"အဒေါ်ဖန်က သူ့ဝတ်ရုံလက်စွပ်ကို မို့ဟွာဝမ် ရှေ့မှာ ဘယ်လိုတင်ဝံ့မှာလဲ။
"အိုက်!"
မို့ရွှီတုန်း၏ သွယ်လျသော ခန္ဓာကိုယ်အား အဒေါ်ဖန်က တွန်းထုတ်လိုက်သည်။ သူမ တုန်လှုပ်သွားပြီး နောက်ပြန်လဲကျသွားကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
မိုလန်သည် သူမကို ဖမ်းလို၍ မိုရွှီတုန်းရှေ့သို့ လျင်မြန်စွာ ရွေ့လျားသွားသည်။ သို့သော်လည်း သူမသည် ထိုကဲ့သို့ မလုပ်နိုင်ခဲ့ဘဲ မိုရွှီတုန်း နှင့် အတူ လဲကျသွားခဲ့သည်။ သူမ၏လက်သည် မို့ရွှီတုန်း ၏ရှေ့တွင်ရှိနေစဉ်၊ သူမသည် ကျယ်လောင်သော အော်သံများနှင့်အတူ လဲကျသွားခဲ့သည်။ နာကျင်လွန်းလို့ မထနိုင်တော့ဘူး။
"အဒေါ် ဘာလို့ တို့ကို ဒီလိုတွန်းထုတ်ရတာလဲ ၊ အဒေါ် စိတ်မချမ်းသာအောင် တို့လုပ်ခဲ့မိလို့လား"
မိုရွှီတုန်း က မိုလန်ကို ပွေ့ဖက်ရင်း လှမ်းပြောသည်။ သူမသည် မျက်ရည်စက်လက်ဖြင့် မော့ကြည့်ကာ ကြောက်လန့်တကြား ကြည့်လိုက်သည်။ သူမ၏ ရှည်လျားသော မျက်တောင်များ တဖျပ်ဖျပ်ခတ်ကာ နှုတ်ခမ်းကို ကိုက်ရင်း မျက်လုံးများမှ မျက်ရည်များ စီးကျလာသည်။ ထို့နောက် သူမ နာကျင်စွာ မျက်မှောင်ကြုတ်နေသော မိုလန်ကို လှည့်ကြည့်လိုက်သည်။
"ဖေဖေ၊ သမားတော်ကို အမြန်ခေါ်ပေးပါ။ မိုလန် အဆင်ပြေရဲ့လား ၊ နာကျင်နေလား။ သက်သာရဲ့လား၊ အဒေါ်ရဲ့ လက်မောင်းက ဒဏ်ရာရနေတယ်မဟုတ်ဘူးလား ၊ သူက ငါတို့ကို ဘယ်လိုလုပ် ဒီလောက်အင်အားနဲ့ တွန်းနိုင်ရတာလဲ !"
မိုဟွာဝမ်သည် ချက်ချင်း သဘောပေါက်သွားပြီး သူ့အမူအရာက အေးစက်လာသည်။
"သခင်ကြီး ၊ ကျွန်မ........"
အဒေါ်ဖန် က ပျာယာခတ်သွားတယ်။ သူမရှင်းပြလိုသော်လည်း မိုဟွာဝမ်၏ ပြတ်သားသောအကြည့်ကြောင့် ထိတ်လန့်သွားပြီး တခြားဘာမှ မပြောဝံ့ပေ။ မိုဟွာဝမ်သည် အဒေါ်ဖန်ကို လျစ်လျူရှုပြီး မို့ရွှီတုန်း၏ အင်္ကျီလက်စများကို ဆွဲယူသွားခဲ့သည်။ တကယ်တော့ သူမရဲ့ ဖြူဖျော့တဲ့ လက်မောင်းပေါ်က အရေပြားဟာနီပြီး ကွဲအက်သွားခဲ့သည် ။
သွေးအစက်အပြောက်အနည်းငယ်ရှိ၍ ထိုတွန်းအားသည် မည်မျှပြင်းထန်သည်ကို သိသာစေသည်။ သူ့မျက်လုံးများက ပို၍ပင် စူးရှလာသည်။
"ဖေဖေ သမီးအဆင်ပြေပါတယ် ၊ အဒေါ်ကို သွားကြည့်ပါဦး... သမီး တစ်ခုခုမှားသွားပြီလားဟင်... အဒေါ်ကို စိတ်မချမ်းသာအောင် သမီးလုပ်လိုက်မိတာ!"
