Days of Counting Camellia (Hi...

By All-shine

277K 18K 2.5K

Own-Creation.(R18+) လူတစ်‌ယောက်ဟာ မိမိ၏ ရန်သူအဖြစ်မှ အသက်ထက်ချစ်ရသူအဖြစ် ပြောင်းလဲသွားနိုင်သလား ? စစ်သုံ့ပ... More

[1] War Slave
[2] Little Thief
[3] What's wrong with the Emperor ? "
[4] Dominant Sadist
[5] Hurtful
[6] Why she can't bloom
[7] Honey Lips
[8] Prince with Red eyes
[9] Emperor wants a cage
[10] In Emperor's chamber
[11] Easy to break, easy to fall
[12] The Boy who collects Happiness in a bottle (1) '
[13] The Deadly Simulation
[14] What do you really want , your Majesty ? '
[15]' Colours of Ash '
[16] The past in mud '
[17]Ravens have claws '
[18]' One Long Fateful Night '
[19]Why Ash take an orange to high "
[20]' The West Wind of Mine '
[21]' Romance of a maiden '
[22]' Enemies of the damn '
[23]' Sex-slave in name '
[24]Real Sex-slave(18+)
[24]' Kissing A Rose🌹 '
[26]' Whispers in the forest '
[27]' Hunt down the Beast '
[28] They call him Ash , the Evil '
[29] Blood Red Eyes in the Snow '
[30]' Embrace in the Snow '
[31]' Defenseless in his arms '
[32]' Her Warm body '
[33]' All paths to hell are paved with good intentions '
[34]' The cleansing day of Xavia '
[35]' Love can be harmful '
[36]' Your Majesty, you will frighten the little lamb '
[37] These feelings are too dirty to be called Love '
[38]' Calm before the storm '
[39]' Born from ashes '
[40]' Paradise on fire '
[42] The Golden Cage of Desire
[43] Love turns into Lust
[44] Loving Your Enemy
[45] She is the God's Weakness '
[46]Scandalous Woman

[41] A drop of poison

2.9K 199 29
By All-shine

Scroll down ⬇️ Zawgyi version is below .

#Unicode

အသက်ရောခန္ဓာပါ ပေး၍ တစ်သက်လုံး ခစားရမည်ဟူသော အရှင်သခင်အလောင်းလျာလေးအား ပထမဆုံး မျက်မြင်တွေ့စဉ်က Bentleyရဲ့ အိပ်မက်တွေ အစိတ်စိတ်အမွှာမွှာ ပြိုပျက်ခဲ့ရသည် ။

ပါးစပ်အဟောင်းသားဖြင့် အံ့ဩကာ ရပ်နေသော Bentley အား ‌မျက်စိရှေ့မှ ခပ်ပိန်ပိန်ကောင်လေးက ရယ်ပြနေလေ၏ ။

" မင်းက ကွန်မန်ဒါ Raymondရဲ့သား , Bentley မလား ? "

" Ben , ဒူးထောက်ပြီး အရိုအသေပေးလေ ! ဒါ Archduke နဲ့ သခင်လေး Kain ပဲ "

သူ့ကျောကို ပုတ်ကာ ဒူးထောက်ခိုင်းနေသော ဖခင်၏စကားကြောင့် Bentley ပို၍ ကြောင်အမ်းသွားရသည် ။ ယခုအခြေအနေသည် Ben.အတွက် အကြီးအကျယ် တုန်လှုပ်မှုကြီးပင် ။

အနှီကျစ်သေးပိန်လှီ‌နေသော ကောက်ရိုးရုပ်နှယ် ကောင်ကလေးသည် သူ‌တစ်ချိန်လုံး စောင့်စားခဲ့ရသည့် 'အရှင်သခင်' ဖြစ်သည်တဲ့လား ?

သစ်သားဓားကလေးကို ခါးကြားမှာထိုးကာ သူရဲကောင်းကြီးပုံဖမ်းနေတဲ့ ‌Bentley သည် ထိုစဉ်က အသက်ခုနှစ်နှစ်သာ ရှိပါသေး၏ ။ သူ စိတ်ပျက်သွားတဲ့ အမူအရာကို မထိန်းနိုင် ။

" Ben ! "

" ရတယ် ကွန်မန်ဒါ Raymond , ကျွန်တော်နဲ့ Ben က အခုကစပြီး သူငယ်ချင်းတွေ ဖြစ်တော့မှာပဲလေ "

ကြက်သေသေနေသော Bentley ၏ ပုခုံးထပ်သို့ လက်ဖြူဖြူသေးသေးလေး လာတင်ကာ ထိုကောင်လေး လေကြီးလေကျယ်ဆို၏ ။ Bentley မှာ အလိုမကျ ... မျက်နှာကြီးပုပ်လျက် ... ။

ထိုတွေ့ဆုံမှုအပြီး Ben သည် Kain ဆိုသော အထက်လူကြီးလေးအား အမြဲလိုလိုတွေ့ရပါလေတော့သည် ။ စံအိမ်အထိ အလည်လာကာ Bentley ဘာလုပ်လုပ် အနောက်မှတကောက်ကောက်လိုက်သည် ။ သူ့အပေါ် သစ္စာတောင် မခံရသေးသော Bentley အပေါ် ထိုတည်းက ဆရာကြီးလုပ်ကာ အမိန့်တွေပေးတတ်သည် ။

စစချင်းတွင် လွန်စွာစိတ်ရှုပ်ခဲ့ရသော်လည်း နောက်ပိုင်း ထိုကောင်လေး၏ စိတ်ထားကို Ben မြင်လာခဲ့၏ ။

" ဟင့် အီးဟီး ... Ben , မင်း သေတော့မှာလား ? "

" ကျွတ် , မသေဘူးကွ !
ဒါ ဓားခြစ်ရာလေးပဲကို ... ဒါနဲ့ မင်းက ဘာလို့ငိုနေတာလဲ ပျော့စိ‌ပျော့ဖတ်နဲ့ ။ ဒဏ်ရာရတဲ့လူက ငါလေ ! "

ပါးပြင်မှယိုစီးကျလာသော နီရဲရဲသွေးတွေကို လက်နဲ့ဖိအုပ်လိုက်ပြီး ... တရှုံ့ရှုံ့ဖြစ်နေတဲ့ Kain အား Ben စိတ်မရှည်စွာ ဟောက်ထည့်လိုက်၏ ။

