတွေကို ဖမ်းဆုပ်ထားဖို့ မကြို
းစားပါနဲ့တော့။ကျွန်တော် မာမီ့အနားမှာ ဆက်မနေနိုင်တော့ပါဘူး။ကျွန်တော် သွားပြီ ဒယ်ဒီ "

သက္ကရာဇ် သူနဲ့ မာမီစကားဝိုင်းထဲကို မဝင်ဘဲ
ငြိမ်သက်ပြီး ဖုန်းထိုင်ကြည့်နေတဲ့... ဒယ်ဒီ က
မာမီ့ကိုလက်မြှောက်ထားတယ်ထင်ပါရဲ။

စကားတစ်ခွန်းတောင် သူတို့သားမိကြားကို ဝင်မပြောတဲ့ ဒယ်ဒီ့ကို နူတ်ဆက်ပြီး.. မာမီ့ကို ကျော ခိုင်းကာ အိမ်ကနေထွက် လာခဲ့လိုက်သည်။

" သား သား ဟင့် သား.. ဟင့်ဟင့် သားရေ... "

ဒေါ်ထားထားမေ သူ့အားထားခဲ့ပြီး ကျောခိုင်းထွက်သွားတဲ့ သားက သူခေါ်နေတာကိုပင် ပြန်ငဲ့မကြည့်လေတော့။

ဘေးမှာ တစ်ချိန်လုံး ထိုင်နေတဲ့... ခင်ပွန်းသည်ကလည်း ဘာမှဝင်မပြောတဲ့ အပြင်၊အိမ်ပေါ်ကနေဆင်းသွားတဲ့... သားက သူ့သားမဟုတ်သလို နေနေတာမို့.. ပိုပြီး ဝမ်းနည်းရ၏။

ဇနီးသည်က သားကြောင့် ဝမ်းနည်းစိတ်ဖြင့် ငိုကြွေးနေတာတောင် ဖုန်းအကြည့်မပျက် နေစိမ့်နိုင်လွန်းတဲ့ ခင်ပွန်းသည်ကို စိတ်လည်နာမိပါ သည်။

" ကိုမျိုး ရှင် တကယ်နေစိမ့်ပါလား ဟမ်။သား
အိမ်ကနေထွက်သွားတာကို ဘာမှမပြော၊မတားတော့ဘူးလား လို့... ဟင့် "

ဦးမျိုးကိုကို ရှိုက်ငင်သံနဲ့ စကားပြောလာတဲ့
ဇနီးသည်ကြောင့် စိတ်မပါဘဲနဲ့ တမင် ကြည့်နေတဲ့ လက်ထဲက ဖုန်းကိုပိတ်ကာ... ထိုင်နေရာမှ
ထရပ်ပြီး...

" ထား ရှာထားတဲ့ ပြဿနာကို ကိုယ်က ဘာကိစ္စနဲ့ ဝင်ပါရမှာရလဲ။အတန်တန် ပြောနေ၊တားနေတဲ့ကြားက ဇွတ်တိုးပြီး သားနဲ့ ချွေးမကို ခွဲတဲ့၊အပြစ်တွေအခုတော့ ခံပေါ့။ကိုယ်ကတော့ သား ဘာလုပ်လုပ် ဝင်ပြော၊ဝင်တားမှာ မဟုတ်ဘူး "

ဦးမျိုးကိုကို ဇနီးသည်အား စကားကို ပြတ်သားစွာ ပြောပြီး... ထိုနေရာကနေ ​အိမ်ရှေ့ခြံထဲက
မြက်ခင်းပြင်ဆီကို ဆင်းလာခဲ့လိုက်သည်။

" ဟင့်ဟီး... သား မာမီသားရယ်... ဟင့်ဟီး... "

ဒေါ်ထားထားမေ ခင်ပွန်းသည်ကပါ သူ့အား ပစ်ပယ်ထားခဲ့လေတော့.. ဝမ်းနည်းပက်လက်ဖြင့် ငိုကြွေးမိတော့သည်။

...........................

" မမမဟာ မမမဟာရေ မိပု အခန်းထဲ ခဏဝင်လာမယ်နော် "

မိပု မမမဟာ ကို ခွင့်ပြီး အခန်းထဲဝင်သွားလိုက်သည်။

မဟာ အိပ်မရလို့ အိပ်ဆေးသောက်ပြီး အိပ်တော့မယ့် အချိန်မှာ အခန်းထဲကို မိပု ဝင်လာတာကြော
င့် အိပ်ရာထဲလှဲနေရာက ထထိုင်လိုက်ရင်း...

" မအိပ်သေးဘူးလား မိပု။မမဆီလာတာ ဘာဖြစ်လို့လဲ "

" အိပ်တော့မလို့ပါပဲ မမရဲ့။မိပုလေ ခြံတံခါးကို သော့သွားခတ်တော့လေ အိမ်ရှေ့ခြံပြင်မှာ မမ
ယောက်ျား ကိုကြီးတိုင်းသက္ကရာဇ်ကို တွေ့ခဲ့တယ်
။ဒီတစ်ခါ အိမ်ကိုလာတာ ကားလည်းမပါဘူး။ပြီး
တော့ ခြံရှေ့ကမိီးရောင်နဲ့ မြင်ရတာ ကိုကြီးတိုင်းသက္ကရာဇ် မျက်နှာက မကောင်းဘူးရယ်။မိပု က
အိမ်ထဲဝင်ဖို့ ပြောတော့ မဝင်ဘူးတဲ့။မမ ကို ခေါ်ပေးဖို့ ပြောတယ်။အာ့ကြော
င့် မိပု မမကိုလာပြောတာ "

ဦးတိုင်း ရောက်နေတယ်တဲ့လား။အို.. သူ့ဘာသာ ရောက်ရောက် မရောက်ရောက် ငါနဲ့ ဘာမှမဆိုင်တော့ဘူး။မနက်ဖြန်ဆို ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးရတော့မှာပဲ။အိမ်ရှေ့ရောက်လာလို့
ထွက်တော့ရော.. ဘာများ ထူးသွားမှာမို့လို့လဲ။

ဖြတ်တောက်ထားတဲ့ကြိုးက ထွက်တွေ့လိုက်တာနဲ့ ပြန်ဆက်သွားမှာမှ မဟုတ်တာ။ဖြတ်လက်စနဲ့
တစ်ခါတည်း အပြီးဖြတ်လိုက်တာကမှ နှစ်ယော
က်လုံးအတွက် ကောင်းမှာ။

" မမမဟာ ဘာတွေ တွေးနေတာလဲ ဟင်။အပြင်မှာ ကိုကြီးတိုင်းသက္ကရာဇ် တစ်ယောက်တည်းရယ်။မိုးကလည်း ရွာတော့မှာ။အိမ်ထဲ မဝင်ခိုင်းတော့ဘူးလား.. "