မို့ရွှီတုန်းသည် အဒေါ်ဖန်အား စိုးရိမ်တကြီးနှင့် ကြောက်ရွံ့စွာဖြင့် ကြည့်နေလေသည်။ သူမ အလွန်ထိတ်လန့်သွားသလို အနည်းငယ် တုန်လှုပ်သွားသည်။
မိုလန်နှင့် သူမ၏ နဖူးမှ ချွေးများဖြင့် ရွှဲရွှဲစိုနေသော သူမ၏မျက်နှာသည် ဖြူဖျော့နေ၏။ သူမရဲ့ မျက်လုံးတွေက ရိုင်းပြပြီး သူမ အရမ်းကြောက်နေတယ်ဆိုတာ ထင်ရှားပါတယ်။ သူမသည် မိသားစု၏ တရားဝင်သမီးဖြစ်ခဲ့သော်လည်း သူမသည် ကိုယ်လုပ်တော်တစ်ဦးကြောင့် အလွန်ထိတ်လန့်ခဲ့ရပြီး ရှင်းရှင်းလင်းလင်းပင် မပြောနိုင်ပေ။
အဒေါ်ဖန်၏ လုပ်ရပ်များနှင့်အတူ မိုဟွာဝမ် သည် ဒေါသတကြီး ထွက်သွားသည်။ သူက အသက်ပြင်းပြင်းရှူပြီး အဒေါ်ဖန်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေတယ်။ ထို့နောက် သူက မိုရွှီတုန်း၏ဆံပင်ကို နူးညံ့စွာကိုင်လိုက်သည် ။
"ကောင်းပြီ၊ အဒေါ်က သမီးကို စိတ်မဆိုးပါဘူး။ မကြောက်နဲ့နော် ၊ မိုလန်ကို မင်းနဲ့အတူ ခေါ်သွားပြီး အဖေ ဆေးသမားတော်ကို ခေါ်လိုက်မယ်။ အားလုံး အဆင်ပြေသွားမှာပါ။ ."
စာကြည့်ဆောင်မှ အစေခံများသည် မို့ရွှီတုန်းနဲ့ မိုလန်ကို ကိုင်ဆောင်ရန် ကူညီပေးခဲ့သည်။ မိုရွှီတုန်းက မိုဟွာဝမ်ကို နှုတ်ဆက်ပြီး မျက်ရည်တွေ ထိန်းကာ စိုးရိမ်တကြီးပုံစံနဲ့ ထွက်သွားခဲ့တယ်။
မိုဟွာဝမ်သည် မိုရွှီတုန်း ထွက်သွားသည်ကိုမြင်သောအခါ အဒေါ်ဖန်အား လှည့်ကြည့်လိုက်သည်။ ဒေါသတကြီးပြောရင်း သူ့အမူအရာက မှောင်မိုက်နေခဲ့သည် ။
"မင်းရဲ့ ခြံထဲကို ပြန်သွားပြီး မင်းရဲ့ အပြုအမူကို ပြန်လေ့လာသုံးသပ်ပါ ။ ဒါက စာကြည့်ခန်း ၊ မင်းဘာမှလုပ်စရာမရှိရင် တခြားခြံကို သွားခွင့်မရှိဘူး "
"သခင်ကြီး........"