Bentley တစ်ယောက် ဓားရေးလေ့ကျင့်နေရင်းမှ မတော်တဆ ပါးကိုဓားသွားဖြင့် ခြစ်မိသွားရာ Kainတို့ အော်ငိုပါတော့သည် ။ ထိခိုက်မိသောလူက နာကြောင်းတောင် မပြလိုက်ရ ... ထိုကောင်လေးမှာ နှပ်ချေးတွဲလောင်းဖြင့် ငိုလို့ယိုလို့ ... ။

ယခု တွေးကြည့်မိတော့ Ben သဘောပေါက်သလိုလို ရှိလာ၏ ။ သူဟာ ထိုဖြစ်ရပ်အပြီး နောက်ပိုင်း ဘာတွေပဲကြုံရကြုံရ လုံးဝမငိုတော့ပေ ။ ဘာကြောင့်ဆို Xavia Kain ဟူသော ကောင်လေးတစ်ယောက်က သူ့အစား ငိုပေးခဲ့သည်ချည်းလေ ။ ကရူးမူးထိုး တဇွတ်ထိုးတဇောက်ကန်းပြုလေ့ရှိသော Bentley အဖို့ Kain ဟာ သူ့ကိုယ်သူထက် ဂရုစိုက်ပေးသောသူဖြစ်လာခဲ့သည် ။

Ben ပြုံးလိုက်မိသည် ။
လူသားတွေဟာ သေခြင်းတရားနဲ့ နီးလာလျှင် အတိတ်ကို ပြန်လည်တမ်းတတတ်ကြတယ် ဆိုသည်မှာ အမှန်ပဲနေမည် ။ သူ့အသက်ကို နှုတ်ယူတော့မယ့် အဆိပ်ပုလင်းရဲ့ရှေ့မှောက် အတွေးတွေ နောက်ပြန်ရစ်နေ၏ ။

Kain ထံ ကမ်းပေးလာသော ကြွေပုလင်းဖြူလေးကို စူးစိုက်ကြည့်နေရင်း စိတ်ပိုင်းဖြတ်လိုက်၏ ။

" Kain , မင်းလို သူငယ်ချင်းတစ်‌ယောက်ရှိတာ ငါ့ဘဝရဲ့ အကြီးမားဆုံး ဆုလာဘ်ပဲနေမယ် ။ တွေဝေနေစရာမလိုဘူး "

ထိုသို့ ခပ်ပြုံးပြုံးလေး ဆိုလိုက်ပြီး ကိန်းရဲ့လက်ထဲမှ အဆိပ်ပုလင်းကို ဆတ်ခနဲလုယူလိုက်သည် ။ ကိန်းမှာ လန့်သွားရကာ ဘန်ဆီမှ ပြန်လုရန် ကြိုးစား၏ ။

Kain : " Ben မလုပ်နဲ့ ! "

Ben : " မင်းလက်ကို လွှတ် ! "

သူတို့နှစ်ယောက် လုံးထွေးလုယက်နေသည်ကို ဧကရာဇ်သည် စိတ်ဝင်စားစွာ ငေးကြည့်နေလေ၏ ။

Kain ၏ ကိုယ်ရံတော်ကြီးမှာလဲ ထိုအခြေအနေ၌ ဘာလုပ်လို့ဘာကိုင်ရမလဲ မသိဖြစ်နေလေ၏ ။ Bentley က သခင်လေး Kain ရဲ့အသက်ကို ကယ်ရန် မိမိကိုယ်ကို သတ်သေတော့မည် ။ ထိုသည်ကို သခင်‌လေးဖြစ်သူက မလိုလား... ။ အခြေ‌အနေက ရှုပ်ထွေး၏ ။

Ash : " နေပါဦး စိတ်မလောနဲ့လေ ။ ကိုယ်တော် ပြောတာ မပြီးသေးဘူး "

လက်တစ်ချက်ဝှေ့ပြီး ပြောလိုက်သော ဧကရာဇ်၏ ခပ်အေးအေးစကားသံနောက် Bentley နဲ့ Kain မှာ ရုတ်ချည်း ကိုယ်ရံတော်တွေလက်ထဲ အချုပ်ခံလိုက်ရသည် ။ သူတို့နှစ်‌ယောက်အား လက်ပြန်ချုပ်ပြီး ကြမ်းပြင်မှာ ဖိကပ်ထားလိုက်ကြသည် ။

" ခများ ဘာလိုချင်သေးလို့လဲ ! ကျုပ်တစ်ယောက်နဲ့ မလုံလောက်သေးဘူးလား ? "

Ben သည် ဒီထပ်ပိုပြီး ဧကရာဇ် Ash ၏လက်ဖဝါးထဲ အကစားမခံချင်တော့ပေ ။

Ash ကတော့ တစ်မျိုးတွေးပုံရ၏ ။

Ash : " အပေးအယူလုပ်ရာမှာ မျှမျှတတဖြစ်ရမှာ သဘာဝပဲလေ ။ မင်းလို ပမွှားလေးတစ်ယောက်ကို ကွပ်မျက်ရုံနဲ့ ဒီဧကရာဇ်အပေါ်ပြုထားတဲ့ အပြစ်က ကျေရိုးလား ? "

Alexander ရော Kai ပါ အရှင်သခင်၏ ဆိုလိုရင်း၌ အတွေးပွားနေကြသည် ။ ဘယ်လိုပဲတွေးတွေး အနှီအပြစ်သားသုံးဦးတွင် Xavia Kain ကိုသာ သူတို့ 'အစီအစဉ်' အတွက် အလိုရှိတာဖြစ်သည်။ သူတစ်ယောက်တည်းကိုပဲ အသက်ချမ်းသာပေးရမှာက နှစ်ခါတွေးစရာမလိုပေ ။

သို့သော် သူတို့မသိလိုက်သည်က ဧကရာဇ်သည် အကြံပက်စက်သည် ။ သူ၏ရှေ့မှောက်၌ ဘယ်ရေယိုပေါက်ကလေးမှ မလွတ် ၊ ရန်သူရဲ့ အားနည်းချက်ဟာ မည်မျှသေးငယ်နေစေကာမူ နက်မှောင်သောမျက်ဝန်းတို့က ထိုးဖောက်မြင်လေသည် ။

Ash : " ဒါပေမယ့် ဒီဧကရာဇ်ဟာ ဂရုဏာတရားကို လက်ကိုင်ထားတာမို့ ရွေးချယ်စရာပေးမယ် "

Bentley မှာ အဆုံးအစမဲ့သည့် တွင်းနက်ကြီးများအား စောင့်ကြည့်နေရင်း တစ်စုံတစ်ခုမှားယွင်းနေပြီဖြစ်ကြောင်း သံသယဝင်လာ‌တော့သည် ။ သို့သော် ရိုးသားလှပါသော Kain ကတော့ သဘောမပေါက်‌သေး ... အချုပ်ခံထားရသည့်ကြားမှ မျက်ရည်ဝေ့သော မျက်ဝန်းများဖြင့် ဧကရာဇ်အား ဘယ်လိုအသားခံရမလဲ တွေးနေလေသည် ။

