သစ္စာနွယ်တော်ပျော်မွေ့ရာ[ ‌Co...

By Daisy-Kim

72.8K 6.4K 867

အနွယ်ရဲ့ခန္ဓာကိုယ်က ဘယ်လောက်ပင်ညစ်ညမ်းနေပစေ။ကျွန်မကတော့ အနွယ့်ကိုဆက်ချစ်နေအုန်းမှာ ..။ ဘာလို့လဲသိလား ကျွန်မချ... More

သစ္စာနွယ်တော်ပျော်မွေ့ရာ(အင်ထရို)
အပိုင်း၁။ နှင်းဆီမြိုင်
အပိုင်း၂။ မြေခွေးအို
အပိုင်း၃။ အကြင်သူ
အပိုင်း၄။ အချစ်သက်သေ
အပိုင်း၅။။ ချစ်သည်းကညှာ၏အပြုံးပန်း
အပိုင်း၆။ တည်နိုင်ခဲ့လေသောကတိတစ်ခု
အပိုင်း၇။ အတိတ်ခရီး
အပိုင်း၉။ မိတ်ဆွေဟောင်း
အပိုင်း၁၀။ နာမ်စားလေးတစ်ခု
အပိုင်း၁၁။ ပွတ်သဘင်
အပိုင်း၁၂။ ကစားစရာ
အပိုင်း၁၃။ သွေးကြွေး
အပိုင်း၁၄။ မောင့်ရနံ့ငယ်
အပိုင်း၁၅။ မိုးကြိုးနက်ဂိုဏ်း
အပိုင်း၁၆။ မြတ်နိုးရသည့်အချစ်သည်းကညှာ
အပိုင်း၁၇။ ဇီဇဝါပန်း၏အဓိပ္ပါယ်ဖွင့်ဆိုချက်
အပိုင်း၁၈။ သူပြန်လာပြီလား?
၁၉။ အမေ!!
အပိုင်း၂၀။။ မောင့်ရနံ့ငယ်နှင့်ဒုတိယအကြိမ်ဆုံတွေ့ခြင်း
အပိုင်း၂၁။ အနှီစာရေးငယ်ကတော့လေ!
အပိုင်း၂၂။ လူတိုင်းမှာလှို့ဝှက်ချက်ဆိုတာရှိစမြဲ
pls Attention to me
အပိုင်း၂၃။ မထင်မှတ်ထားသူနှင့်ပြန်လည်ဆုံတွေ့ခြင်း
အပိုင်း၂၄။ အပျော်မယ်တွေမှာလည်း မနှစ်သက်ရင်ငြင်းဆန်ပိုင်ခွင့်ရှိသည်။
အပိုင်း၂၅။ ဟန်ဆောင်ခြင်း‌ေတွအတွက်အမှန်တရားပေါ်ပေါက်မြဲ။(uni+Zawgyi)
အပိုင်း၂၆ ။ ဒီလောက်ချစ်ဖို့ကောင်းတဲ့အနွယ်ကိုဘယ်နေရာမှသွားဖွက်ထားရမလဲ(uni+Zawgy)
အပိုင်း၂၇။ တချို့သောပန်းတွေအပြင်ပိုင်းကလှပသလောက် အဓိပ္ပါယ်ကတော့ဝမ်းနည်းစရာပေ ။
၂၈။ ဒေါ်ငွေစံပယ်ခင်၏အမည်အရင်း?
၂၉။ ဟန်နီရဲ့လှို့ဝှက်ချက်(uni+Zawgyi)
၃၀။ လျစ်လျှူရှူခြင်း (uni +Zawgyi)
၃၁။ သေစေနိုင်လောက်တဲ့အပြုံးပန်းတစ်ပွင့်ပန်ဆင်ထားလှသူ (uni+Zawgyi)
၃၂။ သေဆုံးခြင်း
၃၃။ ရှင်သန်ရာနေရာသစ် (U+Z)
၃၄။ အချစ်သည်းကညှာလေးကအရင်တိုင်းပါပဲ ချစ်ဖို့ကောင်းတုန်း (U+Z)
Attention to me ♡
၃၅။ ရင်သွေးငယ်
-အပိုင်း(၃၆) - အချိန်ကြာမှတောင်းပန်ဖို့သတ္တိရှိလာတဲ့သူမကိုခွင့်လွှတ်ပေးနိုင်မလား
အပိုင်း(၃၇) ။
၃၈။ စံပယ်ပန်းလေးဟာ မာနတရားတွေလွှမ်းခြုံထားသည်တဲ့။
အပိုင်း၃၉. အတိတ်ကအပိုင်းအစအချို့
အပိုင်း၄၀။ ဇာတ်သိမ်းပိုင်း

