"အဖေ အဆင်ပြေရဲ့လား ၊တုန်းအာက အဖေ အနားမှာ မနေနိုင်ခဲ့ဘူး ။ တုန်းအာက တကယ့်ကို ကံမကောင်းတဲ့သူပါ ။ အဖေကို စိတ်ပူအောင်လုပ်ခဲ့မိတာ သမီးအပြစ်ပါ ။မေမေ ဆုံးပါးသွားတဲ့ အတွက် ဖေဖေ ဝမ်းနည်းနေပေမယ့် တုန်းအာ က ဥာဏ်မမှီလို့ အဖေကို ဝမ်းနည်းစေခဲ့တယ် ။ အဖေစိတ်မကောင်းဖြစ်အောင် တုန်းအာထပ်မလုပ်တော့ပါဘူး!"
သူမ နှုတ်ခမ်းကို ကိုက်လိုက်သည်နှင့် သူမ၏ နူးညံ့သော အသံသည် ရှိုက်ကြီးတငင်နှင့် ထွက်ပေါ်လာကာ သူမ၏ ထိန်းမနိုင်သိမ်းမရ မျက်ရည်တွေ စီးကျလာသည် ။ သူတို့သည် သူမ၏ မျက်နှာဖြူဖျော့ဖျော့ကို မှောက်ချလိုက်ပြီး သူမ၏ ခန္ဓာကိုယ် တုန်လှုပ်သွားကြသည်။
သူမ၏မျက်လုံးများသည် ခံစားချက်များဖြင့် ပြည့်လျှံနေပြီး ဝမ်းနည်းပူဆွေးမှုများသည် မျက်ရည်များနှင့်အတူ စီးကျလာသည်။
"တုန်းအာ!"
မိုဟွာဝမ် သည် သူ့ခံစားချက်များကို ထိန်းမထားနိုင်တော့ပေ။ သူထ၍ ရှေ့နှစ်လှမ်းတိုးကာ သူ့သမီးလေးကို မြေပြင်ပေါ်ကနေ ချီယူလိုက်တယ်။သူမကို အနီးကပ် ပွေ့ဖက်ထားရင်း တုန်လှုပ်သွားသည်။
သူ့မိန်းမနဲ့တူတဲ့ သမီးလေးရဲ့မျက်လုံးထဲက မျက်ရည်တွေကို မြင်လိုက်ရတဲ့အခါ သူဘယ်လိုခံနိုင်ရည်ရှိတော့မလဲ။ ဇနီးဖြစ်သူ ဆုံးပါးသွားသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်သော်လည်း နာကျင်မှုနှင့်နောင်တသည် မပျောက်ကွယ်သေးပေ။
"အဖေ!"
မို့ရွှီတုန်းသည် သူမ ဖခင်၏ နွေးထွေးသော ရင်ခွင်ထဲသို့ မှီ၍ ကျယ်လောင်စွာ ငိုကြွေးခဲ့သည်။ ဖေဖေ့ကို တင်းတင်းကြပ်ကြပ်ဖက်ထားရင်း သူမလက်ကို လှမ်းဆွဲလိုက်သည်။
"တုန်းအာ နေကောင်းအောင်နေပါ ၊ မငိုပါနဲ့ ။ မင်းလေး ချင်းအိမ်တော်မှနေရတာ အခက်တွေ့နေသလား။ စောစော မင်းကိုပြန်မခေါ်ခဲ့တာ ဖေဖေရဲ့ အမှားပဲ။ မင်းက အဲဒီမှာနေနေရတာ သဘောကျပြီး အဖေ့ကို မတွေ့ချင်ဘူးလိုထင်နေခဲ့တာ။ "
