ကျွန်တော် ပျိုးထောင်ခဲ့သော S...
By Hannahzakii
10.3K 1K 39
Fအဆင့် အစ်ကိုဖြစ်သူ ယူဂျင်း ကို လာကယ်ခဲ့တဲ့ Sအဆင့် ညီငယ် ယူဟွန်း။ ယူဟွန်း သေဆုံးသွားခဲ့ပြီး လွန်ခဲ့တဲ့ 5နှစ်... More
ဇာတ်လမ်း ရီဗျူး
ဇာတ်ကောင်များနှင့် T/N
☣️Farart Collection☣️
Chapter 1 : <Regression(1)>
Chapter 2 : <Regression (2)>
Chapter 3 : My brother is strange (1)
Chapter 4 : My brother is strange (2)
Chapter 5 : My brother is strange (3)
Chapter 6 : Mybrother is strange (4)
အခန်း (၈) : အမဲလိုက် အဖွဲ့အစည်း (၂)
အခန်း (၉) : ဒီနေ့ကစပြီး သူငယ်ချင်းဟောင်းတွေ
အခန်း (၁၀) : ဂျိုလ်လေးနဲ့ မီးတောက် နဂါး
အပိုင်း (၁၁) : ဂျိုလ်ပါ မီးတောက် နဂါး (၂)
အပိုင်း (၁၂) - ဒုတိယ S အဆင့်
Chapter 7 - အမဲလိုက် အဖွဲ့အစည်း (1)
309 61 1
By Hannahzakii
    ပါ့ခ် ယယ်ရင်းကိုသွားမရှာခင် ကျွန်တော့် နိုးထခြင်းကို စာရင်းသွင်းဖို့နဲ့ စာချုပ်ပစ္စည်းတွေဝယ်ဖို့ အမဲလိုက် အဖွဲ့အစည်းဆီကို ဦးတည်ခဲ့တယ်။
    တောင်ကိုရီးယား အမဲလိုက် အဖွဲ့အစည်း
    အစကတော့ အဲ့ဒါကြီးက အစိုးရက တည်ထောင်ထားတဲ့ နိုးထခြင်း မော်ကွန်းထိန်းဌာနပါ။ နောက်ပိုင်းကျတော့မှ အကြီးဆုံးဂိုဏ်ကြီးသုံးဂိုဏ်းရဲ့ ပါဝါနဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်လာတာ။ အခြား ပြည်ပက အမဲလိုက် အဖွဲ့အစည်းတွေကလည်း အလားတူ လုပ်ရိုးလုပ်စဉ်တွေနဲ့ပဲ ဖွဲ့စည်းကြတာပဲလေ။ လောလောဆယ်တော့ ဒီအစိုးရပိုင် အဖွဲ့အစည်းက အစိုးရနဲ့ ၅၁ ရာခိုင်နှုန်း အစုရှယ်ယာ၊ အကြီးဆုံးဂိုဏ်းကြီးသုံး ဂိုဏ်းနဲ့ ၃၀ ရာခိုင်နှုန်း နောက်ပြီး တခြားဂိုဏ်းတွေနဲ့ ၁၉ ရာခိုင်နှုန်း ရှိပေမယ့် နောက် ၅နှစ်အကြာမှာ ဂိုဏ်းတွေရဲ့ ပါဝါတွေက ကြီးထွားလာပြီး ရှယ်ယာအများစုကို သိမ်းပိုက်သွားမယ်လေ။
    အတိအကျ ပြောရမယ်ဆိုရင်တော့ ဟယ်ယွန်းဂိုဏ်းက သိမ်းပိုက်သွားတာပေါ့။
    'ငါ ပိုစဉ်းစားလေ ပြန်မရှင်သန်လာခင် ယူဟွန်းက ကြောက်ဖို့ကောင်းလေလို ပိုခံစားနေရတယ်'
    ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ ဂိုဏ်းကြီးရဲ့ ခေါင်းဆောင်က အသုံးမကျတဲ့ အစ်ကိုကို သူ့အသက်ကိုရင်းပြီး ကယ်ရတယ်လို့။ ကျွန်တော် နားကို မလည်တော့ဘူး။
