"သခင်လေး စောစောက အစီအစဥ်အတိုင်း ကျုပ်တို့ဘာလို့ မလုပ်တာလဲ။ အဲဒီအစား... ဒီအမျိုးသမီးက သခင်လေးရဲ့ အသိမိတ်ဆွေ မဟုတ်ဘူးလေ"
ရထားပေါ်တွင် ပန်းရောင်ဝတ်ထားသော မိန်းမလှလေးတစ်ယောက်ရှိသည်။ သူမ လက်ဖက်ရည်သောက်ရင်း ဘေးမှာထိုင်တယ်။ သူမ၏ အပြုအမူများသည် ပြီးပြည့်စုံပြီး ကျက်သရေရှိသည် ။ သူမက ရပ်လိုက်ပြီး စူးစူးရဲရဲ မေးလိုက်သည်။
" ဒီအမျိုးသမီး????? ငါတို့က သူနဲ့ နောက်ပိုင်းလည်း ဆက်ဆံရမှာ သေချာပါတယ်။ ငါကြားတာကတော့ အကြီးဆုံးသခင်လေးလုက အေးအေးဆေးဆေးနေတတ်တယ်ဆို ၊ ပြီးတော့ သူမပေးတဲ့ သီးချင်းသံစဥ်တွေအရ ငါတို့နောက်ပိုင်းလည်း အလုပ်တွဲလုပ်နိုင်လိမ့်မယ် "
ထိုစကားကို အသက် 17 နှစ် 18 နှစ်ခန့်ရှိပြီး ကျောက်စိမ်းတုံးကဲ့သို့ လှပသော အမျိုးသားတစ်ယောက်က ပျင်းရိစွာ ဆိုလိုက်ခြင်းဖြစ်သည် ။ အရေးအကြီးဆုံးကတော့ သူ့မှာ လျှို့ဝှက်တဲ့ အရိပ်အယောင်ရှိတယ်။ သူ၏ ရောင်ဝါသည် ထောင်စုနှစ်များအတွင်း မပျော်သေးသော ရေခဲနှင့်တူသည်။
လှပစွာ လင်းလက်နေသော်လည်း၊ ၎င်းသည် ရှေးခေတ်ရေကန်တစ်ခု၏ အလွန်ငြိမ်သက်သော ရေများကဲ့သို့ပင်။
"ဒါပေမယ့် မင်းရဲ့အစီအစဥ်တချို့ကို ပြောင်းရလိမ့်မယ်... စျေးကနည်းနည်းလေး ကြီးလွန်းနေတယ် မဟုတ်လား.."
လှပသောအမျိုးသမီးက လှမ်းကြည့်သည်။ သူမသည် ပန်းတစ်ပွင့်ကဲ့သို့ လှပနေခဲ့သည်။ သူမ၏ ကျောက်စိမ်းနှင့်တူသော လက်ချောင်းများက ပွက်ပွက်ဆူနေသော ရေပေါ်တွင် သွက်သွက်ခါအောင် လှုပ်ရှားနေသည်။ သူတို့သည် ချောက်ကမ်းပါးပေါ်မှ ခုန်ဆင်းနေသော ရေခဲသစ်ခွများနှင့်တူသည်။ သူတို့သည် မီးကဲ့သို့လည်းကောင်း၊ ရေခဲကဲ့သို့လည်းကောင်း အလွန်အမြန်ပင် ပြောင်းလဲနေသည် ။
"အစီအစဥ်တွေက အောင်မြင်ဖို့အတွက်ဆို အမြဲတမ်း ပြောင်းလဲနေရမယ်မလား ။ ဒါကြောင့် ပေးရတဲ့ဈေးက မြင့်သလား၊ နည်းသလားဆိုတာ ပြောနေစရာ မလိုဘူး။ စာရွက်က တန်သလား ၊ မတန်ဘူးလားပဲ ကြည့်ရမှာ ။ ငါ့တော်ဝင်အဖွားက ဒါတွေကို အကြိုက်ဆုံးလေ ။ ငါက သူ့ကို ပေးလိုက်ရင် ငါက ပိုပြီး ဝတ်ကျေတန်းကျေတဲ့ မြေးတစ်ယောက်ဖြစ်နေမှာ မဟုတ်ဘူးလား ။"
ထိုလူချောသည် အားပါးတရရယ်ရင်း ပြောလေသည်။ သူသည် ဆိုဖာကိုမှီကာ ပေါ့ပေါ့ပါးပါးနှင့် အေးအေးဆေးဆေး ဖြစ်နေလေသည် ။
"ဒါပေမယ့် သခင်လေး..."