အဒေါ်ဖန်က တစ်ခုခုပြောချင်ပေမယ့် မိုဟွာဝမ်က နှောင့်ယှက်လိုက်သည် ။
"အစေခံ ၊ အဒေါ်ဖန်ကို ပြန်ခေါ်သွားပါ။"
အိမ်အစေခံအချို့ ထွက်လာပြီး မျက်ရည်ကျနေသော အဒေါ်ဖန်ကို ဆွဲထုတ်လိုက်ကြသည်။
ချင်းဝေ ဥယျာဉ်တွင် မိုယု ၊ မိုဟယ် နှင့် အမေရှု တို့က သူမကို စောင့်နေကြသည်။ မိုလန်သည် သူမ၏လက်မောင်းဒဏ်ရာရနေသည်ကို တွေ့သောအခါတွင် မိုယုက အမြန်ကူညီခဲ့သည်။
နောက်ပိုင်းတွင် မိုလန်၏ ဒဏ်ရာကို ကုသရန် မိုဟွာဝမ် ခေါ်သော ဆေးသမားတစ်ဦး ရောက်လာသည်။ ခေါက်သံမျှသာဖြစ်ပြီး ပြင်းထန်မှုမရှိကြောင်း ၎င်းက ပြောသည်။ မိုလန်သည် ငါးရက် သို့မဟုတ် ခြောက်ရက်မျှသာ အနားယူခဲ့ရပြီး ပြင်းပြင်းထန်ထန် ဘာမှ မလုပ်ရင် ရက်အနည်းငယ်အတွင်း သူမ နေကောင်းလာမည်ဖြစ်သည်။
အမေရှုက သမားတော်ကို ပြန်ပို့ပေးခဲ့သည် ။ မို့ရွှီတုန်း ဘက်လှည့်၍ မိုလန်၏ အခန်းထဲသို့ ဝင်လိုက်သည်။ မိုလန်သည် ကုတင်ပေါ်တွင် ငြိမ်သက်စွာ လှဲလျောင်းနေသည်ကို သူမမြင်သော်လည်း သူမမျက်နှာမှာ ဖြူဖျော့နေဆဲဖြစ်သည်။ သူမလက်မောင်းတစ်ဝိုက်တွင် ပတ်တီးပတ်တီးရှိပြီး မျက်မှောင်ကုပ်နက်နေ၏။
မို့ရွှီတုန်းသည် တံခါးပိတ်ပြီး ကုတင်ပေါ်တက်သွားတယ်။ တံခါးပိတ်သံကြားတော့ မိုလန် မျက်လုံးဖွင့်ကြည့်လိုက်တော့ မိုရွှီတုန်း အခန်းထဲဝင်လာတာကို တွေ့လိုက်ရတယ်။ သူမထထိုင်ရန် ရုန်းကန်သော်လည်း မိုရွှီတုန်း က ပြန်ဆွဲချသွားခဲ့သည်။
"သခင်မလေး၊ ဘာလို့ဒီကိုလာတာလဲ။ မိုယုနဲ့ မိုဟယ်တို့ ဘာလုပ်နေကြတာလဲ၊ မမလေးကို အနားယူဖို့အဖြစ် မပြုစုပေးကြဘူးလား"
"ဘာလိုလဲ?"
မိုရွှီတုန်း သည် သူမကို တိတ်တဆိတ်ကြည့်ကာ မိုလန်ပြောခဲ့သည့်စကားကို တုံ့ပြန်ခြင်းမရှိပေ။ သူမသည် မိုလန်ကို အေးစက်စွာကြည့်ကာ သူမ၏ပုံစံသည် သူရဲဘောကြောင်ပုံနှင့် လုံးဝမတူပေ ။ သူမ၏မျက်နှာစာနောက်တွင် စူးရှမှုတစ်ခုရှိသည်။
"သခင်မလေး ၊ ဘာမေးနေတာလဲ၊ မမလေးရဲ့အစေခံက နားမလည်ဘူး!"