အပိုင်း၈။ ပြတ်ခဲ့လေသောသံယောဇဉ်ကြိုးမျှင်

1.7K 196 22
By Daisy-Kim

Uni
" ဖေကြီး "

" ဟေ "

" အဲ့စာရင်းတွေခနချပြီး အနွယ်ပြောတာခုနနားထောင်ပေးဦး "

ထိုအသံစာစာလေးကြောင့်
လုပ်နေသည့်လယ်ခွန်စာရင်းတွေကိုစားပွဲပေါ်တင်လိုက်ပြီးကောက်တော်မူတော့မည်သမီးအသည်းညှာလေးနားသို့သွားလိုက်ပြီး တမင်ခွေထိုင်လိုက်သည်။

"ကိုင်း ..ပြောစေဗျာ ဘာတွေစိုးရိမ်နေတာတုန်း ဖေ့မင်းသမီးလေးက "

" ဖေကြီး အနွယ့်ကို တစ်ယောက်တည်းမထားခဲ့နော် အနွယ် ဖေကြီးမရှိပဲနေနိုင်မယ်မထင်ဖူး"

ထိုသို့ပြောလိုက်တော့ဖေကြီးက တဟားဟားအော်ရီလာသည်။

" ဘာများလဲလို့ ငါ့သမီးရယ် ဧကန်န ရွာထဲသွားပြီး ဘာတွေစနည်းနာခဲ့ပြန်ပြီလဲ"

" ဟွန့်..စနည်းမနာပါဖူး ဖေကြီးရာ ဒီနေ့အနွယ်ရွာထဲသွားတော့ ရွာပြင်မှာနေတဲ့သားအဖလေ အဲ့လူကြီးပိုးထိပြီးဆုံးသွားလို့တဲ့ ရွာထဲမှာပြောနေကြတာ အဲ့တာကြားလာတာဖေကြီးရဲ့ သူ့သားလေးက ငယ်ငယ်လေးရယ် အဲ့တာ အဲ့ကလေးတစ်ယောက်တည်း ဘယ်လိုနေမလဲ တွေးပူမိလို့ပါဖေကြီးရဲ့"

" အဲ့သတင်းဖေကြီးလဲကြားတယ်သကိုး ဖေကြီးကူ‌ငွေ များများလေးထည့်ပေးခဲ့တယ် ရွာထဲက သူဌေးတွေ တောင်ပိုင်းမြောက်ပိုင်းက သူဌေးတွေ အကုန်လုံးစုပြီး ကူငွေထည့်ခဲ့တယ် အကုန်လုံးဘဘုန်းကိုအပ်ထားတယ် မသုံးရဖူးဆိုရင်တောင် တစ်နှစ်လောက်ဖူလုံပါတယ်ကွယ် "

" ဒါဆိုတော်သေးတာပေါ့ ဖေကြီးရယ် အနွယ်က စိတ်ပူနေတာ "

" ငါ့သမီးလေးက ဖေကြီးထားသွားမှာစိုးရိမ်နေတာ ဟုတ်စ"

" ဟုတ်တာပေါ့ ဖေကြီးကလဲ"

" ဒီမှာ သမီး ဖေကြီးပြောပြမယ် လူဆိုတဲ့အမျိုးက တစ်နေ့သေရမယ့်အမျိုးကြီးပဲ အမြဲတမ်းတူတူရှိနေပေးနိုင်မှာမဟုတ်ဖူး
သင်္ခါရ သဘောတရားကိုနားလည်ထားရမယ် သမီး သေသွားတဲ့လူတွေက အကုန်လုံးနေထိုင်ရမဲ့ကံကုန်သွားလိူ့သေကြတာကြီးပဲ ဒါပေမဲ့ဖေကြီးကတော့ ဖေ့သမီးလေး အိမ်ထောင်မပြုခင်အထိတော့ မသေနိုင်ဖူးဗျာ"

" ဖေကြီးနော်ဟွန့် အဲ့တာဆို အနွယ်ဒီတသက်အိမ်ထောင်မပြုတော့ဖူး ဖေကြီးနဲ့တသက်လုံးအတူတူနေရအောင်လို့"

" အဲ့လိုတော့မလုပ်ပါနဲ့ဗျာ တော်ကြာမျိုးဆက်ပျက်ကုန်ရင်ဘယ်နှယ့်လုပ်မတုန်း မွေးထားတာမှ တစ်ယောက်တည်းကို "

" ဟွန့် မွေးစားလိုက်မှာပေါ့ ဘယ်နှယ့်ခက်လို့ "

" ဟား.ဟား"