    ဒါပေမယ့် အဲ့ဒီ ကျေးဇူးကြောင့်ပဲ ကျွန်တော့် အသက်ဆက်ရှင်ရ ပြန်ရှင်သန်ရပြီး L အဆင့် ခေါင်းစီးနှစ်ခု တောင်ရခဲ့တာ။ အဲ့တော့ ကျွန်တော် ဘာလုပ်နိုင်ဦးမှာ။ ကျွန်တော် ယူယွန်းရဲ့ စိတ်နောက်စရာကောင်းတဲ့ ဟာလေးတွေကို သည်းခံရမယ်။
    အမဲလိုက် အဖွဲ့အစည်းထဲမှာ သူတို့နိုးထခြင်းကို မှတ်ပုံတင်ဖို့ စောင့်စားခန်းထဲမှာ စောင့်နေတဲ့ လူတွေက အတော်တော့ နည်းတယ်။ Fအဆင့် aka F နှစ်ထပ် Skill နဲ့ Stats တွေရှိတဲ့ နိုးထသူအများစုက အမဲလိုက်သမားတွေရဲ့ အလုပ်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် သူတို့ မှတ်ပုံတင်ဖို့ လာကြသေးတာပဲ။ ဒါက ဘာကြောင့်လဲဆိုတော့ အစိုးရက နိုးထခြင်းနဲ့အတူ လူတွေ မှတ်ပုံတင်တာကို အားပေးဖို့ ထောက်ပံငွေတွေပေးထားလို့လေ။ နိုးထပြီး လူတစ်ဦးစီအတွက် မှတ်ပုံတင်ရုံနဲ့ပဲ ထောက်ပံ့ငွေ တစ်မီလီယယ် တောင်ရတော့ လူတိုင်းက အဖွဲ့အစည်းကို ပိုက်ဆံလိုချင်တာနဲ့ လာကြတယ်။
    ကျွန်တော် စားပွဲခုံနားသွားလိုက်ပြီး ထိုင်ခုံတစ်ခုံယူထိုင်လိုက်တယ်။ အရေအတွက်ကြည့်ရတာကတော့ အတော်လေးကြာမယ့်ပုံပါပဲ။
    "ဟေး အဲ့ဒါ Aအဆင့် အမဲလိုက်သူ ကင်မ် ဆောင်းဟန် မဟုတ်လား?"
    "ဘာ တကယ်လား?"
    စောင့်စားခန်းထဲမှာ ထိုင်နေကြတဲ့သူတွေက ကျွန်တော့်နောက် လိုက်လာတဲ့ ကင်မ် ဆောင်းဟန်ကို မှတ်မိသွားတဲ့အချိန်မှာတော့ စတင်ပြီး အာလာပသလ္လာပပြောနေကြပါပြီ။ Aအဆင့်တွေက S အဆင့်တွေလောက် နာမည်မကြီးပေမယ့် ကင်မ် ဆောင်းဟန်က သူ့နာမည်နဲ့ မျက်နှာကြောင့် လူသိများတဲ့ အမဲလိုက်သူတစ်ယောက်ပါ။ ဒါရဲ့ တစ်ဝက်က ယူဟွန်းရဲ့ အရှိန်အဝါကြောင့် ပြီးတော့ နောက်တစ်ဝက်က ဒုံဒယ်ဂူ ဧရိယာရဲ့ Aအဆင့် ဂူထောင်ကျိုးပေါက်မှုအတွင်း သူ့ရဲ့ လုပ်ဆောင်ရည်ကြောင့်။
    ဂူထောင်ထဲက မကောင်းဆိုးဝါးအကောင် အရေအတွက်က ဂူထောင်ရဲ့ ထိန်းသိမ်းထားနိုင် ဆံ့နိုင်တဲ့ ပမာဏထက် ကျော်လွန်သွားရင် ဂူထောင်ကျိုးပေါက်မှု ဖြစ်ပေါ်ပါတယ်။ မကောင်းဆိုးဝါးတွေက ဂူထောင်ကနေ ချိုးဖောက်ပြီးတော့ အလွန်အန္တရာယ်ရှိတဲ့ အခြေအနေကို ဖန်တီးကြတယ်။ ဒါပေမယ့် အခုကာလမှာတော့ ကိုင်တွယ်ဖြေရှင်းမှုတွေ ကောင်းမွန်တာကြောင့် ဖြစ်တာ ရှားသွားပါပြီ။ လေ့လာ ဖော်ထုတ်ပြီးသား ဂူထောင် တစ်ခု ကျိုးပေါက်မှုဖြစ်တယ်ဆိုတာ မရှိသလောက်ပါပဲ။ ဒါပေမယ့် ဂူထောင် အသစ်တစ်ခု စူးစမ်းလေ့လာတာမှာ ကြန့်ကြာနေရင်တော့ ရံဖန်ရံခါ ဖြစ်တတ်ပါတယ်။
    "ဒါပေမယ့် ခင်ဗျားကဒီလို ဘာလို့လာတာလဲ?"