သူ့သမီးလေး ဝမ်းနည်းစွာ ငိုနေတာကို မြင်လိုက်ရတော့ မိုဟွာဝမ် ရဲ့ မျက်လုံးတွေ နီရဲလာတယ်။ အချစ်သည် သူ့နှလုံးသားထဲသို့ တိုးဝင်လာသလို ခံစားလိုက်ရသည်။
"တုန်းအာ က ဖေဖေ့ကို အရမ်းလွမ်းတယ်။ ဖေဖေက သမီးဆီ ဘာလို့စာပြန်မပို့တာလဲ ၊ သမီးက အဖေ့ဆီကို စာတွေ အများကြီး ရေးပြီးပို့ခဲ့တာ ၊ ဒါပေမယ့် အဖေက တုန်းအာကို လျစ်လျှူရှုထားတယ်"
မိုဟွာဝမ် ငိုရှိုက်ရင်း လေသံပျော့ပျော့ကို ကြားလိုက်ရသောအခါ မိုဟွာဝမ်၏ နှလုံးသားသည် ပို၍ပင် နာကျင်လာသည်။ ထို့နောက် မို့ရွှီတုန်းပြောတာကို ရုတ်တရက် သဘောပေါက်လိုက်သည် ။ သူ့မျက်နှာက မည်းမှောင်သွားပြီး ရုတ်တရက် ဒေါသ ထွက်သွားတယ်။
တုန်းအာ က သူ့ကို စာတွေ အများကြီးရေးပို့ခဲ့တာလား ။ တုန်းအာက သူပို့တဲ့စာတွေကို မရရှိခဲ့ဘူးလား။ သူ သူမကို လတိုင်း စာတစ်စောင် ပို့တယ်လေ ။
"တတိယ သခင်မလေး ၊ နင်ပြန်လာတာနဲ့ ဘာလို့ ငိုနေတာလဲ ၊ ဘာလို့ သခင်ကြီးကို ဝမ်းနည်းအောင်တောင် လုပ်နေရတာလဲ ၊ မသိတဲ့သူတွေဆို တတိယသခင်မလေးကို အနိုင်ကျင့်နေတယ်လို့ ထင်လိမ့်မယ်၊ အိမ်ကိုပြန်လာပြီး မင်းအဖေကို တိုင်တည်နေတယ်!"
အဒေါ်ဖန်၏ နူးညံ့သိမ်မွေ့သော အသံသည် ထိုအချိန်တွင်ပင် အဖေနှင့်သမီးကြား ငြိမ်းချမ်းသော လေထုကို လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုက်သည်။
အဒေါ်ဖန်၏မျက်နှာပေါ်တွင် ချိုမြိန်သောအပြုံးကိုမြင်သောအခါတွင် မို့ရွှီတုန်းသည် သူမခံစားခဲ့ရသောမုန်းတီးမှုကို ဖျောက်ဖျက်ရန် အလွန်ပင်ကြိုးစားခဲ့ရသည်။ သူမ၏ နှုတ်ခမ်းပေါ်မှ အေးစက်သော အပြုံးကို တွန်းလှန်ရင်း မို့ရွှီတုန်း သည် မိုဟွာဝမ်၏ ပွေ့ဖက်မှုမှ နောက်ပြန်ဆုတ်သွားသည်။
"အဖေ၊ တုန်းအာ မှားသွားပြီ။ သမီးမထိန်းနိုင်ပဲ့ ငိုမိသွားတဲ့ပုံစံကို အဖေ့မြင်ပြီး အဖေ့ကို ဝမ်းနည်းသွားစေမိပြီ ။ တုန်းအာက တကယ့်ကို မကောင်းတဲ့ သူပါ "