မိုရွှီတုန်း၏ အသံသည် စူးရှထက်မြက်လာသည်။
"ဒီနေ့ မင့် ငါ့ရှေ့ရောက်လာပြီး ကူညီပေးဖို့ မင်းကို ဘယ်သူကပြောထားလဲ"
မိုရွှီတုန်း သည် အသေအချာမေးနေပြီဖြစ်သောကြောင့် မိုလန်သည် ဟန်ဆောင်မှုကို ဆက်လက်မလုပ်ဆောင်နိုင်တော့ပေ။ သူမသည် မိုရွှီတုန်းကိုကြည့်ကာ ဖုံးကွယ်ရန်မကြိုးစားပေ။
"သခင်မလေးရဲ့ကျန်းမာရေးက ညံ့လို့ နာကျင်မှု ဒဏ်ကို မခံနိုင်ပါဘူး။ ဒီအစေခံသာဆိုရင် အလျင်အမြန် သက်သာရာရနိုင်ပါတယ်" မိုလန်က သူမ၏ မျက်လုံးများ နီရဲလာသည်။
"မိုလန်၊ မင်းပိုသိတယ်လို့ ငါထင်ခဲ့တာ။ အဲဒါကြောင့် မင်းကို စိတ်မပူဘဲ ကိုင်တွယ်ခွင့်ပေးလိုက်တာ။ မင်းငါ့ကို မတိုင်ပင်ဘဲနဲ့ မင်း ဒီအရာတွေကို လုပ်မယ်လို့ ငါမမျှော်လင့်ထားဘူး။ တို့သာ ဒီလိုပျော့ညံနေရင် အစကတည်းက မင်းတို့အားလုံးကို ထားခဲ့ပြီး ကောင်းကင်ဘုံကိုတက်သွားလောက်ပြီပေါ့်"
မိုရွှီတုန်း သည် မိုလန်၏မျက်လုံးများကို ကြည့်ကာ စကားလုံးတိုင်းကို ပြတ်ပြတ်သားသားပြောကာ သူမ၏စကားများသည် စူးစူးရှရှ အေးစက်နေလေသည်။ အဒေါ်ဖန်၏လက်ဆီသို့ သူမ လဲကျသွားခဲ့သည်။ သူမ ဒဏ်ရာရသွားသော်လည်း မိုလန်လောက် ဒဏ်ရာပြင်းထန်မည်မဟုတ်ပေ။ ထို့အပြင် သူမကိုယ်တိုင် လဲကျသွားပါက အဒေါ်ဖန်အပေါ် သူ့အဖေရဲ့ သက်ရောက်မှုက ပိုဆိုးသွားလောက်သည် ။
"သခင်မလေး ၊ မိုလန် မှားသွားပါတယ်။ မိုလန် နောက်တစ်ကြိမ် ထပ်မလုပ်တော့ပါဘူး ။ အရာအားလုံးအတွက် သခင်မလေးစကားကို နားထောင်ပါ့မယ်။"
မိုရွှီတုန်း ၏ တင်းတင်းကျပ်ကျပ် မျက်နှာကို မြင်သောအခါ မိုလန် နားလည်သွားသည်။ သူမသည် မိုရွှီတုန်း ကို တောင်းပန်သည့်အမူအရာဖြင့် ကြည့်သည်။
သူမသည် အမြဲတည်ငြိမ်နေသော်လည်း အဒေါ်ဖန်ကို မြင်လိုက်ရသောကြောင့် စိတ်ရှုပ်သွားသည်။ သူမ၏သခင်မသည် ဤအရာများကို အကြာကြီးစီစဉ်ထားခဲ့သည်ကို သူမသဘောပေါက်ပြီး သူမ၏အကြံအစည်များကို ပျက်ပြားစေခဲ့သည်။
"မိုလန်၊ ငါတို့က အခုမှ ရောက်တာဘဲ၊ နောင်ပိုင်းအဒေါ်ဖန်နဲ့ အများကြီး ရင်ဆိုင်ရဦးမှာ ။ ငါ့ကြောင့် မင်းတို့အားလုံးကို ထိခိုက်ဒဏ်ရာမရဖို့အတွက် ငါမျှော်လင့်တယ်၊ မင့်တို့ ဒဏ်ရာရရင် ငါလည်း ထပ်တူခံစားရတယ်"
မို့ရွှီတုန်းသည် ထိုင်ချလိုက်ပြီး မိုလန်၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူမ၏မျက်လုံးများသည် နူးညံ့သိမ်မွေ့လာသောအခါတွင် မျက်ရည်အချို့ကို ဖုံးကွယ်ထားသည်။ သူမ နှလုံးသားကို တောင့်မခံနိုင်ရင် မို့ရွမ်မင်နဲ့ ဘယ်လိုရင်ဆိုင်ရမလဲ။
"ဟုတ်ကဲ့......."