မိပု စကားကြောင့် အတွေများနှင့် စိတ်ပြန့်လွင့်နေတဲ့.. မဟာ့ အတွေးတွေ ရပ်တန့်သွားရ၏။

" ထားထားလိုက် မိပု။မမလည်း အိပ်တော့မှာ။
မိပုလည်း သွားအိပ်တော့ "

" ကိုကြီးတိုင်းသက္ကရာဇ် ကို ဒီတိုင်းပဲ နေခိုင်းထားမလို့လား မမမဟာ "

" မမ က သွားလို့ပြောနေတယ်မလား မိပု "

ကိုယ်က စိတ်ကို တင်းထားရပါတယ်ဆိုမှ မိပုလေ
းက ထပ်ခါထပ်ခါပြောနေတာမို့... မဟာ စိတ်တို မိသွားတာမို့ စကားသံက မာသွား၏။

" ဟုတ်ကဲ့ မမ "

" ဒိန်း! ဒလိန်း! "

ဟင်! မိုးက ရွာတော့မှာလား။

မိပု အခန်းထဲကနေ သွားရုံရှိသေးသည်။မိုးချုန်းသံက ကျယ်ကျယ်လောင်လောင်နဲ့ ချုန်းပြီး၊လျှပ်စီးများကလည်း တဝင်းဝင်းနှင့် ကောင်းကင်
ယံထက် လင်းလက်သွား၏။

လေပြင်းတေပါ တိုက်နေလို့ မိုးက မကြာခင်မှာ
ရွာချတော့မည့်ပုံပင်။

ဦးတိုင်းကလည်း မဟာ ထွက်မတွေ့မချင်း ပြန်သွားမယ့်သူမျိုး မဟုတ်တာမို့... မဟာ့မှာ
စိုးရိမ်စိတ်နှင့် ရင်ပူမောရပါသည်။

မုန်းလို့၊နာကျည်းလို့ လမ်းခွဲဖို့ လုပ်တာမျိုး မဟုတ်ဘဲ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုကြောင့်
လမ်းခွဲဖို့ လုပ်ရတာဖြစ်ပြီး... အခုထိလည်း မဟာ့
ရင်ထဲမှာ ဦးတိုင်း ကို ချစ်နေသေးတာမို့... ထွက်မတွေ့ဘဲ မနေနိုင်​တော့သည်။

မိုးကလည်း ရွာတော့မှာမို့ မဟာ ဦးတိုင်းရှိရာ အိမ်ရှေ့ခြံပြင်ကို အမြန်သွားလိုက်မိသည်။


" ဦးတိုင်းသက္ကရာဇ် မဟာ့အိမ်ကို ဘာလာလုပ်တာလဲ... "

" ကိုယ်လား... ဆံထုံးနောက် ယောင်ပါလာတာလေ။ဘယ်လိုလဲ ကိုယ်တော်တယ်မလား.. "

ညနေက ဆေးရုံရှေ့မှာ တွေ့တဲ့ ဝတ်စုံနဲ့ပဲ ရှိသေးတဲ့ ဦးတိုင်း ကသနားစရာမျက်နှာငယ်လေးနဲ့ ကိုယ်တော်််တယ်မလားဆိုပြီး ခြံတံခါးရှေ့မှာရပ်ပြီး မဟာ ခြံတံခါးဖွင့်အပေးကို မျှော်လင့်တကြီး ကြည့်နေရှာသည်။မဟာလည်း စိတ်မကောင်း ဖြစ်သွားရ၏။

'ယောင်နောက် ဆံထုံးပါ'လို့သာ မဟာ ကြားဖူးတာပါ။အခုတော့ ဆုံးထုံးနောက် ယောင်ပါတဲ့လား။ဦးတိုင်းရဲ့ပြောင်းပြန် စကားပုံနဲ့ သနားစရာ မျက်နှာငယ်လေးကြောင့် ခြံတံခါးဖွင့်ပေးချင်သော်လည်း... ရှစ်ခေါက်ချိုးမျက်နှာနဲ့ ယောက္ခမရုပ်ကြီးက မျက်လုံးထဲမှာ နေရာယူလာသော်အခါ...

" မဟာတို့ အိမ်က ယောကျ်ားသားတွေကို လက်မခံလို့ လာရာလမ်းကိုသာ ပြန်ကြွပါ။ကုဋေရှစ်် သူဌေးသားကြီးရှင့် "

" ဟင်! ကိုယ်က မာမီ့ အိမ်ကနေ အပြီးဆင်းလာတာလေ။အသက်လေးက လာရာလမ်းကို ပြန်ကြွပါဆိုတော့.. ကိုယ်က လမ်းမမှာ အိပ်ရမှာလား အသက်လေး "

" လမ်းမပဲ အိပ်အိပ် လမ်းဘေးပဲ အိပ်အိပ် မဟာ့ ကိစ္စမဟုတ်ဘူး။ဦးတိုင်း ကိစ္စ "

" ကိုယ့်ကို မသနားတော့ဘူးလား။ရက်စက်တော့မှာလား ဟင် "

စူပုတ်နေတဲ့ မျက်နှာလေးနဲ့ သူ့အား ပျစ်ပျစ်ခါခါ
ပြောသူလေးကို အသနားခံ ပြောလိုက်သည့်အခါ...

" သနားရအောင် ဦးတိုင်း က ခြေလက်မရှိ မျက်စိလည်း မမြင်တဲ့ ဒုက္ခိတမှ မဟုတ်တာ။သနားစရာ အကြောင်းမှ မရှိတာ။ မသနားနိုင်ပါဘူး။ကြိုက်တဲ့ နေရာသာ အိပ်။မဟာတော့ အိပ်ချင်နေလို့
အိမ်ထဲဝင်တော့မယ်။မနက်ဖြန် ရှေ့နေနဲ့ ကွာရှင်း စာချုပ်မှာ လက်မှတ်ထိုးတော့မှ ထပ်တွေ့မယ် "

မဟာ ထို့သို့ပြောပြီး ဦးတိုင်း ကို ကျော်ခိုင်း၍
အိမ်ထဲကို ပြန်ဝင်ဖို့လုပ်လိုက်သည်။

သက္ကရာဇ် သူ့အား ကျောခိုင်းပြီး ထားသွားတော့မယ့် ချစ်ဇနီးလေး၏ နောက်ကျောလေးကို သံတံခါးကြားကနေ ကြည့်ရင်း...

