DOUBLE T(OR) BE MY LORD [ Com...
By Thee_Oo
259K 10.9K 149
[ Unicode/Zawgyi ] တိုင်းခမ်းအာဏာဆိုတဲ့အတိုင်း ခင်ဗျားကကျုပ်ဘဝတစ်ခုလုံးရဲ့ ခမ်းနားခြင်းတွေနဲ့ လိုက်လျောမှုအချ... More
အမှာစာ/ဇာတ်ကောင်မိတ်ဆက်(U/Z)
Ep_1
For character
Ep_2
Ep_3
Ep_4
Ep_5
Ep_6
Ep_7
Ep_8
Ep_9
Ep_10
EP_11
Ep_12
Ep_13
Ep_14
Ep_15
Ep_16
Ep_17
Ep_18
Ep_19
Ep_20
Ep_21
Ep_23
Ep_24
Ep_25
Ep_26
Ep_27
Ep_28
Ep_29
Final
Extra 1
Extra 2
Ep_22
4.6K 246 2
By Thee_Oo
Unicode
နာရီကိုကြည့်လိုက်တော့ မနက်9နာရီခွဲနေပြီ။ ဘုန်းဆက်အခုချိန်ထိ
ပြန်မရောက်သေး။ဝန်ထမ်းတွေအကုန်လုံးလဲကျွန်းပင်ကြီးအောက်
မှာ သက်သာအနေအထားဖြင့် တုပ်တုပ်မျှမလှုပ်ရဲ။ တိုင်းခေါက်တုံ့
ခေါက်ပြန်လျှောက်ရင်း တက်ခေါက်လိုက်သည်။ ဝန်ထမ်းတွေထဲမှာ စည်းကမ်းမလိုက်နာတဲ့လူဆို ဒီကောင်တစ်ယောက်ပဲဖြစ်မည်။
ဒါသက်သက် စံအိမ်သခင်ကိုမလေးမစား အိုးမဲသုတ်တာမဟုတ်ဘူးလား။နဂိုအတိုင်းပြန်နေမည်ဟုပြောလိုက်သည့်အပေါ်မှာဘယ်လောက်
တောင်မကျေမနပ်တွေဖြစ်နေလို့ သူ့ကိုတောင်ဂရုမစိုက်တော့ပဲ ဝင်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်နဲ့ ထင်တိုင်းကြဲနေရတာလဲ။စည်း
ကမ်းဆိုတာထက် ဒီအချိန်မှာ သူ့ဘေးကနေ ပျောက်ကွယ်ပြီး တစ်ခုခုဖြစ်သွားမှာကိုလဲ စိုးရိမ်နေမိသည်။ ကိုယ့်စိတ်ကိုယ်တောင် အနိုင်နိုင်
ထိန်းချုပ်နေရတာတောင် သူက ဒီလိုလုပ်နေမှတော့ ဘယ်မှာစိတ်ဖြောင့်နိုင်ပါ့မလဲလေ...။
ထိုစဉ်ဒေါ်မြညိုရောက်လာပြီး
"သခင်လေး၊richardရောက်နေပြီ ဂိတ်မှာတဲ့"
"ဒီကိုတန်းလာခိုင်းလိုက်"
"ဟုတ်ကဲ့"
၁၅မိနစ်လောက်ကြာပြီးမှဒေါ်မြညိုနဲ့အတူနောက်မှပါလာပြီးတန်းစီရပ်နေသည့် ဝန်ထမ်းတွေဘေးသွားရပ်သည်။ ကြည့်လိုက်လျှင်မျက်
နှာတစ်ခုလုံးနီမြန်းနေပြီး တစ်ညလုံး'ကစ်'ထားသလားထင်ရလောက်အောင် မျက်လုံးတွေကအစဖောရောင်နေသည်။ဝန်ထမ်းတွေလဲ ဘေး
စောင်းကြည့်ကာ ရန်ဖြစ်လာတာလား။တစ်ခုခုများလားဆိုပြီးတွေးနေ
ဟန်။ မျက်လွှာအောက်ချပြီး ဘာစကားမှစပြောမလာတဲ့ဘုန်းဆက်ကိုကြည့်ပြီး တိုင်းလက်သီးဆုပ်မိသည်။ပြီးမှ
"richard thwinမင်းဘာစည်းကမ်းဖောက်ထားသလဲ မင်းကိုယ်မင်းသိလား"
တိုင်းလေသံက တည်နေငြိမ်နေသော်လည်း အံကြိတ်သံပါသွားသလားမသိချေ။
"ဟုတ်ကဲ့သိပါတယ်"
တိုးရှရှလေသံကြောင့် ပိုပြီးရင်ပူလာကာ မျက်မှန်အောက်ကနေဘုန်း
ဆက်ကိုတစ်ချက်ကြည့်လေသည်။မျက်လွှာချကာ ငြိမ်သက်နေသည့်လူကိုကြည့်ပြီး တိုင်းသက်ပြင်းရှိုက်၍ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားကာ
"ငါအရင်တစ်ခါထဲကlast warningလို့ပြောပြီးသား၊အဲ့တာတောင်မှ မင်းက ခိုးထွက်နေတယ်ဆိုတော့ သိပ်ကိုသတ္တိရှိနေတာလား၊ငါ့စကားကိုမလေးစားတာလား"