ထိုလှပသော အမျိုးသမိးသည် အခြားတစ်ခုခုကို ပြောချင်သော်လည်း ပြတ်သားသော အသံကြောင့် အနှောင့်အယှက်ဖြစ်စွာ ရပ်တန်းလိုက်ရသည်။
"တခြားဘာမှ ပြောစရာ မလိုဘူး။ နှစ်ရက်အတွင်း ဖိတ်စာတစ်ခု ပြင်ဆင်ပြီး ကဗျာဆွေးနွေးဖို့အတွက် စုဝေးပွဲကိုတက်ရောက်ဖို့ ပထမသခင်လု ကို ဖိတ်လိုက်ပါ။"
"ဟုတ်ကဲ့။"
သူမသည် အဝေးမှ လှမ်းကြည့်နေသည့် သခင်လေးကို မြင်သောအခါတခြားဘာမှ မပြောဝံ့ချေ ။
မိုရွှီတုန်း ပြန်ရောက်သောအခါ မိုဟွာဝမ်သည် အိမ်တော်သို့ ပြန်ရောက်နေပြီဖြစ်သည်။ တတိယမြောက်သမီးလေး ပြန်ရောက်လာသည်ကို ကြားသောအခါ သူမျက်မှောင်ကြုတ်ကာ ဘာမှ ပြန်မပြောပေ။
သူ့လက်ကို ဝှေ့ယမ်းပြီး သူမပစ္စည်းတွေကို နေရာချပေးဖို့ အစေခံတွေကို ခိုင်းရုံအပြင် တခြားဘာမှလုပ်ခဲ့တာ မရှိပေ ။ ထို့နောက် သူ့ရုံးခန်းသို့သွားကာ အလုပ်လုပ်ခဲ့သည်။
မို့ရွှီတုန်းတွင် ခရီးဆောင်အိတ်အများကြီး မရှိခဲ့ပေ ။ သူမသည် သူမကို ကူညီထုပ်ပိုးရန် တစ်စုံတစ်ဦးကိုသာ စေလွှတ်ရန် မိခင်ရှုကို တောင်းဆိုခဲ့သည်။ လုဗိုလ်ချုပ်အိမ်ကလူများအားလုံးကို ပြန်လွတ်လိုက်လေသည် ။
နောက်ဆုံးတော့၊ ဒါကမိုအိမ်တော်ဖြစ်ပြီး မိုရွှီတုန်းသည် မိသားစုဝင်တစ်ဦးဖြစ်သည် ။ သူမကို စေလွှတ်လိုက်တဲ့အတွက် နောက်ပိုင်းမှာ မိသားစုနှစ်စုက ဆွေးနွေးသင့်တယ်။
နန်နီရှန်းကလည်း ထိုအချင်းအရာကို ရိပ်မိသွားသည် ။ မိုရွှီတုန်းကို နှုတ်ဆက်ပြီး သူမနှင့် အတူရှိသူများကို ခေါ်သွားခဲ့သည်။မိုရွှီတုန်း သည် ရထားပေါ်မှ ဆင်းလာစဉ် ဝတ်ကောင်းစားလှရှိသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီးသည် သူ့အား ကြိုဆိုရန် အိမ်အကူများနှင့် အစေခံများစွာကို ခေါ်ဆောင်လာခဲ့သည်။ သူမသည် မြင့်မားသော ဟန်ပါရှိပြီး ရွှေချည်များဖြင့် ချည်ထားသော အနီရောင် ဖဲအင်္ကျီကို ၀တ်ထားသည်။ အနီရောင်သည် အနီရောင်အစစ်နီးပါးဖြစ်ပြီး အနီးကပ်မကြည့်ပါက အတိအကျအနီရောင်မဟုတ်ကြောင်း ပြောနိုင်မည်မဟုတ်ပေ။
သူမတွင် ရာနှင့်ချီသော ငှက်များကို ချယ်လှယ်ထားသည့် ရွှေရောင်ဘောင်းဘီကိုလည်း ၀တ်ထားသည်။ သူမ၏ မျက်လုံးများက အေးစက်နေပြီး သူမ၏ နှုတ်ခမ်းပေါ်တွင် အရိပ်အမြွက် အရိပ်အယောင်များ ရှိနေသည်။ သူမရဲ့အသွင်အပြင်က တစ်ယောက်ကိုတစ်ယောက် စိတ်အေးလက်အေး ခံစားရစေပြီး အနီးကပ်ကြည့်လိုက်ရင် သူမနဲ့ သခင်မယုကြားမှာ တူညီနေတာကို တွေ့ရပါလိမ့်မယ်။ သို့သော် သူမသည် ပျော့ညံ့ပုံရသည်။