    "ငါသူနဲ့ လိုက်လာတာ"
    လူတွေရဲ့ မျက်လုံးတွေက ကင်မ်ဆောင်းဟန်ဘေးမှာထိုင်နေတဲ့ ကျွန်တော့်ဆီ လှည့်ကြတယ်။
    "သူတစ်ယောက်တည်း ဒီမှာ Aအဆင့်နဲ့ ထိုင်နေတာ"
    "သူက အရေးကြီးပုဂ္ဂိုလ်လား? ခင်ဗျားက သူ့ဘေးကနေပြီး လိုက်ကာကွယ်ပေးနေသလိုပဲ။ ခင်ဗျားက သူ့ကို စောင့်ရှောက်ဖို့လာတာလား?"
    "စောင့်ဆိုင်းလက်မှတ်ကို ကြည့်ရတာတော့ သူက နိုးထလာတာကို မှတ်ပုံတင်ဖို့ လာတဲ့ပုံပဲ။ ဒါပေမယ့် သူ့နောက်မှာ Aအဆင့်ကြီးပါ လိုက်နေတာဆိုတော့ ပေါ့သေးသေးတော့ မဟုတ်လောက်ဘူး။ ဂိုဏ်းထဲက S အဆင့် လူသစ်ပဲဖြစ်ရမယ်"
    မဟုတ်ဘူး။ အဲ့ဒါ Fအဆင့်။ ကျွန်တော် ကင်မ် ဆောင်းဟန်ကို မော့ကြည့်လိုက်ပြီး စကားလှမ်းပြောလိုက်တယ်
    "ထိုင်လေဗျ"
    "ကျေးဇူးပဲ မထိုင်တော့ဘူး"
    "ခင်ဗျားက ထိုင်သင့်တယ်လေ"
    "တစ်ခုခုဖြစ်လာမှာစိုးလို့ ရပ်နေတာ ပိုကောင်းတယ်"
    ဘာပဲဖြစ်လာဖြစ်လာ ဒါက အမဲလိုက်အဖွဲ့အစည်းထဲမှာပဲဟာကို။ နိုးထခြင်း မှတ်ပုံတင်ဖို့ ပထမအသုတ်က လူတွေတောင် ရှိသေးတယ်။
    " မျက်နှာသစ်ကောင်းကောင်းတွေ ရှိမလား ကြည့်ရအောင်"
    ကျွန်တော် ကတိပေးပြီး အပင်ပေါက်လေးကိုသုံးပြီး စကားပြောရင်း အလုပ်ရှုပ်နေတဲ့ လူတစ်ယောက်ရဲ့ Stats ကို ချက်ခ်ကြည့်လိုက်တယ်။
    [ နိုးထပြီး သူ - ရှင်းမင်ဟို
    လက်ရှိ Stat အဆင့် - F
    နိုးထခြင်း ဖြစ်နိုင်ချေ : Stats F မှ E
    အစပျိုး Skill အား ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း။
    ခြေမြန် (E) ရယူရန် ကျဆုံး
    အခုန် (E) ရယူပြီး
    အပစ် (E) ရယူပြီး ]
    နိုးထခြင်း Stats တွေက တစ်ဆင့်နိမ့်သွားပြီး အစပျိုး Skik တွေအကုန် မရခဲ့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူက အမဲလိုက်သူ လိုင်စင်ရမှာပါလေ E အဆင့် Skill တစ်ခုရှိတော့။
    'ugh'
    နောက်ထပ် FF အဆင့် လူနှစ်ယောက်ကို ထပ်ချက်ခ် ကြည့်လိုက်တဲ့အခါမှာတော့ ကျွန်တော့်ခေါင်းထဲမှာ စူးကနဲဖြစ်သွားပြီးတော့ ရုတ်တရက်ပဲ ပြန်ပျောက်သွားတယ်။ အဲ့ဒါက ကျွန်တော့ mana တစ်ဝက်လောက် သုံးလိုက်ပြီးပြီဆိုတဲ့ လက္ခဏာပါပဲ။