"အဲ့သလိုမဟုတ်ပါဘူး သခင်လေး"
"စည်းကမ်းဖောက်တဲ့အတွက် ဒိုက်အခါ1000ထိုး၊ တစ်ခါလဲကျရင်200တိုးမယ်"
ထိုအခါမှဘုန်းဆက်မျက်လွှာပင့်ကြည့်သည်။ သို့သော် ချက်ခြင်းမျက်နှာချ၍ မြေကြီးမှာနေရာယူကာ လက်ဖြင့်ထောက်ပြီး ဒိုက်စ
ထိုး၏။ ဒေါ်မြညိုအပါအဝင် ဝန်ထမ်းတွေအကုန်လုံးလဲ မျက်ဝန်း
တွေပင်ပြူးကျယ်သွားရသည်။ အခေါက်၁၀၀၀ဆိုတာမနည်းမနော။
အခန့်မသင့်လျှင် အမောဖောက်ပြီး မူးမေ့တဲ့အထိဖြစ်သွားနိုင်တယ်။တော်သင့်ရုံပြစ်ဒဏ်ပေးပြီး နောက်ဒီလိုမလုပ်ဖို့ ဆုံးမရမှာပေါ့။ သူ့ကြည့်ပြီး တစ်ခြားဝန်ထမ်းတွေလဲ လန့်နေကြလောက်ပြီ။ royal palaceစံအိမ်မှာနေလျှင်တော့ ဒီလိုကပ်သီးကပ်ဖဲ့နိုင်တဲ့ စည်းမျဉ်းတွေကို တော်တော်လေးသည်းခံနိုင်မှသာရမည်။
တိုင်းလက်ပိုက်ကြည့်နေရင်းသာ နှုတ်ခမ်းကိုတင်းတင်းစေ့ပိတ်ထား
၏။ မျက်မှန်အောက်မှ မျက်ဝန်းတွေက အေးစက်နေသော်ငြား ချစ်
သောသူကို ကြည့်ပြီးဘယ်ဘက်ရင်အုံကတော့ စူးခနဲတစ်ချက်...။ဘယ်သူကရော အပြစ်ပေးချင်မှာလဲ။ စည်းကမ်းအကြောင်းပြပြီး ဝန်ထမ်းတွေရှေ့မှာ ထိန်းသိမ်းနေရတာလဲ သူ့အတွက်ခက်ခဲလှသည်။
"၁....၂....၃.......၅....၇....၈...၁၀....၁၄....၁၈....၂၀....၂၄....၂၈...၃၀....၄၅....၅၀....၅၆...၆၅....၇၀...၇၅...၈၀...၈၅....၉၀...၉၅....၁၀၀...၁၀၅...၁၁၀...၁၁၅...၁၂၀...၁၉၀...၂၀၀...၂၀၅..၂၁၀..
၂၃၀..၂၄၀...၂၅၀...၂၆၀...၂၈၀...၃၀၀...၃၀၅...၃၁၀...၃၃၀..
၃၉၀...၄၀၀...၄၀၅"
ဝန်ထမ်းတွေအကုန်လုံးလဲ မျက်နှာမကောင်းရှာ။ ညကလဲလူစစ်ရင်း တိုင်းလက်ထဲမှ ကိုင်ထားသည့် ဝိုင်ခွက်ကိုတောင် နံရံပေါ်ပစ်ပေါက်လိုက်သည်အထိ မြင်ထားကြတာမလို့ ဘယ်သူမှလဲ ဝင်ပြောပေးလို့
မရချေ။အခေါက်၄၀၀လောက်ရောက်သည်နှင့် ခြူးခြူးမနေနိုင်တော့ပဲဘုန်းဆက်ဘေးနားသွား၍ ဒူးထောက်ထိုင်ချလိုက်ပြီး တိုင်းကိုမော့ကြည့်၏။ထို့နောက်...
"သခင်လေး၊ ကျွန်တော်ပါrichardရဲ့ အပြစ်တဝက်ကိုယူပါရစေ"
"ဘာ!"
တိုင်းမျက်ဝန်းတွေကျဥ်းမြောင်းသွား၏။ဘုန်းဆက်လဲဘေးလှည့်
ကြည့်ပြီး ထိုကောင်လေး၏လက်ကိုလှမ်းဆွဲရင်း မျက်စပစ်ကာဝင်
မပါနဲ့ဟူ၍ ပြောလိုက်သလိုပင်။ သို့သော် ထိုကောင်လေးက ဆွဲယူ
ထားသည့်လက်ကိုရုန်းသည်။ အဆောင်မှာ အကူညီလိုရင်ဖြစ်စေ၊
အားလပ်ရက်အပြင်ထွက်လို့ ငွေလိုရင်ဖြစ်စေ၊ဘုန်းဆက်က ကူညီပေးဖူးသူမလို့၊ဒီအချိန်မှာ သူငယ်ချင်းတစ်ယောက်အနေနဲ့ ကိုယ်တတ်နိုင်သည့်ဘက်မှ ပြန်ကူညီပေးချင်၏။
အကုန်လုံး၏အကြည့်တွေ ထိုနှစ်ယောက်အပေါ်တည်နေစဥ် တိုင်းနှုတ်ခမ်းမဲ့သည်။ဝန်ထမ်းတွေအမြင်မှာတော့ သူဟာ မတရားမောက်
မာနေတဲ့လူလို့ထင်ချင်ထင်နိုင်တယ်။သို့ပေမယ့် ဂရုစိုက်မနေချင်...