သူမသည် အသက် 30 ကျော်ပေမဲ့ သူမကို ကြည့်ရတာ အသက် 20 ဟုပင် ထင်ရသည် ။ ဒီအမျိုးသမီးဟာ သူ့အရင်ဘဝက သူ့အမေကို သတ်ခဲ့ဖူးသူ အတိအကျဖြစ်လေသည် ။
သူမသည် သူမ၏ယခင်ဘဝတွင် စိတ်ဆင်းရဲမှုကို ယူဆောင်လာပေးခဲ့သော အဒေါ်ဖန် ဖြစ်သည်။
မို့ရွှီတုန်း၏ မျက်လုံးများသည် သူမ၏ နှလုံးသားကဲ့သို့ အေးစက်လာပြီး အင်္ကျီအောက်မှ လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ စူးရှသော သွေးဆာနေသော အကြည့်သည် သူမ၏ မျက်လုံးများတွင် တောက်ပလာသည်။
အဒေါ်ဖန်သည် မိုရွှီတုန်း လှည်းပေါ်မှဆင်းလာသည်ကို သတိပြုမိပြီး သူမအိမ်ဖော်၏လက်ကို အမြန်လွှတ်လိုက်သည်။ သူမသည် မို့ရွှီတုန်းဆီသို့ တက်သွားကာ သူမ၏လက်ကို နွေးထွေးစွာ ဆုပ်ကိုင်လိုက်သည်
"တတိယသခင်မလေး ပြန်လာပြီလား။ ဒီတစ်ခေါက်ခရီးက ဘယ်လိုလဲ၊ ခရီးက တော်တော်ကြာသွားခဲ့တာပဲ ။ မင်း ဘယ်လိုခံစားရလဲ ၊ တို့ကသခင်ကြီးကို အရမ်းမလောနဲ့လိုပြောခဲ့ပေမဲ့ သခင်ကြီးက တတိယသခင်မလေးကို အမြန်ပြန်လာစေချင်နေတာ ။ သခင်မလေးကလည်း အားနည်းတဲ့သူဆိုတော့ ဟိုရက်တွေအထိတိုင် တို့က စိတ်ပူနေခဲ့တာ ၊ အခု နောက်ဆုံးပြန်ရောက်လာမှပဲ တို့စိတ်အေးနိုင်တော့တယ် ။ မင်း က နည်းနည်းအားနည်းနေလို့ တို့က ဟင်းရည်ပူပူ လေးချက်ခိုင်းပြီးပြီ ၊ ဟင်းရည်နည်းနည်းသောက်ပြီး အနားယူတော့နော်"
ဒီအမျိုးသမီးက အမြဲတမ်း ကောင်းကောင်း သရုပ်ဆောင်နိုင်သူဖြစ်သည် ။သူမ၏အတိတ်ဘဝတွင် သူမသည် အော်ဟစ်ငိုယိုကာ တုံးအပြီး ထိုအမျိုးသမီးကို ဒုတိယတရားဝင်ဇနီးအဖြစ် အသိအမှတ်ပြုခဲ့သောကြောင့် မြို့တံခါးဝတွင် ကောင်းမွန်စွာ အရှက်ကွဲခံခဲ့ရသည် ။
ယခုတော့ သူမ တွေးလိုက်မိသော ထိုမိန်းမသည် သူမကို တိတ်တဆိတ် ရယ်မောရင်း ကျေနပ်နေပေလိမ့်မည်။
သူမသည် အမှန်တကယ်ပင်တော်သော သရုပ်ဆောင်တစ်ယောက်ဖြစ်လို့ ဒီမိန်းမမျိုးကို သူမအံသြပဲ မနေနိုင်တော့ချေ ။ အဒေါ်ဖန်၏ ဆုပ်ကိုင်ထားသော လက်ထဲမှ သူမလက်ကို ဆန့်ထုတ်လိုက်ပြီး သူမ၏ မျက်လုံးများတွင် ခံစားချက်ကို ဖုံးကွယ်ထားလိုက်သည်။ သူမ မော့ကြည့်လိုက်ပြီး ညင်သာစွာ ပြုံးလိုက်သည်။
"အဒေါ် မင်းအတွက်လည်း ခက်ခဲခဲ့မှာပဲ ။ အဖေက တို့ကို မိသားစုဘိုးဘွားတွေရှိတဲ့ အိမ်ကိုပြန်လာခိုင်းတယ်။ မကြာခင် ဖြစ်လာတော့မယ် ဒီမိသားစုရဲ့ တရားဝင်သမီးလေးတစ်ယောက် အနေနဲ့ ယခင်အချိန်တွေလို့ မထနိုင်ဘဲ ဘယ်လိုလုပ် ဖျားနာနေနိုင်တော့မလဲ ။ အဲဒါက တရားဝင်သမီးတစ်ယောက်အနေနဲ့ သိက္ခာမဲ့လွန်းပါတယ်။