Ash : " ဒီအရည်က တစ်စက်ချင်းသောက်မှ အာနိသင် ပိုထူးသတဲ့ ။ ဒါပေမယ့် ဒီခန္ဓာအပေါ် သက်ရောက်မှု မရှိတာကြောင့် ဖြေဆေးကို ကိုယ်တော် မစမ်းရသေးဘူး ။ အာနိသင်ပြမပြ သိချင်လှတယ် "

လက်ကိုဟန်ပါပါ ပိုက်လိုက်ပြီး ‌ပြောလာသည် ။ ထိုစကားတို့၌ ကောက်ကျစ်သောရည်ရွယ်ချက်တစိုးတစိမျှ မပါဝင်သလို ။

Kain မှာ ကြမ်းပြင်ထပ်၌ မှောက်လျက်အနေအထားဖြင့် တရှူးရှူး‌ဒေါသထွက်နေတဲ့ Ben. အား လှည့်ကြည့်လိုက်မိသည် ။ ဧကရာဇ်ရဲ့ စကားသံကို နားစွင့်ရင်း ... Ben. အပေါ် နာကျင်စရာတစ်ခုခု ကျရောက်လာမည့်အရေး တဖြည်းဖြည်း စိုးထိတ်လာခဲ့သည် ။

Ash : " ဒါကြောင့် ကိုယ်တော့်ကို ကူတဲ့အနေနဲ့ သူရဲကောင်းလေး Raymond က တစ်လတစ်ခါ လာစမ်းသပ်ကြည့်ချေ ။ ကိုယ်တော်က အဲဒီအခါကျရင် ဟောဒီက ယူရာရဲ့သခင်အသစ်လေးရဲ့ လုပ်ဆောင်မှုအပေါ် မူတည်ပြီး သစ္စာရှိအမှုထမ်းလေးအတွက် ဖြေဆေးကို ပေးသင့်သလား မပေးသင့်ဘူးလား ဆုံးဖြတ်ရတာပေါ့ "

တစ်လတစ်ခါ Bentley Raymond အား အဆိပ်တစ်စက်တိုက်ထားပြီး ဝေဒနာခံစားရစေဖို့ ရည်ရွယ်ပုံပင် ။

Kain : " အစ်ကိုတော်ရဲ့ အမိန့်ကို တ‌သွေမတိမ်းနာခံမှာမို့ ... ကျေးဇူးပြုပြီး Ben. ကို ချမ်းသာပေးပါ ။ ဖြေဆေးကို သေချာပေါက် ပေးမယ်လို့ ကတိပေးပါ "

Ash : " ဟင်းဟင်း ကတိပေးတယ် "

Ben : " အား !!! "

ထိုအချိန် Bentley မှာ ‌လမ်းဆုံးရောက်နေသော သားရဲတစ်ကောင်နှယ် ကျယ်လောင်စွာ မြည်တမ်းရင်း သူ၏လျှာကို ကိုက်ချလိုက်လေတော့သည် ။ ပါးစပ်မှ သွေးများယိုကျလာကာ ... စောင့်ကြပ်နေသော ကိုယ်ရံတော်တို့ သူ့အား တားရန်ကြိုးစားရတော့သည် ။

Kain : " Ben မလုပ်နဲ့ Ben !!! "

Kain သည် ရုတ်တရက်အဖြစ်အပျက်ကြောင့် ပြာသွားကာ ကိုယ်ရံတော်ကြီးနှစ်ဦး ချုပ်ထားသည့်ကြားမှ နွားသိုးတစ်ကောင်ပမာ ရုန်းထွက်သွား၏ ။ သေးကျစ်တဲ့ခန္ဓာကိုယ်မှ မယုံနိုင်လောက်သော အားအင်များထွက်လာတာကြောင့် ကိုယ်ရံတော်တို့ပါ ကြောင်အမ်းသွားရသည် ။

ဧကရာဇ်က ဘာအမိန့်မှ မပေးပဲ ပွဲကြည့်နေဟန်ရှိသဖြင့် ကိုယ်ရံတော်များက Kain အား ဘာမှမလုပ်ပဲ လွှတ်ပေးလိုက်သည် ။

Kain : " ငါ့ကို မင်းရဲ့ သခင်အဖြစ်သတ်မှတ်ရင် ကျေးဇူးပြုပြီး ဒီအမိန့်ကို နာခံပေးပါ ... Ben ကျေးဇူးပြုပြီးကွာ "

အရိုင်းအစိုင်းသဖွယ် ပါးစပ်အတွင်းမှ သွေးများကျကာ သတ်သေရန် ကြိုးပမ်းနေတဲ့ Benရဲ့ မျက်နှာကို Kain လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ တောင်းပန်နေ၏ ။ Ben မှာ လျှာကိုထပ်မကိုက်ရအောင် သူ၏ပါးစောင်ထဲ အဝတ်စတစ်စကို ခုထားခံလိုက်ရရင်းကြားတွင် မျက်ရည်တွေဖြင့် ခေါင်းကို တွင်တွင်ခါနေ၏ ။

Bentley Raymond ဟာ ဘယ်တော့မှ ထိုကောင်လေးရဲ့ အားနည်းချက်ဖြစ်လာမှာမဟုတ် ... ။

Ben : " အင်း ! ဟင့်အင်း !!! "

သူ ဝူးဝူးဝါးဝါး အော်ဟစ် ငြင်းဆန်နေမိသည် ။
Ben ဟာ သခင့်ရဲ့လည်ပင်းကို တုတ်ထားတဲ့ သံချိန်းကြိုးတွေ ဖြစ်လာမှာမဟုတ် ။

Ash : " ဒီနေ့ကစပြီး Archduke Xavia Kain ဟာ အင်ပါယာအတွက် အသက်ကိုပေးပြီး ဘယ်သာယာမှုကိုမှ မခံစားရန် အမိန့်ထုတ်လိုက်တယ် ။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ တွေ့တာကို တားမြစ်တယ် "

ဆန်းပြားသော အမိန့်တော်နောက် အခန်းထဲရှိ လူအားလုံး အံ့အားသင့်နေကြ၏ ။ ရုတ်တရက်ဆန်၍ ဘယ်သူနှင့်မှ မဆွေးနွေးပဲ ပေးလိုက်သောအမိန့်ပင် ။

