Uni
မီးရထား၏ဂျုံးဂျက်ဂျက်အသံနှင့်အတူ ကလေးများ၏ဆော့ကစားနေသံများကထပ်တူညီလျက်ရှိနေသည်။ ရထားပေါ်၌ ဘူတာရုံတစ်ရုံရောက်တိုင်းဈေးသည်များသည်ရထားပေါ်သို့အလျှိုလျှိုတတ်လာကြသည်။နောက်ဘူတာရုံတစ်ရုံသို့ရထားဆိုက်ရောက်ပြန်လျှင်လည်းထိုဈေးသည်တွေက အလျှိုလျှိုဆင်းသွားပြန်သည်။
အနွယ် ရထားပြတင်းပေါက်အပြင်ကိုတမော့တမောကြည့်နေမိသည်။ အပြင်ကိုသာကြည့်နေတာ စိတ်တွေကတော့ တစဉ်ထွေပျားပြီး တွေးမိတွေးရာနေမိသည်။
အနားကို ကလေးမလေးတစ်ယောက်လာနေတာသိပေမဲ့လည်း လျစ်လျူရှုထားပြီးအပြင်ကိုသာကြည့်နေမိသည်။ သို့သော်ငြားလည်း ကလေးမက အနွယ့်ကိုကြာကြာလျစ်လျှူရှုခွင့်မပြုခဲ့ဘူး။ သူ့၏ အသံမပီတပီလေးဖြင့်အနွယ့်ကိုစကားစလာသည်။
" မမ "
ထိုအသံလေးကြောင့်အနွယ်လှည့်ကြည့်မိလိုက်တော့ထန်းလျက်တွေအများကြီးထားပြီးရှေ့သွားတစ်ချောင်းကျိုးနေပုံရသည့်ကလေးမလေးက အနွယ့်ကိုရီပြလို့နေသည်။
" ပြောလေ "
" ရော့ "
အနွယ့်လက်ထဲသို့ ထန်းလျက်လေးတစ်ခဲထိုးထည့်ပေးလာသည်နောက်ပြီးပြောလိုက်တာက
" မမက များကြိးချောလို့ကျွေးတာနော် မီးမီးက ဘူ့ကိုမှကျွေးတာမဟုတ်ဖူး ဟီးဟီး"
" ဟုတ်ပါပြီ ကျေးဇူးတင်ပါတယ်ရှင့်"
" ဒါနဲ့ယေ မမ ဘာတွေဝမ်းနည်းနေတာယဲဟင် မမ မျက်လုံးထဲမှာမေမေ ပြောဖူးတဲ့ ဝမ်းနည်းရင်ကျတယ်ဆိုတဲ့အရည်တွေတွေ့နေရတယ်"
" ဟင်"
ထိုစကားလေးကြောင့်အနွယ့်ကိုယ့်မျက်ခမ်းနားကို လက်ဖြင့်အသာထိကြည့်မိတော့ အဟုတ် တဂယ်ပဲမျက်ရည်စတွေ ကပ်တွယ်လို့နေတယ်။ အနွယ်သတိလက်လွတ်ဖြစ်နေခဲ့သည်လား ကလေးတစ်ယောက်တောင်သတိထားမိသည်အထိ။
"မဟုတ် တာ မမ က မျက်လုံးထဲအမှူန်ဝင်သွားလို့ပါ"
" ဟုတ်လို့ယားး"
" ဟုတ်ပါသတဲ့ရှင် ဟုတ်ပါသတဲ့"
" မီးမီးရှိတယ်ဝမ်းနည်းနေရင် ငိုချပလိုက်နော် မမ မေမေကပြောထားတယ် ဝမ်းနည်းနေရင် ငိုချပစ်ရတယ်တဲ့"