အရင်အချိန်တွေတုန်းက အခမ်းအနားပွဲတော်တွေမှာဆို တရားဝင်သမီးဖြစ်တဲ့တို့အစား အမကြီးကိုတက်ရောက်ခိုင်းရတာ အမကြီးအတွက်လည်း အတော်ခက်ခဲမှာပဲ ။"
သူမသည် ရည်ရွယ်ချက်ရှိရှိ ခေါင်းငုံ့ကာ ဝမ်းနည်းစွာပြောလိုက်သည်။ အမှန်တော့ အဒေါ်ဖန်၏ မျက်နှာပေါ်တွင် မုန်းတီးမှု အရိပ်အယောင် ပေါ်လာသည်။ မိုမိသားစု၏ ဘိုးဘွားဓလေ့ထုံးတမ်းများကို ရက်အနည်းငယ်အတွင်း ကျင်းပမည်ဖြစ်သည်။
ပုံမှန်အားဖြင့် အခမ်းအနားများတွင် ပထမဇနီး၏ သားသမီးများသာ ဝင်ရောက်၍ ဂါရဝပြုခွင့်ရှိကြသည်။ မောင်းမမိဿံကလေးများသည် အပြင်တွင်သာ နေနိုင်သည်။
လွန်ခဲ့သော နှစ်များတွင် မို့ရွှီတုန်းသည် တိမ်တိုက်မြို့၌သာ နေထိုင်ခဲ့ရသည် ။ ထို့ကြောင့် မို့ရွမ်မင်သည် မိုရွှိတုန်းကိုယ်စား အခမ်းအနားပွဲများတွင် အမြဲတက်ရောက်ခဲ့သည် ။ ထို့အတွက်ကြောင့်ပင် မို့ရွမ်မင်သည် အခြားသော မြင့်မြတ်သော အမျိုးကောင်းသမီးများနှင့် ခင်မင်ရင်းနှီးလာရခြင်းဖြစ်သည်။ မဟုတ်ပါက ကိုယ်လုပ်တော်၏သမီးတစ်ဦးသည် မြို့စားအိမ်တော်ရှိ မိန်းမပျိုများနှင့် မည်သို့ခင်မင်ရင်းနှီးခွင့် ရနိုင်မည်နည်း ။
ဘိုးဘွားစဉ်ဆက် ထုံးတမ်းစဉ်လာများတွင် အဆင့်အတန်းကို လေးလေးနက်နက် ပိုင်းခြားထားလေ့ရှိသည် ။ ဘိုးဘွားဓလေ့ထုံးတမ်းများသည် မိသားစုအတွင်း မည်ကဲ့သို့ လေးမြတ်ကြောင်းကို လူတိုင်းသိနိုင်သည် ။
သူမ၏ယခင်ဘဝတွင် သူမသည်နောက်ထပ် 2နှစ်အကြာမှ အိမ်သို့ပြန်လာခဲ့ခြင်းဖြစ်သည်။ မိုရွှမ်မင်သည် ထုံးတမ်းစဉ်လာများတွင် သူမနေရာကို တာဝန်ယူခဲ့သူဖြစ်သည်။
ဒီ့နောက်ပိုင်းမှာတော့ အဒေါ်ဖန်ဟာ ဒီအတွက် တရားဝင် ဇနီးဖြစ်လာခဲ့တယ်။ ပထမတရားဝင်ဇနီးသည်၏ သမီးအစစ်အမှန်ကို မည်သူမျှမမှတ်မိခဲ့ခြင်း မရှိပေ ။
မိုရွမ်မင်သည် မိုမိသားစု၏ တရားဝင်သမီးနေရာကို ပစားဝင်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဒီတစ်ခါတော့ မိုရွှီတုန်းသည် သူမနေရာကို ယူခွင့်ပြုမည် မဟုတ်တော့ပေ ။
မုန်းစရာအမှတ်တရများကို ပြန်အမှတ်ရတဲ့အခါ သူမရဲ့ မျက်လုံးတွေက အနည်းငယ်နီပြီး အေးစက်လာတယ်။ သို့သော် နောက်အခိုက်အတန့်တွင် သူမသည် နူးညံ့ပြီး ပျော့ညံ့နေပြန်သည်။