အကြံပေးကြီး Kai နှင့် Alexander တို့ပါ အတွေးပွားသွားရသည် ။

သို့ပေမယ့် ထိုအမိန့် အသက်ဝင်ဖို့ ဓားစာခံအလုပ်ခံရသော Ben မှာမူ ပြိုလဲသွား၏ ။ သူ့ရဲ့ အဖိုးမတန်တဲ့ အသက်လေးတစ်ချောင်းအတွက်နဲ့ ထို‌ကောင်လေးရဲ့ဘဝကို မကောင်းဆိုးဝါးလက်ထဲ ရောင်းစားလိုက်ရပြီ ။

Kain သည် တစ်ခဏမျှ အံ့ဩသွားရသော်လည်း မတုန်မလှုပ် ၊ ဆုံးဖြတ်ချက်ခိုင်မာစွာ အမိန့်ကို ခံယူလိုက်လေ၏ ။

Kain : " ကျွန်တော်မျိုး Xavia Kain , အရှင့် အမိန့်တော်ကို နာခံလျက်ပါ "

Ash : " ဟားဟား ကောင်းပြီ ။ ကိုယ်တော်လည်း ဒီသွေးကို သိပ်သဘောမကျလှဘူး ။ အနာဂတ်မှာ ကိုယ်တော်တဲ့အတူ ဒီညစ်ညမ်းတဲ့မျိုးရိုးကို အဆုံးသတ်စေဖို့ အားကိုးပါတယ် ဟားဟားဟား "

ထိုစကားလုံးတို့သည် ပုံမှန်စိတ်အခြေအနေရှိသော လူတစ်ဦးဆီမှ ထွက်လာတာ လုံးဝမဖြစ်နိုင် ။ သို့သော် ချောမောလှပသော မျက်နှာဖြင့် အားပါးတရရယ်မောနေသည့် ဧကရာဇ်ငယ်သည် မယုံနိုင်အောင် အေးချမ်းနေလျက် ... ။

လက်အောက်ငယ်သားတို့မှာ သူတို့ကြားလိုက်ရသော ကြောက်မက်ဖွယ် အမိန့်တစ်ခုကို နားလည်နိုင်ရန် ကြိုးပမ်းနေကြရင်း ... ။

ဧကရာဇ်သည် Xavia ၏ တော်ဝင်သွေးအား သူ၏လက်ထက်တွင် မျိုးတုံးသွားစေရန် လိုလားနေသည်လော ?

Xavia Ash သည် အမှန်တကယ်ရော Xavia အား ထွန်းလင်းစေမည်လော ? သို့မဟုတ် ပြာကျစေမည်လော ?

Ash : " အဟမ်း ! ကိုယ်တော့်မှာ အချိန်မရှိဘူး ၊ Archduke , ဒီအပြစ်သားကို ဒီလအတွက် ဆေးတစ်စက် တိုက်လိုက်ပါ "

ထိုအခါ အဆိပ်ပုလင်းကို ဖွင့်ကာ Ben ၏အနားသို့ Kain ညှင်သာစွာ တိုးကပ်သွားလိုက်သည် ။

Kain : " Ben ... တစ်စက်ပါပဲ... "

Ben : " အင်း ... အင်း ... "

Bentley မှာ ရုန်းကန်နေပေမယ့် မထူးသာတော့ ... သူ့ရဲ့ ခေါင်းကို နှစ်ဖက်နှစ်ခြပ်မှ ကိုယ်ရံတော်တို့က ထိန်းကိုင်ထားပြီး ပါးစပ်ကို အတင်းဆွဲဟစေကြသည် ။

မျက်ခမ်းစပ်တွေ နီရဲကာ မျက်ရည်ပေါက်တွေ ကျနေတဲ့ သူ့သခင်ဟာ သူ့ကို ကိုယ်တိုင်အဆိပ်တိုက်ကျွေးတော့မည်တဲ့ ။

နာကျင်ကြေကွဲနေသော ထိုကောင်လေးကို Ben မကြည့်ရဲ ... မျက်လုံးကိုလှန်ကာ သူတို့အဖြစ်အား ပျင်းရိသလို ငေးကြည့်နေသော မကောင်းဆိုးဝါးဆီ အငြိုးတွေကို ပုံပေးနေလိုက်မိသည် ။

အဆပ်ရည်တစ်စက်သည် အနံ့ရော အရသာပါမရှိ‌ခဲ့သော်လည်း Bentley ၏ တည်ရှိမှုကို ခါးသက်သွားစေသည် ။

Kain : " တောင်းပန်ပါတယ် ... တောင်းပန်ပါတယ် "

ပူနွေးသော မိုးရေပေါက်လေးများ သူ့ပါးပြင်ပေါ် ပြိုကျလာစဉ်မှာ သူသိလိုက်သည် ။ သူဟာမနှစ်မြို့ဖွယ် တည်ရှိမှုအဖြစ် ပြန်လည်မွေးဖွားခဲ့ပြီ ။

Ben : " ရပါတယ် ... မင်း ကောင်းကောင်းလုပ်ခဲ့တယ် "

နှဖူးချင်းကပ်ကာ ငိုကြွေးနေသော ကောင်လေးရဲ့ မျက်ရည်တွေကို သုတ်ပေးရင်း Ben သည် စိတ်လွတ်သွားဟန် အခြေအနေနဲ့မလိုက် ချိုသာစွာပြုံးလိုက်၏ ။

ဂလု *

အဆိပ်ရည်တွေကို သူ မြိုချလိုက်သည်... ။

_____________________________
A/N : နောက်အပိုင်းတွေမှာ ခပ်ရှည်ရှည်လေးတင်ပေးပါ့မယ် ။ အခုတော့ ဒါလေးနဲ့ပဲ စိတ်ဖြေထားဦးနော် ~
( မစစ်ရသေးဘူး ချက်ချင်းတင်လိုက်တာ )

မမှတ်မိကြရင် ပြန်ဆွေးနွေးလို့ရပါတယ် ။ သာသာရှိနေပေးမယ် ကော်မန့်မှာ ။

‌စောင့်နေပေးကြတာ တကယ် ကျေးဇူးတင်ပါတယ် 🙇

____________________________
____________________________

#Zawgyi

အသက္ေရာခႏၶာပါ ေပး၍ တစ္သက္လုံး ခစားရမည္ဟူေသာ အရွင္သခင္အေလာင္းလ်ာေလးအား ပထမဆုံး မ်က္ျမင္ေတြ႕စဥ္က Bentleyရဲ႕ အိပ္မက္ေတြ အစိတ္စိတ္အမႊာမႊာ ၿပိဳပ်က္ခဲ့ရသည္ ။