ကျွန်းနှစ်ထပ်အိမ်ကြီး၌ ဝယ် သားအဖနှစ်ယောက်ရဲ့ရီသံလွင်လွင်တွေပျံ့လွင့်လို့နေသည်။

အနွယ်အတိတ်က ဖြစ်ပျက်ခဲ့တာတွေ မျက်လုံးထဲမှာပြန်မြင်ယောင်လာတော့ မျက်ရည်တွေဆည်ကျိုးသလိုစီးဆင်းလာခဲ့သည်။
" လိမ်တယ် ဖေကြီးလိမ်တယ် ပြောတော့ အိမ်ထောင်မပြုခင်ထိ အနွယ့်ဘေးမှာနေပေးမှာဆို "

မျက်ရည်တွေဟာ အတိုင်းအဆမဲ့စီးဆင်းနေခြင်းဟာ ရပ်တန့်ဖို့အလားအလာမပြင်ပေ။

" ဟယ် နင် အနွယ် အနွယ် မဟုတ်လား"

နောက်ပါးထံမှ အမျိုးသမီးတစ်ယောက်ရဲ့စကားသံကြောင့် အနွယ် မျက်ရည်တွေကိုအကြမ်းပတမ်းသုတ်ပြစ်လိုက်ပြီး လှည့်ကြည့်လိုက်သည်။

" ဘယ်သူလဲ "

" ဟဲ့ မှန်နေတာပဲ မိနွယ် ငါ့ကိုမမှတ်မိတော့ဖူးလား ငါလေ ငါ မိတိုး လေ ငယ်ငယ်တုန်းက ခွေးနို့စို့ဖက်တွေလေ မိနွယ်ရ"

" မိတိုး!"

မိတိုးကိုမေ့စရာလား ငယ်ငယ်တည်းက အနွယ်တို့နှစ်ယောက်က ကစားဖော်ကစားဖက် ခွေးနို့စို့ဖက်ဆိုတာက ငယ်ငယ်တုန်းက လေးဘက်ထောက်အရွယ်တုန်းက မိတိုးအမေက လုပ်စရာရှိလို့ဆိုပြီး မြေကြီးပေါ်ခနချခဲ့တာ ကို ကလေးဆိုတော့ သားပေါက်ထားတဲ့ခွေးမကြီးရဲ့ နို့ကိုသွားစို့ဖို့လုပ်လို့ ခွေးနို့စို့ဖက်ဆိုပြီး အမည်တွင်သွားတာပဲ။

" အေးလေ ငါလေ မိတိုး အနွယ် နင်လှလာလိုက်တာဟယ် ငါတောင်သေချာမမှတ်မိဖူး "
" မမြောက်စမ်းပါနဲ့အေ သူငယ်ချင်းအချင်းချင်းကိုအေ"

" အေးစကားတွေပြောစရာအများကြီးရှိသေးတယ် လာ ဟိုနားကဇရပ်မှာသွားထိုင်ရအောင်"

" အေးအေး "

ဇရပ်ဆိုတာလယ်ထဲမှာအလုပ်လုပ်နေတဲ့သူတွေအနားယူလို့ရအောင်ဆောက်ပေးထားသည့်ယာယီအမိုးလေး ဝါးချပ်တွေခင်းထားသည့် နေရာလေးဖြစ်သည်။
ဇရပ်ထဲရောက်သည်နှင့် အသင့်သောက်လို့ရအောင်ချထားပေးသည့် ရေနွေးအိုးထဲမှ ရေနွေးကို ခပ်ပြီးထည့်ပေးလာသည်။

" သောက်လိုက်ဦး အမောပြေအောင်"

သူငယ်ချင်းစိတ်ချမ်းသာအောင် အနွယ် ထို ရေနွေးချမ်းကို မှုတ်သောက်လိုက်သည်။ ဒီနေ့ကြမှရေနွေးချမ်းကအရသာရှိနေသယောင် မျက်ရည်တွေအများကြီးကုန်ခမ်းထားလို့များလား..။

" ပြောမယ်ဆို ဘာပြောမလို့လဲ ခုနနေ အမေနဲ့သွားတွေ့မလို့ မတွေ့ရတာ၅ နှစ်လောက်တောင်ရှိပြီထင်တယ်"

" ဟင်း ငါပြောတာသေချာနားထောင်နော်"
သက်ပြင်းတစ်ချက်ချပြီးပြော လာသည့်စကားကြောင့် အနွယ်စိုးရိမ်လာမိသည်။

" နင်အမေ မရှိတော့ဖူး"

" ဟင်အဲ့တာက ဘာကိုပြော"