"တတိယမြောက်သခင်မလေးက ကြီးပြင်းလာတာနဲ့အမျှ ပိုဥာဏ်ကောင်းလာတာပဲ ။ သခင်ကြီးက အခုစာကြည့်ခန်းထဲမှာပါ ။ သခင်မလေးပြန်ရောက်ကြောင်း အစေခံတွေကိုအကြောင်းကြားထားပေမဲ့ အခုထိ သခင်ကြီးကမလာသေးဘူး ။ သခင်မလေး အရင်ဆုံး သွားအနားယူလိုက်ပါလား"
အဒေါ်ဖန်သည် ထူးထူးခြားခြား ဘာမှ မမြင်ဘဲ သူ့အပေါ် စေတနာထားဟန်ဆောင်သည်။ သို့သော် မိုဟွာဝမ်က မို့ရွှီတုန်းကို မမြင်ချင်ကြောင်း မရည်ရွယ်ပဲ သူမပြောနေပုံရသည်။
"အဒေါ်ဖန် ၊ ဘာလို့ဒီလိုပြောတာလဲ၊ တတိယညီမက အခုမှပြန်ရောက်ပြီး နေလည်းသိပ်မကောင်းဘူးဆိုတော့ အဖေနားလည်မှာပါ" (ကိုယ်လုပ်တော်က တရားဝင်ဇနီးသည်မဟုတ်တဲ့အတွက် အမေရင်းဖြစ်နေရင်တောင်မှ အမေလို့ခေါ်ခွင့် မရှိပါဘူး )
မိုရွှမ်မင်သည် အစ်မကောင်းတစ်ယောက်ပုံဖမ်းကာ မြင်းလှည်းပေါ်မှ ဆင်းလာသည့် အခိုက်အတန့်တွင် အဒေါ်ဖန်က မိုရွှီတုန်းအား ဤကဲ့သို့ စိတ်ဆိုးစရာများ ပြောခဲ့ပုံကို သူမ မကျေနပ်သလို ကဲ့ရဲ့ရှုတ်ချလိုက်သည်။
"ဟုတ်တယ်၊ ဒါတွေအကုန်လုံး တို့အပြစ်ပဲနော် ။ တို့က မပြောသင့်တာကို ပြောမိသွားတယ် ။ သခင်မလေး စိတ်မကောင်းဖြစ်စေခဲ့ရင် တို့ကပဲ့တောင်းပန်ပါတယ် ။ သခင်ကြီးက အရမ်းအလုပ်ရှုတ်နေတာ ၊ မဟုတ်ရင် သူက သခင်မလေးကို ခေါ်တွေ့ပါလိမ့်မယ် ။"
"တတိယသခင်မလေး အရင်ဆုံးအနားယူလိုက်ပါ ။ သခင်မလေးရဲ့ခြံဝင်းကို သေချာသန့်ရှင်းရေးလုပ်ပေးထားလို့ မကျေနပ်တာ တစ်ခုခုရှိရင်ပြောနော် ၊ အဒေါ်ပြင်ပေးပါ့မယ်"
အဒေါ်ဖန်က ပြုံးပြုံးလေး ပြောလိုက်ပါတယ်။ သူမရဲ့ လျှာလေးက သွက်သွက်လက်လက်နဲ့ မျက်လုံးတွေက ကျေနပ်မှု အပြည့်နဲ့ အဝေးက ပြန်လာခဲ့တဲ့ သမီးလေးကိုတွေ့ရတာ အလွန်တရားပျော်နေပုံနဲ့ပင် တူသည်။
ဒါပေမယ့် သူ့အဖေက သူ့မအကြောင်းတောင် မမေးဖူးပါဘူး။ တကယ်တော့ သခင်ကြီးက သူမကို ဂရုမစိုက်ပါဘူး၊ တတိယမြောက်သခင်မလေး က တရားဝင်သမီးဖြစ်ပေမဲ့ ထက်မြက်တဲ့သူတွေက အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း သခင်ကြီးက သူ့ကို သိပ်အလေးမထားပါဘူး။ ဒီအချက်ကို နားလည်သရွေ့တော့ မိုရွှီတုန်းကို ဘယ်သူမှ ကူညီပေးမှာ မဟုတ်ဘူး။
မို့ရွှီတုန်းက အိမ်တော်ထဲကို ပြန်ရောက်လာသည့်တိုင် သူမသည် အပယ်ခံတစ်ယောက်သာ ဖြစ်လိမ့်မည် အဒေါ်ဖန်က ထိုအရာကိုတွေးမိသောအခါ ပိုပျော်သွားတယ်။
" အဒေါ်ဖန် ၊ တို့အနားမယူခင် ဖေဖေ့ကို အရင်နှုတ်ဆက်ဖို့ စာကြည့်ဆောင်ကို သွားလိုက်ပါ့မယ်!"