သူစိမ်းလူပါလာပြီဆိုတော့ မသိမသာ ပြုံးလိုက်မိ၍
"အဟွန်း!မင်းတော်လိုက်တော့ richard thwin မင်းလဲ အစားဝင်ပေးစရာမလိုတော့ဘူး၊ ကျန်တဲ့လူတွေလဲ ကိုယ့်အလုပ်ကိုပြန်လုပ်ကြ"
"richard အဆင်ပြေရဲ့လား"
"အင်း!ကျေးဇူးပဲ"
ဝန်ထမ်းတွေရုတ်ရုတ်သဲသဲပြန်ထွက်သွားကြ၍ ထိုကောင်လေးက ဘုန်းဆက်ကိုဆွဲထူပေးသည်။ တိုင်းလက်ပိုက်ရပ်ကာ မျက်ဝန်းတွေ
မှေးစင်းနေအောင်ကြည့်ပြီးမှ ထိုကောင်လေးကို လုပ်စရာရှိတာလုပ်ခိုင်းပြီး နှင်လွှတ်၏။ ထို့နောက် ဘောင်းဘီအိတ်ထဲမှ လက်ကိုင်ပဝါ
ထုတ်၍ ချွေးပြန်နေသောဘုန်းဆက်အားလှမ်းပေးသည်။
"ကျွန်တော်မယူတော့ဘူးသခင်လေး"
"စကားကိုအတွန့်မတက်နဲ့ပေးရင်ယူလိုက်"
ထိုအခါမှဆွဲယူသည်။ပြီးတော့ တိုင်းကိုစေ့စေ့စပ်စပ်ကြည့်၍
"သခင်လေးက ကျွန်တော့်ကို အနာပေးလိုက် ဆေးပေးလိုက်လုပ်နေတာ"
"ကိုယ်နေ့လည် ဆောက်လက်စဟိုတယ်သွားကြည့်ရအုံးမှာ၊ နောက်ရက်လဲ စင်ကာပူသွားရမှာ၊ မင်းဒီမှာပဲ ငြိမ်ငြိမ်လေးနေရင်ကောင်းမယ်"
"ကျွန်တော်ကဆိုးနေလို့လားဗျ"
"စည်းမျဥ်းတွေကိုရောလိုက်နာခဲ့သလား၊ကိုယ်ချမှတ်ထားတဲ့စည်း
မျဥ်းတွေကို မင်းက ခြေနဲ့လိုက်ဖျက်နေတယ်"
"ဒါပေမယ့် အပြစ်ခံယူတယ်လေ"
"ဒါဆိုငါလုပ်ချင်တိုင်းလုပ်မယ် ပြီးမှ အပြစ်ယူလိုက်မယ်ဆိုပြီး ပေါ့ပေါ့လေးတွေးနေတာလား!"
ဘုန်းဆက်ဘာမှဆက်မပြောတော့ပဲ လှည့်ထွက်လျှင် နောက်မှတိုင်း၏
အသံကပျံ့လွင့်လာခဲ့သည်။
"မင်းကိုယ့်ကို စိတ်ဆိုးနေတာလားသွင်!"
ဘုန်းဆက်'ကျစ်'ခနဲစုပ်သတ်ရင်းနောက်ပြန်လှည့်လာကာ တိုင်းနှင့် နီးနီးကပ်ကပ်ရပ်၍ သြရှရှအသံကြီးဖြင့် စကားအဆက်အစပ်မရှိ။
"သိပ်လှတဲ့ ပန်းလေးတစ်ပွင့်ကို ခူးဆွတ်နိုင်ဖို့အရေး ဆူးခက်တွေက နှလုံးသားမှာ ခလုတ်ကန်သင်း သဖွယ်စူးငြိနေတယ်၊ ကျွန်တော် ဆက်ခူးသင့်သလားဖြေပါအုံး"
"ဆူးမယ်ထင်ရင် မခူးနဲ့"
"အဟက်!ဒါဆိုလဲ အပင်လိုက်နှုတ်တာပေါ့"
ကျွတ်ဆက်ဆက်လေသံကြောင့် တိုင်းမျက်လွှာပင့်ကြည့်တော့ စိုက်
ကြည့်နေသည့်မျက်ဝန်းတွေနှင့်ဆုံစည်းသွား၏။တိုင်းဆက်မပြောတော့ပဲ စံအိမ်သို့သာပြန်လာခဲ့သည်။ ကျောနောက်မှ 'ဟက်'ခနဲရယ်သံကြားသော်လည်း ခေါင်းရမ်းမိလိုက်သည်။ခွေးကောင်...မေးတုန်းကမေးပြီး ပြန်ပြောတော့လဲ လူအမြင်ကပ်အောင်ဘုကလန့်။
suite roomထဲဝင်လာသည်နှင့် ဖီးနစ်ကတိုင်းကိုခုန်ဖက်သည်။
အပြာရောင်မျက်လုံးလေးနှင့်ပြူးကြည့်နေသော အညိုရောင်ပတ္တမြား
လုံးလေးကိုကြည့်၍ တိုင်းကောက်ပွေ့ကာ ပေါင်ပေါ် တင်ထားပြီး
macbookကိုဖွင့်သည်။ ပြီးတော့ onlineပေါ်တက်လာသည့်
ပုံတစ်ပုံကြောင့် တိုင်းမျက်ဝန်းတွေပြူးကျယ်သွားရ၏။ ရှုတင်တုန်းက အမရာအား ဂေါက်ရိုက်ဟန်သင်ပေးနေသည့် ပုံကဘယ်လိုတက်လာသလဲမသိ။ miss universe crown ပိုင်ရှင်အမရာနှင့်
royal palace ဆက်ခံသူတို့၏အချစ်ရေးဆိုသောခေါင်းစဥ်ကတစ်မျိုး။ နှစ်ယောက်သား dateနေကြပြီလားဆိုသည့် ခေါင်းစဥ်
ဖြင့်တစ်ဖုံ။ နာမည်ကြီးသတင်းချန်နယ်တို့၏ ထိပ်စီးတွင်အသီးသီး ခေါင်းစဥ်ကြီးဖြင့်နေရာယူထား၏။ ထိုအောက်တွင်လဲ မှတ်ချက်တွေ
ဆိုတာ ဗုန်းပေါလအောပင်။
~နောက်ဆုံးတော့ငါထင်တဲ့အတိုင်းပါပဲ
~အမရာရေဖြေရှင်းချက်လေးပေးပါ...တကယ်ဆိုရင်တော့အသဲတွေကွဲပြီပေါ့