" အခု ကိုယ့်မှာ ပိုင်ဆိုင်တာဆိုလို့... မဟာဆန်သူ ဆိုတဲ့ ဇနီးလေး မင်းကလွဲပြီး ဘာမှမရှိတော့ဘူး။
ဘာမှမရှိတော့တဲ့ ကိုယ့်ကို မင်းကပါထပ်ပြီး နှင်ထုတ်ရင် ကိုယ် လေလွင့်ပြီး၊ပျက်စီးသွားလိမ့်မယ်။ကိုယ့်ကို ပျက်စီးသွားတဲ့ လူတစ်ယောက်အဖြစ်နဲ့ မင်းက မြင်ချင်တာလား... မဟာ "

သူ့စကားကိုကြားပြီး မဟာ့ခြေလှမ်းတွေ ရပ်တန့်သွားတာကို တွေ့ရသည်။သို့ပေမယ့်... သူ့ဘက်ကိုတော့ ပြန်လှည့်ကြည့်မလာသေး။

........................

ရွှေအလင်း

🍑ညို႔နိုင္လြန္းတဲ့ သူ...🍑

အပိုင္း (42)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

" အဟင့္ အဟင့္ "

" သမီးရယ္ ဘာျဖစ္တာလဲဆိုတာ မာမီ့ကို ေျပာပါဦးကြယ္။ဘာမွမေျပာဘဲနဲ႕ ငိုခ်ည္ပဲငိုေနေတာ့
ေမေမ ရင္ထိတ္ရတယ္ကြယ္ "

သမီးမဟာ က ေဆး႐ုံကေန အိမ္ကိုတန္းျပန္လာၿပီး.. အိမ္ကိုေရာက္ကတည္းက ေမေမဆိုၿပီး သူ႕ကို ဖက္ၿပီး ငိုေနတာက အခ်ိန္ေတာ္ေတာ္ၾကာေနၿပီမို႔ ရင္ထဲစိုးထိတ္ေနရသည္။

သမီးငိုေနတာကို ၾကည့္ခ်င္းအားျဖင့္ သားတိုင္းနဲ႕
စကားမ်ားလာလို႔ ခန့္မွန္းရ၏။သို႔ေသာ္ ဘာအေၾကာင္းကိစၥနဲ႕ ျဖစ္သလဲဆိုတာ မသိေတာ့..
ငိုေနတဲ့ သမီးကို ဘယ္လို စကားနဲ႕ ႏွစ္သိမ့္ေပးရမယ္မွန္း မသိျဖစ္ေနရသည္။

" မဟာ့ ကို ခဏေလာက္ ဒီတိုင္းေလး ငိုခြင့္ေပးပါေမေမ "

မဟာ ေမေမ့ကို ဦးတိုင္းနဲ႕ ကြာရွင္းေတာ့မယ္ဆိုတဲ့ စကားကို ေျပာမထြက္နိုင္ျဖစ္ေနရသည္။

ေဖေဖမရွိေတာ့ကတည္းက မဟာ့အတြက္ လိုအပ္တာေတြနဲ႕ ေပ်ာ္႐ႊင္မႈကိုသာ ဦးစားေပး ဖန္တီးေပးလာတဲ့... အသက္အ႐ြယ္တစ္ခု ရေနၿပီျဖစ္တဲ့ ေမေမ့ကို မဟာေၾကာင့္နဲ႕ စိတ္မပင္ပန္းေစခ်င္ေတာ့ေပ။

ျပႆနာတစ္ခုကို ကိုယ့္အားကို ကိုးၿပီး ေျဖရွင္းရမယ့္ အ႐ြယ္ကိုေရာက္ေနေပမယ့္... ေမေမ့ကိုသာ
ဖြင့္ဟေျပာျပၿပီး "သမီး ဘာဆက္လုပ္ရမလဲလို႔"
ေမးလိုက္ခ်င္ေနမိသည္။

မဟာ ေရွ႕ဆက္ေလွ်ာက္မယ့္ လမ္းက ကိုယ္တိုင္ေဖာက္ၿပီး ေလွ်ာက္ရေတာ့မွာမို႔... ေပ်ာ့ညံ့၊အား ငယ္နည္းလို႔ မျဖစ္ေပ။

မဟာ ေပ်ာ့ညံံ့၊အားငယ္ရင္ ေမေမက မဟာထက္
သမီးေသာကနဲ႕ ပိုပင္ပန္းရမွာ။အဲ့ဒါေၾကာင့္ ဒီေန႕
ငိုၿပီးရင္ မဟာ ထပ္မငိုေတာ့ပါဘူး။ခ်စ္ရသူကို
ေမ့နိုင္ေအာင္ ႀကိဳးစားရင္း၊ေမေမနဲ႕အတူ ေအး ခ်မ္းတဲ့ ဘဝေလးကို တည္ေဆာက္မည္။

အခုေတာ့ ဘယ္အခ်ိန္မဆို မဟာ့အေပၚမွာ ေႏြးေထြးလုံၿခဳံမႈေပးတဲ့ ေမေမ့ရင္ခြင္မွာ အားရပါးရနဲ႕ ငိုခ်လိဳက္ပါ အုံးမယ္။ရင္ထဲက မြန္းက်ပ္စရာေတြ
ကို သက္သာသြားဖို႔ အတြက္ပါ။

အသံထြက္မငိုေတာ့ဘဲ အသံတိတ္ငိုေနတဲ့ သမီး ကို ၾကည့္ၿပီး... ေဒၚမင္းမင္းသန့္ စိတ္မေကာင္းျဖစ္ေနရေသာ္လည္း သမီး က စိတ္ဓာတ္မာေၾကာတဲ သူမို႔... နည္းနည္းေလးေတာ့ စိတ္ေအးရပါသည္။

လင္မယားႏွစ္ေယာက္ စကားမ်ားလာတာ က်ိန္း
ေသးတာမို႔... သားတိုင္းလာရင္ ျပႆနာတစ္ခုကို ေခါင္းေအးေအးနဲ႕ ရွင္းဖို႔... သမီးက အမွားလုပ္မိရင္လည္း နားလည္ခြင့္ေပးဖို႔... ေျပာရေပမည္။

တစ္ေယာက္တည္းရွိတဲ့ သမီးကို အိမ္ေထာင္ကြဲတာမ်ိဳး မျဖစ္ေစခ်င္တာက သူ႕ဆႏၵပါ။အာ့ေၾကာင့္ သမီးကို သားတိုင္းနဲ႕ အဆင္မေျပတာေတြရွိရင္၊ႏွစ္ေယာက္သား ညွိႏွိုင္းေျဖရွင္းဖို႔..ေအးေအး ေဆးေဆး အခ်ိန္ေရာက္ရင္ ေျပာရမည္။