မိုရွှီတုန်းက အပြုံးလေးနဲ့ ပေါ့ပေါ့ပါးပါးပြောလိုက်တယ်။သို့သော် အဒေါ်ဖန်အား သူမရဲ့ နက်နက်နက်နဲတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တော့ အဒေါ်ဖန်က တုန်လှုပ်ခြောက်ခြားသွားခဲ့တယ်။
ပြတ်ပြတ်သားသား မျက်ဝန်းတွေက နက်ရှိုင်းလွန်းတာကြောင့် သူမမှာ ခံစားချက်တွေကို မမြင်နိုင်လောက်အောင် တိတ်ဆိတ်ငြိမ်သက်နေပြီး သူမကို ကြောက်လန့်စေခဲ့တယ်
"တတိယသခင်မလေး ၊ မင်းအခုသွားမလိုလား ။ မင်းနေ့လည်စာတောင် မစားရသေးဘူးမလား ။ မင်းအဖေနဲ့ မတွေ့ခင် မင်းအိမ်ဝင်းထဲမှာ နေ့လည်စာ အရင်စားလိုက်မလား" အဒေါ်ဖန်က ပြုံးပြီးမေးတယ်။
"ကောင်းပြီ၊ အဖေကိုမတွေ့ခင် တို့ဘာမှမလုပ်ချင်သေးဘူး"
မိုရွှီတုန်း သည် သူမ၏နှုတ်ခမ်းတွင် အပြုံးမပျက် ပြုံးနေသော်လည်း သူမ၏အမူအရာမှာ ဆုံးဖြတ်ချက် ပြတ်သားနေခဲ့သည်။ အဝေးကနေ ပြန်လာခဲ့သောသူသည် ဖခင်ဖြစ်သူကို မနှုတ်ဆက်မီ ဦးစွာ အနားယူမည်ဆိုပါက ဤသတင်းသာ ပြန့်နှံ့သွားပါလျှင် သူမသည် အစဥ်လာဓလေ့ထုံးစံကိုမသိပဲ ရိုင်းစိုင်းသောသူတစ်ယောက် ဖြစ်သွားလိမ့်မည် ။
အဒေါ်ဖန်က သူမနာမည်ပျက်ဖို့ အမြဲကြိုးစားနေသူဖြစ်သည် ။ မိုရွှမ်မင်သည် စိတ်မရှည်တော့ပေ ။ သူမသည် ယခုချိန်တွင် နူးညံ့သိမ်မွေ့ မြင့်မြတ်သော အမျိုးသမီးတစ်ဦးအဖြစ် ဟန်ဆောင်လိုခြင်း မရှိတော့ပေ ။ သူမသည် အခြားကိစ္စရပ်အချို့ရှိနေ၍ သူမခြံဝင်းအားပြန်တော့မည်ဟုဆိုကာ မို့ရွှီတုန်းအား ပြောကြားခဲ့ပြီး ထွက်သွားတော့သည် ။
"ဒါဆို အဒေါ်အတူလိုက်ခဲ့မယ်လေ ။သခင်ကြီးက မင်းကို အပြစ်မတင်စေချင်ဘူး !"