~ ရွှေမင်းသားလေးကို ပိုင်ဆိုင်ခွင့်ရတဲ့ စင်ဒရဲလား လေးပေါ့
~ရင်နင့်စွာနဲ့ ပြောလိုက်ပါ့မယ် concon ရာရာ
~အား!ငါမယုံနိုင်သေးဘူး၊ မဟုတ်ဘူးမလား အမရာ
~နှစ်ယောက်လုံး လိုက်ဖက်ပါတယ်၊ ကောင်မလေးသာပျော်မယ်ဆိုသဘောတူပြီးသား
~ဟိုတယ်ရဲ့ ဆက်ခံသူအလှလေးကိုနှမြောတယ်
~အပေါ်က မန့်က ဘာသဘောလဲ တို့အမရာက ဘာဖြစ်နေလို့ နှမြောရတာလဲ၊ နှမြောမဲ့နှမြော အမရာကပဲနှမြောဖို့ကောင်းတာ..ဘောလား
~rumorနေမှာပါ..တကယ်မဟုတ်ပါစေနဲ့
~ဟဲ့..ဟဲ့..နေကြပါအုံး ဇွတ်နော် ရိုက်ကူးရေးလုပ်နေတာရောမဖြစ်နိုင်ဘူးလား၊နင်တို့တွေကလဲ fanသာပြောတယ် ဇွတ်ပေးစားနေတယ်
တစ်ဖက်လူကိုလဲ respectရှိစမ်းပါ၊ နင်တို့လူက ဘယ်လောက်များ
မြင့်မြတ်နေလို့လဲ
~အမရာ confirmမှပဲယုံမယ်ဟေ့
~အမယ်လေး...အပေါ်ကမန့်ကိုမကျေနပ်လို့ပြောအုံးမယ်၊ ရိုက်ကူးရေးမှာ male model မဟုတ်ပဲ ဘာကိစ္စ ဟိုတယ်ဆက်ခံမယ့်သူက ဝင်ရိုက်ကူနေရတာလဲ ၊ဒါလဲ သူ့ကိစ္စပဲလား
~သူ့ဘာသာဘယ်လိုပါပါ အဲ့တာ နင့်အပူလားပြောသားပဲ ဆရာကြီး
တွေပေါတဲ့ နိုင်ငံပါလို့
~စာချုပ်မြန်မြန်ပြည့်ပြီး ထွက်လာခဲ့ပါတော့
~အမရာကဟိုမှာ သာယာနေပြီ နင်တို့ပဲ ပွဲဖြစ်နေလိုက်ကြ
တစ်ဖက်နှင့်တစ်ဖက် ရန်ဖြစ်နေသလိုပြောနေကြတော့ တိုင်းစိတ်ရှုပ်ကာmacbookကိုပိတ်ချပစ်ပြီး နားထင်ကိုလက်ဖြင့် ထောက်ထားလိုက်မိတော့သည်။ဒီပုံဟာ မေမေတင်တာလား။ဒါမှမဟုတ် အမရာတင်တာလား။ အမရာ တင်တာတော့မဖြစ်နိုင်။ သူက ဟန်ဆောင်
ထားတာမကြိုက်ရင်တောင် ငြင်းလို့ရတယ်ပြောထားတာ၊ ဒီပုံတင်ပြီး ဖမ်းတဲ့အကွက်လဲ မဖြစ်နိုင်ပါ။ ဒါဆိုဘယ်သူလဲ။ တွေးနေရင်းသိပ်မကြာ ဖုန်းဝင်လာတာကိုင်လိုက်သည်နှင့်
"hello"
"hello bossလား၊ အမရာပါ...onlineပေါ်ကသတင်းတွေကိုပြောချင်လို့"
"အင်း!အမရာ"
"ဟို...အဲ့တာလေ မန်နေဂျာတင်လိုက်တာပါ၊သူက သဘောကျမိပြီး
တင်လိုက်တာတဲ့ ကိစ္စကြီးသွားမယ်မထင်မိလို့တဲ့အဲ့တာ အမရာပြန်ဖြေရှင်းခိုင်းထားတယ်"
"သြော်..."
"ရာရာ့ကြောင့် bossစိတ်အနှောင့်အယှက်ဖြစ်သွားရင် အလေးအ
နက်တောင်းပန်ပါတယ်နော် ရာရာလဲခုမှသိပြီး ချက်ခြင်းဖုန်းလှမ်းဆက်လိုက်တာ"
"အင်း!သတင်းတွေက ပြန့်နေပြီဆိုတော့ လိုက်လို့မှီပါ့မလား၊အမရာ"
"အမရာဘက်က သေချာဖြေရှင်းပေးပါ့မယ်"
"ကောင်းပြီ"
ပြောပြီးတိုင်းက ဖုန်းချပစ်သည်။ထို့နောက် စားပွဲပေါ် တံတောင်ဆစ်
ဖြင့်ထောက်ကာ လက်မှနားထင်ကို ဖိချေနေလိုက်သည်။ပြီးမှ ပေါင်ပေါ်တင်ထားသည့် ဖီးနစ်၏မွေးပွကျောပြင်လေးအား အကြောင်းမဲ့
ပွတ်သပ်နေလိုက်တော့သည်။ သိပ်မကြာ...ဖုန်းထဲမှ noti ဝင်သံ
ကြားလာသည်နှင့် ဖုန်းဖွင့်ကြည့်ပြီး မျက်မှောင်ကုပ်၏။
သတင်း၏အောက်မှာ မန့်ထားသည့် commentတွေအား အမည်ဖျက်ထားသည့်accountမှ ရွဲ့ပြီးreplyပြန်ထားသည့်notiတွေ တက်လာခြင်းဖြစ်သည်။ "ဟိုတယ်ဆက်ခံသူက နင်တို့မော်ဒယ်ကို
စိတ်မဝင်စားဘူး"ဟူသည်ရော၊ "နင်တို့ဘယ်လောက်သိလို့ရှည်နေရတာလဲ"ဟူသည်ရော၊ replyအသွားအလာတွေကို ကြည့်ပြီး တိုင်းအံကြိတ်မိသည်။accountနာမည်ဖျက်ထားတိုင်း သူမသိဘူးထင်နေလေသလား။ဘုန်းဆက်..ဒီကောင်လုပ်လိုက်ပြန်ပြီ...။
>>>>>>>>>>>>>
