ချစ်ခြင်းတို့အလွန်
By maiyuri18
1.1M 55.1K 2.1K
ကျွန်တော်ဘဝမှာ ချပြစရာဆိုလို့ ခင်များ ကို ချစ်ခဲ့မိတဲ့နာကျင်စရာနောင်တ ကလွဲ ဘာမှမရှိဘူး။ အဆိုးထဲကအကောင်းဆိုရမယ... More
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း (၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း (၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅)
တောင်းပန်ခြင်းနှင့်အသိပေးခြင်း
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၃)
အပိုင်း(၃၄)
အပိုင်း(၃၅)
အပိုင်း (၃၆)
အပိုင်း(၃၇)
အပိုင်း (၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း (၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း (၄၈)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း (၅၇)
အပိုင်း (၅၈)
အပိုင်း (၅၉ )
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း (၆၂)
အပိုင်း(၆၃)
အပိုင်း (၆၄)
အပိုင်း (၆၅)
အပိုင်း (၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀) ဇာတ်သိမ်းပိုင်း (၁)
အပိုင်း(၇၁)ဇာတ်သိမ်းပိုင်း(၂)
Alert🔕
ဇာတ်သိမ်း
Extra (1) Birthday present 💙
Extra (2)
Extra (3)
Extra(4)
Extra (5) Final
အပိုင်း (၁၉)
11K 515 0
By maiyuri18
" အ့...ကိုကို...."
ကျွန်တော် နမ်း လိုက်လို့ နီရဲနေတဲ့ ပါးပြင်လေးကို ကိုင်ပြီး၊ ကျွန်တော်ကို မော့ကြည့်နေတဲ့ အံ့ဩခြင်းတွေနဲ့ ကလေးမျက်နှာ ။ ဒါ မင်းရဲ့ကိုကိုလေ! လို့ မော်ကြွားနေတဲ့ မျက်နှာပေးနဲ့ ခေါင်းဆက်ပြမိတယ်။ ဘေးက ရာဇာနှင့်တစ်ခြားဝိုင်းမှ စားသောက်နေသူတွေ ဘယ်လိုထင်မလဲ စိတ်မဝင်စားဘူး။ ကလေးရဲ့ စိတ်ထဲ ကိုကိုက သိပ်ချစ်တယ်ဆိုပြီး ယုံကြည်စေချင်တာ အပြုအမူကအစ သေချာပြင်ဆင်ပေးထားတာ။
"ဟား.. သိပါပြီကွာ..မင်းရဲ့ဆိုင်ရာပိုင်ရာတွေ ထုတ်ကြွားနေစရာမလိုပါဘူးဟ"
မင်း ဘာဖြစ်ချင်လဲ ရဲရင့်၊ ငါတို့အတိတ်က ပြသနာ ခုထိ မင်းမကျေနပ်သေးဘူးလား။ ကြာခဲ့ပြီ