ပါးစပ္အေဟာင္းသားျဖင့္ အံ့ဩကာ ရပ္ေနေသာ Bentley အား ‌မ်က္စိေရွ႕မွ ခပ္ပိန္ပိန္ေကာင္ေလးက ရယ္ျပေနေလ၏ ။

" မင္းက ကြန္မန္ဒါ Raymondရဲ႕သား , Bentley မလား ? "

" Ben , ဒူးေထာက္ၿပီး အ႐ိုအေသေပးေလ ! ဒါ Archduke နဲ႔ သခင္ေလး Kain ပဲ "

သူ႔ေက်ာကို ပုတ္ကာ ဒူးေထာက္ခိုင္းေနေသာ ဖခင္၏စကားေၾကာင့္ Bentley ပို၍ ေၾကာင္အမ္းသြားရသည္ ။ ယခုအေျခအေနသည္ Ben.အတြက္ အႀကီးအက်ယ္ တုန္လႈပ္မႈႀကီးပင္ ။

အႏွီက်စ္ေသးပိန္လွီ‌ေနေသာ ေကာက္႐ိုး႐ုပ္ႏွယ္ ေကာင္ကေလးသည္ သူ‌တစ္ခ်ိန္လုံး ေစာင့္စားခဲ့ရသည့္ 'အရွင္သခင္' ျဖစ္သည္တဲ့လား ?

သစ္သားဓားကေလးကို ခါးၾကားမွာထိုးကာ သူရဲေကာင္းႀကီးပုံဖမ္းေနတဲ့ ‌Bentley သည္ ထိုစဥ္က အသက္ခုႏွစ္ႏွစ္သာ ရွိပါေသး၏ ။ သူ စိတ္ပ်က္သြားတဲ့ အမူအရာကို မထိန္းႏိုင္ ။

" Ben ! "

" ရတယ္ ကြန္မန္ဒါ Raymond , ကြၽန္ေတာ္နဲ႔ Ben က အခုကစၿပီး သူငယ္ခ်င္းေတြ ျဖစ္ေတာ့မွာပဲေလ "

ၾကက္ေသေသေနေသာ Bentley ၏ ပုခုံးထပ္သို႔ လက္ျဖဴျဖဴေသးေသးေလး လာတင္ကာ ထိုေကာင္ေလး ေလႀကီးေလက်ယ္ဆို၏ ။ Bentley မွာ အလိုမက် ... မ်က္ႏွာႀကီးပုပ္လ်က္ ... ။

ထိုေတြ႕ဆုံမႈအၿပီး Ben သည္ Kain ဆိုေသာ အထက္လူႀကီးေလးအား အၿမဲလိုလိုေတြ႕ရပါေလေတာ့သည္ ။ စံအိမ္အထိ အလည္လာကာ Bentley ဘာလုပ္လုပ္ အေနာက္မွတေကာက္ေကာက္လိုက္သည္ ။ သူ႔အေပၚ သစၥာေတာင္ မခံရေသးေသာ Bentley အေပၚ ထိုတည္းက ဆရာႀကီးလုပ္ကာ အမိန႔္ေတြေပးတတ္သည္ ။

စစခ်င္းတြင္ လြန္စြာစိတ္ရႈပ္ခဲ့ရေသာ္လည္း ေနာက္ပိုင္း ထိုေကာင္ေလး၏ စိတ္ထားကို Ben ျမင္လာခဲ့၏ ။

" ဟင့္ အီးဟီး ... Ben , မင္း ေသေတာ့မွာလား ? "

" ကြၽတ္ , မေသဘူးကြ !
ဒါ ဓားျခစ္ရာေလးပဲကို ... ဒါနဲ႔ မင္းက ဘာလို႔ငိုေနတာလဲ ေပ်ာ့စိ‌ေပ်ာ့ဖတ္နဲ႔ ။ ဒဏ္ရာရတဲ့လူက ငါေလ ! "

ပါးျပင္မွယိုစီးက်လာေသာ နီရဲရဲေသြးေတြကို လက္နဲ႔ဖိအုပ္လိုက္ၿပီး ... တရႈံ႕ရႈံ႕ျဖစ္ေနတဲ့ Kain အား Ben စိတ္မရွည္စြာ ေဟာက္ထည့္လိုက္၏ ။

Bentley တစ္ေယာက္ ဓားေရးေလ့က်င့္ေနရင္းမွ မေတာ္တဆ ပါးကိုဓားသြားျဖင့္ ျခစ္မိသြားရာ Kainတို႔ ေအာ္ငိုပါေတာ့သည္ ။ ထိခိုက္မိေသာလူက နာေၾကာင္းေတာင္ မျပလိုက္ရ ... ထိုေကာင္ေလးမွာ ႏွပ္ေခ်းတြဲေလာင္းျဖင့္ ငိုလို႔ယိုလို႔ ... ။

ယခု ေတြးၾကည့္မိေတာ့ Ben သေဘာေပါက္သလိုလို ရွိလာ၏ ။ သူဟာ ထိုျဖစ္ရပ္အၿပီး ေနာက္ပိုင္း ဘာေတြပဲႀကဳံရႀကဳံရ လုံးဝမငိုေတာ့ေပ ။ ဘာေၾကာင့္ဆို Xavia Kain ဟူေသာ ေကာင္ေလးတစ္ေယာက္က သူ႔အစား ငိုေပးခဲ့သည္ခ်ည္းေလ ။ က႐ူးမူးထိုး တဇြတ္ထိုးတေဇာက္ကန္းျပဳေလ့ရွိေသာ Bentley အဖို႔ Kain ဟာ သူ႔ကိုယ္သူထက္ ဂ႐ုစိုက္ေပးေသာသူျဖစ္လာခဲ့သည္ ။

Ben ၿပဳံးလိုက္မိသည္ ။
လူသားေတြဟာ ေသျခင္းတရားနဲ႔ နီးလာလွ်င္ အတိတ္ကို ျပန္လည္တမ္းတတတ္ၾကတယ္ ဆိုသည္မွာ အမွန္ပဲေနမည္ ။ သူ႔အသက္ကို ႏႈတ္ယူေတာ့မယ့္ အဆိပ္ပုလင္းရဲ႕ေရွ႕ေမွာက္ အေတြးေတြ ေနာက္ျပန္ရစ္ေန၏ ။

Kain ထံ ကမ္းေပးလာေသာ ေႂကြပုလင္းျဖဴေလးကို စူးစိုက္ၾကည့္ေနရင္း စိတ္ပိုင္းျဖတ္လိုက္၏ ။