ထိုစကားလေးတစ်ခွန်းကြောင့် တင်းထားသမျှစိတ်တွေလျော့ပစ်ပြီး မျက်ရည်တွေကို မျက်ဝန်းအိမ်ထဲကနေ လွတ်လပ်စွာစီးဆင်းခွင့်ပေးလိုက်တော့သည်။
လက်ဖဝါးသေးသေးလေးနှစ်ဖက်ဖြင့် မျက်ရည်စတွေကို အသာဖယ်လာပေးသည့်ကလေးမကြောင့် အနွယ်ပိုတိုးလို့ငိုမိပြန်သည်။
" ဟယ် ညီမလေး မနိုး ရေ ညည်းဘာမွှေထားတာလဲ"
" မီးမီး မမွှေပါဖူး မေမေကယဲ"
ကလေးအမေဖြစ်သည့်အမက ကလေးကိုဆူနေသည့်အသံကြောင့်အနွယ် ငိုနေသည်ကိုရပ်တန့်လိုက်ပြီး ပြန်ဖြေပေးလိုက်သည်။
" မဟုတ်တာ ကလေးကိုမဆူပါနဲ့ ကလေးကြောင့်မဟုတ်ပါဖူး ညီမ ငိုမချရင် ရင်ထဲမှာစို့နစ်နေတဲ့ဟာက ဘယ်လိုပျောက်သွားမှာမဟုတ်လို့ ငိုမိတာပါ ကလေးအပြစ်မဟုတ်ပါဖူး"
" ဟုတ်လားကွယ် အမက အမသမီး မွှေလိုက်တယ်ထင်တာ "
" မဟုတ်တာ မမရယ် မီးမီးကြောင့်အနွယ်ပိုပြီး ခွန်အားတွေရခဲ့တာပါ ကျေးဇူးတင်ပါတယ်နော် မီးမီးလေး"
နောက်ဆုံးအနေနဲ့ရင်ခွင်ထဲမှာ ကလေးမလေးကို အတိုးချဖက်ထားမိသည်။
" ကျေးဇူးပါနော် မီးမီးလေး"
" မမဝမ်းသာတယ်ဆိုယို့ မီးမီးက ကျေနပ်ရပါတယ်"
ကလေးအမေကတော့ထိုမြင်ကွင်းလေးကို ပြုံးပြီးကြည့်နေခဲ့သည်။
" ဒါဆိုရင် အမတို့ကိုခွင့်ပြုပါဦးနော် အမတို့ဆင်းရမဲ့ ဘူတာရုံရောက်နေပြီမို့လို့"
" ဟုတ်ကဲ့ ကံမကုန်ရင်ပြန်ဆုံချင်ပါသေးတယ် အမ တာ့တာနော် မီးမီးလေး"
" တာ့တာမမ "
ဘူတာရုံရောက်သည်အထိလက်ဝေ့ရမ်းပြီးတာ့တာပြနေသည့်ကလေးမလေးကြောင့် အနွယ်လဲတာ့တာပြန်ပြရသေးသည်။
ရထားပြန်ထွက်သည်မှ အနွယ်လဲ ခုနကကလေးမပြောခဲ့သည့်စကားလေးတစ်ခွန်းတစ်ခွန်းကိုပြန်စဉ်းစားလို့နေမိသည်။
" တစ်စုံတစ်ယောက်က အနားမှာရှ်ိပေးပြီးနှစ်သိမ့်ပေးသည့်စကားလေးတစ်ခွန်းက အဲ့သလောက်တောင်အားဖြစ်စေသလား"
ထိုမေးခွန်းရဲ့အဖြေကိုတော့တစ်နေ့ရှာတွေ့မှာပါ။