ဟိုတယ်ဆောက်မည့် နယ်သို့ ဒုတိယအကြိမ်ရောက်လာတော့ဆောက်
လက်စ ဟိုတယ်ကြီးဟာ foundationချပြီး၊ အထပ်မြင့်တွေစတင်နေပြီဖြစ်သည်။ အမရာအပါအဝင် တိုင်းနှင့်အတူအဆောက်
အဦးကိုကြည့်၍ civil engineerက ဟိုတယ်ဆောက်လုပ်သည့် အသေးစိတ်ကို ရှင်းပြသည်။
"အခုဟိုတယ် ကိုအခြားဟိုတယ်တွေထက်ပိုမိုခိုင်ခံ့အောင်ရော၊ဖောက်ထွင်းသူခိုးနဲ့ ရာသီဥတုဒဏ်ရောကာကွယ်နိုင်အောင်အကောင်း
ဆုံးဖြစ်ဖို့အတွက် ကြိုးစားထားပါတယ်၊"
"walls(နံရံ)နဲ့ column(တိုင်)ကရော"
"ဟုတ် ကျွန်တော်အခုပြောနေတာ အဲ့ဒီအပိုင်းပဲလေ...နံရံတွေကြောင့်
ဆောင်းရာသီမှာ အအေးဒဏ်ကိုကာကွယ်နိုင်ပြီးအနွေးဓာတ်ရရှိအောင်ရောနွေရာသီမှာလဲ အပူဒဏ်ကိုကာကွယ်နိုင်ပြီး အအေးဓာတ်ကိုရရှိအောင်ကြိုးစားပေးမှာပါ"
"အင်း!ပြတင်းပေါက်အတွက်ကရော"
"ပြတင်းပေါက်က...ဘောင်တွေကို အုတ်နံရံပေါ် တိုက်ရိုက်မတင်ပဲ
'ပလိန်း ကွန်ကရစ်'အရင်ခင်းပြီးမှ တင်ပါမယ်၊နောက်ပြီးမိုးရေ
မပက်အောင် နဲ့၊နေရောင်ခြည် မိုးဒဏ်ကာကွယ်ဖို့အတွက် အကောင်းဆုံးကြိုးစားပေးပါ့မယ်"
"ငလျင်ဒဏ်ခံနိုင်ပါ့မလား"
"အဲ့တာတော့စိတ်ချပါ၊ foundationစချကတည်းက သေချာစီစဥ်ခဲ့ပြီးပါပြီ"
"တစ်နှစ်အတွင်အပြီးအစီးဆောက်လုပ်ပေးပါ"
"ဟုတ်ကဲ့စိတ်ချပါ..စာချုပ်အတိုင်းဖြစ်စေရပါမယ်"
အဆောက်အဦးကိုကြည့်တော့ အပေါ်ပိုင်း ၃ထပ်၄ထပ်လောက်ထိဆောက်လုပ်ပြီးဆဲဖြစ်ကာ တောင်ကုန်းပေါ်မှာဆောက်သည့်ရဲတိုက်ပုံစံဖြစ်တဲ့အတွက် မြေအနေအထားကိုကြည့်ပြီး တော်တော်လေးတော့ သတိထားဆောက်လုပ်ရမည့်သဘောဖြစ်သည်။အဆောက်အဦးကိုသေချာကြည့်ပြီးမှ ဖိုင်ကိုင်ထားရင်း siteထဲမှပြန်ထွက်လာလျှင်
"boss!ဟိုတယ်ကြီးအပြီးအစီးဖြစ်သွားရင်တော်တော်မိုက်မယ်နော်"
"ဟုတ်တယ် အမရာ၊အဲ့ကျ ဒီကိုလာပြီး ကြော်ငြာရိုက်ရအုံးမှာ"
"ဟုတ်၊ ဒီလိုဟိုတယ်မျိုးဆို တည်းခိုသူတွေသဘောကျမှာသေချာတယ်..ခစ်ခစ်!"
"အဲ့ဒီအတွက် ငွေတွေအများကြီး ကုန်ကျခဲ့ရတာပဲလေ၊တည်းခိုသူတွေစိတ်တိုင်းကျဖို့ပဲလိုတာ"
အမရာနှင့်အတူ စကားပြောလျှောက်လာရင်းတောင်အောက်ပြန်ဆင်း
လျှင် ကိုစိုးလင်းနဲ့ ဘုန်းဆက်ရပ်စောင့်နေပြီဖြစ်ကာ ဘုန်းဆက်ကိုမြင်မှ အမရာ ခေါင်းလေးငုံ့ထား၏။ တိုင်းကားထဲ ဝင်ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် အမရာပါ နောက်ခန်းမှာဝင်ထိုင်ရင်း ဘုန်းဆက်ကိုငေးကြည့်၏။ တိုင်းကိုကြည့်တော့ အေးတိအေးစက်၊ ဘုန်းဆက်ကိုကြည့်ပြန်တော့ မလှုပ်မယှက်ဖြစ်သည်။အမရာ သက်ပြင်းခပ်ငွေ့ငွေချလေသည်။ သုံးယောက်စလုံး မတူညီတဲ့ အခြေအနေတွေနဲ့ ရင်ဘတ်ထဲက ခံစားချက်တွေကတော့ တူညီနေလိမ့်မည်။
လမ်းတစ်လျှောက် ဘယ်သူမှဘာတစ်ခွန်းမှ မပြောကြပဲ ခြောက်ကပ်
နေတော့ ကိုစိုးလင်း တစ်ယောက်နေမထိထိုင်မသာ။ ဟိုတယ်ပြန်ရောက်မှသာ တိုင်းက နေ့လည်စာအတွက် ကျွေးမွေးချင်တယ်ပြောတော့အကုန်လုံးကလက်ခံလိုက်သည်နှင့် ဟိုတယ်ရှိ စားသောက်ဆိုင်ကြီးသို့ ဝင်လာခဲ့သည်။ လွတ်နေတဲ့ စားပွဲဝိုင်းတစ်ခုကိုမြင်လိုက်သည်နှင့် ဘုန်းဆက်ဖင်ထိုင်ခုံဆွဲထုတ်ပေးပြီး တိုင်းကိုဝင်ထိုင်ခိုင်းလိုက်၏။
ပြီးတော့ ဘေးခုံဆွဲထုတ်၍ ဝင်ထိုင်မည်အပြု တိုင်းကအမရာ၏လက်
လှမ်းဆွဲသည်။ထို့နောက်...
