သက်ညှာ၏ ခြေတော်ရင်း S1+S2 (သက...

By hnin_sat

13.2K 1.8K 925

သတ်လိုက သတ်ပါလေ... တစ်ခုပဲ...နောက်ဘဝအထိတော့ သက်ညှာရဲ့ အမုန်းအာဃာတ တွေကို ဒီကောင်ကြီး...မယူသွားပါရစေနဲ့... သတ... More

အပိုင်း ၁ (အပိုင္း ၁ )
အပိုင်း ၂ (အပိုင္း ၂)
အပိုင်း ၃ (အပိုင္း ၃)
အပိုင်း ၄ (အပိုင္း ၄)
အပိုင်း ၅ (အပိုင္း ၅)
အပိုင်း ၆ (အပိုင္း ၆)
အပိုင်း ၇ (အပိုင္း ၇)
အပိုင်း ၈ (အပိုင္း ၈)
အပိုင်း ၉ (အပိုင္း ၉)
အပိုင်း ၁၀ (အပိုင္း ၁၀)
အပိုင်း ၁၁ (အပိုင္း ၁၁)
အပိုင်း ၁၂ (အပိုင္း ၁၂)
အပိုင်း ၁၃ (အပိုင္း ၁၃)
အပိုင်း ၁၄ (အပိုင္း ၁၄)
အပိုင်း ၁၅ (အပိုင္း ၁၅ )
အပိုင်း ၁၆ (အပိုင္း ၁၆)
အပိုင်း ၁၇ (အပိုင္း ၁၇)
အပိုင်း ၁၈ (အပိုင္း ၁၈)
အပိုင်း ၁၉ (အပိုင္း ၁၉)
အပိုင်း ၂၀ (အပိုင္း ၂၀)
အပိုင်း ၂၁ (အပိုင္း ၂၁)
အပိုင်း ၂၂ (အပိုင္း ၂၂)
ဇာတ်သိမ်းပိုင်း (ဇာတ္သိမ္းပိုင္း )

အပိုင်း ၂၃ (အပိုင္း ၂၃)

437 60 43
By hnin_sat

Unicode

အိမ်မပြန်ရဲတော့တဲ့ဟိုဘီကို ယွန်းဂီခေါ်လာခဲ့တော့သည်။
ပြောရမယ်ဆိုရင် ခိုးပြေးသည်ပေါ့
တစ်ခြားကိုခိုးပြေးခြင်းတော့မဟုတ်
ဂျီမင်းဆီသို့ခိုးပြေးကြခြင်းသာ

ဂျီမင်းကအကြောင်းစုံနားလည်သူမို့
နှစ်ယောက်လက်ထပ်ပွဲကိုစီစဥ်၏။

ယွန်းဂီမိဘများမှာနဂိုထဲက ဟိုဘီကိုသားတစ်ယောက်လို့ချစ်နေကြတဲ့သူတွေမို့
အပစ်ပြောစရာမရှိပဲ အမြန်ဆုံးပင်လက်ထပ်စေချင်ကြတော့သည်။

ဟိုဆော့မိဘတွေကတော့
သားကိုချစ်တာကတစ်ကြောင်း
အဖေဖြစ်သူကိုမလွန်ဆန်နိုင်တာကတစ်ကြောင်းမို့ သဘောမတူချင်ပေမယ့်တူလိုက်ရသည်သာ...

သို့ပေမယ့် ဟိုဘီကို ကျောင်းတစ်နှစ်တော့ပြီးအောင်တက်စေချင်သောကြောင့်
မင်္ဂလာပွဲကို ဟိုဘီ စာမေးပွဲပြီးချိန်ထိ
သုံးလလောက်ရွှေ့ဆိုင်းထားလိုက်သည်။

"ကိုကို ဘယ်တော့လာမလဲဟင်"

"ကိုကိုမနက်ဖြန်လာမှာ ကလေးဘာမှာအုံးမလဲ"

"မမှာတော့ပါဘူး...ဒါဆို ဘီဘီစာကျက်တော့မယ်နော်"