(....) ဘူတာရုံကိုဆိုက်ရောက်တော့မည်ဟု ရထားထိန်း၏ စကားကြောင့် အနွယ် စိတ်ကိုသေချာပြင်ဆင်ပြီးရထားဆိုက်သည်နှင့် ရထားပေါ်ကဆင်းလာခဲ့သည်။
ရထားပေါ်ကဆင်းပြီး လယ်ကွင်းထဲတွေဘက်သို့ခြေလှမ်းတွေကိုဦးတည်ပြီးလျှောက်လာနေခဲ့မိသည်။
လယ်ကွင်းတွေနားရောက်တော့ အတိတ်ကပုံရိပ်တချို့က မျက်လုံးထဲမှာစီစီရီရီပေါ်လို့လာသည်။
" ဖေကြီး "
" ဟေ "
လယ်ကွင်းထဲမှာ အလုပ်သမားတွေ၏ အခြေအနေကို ကြည့်နေသည့်ဖေကြီးက အနွယ့်ခေါ်သံလေးကြားတော့ ချက်ချင်းပဲပြန်ထူးလာလေသည်။
" ဖေကြီး အနွယ်တို့ လယ်ခရုကောက်ရအောင် အနွယ် လယ်ခရုဟင်းစားချင်လို့"
" ဟုတ်ပါပြီ မင်းသမီးလေးစိတ်တိုင်းကျပေါ့"
" အဲ့ကြောင့် ဖေကြီးကို ချစ်နေရတာ"
" ဟုတ်လဲ မဟုတ်ပဲနဲ့ လူလည်မလေး "
" ဟုတ်ပါတယ်ဆို ဖေကြီးကလဲ"
" အယ်မလေး ငိုတော့မငိုပါနဲ့ မင်းသမီးလေးရယ် ဟေ့ အကုန်လုံး အလုပ်တွေအကုန်ရပ်ပြီး လယ်ခရုလိုက်ကောက်ရအောင်"
ဖေကြီးရဲ့စကားသံအဆုံးမှာ အလုပ်သမားတွေက အလုပ်လုပ်တာ ရပ်လိုက်ကြပြီး လယ်ထဲမှာ လူအများကြီး ပျော်ပျော်ပါးပါး လယ်ခရုလိုက်ကောက်နေကြသည်။
ထိုလူအများကြီးကြားထဲမှာ အနွယ်တို့သားအဖလဲပါဝင်နေခဲ့သည်။ အနွယ်တို့သားအဖကတော့ ခရုကောက်တာနည်းနည်းဆော့တာ များများဖြစ်နေခဲ့သည်။
အိမ်ပြန်ေရာက်တေ့ာသားအဖနှစ်ယောက်လုံးရွှံတွေကိုယ်စီလူးပြီးပြန်လာ တာ အေတွေ့တော့ ဆူသလားမမေးနဲ့ ။
သို့သော်ငြားလည်း ကောက်လာသည့်လယ်ခရုတွေကိုတော့ အမေက မညည်းမညူ တိုက်ချွတ်ပြီး ဖွယ်ဖွယ်ရာရာဟင်းတစ်ခွက်ချက်ပေးခဲ့သည်။
ထိုနေ့ညကသားအဖနှစ်ယောက် ဆူခံထိသော်လည်းထမင်းစားမြိန်ခဲ့သည်တော့ အမှန်ပေ။
*********************************************
၂၇. ၅. ၂၀၂၂
မိုး♡
(A/Nဖတ်ရတာအဆင်ပြေရဲ့လား မပြေရင်ဒီficကို dropလိုက်တော့မယ်နော် ပြေလားမပြေလားပြောပေးသွားကြပါ🤍)