"အမရာ...ကိုယ့်ဘေးလာထိုင်!"
ဘယ်သူ့ကိုမှအကဲမခက်မိပဲ ကိုစိုးလင်းကတော့ တွေ့တဲ့နေရာ ဝင်ထိုင်ပြီး စားပွဲပေါ် လှပစွာ စနစ်တကျခေါက်တင်ထားသည့် လက်ကိုင်ပဝါလေးကိုဖြည်၍ ဟင်းစက်မကျစေလိုရန် ပေါင်ပေါ်သို့တင်သည်။ စားပွဲပေါ်ရှိရေခွက်ကိုအရင်ယူသောက်လိုက်ပြီး စားသောက်ဆိုင်၏
အပြင်အဆင်တွေကိုငေးကြည့်နေ၏။စံအိမ်မှာကျွေးတဲ့ အစားအ
သောက်ကောင်းတွေစားဖူးနေသော်လည်း ဟိုတယ်စာ စားရမည်ဆိုတော့ ပြုံးပြုံးဖြီးဖြီး။
အမရာအားဘေးခေါ်လိုက်သည့်အတွက်ကြောင့် ဘုန်းဆက်မျက်နှာ
ပျက်သွား၍ မျက်နှာချင်းဆိုင်ခုံကို အသံမြည်အောင်ဆွဲထုတ် ဝင်ထိုင်ကာလက်ပိုက်၍ ခပ်ထေ့ထေ့စိုက်ကြည့်သည်။ ထို့အတူ မီနူးစာအုပ်
ရောက်လာလျှင် ကိုစိုးလင်းက ဦးဆုံးယူပြီးကြည့်၏။အမရာကတော့ ဘုန်းဆက်ကိုငေးရင်း မီနူးစာအုပ်မယူနိုင်သေးပေ။သူမဘက်မှစကား
ပြောချင်ပါသော်လည်း အခြေအနေကမပေးချေ။
"ဟို!အမဲသား steakနဲ့ red wine"
"ဒါပဲလား စားချင်တာရှိရင်ထပ်မှာလေ အချိုပွဲနဲ့အအေးရော"
တိုင်းကနားထောင်နေရင်းဖြတ်ပြောသည်။ထိုအခါမှ ကိုစိုးလင်းစာအုပ်ပြန်ကြည့်၍ ပြုံးစိစိဖြင့်
"ပါစတာရယ်၊ အချိုပွဲအတွက် ချောကလက်ချိစ်အလွှာကိတ်ရယ်၊
hard sodaတစ်ခွက်ရယ်ဆိုရပါပြီ..ဟီး"
waiterက ipadဖြင့် မှာသည့်အစားအသောက် များကို တစ်တောက်တောက်နှိပ်ကာ စာရင်းပို့နေ၏။ ထိုအခါမှ အမရာလဲ
"ထောပတ်သီးပေါင်မုန့်ပူတင်းနဲ့liquorတစ်ခွက်ပဲပေးပါ ရာရာ
weightထိန်းနေလို့"
"ကျွန်တော့်ကိုbraised steakနဲ့red wineပဲ သခင်လေးရော"
ဘုန်းဆက်ပြောမှ တိုင်းစာအုပ်ချပစ်လိုက်ပြီး မျက်မှန်ပင့်တင်ကာ
waiterကိုကြည့်၏။ထို့နောက်...
"turkey ပဲချပေးတော့"
waiterမှစာရင်းတွေယူသွားပြီးသိပ်မကြာ မှာထားသည်များကို
လာချပေး၏။ထို့အတူ တိုင်းကစားပွဲပေါ်ရှိ ရေခွက်ကိုလှမ်းယူလိုက်
စဥ် တံတောင်ဆစ်ဖြင့်တိုက်မိပြီး အအေးခွက်က အမရာ၏ကိုယ်ပေါ်သို့ဖိတ်ကျသွားသည်။
"ဒုတ်..ဂလွမ်"
"ဟယ်.."