ထို့နောက် သူမသည် အားတင်းကာ ဒူးထောက်ထိုင်ချလိုက်ပြီး သူမ၏ မျက်ရည်များကို တိတ်တဆိတ် သုတ်နေသည်မှာ ထင်ရှားသည်။ သို့သော် ဤအရာက သူမ မျက်ရည်များကို ပို၍ပင် စီးကျစေခဲ့သည်။
သူမက ဘေးနားမှာ ရပ်နေတဲ့ အဒေါ်ဖန်ကို တစ်ချက် ခိုးကြည့်ပြီး ခေါင်းကို ကမန်းကတန်း ငုံ့လိုက်တယ်။ သူမသည် ထိတ်လန့်လွန်းလို့ တခြားဘာမှ မပြောရဲတော့သည် ပုံစံပင် ။ သူမက ငိုရှိုက်သံများကို နှိမ့်ချရန်ကြိုးစားရင်း ငြီးငွေ့ဖွယ်အသံများကိုသာ ကြားနေရသည်။
သူမ၏ သွယ်လျသော ခန္ဓာကိုယ်သည် ကြိုးစားအားထုတ်မှုနှင့်အတူ တုန်လှုပ်သွားကာ သူမကို သနားစဖွယ်ဖြစ်စေသည်။
မိုဟွာဝမ်သည် မို့ရွှီတုန်းက အဒေါ်ဖန်အား အလွန်ထိတ်လန့်သွားသည်ကို မြင်သောအခါ အဒေါ်ဖန်အား မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေလေသည်။
ဒါက အဒေါ်ဖန်ကို ထိတ်လန့်တုန်လှုပ်စေကာ သူမ ပြောမည့်စကားကို ရပ်လိုက်သည်။ မိုဟွာဝမ်သည် သူမအား လျစ်လျူရှုကာ မို့ရွှီတုန်းကို ကူညီရန် တိုးတိုးတိတ်တိတ် အသံဖြင့် နှစ်သိမ့်ခဲ့သည်။
"တုန်းအာ မကြောက်ပါနဲ့ ။ ဖေဖေ ဒီမှာ ရှိတယ်လေ ။ နောက်မှာ တစ်ခုခုလိုအပ်တာရှိရင် အဖေကို ပြောပြနိုင်တယ် ။ အဖေတို့ အနာဂတ်မှာ တိမ်တိုက်မြို့ကို လုံးဝမသွားတော့ဘူး၊ ဒီမှာ အရာအားလုံးက အရင်အတိုင်းပါပဲ။ မင်းရဲ့ ခြံဝင်းကလည်း အရင်ကနာမည်အတိုင်း နာမည်တူနေတုန်းပဲ။ မင်းစိတ်မ၀င်စားတာရှိရင် အဖေ့ကိုပြောပါ!"
"ဟုတ်ကဲ့ ဖေဖေ၊ တစ်ခုခုဖြစ်ရင် သေချာပြောပြပေးပါ့မယ်။ သမီး မေမေဆုံးပြီးတစ်နေ့တုန်းက ရေအိုင်ထဲ လဲကျပြီး ရေနစ်လုနီးပါး ဖြစ်သွားပါတယ်။ သမီး နိုးလာတော့ ဆိုးဆိုးရွားရွား နေမကောင်းဖြစ်ခဲ့တယ် ။ အဲဒါကြောင့် ချင်းမိသားစုဆီကို သမီး စာတစ်စောင် ပို့ခိုင်းလိုက်တယ်။ ဒါပေမဲ့ အဖေသမီးကို လုံးဝလစ်လျူရှုထားမယ်လို့ မမျှော်လင့်ထားမီဘူး။ ဒါကြောင့် သမီးအရမ်းဝမ်းနည်းမီသွားတယ် ။ အဲဒါကြောင့်......."