" နင့်အမေ နင့်လက်ကိုဆွဲပြီး ထွက်သွားပြီးနောက်တစ်နေ့ပဲ နင်တို့အိမ်ကို ရွာမြောက်ပိုင်းက လူစီရောင်းပြီးထွက်သွားတာ"

* ဘုတ်*

လက်ထဲကရေနွေးချမ်းခွက်အောက်ပြုတ်ကြသွားပြီး အနွယ့်ခြေဖဝါးနုနုလေးပေါ်ရေနွေးလောင်းမိသကဲ့သို့ဖြစ်သွားခဲ့သည်။

" ဟဲ့မိနွယ် ထထ ခြေထောက်ရေဆေးရအောင် အပူတွေလောင်ကုန်ပါပြီတော်"

မိတိုးက ပြာယာခတ်ပြီးအနွယ့်ကိုအတင်းဆွဲနေသော်ငြားလည်းအနွယ်တုတ်တုတ်တောင်မလှုပ်မိ။

" ခုနကပြောလိုက်တာအမှန်လား"

" ဘာကို "

" အိမ်ရောင်းသွားတယ်ဆိုတာ "

" အေးလေ မြောက်ပိုင်းက ငါ့ဦးလေးစီရောင်းသွားတာ "

" လွန်လွန်းပါပေ့  သမီးကို အပျော်မယ်အဖြစ်ရောင်းစားသွားပြီးရင်တော်ရောပေါ့.."
ထိုစကားကိုရင်နာနာဖြင့်ပြောမိသည်။

ရင်ထဲမှာစို့နစ်အောင်ခံစားလိုက်ရသည်။ အမေဆိုသည့်အမျိုးသမီးကိုအစားထိုးလိုက်သည်များလား။ငယ်စဉ် တုန်းက နူးညံ့သိမ်မွေ့လှတဲ့ မိခင်က ပျောက်ဆုံးသွားခဲ့သည်လား။

သေလောက်အောင်ခံစားရသည်။ နာကျင်နေပေမဲ့ မျက်ရည်တွေကထွက်မလာခဲ့။ နာကျင်စရာတွေများလွန်းလို့ မျက်ရည်တွေကုန်ခမ်းခဲ့ပြီလား....။

မိတိုး မျက်လုံးသေကြီးဖြင့် လယ်ကွင်းတွေဘက်ကိုစိုက်ကြည့်နေသည့်အနွယ့်ကို နှစ်သိမ့်စကားမပြောတတ်တော့။
မိတိုးကိုယ်တိုင်လဲ အံ့အားသင့်ခဲ့ရသည်ကြောင်‌့ပေ။အနွယ့်ကို အကြွေးရှင်တွေလက်ထဲထိုးကြွေးပြီး နောက်တစ်နေ့ပဲ အနွယ့်လက်ကိုဆွဲပြီး အပျော်အိမ်သွားထားခဲ့သည်ဆိုတဲ့သတင်းကြောင့် မိတိုးကိုယ်တိုင်လည်း မယုံကြည်ဖြစ်ခဲ့ရသည်။

သမီးကိုချစ်လွန်းသည့် ဒေါ်ငွေစံပယ်ခင်က သမီးကို အပျော်အိမ်သွားထားရသည်အထိ မေတ္တာတရားခေါင်းပါးသွားလေပြီလား..။
ဒါတင်မကသေးပြန်ရောက်လာပြီး အိမ်ကြီးကိုရတဲ့ဈေးနဲ့ထိုးရောင်းသွားပြီး ရွာထဲကထွက်သွားတာ ခုချိန်ထိတောင် အရိပ်အယောင်မမြင်ရ။
အနွယ့်ကိုပဲသနားလွန်းလို့ ဘယ်နှယ့်လုပ်ရမတုန်း အကြာကြီးနေမှပြန်လာတာကို နားခိုရာဖြစ်တဲ့အိမ်လေးကို မိခင်ဖြစ်သူက ရောင်းပြီးထွက်သွားခဲ့လေပြီမဟုတ်လား..။

" ဘယ်လောက်နဲ့ရောင်းသွားတာလဲဟင် မိတိုး"

" ၅၀၀နဲ့ "

" ၅၀၀နဲ့ တန်ဖိုးဖြတ်သွားလေတယ်ပေ့ါ အမှတ်တရတွေပြည့်နှက်နေတဲ့အိမ်ကိုလေ .."