လင္မယားႏွစ္ေယာက္ အဆင္ေျပၾကလို႔ ကြာရွင္းရင္ ပတ္ဝန္းက်င္မွာ တကယ္ထိခိုက္နစ္နာတဲ့သူက မိန္းကေလးပင္။အပ်ိဳဆိုတဲ့ဂုဏ္ပုဒ္ အၾကည့္ခံရတဲ့ မ်က္လုံးႏွင့္ တစ္ခုလပ္ ကြာရွင္းထားတဲ့သူဆိုၿပီး အၾကည့္ခံရတဲ့ မ်က္လုံးေတြက မတူကြဲျပားပါ၏။

အပ်ိဳႏွင့္အအိုယွဥ္ရင္ ဦးစားေပးခံရတာက အပ်ိဳပင္။အပ်ိဳႏွင့္ အအို ေယာက္်ားေလးတစ္ေယာက္
နဲ႕ တြဲသြား၊တြဲလာလုပ္တာ အတူတူေတာင္မွ ပတ္ ဝန္းက်င္မွာ အထင္အျမင္ေသး ခံရရင္လည္း အအိုကသာလ်င္ ထိပ္ဆုံးကေန ေဝဖန္ကဲ့ရဲ႕ခံရတာမ်ိဳး။

ဒါမ်ိဳးေတြေၾကာင့္ပဲ သမီးကို အိမ္ေထာင္ကြဲ တစ္ေယာက္မျဖစ္ေစခ်င္တာ။သမီးအေပၚမွာ သားတိုင္းက အရမ္းညွည္းဆဲ၊ႏွိပ္စက္ေနတာမ်ိဳးဆိုရင္ေတာ့.. သမီးဘက္ေန ရပ္တည္ၿပီး သူကိုယ္ တိုင္ ကြာရွင္းတာမ်ိဳးကို လုပ္ေပးမွာ။အဲ့မဟုတ္တဲ့ ကိစၥေလးေတြဆိုရင္ေတာ့ သမီးတို႔ကို အဆင္ ေျပေအာင္ ၾကားကေနညွိႏွိုင္းေပးမည္။

သူကသာ စိတ္ပူၿပီး အေတြးမ်ိဳးစုံႏွင့္ ေယာက္ ယက္ခတ္ေနတာ။သမီးက သားတိုင္းနဲ႕ စကားမ်ားလားတာဆိုတာေတာင္ သူ ေသခ်ာမသိရေသးပါဘူး။

....................,.....,

" ကြၽန္ေတာ္ မဟာနဲ႕အတူ ေယာကၡမအိမ္မွာ သြားေနေတာ့မယ္ "

ေဒၚထားထားေမ သူ႕ေရွ႕က ထိုင္ခုံမွာ ထိုင္ေနတဲ့ သား ေျပာလိုက္တဲ့ စကားကို ကိုယ္တိုင္ နားနဲ႕ဆက္ဆက္ ၾကားလိုက္ရတာေတာင္... မယုံၾကည္နိုင္ ျဖစ္သြားရသည္။

တဆက္တည္းမွာပဲ မယားအိမ္မွာ လိုက္ေနမယ္ဆိုတဲ့ သားေၾကာင့္ ေဒါသကလည္း ေသြးနထင္ေရာက္တဲ့အထိ ထြက္လာ၏။

အံကိုတင္းတင္းဖိႀကိတ္ၿပီး လက္ႏွစ္ဖက္ကို ခပ္တင္းတင္း ဆုပ္ၿပီး... သား မ်က္ဝန္းေတြႏွင့္ အၾကည့္ျခင္းစုံကာ...

" မင္း အခု ဘာစကားေျပာလိုက္တာလဲ
တိုင္းသကၠရာဇ္ "

" ေယာကၡမအိမ္မွာ သြားေနမယ္လို႔ ေျပာလိုက္တာပါ မာမီ "

" မိဘအိမ္ရွိေနပါရဲ႕နဲ႕ မင္းကို ကြာရွင္းေတာ့မယ့္
မိန္းကေလး အိမ္မွာ သြားေနမယ္တဲ့လား။မင္းသြားေနရင္ေရာ ဟိုက လက္ခံေပးမယ္လို႔ထင္ေနတာလား... "

" မဟာ လက္ခံခံ၊မခံခံ ကြၽန္ေတာ္ကေတာ့ မဟာ့ အနားပဲ ေနမွာပါ။ေနာက္ၿပီး ကြၽန္ေတာ္ မဟာ့ကို
မကြာရွင္းဘူး။အဲ့ဒါေၾကာင့္ ကြၽန္ေတာ့္ဇနီးကို လက္ခံမေပးတဲ့ မာမီ့အိမ္မွာ ကြၽန္ေတာ္ ဆက္မေနနိုင္ဘူး။ကြၽန္ေတာ္နဲ႕ မဟာ့ကို အၿမဲတမ္း ရင္ဖြင့္ႀကိဳဆိုေပးေနတဲ့.. ေယာကၡမအိမ္မွာပဲ သြားေနေတာ့မွာမို႔ ခြင့္ျပဳေပးပါ မာမီ "

" မင္းကို ပံံ့ပိုးေပးနိုင္တဲ့ အဆင့္မ်ိဳးမရွိတဲ့ မိန္းမကိုမွ ဘာလို႔ လိုခ်င္ေနရတာလဲ။မင္း လိုအပ္တဲ့အရာ ဘာမဆိုျဖည့္ဆည္းေပးနိုင္တဲ့.. အင္းအား ရွိတဲ့ မိန္းကေလးကို မင္း မ်က္လုံးထဲေတာင္
မဝင္ဘူးလား... တိုင္းသကၠရာဇ္ "

" ကြၽန္ေတာ္ မိန္းမယူတယ္ဆိုတာ၊မိန္းမရဲ႕ေနာက္
ခံ အင္းအားနဲ႕ ကြၽန္ေတာ့္ဘဝကိုရပ္တည္ဖို႔ မဟုတ္ဘူး။ကြၽန္ေတာ့္ကိုယ္ပိုင္ ေႏြးေထြးတဲ့ မိသားစုဘဝေလးကို လိုခ်င္လို႔၊တည္ေဆာက္ခ်င္လို႔ ယူတာ။ကြၽန္ေတာ့္ကို ေငြေၾကး ပံ့ပိုးနိုင္တဲ့ မိန္းမထက္၊ခ်စ္ျခင္းေမတၱာ အျပန္အလွန္ အေပး အယူ မွ်တၿပီး၊အိမ္ေထာင္မႈ နိုင္နင္းတဲ့ မိန္းမကိုပဲလိုခ်င္တာ။ေနာက္ၿပီး ကြၽန္ေတာ့္မွာ ေျခ၊လက္အေကာင္းတိုင္းရွိေနတဲ့.. သူမို႔ ဘယ္သူ႕ေထာက္ပံ့မႈကိုမွ မလိုအပ္ဘူး။ကြၽန္ေတာ့္ အစြမ္းအစနဲ႕ ႀကိဳးစားနိုင္တယ္။အခုလည္း လုပ္ငန္းေတာ္ေတာ္မ်ား ကြၽန္ေတာ့္ အားနဲ႕တိုးခ်ဲ့ထားတာေတြကို
မာမီတို႔လည္း ျမင္ေန၊သိေနတာပဲ "