    ကတိပေးပြီး အကောင်ပေါက်လေးရဲ့ Skill ရဲ့ အခြေအနေ ချက်ခ်လို့ရတာက ၆ ကြိမ်ပဲ ကန့်သတ်ထားတယ်။
    ကျွန်တော့် မှော်အစွမ်း Statsက ၂ပဲရှိတာ မထူးဆန်းတော့ပါဘူး။
    အသက်နဲ့ mana က အခြေအနေ ပြမျက်နှာပြင်မှာ မပြထားဘူး။ ဂိမ်းလိုမျိုး အနီရောင်ချောင်းနဲ့ အပြာရောင်ချောင်းနဲ့ ပြထားရင်ကောင်းမယ်။ ဒါပေမယ့် မပြထားတော့ ကိုယ့်ခန္ဓာကိုယ်ရဲ့ အခြေအနေကို လိုက် ခန့်မှန်းနေရတယ်။
    အသက် ဆိုရင်တော့ မျက်လုံးနဲ့ မြင်နေရလို့ တော်သေးတယ်။ အဲ့တစ်ယောက်က သေလုနီးနီး အဲ့တစ်ယောက်က သေနေပြီ။ ကျွန်တော် အကြမ်းဖျင်းပြောနိုင်ပေမယ့် ပြဿနာက mana ပဲ။ ငါးနှစ်ကြာပြီးနောက်မှာတောင် လူတွေက mana လယ်ဗယ်ကို စစ်ကြည့်လို့ရမယ့် နည်းလမ်း မဖော်ထုတ်နိုင်သေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်း manaတစ်ဝက် သုံးလိုက်ပြီးပြီ ဆိုရင် ခေါင်းခဏကိုက်တာ ခံစားရလိမ့်မယ်။ ပြီးတော့ ၁၀ ရာခိုင်နှုန်းအောက်ပဲကျန်တော့တယ်ဆိုရင်တော့ သတိမေ့သွားလိမ့်မယ်။
    တိုက်ရိုက် Skill တွေက အဆိပ်ခံနိုင်စွမ်း လိုပဲ mana မကုန်တော့ တော်သေးတယ်။
    'သင့်တော်တဲ့ နိုးထခြင်းကို အစပျိုးပေးတာ ဒါမှမဟုတ် ပျိုးထောင်ခံလေး Skill ကိုသုံးတာက အခြေအနေကို စစ်ကြည့်တာထက် mana ပိုကုန်မှာပဲ'
    ကျွန်တော့် ပျိုးထောင် ခံလေး၏ အကောင်းဆုံး ဆိုတာက L အဆင့် Skill အဲ့တော့ mana တွေ မတရားစားမှာပဲ။ ယူဟွန်း အတွက်ဆိုရင် တစ်ခါသုံး ဆုချတဲ့ အကျိုးသက်ရောက်မှုအနေနဲ့ တိုက်ရိုက် သုံးလိုက်ရင်တော့ အဆင်ပြေတယ်။ ဒါပေမယ့် အခုနေ သုံးလိုက်ရင်တော့ လဲကျပြီး သတိမေ့သွားလိမ့်မယ်။
    'ငါ့ လယ်ဗလ်ကို နည်းနည်း အဆင့်မြင့်ရမယ်ဆိုတာတော့ သေချာတယ်'
    အဲ့လို လုပ်ဖို့ဆိုရင် ဂူထောင်ထဲကိုတော့ ၀င်ရမှာပေမယ့် ယူဟွန်း သိရင် ခုန်ဝင်လာပြီး ငါ့ကို တားလိမ့်မယ်။ ငါလစ်ထွက်မှရမယ်။
    "နံပါတ် ၅၆ မှ ၆၅ ကျေးဇူးပြုပြီး ဝင်လာပေးပါ"
    ဒီကို အရင်ရောက်တဲ့သူတွေက အရင်ထသွားကြပြီးတော့ အဖွဲ့အစည်း ၀န်ထမ်း နောက်ကိုလိုက်သွားကြတယ်။ သူတို့ပြီး နောက်တစ်ဖွဲ့ ၀င်သွားပြီးတော့မှ ကျွန်တော့် အလှည့်ရောက်လာတယ်။