အနွယ်ခပ်မဲ့မဲ့ပြုံးရင်းပြောမိသည်။
ကျေးဇူးသိပ်တင်တာပဲ အနွယ်မဖျက်တောက်နိုင်ခဲ့တဲ့ သံယောဇဉ်ကြိုးကိုဖြတ်သွားပေတဲ့ မိခင်ကို ။ ပြတ်လုဆဲဆဲသားအမိသံ‌ေယာဇဥ်ကြိုးကို အနွယ်မဖြတ်နိုင်ဖူးသိလို့ထင်ပါရဲ့ ၅၀၀ကျပ်နဲ့ တန်ဖိုးဖြတ်သွားပေတဲ့မိခင်ကို ကျေးဇူးသိပ်တင်တာပဲ..။ အနွယ်မဖြတ်နိုင်တဲ့ကြိုးစကိုဖြတ်တောက်ပေးသွားလို့ ရင်ထဲအသဲထဲကနေကိုကျေးဇူးတင်မိသည်။

ဒီတစ်ခါတော့တဂယ်ရေစက်ပြတ်လေပြီ..။

(၂၇.၅.၂၀၂၂)
မိုး♡

(A/Nလိုအပ်ချက်တွေအများကြီးရှိနေပေမဲ့ဖတ်ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကိုစိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်ရှင်🤍)

Zawgyi
" ေဖႀကီး "

" ေဟ "

" အဲ့စာရင္းေတြခနခ်ၿပီး အႏြယ္ေျပာတာခုနနားေထာင္ေပးဦး "

ထိုအသံစာစာေလးေၾကာင့္
လုပ္ေနသည့္လယ္ခြန္စာရင္းေတြကိုစားပြဲေပၚတင္လိုက္ၿပီးေကာက္ေတာ္မူေတာ့မည္သမီးအသည္းညွာေလးနားသို႔သြားလိုက္ၿပီး တမင္ေခြထိုင္လိုက္သည္။

"ကိုင္း ..ေျပာေစဗ်ာ ဘာေတြစိုးရိမ္ေနတာတုန္း ေဖ့မင္းသမီးေလးက "

" ေဖႀကီး အႏြယ့္ကို တစ္ေယာက္တည္းမထားခဲ့ေနာ္ အႏြယ္ ေဖႀကီးမရွိပဲေနနိုင္မယ္မထင္ဖူး"

ထိုသို႔ေျပာလိုက္ေတာ့ေဖႀကီးက တဟားဟားေအာ္ရီလာသည္။

" ဘာမ်ားလဲလို႔ ငါ့သမီးရယ္ ဧကန္န ႐ြာထဲသြားၿပီး ဘာေတြစနည္းနာခဲ့ျပန္ၿပီလဲ"

" ဟြန႔္..စနည္းမနာပါဖူး ေဖႀကီးရာ ဒီေန႕အႏြယ္႐ြာထဲသြားေတာ့ ႐ြာျပင္မွာေနတဲ့သားအဖေလ အဲ့လူႀကီးပိုးထိၿပီးဆုံးသြားလို႔တဲ့ ႐ြာထဲမွာေျပာေနၾကတာ အဲ့တာၾကားလာတာေဖႀကီးရဲ႕ သူ႕သားေလးက ငယ္ငယ္ေလးရယ္ အဲ့တာ အဲ့ကေလးတစ္ေယာက္တည္း ဘယ္လိုေနမလဲ ေတြးပူမိလို႔ပါေဖႀကီးရဲ႕"

" အဲ့သတင္းေဖႀကီးလဲၾကားတယ္သကိုး ေဖႀကီးကူ‌ေငြ မ်ားမ်ားေလးထည့္ေပးခဲ့တယ္ ႐ြာထဲက သူေဌးေတြ ေတာင္ပိုင္းေျမာက္ပိုင္းက သူေဌးေတြ အကုန္လုံးစုၿပီး ကူေငြထည့္ခဲ့တယ္ အကုန္လုံးဘဘုန္းကိုအပ္ထားတယ္ မသုံးရဖူးဆိုရင္ေတာင္ တစ္ႏွစ္ေလာက္ဖူလုံပါတယ္ကြယ္ "

" ဒါဆိုေတာ္ေသးတာေပါ့ ေဖႀကီးရယ္ အႏြယ္က စိတ္ပူေနတာ "

" ငါ့သမီးေလးက ေဖႀကီးထားသြားမွာစိုးရိမ္ေနတာ ဟုတ္စ"

" ဟုတ္တာေပါ့ ေဖႀကီးကလဲ"