"အင်း အရမ်းညည့်နက်တဲ့ထိတော့မကျက်နဲ့နော် ကလေးလေး ကို့ကလေးကတော်ပြီးသား"

"အင်းပါ ဒါပဲနော်"

"ဟုတ်ပြီ ဟုတ်ပြီ တာ့တာကလေးလေး"

မင်္ဂလာဆောင်ကိုရွှေ့ထားတာ သုံးလပင်ကြာနေပြီ
မနက်ဖြန်တော့ ကလေးစာမေးပွဲပြီးပြီမို့ သွားတွေ့ရမည် ပြီးရင်တော့အမြန်ဆုံးမင်္ဂလာပွဲကျင်းပရမည်ပင်...

အခုတစ်လောနေလို့လုံးဝမကောင်းဘူး
စာမေးပွဲရှိလို့သာအားတင်းထားရတာ
ခေါင်းတွေမူးပြီးဘာမှစားချင်စိတ်ကိုမရှိဘူး
မေမေတို့ကိုစိတ်မဆင်းရဲစေချင်တာကြောင့်သာဘာမှမဖြစ်သလိုနေနေခဲ့ရတာ
တစ်ကယ်က နေလို့လုံးဝမကောင်းဘူး

ယွန်းဂီမှာဟိုဘီ့အိမ်ကိုရောက်သည်နှင့်
အိမ်ကလူတွေကိုနှုတ်ဆက်ပြီး ဟိုဘီ့အခန်းဆီသို့အမြန်ပြေးသွား၏။

"ကလေးရေ...."

ပင်ပန်းထားလားမသိဘူး
မျက်နှာလေးချောင်ကျသွားလိုက်တာများ

"ကလေး..."

"ဟင် ကိုကို...အာ့!"

ယွန်းဂီကိုမြင်သည်နှင့် အိပ်ရာမှထကာ​ပြေးသွားတော့...မရောက်ခင်မှာပဲ ကြမ်းပြင်ပေါ်သို့ပုံကျသွား၏။

"ကလေး! ကလေး! ကလေးရေ..."

မေ့လဲသွားတဲ့ဟိုဘီကိုပွေ့ချီကာဆေးရုံသို့အမြန်ပြေးရတော့သည်။

"ဗျာ"

"မင်း!"

ဟိုဘီ ကိုယ်ဝန်ရှိနေပြီဆိုသောဆရာဝန်စကားကြောင့် အားလုံးအံ့သြကုန်သည်။

ဟိုဘီ့ဖခင်ကတော့ ယွန်းဂီကိုလုပ်ချင်ကိုင်ချင်နေ၏။
ဘေးကလူတွေဝိုင်းဆွဲမှ ပြန်ငြိမ်သွားခြင်းပင်...

"မင်္ဂလာရက်ကိုငါရွှေ့ခိုင်းထားတာလေ
ဘယ်လိုဖြစ်လို့ ဒီကိစ္စက"

"စိတ်လျော့ပါ ဖေဖေ
သားတို့ခိုးပြေးတဲ့အချိန်ကတည်းက မင်္ဂလာဆောင်မလို့ပဲ ဖေဖေကတားနေတော့!"

မင်္ဂလာဆောင်ပြီးမှ ဟိုဒင်းဟိုဟာပြုရမယ်ထင်နေတဲ့ ယောက္ခမကြီးရဲ့အတွေးက
အရမ်းရှေးကျနေပြီပဲ...

"ဟူး...မင်းတော့လား!
မင်္ဂလာပွဲကိုအမြန်စီစဥ်!"

"ဗျာ!"

"ဘာလဲ မင်းကငါ့သားကိုယူဘူးလာ"

"မဟုတ်တာပဲ ဖေဖေရ
ဖေဖေ့သားကိုအခုချက်ချင်းတောင်ယူချင်သေးတာ ဖေဖေရဲ့ ဟီးဟီး"

ဖေဖေချင်းထပ်နေတဲ့ယွန်းဂီကို
ကြည့်မရပါ....