    ကျွန်တော် ၀င်သွားတော့ စားပွဲခုံရှေ့မှာ ကာထားတဲ့ အကန့်ကို အောက်ချထားတယ်။ အဲ့ဒီက ၀န်ထမ်းက လူတစ်ယောက်ဆီကို စာရွက်တစ်ရွက်ဆီ ကမ်းပေးတယ်။ စာရွက်ပေါ်မှာ ပါတာက နိုးထခြင်း မှတ်ပုံတင်ဖို့အတွက် လျှောက်လွှာပေါ့။ ကိုယ်ရေးအချက်အလက်ရယ် Stat ရယ် Skill ရယ် ရေးဖို့ ကော်လံ တစ်ခုပါတယ်။ ရေးပြီး ဘာအမှားမှ မပါဘူးဆိုတာ သေချာပြီဆိုရင်တော့ နိုးထခြင်း အဆင့်က မှတ်ပုံတင်ပြီး ဖြစ်သွားမှာပါ။
    စားပွဲခုံပေါ်က ဘောပင်ကို ကျွန်တော် ကောက်ယူလိုက်ပြီး လွတ်နေတဲ့ နေရာတွေကို စပြီးလိုက်ဖြည့်လိုက်တာပေါ့။ Stats နဲ့ အခြေခံ Skill တွေပဲရေးလိုက်ပြီး ဘယ်ခေါင်းစီးမှ မထည့်လိုက်ဘူး။ Stats တွေက ချက်ချင်းတိုင်းတာလို့ရပေမယ့် Skill နဲ့ ခေါင်းစီးတွေက တိုင်းလို့မရတော့ လှို့ဝှက်ထားတာ မှန်း ဘယ်လိုမှ အတည်ပြုလို့မရဘူးလေ။
    အစပိုင်းမှာ သူတို့ရဲ့ Skill တွေကို ကြီးကြီးကျယ်ကျယ် ပြောကြတဲ့ လူတွေရှိကြပေမယ့် လူအနည်းစုလောက်ကပဲ အဲ့အတိုင်း ချရေးကြတာ။
    လူတွေက ကျွန်တော့်လိုမျိုး ထူးခြားဖြစ်စဉ်သာမဟုတ်ရင် တမင်သက်သက်ကြီး အဆင့်ကို နှိမ့်ပြီး ရေးမှာမဟုတ်လောက်ဘူးထင်တယ်။ လူတွေက အဆင့်နိမ့်တယ်ဆိုတာ သိပြီးကြရင် ခွဲခြားဆက်ဆံကြတာကြီးပဲ။ ထပ်ပေါင်း ပြောရမယ်ဆိုရင်တော့ C အဆင့်နဲ့ အထက်တွေက အကျိုးအမြတ်များများရတယ်ပေါ့။
    "သူက S အဆင့် လူသစ်တစ်ယောက်လား?"
    "ကင်မ် ဆောင်းဟန်ကတောင် လိုက် စောင့်ရှောက်ရတဲ့ ဟယ်ယွန်းဂိုဏ်းရဲ့ S အဆင့် အသစ်လေးလား?"
    မဟုတ်ဘူး။ မဟုတ်ဘူး ငါးကောင်တို့။ ထင်ကြေးပေးနေတာတွေ တော်တော်ကြာနေပြီနော်။ ဟိုက တစ်ယောက် ဘယ်နားကို လောလောလောလောနဲ့ ဖုန်းဆက်ခေါ်နေတာလဲ? Ugh အဖွဲ့အစည်းထဲက အဆင့်မြင့်ပုဂ္ဂိုလ်တွေ ဒီဘက်ကိုလာနေကြပြီကွ။ သေချာပေါက်တော့ ငါ့ကြောင့်လာတာမဟုတ်ဘူးမလား?
    "မင်္ဂလာနံနက်ခင်းပါ ကျွန်တောက ဆော့ဂ် ကင်မ်ယောင်းပါ။ ကျွန်တော်က အမဲလိုက်သူများ အဖွဲ့အစည်း မှတ်ပုံတင်ဌာနက ဦးစီးပါ"
    သူက ကျွန်တော့်ကို ဦးညွှတ်လိုက်တယ်။ Fuck မနှုတ်ဆက်စမ်းနဲ့
    "ခင်ဗျား စိတ်မရှိရင် ခဏလောက်ခင်ဗျားရဲ့ လျှောက်လွှာလေးကို စစ်ကြည့်လို့ရမလားဗျ?"