" Kain , မင္းလို သူငယ္ခ်င္းတစ္‌ေယာက္ရွိတာ ငါ့ဘဝရဲ႕ အႀကီးမားဆုံး ဆုလာဘ္ပဲေနမယ္ ။ ေတြေဝေနစရာမလိုဘူး "

ထိုသို႔ ခပ္ၿပဳံးၿပဳံးေလး ဆိုလိုက္ၿပီး ကိန္းရဲ႕လက္ထဲမွ အဆိပ္ပုလင္းကို ဆတ္ခနဲလုယူလိုက္သည္ ။ ကိန္းမွာ လန႔္သြားရကာ ဘန္ဆီမွ ျပန္လုရန္ ႀကိဳးစား၏ ။

Kain : " Ben မလုပ္နဲ႔ ! "

Ben : " မင္းလက္ကို လႊတ္ ! "

သူတို႔ႏွစ္ေယာက္ လုံးေထြးလုယက္ေနသည္ကို ဧကရာဇ္သည္ စိတ္ဝင္စားစြာ ေငးၾကည့္ေနေလ၏ ။

Kain ၏ ကိုယ္ရံေတာ္ႀကီးမွာလဲ ထိုအေျခအေန၌ ဘာလုပ္လို႔ဘာကိုင္ရမလဲ မသိျဖစ္ေနေလ၏ ။ Bentley က သခင္ေလး Kain ရဲ႕အသက္ကို ကယ္ရန္ မိမိကိုယ္ကို သတ္ေသေတာ့မည္ ။ ထိုသည္ကို သခင္‌ေလးျဖစ္သူက မလိုလား... ။ အေျခ‌အေနက ရႈပ္ေထြး၏ ။

Ash : " ေနပါဦး စိတ္မေလာနဲ႔ေလ ။ ကိုယ္ေတာ္ ေျပာတာ မၿပီးေသးဘူး "

လက္တစ္ခ်က္ေဝွ႔ၿပီး ေျပာလိုက္ေသာ ဧကရာဇ္၏ ခပ္ေအးေအးစကားသံေနာက္ Bentley နဲ႔ Kain မွာ ႐ုတ္ခ်ည္း ကိုယ္ရံေတာ္ေတြလက္ထဲ အခ်ဳပ္ခံလိုက္ရသည္ ။ သူတို႔ႏွစ္‌ေယာက္အား လက္ျပန္ခ်ဳပ္ၿပီး ၾကမ္းျပင္မွာ ဖိကပ္ထားလိုက္ၾကသည္ ။

" ခမ်ား ဘာလိုခ်င္ေသးလို႔လဲ ! က်ဳပ္တစ္ေယာက္နဲ႔ မလုံေလာက္ေသးဘူးလား ? "

Ben သည္ ဒီထပ္ပိုၿပီး ဧကရာဇ္ Ash ၏လက္ဖဝါးထဲ အကစားမခံခ်င္ေတာ့ေပ ။

Ash ကေတာ့ တစ္မ်ိဳးေတြးပုံရ၏ ။

Ash : " အေပးအယူလုပ္ရာမွာ မွ်မွ်တတျဖစ္ရမွာ သဘာဝပဲေလ ။ မင္းလို ပမႊားေလးတစ္ေယာက္ကို ကြပ္မ်က္႐ုံနဲ႔ ဒီဧကရာဇ္အေပၚျပဳထားတဲ့ အျပစ္က ေက်႐ိုးလား ? "

Alexander ေရာ Kai ပါ အရွင္သခင္၏ ဆိုလိုရင္း၌ အေတြးပြားေနၾကသည္ ။ ဘယ္လိုပဲေတြးေတြး အႏွီအျပစ္သားသုံးဦးတြင္ Xavia Kain ကိုသာ သူတို႔ 'အစီအစဥ္' အတြက္ အလိုရွိတာျဖစ္သည္။ သူတစ္ေယာက္တည္းကိုပဲ အသက္ခ်မ္းသာေပးရမွာက ႏွစ္ခါေတြးစရာမလိုေပ ။

သို႔ေသာ္ သူတို႔မသိလိုက္သည္က ဧကရာဇ္သည္ အႀကံပက္စက္သည္ ။ သူ၏ေရွ႕ေမွာက္၌ ဘယ္ေရယိုေပါက္ကေလးမွ မလြတ္ ၊ ရန္သူရဲ႕ အားနည္းခ်က္ဟာ မည္မွ်ေသးငယ္ေနေစကာမူ နက္ေမွာင္ေသာမ်က္ဝန္းတို႔က ထိုးေဖာက္ျမင္ေလသည္ ။

Ash : " ဒါေပမယ့္ ဒီဧကရာဇ္ဟာ ဂ႐ုဏာတရားကို လက္ကိုင္ထားတာမို႔ ေ႐ြးခ်ယ္စရာေပးမယ္ "

Bentley မွာ အဆုံးအစမဲ့သည့္ တြင္းနက္ႀကီးမ်ားအား ေစာင့္ၾကည့္ေနရင္း တစ္စုံတစ္ခုမွားယြင္းေနၿပီျဖစ္ေၾကာင္း သံသယဝင္လာ‌ေတာ့သည္ ။ သို႔ေသာ္ ႐ိုးသားလွပါေသာ Kain ကေတာ့ သေဘာမေပါက္‌ေသး ... အခ်ဳပ္ခံထားရသည့္ၾကားမွ မ်က္ရည္ေဝ့ေသာ မ်က္ဝန္းမ်ားျဖင့္ ဧကရာဇ္အား ဘယ္လိုအသားခံရမလဲ ေတြးေနေလသည္ ။

Ash : " ဒီအရည္က တစ္စက္ခ်င္းေသာက္မွ အာနိသင္ ပိုထူးသတဲ့ ။ ဒါေပမယ့္ ဒီခႏၶာအေပၚ သက္ေရာက္မႈ မရွိတာေၾကာင့္ ေျဖေဆးကို ကိုယ္ေတာ္ မစမ္းရေသးဘူး ။ အာနိသင္ျပမျပ သိခ်င္လွတယ္ "

လက္ကိုဟန္ပါပါ ပိုက္လိုက္ၿပီး ‌ေျပာလာသည္ ။ ထိုစကားတို႔၌ ေကာက္က်စ္ေသာရည္႐ြယ္ခ်က္တစိုးတစိမွ် မပါဝင္သလို ။