မို့ရွှီတုန်းက ချစ်စဖွယ်ပြောပြီး သူမရဲ့လှပတဲ့မျက်နှာကို မော့ကြည့်ပြီး မျက်ရည်တွေကို သုတ်လိုက်တယ်။
"မင်း ရေနစ်လုနီးပါး ဖြစ်သွားတယ်ဟုတ်လား ၊ မင်းက မြင့်မြတ်တဲ့ မိသားစုက မိန်းမငယ်လေး တစ်ယောက်ပါ ။ မင်း ရေကန်ထဲကို ဘယ်လို ပြုတ်ကျပြီး ရေနစ်သွားတာလဲ။ တုန်းအာ တစ်ခုခုဖြစ်သွားတာ ငါဘာလို့မသိခဲ့ရတာလဲ ။ ပြီးတော့ ချင်းအိမ်တော်ကလည်း ဘာလို့ ငါ့ကို သတင်းမပေးတာလဲ။ ?"
မိုဟွာဝမ်၏ အမူအရာ အေးစက်သွားသည်။ သူက အဒေါ်ဖန်ကို ဆက်ပြောလေသည် ။
"တုန်းအာရဲ ကိစ္စမှန်သမျှကို မင်းဆီကိုအပ်ထားတာမဟုတ်ဘူးလား ၊ အခုကဘယ်လိုဖြစ်ရတာလဲ"
"သူမက ရေနစ်လုနီးပါးဖြစ်သွားခဲ့တာလား ၊ ချင်းအိမ်တော်က ဒီအကြောင်းကို မဖော်ပြထားဘူး။ ဖြစ်နိုင်ရင် သူတို့က ငါတို့ကို စိတ်မပူစေချင်လို့ထင်တယ် ။ သူတို့က တို့ကို တစ်ခါမှ မပြောဖူးဘူး။ နောက်တစ်ခါဆို သေချာပေါက် မေးလိုက်ပါ့မယ်။ သခင်ကြီး၊ စိတ်မပူနဲ့နော် ၊ အခု တတိယမြောက်သခင်မလေးက အဆင်ပြေနေတာ မဟုတ်ဘူးလား၊ သူမ ပြန်လာတဲ့အတွက် အားလုံး ပျော်ရွှင်သင့်တယ်။"
အဒေါ်ဖန်သည် ထိုအဖြစ်အပျက်အတွက် သူမကို အပြစ်ပေးနေသည်ကို မြင်သောအခါ စိုးရိမ်စိတ်များ တိုးလာသည်။ သူမ ခေါင်းစဉ်ပြောင်းဖို့ အမြန်ကြိုးစားသဖြင့် မို့ဟွာဝမ်၏အမူအရာမှာ ညိုးငယ်သွားပြီး သူမကို အေးစက်စွာ စိုက်ကြည့်ကာ စကားမပြောတော့ပေ ။
မိုဟွာဝမ် ဒေါသထွက်နေသည်ကို မြင်သောအခါ အဒေါ်ဖန်သည် စိုးရိမ်သွားသည်။ သူမသည် မို့ရွှီတုန်းထံ အမြန်တက်ကာ ပြုံးလိုက်သည် ။
"တတိယသခင်မလေး ၊ မငိုပါနဲ့တော့နော် ၊ဒါက မင်းကျန်းမာရေးအတွက် မကောင်းဘူးလေ ။ မင်းရဲ့ခြံဝင်းကို တိုပြင်ဆင်ပြီးပြီး မင်းကိုစောင့်နေတာ ။ မင်းမကြိုက်တာရှိရင် တို့ပြင်လိုက်မယ်။"
ထို့နောက် သူမသည် ဘယ်ဘက်တံတောင်ဆစ်ကို မရည်ရွယ်ဘဲ ထိလိုက်မိပုံရသည်။ သူမသည် နာကျင်သောအသံကို ထုလုပ်ကာ နာကျင်နေပုံပေါ်ကာ လူတိုင်း၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