"ဟာ..sorry sorry"
စားပွဲပေါ်ရှိ လက်ကိုင်ပဝါတစ်ထည်ဖြင့်အမြန်ယူကာ ကပြာကယာ
ပွတ်သုတ်ပေးဖို့လက်လှမ်းစဥ် ဘုန်းဆက်ကချက်ခြင်းပင်လက်
ကောက်ဝတ်ကိုလှမ်းဆွဲထား၏။မကြိုက်ဘူး မထိနဲ့ဆိုသည့်သဘော။
ထိုအခါမှတိုင်းလဲ သတိဝင်လာ၍အမရာကိုပြန်ကြည့်တော့ ပေါင်ပေါ်ရှိ ဖိတ်ကျထားသောအအေးတွေကို ငုံ့၍ခါချနေသည်။ တိုင်းပင့်သက်ရှိုက်ကာ လက်ကိုင်ပဝါ ကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလေသည်။ဘုန်းဆက်ဝင်ဆွဲလို့ပေါ့မဟုတ်ရင် မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်လက်လွှတ်စပယ် ထိမိတော့မလို့။ ထိုစဥ် ဘုန်းဆက်က လျင်မြန်စွာ အမရာ၏ လက်ကောက်ဝတ်ကိုဆွဲမ၍ သန့်စင်ခန်းဆီသို့ ဆွဲခေါ်သွား၏။
"အမရာ၊အထဲဝင်ပြီး သေချာသန့်ရှင်းအောင်လုပ်ခဲ့ပါ၊ကျွန်တော်ဒီကနေ စောင့်နေမယ်"
"ဟုတ်ကဲ့"
သန့်စင်ခန်းထဲရောက်သည်နှင့် မှန်ချပ်ကြီးရှေ့ အပြေးရပ်ပြီး တစ်ရှုး
ထုတ်ကာ ဖိတ်ကျထားသော ဖျော်ရည်တွေကို သေချာသန့်ရှင်း၏။ပြီးတော့sling bagအိတ်ထဲမှ မိတ်ကပ်ဘူးနဲ့ နှုတ်ခမ်းနီထုတ်ကာ သပ်သပ်ရပ်ရပ် ဖြစ်အောင်ပြန်ပြင်ဆင်သည်။ ထို့နောက် ပြန်ထွက်လာသည်နှင့် ဘုန်းဆက်ကရပ်စောင့်နေရာမှ အမရာအားမြင်လျှင်
ချက်ချင်းလှည့်ထွက်သွား၏။ 188cmအရပ်ကြီးနဲ့ ခြေလှမ်းကျဲ
ကြီးတွေဖြင့် တစ်ခါလျှောက်တိုင်းအမရာ ငါးလှမ်းလောက်လျှောက်ကာမပြေးရုံတမယ် အမှီလိုက်နေရသည်က မသက်သာပေ။ နောက်မှအမှီလိုက်ရင်း ဘုန်းဆက်ကို ဘေးစောင်းမော့ကြည့်ကာ လမ်းကိုလဲတစောင်းလျှောက်ရင်းနဲ့ပင်...
"ဟို..mr.bodyguard ကျေးဇူးပဲနော်"
ခြေလှမ်းမပျက်လျှောက်နေရင်းအမရာအားစောင်းငဲ့ကြည့်သည်။
ထို့နောက်ဘောင်းဘီအိတ်ထဲလက်ထည့်လိုက်၍
"ကျွန်တော့်ကို mr.bodyguard လို့မခေါ်ပါနဲ့နာမည်ပဲခေါ်ပါ"
"ဟုတ်!"
ပြောအပြီးဆက်လျှောက်နေတော့ အမရာအမှီလိုက်ရင်းနဲ့ပင် အံကြိတ်မိသည်။ ဒီလိုနှစ်ယောက်အတူရှိနေချိန်ဆိုတာခပ်ရှားရှားမို့ စကား
ပြောဖို့အခွင့်အရေးကိုလက်လွှတ်မခံချင်ပေ။ ထို့ကြောင့် စိတ်ထဲရှိရာပြောဖို့ ဆုံးဖြတ်လိုက်၍
"ဟို..ဆက်မှုးမှာရော ချစ်ရတဲ့လူ၊ဒါမှမဟုတ်သဘောကျတဲ့လူရှိလားဟင်!"
ထိုစကားကြောင့်ခြေလှမ်းရပ်တန့်သွားလျှင် အမရာပါ အော်တိုရပ်
တန့်သွား၍နှုတ်ခမ်းကိုသာတင်းတင်းဖိပိတ်ထားမိသည်။ သတိမထားပဲလွှတ်ခနဲ ထွက်သွားတဲ့စကားကို တစ်ဖက်လူကြိုက်မကြိုက် မသိ​ပေ။သိချင်စိတ်ကိုသာ အရင်းခံပြီးမေးလိုက်ခြင်းဖြစ်သည်။သူက
တော့ဘယ်လိုထင်ထင်ဂရုမစိုက်တော့...။
ဘုန်းဆက်အမရာကိုစောင်းငဲ့ကြည့်ကာ 'ဟက်'ခနဲရယ်သည်။သို့ပေ
မယ့် မျက်ဝန်းတွေမှာတော့အလိုမကျခြင်းတွေအပြည့်ပါဝင်နေတာ
သတိမထားမိပဲ ဘုန်းဆက်ဆီမှ စကားကိုစောင့်မျှော်နေသလိုမျက်ဝန်းမျိုးဖြင့်မော့ကြည့်နေလေသည်။ထို့ကြောင့်...
"ချစ်ရတဲ့လူရှိတယ်၊ တွဲလဲတွဲဖူးတယ်၊ဒါပေမယ့် သူကအခုကျွန်တော့်ကိုတွန်းထုတ်နေတယ်၊ အဲ့ဒီအတွက် ကျွန်တော်ဆက်လိုက်သင့်လား၊ဒါမှမဟုတ်လက်လျှော့လိုက်သင့်လား၊ အမရာဘယ်လိုထင်လဲ"
"ရှင်!"