" အို.. မင္းဟာမင္း ဘယ္လိုပဲေတြးေတြး၊ေျပာေျပာ မာမီကေတာ့ မင္း ကို မဟာဆန္သူနဲ႕ ဆက္ၿပီးမေပါင္းခိုင္းနိုင္ေတာ့ဘူး။မနက္ျဖန္ကို ကြာရွင္
းဖို႔ လုပ္ထားၿပီးသား။အဲ့ေတာ့ မင္း ကြာကို ကြာရွင္းရမယ္ "

သကၠရာဇ္ တယူသန္ဆန္ၿပီး အတၱႀကီးလြန္းတဲ့
မာမီနဲ႕ စကားကိုေရွ႕ဆက္မေျပာခ်င္ေတာ့သည္မို႔...

" ကြၽန္ေတာ္ မဟာနဲ႕ လုံးဝ ကြာရွင္းမွာ မဟုတ္ဘူး ။မာမီလည္း ကြၽန္ေတာ့္ အိမ္ေထာင္ေရးကို ဝင္မစြတ္ဖက္ပါနဲ႕ေတာ့။ကြၽန္ေတာ့္ အသက္အ႐ြယ္ က မာမီ့ ထိန္းခ်ဳပ္မႈေအာက္မွာ ေနရေလာက္တဲ့ အသက္အ႐ြယ္မ်ိဳး မဟုတ္ေတာ့ပါဘူး။ေက်းဇူး ျပဳၿပီး ကြၽန္ေတာ့္ဘဝကို ကေလးတစ္ေယာက္လို လိုက္ၿပီး မထိန္းခ်ဳပ္ပါနဲ႕။ကြၽန္ေတာ္ မႀကိဳက္ဘူး မာမီ "

" မင္း က မိန္းမအတြက္နဲ႕ မိဘရဲ႕ ေစတနာနဲ႕ ေမတၱာကို နားမလည္ေတာ့ဘူးဘဲ။မင္းဘဝကို
အခုထပ္ပိုၿပီး ေကာင္းစားေစခ်င္လို႔... မိဘက
လမ္းေကာင္းကို ဖန္တီးေပးတယ္။မင္းက အဲ့လမ္ းကိုမွ မေ႐ြးခ်ယ္ခ်င္ေတာ့လည္း မာမီ့အေနနဲ႕ တစ္ခုပဲ လုပ္စရာရွိေတာ့တယ္။မဟာဆန္သူနဲ႕ ဆက္ေပါင္းမယ္ဆိုရင္ အဝတ္တစ္ထည္ ကိုယ္တစ္ခုနဲ႕ အိမ္ေပၚကေန ဆင္းသြား။မင္းရဲ႕ ႀကိဳး စားမႈေတြေၾကာင့္ လုပ္ငန္းေတြ အမ်ားႀကီးတိုးခ်ဲ့လာတာေတြ ရွိတယ္။ဒါမယ့္ အဲ့ဒါေတြက မာမီတို႔ရဲ႕ အေထာက္အပံ့ေတြေၾကာင့္ မင္း လုပ္နိုင္တာ။အဲ့ဒါေၾကာင့္ မင္း တိုးခ်ဲ့ထားတာေတြကိုလည္း
မေပးနိုင္ဘူး။ခြၽင္းခ်က္အေနနဲ႕ မာမီေ႐ြးထားတဲ့ ေခြၽးမေလာင္းကို ယူမယ္ဆိုရင္ေတာ့... မာမီတို႔ရဲ႕ ပိုင္ဆိုင္မႈ အကုန္လုံးက မင္းအတြက္ ပဲ။မင္း ဘယ္ဟာကို ေ႐ြးမလဲ သား "

သကၠရာဇ္ မာမီက သူ႕အေပၚမွာ အၾကပ္ကိုင္ကာ
ေ႐ြးခ်ယ္မႈ လုပ္ခိုင္းလာေလေတာ့... ႏူတ္ခမ္းကို
မဲ့ခနဲ ၿပဳံးပစ္လိုက္သည္။

မာမီ့ဘက္က သူ႕ကို အက်ပ္ကိုင္ကာ စိန္ေခၚသလိုမ်ိဳး ေျပာလာမွေတာ့... သူ႕ဘက္ကလည္း စိန္ေခၚမႈကို လက္ခံၿပီး..ေ႐ြးခ်ယ္တာကိုလည္း ေ႐ြးခ်ယ္ မႈ ႏွစ္ခုအနက္ တစ္ခုကို ျပတ္သားစြာ ေ႐ြးခ်ယ္ရမွာေပါ့။

သကၠရာဇ္ ထိုင္ေနရာမွ ထရပ္လိုက္ၿပီး...

" ကြၽန္ေတာ္ ဒီအိမ္ကေန အဝတ္တစ္ထည္ ကိုယ္တစ္ခုနဲ႕ ဆင္းပါ့မယ္္။မာမီ ေ႐ြးခ်ယ္ခိုင္းတဲ့ ေ႐ြး ခ်ယ္မႈထဲက တစ္ခုကို ကြၽန္ေတာ္ ေ႐ြးခ်ယ္ၿပီးၿပီမို႔... ေနာက္ထပ္ ကြၽန္ေတာ့္ အိမ္ေထာင္ေရးကို
ဝင္မစြတ္မဖက္ပါနဲ႕။ကြၽန္ေတာ္ သြားေတာ့မယ္ "

ေဒၚထားထားေမ သားျဖစ္သူက သူမထင္ထားတဲ့ ေ႐ြးခ်ယ္မႈကို ေ႐ြးခ်ယ္လိုက္သည္မို႔... ရင္တြင္း၌
ပူေလာင္လာတာက မီးေတာက္မ်ားပမာ။

" မင္းက ဘာမဟုတ္တဲ့ မိန္းမတစ္ေယာက္အတြက္နဲ႕ ေမြးထားတဲ့ မိခင္ရင္ကို ေျခစုန္ကန္ၿပီး
ထြက္သြားမယ္ေပါ့။အဲ့မိန္းမအတြက္နဲ႕ မာမီ့ကို
မင္း က ထားခဲ့ရက္၊စြန့္ပစ္ရက္တယ္ေပါ့ေလ
သား ဟမ္ "