နာကျင်နေသော တံတောင်ဆစ်ကို မြင်လိုက်ရသောအခါ မို့ဟွာဝမ် ၏ မကျေမနပ်မှုသည် တဖြည်းဖြည်း လျော့ပါးလာသည်။
သူမသည် တုန်းအာရဲ့ အညိုအမည်းရောင်အကြည့်ကိုမြင်လိုက်သောအခါ နောက်ဆုံးသောမကျေနပ်မှုအနည်းငယ်မှာ သူလုံးဝမှေးမှိန်သွားသလို ခံစားလိုက်ရသည်။ သူ့မျက်လုံးတွေ လင်းလာသည်
"အဒေါ်ဖန်ရဲ့ တံတောင်ဆစ်က ဘယ်လို ဒဏ်ရာရလာတာလဲ"
မို့ရွှီတုန်း သည် သူမ၏မျက်နှာမှ မျက်ရည်များကို သုတ်လိုက်ပြီး အဒေါ်ဖန်ထံ ချဉ်းကပ်ကာ ထိုင်ခုံပေါ်တင်ကာ ကူညီသည်။ သူမ၏ လက်ချောင်းများသည် အမျိုးသမီး၏ ဘယ်ဘက်လက်မောင်းကို ပေါ့ပေါ့ဆဆ ဆန့်ထုတ်လိုက်ပြီး မထီမဲ့မြင်ပြုမှုက မျက်လုံးထဲတွင် ပေါ်လာသည်။
အဒေါ်ဖန်သည် မို့ရွှီတုန်း ရဲ့ ခြံဝင်းကို ကိုယ်တိုင်ကိုယ်ကျ သန့်ရှင်းရေးလုပ်ရင်း သူ့လက်ကို ထိခိုက်မိသွားတယ်လို့ ပုံစံပေါ်အောင်သရုပ်ဆောင်နေသည် ။ အဒေါ်ဖန် သရုပ်ဆောင်နေတယ်ဆိုတာကို သူမသိတော့ သဘာဝကျကျနဲ့ လိုက်မေးနိုင်ပြီး အံ့သြတဲ့ပုံစံဖြင့် မျက်လုံးများ ပြူးကျယ်ပြလိုက်တယ်။
သူမသည် သူ့ကိုယ်သူ အေးစက်စွာ ရယ်မောလိုက်သည်။ အဒေါ်ဖန်က ဒီကိစ္စကို အကြီးအကျယ် ရှုပ်ပွနေအောင် ခွင့်မပြုဘူးဆိုရင် နောက်ပိုင်းမှာ ဖျော်ဖြေပွဲကို ဘယ်လို ဖျက်ဆီးနိုင်မှာလဲ။ အဒေါ်ဖန်၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့သွားသည်။ ဒါပေမယ့် သူမက ပြုံးစိစိနဲ့ ဆက်ပြောလေသည်
"ဘာမှမဟုတ်ပါဘူး။ ငါသတိမထားမိလို့ တစ်ခုခုနဲ့ တိုက်မီသွားတာပါ ၊ စိတ်မပူပါနဲ့"
မိုဟွာဝမ်က ဆိုလေသည် ။" အဒေါ်ဖန်က တုန်းအာ ပြန်လာတာကို သိလိုက်ရတော့ အရမ်းပျော်သွားတယ်။ အိမ်အကူတွေက ဂရုမစိုက်တော့မှာကို စိုးရိမ်ပြီး အိမ်ဝင်းကို ကိုယ်တိုင်ကိုယ်ကျ သန့်ရှင်းရေးလုပ်ဖို့ သွားခဲ့တယ်။ ဒါပေမယ့် မင်းရဲ့ဗီရိုထဲကို တိုက်မိပြီး သူ့လက်မောင်းထိခိုက်သွားသည်။ သူမနာကျင်နေတုန်း လက်မောင်းတောင်မထိနိုင်သေးဘူး!"