အမရာနေရာမှာတင်ငြိမ်သက်နေမိသည်။ရင်ဘတ်ထဲလဲ တစ်စုံတစ်ခုပြုတ်ကျသွားသလို 'ဟာခနဲ'ဖြစ်သွား၍ ဘာပြောရမလဲ။မည်သူမဆို
ကိုယ်တစ်ဖက်သတ်သဘောကျနေတဲ့လူဆီမှ ထိုစကားမျိုးကိုကြားချင်မည်တော့မဟုတ်။ သွေးကြောတွေဖောက်ထုတ်ခံလိုက်ရသလို ခံစားရကာ ဒီလိုစကားမျိုး မျှော်လင့်မထားပေမယ့်တကယ်တမ်းထွက်ကျလာတော့ မေးမိတဲ့ ကိုယ့်ကိုယ့်သာလျှင်ခေါင်းခေါက်လိုက်ချင်ပါသည်။
ခေါင်းငုံ့ထား၍ အမရာမျက်မှောင်ကျုံ့သွားမိ၏။မဟုတ်မှတိုင်းနဲ့ဘုန်းဆက်က မိန်းကလေးတစ်ယောက်တည်းကိုများကြိုက်နေကြသလား။ ဟိုတစ်လောက အခြေအနေအရ သေချာပေါက်နှစ်ယောက်ကြားမှာ တစ်ခုခုတော့ရှိနေတယ်။ ဒါပေမယ့်အဲ့တာဘာလဲ သူမ'မသိပေ။
အကယ်၍ သူမဟုတ်တဲ့ မိန်းကလေးတစ်ယောက်တည်းကိုပဲနှစ်ယောက်ကြိုက်မိနေတယ်ဆိုရင်ရော...ချဥ်းကပ်ဖို့ကြိုးစားတာကိုရပ်လိုက်ရမလား။ ရပ်တန့်သင့်သလား။
ခေါင်းငုံ့အတွေးနက် နေတဲ့အမရာအားငုံ့မိုးကြည့်၍ နှုတ်ခမ်းတစ်ဖက်
မဲ့သွားကာ နေရာကနေလှည့်ထွက်လာခဲ့၏။ တိုင်းနဲ့အမရာဒီလိုနှစ်ယောက်အတူ နီးနီးကပ်ကပ်ရှိနေတာကိုသဘောမကျချေ။ ပြောပိုင်
ခွင့်မရှိတဲ့အခြေအနေမို့ ဒီအတိုင်းငြိမ်နေရတဲ့အဖြစ်ကလဲဆိုးသည်။
ဒေါ်ငွေနန်းရွှေရည်ရဲ့စကားတွေကိုနားထောင်ပြီးတိုင်းကရော ဘာကိစ္စအမရာကိုတွဲနေရသလဲ။ဒေါ်ငွေနန်းရွှေရည်ဆိုတဲ့ မိန်းမကြီးကလဲလွယ်
တာမဟုတ်။သားရဲ့ဖြစ်တည်မှုကိုတောင်မေ့ထားပြီး သူလုပ်ချင်တာ၊ဖြစ်ချင်တာကိုသာဦးစားပေးတတ်သူ။ ဖြစ်နိုင်ရင်..ချစ်ရသူကို ဘယ်သူမှမသိအောင် အိတ်ကပ်ထဲ ထည့်ပြီးအဝေးတစ်နေရာကိုထွက်ပြေး
သွားချင်ပါ၏။သို့သော်ငြား..အသိုင်းအဝိုင်းတွေကြားမှာ တင့်တောင့်တင့်တယ် ထားနိုင်အောင်သူ့ဘက်ကကြိုးစားပါ့မည်ဆိုကာမှ မုန်တိုင်းဝင်လာလေခြင်း။
#############
Zawgyi
"ဟုတ်ကဲ့"
"ဟုတ်ကဲ့သိပါတယ်"
200တိုးမယ်"
၃၉၀...၄၀၀...၄၀၅"
"ဘာ!"
"အင်း!ကျေးဇူးပဲ"
"ဆူးမယ်ထင်ရင် မခူးနဲ့"
~ဟဲ့..ဟဲ့..နေကြပါအုံး ဇွတ်နော် ရိုက်ကူးရေးလုပ်နေတာရောမဖြစ်နိုင်ဘူးလား၊နင်တို့တွေကလဲ fanသာပြောတယ် ဇွတ်ပေးစားနေတယ် တစ်ဖက်လူကိုလဲ respectရှိစမ်းပါ၊ နင်တို့လူက ဘယ်လောက်များးမြင့်မြတ်နေလို့လဲ
"hello"
"အင်း!အမရာ"
"သြော်..."
"ကောင်းပြီ"
>>>>>>>>>>>>>
"ဟုတ် ကျွန်တော်အခုပြောနေတာ အဲ့ဒီအပိုင်းပဲလေ...နံရံတွေကြောင့်ဆောင်းရာသီမှာ အအေးဒဏ်ကိုကာကွယ်နိုင်ပြီးအနွေးဓာတ်ရရှိအောင်ရောနွရောသီမှာလဲ အပူဒဏ်ကိုကာကွယ်နိုင်ပြီး အအေးဓာတ်ကိုရရှိအောင်ကြိုးစားပေးမှာပါ"
weightထိန်းနေလို့"
waiterကိုကြည့်၏။ထို့နောက်...
"turkey ပဲချပေးတော့"
"ဒုတ်..ဂလွမ်"
"ဟယ်.."
"ဟာ..sorry sorry"
"ဟုတ်ကဲ့"
"ဟုတ်!"
ထို့ကြောင့်...
"ရှင်!"
#############
Continue Reading
You'll Also Like
126K 5.7K 58
𝗕𝗶𝗹𝗹𝗶𝗼𝗻𝗮𝗶𝗿𝗲 𝗿𝗼𝗺𝗮𝗻𝗰𝗲 𝗘𝗸𝗮𝗻𝘀𝗵 𝗥𝗮𝗴𝗵𝘂𝘃𝗮𝗻𝘀𝗵𝗶 ☆ The CEO of 'Raghuvanshi Group' also an underground Mafia. A typical cold...
992K 64.1K 60
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
575K 23K 69
Lilly found an egg on a hiking trip. Nothing abnormal on that, right? Except the egg was four times bigger than supposedly the biggest egg in the wor...
823K 39.2K 26
1950s. ***Story contains mature scenes and Hindi phrases which are not translated in english*** Abhigyan Singh, a Sarpanch of the village named 'Tara...