ညို့နိုင်လွန်းတဲ့ သူ Part (42) U/Z

1.1K 37 0
                                    

🍑ညို့နိုင်လွန်းတဲ့ သူ...🍑

အပိုင်း (42)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

" အဟင့် အဟင့် "

" သမီးရယ် ဘာဖြစ်တာလဲဆိုတာ မာမီ့ကို ပြောပါဦးကွယ်။ဘာမှမပြောဘဲနဲ့ ငိုချည်ပဲငိုနေတော့
မေမေ ရင်ထိတ်ရတယ်ကွယ် "

သမီးမဟာ က ဆေးရုံကနေ အိမ်ကိုတန်းပြန်လာပြီး.. အိမ်ကိုရောက်ကတည်းက မေမေဆိုပြီး သူ့ကို ဖက်ပြီး ငိုနေတာက အချိန်တော်တော်ကြာနေပြီမို့ ရင်ထဲစိုးထိတ်နေရသည်။

သမီးငိုနေတာကို ကြည့်ချင်းအားဖြင့် သားတိုင်းနဲ့
စကားများလာလို့ ခန့်မှန်းရ၏။သို့သော် ဘာအကြောင်းကိစ္စနဲ့ ဖြစ်သလဲဆိုတာ မသိတော့..
ငိုနေတဲ့ သမီးကို ဘယ်လို စကားနဲ့ နှစ်သိမ့်ပေးရမယ်မှန်း မသိဖြစ်နေရသည်။

" မဟာ့ ကို ခဏလောက် ဒီတိုင်းလေး ငိုခွင့်ပေးပါမေမေ "

မဟာ မေမေ့ကို ဦးတိုင်းနဲ့ ကွာရှင်းတော့မယ်ဆိုတဲ့ စကားကို ပြောမထွက်နိုင်ဖြစ်နေရသည်။

ဖေဖေမရှိတော့ကတည်းက မဟာ့အတွက် လိုအပ်တာတွေနဲ့ ပျော်ရွှင်မှုကိုသာ ဦးစားပေး ဖန်တီးပေးလာတဲ့... အသက်အရွယ်တစ်ခု ရနေပြီဖြစ်တဲ့ မေမေ့ကို မဟာကြောင့်နဲ့ စိတ်မပင်ပန်းစေချင်တော့ပေ။

ပြဿနာတစ်ခုကို ကိုယ့်အားကို ကိုးပြီး ဖြေရှင်းရမယ့် အရွယ်ကိုရောက်နေပေမယ့်... မေမေ့ကိုသာ
ဖွင့်ဟပြောပြပြီး "သမီး ဘာဆက်လုပ်ရမလဲလို့"
မေးလိုက်ချင်နေမိသည်။

မဟာ ရှေ့ဆက်လျှောက်မယ့် လမ်းက ကိုယ်တိုင်ဖောက်ပြီး လျှောက်ရတော့မှာမို့... ပျော့ညံ့၊အား ငယ်နည်းလို့ မဖြစ်ပေ။

မဟာ ပျော့ညံံ့၊အားငယ်ရင် မေမေက မဟာထက်
သမီးသောကနဲ့ ပိုပင်ပန်းရမှာ။အဲ့ဒါကြောင့် ဒီနေ့
ငိုပြီးရင် မဟာ ထပ်မငိုတော့ပါဘူး။ချစ်ရသူကို
မေ့နိုင်အောင် ကြိုးစားရင်း၊မေမေနဲ့အတူ အေး ချမ်းတဲ့ ဘဝလေးကို တည်ဆောက်မည်။

အခုတော့ ဘယ်အချိန်မဆို မဟာ့အပေါ်မှာ နွေးထွေးလုံခြုံမှုပေးတဲ့ မေမေ့ရင်ခွင်မှာ အားရပါးရနဲ့ ငိုချလိုက်ပါ အုံးမယ်။ရင်ထဲက မွန်းကျပ်စရာတွေ
ကို သက်သာသွားဖို့ အတွက်ပါ။

ညို့နိုင်လွန်းတဲ့ သူحيث تعيش القصص. اكتشف الآن