မိုလန်သည် မိုရွှီတုန်း၏လက်များကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သူမ၏မျက်လုံးများတွင် မျက်ရည်စများဖြင့် ပြည့်နေသည်။
အဒေါ်ဖန်၏ လိဟွာဥယျာဥ်အတွင်းတွင် မိုဟွာဝမ်သည် နန်မူသစ်သားကုလားထိုင်ပေါ်တွင် အေးစက်စွာထိုင်နေသည်။ သူ့အမူအရာက မည်းမှောင်နေပြီး သူ့အသံက အကျယ်ကြီးမဟုတ်ပေမဲ့ လွန်စွာ တင်းမာနေသည် ။ သူသည် အပေါ်ယံတွင် ငြိမ်သက်နေပုံရသော်လည်း သူ့ကိုသိသောသူများက သူအလွန်ဒေါသထွက်နေမှန်း သိကြသည်။
"ဒူးထောက်!"
အဒေါ်ဖန်သည် မတွန့်ဆုတ်ဝံ့ပဲ သူမ ခေါင်းငုံ့ကာ ဒူးထောက်လိုက်သည်။
“ကိုယ်လုပ်တော်တစ်ယောက်ဖြစ်တဲ့ မင်းက ဘာအမှားလုပ်ခဲ့မိလဲ သိလား ၊မင်း တုန်းအာရဲ့ ခြံဝင်းကို ပြင်ဆင်ပြီး ကိုယ်တိုင်ကိုယ်ကျ သန့်ရှင်းရေးလုပ်ပေးခဲ့လို့ မင်းလက်မောင်းကို မထိနိုင်လောက်အောင် ဒဏ်ရာရသွားတယ်ဆို ။ မင်းအတွက် ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ !"
မိုဟွာဝမ်သည် ပြောရင်းဖြင့် ဒေါသပိိုတိုးလာသည်။ အဒေါ်ဖန်၏လက်ကိုဆွဲကာ သူမ၏ဝတ်ရုံလက်စွပ်ကို နောက်သို့တွန်းလိုက်သည် ။
သူမ၏ လက်စွပ်အောက်ဘက်ရှိ လက်များသည် လတ်ဆတ်သောအပူလောင်ခြင်းမှလွဲ၍ အခြားအမှတ်အသားများ မရှိပါ။ သူ ဒေါသအရမ်းထွက်ပြီး သူ့လက်ကို ဖယ်လိုက်သည်
"မင် ဒီကိစ္စမှာ ငါဝင်မစွက်ဖက်ဘူးလို့ မင်းထင်ခဲ့တာ မဟုတ်လား ။ မင့် တုန်းအာရဲ့ခြံကို မပြင်ဆင်ပေးခဲ့သလို ဘာဒဏ်ရာမှလည်း ရှိမနေဘူး ၊ ဒဏ်ရာနဲ့ အပူလောင်ဒဏ်ရာရဲ့ ကွာခြားချက်ကို ငါပြောပြနိုင်ပါသေးတယ်။ မင်းတုန်းအာ ကို အတင်းအကြပ် တွန်းထုတ်လိုက်တာ ။ သူအစေခံသာ သူမ ပြုတ်ကျတာကို မတားခဲ့ရင် တုန်းအာကို ထိခိုက်မိသွားနိုင်တယ်။ မင်း ဆက်ငြင်းစေချင်ရင် သမားတော်ကိုခေါ်ပြီး မင်းလက်မောင်းကို လာစစ်ဆေးစေချင်သေးသလား"