ဆယ်ကျော်သက်အရွယ် ကလေးစိတ်နဲ့ မင်းရဲ့ကောင်လေးကို လုလိုက်သလိုဖြစ်ခဲ့မိတယ်။ ငါတကယ်ချစ်ခဲ့မိလို့ ၊ အဲ့ကောင်ငယ်ငယ်လေးကို မြတ်နိုးမိတာ ငါမှားလား။ သူကမင်းရဲ့ရည်စားမှန်း နောက်မှ ငါသိရတာ ငါတောင်းပန်ခဲ့တယ်။ သူငယ်ချင်း ရဲ့ ကောင်လေးကိုဘယ်တော့မှ လု ကြိုက်မှာမဟုတ်ဘူးလို့ ငါဆုံးဖြတ်ပြီးပြီ။ မင်းက အတ္တကြီးလှကြီးလား။ခုလည်း ဘာသဘောနဲ့ ငယ်ရွယ်တဲ့ကလေးငယ် ကို ငါနဲ့ပေးတွေ့ပေးတာလဲ။ မင်း ဘာကိုရည်ရွယ်သလဲ ငါသိတယ်။ ငါအကျန် ကောက်မစားဘူး ရဲရင့်။ ဒီကောင်ငယ်လေးကိုတော့ သနားတယ်။ ရဲရင့်က လူချမ်းသာပီပီ ဘာကိုမှ တန်ဖိုးမထားဘူး။ သူစိတ်ပျော်နေဖို့တစ်ခုပဲ ကြည့်တက်တာ၊ သူ့စိတ်ထဲမင်းကမလိုအပ်ဘူးဆိုရင် မင်းကိုအရင်ကောင်လေးတွေလိုပဲ လွင့်ပစ်ခံရမှာပဲ။ ရဲရင့်က သိပ်ကြောက်ဖို့ကောင်းတာ မင်းမသိဘူးလား ကောင်ငယ်လေးရာ။
" အင်း..ငါ့ကလေးက မူန့်လုပ်တက်ချင်တယ်၊  ချက်ပြုတ်တက်ချင်တယ်တဲ့ ။ မင်းသင်ပေးလိုက်၊ ဘယ်သင်တန်းမှ ငါ စိတ်မချဘူး၊ ကလေးက ငယ်သေးတော့ ဘာတစ်ခုမှအမှားမခံနိုင်ဘူးလေ။  သိတယ်မဟုတ်လား ခု​ေခတ်က ပိုင်ရှင်ရှိနေတာတောင် ဖြတ်လုနေကြတာ အရမ်း Hot ဖြစ်နေတယ်။ အပြင်သင်တန်းမှာ အများနဲ့အတူတက်ခိုင်းမိလို့ တစ်ခုခုဖြစ်ရင် ငါရင်ကျိုးရချည့်ရဲ့...ဟား.."
ကိုကိုက ဒီအစ်ကိုနဲ့ သူငယ်ချင်းတွေ မဟုတ်ဘူးလား။ ဘာလို့ တစ်ယောက်နဲ့တစ်ယောက် တမျိုးကြီးဆက်ဆံနေကြတာလဲ။ သူငယ်ချင်းလို့လည်း ပြောသေးတယ်။ ငါကို အပြင်သင်တန်း မထားဘူးတဲ့ ၊ တစ်ခုခုဖြစ်မှာစိုးလိုတဲ့။ ကလေးအပေါ် သိပ်ချစ်တာပဲလားဟင်....တကယ်ကိုအထိခိုက်မခံနိုင်တဲ့သဘောလား။ တော်ပြီ ကျေနပ်ပြီ...ကိုကိုစိုးရိမ်မူစကားလေးတစ်ခွန်းနဲ့တင် ဒီကောင်သေပျော်နေပြီ။ ချစ်လိုက်ကိုကိုရာ...
" ဟင်...အင်း...မဖြစ်လောက်ဘူး၊ ငါကကြ သင်တန်းကျောင်းမှာ အမြဲရှိနေမှဖြစ်မှာ..အဲ့ဒါ မပြေလောက်...."
" ရတယ် ငါ အပို့/အကြို လုပ်ပေးမှာ မင်းကတော့ ကလေးငယ်ကို သီးသန့်သင်ပေးဖို့ပဲ ..လိုအပ်တာအကုန်လုပ်ပေးမယ်၊မင်းဆီစိတ်ချရမယ် ယုံကြည်လို့ ငါပို့ပေးတာ မင်းကြောင့်တော့ ဘာမှမဖြစ်စေရဘူးမဟုတ်လား...အဟက်...ထားပါ ငါ့ကလေးကို မင်းတာဝန်ယူ သင်ပေးရမယ် ၊ မနက်ဖြန်ကစ ငါကလေးကို ပို့ပေးမယ် သင်မယ့်timetable ကိုတော့ မင်း ချိန်ပေါ့.."