Zawgyi
မီးရထား၏ဂ်ဳံးဂ်က္ဂ်က္အသံႏွင့္အတူ ကေလးမ်ား၏ေဆာ့ကစားေနသံမ်ားကထပ္တူညီလ်က္ရွိေနသည္။ ရထားေပၚ၌ ဘူတာ႐ုံတစ္႐ုံေရာက္တိုင္းေဈးသည္မ်ားသည္ရထားေပၚသို႔အလွ်ိုလွ်ိုတတ္လာၾကသည္။ေနာက္ဘူတာ႐ုံတစ္႐ုံသို႔ရထားဆိုက္ေရာက္ျပန္လွ်င္လည္းထိုေဈးသည္ေတြက အလွ်ိုလွ်ိုဆင္းသြားျပန္သည္။
အႏြယ္ ရထားျပတင္းေပါက္အျပင္ကိုတေမာ့တေမာၾကည့္ေနမိသည္။ အျပင္ကိုသာၾကည့္ေနတာ စိတ္ေတြကေတာ့ တစဥ္ေထြပ်ားၿပီး ေတြးမိေတြးရာေနမိသည္။
အနားကို ကေလးမေလးတစ္ေယာက္လာေနတာသိေပမဲ့လည္း လ်စ္လ်ဴရႈထားၿပီးအျပင္ကိုသာၾကည့္ေနမိသည္။ သို႔ေသာ္ျငားလည္း ကေလးမက အႏြယ့္ကိုၾကာၾကာလ်စ္လ်ႉရႈခြင့္မျပဳခဲ့ဘူး။ သူ႕၏ အသံမပီတပီေလးျဖင့္အႏြယ့္ကိုစကားစလာသည္။
" မမ "
ထိုအသံေလးေၾကာင့္အႏြယ္လွည့္ၾကည့္မိလိုက္ေတာ့ထန္းလ်က္ေတြအမ်ားႀကီးထားၿပီးေရွ႕သြားတစ္ေခ်ာင္းက်ိဳးေနပုံရသည့္ကေလးမေလးက အႏြယ့္ကိုရီျပလို႔ေနသည္။
" ေျပာေလ "
" ေရာ့ "
အႏြယ့္လက္ထဲသို႔ ထန္းလ်က္ေလးတစ္ခဲထိုးထည့္ေပးလာသည္ေနာက္ၿပီးေျပာလိုက္တာက
" မမက မ်ားႀကိးေခ်ာလို႔ေကြၽးတာေနာ္ မီးမီးက ဘူ႕ကိုမွေကြၽးတာမဟုတ္ဖူး ဟီးဟီး"
" ဟုတ္ပါၿပီ ေက်းဇူးတင္ပါတယ္ရွင့္"
" ဒါနဲ႕ေယ မမ ဘာေတြဝမ္းနည္းေနတာယဲဟင္ မမ မ်က္လုံးထဲမွာေမေမ ေျပာဖူးတဲ့ ဝမ္းနည္းရင္က်တယ္ဆိုတဲ့အရည္ေတြေတြ႕ေနရတယ္"
" ဟင္"
ထိုစကားေလးေၾကာင့္အႏြယ့္ကိုယ့္မ်က္ခမ္းနားကို လက္ျဖင့္အသာထိၾကည့္မိေတာ့ အဟုတ္ တဂယ္ပဲမ်က္ရည္စေတြ ကပ္တြယ္လို႔ေနတယ္။ အႏြယ္သတိလက္လြတ္ျဖစ္ေနခဲ့သည္လား ကေလးတစ္ေယာက္ေတာင္သတိထားမိသည္အထိ။
"မဟုတ္ တာ မမ က မ်က္လုံးထဲအမႉန္ဝင္သြားလို႔ပါ"
" ဟုတ္လို႔ယားး"
" ဟုတ္ပါသတဲ့ရွင္ ဟုတ္ပါသတဲ့"
" မီးမီးရွိတယ္ဝမ္းနည္းေနရင္ ငိုခ်ပလိုက္ေနာ္ မမ ေမေမကေျပာထားတယ္ ဝမ္းနည္းေနရင္ ငိုခ်ပစ္ရတယ္တဲ့"