    ".......ဒီမှာပါဗျ"
    ကျွန်တော် စပြီး ရှက်တက်တက်ဖြစ်နေပြီပေမယ့် သူ့ကို လျှောက်လွှာ ကမ်းပေးလိုက်ပါတယ်။ ဆော့ဂ် ကင်မ်ယောင်း၊ ကျွန်တော့် ဂဏန်းတစ်လုံးတည်း Stats တွေနဲ့ E အဆင့် Skill တွေကို မြင်ပြီး အနည်းငယ် မျက်မှောင်ကျုတ် သွားတယ်။ ဟေး ငါ့မှာ L အဆင့် Skill ၅ ခုပဲရှိတာ။
    "...hm ဒါဆိုရင် ကောင်းသောနေ့လေးဖြစ်ပါစေ"
    လျှောက်လွှာ ဖောင်ကို စစ်ကြည့်ပြီး ချက်ချင်း နှုတ်ဆက်စကားကို ပြတ်ပြတ်ကြီး ပြောချပစ်လိုက်တယ်။ ယဉ်ယဉ်ကျေးကျေး အမှုအရာကလည်း ချက်ချင်း ပျောက်သွားတယ်။ ဆိုးရွားလိုက်တာ။ ဒါက ဆိုးရွားနေပေမယ့် ပြန်မရှင်ခင်တုန်းကလည်း အများကြီးဖြစ်ဖူးပြီးသားပါပဲ။
    "ဘာလဲ? အဲ့တော့ သူက S အဆင့်မဟုတ်ဘူးပေါ့"
    "ငါသူ့ပုံစံကို မမြင်ရဘူး"
    "ဒါပေမယ့် သူက ဘာလို့ S အဆင့်လို ဟန်ဆောင်နေတာလဲ?"
    ငါ ဘယ်တုန်းကမှ ဟန်မဆောင်ခဲ့ဘူး ခွေးကောင်တွေရဲ့! သူတို့တွေပဲ အထင်မှား အမြင်မှား ဖြစ်နေကြပြီးတော့ ငါ့ကို ဘာဖြစ်စေချင်နေကြတာလဲ?
    'ငါနဲ့ ယူဟွန်းနဲ့ကို ၀တ္ထုရေးနေကြ လူတွေကိုတောင် သွားသတိရမိသေးတယ်'
    Ugh... ကျွန်တော် စဉ်းစားနေရတာ စိတ်ကုန်နေပြီ။ ကျွန်တော့်ရဲ့ ရှုပ်ထွေးတဲ့ သိမ်ငယ်စိတ်က အမှိုက်သရိုက် အတင်းအဖျင်းတွေပေါ်မှာ 30% လောက်ပါတယ်။ ယူဟွန်းက ဆောင်းပါးတွေထဲမှာ ဖော်ပြထားသလောက် မတော်ပေမယ့် သူ့ လူဖျင်းအစ်ကိုနဲ့ ဆိုရင်တော့ အမြဲယှဉ်ခံရတယ်။
    မျက်စိတစ်မှိတ်အတွင်းမှာပဲ ကျွန်တော်လျှောက်လွှာကို အပ်လိုက်ပြီးတော့ အဆင့်နိမ့် အရည်အချင်း တိုင်းတာခန်းထဲကို ဦးတည်သွားလိုက်တယ်။
    "သုံးနေတဲ့ ပစ္စည်း သို့မဟုတ် သယ်ထားတဲ့ ပစ္စည်းများ ရှိပါသလား?"
    တိုင်းတာခန်းထဲက ၀န်ထမ်းက စာသံပေသံနဲ့ မေးတယ်။
    "မရှိပါဘူး"
    "မီတာပေါ်မှာ ရပ်ပေးပါ"
    ကျွန်တော် ပြောတဲ့အတိုင်းပဲ စက်ဝိုင်းပြားတစ်ခုနဲ့ တူတဲ့ တိုင်းတာကိရိယာပေါ်ကို တက်သွားလိုက်တာပေါ့။ တိုင်းတာ ကိရိယာက အလင်းရောင် အားနည်းတဲ့ ဂူထောင်ဆီက ပစ္စည်းတွေ အသုံးပြုပြီး ပြုလုပ်ထားတာဖြစ်ပြီး မကြာခင်မှာပဲ ရလဒ် ထွက်လာတယ်လေ။
    "သက်လုံအား 6 ခွန်အား 4 သွက်လက်အား 5 စိတ်ဓာတ်အား 4 မှော်စွမ်းအား 2 အား တိုင်းတာပြီးပါပြီ"
    မှန်တယ်။
    "Skill တွေက E အဆင့် စိတ်ဓာတ်မြင့်တင်မှုနဲ့ E အဆင့် သွက်လက်အားမြင့်တင်မှု ဖြစ်ပါတယ်ဆိုတာ မှန်ပါသလား?"