" ဒီမွာ သမီး ေဖႀကီးေျပာျပမယ္ လူဆိုတဲ့အမ်ိဳးက တစ္ေန႕ေသရမယ့္အမ်ိဳးႀကီးပဲ အၿမဲတမ္းတူတူရွိေနေပးနိုင္မွာမဟုတ္ဖူး
သခၤါရ သေဘာတရားကိုနားလည္ထားရမယ္ သမီး ေသသြားတဲ့လူေတြက အကုန္လုံးေနထိုင္ရမဲ့ကံကုန္သြားလိူ႕ေသၾကတာႀကီးပဲ ဒါေပမဲ့ေဖႀကီးကေတာ့ ေဖ့သမီးေလး အိမ္ေထာင္မျပဳခင္အထိေတာ့ မေသနိုင္ဖူးဗ်ာ"

" ေဖႀကီးေနာ္ဟြန႔္ အဲ့တာဆို အႏြယ္ဒီတသက္အိမ္ေထာင္မျပဳေတာ့ဖူး ေဖႀကီးနဲ႕တသက္လုံးအတူတူေနရေအာင္လို႔"

" အဲ့လိုေတာ့မလုပ္ပါနဲ႕ဗ်ာ ေတာ္ၾကာမ်ိဳးဆက္ပ်က္ကုန္ရင္ဘယ္ႏွယ့္လုပ္မတုန္း ေမြးထားတာမွ တစ္ေယာက္တည္းကို "

" ဟြန႔္ ေမြးစားလိုက္မွာေပါ့ ဘယ္ႏွယ့္ခက္လို႔ "

" ဟား.ဟား"

ကြၽန္းႏွစ္ထပ္အိမ္ႀကီး၌ ဝယ္ သားအဖႏွစ္ေယာက္ရဲ႕ရီသံလြင္လြင္ေတြပ်ံ့လြင့္လို႔ေနသည္။

အႏြယ္အတိတ္က ျဖစ္ပ်က္ခဲ့တာေတြ မ်က္လုံးထဲမွာျပန္ျမင္ေယာင္လာေတာ့ မ်က္ရည္ေတြဆည္က်ိဳးသလိုစီးဆင္းလာခဲ့သည္။
" လိမ္တယ္ ေဖႀကီးလိမ္တယ္ ေျပာေတာ့ အိမ္ေထာင္မျပဳခင္ထိ အႏြယ့္ေဘးမွာေနေပးမွာဆို "

မ်က္ရည္ေတြဟာ အတိုင္းအဆမဲ့စီးဆင္းေနျခင္းဟာ ရပ္တန႔္ဖို႔အလားအလာမျပင္ေပ။

" ဟယ္ နင္ အႏြယ္ အႏြယ္ မဟုတ္လား"

ေနာက္ပါးထံမွ အမ်ိဳးသမီးတစ္ေယာက္ရဲ႕စကားသံေၾကာင့္ အႏြယ္ မ်က္ရည္ေတြကိုအၾကမ္းပတမ္းသုတ္ျပစ္လိုက္ၿပီး လွည့္ၾကည့္လိုက္သည္။

" ဘယ္သူလဲ "

" ဟဲ့ မွန္ေနတာပဲ မိႏြယ္ ငါ့ကိုမမွတ္မိေတာ့ဖူးလား ငါေလ ငါ မိတိုး ေလ ငယ္ငယ္တုန္းက ေခြးနို႔စို႔ဖက္ေတြေလ မိႏြယ္ရ"

" မိတိုး!"

မိတိုးကိုေမ့စရာလား ငယ္ငယ္တည္းက အႏြယ္တို႔ႏွစ္ေယာက္က ကစားေဖာ္ကစားဖက္ ေခြးနို႔စို႔ဖက္ဆိုတာက ငယ္ငယ္တုန္းက ေလးဘက္ေထာက္အ႐ြယ္တုန္းက မိတိုးအေမက လုပ္စရာရွိလို႔ဆိုၿပီး ေျမႀကီးေပၚခနခ်ခဲ့တာ ကို ကေလးဆိုေတာ့ သားေပါက္ထားတဲ့ေခြးမႀကီးရဲ႕ နို႔ကိုသြားစို႔ဖို႔လုပ္လို႔ ေခြးနို႔စို႔ဖက္ဆိုၿပီး အမည္တြင္သြားတာပဲ။

" ေအးေလ ငါေလ မိတိုး အႏြယ္ နင္လွလာလိုက္တာဟယ္ ငါေတာင္ေသခ်ာမမွတ္မိဖူး "
" မေျမာက္စမ္းပါနဲ႕ေအ သူငယ္ခ်င္းအခ်င္းခ်င္းကိုေအ"

" ေအးစကားေတြေျပာစရာအမ်ားႀကီးရွိေသးတယ္ လာ ဟိုနားကဇရပ္မွာသြားထိုင္ရေအာင္"

" ေအးေအး "