"အို သခင်ကြီး၊ ဒါက မင်းရဲ့ ကိုယ်လုပ်တော်တစ်ယောက် အနေနဲ့ လုပ်သင့်တဲ့အရာပါ ။ တတိယမြောက်သခင်မလေး ပြန်လာတာကို တွေ့ရလို့ တို့ တကယ်ကို ဝမ်းသာတယ်။"
အဒေါ်ဖန်က နူးညံ့သောအပြုံးဖြင့် ချက်ချင်းပြောသည်။
"အဒေါ်ဖန် မင်းရဲ့ကျေးဇူးက မိုအိမ်တော် ပေါ်မှာ ကောင်းချီးတစ်ခုပဲ"
ဘေးနားမှာ ရပ်နေတဲ့ နန်နီလီက စကားပြောဖို့ အခွင့်အရေးကို မြန်မြန်ယူလိုက်တယ်။ သူမ မျက်လုံးတွေကို လက်ကိုင်ပုဝါကို ကိုင်လိုက်ပြီး မရှိတော့တဲ့ မျက်ရည်တွေကို သုတ်လိုက်တယ်။
"အဒေါ်ဖန်က တတိယမြောက်သခင်မလေးကို အရမ်းဂရုစိုက်တာ ။ သူ့ကျန်းမာရေးကိုတောင် ဂရုမစိုက်ဘူး။ အဒေါ်ဖန်က လွန်ခဲ့တဲ့ ရက်အနည်းငယ်က နေမကောင်းဖြစ်သွားခဲ့တာ "
"မှန်ပါတယ်၊ မိခင်အရင်းတောင် ဒီလိုမလုပ်နိုင်ဘူး!"
"တတိယသခင်မလေး မင်းက အရမ်းကံကောင်းတာပဲ၊ အဒေါ်က မင်းကို အရမ်းသဘောကျပြီး မင်းအတွက် တတ်နိုင်သမျှ လုပ်ပေးဖို့ ကြိုးစားတယ်။ ပထမသခင်မလေး ထက်တောင် မင်းကို ပိုကောင်းအောင် ဆက်ဆံတယ်!"...
အဒေါ်ဖန်ရဲ့ အိမ်အကူက အဒေါ်ဖန်အကြောင်း ကဗျာဆန်စွာ ပြောလေသည် ။ အခန်းထဲတွင် သူတို့၏ ချီးကျူးစကားများဖြင့် ပြည့်နေသည်။ အဒေါ်ဖန်ကိုကြည့်သည် မိုဟွာဝမ်၏ အကြည့်များသည် ပို၍ပင် နူးညံ့လာသည်။
"ဖေဖေ...အဒေါ်က ကျွန်မကို ကောင်းကောင်းဆက်ဆံတယ်။ ကျွန်မ..."
မို့ရွှီတုန်းက အလွန်ထိမိသွားပြီး သူမ၏မျက်လုံးများက မှုန်မှိုင်းနေသည်။ အဒေါ်ဖန်ကိုကြည့်ရင်း မျက်ရည်စက်လက်နဲ့ ပြောကာ ဖြူဖျော့တဲ့ပါးပြင်ပေါ် မျက်ရည်တွေ စီးကျလာလို့ မျက်လုံးတွေ မှိတ်တုတ် မှိတ်တုတ် ဖြစ်လာသည် ။
"ဟိုတုန်းက သမီး အသိဉာဏ်မရှိလို့ပါ ။ဒါကြောင့် အခုကစပြီး အဒေါ်စကား နားထောင်ပါမယ်...!"