အဒေါ်ဖန်က မိုဟွာဝမ် ပြန်လာရင် ဒါကိုမေးမယ်လို့ တွေးထားပြီးသားပင် ။ ဒီအတွက်လည်း သူမ ပြင်ဆင်ခဲ့တာ ကြာပါပြီ။ သူမသည် မိမိကိုယ်ကို ဝပ်လျက် မိုဟွာဝန် ကိုကြည့်ရင်း ပါးပြင်ပေါ်သို့ တဖြည်းဖြည်း မျက်ရည်များ စီးကျလာသည်။ သူမသည် အနည်းငယ် ဒေါသတကြီး ကြည့်ကာ ပြောလေသည် ။
"သခင်ကြီး ဒီအဖြစ်အပျက်ကြောင့် တို့ကို အပြစ်တင်နေတာလား။" သူ့အသံက သနားစရာကောင်းပြီး မှားအပြစ်တင်နေပုံပေါ်တယ်။
"ငါ မင်းကို မှားပြောမိလို့လား" မိုဟွာဝမ်က အေးစက်စွာမေးလိုက်ပြီး သူ့အမူအရာက လေးနက်သည်။
“သခင်ကြီး အတိတ်က ဖြစ်ပျက်ခဲ့တာကို မှတ်မီသေးရဲလား … အခုဒီလိုမျိုး ဖြစ်နေပြီ ဆိုတော့ အရင်ကလိုမျိုး ထပ်ဖြစ်မှာကို စိုးရိမ်နေမိတယ်၊ ငါတို့ သူမကို နောက်ဆုံးတွေ့တာ တစ်နှစ်ကျော်တောင်ရှိပြီး ။ တတိယမြောက်သခင်မလေးရဲ့ စရိုက်က အရမ်းကိုပြောင်းလဲသွားခဲ့တယ် ။တို့ သူမနဲ့ ပိုရင်းနှီးချင်ခဲ့တယ်...သူမက သဘာဝအတိုင်း ခေါင်းမာတဲ့သူလို့ ထင်ခဲ့တယ်။ ဒီလိုမှမဟုတ်ရင် သူမအနားတောင် တို့မကပ်နိုင်မှာ စိုးလို့ပါ" အဒေါ်ဖန် က သနားစရာကောင်းစွာ ငိုယိုကာ ပြောလေသည်
"ဒါက မင်းဒဏ်ရာရသွားအောင် ဟန်ဆောင်တာ ဘာဆိုင်လို့လဲ"
မိုဟွာဝမ်က သူမကို လှမ်းကြည့်သည်။
"တတိယအကြိမ်သခင်မလေးနဲ့ ပိုနီးစပ်ဖို့ ဒီဟာနဲ့ ဒီအရာကိုအသုံးပြုချင်လို့ပါ။ တို့သာ ဒီလိုဟန်ဆောင်လိုက်ရင် သခင်မလေးကတို့ကို စိတ်ပူပြီး နာမကျန်းဖြစ်နေသော တို့ကို ပြုစုစောင့်ရှောက်ရင်း အပြန်အလှန် ရင်းနှီးချင်လို့ပါ ။ သခင်မလေးရဲ့ စိတ်ကိုလိုချင်လို့ ဒီလိုမျိုး အမှားလုပ်မိတာပါ ။ တို့ရဲ့ သမီးကို နှိမ့်ချသွားမှာကိုလည်း စိတ်ပူပြီး တတိယမြောက်သခင်မလေး မပျော်မရွှင်ဖြစ်မှာကို စိုးရိမ်မိတယ်.. တို့က မိသားစုအတွက် ဒီလိုလုပ်ခဲ့တာပါ။ သခင်ကြီးနဲ့ တတိယမြောက်သခင်မလေးနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို တို့ခံစားမိပါတယ်။ ဒါကို သခင်ကြီးအတွက် တိုလုပ်ပေးခဲ့တယ်၊ ဒါပေမယ့် တို့ကို စိတ်ဆိုးဖို့ မမျှော်လင့်ခဲ့မိဘူး......."