ထိုစကားေလးတစ္ခြန္းေၾကာင့္ တင္းထားသမွ်စိတ္ေတြေလ်ာ့ပစ္ၿပီး မ်က္ရည္ေတြကို မ်က္ဝန္းအိမ္ထဲကေန လြတ္လပ္စြာစီးဆင္းခြင့္ေပးလိုက္ေတာ့သည္။
လက္ဖဝါးေသးေသးေလးႏွစ္ဖက္ျဖင့္ မ်က္ရည္စေတြကို အသာဖယ္လာေပးသည့္ကေလးမေၾကာင့္ အႏြယ္ပိုတိုးလို႔ငိုမိျပန္သည္။
" ဟယ္ ညီမေလး မနိုး ေရ ညည္းဘာေမႊထားတာလဲ"
" မီးမီး မေမႊပါဖူး ေမေမကယဲ"
ကေလးအေမျဖစ္သည့္အမက ကေလးကိုဆူေနသည့္အသံေၾကာင့္အႏြယ္ ငိုေနသည္ကိုရပ္တန႔္လိုက္ၿပီး ျပန္ေျဖေပးလိုက္သည္။
" မဟုတ္တာ ကေလးကိုမဆူပါနဲ႕ ကေလးေၾကာင့္မဟုတ္ပါဖူး ညီမ ငိုမခ်ရင္ ရင္ထဲမွာစို႔နစ္ေနတဲ့ဟာက ဘယ္လိုေပ်ာက္သြားမွာမဟုတ္လို႔ ငိုမိတာပါ ကေလးအျပစ္မဟုတ္ပါဖူး"
" ဟုတ္လားကြယ္ အမက အမသမီး ေမႊလိုက္တယ္ထင္တာ "
" မဟုတ္တာ မမရယ္ မီးမီးေၾကာင့္အႏြယ္ပိုၿပီး ခြန္အားေတြရခဲ့တာပါ ေက်းဇူးတင္ပါတယ္ေနာ္ မီးမီးေလး"
ေနာက္ဆုံးအေနနဲ႕ရင္ခြင္ထဲမွာ ကေလးမေလးကို အတိုးခ်ဖက္ထားမိသည္။
" ေက်းဇူးပါေနာ္ မီးမီးေလး"
" မမဝမ္းသာတယ္ဆိုယို႔ မီးမီးက ေက်နပ္ရပါတယ္"
ကေလးအေမကေတာ့ထိုျမင္ကြင္းေလးကို ၿပဳံးၿပီးၾကည့္ေနခဲ့သည္။
" ဒါဆိုရင္ အမတို႔ကိုခြင့္ျပဳပါဦးေနာ္ အမတို႔ဆင္းရမဲ့ ဘူတာ႐ုံေရာက္ေနၿပီမို႔လို႔"
" ဟုတ္ကဲ့ ကံမကုန္ရင္ျပန္ဆုံခ်င္ပါေသးတယ္ အမ တာ့တာေနာ္ မီးမီးေလး"
" တာ့တာမမ "
ဘူတာ႐ုံေရာက္သည္အထိလက္ေဝ့ရမ္းၿပီးတာ့တာျပေနသည့္ကေလးမေလးေၾကာင့္ အႏြယ္လဲတာ့တာျပန္ျပရေသးသည္။
ရထားျပန္ထြက္သည္မွ အႏြယ္လဲ ခုနကကေလးမေျပာခဲ့သည့္စကားေလးတစ္ခြန္းတစ္ခြန္းကိုျပန္စဥ္းစားလို႔ေနမိသည္။
" တစ္စုံတစ္ေယာက္က အနားမွာရွ္ိေပးၿပီးႏွစ္သိမ့္ေပးသည့္စကားေလးတစ္ခြန္းက အဲ့သေလာက္ေတာင္အားျဖစ္ေစသလား"
ထိုေမးခြန္းရဲ႕အေျဖကိုေတာ့တစ္ေန႕ရွာေတြ႕မွာပါ။