ကော်ဖီခွက်ကို တစ်ချက်မော့သောက်ပြီး  ပြုံးနေလိုက်တယ်။ လုပ်စမ်းပါ ငါ့ကောင်ရ..မင်းက cute type  အကြိုက်လေ..ငါ့ကလေးငယ်က မင်းလိုချင်တဲ့ ပုံစံမျိုးမဟုတ်လား။ သိပ်ရိုးသားပြီး သိပ်လှတာလေ။  ဘာလဲ ငါက ဒါနပြုနေတာတောင် မင်းက ရှောင်ပြေးချင်တာလား၊ အရင်ကကြ ငါနဲ့တွဲနေတာတောင် ဖြတ်လုတဲ့ကောင်က။ ခု မင်းမဟုတ်သလို လာမလုပ်နဲ့ မရဘူး..ငါက Jason...ခပ်ညံ့ညံ့ကောင်မဟုတ်ဘူး။
"ကလေး "
"ဗျာ "
"သူက ကလေးရဲ့ဆရာ ဖြစ်မှာနော်၊ ကလေးက ဆရာအပေါ် မဆိုးရဘူး ၊ သေချာသင်ယူနော် ကိုကိုက ကလေးလက်ရာကို စားဖို့ မျှော်နေပြီဗျ၊ လိမ်မာတဲ့ကလေးက ကိုကိုစကားနားမယ်ဟုတ်"
"ဟုတ်ကဲ့ဗျ.....ကလေးသေချာသင်ယူပါ့မယ်"
"အင်း ကိုယ့်ကလေးက လိမ်မာတယ်..အပြန်ကြ ကိုကိုရဲ့ အတွင်းရေးမှူးကလိုက်ပို့လိမ့်မယ် အိမ်မှာအေးဆေးနားနေနော်"
ဘေးခုံမှာ ကျွန်တော်နဲ့ရာဇာ ပြောသမျှကို မျက်လုံးလေး ဝိုင်းပြီး ကြည့်နေရှာတယ်။ လက်ဖျားလေးကို ထပ်ပြီးဆုပ်ကိုင်မိတော့ အေးစက်နေတဲ့အထိအတွေ့က မင်းလူကြောက်လေးမှန်းသိသာစေတယ်။ မကြောက်ပါနဲ့ ကလေးငယ်...ဒါထက်ဆိုးရွားတာတွေ့ကြုံရအုံးမှာမို့ ကြောက်စိတ်ကိုထိမ်းထားအုံး။
"ဟုတ်ကဲ့ဗျ.."
"သူဌေး ကျွန်တော်ရောက်ပြီ"
" အင်း..ကလေး ကိုလင်းနဲ့ ပြန်လိုက်သွားနော် ကိုယ့်ကိုနားလည်ပေး...စိတ်ကောက်နေလည်း ညမှကိုကို ချော့မယ်...ပြွတ်စ် "
ကျွန်တော်ပြောသမျှကို ခေါင်းညိတ်၍သာ အဖြေပြန်ပေးတဲ့ ကလေးငယ်ကို သဘောကျပြုံးမိပြီး နဖူးလေးအားကြင်နာစွာ နမ်းရိူက်မိတယ်။ ဘယ်လိုတွေတောင်ကဲနေလဲလို့ မင်းတွေးနေတယ်မဟုတ်လား ရာဇာ သူငယ်ချင်းကြီး။ ဟုတ်တယ် မင်းထင်သလို အဲ့ဒါအလိမ်အညာတွေပဲ ..အဲ့ဒါ ငါလေ။ အကြောင်းမရှိပဲ မလုပ်ဘူး၊ အရာရာက သူ့အကြောင်းနဲ့သူပဲ ငါကအလိုက်သင့်ဖန်တီးပေးတက်ရတာပေါ့။
" ငါပြန်မယ် ရဲရင့်..မင်းကလေးအတွက် သင်ကြားရမယ့် timetable ကိုညကြ e-mail ပို့လိုက်မယ်"
"Okay ဗျာ  "
တနေ့ကုန်အလုပ်ထဲ အာရုံထည့် ပြီး လုပ်နေမိတယ်။ နေ့လည်စာ စားဖို့ ကလေးက လှမ်းသတိပေးမှ အချိန်ကြည့်မိတဲ့အဖြစ်။ အပါးက အိမ်တော်မှာ အနားယူနေပြီမို့ ၊ ကိုယ်တိုင် အကုန်စနစ်တကျ အုပ်ချုပ်ပြီးစနစ်တကျလုပ်နေရသည်။ အသက်ငယ်တဲ့ကိုယ်ကို မယုံကြည်သလို ပြောလာချင်တဲ့ တချို့ သောshare ရှင်တွေကြား ငါဘာလဲဆ်ုတာ လက်မထောင်နိုင်အောင် ကြိုးစားခဲ့တယ်။ အပါးတို့စိတ်ချသည့်အခြေအနေ တစ်ခုထိ ကြိုးစားခဲ့တယ်။Jack မရှိတော့ HANTHAR GROUP က ကျွန်တော်ပုခုံးပေါ်ကျရောက်လာပြီ။ အပြိုင်အဆိုင်များတဲ့ စီးပွါးရေးလောက ၊ ကွက်ကျော်ရိုတ် ပြီး အားနည်းသူကို ထိုးချ နေရယူ တက်သည့် သည်လောကမှာထောက်ပြစရာ ဟာကွက်မရှိအောင် ကြိုးစားရတာ နည်းတဲ့ခွန်အားတဲ့လား။ ကိုယ်တိုင်ကလည်း အလုပ်တစ်ခုကို ဆောက်ချလုပ်တက်သည့်လူမို့ ကြိုးစားသမျှ အောင်မြင်လာခဲ့တယ်။ Company မှာ စိတ်ချရမယ့် လူတွေကို အချင်းချင်းလက်တွဲ ညီအစ်ကို ၊သူငယ်ချင်းလို ဆက်ဆံရေးမျိုးနဲ့ မိသားစု တစ်ခုသဖွယ် ကြိုးစားလာခဲ့သည်။ ခုထိတော့ တခြားသူ ယှဉ်မရသေးသော HANTHAR GROUP ကို  ပိုမြင့်အောင်သာကြိုးစားနေရသည်။ ကိုယ်လက်ထက်မှ ကျရူံးလို့မဖြစ်ပါ။ ပို၍ အောင်မြင်ခြင်းဆီကိုသာ ဦးတည်၍ .....