သားက သူ႕ကို ထားၿပီး မဟာဆန္သူအိမ္မွာ သြားေနမယ္ဆိုတာေၾကာင့္... ရင္တြင္း၊အသည္းႏွလုံးကေန အလိပ္လိုက္၊အလိပ္လိုက္ လွိုက္တက္လာ
တဲ့ ဝမ္းနည္းစိတ္၊ယူက်ဳံးမရျဖစ္ရတဲ့ စိတ္မ်ားေၾကာင့္ စကားေျပာေနတဲ့ အသံက ဝမ္းေခါင္းသံ ႀကီးပင္ျဖစ္လာရသည္။

သကၠရာဇ္ သူ အိမ္ကေန သြားမယ္ဆိုေတာ့ စိတ္မေကာင္းျဖစ္ေနတဲ့ မာမီ့ကို သနားမိေပမယ့္... ဒီပြဲက သူ႕အေနနဲ႕ မာမီ့ကို တစ္ထစ္ေလးေတာင္ အေလ်ာ့ေပးလို႔ မရတဲ့ ပြဲျဖစ္ေနသည္မို႔... မာမီ့ကို
သနားမိတဲ့ စိတ္ကို သက္ေမာတစ္ခ်က္အတူ အ
ေဝးကို တြန္းပို႔လိုက္ရသည္။

မ်က္ရည္မ်ား လဲ့လာေနတဲ့ မ်က္ဝန္းေတြႏွင့္ သူေျပာလာမယ့္ စကားကို နားစိုက္ေထာင္ေနတဲ့
မာမီ့ ကို ေလးနက္ေနတဲ့ မ်က္ဝန္းေတြႏွင့္ ၾကည့္
ၿပီး...

" မိန္းမတစ္ေယာက္အတြက္နဲ႕ ကြၽန္ေတာ္ မာမီ့ကို စြန့္ပစ္လိုက္တာ မဟုတ္ပါဘူး။မာမီ က သားျဖစ္တဲ့ ကြၽန္ေတာ့္ကို မာမီ့အနားမွာ မေနနိုင္ေအာင္ တြန္းထုတ္ပစ္လိုက္တာပါ။ကြၽန္ေတာ္ေလ အခု
မာမီ့ကို စိတ္နာေနၿပီ သိလား။ကြၽန္ေတာ့္ ဘဝမွာ
တစ္ခါသာခ်စ္ဖူးၿပီး၊တစ္ဘဝစာအတြက္ ရည္ ႐ြယ္ၿပီး လက္ထပ္ထားတဲ့.. ကြၽန္ေတာ့္ဇနီးနဲ႕ ကြၽန္ေတာ့္ကို ကြဲေအာင္လုပ္လို႔။ကြၽန္ေတာ္ မာမီအနားမွာ ဆက္ေနရင္ မာမီ့ကို နားက်ည္း၊မုန္းတီးမိသြားမလားဘဲ။အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ ဒီေလာက္နဲ႕ပဲ သြားပါရေစ မာမီ "

" 'မိဘမ်က္ရည္တစ္စက္ သားသမီး ဆင္းရဲတစ္သက္' မင္း မိဘကို မ်က္ရည္က်ေအာင္လုပ္ၿပီး၊မင္းဘဝႀကီး သာယာေအးခ်မ္းမယ္ ထင္ေနလား။မင္းဘဝႀကီး သာယာေအးခ်မ္းမွာ မဟုတ္ဘူး တိုင္းသကၠရာဇ္ "

မာမီ့စကားေၾကာင့္ ဧည့္ခန္းကေန အိမ္အျပင္သြာ
းဖို႔ ေျခလွမ္းျပင္ေနတဲ့... သကၠရာဇ္ ေျခလွမ္းေတြက မာမီရွိရာဘက္ကို ျပန္လွည့္လိုက္ၿပီး...

" ကြၽန္ေတာ္ မာမီ့ကို မ်က္ရည္က်ေအာင္ လုပ္တာ တစ္ခုမွ မရွိပါဘူး။မာမီ့ဘာသာ မ်က္ရည္က်ရ ေအာင္ လုပ္တဲ့ လုပ္ရပ္ေတြပဲ ရွိတာပါ။မာမီ့ကို
အခုထပ္ပိုၿပီး စိတ္မနာခ်င္လို႔... သြားေတာ့မယ့္ကြၽန္ေတာ့္ ေျခလွမ္းေတြကို ဖမ္းဆုပ္ထားဖို႔ မႀကိဳ
းစားပါနဲ႕ေတာ့။ကြၽန္ေတာ္ မာမီ့အနားမွာ ဆက္မေနနိုင္ေတာ့ပါဘူး။ကြၽန္ေတာ္ သြားၿပီ ဒယ္ဒီ "

သကၠရာဇ္ သူနဲ႕ မာမီစကားဝိုင္းထဲကို မဝင္ဘဲ
ၿငိမ္သက္ၿပီး ဖုန္းထိုင္ၾကည့္ေနတဲ့... ဒယ္ဒီ က
မာမီ့ကိုလက္ျမႇောက္ထားတယ္ထင္ပါရဲ။

စကားတစ္ခြန္းေတာင္ သူတို႔သားမိၾကားကို ဝင္မေျပာတဲ့ ဒယ္ဒီ့ကို ႏူတ္ဆက္ၿပီး.. မာမီ့ကို ေက်ာ ခိုင္းကာ အိမ္ကေနထြက္ လာခဲ့လိုက္သည္။

" သား သား ဟင့္ သား.. ဟင့္ဟင့္ သားေရ... "

ေဒၚထားထားေမ သူ႕အားထားခဲ့ၿပီး ေက်ာခိုင္းထြက္သြားတဲ့ သားက သူေခၚေနတာကိုပင္ ျပန္ငဲ့မၾကည့္ေလေတာ့။

ေဘးမွာ တစ္ခ်ိန္လုံး ထိုင္ေနတဲ့... ခင္ပြန္းသည္ကလည္း ဘာမွဝင္မေျပာတဲ့ အျပင္၊အိမ္ေပၚကေနဆင္းသြားတဲ့... သားက သူ႕သားမဟုတ္သလို ေနေနတာမို႔.. ပိုၿပီး ဝမ္းနည္းရ၏။

ဇနီးသည္က သားေၾကာင့္ ဝမ္းနည္းစိတ္ျဖင့္ ငိုေႂကြးေနတာေတာင္ ဖုန္းအၾကည့္မပ်က္ ေနစိမ့္နိုင္လြန္းတဲ့ ခင္ပြန္းသည္ကို စိတ္လည္နာမိပါ သည္။

" ကိုမ်ိဳး ရွင္ တကယ္ေနစိမ့္ပါလား ဟမ္။သား
အိမ္ကေနထြက္သြားတာကို ဘာမွမေျပာ၊မတားေတာ့ဘူးလား လို႔... ဟင့္ "

ဦးမ်ိဳးကိုကို ရွိုက္ငင္သံနဲ႕ စကားေျပာလာတဲ့
ဇနီးသည္ေၾကာင့္ စိတ္မပါဘဲနဲ႕ တမင္ ၾကည့္ေနတဲ့ လက္ထဲက ဖုန္းကိုပိတ္ကာ... ထိုင္ေနရာမွ
ထရပ္ၿပီး...