Kain မွာ ၾကမ္းျပင္ထပ္၌ ေမွာက္လ်က္အေနအထားျဖင့္ တရႉးရႉး‌ေဒါသထြက္ေနတဲ့ Ben. အား လွည့္ၾကည့္လိုက္မိသည္ ။ ဧကရာဇ္ရဲ႕ စကားသံကို နားစြင့္ရင္း ... Ben. အေပၚ နာက်င္စရာတစ္ခုခု က်ေရာက္လာမည့္အေရး တျဖည္းျဖည္း စိုးထိတ္လာခဲ့သည္ ။

Ash : " ဒါေၾကာင့္ ကိုယ္ေတာ့္ကို ကူတဲ့အေနနဲ႔ သူရဲေကာင္းေလး Raymond က တစ္လတစ္ခါ လာစမ္းသပ္ၾကည့္ေခ် ။ ကိုယ္ေတာ္က အဲဒီအခါက်ရင္ ေဟာဒီက ယူရာရဲ႕သခင္အသစ္ေလးရဲ႕ လုပ္ေဆာင္မႈအေပၚ မူတည္ၿပီး သစၥာရွိအမႈထမ္းေလးအတြက္ ေျဖေဆးကို ေပးသင့္သလား မေပးသင့္ဘူးလား ဆုံးျဖတ္ရတာေပါ့ "

တစ္လတစ္ခါ Bentley Raymond အား အဆိပ္တစ္စက္တိုက္ထားၿပီး ေဝဒနာခံစားရေစဖို႔ ရည္႐ြယ္ပုံပင္ ။

Kain : " အစ္ကိုေတာ္ရဲ႕ အမိန႔္ကို တ‌ေသြမတိမ္းနာခံမွာမို႔ ... ေက်းဇူးျပဳၿပီး Ben. ကို ခ်မ္းသာေပးပါ ။ ေျဖေဆးကို ေသခ်ာေပါက္ ေပးမယ္လို႔ ကတိေပးပါ "

Ash : " ဟင္းဟင္း ကတိေပးတယ္ "

Ben : " အား !!! "

ထိုအခ်ိန္ Bentley မွာ ‌လမ္းဆုံးေရာက္ေနေသာ သားရဲတစ္ေကာင္ႏွယ္ က်ယ္ေလာင္စြာ ျမည္တမ္းရင္း သူ၏လွ်ာကို ကိုက္ခ်လိုက္ေလေတာ့သည္ ။ ပါးစပ္မွ ေသြးမ်ားယိုက်လာကာ ... ေစာင့္ၾကပ္ေနေသာ ကိုယ္ရံေတာ္တို႔ သူ႔အား တားရန္ႀကိဳးစားရေတာ့သည္ ။

Kain : " Ben မလုပ္နဲ႔ Ben !!! "

Kain သည္ ႐ုတ္တရက္အျဖစ္အပ်က္ေၾကာင့္ ျပာသြားကာ ကိုယ္ရံေတာ္ႀကီးႏွစ္ဦး ခ်ဳပ္ထားသည့္ၾကားမွ ႏြားသိုးတစ္ေကာင္ပမာ ႐ုန္းထြက္သြား၏ ။ ေသးက်စ္တဲ့ခႏၶာကိုယ္မွ မယုံႏိုင္ေလာက္ေသာ အားအင္မ်ားထြက္လာတာေၾကာင့္ ကိုယ္ရံေတာ္တို႔ပါ ေၾကာင္အမ္းသြားရသည္ ။

ဧကရာဇ္က ဘာအမိန႔္မွ မေပးပဲ ပြဲၾကည့္ေနဟန္ရွိသျဖင့္ ကိုယ္ရံေတာ္မ်ားက Kain အား ဘာမွမလုပ္ပဲ လႊတ္ေပးလိုက္သည္ ။

Kain : " ငါ့ကို မင္းရဲ႕ သခင္အျဖစ္သတ္မွတ္ရင္ ေက်းဇူးျပဳၿပီး ဒီအမိန႔္ကို နာခံေပးပါ ... Ben ေက်းဇူးျပဳၿပီးကြာ "

အ႐ိုင္းအစိုင္းသဖြယ္ ပါးစပ္အတြင္းမွ ေသြးမ်ားက်ကာ သတ္ေသရန္ ႀကိဳးပမ္းေနတဲ့ Benရဲ႕ မ်က္ႏွာကို Kain လက္ႏွစ္ဖက္ျဖင့္ အုပ္ကိုင္ကာ ေတာင္းပန္ေန၏ ။ Ben မွာ လွ်ာကိုထပ္မကိုက္ရေအာင္ သူ၏ပါးေစာင္ထဲ အဝတ္စတစ္စကို ခုထားခံလိုက္ရရင္းၾကားတြင္ မ်က္ရည္ေတြျဖင့္ ေခါင္းကို တြင္တြင္ခါေန၏ ။

Bentley Raymond ဟာ ဘယ္ေတာ့မွ ထိုေကာင္ေလးရဲ႕ အားနည္းခ်က္ျဖစ္လာမွာမဟုတ္ ... ။

Ben : " အင္း ! ဟင့္အင္း !!! "

သူ ဝူးဝူးဝါးဝါး ေအာ္ဟစ္ ျငင္းဆန္ေနမိသည္ ။
Ben ဟာ သခင့္ရဲ႕လည္ပင္းကို တုတ္ထားတဲ့ သံခ်ိန္းႀကိဳးေတြ ျဖစ္လာမွာမဟုတ္ ။

Ash : " ဒီေန႔ကစၿပီး Archduke Xavia Kain ဟာ အင္ပါယာအတြက္ အသက္ကိုေပးၿပီး ဘယ္သာယာမႈကိုမွ မခံစားရန္ အမိန႔္ထုတ္လိုက္တယ္ ။ အထူးသျဖင့္ အမ်ိဳးသမီးေတြနဲ႔ ေတြ႕တာကို တားျမစ္တယ္ "

ဆန္းျပားေသာ အမိန႔္ေတာ္ေနာက္ အခန္းထဲရွိ လူအားလုံး အံ့အားသင့္ေနၾက၏ ။ ႐ုတ္တရက္ဆန္၍ ဘယ္သူႏွင့္မွ မေဆြးေႏြးပဲ ေပးလိုက္ေသာအမိန႔္ပင္ ။

အႀကံေပးႀကီး Kai ႏွင့္ Alexander တို႔ပါ အေတြးပြားသြားရသည္ ။

သို႔ေပမယ့္ ထိုအမိန႔္ အသက္ဝင္ဖို႔ ဓားစာခံအလုပ္ခံရေသာ Ben မွာမူ ၿပိဳလဲသြား၏ ။ သူ႔ရဲ႕ အဖိုးမတန္တဲ့ အသက္ေလးတစ္ေခ်ာင္းအတြက္နဲ႔ ထို‌ေကာင္ေလးရဲ႕ဘဝကို မေကာင္းဆိုးဝါးလက္ထဲ ေရာင္းစားလိုက္ရၿပီ ။