(....) ဘူတာ႐ုံကိုဆိုက္ေရာက္ေတာ့မည္ဟု ရထားထိန္း၏ စကားေၾကာင့္ အႏြယ္ စိတ္ကိုေသခ်ာျပင္ဆင္ၿပီးရထားဆိုက္သည္ႏွင့္ ရထားေပၚကဆင္းလာခဲ့သည္။
ရထားေပၚကဆင္းၿပီး လယ္ကြင္းထဲေတြဘက္သို႔ေျခလွမ္းေတြကိုဦးတည္ၿပီးေလွ်ာက္လာေနခဲ့မိသည္။
လယ္ကြင္းေတြနားေရာက္ေတာ့ အတိတ္ကပုံရိပ္တခ်ိဳ႕က မ်က္လုံးထဲမွာစီစီရီရီေပၚလို႔လာသည္။
" ေဖႀကီး "
" ေဟ "
လယ္ကြင္းထဲမွာ အလုပ္သမားေတြ၏ အေျခအေနကို ၾကည့္ေနသည့္ေဖႀကီးက အႏြယ့္ေခၚသံေလးၾကားေတာ့ ခ်က္ခ်င္းပဲျပန္ထူးလာေလသည္။
" ေဖႀကီး အႏြယ္တို႔ လယ္ခ႐ုေကာက္ရေအာင္ အႏြယ္ လယ္ခ႐ုဟင္းစားခ်င္လို႔"
" ဟုတ္ပါၿပီ မင္းသမီးေလးစိတ္တိုင္းက်ေပါ့"
" အဲ့ေၾကာင့္ ေဖႀကီးကို ခ်စ္ေနရတာ"
" ဟုတ္လဲ မဟုတ္ပဲနဲ႕ လူလည္မေလး "
" ဟုတ္ပါတယ္ဆို ေဖႀကီးကလဲ"
" အယ္မေလး ငိုေတာ့မငိုပါနဲ႕ မင္းသမီးေလးရယ္ ေဟ့ အကုန္လုံး အလုပ္ေတြအကုန္ရပ္ၿပီး လယ္ခ႐ုလိုက္ေကာက္ရေအာင္"
ေဖႀကီးရဲ႕စကားသံအဆုံးမွာ အလုပ္သမားေတြက အလုပ္လုပ္တာ ရပ္လိုက္ၾကၿပီး လယ္ထဲမွာ လူအမ်ားႀကီး ေပ်ာ္ေပ်ာ္ပါးပါး လယ္ခ႐ုလိုက္ေကာက္ေနၾကသည္။
ထိုလူအမ်ားႀကီးၾကားထဲမွာ အႏြယ္တို႔သားအဖလဲပါဝင္ေနခဲ့သည္။ အႏြယ္တို႔သားအဖကေတာ့ ခ႐ုေကာက္တာနည္းနည္းေဆာ့တာ မ်ားမ်ားျဖစ္ေနခဲ့သည္။
အိမ္ျပန္ေရာက္ေတ့ာသားအဖႏွစ္ေယာက္လုံး႐ႊံေတြကိုယ္စီလူးၿပီးျပန္လာ တာ အေေတြ႕ေတာ့ ဆူသလားမေမးနဲ႕ ။
သို႔ေသာ္ျငားလည္း ေကာက္လာသည့္လယ္ခ႐ုေတြကိုေတာ့ အေမက မညည္းမၫူ တိုက္ခြၽတ္ၿပီး ဖြယ္ဖြယ္ရာရာဟင္းတစ္ခြက္ခ်က္ေပးခဲ့သည္။
ထိုေန႕ညကသားအဖႏွစ္ေယာက္ ဆူခံထိေသာ္လည္းထမင္းစားၿမိန္ခဲ့သည္ေတာ့ အမွန္ေပ။
*********************************************
၂၇. ၅. ၂၀၂၂
မိုး♡
(A/Nဖတ္ရတာအဆင္ေျပရဲ႕လား မေျပရင္ဒီficကို dropလိုက္ေတာ့မယ္ေနာ္ ေျပလားမေျပလားေျပာေပးသြားၾကပါ🤍)