အဒေါ်ဖန်က သူမရဲ့ လက်ကိုင်ပုဝါနောက်မှာ ငိုပါတော့တယ်။ သူမဟာ ပျော့ညံ့ပြီး မှားယွင်းနေပုံပေါ်ပါတယ်။ မိုဟွာဝမ်က တိတ်တိတ်ဆိတ်ဆိတ်နေပြီး အဒေါ်ဖန်ကို မှောင်မည်းစွာ ကြည့်နေခဲ့တယ်။ ခဏအကြာ သူကမေးလေသည်
"မင်းက ငါ့အတွက် လုပ်ခဲ့တာလား။"
"ဒါကို တခြားဘယ်သူ့အတွက် လုပ်နိုင်မှာလဲ၊ ဘာလို့ တို့က တတိယသခင်မလေးကို ထိခိုက်အောင်လုပ်မှာလဲ၊ ဒီကနေ ဘာကောင်းကျိုးတွေ ရနိုင်မှာလဲ"
အဒေါ်ဖန်က ငိုပြီး မိုဟွာဝမ်ကို သနားစိတ်ဖြင့် ကြည့်သည်။ သူမ အံကြိတ်ကာ ဆက်ပြောသည်
"သခင်ကြီးက မယုံဘူးလား၊ မယုံရင် ထိုက်သင့်သလောက် အပြစ်ပေးလို့ ရပါတယ်။ ဒါပေမယ့် တခြား ရည်ရွယ်ချက်တွေ ရှိသေးတယ်လို့ ထင်နေသေးရင်တော့ တိုသေလိုက်တာပဲကောင်းပါတယ် !"
အဒေါ်ဖန်က မျက်ရည်တွေကို သုတ်ရင်း ပြောလိုက်တယ်။ ဤအရာသည် လှပစွာလုပ်ဆောင်ခဲ့ကြောင်း ဝန်ခံရမည်။ သူမသည် သူမ၏ ကောင်းသော ရည်ရွယ်ချက်များကို ထောက်ပြရုံသာမက မိုရွှီတုန်း နှစ်သက်ရန် လုပ်ဆောင်ခဲ့ကြောင်း သူမကပင် ပြောကြားခဲ့သည်။
သူမသည် အတိတ်ကို ထပ်ခါထပ်ခါ ပြောနေခဲ့သည်။ အတိတ်သည် မိုဟွာဝမ်၏ နှလုံးသားထဲတွင် နာကျင်နေဆဲပင်။ သူမသည် ယခုအချိန်တွင် ကြမ်းတမ်းပုံမပေါ်သော်လည်း မိုဟွာဝမ်သည် ထိုအချိန်က အဖြစ်အပျက်ကို တွေးကာ စိတ်မကောင်းဖြစ်မိသေးသည်။
အဒေါ်ဖန်၏ ထိထိမိမိ အပြုအမူကြောင့် သူ ဒေါသမထွက်နိုင်တော့ပေ။ သူ သက်ပြင်းချလိုက်ပြီး အဒေါ်ဖန်ကို ထခိုင်းလိုက်တယ်။ လေးလေးနက်နက် စဉ်းစားပြီးနောက် သူကပြောလေသည် ။
"ဒါကို နောက်တစ်ခါ ထပ်မလုပ်နဲ့။ တုန်းအာ က အခု တကယ်ကို ဉာဏ်ကောင်းပြီး လိမ္မာတဲ့သမီးတစ်ယောက်ပဲ ၊ နောက်ပြီး သူက တရားဝင် သမီးဖြစ်နေပြီ။ မင်းရဲ့ လှည့်ကွက်တွေကို နောက်တစ့်ခါထပ်လုပ်တာ ငါသိရင် ....... ."
"ငါမလုပ်ဘူး။ ငါထပ်မလုပ်တော့ဘူး။"
အဒေါ်ဖန်က သိမ်သိမ်မွေ့မွေ့နဲ့ ပြန်ဖြေတယ်။ မိုဟွာဝမ်၏ အကြည့်သည် စားပွဲပေါ်ရှိ စာတစ်စောင်ပေါ် ရောက်သွားသည်။
"ဒီည ငါ စာကြည့်ဆောင်မှာ အိပ်မယ်။ ငါ့ကို စောင့်မနေနဲ့!"