ဇရပ္ဆိုတာလယ္ထဲမွာအလုပ္လုပ္ေနတဲ့သူေတြအနားယူလို႔ရေအာင္ေဆာက္ေပးထားသည့္ယာယီအမိုးေလး ဝါးခ်ပ္ေတြခင္းထားသည့္ ေနရာေလးျဖစ္သည္။
ဇရပ္ထဲေရာက္သည္ႏွင့္ အသင့္ေသာက္လို႔ရေအာင္ခ်ထားေပးသည့္ ေရႏြေးအိုးထဲမွ ေရႏြေးကို ခပ္ၿပီးထည့္ေပးလာသည္။

" ေသာက္လိုက္ဦး အေမာေျပေအာင္"

သူငယ္ခ်င္းစိတ္ခ်မ္းသာေအာင္ အႏြယ္ ထို ေရႏြေးခ်မ္းကို မႈတ္ေသာက္လိုက္သည္။ ဒီေန႕ၾကမွေရႏြေးခ်မ္းကအရသာရွိေနသေယာင္ မ်က္ရည္ေတြအမ်ားႀကီးကုန္ခမ္းထားလို႔မ်ားလား..။

" ေျပာမယ္ဆို ဘာေျပာမလို႔လဲ ခုနေန အေမနဲ႕သြားေတြ႕မလို႔ မေတြ႕ရတာ၅ ႏွစ္ေလာက္ေတာင္ရွိၿပီထင္တယ္"

" ဟင္း ငါေျပာတာေသခ်ာနားေထာင္ေနာ္"
သက္ျပင္းတစ္ခ်က္ခ်ၿပီးေျပာ လာသည့္စကားေၾကာင့္ အႏြယ္စိုးရိမ္လာမိသည္။

" နင္အေမ မရွိေတာ့ဖူး"

" ဟင္အဲ့တာက ဘာကိုေျပာ"

" နင့္အေမ နင့္လက္ကိုဆြဲၿပီး ထြက္သြားၿပီးေနာက္တစ္ေန႕ပဲ နင္တို႔အိမ္ကို ႐ြာေျမာက္ပိုင္းက လူစီေရာင္းၿပီးထြက္သြားတာ"

* ဘုတ္*

လက္ထဲကေရႏြေးခ်မ္းခြက္ေအာက္ျပဳတ္ၾကသြားၿပီး အႏြယ့္ေျခဖဝါးႏုႏုေလးေပၚေရႏြေးေလာင္းမိသကဲ့သို႔ျဖစ္သြားခဲ့သည္။

" ဟဲ့မိႏြယ္ ထထ ေျခေထာက္ေရေဆးရေအာင္ အပူေတြေလာင္ကုန္ပါၿပီေတာ္"

မိတိုးက ျပာယာခတ္ၿပီးအႏြယ့္ကိုအတင္းဆြဲေနေသာ္ျငားလည္းအႏြယ္တုတ္တုတ္ေတာင္မလႈပ္မိ။

" ခုနကေျပာလိုက္တာအမွန္လား"

" ဘာကို "

" အိမ္ေရာင္းသြားတယ္ဆိုတာ "

" ေအးေလ ေျမာက္ပိုင္းက ငါ့ဦးေလးစီေရာင္းသြားတာ "

" လြန္လြန္းပါေပ့  သမီးကို အေပ်ာ္မယ္အျဖစ္ေရာင္းစားသြားၿပီးရင္ေတာ္ေရာေပါ့.."
ထိုစကားကိုရင္နာနာျဖင့္ေျပာမိသည္။

ရင္ထဲမွာစို႔နစ္ေအာင္ခံစားလိုက္ရသည္။ အေမဆိုသည့္အမ်ိဳးသမီးကိုအစားထိုးလိုက္သည္မ်ားလား။ငယ္စဥ္ တုန္းက ႏူးညံ့သိမ္ေမြ႕လွတဲ့ မိခင္က ေပ်ာက္ဆုံးသြားခဲ့သည္လား။

ေသေလာက္ေအာင္ခံစားရသည္။ နာက်င္ေနေပမဲ့ မ်က္ရည္ေတြကထြက္မလာခဲ့။ နာက်င္စရာေတြမ်ားလြန္းလို႔ မ်က္ရည္ေတြကုန္ခမ္းခဲ့ၿပီလား....။