" ထား ရွာထားတဲ့ ျပႆနာကို ကိုယ္က ဘာကိစၥနဲ႕ ဝင္ပါရမွာရလဲ။အတန္တန္ ေျပာေန၊တားေနတဲ့ၾကားက ဇြတ္တိုးၿပီး သားနဲ႕ ေခြၽးမကို ခြဲတဲ့၊အျပစ္ေတြအခုေတာ့ ခံေပါ့။ကိုယ္ကေတာ့ သား ဘာလုပ္လုပ္ ဝင္ေျပာ၊ဝင္တားမွာ မဟုတ္ဘူး "

ဦးမ်ိဳးကိုကို ဇနီးသည္အား စကားကို ျပတ္သားစြာ ေျပာၿပီး... ထိုေနရာကေန ​အိမ္ေရွ႕ၿခံထဲက
ျမက္ခင္းျပင္ဆီကို ဆင္းလာခဲ့လိုက္သည္။

" ဟင့္ဟီး... သား မာမီသားရယ္... ဟင့္ဟီး... "

ေဒၚထားထားေမ ခင္ပြန္းသည္ကပါ သူ႕အား ပစ္ပယ္ထားခဲ့ေလေတာ့.. ဝမ္းနည္းပက္လက္ျဖင့္ ငိုေႂကြးမိေတာ့သည္။

...........................

" မမမဟာ မမမဟာေရ မိပု အခန္းထဲ ခဏဝင္လာမယ္ေနာ္ "

မိပု မမမဟာ ကို ခြင့္ၿပီး အခန္းထဲဝင္သြားလိုက္သည္။

မဟာ အိပ္မရလို႔ အိပ္ေဆးေသာက္ၿပီး အိပ္ေတာ့မယ့္ အခ်ိန္မွာ အခန္းထဲကို မိပု ဝင္လာတာေၾကာ
င့္ အိပ္ရာထဲလွဲေနရာက ထထိုင္လိုက္ရင္း...

" မအိပ္ေသးဘူးလား မိပု။မမဆီလာတာ ဘာျဖစ္လို႔လဲ "

" အိပ္ေတာ့မလို႔ပါပဲ မမရဲ႕။မိပုေလ ၿခံတံခါးကို ေသာ့သြားခတ္ေတာ့ေလ အိမ္ေရွ႕ၿခံျပင္မွာ မမ
ေယာက္်ား ကိုႀကီးတိုင္းသကၠရာဇ္ကို ေတြ႕ခဲ့တယ္
။ဒီတစ္ခါ အိမ္ကိုလာတာ ကားလည္းမပါဘူး။ၿပီး
ေတာ့ ၿခံေရွ႕ကမိီးေရာင္နဲ႕ ျမင္ရတာ ကိုႀကီးတိုင္းသကၠရာဇ္ မ်က္ႏွာက မေကာင္းဘူးရယ္။မိပု က
အိမ္ထဲဝင္ဖို႔ ေျပာေတာ့ မဝင္ဘူးတဲ့။မမ ကို ေခၚေပးဖို႔ ေျပာတယ္။အာ့ေၾကာ
င့္ မိပု မမကိုလာေျပာတာ "

ဦးတိုင္း ေရာက္ေနတယ္တဲ့လား။အို.. သူ႕ဘာသာ ေရာက္ေရာက္ မေရာက္ေရာက္ ငါနဲ႕ ဘာမွမဆိုင္ေတာ့ဘူး။မနက္ျဖန္ဆို ကြာရွင္းစာခ်ဳပ္မွာ လက္မွတ္ထိုးရေတာ့မွာပဲ။အိမ္ေရွ႕ေရာက္လာလို႔
ထြက္ေတာ့ေရာ.. ဘာမ်ား ထူးသြားမွာမို႔လို႔လဲ။

ျဖတ္ေတာက္ထားတဲ့ႀကိဳးက ထြက္ေတြ႕လိုက္တာနဲ႕ ျပန္ဆက္သြားမွာမွ မဟုတ္တာ။ျဖတ္လက္စနဲ႕
တစ္ခါတည္း အၿပီးျဖတ္လိုက္တာကမွ ႏွစ္ေယာ
က္လုံးအတြက္ ေကာင္းမွာ။

" မမမဟာ ဘာေတြ ေတြးေနတာလဲ ဟင္။အျပင္မွာ ကိုႀကီးတိုင္းသကၠရာဇ္ တစ္ေယာက္တည္းရယ္။မိုးကလည္း ႐ြာေတာ့မွာ။အိမ္ထဲ မဝင္ခိုင္းေတာ့ဘူးလား.. "

မိပု စကားေၾကာင့္ အေတြမ်ားႏွင့္ စိတ္ျပန့္လြင့္ေနတဲ့.. မဟာ့ အေတြးေတြ ရပ္တန့္သြားရ၏။

" ထားထားလိုက္ မိပု။မမလည္း အိပ္ေတာ့မွာ။
မိပုလည္း သြားအိပ္ေတာ့ "

" ကိုႀကီးတိုင္းသကၠရာဇ္ ကို ဒီတိုင္းပဲ ေနခိုင္းထားမလို႔လား မမမဟာ "

" မမ က သြားလို႔ေျပာေနတယ္မလား မိပု "

ကိုယ္က စိတ္ကို တင္းထားရပါတယ္ဆိုမွ မိပုေလ
းက ထပ္ခါထပ္ခါေျပာေနတာမို႔... မဟာ စိတ္တို မိသြားတာမို႔ စကားသံက မာသြား၏။

" ဟုတ္ကဲ့ မမ "

" ဒိန္း! ဒလိန္း! "

ဟင္! မိုးက ႐ြာေတာ့မွာလား။

မိပု အခန္းထဲကေန သြား႐ုံရွိေသးသည္။မိုးခ်ဳန္းသံက က်ယ္က်ယ္ေလာင္ေလာင္နဲ႕ ခ်ဳန္းၿပီး၊လွ်ပ္စီးမ်ားကလည္း တဝင္းဝင္းႏွင့္ ေကာင္းကင္
ယံထက္ လင္းလက္သြား၏။