မိုရွှီတုန်းသည် မိုဟွာဝမ်ကိုတွေ့ရန် စိတ်ပိုင်းဖြတ်ထားကြောင်း အဒေါ်ဖန်က မြင်သည်။ သူမသည် မိုရွှီတုန်း၏လက်ကို အပြုံးဖြင့် လှမ်းကိုင်လိုက်ပြီး မိုဟွာဝမ်ဆီသို့ အတူတူသွားလည်လိုသည်။ မိုဟွာဝမ် မပျော်နိုင်အောင် သူမက မိုရွှီတုန်းနှင့်အတူ လိုက်သွားရမည်။
"အဒေါ်က တို့ပျောက်သွားမှာကို စိုးရိမ်နေတာလား ၊ ဒါမှမဟုတ် တခြားတစ်ခုခုကို စိတ်ပူနေတာလား၊ ဖေဖေ့ကို တို့စော်ကားမိရင်တောင်မှ သူက တို့ကို ဒေါသထွက်ရုံသာဖြစ်ပြီး တို့အတွက် ခက်ခဲစေမယ့် ကိစ္စမျိုး မလုပ်ပါဘူး။ အဒေါ်ဖန်က အဒေါ်ရဲ့ကိစ္စကိုသာ သွားလုပ်ရင် ပိုကောင်းပါတယ်။ မဟုတ်လို့ အဒေါ်တို့ကိုထပ်တားဖို့ကြိုးစားရင် အဒေါ်က တရားဝင်သမီးလေးအိမ်ပြန်ရောက်ပြီမို့ စိုးရိမ်နေတယ်လို့ တခြားသူတွေကထင်လိမ့်မယ်။ အဲဒါကြောင့် မင်း တို့နောက်လိုက်ဖို့ကြိုးစားနေတာလိုလေ"
မိုရွှီတုန်းသည် ပြုံးနေရင်းပြောလိုက်သော်လည်း မျက်လုံးများက အေးစက်နေသည်။ ထို့နောက် အဒေါ်ဖန်ကို လျစ်လျူရှုကာ မိုလန်နှင့်အတူ စာကြည့်တိုက်ကို သွားလိုက်သည် ။
အဒါ်ဖန်သည် ဒေါ်သအရမ်းထွက်ပြီး သူ့မျက်နှာပေါ်မှာ အပြုံးတွေက အေးခဲသွားတယ်။ သူမက မိုရွှီတုန်း၏ ထွက်ခွာသွားသောပုံရိပ်ကို အေးစက်သော ရက်စက်သော မျက်လုံးများဖြင့် ကြည့်နေသည်။ ထို့နောက် သူမအသက်ကိုပြင်းပြင်း ရှူရှိုက်ရင်း နန်နီလိ နှင့် သူ့အခန်းသို့ အမြန်ပြန်သွားခဲ့သည်။
သူစီစဥ်ထားတဲ့ ကိစ္စနှင့်ပတ်သက်ပြီး ထိုတုံးအတဲ့ ကြွက်လေးတစ်ကောင် ဘာဖြစ်သွားတာလဲလို့ သူမ မေးရဦးမယ်လေ ။ သူမကို မို့ရွှီတုန်းကဘယ်လိုရင်ဆိုင်နိုင်မှာသလဲ.........
မို့ရွှီတုန်းသည် စာကြည့်ဆောင် အဝင်ဝတွင် တုံ့ဆိုင်းနေပြီး အကြာကြီးရပ်နေခဲ့သည် ။ တံခါးက ပွင့်နေပြီး အထဲမှာ အရမ်းတိတ်ဆိတ်နေတယ်။
"တတိယသခင်မလေး သခင်ကြီးက သခင်မလေးကို ဝင်လာခိုင်းလိုက်ပါတယ်!"
အစေခံကောင်လေးတစ်ယောက် ပြေးထွက်လာပြီး မိုရွှီတုန်းကို လေးစားစွာ ဦးညွှတ်လိုက်ပါတယ်။
မို့ရွှီတုန်းက ခေါင်းညိတ်ပြပြီး စာကြည့်ခန်းထဲသို ဝင် သွားခဲ့သည်။ စာကြည့်ခန်းက အလွန် သပ်ရပ်ပေသည် ။ မြင့်မားသော စင်အနည်းငယ်၏ ဘေးတွင် ကြီးမားသော စားပွဲခုံတစ်ခုရှိသည်။
ကိစ္စများကိုကိုင်တွယ်ပြီးနောက် ပင်ပန်းလာပါက ပိုင်ရှင်အသုံးပြုရန် အတွင်းဆုံးစင်နောက်တွင် အခြားအခန်းတစ်ခုရှိသည်။ နန်မူသစ်သားက ကျယ်ဝန်းသော အံအားသင့်မှုကို ဖြစ်စေသည်။
မိုဟွာဝမ် သည် စားပွဲနောက်ကွယ်တွင် တိတ်တဆိတ်ထိုင်နေပြီး မိုရွှီတုန်း ဝင်လာသည်ကို လေးနက်စွာ ကြည့်နေသည်။ နေရောင်ခြည်သည် ပြတင်းပေါက်များမှတဆင့် သူ့အပေါ်သို့ လင်းလက်လာသည်။ သို့သော် သူ၏ ကျယ်ဝန်းပြီး အရပ်ရှည်သော ရုပ်သွင်သည် မို့ရွှီတုန်း ကို အထီးကျန်ဆန်သလို ခံစားစေခဲ့သည်။
အဝင်ဝမှာထိုင်ရင်း သူ့အကြည့်တွေက သူမကို စူးစူးစိုက်စိုက်စိုက်ကြည့်နေသည် ။ သူမ ဝမ်းနည်းသလို ခံစားလိုက်ရပြီး မျက်ရည်များ ပြည့်လျှံလာသည်။ သူမသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး စကားပြောချင်လာသည်။ သို့သော် သူမ ငိုနေသည်ကို သူမ သိလိုက်သည်။
"အဖေ!"