မိတိုး မ်က္လုံးေသႀကီးျဖင့္ လယ္ကြင္းေတြဘက္ကိုစိုက္ၾကည့္ေနသည့္အႏြယ့္ကို ႏွစ္သိမ့္စကားမေျပာတတ္ေတာ့။
မိတိုးကိုယ္တိုင္လဲ အံ့အားသင့္ခဲ့ရသည္ေၾကာင္‌့ေပ။အႏြယ့္ကို အေႂကြးရွင္ေတြလက္ထဲထိုးေႂကြးၿပီး ေနာက္တစ္ေန႕ပဲ အႏြယ့္လက္ကိုဆြဲၿပီး အေပ်ာ္အိမ္သြားထားခဲ့သည္ဆိုတဲ့သတင္းေၾကာင့္ မိတိုးကိုယ္တိုင္လည္း မယုံၾကည္ျဖစ္ခဲ့ရသည္။

သမီးကိုခ်စ္လြန္းသည့္ ေဒၚေငြစံပယ္ခင္က သမီးကို အေပ်ာ္အိမ္သြားထားရသည္အထိ ေမတၱာတရားေခါင္းပါးသြားေလၿပီလား..။
ဒါတင္မကေသးျပန္ေရာက္လာၿပီး အိမ္ႀကီးကိုရတဲ့ေဈးနဲ႕ထိုးေရာင္းသြားၿပီး ႐ြာထဲကထြက္သြားတာ ခုခ်ိန္ထိေတာင္ အရိပ္အေယာင္မျမင္ရ။
အႏြယ့္ကိုပဲသနားလြန္းလို႔ ဘယ္ႏွယ့္လုပ္ရမတုန္း အၾကာႀကီးေနမွျပန္လာတာကို နားခိုရာျဖစ္တဲ့အိမ္ေလးကို မိခင္ျဖစ္သူက ေရာင္းၿပီးထြက္သြားခဲ့ေလၿပီမဟုတ္လား..။

" ဘယ္ေလာက္နဲ႕ေရာင္းသြားတာလဲဟင္ မိတိုး"

" ၅၀၀နဲ႕ "

" ၅၀၀နဲ႕ တန္ဖိုးျဖတ္သြားေလတယ္ေပ့ါ အမွတ္တရေတြျပည့္ႏွက္ေနတဲ့အိမ္ကိုေလ .."

အႏြယ္ခပ္မဲ့မဲ့ၿပဳံးရင္းေျပာမိသည္။
ေက်းဇူးသိပ္တင္တာပဲ အႏြယ္မဖ်က္ေတာက္နိုင္ခဲ့တဲ့ သံေယာဇဥ္ႀကိဳးကိုျဖတ္သြားေပတဲ့ မိခင္ကို ။ ျပတ္လုဆဲဆဲသားအမိသံ‌ေယာဇဥ္ႀကိဳးကို အႏြယ္မျဖတ္နိုင္ဖူးသိလို႔ထင္ပါရဲ႕ ၅၀၀က်ပ္နဲ႕ တန္ဖိုးျဖတ္သြားေပတဲ့မိခင္ကို ေက်းဇူးသိပ္တင္တာပဲ..။ အႏြယ္မျဖတ္နိုင္တဲ့ႀကိဳးစကိုျဖတ္ေတာက္ေပးသြားလို႔ ရင္ထဲအသဲထဲကေနကိုေက်းဇူးတင္မိသည္။

ဒီတစ္ခါေတာ့တဂယ္ေရစက္ျပတ္ေလၿပီ..။

(၂၇.၅.၂၀၂၂)
မိုး♡

(A/Nလိုအပ္ခ်က္ေတြအမ်ားႀကီးရွိေနေပမဲ့ဖတ္ေပးတဲ့တစ္ေယာက္ခ်င္းစီတိုင္းကိုစိတ္ရင္းနဲ႕ေက်းဇူးတင္ပါတယ္ရွင္🤍)


Continue Reading

You'll Also Like

290K 311 12
စာရေးရမှာ ပျင်းနေသေးလို့ ရေမယ်ဆိုရင် ဘယ်လိုလေးတွေရေးပေးရမလဲ ပြောပြခဲ့နော်
1.4M 3.8K 68
ထန်တဲ့အချ်ိန်ဖတ်ဖို့ စုထားတာတွေပါ ကိုယ်တိုင်ရေးသားခြင်းမဟုပါ crdပေးပါတယ်
509K 32K 42
#Unicode ရက်စက်လိုက်စမ်းပါ ဥပေက္ခာပြုလိုက်စမ်းပါ မုန်းလိုက်စမ်းပါ အဲ့လိုမာနခဲလေးကိုမှ စောက်ရမ်းချစ်မိနေတဲ့ ဒီလူကလဲ မ ရက်စက်လေ ပိုချစ်လေဆိုတာ တနေ့တခြာ...
40.6K 768 7
အပျက်ဆန်သောအပေါက်များအား ထိုးသွင်းခြင်း စုဆောင်းမှု Collection of Slutty Hole Insertions By 沒劉海的花和卷 EXTREME SMUT