" ကိုလင်းကို ငါဆီ လွတ်ပေး"
အပြင်ဘက်က အတွင်းရေမှူးဆီ တစ်ချက် ဖုန်းဆက်ပြီး ပြောမိသည်။ ကလေးအတွက် တခုခု စီစဉ်ပေးရမည်။
" ကိုရဲ ကျွန်တော်ရောက်ပြီ"
" ကလေးအတွက် အသုံးအဆောင်ပစ္စည်း၊ အဝတ်အစား၊ ဖိနပ်အကုန် စီစဉ်ပေးပါ ၊ မနက်ဖြန်ကစ ကလေးက ရာဇာဆီ သင်တန်းတက်မှာမို့ အပို့/အကြို ကိုလင်းတာဝန်ယူပေးပါ။ ကျွန်တော် အိမ်မှာ ကလေးရှိတော အပါးတို့မသိပါစေနဲ့၊ အပြင်ကို သတင်းမပေါက်ကြားပါစေနဲ့၊ နယ်က ကလေးမိဘတွေအကြောင်းရော စောင့်ကြည့်တာ အဆက်မပြတ်စေနဲ့။ ခုလောလောဆယ် ကလေးနဲ့ ပတ်သတ်တဲ့ ကိစ္စတွေကိုလင်း စီစဉ်ပေးပါ ၊ဒီမှာ card အဲ့ထဲက သုံးပေး စိတ်ချရမယ်မျှော်လင့်တယ်"
"စိတ်ချပါ ကိုရဲ ဆန္ဒအတိုင်း ဖြစ်စေရပါ့မယ်"
"Okay သွားလို့ရပြီ"
လူအများရှေ့မှ သူေဌးလို့ ခေါ်ရေပေမယ့် ကျန်တဲ့အချိန် ဆို ရင်းရင်းနှီးနှီး ဆက်ဆံဖြစ်ကြတယ်။ ကိုယ့်အလုပ်ရှင်က ညီအစ်ကိုလို သူငယ်ချင်းလို သူ့အချစ် ေရးရာကအစ ကိုယ်က လိုက်လုပ်ကိုင်ပေးရတာမျိုး၊ ကူညီပေးရတာမျိုး။ ခုလည်း သူေဌးက နယ်က ကောင်လေးတစ်ယောက်နဲ့ အတူေနကြတယ်။ ေကာင်းပြည့်လေးက နယ်ကလာတယ်၊ မိဘေတွက လယ်သမား လူရိုးဂုဏ်မာန်ကြီးသူ ေတွ။ ကိုရဲ ဘာတွေလုပ်နေလဲတော့မသိဘူး။ ကိုယ့်အလုပ်ရှင် ခိုင်းတဲ့အတိုင်းပဲ လုပ်တာကောင်းပါတယ်တွေးမိတယ်။  ကိုရဲ မှားေနရင် ေတာ့ ဝင် ေပြာဖို့ ဆုံးဖြတ်ထားတယ်။
" ကလေး ၊ ဘာတွေလုပ်နေလဲ"
Condo ပြန်ရောက်ရောက်ချင်း မတွေ့မိလို့ လိုက်ရှာမိတာ ၊ တွေ့ပါပြီ kitchen ထဲမှာ apron ခဲရောင်လေး ဝတ်ပြီး ဘာတွေ ချက်နေပါလိမ့်။ ရေချိုးပြီးခါစထင်တယ် ခေါင်းပေါ်က ရေစက်လေးတွေတွဲခိုနေကြတယ်။ ခေါင်းလျှော်ပြီးတိုင်း ရေကို ခြောက်အောင်သုတ်လေ့မရှိသောကလေးပေါက်။ နောက်မှ ကိုယ်ပိုင်သီးသန့်တုတ်ကြီးကြီး နဲ့ အပြစ်ပေးရမယ် အဟက်။
"ဟော...ကိုကို ပြန်ရောက်ပြီလား ၊ ကလေး မူန့်လေး လုပ်ကြည့်နေလို့ မသိလိုက်ဘူးဗျ"