    "ဟုတ်ပါတယ်"
    "အကူပေါ်သို့ Skill အသုံးပြုပေးပါ"
    Buff Skill သုံးတာကို အတည်ပြုဖို့ အကူတစ်ယောက် ရှေ့ကို ထွက်လာတယ်။ ကျွန်တော်က mana ကုန်နေလို့ စိုးရိမ်မိနေခဲ့ပေမယ့် ကံကောင်းချင်တော့ ကျွန်တော့် Skill တွေသုံးလိုက်တဲ့အခါမှာ ဘာမတော်တဆမှ မဖြစ်ခဲ့ပါဘူး။ ကျွန်တော် mana ဆေးရည်တွေ ဝယ်ဖို့လိုနေပြီ။
    အရည်အချင်းတိုင်းတာပြီး ပြီးတော့ ဓာတ်ပုံရိုက်ခန်းထဲသွားပြီး ဓာတ်ပုံသွားရိုက်လိုက်တယ်။ အိုင်ဒီ ဆိုဒ်ဓာတ်ပုံတွေသာမကပဲ ရှေ့၊ နောက်၊ ဘေး တစ်ကိုယ်လုံးပုံတွေပါ ရိုက်ရပြီး သူတို့ကို အဖွဲ့အစည်း ဒေတာဘေ့စ်ထဲမှာ ချက်ချင်းစစ် ချက်ချင်းသိမ်းဆည်းထားလိုက်တယ်။ ကျွန်တော် ပြီးတော့ ခဏလောက် စောင့်နေရသေးတာပေါ့။ ကျွန်တော့် နာမည်ခေါ်သံကြားတော့ မှတ်ပုံတင် ထုတ်ပေးသူဆီကိုသွားခဲ့တယ်လေ။
    "မစ္စတာ ဟန် ယူဂျင်း က F အဆင့် နိုးထသူတစ်ဦးဖြစ်ပြီး အမဲလိုက်သူတစ်ဦးဖြစ်ရန် လိုအပ်ချက်များနဲ့ ပြည့်စုံပါတယ်။ အမဲလိုက်သူ လိုင်စင်ထုတ်နိုင်ပြီး အမဲလိုက် လူသစ်များအတွက် အခြေခံပရိုဂရမ် ပြီးဆုံးသွားပါက ဂူထောင်ထဲဝင်နိုင်ပါပြီ။ ပရိုဂရမ်အတွက် စာရင်းသွင်းချင်ပါသလား?"
    "ကျွန်တော် ဟယ်ယွန်းဂိုဏ်းကို ဝင်ဖို့ စာရင်းပေးချင်ပါတယ်"
    ဂိုဏ်းတွေထဲကို ဝင်ပြီး ဒါမှမဟုတ် ဝင်ဖို့ အစီအစဉ်ရှိပြီး အမဲလိုက် လူသစ်တွေက ဂိုဏ်းရဲ့ ထောက်ခံချက်နဲ့ အခြေခံပရိုဂရမ်ကို ကျော်လိုက်လို့ရတယ်။ ဘာလို့လဲဆိုတော့ ဂိုဏ်းထဲမှာဆိုရင် အမဲလိုက် သင်ကြားလေ့ကျင့်ပေးမှုက အရည်အသွေး ပိုကောင်းတာကြောင့်လေ။
    ကျွန်တော် ဟယ် ယွန်းဂိုဏ်းရဲ့ ထောက်ခံချက်ကို ဝန်ထမ်းဆီကမ်းပေးလိုက်တယ်။ ထောက်ခံချက်တွေကို စစ်ဆေးဖို့တာဝန်ယူထားတဲ့ ၀န်ထမ်းက ကီးဘုတ်ပေါ်မှာ လက်ချောင်းတွေနဲ့ တတက်တက် ရိုက်နေတော့တာပါပဲ။
    "ထောက်ပံ့ငွေကိုရယူဖို့ အကောင့် နံပါတ် လေးပေးပါရှင့်။ ထောက်ပံ့ငွေက အစ်ကို့အမည်ပေါက်နဲ့ပဲ လက်ခံနိုင်မှာဖြစ်ပါတယ်"
    " ဘက်ခ်အီလ် ဘဏ်နံပါတ် 995-04-109982 ပါ"
    ကျွန်တော် မုန့်ဖိုး တစ် မီလီယမ်တောင်ရပြီ။ အဖွဲ့အစည်းကြီး ရှည်ကြာပါစေဗျာ။
    အမဲလိုက်လိုင်စင်က ဂိုဏ်းရဲ့ ထောက်ခံချက်ရပြီးတာနဲ့ ချက်ချင်း ထုတ်ပေးတယ်။ အမဲလိုက်လိုင်စင်က နေထိုင်မှု မှတ်ပုံတင်ကဒ်နဲ့ ဆိုဒ် အတူတူပဲဖြစ်ပြီး နံပါတ်၊ အဆင့် ပြီးတော့ သက်သေခံဓာတ်ပုံနဲ့အတူ နာမည်လည်း ပါတယ်လေ။ ကျွန်တော် လိုင်စင်ကိုယူပြီး ၀န်ထမ်းကို မေးလိုက်တယ်။
    "ဒီကနေ အမဲလိုက်သူများ မောလ်ကို သွားလို့ရတဲ့ လမ်းများ ရှိလားဗျ?"