သူမ၏ ခန္ဓာကိုယ်သည် ဝမ်းနည်းမှုကို ဖုံးကွယ်ရန် ကြိုးပမ်းရင်း တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။ ဒူးထောက်ထိုင်ချလိုက်ပြီး စကားတောင် မပြောနိုင်ခင်မှာ မျက်ရည်တွေ ပါးပြင်ပေါ် လိမ့်ဆင်းလာခဲ့သည် ။
မိုဟွာဝမ်သည် အလွန်တိတ်ဆိတ်သွားသည်။ သူအရမ်းတိတ်ဆိတ်နေတော့ တင်းမာနေပုံရတယ်။ ခဏအကြာတွင် သူက အေးစက်စွာဖြင့်
"တုန်းအာ ၊ ထပါ။ မင်းဘယ်လိုနေလဲ "
သူ့အသံက အေးဆေးတည်ငြိမ်ပြီး ပုံမှန်ပုံစံနဲ့ မတူပါဘူး။ သို့သော် မို့ရွှီတုန်းသည် ထိုအသံတွင် အနည်းငယ် တုန်လှုပ်သွားသည်ကို ကြားလိုက်ရသည်။
မို့ရွှီတုန်းသည် သူမ ခံစားရသော ဝမ်းနည်းမှုကို တွန်းလှန်ရန် ကြိုးစားလိုက်သည်။ သူမ မျက်ရည်များကို သုတ်လိုက်ပြီး မော့ကြည့်လိုက်သည်။
"ဟုတ် ဖေဖေ၊ တုန်းအာ အရမ်းနေကောင်းနေပြီ!"
မို့ရွှီတုန်းသည် မိုဟွာဝမ်ကို နီရဲသော မျက်လုံးများဖြင့် ကြည့်နေသည်။ တစ်ချိန်က သူမသည် ထိုလူကို မုန်းတီးခဲ့ဖူးသည်။ သူ့အမေ ဆုံးပါးသွားတော့ သူသည် အဒေါ်ဖန်၏ ခြံဝင်းအတွင်း၌သာ နေခဲ့သည် ။ မိုဟွာဝမ်သည် သူမအမေ မသေခင်ချိန်ထိ သူမအမေအား တစ်ကြိမ်မှပင် လာမကြည့်ခဲ့ပေ ။
ထိုအရာကြောင့် သူမအမေသေဆုံးသွားသောအချိန်တွင် မိုဟွာဝမ်အား သူမ ဒေါ်သထွက်ခဲ့သည် ။ ထိုနောက်တွင် အဖေနဲ့သမီးကြားက ဆက်ဆံရေးဟာ ကွဲကွာသွားခဲ့တယ်။ သူသည် သူမ၏ စိတ်နှလုံးထဲတွင် ဖခင်ကောင်းတစ်ယောက်မဟုတ်ခဲ့ဘဲ သူမကို အမြဲအေးစက်စွာ ဆက်ဆံခဲ့သည့်သူတစ်ယောက်သာဖြစ်သည်။
သို့သော်၊ သူ၏တည်ငြိမ်သောမျက်နှာစာအောက်တွင် စိတ်လှုပ်ရှားမှုကို သူမမြင်လိုက်ရသောအခါ မိုရွှီတုန်း သည် ရုတ်တရက် ဝမ်းနည်းပြီး ရှက်လာသည်။ သူမ မျက်လုံးများ ထပ်မံ စိုစွတ်လာပြန်သည်။
မိုဟွာဝမ် ဆိုသောစကားက တည်ငြိမ်ပြီး သူ့အသံက ပုံမှန်ဖြစ်နေပေမယ့် သူ့မျက်လုံးထဲမှာ အမှောင်ထုက စိတ်လှုပ်ရှားပြီး ဝမ်းနည်းမှုတွေ ပြည့်နေတယ်။ ဤဖခင်သည် သူမစိတ်ကူးယဉ်ခဲ့သော ခိုင်မာပြီး သစ္စာမဲ့သူနှင့် ကွဲပြားသည်။
............................................................................
Translated by Chai
28.5.22