"ကလေးက ကိုယ်ကိုဂရုမစိုက်ဘူးတာလား ၊ ကိုကို ပြန်လာတာတောင် မသိရအောင် ဘယ်အရာက ကိုကိုထက်အရေးကြီးလား ပြော ကလေး "
ကိုကိုက ကလေးလား ၊ ချစ်စရာကြီးဗျ ..သူပြန်လာတာကို မသိလိုက်ဘူးပြောမိလို့စိတ်ကောက်နေတာကြီးက။ ကိုကို က ကျွန်တော် ခါးကျဉ်ကျဉ်လေးကို နောက်ကနေ ဖက်ထားပြီ၊ ပုခုံးပေါ် ခေါင်းမှီထားတယ်။ ၆ပေကျော်အရပ်ကြီးမှ အားမနာ ကိုကိုစိတ်ကောက်ပြီးချွဲနေတာက တကယ်ချစ်စရာကြီးဗျာ။
" မဟုတ်တာ ..ကလေးဘဝမှာ ကိုကိုက အရေးကြီးဆုံးဗျ ..အရမ်းချစ်တာ သိရက်နဲ့"
"အရာအားလုံးထက်လား ကလေး "
"ဒါပေါ့ ကလေးကျိန်ဆိုပြရမလား ! ကလေးက ကိုကိုအပေါ် မေတ္တာအစစ်အမှန်ဖြင့်ချစ်ခဲ့ပါ၏ ၊ ထိုအရာက လိမ်ညာမိခဲ့ရင် ရင်ကွဲပြီးသေဆုံးရပါစေလို့! ကျိန်ပြရဲတယ်ကိုကို"
"မကျိန် ...မကျိန်ရဘူး...အဲလိုတွေလျှောက်မပြောရဘူး ကလေး...ကိုကိုမကြိုက်ဘူး"
ဘာတွေ ကျိန်ဆိုတာလဲ ကလေးရာ။ ကိုကို တစ်ခဏမျှ အသက်ရူရပ်မတက်ပဲ။ ကလေးက မေတ္တာစစ်နဲ့ ချစ်သလောက် ကိုကိုက...ဟား...။ ကြောက်မိတယ် ! ရင်ကွဲပြီးသေရပါစေ! ဆိုတဲ့စကားမျိုး မကြားရဲဘူး ၊ မကြားနိုင်သေးဘူး။ မင်းလေးကို မချစ်ပေးနိုင်ပေမယ့် သေသည်ထိတော့ မရက်စက်ပါဘူးကွာ။ ကိုယ်မေတ္တာ မမှန်ကန်ပေမယ့် အကောင်းဆုံးဆက်ဆံပေးပါ့မယ် ။
zawgyi
" အ့...ကိုကို...."
"ကလေး "
"ဗျာ "
"ဟုတ်ကဲ့ဗျ.."
"Okay ဗျာ "
"Okay သွားလို့ရပြီ"
" ကလေး ၊ ဘာတွေလုပ်နေလဲ"
Continue Reading
You'll Also Like
127K 17.7K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
18.8K 1.3K 44
The contents of this story are written only with the writer's thoughts and ideas, and do not want to hurt or insult any person or society. Started da...
1.2M 83.3K 71
နှုန်းဟာ အန္တရာယ်များတဲ့ သက်ရှိအနုပညာလေးပဲ တို့မိ၊ထိမိလိုက်တာနဲ့ ဘဝတစ်ခုလုံး ပုံအပ်ချင်မိလောက်တဲ့အထိ ဆွဲအားကြီးတယ်...။ ****************************...