    အပြင်ရောက်တာနဲ့ တကောက်ကောက်လိုက်နေမယ့် အစောင့်ခွေးတစ်ကောင် ရှိနေတာ အရမ်းစိတ်ညစ်ဖို့ကောင်းတယ်။ အဖွဲ့အစည်းထဲမှာတော့ မင်းငါ့နောက်လိုက်နေစရာမလိုပါဘူးကွာ။
    "ကျေးဇူးပါ"
    ဝန်ထမ်း ပြောတဲ့အတိုင်းပဲ ဓာတ်လှေကားနဲ့တက်သွားပြီး ရှော့ပင်းမောလ်ထဲ တန်းရောက်တဲ့ ဘေးတံခါးကနေ ထွက်လာခဲ့တယ်။ ATM စက်တွေကလည်း တံခါးဘေးနားမှာရှိတယ်။
    'ယူဟွန်း ငါတို့ကို ဘယ်လောက်ပေးလိုက်လဲ ကြည့်ရအောင်'
    ကျွန်တော့် ပိုက်ဆံအိတ်ထဲက ကဒ်တစ်ကဒ်ကို ထုတ်လိုက်ပြီးတော့ ATM စာနားကို လျှောက်သွားလိုက်တယ်။ အမဲလိုက်သူများ ရှော့ပင်းမောအတွက် သီးသန့် လက်ဆောင်ကဒ်။ ကျွန်တော် စာချုပ်ဝယ်ဖို့ ပိုက်ဆံလိုတယ်ပြောတော့ ယူဟွန်းက သူ ပိုက်ဆံပမာဏ အတန်အသင့် ထည့်ထားတယ်တဲ့။ ကျွန်တော့်ညီဆီက မုန့်ဖိုးရတာ နည်းနည်းတော့ ရှက်ဖို့ကောင်းတယ် ဒါပေမယ့် ဒီကဟာတွေက အကုန်စျေးကြီးတယ်။ အဲ့တော့ ကျွန်တော့် မရှိနွမ်းပါး ပိုက်ဆံအိတ်ထဲကဟာနဲ့ မရဘူးလေ။
    'ဒီမှာတော့ A အဆင့် စာချုပ်တွေက 10 မီလီယမ် နဲ့ အထက် စျေးရှိတယ်တဲ့'
    စိတ်ကူးထားတာကတော့ ကျွန်တော်က S အဆင့် စာချုပ် ဝယ်မယ်ပေါ့။ ဒါပေမယ့် ဘယ်လောက်ကျမလဲ ကျွန်တော်မသိဘူး။ Aအဆင့် စာချုပ်ထက် နှစ်ဆလောက်တော့ ပိုကျမယ်ထင်တယ်။ ကျွန်တော် mana ဆေးရည်လည်း လိုသေးတာဆိုတော့ A အဆင့် စာချုပ်ပဲဝယ်ပါတော့မယ်လေ။
    ကျွန်တော် ကဒ်ကို စက်ထဲထည့်လိုက်ပြီး လက်ကျန်စစ်လိုက်တဲ့အခါမှာတော့ ဂဏန်းတွေက စခရင်မ်မှာ မြန်မြန်ဆန်ဆန်ပဲပေါ်လာခဲ့တယ်။
    [ လက်ကျန်ငွေ : 1,000,000,000 ဝမ် ]
    ..... သုံည ဘယ်နှစ်လုံး တောင်မှလဲ?
    'ယူဟွန်း မင်းရူးနေပြီလား?'
    ~ End ~
Continue Reading
You'll Also Like
9.8K 316 27
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
403K 8.9K 36
3.1M 237K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
1.8M 186K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...