ထို့နောက် အဒေါ်ဖန်၏ စိတ်ပျက်လက်ပျက်အမူအရာကို လျစ်လျူရှုကာ ထွက်ခွာသွားခဲ့သည်။
တုန်းအာသည် လွန်ခဲ့သည့်နှစ်က သူ့ထံ စာရေးခဲ့သည်ဟု ဆိုသည် ။ သူ့စာတွေ လမ်းမှာ ပျောက်သွားတာ ဖြစ်နိုင်သလား။ တုန်းအာက ချင်းမိသားစုဆီ ရေးထားတဲ့ စာတွေ အများကြီးပေးပို့ခဲ့ပေမဲ့ သူ စာတစ်စောင်မှ မရခဲ့ပေ ။
မိုဟွာဝမ်သည် ငတုံးတစ်ယောက် မဟုတ်ပေ ။ သူသည် အနည်းငယ် သံသယဖြစ်စပြုလာသည်နှင့် သူ့လည်ချောင်းတွင် အကျိတ်အခဲတစ်ခု ခံစားလိုက်ရသည်။ အဒေါ်ဖန်က ဒီလိုမျိုး တစ်ခုခုလုပ်မယ်လို့ မယုံပေမဲ့ သူမပြောတာက တကယ် အလိမ်အညာတွေဟု သူ ခံစားရတယ်။
"အဒေါ်........."
နန်နီလီသည် တံစက်မြိတ်မှ ကမန်းကတန်း ဝင်လာပြီး မိုဟွာဝမ်က အေးစက်စက် ထွက်သွားသည်ကို မြင်သောအခါ စိုးရိမ်တကြီး မေးလိုက်သည်။
" တစ်နှစ်ကြာပြီးတဲ့ နောက်မှာ သူမဟာ ပိုစွမ်းဆောင်နိုင်လာပြီး ဉာဏ်ပိုကောင်းလာတာပဲ ။ သခင်ကြီးက တို့ပြောတာကို ယုံပေမယ့် ဒေါသလည်း ထွက်နေသေးတယ်။ အဲဒါက ဟိုကောင်မရဲ့ အပြစ်ပဲ ။ ချင်းဝေ ဥယျာဉ်ကို အနီးကပ်စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို ခေါ်လိုက်ပါ။ ဒီကောင်မရဲ့ လှုပ်ရှားမှုတိုင်းကို အစီရင်ခံပါ။"
မိုဟွာဝမ်က သူမကို လျစ်လျူရှုပြီး ထားခဲ့တဲ့အခါ အဒေါ်ဖန်က သူမရဲ့လက်ကိုင်ပုဝါကို အစိတ်စိတ်အမြွှာမြွှာ ဖြဲပစ်ချင်ခဲ့တယ်။
"ဒါဆို ဒီညမှာ ဘာဆက်လုပ်ကြမလဲ" နန်နီလီက သက်ပြင်းချကာ မေးလိုက်သည်။
"မြို့စားရဲ့သားက သူမနဲ့မထိုက်တန်ဘူး!"အဒေါ်ဖန်က အေးစိမ့်စိမ့်နဲ့ပြောတယ်။
"ဒါပေမယ့် အကြီးဆုံးသခင်မလေးနဲ့ သခင်လေး စီမာက ............." နန်နီလီ စိတ်ပူသွားသည်။
"မင်အာက ထက်မြက်တယ်။ သူ့မှာ တခြားအစီအစဉ်တွေ ရှိပြီး ကိုယ်ပိုင်ရည်မှန်းချက်လည်းကြီးတယ် ။ သူမက ပိုအားကောင်းတဲ့ မိသားစုနောက်ခံရှိတဲ့ လူတစ်ယောက်နဲ့ ပိုသင့်တော်ပါတယ်။"
အဒေါ်ဖန်သည် လက်ကိုင်ပုဝါကို အသေဆုပ်ကိုင်ထားကာ ပြုံးပြလိုက်သည်။ သူမ၏ မင်အာ သည် အထူးခြားဆုံးသော အလှဆုံးမိန်းကလေး ဖြစ်သည်။ ထိုမိဘမဲ့ကောင်မ မိုရွှီတုန်းသည် သူမသမီးနှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။
..........................................................................
နှစ်ရက်အတွင်း vote 50ပြည့်တာနဲ့ နောက်ထပ်နှစ်ပိုင်း ထပ်တင်ပေးမယ်နော် အသည်းတို့
Translated by Chai