"ဘာတွေဖြစ်နေကြတာလဲ
ဟင် ဘယ်ရောက်နေတာလဲ"

"ဆေးရုံရောက်နေတာ ကလေးရဲ့"

"ဟင်...ဘီဘီ့မှာဘာရောဂါရှိလို့လဲဟင်
အီးဟီး ထင်တော့ထင်ပါတယ်
စားလို့မဝင်အိပ်လို့မပျော် လူကနေမကောင်းတာ  ကြာကြာမနေရတော့ဘူးထင်ပါရဲ့ အီးဟီး"

"ဘာတွေပြောနေတာတုန်း ဘီဘီလေးရ!
မငိုရဘူး ငိုရင် ဗိုက်ထဲကကလေးက သရဲဘောကြောင်တတ်တယ်တဲ့"

"ဟင် ကိုကိုဘာပြောတာ!"

"ဘီဘီ့ဗိုက်ထဲမှာ ကလေးလေးရှိနေပြီလေ"

"တစ်ကယ်လားကိုကို!"

"တစ်ကယ် နှစ်ကယ် သုံးကယ်
ကလေးလေးရှိနေတာ"

"ဟင်..."

"အဲ့တာကြောင့်မို့ မငိုနဲ့တော့နော်
အားရှိတာတွေစားရမယ် ပျော်အောင်နေရမယ်
ပြီးတော့ ကိုကိုတို့မင်္ဂလာဆောင်ကြမယ်!"

အဖြူရောင်သတို့သားငယ်ဟာ
ပုံမှန်နေ့တွေထက်ပင် ကြည့်ကောင်းပြီးချစ်စရာကောင်းနေတော့သည်။

ဗိုက်လုံးလုံးလေးကတော့ အနည်းငယ်ပူနေ၏။
မင်္ဂလာပွဲကထူးခြားသည်မဟုတ်လား
မိဘတွေမင်္ဂလာဆောင်မှာ သားသမီးတွေပါပါရတာ...
အခုဆို ဟိုဘီတစ်ယောက်ထဲမဟုတ်ပဲ ဗိုက်ထဲကကလေးလေးနဲ့နှစ်ယောက်ဖြစ်နေလေပြီ

သူ့ဘေးက သတို့သားကြီးကတော့
ပုံမှန်ထက်ကိုခံ့ညားနေချက်
ဖြူဖွေးနုဖက်နေသောအသားအရည်မှာ
အနက်ရောင်ကုတ်အင်္ကျီနှင့်လွန်စွာလိုက်ဖက်၏။
ဆံပင်တို့ကိုလှန်တင်ထားကာ ချောမောမှုကအတိုင်းအဆမရှိ...

ကိုယ့်ယောက်ျားဖြစ်လာမယ့်လူကို
အရမ်းသဘောကျလွန်းလို့
အနားကပင်မခွာချင်တော့

"ငဘီ! မင်းလင်မှန်းလူတိုင်းသိတယ်
နည်းနည်းခွာအုံး တောက်တဲ့လိုကပ်မနေနဲ့"

ယွန်းဂီလက်ကို အတင်းချိတ်ထားတဲ့ ဟိုဘီကို
သူငယ်ချင်းတွေကြည့်မရတော့ပါ...

"အောင်းမား ဘာဖြစ်လဲ ငါ့ကိုကိုကိုငါကပ်တာ
မင်းတောင်ကပ်စရာမရှိဘူးမလား ငါ့ကောင်"

"ငါကအပူမရှာဘူး မင်းကလေးကိုစောင့်မှာလေ ဘာလာ ဘာလာ"

"မင်း! ခွေးနှစ်တောင်းစားကောင်"

"ဘာဖြစ်လဲ ယွခမကြီး ဘာလာဘာလာ"

လျှာထုတ်ကာပြောင်ပြနေတဲ့သူငယ်ချင်းတွေကို ဟိုဘီပိတ်ကန်ချင်နေ၏။

အခြေအနေကိုသိတဲ့ယွန်းဂီက
တစ်ခြားဧည့်သည်ဝိုင်းသို့ဆွဲခေါ်ခဲ့သည်သာ...