ေလျပင္းေတပါ တိုက္ေနလို႔ မိုးက မၾကာခင္မွာ
႐ြာခ်ေတာ့မည့္ပုံပင္။

ဦးတိုင္းကလည္း မဟာ ထြက္မေတြ႕မခ်င္း ျပန္သြားမယ့္သူမ်ိဳး မဟုတ္တာမို႔... မဟာ့မွာ
စိုးရိမ္စိတ္ႏွင့္ ရင္ပူေမာရပါသည္။

မုန္းလို႔၊နာက်ည္းလို႔ လမ္းခြဲဖို႔ လုပ္တာမ်ိဳး မဟုတ္ဘဲ မျဖစ္နိုင္တဲ့ အေျခအေနတစ္ခုေၾကာင့္
လမ္းခြဲဖို႔ လုပ္ရတာျဖစ္ၿပီး... အခုထိလည္း မဟာ့
ရင္ထဲမွာ ဦးတိုင္း ကို ခ်စ္ေနေသးတာမို႔... ထြက္မေတြ႕ဘဲ မေနနိုင္​ေတာ့သည္။

မိုးကလည္း ႐ြာေတာ့မွာမို႔ မဟာ ဦးတိုင္းရွိရာ အိမ္ေရွ႕ၿခံျပင္ကို အျမန္သြားလိုက္မိသည္။


" ဦးတိုင္းသကၠရာဇ္ မဟာ့အိမ္ကို ဘာလာလုပ္တာလဲ... "

" ကိုယ္လား... ဆံထုံးေနာက္ ေယာင္ပါလာတာေလ။ဘယ္လိုလဲ ကိုယ္ေတာ္တယ္မလား.. "

ညေနက ေဆး႐ုံေရွ႕မွာ ေတြ႕တဲ့ ဝတ္စုံနဲ႕ပဲ ရွိေသးတဲ့ ဦးတိုင္း ကသနားစရာမ်က္ႏွာငယ္ေလးနဲ႕ ကိုယ္ေတာ္္္တယ္မလားဆိုၿပီး ၿခံတံခါးေရွ႕မွာရပ္ၿပီး မဟာ ၿခံတံခါးဖြင့္အေပးကို ေမွ်ာ္လင့္တႀကီး ၾကည့္ေနရွာသည္။မဟာလည္း စိတ္မေကာင္း ျဖစ္သြားရ၏။

'ေယာင္ေနာက္ ဆံထုံးပါ'လို႔သာ မဟာ ၾကားဖူးတာပါ။အခုေတာ့ ဆုံးထုံးေနာက္ ေယာင္ပါတဲ့လား။ဦးတိုင္းရဲ႕ေျပာင္းျပန္ စကားပုံနဲ႕ သနားစရာ မ်က္ႏွာငယ္ေလးေၾကာင့္ ၿခံတံခါးဖြင့္ေပးခ်င္ေသာ္လည္း... ရွစ္ေခါက္ခ်ိဳးမ်က္ႏွာနဲ႕ ေယာကၡမ႐ုပ္ႀကီးက မ်က္လုံးထဲမွာ ေနရာယူလာေသာ္အခါ...

" မဟာတို႔ အိမ္က ေယာက်္ားသားေတြကို လက္မခံလို႔ လာရာလမ္းကိုသာ ျပန္ႂကြပါ။ကုေဋရွစ္္ သူေဌးသားႀကီးရွင့္ "

" ဟင္! ကိုယ္က မာမီ့ အိမ္ကေန အၿပီးဆင္းလာတာေလ။အသက္ေလးက လာရာလမ္းကို ျပန္ႂကြပါဆိုေတာ့.. ကိုယ္က လမ္းမမွာ အိပ္ရမွာလား အသက္ေလး "

" လမ္းမပဲ အိပ္အိပ္ လမ္းေဘးပဲ အိပ္အိပ္ မဟာ့ ကိစၥမဟုတ္ဘူး။ဦးတိုင္း ကိစၥ "

" ကိုယ့္ကို မသနားေတာ့ဘူးလား။ရက္စက္ေတာ့မွာလား ဟင္ "

စူပုတ္ေနတဲ့ မ်က္ႏွာေလးနဲ႕ သူ႕အား ပ်စ္ပ်စ္ခါခါ
ေျပာသူေလးကို အသနားခံ ေျပာလိုက္သည့္အခါ...

" သနားရေအာင္ ဦးတိုင္း က ေျခလက္မရွိ မ်က္စိလည္း မျမင္တဲ့ ဒုကၡိတမွ မဟုတ္တာ။သနားစရာ အေၾကာင္းမွ မရွိတာ။ မသနားနိုင္ပါဘူး။ႀကိဳက္တဲ့ ေနရာသာ အိပ္။မဟာေတာ့ အိပ္ခ်င္ေနလို႔
အိမ္ထဲဝင္ေတာ့မယ္။မနက္ျဖန္ ေရွ႕ေနနဲ႕ ကြာရွင္း စာခ်ဳပ္မွာ လက္မွတ္ထိုးေတာ့မွ ထပ္ေတြ႕မယ္ "

မဟာ ထို႔သို႔ေျပာၿပီး ဦးတိုင္း ကို ေက်ာ္ခိုင္း၍
အိမ္ထဲကို ျပန္ဝင္ဖို႔လုပ္လိုက္သည္။

သကၠရာဇ္ သူ႕အား ေက်ာခိုင္းၿပီး ထားသြားေတာ့မယ့္ ခ်စ္ဇနီးေလး၏ ေနာက္ေက်ာေလးကို သံတံခါးၾကားကေန ၾကည့္ရင္း...

" အခု ကိုယ့္မွာ ပိုင္ဆိုင္တာဆိုလို႔... မဟာဆန္သူ ဆိုတဲ့ ဇနီးေလး မင္းကလြဲၿပီး ဘာမွမရွိေတာ့ဘူး။
ဘာမွမရွိေတာ့တဲ့ ကိုယ့္ကို မင္းကပါထပ္ၿပီး ႏွင္ထုတ္ရင္ ကိုယ္ ေလလြင့္ၿပီး၊ပ်က္စီးသြားလိမ့္မယ္။ကိုယ့္ကို ပ်က္စီးသြားတဲ့ လူတစ္ေယာက္အျဖစ္နဲ႕ မင္းက ျမင္ခ်င္တာလား... မဟာ "

သူ႕စကားကိုၾကားၿပီး မဟာ့ေျခလွမ္းေတြ ရပ္တန့္သြားတာကို ေတြ႕ရသည္။သို႔ေပမယ့္... သူ႕ဘက္ကိုေတာ့ ျပန္လွည့္ၾကည့္မလာေသး။

........................

ေ႐ႊအလင္း

Continue Reading

You'll Also Like

580K 36.6K 61
ငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ " နွေးထွေးမှုဆိုတာ 'မိုး' ရဲ့ဘဝအတွက်တော့...
215K 32.6K 83
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
435K 10.5K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
1.1M 58.4K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...