သူမ၏ အတိတ်ဘဝတွင် သူမသည် ထိုသို့သော စကားမျိုး မပြောခဲ့ဘဲ အဒေါ်ဖန်၏ ကြံစည်မှုတွင် မသိလိုက်ဘဲ ကျဆင်းသွားခဲ့သည်။ အဒေါ်ဖန်၏စကားကို သူနာခံခဲ့သည်။
ဒီဘဝမှာတော့ အဒေါ်ဖန်ရဲ့ ကြံစည်မှုကို ပျက်ပြားစေဖို့အတွက် သူဒီလိုပြောရမည်။ သူမသည် သူမ၏ဘဝကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်စေရန် မိုအိမ်သို့ ပြန်လာခဲ့သည်။ အဒေါ် ဖန်သည် အိမ်ရှိအရာရာကို ချုပ်ကိုင်ထားနိုင်သည်၊ သူ့အဖေက သူ့ကို စွဲလမ်းနေသော်လည်း အိမ်တွင်းရေးကိစ္စများကို အနှောင့်အယှက်ပေးမည်မဟုတ်ပေ။
သူမလုပ်နိုင်သမျှသည် သူ့အဖေ၏နှလုံးသားထဲတွင်ရှိသော အဒေါ်ဖန်၏ ကျက်သရေရှိပြီး သိက္ခာရှိသော ပုံရိပ်ကို ဖြည်းညှင်းစွာ ဖျက်ဆီးပစ်ရန်ဖြစ်သည်။ မိုဟွာဝမ်သည် အဖျားတက်နေသော မိခင်နှင့် ဝတ်ကြီးသမီးငယ်ကို မြင်သောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူအရမ်းပျော်သွားကာ ဆိုလေသည် ။
"ကောင်းပြီ၊ ကောင်းပြီ၊ မငိုနဲ့တော့။ မင်းတို့ နှစ်ယောက်လုံးက နေမကောင်းကြဘူး၊ ဒီအတွက် မင်းရဲ့ ကျန်းမာရေးကို မထိခိုက်စေနဲ့။ အတိတ်ကို ထပ်ပြီး မတွေးကြည့်ရအောင်။ တုန်းအာက အခု ရှိနေပြီပဲ့ ၊ တုန်းအာ ကြီးလာတဲ့အထိ မိသားစုလိုက် မြို့တော်မှာ ကောင်းကောင်းနေနိုင်ပြီ”
သုံးယောက်သား ထိုင်နေကြပြန်သည်။ အိမ်အကူတွေက လက်ဖက်ရည်ကို ယူလာပြီး မို့ရွှီတုန်းက အိမ်အကူဆီက လက်ဖက်ရည်ကို လက်ခံပြီး အဒေါ် ဖန်ဆီ ယူလာပေးတယ်။ သူမက အဒေါ်ဖန်ကို ကျေးဇူးတင်တဲ့ အပြုံးနဲ့ သူ့မျက်နှာကို ပေးလိုက်ပြီး
“အဒေါ် ၊ တို့ကြောင့် မင်းကိုယ့်ကိုကိုယ် ဒဏ်ရာရအောင် လုပ်မိလို့ စိတ်မကောင်းပါဘူး။ တို့ လက်ဖက်ရည်တစ်ခွက် တိုက်မယ် ၊ အဒေါ် ရဲ့လက်မောင်းတွေ မြန်မြန်သက်သာလာမယ်လို့ တို့ မျှော်လင့်ပါတယ်။ တို့ကိုစိတ်မပူနဲ့နော် ၊ ပြီးတော့ အစ်မကိုလည်း အပြစ်မတင်ပါနဲ့"
ထို့နောက် သူမ ဒူးထောက်သွားသလို ဟန်ဆောင်သည်။ အဒေါ်ဖန်သည် ယဉ်ကျေးသိမ်မွေ့ပြီး ကျက်သရေရှိသောမိခင်တစ်ဦးအဖြစ် ဟန်ဆောင်နေသောကြောင့် သူမသည် မို့ရွှီတုန်းအတွက် အခက်အခဲဖြစ်စေမည်မဟုတ်ပေ။