ရန်ဖြစ်တုန်းခန မကြာဘူး
ဧည့်သည်တွေကို ဧည့်မခံပဲ
ဗိုက်ဆာလို့ဆိုပြီး သူ့သူငယ်ချင်းတွေနဲ့တစ်ဝိုင်းထဲဝင်စားနေ၏။

ခေါ်လို့မရပြီမို့ သူစားလို့မပြီးမချင်း
ယွန်းဂီမှာ လာသမျှဧည့်သည်ကိုတစ်ယောက်တည်းဧည့်ခံခဲ့ရသည်သာ

မင်္ဂလာပွဲဟာ မင်ဟိုဘီ၏ ဂယက်ပေါင်းသောင်းခြောက်ထောင်နှင့်အတူအောင်မြင်စွာပြီးခဲ့သည်။

ဗိုက်ကလေးဟာ တစ်ဖြည်းဖြည်း
မွေးခါနီးအချိန်သို့ပင်ရောက်ခဲ့၏။

ပုံမှန်ဝတ်နေကြ အင်္ကျီအပွကြီးတွေဟာ
ဗိုက်ကလေးကြောင့် ကွက်တိကျနေတော့သည်။

ကိုယ်ဝန်အရှိန်ကြောင့် ခြေထောက်သေးသေးလေးတွေဟာလည်း ရောင်နေ၏။

ခြေထောက်သေးလေးလေးတွေမို့
မို့မို့ဖောင်းဖောင်းလေးဖြစ်နေတာ
ချစ်စရာလေးပေမယ့်
ကလေးကိုသနားမိသည်။
တစ်ခါတစ်လေဗိုက်ထဲက ကလေးလေးက တိုးလို့ တစ်ညလုံးအိပ်မရတဲ့အချိန်တွေ...

ကလေးရဲ့ကိုယ်ဝန်ကို ကိုယ်သာပြောင်းယူလို့ရရင် ပြောင်းယူလိုက်ချင်ပါရဲ့...

(AN: လက်မထက်ခင် ဘာလာဘာလာ ဆိုတာကို ယွန်းဂီကိုလိုက်ပြီးအတုမခိုးကြနဲ့နော်
ကလေးတွေ)

31.5.2022
______________________________________



Zawgyi




ဟိုဆော့မိဘတွေကတော့






"အင်းပါ ဒါပဲနော်"





"ကလေးရေ...."

ပင်ပန်းထားလားမသိဘူး

"ကလေး..."

"ဟင် ကိုကို...အာ့!"


"ကလေး! ကလေး! ကလေးရေ..."


"ဗျာ"

"မင်း!"




"စိတ်လျော့ပါ ဖေဖေ

အရမ်းရှေးကျနေပြီပဲ...

"ဟူး...မင်းတော့လား!

"ဗျာ!"


"မဟုတ်တာပဲ ဖေဖေရ

ကြည့်မရပါ....

"ဘာတြွေဖစ်နေကြတာလဲ
ဟင် ဘယ်ရောက်နေတာလဲ"




"ဟင် ကိုကိုဘာပြောတာ!"


"တစ်ကယ်လားကိုကို!"

ကလေးလေးရှိနေတာ"

"ဟင်..."




















ချစ်စရာလေးပေမယ့်
ကလေးကိုသနားမိသည်။


ကလေးတွေ)

31.5.2022
______________________________________

Continue Reading

You'll Also Like

11.9K 165 12
MY BABYGIRLS MEOWMEOWMEOW TW: gore/gunviolence, sh, smut(MEOW), panick attacks, sa, mentions of torture
320K 20.4K 84
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
18.8K 338 5
This is nine out of eleven percent real. 🐝 THIS IS ALL FOR LAUGHS; READ WITH YOUR FRIENDS OR YOURSELF EITHER OR WORKS CONTAINS MATURE CONTENT I MADE...
115K 185 7
fèw smuts that have never been existing