Kain သည္ တစ္ခဏမွ် အံ့ဩသြားရေသာ္လည္း မတုန္မလႈပ္ ၊ ဆုံးျဖတ္ခ်က္ခိုင္မာစြာ အမိန႔္ကို ခံယူလိုက္ေလ၏ ။

Kain : " ကြၽန္ေတာ္မ်ိဳး Xavia Kain , အရွင့္ အမိန႔္ေတာ္ကို နာခံလ်က္ပါ "

Ash : " ဟားဟား ေကာင္းၿပီ ။ ကိုယ္ေတာ္လည္း ဒီေသြးကို သိပ္သေဘာမက်လွဘူး ။ အနာဂတ္မွာ ကိုယ္ေတာ္တဲ့အတူ ဒီညစ္ညမ္းတဲ့မ်ိဳး႐ိုးကို အဆုံးသတ္ေစဖို႔ အားကိုးပါတယ္ ဟားဟားဟား "

ထိုစကားလုံးတို႔သည္ ပုံမွန္စိတ္အေျခအေနရွိေသာ လူတစ္ဦးဆီမွ ထြက္လာတာ လုံးဝမျဖစ္ႏိုင္ ။ သို႔ေသာ္ ေခ်ာေမာလွပေသာ မ်က္ႏွာျဖင့္ အားပါးတရရယ္ေမာေနသည့္ ဧကရာဇ္ငယ္သည္ မယုံႏိုင္ေအာင္ ေအးခ်မ္းေနလ်က္ ... ။

လက္ေအာက္ငယ္သားတို႔မွာ သူတို႔ၾကားလိုက္ရေသာ ေၾကာက္မက္ဖြယ္ အမိန႔္တစ္ခုကို နားလည္ႏိုင္ရန္ ႀကိဳးပမ္းေနၾကရင္း ... ။

ဧကရာဇ္သည္ Xavia ၏ ေတာ္ဝင္ေသြးအား သူ၏လက္ထက္တြင္ မ်ိဳးတုံးသြားေစရန္ လိုလားေနသည္ေလာ ?

Xavia Ash သည္ အမွန္တကယ္ေရာ Xavia အား ထြန္းလင္းေစမည္ေလာ ? သို႔မဟုတ္ ျပာက်ေစမည္ေလာ ?

Ash : " အဟမ္း ! ကိုယ္ေတာ့္မွာ အခ်ိန္မရွိဘူး ၊ Archduke , ဒီအျပစ္သားကို ဒီလအတြက္ ေဆးတစ္စက္ တိုက္လိုက္ပါ "

ထိုအခါ အဆိပ္ပုလင္းကို ဖြင့္ကာ Ben ၏အနားသို႔ Kain ညႇင္သာစြာ တိုးကပ္သြားလိုက္သည္ ။

Kain : " Ben ... တစ္စက္ပါပဲ... "

Ben : " အင္း ... အင္း ... "

Bentley မွာ ႐ုန္းကန္ေနေပမယ့္ မထူးသာေတာ့ ... သူ႔ရဲ႕ ေခါင္းကို ႏွစ္ဖက္ႏွစ္ျခပ္မွ ကိုယ္ရံေတာ္တို႔က ထိန္းကိုင္ထားၿပီး ပါးစပ္ကို အတင္းဆြဲဟေစၾကသည္ ။

မ်က္ခမ္းစပ္ေတြ နီရဲကာ မ်က္ရည္ေပါက္ေတြ က်ေနတဲ့ သူ႔သခင္ဟာ သူ႔ကို ကိုယ္တိုင္အဆိပ္တိုက္ေကြၽးေတာ့မည္တဲ့ ။

နာက်င္ေၾကကြဲေနေသာ ထိုေကာင္ေလးကို Ben မၾကည့္ရဲ ... မ်က္လုံးကိုလွန္ကာ သူတို႔အျဖစ္အား ပ်င္းရိသလို ေငးၾကည့္ေနေသာ မေကာင္းဆိုးဝါးဆီ အၿငိဳးေတြကို ပုံေပးေနလိုက္မိသည္ ။

အဆပ္ရည္တစ္စက္သည္ အနံ႔ေရာ အရသာပါမရွိ‌ခဲ့ေသာ္လည္း Bentley ၏ တည္ရွိမႈကို ခါးသက္သြားေစသည္ ။

Kain : " ေတာင္းပန္ပါတယ္ ... ေတာင္းပန္ပါတယ္ "

ပူေႏြးေသာ မိုးေရေပါက္ေလးမ်ား သူ႔ပါးျပင္ေပၚ ၿပိဳက်လာစဥ္မွာ သူသိလိုက္သည္ ။ သူဟာမႏွစ္ၿမိဳ႕ဖြယ္ တည္ရွိမႈအျဖစ္ ျပန္လည္ေမြးဖြားခဲ့ၿပီ ။

Ben : " ရပါတယ္ ... မင္း ေကာင္းေကာင္းလုပ္ခဲ့တယ္ "

ႏွဖူးခ်င္းကပ္ကာ ငိုေႂကြးေနေသာ ေကာင္ေလးရဲ႕ မ်က္ရည္ေတြကို သုတ္ေပးရင္း Ben သည္ စိတ္လြတ္သြားဟန္ အေျခအေနနဲ႔မလိုက္ ခ်ိဳသာစြာၿပဳံးလိုက္၏ ။

ဂလု *

အဆိပ္ရည္ေတြကို သူ ၿမိဳခ်လိုက္သည္... ။

_____________________________
_____________________________
A/N : ေနာက္အပိုင္းေတြမွာ ခပ္ရွည္ရွည္ေလးတင္ေပးပါ့မယ္ ။ အခုေတာ့ ဒါေလးနဲ႔ပဲ စိတ္ေျဖထားဦးေနာ္ ~
( မစစ္ရေသးဘူး ခ်က္ခ်င္းတင္လိုက္တာ )

မမွတ္မိၾကရင္ ျပန္ေဆြးေႏြးလို႔ရပါတယ္ ။ သာသာရွိေနေပးမယ္ ေကာ္မန႔္မွာ ။

‌ေစာင့္ေနေပးၾကတာ တကယ္ ေက်းဇူးတင္ပါတယ္ 🙇





































Continue Reading

You'll Also Like

441K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
608K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
187K 19.2K 115
ဘာသာပြန်သူ - စွဲညို့အသင်း