သူမသည် မို့ရွှိတုန်း၏လက်ဖက်ရည်ကိုမသောက်ဝံသဖြင့် မို့ရွှီတုန်း၏လက်ကို ကိုင်ထားပြီး သူမကို တားချင်နေသည်။ မို့ရွှီတုန်း သည် မိသားစု၏တရားဝင်သမီးတော်ဖြစ်ပြီး သူမသည် ကိုယ်လုပ်တော်ဖြစ်သည်။ မို့ရွှီတုန်းသည် ကိုယ်လုပ်တော်အား အမှန်တကယ် ဒူးထောက်လိုက်လျှင် ပြဿနာဖြစ်လိမ့်မည်။
အဒေါ်ဖန်သည် ယဉ်ကျေးသိမ်မွေ့ပြီး ကြင်နာတတ်ကြောင်း မိုဟွာဝမ်ရှေ့မှာ ဟန်ဆောင်နေရဆဲဖြစ်သည်။ အဒေါ်ဖန်က က လက်မခံကြောင်း အခိုင်အမာပြောနေချိန်တွင် မို့ရွှီတုန်းက လက်ခံရန် အခိုင်အမာဆိုသည်။
နှစ်ယောက်သား အသာတကြည့် တွန်းဆွဲနေကြသည်။ နှစ်ယောက်သား တွန်းဆွဲလိုက်တာနဲ့ သူတို့ရဲ့ လုပ်ရပ်တွေက ပိုလို့တောင် ရိုင်းလာတယ်။ မို့ရွှီတုန်း သည် အမြဲတမ်း အားနည်းနေပြီး အဒေါ် ဖန်ကို မယှဉ်နိုင်ပါ။
အဒေါ်ဖန်က မို့ရွှီတုန်းကို ဆွဲတင်လိုက်သည် ။ မို့ရွှီတုန်းသည် လက်ထဲက လက်ဖက်ရည်ခွက်ကို အဒေါ်ဖန်ရဲ့ ဘယ်ဘက်လက်မောင်းကို “မတော်တဆ” ပုံစံဖြင့် ပြင်းပြင်းထန်ထန် တိုက်ချလိုက်သည် ။ အဒေါ်ဖန်သည် နာကျင်ကာ ကျယ်လောင်စွာ အော်လိုက်တယ်။
မို့ရွှီတုန်း သည် စိတ်ပူပြီး အလျင်အမြန်ပင် သူ့မျက်နှာသေးသေးလေးက မျက်ရည်တွေရွှဲပြီး စိုးရိမ်တကြီးနဲ့ ပြောလေသည်
"အဒေါ် စိတ်မကောင်းပါဘူး၊ ဒီလိုဖြစ်လာဖို့ မရည်ရွယ်ပါဘူး။ အပူလောင်ထားတဲ့နေရာကို တို့ ကြည့်ပါရစေ။ အင်္ကျီကို အမြန်ဆွဲတင်လိုက်ပါ။"
"အပူလောင်တဲ့ဒဏ်ရာက ကြည့်ရင် ကြောက်စရာကောင်းပါတယ် "
သို့သော် မို့ရွှီတုန်းသည် အဒေါ်ဖန်၏ လက်နှစ်ဖက်ကို ဆွဲကိုင်ကာ သူမ၏ဒဏ်ရာကို ကြည့်ချင်သည်။ မို့ရွှီတုန်း ရဲ့ စိုးရိမ်စိတ်နဲ့ ယှဉ်ရင် အဒေါ် ဖန်က ပို၍ အေးဆေးနေပုံပေါက်သည် ။
"မလိုပါဘူး၊ အဆင်ပြေပါတယ်!"
သူမသည် မို့ရွှီတုန်း ကို အဝေးသို့ တွန်းထုတ်လိုက်ပြီး သူမ၏ လက်ကို ပြင်းထန်စွာ ခါလိုက်သည်။ ရေကို လတ်လတ်ဆတ်ဆတ် ကျိုထားသောကြောင့် လက်ဖက်ရည်သည် အလွန်ပူသည်။ ပူလောင်နာကျင်မှုကို လျှော့ချလိုသော မသိစိတ်ဖြင့် သူမသည် မို့ရွှီတုန်း၏လက်ကို တွန်းထုတ်လိုက်သည်။
............................................................................
Translated by Chai